Friday, July 6, 2012

ဒေါ်အောင်ဆန်းစုကြည်မပါ ပဲ အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၀ ဦး မှ ရခိုင်ဒုက္ခသည်များကို အကူအညီပေးမည်



ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ ရာ့ ၁ဝ ဦးဟာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ အတွက် အကူအညီတွေ ပေးအပ် လှူဒါန်းမယ်လို့ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တဦးစီက သူတို့ရဲ့ ၃ ရက်စာ နေ့တွက် စရိတ်တွေကို ထည့်ဝင် လှူဒါန်းကြမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာဖို့ အတွက် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၊ ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ်ကို စေလွှတ်မယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက ကြားဖြတ်အရေးပေါ် အစီအစဉ် အဖြစ် ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၄၃၁ ဦး ရှိပြီး ကိုယ်စားလှယ်တဦး အတွက် နေ့တွက်စရိတ် ကျပ်တသောင်း သတ်မှတ်ထားပါတယ်။ အလှူငွေ တိုးပြီး ထည့်ဝင်လိုတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ထပ်ဆောင်း လှူဒါန်း နိုင်တယ်လို့လည်း သိရပါတယ်။

ရခိုင်ဒေသကိုယ် လှူတန်းမည့်လွှတ်တော်အမတ်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူးလို့ သတင်းရရှိပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကော်မရှင် ဥက္ကဌ ဦးတင်အေး ဒုသမ္မတဖြစ်နိုင်

ဒုတိယ သမ္မတ နေရာရွေးချယ်ရာတွင် တပ်မတော်မှ ဗိုလ်ချုပ်ကြီးများဖြစ်သော ဦးတင်အေး၊ ဦးလှဌေးဝင်းနှင့် ဦးကိုကိုတို့ကို ရွေးချယ်နိင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့ က ပြောကြားသည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး က" ဦးစီးချုပ်ရဲ့ စကားနဲ့ လက်ထဲက ထွက်လာတဲ့ နာမည် ကအဓိကပဲ တစ်ဦးကို ရွေးပြီးတာနဲ့ ၇ ရက် အတွင်း လွှတ်တော် နာယက က သတ်မှတ်အရည် ချင်းနှင့် ပြည့် စုံတာနဲ့ အတည်ဖြစ်သွားမှာပါ"ဟု တညီတညွတ် ထွက်ဆိုသည်။ လက်ရှိ အခြေနေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့၏ အဆိုနှင့် ခန့်မှန်းချက်များအရ အထက်ပါ ပုဂ္ဂိုလ် ၃ ဦးတွင်း ကော်မရှင် ဥက္ကဌ ဦးတင်အေး မှာ ပိုမို ဖြစ်နိုင်ခြေ ရှိနေကြောင်းသိရသည်။

Popular Myanmar News Journal

မူရင်းသတင်းက ဒီမှာပါ။

ကျောက်ဖြူတွင် ရေကန် အဆိပ်ခတ်မှု ဖြစ်ပွား

ဒေသတွင်း အခြေအနေများ ငြိမ်းချမ်းမှု အပြည့်အဝ မရရှိသေးသော ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ မြို့နယ်နှင့် ဆယ်မိုင်ခန့် ဝေးကွာသော ကပိုင်ချောင်းကျေးရွာ ဉာဏ်တောပြင် သောက်ရေကန်ကို အဆိပ်ခတ်မှု ဇူလိုင်လ ၄ ရက်နေ့ ညဦးပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသခံများက The Voice Weekly သို့ ပြောကြားသည်။

“မနေ့ညက ခတ်တာ ဖြစ်မှာ။ ဘယ်သူ ခတ်တယ်ဆိုတာတော့ မသိဘူး။ ဒီနေ့မနက် ငါးတွေ သေနေတာ အများကြီးပဲ။ အခု အဲဒီရေကို သောက်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူး” ဟု ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း ကျေးရွာမှ ဦးသန်းမောင်က ဆိုသည်။

ယခု ကပိုင်ချောင်း ကျေးရွာသို့ ကျောက်ဖြူမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး အဖွဲ့များ ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း ၎င်းက ဆက်ပြောဆိုသည်။

အဆိုပါ ဉာဏ်တောပြင် သောက်ရေကန်မှာ ကပိုင်ချောင်း ရွာသားများ အဓိက အားထား သောက်သုံး နေရသော ရေကန်ကြီး ဖြစ်ပြီး ရွာ၏ အရှေ့ဘက် အရပ်တွင် တည်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

အလားတူ ဇွန်လ ၂၉ ရက်နေ့ကလည်း မြေပုံမြို့ မြို့သူမြို့သားများ သောက်သုံးနေသည့် တစ်ရာတန် ရေကန်တွင် အဆိပ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူတွေ့ပါက ဥပဒေအရ အရေးယူမည်

ရခိုင်ပြည်နယ်တွင် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''နောက်ကြောင်း ပြန်ပြောရရင် ၁၉၇၈ ခုနှစ်က နဂါးမင်း စစ်ဆင်ရေး တစ်ခါလုပ်ခဲ့ပါတယ်။ ဒါက သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ထဲမှာ လူစိမ်း၊ သူစိမ်းတွေများ ရောက်နေသလား စစ်လိုက်တဲ့အခါမှာ လုပ်တယ်။ စစ်တော့ တချို့ကကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အဲဒီမှာ ဟင်္သာစီမံချက်နဲ့ ပြန်လက်ခံတာ။ ဒီလိုလုပ်ငန်းတွေ ရှိခဲ့တယ်'' ဟု ပြောပါသည်။ ဆက်လက်၍ ''အခုလည်း ဒီလိုလုပ်ငန်းတွေလိုပဲ ပြဿနာဖြစ်တဲ့အခါမှာ စစ်တာပါ။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၆၇ ခုမှာရှိတဲ့လူတွေနဲ့ ကျန်တဲ့စစ်လို့ရတဲ့ နေရာတွေ အကုန်လုံး ပြန်စစ်နေပါတယ်။ အတုတွေ့ရင် criminal case အနေနဲ့ သွားမှာပါ။ အတုကိုင်တာတို့ လိမ်လည်တာတို့ စတဲ့ကိစ္စတွေကို ရာဇသတ်ကြီးနဲ့ဆိုင်တဲ့ ပုဒ်မတွေအတိုင်း တရားစွဲဆို အရေးယူသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါက်တာချက်ကြီး ဘလော့ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေးဗစ်လှမြင့် သမီး ခင်ရွှန်းလဲ့ဝေ

ကြောက်စရာကြီး ခုလေးတင်မေးလ်စစ်လိုက်တော့ ဒေါ်စုကို ဆန္ဒပြမယ်ဆိုတဲ့ ပို့ စ်ကြောင့် ချက်ကြီးကို ကြိမ်းမောင်းထားလိုက်ကြတာ၊ ကျောတောင်ချမ်းသွားတယ်။ တကယ်လဲမပြကြပါဘူး။ တယ်လဲ တရားကျစရာကောင်းသကိုး ။ ဒေါ်စုကိုအားကိုးနေလို့ ဒေါ်စုက ထမင်းလာကြွေးမှာကျနေတာပဲ။ တစုံတစ်ယောက်ကိုအားကိုးလွန်းတာဟာ ကိုယ်စောက်သုံးမကျပါဘူးလို့  ၀န်ခံနေတာနဲ့ အတူတူပါပဲ။ အတ္တာဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရောသိယာ တဲ့ ဗျာ။ မြန်မာစကားပုံလဲ ကြားဖူးကြသားနဲ့  ကြက်မတွန်လို့ မိုးမလင်းပါ တဲ့။ ခုလဲ ဥရောပတခွင်ပတ်ပြီးလေးပန်းလာတာပဲရှိတာ။ ဘာများထူးလာလို့ လဲ။ေ အောက်ကအဖြစ်ကရော တကယ်ပဲလားမသိ။ ဘီဘီစီမှာ တရက်လောက် လွတ်လပ်အတွေးဆွေးနွေးဖလှယ်လုပ်လိုက်ရင် သိပ်ကောင်းမှာပဲ အဟတ် ။








မူရင်း ဒေါက်တာချက်ကြီးဘလော့ကိုသွားရန် ဒီကိုနှိပ်ပါ။

MLN ယူတဲ့သတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အအေးဒဏ်ကြောင့် နာမကျန်းမှုများ ပိုမိုဖြစ်ပွားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးရှိ ၎င်း ကိုမဲပေးသူများကိုသာ အားပေးနေ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အအေးဒဏ်ကြောင့် နာမကျန်းမှုများ ပိုမိုဖြစ်ပွားလျက်ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးရှိ ၎င်း ကိုမဲပေးသူများကိုသာ အားပေးေ ပး ကာ မယောင်ရာ ဆီလူးနေကြောင်း သတင်းရရှိသည်။


မရောင်ရာ ဆီလူးနေသော ဒေါ်စု

ရခိုင်ပြည်နယ်အတွင်းရှိ အိပ်မက်ဆိုးတို့ ၏ ရလဒ်ကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်လျက် ရှိသည့် ဒုက္ခသည်စခန်း ၃၇ ခုတို့တွင် အများစုတို့မှာ မိုးရက်ဆက်ရွာသွန်းမှု ကြောင့်လည်းကောင်း၊ စခန်းများ၏ နေရာထိုင်ခင်းအရ လည်းကောင်း၊ အိပ်ရာအခင်းအကျင်းနှင့် အနွေးထည် လိုအပ်ချက်တို့ကြောင့် လည်းကောင်း အအေးမိဖျားနာခြင်း၊ ၀မ်းဖောဝမ်း ရောင်ခြင်းများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

"သူတို့ရဲ့ ကျန်းမာရေးအခြေအနေက အားရဖွယ်မရှိပါဘူး။ အထူးသဖြင့် အအေးမိတယ်၊ ဖျားနာတယ်၊ ၀မ်းဖော ၀မ်းရောင်ဖြစ်တယ်။ နွေးထွေးတဲ့ နေရာ ထိုင်ခင်းတွေ၊ အိပ်ရာအခင်းအကျင်း တွေ၊ အ၀တ်အထည်တွေကတော့ စခန်း အတော်များများမှာ လိုအပ်နေတာ တွေ့ရတယ်။ ၀မ်းရောဂါမဟုတ်ပေမယ့် ကလေးအများစုက အအေးထဲမှာ ဖိနပ် မစီးကြလို့ ၀မ်းပျက်တာမျိုးတွေရှိတယ်။

"စစ်တွေမြို့ပေါ်က သဲချောင်းနဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းနှစ်ခုက ဘင်္ဂါလီလူမျိုးတွေဆိုရင် ကလေးငယ် ဦးရေက ပိုများတယ်။ ပြေးရင်းလွှားရင်း မွေးကြလို့ သက္ကယ်ပြင်စခန်းမှာ မွေး လူနာခန်းတောင် ထားပေးတာ တွေ့ရ တယ်"ဟု ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ ကျန်းမာရေးစောင့်ရှောက် မှုနှင့် ကျန်းမာရေးအသိပညာပေးရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရောက်ရှိနေသည့် တိုင်းရင်းဆေးပညာဦးစီးဌာန အဖွဲ့ဝင် ၂၀ ခန့်တို့၏ ခေါင်းဆောင်ဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သိန်း ဌေးက ပြောသည်။

အဆိုပါအဖွဲ့တွင် ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနမှူး ဦးစိုးမြင့်၊ လက် ထောက် ညွှန်ကြားရေးမှူး ဦးေ၀၀င့်၊ စစ်တွေမြို့ တိုင်းရင်းဆေးရုံအုပ်တို့လည်း ပါဝင်ကြပြီး ဒေသတွင်းဒုက္ခသည်စခန်း များအား အနောက်တိုင်းဆေးပညာ ဆရာဝန်များ၊ တာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းလှည့်လည်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ လတ် တလောအခြေအနေကို ဇွန်လ ၂၉ ရက် နေ့ နံနက်တွင်ဖုန်းဖြင့်ဖြေကြားခဲ့သည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေ ဖြင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက် ရန် အဖွဲ့နှစ်ဖွဲ့ခွဲလျက် ကွင်းဆင်းခဲ့ရာ တစ်ဖွဲ့လျှင် ရက်သတ္တနှစ်ပတ်စီ တာဝန် ယူ၍ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် ကျန်းမာရေး နှင့်အညီ နေထိုင် စားသောက်ရေး ပညာပေးလုပ်ငန်းများ ကိုပါ စနစ်တကျ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းနှစ်ခုဖြစ်သော သဲချောင်းရပ်တွင် အမျိုးသား ၆,၄၇၃ ဦး၊ အမျိုးသမီး ၇,၀၃၁ ဦး၊ စုစုပေါင်း ၁၃,၅၀၀ ခန့်ရှိပြီး သက္ကယ်ပြင်စခန်းတွင် ကျား+မ ၁၉,၀၀၀ ခန့်ရှိကြရာ စုစုပေါင်း ၃၃,၀၀၀ ခန့်ရှိ သည့်အနက် ကလေးသူငယ် ဦးရေမှာ များပြားလှကြောင်း၊ အလားတူပင် စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမျိုးများ ဒုက္ခသည်စခန်း ၁၇ ခုတို့တွင်လည်း အမျိုးသမီးနှင့် ကလေးသူငယ်တို့သာ အနေများကြကြောင်း၊ ထို့ကြောင့် ၀မ်းဖောဝမ်းရောင်နှင့် အအေးမိရောဂါ များအား ကြိုတင်ကာကွယ်နိုင်ရန် နွေးထွေးသော နေရာထိုင်ခင်းများ၊ အ၀တ်အထည်များ လိုအပ်လျက်ရှိ ကြောင်း သိရသည်။

"ကျွန်တော်တို့ တိုင်းရင်းဆေးအဖွဲ့မှာ တော့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါ အ၀င် အနယ်နယ်အရပ်ရပ်က ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေ ပေးလှူ တဲ့ တိုင်းရင်းဆေးဝါးတွေ ပါလာကြပါ တယ်။ အ၀တ်အစားတွေ၊ ခေါက်ဆွဲ ခြောက်လို ရိက္ခာခြောက်တွေ ကတော့ အမြဲလိုနေဦးမှာပါ။ "စစ်တွေမြို့ထဲက ရခိုင်ဒုက္ခသည် စခန်းအများစုက ဘုန်းတော်ကြီးကျောင်း တွေဖြစ်လို့ ခုလို မိုးများ ချိန်မှာ မိုးလုံ လေလုံ အဆောက်အအုံတွေ များတယ်။ ဒါပေမယ့် ရာသီအေးတဲ့အတွက် ကလေး ငယ်တွေကလည်း ဖိနပ်မစီးနိုင်ကြတဲ့ အတွက် (သာသနာ့မြေအတွင်း) ၀မ်းဖောဝမ်းရောင်တွေကတော့ ရှိနေဦး မှာပဲ။ ဘင်္ဂါလီဒုက္ခသည်တွေအတွက် အခု ထပ်ပြီး တဲတွေ ဆောက်တဲ့ သဲချောင်း ကနေ သက္ကယ်ပြင်ကိုသွားတဲ့ လမ်း တစ်လျှောက်မှာ တန်းလျားရှည်ကြီးတွေတော့ ထပ်ဆောက်နေတာ တွေ့ရတယ်။ အဆောက်အအုံတွေရှိပေမယ့် နွေးထွေးဖို့ အခင်းအကျင်းတွေက လိုနေဆဲပါပဲ" ဟု ဦးကျော်သိန်းဌေးက ပြောသည်။

ရခိုင်ဒေသ ကူညီရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄၁၀ တို့မှ ကူညီ ကယ်ဆယ်ရေးအတွက် လှူတန်းလျှက် ရှိကြောင်း သိရပြီး ထိုစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပေ။

ဒေါ်အောင်ဆန်းစုကြည် ဥရောပမှပြန်လာစဉ်ကလည်း ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်က "ကုလားမ စုကြည် အလိုမရှိ" ဟု ရေးသားကာ ဆန္ဒပြခဲ့ကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

တိုင်းရင်းသားတန်းတူရေး လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးသင့်ဟု သမ္မတပြော

သမ္မတ နှစ်ဦး ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ၏ ပထမဆုံး အစည်းအဝေးတွင် တိုင်းရင်းသားတို့ တန်းတူအခွင့်အရေးရရှိရန် လွှတ်တော်မှ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်မှ မှာကြားသည်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။


နေပြည်တော် သမ္မတ အိမ်တော်တွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ နှစ်လပြည့် သည့်နေ့ ပထမဆုံးစည်းဝေးမှုတွင် တိုင်းရင်းသားများ အခွင့်အရေး အတွက် ဥပဒေ တရပ် ပြဋ္ဌာန်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်မည် ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားသည်။

"တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေတရပ်ပြဋ္ဌာန်းထားသော တန်းတူရည်တူ အခွင့်အရေးများနဲ့ အခြား သော တိုင်းရင်းသားများ အခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေ ပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းများ အလျင်အမြန် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။" ဟု သမ္မတက ပြောသွား သည်။

သမ္မတက "ပြည်ထောင်စု မြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ အခွင့်အရေးရသင့်သူများ ဖြစ်ကြပါတယ်။ တိုင်းရင်းသားတို့ရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ ပြည်ထောင်စု အတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူ ဆက်ဆံမှုနဲ့ တန်းတူရည်တူ ညီမျှစွာ အခွင့်အရေး ရရှိရေးပင် ဖြစ်ပါတယ်။" ဟုလည်း ပြောသွားသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၅ တွင်ပါရှိသည့် "နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုး ထားရှိသော စာပေ၊ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။" ဟူသည့် အပိုဒ်ကို ကိုးကားထည့်သွင်း ပြောကြားသွားသည်။

ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မထိခိုက်အောင် လွှတ်တော်မှ ဥပဒေများ ပြဋ္ဌာန်းပေးပါက တိုင်းရင်းသား တို့၏ လိုအင်ဆန္ဒ ပြည့်ဝမည်ဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ပြေလည်သွားနိုင်သည်ဟုလည်း ပြောသွားသည်။

စစ်အစိုးရထံမှ ၂၀၁၁ ခုနှစ် မတ်လအတွင် အာဏာလွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ "စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းရာမှာ ပြည်သူတွေဟာ စာရွက်ပေါ် တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျတဲ့ အပြောင်းအလဲကို လိုလားနေခြင်းဖြစ်ပါတယ်။ " ဟုလည်း သမ္မတက ဖြည့်စွက်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မေလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီတွင် ဒုသမ္မတ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် သူရသီဟ ဦးတင်အောင်မြင့်ဦး၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုတိယ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးလှမင်း၊ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

မူရင်းသတင်းက ဒီမှာပါ။

သီးလေးသီး တိုက်စစ်ဆင်တော့မည်ဟု ဆို



မိုးတွင်းကာလ ပွဲရာသီအနေဖြင့် ဇူလိုင် ၁၄ ရက်နေ့ ပြည်မြို့နယ် ယဉ်ကျေးမှုခန်းမကြီးတွင် သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့ ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ နဲ့၂၀၁၃ ပွဲရာသီအသစ်ဖြစ်တဲ့အတွက် ပြက်လုံးသစ် ၊သီချင်းသစ်တွေနဲ့ ၊ထူးထူးခြားခြား တင်ဆက်မည့်ပွဲတပွဲဟု သိရှိရပြီး. သီးလေးသီးရဲ့တိုက်စစ်ဆင်မယ့် နှစ်တနှစ်လို့  သီးလေးသီး အဖွဲ့ ဝင် လူရွင်တော်တဦးက ပြောကြားခဲ့ပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီမဲ့ ပေါ်လစီပြက်လုံးဇာတ်ကွက်လေးများ စိတ်ကူးတင်ဆက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့တေးသီချင်းလေးတွေကို အငြိမ့်ပုံစံလေးဖြင့် ဖန်တီးတင်ဆက်ထားကြောင်း သိရှိရပါတယ်။

ရုံဝင်ခကိုလည်း လူတန်းစားမရွေး ကြည့်ရှုနိုင်ရန်အတွက် လူတဦးလျင် ကျပ် တထောင် ဖြင့်သာ ကြည့်ရှုနိုင်ရန်စီစဉ်ထားကြောင်း ပွဲကိုကိုယ်တိုင်စီစဉ်သူ လူရွင်တော်ကိုပန်းသီးက မိုးမခကို ပြောပြခဲ့ပါတယ်။

သီးလေးသီးအငြိမ့်အဖွဲ့ဟာ ၂၀၀၆ ခုနှစ်မှာ ဇာဂနာရဲ့ မျိုးဆက်သစ်အငြိမ့်အဖွဲ့အဖြစ် ထင်ရှားလာပါတယ်။ ၂၀၀၇ နောက်ပိုင်းမှာ ပြည်ပသို့ ထွက်ပြီး ဆင်ဆာမဲ့အငြိမ့်များ ကပြဖျော်ဖြေခဲ့ပါတယ်။ ဇာဂနာကို စစ်အစိုးရက ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ အထိ ဖမ်းချုပ်ထားခဲ့သည့် ကာလအတွင်း ပြည်ပမှာ ကျင်လည်ပြီး ရပ်တည်ခဲ့ပါတယ်။ ၂၀၁၁ နှောင်းပိုင်း ကိုဇာဂနာ လွတ်မြောက်လာချိန်မှာ သီးလေးသီးအဖွဲ့ဟာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီး အနုပညာအဖွဲ့အဖြစ် ဆက်လက်ရပ်တည်လျက် ရှိပါတယ်။

(photo – Thee Lay Thee seen at one of local business promotion event)

မူရင်းသတင်းက ဒီမှာပါ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြည်တွင်းတွင် တရားဝင်ရပ်တည်နိုင်ရန်အတွက် ပြည်လည်စုစည်းရေးကော်မတီကိုဖွဲ့စည်း

လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကို ပြည်တွင်းတွင်တရားဝင်ရပ် တည်နိုင်ရန်အတွက် ပြည်လည်စု စည်းရေးကော်မတီကိုဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း လူ့ဘောင်သစ်ပါ တီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သူကိုအေး ကိုကပြောသည်။

လူ့ဘောင်သစ်ပါတီကု ၁၉၉၈ ခုနှစ်နောက်ပိုင်းလူငယ်နှင့်ကျောင်း သားများစုပေါင်းကာ နိုင်ငံရေးပါတီ တစ်ခုအဖြစ်တရားဝင်ရပ်တည်ခဲ့ကြ ပြီး ၁၉၉၁ ခုနှစ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNUနှင့် ဆက်သွယ်ခဲ့သည်ဆိုပြီး ပါတီ ကိုဖျက်သိမ်းခြင်းခံလိုက်ရကာပြည် တွင်းပြည်ပနိုင်ငံအသီးသီးသို့ပါတီ ၀င်များပျံ့နှံ့သွားခဲ့ကြောင်းသိရသည်။

ပါတီဝင်များကိုစုစည်းကာ တ ရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ်ရပ် တည်နိုင်ရန်အတွက်စုစည်းခြင်းဖြစ် ကြောင်း၊ ယခုပြန်လည်စုစည်းရေး ကော်မတီကိုလူ့ဘောင်သစ်ပါတီဝင် ဟောင်း ၂၀ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုကော်မတီကိုယခင်လူ့ဘောင် သစ်ပါတီ၏ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သည့်ကိုဇေယျကဦးဆောင် မည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိုပိုမိုမြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြား စေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဆိုလျှင်ကျန်နေ သေးသော နိုင်ငံရေးအင်အားစုများ လည်း ပိုမိုလုပ်ကိုင်လာနိုင်မည်ဟု ထင်မြင်မိကြောင်းကိုအေးကိုကပြော သည်။

ထက်ခေါင်လင်း

မူရင်းသတင်းက ဒီမှာပါ။

တရုတ်နယ်စပ်တွင်ခိုလှုံနေသည့် ကချင်ဒုက္ခသည်များ ရေနှင့်အစားအစာလိုအပ်နေ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်းရှိ ကချင်ဒုက္ခသည်များအ တွက် စားနပ်ရိက်္ခာနှင့် သောက်သုံး ရေများလိုအပ်နေကြောင်း Human Right Watch အဖွဲ့၏ထုတ် ပြန်ချက်များအရသိရသည်။

ကချင်ဒုက္ခသည်များကိုယာယီ ခိုလှုံခွင့်ပေးရန်နှင့်ကုလသမဂ္ဂအပါ အ၀င်နိုင်ငံတကာအဖွဲ့အစည်းများမှ လည်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများပေးသည် ကို လက်ခံပေးရန် တရုတ်နိုင်ငံအစိုး ရသို့မေတ္တာရပ်ခံကြောင်းအဆိုပါအ ဖွဲ့၏ လက်ထောက်ညွှန်ကြားရေး မှူးဖြစ်သူ Sophle Richardson ကထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသောကချင်ဒုက္ခသည်များ၏ အခြေအနေကိုအစီရင်ခံစာထုတ်ပြန် သည့်ပွဲတွင်ရှင်းလင်းပြောကြားသည်။

ယူနန်နယ်တွင်ခိုလှုံနေကြသည့် ကချင်ဒုက္ခသည်များသည် သောက် သုံးရေအလုံအလောက်မရှိခြင်းများ၊ နေရာထိုင်ခင်းမလုံလောက်ခြင်းများ နှင့် ဆေးဝါးအခက်အခဲများကြုံတွေ့ နေကြရကြောင်း၊ အဆိုပါယူနန်နယ် တွင် ကချင်ဒုက္ခသည်တစ်သောင်း ကျော်ရှိကြောင်း၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို့တွင်ကချင်ဒုက္ခသည် ပေါင်း ခုနစ်သောင်းငါးထောင်မျှရှိ နိုင်မည်ဟု ခန့်မှန်းကြောင်းအဆိုပါ အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ထက်ခေါင်လင်း

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်မတက်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံ



ပြည်သူ့လွှတ်တော်မတက်မီ ဒေါ်အောင်ဆန်းစုကြည် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များအား စိတ်ဝင်စားစွာ နားထောင်ခဲ့သည်ကို တွေ့ရသည်။

ကော့မှူးမြို့နယ် အောင်ဇမူပရဟိတကျောင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပရဟိတကျောင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ကော့မှူးဒေသရှိ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းပေးသွားနိုင်ရန်စီစဉ်ထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်ရရှိရေးကိစ္စများကိုရေရှည်လုပ်ကိုင်သွားနိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အလုပ်အကိုင်ရရှိဖို့အတွက်ဆိုတာ ပညာရပ်တွေတက်မြောက်ထားမှ အဆင်ပြေမှာ။ ပညာတက်တွေဖြစ်အောင် လုပ်ဖို့လည်း လိုအပ်တယ်” ဟုသူမကပြောသည်။

“လမ်းပန်းဆက်သွယ်ရေးကိစ္စက မိုးတွင်းမှာတော့ ရေတိုဖြေရှင်းရမှာပါ” ဟု သူမက ဆက်ပြောသည်။

မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီစဉ်ထားကြောင်း ကော့မှူးမြို့နယ် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကော့မှူးမြို့နယ်တွင် ကျေးရွာပေါင်း နှစ်ရာကျော်ရှိပြီး လူဦးရေမှာ ခုနှစ်သောင်းကျော်ရှိသည်။

မူရင်းသတင်းက ဒီမှာပါ။

ပရဟိတစာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည်လှူဒါန်း



အောင်ဇမူပရဟိတ စာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးကေတုမာလက မိန့်ကြားသည်။

ရေသန့်စက်၏ တန်ဖိုးမှ ကျပ်သိန်း ၁၅၀ ရှိပြီး ပညာရေးကဏ္ဍတွင် ဆရာ၊ဆရာမများအတွက် လစဉ်ထောက်ပံငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆရာတော်ကမိန့်ကြားသည်။

အဆိုပါ ကျောင်းမှ ဘုန်းတော်ကြီးကျောင်းနှင့် အောင်ဇမူလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာတွဲဖက်ဖွင့်လှစ်ထားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ သင်ကြားပေးပြီး၊ ယင်းအပြင် အတက်ပညာရပ်နှင့် ပတ်သတ်၍ ကွန်ပြူတာသင်တန်းအခြေခံ ဆေးဝါးကျွမ်းကျင်သင်တန်း၊ စက်ချူပ်သင်တန်း၊ စက်ပိုင်းနှင့် အီလက်ထရွန်းနစ် ပြုပြင်ခြင်းများကို သင်ကြားပေးနေခြင်းဖြစ်သည်။

“သင်တန်းက သုံးခုလောက်ပဲဖွင့်နိုင်သေးတယ်။ စက်ပိုင်းနဲ့ အီလက်ထရွန်းနစ်ပိုင်းမှာတော့ မဖွင့်နိုင်သေးဘူး” ဟုဆရာတော်ကမိန့်ကြားသည်။

အောင်ဇမူပရဟိတစာသင်တိုက်မှ ကော့မှူးမြို့နယ် ကားလမ်းနဘေး ဆင်ခြံကျေးရွာတွင် တည်ရှိသည်။

မူရင်းသတင်းက ဒီမှာပါ။

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီ တောင်းခံစာပေါင်း ၂၅၀ ကျော်လွှတ်တော်သို့ ရောက်ရှိလာ၊ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်း

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီတောင်းခံစာပေါင်း ၂၅၀ ကျော် လွှတ်တော်သို့ ရောက်ရှိလာကြောင်း ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းဝေးတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမား နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က "ကျွန်တော်တို့ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီထံသို့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူလယ်သမားများက တင်ပြအကူအညီ တောင်းခံစာပေါင်း ၂၅၀ကျော် လက်ခံ ရရှိခဲ့ပါတယ်။ မြို့ပြတိုးချဲ့ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံအရှေ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် လယ်မြေများ ဧက ၁၀၀၀၀ကျော် သိမ်းဆည်းခံခဲ့ရပါတယ်။ ဒါ့အပြင် ထိုမြို့နယ်များတွင် လယ်မြေသိမ်းဆည်းထားပြီး မြို့ပြ တိုးချဲ့တည်ဆောက်ရေး မလုပ်ဖြစ်တော့သည့် လယ်ဧက ၈၀၀၀ ကျော်တွင် မူလပိုင်ရှင် လယ်သမားများနှင့် ကုမ္ပဏီများပူးပေါင်း၍ အကျိုးတူ ဆောင်ရွက်စေခဲ့ပါတယ်။

အဆိုပါ လယ်မြေများအတွင်း စိုက်ပျိုးရာတွင် ကုမ္ပဏီများကသာ စိုက်ပျိုးသည့် မြေရှင်ကြီးစနစ်သို့ ကူးပြောင်း ရောက်ရှိသွားပြီး လက်တွေ့တွင်မူ ဘိုးသွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာသည့် ပိုင်ရှင်လယ်သမားများ လယ်လုပ်ခွင့်မရရှိဘဲ လယ်မဲ့၊ မြေမဲ့ဘ၀ ရောက်ရှိသွားခဲ့ပါတယ်။အလားတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ သောင်းဇားကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ရန်အတွက် တောင်သူလယ်သမား ၁၆၀ဦး၏ လယ်မြေဧက ၂၄၄၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲအုပ်စု သင်္ဘောတင် ကျေးရွာတွင် ကြက်သွန်စိုက်ပျိုးရန်အတွက် မြေနုကျွန်းဧက ၆၀၀ ကျော်၊ တောင်သာမြို့နယ် ကျွဲဆင်းကျေးရွာအုပ်စုတွင် ဧက ၄၅၀တို့ကို ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါတယ်။

ယခုအခါကုမ္ပဏီများ အနေဖြင့် စိုက်ပျိုးခြင်းမရှိဘဲ မူလ လယ်သမားများကို ပြန်၍ အငှားချထားခြင်း၊ နီးစပ်သူများကို လုပ်ကိုင်ခွင့် ပြုထားခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်စိုက်ပျိုးသူများကို နှင်ထုတ်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးခြင်း စသည့် မတရားပြုကျင့်မှုများ၊ အနိုင်ကျင့်မှုများ ခံစားနေရကြောင်း ကာယကံရှင် တောင်သူများက အကူအညီတောင်းခံလျက် ရှိကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် မြေများ သိမ်းဆည်းခဲ့ကြရာတွင်လည်း သင့်တင့်မျှတသည့် လျော်ကြေးမရရှိမှုများ၊ ရသင့်ရထိုက်သည့် အခွင့်အရေး မရရှိမှု ဖြစ်စဉ်များလည်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

လွှတ်တော်သို့ ရောက်ရှိလာသည့် တင်ပြတိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာ စုံစမ်းရာတွင် လယ်ယာမြေတွေကို မြို့ပြများတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်ခြင်း၊ စက်မှုဇုန်များ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော် စီမံကိန်းဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းစသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ပြုပြင်ပြောင်းလဲမှုများကို သတ္တိရှိရှိ လုပ်ကြရန် သူရဦးရွှေမန်း တိုက်တွန်း


လွှတ်တော် ကိုယ်စားလှယ်များ ပြုပြင်ပြောင်းလဲမှုများကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

အတိတ်က မိမိတို့ နိုင်ငံတော် အတွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရသော ဖြစ်စဉ်ဖြစ်ရပ် အကြောင်းများထဲမှ မကောင်းသည်များကို ပြစ်တင်ဝေဖန် နေမည့်အစား သင်ခန်းစာ ယူကြပြီး ယခုနှင့် အနာဂတ် အတွက် ပို၍ ကောင်းမွန်စေရန် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို ရဲရဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၄ ရက်နေ့တွင် စတင် ကျင်းပလျက် ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဘာသာ အစွဲ မထားရှိဘဲ နိုင်ငံတော်အကျိုး၊ နိုင်ငံသားအကျိုး၊ ပြည်ထောင်စု အကျိုးအတွက် မျှမျှတတ ဖြစ်စေရေး အဓိက ဆောင်ရွက်သွားကြရန်၊ လွှတ်တော်များ မရှိခဲ့စဉ်က အချို့ ကိစ္စရပ်များတွင် ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွှတ်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်းကို သင်ခန်းစာ ရယူပြီးဖြစ်၍ လွှတ်တော်များ ခိုင်မာစွာနှင့် ခိုင်မြဲစွာ ရှိရန် လုပ်ဆောင်ကြရန်၊ လွှတ်တော် ကိုယ်စားလှယ်များ၏ စိတ်ဓာတ် ကောင်းမွန် မှန်ကန်ရေးနှင့် အရည်အချင်း ရှိအောင် တည်ဆောက်ကြရန်၊ ဒီမိုကရေစီ ကျင့်စဉ်များကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ကျင့်သုံးဆောင်ရွက် နေကြရန် တို့ကိုလည်း သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့ကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ခန်းမတွင် ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၇ ဦးတို့ တက်ရောက်ခဲ့ ကြသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

စစ်မက်ဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့မယ်


မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွဆောင်ရွက်နေသူ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ စောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ဇူလိုင် ၁ က နေပြည်တော်မှာ ပြောကြားခဲ့တဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ဖြစ်တဲ့အခါ ဘယ်ဘက်ကစပြီး စည်းကမ်းချိုးဖောက်သလဲ ဆိုတာကို သိနိုင်ဖို့ မြန်မာ အစိုးရ တပ်တွေနဲ့ တိုင်းရင်းလက်နက်ကိုင် တပ်တွေကို ကိုယ်စားပြုသူတွေ၊ သတင်းသမားတွေနဲ့ ဂုဏ်သရေရှိတဲ့ ရပ်မိရပ်ဖတွေပါတဲ့ စောင့်ကြည့်ရေးအဖွဲ့ကို ပထမအဆင့် ဖွဲ့စည်းသွားဖို့ ရှိတယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

ဒုတိယအဆင့်မှာတော့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂစစ်မြေပြင် စောင့်ကြည့်ရေးအဖွဲ့တွေက အဲဒီ စောင့်ကြည့်ရေးအဖွဲ့မှာ ပါလာမှာဖြစ်ပြီး တတိယအဆင့်မှာတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမဆို စောင့်ကြည်မယ်ဆို စောင့်ကြည့်နိုင်မယ့် အနေအထား ဖြစ်သွားနိုင်တယ်လို့ ဝန်ကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ကတော့ အခုလို စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းသွားမယ်ဆိုတဲ့ သတင်းကို ကြိုဆိုလိုက်ပါတယ်။

အပြစ်ဖို့လိုက်၊ အကြောင်းပြလိုက် လုပ်နေတာထက်စာရင် အခုလို အဖွဲ့ဖွဲ့တာဟာ အလွန်ကောင်းတယ်၊ ဒါမှ ဘယ်သူက မှားသလဲ ဆိုတာကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်က ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းဟာ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရအောင် တက်တက်ကြွကြွ လုပ်ကိုင် ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်း

မူရင်းသတင်းက ဒီမှာပါ။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ

မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ အခုနောက်ဆုံး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မေလနဲ့ဇွန်လအတွင်း မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုမှာ ပါဝင် ဦးဆောင်တဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်မှုတွေ လှိုင်သာယာ စက်မှုဇုန် ၄ မှာဖြစ်ခဲ့ပါ တယ်။

အလုပ်သမားအရေး ဦးဆောင်နေသူ ဦးဌေးက လှိုင်သာယာ စက်မှုဇုန်ထဲမှာတင် စက်ရုံ ၃ ရုံက အလုပ် သမားတွေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်ခံနေရတယ်လို့ ဆိုပါတယ်။

“အလုပ်သမားတွေကတော့ အခု စက်ရုံအလုပ်ရုံ ကိစ္စတွေ ဖြေရှင်းမှုနောက်ပိုင်းမှာ ပိုင်ရှင်ဘက်က အလုပ် ထုတ်တာတချို့ ရှိတယ်ပေါ့ဗျာ။ အဲဒါတွေတော့ မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ကျနော်တို့ တင်ခိုင်းထား တယ်ပေါ့။ ပထမဆုံး အစောပိုင်းက ထုတ်တာကတော့ ဦးမြအောင်ပေါ့ဗျာ။ သူက ခွင့်မဲ့ပျက်ကွက်တယ် ဆိုပြီးတော့ နေမကောင်းတာကို ခွင့်မပေးဘဲနဲ့ ထုတ်ပစ်လိုက်တာ။ နောက် ထပ်ကတော့ ထွန်းပိုင် ဘလောက်တုံး စက်ရုံ။ ထွန်းပိုင် ဘလောက်တုံးစက်ရုံက ပြီးခဲ့တဲ့ သပိတ်မှောက်တုန်းက ခေါင်းဆောင်ကို သူက အလုပ်ခန့်ထားရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးလို့ ဆိုပြီးတော့ အလုပ်ထုတ်လိုက်တယ်။ အဲဒါကတော့ ၅ ရက်နေ့ ချိန်းထားပါတယ်။ နောက်တခုကတော့ အအေးခန်းစက်ရုံပေါ့။ အအေးခန်းမှာ လည်း ပြီးခဲ့တဲ့သပိတ်မှောက်တုန်းက အလုပ်သမားပဲ။ အဲလိုပဲ အလုပ်ထုတ်ပစ်လိုက်တာ။”

လှိုင်သာယာ စက်မှုဇုန် (၁)၊ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ၄၀ ကျော်ကိုတော့ အသက် မပြည့်လို့ ထုတ်ပစ်လိုက်ရကြောင်း အလုပ်ရှင်နဲ့အလုပ်သမား ဖြန်ဖြေရေး ကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားဥပဒေ စိစစ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ဆိုပါတယ်။ ဒါပေမဲ့လည်း အလုပ်ထုတ်ပစ်မှုဟာ အလုပ်သမားဥပဒေပါ အချက်အလက်တွေအတိုင်း မဟုတ်တဲ့ အကြောင်း ဦးဌေးက ဆိုပါတယ်။

“ဥပဒေအရတော့ အလုပ်ရုံဥပဒေမှာပါတယ်။ ၁၃ နှစ်အောက်ကတော့ လုပ်ပိုင်ခွင့်မရှိဘူးပေါ့။ ၁၃ နှစ် အထက်နဲ့ ၁၈ နှစ်ကြားကဟာတွေ တာဝန်ခံဆရာဝန်က လက်မှတ်ထုတ်ပေးထားရင် ခန့်ပိုင်ခွင့်ရှိတယ်။ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ။ အကယ်၍ ကလေးတွေကို အလုပ်ထုတ်ဖို့ ဥပဒေမှာ မပါဘူးဗျ။ ဥပဒေမှာတော့ တာဝန်ခံ ဆရာဝန်က လက်မှတ်ထုတ်ပေးရတယ်။ လက်မှတ်ထုတ်ပေးရင် သက်ဆိုင်ရာ အလုပ်သမားကလည်း ကိုင် ထားရတယ်။ စက်ရုံမှာလည်း ကလေးအလုပ်သမားတွေခိုင်းမယ်ဆိုရင် အများမြင်သာတဲ့နေရာမှာ ဘယ်နှစ်ယောက်ခိုင်းတယ်၊ ဘယ်လိုအလုပ်မျိုး၊ ဘယ်လိုအခြေအနေမှာ အလုပ်ချိန်တွေကအစ အများမြင် သာအောင် ကပ်ထားပေးရတယ်။ ဒါ အလုပ်ရုံ ဥပဒေမှာပါတယ်။

အကယ်၍ အဲဒါကို မလိုက်နာရင် အရေးယူရမှာက အလုပ်ရုံပိုင်ရှင် ဒါမှမဟုတ် သူတို့လူကို အရေးယူရမှာ။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ သပိတ်မှာပါတဲ့သူတွေကို အသက်မပြည့်လို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ထုတ်ပစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ဥပဒေအယူအဆအရ ကျနော်တို့က ရှင်းပြတာပါ။ အဲဒီလို ထုတ်ပိုင်ခွင့်မရှိဘူး။ ကျနော်တို့ မျက်မြင်အရ ဗမာပြည်မှာက အလုပ်ရှင်နဲ့ အလုပ်သမားရုံးတွေက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက ကောင်းမွန်ပြီးတော့ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးက မကောင်းမွန် ဘူး။ အလုပ်သမားနဲ့ အလုပ်သမားရုံးက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက မကောင်းမွန်ဘူး ဖြစ်နေတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် အဂတိလိုက်စားမှုတွေများတယ်ဆိုရင် အလုပ်သမားတွေက အခွင့် အရေးတွေ ဆုံးရှုံးကြရတယ်။” တကယ်တော့ အလုပ်သမားတွေအနေနဲ့ ဆန္ဒပြပြီး တောင်းဆိုချက်အတော်များများကို တောင်းခဲ့ကြရာမှာ လုပ်အားခပြဿနာအပြင် တနေ့ ၁၂ နာရီကျော် ခိုင်းစေမှုတွေ၊ အလုပ်သမားတွေရသင့်တဲ့ လူမှုဖူလုံရေး ဥပဒေခံစားခွင့်အတိုင်း မရရှိတာတွေ၊ အလုပ်ရှင်တွေက လိုက်နာ ဆောင်ရွက်ပေးမှု မရှိတာတွေကြောင့်လို့ ဆိုပါတယ်။

“ဆိုလိုတာက စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေဘက်ကနေပြီးတော့ ဥပဒေနဲ့မညီညွတ်တာတွေ ဆောင်ရွက်နေ တာကို သိလျက်နဲ့ သက်ဆိုင်ရာ အလုပ်သမားရုံးက အရာရှိတွေက အချိန်မီ မဆောင်ရွက်ကြတာပေါ့။ အထူးသဖြင့် အလုပ်ရုံဥပဒေရှိတယ်။ အလုပ်တက်ရက်နဲ့ ခွင့်ရက် ဥပဒေတွေရှိတယ်။ နောက် လူမှုဖူလုံရေး ဥပဒေတွေရှိတယ်။ အဲဒီ ဥပဒေတွေက ကြာလှပြီပေါ့ဗျာ။ ၅၁ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ လူမှု ဖူလုံရေး ဥပဒေဆိုရင် ၅၄ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ အဲဒီဥပဒေတွေကို စက်ရုံတွေက မလိုက်နာ တာကို အလုပ်သမားရုံးက အရာရှိတွေက အရေးယူလို့ရတာပဲ။ အရေးမယူခဲ့ဘူး။ အထူးသဖြင့် ဒီကာလ မှာပေါ့ဗျာ။ အရေးယူတာမျိုးမရှိဘူး။ အရေးယူတာမရှိတဲ့အတွက် အလုပ်သမားတွေက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးကြရတာ။” အလားတူပဲ မန္တလေးတိုင်းက အောင်စိန် အထည်ဆိုးဆေးစက်ရုံမှာလည်း အလုပ်သမားခေါင်းဆောင် ၁၀ ဦး ဟာ အကြောင်းပြချက်မပေးဘဲ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာခံခဲ့ရပါတယ်။

အလုပ်သမား ဆန္ဒပြမှုတွေဖြစ်လာနေတာနဲ့ပတ်သက်လို့ လှုံ့ဆော်သူတွေကို အညှိုးထားပြီး အလုပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်တာဟာ အလုပ်ရှင်နဲ့အလုပ်သမားတွေကြား အမြဲလိုလို ကြုံနေရတာ လည်း ဖြစ်ပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ

နိုင်ငံခြား NGO အဖွဲ့တွေကနေ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဆူပူအကြမ်းဖက်မှုဘေးကနေ တိမ်းရှောင်လာတဲ့ ဒုက္ခသည်စခန်း (၇) ခုကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးခဲ့ပေမဲ့ စခန်းကြီးကြပ်သူတွေက လက်မခံဘူးလို့ ဆိုပါတယ်။ နိုင်ငံခြား NGO အဖွဲ့တွေဟာ ယခင်က ဘင်္ဂါလီ ဒုက္ခသည်တွေကိုသာ ကူညီခဲ့တဲ့အနေအထားကြောင့် အခုလို လာရောက်လှူဒါန်းတာဟာလည်း သံသယဖြစ်စရာအနေအထားမှာ ရှိနေတယ်လို့လည်း စခန်းကြီးကြပ်သူ သံဃာတော်တွေက ပြောပါတယ်။ ရခိုင်နိုင်ငံရေးပါတီကတော့ ဒုက္ခသည်တွေ အကူညီလိုအပ်နေတဲ့ကာလမှာ အခုလို အကူအညီ ပေးတာကို ငြင်းပယ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို နိုင်ငံခြား NGOအဖွဲ့တွေကနေ လာရောက် လှူဒါန်းတဲ့အကူအညီတွေကို လက်မခံ ငြင်းပယ်လိုက်တယ်လို့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရက မြွက်ကြားခဲ့ပါတယ်။ အခုလို NGO တွေကနေ ပေးအပ်တဲ့ အကူ အညီ ငြင်းပယ်ရတဲ့ဖြစ်စဉ်တွေကိုတော့ မောင်တေမြို့နယ် ဒုက္ခသည်စခန်းကြီးကြပ်သူ ဆရာတော်ဦးမဏိစာရက ဗွီအိုအေကို အခုလိုပြောပါတယ်။

“NGO အဖွဲ့အစည်းတွေက ဟိုတုန်းက လူသားချင်းစာနာထောက်ထားခြင်း လူမျိုး၊ ဘာသာမရွေး ကူညီပံ့ပိုးတယ်လို့ ပြောပါသော်လည်းပဲ ဒီဒေသမှာ ဘာတခုမှလည်း မရရှိခဲ့ပါဘူး။ သူတို့ ဘင်္ဂါလီတွေကိုပဲ ဆေးဝါးအခမဲ့၊ ပညာရေးအခမဲ့ ပေးဝေနေတယ်။ ဘယ်အဖွဲ့တွေလဲဆိုရင် မာတေဇာတို့၊ တခြားအဖွဲ့အစည်းတွေလည်း အများကြီးရှိမှာပါ။ နောက်ကွယ်မှာတော့ ဘင်္ဂါလီ ဦးစားပေးတဲ့အဖွဲ့လို့ပဲ မြင်ပါတယ်။ သူတို့ရဲ့ ပံ့ပိုးချင်တဲ့စိတ်ဟာ စေတနာက မှန်ရဲ့လား၊ သူတို့က ရိုးသားလို့လားလို့ မေးခွန်းထုတ်စရာဆိုတော့ ဦးဇင်းတို့က မလိုအပ်ဘူးထင်တယ်။”

ဇူလိုင် (၄) ရက်နေ့ ညနေပိုင်းလောက်မှာ မာတေဇာအပါအ၀င် တခြား NGO အဖွဲ့တွေကနေ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းစဉ်မှာ ခုလိုငြင်းပယ်ခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။ ဒီအခြေအနေနဲ့ပက်သက်လို့ မာတေဇောအပါအ၀င် NGO အဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။ မောင်တောမြို့နယ်မှာ ဒုက္ခသည်စခန်း (၇) ခုရှိပြီး လူဦးရေ (၄,၀၀၀) ကျော်ရှိနေပါတယ်။ အခုလိုနိုင်ငံခြား NGO အကူအညီကို အလိုတော်ပြည့်ကျောင်း ဆရာတော်ဦးမဏိစာရကနေ လက်မခံတဲ့အပေါ် စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရုံးက ဗဟိုကော်မီတီတဦးဖြစ်သူ ဦးစံကျော်လှက အခုလိုပြောပါတယ်။

“ဒီမှာက လူတွေက အကူညီလိုအပ်နေပါတယ်။ အဲဒီအကူအညီလိုအပ်နေတာကို အလိုတော်ပြည့် ဆရာတော်က လက်မခံလို့ဆိုတော့ သူတို့မှာရှိတဲ့ စခန်းကို လှူတာကို သူကလက်မခံဘူး။ အဲဒီလိုပြောကောင်းတော့ ပြောပါလိမ့်မယ်။ အဲဒီ NGO တွေက မူဆလင်ဘက်ကို အလေးသာတဲ့အတွက် အခု ရခိုင်ကိုပေးနေတဲ့အလှူကို လက်မခံဘူးဆိုတာ ဒါတော့ မဖြစ်သင့်တဲ့ကိစ္စပါ။” စစ်တွေမြို့နဲ့ မောင်တောမြို့တွေမှာ ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်ရှိပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီဒုက္ခသည်စခန်းတွေရဲ့ လက်ရှိအခြေအနေကို ဦးစံကျော်လှက အခုလိုပြောပြပါတယ်။

“အ၀တ်အစားနဲ့ပက်သက်ပြီး သိပ်အခက်အခဲမရှိကြတော့ဘူးဗျ။ ဒါပေမဲ့ အစားအသောက်တို့၊ အနေအထိုင်တို့၊ နောက် ခလေးတွေကျောင်းတက်ဖို့ဟာ ခလေးတွေ ကျောင်းလည်းမတက်ရဘူး ဖြစ်နေကြတယ်။” ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီနွယ်ဖွားတွေအကြား ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေမှာ ရှိနေပေမဲ့ အခုအခါမှာတော့ နယ်မြေအေးချမ်းတဲ့အသွင်ရှိလာပြီလို့ ဒုက္ခသည် အကူအညီပေးသူ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရ က ပြောပါတယ်။ “အေးချမ်းနေတဲ့အသွင်လို့ပဲ ပြောလို့ရပါတယ်။ အေးချမ်းနေတယ်ဆိုပေမဲ့လို့ လူသွားလူလာကတော့ ဈေးတွေဖွင့်တာတို့၊ ပုံမှန်အနေအားဖြင့် သွားလာ တာတို့ ဒါတွေကတော့ မရှိသေးပါဘူး။ တင်းမာနေတဲ့ အခြေအနေလားဆိုတော့ တင်းမာနေတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ အေးချမ်းနေတဲ့ ပုံစံမျိုးလို့ ပြောလို့ ရပါတယ်။”

ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂါလီလူမျိုးတွေအကြား လူမျိုးရေး အသွင်ဆောင်တဲ့ပဋိပက္ခနဲ့ ဆူပူအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စစ်တွေ၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်တော်မြို့ရွာတွေမှာရှိတဲ့ အိမ်ခြေပေါင်း (၃, ၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း (၈၀) ခန့် သေဆုံးသွားခဲ့ တယ်လို့ အစိုးရကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ

ယမန်နေ့က မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။ ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။

“ယာဉ်တန်းက ၁၀ စီးလောက်ပါမယ်။ UNICEF အပြာရောင်တီရှပ်တွေနဲ့ ဗမာ ဝန်ထမ်းတွေရော၊ နိုင်ငံခြား သားဝန်ထမ်းတွေရောပါတယ်။ အဖွဲ့ ၁၊ ၂၊ ၃၊ ဆိုပြီး UN အဖြူရောင်ကားတွေနဲ့ ရောက်လာပါတယ်။ မီဒီယာတွေနဲ့ တရုတ်အမျိုးသားတွေကို အများဆုံးတွေ့ရတယ်။ ဝင်လာမယ် ဆိုကတည်းက တစောင့်စောင့်နဲ့ စောင့်နေကြတဲ့ပရိတ်သတ်ကတော့ ရာကြီးပိုင်းလောက် ရှိတယ်။ ယာဉ်တန်းလည်း ဝင်လာရော နောက်ဆုံး ကားမှာပါတဲ့ ဂျက်ကီချဲန်းကိုလည်းတွေ့ရော အကုန်လုံး ပြုံပြီးတော့ လိုက် သွားကြတယ်။ ကျောင်းဝန်းထဲ အရှေ့ဘက်ထိပ်စည်းကို ရောက်သွားပြီးတော့ ဆရာတော်ကြီးလည်း ရှိပါတယ်။ ဆရာတော်ကြီးနဲ့ ကြိုပြီးတော့မှ အတွင်းပိုင်းထဲဝင်မယ့် အချိန်မှာ ဘေး နားမှာ ပရိတ်သတ်ကတော့ များနေတာပေါ့။ အုံနေတယ်ဆိုပေမယ့် မန္တလေးပရိတ်သတ်အနေနဲ့ ဆိုရင်တော့ အဲဒီလောက်အုံနေတာ များလှတယ် လို့တော့ မယူဆပါဘူး။

ဂျက်ကီချဲန်းဆိုတာက ကမ္ဘာကျော်အနုပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ ဗမာပရိတ်သတ် အများဆုံး ထိ တွေ့ခဲ့ရတဲ့ မင်းသားလည်းဖြစ်တယ်၊ အခုလို ကုလသမဂ္ဂ အစီအစဉ်နဲ့ လာတယ်၊ နောက်ပြီးတော့ ဂျက်ကီချဲန်းကိုယ်တိုင်ကလည်း ကလေး ပရိတ်သတ်က ချစ်ကြတယ်လေ၊ အဲဒါမျိုးဆိုတော့ အုံကြမှာပေါ့ဗျာ။ သို့သော် UNICEF တာဝန်ရှိတဲ့သူတွေက ဘာများစိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး။ မဆင်းနိုင်ဘူးဖြစ်နေတယ်။ ကလေးတွေက တန်းစီပြီးကြို နေပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ကို ကောင်းကောင်း နှုတ်မဆက် လိုက်ရ ပါဘူး။ သူက ထမင်းစားဆောင်အတွင်းထဲမှာပဲ ကလေးတွေနဲ့ နှုတ်ဆက်ဖို့အစီအစဉ်က လောလောဆယ် ယာယီရပ်ဆိုင်းသွားပြီးတော့ ကားပေါ်ကနေဆင်း၊ ဆင်းပြီး လက်ပြနှုတ်ဆက်ရင်းနဲ့ သူနဲ့ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန်ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်။ အားလုံးနဲ့တွေ့လိုက်ရတာ ဝမ်းသာအားရ၊ အထူးသဖြင့်တော့ တရုတ်အမျိုးသားတွေပဲ။ တရုတ်လိုတွေ အော်ကြ၊ နှုတ်ဆက်ကြတာဆိုတော့ ကျနော်တို့လည်း သိပ်မသိရဘူး။ ”

၅ စုတိုက်ဘုန်းကြီးကျောင်းမှာ စောင့်ရောက် ပညာသင်ပေးနေတဲ့ မိဘမဲ့ ကလေးပေါင်းက ၂၇၀ လောက် ရှိပါတယ်။ အဲဒီထဲက ကိုခင်မောင်လုံး က သူမျှော်လင့်သလို တရုတ်သိုင်းကား ဟာသ Action ကားတွေ ရိုက်တဲ့ မင်းသား Jakie Chan ကို အားရပါးရ မတွေ့ခဲ့ရလို့ စိတ်မကောင်း ပါဘူးတဲ့။

“တွေ့ချင်လွန်းလို့ ဒီမှာ မျက်ရည်တောင် ၀ဲနေတာဗျ။ မြင်ဖူးချင်ကြတာပေါ့။ တချို့ ကလေးတွေ က ကောင်းကောင်းလည်း မမြင်ရဘူး။ လူကြီးတွေတောင် ကောင်းကောင်းမှ မမြင်ရတာဗျာ။ သူလာမယ့် အချိန်ကို ကျနော်တို့ နာရီကြည့်ပြီး စောင့်ပြီး မျှော်လင့်နေကြတာ။ ဂျက်ကီချမ်းကို တော်တော် ကြိုက်ကြ တယ်။ တအားကြိုက်တာ၊ ဂျက်ကီချဲန်း ကားတွေကို။ သူ့ဇာတ်ကားဆို အလွတ် မရှိဘူးပေါ့ဗျာ။ အကုန်လုံး ကြည့်တာပေါ့။ မကြည့်ဖူးတဲ့ကား မရှိဘူး။ အကုန်ကြည့်ဖူးတယ်။ အဲဒီလိုပေါ့။ သူ့ကိုတွေ့ရင် ဒီလို သူ့ဇာတ်လမ်းတွေ ကောင်းတဲ့အကြောင်းတွေပေါ့၊ ဖိုက်တင်ခန်း ကောင်းတဲ့အကြောင်းလေးတွေ၊ သိုင်း ကျွမ်းကျင်တဲ့ အကြောင်းလေးတွေ ပြောမှာပေါ့ဗျာ။”

ရုပ်ရှင်မင်းသား Jakie Chan ရဲ့ ၃ ရက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကုန်ကူးရောင်းချခံခဲ့ရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ UNICEF အထောက်အပံ့ပေးထားတဲ့ နေရာတွေဆီကိုလည်း သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်။ ကလေးတွေ ရောင်းချခံရမှုကို အထိရောက်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကိုလည်း မန္တလေးမြို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့လဲ Jakie Chan တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး၊ ရာသက်ပန် ထိခိုက် မှုတွေ ရသွားစေတဲ့ ရာဇဝတ်မှုကြီးကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာပေါ်က ကလေးတွေ အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံကို မလာခင်မှာ Jakie Chan ကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ခုခံကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သင်ကြား ပြောပြမှာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက မပြန်ခင် July ၇ ရက် စနေနေ့မှာ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ UNICEF တာဝန် ရှိသူက ပြောပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ရှေ့ရှုပြီး အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ တဆင့်ချင်း လုပ်ဆောင်မှုတွေ ကြောင့် အားတက်မိပါတယ်” - လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ဇူလိုင်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။

“ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းနဲ့ စနစ်တကျ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်”- လို့ မစ္စတာကင်တားနားက ပြောပါတယ်။

မြန်မာအစိုးရက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အကျဉ်းသား ၄၆ ဦးကို လွှတ်ပေးခဲ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ပါဝင်ခဲ့ တာပါ။

ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မှတ်တမ်းကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် ပြည့်စုံတဲ့ စုံစမ်း စစ်ဆေးမှုတခု လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း မစ္စတာကင်တားနားက အလေးအနက်ပြောထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ သက်ဆိုင်သူအားလုံးနဲ့ အကြံယူ ညှိနှိုင်းဆောင်ရွက်ဖို့လည်း မစ္စတာကင်တားနား က မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

နေပြည်တော်က ဘုန်းကြီးကျောင်းတချို့ မီးရှို့ခံနေရ



လူသူလေးပါးကင်းရှင်းသော၊ မော်တော်ယာဉ် ဖြတ်သန်းမှု နည်းပါးသော နေပြည်တော် လမ်းမကြီးတစ်ခု။
ထပ်မံဖောက်လုပ်မည့် လမ်းတွင် ပိတ်ဆို့နေသည့် ဘုန်းကြီးကျောင်း ၅၀ ခန့်ရှိသည်ဟု ဆိုသည်။
(ဓာတ်ပုံ – မိုးမခ)

နေပြည်တော် စည်ပင်သာယာက ကျူးကျော် ဘုန်းကြီးကျောင်းတွေကို လျော်ကြေးယူ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် မလိုက်နာဘဲ မြေအစားတောင်းလို့ ဆိုပြီး မီးရှို့ပစ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်း သိရပါတယ်။

နေပြည်တော် မြို့ပတ်လမ်း ဖောက်လုပ်ဖို့အတွက် မလွတ်တဲ့ အဆောက်အဦတွေကို ဖျက်ဖို့ နေပြည်တော် စည်ပင်သာယာရဲ့ အမိန့်အရ ဖျက်ရမယ့် အဆောက်အဦတွေ ထဲမှာ ဘုန်းကြီးကျောင်း ၅၀ လောက် ပါဝင်ပါတယ်။

တချို့ ဘုန်းကြီးကျောင်းတွေက ပေးတဲ့ လျော်ကြေးငွေကို ယူပြီး ဖျက်ပစ်ဖို့ သဘောတူခဲ့ပေမဲ့ တချို့ကျောင်းတွေကတော့ ဖျက်လိုတဲ့ဆန္ဒ မရှိကြဘူးလို့ သိရပါတယ်။

မနေ့ကတော့ ဘုန်းကြီးကျောင်း ၂ ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

မီးရှို့ခံရတာဟာ နေပြည်တော်မှာ ဖြစ်တဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားသွားမယ်လို့ ဘုန်းကြီးတွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

မီးရှို့တာဟာ ပြစ်မှုမြောက်တဲ့ ကိစ္စရပ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေအတွက် တာဝန်ရှိတဲ့ နေပြည်တော်ကောင်စီ အတွင်းရေးမှူးကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

သာသနာရေး ဦးစီးဌာနက အရာရှိ တစ်ယောက်ကတော့ သာသနာ့မြေလို့ သတ်မှတ်ထားခြင်း မရှိတဲ့ ကျူးကျော် ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း တဲကျောင်းတွေကို ဖယ်ရှားခိုင်းတယ်လို့ သိရကြောင်း ဘီဘီစီကို ပြောပါတယ်။

မူရင်းသတင်းက ဒီမှာပါ။