Tuesday, July 10, 2012

ငါးမိနစ် တရားရူမှတ်နည်း

ခန္ဓာငါးပါး၏ အဖြစ်အပျက်ကိုမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက်၊ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို ၀ိပဿနာဉာဏ်ဖြင့် ရူမြင်သောသူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းက ပို၍ မြတ်ပေ၏။ ဘုရားသနာနှင့် ကြုံရခိုက်၊ လူ့ဘ၀ရခိုက်၊ တရား အားထုတ်ဖို့ အခွင့်သာခိုက် အမြတ်ဆုံး အသက်ရှည်နည်းကို သိလိုလျှင် ဤပိုစ့်လေးကို ဖတ်ကြည့်ပါ၊ ဖတ်ပြီးလျှင် လက်တွေ့ လေ့ကျင့်ကြည့်လိုက်ပါ၊ ဒိဋ္ဌအကျိုးထူး ခံစားရပါလိမ့်မယ်ရှင်။

ဤပိုစ့်လေးတင်ရခြင်း ရည်ရွယ်ချက်မှာ -

၁။ အချို့သော ပုဂ္ဂိုလ်များသည် တရားဘာဝနာကိစ္စကို လုံးဝ မသိရှိကြပါ။
၂။ အချို့သော ပုဂ္ဂိုလ်များသည် သိရှိ စိတ်ဝင်စားကြပါသော်လည်း အချိန်ပေး၍ တစ်သီးတစ်သန့် အားမထုတ်နိုင်ကြပါ။
၃။ အချို့သော ပုဂ္ဂိုလ်များသည် စိတ်ဝင်စား၍ အချိန်ပေး အားထုတ်နေကြသော်လည်း နည်းလမ်းကျကျ မှန်ကန်စွာ နားမလည်ကြပါ။
၎။ အချို့သောပုဂ္ဂိုလ်များသည်ကား အယူအဆ အတွေးအမြင်မှောက်မှား၍ “တရား” ဆိုလျှင် ဝေးဝေးကရှောင်၍ ရှား၍ နေကြပါသည်။
ဤသို့အားဖြင့် လေးမျိုးလေးစား ခွဲခြား၍ တွေ့ကြုံရသည်။




အမှတ် ၁ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် တရားဘာဝနာရူမှတ်ခြင်း၏ တန်ဖိုးနှင့် အကျိုးအာနိသင်ကို သိရှိနားလည်ခွင့်ရှိပါက ဤကျင့်စဉ်ကို မုချကျင့်ဆောင်လာမည်ဟု မိမိယုံကြည့်ပါသည်။

အမှတ် ၂ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် အကြောင်းအမျိုးမျိုးဖြင့် အချိန်မပေးနိုင်ကြသော်လည်း ဘာဝနာကျင့်စဉ်၏ အမှန်တကယ် လိုအပ်သော အချိန်နှင့် တန်ဖိုးများ သဘောပေါက်လာလျှင် လက်တွေ့ကျင့်ဆောင်လာမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၃ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် မှန်ကန်သော နည်းလမ်းနှင့် တိကျသေချာသော ကျင့်စဉ်ကို ဧကန်အမှန်ကို သိရှိရလျှင် လမ်းမှန်နည်းမှန်သို့ ဒိဋ္ဌရောက်ရမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၄ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည်ကား အမြင်မှန် အယူမှန်သို့ ကြည်ကြည်လင်လင် မရောက်သရွေ့ တရားကျင့်စဉ်တို့နှင့် ဝေးကွာနေကြဦးမည် ဖြစ်ပါသည်။

ဤသို့တွေ့ကြုံရ ယုံကြည်ရသောကြောင့် မိမိ၏ကိုယ်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်မူနှင့် စာတွေ့ ဗဟုသုတတို့ ပေါင်းစပ်ကာ ဤ ပိုစ့်ကို ရေးသားခြင်း ဖြစ်ပါသည်။

၁။ တရားဘာဝနာကိစ္စကို မနီးမစပ်မရင်းနှီးသောကြောင့် ခက်ခဲသည်ဟု ထင်မှတ်ကာ ဝေးကွာနေကြသူများ။
၂။ လောက ကိစ္စ လူမူရေးရာ စီးပွားရေးရာ စသည်တို့ဖြင့် မအားမလပ် အချိန်မပေးနိုင်ပါဟု ဆိုကြသူများ။
၃။ လူမူဒုက္ခအပေါင်း ဆုံးရကြုံရသဖြင့် စိတ်ညစ်ညူးကာ လွတ်လမ်း ထွက်ပေါက် ရှာကြံလိုကြသူများအတွက် အလွယ်ဆုံး၊ အရှင်းဆုံး၊ အတိုဆုံးနည်းလမ်းအားဖြင့် တရားဘာဝနာကို ကျင့်ကြံ ရူမှတ်နိုင်ရန် ညွှန်ပြပေးထားပါသည်။

ဤသို့ညွှန်ပြရာ၌ အသိဉာဏ်ရှိသော ထွက်သက် ၀င်သက်ရှိသူ လူအပေါင်းတို့အတွက် “ဆင်းရဲမူအားလုံး ကုန်ဆုံးရာ” သို့ ရည်ရွယ်ညွှန်ပြလိုသည်ဖြစ်ရာ လူမျိုး၊ ဘာသာ စသော အပိုင်းအခြားများ ကင်းလွတ်စေရန် တတ်နိုင်သမျှ ဘာသာစွဲ ၀ါဒစွဲများကို ရှောင်ကြဉ်၍ ရေးသားထားပါတယ်။

ငရုတ်သီးသည် ဘယ်သူစားစား ဘယ်အချိန်မှာစားစား ဘယ်နေရာမှာစားစား စပ်သည့်အရသာကို ကိုယ်တိုင် ခံစားရသကဲ့သို့ -

တရားဘာဝနာကျဉ့်စဉ်သည် ကျင့်သူတိုင်းအား အကျိုးအာနိသင်ကို ခံစားရစေသည်ဖြစ်ရာ လူမျိုးနှင့်ဘာသာ အယူဝါဒများကွဲပြားမူမှာ ဤကျင်စဉ်အား အတားအဆီး အကာအကွယ်တစ်ခုအသွင် မရှိစေလိုပါ။

လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး သိတတ်နားလည်သောသူတိုင်း ဤကျင့်စဉ်တရားကို အားထုတ်ကျင့်ဆောင်နိုင်ကြပါသည်။ အားထုတ်ကျင့်ဆောင်၍ ခံစားရရှိစေချင်ပါသည်။

သို့သော် ဤကျင့်စဉ်နည်းလမ်းကို ဗုဒ္ဓဘာသာထေရ၀ါဒ အဆုံးအမတော်များမှ ထုတ်ယူ၍ ရေးသည်ကိုကား ပွင့်လင်းစွာ ၀န်ခံလိုပါသည်။

ဤကျင့်စဉ်ကို လက်တွေ့လိုက်နာကျင့်ဆောင်ရူမှတ်ခြင်းဖြင့် ရရှိခံစားကြရမည့် အကျိုးကို ကိုယ်တိုင်ကိုယ်ကျ သိရှိခံစားကြရမည် ဖြစ်သောကြောင့် အထူး မညွှန်းလိုတော့ပါ၊ အနည်းငယ်မျှ ဖော်ပြရလျှင် -

၁။ စိတ်တည်ငြိမ်းခြင်း။
၂။ မှတ်ဉာဏ်ကောင်းခြင်း။
၃။ ကိုယ်၊ စိတ် ပင်ပန်းနွမ်းလျမူများ ပြေပျောက်ခြင်း။
၎။ ကိုယ်၊ စိတ် ဆင်းရဲမူများဒဏ် ခံနိုင်ခြင်း။
၅။ ကောင်းသောအတွေးအမြင် ကြည်လင်ခြင်း။
၆။ ဖြောင့်မှန် တည့်မတ်သော ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ခြင်း။
၇။ လေးနက်သော အယူဝါဒကို သိမြင်စွဲမြဲခြင်း စသည့် အကျိုးအာနိသင်များကို ရရှိမည်မှာ ဧကန်ဒိဋ္ဌိဖြစ်ပါသည်။

တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်စသော အချိန်ကာလ၏ တန်ဖိုးသည် လွန်စွာ ကြီးမားလှပါသည်။ တန်ဖိုးကြီးမားလှသော အချိန်ကို အကျိုးရှိစွာ လက်တွေ့အသုံးချတတ်ရန် ဤပိုစ့်လေးမှ ညွှန်ပြလိုက်ပါသည်။

အသုံးကျသော အရာတို့ကို အသုံးချတတ်ရန်လည်း အထူးလိုအပ်ပါသည်။

အို - မိတ်ဆွေ သင်၏ မအားလပ်ဖူးဆိုသော အချိန်ထဲမှ တစ်နေ့တာမှ (ငါးမိနစ်) မျှသော အချိန်ကာလကို လက်တွေ့ အသုံးချကြည့်စေချင်ပါသည်။
နိုးဆော်လင်္ကာ

ငါးမိနစ်မျှ ခဏချိန်တွင်၊
စိတ်ဝယ်စူးစိုက် ပြုလိုက်ပါလျှင်
ဘာဝနာမျိုး တနိဖိုးထင်ထင်၊
ညောင်စေ့ငယ်မှ ဖြစ်ရညောင်ပင်၊
ပမာထား ကြီးမားအာနိသင်။

Myanmar Express

မူရင်းက ဒီမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းစကားတောင်နားမလည်ပဲရမ်းကားခွပ်နေသော facebook ခွပ်ဒေါင်းများ ။

ဒေါ်စု ဥရောပခရီးစဉ်မှာ BURMA လို့ သုံးသွားတာနဲ့ ပတ်သက်ပြီးတော့ MYANMAR ဆိုတဲ့အမည်က စစ်အစိုးရကပြည်သူကိုအသိမပေးပဲပြောင်းသွားလို့ ဒီမြန်မာဆိုတာကိုမသုံးတာဖြစ်ကြောင်း၊ မြန်မာဆိုတာ စစ်အစိုးရပြုလုပ်ခဲ့တဲ့အခေါ်ဝေါ်ဖြစ်လို့ အရင်ကခေါ်တဲ့ ဘားမားကိုပဲသုံးတဲ့သဘောမျိုးဖြေရှင်းထားတာကို တွေ့ ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျေနပ်သူ မကျေနပ်သူတွေအငြင်းပွားခဲ့ကြတယ်။ facebook ပေါ်မှာ အဆိုးဆုံးပေါ့ဗျာ ။ ဒါနဲ့ ကျွန်တော်လဲအွန်လိုင်းမှာသူငယ်ချင်းတယောက်ဆီကတွေ့ တဲ့ ဟိုအရင်က ဗိုလ်ချုပ်အောင်ဆန်း အဆိုတင်သွင်းထားခဲ့တဲ့ စာတမ်းတခုမှာ မြန်မာဆိုတဲ့အခေါ်အဝေါ်သုံးထားပြီး မြန်မာ ဆိုတဲ့အမည်သည်ယခင် ဗိုလ်ချုပ်ကိုယ်တိုင်အဆိုတင်သွင်းထားကြောင်းကိုပြောကာ ဒီမိုကရေစီနှင့်လွတ်လပ်စွာပြောဆိုခွင့်တန်ဖိုးထားပါသည်ဟုဆိုသော facebook ပေါ်မှ NLD ဂရုတခုပေါ်တွင် POST တင်ကာဖော်ပြလိုက်သည် ။




သို့ သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဆိုပင်ဖြစ်လင့်ကစား ထို facebook ခွပ်ဒေါင်းဂရုသည်အကြောင်းပြချက်မရှိပဲ ထို post ကိုဖျက်ပြစ်လိုက်သည် ။ ထို့ ကြောင့်ကျွန်တော်သည် ထို facebook ပေါ်မှ NLD အမည်နှင့်ဂရုအား ကျွန်တော်ယခုတင်သောအဆိုသည် ကျွန်တော်ပြောထားသည်မဟုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သောအဆို ဖြစ်ပြီး ၊ ရိုင်းပြသောဆဲဆိုထားသည်လဲမဟုတ် ၊ ကျွန်တော့်အာဘော်သဘောထားကိုပြောနေခြင်းလဲမဟုတ်ပဲ အမျိုးသားခေါင်းဆောင်ကြီးတဦးရဲ့စာကိုဘာကြောင့် ထို facebook ပေါ်မှ NLD အမည်နှင့်ဂရု ကလက်မခံရသနည်း ဟုမေးမြန်းခဲ့ရာတွင်လည်း ထိုသို့ မေးသောစာပါ ဖျက်ပြစ်လိုက်ကြသည် ။ ထို့ နောက်ကျွန်တော့်ကိုပါ ထိုဂရုထဲမှ ထုတ်ပြစ်လိုက်ပါသည်။

ဒီမိုကရေစီကိုမြတ်နိုးပြီး လူ့ အခွင့်ရေး လွတ်လပ်စွာပြောဆိုခွင့် တရားမျှတခြင်းဆိုတဲ့စကားကိုတချိန်လုံးအော် နေသော ထို facebook ပေါ်မှ NLD အမည်နှင့်ထိုဂရုသည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုတင်သွင်းခေါ်ဝေါ်ခဲ့သော စာကိုတင်မိသောကြောင့် ဖျက်ပြစ်ခြင်း၊ အကြောင်းပြချက်ပွင့်လင်းမြင်သာမှုဘာမှပေး မရှိပဲနှင့် ထုတ်ပြစ် ဖျက်ပြစ် ခြင်းများကိုတွေ့ လိုက်ရသဖြင့်သူတို့  ပြောပြောနေသောမူဝါဒနှင့် သူတို့ လက်ရှိကျင့်သုံးနေသည်မှာ လုံးလုံးကြီးဆန့် ကျင်နေကြောင်း ကိုယ်တွေ့ ကြုံလိုက်ရပါသည် ။

ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်သွင်းခဲ့သောအဆိုကို တင်ပြမိသောကြောင့် ဗိုလ်ချုပ်ကိုလေးစားပါသည်လို့ဆိုသော facebook ပေါ်မှ NLD ဂရု တခုရဲ့အာဏာရှင်ဆန်ဆန် လုပ်ဆောင်ချက်ပါခင်ဗျား ။

ဗိုလ်ချုပ်ရဲ့စကားတောင်နားမလည်ပဲရမ်းကားခွပ်နေသော facebook ခွပ်ဒေါင်းများပါခင်ဗျားးးး ။

့် Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

KIA တပ်ဖွဲ့ အောက်လမ်းနည်းသုံးနေပြီလား ????

ပြီးခဲ့နှစ် ဇွန်လ လောက်တုန်းက မိုးကောင်းမြို့နယ်၊ နန့်ဟိုင်းရွာမှ ရွာသား ၁၁ဦးကို KIA ရင်း (၆)မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဦးအောင်ကိုဟိန်း၊ ဦးပချန်ယော်၊ ဦးခါးအောင်နဲ့ ဦးနော်လွန်း တို့(၄)ဦးကို ညှင်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ယခုအခါ KIA ဗဟိုရဲ့ အမိန့်နဲ့ ဒီလ ၆ရက်နေ့တုန်းက ကာမိုင်းမြို့နယ်မှူး ဦး ပခေါင်းလရိန်းနဲ့ KIA ရင်း (၆)မှ အဖွဲ့ဝင်(၇)ဦးမှာ သတ်ဖြတ်ခံရသူ (၄)ဦးမြုပ်နှံထားတဲ့ ကျင်းများမှ အရိုးစု အစိတ် အပိုင်းများအား လာရောက်တူးဖော်ခဲ့ပြီး ဦးလခေါင်းလရိန်ကိုယ်တိုင် KIA ဗဟိုသို့ပိုဆောင်ခဲ့မယ်လို့ဒေသခံတစ်ဦး ပြောပြချက်အရသိရပါတယ်။

သေဆုံးသူတွေဟာ KIA က ရက်ရက်စက်စက်အသတ်ခံထားရတဲ့အတွက် အစိမ်းသေတွေ ဖြစ်သွားခဲ့ ပါတယ်။ အခုက အဲဒီအရိုးစုတွေကို ပြန်ပြီးတူးဖော်ပြီး ဗဟိုကို လာပို့ခိုင်းနေတယ်ဆိုတော့ စဉ်းစားစရာတွေ ဖြစ်နေပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ခိုက်လို့ဆုံးရှုံးမှုတွေ များနေတာဖြစ်တဲ့ အတွက် အောက်လမ်း နည်းတွေကို အသုံးပြုတော့မယ်ထင်ပါတယ်။ ဘာလုပ်မယ်ဆိုတာကို သေသေချာချာမသိရပေမယ့် KIA တပ်ဖွဲ့ဝင် တချို့ရဲ့ ပြောပြချက်အရ အစိုးရတပ်လာတိုက်ရင် လိုင်ဇာကိုကာကွယ်ဖို့အတွက် အခုလို အစိမ်းသေ အရိုးတွေကို လာရောက် တူးဖော်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးကပြောကြားခဲ့ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အဆိုတော် ဂျေညီညီ၏ကား နှင့် ဆယ်ဘီးကား မျက်နှာချင်းဆိုင်တိုက်ပြီး ဒဏ်ရာအပြင်းအထန်ရ

ကားတိုက်ခံရပြီး ဘ၀ပျက်သလောက် ဒဏ်ရာ ဒဏ်ချက် များနဲ့ အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် စကားသံများအနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက…”ပထမဆုံး ကျွန်တော် တောင်းပန်ချင်တာက ဒူးခေါင်းတွေ က ချုပ်ရိုးတွေနဲ့ဖြစ်နေတာကြောင့် ကြာကြာမတ်တပ်မရပ်နိုင်တော့ပဲ ထိုင်ပြီးပြောရတဲ့အတွက် ခွင့်လွှတ် ပေးပါ။ ၁၀-၅-၂၀၁၂ ခုနှစ်က ကျွန်တော် အင်းစိန်ဘက်ကနေ မြို့ ထဲကို ကားနဲ့လာတယ်။ အဲဒီမှာ မြို့ ထဲဘက်ကနေ အင်းစိန်ဘက်တက် လာတဲ့ဆယ်ဘီးကားက ဘရိတ် ပေါက်ပြီး ကျွန်တော့်ကိုမျက်နှာချင်း ဆိုင်တိုက်လိုက်ပါတယ်။

အဲဒီအခါ ကျွန်တော့်မော်တော်ယာဉ်တစ်စီးလုံး ကြေမွသွားတဲ့အပြင် ကျွန်တော် လည်း အခုလိုမြင်တဲ့အတိုင်း ဒဏ်ရာ ဒဏ်ချက်တွေရခဲ့ပါတယ်။ ၁၄-၅- ၂၀၁၂ ကနေပြီး ၂၈-၅-၂၀၁၂ အထိ ကျွန်တော်အင်းစိန်ဆေးရုံကြီးမှာ ဆေးကုရပါတယ်။ ၁-၆-၂၀၁၂ က နေ ၆-၆-၂၀၁၂ အထိ ကျွန်တော် အပြင်ဆေးခန်းမှာ ကျိုးသွားတဲ့လက် ကို ကုရပါတယ်။ သာမန်ကျိုးတာ မဟုတ်ဘဲ ကျိုးတဲ့အရိုးတွေအပိုင်း ပိုင်းဖြစ်သွားတော့ လက်ကိုပြန်ခွဲပြီး ကြေးကလစ်တွေထည့်ရပါတယ်။

တစ်ချိန်က ဂစ်တာတဒေါင်းဒေါင်း တီးနေတဲ့ ကျွန်တော့်လက်တွေက အခုလှုပ်လို့တောင် မနည်းကြိုးစား နေရပါတယ်။ အဲဒီတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စဖြစ်တဲ့အချိန်မှာပဲ ကုမ္ပဏီကတာဝန်ရှိသူတစ်ယောက် မော်တော်ယာဉ်ကိုလည်း ပြန်ပြင်ဆင် ပေးပါ့မယ်။ ကျွန်တော့်ကိုလည်း ဆေး ဝါးကုသမှု အကုန်လုံးထောက်ပံ့ပေးပါ့ မယ်လို့ပြောတော့ ကျွန်တော်ကသိပ် ကောင်းပါတယ်။

ကျွန်တော်ဗုဒ္ဓဘာ သာပဲ။ တစ်ဖက်ယာဉ်မောင်းကလည်း ဖြစ်စေချင်လို့ လုပ်တာမှမဟုတ်တာ။ ဒါဆိုနှစ်ဦးနှစ်ဖက်ကျေအေးတော့ အ ဆင်ပြေတာပေါ့ဆိုတော့ ကျွန်တော့် မိန်းမလက်ထဲကို ပိုက်ဆံ ၅ သိန်းပေး ခဲ့တယ်။ နောက်ပြီးဆေးရုံမှာ တစ် ပတ်လောက်ကြာတော့ နောက်ထပ် ၅ သိန်းထပ်ထည့်ပါတယ်။ နောက်တစ် ခါ အပြင်ဆေးခန်းမှာခွဲစိတ်နေတဲ့အချိန် မှာ နောက်ထပ် ၅ သိန်းအားလုံး စုစု ပေါင်း ၁၅ သိန်းပေးခဲ့ပါတယ်။ ကျွန် တော့်ဆီဖုန်းဆက်လာတာက ဒီထိခိုက် မှုကြောင့် ကျွန်တော့်လက်ခံပြီးပျက် သွားရတဲ့ပွဲ ၁၇ ပွဲ- ၁၈ ပွဲလောက် ရှိတယ်။ အဲဒီအတွက် ၂၅ သိန်းထပ် ပေးမယ်။ ကျေးအေးပေးပါလို့ပြောပါ တယ်။

ကျွန်တော်ကအဲလောက်တော့ မလုပ်ကြပါနဲ့ဗျာ။ ဒီခေတ်ဆေးဝါးကုသ စရိတ်ကိုအားလုံးသိကြမှာပါ။ ဒါက ကျွန်တော်ဂစ်တာတီးတဲ့ ထမင်းစားတဲ့ လက်ပါ။ မျက်နှာကလည်းရုပ်ပျက်၊ ဆင်းပျက်ပါပဲ။ ဒါတွေကို ပြန်ကုရဦး မှာလေ။ အဲဒီတော့သူတို့ပေးတဲ့ သိန်း ၄၀ ဆိုတာ နာနေတဲ့ကြားက ရယ် စရာကောင်းတယ်။ အဲဒါနဲ့ ၉-၆- ၂၀၁၂ နေ့က ကျွန်တော့်ကို တိုက်ခဲ့တဲ့ ……… ကုမ္ပဏီပိုင်ကားဖြစ်တာ ကြောင့် ကုမ္ပဏီကိုဆက်သွယ်ပြီး တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့ နေရာမှာ ရွှေမင်းသားဖောင်ဒေးရှင်း မြန်မာက ရုံးအဖွဲ့ကလည်းလိုက်ပါ တွေ့ဆုံခဲ့ပါတယ်။

သူတို့ဘက်က ပြောတာက ဒါက ယာဉ်မောင်းမှား တဲ့ကိစ္စမို့ ကုမ္ပဏီကတာဝန်မယူနိုင် ပါဘူးတဲ့လေ။ ဂရုဏာကြေးအနေနဲ့ ဒီလောက်ပဲတတ်နိုင်ပါတယ်။ မ ကျေနပ်ရင်လည်း ဥပဒေကြောင်း အရရင်ဆိုင်ပါလို့ ငြင်းဆိုလိုက်ပါ တယ်။ အဲဒါကို ကျွန်တော်ပြောချင် တာက ဥပမာပေါ့ဗျာ။ ကျွန်တော့်ခြံ ထဲကခွေးက လမ်းသွားနေတဲ့သူ ထွက်ကိုက်ရင် ခွေးကိုက်ခံရတဲ့သူ ကိုဆေးကုပေးဖို့ ခွေးကကုပေးလို့ ဖြစ်မလား။

အဲဒီတော့ ကျွန်တော့်မှာ ဆေးကုပေးဖို့တာဝန်ရှိတယ်လို့ ထင် ပါတယ်။ သူတို့ရဲ့လျော်ကြေးပိုက်ဆံ က ကျွန်တော်လေးငါးပွဲဆိုရင် တောင် ဒီလောက်ရတာပဲလေ။ ကျွန် တော်ပြောတာက လူနဲ့သူနဲ့တူအောင် ပြန်ကုပေးဖို့ တောင်းပန်တာပါ။ အဲဒီတော့ ဥပဒေကြောင်းအရပဲ ရင် ဆိုင်ရမှာပါပဲဗျာ။ ဒီနေ့အစိုးရက ပြည်သူကို ဥပဒေနဲ့ကာကွယ်ပေးတဲ့ အစိုးရဆိုတော့ ဥပဒေကိုပဲ အကျိုးရှိရှိ ပြန်အသုံးချပါ့မယ်။

အဲဒီလိုရင်ဆိုင် နေတဲ့နေရာမှာ အမှန်တရားအတွက် ကျွန်တော်တိုက်ပွဲဝင်ပါ့မယ်”လို့ဆို သွားပါတယ်။

ဝါဝါကြည်

BY FIRST MUSIC NEWS

မူရင်းသတင်းက ဒီမှာပါ။

မန္တလေး မှာ ရော သတ်သေမှု တွေ များ လာ ပြီးလား


မန္တလေး မြို့  ရတနာ ပုံ နန်းတော် ကျုံး ရေ ပြင် တစ်ဝိုက် တွင် ရေ နစ် သေဆုံး နေ ခြင်း ၊ ကျုံး ရေ ထဲ သို့  အလောင်းများ စွန့်  ပစ်ထား ခြင်း များ ပြီးခဲ့ သည့် လ မှ စပြီး ဆက် တိုက် ပေါ် ပေါက် မှု များ ဖြစ် နေ ခဲ့ ကြောင်း မန္တလေး မြို့ ခံ စာရေး ဆရာ တစ်ဦး က FNG ကို ပြောသည်။

” ကျွန်တော် တို့ လျှပ် စစ်မီး ရရှိ ရေး ဆန္ဒ ပြ ပွဲ တွေ ပြီး တဲ့ နောက် မှာ ဒီလို ဖြစ်ရပ် တွေ ဆက် တိုက် ပေါ်လာ တာ ဇွန် လ ထဲ မှာ ကျုံး ထဲ မှာ ရေနစ် သေဆုံး နေတယ် လို့  ယူဆ ရတဲ့ အလောင်း သုံး လောင်း ဆယ် ယူ နိုင်ခဲ့ တယ်။

တနင်္ဂနွေ နေ့  က ၂၆လမ်း ၊ ၇၈×၇၉ ကြား ကျုံး ရေပြင်တွင် အသက် ၅၀ ကျော်ခန့် ရှိ အမျိုးသမီး အလောင်းအား ထပ်မံ တွေ့ ရှိ ခဲ့ သည် ဟု သိရသည်။

ရန်ကုန် မြို့  တွင် မိမိကိုယ်ကို ကြိုးဆွဲ ချ သတ် သေမှု များ ဖြစ် ပွား နေသကဲ့ သို့  ပင် မန္တလေး ကျုံး ရင် ပြင် ထဲ သို့ ခုန် ချ ၍ မိမိ ကိုယ် ကို သတ်သေ မှု များ ယခု နှစ် ထဲ တွင် ပေါ်ပေါက် ခဲ့ သည်။

ယခင် က ရန်ညှိုး ရန်စ များ ကြောင့် လုရိုက် သတ် ဖြတ် မှု များ ဖြစ်ပွား ပြီး နောက် အလောင်း များ ကို ကျုံး ရေပြင် ထဲ တွင် လာရောက် ပစ် ထား မှု များ ပြု လုပ် လေ့ ရှိသည်။

ကျုံး ရေပြင် တွင် ယခင် က အလောင်းများ တွေ့ ရှိ ရ မှု သည် ရာဇ၀တ် မှု များ နှင့် ဆက်စပ် နေ သည် ဟု မန္တလေး ဆေးရုံ ကြီး မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး ဖြစ်သူ ဦးမောင်လင်း က ပြော သည်။

ဓာတ် ပုံ – ကိုမင်း






မူရင်းသတင်းက ဒီမှာပါ။

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်

ကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ global virus တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့ ကွန်ပျူတာ သုံးစွဲသူတွေကို facebook လူမှုကွန်ယက်နဲ့ google တို့က သတိပေးထားပါတယ်။ ကွန်ပျူတာတွေကို ထိုးဖောက်ဖျက်ဆီးသူ ဟက်ကာတွေက မနှစ်က ကွန်ပျူတာ သုံးစွဲသူ ခြောက်သိန်းနီးပါးကို အွန်လိုင်းကြော်ငြာ တွေ သုံးပြီးတော့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူ ထိန်းချုပ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဋ္ဌာနFBI ရဲ့ယာယီပြင်ဆင်မှုကို တနင်္လာနေ့ UTC စံတော်ချိန် ၀၄း၀၁ အချိန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ ကွန်ပျူတာ သုံးသူတွေအနေနဲ့ သူတို့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရမှု ရှိမရှိ ဘယ်လို ပြန်ပြီးတော့ ပြင်ရမယ် ဆိုတာကို FBI ရဲ့ဝက်စာမျက်နှာ www.dcwg.org မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ရေပိုင်နက် ပြဿနာ လွှမ်းမိုးနေတဲ့ အာဆီယံပွဲ

ဒီသီတင်းပတ် ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံနေကြတဲ့ အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ ASEAN က အစိုးရအရာရှိတွေဟာ နိုင်ငံပေါင်း ၆ နိုင်ငံ အကြား သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ် ရေပိုင်နက်ပြဿနာ ဆွေးနွေး အဖြေရှာကြဖို့ တွန်းအားပေး ဆောင်ရွက်နေကြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်က ကမ်းလွန်ရေနံရှာဖွေတဲ့နေရာတွေ သတ်မှတ်ပြီး လေလံတင် ရောင်း ချမယ့် ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက ပြီးခဲ့တဲ့လကပဲ ကန့်ကွက်ခဲ့ပါတယ်။ အဲဒီဒေသဟာ ဗီယက်နမ်နိုင်ငံ ရဲ့ စီးပွားရေးဇုံ ကမ်းဦးရေတိမ်ပိုင်းမှာ အပြည့်အ၀ ရှိနေတယ်။ အဲဒီနေရာကို သူ ပိုင်ဆိုင်ကြောင်းနဲ့ ပတ်သက် လို့ အမျိုးသားလွှတ်တော် မှာလည်း ဥပဒေတရပ် ပြဌာန်း အတည်ပြုထားတယ်လို့ ဗီယက်နမ်နိုင်ငံက ပြောပါ တယ်။

တရုတ်နိုင်ငံကတော့ ဗီယက်နမ်ရဲ့ အဲဒီဥပဒေကို ပြင်းပြင်း ထန်ထန် ဝေဖန် ရှုတ်ချပြီး တရားမ၀င်ဘူးလို့ လည်း ပြောထားပါတယ်။ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေ ကလည်း တောင်တရုတ် ပင်လယ်ပြင်ထဲမှာ သူတို့ရဲ့ ရေမြေပိုင်ဆိုင်မှုကို အသီးသီး တောင်းဆိုနေကြတာ ရှိပါတယ်။

တနင်္လာနေ့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးအဖွင့်မှာတော့ ကမ္ဘောဒီး ယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်က လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တရပ် ရယူဖို့ လို အပ်နေတဲ့အကြောင်း ထောက်ပြ ပြောဆိုသွားပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ဟာ လုပ်ထုံးလုပ်နည်း ဥပဒေတရပ်ကို ၂၀၀၂ ခုနှစ်က သဘော တူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဒီသဘောတူညီချက် အရ တောင်တရုတ် ပင်လယ်ပြင်မှာ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာပြီး ကုလသမဂ္ဂရဲ့ ပင်လယ်ပြင် ဥပဒေဆိုင်ရာ သဘောတူ စာချုပ်အပါအ၀င် နိုင်ငံတကာ သတောတူစာချုပ်တွေ ကို လေးစား လိုက်နာဖို့ သဘောတူခဲ့ကြတာပါ။

နှစ်ပတ်ကြာ အာရှဒေသ ခရီး ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ဟာလည်း အာဆီယံ အစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိဖို့ နိုင်ငံ တိုင်းက လိုလားကြသလို တောင်တရုတ်ပင်လယ်ပြင်မှာ အဟန့်အတားကင်းပြီး တရားဥပဒေနဲ့ညီတဲ့ ကူးသန်းသွားလာခွင့်ရဖို့ အားလုံးက လိုလားကြတယ်လို့ တိုကျိုမြို့မှာရောက်တုန်း တနင်္ဂနွေနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်းက ဒီမှာပါ၊

နိုင်ငံသားဥပဒေအသစ် ပြဌာန်းဖို့ မြန်မာအစိုးရကို INGO များ တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဌာန်းဖို့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံသား ဖြစ်မှုဆိုင်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ဟာ လူ့အခွင့် အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပြင် နိုင်ငံတကာ သဘောတူစာချုပ်တွေကိုလည်း ချိုးဖောက်ရာ ကျနေတယ်လို့ ထောက်ပြကြပြီး ဥပဒေအသစ်ပြဌာန်းဖို့ တောင်းဆိုကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၁၉၈၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရ ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းနဲ့ လိုက်လျော ညီထွေ မဖြစ်သလို အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်တွေပါ ဥပဒေနဲ့အညီ မြန်မာ နိုင်ငံကလိုက်နာရမယ့် တာဝန်တွေနဲ့လည်း မကိုက်ညီဘူးလို့ နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့က ထောက်ပြလိုက်ကြတာပါ။

၈၂ ခုနှစ်ဥပဒေဟာ နိုင်ငံတွင်း နေထိုင်သူတွေ နိုင်ငံသား ဖြစ်ခွင့်မရအောင် ကန့်သတ်ချက်တွေ အများအပြား ချထားတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က ပြောပါတယ်။ “အဲဒီဥပဒေဟာ နိုင်ငံတကာဥပဒေတွေနဲ့ လိုက်လျောညီထွေ မဖြစ်ပါဘူး။ မြန်မာနိုင်ငံဟာ ကလေး သူငယ်တွေ ရဲ့ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပါတယ်။ ဒါကြောင့် အဲဒီဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့လည်း ၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဆိုင်ရာ ဥပဒေက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ သဘောတူစာချုပ် ကို ဖောက်ဖျက်နေပါတယ်။”

၈၂ ခုနှစ်ဥပဒေအရဆိုရင် မြန်မာနိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးဖြစ်ပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့်မရ တာ၊ နိုင်ငံသားမိဘနှစ်ဦး ကမွေးဖွားတာဖြစ်ပေမဲ့လည်း နိုင်ငံပြင်ပ၊ ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမား မိဘတွေရဲ့ ကလေးငယ်တွေ၊ ဒုက္ခသည် မိဘတွေရဲ့ ကလေးငယ်တွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေတယ်လို့ မစ္စတာဖားမနားတို့က ထောက်ပြကြတာပါ။ အဲဒီဥပဒေဟာ အဲဒီခေတ် အဲဒီအချိန်က လိုအပ်ချက်နဲ့အညီ ပြဌာန်းခဲ့တာဖြစ်တဲ့အတွက် ဒီကနေ့ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တော့တဲ့ ပြဌာန်းချက်တွေ ပါနေတယ်ဆိုတာကို လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက သဘောတူ ပါတယ်။

“နိုင်ငံသားအဖြစ်ကို လျှောက်ထားတဲ့ ကာလအတွင်းမှာ ကလေးတွေရဲ့ ခံစားခွင့်တွေ၊ ကလေးတွေ ရဲ့ ကျောင်းနေ ပိုင်ခွင့်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ အတိ အလင်း ပြဌာန်းထားတာမရှိတာကို ကျနော် တို့ တွေ့ရပါတယ်။ နောက်ပြီးတော့တခါ အသက် ၁၈ နှစ် မပြည့်ခင် မိဘဖြစ်တဲ့သူ ကိုယ်တိုင်ကနေပြီးတော့ ကလေး ကို နိုင်ငံသားအဖြစ် လျှောက်လွှာတင်ပေးဖို့လိုတဲ့ အချက်အလက်တွေ ရှိတယ်။ ဒါတွေကို နဂိုရ်မိဘနှစ်ပါးက မေ့လျော့ခဲ့လို့ရှိရင် ဒီကလေးရဲ့ အခွင့်အရေးတွေက အလိုလို ဆုံးရှုံးနေတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒီဥစ္စာတွေကတော့ ခေတ်နောက်ကျတယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီလို ကိစ္စရပ်တွေကတော့ တချို့ ပြင်သင့်တယ်ဆိုတာလောက်တော့ မှန်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း နော်ဝေးနိုင်ငံမှာ ရောက်တဲ့အချိန်တုန်းက နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ ဘယ်သူဟာ နိုင်ငံသားဖြစ်သင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားမယ်ဆိုရင် ပြဿနာ ရှိမှာမဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အခုလိုအချိန်မှာမှ နိုင်ငံသားဖြစ်မှုဆိုင်ရာ လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ဥပဒေ အသစ်ပြဌာန်းဖို့ တောင်းဆိုရတာကတော့ ရခိုင်ပြည်နယ် ဘက်မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ တောင်းဆိုကြတဲ့အဖွဲ့တွေကပြောပါတယ်။

လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လုပ်ဆောင်ဖို့စီစဉ်ထားတာတွေအတွက် နိုင်ငံတကာ ကျွမ်းကျင် သူတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာအစိုးရဟာ ပိုပြီး ပွင့်လင်းလာတာကြောင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဌာန်းဖို့ လုပ်မယ်ဆိုရင်လည်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့လို ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း အကူအညီပေးဖို့ စိတ်ဝင်စားကြမှာပါလို့ မစ္စတာ ဖားမနားက ပြောပါတယ်။ ဒါ့အပြင် အကူအညီပေးချင်ကြ တဲ့ နိုင်ငံတကာက ရှေ့နေတွေလည်း ကမ္ဘာတ၀န်းမှာရှိနေတယ်လို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်တခု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ပုံပေါ်ပါတယ်။ ဥပဒေအရ အပြောင်း အလဲတွေ လုပ်ဖို့ လိုအပ်နေပါတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတကာက ထောက်ခံ ပံ့ပိုးမှု ရဖို့ လိုအပ်နေပါတယ်၊ အခုတောင်းဆိုချက်ကို သဘောတူလက်မှတ် ရေးထိုးထားကြတဲ့ အဖွဲ့ အစည်းတွေအားလုံးက ဒါကို ထောက်ခံပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားပါ။ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ်ပြဌာန်းဖို့ လက်မှတ်ရေးထိုးတောင်းဆိုကြတဲ့အဖွဲ့ ၃၁ ဖွဲ့ထဲမှာ Burma Campaign UK အဖွဲ့နဲ့အတူ ချင်း လူ့အခွင့် အရေးအဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ Open Society Foundations၊ US Campaign for Burma စတဲ့ ဒေသတွင်းနဲ့နိုင်ငံတကာက အဖွဲ့အစည်းတွေ ပါဝင်ပါတယ်ခင်ဗျား။

မူရင်းသတင်းက ဒီမှာပါ။

အနုပညာရှင်တွေရဲ့ ရခိုင်ခရီးစဉ်မှာ ရခိုင်စကားပြန်တစ်ယောက်ဖြစ်ခဲ့တဲ့ နေတိုး


ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး အတွက် ဇွန်၂၉၊၃ဝရက်တွေမှာ ရန်ပုံငွေက ပြဖျော်ဖြေခဲ့တဲ့ နေတိုးက ဇူလိုင် ၁ရက်နေ့က ရခိုင်ပြည်နယ်ကိုကိုယ် တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရောက်အမှတ်တရအဖြစ် ရခိုင်ဘာသာပြန်တစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုတဲ့နေတိုးက”ကျွန်တော်တို့က မြန်အောင်ကဆိုတော့ စစ်တွေနဲ့ ဘာသာစကားအသုံးအနှုန်းတွေ မတူကြဘူး။ စစ်တွေကို ကျွန်တော်ငယ်ငယ်က တစ်ခေါက်ရောက်ဖူးတယ်။ အခုမှ နောက်တစ်ခေါက်ရောက်ဖြစ်တာ။ ဘာသာစကားတွေ က မတူပေမယ့်နားလည်နေတယ်။ ကျောင်းမှာက ဒီစကားတွေကိုသိအောင် သင်ထားပေးတော့ ဖတ်တတ်တယ်။ နားလည်တယ်။ မှတ်မှတ်ရရက ကျွန်တော်နဲ့ မင်းသွေး က ရခိုင်သွားတော့ကားမတူဘူး။ ကားပေါ်မှာက ကျွန်တော်က သူတို့ပြောတာတွေကနားလည်တယ်။ ကျန်တဲ့သူတွေက တစ်ယောက်မှ နားမလည်တော့ ကျွန်တော် လိုက်ပြီးရှင်းပြခဲ့ရတယ်။ ရခိုင်လိုပဲ ပြောကြတော့ နားမလည်ကြဘူး။ မြန်မာလိုပြော တော့လည်း ရခိုင်ကစကား တအားဝဲတယ်လေ။ အမှတ်တရ ရခိုင်စကားပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ်ပေါ့”လို့ ပြောပြပါတယ်။နေတိုးက ရန်ပုံငွေပွဲနေ့မှာလည်း ရခိုင်အမျိုးသားဝတ်စုံနဲ့ကစ္ဆပနဒီသီချင်းကို သီဆိုဖျော်ဖြေခဲ့ ပါတယ်။

နေတိုးက ဇူလိုင်၂ရက်နေ့မှာတော့ ‘နှင်းဆီ’အဖွဲ့နဲ့အတူ ဥရောပနိုင်ငံကို ဖျော်ဖြေရေးအဖြစ် ထွက်ခွာသွားပြီဖြစ်ပြီး တစ်လနီးပါး ကြာမယ်လို့ သိရပါတယ်။ ဥရောပ နိုင် ငံဖျော်ဖြေရေးကလည်း ရန်ပုံငွေပွဲဖြစ်တယ်လို့ ဆိုတာကြောင့်..”ကျွန်တော်တို့အငြိမ့်ကတဲ့သက်တမ်း တစ်လျှောက်လုံးက အလှူပွဲတွေပါပဲ။ ပထမဆုံးစခဲ့တဲ့ ‘နှင်းဆီသခင်’ ကစပြီး ပရိသတ်ရဲ့ အားပေးမှုနဲ့ရှင်သန်နေတာ၊ အခုသွားမှာက လန်ဒန်မှာရှိတဲ့’ဘုန်းတော်ကြီးကျောင်း’ကို အသစ်ပြန်လည်တည်ဆောက်ဖို့ အတွက်ပါ။ နှင်းဆီအဖွဲ့ ရဲ့’ခရီးသွားနှင်းဆီ’ ဒီဗီဒီရိုက်မယ်။ ကြော်ငြာတွေရိုက်ခဲ့မယ်။ နောက်ပြီး ဘောလုံးကွင်းတွေကိုသွားတာကို နောက်ကနေ ရိုက်ပြီး တီဗီ Program တစ်ခု လုပ်ဖို့ ကိုကြံ့နဲ့ လုပ်ထားတယ်”လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်၊ ဓာတ်ပုံ-ထွဋ်မြတ်

မူရင်းသတင်းက ဒီမှာပါ။

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြှိမ်းပေးပါ


ဗိုလ်ချုပ်မှူးကြီးမွှေးခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲအဖြစ် “သားသမီးနှစ်ဦးလုံးဖြစ်နေတာ ကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲယူဖို့ဟူသော ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်”ဆိုတဲ့ “မီး” တောက်က ဆက်လက်တောက်လောင်နေပါတယ်။ ၂၀၁၂-၆-၂၂ ရက်နေ့က ဆုံးဖြတ်ချက်ချကြောင်း ၂၀၁၂-၆-၂၄ ရက်နေ့ ထုတ် အာအက်ဖ်အေသတင်းမှာ တွေ့ရပါတယ်။ ဒီမီးဟာ န၀တ၊နအဖ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှို့ခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲမီးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မနာလိုမုန်းတီးမှုအစ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ အရေးအခင်းမှာပါဝင်လာတာက ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် မနာလိုမုန်းတီးမှုက စတာပါ။

ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုများ

များစွာသော ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုတွေထဲက ဖျောက်ဖျက်ကွယ်ဝှက် လို့မရတဲ့ သာဓကကြီးသုံးခုကို တင်ပြပါမယ် ဒီသုံးခုစလုံးဟာ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြချက်အရ သိရှိရသလို လူတိုင်းနားလည်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ အဲဒါတွေက -

၁။ ၁၉၉၆ နောက်ပိုင်းမှာ NLD ပါတီဝင်တွေကို အမြစ်ပြတ်ခြေမှုန်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ်ခဲ့တဲ့အတွက် NLD ပါတီဝင်တွေကို အပြစ်ရှာနှိမ်နင်းခဲ့တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောကြားကြောင်း သိရှိရပါတယ်။ (မိုးမခ၊ ၂၅-ဖေဖေါ်ဝါရီ-၂၀၁၂)

အဲဒီအမိန့်အရ NLD ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ ရေဖြတ်၊မီးဖြတ်တာကအစ အပြစ်ရှာ၊ ပြဿနာဖန်တီးပြီး ကျူပင်ခုတ်၊ကျူငုတ်မကျန်၊ သားစဉ် မြေးဆက် အကုန်လုံးကိုဒုက္ခပေးခံခဲ့ကြရပါတယ်။ ဒါလည်းအားလုံးသိပြီး ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းတီးရာကစတဲ့မီးတောက်များထဲက တခုပါ။ ဒီပြဿနာတွေဟာ သမတကြီး ဦးသိန်းစိန်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ပြီးဖြစ်တဲ့ ပြဿနာတွေပါ။

၂။ ၂၀၀၃-ခု မေလ-၃၀ရက်ည၊ ဒီပဲယင်းအရပ်မှာ ဒေါ်အောင်ဆန်းဆုကြည်ကို အသေသတ် အပြတ်ရှင်းဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လျှို့ဝှက်စီစဉ်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းထံ ၂၀၀၅-ဧပြီလ-၁ရက်နေ့စွဲပါ နုတ်ထွက်စာတွင် အတိအလင်းဖေါ်ပြထားသလို ဒီလုပ်ကြံမှုကြီးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ပက်စက်တဲ့အကြံဆိုတာလည်း ပြည်သူအားလုံး သိကြပါတယ်။

ဒီလုပ်ကြံမှုကြီးကိုလည်းသမတကြီးကိုယ်တိုင် ဒီဖြစ်စဉ်တွေကို သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ ဒီလုပ်ကြံမှုကြီးတွင် လက်နက်မဲ့အပြစ်မဲ့ပြည်သူ ၂၈၀ ကျော်သေဆုံးခဲ့ရပြီး အများ အပြားဒဏ်ရာရပြီး ဖမ်းဆီးချုပ်နှောင်၊ ထောင်ချခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်ဗိုလ်ချုပ်မှူးကြီးက ဒီလိုလုပ်တယ်ဆိုတာနဲ့ တရားမျှတမှု မရှိဘူးဆိုတာလည်း သမတကြီးကသိရှိပြီးလို့ ယုံကြည်ပါတယ်။

ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဒေါသ မီးတောက်တွေထဲက တခုပါ။

၃။ လက်ရှိဒေါ်အောင်ဆန်းစုကြည်နေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို မွေဆိုင်မှုဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်တီးကြောင်းကိုလည်း ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရေးတဲ့ စာကို ခေတ်ပြိုင်ဂျာနယ်တွင် ၂၀၀၈-၆-၂၀ရက်နေ့ ဖတ်ရပါတယ်။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း မပြောခင်ကတည်းက ယင်းအိမ်အမွေဆိုင်မှုဟာ ယုတ်မာ၊ ကောက်ကျစ် စဉ်းလဲတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပက်စက်သောအကြံအစည်ဖြစ်တယ် ဆိုတာ အားလုံးသိကြပါတယ်။ ဗိုလ်မှူးဟောင်းရဲ့ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြတဲ့စာက ဟုတ်မှန် ကြောင်း အထောက်အထားပိုခိုင်လုံသွားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်က ၂၀၀၈-၆-၂၀ရက်နေ့ ခေတ်ပြိုင်ဂျာနယ်၌ ဖေါ်ပြရာမှာ-

၁- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်မှာ မောင်နှမကြားပြဿနာတခု ဖန်တီးပေးထားခြင်းဖြင့် ဒေါ်စုဧ။်စိတ်မရွှင်လန်း စေသည့်အပြင် ပြည်တွင်း၊ ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်အား အဆိုး မြင်စေခြင်း၊

၂- ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန်ဦးအောင်ဆန်းဦးဧ။်ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာစေရန် ဆွဲဆောင်ခြင်း၊

၃- မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်ဧ။်မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်းသွင်းစေခြင်း

၎- ဦးအောင်ဆန်းဦးလက်မှတ်ရေးထိုးရန်သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရားစွဲမည့် စာရွက် စာတမ်း များကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ပေးပို့ကာ ၄င်းမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများ ပေးပို့ပြီး လက်မှတ်ရေးထိုး၊ ပြန်ရောက်လာသောစာကို ထိုစဉ်က သံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်းထပ်ဆင့်လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသံရုံးချောစာ (pouch) ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

အထက်ပါဗိုလ်မှူးအောင်လင်းထွဋ်ရဲ့စာမှာ ဗိုလ်ချုပ်မှူးကြီးအာဏာရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် မလို မုန်းထားရန်ငြှိးမီးပွားနေတယ်ဆိုတာ သိလောက် ပါတယ်။ ဒါပေမယ့် ခုအခါမှာ ဗိုလ်ချုပ်မှူး ကြီးဟာ အနားယူသွားပြီးအရင်ကလို သြဇာအာဏာ မရှိတော့၊ ဦးသိန်းစိန်သာ သြဇာအာဏာအပြည့်ရှိတဲ့ သမ္မတကြိးဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ၁၉၈၈ ကစပြီး မွှေးခဲ့တဲ့မီးဟာ ဒီနေ့ထိမီးမငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲ ဖြစ်တယ်ဆိုတာ ၂၀၁၂-၆-၂၄ ရက်နေ့စွဲပါ အာအက်ဖ်အေ သတင်းမှာပါတဲ့အတိုင်း “အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးစွဲဆိုထားတဲ့ အမွေဆိုင်ကိစ္စမှာ သားသမီးနှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲဝေယူဖို့ တရားရုံးက ဆုံးဖြတ်ချက်ချ” ဟူသော အမှုကိစ္စဟာ တနှစ်ကျော်လောက်ငြိမ်းနေတဲ့မီးဟာ ဘယ်သူ့လက်ချက် ကြောင့်မသိ အခုပြန်ပြီး တောက်လောင်လာပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးကြောင့် လင်မယားချင်း၊ သားအမိ သားအဖချင်း၊ ညီကိုမောင်နှမချင်း၊ ဆွေမျိုးချင်း၊ သူငယ်ချင်း ချင်း၊ ရဟန်းသံဃာချင်း စိတ်ဝမ်းတွေကွဲခဲ့ကြရတာ သမတကြီးအသိဆုံးပါ။ (ခုဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမအရင်း ဖြစ်ပါလျက်နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သွေးထိုးမှုကြောင့် စိတ်ဝမ်းကွဲ ပြီး တရားရုံးရောက်နေကြတာ သမတကြီးအသိပါ။ ကျော်မကောင်း၊ ကြားမကောင်း၊ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။)

ဒီအိမ်အမွေကိစ္စဟာ ဗိုလ်မှူးအောင်လင်းထွဋ် မဖေါ်ထုတ်မီကတည်းက ဗိုလ်ချုပ်မှူး ကြီးရဲ့စနက်ဖြစ်နိုင်တယ်ဆိုတာ လူတိုင်းစိတ်မှာ ယုံကြည်ပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ -

၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း(ကွယ်လွန်)ရဲ့အမည်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များအားလုံးကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့တာရယ်၊

၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံ၊ စွန့်လွှတ်စွန့်စားတာတွေကို အသိအမှတ် မပြုတဲ့အပြင် နေရာတိုင်း လိုက်ပြီး ဒုက္ခပေးရုံမက လူကိုပါလုပ်ကြံသတ်ဖြတ်ခိုင်းတာရယ်၊

၃။ ဦးအောင်ဆန်းဦးကလည်း နေစရာမရှိစားစရာမရှိသူလည်းမဟုတ်၊ အိမ်နဲ့ခြံနဲ့ အထက်တန်းကျကျ နေနိုင်၊ စားနိုင်သူဖြစ်နေတာကြောင့် အခုအမွေဆိုင်အိမ်ကို မက်လောက်စရာမရှိလို့ သူ့ပင်ကိုယ်အရ ဒီလောက် လောဘကြီးပုံမရတာရယ်စတဲ့ အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။

သမတကြီးဦးသိန်းစိန်ဟာ နိုင်ငံရဲ့အထွဋ်အထိပ်ပုဂ္ဂိုလ်ကြီးဖြစ်နေတာကြောင့် အရာရာကိုအဆုံးအဖြတ်ပေးနိုင်သလို အခုအိမ်အမွေဆိုင်မှုကိုလည်း တရားဥပဒေအရ အမှန်တရားဘက် ကနေ ဆုံးဖြတ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ် နေပါတယ်။ ယင်းအမွေဆိုင်မီးကို ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်မှာ သမတကြီးမှတပါးအခြားမရှိပါ။

သို့ဖြစ်ပါ၍ ယခုတောက်လောင်နေဆဲဖြစ်သော အမွေဆိုင်မီးကို အချိန်မီငြှိမ်းသတ် ပေးပါရန် သမတကြီးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေပြည်စိုး
၂၉-၆-၂၀၁၂

မူရင်းသတင်းက ဒီမှာပါ။

ကိုယ်စိတ် မချမ်းသာရခြင်း အကြောင်း … (ကမာပုလဲ)


ကျနော်တို့ အမိနိုင်ငံ
ဗမာပြည်မှာပေါ့ဗျာ …။

ကျနော်တို့ငယ်ငယ်
အထက်တန်းကျောင်းသားဘဝ
အရှော့တ် ဟစ်စရီအော့ဖ် ဘားမား
(A Short History Of Burma)
(ဗမာပြည်သမိုင်း အကျဉ်းတိုတို) ကို
အင်္ဂလိပ် သင်္ခန်းစာမှာ
ပြဌာန်း သင်ယူခဲ့ဖူးတယ် …။

တရုတ်ပြည်က ဆင်းလာတယ် ပြောပြော
အိန္ဒိယကနေ နွယ်လာတယ် ဆိုဆို
တိဘက်တို ဘားမိစ်လား
မွန် ခမာလား
ဘာလား ညာလား ထားပါတော့လေ …။

ဟိုး တလောလေးဆီက
ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ
အတော့်ကို ကြေကွဲစရာပါပဲ …
ရှေ့ရေးကို မတွေးရဲအောင်
ထိတ်လန့်ခဲ့တယ် …။

ထားပါလေ
ဆိုချင်တာက
အဲဒီ ပဋိပက္ခမှာ
လူတချို့
စစ်အုပ်ချုပ်ရေးကို
သွေးလွှမ်းနေတဲ့ လက်တွေ့ဘဝနဲ့
လိုလိုလားလား တောင်းဆိုခဲ့တဲ့ အသံ …
စစ်အမိန့်နဲ့ ငြိမ်ဝပ်ပိပြား အုပ်ချုပ်ရေးကို
မျှော်လင့်တောင့်တခဲ့တဲ့ အသံ … ။

ဒီပြဿနာဟာ
ဘယ်သူ ဖန်တီးပြီး
ဘယ်သူ ဆင်ခဲ့တဲ့ ဖြစ်ရပ်ပါလဲ
ဒီလိုဖြစ်အောင် ဘယ်သူတွေက
အကွက်ကျကျ စီရင်ခဲ့ပါသလဲ …။

ဗမာပြည်သမိုင်းမှာ
ရိုဟင်ဂျာ ရှိသလား … မရှိသလား
ဘဂါၤလီ ရွိသလား … မရွိဘူးလား
ငြင်းကြ … ခုန်ကြ … ရပ်တည်ကြနဲ့
စစ်ကျွန်ဘဝကို တောင့်တခဲ့တဲ့ အသံတွေကတော့
နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာ သေချာတယ် … ။

ပေါက်ခွဲပစ်ခဲ့တဲ့ ရေဒီယိုကလေး
သူ့မှာ အပြစ်မရှိ
အဆီတဝင်းဝင်းပေမယ့်
သတင်းတွေက …
အဆိပ် တရှပ်ရှပ်နဲ့ အတိပြီးတယ် …။ ။

ကမာပုလဲ
၁၀။ ဇူလိုင်၊ ၂၀၁၂

မူရင်းက ဒီမှာပါ၊

တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားတစ်ဦး၏ဖခင်မှ မေတ္တာရပ်ခံစာ(ပေးစာ - ၁၅၇)

ကျွန်တော်သားဖြစ်သူမှာ 2012 တွင်းကျင်းပသည်.တက္ကသိုလ်ဝင်စာမေးပွဲကို ၅ ဘာသာဂုဏ်ထူးဖြင်.အောင်မြင်ခဲ.ပါတယ်။ သားဖြစ်သူကတော. ဆရာဝန်ဖြစ်ချင်တဲ.စိတ်နဲံ. ကြိုးစားလာလိုက်တာ..သူတို.၁၀ တန်းအောင်တဲ.  နှစ်ကျတော.မှ. ဆေးကျောင်းကိုတ၀က်လျှော.မယ်ဆိုတဲ.သတင်းဆိုးကြီးကြောင်. ဆရာဝန်ဖြစ်ချင်တဲ. ဆေးကုခြင်းကိုဝါသနာပါတဲ.သားဖြစ်သူနဲသူငယ်ချင်း..များမှာ..စိတ်ဓါတ်များကျဆင်းနေရပါတယ်။ အမှတ်ကလည်း ၄၉၀ လောက်ဘဲရထားတာကတကြောင်း...ဆေးကျောင်းကိုတ၀က်လျှော.မယ်ဆိုတာကြောင်.တကြောင်း....သားဖြစ်သူမှာစိတ်ဓါတ်ကျဆင်းလာပါတယ်။ ယ္ခင်နှစ်များမှာတော.ဆေးကျောင်းကို အမှတ် ၄၆၀ ကျော်ဖြင်.ခေါ်ယူခဲ.ပါတယ်။ ယ္ခုနှစ်မှာတော. ကြားရသောသတင်းများကကျောင်းသားလူငယ်များစိတ်ဓါတ်ကျဆင်းစေပါတယ်။Myanmar Express မှ.တဆင်.နိုင်ငံတော်သမ္မတကြီး ထံသိုယခင်နှစ်များအတိုင်းဆေးတက္ကသိုလ်တက်ခွင်.ရရှိ.ရေးအတွက်တင်ပြပေးစေလိုပါတယ်။ အားကိုစရာမရှိ.ပါသဖြင်.Myanmar Express ကတဆင်. သက်ဆိုင်ရာသို.တင်ပြပေးကြပါ ခင်ဗျာ..မည်သည်.  နေရာကိုမှ.တင်ပြနိုင်စရာ..အားကိုးစရာမရှိ.ပါသောကြောင်.ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။ အမှန်တကယ်ပညာလိုအပ်နေလို.ပါခင်ဗျာ.....

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မိတ္ထီလာခရိုင် လေးမြို့နယ်တွင် ထွန်တုံးတိုက်ပွဲ နည်းဖြင့် ဆန္ဒဖော်ထုတ်မည်

မိတ္ထီလာ ခရိုင်တွင်း လေးမြို့နယ်တွင် လယ်ယာ အသိမ်းခံ ထားရသော တောင်သူ လယ်သမားများ စုပေါင်းကာ ဇူလိုင် ၁၁ ရက်နေ့တွင် ထွန်တုံးတိုက်ပွဲ ခေါင်းစဉ်ဖြင့် အသိမ်းခံထားရသော လယ်မြေများတွင် နွားများဖြင့် ဝင်ရောက် ထွန်ယက်ကာ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ယင်းလယ်သမားများနှင့် အဆိုပါကိစ္စကို ကူညီဆောင်ရွက် ပေးနေသူများထံမှ သိရသည်။

“ကျွန်တော်တို့ မတရား အသိမ်းခံရတဲ့ လယ်တွေကို ပြန်ရချင်တယ် ဆိုတာ သိစေချင်လို့ ကျွန်တော်တို့ ကိုယ်တိုင် အဲဒီလယ်တွေမှာ နွားနဲ့ လယ်ထွန်ကြမှာ” ဟု မိတ္ထီလာမြို့နယ် ကံကောင်းကျေးရွာမှ လယ်သမား တစ်ဦးက ဆိုသည်။

မိတ္ထီလာ ခရိုင်အတွင်း မလိုင်၊ ဝမ်းတွင်း၊ သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ လယ်မြေများ အသိမ်းခံရသည့် ကျေးရွာများတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက သိမ်းယူထားသည့် လယ်မြေများမှာ မလိုင်မြို့နယ် ကန်စောင်းရွာတွင် ၁၀ ဧက၊ မလိုင်မြို့နယ် ကံကောင်း ကျေးရွာတွင် ၁၀ ဧက၊ ရေချိုကျေးရွာတွင် ၅၀ ဧက၊ ဝမ်းတွင်း မြို့နယ် အိုးပြွန်တန်းနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဧက ၁၀၀ ကျော်တို့ ဖြစ်ကြောင်း လယ်သမားများ အရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဉာဏ်ထွန်းလင်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ဆန္ဒဖော်ထုတ်ကာ အသိမ်းခံလယ်များ ပြန်လည် ပေးအပ်ရန် တောင်းဆိုမှုများ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

နာမည်ဆိုးနှင့် ငွေရလမ်း

ထိုင်းနိုင်ငံသည် ပင်လယ်ရေထွက် လုပ်ငန်းမှ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကမ္ဘာ့နိုင်ငံများထဲတွင် အဓိကတင်ပို့ရောင်းချသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် အကျိုး များသော လုပ်ငန်းဖြစ်သည်။

အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသော လုပ်ငန်းဖြစ်သည်။ ထိုငါးဖမ်း လုပ်ငန်း၏ နောက်ကွယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပုန်းလျှိုးကွယ်လျှိုး ကျူးလွန်ပေါ်ပေါက်လျက် ရှိနေသည်။ ထိုငါးဖမ်းလုပ်ငန်း ကပင် ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးအတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ငွေပိုငွေလျှံ ရရှိနေသည်။

ထိုလုပ်ငန်း၏ ဆက်နွယ်နေသည့် အချက်များမှာ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းရသည့် လုပ်ငန်းသည် အသက် အန္တရာယ်များသည့်အတွက် အလုပ်သမား ပြတ်လပ်မှု၊ အလုပ်သမားရှားပါးမှုတို့ ကြုံရသည်။ သို့သော် အိမ်နီးချင်း နိုင်ငံများမှ ဘဝရပ်တည်ရန် ခက်ခဲသောရွှေ့ပြောင်း အလုပ်သမားများအတွက် ရမိရရာ အလုပ်လုပ် ရမည်ဖြစ်ရာ ထိုလုပ်ငန်းသည် ယင်းတို့အတွက် ဆွဲဆောင်မှုလုပ်ငန်း ဖြစ်နေပြန်သည်။

ထိုသို့ အလုပ်လုပ်ရန် ဆာလောင်နေသူများ၊ ဝင်ငွေရရန် တွယ်မိတွယ်ရာ အလုပ်ကို လုပ်လိုသူများအပေါ် လူပွဲစားများ လူကုန်ကူးသူများ ဝိသမ လောဘသမားများအတွက် အမြတ်ထုတ်ရန် အခွင့်လမ်းတခု ဖြစ်နေပြန်သည်။ အမြတ်ထုတ် လူသူများအတွက် ထိုအလုပ်လုပ်လိုသူ ရွှေ့ပြောင်းအလုပ်သမားများသည် အလွယ်တကူ လူကုန်ကူးခံရမည့် သားကောင်အဖြစ် ကျရောက်ရန် လွယ်ကူနေပေသည်။

အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အမျိုးသားများသည် ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူး ခံနေကြရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကြားတွင် စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်မှု ပိုများလာနေသည်။

ထိုလုပ်ငန်းမှ လူကုန်ကူးခံနေရမှု သတင်းအချက်အလက်များ မရရှိခြင်းနှင့် ဘာသာစကား ကန့်သတ်ချက်ရှိခြင်းတို့က ရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးခံရမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု အန္တရာယ် ကျရောက်စေခဲ့ကြသည်။

ံ Human Rights Watch (လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား ၂၅၀,၀၀၀ ဦး ခန့်သည် ပင်လယ်ပြင်ငါးဖမ်းထွက် ထိုင်းလှေများပေါ်တွင် အလုပ်လုပ်နေကြသူများနှင့် ပင်လယ်စာထုပ်ပိုး အစာသွတ် စက်ရုံ၊ ပုဇွန်ခွါစက်ရုံတို့တွင် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။

ထိုမြန်မာအလုပ်သမား အများစုသည် လူကုန်ကူးခံနေရသူများ(သို့) လုပ်အားခေါင်းပုံဖြတ် ခံနေရသူများဖြစ်ကြသည်။ ထိုလုပ်ငန်းများအားလုံးသည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများအတွက် ထိုအန္တရယ်သို့ ကျရောက်နိုင်သည့် အခြေအနေတွင် ရှိကြသည်။

ထိုင်းနိုင်ငံ တောင်ပိုင်း စမုတ်စခွန်ခရိုင်ရှိ ပင်လယ်အစားအစာ သွတ်စက်ရုံများတွင် အလုပ်လုပ်နေကြရသော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၏ ၅၇ ရာခိုင်နှုန်းသည် လုပ်အား အမြတ်ထုတ်ခံနေရသည်ကို စစ်တမ်းထုတ် သည့်စာတမ်း တစောင်ကဆိုပါသည်။

မြန်မာနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများသည် ထိုင်းငါးဖမ်းလုပ်ငန်းများ၌ အချို့မှာ အဓမ္မအလုပ်သမား စုဆောင်း ခြင်းခံရမှုများ၊ ခရီးသွား စာရွက်၊စာတမ်း အထောက်အထားအတုများဖြင့် ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်း အပါအဝင် လုပ်အားခေါင်းပုံဖြတ်ခံရမှုများ ပျံ့နှံ့ဖြစ်ပွားနေသည်ကို ၂ဝ၁၁ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းတခု၏ သုတေသန စာတမ်းတခုက ဖော်ပြထားသည်။

ထိုအလုပ်သမားများကို အရှေ့တောင်အာရှမှတဆင့် အခြားနိုင်ငံတကာ ရေပိုင်နက်သို့ ခေါ်ဆောင်သွားကာ နှစ်ပေါင်း များစွာ လုပ်ခမပေးဘဲ ပင်လယ်ရေနက်ပိုင်းမှာ အလုပ်စေခိုင်းလျက်ရှိနေသည်ကိုလည်း အသေးစိတ် ဖေါ်ပြထားသည်။ အလုပ်ချိန်မှာလည်း တနေ့ ၁၈ နာရီမှ ၂ဝနာရီထိ အလုပ်လုပ်ကြသည်ဟုလည်း တင်ပြထားသည်။

အလုပ်ခွင်တွင် ခြိမ်းခြောက်ခံရခြင်းနှင့် ရိုက်နှက်ခံရမှုများလည်း တွေ့ကြုံကြသည်ကို မျက်မြင်သက်သေ ထွက်ဆိုချက် များအရ ဖေါ်ပြထားသေးသည်။

ထိုင်းငါးဖမ်းလှေများတွင် လူကုန်ကူးခံနေရမှုများ ပျံ့နှံ့နေသော်လည်း စုံစမ်းစစ်ဆေးမှု သိသိသာသာ အားထုတ် ဆောင်ရွက်ခြင်း မရှိပေ။ ၂ဝ၁၁ခုနှစ်အတွင်း ထိုင်းငါးဖမ်းလှေ အမှု ၃မှုသာ ဖေါ်ထုတ်မှုရှိခဲ့သည်။၂ဝ၁ဝ ခုနှစ်က နှစ်မှုသာေ ဖ်ါထုတ်နိုင်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုမျိုး တရားစွဲဆိုခြင်းမျိုး မလုပ်ခဲ့ချေ။ ထိုလုပ်ငန်းများတွင် ကုန်ကူးခံရသူများအဖြစ် ခွဲခြားစိစစ်မှုကြိုပမ်းအားထုတ်မှုမျိုး မရှိ။ ရှေ့တန်းကျ လူကုန်ကူးမှု တိုက်ဖျက်နေကြသည့် အရာထမ်းနှင့် အရာရှိများကို ခွဲခြားစိစစ်မှုသင်တန်းများ လုံလောက်လေ့ကျင့်သင်တန်းပေးခြင်းမျိုးမရှိ။

၂ဝ၁၁ ခုနှစ် အတွင်း ထိုင်းငါးဖမ်းလှေအချို့ကို ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မှီ စစ်ဆေးမှုမျိုးပြုလုပ်ခဲ့သော်လည်း လုပ်အားအမြတ်ထုတ်မည့် သံသယဖြစ်မှုများကို ကာကွယ်တားဆီးနိုင်ခြင်း မရှိခဲ့။ ထိုင်းပင်လယ်ကမ်းခြေ ပြင်ပမှာ ရောက်နေသည့် ထိုင်းငါးဖမ်းလှေများကို အကြိမ် ၁၀၀၀ ကျော် မက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်တွေ့ရှိသော်လည်း လူကုန်ကူးခံရသူမျာအား ခွဲခြားစိစစ်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိ။ သံသယဖြစ်သည့် လူကုန်ကူးမှုများကိုပင် ခွဲခြားစိစစ်ပေးနိုင်ခြင်းမရှိ။ ၂ဝ၁၂ ခုနှစ် ဧပြီလတွင်းက ဆောင်ခလာခရို၊ ကန်ချရာပူရီခရိုင်နှင့် ထိုင်းနိုင်ငံ အခြားနယ်မြေများရှိ အစားသွတ်လုပ်ငန်း စက်ရုံ များ၌ မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများသည် ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထား ခြင်း၊ လုပ်ခများကို စက်ရုံပိုင်ရှင်များနှင့် လူပွဲစားများက ထိန်းထားခြင်း၊ လုံခြုံမှုမရှိသည့် နေရာချထား ခံရခြင်းနှင့် ပြည်နှင်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြသည်။

ထိုအမှုများကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း တာဝန်ရှိသူများကို တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခြင်းတို့မရှိခဲ့။ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသည့် လုပ်ငန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ သက်သေထွက်ဆိုချက် ပေးမှုများကြောင့် ပင်လယ်ပြင်အတွင်း လူကုန်ကူးခံနေရမှု အထောက်အထားများ များပြား လာနေသည်။ ထိုငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံနေရသူများသည် တနှစ်(သို့) နှစ်ပေါင်းများစွာ တောင်တရုတ် ပင်လယ်ပြင်(သို့) အိန္ဒိယပင်လယ် (သို့) ထိုင်းနိုင်ငံ ပင်လယ်ပြင် နယ်နမိတ်ပြင်ပများတွင် အလုပ်လုပ်နေကြရသည်ကို ထင်ထင်ရှားရှား သိရှိလာကြရသည်။

ထိုငါးဖမ်းလှေများသည် ဖမ်းဆီးမိသည့် ငါးများကိုဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခြင်းမရှိ၊ ဆိပ်ကမ်းပြန်ကပ်လေ့ရှိသည့် ငါးဖမ်းလှေမှာ အလွန်ရှားပါးလှသည်။ သို့ကြောင့် ထိုင်းရေပြင်အာဏာပိုင်များအဖို့ စစ်ဆေးနိုင်ခြင်းမရှိ။

လွန်ခဲ့သည့် နှစ်များကပင် ထိုင်းပြည်တွင်းနှင့် ပြည်ပမီဒီယာအမျိုးမျိုးတို့မှ ထိုင်းငါးဖမ်းလှေပေါ်မှ လူကုန်ကူးခံ နေရမှု ဖြစ်ရပ်များကို အသိပညာပေးမှုများ များလာသည့်အတွက် ထိုင်းရေထွက်ပစ္စည်းများကို တင်သွင်းနေသည့် ဥရောပ၊ အမေရိကန်၊ အခြားဒေသမှ နိုင်ငံတော်တော်များက ပင်ထိုပယ်လယ်ပြင်မှ ထိုင်းငါးဖမ်းလှေများပေါ်မှ လူကုန်ကူးမှု များကို စိတ်ဝင်စားမှု စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

ထိုလူကုန်ကူးမှု အမျိုးအစားပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ထိုင်းငါးဖမ်းလုပ်ငန်း၊ အစိုးရ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမီဒီယာများစသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပါဝင်ကြသည့် တာဝန်ရှိသူ တိုင်း ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးသည် မလုပ်မဖြစ်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ သို့မှသာ ထိုင်းငါးဖမ်းလှေ တွင် အလုပ်လုပ်နေကြသည့် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများ ပင်လယ်ပြင်တွင်လုံခြုံမှု အပြည့်အဝရရေး၊ အန္တရာယ်ကင်းသည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်ရေးတို့ အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။

သို့မှသာ အခြေခံ လူအခွင့်အရေးများနှင့် လူ့သိက္ခာကို လေးစားလိုက်နာရာ ရောက်မည် ဖြစ်သည်။

ဝင်းနိုင်ထွန်း - မဇ္ဈိမသတင်းဌာန

မူရင်းသတင်းက ဒီမှာပါ။

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို



၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
သတင်းထောက်များအား စကားပြောကြားနေစဉ်။ AFP

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။

လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

လုပ်ဆောင်မှုက ပဓာနကျ ဦးဌေးဦးဆို


လစ်လပ်နေတဲ့ ဒုသမ္မတ လောင်း နေရာမှာ တစ်ပြေး နေသူ တယောက် ဖြစ်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အတွင်းရေးမှူး ဦး ဌေးဦးက သူဟာ နေရာထက် လုပ်ဆောင်မှု ကိုသာ အလေးထား တယ်လို့ ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ မတိုင်ခင် ကထဲက ပါတီစုံ စနစ် ပြောင်းဖို့ စတင် စိုင်းပြင်း ခဲ့ကြပြီး အစဉ် အဆက် အားထုတ် ခဲ့ကြလို့ ကနေ့ အထိ ပြောင်းလဲ လာတာ ဖြစ်တယ် လို့လဲ ဆိုပါတယ်။

ပြောင်းလဲ မှု အဆင့်တိုင်းကို ကြံ့ခိုင်ရေး က မကန့်ကွက် ခဲ့ဘဲ တိုင်းပြည်နဲ့ ပြည်သူ အများ ကို ထိခိုက် တာတွေ ရှိလာရင် အခြေခံ ဥပဒေ ပြင်ရေးကို လဲ ထောက်ခံ သွားမယ် လို့ သူက ဆိုပါတယ်။

တိုင်းပြည် တိုးတက် ပြောင်းလဲဖို့ တည်ငြိမ် အေးချမ်းရမယ်၊ စီးပွားရေး ကောင်းပြီး နိုင်ငံနဲ့ နိုင်ငံသား တွေ အကျိုး ဖြစ်ထွန်း ရမယ်၊ လူစွမ်းအား ရင်းမြစ် တွေလဲ ဖွံ့ဖြိုးမှ တိုင်းပြည် တိုးတက် နိုင်တယ်လို့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး အမြင် တွေကို ပြောကြား သွား ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

မူရင်းသတင်းက ဒီမှာပါ။

ချောင်း အဆက်မပြတ် ဆိုးခြင်းကို လက်နှိပ် နည်းဖြင့် သက်သာစေနည်း

ချောင်း အဆက်မပြတ် ဆိုးခြင်းကို လက်နှိပ် နည်းဖြင့် သက်သာစေနည်း ချောင်းတဟွတ်ဟွတ် ဆိုးခြင်းက သိပ်ကိုစိတ်ညစ်စရာ ကောင်းနေပြီဆို ရင်တော့ ဓာတ်အပ်စိုက်နေရာကိုလက် နှင့် ဖိနှိပ်ခြင်းနည်း (Acupressure) ကိုစမ်းသုံး ကြည့်ပါ။ Lung 5နေရာကို နှိပ်ခြင်းက ချောင်းဆိုးခြင်းကို သက် သာစေနိုင်ပါတယ်။ Lung 5 သင့်ရဲ့ ညာတံတောင်ဆစ်ကို ကွေးပြီး လက်သီးဆုပ်လိုက်ပါ။ သင့်ရဲ့ ဘယ်လက်မကို တံတောင်ကွေး အရေပြားတွန့်ကြောင်းရှိတဲ့ တင်း တောင့်နေတဲ့အရွတTendon)တစ် လျှောက် ခပ်နာနာဖိထားပါ။ အခြား လက်မောင်းကို လည်း ဒီနည်းအတိုင်း ပြုလုပ်ပါ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်


ယခုလ ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY Net ၏ လွှတ်တော်ရုပ်သံလိုင်းမှ စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်သော ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများ ကြေညာခဲ့သည်။

“တချို့ ရုပ်သံလိုင်းတွေ ဖမ်းယူသလို Remote Setting ထဲမှာ ဝင်ရောက်ပြင်စရာ မလိုပါဘူး။ ထပ်တိုးရုပ်သံလိုင်းအဖြစ်နဲ့ ထုတ်လွှင့်ထားတာမို့လို့ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ လွှတ်တော် Channel ဆိုပြီး လွှင့်ထားတာပါ” ဟု SKY Net အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပထမအကြိမ် လွှတ်တော်များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို Live နှင့် Delay များဖြင့် ၂၄ နာရီ စမ်းသပ်ထုတ်လွှင့်လျက်ရှိကြောင်း ကြည့်ရှုသူများက ပြောသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဝက်ဘက်ဆိုက်ကိုလည်း www.phitthuhluttaw.gov.mm လိပ်စာဖြင့် စတင်လွှင့်တင်ထားကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်မှာ Beta Version အနေဖြင့် လွှင့်တင်ထားခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးရှိသော ရက်စွဲ၊ အစည်းအဝေး မှတ်တမ်း၊ ဗီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းများအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်၊ မဲဆန္ဒနယ်များကို အလွယ်တကူ ရှာဖွေနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

အဖွင့်စာမျက်နှာနှင့် သတင်းနှင့် ပြန်ကြားရေး၊ အစည်းအဝေးများ၊ ကိုယ်စားလှယ်များ၊ ကော်မတီ/ကော်မရှင်များ၊ ဥပဒေဆိုင်ရာများကို သီးခြားစာမျက်နှာဖြင့် ကြည့်ရှုနိုင်မည့်အပြင် မိမိရှာဖွေလိုသော အချက်အလက်များကို Search Box တွင် ရှာဖွေနိုင်မည်ဖြစ်သည်။

အဆိုပါဝက်ဘ်ဆိုက်တွင် ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရသတင်းများကို ဖော်ပြထားကြောင်းသိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အိန္ဒိယမှာ ဗုဒ္ဓသာသနာ ဘာကြောင့်ကွယ်ခဲ့ရသလဲ...


အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့ ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)
၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)
၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်

အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......

နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။ ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့ စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။ ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/market/item/8

သတိမူရင် မြူကို မြင်တယ် နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို မလိုလားတဲ့ ဘာသာခြားတွေက တက္ကသိုလ်ကြီးကို မီးရှို့ပြီး ဖျက်ဆီးတယ်။ သံဃာတွေကို ညှင်းပန်း နှိပ်စက်တယ်။ သတိမူရင် မြူကို မြင်တယ်။ သတိမမူရင်တော့ ဂူကိုတောင် မြင်မှာ မဟုတ်ဘူး ဒီလို မမြင်ခဲ့ကြလို့ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဘာသာခြားအဆောက်အဦးတွေ မင်းမူနေတာကို တွေ့ရတယ်။

ပြီးတော့ ရှိသေးတယ်။ ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးကို `မဟန့်´ ဆိုတဲ့ ဟိန္ဒူဘုန်းကြီးက အင်မတန်ကြီးမားတဲ့ အဆောက်အဦတွေကို မကြည့်နိုင်တဲ့ အတွက်ကြောင့် `ဒါတွေပျောက်အောင် ငါလုပ်လေမှပဲ´ ဆိုပြီး လုပ်လိုက်တာ ပျောက်လုမတတ် ဖြစ်သွားတယ်။

ဗောဓိပင်သမိုင်းမှတ်တမ်း ဖတ်ရှူ့လိုလျှင်

http://dhammaanalysis.multiply.com/journal/item/8

မင်းတုန်းမင်းကြီးရဲ့ ဇရပ်ကို ဖျက်ပြီးတော့ သူ့ကျောင်းဆောက်ထားတာကို ကြည့်ပါ။ ဗောဓိစေတီကြီးထဲမှာ သူတို့ရဲ့ ရုပ်ပုံတွေကို သွင်းထားတာကိုလည်း ကြည့်ပါဦး။ ဘယ်လောက်ထိ ရက်စက်သလဲဆိုတာ ထင်ရှားလှပါတယ်။

အဲဒါ အချိန်မီ ထိန်းသိမ်းထားနိုင်လို့သာ။ မထိန်းသိမ်းနိုင်ရင် ဒီနေရာ ဗုဒ္ဓစေတီ လို့ မပြောဘဲနဲ့ဟိန္ဒူတို့ရဲ့ ဘုရားကျောင်းကြီး ဖြစ်မှာ။ ဘာသာခြားတို့ရဲ့ ဖျက်ဆီးခြင်းဟာလည်း သာသနာကွယ်ခြင်းရဲ့ အကြောင်းတခုပါပဲ။ အဲဒါ သဒ္ဓါတရား ခေါင်းပါးလာလို့ပါပဲ။

မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်

ဒါကြောင့် သာသနာကို ချစ်မြတ်နိုးကြတဲ့ သူများဟာ ကိုယ့်ဘာသာကို နှောင့်ယှက်တဲ့သူများကို ခုခံကာကွယ်ဖို့ လိုပါတယ်။ အလျှော့ပေးလို့ မဖြစ်ဘူး။ အလျှော့ပေးရင် ကန်းတက်ပြီး ပိုပြီးတော့ စော်ကားလာလိမ့်မယ်။ ရခိုင်ပြည်နယ်က ဘင်္ဂလားနယ်စပ်ဒေသမှာ ဆိုရင် ဘာသာခြား အဆောက်အဦးတွေကို မြောက်မြားစွာ တွေ့ရတယ်။ မြန်မာလူမျိုးဆိုတာ အတော်ကို ရှာကြည့်ရတယ်။

မြန်မာနိုင်ငံဖြစ်ပြီးတော့ မြန်မာလူမျိုးပျောက်နေတာဟာ နိုင်ငံနှင့်သာသနာအတွက် အန္တရာယ် သိပ်များတယ်။ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်´ တဲ့ သတိ ၀ိရိယ ရှိဖို့ လိုပါတယ်။

ကိုယ့်အမျိုး ဘာသာ သာသနာကို ကာကွယ်ပိုင်ခွင့် ရှိတယ်။ အခြားသော ဘာသာများကို သတိထားရမယ်။ ` သူတို့ ဘာလုပ်နေကြသလဲ´ ဆိုတာကို မျက်ခြေမပြတ် ကြည့်ဖို့ လိုပါတယ်။ `ညောင်သီးလည်း စား၊ လေးသံလည်း နားထောင်ပါ´

အနှစ်ကိုးပါးတရားတော် (သီတဂူ ဆရာတော်)

http://dhammaanalysis.multiply.com

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

CDMA 800 MHz ဖုန်း အလုံးရေ ရှစ်သောင်း နီးပါး ချထား ပေးမည်


ဇူလိုင်လဆန်း မှစပြီး CDMA 800 MHz ဖုန်းများကို တန်ဖိုးငွေကျပ် နှစ်သိန်းခွဲနဲ့ မြန်မာ့ ဆက်သွယ်ရေးမှ ချထားပေး ခဲ့တယ်လို့ သိရပါတယ်။ အခုလို ချထားရာမှာလည်း အလုံး အရေအတွက် ရှစ်သောင်း နီးပါးလောက် ချထားပေး သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ပထမ အကြိမ် CDMA 800 MHz ချထားပေးခဲ့တဲ့ အလုံး အရေအတွက်ဟာ ၃ သိန်း နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

CDMA 800 MHz ဖုန်းတွေရဲ့ ကုတ်အစ နံပါတ် ကတော့ ၀၉-၇၃..... တွေနဲ့ စတာဖြစ်ပြီး အင်တာနက် လိုင်းဆွဲအား ကောင်းမွန်တယ် လို့လည်း သိရပါတယ်။ အင်တာနက် သုံးစွဲရာမှာ GSM ဖုန်းချထားမှုဟာ CDMA ထက်ပိုများတာကြောင့် GSM ရဲ့ အင်တာနက် လိုင်းဆွဲအားထက် CDMA 800 MHz ရဲ့ လိုင်းဆွဲအားဟာ network အနေနဲ့ စွဲယူမှု နည်းတာကြောင့် ပိုကောင်းမွန် ကြောင်းလည်း ဖြစ်တာ ဖြစ်တယ်လို့ သိရပါတယ်။

WCDMA 800 MHz ရဲ့ အင်တာနက် လျှောက်ထားမှုဟာ ယခင်က ၃ သောင်း ကျပ်ဖြစ်ပြီး ယခုအခါ မြန်မာ့ ဆက်သွယ်ရေးမှ နှုန်းထားများ လျော့ချပေး မှုကြောင့် ၁ သောင်းကျပ်နဲ့ လျှောက်ထား နိုင်ပြီ ဖြစ်ပါတယ်။ WCDMA 800 MHz လျှောက်ထား လိုသူတွေ အနေနဲ့ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေဖြစ်တဲ့ ရွှေဂုံတိုင်၊ အလုံ၊ ပန်းဆိုးတန်း အစရှိတဲ့ ရုံးတွေမှာ လျှောက်ထား နိုင်တယ်လို့ သိရှိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ငွေတိုးချေးစားမည်


ဒေါ်အောင်ဆန်းစုကြည်မှ ငွေတိုးချးစားမည်ဖြစ်ကြောင်း ဇူလိုင် (၅) ရက်နေ့ က ကော့မှူးမြို့မှာ ပြောကြားလိုက်ပါတယ်။ ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်မှာ ဝင်ငွေ မှန်မှန် ရသည့် လက်ဆုတ်လက်ကိုင် ပြစရာ အလုပ်အကိုင် တစ်ခု မှ မရှိသော်လည်း ဘယ်ကနေ ဘယ်လိုမှန်းမသိတဲ့ ဝင်ငွေ များဝင်လျှက် ရှိတာကြောင့် လက်ဆုတ်လက်ကိုင် ပြစရာ အလုပ်တစ်ခု ရရှိရေးအတွက် အခုလို ငွေတိုးချေးစားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ သမ္မတ ဖြစ်ချင်နေသူဖြစ်ပြီး ဒုတိယ သမ္မတ ဖြစ်ရန်အတွက် စီးပွားရေး အမြင် ရှိရမည် ဟူသော အချက်ပါဝင်ခြင်းကြောင့် သူမရဲ့ စီးပွားရေး အမြင်ရှိကြောင်း သက်သေပြရန်အတွက် ငွေတိုးချေး စီးပွားရေးလုပ်ဖို့ အကောင်အထည်ဖော်လိုက်တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၎င်း ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ကော့မှူးမြိုနယ်တွင် ဆင်းရဲမွဲတေမှုများ အတွက် ဟု အကြောင်းပြချက်ပေးထားပေမယ့် မြန်မာတနိုင်ငံလုံး အတွက် မစဉ်းစားပဲ ၎င်း အားထောက်ခံ မဲပေးသူ များအတွက်ကိုသာ စဉ်းစားခြင်းကြောင့် လူအများက အပြစ်တင်ဝေဖန်လျှက် ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၄ သန်းကျော် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူးက လူဦးရေတစ်သိန်းကျော်ခန့် အတွက်ကိုသာ မျက်မှာနိုင်ငံသားချင်း အတူတူကို မျက်နှာလိုက်ပြီး လုပ်ပေးလျှက် ရှိတာကြောင့် လူထုတစ်ရပ်လုံးကလည်း မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားတို့ ဒုက္ခရောက်နေချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား က မြေးတွေဆီ သွားနေခဲ့ပြီး အခု လည်း ရခိုင်တိုင်းရင်းသား များကို ကူညီဖို့ လုံးဝ မစဉ်းစားပဲ သူမကို ထောက်ခံသော ကော့မှူးသားတို့ကိုသာ ကူညီဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။