Saturday, June 30, 2012
Google ၏ အင်တာနက် မျက်မှန် လာတော့မည်
Google ကုမ္ပဏီမှ ထုတ်လုပ်မည့် အင်တာနက်မျက်မှန်ကို သာမန်ပြည်သူများ အကြားတွင် သုံးစွဲနိုင်ရန် အတွက် နောက်ထပ် ၂ နှစ်ခန့်သာစောင့်မျှော်ရတော့မည်ဖြစ်သည်။ Google ထူထောင်သူ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည့် Sergey Brin မှ ယခုလို ခန့်မှန်းချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိ အနေဖြင့် ယခု တီထွင်မှုမှာ အလုပ်ဖြစ်သည်ကို တွေ့ရသည့် အတွက် ဝမ်းသာပါကြောင်းနှင့် လေထီး အလွတ် ခုန်သူများမှ Google ၏ အင်တာနက် မျက်မှန်ကို စမ်းသပ် တပ်ဆင်ပြ အပြီး ၎င်းတို့၏ ခုန်ချမှု ဖြစ်စဉ်ကို Live Stream ဗွီဒီယိုဖြင့် ပြသနိုင်ခဲ့ ပြီး ယခုလို လုပ်နိုင်ခဲ့လိမ့်မည်ဟု မျှော်လင့် မထားမိပါကြောင်းလည်း ၎င်းမှ ပြောကြား သွားခဲ့သည်။
ယခုလို လေထီး အလွတ်ခုန်သူများမှ တစ်ဆင့် စက်ဘီးသမားကို ပေးသည့် ပုံများအပြင် နောက်ထပ် စက်ဘီး စတန့်များကိုလည်း အဆိုပါ Live Stream ပြသမှုမှ တစ်ဆင့် ကြည့်ရှု့နိုင်ခဲ့ကာ နောက်ဆုံးတွင် အဆိုပါ မျက်မှန်မှာ ကယ်လီဖိုးနီးယားရှိ နှစ်စဉ် developer ကွန်ဖရင့် ပွဲသို့ ရောက်လာခဲ့ပြီး Brian နှင့် အခြားသော သူများ၏ ရှင်းလင်းပွဲသို့ ရောက်လာသည့် ပုံစံဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။
ယခုပွဲတွင် ပြသခဲ့သည့် မျက်မှန်မှာ Explorer ဟု အမည်ပေးထားပြီး developer များ အနေဖြင့် ဒေါ်လာ ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ကာ သုံးစွဲခွင့် ရရှိနိုင်ကြောင်းလည်း သိရသည်။ ယခုလို တိုက်ရိုက် ပုံရိပ်များကို Google ၏ လူမှုကွန်ရက် ဝက်ဆိုက်တွင် ကြည့်ရှု့နိုင်မည် လည်း ဖြစ်သည်။
မူရင်းသတင်းက ဒီမှာပါ။
မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
လူတစ် ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကို တရုတ်-မြန်မာနှစ် ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် “အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ”ဟူသော သတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။
အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င် ရောက်လာတော့မည် အချိန်တွင် နိုင်ငံခြားသား၊ လူမျိုးခြားများလည်း အလုံးအရင်းဖြင့်ရောက် ရှိလာတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပွင့် လန်းလာမည်ဖြစ်သလို လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း ကြုံတွေ့လာတော့မည် ဖြစ်သည်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအနေဖြင့် နိုင်ငံခြားသား၊ လူမျိုးခြားများနှင့် လုပ်ငန်းသဘောအရသော်လည်း ကောင်း၊ လူမှုရေးအရသော် လည်းကောင်း ထိတွေ့ဆက်ဆံရာမှ ချစ်ကြိုက်ခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း အခြေအနေသို့ ရောက်ရှိသွားပါက ဥပဒေအကြောင်းအရ ကာကွယ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လေ့လာသိရှိထားသင့်ကြောင်း ဥပဒေ ပညာရှင်အချို့က ဆိုသည်။
၁၉၅၄ ခုနှစ် “ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေအရ” နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို သတ် မှတ်ပြဋ္ဌာန်းပေးထားသည်။
ထို ဥပဒေနောက်ပိုင်း ယင်းနှင့်ပတ်သက်၍ ဥပဒေထပ်မံ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ခြင်း မရှိပေ။ ထိုဥပဒေတွင် “တရား ဥပဒေကဲ့သို့ အာဏာရှိသော ဘာ သာရေးဓလေ့ထုံးစံ တစ်ခုခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက် ရောက်စေသည့် တရားဥပဒေတစ် ခုခုကဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဦးအား ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့်အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် ကွာ ရှင်းနိုင်သည်။
ထိုအကြောင်းကြောင့် ထို ယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင် သို့တည်းမဟုတ် စွန့်ခွာ လျှင် သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်ဖြစ်စေ၊ မရောက် သည်ဖြစ်စေ၊ ရက်စက်သည့် အပြု အမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလျှင် အဆိုပါ ဓလေ့ထုံးစံက သို့ တည်းမဟုတ် တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ
(က)ထို ယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစု ကို စွန့်လွှတ်ရမည်အပြင် ဗုဒ္ဓဘာသာဝင် မိန်းမအား လျော်ကြေးပေးရမည်။
(ခ)ဗုဒ္ဓဘာသာဝင် မိန်းမသည် သားသမီးအားလုံး ထိန်း သိမ်းခွင့်ကို ရရှိရမည်။
(ဂ)ထို့ပြင် ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ်ပေးရမည်”ဟု ပြဋ္ဌာန်းထားသည်။
“မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ် နေတာက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာ သာဝင် မိန်းမများ ထိမ်းမြားမှု ဥပဒေအရ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် မနစ်နာအောင်လို့ ဥပဒေ ပြဋ္ဌာန်းပြီးပြီ။ စီရင်ထုံးတွေလည်း ထွက်ထားပြီ။ ဒါပေမဲ့ နောက်ပိုင်း မှာကျတော့ သက်ဆိုင်ရာလူကြီးတွေက ဒီဥပဒေထုတ်ပြန်ထားတာရှိရဲ့သားနဲ့ ဒီဥပဒေကို မဖျက် သိမ်း၊ မပယ်ဖျက်ဘဲနဲ့ ညွှန်ကြားချက်တွေနဲ့ လက်မထပ်ရဘူးလို့ တားမြစ်ထားတယ်။ ဥပဒေအရ လက်ထပ်လို့ရတယ်။ လက်ထပ်ရင် ဒါတွေဆောင်ရွက်ဖို့ ပြဋ္ဌာန်း ထားတယ်။ နောက်တစ်ခါ ညွှန်ကြားချက်က ဥပဒေကို လွှမ်းမိုးနေတယ်။ ဒါတော့ မဖြစ်သင့်ဘူး။ ညွှန်ကြားချက်ကြီးကို ဖျက်သိမ်း သင့်ပါပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုပြီး ဒါကြီးက ရှိနေတယ်။ မြန်မာမိန်းကလေးတွေအတွက် နစ်နာနေတယ်။ လက်ထပ်လို့ မရတဲ့အတွက် အလွယ်လိုက်သွားကြတယ်။ ကိုယ့်ဘာသာကို စွန့်လွှတ်သွားကြတယ်။ တခြားဘာသာကို ကူးပြောင်းသွား ကြတယ်။ နိုင်ငံခြား သားနဲ့ လက်မထပ် ရဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့် ခိုးကြောင် ခိုးဝှက်နဲ့ ဖြစ်သွားကြ တယ်။ မိန်းကလေးတွေရဲ့ အခွင့်အ လမ်းဆုံးရှုံးသလို လူမျိုးရေးပါ နစ်နာနေတယ်” ဟု စာရေးဆရာရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော သည်။
၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ မြန်မာနိုင်ငံသားအမျိုးသမီးများကို နိုင်ငံခြားသားနှင့် ထိမ်း မြားလက်ထပ်သည့် ဥပဒေပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတော်တရားရုံးချုပ်၏ ၁၉၉၈ ခုနှစ် ဇူလိုင် ၁ ရက် နေ့စွဲပါ ညွှန်ကြား ချက်အမှတ် ၂/၉၈ နှင့် ပြည် ထောင်စုမြန်မာနိုင်ငံတော် ရှေ့နေချုပ်ရုံး ၁၉၉၈ ခုနှစ် ဇူလိုင် ၂ ရက် နေ့စွဲပါ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာအမှတ် ၁/၉၈ တို့ဖြင့် မြန်မာနိုင်ငံသား အမျိုးသမီးများကို မည်သည့်နိုင်ငံခြားသား နှင့် မျှ ထိမ်းမြားလက်ထပ်ပေးခြင်း မပြုလုပ်ရန် ဥပဒေအရာရှိ အဆင့်ဆင့်တို့ကို ညွှန်ကြားချက်များ ထုတ် ပြန်ထားခြင်းဖြစ်သည်။
“ဒီညွှန်ကြားချက်တွေ ဖျက်သိမ်းသင့်တယ်။ ညွှန်ကြားချက်ကို တည်စေချင်ရင် ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းပါ။ မြန်မာမိန်းကလေးတွေ မထိခိုက်၊ မနစ်နာ မဆုံးရှုံးရအောင် ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေပြဋ္ဌာန်းသင့်တယ်”ဟု ဦးခင်ဇော်က ဆို သည်။
ညွှန်ကြားချက်အရ မြန်မာမိန်းကလေးများသည် နိုင်ငံခြားသား၊ လူမျိုးခြားနှင့် တရားဝင် ထိမ်းမြားလက်ထပ်ခွင့် မရှိသော ကြောင့် အိမ်ထောင်ဖက် အမျိုး သမီးတစ်ဦးအနေဖြင့် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ ဆုံးရှုံးနေမှုများရှိ နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြား အတူ နေထိုင်ပြီးနောက် လူမှုရေးပြဿ နာတစ်စုံတစ်ရာ ပေါ်ပေါက်၍ အိမ်ထောင်ဖက်အဖြစ်မှ စွန့်ခွာရန် စီစဉ်လာချိန်တွင် မြန်မာမိန်း ကလေးများ ထိခိုက်နစ်နာသော အခြေအနေများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ငွေကြေးအထောက်အပံ့ရရှိလိုသော ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ချစ်ကြိုက်စုံမက်၍ သော်လည်းကောင်း၊ နိုင်ငံခြားသား၊ လူမျိုးခြားနှင့်ထိမ်းမြားလက်ထပ်ရန် ရည်မှန်းထားသော မိန်းကလေးများအနေ ဖြင့် မိမိအခွင့်အရေး ဆုံးရှုံးမှုများကိုသတိပြုသင့်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဒွဲဘူကဆိုသည်။
“သူတို့နိုင်ငံသားတွေက ဒီမှာခဏတဖြုတ် အလုပ်လာလုပ်တာလေ။ တချို့လည်းပါသွားတာ တွေ ရှိတာပေါ့။ အခုလည်း တရား ရုံးတွေမှာ နိုင်ငံခြားသားနဲ့လက် ထပ်ဖို့ ကန့်သတ်ထားတယ်ပေါ့ နော်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေက လည်း ဒီကိစ္စတွေကို လွှမ်းမိုးမှာမဟုတ်ဘူး။ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသားနဲ့လက်ထပ်ပြီး ဒုက္ခရောက်သွားကြတာတွေ ရှိ တယ်။ အဲ့ဒါကြောင့် ကာကွယ်ဖို့ လုပ်ထားတာပါ။ အမျိုးသမီးတွေ အနေနဲ့ ငွေကြောင့်သော်လည်း ကောင်း၊ ချစ်ကြိုက်လို့သော်လည်းကောင်း၊ ယူမိရင်လည်း တရားဝင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုတရားမ၀င် ဘဲနဲ့ သွားပြီးပတ်သက်တယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေးတွေ အကုန်ဆုံးရှုံးမှာပဲ။ ဘာပဲပြောပြော အမျိုးသမီးတွေဘက်က သတိထား ရှောင်ရှားသင့်တယ်”ဟု ၎င်းက ပြောသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားများအနေဖြင့် နိုင်ငံ ခြားသူနှင့် တရားဝင်လက်ထပ်ထိမ်းမြားခွင့် ရှိပြီး သီးခြားဥပဒေနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း မရှိပါ။လက်ရှိချိန်တွင် ကြုံတွေ့နေရသော အခြေအနေမှာ နိုင်ငံခြားသား၊ လူမျိုးခြားအချို့သည် မြန်မာ မိန်းကလေးများကို ထိမ်းမြားလက်ထပ်၍ ပြည်တွင်းရှိ စီးပွားရေးရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အမည် ခံလုပ်ငန်း လုပ်ကိုင်စေခြင်းများရှိ နေခြင်းဖြစ်သည်။ မြန်မာမိန်းက လေးများကို ငွေကြေးနှင့် အခြား ထောက်ပံ့မှုများပေးကာ အယုံ သွင်း၍ နာမည်ခံစီးပွားရေးများ လုပ်ကိုင်စေပြီး ၎င်းတို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေခြင်း ဖြစ်သည်။
အတူ နေထိုင်ပေါင်းသင်းကာ စီးပွားရေးလုပ်ငန်းများကို နာမည်ခံလုပ်ကိုင်စေပြီးနောက် ၎င်းတို့လိုအပ်မှု မရှိတော့ချိန်တွင် မြန်မာမိန်းကလေးများကို နစ်နာကြေးပေး၍ စွန့်ခွာမှုများကို နိုင်ငံခြားသားများက ပြုလုပ်လေ့ရှိ ကြောင်း လူမှုရေးပြဿနာများကို တိုင်ပင်ဆွေးနွေးနေသော ဒေါက် တာယတြာဒေ၀ီကဆိုသည်။
“အစ်မဆီကို လာတဲ့တစ်ယောက်ဆိုရင် ကုမ္ပဏီတစ်ခုမှာ စကားပြန်အနေနဲ့လုပ်ရင်း သူ ဌေးနဲ့ပတ်သက်လိုက်တယ်။ သူ့ကို FMI မှာ အိမ်ငှားထားတယ်။ ဒါပေမဲ့ သူကငှားထားတာကို မသိ ဘူး။ ၀ယ်ပေးထားတယ်ထင်နေ တယ်။ စီးပွားရေးလာလုပ်တာပြန်ရင် အကုန်လုံးပေးထားခဲ့မှာပေါ့။ နောက်ပြန်သွားပြီး မဆက်သွယ် တော့ဘူး။ ဟိုမှာကလည်း မယားကြီးရှိနေတယ်။ နောက်တော့ သူ က မလာဘဲ သူ့ညီကနေတစ်ဆင့် ကွာရှင်း စာချုပ်ရယ်၊ နစ်နာကြေး ကျပ်သိန်း ၇၀ ပေးတယ်။ လက် ထပ်စာချုပ် ချုပ်ထားပြီး အမည်ခံလုပ်ငန်းတွေ အများကြီးလုပ် ထားတာကိုး။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ပစ္စည်းတွေနဲ့ ဘာ မှမဆိုင်ဘူးဆိုတာ လက်မှတ်ထိုး ရင် သိန်း ၇၀ ပေးမယ်ပေါ့။ သူ ကိုယ်တိုင်မလာဘူးနော်။ သူ့ညီနဲ့ ရှေ့နေကို လွှတ်လိုက်တာ။ အစ်မ ဆီကို ရောက်လာတဲ့အချိန်မှာ သူ ကဘာပြောလဲဆိုတော့ ကျွန်မ လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့။
သူပြန်သွားပြီး ခြောက်လကြာတဲ့ အချိန်မှာ တစ်ပြားတစ်ချပ်မှ မ ပေးတဲ့အတွက် အိမ်ငှားကလည်း ဆင်းရတော့မယ်။ အိမ်ထပ်ငှားဖို့လည်း ပိုက်ဆံမရှိဘူး။ အကျပ် ရိုက်အောင် လုပ်ထားတာပေါ့။ အချိန်တန် သူတို့ပြန်တဲ့အခါထားသွားကြတာပဲ။ သူတို့နဲ့ မပတ်သက်တော့တဲ့ အချိန်ကျရင်တော့ ဘာမှတာဝန်မယူတော့ဘူး”ဟု ၎င်းကပြောသည်။ ထိုသို့ထားခဲ့သော လုပ်ငန်းရှင်မှာ တရုတ်နိုင်ငံသားဖြစ်သည်။
နိုင်ငံရပ်ခြားနှင့် သွားလာ ဆက်ဆံရမှုမြင့်တက်လာခြင်းနှင့် အတူ ယဉ်ကျေးမှုများ ကူးလူးဆက်နွှယ်မှု ကြီးထွားလာခြင်းတို့ သည် ဗုဒ္ဓဘာသာဝင် မြန်မာမိန်း ကလေးများ၏ အိမ်ထောင်ဖက်ရွေးချယ်မှုကို သက်ရောက်မှုများ ဖြစ်ပေါ်နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မိန်း ကလေးများအနေဖြင့် ခေတ်စနစ် ဖြစ်ပေါ်နေမှု၊ ဥပဒေကြောင်း ဖြစ်တည်မှုတို့ကို သိရှိနေရမည်ဖြစ် သလို ယင်းမိန်းကလေးများအ တွက် နိုင်ငံတော်မှ ဥပဒေကြောင်း အရ ကာကွယ်ပေးထားခြင်း၊ မိဘအုပ်ထိန်းသူများ၏ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် လူမှုအသိုင်းအ၀ိုင်း၏ ဂရုပြုစောင့်ကြည့်မှုများလည်း လိုအပ်နေသည်။
“နိုင်ငံခြားသားနဲ့ လက်ထပ်ပေါင်းသင်းခြင်းအကြောင်းကို ပြောကြမယ်ဆိုရင် နိုင်ငံခြားသားဆိုတဲ့အနက် အဓိပ္ပာယ်ကို ဖွင့်ရမယ်။ ပြီးရင် လက်ထပ်ပေါင်းသင်းခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းရင်းကို ခွဲခြမ်းစိတ် ဖြာရပါမယ်။ နိုင်ငံခြားသားဆိုရင် အများက မျက်နှာဖြူနဲ့ ခေါင်းရှည်ကိုပဲ မြင်ပါလိမ့်မယ်။ တကယ် တော့ နိုင်ငံခြားသားဆိုတာ ကိုယ့်မြန်မာနိုင်ငံသား မဟုတ်သူအားလုံးက နိုင်ငံခြားသားဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်လိုနိုင်ငံခြားသားက ပိုများပြီး ထပ်လာဖို့ရှိတဲ့ သူတွေထဲမှာလည်း ဘယ်လိုနိုင်ငံ ခြားသားက ပိုများနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ အိမ် ထောင်တစ်ခုကို တည်ဆောက်တဲ့ အခါမှာ Motive (အကြောင်းရင်း) နှစ်မျိုးတော့ အနည်းဆုံးရှိမှာပေါ့။ တစ်မျိုးက ချစ်ခင်စုံမက်လို့ ဘ၀ချင်းပေါင်းစပ်ဖို့ ရည်ရွယ်ချက်နဲ့၊ နောက်တစ်မျိုးက စီးပွားရေးကြောင့် အားကိုးရှာတဲ့အနေနဲ့ ကိုယ့်ကို ထောက်ပံ့နိုင်တဲ့သူကို လက်ထပ်တာရှိနိုင်ပါတယ်။
အန်တီ့အနေနဲ့ကတော့ မြန်မာအမျိုး သမီးတွေ နိုင်ငံခြားသားနဲ့ လက် ထပ်ထိမ်းမြားမယ်ဆိုရင် မေတ္တာနဲ့အရင်းခံတာလား၊ တစ်ဘ၀လုံး အတွက် ပျော်ရွှင်မှုပေးနိုင်မလား ဆိုတာကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်” ဟု အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်သော ဒေါ်ရှယ်လီနန်းဟွမ်လိတ်ကဆိုသည်။
Myanmar Express

နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိ
နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အသိပေးအကြောင်းကြားထားခြင်း သတင်းထုတ်ပြန်ချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁)၊ ပုဒ်မ ၂ တွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) "ဟု ပြဌာန်း ထားပါသည်။
နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၅(ခ)တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲ ဥပေဒများကို လေးစားလိုက်နာ ရမည်ဟု ပြဌာန်းထားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ) ပါ"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး" ဆိုသည့်အချက်ကို ပါတီမှတ်ပုံတင် လျှောက်ထားစဉ်ကပင် ဝန်ခံချက် ပြ။ုထားပြီး ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ၁-၆-၂၀၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုသွားကြောင်း မီဒီယာများမှ တွေ့မြင် ကြားသိရပါသည်။
နိုင်ငံတော် အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) " ဟု ပြဌာန်းထားပြီး ဖြစ်၍ Burma ဟု သုံးနှုန်း ပြောဆိုခွင့် မရှိပါ။ နိုင်ငံတော်၏ အမည်ကို ရေးသားရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (The Republic of the Union of Myanmar) " ဟု အသုံပြုကြရန်နှင့် ပြောဆိုရာတွင် မြန်မာ(Myanmar) ဟုသာ သုံးနှုန်း ပြောဆိုသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။
သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ဥရောပ ခရီးစဉ်အတွင်း မိန့်ခွန်းများ ပြောကြားရာ၌လည်း မြန်မာနိုင်ငံကို Burma ဟုသာ သုံးနှုန်း ပြောဆိုနေကြောင်း မီဒီယာများမှ ကြားသိရပြန်ပါသည်။
သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဌ)နှင့်အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သို့ ၂၈-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် နိုင်ငံတော်၏ အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း သုံးနှုန်း ရေးသား/ပြောဆိုရန် ထပ်မံအသိပေး အကြောင်းကြား လိုက်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

အိန္ဒိယဘဏ် လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေ
အိန္ဒိယနိုင်ငံမှ United Bank of India ဘဏ်ရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အတည်ပြုလိုက်ပြီလို့ အိန္ဒိယသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဗဟိုဘဏ်က ဖွင့်ခွင့်လိုင်စင် ပေးပြီးသွားပြီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို လျှောက်လွှာ မတင်ရသေးဘူး၊ မြန်မာပြည်ရဲ့ Process က အခုနောက်ပိုင်း မြန်လာပြီ၊ အိန္ဒိယဘဏ်ဘက်က ဘယ်အချိန်စမလဲသာ မသိသေးတာ” လို့ အိန္ဒိယသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါဟာ အိန္ဒိယဘဏ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဘဏ်ခွဲဖွင့်လှစ်ခွင့်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
CDMA 450 /GSM မိုဘိုင်းလ်ဖုန်းများအား လက်ရှိ Post Paid စနစ်မှ Prepaid စနစ်ဖြင့် ပြောင်းလဲဝန်ဆောင်မှုပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိ Post Paid စနစ်ဖြင့် ဖုန်းပြောဆိုခငွေ ပေးသွင်းလျက်ရှိသော CDMA 450 စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်းများနှင့် GSM စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်းများအား တယ်လီဖုန်းပြောဆိုခ ပေးသွင်းရမှု ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ (၁-၇-၂၀၁၂) ရက်နေ့တွင် Prepaid (ငွေဖြည့်ကတ်) စနစ်သို့ပြောင်း လဲဝန်ဆောင်မှုပေးမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ အထက်ဖော်ပြပါ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ပေးရာတွင် ပြောဆိုသုံးစွဲသူများအနေဖြင့် Prepaid စနစ်ပြောင်းလဲမှုကြောင့် ဆက်သွယ်ခေါ်ဆိုမှု ပြတ်တောက်ခြင်းမရှိစေရန်အတွက် ငွေကျပ် ၁၀၀၀/ိ-(ကျပ်တစ်ထောင်တိတိ) အားမြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ကြိုတင်ဖြည့်တင်းပေးထားမည်ဖြစ်ပါသည်။
အဆိုပါ Prepaid စနစ်ပြောင်းလဲပြီးသော CDMA450/ GSM စနစ်သုံး မိုဘိုင်းလ်တယ်လီဖုန်း ပြောဆိုသုံးစွဲသူများအနေဖြင့် (၁-၇-၂၀၁၂) ရက်နေ့မှ စတင်၍ ကြိုတင်ငွေဖြည့်ကတ် (Prepaid Topup Card) များဖြင့် ငွေဖြည့်သုံးစွဲသွားရန် ဖြစ်ပါသည်။
ထိုသို့ ပြောင်းလဲသုံးစွဲခြင်းကြောင့် သုံးစွဲနေသည့် မူလဖုန်းနံပါတ်များမှာ နဂိုအတိုင်းရှိမည်ဖြစ်ပြီး ဖုန်းနံပါတ် ပြောင်းလဲမည် မဟုတ်ပါ။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှုရယူသည့် CDMA 450/ GSM မိုဘိုင်းလ် တယ်လီဖုန်းများအနေဖြင့် ယခင် Post Paid စနစ်အဖြစ် သုံးစွဲစဉ်ကာလထိ ပြောဆိုထားသည့် ဖုန်းပြောဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရပါမည်။
ကြိုတင်ငွေဖြည့်စနစ် Prepaid စနစ်စတင် အသုံးပြုသည့် နေတွင်ပြောဆိုခ ပေးသွင်းထားသည့် ပိုငွေရှိပါက ၎င်းပိုငွေအား Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည်ဖြစ်ပါသည်။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ပေးခြင်းနှင့် ပတ်သက်၍ Call Center ဖုန်းနံပါတ် 1876 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးဖို့ ပါတယ်ဆိုတော့... အဲဒီတုန်းက ကျမဒေါ်စုလေရယ်မိပါတယ်
ဒါတွေကို နိုင်ငံတကာကသိဖို့လည်းမလိုပါဘူး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား ပြည်သူလူထု အတွက် ကိုယ့်အလုပ်ကို လုပ်နေဖို့က အရေးကြီးတာပါ။ ဒီနေရာမှာ အခုလက်ရှိ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုယူဖို့ ကျွန်တော်တို့ဆီရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှိုင်းယှဉ်ကြည့်ရအောင်…။
ကျွန်တော်သိသလောက်ဆိုရင် - ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၇ မှာ အမေနေမကောင်းလို့ဆိုပြီး မြန်မာပြည်ပြန်သွားပါတယ်။ ဟိုရောက်တော့ နိုင်ငံကဆူဆူပူပူဖြစ်တဲ့အချိန်မှာ နိုင်ငံရေးစင်မြင့်ပေါ်ကို ဘာရည်ရွယ်ချက်၊ ခံယူချက်မှမရှိဘဲနဲ့ ရောင်လည်လည်နဲ့ရောက်လာခဲ့တယ်။ လူထုကလည်း ချက်ချင်းလက်ငင်း လူသိများနိုင်တဲ့ လူတစ်ယောက်ကို အရေးပေါ်လိုအပ်နေတော့ တစ်ချိန်ကနိုင်ငံရဲ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီး သူ့ကိုဝိုင်းမြှောက်ပြီး စင်ပေါ်တွန်းတင်ပေးခဲ့ကြတယ်။ ၈၈ ကျောင်းသားတွေရဲ့ ရှေ့မှာ ပြည်ပြေးစိန်ဝင်းတို့အလိုကြ စာတွေဖတ်ပြရတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်နဲ့ လူသိများတဲ့ သူ့သမီးကို ခုတုံးလုပ်ပြီး အသုံးချခံခဲ့ရတာပါ။ သူမကလည်း နိုင်ငံရပ်ခြားမှာ ကျောင်းတက်၊ လင်ယူသားမွေးအလုပ်ကိုသာ လုပ်နေခဲ့ပြီး အခုမှနိုင်ငံကို ပြန်ရောက်လာတာကို။ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအကြောင်းမပြောနဲ့၊ ကိုယ့်အိမ်ကိုတောင် သူများလိုက်ပို့မှ ပြန်တတ်ခဲ့တာပါ။
၈၈ အရေးအခင်းကာလမှာလည်း ငြိမ်းချမ်းရေး အတွက်၊ တိုင်းပြည်လူမျိုးအတွက် ဘာမှတိတိပပ လုပ်ခဲ့တာ မတွေ့ရပါဘူး၊ သူလုပ်မှ၊ သူပြောမှပိုပြီး ဆူပူအကြမ်းဖက် မှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့် နေအိမ်အကျယ်ချုပ် ထားပြီး ထိမ်းသိမ်းခံခဲ့ရတယ်။ တိုင်းပြည်အေးချမ်းပြီး တည်ငြိမ်လာတော့သူ့ကို ပြန်ပြီးလွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် လည်း သူ့ရဲ့အမူအကျင့်ကတော့ မတည်ငြိမ်နိုင်သေးပါဘူး၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်၊ သူသွားလေရာဆူပူအုံကြွမှုတွေဖြစ်အောင် သွေးထိုး/သွေးခွဲ စကားလုံးတွေကိုပဲ အမြဲစဉ်းစားနေတယ်လို့တောင် ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ပြန်လွှတ်လွှတ်ချင်းမှာပဲ အဲဒီစကားလုံး တွေနဲ့ သွားလေရာပြောဆိုနေတော့ လူထုကို ထိမ်းမနိုင်၊သိမ်းမရဘဲ ဒီပဲယင်းအရေးအခင်း ပေါ်ပေါက်လာခဲ့ပြီး သူ့အသက်အန္တရာယ်ကိုတောင်စိတ်မချရလို့ ဘယ်မှသွားခွင့်မပြုတော့ဘဲ နေအိမ်အကျုယ်ချုပ်နဲ့ပြန်ထားခဲ့ပါတယ်။ အဲဒါတွေက ကျွန်တော်မှတ်မိနေတဲ့ သူ့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုတွေပါ။
သူ့ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးချိန်၊ ယူတဲ့အချိန်တွေဟာ ကျွန်တော်တို့တိုင်းပြည်ကတော့ ဆူပူအုံကြွမှုတွေကို ခါးစည်းခံရတာဟာ တိုက်ဆိုင်မှုပဲလား၊ တိုင်းပြည်``ခိုက်``တာလားဆိုတာ စဉ်းစားစရာပါပဲ။ အခုလည်း သူ့ယောက်ျားနဲ့ သူ့သားတွေ ယူပြီးသား နိုဘယ်လ်ဆုကို နောက်တစ်ကြိမ်ထပ်ပြီးယူနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်နေတာကတော့ တော်တော်ကြီးကို တိုက်ဆိုင်လွန်းလှပါတယ်။ သူ - မြန်မာနိုင်ငံမှာရှိနေတဲ့ ကာလတလျှောက်လုံး ကျွန်တော်တို့နိုင်ငံနဲ့ တိုင်းရင်းသားတွေ အမိုက်မှောင် ကာလတွေကို ခါးစည်းပြီးခံခဲ့ကြရတာပါ၊ ကိုယ့်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်အရေးယူမှုတွေ တိုးသည်ထက်တိုးလာအောင်၊ ကြာသည်ထက်ကြာလာအောင် အမျိုးမျိုးဒုက္ခပေးခဲ့တာပါ၊
စစ်အစိုးရခေတ်ကလည်း စစ်အစိုးရမို့လို့။ ထိပ်တိုက်ရင်ဆိုင်ရေးတွေဖြစ်အောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်ပဲ အနောက်နိုင်ငံတွေက မြှောက်ထိုးပင့်ကော်လုပ်ခဲ့တာကို အခုချိန်ထိအမှတ်မရှိသေးပါဘူး။ အခုလည်း အစိုးရသစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရေး တွေဖြစ်အောင် အနောက်နိုင်ငံကြီးတွေအားလုံးက ဟန်ချက်ညီညီနဲ့ လုပ်ဆောင်နေတာကို သတိပြုသင့်ပါပြီ။ သမ္မတကြီး ဦးသိန်းစိန်ကို မြစ်ဆုံကိစ္စတို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စဆိုတာတွေက ဒီမိုကရေစီ လမ်းကြောင်းကို ရဲရဲကြီးလှမ်းနေတဲ့၊ အတင့်ရဲလွန်းတဲ့အနေအထားမို့လို့သာ ထိပ်တိုက်ရင်ဆိုင်ရေးတွေ၊ ဆူပူမှုတွေဖြစ်မလာဘဲ အေးအေးဆေးဆေးဖြစ်နေတာပါ၊
တစ်ဘက်တင်း၊ တစ်ဘက်လျော့မို့လို့ပါ၊ နှစ်ဘက်စလုံးက တင်းလိုက်ရင်တော့ ပြတ်သွား တော့မှာကို ကြိုမြင်နေမိပါတယ်။ ဒီလိုမျိုးတွေ အလျှော့ပေးပြီးလိုက်လျောနေတာကို ထပ်ပြီး ကြိုးတင်းလာပြန်တယ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကိုယ်တိုင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့အတွက် အစိုးရသစ်ကို နည်းမျိုးစုံဖြင့် ဖိအားတွေပေးလာ ခဲ့ပါတယ်။ အခုဆိုရင် ပြည်သူ့လွှတ်တော်အမတ်တစ်ယောက်တောင် ဖြစ်နေပါပြီ။
ဒါကလည်း ခေါင်းကလေးအရင်ဝင်ပါရစေ၊ ပြီးတော့မှ တကိုယ်လုံးဝင်တော့မယ့်ပုံစံပေါ့ဗျာ။ ပြည်သူလူထုအရေးအတွက်လည်း လွှတ်တော်ထဲကနေ ဒီမိုကရေစီနည်းလမ်းကျကျ တိုင်းသိပြည်သိ အကျိုးအကြာင်း ခိုင်ခိုင်လုံလုံနဲ့ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို တောင်းဆိုလို့ရနေပါပြီ။ အဲဒီလောက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်နဲ့ ပြေလည်နေတာကိုလည်း အနောက်နိုင်ငံတွေက မကျေနပ်ကြသေးပါဘူး၊ အခုလောလောဆယ်ကိုပဲကြည့်ပါ၊ သူတို့နိုင်ငံတွေကိုခေါ်ပြီး ဆုတွေပေး၊ ထောက်ပံ့ကြေး တွေပေး၊ ဂုဏ်ထူးဆောင်ဘွဲ့တွေပေး၊ ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့်တွေပေးနဲ့ သူတို့နိုင်ငံအတွက် တကယ့် ဧည့်သည်တစ်ယောက်ပမာ၊ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပမာ ကြိုဆိုကြ၊ ဂုဏ်ပြုကြနဲ့ သူတို့အပြုံးတွေရဲ့ နောက်ကွယ်က အကြံအစည်တွေကို ဒေါ်အောင်ဆန်းစုကြည်တော့မသိဘူး၊ ကျွန်တော်တို့ကတော့ သိနေပါတယ်။
၈၈ တုန်းက အသုံးချခံရသလိုမျိုး၊ စင်ပေါ်တင်ပေးသလိုမျိုး တစ်ပုံစံတည်းပါပဲ။ နိုင်ငံတကာကသိအောင် သူတို့နိုင်ငံရဲ့ လွှတ်တော်တွေမှာ စကားတွေ ပြောခိုင်းမယ်။ သူ့ကို အာရုံစိုက်လာမိအောင်ပေါ့ဗျာ။ ဒါကို စင်ပေါ်တက်ရတယ်၊ ကမ္ဘာကသိတယ်၊ ထင်ပေါ်ကျော်ကြားတယ်ဆိုပြီး သာယာနေရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ရှေ့ဆက်လျှောက်မယ့် ဒီမိုကရေစီလမ်းကြောင်းကိုတော့ ရင်လေးမိပါတယ်။
အနောက်နိုင်ငံ တွေက သူတို့ရဲ့မူဝါဒအတိုင်း သူတို့ကြိုးဆွဲရာကမယ့် အစိုးရကိုပဲ အလိုရှိတာပါ။ ဘယ်နိုင်ငံဖြစ်ဖြစ်ကိုပါ၊ ဒါက - သူတို့ရဲ့မူဝါဒ။ ကိုယ်ကလည်း ကိုယ့်မူဝါဒအတိုင်း ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ လက်တွဲညီစွာ လျှောက်ဖို့လိုတာပါ၊ ဒါကို ကောင်းကောင်းနားလည်ဖို့လိုပါတယ်။
ဒီနေရာမှာ ကျွန်တော်အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ ဆိုဗီယက်ယူနီယံက ဂေါ်ဘာဂျော့ရှ်ကို ဘာမှမလုပ်ရသေးဘဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အရင်ပေးတယ်၊ ပြီးတော့မှ သူတို့ဖြစ်ချင်တာကို လုပ်ခိုင်းတယ်။ လုပ်လဲပြီးရော ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါတော့တယ်။ ဒါ - တကယ့်ဖြစ်ရပ်မှန်ပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်ငြိမ်းချမ်းရေး ကိစ္စကိုမှ မလုပ်ရဘဲနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပေးထားတာပါ။ ဆုပေးပြီးမှ သူတို့ဖြစ်ချင်တာတွေကို လိုက်ပြီးခိုင်းနေတာပါ၊ အခုအချိန်ထိလုပ်ပေးနေရတုန်းပါ၊
ဘာ-ကောင်းတာတွေများရှိခဲ့လို့လဲ၊ တိုင်းပြည်ကြီး ဘယ်လောက်ငြိမ်းချမ်းခဲ့လို့လဲ။ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကိုလည်း နိုင်ငံတော်တော်များများက ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းအဖြစ် မထင်မြင်ကြတော့ပါဘူး၊ လက်ဝါးကြီးအုပ်ချင်တဲ့ နိုင်ငံကြီးအချို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ဆောင်ရွက်ပေးနေရတဲ့ လက်ဝေခံအဖွဲ့အဖြစ်သာ မြင်နေကြပါပြီ။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ယောကျာ်း မိုက်ကယ်အဲရစ်က- ``ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပေးဖို့ ဆန်ခါတင်စာရင်းမှာ မင်းပါတယ်လို့ပြောတော့`` ဒေါ်အောင်ဆန်းစုကြည်က - ``အဲဒီအချိန်တုန်းက ကျွန်မရယ်မိတယ်လို့`` ဆုယူအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ ဝန်ခံသွားပါတယ်။
ဟုတ်တာပေါ့၊ လာပြီးနောက်နေသလို ခံစားရတာကို၊ ကိုယ်က ဘာမှမယ်မယ်ရရ လုပ်တာမရှိတာကို။ အခု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုယူထားတဲ့ သူ-အသိဆုံးဖြစ်မှာပါ။ ကျွန်တော်ကတော့ အခုအစိုးရသစ်ကို အဝေးကနေ ဂုဏ်ယူနေမိပါတယ်။ ဘယ်သူ့စေခိုင်းချက်မှ မပါဘူး၊ ပြည်သူလူထုအတွက် ရဲရဲဝံ့ဝံ့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာပါ။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကြီးကို သွားချင်တာပါ။ ပြည်ပနိုင်ငံတွေနဲ့ အကူအညီတွေ ရယူမှာမှန်ပေမယ့် သူတို့ရဲ့လက်ဝေခံနိုင်ငံ၊ ကြိုးဆွဲတာ ကမယ့် ရုပ်သေးအစိုးရနိုင်ငံမျိုးနဲ့တော့ လက်မခံနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ပြည်သူအားလုံးရဲ့ ဆန္ဒတွေပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနောက်နိုင်ငံခရီးစဉ်ဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ နာမည်ကြီးအောင်၊ လူသိများအောင် လုပ်ပေးပြီး၊ နောက်ဆုံးမှာတော့ ကျွန်တော်တို့နိုင်ငံကို ခေတ်သစ်ကိုလိုနီနည်းနဲ့ သူတို့အလိုကျ ကြိုးဆွဲလို့ရအောင် လုပ်နေတယ်ဆိုတာကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကိုပိုက်ပြီး၊ ကိုယ်နဲ့ ``တန်၏-မတန်၏`` မသိဘဲ ကျေနပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအကိုတွေအားလုံးကိုလည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်ရွေးချယ်ပေးမယ့် နိုင်ငံ့ခေါင်းဆောင်ဟာ ဘယ်လိုအခြေခံစိတ်ဓါတ်မျိုးတွေရှိပြီး၊ ဘယ်လိုအရည်အချင်းတွေ ရှိတယ်ဆိုတာ သေသေချာချာပိုင်းခြားသိဖို့ အထူးလိုအပ်ပါကြောင်း ပြောလိုက်ပါရစေ…။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ကုလားတွေ ဥာဏ်ဆင်နေပြီ...
၂၈.၆.၂၀၁၂ရက်နေ့ အီဂျစ်မှာ အီဂျစ်လူမျိုးအယောက် ၂၀ လောက်ကစပြီး မြန်မာသံရုံးရှေ့မှာဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်..ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ မြန်မာပြည်မှာ မွတ်ဆလင်တွေကို မြန်မာအစိုးရနဲ့ မြန်မာလူမျိုးများက နိုင့်ထက်စီးနင်း ဖိနှိပ်ပြီး ယခု အာရကန်နှင့် အရေးအခင်းမှာ မွတ်ဆလင်တွေကို တစ်ဖတ်သတ်ဖိနှိပ်သတ်ဖြတ်နေလို့ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။
အယောက် ၂၀ လောက်ကစလိုက်တဲ့ ဆန္ဒပြမှုဟာ အယောက် ၂၀၀ လောက်ထိတိုးပြီး အီဂျစ်ရဲများကပါ ထိမ်းသိမ်းခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကြားသိရသလောက်ကတော့ မြန်မာသံရုံးနဲ့ ဆန္ဒပြသူများဘက်မှ ခေါင်းဆောင်အချို့တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။
မြန်မာသံရုံးဘက်မှ အရေးအခင်းဖြစ်ပွားရခြင်းနဲ့ အခြေအနေတို့ကို ရှင်းပြသော်လည်း ဆန္ဒပြပွဲခေါင်းဆောင်တို့က ထိုအဖြစ်အပျက်များအားလုံးကို ၄င်းတို့သိပြီးသားဖြစ်ကြောင်းနဲ့ ထိုအဖြစ်အပျက်များနဲ့ စပ်လျဉ်းပြီး အီဂျစ်ပြည်သူတို့ကို မြန်မာတို့က တောင်းပန်ရမည်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ မြန်မာသံရုံးမှ ထိုကိစ္စများအတွက် များစွာဝမ်းနည်းပါကြောင်း ပြောသော်လည်း ထိုလူတို့က လက်မခံနိုင်ကြောင်းနှင့် မြန်မာတို့မှ သတင်းစာများမှ တရားဝင် တိုင်းသိပြည်သိ တောင်းပန်မှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုသို့မတောင်းပန်လျင် တာ့ဟ်ရီးယား စကွဲမှ လူများအား သံရုံးရှေ့သို့ခေါ်ဆောင်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
....ဒါတွေကတော့ ယနေ့ကြားသိထားသမျှ အခြေအနေတွေပါ။ မနက်ဖြန် ဘုရားဝတ်ပြုပြီးချိန်တာ့ဟ်ရီးယား စကွဲမှအပြန် ညနေ၅ နာရီမှာ ပြန်လည် ဆန္ဒပြကြဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်.။ ဒီနေ့ ကိစ္စဖြစ်ပွားအပြီးမှာတော့ ကျမတတ်နိုင်သလောက် သဲလွန်စရှာဖွေကြည့်မိတဲ့အခါမှာ အီဂျစ်တွေရဲ့ ဂရုတစ်ခုကနေ ဒီလို ၀ါဒဖြန့်တာကို အီဂျစ်ပေါင်းများစွာက ပြန်ရှဲနေတာကို တွေ့လိုက်ရပါတယ်။
ဒါပေမယ့် ကျမကလဲ အာရဗီစာ၊ စကားမတတ်တဲ့အခါကျတော့ ဂူးဂဲလ် အကူအညီနဲ့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်.။ ဒါပေမယ့် ခင်မင်တဲ့ အီဂျစ်တွေကတဆင့် ဆက်လက်စုံစမ်းပြီး သတင်းရသလောက် ဖြန့်ပေးပါမယ်.။ တကယ်တော့ ဒီနိုင်ငံအခြေအနေနဲ့ ကျမတို့အာရှတိုက်သားလူနည်းစုတွေဟာ အမြဲသတိကြီးကြီးနဲ့နေကြရတာပါ.။ ဆန္ဒပြတဲ့ သံရုံးဘက်ကိုကိုယ်တိုင်မသွားနိုင်သည့်တိုင်အောင်(သွားခဲ့ရင် အသက်ရှင်ဖို့ အာမခံချက်မရှိပါဘူး) ဘာပဲပြောပြော တတ်နိုင်သလောက်တော့ ရေးပေးပါမယ်.။
ဒီကိစ္စဟာ ကျမတို့အားလုံးသိတဲ့အတိုင်း မရိုးသားပါဘူး.။ တစ်ချက်စဉ်းစားကြည့်ရအောင်... ဘာလို့အီဂျစ်ကိုအရင် စတင်ပြန့်နှံ့စေသလဲဆိုရင် အီဂျစ်ရဲ့လက်ရှိအခြေအနေနဲ့ နိုင်ငံအခြေအနေအရ အီဂျစ်လူမျိုးတွေသွေးဆူနေတဲ့ အချိန်တစ်ကြောင်း၊ ပြည်သူအချို့ဟာ နိုင်ငံရေးအသုံးချသူအချို့ကြောင့် နေ့တွက်နဲ့ တာ့ဟ်ရီးယား စကွဲမှာ ဆန္ဒပြနေသူတွေလဲ အဆင်သင့်ရှိနေတာက တကြောင်း၊ နောက်အီဂျစ်ဟာ လောလောလတ်လတ် မွတ်စလင်ဘရားသားဟုဒ်မှ သမတရာထူးရရှိထားတာက တစ်ကြောင်းတို့ကြောင်း အင်မတန် ဇာတ်လမ်းစလို့ကောင်းတဲ့အခြေအနေကို အသုံးချသွားတာ ဖြစ်ပါတယ်။
တစ်ခြား စော်ဘွားတိုင်းပြည်တွေကို ဒီလို ဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အီဂျစ်မှာ ကြီးကြီးမားမားဖြစ်သွားပြီးပြီဆိုရင်တော့ တခြားအစ္စလာမ်မစ်နိုင်ငံတွေဆီက ထောက်ခံမှုရဖို့ မခက်တော့ပါဘူး။ ဒါဟာ သူတို့ရဲ့ နောက်ဆုံးတိုက်ကွက်လို့ ကျမတော့ မြင်ပါတယ်.။ အောင်မြင်ရင် မြန်မာပြည်အဖို့ တစ်ကမ္ဘာလုံးက ၀ိုင်းဖိအားပေးတာမျိုးခံလာရနိုင်စရာရှိပါတယ်.။
ဒီကိစ္စကို အားလုံးက ၀ိုင်းပြီးအလေးအနက်ထားပြီး စဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်..။

ကြားဖြတ်အရေးပေါ်သတင်း
စစ်တွေမြို့ မှတယ်လီဖုန်းသတင်းများအရ စစ်တွေမြို့တွင်မူဆလင်လူငယ်တစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးကိုတွေ့ရှိပြီးလုံထိန်းတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ရူပရပ်ကွက်ဗလီအတွင်း လက်နက်များရှိကြောင်းသတင်းအရ၀င်ရောက်ရှာဖွေရာ လက်နက်အများအပြားနှင့် လက်ပစ်ဗုံးအများပြားကိုရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ ဘင်္ဂါလီ ရိုဟင်ဂျာများသည်စစ်တွေမြို့အတွင်းသို့ဝင်ရောက်နိုင်ရန်အားထုတ်လျက်ရှိသည်ဟုသိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။