Thursday, July 12, 2012

လျှို့ဝှက် ကင်မရာနှင့် နှစ်ဖက်မြင်မှန် အန္တရာယ် ကာကွယ်ရေး

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ
အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

တက္ကသိုလ်မပြီးသေးသည့်ကျောင်းသားများနှင့် တက္ကသိုလ်တက်မည့်သူများ ဝင်ခွင့်လျှောက်ထားရန် အမှတ်စာရင်း၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် များ ထုတ်ယူနိုင်

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ်ဌာနကြီး ကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံများကို ဇူလိုင် ၂၄ ရက် (အင်္ဂါနေ့)မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန်ဖြစ်သည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)တွင် လျှောက်ထားနိုင်သည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း-၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဈေးကြီးလှသော ပြည်မြန်မာပြည်

စင်ကာပူနိုင်ငံသားမိတ်ဆွေသစ်တဦးက မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်တယ်ဆိုပြီး ဆွေးနွေးဖြစ်ပါတယ်။ မြန်မာပြည်တော့ သွားဖွင့်ဖို့ ငွေကြေးမတတ်နိုင်လို့ စင်ကာပူမှာပဲ ဖွင့်ထားတာရှိတယ်။ သူတို့ Golden Mine ရှော့ပင်စင်တာမှာ အခန်းရှိပြီးသား။ ခင်ဗျားတို့ မြန်မာတွေရဲ့ ပင်နီစူလာပလာစာက အခန်းခဈေးကြီးလွန်းလို့ မငှားနိုင်သေးကြောင်း၊ စင်ကာပူလာတဲ့ နိုင်ငံခြားသား တနှစ်ကို ၅ သန်း လောက်မှာ ၁ ရာနှုန်းပဲ မြန်မာပြည်ကိုအလည်သွားဦးတော့ သူတို့က မြန်မာစကား အနည်းကျဉ်းတော့ သင်ချင်မှာပဲ။ ဒါကြောင့် ထမင်းစား ရေသောက်၊ မြန်မာစကားသင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ချင်ကြောင်း၊ ပြီးတော့ သူက ဗီယက်နမ်နိုင်ငံမှာလည်း စီးပွားရေးတွေ လုပ်ခဲ့ ကြောင်း၊ သူက အရှေ့တောင်အာရှ ဘာသာစကားများ ထမင်းစားရေသောက်တတ်ကြောင်း၊ ထိုင်း၊ မလေး၊ ဖိလစ်ပင်း၊ ကမ္ဘောဒီယားစကား များနဲ့ နောက်ဆုံး ဗီယက်နမ်စကားဖြစ်ကြောင်း၊ သူ့ရဲ့ ဆမ်ဆောင်းဂယ်လစီတယ်လီဖုန်းမှာ Lingopal ဆိုတဲ့ ဗီယက်နမ်စကားပြော လေ့ကျင့် ခဏ်းကို ဖွင့်ပြတယ်။ သူပြောလို့ ကျွန်တော်ရဲ့ iPhone ဖွင့်ပြီး၊ Lingopal ကို ဒေါင်းလုပ်ကြည့်တယ်။ လေ့ကျင့်ခဏ် ၂၂ ခုမှာ ပထမ ၂ ခုကို အခမဲ့ ဒေါင်းလုပ်ခွင့် FREE ပေးတယ်။ ကျန်တဲ့ ၂၀ ခုကိုလိုချင်ရင် US$1.99 ပေးရမယ်ဆိုလို့ ရပ်ထားတယ်။

နောက် everydayviet.com ဆိုတဲ့ အင်တာနက်ကို ဖွင့်ပြပြီး၊ အဲဒီထဲက တနေ့ စကားလုံး ၄ လုံးပဲ Self Learning Vietnamese သင်ခန်းစာ ၃ မိနစ်ကို ဖွင့်ပြတယ်။ စိတ်ဝင်စားစရာပဲ .. တနေ့တလံ၊ ပုဂံဘယ်ပြေးမလဲပေါ့… တလလောက် အချိန်ပေးလေ့ကျင့်ရင် ဘာသာစကားပြောတာ တော့ လွယ်မှာပါ။ ရေးတတ်၊ ဖတ်တတ်ဖို့တော့ ခက်မှာပေါ့။

မြန်မာနိုင်ငံက Now Opening Business for Foreigners လို့ပြောပြီး၊ သူက မြန်မာပြည်ကို ဘာသွားလုပ်ရမလဲ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ ကျွန်တော်ကတော့ ရိုးရိုးပဲ မေးပါတယ်။ What is your main purpose? Tell me openly.. လို့မေးလိုက်တော့ .. ဟိုလိုလို၊ သည်လိုလို ဖြေပါတယ်။ ဒါနဲ့ပဲ ဇတ်လမ်းပြီးသွားပါတယ်။ သူ့မှာ ရည်ရွယ်ချက်ကောင်းကောင်း မရှိပါဘူး။ တိုးရစ်တွေကို ကူညီချင်သလိုလို၊ မြန်မာတွေကို ကူညီချင်သလိုလို၊ ပြီးတော့ စီးပွားရေးလုပ်ပြီး အမြက်အစွန်းရချင်တယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။

ရည်ရွယ်ချက်ကို မရေယာ၊ မသေချာ၊ မပြောရဲ ဖြစ်နေသူအတွက်တော့ ဘာလုပ်ငန်းလုပ်လုပ်၊ အောင်မြင်ဖို့မလွယ်ဖူးဆိုတာ စဉ်းစားနေမိ ပါတယ်။

ဒါနဲ့ ကိုယ့်ရဲ့အိုင်ဖုန်းကို Apple Store မှာ Burmese ဆိုပြီး ရိုက်နှိပ်ရှာကြည့်တယ်။ I-lingo learn burmese ဆိုတာတွေ့လို့ အလကားရမ လားဆိုပြီး နိုင်ငံခြားသားအတွက်ကြည့်တော့ US$12.98 တောင်ပေးရတယ်။
ဗီယက်နမ်ဘာသာစကားထက် ဈေးကြီးလှချည်လား ရွှေဗမာတို့ရယ် …။
မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လွှတ်တော်ကို ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်စေချင်ကြောင်းနှင့် ပညာရေးနှင့် ဆက်စပ်မှုရှိသည့် အဆိုတင်သွင်းမှုများ ပြုလုပ်ရန်ရှိကြောင်း ပြောကြား

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထောက်များ၏ တောင်းဆိုချက်အရ ပြုလုပ်ပေးခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များမှ လွှတ်တော်ဆိုင်ရာ ကိစ္စများအတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှ ယခုကဲ့သို့ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာ ''ဒီမိုကရေစီမှာ အတိုက်အခံ အဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။ အခု အခြေအနေအရ အန်တီတို့ကို အတိုက် အခံ အဖွဲ့အစည်းလို့ခေါ်ရင်လည်း အန်တီတို့အနေနဲ့ မကန့်ကွက်ပါဘူး။ အန်တီပြောခဲ့တာက ရန်လုပ်ဖို့လာတာ မဟုတ်ဘူး။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သမျှ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ အန်တီတို့ကတော့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိတဲ့ အတိုက်အခံ အဖွဲ့အစည်းဆိုတဲ့အမြင်နဲ့ လုပ်သွားမှာပါ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ နိုင်ငံတော် အကျိုးပြုချင်လို့ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။

''လွှတ်တော်ကို ၃ ရက်တက်ပြီး နောက်လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ'ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က 'ခြုံငုံပြီးပြောရမယ်ဆိုရင် အန်တီတို့အနေနဲ့ လွှတ်တော်ကို နည်းနည်းပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် က ကိုယ်စားလှယ်တွေဆိုတော့ ၀င်လိုက် ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးတော့ များစေချင်တယ်။ ဥပမာဆိုရင် တချို့ကိစ္စရပ်တွေဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ကိုယ့်ရဲ့စိတ်ဝင်စားမှု မဟုတ်ဘူးဆိုရင် တခြားမှာသွားပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ အဆိုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ အဲလို အနေအထားမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေအတွက် ပိုလွတ်လပ်တာပေါ့။ ဒါပေမယ့် အခုကျတော့ အားလုံးထိုင်ပြီးတော့ တစ်ချိန်ထဲမှာထိုင်၊ တစ်ချိန်ထဲမှာထဆိုတော့ အဲဒါကတော့ နောက်လည်းဖြစ်လာမယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ လွှတ်တော်တွေနဲ့တော့ နည်းနည်းကွာသေးတာပေါ့''ဟု ဖြေကြားခဲ့သည်။

''လွှတ်တော်မှာ အန်တီအဆိုတွေ၊ မေးခွန်းတွေ ဘယ်တော့လောက်တွေ့ မြင်ရနိုင်ပါသလဲ''ဟု မေးမြန်းရာ 'အဲဒါ မသိဘူး။ ဒါက အန်တီတို့ဆုံးဖြတ်တာ မဟုတ်ဘူး။ တင်တာတင်တာ။ ဘယ်တော့လောက် လက်ခံမလဲဆိုတာကတော့ လွှတ်တော်ရုံးအပေါ်မှာ မူတည်တာပေါ့။ အခုတစ်ခုပဲ စဉ်းစားထားတာ ရှိပါတယ်။ အခုမပြောသေးဘူး။ ပညာရေးနဲ့တော့ ဆက်စပ်မှာပေါ့။ အဆိုတင်သွင်းမှုတွေကို လုပ်ဖို့တော့ အန်တီတို့ ကိုယ်စားလှယ်တွေက တင်ထားတယ်။ ဥပဒေကြမ်းတင်ဖို့တော့ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။

လွှတ်တော်တွင်းမှ ပြည်သူ့အတွက် ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲဟု မေးမြန်းရာ 'အန်တီအမြဲပြောတယ်။ အန်တီပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။ အန်တီ အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံးလုပ်မယ်။ လွှတ်တော်ထဲမှာလည်း အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်လို့ လွှတ်တော်ပြင်ပက နိုင်ငံရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူးဆိုတာ အန်တီ သေချာပြောချင်ပါတယ်''ဟု ဖြေကြားခဲ့သည်။

ကော့မှူးမြို့နယ်အတွက် သီးခြားအဆိုတင်သွင်းရန် မရှိသေးကြောင်း၊ ၀န်ကြီးအပြောင်းအလဲ သတင်းများနှင့်ပတ်သက်၍ အဓိက အပြောင်းအလဲဆိုသည်မှာ မည်သူမည်ဝါဆိုသည်ထက် ကောင်းသည့်ပြောင်းလဲခြင်းဘက်သို့ ဦးတည်ရန်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်းက ဒီမှာပါ။

ဒုသမ္မတသစ်အဖြစ် ဦးမြင့်ဆွေကို အမည်တင်သွင်းမှုအပေါ် တုံ့ပြန်မှု

မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့တဲ့၊ လက်ရှိမှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက်၊ ပြည်ထောင်စုလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့က အမည်စာရင်းတင်သွင်းလိုက်ပြီလို့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်းက သတင်းဌာနတွေကို ပြော ပြခဲ့တာကို တွေ့ရှိရပါတယ်။

လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်ရဲ့ အစည်းအဝေး ပြန်လည်ကျင်းပတဲ့အခါမှာ ဦးမြင့်ဆွေကို ဒုတိယသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားကြောင်း တရားဝင်ကြေညာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒုတိယ သမ္မတ ဖြစ်လာဖို့ ရှိနေတဲ့ ဦးမြင့်ဆွေရဲ့ တပ်မတော်အရာရှိ ဘ၀ဖြတ်သန်း မှု ဖြစ်စဉ်အကျဉ်းကို ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဦးဋ္ဌေးအောင်က အခုလို စပြီး ဖြေပါတယ်။

ဦးဌေးအောင်။ ။ ဦးမြင့်ဆွေအနေနဲ့က မူလတုန်းကပေါ့ဗျာ သူက DSA အပတ်စဉ် ၁၅ က ဆင်းတဲ့ အရာရှိ ဆိုတဲ့အခါကျတော့ အခုလက်ရှိ စီနီယာကျတဲ့ ခေါင်းဆောင်တယောက်လို့လည်း ပြောလို့ရ တာပေါ့။ နောက် တချက်အနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ သူ့အနေနဲ့က န၀တ၊ နအဖ ဥက္ကဋ္ဌလုပ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်းပဲ သူက အင်မတန်ရင်းနှီးခဲ့တဲ့ အနေအထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်လေ။

ဦးနေ၀င်းနဲ့ သူ့ရဲ့မိသားစုကို ဖမ်းဆီး ထိန်းသိမ်းအရေးယူတဲ့အခါမျိုးမှာဖြစ်စေ၊ နောက်တခုက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီးအရေးယူတဲ့အခါမှာဖြစ်စေ ဦးမြင့်ဆွေကပဲ တာဝန်ယူပြီးတော့ပဲ ဖမ်းဆီးထိန်းသိမ်း အရေး ယူခဲ့ရတာတွေလည်းတွေ့ရတယ်။ နောက်ပိုင်းကျတော့ သူ့ကို ကကလှမ်းကနေ စရဖ ကို ပြောင်းတဲ့ အခါ မှာလည်း သူက တိုင်းမှူးအဖြစ်နဲ့ စရဖ အရာရှိချုပ်တာဝန်ကိုလည်း သူ ပူးတွဲထမ်းဆောင်ခဲ့ တယ်။ အဲတော့ သူ့ကို ကြည့်မယ်ဆိုလို့ရှိရင် သူ့ကို တပ်မ ၁၁ တပ်မမှူးတို့ ၊ ရန်ကုန်တိုင်းမှူး တို့၊ နောက်ပြီး စရဖ အရာရှိချုပ် တို့ စတဲ့ အရေးကြီးတဲ့ လံခြုံရေးဆိုင်ရာ တာဝန်တွေကို ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း သူ့အပေါ် မှာပေါ့နော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အများကြီး အားကိုးယုံကြည်ခဲ့တယ်ဆိုတဲ့ အနေအ ထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အရည်အချင်းပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် စရဖ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ ဆိုပြီးတော့ တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းပြီးတော့ ပထမဆုံး စရဖ အရာရှိ ချုပ်ဖြစ်တဲ့အချိန်မှာ ၂၀၀၅ ခုနှစ် မေလမှာ ကုန်တိုက်တွေမှာ ဗုံးတွေပေါက်ကွဲပြီးတော့ လူအတော် များ များ သေဆုံးမှုဖြစ်တဲ့အချိန်မှာ သူ ဒီကိစ္စကို ဘယ်လိုမှ မကိုင်တွယ် မဖြေရှင်းနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းမရှိတဲ့အတွက်ကြောင့် သတင်းရရှိမှု မရှိတဲ့အတွက်ကြောင့် အဲဒါမျိုးတွေလည်း စရဖ အသိုင်းအ၀ိုင်း ကနေ ကျနော်တို့ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီ အချိန်တုန်းက ဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ စရဖရဲ့ အရာရှိချုပ် အနေနဲ့ ဗိုလ်ချုပ်မြင့်ဆွေ ကိုင်တွယ်ခဲ့ပုံကို ဦးဌေးအောင် သိရှိထားသလောက် ပြန် ပြီး ဝေဖန် သုံးသပ်ပေးပါ။

ဦးဌေးအောင်။ ။ သူ တိုင်းမှူးအဖြစ်နဲ့လည်း တာဝန်ယူထားတယ်။ နောက်တခုက ဒီ စရဖ ပေါ့လေ၊ လုံခြုံရေး ဆိုင်ရာတာဝန်ကိုလည်း သူယူထားတဲ့ အနေအထားမှာ ခုနက လူအသေအပျောက် အများဆုံးဖြစ် တဲ့ ဒီရန်ကုန် ကုန်တိုက်ကြီးတွေမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ အနေအထားတွေကို ကြည့်မယ် ဆိုလို့ရှိရင် သူ့မှာ တာဝန်ရှိတယ်ဆိုတာကတော့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အဲလို တာဝန် ရှိပေမယ့် သူ့ကိုပေါ့လေ နအဖ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ အရေးယူတာ လုံးဝမရှိခဲ့တဲ့ အပြင် သူက နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်နဲ့ ကထစမှူး အဖြစ်နဲ့ပါ သူ တာဝန် တိုးမြှင့်ပေး တာတွေ ကျနော်တို့ တွေ့ရတာ ရှိတယ်လေ။

ရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နောက်တခုက သူ ရန်ကုန်တိုင်း စစ်ဌာနချုပ် အပေါ်ကနေ ကွပ်ကဲရတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ၅ ရဲ့ စစ်ဆင်ရေးမှူး ဖြစ်နေတဲ့ အချိန်မှာ ဖြစ်ရပ်ကြီးနှစ် ခုကို သူ ကျော်ဖြတ်ခဲ့ရတယ်။ ပထမ တခုကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ အရေးတော် ပုံကြီး၊ နောက်တခုကတော့ ၂၀၀၈ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီး အဲဒီ နှစ်ခုကိုလည်း သူ ကထစမှူး အနေနဲ့ ကိုင်တွယ်ပုံဟာ တော်တော်လေး ဝေဖန်ခံရတယ်။

နောက်တခါ အခု မကြာသေးခင် ကပေါ့နော်၊ စာနယ်ဇင်းသမားတွေကို ခေါ်ယူပြီး ကြိမ်းမောင်းတဲ့ ကိစ္စလည်း ဖြစ်ပေါ်ခဲ့သေးတယ်။ ဆိုတော့ ဒီ ဒု သမ္မတ တာဝန်ကို ထမ်းဆောင်တဲ့ အခါမှာ အများပြောနေကြသလို သီဟသူရ ဦးတင်အောင်မြင့်ဦး အတိုင်းပဲ သဘောထားတင်းမာတဲ့သူတယောက်ရဲ့ လမ်းကြောင်းပေါ်မှာလျှောက်မယ့် သူမျိုးလား။ တဘက် က ဒေါ်အောင်ဆန်းစုကြည်ကပြောတာတော့ ဒုသမ္မတ ဖြစ်မယ့်လူဟာ တိုင်းပြည် ကောင်းကျိုးကို အတူတ ကွ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူ ဖြစ်သင့်တယ်လို့ သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောထားတယ်။

ဆိုတော့ အဲဒီ နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ပေါ့နော်၊ ဒီ သဘောထားတင်းမာသူ လိုင်းပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်များ လား၊ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ ပုဂ္ဂိုလ်မျိုးများ ဖြစ်နေမလား ဦးဌေးအောင် ဘယ်လို မြင်ပါလဲ။

ဦးဌေးအောင်။ ။ ဒုတိယသမ္မတနေရာကို သူ့ကို အစားထိုးလိုက်တယ်ဆိုတာကလည်းပဲ စစ်ဘက် က ရွေးချယ်တယ်ဆိုပေမယ့် ဒီ ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် လွန် မသွားရလေအောင် ထိန်းချုပ်ဖို့အတွက် အဲလို တင်းမာတဲ့ သဘောထားရှိတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး လို သဘောထားမျိုး ရှိတဲ့လူမျိုးကိုပဲ ရွေးချယ်တာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း တချိန်တုန်းက လည်းပေါ့ဗျာ သူ့အနေနဲ့ ဒီ ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတယောက်ဆိုတော့ အထက်ကပေးတဲ့အမိန့်ကို သူ့အနေနဲ့ ဦးလည်မသုန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ သူ့ အနေနဲ့ ဦးမြင့်ဆွေလည်းဖြစ်သွားပြီ၊ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အဖြစ်နဲ့လည်း သူ့အနေနဲ့ အရပ်ဘက်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီးပြီ။ ခေတ်တွေ၊ စနစ်တွေ ပြောင်းပြီဆိုတာ သူတို့ ကိုယ်တိုင်လည်း သူတို့ ကိုယ်တိုင် ပြောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်လည်း သဘောပေါက်မယ် လို့ ကျနော်ထင်ပါတယ်။

အဲတော့ အခုအခြေအနေမျိုးမှာတော့ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲနေတဲ့လုပ်ငန်းတွေနဲ့ အံဝင်ခွင်ကျဖြစ်သ လို ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီ အင်အားစုတွေနဲ့လည်းပဲ အံဝင်ခွင်ကျ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော့် အနေနဲ့ မျှော်လင့်မိပါတယ်။ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။

မူရင်းသတင်းက ဒီမှာပါ။

ပွဲစားတွေလည်း အခွန်ဆောင်ရမည်


အခုအခါ ပွဲစားလုပ်ငန်းတွေနဲ့ ပွဲစားတွေကို အခွန်ငါးရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။ “ပွဲခစား အကျိုးဆောင်လုပ်ငန်းတွေကို ကောက်သွယ်မယ်၊ အရပ်ပွဲစားတွေက လောလောဆယ် လွတ်သွားမယ့်သဘော ရှိတယ်၊ ဒါပေမယ့် အခု သက်ဆိုင်ရာ နယ်မြေတွေကနေ စုံစမ်းပြီး လုပ်ဆောင်သွားမယ်” လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောပါတယ်။

လိုင်စင်ပြုလုပ်ထားတာ မရှိဘဲနဲ့ အလွတ်လုပ်နေတဲ့ ပွဲစားတွေကိုပါ အခွန်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ခြံမြေ အရောင်းအဝယ်၊ ကားအရောင်းအဝယ် လုပ်နေတဲ့ အလွတ်ပွဲစားတွေကို စုံစမ်းပြီး ကောက်ခံသွားမှာ ဖြစ်တယ်။

ပွဲခစားလုပ်ငန်း၊ မြေအဆောက်အအုံ ပုံစံထုတ်၊ အလှဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ ကြော်ငြာ၊ ဓါတ်ပုံရိုက်နှင့် ရုပ်ရှင်တည်းဖြတ်၊ ရိုက်ကူး၊ ဖြန့်ချိ၊ အကျိုးဆောင်ရှေ့နေ၊ လက်မှတ်ရ စာရင်းကိုင်၊ စာရင်းစစ်တွေကိုလည်း အခွန်ငါးရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။

“လက်မှတ်ရ စာရင်းကိုင်ဆိုတာက ကုမ္ပဏီတွေကို အခကြေးငွေယူပြီး စာရင်းစစ်တဲ့သူတွေ (CPA) ကိုပြောတာ” လို့ ဦးအောင်မိုးကြည်က ပြောပါတယ်။ “ဒီအခွန် လေးမျိုးကို ဒီနှစ်မှ တိုးလိုက်တဲ့ အခွန်ဖြစ်တယ်” လို့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောပါတယ်။

စာရင်းဇယားတွေကို ထိမ်ချန်ထားမယ်ဆိုရင် ကုန်သွယ်ခွန် ဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်သလို အခွန်နှုန်းထားတွေကို လျှော့ချပေးထားပြီး အခွန်ဥပဒေကိုလည်း လွယ်ကူရှင်းလင်းအောင် စီမံထားတယ်လို့ ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူမြင်ကွင်းတွင် ယောင်္ကျားချင်း လိင်ဆက်ဆံသူ HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်း မြန်မာနိုင်ငံ ရောက်ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့်အရေး ပညာရေးဌာန မြန်မာနိုင်ငံ (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းသည် ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး လူ့အခွင့်အရေး တိုးတက်စေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ် ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် မြန်မာ လူ့အခွင့်အရေး ကော်မရှင် အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ မြန်မာ့ လူ့အခွင့်အရေး တိုးတက်စေရေး ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ကလေးနှင့် အမျိုးသမီးများ အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများ၊ လူ့အခွင့်အရေး စွမ်းအင်မြှင့်တင်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း ၎င်းက ဆိုသည်။

ဦးအောင်မျိုးမင်းမှာ ၁၉၈၈ ခုနှစ် မှစ၍ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း ဖြစ်ပြီး ၂၄ နှစ် ကြာပြီးနောက် ယခု ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

ဦး (သို့) မာမီအောင်မျိုးမင်းသည် လိင်တူချစ်သူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ သွားရောက်စဉ်က ရှေ့ဆုံးမှ ကြိုဆိုခဲ့သူဖြစ်သည်။ http://phonekyaw.blogspot.com/2011/04/blog-post_22.html တွင် တော့ အောက်ပါအတိုင်းဖော်ပြထားသည်။

လူမြင်ကွင်းလိင်တူဆက်ဆံသူ ဦးအောင်မျိုးမင်းအား အိန္ဒိယရဲမှ ဒဏ်ရိုက်


ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်း(HREIB)

လူမြင်ကွင်းတွင် လိင်တူဆက်ဆံသဖြင့် လူ့အခွင့်အရေးနှင့်ပညာပေးရေးဌာန ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းအား အိန္ဒိယရဲမှ ပြီးခဲ့သည့် သင်္ကြန်မတိုင်ခင်ကာလတွင် ဒဏ်ရိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့  ဗီဂပ်ပူရီမြို့ နယ်ရှိ ဘားမားစင်တာဒေလီတွင် ဖြစ်ပွားခဲ့သည့်အမှုဖြစ်သည်။

ကလေးမြို့ အန်အယ်လ်ဒီ ဦးဘမင်း၏သား ကိုပြည့်စုံ ဆိုသူအား လူအခွင့်အရေး နှင့်ပညာပေးဌာန(ထိုင်းနိုင်ငံ) မှ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းသည် ရုံးခန်းပြင်ပ,ဝရံတာတွင် လိင်တူဆက်ဆံနေစဉ်၊ ဒေသခံ အိန္ဒိယနိုင်ငံသားများမှ တွေ့ရှိသွားခဲ့သည်။ ဒေသခံများမှ မကျေမနပ်ဖြစ်သဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ဗီဂပ်ပူရီရဲစခန်းမှ ရဲများ မိန်းကလေးများအပါအဝင်အများပြည်သူ မြင်သာ သောနေရာတွင် လိင်,ဆက်ဆံမှုလုပ်ရကောင်းမလားဆိုပြီး (၂-ယောက်စလုံး) လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ ယင်းအမှုအတွက် အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီရေးလှုပ်ရှားနေသည့်ခေါင်းဆောင်များ (ရဲဘော်ကျော်သန်းမပါ ) ရဲစခန်းတွင် တညလုံး သွားရောက်ဖြေရှင်းခဲ့ရာ အိန္ဒိယရဲအား ရှုပီးငွေသောင်းချီလာဘ်ထိုးခဲ့ရကြောင်းသိရှိရသည်။ ယင်းကုန်ကျငွေအား ညွှန်ကြားရေးမှု ဦးအောင်မျိုးမင်းမှပေးဆောင်သည်။

လာဘ်ထိုးမှုကြောင့် လူမြင်ကွင်းတွင်လိင်တူဆက်ဆံသည့် ဦးအောင်မျိုးမင်းနှင့် ကိုပြည့်စုံတို့အား ရဲမှ လွှတ်ပေးခဲ့သည်။ ရဲစခန်းမှ လွှတ်ပြီးနောက် ဦးအောင်မျိုးမင်းသည် ဟန်မပျက် သင်္ကြန်အမှီ ထိုင်းနိုင်ငံ ချင်းမိုင်သင်္ကြန်သို့ ပြန်ပေမဲ့ လိင်တူချစ်သူ ကိုပြည့်စုံမှာအရှက်လွန်သဖြင့် အိမ်ထဲမှ ယနေ့အထိ မထွက်ရဲကြောင်းသိရှိရသည်။

ယင်းကိစ္စနှင့်ပက်သက်၍ အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေသည့် ခေါင်းဆောင်တဦးမှ ပြောကြားရာတွင် "တော်တော်ရှက်စရာကောင်းတယ်ဗျာ။ ကုလားတွေကြားမှာ ဒီလိုဖြစ်တာ။ လုပ်ချင်ရင် ဟိုတယ်တွေ တည်းခိုခန်းတွေမှာ ချ,ပေါ့ဗျာ။ အခုဟာက သောက်ရှက်ကွဲတာပဲ အဖက်တင်တယ်"

ဦးအောင်မျိုးမင်းသည် လိင်တူချင်းချစ်မြတ်နိုးသည့် အချစ်ကြီးသူဖြစ်ကြောင်း ပြည်ပရောက်မြန်မာများအကြားတွင်အထူးရေပန်းစားသည်။ ၈၈-မျိုးဆက်တဦးဖြစ်သည့်အပြင် လူ့အခွင့်အရေးလုပ်ငန်းများအား ပြည်ပရောက်မြန်မာများအား စတင်မိတ်ဆက်ပေးသည့် ပထမဆုံးသော တက်ကြွလုပ်ရှားသူဖြစ်သည်။ နိုင်ငံတကာမှ ပေးအပ်သည့် ဆု,နှစ်ဆုရရှိထားပြီးသူဖြစ်သည်။

ယခုသတင်းအားအတည်ပြုနိုင်ရန် လူ့ဘောင်ချစ်ဘုန်းကျော်ဘလောဂ့်မှ ဦးအောင်မျိုးမင်းအား ဆက်သွယ်ခဲ့ရာအောင်မြင်မှုမရရှိခဲ့ပါ။

ယင်းအမှုနှင့်ပက်သက်၍ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းအား ပြည်ထောင်စုမြန်မာနိုင်အမျိုးသား ကောင်စီ (NCUB) မှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ချင်း မရှိသေးကြောင်းသိရှိရသည်။


ပုလင်းတူ ဗူးဆို့ကြသလား

ဗမာတဲ့ဗမာ
တခါကြံ တခါမိ
နတ်သိ လူသိ
ကုလားသိ နွားသိမှကို။

တဏှာတဲ့တဏှာ
ပူးကာကပ်ပြန်တော့
ပေါက်မှန်သမျှ သူလျှိုး
ဗာလမျိုး ထီးနှစ်ကောင်။

တော်လှန်ရေးတဲ့ တော်လှန်ရေး
ဂွေးဂွေးချင်းမရှောင်
ဂေးဂေးချင်းဆို တော်ပါရဲ့

အခုတော့… လေ
တကယ့်သတင်း
နရင်းကိုနာနာကို အုပ်ချင်ရဲ့
နင်လားတဲ့ ဗမာ။

ရေးသူ= ကမာဖရဲ

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မြန်မာလား ဗမာလား


သခင်လား ကျွန်လား

ဗမာလူမျိုးကြီးဝါဒ ဆိုတာ ပြည်ထေင်စုသားလူမျိုးကြီးဝါဒလို့ ပြောတာလား

(၁) ကျည်လာရောင်းသူများ ကျေးဇူးပါ။

ကျွန်တော့်လက်ထဲ ညူကလီယာဗုံးတစ်လုံးကို တိုင်းပြည်နာမည်ဟာ Burma ပါလို့ တစာစာ စောဒကတက်နေသူတွေကိုယ်တိုင် လာထည့်ပေးသွားတာပါ။ ကျွန်တော်ထင်တယ် ၅ ရက်လောက်ရှိသွားပြီ။ ကျွန်တောလဲ ဗာဟီရလေးတွေ များနေတာနဲ့ ကဲကဲ ခမြာများ နောက်ဆုံးအီးတစ်ချက် မထွက်ခင် စိတ်ကူးယဉ်ကြပါစေဆိုပြီး လွှတ်ပေးထားလိုက်ပါတယ်။ ခုတော့ ဒီဗုံးကြီးကို ကျွန်တော့်ဆီမှာလဲ မထားချင်တဲ့အတွက် သူတို့ဖက်ကိုပဲ လှမ်းပစ်ပေးလိုက်ပါပြီ။ ဗုံးကြီးကို သေသေချာချာကြည့် နီနီရဲရဲကြီး၊ လေဘယ်က သုံးကြောင်းနဲ့။ ပေါက်မယ် တကဲကဲ၊ အဲဒါက

ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

က။ ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ကရင်က လက်နက်စွဲကိုင် ပုန်ကန်တယ်၊ ခုထိမပြီးသေး။ ခ။ ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ခွဲထွက်ခွင့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ရတယ်။ ရှမ်းနိုင်ငံတော်ဆိုတာတောင် လွန်ခဲ့သော ၄ / ၅နှစ်က ထောင်ကြသေးတယ်။ ဂ။ ရခိုင်တွေကလဲ တစ်လျောက်လုံး လက်နက်ကိုင်သူရော မကိုင်သူပါ မြန်မာတွေ ဗမာတွေအောက်က လွတ်မြောက်ရေး၊ ရခိုင်ဘုရင့်သမတနိုင်ငံတော်ထူထောင်ရေး လုပ်နေ ပြောနေကြတယ်။

ဃ။ ကချင်ကော ထူးပါသလား။ မထူးပါ။ ဗမာနဲ့ စကားကော ယဉ်ကျေးမှုကော ကိုးကွယ်မှုပါမတူပါ၊ ခွဲထွက်ရမယ်ဆိုတဲ့သူတွေ ရှိပါတယ်။ င။ မွန်ဆိုတာ မြန်မာတွေ/ဗမာတွေ စာပီပီပြင်ပြင်မရှိခင်က သူတို့ဘာသာစကားကိုငှားပြီး သုံးရတာ အသိဆုံးသူတွေပါ။ သူတို့က လူနည်းစုမို့ ခွဲစကားမပြောပေမဲ့ သူတို့ကိုယ်သူတို့ ဗမာလို့ မခံယူပါ။ ဗမာစကားကို မွန်စကားလို့ လုံးဝလက်မခံပါ။ စ။ ဗမာစာသည် ဒို့စာမဟုတ်တဲ့အတွက် တိုင်းရင်းသာလူဦးရေများပြီး စာစကားဖွံ့ဖြိုးသူကော မဖွံ့ဖြိုးသူပါ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့်ပြုရေး ချက်ခြင်းပေး တောင်းနေတာ ကြာပြီ။

ကျွန်တော် ကာတွန်းမဆွဲတတ်လို့ ဆွဲတတ်သူတွေ ကူညီချင်ရင် ဟောဒီပုံကလေး ဆွဲတင်ပေးစမ်းပါ။ တိုင်းရင်းသားဝတ်စုံတွေနဲ့ ပြည်ထောင်စု ကျောက်တိုင်ကို ရံလိုက်ပါ။ ပြီးရင် မြန်မာလူမျိုးက ဗမာစာသည် ဒို့စာလို့ တိုင်သံပေးလိုက်ပါ၊ လက်သီးလက်မောင်းတန်းပြီးပေါ့။ တိုင်းရင်းသားတွေက သူ့ကိုဝိုင်းကြည့်ပြီး တုံ့ဆိုင်းနေတဲ့ပုံ၊ နောက်တစ်ပုံမှာ ကျန်တဲ့ပြည်ထောင်စုသားတွေက ရှမ်းဆိုရင် ရှမ်းစာသည် ဒို့စာ၊ မွန်က မွန်စာသည် ဒို့စာ၊ ရခိုင်က ရခိုင်စာသည် ဒို့်စာ၊ ချင်းက ချင်းစာသည် ဒို့စာ၊ ကရင်က ကရင်စာသည် ဒို့စာ ကယားက၊ ပလောင်က၊ ပအိုဝ်းက . . . . . .စသည် . . . . စသည် လက်သီးလက်မောင်းတန်း အော်တဲ့ပုံ။

(၂) ဘယ်လိုဖြစ်လို့ Burma ရတာပ။

ကျွန်တော်တို့တိုင်းသူပြည်သားတွေထဲမှာ ကုလားကို အဖေခေါ်ချင်သူ တော်ချင်သူ ဒီလောက်များလိမ့်မယ်လို့ အစက ကျွန်တော်မထင်မိ၊ မတွက်မိဘူးဗျာ။ ကျွန်တော်က အားလုံး ကျွန်တော်တို့လို သခင်စိတ်ကလေးတော့ ရှိလိမ့်မယ်အောက်မေ့တာ။ Burma ကို တရားဝင်အောင်လုပ်ချင်တော့ကာ ဗမာကို တိုင်းရင်းသားအားလုံးနဲ့ဆိုင်အောင်လုပ်ကြရတယ်။ ဒီမှာတင် ကုလားပြည်ရဲ့ အရှေ့ခြမ်း ဗြဟ္မပုတြမြစ်အရှေ့ဖက်မှာနေတဲ့သူတွေကို အနောက်ဖက်ခြမ်းမှာနေတဲ့ ကုလားတွေက ဘရမာ (ဗြဟ္မာ) လို့ ခေါ်သတဲ့။ ဒီတော့ မြန်မာပြည်ဟာ ဆွဲဆန့်ကြည့်ရင် ပဝေသဏီကတည်းက ကုလားပိုင် ရပ်ကွက်တစ်ကွက်၊ တစ်ခရိုင်၊ တိုင်းတစ်တိုင်းပုံရောက်သွားပါလေရော။ သြော် ဖြစ်မှဖြစ်ရလေနော်၊ ကုလားပေးတဲ့နာမည်ကြိုက်လိုက်ပုံများတော့၊ အဲဒီကနေ ဆက်လိုက်တော့ ကုလားဖြူကပေးတဲ့နာမည်က ပိုမပစ်နိုင်စရာချည်းဖြစ်သွားတာပေါ့ဗျာ။ အင်း၊ နားလည်ပါတယ် နာလည်ပါတယ်။ ဆက်စပ်ကြည့်လိုက်တော့ ရှင်းသွားပါတယ်။ ဟဲ ဟဲ။

နောက်တစ်ယောက်ကလဲ ပြောသေးတယ်၊ ဗမာ ဆိုတာ ကုလားပေးတဲ့နာမည်ဖြစ်ကြောင်း၊ သူက Burma ကို ပိုသဘောကျတဲ့လူဗျာ၊ နာမည်မေ့သွားတယ်ဗျာ၊ အဲ၊ သူ ပြောတာက အင်္ဂလိပ်လက်အောက်ကို မြန်မာပြည် တစ်ဝက်လောက်ရောက်သွားတော့ အလုပ်သမားလိုအပ်မှုအရ အိန္ဒိယကနေပြီး သောက်သောက်လဲ ကုလားတွေကို ခေါ်သွင်းရတယ်။ အောက်ပြည်အောက်ရွာမှာ ကုလားတွေ မဲမဲလှုပ် (သဲသဲမလှုပ်) ဆိုပဲ။ အဲဒီကုလားတွေက မြန်မာတွေကို ဗရမာလို့ ခေါ်တယ်။ ဒါနဲ့ ဒီအသုံးဟာ ခပ်မြန်မြန်ပဲ ပေါက်သွားတယ်၊ မြန်မာဝေါဟာရကိုတောင် လွှမ်းမိုးသွားတယ်။ အဲဒီကနေ နေ့တဓူဝအသုံးဖြစ်လာတယ်။ မြန်မာနဲ့ အလဲအလှယ် သုံးလာတယ်။ ဒါပေမဲ့ တရားဝင်သုံးတဲ့အခါမှာ ခန့်ငြားတဲ့ မြန်မာဆိုတာကိုပဲ အသုံးများတယ် စသဖြင့် ရှင်းထားတယ်ဗျ။

(၃) အလာပ သလာပနဲ့ မင်္ဂလာစကား တရားဝင်စကား မတူ

မှတ်ထားပါ၊ ကိုယ့်နိုင်ငံကနေ တခြားသူများရဲ့နိုင်ငံကို ကိုယ်အာတွေ့သလို ခေါ်ကြတယ်၊ ဒါကို ဘယ်သူမှ မကန့်ကွက်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဒါပေမဲ့ တရားဝင်အခန်းအနားတွေ၊ တိုင်းပြည်ကို ကိုယ်စားပြုပြီးပြောပြီဆိုရင်တော့ အဲဒီနိုင်ငံကတရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်သာလျှင် တရားဝင်နာမည်ဖြစ်ကုန်ကြရတာပါပဲ။ အင်္ဂလိပ်ပဲခေါ်ခေါ်၊ ဗြိတိန်ပဲ ခေါ်ခေါ် ယူကေ ယူနိုက်တက်ကိးန်ဒမ် ဘာပဲခေါ်ခေါ် တရားမဝင်ပြောတဲ့အခါ ကြိုက်တာနဲ့ ခေါ်ပြော၊ ကုလားဖြူ၊ မျောက်ဖြူ (နှိမ့်ချ)ပဲ ခေါ်ခေါ် ခေါ်နိုင်တယ်။ တရားဝင်ပြောရင် ကုလမှာ စာရင်းပေါက်တဲ့နာမည်နဲ့ ခေါ်ပေါ့။ ဟုတ်ဖူးလား။ အဲဒီနိုင်ငံတွေကလဲ မြန်မာနိုင်ငံကို ပြောတဲ့အခါ သူတို့နိုင်ငံမှာ သူတို့ အာ လျှာနဲ့ သဟဇာတဖြစ်သလို ခေါ်ကြပေါ့။ တရားဝင်အခန်းအနားဆိုရင်တော့ ကုလမှာ မှတ်ပုံတင်ထားတဲ့နာမည်ကို သုံးကြ။

ဂျပန်တွေက အမေရိကန်ကို ဘေးကိုကု၊ တရုပ်ကို ချူးကိုကု၊ ကိုးရီးယားသမတနိုင်ငံကို ခန်းကိုကု၊ ဒီမိုခရက်တစ် ကိုးရီးယား ကိုတော့ ခိတချိုဆင်တဲ့။ ကာယကံရှင်တိုင်းပြည်တွေကတော့ မသုံးဘူး၊ ဂျပန်တွေက ကိုယ့်တိုင်းပြည်ထဲမှာ အဲလိုခေါ်တယ် သုံးတယ် ပြဿနာမရှိပါဘူး။

ဒါပေမဲ့ ဂျပန်တွေ အမေရိကားရောက်တဲ့အခါ ဘေးကိုကုလို့မသုံးပါဘူး၊ အမေရိကားလို့ ပြောတယ်၊ ယူနိုက်တက်စတိတ်အော့ဖ်အမေရိကားသုံးတယ်၊ သူ့နေရာနဲ့သူပေါ့။ သူတို့နိုင်ငံကိုလဲ သူတို့လက်ခံထားတဲ့ ဂျပန်လို့ပဲပြောတယ်။ ပြင်ပမှာပေါ့။ ကိုယ့်ပြည်ကို ပြန်ရောက်ရင်တော့ ဘယ်ရမလဲဗျာ၊ နိဟွန်းပေါ့။ သံပြိုင်အားပေးတဲ့ တိုင်သံတွေမှာကျတော့ မြန်မာတွေက ဗမာကို ရွေးသလိုပေါ့ဗျာ၊ နိဟွန်းကလဲ နိပွန်းတဲ့ဗျ။ အော်ကြည့်ဗျာ၊ နိဟွန်း နိဟွန်း . . .နိဟွန်း က မမိုက်ဘူး၊ ဒါ့ကြောင့် အသံမာတဲ့ နိပွန်း နိပွန်း ဆိုတဲ့ နိပွန်းလုပ်ထဲ့လိုက်တယ်။

(၄) မြန်မာဆိုတာ ဖိုးဖွားအမွေ

မြန်မာတွေက ဗမာလုပ်ပြီး မြန်မာကို အားလုံးကို လှူဒါန်းတာ

မြန်မာဆိုတာကတော့ ကျွန်တော်တို့ အဖိုးအဖွားတွေ ကျွန်တော်တို့လက်ထဲအရောက် သယ်ဆောင် အမွေပေးသွားတဲ့ နာမည်ပါ။ ကာလတစ်လျောက် သမိုင်းဆရာကြီးတွေပြောတဲ့ ̔မိယင် ̔ ̔မရမာ ̔ ̔မြန်မာ ̔ အပြောင်းအလဲတွေကတော့ ဘာသာဗေဒသမိုင်းပညာရှင်များရဲ့အရာဖြစ်တဲ့အတွက် ထားခဲ့ပါမယ်။ ဒါပေမဲ့ မ နဲ့ ဗ က ဝဂ်တစ်ခုထဲမှာပါတဲ့အတွက် ကာလရွှေ့လျောတဲ့အခါမှာ မ က ဗ ဖြစ်သွားနိုင်တယ် ဆိုတာကလေးကိုတော့ မျှထားပါရစေ။ တကယ်လို့ ဗမာကို တိုင်းရင်းသားလူမျိုးစုတစ်ခု နာမည်နဲ့ ယူရမယ်ဆိုရင် ကျွန်တော်က ကုလားပေးလို့မဟုတ် ကာလရွေ့လျောလို့ မ က ဗဖြစ်သွားတဲ့ ဆင်းသက်ပုံကိုပဲ နှစ်သက်စွာ လက်ခံမှာဖြစ်ပါတယ်။

မြန်မာပဲပြောပြော ဗမာလို့ပဲညွှန်းညွှန်း လူမျိုးက တစ်မျိုးထည်းပါ၊ တိုင်းရင်းသားပေါင်းစုံ တလျောက်လုံး လက်ခံယုံကြည်တဲ့အတိုင်း၊ မြန်မာနဲ့ ဗမာဟာ အတူတူပါ။ အဲလို နာမည် ၂ မျိုးစလုံးပိုင်ထားတဲ့အတွက် ပြည်ထောင်စုကို ပိုပြီး သမိုင်းရှိ (ကျောက်စာ) တဲ့ မြန်မာကိုပေးပြီး၊ ဗမာကိုတော့ ဒို့က တိုင်းရင်းသားအမည်အနေနဲ့ သုံးကြတာပေါ့ဆိုတာဟာ ဘာ ကောက်ကျစ်မှုမှမပါပါဘူး။ ဗိုလ်ချုပ်လဲ ဒီလိုပဲ သုံးသလို ဦးနုလဲ ဒီနောက်ကို လိုက်ခဲ့တယ်၊ ဦးနေဝင်းလဲ ဆက်လက်အမွေခံတယ်။ မြန်မာဟာ တိုင်းရင်းသား အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့အပြင် ခန့်ငြားတဲ့သမိုင်း (အရှေ့တောင်အာရှမှာ သြဇာလွှမ်းခဲ့တယ်၊ မဏိပူ၊ ကသည်းကို ပိုင်ခဲ့တယ်) ရှိခဲ့တဲ့အတွက် ဒီတိုင်းပြည်ရဲ့နာမည်ကို တခြား နာမည်သစ်မရှာပဲ မြန်မာလို့ခေါ်တာကို ဘယ်တိုင်းရင်းသားကမှလဲ မကန့်ကွက်ခဲ့ပါဘူး။

အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းစဉ်က အခုထက်တောင် အနည်းငယ်ကျယ်ဝန်းတဲ့ မြို့ပြနိုင်ငံ (ကုန်းဘောင်ရွှေပြည်) ကို မြန်မာတွေ လက်လွှတ်ခဲ့ရတာပါ။ လွတ်လပ်ရေးခရီးတစ်လျောက်လုံးလဲ မြန်မာတွေကပဲ တိုင်းရင်းသားတွေထဲက မျိုးချစ်တွေကို စည်းရုံးပြီး ဦးဆောင်ဦးရွက်ပြုခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးအတွက် တိုက်ကြတော့ အင်္ဂလိပ်ဖက်ကနေတိုက်ခဲ့တဲ့ တိုင်းရင်းသားတွေ မနည်းပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး အတိုက်ခံခဲ့ရတာကို ကောင်းကောင်းနားလည်တဲ့ ညီအစ်ကို မောင်နှမတွေရှိပါတယ်။ နောက်ဆုံးတော့ မပီပြင်သေးတာအပထား (ဒါက ဆက်လုပ်ရမှာ) ပြည်ထောင်စုဘဝနဲ့သွားဖို့ ကျနော်တို့ရဲ့ ဖိုးဖွားတွေက မမျှော်အမြင်ရှိရှိ ရွေးချယ်ပေးခဲ့ပြီးဖြစ်တယ်။

ဒါကို မကျေနိုင်မချမ်းနိုင်နဲ့ ဗမာကမှ အားလုံးကို ကိုယ်စားပြုတယ်ဆိုရင် ဗိုလ်ချုပ်တို့ ရေးသွားတဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလဲ ပြည်ထောင်စု သမတ ဗမာနိုင်ငံတော် ဖြစ်သင့်တာပေါ့။ ဒါမှလဲ Burma နဲ့ လိုက်ဖက်မယ်မဟုတ်ပါလား။ အင်း မတော်လို့များ လွှတ်တော်ထဲမှာ အများစုဖြစ်ရင် အဲလိုအကုန်ပြန်ပြောင်းမလားမသိဘူး။ အခုတော့ ဖခင်အရှိန်၊ ခင်ပွန်းသည်အရှိန်နဲ့ တားဆီးမရအောင် နာမည်ကြီးလာတာကို သုံးပြီး ပြည်သူတွေ တွေဝေအောင် လမ်းလွဲအောင် အမျိုးမျိုးပြောနေတာပဲ စိတ်မချမ်းသာစရာကြားနေတယ်ဗျာ။

တစ်ချိန်တုန်းက တိုင်းပြည်ရဲ့နာမည်ကို ပြင်ပကမ္ဘာက Burma ခေါ်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ရွေးခဲ့ပေမဲ့ သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ အခု အတွင်းကော အပြင်ပါ တစ်မျိုးထည်း ခေါ်ကြဖို့ လုပ်လာတယ်၊ ကိုယ်တိုင်ကလဲ အမျိုးသားရင်ကြားစေ့ရေးတို့၊ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်တို့ မေတ္တာတို့ သစ္စာတို့ ဖောင်လောက်အောင် ပြောနေတဲ့ကြားကဗျာ၊ အများကြားချင်တာထက် ကိုယ်ပြောချင်တာပဲ စွပ်ပြောနေတာ နားထောင်တတ်ရင် ကြားရပါတယ်ဗျာ။ အဲဒီတော့ နည်းမှန်မှန် မမှန်မှန် အခု ၂၃ နှစ်လောက် ရှိခဲ့ပြီ။ အနောက်နိုင်ငံအချို့ကလွဲရင် တစ်ကမ္ဘာလုံးက သုံးနေကြပြီ။ မီဒီယာထဲက နာမည်ကြီးတွေဖြစ်တဲ့ စီအင်အင်၊ ဝေါလ်စထရိဂျာနယ်၊ နယူးရော့ခါတိုင်းမ်စ် စတာတွေကလဲ သုံးနေပြီ။ အဓိကပြဿနာလုပ်နေတာက ကဲ ထင်းထင်းကြီး ဖြစ်နေပါရော။

(၅) ချုပ်လိုက်ကြရအောင်၊

တိုင်းပြည်ရဲ့ နာမည်ဟာ မြန်မာ ဖြစ်တယ်။

မြန်မာနဲ့ ဗမာဟာ မူလက လူမျိုးစုတစ်ခုကိုပဲ ညွှန်းခဲ့တဲ့ နာမည်ဖြစ်တယ်။

မြန်မာဟာ ဖိုးဖွားအမွေဖြစ်တယ်၊

ဗမာဟာ ပြင်ပက (ကုလား) က မြန်မာတွေကို ခေါ်တဲ့ ဗရမာကနေ ဆင်းသက်လာတယ်။

အံ့သြတာတစ်ခုကတော့ဗျာ၊ ဒါလေးလောက်မှမသိတဲ့ လူတွေထဲမှာ ဝက်ခေါင်းထိုး ဦးဝင်းတင် တို့၊ မျိုးချစ်ကြီးပါလို့ အားလုံးလေးစားနေကြရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဥိးတင်ဦးတို့ ပါနေတာပဲ ခင်ဗျ။

ဘယ်ပြည်ထောင်စုသားကမှ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား လို့ တစ်ခါမှကို မယုံကြဘူးခင်ဗျ။ တစ်ခါ ဗမာလူမျိုးကြီးဝါဒဆိုတာ ဗကပ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွင်တွင်သုံးတဲ့စကားဗျ။ တိုင်းရင်းသားတွေက ကိုယ့်ကိုယ်ကို ပြန်ရှုံ့ချနေတယ်လို့များ ထင်သူရှိကြသလားဗျာ။ အဲဒါ မြန်မာလူမျိုးစုကို ပြောတယ်ဆိုတာလဲ မှတ်ဦးဗျ။

ထပ်ပြီး ချုပ်လိုက်ကြဦးစို့၊

မိတ်ဆွေတို့အနေနဲ့၊

ကိုယ့်နိုင်ငံကို ဘိုးစဉ်ဘောင်ဆက်ပေးထားတဲ့ နာမည် မြန်မာ နဲ့ အခေါ်ခံချင်သလား၊
ကုလားပေးတဲ့ ဗမာနဲ့ အခေါ်ခံချင်သလား

ဒီမိုကရေစီအောက်မှာ ခင်ဗျားတို့ကြိုက်တာ ရွေးကြပေတော့။

ဒါပေမဲ့၊ ဒီမိုကရေစီအရ နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံကို ကိုယ်ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်နိုင်တယ်ဆိုတာကတော့ဗျာ မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ ဇွတ်ကြီးပါဗျာ။

သနားသဖြင့်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။