Sunday, June 24, 2012

ဒေါ်လာရောင်းသူထက် ဝယ်သူအထူးများပြား

မြန်မာအစိုးရက ဒေါ်လာဈေးတက်လာရန် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာရှိကြောင်း တရားဝင် ထုတ်ဖော်ပြောကြားထားပြီး နောက်ပိုင်း ဗဟိုဘဏ်က မူဝါဒအပြောင်းအလဲများဖြင့် ဒေါ်လာဈေးကို ပုံမှန်နီးပါး ရောက်ရှိလာစေရန် ကြိုးပမ်းနေမှုများကြောင့် ရန်ကုန်ဒေါ်လာဈေးကွက်တွင် ဝယ်ယူစုဆောင်းထားသူ များပြီး ရောင်းသူနည်းပါးနေကြောင်း ရွှေဘုံသာအခြေစိုက် ပြင်ပဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များသည် ဒေါ်လာဈေး တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့်တွင် ရှိမှသာ အမြတ်ရှိနိုင်သဖြင့် အစိုးရဒေါ်လာဈေး တက်လာစေရန် ပြုလုပ်ခြင်းဖြစ်ပြီး ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်နေသည့် ဒေါ်လာဈေးနှုန်းများ တဖြည်းဖြည်း တက်လာသည်ကို ယခုရက်ပိုင်း တွေ့မြင်ရသည်။ ငွေလဲကောင်တာများတွင် ဇွန်၂၁ ရက်နေ့၌ အမေရိကန်ဒေါ်လာဝယ်ဈေး ၈၅၀၊ ရောင်းဈေး ၈၆၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး ၈၆၃ကျပ် ၊ FEC ၈၆၄ ကျပ်နှင့် ပို့ကုန်ရငွေမှာ ၈၆၀ တွင်ရှိနေကြောင်း ပို့ကုန်ရငွေဈေးကွက်နှင့် ဒေါ်လာဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မိုးရာသီတွင် ပို့ကုန်၊ သွင်းကုန်း လုပ်ငန်းများ အေးနေသဖြင့် ပို့ကုန်ရငွေမှာ အရောင်းအဝယ်အေးလျက်ရှိပြီး လာမည့် အပတ်တွင်လည်း အစိုးရမှ မူဝါဒအသစ်များ ထပ်ထွက်လာပါက ဈေးနှုန်းတည်ငြိမ်နေနိုင်မည်ဖြစ်ကြောင်း ပို့ကုန်ရငွေ ဈေးကွက်ကျွမ်းကျင်သူ ဦးစန်းဝင်းက ပြောကြားသည်။ ဒေါ်လာဈေးများ တက်သည့်နည်းတူ ယင်းနှင့် ချိတ်ဆက်လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ထူးခြားစွာ လိုက်ပါမြင့်တက်ခြင်းမရှိဘဲ ယခုရက်ပိုင်းတွင် ကျပ် ၇၂၀,၀၀၀ ကျော်တစ်ဝိုက်တွင်သာ ရှိနေကြောင်း ရွှေဘုံသာလမ်းရှိ ရွှေအရောင်းအဝယ် ပြုလုပ်နေသူများက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာအစိုးရ ကြိုးပမ်းမှု အမေရိကန် တိုးမြှင့်အသိအမှတ်ပြု

မြန်မာအစိုးရသစ်၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန်အစိုးရက ယခင်စောင့်ကြည့်အဆင့် (၃) မှ အဆင့် (၂) အထိ တိုးမြှင့်၍ အသိအမှတ်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ဝါရှင်တန်ဒီစီရှိ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လယ်အစီရင်ခံဏာကို ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ အဆင့်တိုး၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာအစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင် အမျိုးသမီးနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးခြင်းများကို တားဆီးနိုင်ရန် သိသိသာသာ အားထုတ်ခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူထုက အကြောင်းကြား တိုင်ကြားရန် အရေးပေါ်ဖုန်းလိုင်း ထားရှိခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကို ရှင်းလင်းစွာ တားမြစ်ထားသည့် ဥပဒေသစ် ထားရှိခြင်း၊ ၂၀၁၅ တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်စေရန် ILO နှင့် ရည်မှန်းချက်ကြီးသော စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ရန်ရှိခြင်းတို့ ပါဝင်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ သို့သော် အရပ်သားများကို အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ကလေးစစ်သား စုဆောင်းခြင်းများကို အစိုးရအရာရှိများနှင့် အစိုးရအရာရှိ မဟုတ်သူများကပါ လုပ်ဆောင်နေကြပြီး ဆိုးရွားသော ပြဿနာအဖြစ် တည်ရှိနေကြောင်းလည်း ဖော်ပြထား ကြောင်းသိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နိုဘယ်လ်ဆုအတွက် သံတမန်ခရီး


စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း

သတင်းထောက် ကျော်ဝင်း

ဦးစိုးသိန်း စက်မှုဝန်ကြီး၏ နော်ဝေနိုင်ငံခရီးစဉ်သည် ကောင်းကျိုးပေးမလား၊ ဆိုးကျိုးပေးမလား၊ သမ္မတနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အတွက် အကျိုးကျေးဇူးကောင်းရနိုင်မည်။ မြန်မာပြည်သားတွေ အတွက် ကောင်းကျိုးမရနိုင်။ ဆိုးကျိုးသာရမည်။ မြန်မာဝန်ကြီးနှစ်ပါး နော်ဝေနိုင်ငံသို့ နှစ်လအတွင်း နှစ်ခေါက်သွားသည်။ မြန်မာပြည်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ငြိမ်းချမ်းရေးအတွက် အကူအညီ ရရေးဟု အကြောင်းပြလိမ့်မည်။ အမှန်က သမ္မတကြီး နိုဘယ်လ်ဆုရရေး သွားရောက်ကြိုးပမ်းခြင်းသာ ဖြစ်ဖို့များသည်။ နော်ဝေနိုင်ငံထက် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် နိုင်ငံများစွာရှိသည်။ နော်ဝေနိုင်ငံထက် ငြိမ်းချမ်းရေးအကူအညီပေးနိုင်သည့် နိုငံများစွာရှိသည်။ ဘာလို့မသွားသလဲ? စဉ်းစားစရာရှိသည်။

နော်ဝေက နိုဘယ်လ်ဆုပေးနေသောနိုင်ငံမို့လား။ နိုဘယ်ဆုပေးရန် စာရင်းပြုစုသူမဟုတ်လား။ မကြာမီက အထင်ပေါ်ဆုံး၊ လူကြိုက်များတဲ့စာရင်းမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့နာမည် ထည့်သွင်းကြေညာ ခံထားရပြီလေ။ နိုဘယ်လ်ဆုကိုလှမ်းမျှော်မှာပေါ့။ ဦးစိုးသိန်းခရီးစဉ်သည် ဒေါ်စုကြည် နော်ဝေခရီးစဉ်နှင့် ချိန်ကိုက်ဖြစ်နေသည်မှာလည်း တိုက်ဆိုင်ခြင်းတော့မဖြစ်နိုင်ပါ။ အစီအစဉ်ဖြင့်ပြုလုပ်ခြင်းဖြစ်မှာ ဧကန် မလွဲပါ။ ဒေါ်စုကြည်၏အားကိုယူမည်၊ ဒေါ်စုကြည်ထောက်ခံချက်လိုမည်။ ဒီလိုစီစဉ်မှ သမ္မတကြီးအတွက် နိုဘယ်လ်ဆုစာရင်းဝင်ဖြစ်မည်။ ဦးစိုးသိန်းကလည်း အောင်သွယ်ကောင်းသည်။ အနောက်အုပ်စုကလည်း ပေးချင်ချင်၊ ဒီဖက်ကလည်း ရချင်ချင်နဲ့တော့ ဟန်ချက်ညီနေတာပဲ။

ဦးစိုးသိန်းတို့ကလည်း မျက်နှာရလိုသည် အနောက်နဲ့ မရမကဆက်ဆံလိုသည်။ အနည်းဆုံး အင်္ဂလန်မှာထားသော သူ့သားသမီများအတွက် အဆင်ချောနိုင်သည်။ သူ့သားသမီး (၂)ဦးက အင်္ဂလန် နိုင်ငံသားတောင်ခံယူထားသည်ဟု သိရသည်။ သို့သော် ဦးစိုးသိန်းက လျှို့ဝှက်ထားသည်။ ထပ်မံရနိုင် ဖွယ်ရာက သူတို့ပါ အနောက်အုပ်စုက သူကောင်းပြုနိုင်ဖွယ်ရှိသည်။ နိုဘယ်လ်ဆုနောက်ဆက်တွဲစာရင်း ၀င်လာနိုင်သည်။ ဤကဲ့သို့ပင် ၎င်းတို့ကြိုးပမ်းနေသည်မှာ အလွန်ရှင်းလှပါသည်။

ဦးစိုးသိန်းတို့အုပ်စုသည်ကား အနောက်အုပ်စု၏အလိုကျ ဘာမဆိုလုပ်တော့မည့်ဘ၀ ရောက်နေ ပေပြီ။ သူတို့သည် ပြန်နှုတ်မရနိုင်လောက်အောင် ကျွံနေပြီ။ တစ်ကိုယ်ကောင်းဆန်သူ၊ တတ်ယောင်ကား တို့၏ လောဘဆန္ဒကို တားမရတော့ပါ။ သူတို့ဝန်းကျင်မှာ ၀ိုင်းရံနေသူများသည် သူတို့အား ကောင်းကောင်းကြိုးကိုင်ထားနိုင်ပြီလို့ ပြောရတော့မည်။ ဒီတော့ ဘာဖြစ်မှာလဲ။ သမ္မတကြီးနှင့် အနီးကပ် ရှိနေသူများကို အနောက်အုပ်စုလို့ခေါ်မလား? ၊ စီအိုင်အေလို့ခေါ်မလား? ၊ ထိုသူတို့တွေက လိုသလို အသုံး ပြုနိုင်သည်။ မြန်မာပြည်ဟာ ဒုတိယ ရုရှားအင်ပါယာပြိုကွဲသလိုဖြစ်မလား? ၊ ၁၉၄၈ ခု လွတ်လပ်ရေးရပြီး ၆၄ နှစ်ကြာနောက်ပိုင်းမှာ အနောက်အုပ်စု၏ သခင်ပေါင်းစုံကျွန်ဖြစ်မလား? ၊ တိုင်းရင်းသည်းစည်းလုံးမှု ပြန်ရခါနီးဆဲဆဲမှ တဖန် အစိတ်စိတ်ပြိုကွဲတော့မလား? ၊ တိုင်းပြည်နှင့်ပြည်သှု့အနာဂတ်ရေးသည် အလွန် စိုးရိမ်စရာဖြစ်တော့မည်။ အရှေ့၊ အနောက် နယ်မြေလွှမ်းမိုးနိုင်ရေးပြိုင်ပွဲမှာ မြန်မာတို့မြေစာပင်ဖြစ်တော့ မည့်ကိန်း ဆိုက်နေသည်။ ရှေးလူကြီးများထားခဲ့သော ဒို့တာဝန်အရေးသုံးပါးဟာ သမိုင်းမှာကျန်ရစ် နေပေတော့မည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများ ဖမ်းဆီးရရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာ၊ ဦးကာကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူအချို့သည် ဇွန် ၁၉ ရက် နံနက် ၇ နာရီခွဲခန့်က အနောက်ပြင်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ခြင်းကြောင့် လူနေတဲ ၃၀ လုံး မီးလောင်ဆုံးရှုံးပြီး ရွာသား ၃ ဦး သေဆုံး၍ ရွာသားအချို့ ဒဏ်ရာရရှိသည့် သတင်းအား ဇွန် ၂၀ ရက်နေ့ည ရုပ်မြင်သံကြားသတင်းနှင့် ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဖြစ်စဉ်၌ ဖော်ပြပါ သေဆုံးသူ သုံးဦးအပြင် ဂူတောင်ကျေးရွာမှ ရွာသားကိုးဦးမှာ ပျောက်ဆုံးလျက်ရှိသောကြောင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများက ထပ်မံသတင်းပေးမှု နယ်မြေခံတပ်ရင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖော်ထုတ်မှုကြောင့် ရွာသားကိုးဦး၏ အလောင်းများကို အနောက်ပြင်ကျေးရွာ အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မိသားစုများမှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။ ထိုသို့ အကြမ်းဖက်သတ်ဖြတ်မှုကို အုပ်စုဖွဲ့ကျူးလွန်ခဲ့သည့် အနောက်ပြင်ရွာသား ၂၂ ဦးအား ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ကျန် ၃၁ ဦးကို ဇွန် ၂၂ ရက်နေ့တွင်လည်းကောင်း တူမီးသေနတ် (၁) လက်အပါအဝင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အပစ်အခတ်ရပ်စဲနိုင်ရေး KIA နှင့် မြန်မာ့တပ်မတော်တို့ စစ်ရေးညှိနှိုင်းမည်



ကချင်ပြည်နယ်တွင် တစ်နှစ်ကျော်ကြာ စစ်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကို အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ တွေ့ဆုံကာ စစ်ရေးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် PCG (Peace Talk Creation Group) မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဘွန်ဂျာက ပြောကြားခဲ့သည်။

“အခု တတိယအကြိမ် ဆွေးနွေးမှုမှာ KIO (ကချင်လွတ်မြောက်ရေး အဖွဲ့ချုပ်) ဘက်က တင်ပြထားတာ အတော်များများကို နိုင်ငံတော်သမ္မတက လက်ခံတယ်။ အဓိကက ရှေ့တန်းမှာ တိုက်နေတာတွေရပ်ဖို့ နှစ်ဦးနှစ်ဖက် စစ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေ နှစ်ဖက်တွေ့ပြီး ဆွေးနွေးဖို့ ဖြစ်သွားတယ်” ဟု ၄င်းက ရှင်းပြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO တို့ ဇွန်လ ၂၀ ရက်နေ့က ကချင်ပြည်နယ် မိုင်ဂျာယံတွင် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအကြိမ် တွေ့ဆုံစဉ်က KIO ဘက်မှ တင်ပြထားသော တင်ပြချက်များကို ဝန်ကြီးဦးအောင်မင်းက နိုင်ငံတော်သမ္မတထံ ပြန်လည်တင်ပြရာ သမ္မတက တင်ပြချက် အတော်များများကို လက်ခံခဲ့ကြောင်း ယခုဆွေးနွေးပွဲတွင် ဝန်ကြီးက ပြန်လည်ပြောကြားသည်ဟု ၄င်းကဆိုသည်။

စစ်ရေးအရ ညှိနှိုင်းမည့် စတုတ္ထအကြိမ် တွေ့ဆုံမှုကို ဇွန်လကုန်ပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း၊ ပြည်သူများ မကြာခင် ငြိမ်းချမ်းရေး အလင်းရောင် တွေ့မြင်ရမည်ဟုထင်ကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တက်ရောက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မနေ့ က သိသူများနဲ့  ယခင်က မကြားဖူးသူများ ပြသနာ

မိဇျိမ္မသတင်းဋ္ဌါနရဲ့  ဆောင်းပါးတပုဒ်ကို ဖတ်ရပါတယ် ။ မြန်မာနိုင်ငံသား တဦးရဲ့  မိတ်ဆွေ ပေးစာ ဆိုပြီးတော့ ပေါ့ ။ သေသေချာချာ ဖတ်လိုက်တော့ ပထမဦးစွာ ကျနော်ဖြေချင်တာက စာရေးသူဟာ မနေ့ က သိသောသူ တယောက်အဖြစ် ဆောင်းပါးကို ရေးသားခြင်းပါဘဲ ။ ဒီတော့ လွဲပြီပေါ့ ။ ဒီကနေ့ ဖြစ်ပျက်နေတဲ့  ပြသနာပဋိပက္ခဟာ သမိုင်းနဲ့ ချီပြီး ရှိနေခဲ့ သော ရာဇ၀င်သမိုင်းတွေကို လိမ်လည်ဖြေရှင်းနည်းနဲ့  ကြိုးးစားလာရာကနေ ပေါ်ပေါက်လာတာဘဲဖြစ်ပါတယ် ။ ဒီတော့ခါ ဒီပြသနာမှာ ရခိုင်ရာဇ၀င်သမိုင်းနဲ့  မြန်မာနိုင်ငံသမိုင်းကို ကျနော်တို့  ဦးတည်ရပါလိမ့်မယ် ။ ရှေးဦးစွာ ရခိုင်ရာဇ၀င်းသမိုင်းကို တင်ပြပါရစေ ။ ရာဇ၀င်သမိုင်းလို့  နာမည်တပ်ထားရတာက ရာဇာ-ရာဇ၀င် ဆိုတာဟာ ရှေးရခိုင်ဘုရင်မင်းများရဲ့  ထီးနန်းအုပ်စိုးချိန်တွေကို ဖေါ်ပြချင်လို့ ပါဘဲ ။ သမိုင်းနဲ့ ချီပြီး ရှိနေခဲ့ သော ရခိုင်ရာဇ၀င်သမိုင်းတွေမှာ မာရယမင်းဆက်မှသည် နောက်ဆုံးမြောက်ဦးဘုရင် မဟာသမ္မတရာဇါမင်းအထိ ရခိုင်လူမျိုးတွေ ရှိနေပါတယ် ။ မရှိတာကတော့ အခုပြောပြောနေတဲ့  သူတို့ အခေါ် ရိုဟင်ဂျာလူမျိုးလို့ ဆိုသော အဲဒီလူမျိုးတွေဟာ တလုံးတလေတပါဒမှ ပါဝင်ခဲ့ တာ မတွေ့ ရပါလား ။

ကျနော်ဟာ နိုင်ငံရေးသမားတယောက်ဖြစ်ပြီး စာပေရေးသားသူတဦးဖြစ်ပါတယ် ။ ဒါကြောင့် နိုင်ငံရေးနဲ့ ပါတ်သက်သောအမြင်များကို မြင်ပြီး သမိုင်းကိုလေ့လာသူလဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သမိုင်းသုတေသီ တဦးမဟုတ်တော့ သမိုင်းအမြင်နဲ့  စကားမပြောချင်ပါဘူး ။ နိုင်ငံရေးသမားအမြင်နဲ့  ပါတ်သက်လို့ ပြောရရင် တကယ်လို့  ရခိုင်ရာဇ၀င်သမိုင်းမှာ အဲဒီလိုလူမျိုးကို မှတ်တမ်းမှတ်ရာနဲ့ သာ တလုံးတလေမျှ ရေးဖွဲ့ ထားခဲ့ ရင် နိုင်ငံရေးအမြင်နဲ့  လက်ခံဖို့  အသင့်ရှိနေသူဖြစ်ပါတယ် ။ ခုတော့ ကကြီးခကွေး ဝေါဟာရနဲ့  တလုံးတလေတပါဒမျှ ရေးသားမှတ်တမ်းတင်ထားတာကို မတွေ့ ရတော့ ကျနော်တို့ အနေနဲ့  လက်ခံဖို့ ရာ ဘယ်လိုမှ မဖြစ်နိုင်ပါလား ။

သမိုင်းသုတေသီအမြင်တွေမှာ ဆိုရင်တော့လဲဘဲ သက္ကရာစ် ခုနှစ်နဲ့  အတိအကျ မှတ်တမ်းမှတ်ရာ ရှိနေကြတဲ့ အခါမှာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း ရှိကြမှာမဟုတ်ပါဘူး ။ သမိုင်းသုတေသီတွေရဲ့  လက်ထဲမှာ မြေအိုးမြေခွက်တွေ ၊ ငွေဒင်္ဂါးတွေ ၊ ပေစာတွေ ။ ကျောက်စာတွေ ။ ရတုရကန်တွေ ၊ ဘုရားအိုကျောင်းပျက်တွေ နဲ့  ဘာသာစကားတွေ ရှိနေပါတယ် ။

လွန်ခဲ့ တဲ့  နှစ်ပေါင်းထောင်နဲ့ ချီပြီး ရှိနေခဲ့ တဲ့  ရခိုင်လူမျိုးတွေရဲ့  သမိုင်းနဲ့  ပါတ်သက်သော သို့ မဟုတ် အတိတ်ကာလက ရှိနေပြီးခဲ့ သော ရာစုနှစ်များရဲ့ ပြသနာတွေဟာ မျက်မှောက်ကာလမှာ တိတိကျကျ ရှိနေဆဲပါဘဲ ။ ဒီလိုသမိုင်းအဆက်ဆက် ယဉ်ကျေးမှုအဆောက်အဦ ကြီးမားစွာ ရှိနေခဲ့ ပြီးသော ရခိုင်ရာဇ၀င်သမိုင်းဟာ သက္ကရာစ် -၁၇၈၄-ခုနှစ်မှာ မြန်မာနိုင်ငံရာဇ၀င်သမိုင်းနဲ့  ဆက်စပ်သွားပါတယ် ။

အဲဒီအချိန်ကာလမှနေပြီး အင်္ဂလိပ်ခေတ်အထိ သမိုင်းတွေဟာ မှတ်တမ်းမှတ်ရာနဲ့  တိတိကျကျ ထင်ရှားစွာ ရှိလာခဲ့ ပါတယ် ။ အဲဒီအ၈င်္လိပ်သမိုင်းမှာလဲဘဲ ဒီသူတို့ တွေ ပြောပြောနေတဲ့  ရိုဟင်ဂျာလို့  ခေါ်သော လူမျိုးကို အ၈င်္လိပ်အစိုးရက တလုံးမျှ မှတ်တမ်းမှတ်ရာအဖြစ် ရေးသားခဲ့ ခြင်း မရှိခဲ့ ပါဘူး ။ ဒုတိယကမ္ဘာစစ်ဖြစ်လို့  မြန်မာနိုင်ငံလွပ်လွပ်ရေးရတော့ မဲ ဆဲဆဲ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံကို ခေါ်ယူရာမှာ ဒီလူမျိုးကလဲ နာမည်တလုံးနဲ့  မပါခဲ့ ပါလား ။

ဗိုလ်ချုပ်အောင်ဆန်းတို့  ရေးဆွဲ တဲ့  မြန်မာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတို့ မှာလဲ ဒီရခိုင်တိုင်းရင်းသားလူမျိုးနွယ်စုမှာ ထည့်သွင်းခဲ့ တာရှိတယ်လို့  ခုအချိန်ထိ သမိုင်းသုတေသီတွေက ထောက်ပြတာ မတွေ့ ဖူးဖူးပါဘူး ။ ကျနော်ပြောချင်တာက နိုင်ငံရေးသမားတဦးအနေနဲ့  လူ့ အခွင့်အရေးစံနုံးအရ ( ၁၉၄၈ ခုနှစ် နောက်ပိုင်း ရောက်လာတဲ့  လူတွေ ) လူသားတယောက်အဖြစ် လက်ခံနိုင်ပေမဲ့  သမိုင်းမှာ မရှိသော ဒီလိုလူမျိုးကို ဘယ်လိုမှ တိုင်းရင်းသားလူမျိုးစုနွယ်များအဖြစ် လက်သင့်ခံလို့  ဖြစ်နိုင်မှာမဟုတ်ပါဘူး ။

အကယ်၍ ရှေးရခိုင်မင်းများအဆက်ဆက် မြန်မာဘုရင် မင်းများအဆက်ဆက်မှာ အကိုးအကားနဲ့  စာပေမှတ်တမ်းများအဖြစ် ကဗ္မည်းမော်ကွန်းထိုးထားတာများရှိရင် ခုအချိန်မှာ လက်သင့်မခံနိုင်စရာ အကြောင်းမရှိပါဘူး ။ ခုတော့ မနေ့ မှ ရောက်လာသော ပုဂ္ဂိုလ်များကို အိမ်ရှင်များဖြစ်သူက ဧည့်သည်မို့ လို့ ဧည့်သည်အဖြစ် ဆက်ဆံသတ်မှတ်ရတာကို ဘာမှစိတ်ညစ်ညူးစရာ မလုပ်သင့်လို့ ထင်ပါတယ် ။ ခုတော့ စိတ်ညစ်ညူးစရာ ဖြစ်သွားတဲ့ အပြင် အိမ်ရှင်များကို စော်ကား -နေအိမ်တွေကိုမီးရို့  - ပဋိပက္ခတွေဖန်တီးတာတွေဟာ ပို၍တောင် ရုပ်ဆိုးစေသော လုပ်ရပ်များဖြစ်တယ်လို့  ထင်ပါတယ် ။

နိုင်ငံတနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများအဖြစ် အသိအမှတ်ပြုခြင်းနဲ့  ပြုလုပ်သူများဟာ နိုင်ငံတော်အာဏာကို ရယူထားတဲ့  အုပ်ချုပ်သူအစိုးရသာဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဋ္ဌာနနဲ့  သန်ကောင်စာရင်းဋ္ဌါနတွေရဲ့  အကိုးအကား ပြုစုကောက်ယူခြင်းနဲ့ သတ်မှတ်ထားတာဘဲဖြစ်ပါတယ် ။ သက်ဆိုင်ရာပြည်နယ်များရဲ့  အကိုးအကား အချက်အလက်များးကို သုတေသီတွေ ၊ စာရေးဆရာတွေနဲ့  ပြုစုသုံးသပ်ပြီး ပြည်နယ်တခုချင်းရဲ့ လူမျိုးစုနွယ်များ အကြောင်းကို မှတ်တမ်းမှတ်ရာနဲ့  ပြုစုပြီးမှ အတည်ပြုသတ်မှတ်ထားကြတာပါ ။ ပြည်နယ်များစွာမှာ တိုင်းရင်းသားလူမျိုးစုနွယ်များဟာ သူတို့  ရဲ့  ယဉ်ကျေးမှု ၊ သူတို့ ရဲ့  စာပေ ၊ သူတို့  ရဲ့  ဓလေ့ထုံးတမ်းစဉ်လာတွေကို ထိမ်းသိမ်းစောင့်ရှောက်ထားကြပြီး သူတို့  ရဲ့  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ ချစ်စဖွယ်အလှအကများကို တနှစ်တကြိမ် ပြည်ထောင်စုနေ့  တိုင်းရင်းသားလူမျိုးများ ရိုးရာပဒေသာကပွဲမှာ ဖေါ်ပြတင်ဆက်ကြပါတယ် ။

ကျနော်ပြောချင်တာက တိုင်းရင်းသားလူမျိုးစုနွယ်များအဖြစ် သတ်မှတ်ကြရာမှာ ရခိုင်သမိုင်းသုတေသီတွေ ၊ ရခိုင်စာရေးဆရာတွေ ၊ ရခိုင်နိုင်ငံရေးသမားတွေဟာ ရခိုင်ပြည်နယ်အတွက် သာမညသာဖြစ်နေပြီး အဓိကတာဝန်အရှိဆုံးသူတွေဟာ အစိုးရခေတ်အဆက်ဆက်ဘဲ ဖြစ်တယ်ဆိုပါဘဲ ။ ဒီတော့ တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် အစိုးရက လက်သင့်မခံဘူးဆိုရင် အစိုးရကို တိုက်ခိုက်တော်လှန်ဖို့ ဘဲ လိုပါတယ် ။

အစိုးရဆီက အခွင့်အရေးရရှိဖို့  အကြမ်းဖက်နည်းနဲ့ ဖြစ်စေ အကြမ်းမဖက်နည်းနဲ့ ဖြစ်စေ တောင်းဆိုတိုက်ပွဲဝင်သင့်ပါတယ် ။ သူသေကိုယ်သေ ချကြဖို့ လိုပါတယ် ။ အခုဟာက ရခိုင်လူမျိုးတွေကို စော်ကားပြီး နေအိမ်တွေကို မီးရို့ တာတွေ လူသတ်နေတာတွေဟာ လက်ခံစရာ တကွက်မှ မရှိတာပါဘဲ ။ တကယ်လို့  ရခိုင်လူမျိုးတွေ အားလုံး သေဆုံးလို့  ရိုဟင်ဂျာလို့ ခေါ်သောလူမျိုးကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် ပြုမယ်လို့ ထင်နေကြရင် အမှားကြီးမှားလို့  အလွဲကြီး လွဲနေတာဘဲလို့  ပြောချင်ပါတယ် ။ ဘာကြောင့်ဆိုရင် အခုအချိန်မှာ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဗုဒ္ဒဘာသာ သာသနာကို ကယ်တင်လိုကြတဲ့  ဗုဒ္ဒဘာသာဝင်တွေ ဖြစ်နေလို့ ပါဘဲ ။ ကျနော်တို့ ဟ အမှန်တကယ် စိုးရိမ်သူများဖြစ်ကြပါတယ် ။ အနောက်ဖက်တံခါး ကျိုးပေါက်သွားပြီဆိုရင် မြန်မာနိုင်ငံဟာ တနေ့ မှာ အစ္စလမ်မစ်နိုင်ငံဖြစ်မှာမို့ လို့  ဒီလိုမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားကြတာပါ ။

ဒီလိုကြိုတင်ကာကွယ်ခြင်းဟာ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်ထားကြတာပါဘဲ ။ မိဇျိမ္မသတင်းဋ္ဌါနမှာပါတဲ့  ဆောင်းပါးရှင်က ရေးသားရာမှာ ရိုဟင်ဂျာလူမျိုးတွေကို တိုင်းရင်းသားလူမျိုးများအဖြစ် လက်သင့်ခံရပါလိမ့်မယ် ။ တကယ်လို့  လက်သင့်မခံရင် သူတို့ တွေဟာ မွတ်ဆလင်နိုင်ငံများနဲ့  ပူးပေါင်းသွားပြီး မြန်မာနိုင်ငံကို အစ္စလမ်မစ်နိုင်ငံအဖြစ် ပြုလုပ်သွားပါလိမ့်မယ်လို့  ဖွင့်ဟပြောဆိုထားတာ တွေ့ ရပါတယ် ။ ဒီတော့ခါ ကျနော်တို့ ရဲ့  စိုးရိမ်စိတ်များနဲ့  အခုဒီဆောင်းပါးရှင်ရဲ့  ဖေါ်ပြရေးသားချက်ဟာ တထေရာတည်း တူညီနေတဲ့ အချက်ဖြစ်နေပါတယ် ။ ဒီတော့ ကျနော်တို့  ရဲ့  စိုးရိမ်စိတ်ဟာ ပို၍မှန်ကန်ခြင်းဖြစ်နေတာပါဘဲ ။ ဒီအမှန်တရားကို သူတို့ တွေကိုယ်တိုင်က တွက်ချက်ဖေါ်ပြပြီးသားဖြစ်ပါတယ် ။

ဆောင်းပါးရှင်ဟာ သူတွေ့ ဆုံနေရတဲ့  ဒုက္ခသည်စခမ်းဆီမှာ ရောက်နေတဲ့  သူတွေကို မနေ့ က တွေ့ လို့  မျက်ရည်လည်ပြီး ပြောဆိုနေတာကို ကြည့်ရင်း ဆောင်းပါးရေးတဲ့ အဆင့်လောက်နဲ့  ရေးသားတင်ပြလိုက်တာပါ ။ ကျနော်တို့ က သမိုင်းစာအုပ်ကို ခေါင်းခုပြီး အိပ်လို့  ကြီးပြင်းလာကြပြီး နိုင်ငံရေးလုပ်လာတဲ့ သူတွေဖြစ်နေပါတယ် ။ သမိုင်းထဲမှာ ဝေါဟာရတလုံးတပါဒမျှ မရှိခဲ့ တဲ့  သူတွေကို ကျနော်တို့ ဟာ -၁၉၈၈- နောက်ပိုင်းမှာ ပြည်ပကအသံလွှင့်ဋ္ဌါနတွေ ၊ မီဒီယာတွေမှာ ကြားလာရ မြင်လာရပါတယ် ။ ဒီဋ္ဌါနတွေဟာလဲဘဲ မနေ့ က သိသူများသာဖြစ်နေတယ်ဆိုတာ ပြောလို့ ရပါတယ် ။ မနေ့ က သိသူများဟာ ကျနော်တို့ လို နှစ်ရှည်နှစ်များ သိသူနဲ့  ဘယ်လိုမှ ထိထိမိမိ လုံလုံလောက်လောက် အကျိုးအကြောင်း သိကြမှာ မဟုတ်ပါဘူး ။ သို့ အတူဘဲ နိုင်ငံခြားသားဆောင်းပါးရှင်တွေဟာလဲဘဲ သတင်းအမှားတွေကို လက်ခံပြီးတော့ အတည်ပြုချက်တွေ ယူရကောင်းမှန်း မသိဘဲ ရေးသားထုတ်လွှင့်နေကြရတယ်လို့  သုံးသပ်မိပါတယ် ။

ကျနော်ပြောချင်တာက ဒီလို မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးစုများနဲ့  ပတ်သက်လို့  မီဒီယာတွေ အထူးသဖြင့် နိုင်ငံခြားသား သတင်းသမားတွေက အစိုးရနဲ့  ထိပ်တိုက်တွေ့ ပြီး အတည်ပြုချက် ယူကြပြီးမှသာ ဒီလိုအကြောင်းအရာတွေကို ရေးသားကြဖို့  လိုပါတယ် ။

အထူးသဖြင့် အစိုးရကလဲဘဲ နိုင်ငံတကာသတင်းစာဆရာတွေ -ရခိုင်သမိုင်းသုတေသီတွေ - မြန်မာသမိုင်းသုတေသီတွေ- နိုင်ငံခြားသား ရခိုင်သမိုင်းသုတေသီတွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုးများ သမိုင်းဆိုင်ရာ ညီလာခံ ကို ပြုလုပ်ကျင်းပလိုက်ဖို့ လိုအပ်တယ်လို့  မြင်ပါတယ် ။ အဲဒီညီလာခံက ဆုံးဖြတ်ချက်တွေကို အတည်ပြုပြီးတော့ အစိုးရကနေပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကို ကြေညာပေးဖို့ လိုအပ်ပါတယ် ။ ဒါမှသာ ဒီပြသနာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဦးတည်ရာကို ဖြစ်ပေါ်သွားစေလိမ့်မည်လို့  ထင်မြင်ကြောင်းပါဗျာ ။။။။။။။။။။။။။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မြန်မာပြည်သိမ်းပိုက်ရေး အစ္စလာမ်မစ် အစွန်းရောက်များ ရည်မှန်းချက်



ယခုအခါ ဖိုရမ်များနှင့် နိုင်ငံခြားရပ်ဝန်းဖေ့ဘုတ်များတွင် ပျံနှံနေသော အစ္စလာမ်မစ် အစွန်းရောက်သမားများ၏ မြန်မာပြည်သိမ်းပိုက်ရေး ကြေငြာချက်များ ထွက်ရှိလာပါသည်။ မြန်မာတို့၏ အထွဋ်အမြတ်ရွှေတိဂုံစေတီတော် မီးလောင်နေပုံနှင့် RPG ထမ်းထားသော အစ္စလာမ်မစ် အစွန်းရောက်သမားတစ်ဦး၏ ပုံကို တွဲစပ်ထားပြီး အောက်တွင် မြန်မာပြည်ဂျီဟတ် လမ်းစဉ် ၃ ရပ် ပြဌာန်းမှူ ချမှတ်ထားခြင်းကို ရေးဆွဲထားပါသည်။

မြန်မာပြည်သိမ်းပိုက်ရေးဂျီဟတ် လမ်းစဉ် (၃) ရပ်

(၁) မွတ်ဆလင် လူဦးရေ များဖြင့် ပြည့်နှက်စေရေး အခြေခံသည် ( ရည်မှန်းချက် ပြီးမြောက်ခဲ့ပြီး )
(၂) မွတ်ဆလင် နက်ဝက် တည်ဆောက်ခြင်း ( ရည်မှန်းချက် ပြီးမြောက်ခဲ့ပြီး )
(၃) နိုင်ငံအတွင်း တည်ရှိနေသော အဖွဲ့အစည်းများနှင့်ဘာသာပေါင်းစုံအား လက်နက်ကိုင် စစ်ဆင်နွဲ တိုက်ခိုက်ခြင်း ( ယခု စတင်နေ)

ဒါကြောင့် အခုဆိုလျှင် ကျွန်ုပ်တို့၏ ဘဝတလျှောက်လုံး ကြံစည်ထားသော အစီအမံမှာ နောက်ဆုံး အဆင့် (၃) ထိအောင် ရောက်နေပြီဖြစ်သည်။
မကြာခင်တွင် အစ္စလာမ်မစ် ပြည်နယ် ဖြစ်ရမည် ။

ယခုလည်း ဘင်္ဂလီများကြားမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာ လူများ ဦးဆောင်သည်ကို ရခိုင်နယ်ခံများ လည်း ပြောကြားကြသည်မှာ တင်ပြပြီးဖြစ်သည် ။ထိုအပြင် ဘင်္ဂလားနယ်ခြားစောင့်တပ်များမှလည်း ကူညီနေသည်ဟူသော သတင်းများ ကမြေပြင်အခြေအနေတွင် ပါးစပ်သတင်းများထွက်နေပြန်သည် ။ ကုလားများဆီကလည်း သိမ်းဆည်းရမိသည့် ခဲယမ်းသေတ္တာများနှင့် လက်နက်များကလည်း မနည်းမနော ရှိနေသည် အများအားဖြင့် NGO ခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ အပြင် ဗလီများက ပါတွေ့ရှိနေရခြင်းက သံသယ နှင့်ယူဆချက်များကို ခိုင်မာစေသည် ။မာလိပ်ဗလီကြီးမီးလောင်စဉ်က မီးသတ်များနှင့် ရဲများတွေ့ရှိရသော စာရွက်စာတမ်းများမှာလည်း မလေးရှားနိုင်ငံက အစ္စလာမ်မစ် အဖွဲ့များက ပေးအပ်သော စာများပါတွေ့လာရသည် ။ထိုသို့ အချက်အလက်များ စုစည်း စဉ်းစားသော် ယခု ထွက်ပေါ်လာသော ပုံကြွေးကြော်စာ မှာ ဖြစ်တန်သလော ။ ကုလားများ သည် လွန်ခဲ့သော နှစ် ဆယ်စုကာလများကပင် ရည်မှန်းချက် ကြီးစွာ တည်ထောင်ခဲ့သလော ။

ယခုတင်ပြရခြင်းမှာလည်းပြည်တွင်းနေ တစ်ချို့ရိုးသားပြီးအေးဆေးစွာနေတတ်သော မွတ်ဆလင်များနှင့် ရန်တိုက်ပေးခြင်းမဟုတ် ။ သို့သော် မပြေးသော်လည်း ကန်ရာက ရှိပါသည် ။သတိဟူသည် ပိုသည် မရှိပါ ။

နိုင်ငံရေး အကျပ်အတည်းကြားတွင် သမ္မတ နှင့် စစ်တပ်ကို ဂျောက်ကျအောင်လုပ်ကာတနည်း နိုင်ငံတကာကို ရိုဟင်ဂျာ သည် မြန်မာဖြစ်သည်ဟု သိမ်းသွင်းထားပြီးကတဖုံ စစ်တပ်နှင့် ပြည်သူကို ရန်တိုက်နည်းတသွယ် ဒေါ်စုအား ပ ထုတ်ခြင်း တစ်မျိုး( ဤသည်ကား အဆိုးထဲမှ အကောင်းတည်း-ဤ ကိစ္စကြောင့် ဒေါ်စုသည် ဆု မက်သော အင်္ဂလိပ် ကြိုးဆွဲရာကသော လူတစ်ယောက်အဖြစ် ဝတ်ရုံကွာကျသွားခြင်းဖြစ်သည် ။) အဘက်ဘက်မှ လှုပ်မရအောင် ကြိုတင် စီစဉ်ထားသော အံဖွယ်ရည်မှန်းချက်ကြီးတစ်ခု ပါလားဟု ကျွန်တော်တို့မှ စုပ်တသပ်သပ် နှင့် လက်ဖျားခါ မိပါလေတော့သည်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ဒေါ်စုကြည်၏ အခုတစ်မျိုးတော်ကြာတစ်မျိုး အကျင့်စရိုက်



''ရှင်ပြောတဲ့ ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။

ဒါပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့နိုင်ငံသားတွေ မဟုတ်ဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ကို ဒုက္ခသည်အနေနဲ့ မလိုချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်ဘူး။ မြန်မာနိုင်ငံကနေ လာတယ်ဆိုပြီး။ အဲဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ မှန်ကန်တဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ် မရှိဘဲ၊ မှန်ကန်တဲ့ မူဝါဒမရှိဘဲ၊ မှန်ကန်တဲ့ တရားဥပဒေ အကောင်အထည်ဖော်မှု မရှိဘဲနဲ့။ ဒါကြောင့် ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုပြဿနာပဲ။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုကြောင့်တော့ မဟုတ်ဘူး''လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီခရီး မတိုင်ခင်ကတည်းက သူနဲ့ ပြောဆို ဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာကို မြန်မာတိုင်းရင်း ဟုတ်ပါသလားလို့ မေးတာကို ဝေ့လည်ကြောင်ပတ်နဲ့ မသိဘူးလို့ ခေါင်းရှောင် ပြီး ဖြေသွားတာကို တောင် ဖြေသွားတာလေးက လှတယ်ဟု ဆိုကြသည်။ ဖြစ်ရလေ အခုတစ်မျိုး တော်ကြာ တစ်မျိုး ကဒေါ်စုကြည်ရဲ့ အကျင့်စရိုက်လားလို့တောင် မေးရတော့မှာပါ။ ဆွေးနွေးတုန်းကတော့ နည်းလမ်းတွေ ပေးပြီး ဆွေးနွေးခဲ့ပြီးမှ အခုတော့ ဒေါ်စုကပဲ အတိတ်မေ့သွားတာလား မသိဘူးနော်...

ဒီခရီး မတိုင်ခင်က သူမသိဘူး ဆိုတဲ့ ရိုဟင်ဂျာနဲ့ ဆွေးနွေးထားတဲ့ အောက်ကလင့်ကိုလည်း သွားနားထောင် ကြည့်ပါဦးဗျာ...

http://www.youtube.com/watch?v=JOobEmSoBmU

အစိုးရကို တိုက်ခိုက်ဖို့ကြတော့ ပွင့်လင်းဖို့ လိုအပ်တယ် ထင်သာမြင်သာ ရှိဖို့ လိုအပ်တယ်... အစိုးရကို တိုက်ခိုက်ဖို့ ပြည်သူတွေကို မြှောက်ထိုးပင့်ကော် လုပ်ပေး တုန်းကကြတော့ အမှန်အတိုင်းရဲရဲဝံ့ဝံ့ ပြောရဲဖို့ လိုအပ်တယ် ဆိုပဲ... အခုတော့ ဒေါ်စု ကိုယ်တိုင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လူမျိုး မဟုတ်ပါဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ မ၀န်ခံရဲပါလား... တိုင်းရင်းသား ဟုတ်မဟုတ်ဆိုတာက နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ ဘာမှ မဆိုင်ဘူး... တိုင်းရင်းသား ဆိုတာ ဘယ်လို ဘယ်တုန်းက သတ်မှတ်ထားတယ် ဆိုတာ ရှင်းထားပြီးသားဖြစ်ကြောင်း လူထုခေါင်းရှောင် ဒေါ်စုကြည် တစ်ယောက်ကတော့ ခုချိန်ထိ မသိသေးပေ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

သမ္မတဦးသိန်းစိန် ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ဗြိတိန်သို့ သွားမည်

ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် မြန်မာခေါင်းဆောင်းတစ်ဦး၏ ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ် တွေ့ဆုံမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦး က Reuters သတင်းဌာနကို အတည်ပြုပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်မရွန်နှင့် မတွေ့ခင် အဆိုပါ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကိုယ်တိုင်းက သမ္မတဦးသိန်းစိန်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ လာမယ့် လအနည်းငယ်မှာ ဗြိတိန်ကို မြန်မာသမ္မတ ရောက်ရှိလာမှာဖြစ်ပါတယ်။ ဧပြီလတုန်းက မြန်မာနိုင်ငံကို ဝန်ကြီးချုပ် ကင်မရွန်း ရောက်ရှိခဲ့စဉ်က စတင်ခဲ့တဲ့ ဆွေးနွေးမှုတွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို ဦးတည်မှာဖြစ်ပါတယ်” ဟု မစ္စတာဒေးဗစ်ကင်မရွန်း၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချူပ် အား ပုဒ်မ ၅၀၅ (ခ)နဲ့(ဂ) ဖြင့်တရားစွဲ



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန စည်းမျဉ်း အရ ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်နားခံထားရသော လျှပ်တစ်ပြက် သတင်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုသည့် သမ္မန်စာ လက်ခံရရှိထားကြောင်း ဦးမြတ်ခိုင်က အတည်ပြု ပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍The Voice Weekly က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ အတည်ပြု ဆက်သွယ်မေးမြန်းခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံးက ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် သမ္မန်စာပေးပို့ထားပြီး ဇွန်လ ၂၅ ရက်နေ့တွင် တရားရုံးသို့ လူကိုယ်တိုင်လာရောက်ရန် ယင်းသမ္မန်စာတွင် ပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။

''စွဲထားတဲ့ပုဒ်မက ၅၀၅ (ခ) နဲ့(ဂ) ပါ။ အမှုအမှတ်စဉ်က ၁၈၈ ပါ''ဟု လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ်က ပြောကြားသည်။ ယခုတရားစွဲဆိုမှုကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကတရားစွဲဆိုသည်ကိုမူ မသိရသေးကြောင်း ဦးမြတ်ခိုင်ကဆိုသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇွန်လ ၂၂ ရက်နေ့နေ့လယ်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိကြောင်း ပြန်လည်ပြောကြားသည်။

''ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လာစေရန် တစ်စုံ တစ်ယောက်က ပြုလုပ်လာတယ်၊ လှုံ့ဆော်လာတယ်ဆိုရင် လူတစ်စုက ထိတ်လန့်စရာ တုန်လှုပ်စရာ အကြောင်းခြင်းရာတွေ ပေါ်ပေါက် ပြီးတော့ ဖြစ်လာ နိုင်တဲ့အကြောင်းအရာတွေဆိုရင် ၅၀၅(ခ)နဲ့ စွဲဆိုနိုင်ပါတယ်။ နောက်တစ်ခုကျတော့ ၅၀၅ (ဂ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ တစ်ဖက်နဲ့တစ်ဖက်ပြစ်မှု ကျူးလွန်ချင်လာအောင် လှုံ့ဆော်တဲ့အကြံရှိလို့ရှိရင် ဒါမှမဟုတ် လှုံ့ဆော်ခြင်းကို ဖြစ်စေတန်တဲ့အကြောင်းရှိရင်အဲဒီလူကို ၅၀၅ (ဂ) နဲ့ အရေးယူလို့ရတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခဖြစ်လာဖို့ အသွင်ဆောင်မှုဆိုတော့ အဲဒီအကြံရှိ မရှိ အရေးကြီးတဲ့အချက်ပဲ။ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်၊လူတစ်စုချင်းစီတိုက်ခိုက်ကြအောင် လုပ်ချင်တဲ့အကြံရှိမှ ၅၀၅ (ခ) နဲ့ တရားစွဲလို့ရတယ်'' ဟု ဥပဒေအတိုင်ပင်ခံရှေ့နေဦးအောင်သိန်းက ရှင်းပြသည်။

အဆိုပါအမှုမှာအများဆုံး ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ငွေဒဏ်ထောင်ဒဏ်ပေါင်းပြီးလည်း ချမှတ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

''အဓိကကတော့ ကင်းလွတ်ချက်ပေးထားတာရှိတယ်။ အဲဒါက လူတစ်ဦးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ဖော်ပြချက်ကိုပဲဖြစ်စေ ကောလာဟလဖြစ်စေသော သတင်းကိုပဲဖြစ်စေ အဲဒီလိုလုပ်တဲ့အခါ ဒါမှမဟုတ် ထုတ်ပြန်ကြေညာတဲ့အခါမှာ သို့မဟုတ် ဖြန့်ချိတဲ့အခါမှာ စောစော ကပြောသလို ကောလာဟလ သို့မဟုတ် သတင်းသည် မှန်ကန်တယ်လို့ သူ့ဘက်က ခိုင်လုံတဲ့အကြောင်းယုံကြည်တယ်ဆိုရင် နောက်တစ်ခုက နိုင်ငံတော်လုံခြုံရေးထိခိုက်အောင်နဲ့ လူမျိုးအချင်းချင်း သတ်ဖြတ်တာ မျိုးဖြစ်အောင် အကြံမရှိဘူးဆိုရင် သတင်းထုတ်ချက်၊ ဖြန့်ချိချက်ဟာ ဒီဥပဒေ ပုဒ်မမမြောက်ပါဘူး ဆိုတာ ဖော်ပြထားတယ်။ အဲဒီကင်းလွတ်ချက်ကို အဓိကစစ်ချက်ယူသင့်ပါတယ်။ အဲဒါကို ဝင်အောင်တော့ စစ်ကြဆေးကြတာကြီးပဲ''ဟု ၎င်းကဆက်လက်ရှင်းပြသည်။

၅၀၅ (ခ) နှင့် တရားစွဲပါက အာမခံပေးလေ့ ပေးထမရှိကြောင်း အာမခံလျှောက်ရာတွင် မိန်းမများ၊ သက်ကြီးရွယ်အိုကြီးများ၊ ကျန်းမာရေးချို့တဲ့သူများဖြစ်မည်ဆိုပါက ဆေးစာနှင့် အာမခံ တင်ပါကတရားရုံးကပေးလျှင်ပေး၍ ရကြောင်းဟု၎င်းကဆိုသည်။

သတင်းမီဒီယာတွေ ရေးသားဖော်ပြချက်မှားရင်မီဒီယာလမ်းကြောင်းကနေပဲ မှန်ကန်မှုမရှိကြောင်း ဖြေရှင်းပေးဖို့လိုပါတယ်။ကျင့်ဝတ်နဲ့မညီတဲ့ ရေးသားဖော်ပြချက်တွေကိုလည်း မီဒီယာတွေက အပြန်အလှန် ထိန်းကျောင်းပေးဖို့လိုပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောကြားသည်။

လတ်တလောကာလတွင် ပုဂ္ဂလိကဂျာနယ်အချို့ အပေါ် တရားစွဲဆိုမည်ဟုခြိမ်းခြောက်ခြင်း တို့ပြုလုပ်နေသည်ကို မကြာခဏကြားနေ၊ မြင်နေရကြောင်း၊စာပေစိစစ်ရေးထိန်းချုပ်ထားရာမှ ဖြေလျှော့မှုပေးလာသည့် အကူးအပြောင်းကာလတွင် တရားစွဲဆိုသည့် ကိစ္စများဖြစ်ပေါ်နေသည်ကို သတိထားမိကြောင်း၊ အကူးအပြောင်း ကာလတွင်စာနယ်ဇင်းသမားများ အန္တရာယ် နည်းပါးစေရေး အုပ်ချုပ်ရေးပိုင်းက သတိပြုရေးဆောင်ရွက်သင့်သကဲ့သို့ စာနယ်ဇင်းသမားများဘက်ကလည်း ဖြစ်ပေါ်လာသည့်ပြဿနာများကို စုပေါင်းတိုင်ပင်လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်မှ အယ်ဒီတာချုပ် ဆရာဖေမြင့်က ပြောကြားသည်။

စာနယ်ဇင်းများတွင် လက်တလောဖော်ပြနေသည့်သတင်းများ၌ လယ်ယာမြေကိစ္စ၊ စက်ရုံအလုပ်သမားကိစ္စ စသဖြင့်အန္တရာယ် ရှိသည့်၊ ပြဿနာဖြစ်နိုင်သည့်သတင်းများဖြစ်သော်လည်း မရေးဘဲနေ၍မရကြောင်း၊ တစ်ဖက်က ဓနအား၊အာဏာအားဖြင့် တရားစွဲဆိုသည်များပြုလုပ်လာနိုင်ကြောင်း၊ စာနယ်ဇင်းများဘက်က ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းရေးသားသင့်သကဲ့သို့ စာနယ်ဇင်းများကို အလွယ်တကူတရားမစွဲနိုင်စေရန် အကာအကွယ်များလည်းလိုအပ်ကြောင်း ၎င်းကဆိုသည်။

''အကာအကွယ်ဆိုရာမှာ အခြောက်တိုက်ကာကွယ်ပေးဖို့ မဟုတ်ဘူ။ စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေမရှိသေးခင်မှာ တစ်ဖက်က လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်တယ်။အလွယ်တကူ တရားစွဲနိုင်တယ်။ ကျွန်တော်တို့ဘက်က အကာအကွယ် နည်းသလိုဖြစ်နေတယ်။ နောက်အခုရေးဆွဲနေတဲ့စာနယ်ဇင်းဥပဒေမှာလည်း စာနယ်ဇင်းတွေကိုအရေးယူရာမှာ ဘယ်လိုအရေးယူမလဲဆိုတာ တိတိကျကျဖော်ပြထားဖို့လိုတယ်'' ဟု ၎င်းကသုံးသပ်ပြသည်။

အုပ်ချုပ်ရေးအာဏာပိုင် အစိုးရအဖွဲ့ဝင်နှင့် သတင်းမီဒီယာကြားတွင်ဖြစ်စေ၊ သတင်းမီဒီယာအချင်းချင်းဖြစ်စေ၊ ပုဂ္ဂလိကတစ်ဦးချင်းနှင့် မီဒီယာကြားတွင်ဖြစ်စေ၊ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ကြားဝင်ဝင်ရောက်ဖြေရှင်းပေးနိုင်သော Press Council အားမဖြစ်မနေဖွဲ့စည်းထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးမှုကော်မတီဝင် ဦးရဲထွန်းကပြောကြားသည်။

''ထစ်ခနဲရှိတိုင်း တရားစွဲတာမျိုးမဖြစ်ဖို့လိုပါတယ်။ Press Council ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင်တရားစွဲလို့ရပါတယ်''ဟု ၎င်းကဆိုသည်။

Press Council အား ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့နှင့် သတင်းမီဒီယာသမားများ နှစ်ဖက်စလုံးမှ ယုံကြည်ရသော ပုဂ္ဂိုလ်များဖြင့်သာ ဦးစားပေးဖွဲ့စည်းရန်လိုအပ်ကြောင်း သီပေါမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောကြားသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရှင်ဒေါ်စုကြည် မောင်နှမချင်းအမွေကိစ္စ မငြိမ်းချမ်းသေး


ညီမဖြစ်သူဒေါ်စုကြည်၏ လက်ချက်ကြောင့် မပြီးဆုံးသေးသော ဦးအောင်ဆန်းဦးအိမ်

ဦးအောင်ဆန်းဦးနှင့် ဒေါ်လဲ့လဲ့နွယ်သိန်းတို့ တည်ဆောက်နေသော ပုဂံမြို့ရှိ နေအိမ်သည် ၈ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မပြီးပြတ်သေးကြောင်း သိရှိရသည်။



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံကို ၂ဝဝ၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်က မန္တလေးတိုင်း ပုဂံမြို့ တောင်ဖီအရပ်ရှိ သရဘာဂိတ် ဟိုတယ်အနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆောက်လုပ်ခွင့်ပြုခဲ့ရာ ယခုတိုင် မပြီးပြတ်သေးကြောင်း သိရခြင်း ဖြစ်သည်။ ''တကယ့်ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနား ဆောက်နေတာ။ ဥရောပစတိုင်ဗျ။ ၂ ထပ်တိုက်ခေါင်မိုး သုံးခုနဲ့ မြေအောက်ခန်း၊ ဓာတ်လှေကားပါ ပါတယ်။ ၂ဝဝ၂ ကတည်းက အင်ဂျင်နီယာတွေ တယောက်ပြီး တယောက် ပြောင်းပြီး ဆောက်နေတာ အခုထိကို မပြီးသေးဘူး။ သူက ဆောက်လုပ်မှု ကုန်ကျစရိတ် ကျပ်သိန်း ၆ဝဝဝ လောက် မှန်းထားတယ်။ သိန်း ၃ဝဝဝ လောက် ကုန်နေပြီ” ဟု သိရှိရသည်။

နိုင်ငံခြားသား မြေယာပိုင်ဆိုင်ခွင့်မပြုသော မြန်မာနိုင်ငံတွင် အမေရိကနုနိုင်ငံသားက မည်သည့်နည်းဖြင့် ဝယ်ယူထားသည်ကို ရှင်းရှင်းလင်းလင်းမသိရနိုင်သော်လည်း ဒေါ်လဲ့လဲ့နွယ်သိန်း၏ အမျိုးများ အမည်ပေါက် ဝယ်ယူထားသည်ဟု ပုဂံဒေသခံများက ပြောသည်။

ကွယ်လွန်ချိန်အထိ ယခုနေအိမ်တွင် နေထိုင်သွားရန် ဦးအောင်ဆန်းဦးသည် ရည်ရွယ်ထားသည်ဟု သိရသည်။

ဦးအောင်ဆန်းဦးသည် လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရန်ကုန်သို့ ရောက်ရှိလာပြီး နိုင်ငံတော် ဧည့်ဂေဟာ ကုန်းမြင့်သာ၌ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့) အစောင့်အရှောက်များဖြင့် နေထိုင်လျက်ရှိပြီး အမေရိကား၊ ရန်ကုန်နှင့် ပုဂံကို ဥဒဟိုသွားလာနေကြောင်း သိရသည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သည့် ဦးအောင်ဆန်းဦးသည် အင်ဂျင်နီယာဘွဲ့ရ တဦးဖြစ်ကာ၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားပြီး ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူဖြစ်သည်။

သူသည် ညီမ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်မှ အမွေခွဲလိုကာ၊ လတ်တလော နေအိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဂျပန်အကူအညီဖြင့် လွှတ်တင်မည့်ဂြိုဟ်တုသည် ဆက်သွယ်ရေး ကဏ္ဍသုံးမဟုတ်

ဂျပန်အကူအညီဖြင့်လွှတ်တင်မည့် ဂြိုဟ်တုသည်ဆက်သွယ်ရေးကဏ္ဍအတွက် သုံးစွဲမည့်ဂြိုဟ်တု မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။

”ဆက်သွယ်ရေး ဂြိုဟ်တုက တော့လွှတ်တင်ဖို့မရှိတော့ပါဘူး။ ဒီအတွက်လည်းလွှတ်တော်မှာတင်ပြ ထားပြီးသားပါ။အခုလွှတ်မယ့်ဂြိုဟ် တုကသေးသေးလေးပါ။ ကျွန်ေ တာ် တို့ဆက်သွယ်ရေးနက်ဝပ်(Network) က အကြီးကြီးဖြစ်တဲ့အတွက် ဘယ် လိုမှ ဝင်ရောက်သုံးစွဲလို့ မရပါဘူး” ဟု ၄င်းက ပြောသည်။ အဆိုပါဂြိုဟ်တုအား ဂျပန်နိုင် ငံ အကူအညီဖြင့် မိုးလေဝသနှင့်ဇလ ဗေဒ ဦးစီးဌာနမှ အဓိကထားလွှတ် တင်ခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် နိုင်ငံပိုင်ဆက်သွယ်ရေး ဂြိုဟ်တု အား ကိုယ်ပိုင်လွှတ်တင်ခြင်း မရှိတော့သော်လည်း တခြားနိုင်ငံ မှ လွှတ်တင်ထားသည့် ဂြိုဟ်တု အား ဆက်လက်ငှားရမ်း သုံးစွဲသွား မည်ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေးလုပ်ငန်းများ အတွက်ဂြိုဟ်တုငှားရမ်းသုံးစွဲခြင်းကို ၂ဝဝဝပြည့်နှစ်မှစတင်သုံးစွဲခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

အောင်ဇော်

မူရင်းသတင်းက ဒီမှာပါ။