Thursday, June 28, 2012

အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီ



ကြားဖြတ်ရွေးကောက်ပွဲ နေရာများမှာ အန်အယ်ဒီက အပြက်အသတ်နိုင်သွားတဲ့အတွက် လွှတ်တော်မှာနေရာ ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။ အတိုက်ခံ တိုင်းရင်းသားပါတီများကို ထည့်တွက်ရင် ၁၅ ရာနှုန်းလောက်တော့ လွှတ်တော်မှာရှိပါမယ်။ တိုင်းရင်းသားပါတီဆိုတာ အတိုက်အခံဖက်သားများလို့ ပြောနိုင်ပါတယ်။

ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး

လွန်ခဲ့တဲ့ အနှစ်၂၀လောက်က ၁၀တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မိန်းကလေးတဦး ရှိပါတယ်။ မင်းကြီးလမ်းက ချမ်းသာသူတဦးက ဆေးကျောင်းတက်ဖို့ ရိုးသားစွာ ထောက်ပံ့ပေးပြီး ဆရာဝန်ဖြစ်လာပါတယ်။ ဆရာဝန်ဖြစ်တော့ သူတို့သားနဲ့ အိမ်ထောင်ပြုလိုက်ပြီး၊ ပုသိမ်မှာ ဆင်းရဲသူများကြားမှာ ဆေးခန်းကလေး ထူထောင်ပြီး၊ အသက်မွေးဝမ်းကြောင်းပါတယ်။ ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်း မြို့တော်များမှာ “နာမည်ကြီး ထမင်းငတ်”၊ ဆန်၊ ငါးပုဇွန် အလွန်ထွက်ပေမယ့် အားလုံး နိုင်ငံခြားပို့ပြီး ပြည်သူလူထုကတော့ ဆင်းရဲနေတဲ့ မြို့ကြီးဖြစ်ပါတယ်။ မြန်မာပြည်တခြားမြို့ကြီးများမှာ မော်တော်ဆိုင်ကယ် အိမ်တိုင်းရှိနေကြပေမဲ့၊ ပုသိမ်မြိုက မော်တော်ဆိုင်ကယ်ပိုင်ရှင်ဆိုရင် သူဌေးလို့ သတ်မှတ်ပါတယ်။ အဲဒီလောက် ဆင်းရဲတဲ့ လူတွေကြားမှာ ဆရာဝန်မလေးက ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ ကိုယ်ပိုင်ဆေးခန်း ဖွင့်ပါတယ်။ စေတနာကြောင်း ၀င်ငွေအသင့်တင့် ကောင်းပြီး၊ အနှစ်၂၀လောက်မှာ နာမည်ကျော် ဆရာဝန်မတဦးဖြစ်လာပါတယ်။

၂၀၀၇ နာဂစ်မုန်တိုင်းနဲ့ သံယာအရေးအခင်းနောက်ပိုင်း၊ ကြံ့ဖွဲ့ပါတီ ပြုပြင်ပြောင်းလည်းရေး လုပ်ချိန်၊ အဲဒီဆရာဝန်အမျိုးသမီးကို လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ပါတီမှ ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။

ဒါကြောင့် ကြံဖွံ့ပါတီမှာ ဇေကမ္ဘာဦးခင်ရွှေလို ငွေရှင်၊ နအဖ ခေတ်က ခေတ်ပျက်သူဌေးဟောင်းတွေလည်း လွှတ်တော်အမတ်ဖြစ်နေသော်လည်း အထက်ပါ ပုသိမ်မြို့က ဆရာဝန်အမျိုးသမီးလို ပြည်သူလူထု အားကိုးတဲ့ စိတ်ရင်းကောင်းသူများ ရွှေးကောက်ထားပြီး ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို ဦးသိန်းစိန်တို့ ကြံ့ဖွံ့ပါတီက တိတ်ဆိတ်စွာ၊ ရွေးကောက်ထားပြီး၊တိတ်ဆိတ်စွာ နိုင်ငံရေးသင်တန်းများ ပေးနေပါတယ်။ နိုင်ငံခြားသို့ စေလွှတ်ပြီး နိုင်ငံတကာအတွေ့အကြုံယူစေပါတယ်။ ပြည်တွင်း အစိုးရဌာနများကိုလည်း လေ့လာ၊ သင်ကြားစေပါတယ်။ ၅နှစ်အကြာမှာ အနီးကပ်နိုင်ငံရေးပို့ချမှုနဲ့၊ အာဏာပိုင်များရဲ့ ငွေအား၊ လူအား ပံ့ပိုးမှုကြောင့် ယခင်က ဆေးဆရာဝန်အမျိုးသမီးလေးကို ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ၀င်ပြိုင်မဲ့သူအနေနဲ့ ၁၉၉၀၊ ၂၀၁၁ ရွေးကောက်ပွဲတုန်းကလို အလွယ်တကူ အနိုင်ရပါ့မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ

တရားမျှတစွာ ရွေးကောက်တယ်ဆိုတဲ့ အမေရိကန်မှာ မီဒီယာ နဲ့ မဲကြိုတင်ခန့်မှန်းတဲ့အဖွဲ့တွေရဲ့ မှန်းဆမှုတွေဟာ အလွန်မှန်ကန်နေတာကို တွေ့ရပါတယ်။ အမေရိကန်တွေက ဒီမိုကရက်ဆို ဒီမိုကရက်ပဲ ပေးလေ့ရှိပြီး၊ စိတ်ပြောင်းသွားမှု နည်းပါတယ်။ ပညာတတ်တော့ မဲပေးခါနီးမှ ရီပတ်ဘလင်ကန်သမ္မတလောင်း၊ အိမ်လာလည်သွားလို့ ရီပတ်ဘလစ်ကန်ကို မဲပြောင်းပေးတာမျိုး နည်းပါလိမ့်မယ်။ သို့သော် ပုဂ္ဂိုလ်ရေးခင်မင်လွန်းပြီး၊ ဘွဲ့မရ၊ ကျေးလက်လူများစုဟာ ဦးသိန်းစိန်ကို ကြံ့ဖွံ့ကိုမဲပေးမလား၊ အန်င်အယ်ဒီကို မဲပေးမလား မသိနိုင်ပါ။ အဝေးကြီးလိုသေးတဲ့ ၂၀၁၅ အတွက် ကြံ့ဖွံ့ကို လျှော့တွက်လို့မရကြောင်းပါ။

ကျွန်တော်တို့ မြန်မာအများစုဟာ အပြောင်းအလဲ လိုလားပြီး တိုင်းပြည်ကို ၀ုန်းကနဲ ထောင်တက်စေချင်ပါတယ်။ နှစ်၅၀လောက် စစ်တပ်အစိုးရကြောင့် တိုင်းပြည် ဖွတ်ဖွတ်ကြေခဲ့ရတော့ အတိုက်အခံများက ပိုလုပ်နိုင်မယ်မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာ၊ မြန်မာ အားလုံးလေးစား၊ စစ်အစိုးရရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း သူမရဲ့ မွေးဖခင်အရင်းချာ …ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ အန်င်အယ်ဒီအမတ်တွေက အလွယ်တကူ အနိုင်ရရှိခြင်းဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ အန်င်အယ်ဒီ အတွင်းညီညွတ်မှု ရရှိရေးအတွက် လူမှန်၊ နေရာမှန် ရရှိဖို့ပါပဲ။ လူတော်လူကောင်းများစွာကို ကြံ့ဖွံ့က လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံစေပြီး၊ အခန့်သား မထိုင်ခိုင်းဘဲ ပြည်သူကြားကို ၀င်နေစေပါပြီ။

လူမှန်နေရာမှန် အမတ်လောင်းရွေးချယ်မှု

၁၉၉၀ ရွေးကောက်ပွဲတုန်းက ရပ်ရွာက ဘာမှန်းမသိ၊ ဗဟိုက ချပေးလိုက်တဲ့ အမတ်လောင်းကို ပြည်သူတွေကို တခဲနက် မဲပေးကြတယ်။ ကျွန်တော်ဇနီးသည်တို့ ဧရာဝတီတိုင်းမှာ လည်ဝယ်တဲ့ လူတချို့ ဒေသခံ အင်အယ်ဒီပါတီခေါင်းဆောင်များနဲ့ ပေါင်းသင်းပြီး၊ အမတ်လောင်းရွေးခံရတယ်။ လိင်၊ လာဘ်၊ လောင်းကစား၊ အရှုပ်အရှင်းရှိသူများ အမတ်လောင်းဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် ရွေးထားတဲ့လူဆိုပြီး ၀ိုင်းမဲပေးတော့ အမတ်အဖြစ် အရွေးခံရပါတယ်။ စင်ကာပူမှာ အတိုက်အခံပါတီတခု Workers’ Party က အာဏာရ ၀န်ကြီးချုပ် လီရှန်လုန်းရဲ့ PAP ပါတီကို ယှဉ်ပြိုင်ဖို့ အမတ်လောင်းတဦး Yaw Shin Leong, ကို ရွေးချယ်ပြီး၊ အာဏာရပါတီနဲ့ မဲပြိုင်ကြပါတယ်။ Workers’s ပါတီက စင်ကာပူသမိုင်းဝင် အမတ်နေရာ ၁၀ ရာနှုန်းလောက် (အမတ် ၆ဦး၊ NCMP အမတ် ၂ ဦး၊ စုစုပေါင်း ၈ဦး) အနိုင်ရရှိခဲ့ပါတယ်။ စင်ကာပူသမိုင်းမှာ အတိုက်အခံများ တယောက်၊ နှစ်ယောက်လောက်ပဲ အရွေးခံရလေ့ရှိတာ ၂၀၁၁ ရွေးကောက်ပွဲမှာ အာဏာရ PAP ပါတီ အရှိုက်ထိုးခံရပါတယ်။

အတိုက်ခံ Workers’ Party က အမတ်တဦး Yaw Shin Leong, MP for Hougang SMC, ကို အမတ်လောင်းအဖြစ် ရွေးခဲ့စဉ်က လူတော်လူကောင်း တယောက်လို့ မြင်ခဲ့ပါတယ်။ အခု အမတ်အဖြစ် ရွေးခဲ့ပြီး တနှစ်အတွင်းမှာ ဒီလူ လိင်ကိစ္စ လျှို့ဝှက်စွာ မိန်းမရှုပ်နေတယ် ဆိုတာ မီဒီယာတွေလက်ထဲ ရောက်သွားပြီး၊ လွှတ်တော်အမတ်ဘ၀ နှုတ်ထွက်ရရှာတယ်။ ဟိုး.. ဟိုး တုန်းကပါဆိုလည်း လိင်ကိစ္စဆိုတာ စင်ကာပူ၊ အမေရိကား ဒီမိုကရေစီနိုင်ငံတွေမှာ လက်မှမခံပဲကိုး၊ လိင်စိတ်ဝင်စားပြီး ရှုပ်ချင်ရင် စီးပွားရေးသမားပဲလုပ်ပါ ဆိုပြီး Workers’ Party မှ ၂၀၁၂ မှာ ထုတ်ပယ်ပစ်လိုက်တယ်။

စင်ကာပူ အတိုက်ခံပါတီကြီး တလူလူလွှင့်ထူစ အခြေအနေမှာပဲ အရှိုက်ထိုးခံလိုက်ရတယ်။ လက်ရှိအာဏာရ အစိုးရပါတီက ငြိမ်နေတယ် ဆိုပေမဲ့ သူတို့ထောက်လှမ်းရေးက မီဒီယာကို တို့ပြီး သတင်းပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ပါတီ နိုင်ငံရေးဆိုတာ ညစ်ပတ်တာတွေ ရှိနေမှာပါ။

အသေးအမွှားများလည်း အရေးပါနေတတ်ခြင်း

NLD ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလည်း ပါတီဝင်များက အခြေခံဥပဒေနဲ့ဆက်စပ်နေတဲ့ ကျမ်းကျိန်စာသားတလုံးကို ပြောင်းပေးမှ လွှတ်တော်တက်မယ် .. အကြပ်ကိုင်ခဲ့ဖူးပါတယ်။ စာရေးသူအနေနဲ့ဆိုရင် အသေးအမွှားကို ကဂျီကဂျောင်ကျပြီး NLD အများမဲဆန္ဒနဲ့ ကန့်ကွတ်ခဲ့ခြင်းလို့ မြင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံရေး အားစမ်းမှုတခုပါ။ အဲဒီတုန်းက သမ္မတဦးသိန်းစိန် စကားတခွန်းပြောပါတယ်။ ပါတီကိုကြည့်မလား၊ နိုင်ငံကို ကြည့်မလား … ဆိုတော့ တတိုင်းပြည်လုံး တရုန်းရုန်းနဲ့ အသေးအမွှားလေးတခုကို အချိန်ကုန်၊ အလုပ်ရှုပ်… ပြီးတော့လည်း ပြီးသွားတာပါပဲ။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း ရေးခဲ့တာကို မှတ်မိပါသေးတယ်။ ၀န်ကြီးချုပ်ဦးနု ၁၉၅၉က ဗိုလ်ချုပ်နေ၀င်းကို အိမ်စောင့်အစိုးရ အာဏာလွှဲပေးတော့ ဗိုလ်ချုပ်နေ၀င်းရဲ့ ပထမဆုံး အမိန့်စာက “(အမဲသားအတွက်) နွားသတ်ခွင့်ပြုသည်” ဆိုတဲ့အမိန့်စာပါ။ ၁၉၆၁ ဦးနု ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖြစ်လာတဲ့အချိန် ပထမဆုံးသော အမိန့်စာက “နွားသတ်ခွင့်မပြု” ဆိုပဲ။ ဦးနုက ဘာသာရေးသမားဆိုတော့ နွားတွေကို သနားတယ်လေ။ ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အပြတ်အာဏာသိမ်းလိုက်ပြီး စစ်အာဏာရှင်စနစ် အစပျိုးလိုက်တဲ့အချိန် ပထမဆုံး ထုတ်ပြန်လိုက်တဲ့ အမိန့်စာကတော့ အားလုံးသိပါတယ် … “နွားသတ်ခွင့်ပြုသည်” .. ဆိုပဲ။ ပုဂ္ဂိုလ်ရေး အသေးအမွှားတွေကို တခါတရံ အထူးသဖြင့် မြန်မာလူမျိုးများက ရှေ့တန်းတင်တတ်ပါတယ်။

မြန်မာပြည်အတွက် လူမှန်၊ နေရာမှန် လုပ်နိုင်ဖို့ရာ အတိုက်အခံ ကောင်းကောင်းလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီစနစ်က ဘယ်လိုပုံစံကို သွားနေပါသလဲ။ အမေရိကန် ဒီမိုကရေစီ ပုံစံလား၊ တရုပ်၊ ဂျပန်၊ ကိုးရီးယားပုံစံလား၊ လောလောဆယ် ပြောင်းလဲပြီး ဥရောပဘုံဈေးမှာ သူဌေးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ချက်နိုင်ငံရဲ့ ဒီမိုကရေစီလား၊ ၁၈နှစ်တာ ပြောင်းလဲခဲ့ပြီး လူထုက မချမ်းသာပေမဲ့ ရောင့်ရဲတတ်တဲ့ ဗီယက်နမ်ဒီမိုကရေစီလား .. စာရေးသူအဖို့ သေချာတာကတော့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ပဲ ဖြစ်မယ် လို့ မျှော်လင့်ပါတယ်။ အာဏာရပါတီ ကြံ့ဖွံ့နဲ့ အတိုက်အခံ အန်င်အယ်ဒီတို့ တရားမျှတသော ယှဉ်ပြိုင်မှု ယခုမှ စတင်ပြီး ၂၀၁၅အထိ ကမ္ဘာမှာ မြန်မာ မကျော်ကြားခင်၊ အရှေ့တောင်အာရှနိုင်ငံတွေကို ဗီဇာမလိုပဲ သွားနိုင်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဒေါက်တာ စင်သီယာမောင်ကို ဦးသိန်းစိန် အစိုးရ ကျေးဇူးတင်


ယမန်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့် ဒေါက်တာ စင်ယာသီယာမောင်တို့
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဝေမိုး / ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေသည့် ဆရာမ ဒေါက်တာ စင်သီယာမောင်ကို သမ္မတ ဦးသိန်းစိန် အစိုးရကိုယ်စား ကျေးဇူးတင်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံရန် ယမန်နေ့က မဲဆောက်မြို့သို့ ရောက်ရှိလာသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းက “ပညာရေး၊ လူမှုရေး အကုန်လုံးက အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက မလုပ်ပေးဘူး။ ဒါပေမယ့်လို့ ဆရာမကြီး (ဒေါက်တာ စင်သီယာမောင်) တို့က လုပ်ပေးနေတာ အစိုးရကိုယ်စားလည်း ဆရာမကြီးကို ကျေးဇူးတင်တဲ့အကြောင်း၊ သမ္မတကြီး ကိုယ်စားလည်း ကျေးဇူးတင်တဲ့အကြောင်း အဲဒါလေး ကျနော်တို့က ပြောပြရတာပေါ့” ဟု ဒေါက်တာ စင်သီယာမောင်နှင့် မဲဆောက်မြို့ပြင်ရှိ Wattana Village Resort တွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ဒေါက်တာ စင်သီယာမောင်ကလည်း ထိုပြောကြားချက်နှင့် ပတ်သက်၍ “ကျမတို့ လက်ရှိလုပ်ငန်းတွေပေါ်မှာ ကျေးဇူးတင်ပါတယ်ပေါ့နော်၊ ဒီလုပ်ငန်းတွေမှာ ဆိုရင်တော့ အစိုးရတွေရဲ့ တာဝန်ရှိမှုပေါ့။ သို့သော်လည်း ပြီးခဲ့တဲ့ကာလ အခြေအနေတွေမှာ လူထုတွေက ထိုင်းနိုင်ငံဘက်ကို ဆေးလာကုရတာတို့၊ ဒီဘက်မှာ လူမှုရေးအဖွဲ့တွေရဲ့ စောင့်ရှောက်မှုတွေအပေါ်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့ အဲဒါမျိုးပေါ့နော်” ဟု ဧရာဝတီသို့ ပြန်ပြောပြသည်။

ဦးအောင်မင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းသို့ သွားရောက်လေ့လာခဲ့ကြပြီး ဆေးခန်းအတွက် အလှူငွေ ဘတ် ၁၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆေးခန်းသို့ လာရောက်လေ့လာသော ဦးအောင်မင်းနှင့် အဖွဲ့ကို ဒေါက်တာ စင်သီယာမောင်က လူနာများ၏ အခြေအနေနှင့် ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေရသော မြန်မာကလေးများ၏ အခြေအနေများကို ရှင်းပြခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ အစိုးရသစ် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထု ဘဝလုံခြုံမှု ရှိစေရန်အတွက် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ပါဝင်စေရန် ဒေါက်တာ စင်သီယာမောင်က တိုက်တွန်းပြောဆိုကြောင်း သိရသည်။

“အစိုးရသစ်ရဲ့၊ စစ်တပ်တွေချည်းပဲ မဟုတ်ဘဲနဲ့ပေါ့နော်၊ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ အိမ်နီးခြင်းနိုင်ငံတွေနဲ့ရော ရေရှည်ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုပါ တခါတည်း အစီအစဉ်ရှိရှိ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လမ်းကြောင်းတွေကို ချသွားပေးဖို့ လိုတယ်ပေါ့နော်။ လူထုဘဝ လုံခြုံရင် လူတွေအားလုံးက ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး နေထိုင်နိုင်မယ်လေ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

အရပ်သားအစိုးရအဖြစ် ပြောင်းလဲလာသည်မှာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီး အစိုးရနှင့် လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး အစီအစဉ်များ လုပ်ဆောင်နေသည်မှာ နှစ်ဝက်ကျော် ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဆေးခန်းသို့ ပြည်တွင်းမှ လာရောက် ဆေးကုသသူများမှာ လျော့ကျမသွားဘဲ ပိုများလာကြောင်း၊ ထို့ကြောင့် ငွေကြေး အခက်ခဲအချို့ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

“အကယ်၍ နောက်တကြိမ် တွေ့ဆုံကြမယ်ဆိုရင်တော့ နယ်စပ်မှာရှိတဲ့ လုပ်ငန်းအဖွဲ့တွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာမျိုးတော့ ဆက်ဆွေးနွေးသွားမှာပေါ့။ အထဲမှာ ပြန်လုပ်တယ်ဆိုတာကတော့ ဝန်ကြီးက တိုက်ရိုက်ပြောသွားတာတော့ မဟုတ်ပါဘူး။ သတင်းထောက်တွေမေးတဲ့ မေးခွန်းအပေါ်မှာပဲ ပြန်ဖြေသွားတာပဲရှိတာပါ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

ယခုအခါ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော်ဆေးခန်းမှ စောင့်ရှောက်ထားသော ကလေး ၃၀၀၀ အတွက်လည်း အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ထိုကလေးများမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ်အခြေတကျ မရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ဆေးခန်းတွင် မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာလုပ်သမားများနှင့် ထိုင်း-မြန်မာနယ်စပ် ဒေသခံများသာမက ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်သာမက ရန်ကုန်၊ မန္တလေးဘက်မှ အရေးပေါ်လူနာများ၊ နာတာရှည်ရောဂါသည်များ အပါအဝင် လူနာများ လစဉ် လာရောက်၍ ဆေးကုသခံယူကြသည်။

မူရင်းသတင်းက ဒီမှာပါ။

စစ်တပ်က ငွေကြေးယူ၍ ဘိန်းစိုက်ခွင့်ပေးနေ



အစိုးရ က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး မဆောင်ရွက်နိုင် သေးသည့်အပြင် စစ်တပ်က ရှမ်းပြည်နယ် အတွင်းရှိ ဘိန်းစိုက်ပျိုးသူ များထံမှ ငွေကြေး ကောက်ခံ၍ စိုက်ပျိုးခွင့် ပေးနေဆဲဖြစ်ကြောင်း သိရသည်။

‘‘ရှမ်းပြည်နယ် မိုင်းတုံမှာ အခြေစိုက်တဲ့ တပ်ရင်း ၆၅ ဆိုရင် နှစ်တိုင်း ဘိန်းခွန် ကောက်စားတယ်။ သူမကောက်တဲ့ နှစ်ဆိုတာ မရှိပါဘူး”ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး လေ့လာရေး အဖွဲ့မှ ဦးခွန်စိုင်းက ဧရာဝတီကို ပြောသည်။

စစ်တပ်ကို စိုက်ပျိုးသည့် မြေဧက တဧကလျှင် ကျပ် ၄ သိန်း ပေးရပြီး တချို့နေရာများတွင် ပေါက်ပြား တလက်စာ အတွက် ကျပ် ၅၀၀၀ ပေး ရကြောင်း သိရသည်။

အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ ထိရောက်မှု မရှိကြောင်း၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်လည်း ဘိန်း စိုက်ပျိုးမှုမှာ ယခင်ထက် နှစ်ဆခန့် ပိုမိုများပြားလျက် ရှိကြောင်း ဇွန် ၂၆ ရက်နေ့ ချင်းမိုင် တက္ကသိုလ်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ပပျောက်ရေးနေ့ အခမ်းနားတွင် ပအို့ဝ် လူငယ်အစည်းအရုံး(PYO)ကလည်း ပြောသည်။

အစိုးရက ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း ယနေ့ အထိ ထိရောက်မှုမရှိဘဲ ဘိန်းစိုက်ပျိုးမှုများ ပိုမို တိုးလာကြောင်း သိရသည်။

ယခင်က ဘိန်းစိုက်သည့် ဒေသများမှာ တရားဝင် စာရင်းဇယားအရ ၅၄ မြို့နယ် ရှိပြီး ယခုအခါ မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များပါ တိုးလာပြီ ဖြစ်ကြောင်း ဦးခွန်စိုင်းက ပြောသည်။

၂၀၀၄ ခုနှစ် စာရင်းများအရ ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၄ မြို့နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် ၂ မြို့နယ်ဆီ စိုက်ပျိုးထုတ်လုပ်မှုများ ရှိနေကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အာဖန်ဂန်နစ္စတန် နိုင်ငံဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ မှာ ဒုတိယ အများဆုံးနေရာတွင် ဆက်လက်ရပ်တည်လျက် ရှိနေသေးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC)၏ ၂၀၁၂ ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပါရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နိုင်ငံတ၀န်း ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ အဆင့်နိမ့် ဘိန်း၊ ဆေးခြောက်၊ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် ဓာတုဆေးမျိုးစုံတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၂၆၁၇ မှု မှ ပြစ်မှု ကျူးလွန်သူတရားခံ ၃၉၉၁ ဦးအား ဥပဒေအရ အရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

အစိုးရက မူးယစ်ဆေးဝါး ပပျောက်ရေးဆိုင်ရာ လုပ်ငန်းများ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော်လာသည့် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းလည်း သတင်းစာက ဆိုသည်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့ကလည်း ရှမ်းပြည်နယ်တွင်း၌ ဇွန်လ ၂၆ ရက်က ကျရောက်သည့် ကမ္ဘာ့ မူးယစ်ဆေးဝါး ပပျောက်ရေးနေ့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ပက်ထရိုနက်စ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ မြန်မာနိုင်ငံကို မျက်စိကျနေ

မလေးရှားနိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ပက်ထရိုနက်စ်ဒဂန်ဂန်သည် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှပ်နှံမှုများအား ပြုလုပ်ရန်အတွက် အစီအစဉ်များ ပြုလုပ်နေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ပြောခွင့်ရပုဂ္ဂိုလ် အေမာဟမ်ဇက် အဇီဇန်က ဆိုကြောင်း သိရသည်။

"ကျွန်တော်တို့ နောက်ထပ် အင်ဂျင်တွေကို ဖွင့်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ ရင်းဂစ် ၆.၈၅ ဘီလီယံလောက် စသုံးပြီး နှစ်စဉ် ၇.၄ ရာခိုင်နှုန်းလောက် ထပ်တိုးပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ဒီလထဲမှာပဲ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်မှာ ရှိတဲ့ လုပ်ငန်းတွေကို စအသက်သွင်းနေပါပြီ။ မြန်မာနဲ့ အင်ဒိုနီးရှားကိုလည်း မကြာခင် ဝင်တော့မှာပါ။

ရက်ချိန်းကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး ဟု သူကဆိုသည်။ ပက်ထရိုနက်စ်သည် မလေးရှား စတော့ဈေးကွက်တွင် ဒုတိယ အကောင်းဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် ရင်းဂစ် ၃၀ ဘီလီယံ ရင်းနှီးမြှပ်နှံထားသည့် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဇာဂနာအကြောင်း အကုန်ဖွင့်ချမည်

ကို Thura Awng ရေ... ဇာဂနာ့အကြောင်းအစုံနီးနီး ရနေပါပြီ။ သူက ဒီကိစ္စအားလုံး ဖုံးလို့ဖိလို့ ရမယ်ထင်နေတာ။ သူတို့ဖုံးဖို့ဖိဖို့ ကောလင်းဒေးဘုန်းကြီးကျောင်းမှာ တိတ်တဆိတ် လုပ်လိုက်မှပဲ အန်တီ့ဆီကို သတင်းတွေ အပြည့်ဝင်နေပါတယ်။ မကြာခင် မြန်မာပြည်မှာ သူတို့အားလုံးအကြောင်း စာအုပ်တအုပ်တောင်ထုတ်နိုင်တော့မယ်ထင်ပါတယ်။

အထောက်အထား ပိုမို ပြည့်စုံအောင် အသံဖိုင်တွေပါစုဆောင်းနေပါတယ်။ (၄င်းတို့နှင့် အစည်းအဝေးတိုင်းကို တက်ခဲ့ဖူးသူတွေ မယုဆီကို အဲဒီ့ အသံဖိုင်လေးတွေ ပို့ပေးပါနော်။ ရှိသင့်သလောက်တော့ ရှိနေပါပြီ။ လူမှန်တွေကို သူတို့ ထပ်စော်ကားနေရင် နောင်လာနောက်သားတွေ သိရအောင် မယု ရာဇဝင် စာအုပ်ထုတ်ပါ့မယ်။

အခုလဲ ပေးပို့နေသူတွေကို အထူးကျေးဇူးတင်ကြောင်း ဂါရဝပြု ပြောကြားပါရစေ။ တိုင်းပြည်ကို သစ္စာဖေါက် လောက်ကောင်တွေလက်ထဲမေ၇ာက်သွားအောင် ကာကွယ်ခြင်းသည် မင်္ဂလာပါ။ ဟန်ဆောင်မှုဟာ ကြာရှည် မခံတတ်ပါ။ ဗူးပေါ်သလိုပေါ်တတ်ပါတယ်။

သူတို့၎ယောက်စလုံး ကုလားဒိန်တွေ အောင်မြင်သွားတယ်ဆိုပြီး ဝမ်းသာနေခဲ့တဲ့ပွဲဟာ(အထူးသဖြင့် ကိုအောင်-၈၈ ဆိုပြီး) ၈၈ နာမည်အလွဲသုံးစားလုပ်ပြီး မြန်မာအမျိုးသမီးတွေဖျက်စီးနေသူ အောင်ကျော်စိုး ဆိုသူဟာ ၈၈တုံးကလဲ ဘာမှ မြန်မာပြည်အတွက် မယ်မယ်ရရ လုပ်ခဲ့သူ မဟုတ်ခဲ့ပါ။

ယခုလည်း ယူကေတွင် မြန်မာအမျိုးသမီးပျိုများကို အေဆိုင်လမ် တင်ပေးမယ်ဆိုပြီး ပိုက်ဆံယူ၊ အကယ်၍ ပိုက်ဆံမပေးပါက လူကိုပါ အပိုင်သိမ်းနေခဲ့တာ နှစ်ပရိစ္ဆေရ ကြာပြီဖြစ်ကြောင်း၊ ထိုမျှသာမက ဘင်္ဂလီအရေးကို ဘားမားကမ်ပိန်း(ယူကေ) နှင့်ပေါင်းကာ သိသိသာသာ လှုပ်ရှားနေသူဖြစ်ကြောင်း ဓါတ်ပုံများနှင့်တကွ သက်သေတွေ ရှိနေပါပြီ။

တိုင်းပြည်ထဲက ရိုးသားသူများ သိထားမှ တော်ကာကျမှာဖြစ်လို့ မယုတို့ ရာဇဝင်တခု စာတင်ပြမှာပါ။ လင်းတတောက်တော့ ငှက်တိုင်းလှပါတယ်။ သူတို့လည်တယ်ဆိုတာ တချို့အိပ်နေသလောက်ပဲ ရှိပါတယ်။

ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီ ထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ ကိုအောင်(၈၈)တို့၏ ပူးပေါင်းလုပ်ကြံမှု
http://www.myanmarexpress.net/2012/06/blog-post_9151.html

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မှာ ဖြစ်တဲ့ ပြဿနာကြောင့် ဇာဂနာ နဲ့ ထိန်လင်းတို့ ကို ပြည်သူအများ စိတ်ပျက်
http://www.myanmarexpress.net/2012/06/blog-post_5715.html

လန်ဒန်မှာ ဘာပွဲလုပ်လုပ် မပါတော့.. ဟု ဇာဂနာ ပြောဆို
http://www.myanmarexpress.net/2012/06/blog-post_7509.html

ယူကေမှ ဘုန်းကြီးများကို ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်တောင်းပန်
http://www.myanmarexpress.net/2012/06/blog-post_2927.html

ပြဿနာ အကြီးကြီးတက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး
http://www.myanmarexpress.net/2012/06/blog-post_3486.html

ယူကေတွင် ပြဿနာဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှ နောက်ဆက်တွဲ များ
http://www.myanmarexpress.net/2012/06/blog-post_6007.html

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
http://www.myanmarexpress.net/2012/06/blog-post_9065.html

မပါသေးတာကတော့

( ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင် ဘာသာပြောင်းခိုင်းတဲ့ UK ရောက် မြန်မာများ
http://www.myanmarexpress.net/2012/06/uk.html

ရဟန်းရှင်လူ ပြည်သူအများ စိတ်ပျက်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်
http://www.myanmarexpress.net/2012/06/blog-post_3211.html

ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း
http://www.myanmarexpress.net/2012/06/blog-post_6206.html

ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ ကို မြန်မာတိုင်းရင်းသား အသိအမှတ်ပြုရေး လှုပ်ရှားသူများကို တွေ့ဆုံ အားပေး
http://www.myanmarexpress.net/2012/06/blog-post_9420.html

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မိုဘိုင်းဖုန်းသုံးစွဲသူများကို ရေဒီယိုသတ္တိကြွ လှိုင်းများမှ ကာကွယ်ပေးမည့် ပစ္စည်းဖြန့်ချိ

မိုဘိုင်းဖုန်းမှ ထွက်သော ရေဒီယိုသတ္တိကြွလှိုင်းများ လူ့ခန္ဓာကိုယ်သို့ သက်ရောက်မှုမှ ကာကွယ်ပေးနိုင်မည့် နည်းပညာပစ္စည်းအသစ်တစ်ခု ထိုင်းနိုင်ငံမှ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းကို Sticker အနေဖြင့် အသုံးပြုရမည်ဖြစ်ပြီး Scalar အမည်ရှိ သတ္တုတစ်မျိုးကို ကိုရီးယားနည်းပညာဖြင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်ဖြန့်ချိထားခြင်းဖြစ်ရာ ထိုင်းနိုင်ငံတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ယခုမှ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ယင်းစတစ်ကာ ဖြန့်ချိရန် တာဝန်ယူထားသူက ပြောသည်။

ယခုထွက်ရှိလာသော Scalar စတစ်ကာကို မိုဘိုင်းဖုန်း၏ မည်သည့်နေရာတွင်မဆို ကပ်ထားရုံဖြင့် ဖုန်းမှထွက်သော ရေဒီယိုသတ္တိကြွလှိုင်းများ အန္တရာယ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းကို အင်္ကျီအိတ်ထဲတွင် ထည့်ထားလျှင် သော်လည်းကောင်း၊ ဘောင်ဘီအိတ်ထဲတွင် ထည့်ထားလျှင် သော်လည်းကောင်း၊ အမျိုးသားများခါးတွင် ချိတ်ထားလျှင်သော်လည်းကောင်း၊ ခန္ဓကိုယ်၏ မည်သည့်နေရာတွင်မဆို နီးကပ်စွာ ကိုင်ဆောင်ထားပါက ယင်းမှထွက်သော ရေဒီယိုသတ္တိကြွ လှိုင်းများသည် အာရုံကြောများနှင့် လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း ကျန်မာရေးပညာရှင်များက ပြောကြားခဲ့ပြီး ယင်းစတစ်ကာကို အသုံးပြုခြင်းဖြင့် အဆိုပါ ရေဒီယို သတ္တိကြွလှိုင်းများ၏ အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စတစ်ကာကို လက်ရှိတွင် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် သာဝယ်ယူနိုင်ပြီး အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၇၃၀၁၆၇၃၈၊ ၀၉၇၃၁၄၂၀၆၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ဒေသရှိ ဒုက္ဓသည်များသို့ ကျပ်သိန်း ၁၁၀ ကျော် လှူဒါန်း

ရွှေမြင့်မိုရ် ဆရာတော်ကြီး အပါအ၀င် ကျောင်းဒယကာ၊ ဒယကာမ များနဲ့ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေတဲ့ မြန်မာပြည်သူ၊ ပြည်သားများမှ စုပေါင်းပြီး ရခိုင် တိုင်းရင်းသား သွေးချင်း ဒုက္ခသည်များကို အလှူငွေ သိန်း ၁၁၀ ကျော် လှူဒါန်းမှု အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်ရှိ ရွှေမြင့်မိုရ် ကျောင်းမှ ရေစက်ချ လှူဒါန်းမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

ဒီလို လှူဒါန်းရာ မှာတော့ ရွှေမြင့်မိုရ် ကျောင်းဆရာတော်မှ ငါးပါးသီလ ခံယူစေပြီး အ၀တ်အထည်များ၊ စာရေးကိရိယာ အိတ်ကြီး ၅ အိတ်နဲ့ စုစုပေါင်း အိတ်ပေါင်း ၂၂ အိတ်ကျော် ပါဝင် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ရခိုင် တိုင်းရင်းသား သွေးချင်း ဒုက္ခသည် များအား ထည့်ဝင် လှူဒါန်းချင်သူများ အနေနဲ့လည်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုဌာနခွဲ ဖြစ်တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ ရပ်ကွက်၊ မလွှကုန်းလမ်း ၄လွှာ ဘယ်လက် အမှတ် ၃၄ သို့ ကိုယ်တိုင် သွားလှူ နိုင်ရုံသာမက ဖုန်းနံပါတ် ၀၉-၇၃၀၄၄၉၂၇၊ ၀၉-၈၅၃၂၁၁၆ နဲ့ ၀၉-၇၃၀၆၄၁၀၈ သို့ ဆက်သွယ်ပြီး လှူဒါန်းမှုတွေ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ဘောလုံးပွဲကျင်းပမည်

အနုပညာရှင်များ ပါဝင်တဲ့ Actor Star အသင်းနဲ့ Myanmar FC အသင်း တို့ဟာ ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေ ရရှိစေဖို့ ဘောလုံးပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင် ကစားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ရန်ပုံငွေ ပွဲစဉ်ကို ရန်ကုန် ယူနိုက်တက် အသင်းမှ ကြီးမှူး ကျင်းပပေးတာ ဖြစ်ပြီး လာမယ့် ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီမှ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ Sports Complex ဘောလုံးကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Actor Star ဘောလုံး အသင်းမှာ လူမင်း၊ သူထူးစံ၊ နေတိုး၊ နေမင်း၊ မင်းသွေး၊ မြင့်မြတ်၊ ဇာနည်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ဖိုးချစ်၊ မိုးယံဇွန်၊ ဖိုးတာ၊ ညီဂျော်၊ ထူးသာ၊ ၀င်းထွန်းထွန်း၊ စောငမန်း အစရှိတဲ့ အနုပညာရှင်များ ပါဝင်ကြမှာ ဖြစ်ပါတယ်။ မြန်မာ ဘောလုံး အသင်းမှာတော့ မြန်မာ ဘရူဝါရီမှ ၀န်ထမ်း များနဲ့အတူ အဆိုတော်များ ဖြစ်ကြတဲ့ မျိုးကြီး၊ အောင်လ၊ ဟက်ကက်၊ လင်းလင်း၊ မျိုးမင်းထွန်းနဲ့ ရန်ကုန် ယူနိုက်တက် အသင်းမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ၀န်ထမ်းများ ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။

Actor Star အသင်းဟာ အဆိုပါ ရန်ပုံငွေပွဲစဉ် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ၂၅ ရက်နေ့ ညနေက ရန်ကုန် ယူနိုက်တက် အသင်းရဲ့ မြက်ခင်းတု ကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး မီဒီယာများ နဲ့လည်း တွေ့ဆုံခဲ့ ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေ ဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့ အစီအစဉ်များကို ရန်ကုန် ယူနိုက်တက် အသင်းနဲ့ Actor Star အသင်းတို့က မေတ္တာဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ ရန်ပုံငွေပွဲ အတွက် အဓိက စပွန်ဆာ အဖြစ် မြန်မာ ဘရူဝါရီက လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ ပေးအပ် သွားမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေ ဘောလုံးပွဲရဲ့ လက်မှတ် ဈေးနှုန်း များကို ရိုးရိုးတန်း သုံးထောင်ကျပ်၊ အထူးတန်း ငါးထောင်ကျပ် သတ်မှတ် ထားကြောင်း သိရှိရပြီး အဆိုပါ ကွင်းဝင်ကြေး အားလုံး ကိုလည်း ရခိုင်ပြည်နယ်ရှိ ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လာမည့်လွှတ်တော်၌ တိုင်းရင်းသားအရေး ဆွေးနွေးမည်



လာမည့် ဇူလိုင် ၄ ရက်တွင် ကျင်းပမည့် လွှတ်တော်၌ တိုင်းရင်းသား ရေးရာကိစ္စရပ်များတွင် တန်းတူညီမျှ အခွင့်အရေး ရရေးအတွက် တင်ပြသွားရန် စီစဉ်နေကြောင်း လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသားရေးရာ ကော်မတီများက ပြောသည်။

စတုတ္ထအကြိမ် လွှတ်တော်မစခင် သုံးလေးရက်အလိုမှာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဘယ်ဟာတွေကို မေးခွန်းအဆို ဥပဒေကြမ်းအဖြစ် တင်ရမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်းနန်းက ပြောသည်။

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီနှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှစ်ရပ်တို့သည် အဖွဲ့နှစ်ဖွဲ့ခွဲကာ မေ ၂၁ ရက်မှစတင်ပြီး ဇွန် ၁၁ ရက်ထိ တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ ပထမဦးဆုံးအကြိမ်အဖြစ် ကွင်းဆင်း၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ လေ့လာကြသည်။

လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသားရေးရာ ကော်မတီများသည် တိုင်းရင်းသား ဒေသများသို့ ကွင်းဆင်းရာတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေစကားနှင့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် တန်းတူညီမျှ အခွင့်အရေး ရရှိရန်ဒေသခံတိုင်းရင်းသားများက တင်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါဝင်သော တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် အသက်မဝင်သေးသော အချို့အချက်အလက်များကိုလည်း အသက်ဝင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသးရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ၊

NDF သို့ လူ ၇၂၀၀၀ ကျော် ဝင်ရောက်မှုကြောင့် NLD စိုးရိမ်ထိပ်လန့်



NDF သို့ လူ ၇၂၀၀၀ ကျော် ဝင်ရောက်မှုကြောင့် NLD စိုးရိမ်ထိပ်လန့်နေပြီး ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည် လည်း အိပ်မပျော်စားမဝင် ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

NDF သို့ ဝင်မယ့် ၇၂၀၀၀ ဟာ ဒေါ်အောင်န်းစုကြည်ကို နောက်ဆုံးပေးစာ တစ်စောင်ပို့ပြီး သင်ခန်းစာပေးခဲ့သူ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ်အဖွဲ့က ဖြစ်ပါတယ်။ ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့ ခေါင်းဆောင် ရှေ့နေ ကြီး ဦးအေးမြင့်က အမျိုးသားဒီမို ကရေစီ အင်အားစု ပါတီ သို့ ဇွန်လ ၁၆ ရက်နေ့က ဝင်ရောက်ခဲ့ပါတယ်။

လမ်းပြကြယ် အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း မကြာသေးခင်ကမှ NDF ပါတီမှာ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးခင်မောင်ဆွေ က ပြောပါတယ်။

ဦးအေးမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာတစ်စောင်ပေးခဲ့ဖူးပြီး အဲဒီပေးစာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်ထောက်ခံသူအများအပြားက ဦးအေးမြင့် မကျေမနပ် ဖြစ်နေချိန်မှာပဲ ဦးအေးမြင့်က ၎င်း ကိုယ်တိုင် NLD ပါတီနဲ့ ပြိုင်ဖက် NDF ကို ဝင်ရုံသာ မက လမ်းပြကျယ်အဖွဲ့ဝင် ၇ သောင်းကျော်ကိုပါ ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။

NLD ပါတီမှ ပါတီဝင် (၁၀) သိန်း စီမံကိန်း ကို စတင်ခဲ့ပေမယ့် ၁ သိန်းတောင် မပြည့်ခင်မှာ NDF က ၁ သိန်း ကျော်တော့မှာ ဖြစ်ပါတယ်။ ဦးအေးမြင့်မှ ဒေါ်အောင်ဆန်းစုကြည် သို့နောက်ဆုံးပေးစာ တွင် မေးခွန်းများကို သေချာစဉ်းစားဖြေရန်ပြောကြားထားပါတယ်။ ၎င်း တို့မှာ

(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။ (အိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပြည်သူထဲက ပြည်သူ တစ်ဦးဖြစ်တဲ့ ငါးမင်းဆွေကိုလည်း ခုထိမတွေ့သေး)

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(၇) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင် ဖိတ်ခေါ် ဆွေးနွေး ရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

ဆိုပြီး ဖြစ်ပါတယ်။

NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှပ်နိုင်တဲ့ ဦးအေးမြင့်ကို ဗဟိုဦးစီး တာဝန် ပေးမယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ လုပ်စဉ်က "ရွေးကောက်ပွဲ ဝင်တာကာ ပြည်သူတွေကို လှည့်စားရာရောက်တယ်.. သပိတ်မှောက်ခြင်းက နည်းလမ်းအမှန်ဖြစ်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဟောဝါဒ ပေးကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းကြောင့် NLD ဝင် အများအပြားက နှုတ်ထွက်သွားကာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ကို တည်ထောင်ခဲ့ကြပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က အမြင်မှန်ရပြီး ပါတီ မှတ်ပုံတင်ရုံသာ မကာ ရွေးကောက်ပွဲကိုပါ ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အရင် ဆုံးဖြတ်ချက် မှားယွင်းမှုအတွက် တောင်းပန်တာမျိုးတော့ မရှိတော့ပါဘူး။


ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး




Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ယုဇနပိာုတယ်တွင် ကိုရီးယားအမျိုးသမီးသေဆုံး



ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနပိာုတယ်၌ ဇွန်လ(၂၀)ရက်နေ့ နံနက်၃နာရီခွဲအချိန်တွင် ကိုရီးယား လင်မယားနှစ်ဦးတည်းခိုနေရာမှ ကိုရီိးယားအမျိုးသား၏ ဓားချက်ကြောင့် ကိုရီးယားအမျိုးသမီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။

ဖြစ်စဉ်မှာ ယုဇနပိာုတယ် အခန်(၈၀၅)တွင် ဧည့်ဗီဇာဖြင့်နေထိုင်လျှက်ရှိသော ကိုရီးယားအမျိုးသားဖြစ်သူ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)က ၄င်း၏ အမျိုးသမီးဖြစ်သူ မစ္စစ်ကင်ဘွန်နန်အား အိပ်နေရာမှ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ဆိုသည်။

“ကိုရီးယားအမျိုးသားကိုတော့ ဗပာန်းရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ အမှုနဲ့ ပတ်သက်တာကိုတော့ဘာမှ မပြောနိုင်သေးပါဘူး။ ”ပာု ဗပာန်းမြို့နယ်က ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ဗပာန်းရဲစခန်းမှ မှတ်ချက်တစ်စုံတစ်ရာမှ ပေးလိုခြင်းမရှိကြောင်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးရာမှဝယ်ယူလာသောဓားဖြင့် စိတ်ဖောက်ပြန်၍ လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်မှ သိရှိရသည်။

“သူတို့က ကိုရီးယားအဖွဲ့အစည်းတွေ ဘုရားတွေ ဘာတွေ သွားဖူးပြီးသွားပြီ။ ဘုရားက ၀ယ်လာတဲ့ဓားနဲ့ စိတ်ဖောက်ပြန်ပြီး သတ်လိုက်တာ။ ”ပာု ယုဇနပိာုတယ် အနီးတွင် ထမင်းဆိုင်ဖွင့်ထားသော အမျိုးသမီး တစ်ဦးက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ မြန်မာပြည်အခြေစိုက် ကိုရီးယားသံရုံးအားမေးမြန်းရာ သတင်းထုတ်ပြန်မည့်သူမရှိ၍ မေးမြန်း၍ မရခဲ့ပေ။

အဆိုပါ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)သည် လူသတ်မှုကျူးလွန်စဉ် ၄င်း၏မိန်းမအား ဗိုက်ကိုခွဲ၍ အူများကို ဆွဲထုတ်ထားကြောင်း သိရသည်။

စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup

မူရင်းသတင်းက ဒီမှာပါ။

မြ၀တီမြို့ လယ်ကောင်တွင် သေနပ်ဖောက် လုယက်မှု တစ်ခုဖြစ်ပွား


မြ၀တီမြို့ လယ်ကောင်မှာ တိုက်ပွဲဖြစ်ပွါးခဲ့စဉ် မြင်ကွင်းတခုပါ

ဇွန်(၂၄)မွန်းလွဲပိုင်းအချိန်တွင် မြ၀တီမြို့လယ်ကောင်ရှိ အင်ပါယာ ရွှေဆိုင်အား အမည်မသိလူတစ်စုမှ သေနပ်နှင့်ပစ်ဖောက်၍ လုယက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးထံမှသိရသည်။

"သေနပ်သံ သုံးလေးချက်လောက်ပစ်ဖောက်ပြီး သိပ်မကြာဘူး ဆိုင်ထဲကပြန်ထွက်လာကြတယ်။ ဘယ်သူမှ ဘာမှမလုပ်ရဲကြဘူး။ ချောင်းကြည့်နေကြရတယ်"ဟု ထိုပုဂ္ဂိုလ်ကပြောသည်။

ဟိုင်းလပ်ကားတစ်စီးနှင့် နောက်ထပ်ကားငယ်တစ်စီး ရွှေဆိုင်ရှေ့သို့ အရှိန်ပြင်းပြင်းနှင့် ရပ်လိုက်ပြီးနောက်၊ ဆိုင်တွင်းသို့ သေနပ်များကိုင်ကာ ၀င်သွားကြပြီးနောက် သေနပ်ဖောက်သံများကြားရကာ၊ မှန်ခွဲသံများကြားရပြီးနောက် ယင်းအုပ်စုဆိုင်ထဲမှပြန်ထွက်လာကြပြီး ကားများကိုမောင်းပြေးသွားကြခြင်းဖြစ်ကြောင်းသိရသည်။

အင်ပါယာရွှေဆိုင်သည် မြ၀တီဈေးကြီးရှေ့ ဘုရင့်နောင်လမ်းမပေါ်တွင်ရှိပြီး၊ လူအစည်ကားဆုံးအချိန်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လောလောဆယ်တွင်မူ မြ၀တီချစ်ကြည်ရေးတံတားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်စစ်ဆေးလျှက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Popular Myanmar News

မူရင်းသတင်းက ဒီမှာပါ။

နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကို ဓားဖြင့် ထိုးသတ်

ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့နယ် အတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင် အမျိုးသား အား ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၉ ရက် နံနက်၁နာရီခွဲတွင် ဒေါ်ခင်ဝင်း (ခ)ဒေါ်ဝင်းသည် ၄င်း၏ အမျိုးသား ၆၅ နှစ်နှင့်အတူနေ အိမ်အိပ်ခန်းတွင် မျက်နှာချင်းဆိုင် ခုတင်တစ်လုံးစီဖြင့် အိပ်နေခဲ့ကြောင်း၊ ထိုစဉ် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ အော်သံကြောင့် လန့်နိုးပြီး ခင်ပွန်း ဖြစ်သူရှိရာနေရာသို့ လှမ်းကြည့်ရာ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)က ခင်ပွန်းဖြစ်သူအား လုံးထွေးရိုက်နှက်နေသည်ကို တွေ့ရပြီး ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းရာ အဆိုပါအမျိုးသားမှာ ၄င်းထံသို့ပြေးလာပြီး သံတုတ်ဖြင့် ရိုက်နှက် ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ၄င်းရိုက်နှက်မှုကြောင့် ဒေါ်ခင်ဝင်းတွင် ဝဲဘက်နားထင် ဖူးရောင်၊ အောက်နှုတ်ခမ်း ဒဏ်ရာများရရှိခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ဝဲဘက်နံရိုး ပြတ်ရှ၊ နောက်ကျောတွင် ဓားတန်းလန်းစိုက်ဝင်နေသဖြင့် ခင်ပွန်းဖြစ်သူအား မှော်ဘီဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားသည်။

ပြစ်မှုကျူးလွန်သူ အမည်မသိ အမျိုးသားအပေါ် အရေးယူပေးရန် ဒေါ်ခင်ဝင်းက တရားလိုပြုတိုင်တန်းထားကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မှော်ဘီရဲစခန်းက(ပ)၄၁၆/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူအမျိုးသားအား ဖမ်းဆီးရမိရေး စုံစမ်းလျက် ရှိကြောင်း သိရသည်။

ဘုန်းမြတ်
By Venus News Journal

မူရင်းသတင်းက ဒီမှာပါ။