Wednesday, June 20, 2012

မိုဘိုင်းဖုန်းများ အင်တာနက် လျှောက်ထားရန် မလိုဘဲ အီးမေးလ် အသုံးပြုနိုင်မည်

အင်တာနက်လိုင်း လျှောက်ထားရန်မလိုဘဲ မိုဘိုင်းဖုန်းများတွင် အီးမေးလ် အသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ရတနာပုံ Call Center မှ သိရသည်။ မိုဘိုင်းဖုန်းမှ တစ်ဆင့် အီးမေးလ်လက်ခံခြင်းနှင့် ပေးပို့ ခြင်းများ (Mobile Email Service) ကို နေ့စဉ် အသုံးပြုနိုင်ပြီး ယင်းဝန်ဆောင်မှုကို တစ်ရက်လျှင် ကျပ် ၂၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝိုင်ယာလက်ပါတဲ့ ဘယ်မိုဘိုင်းဖုန်းမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကျပ် ၂၀၀ တည်းနဲ့ စာအဝင်အထွက် ကြိုက်သလောက် အသုံးပြုနိုင်ပါတယ်” ဟု Blue Ocean Operating Management Co.,Ltd.မှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ ယင်းဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် ဖုန်း 1876 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး မိမိအီးမေးလ်လုံခြုံမှုအတွက်ကိုလည်း အဓိကထား ဆောင်ရွက်ပေးထားကြောင်း သိရသည်။ အဆိုပါ Mobile Email Service အသုံးပြုမှုကို နှစ်ပတ်တာ အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါက ဝန်ဆောင်ခ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အသေးစား ကမ္ဘာမြေလေ့လာရေး ဂြိုလ်တု ဂျပန်လှူမည်



ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ မြန်မာနိုင်ငံသို့ အသေးစားကမ္ဘာမြေ လေ့လာရေးဂြိုလ်တု ASNARO Satellite တစ်လုံး လွှတ်တင်ကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဂြိုလ်တုလွှတ်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝန်ကြီးဌာန ရှစ်ခုနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၀ ရက်မှ ၂၀ ရက်အထိ ပထမအကြိမ် အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လာမည့်စက်တင်ဘာတွင် ဒုတိယအကြိမ် အသေးစိတ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးသည်နှင့် ၂၀၁၂ ဒီဇင်ဘာတွင် လွှတ်တင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ညှိနှိုင်းမှုတွေ မြန်ရင်မြန်သလို အကောင်အထည် ပေါ်လာမှာပါ။ လာမယ့် စက်တင်ဘာမှာ ထပ်ဆွေးနွေးပြီးတာနဲ့ နှစ်ကုန်ရင် လွှတ်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။ အဆိုပါ ဂြိုလ်တုသည် ကမ္ဘာမြေပြင်အထက် ၅၀၄ ကီလိုမီတာအမြင့်မှ ဝင်ရိုးစွန်းသို့ လည်ပတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံပေါ်သို့ ပြန်လည်ရောက်ရှိရန် ငါးရက်ကြာမြင့်မည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် သတင်းအချက်အလက်များကို ငါးရက်လျှင် တစ်ကြိမ်နှုန်း လက်ခံရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရင်က မိုးလေဝသနဲ့ ပတ်သက်တဲ့ ဒေတာတွေကိုတော့ WMO (ကမ္ဘာ့မိုးလေဝသအဖွဲ့)ကနေ ရတာပေါ့။ ဌာနတွေကတော့ ဒေတာတွေကို ဂြိုလ်တုတွေကတစ်ဆင့် ဝယ်ကြရတာပဲ။ အခု အဲဒီလိုမဝယ်ရတော့ဘဲ သတင်းအချက်အလက်တွေ တိတိကျကျ ရနိုင်တော့မှာပေါ့။ အရင်နဲ့ ကွာတာက ဥပမာ- မိုးလေဝသ သတိပေးချက်တွေမှာဆိုရင် အရင်က Early Warning အတွက်ပဲရပြီး Forecast တွေ ပြန်စစ်တဲ့အခါမှာ ကွင်းဆင်းကောက်ရတယ်။ အခု အဲဒီလို မဟုတ်တော့ဘဲ ဂြိုလ်တုကနေ ချက်ချင်း ပြန်စစ်နိုင်တော့မှာပါ” ဟု ကိုယ်ပိုင်ဂြိုလ်တု လွှတ်တင်နိုင်ခြင်း၏ အားသာချက်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက သုံးသပ်ပြောကြားသည်။

အဆိုပါ ဂြိုလ်တု လွှတ်တင်ရာတွင် မြန်မာနိုင်ငံတွင် အာကာသမှ အဝေးအာရုံခံစနစ်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထားရှိမည့် မြေနေရာ (Ground Station) အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှ အသင့်တော်ဆုံး တစ်နေရာတွင် လျာထားကာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မည်သည့်နေရာတွင် တည်ဆောက်မည်ကိုမူ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်



နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ “ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူးထင်ရင် မလွှတ်တင်ဘူးလို့ ပြောထားပါတယ်။ အခုအကျိုးမရှိဘူး ထင်လို့ မလွှတ်တင်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံများမှ တစ်ဆင့် ငှားရမ်းသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက်ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဂြိုဟ်တု မလွှတ်တင်တော့တဲ့အတွက် ဂြိုဟ်တုအတွက် သုံးစွဲမယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု၎င်းက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရခြင်း အကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများနှင့် ပင်လယ်အတွင်းရှိ ကျွန်းများအတွက်သာ ဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် လွှတ်တင်ရခြင်းသာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖိုင်ဘာဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက်ကြောင်းဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ဖိုင်ဘာကွန်ရက်အား လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေး များစွာ ကုန်ကျကြောင်း ယင်းဌာနမှ သိရသည်။ ဖိုင်ဘာဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ မြင့်မားရေးအတွက် “ဖိုင်ဘာဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက်သွားတော့မှာပါ။ ဒါတွေလုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်းကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ အမြန်ဆုံး ပြီးသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန်အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်ငန်းအား ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံများ ရှိကြောင်း၊ ဥပဒေ မပေါ်ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အင်္ဂလန်တွင် ဘီဘီစီကို မြန်မာများ ဆန္ဒပြ



ဇွန်လ ၁၈ နေ့တွင် အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာ တိုင်းရင်းသားများ စုစည်း၍ BBC ( Television Centre – Shepherd’ Bush/Wood Lane) အား ဆန္ဒပြကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ထိုဆန္ဒပြပွဲသို့ အင်္ဂလန်ရောက် မြန်မာတိုင်းရင်းသား ၅၀ ခန့်တက်ရောက်ခဲ့သည်။ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ပြုလုပ်သော ဆန္ဒပြ ပွဲတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားသွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်၍ BBC ၏သတင်းထုတ်ပြန်ချက်များအပေါ် မှန်ကန်မှုမ ရှိကြောင်းနှင့် ဘက်လိုက်ဖေါ်ပြမှုများအား ရှုတ်ချကြောင်း ဖေါ်ထုတ် ပြသခဲ့ကြသည်။

ဆန္ဒပြမှုအကြောင်းရင်း၏ ဦးတည်ချက်နှင့် မှန်ကန်သော သမိုင်းအချက်အလက်များအား BBC တွင် တာဝန် ထမ်းဆောင်နေသည့် အရာ ရှိ တဦး ထံသို့ ပေးအပ်ခဲ့သည်ဟု ပြောသည်။

ဆန္ဒပြသူများ အဓိကထုတ်ဖေါ်ကန့်ကွက်ခဲ့သောအကြောင်းရင်းမှာ BBC ၏မှားယွင်းစွာ ထုတ်ပြန်နေသောသတင်းများသည် လက်ရှိ ရခိုင် ပြည် နယ်အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာအားပိုဆိုးရွားစေကြောင်း၊ ရိုဟိန်ဂျာ သည်မြန်မာနိုင်ငံသားများ (လုံးဝ) မဟုတ်ကြောင်း ၊ BBCမှ မှား ယွင်းစွာ ထုတ်ပြန်လျက်ရှိသော သတင်းများကြောင့် မလိုလားအပ်သော နားလည်မှု လွဲမှားမှူများ ကမ္ဘာအရပ်ရပ်ရှိ ပြည်သူ များ အကြား တွင် ဖြစ်ပေါ်လျက်ရှိကြောင်း ၊မြန်မာအရေးလှုပ်ရှားနေသော Burma Campaign UK ၏လုပ်ဆောင်ချက်များ သည် မြန်မာ နိုင်ငံနှင့် တိုင်းရင်း သားများအား ကိုယ်စားမပြုကြောင်း အတိအလင်း ဖေါ်ပြခဲ့ကြသည်ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦးက ဆိုသည်။

ဆန္ဒပြပွဲတွင် ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး ပဋိပက္ခ ပို မကြီးထွားရအောင် သတင်းမှားများ ထုတ်လွှင့်ခြင်းကို ရပ်တန့်ပါ ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြကြောင်း သတင်း ရရှိသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ငါတို့ မြန်မာ



ထောင်စုနှစ်တွေကုန်ဆုံးသွားပါစေ...........
ငါတို့ ရင်ထဲဝင်ကြည့်ပါ
အရိုးခံစိတ်လေး အဖြူသက်သက်ပါ
အရိုးခံစိတ်ထား အလှတရားနဲ့ပါ
ရိုးရိုးသားသားလေးပါ..............

သမိုင်းအစဉ်ဆက်ပြောင်းသွားပါစေ
ငါတို့ရင်ထဲ ၀င်ကြည့်ပါ
ရိုးရာအမွေနှစ် အသစ်သစ်နဲ့ပါ
ရိုးရာအိမ်မက်အသစ်နဲ့ပါ
ဇွဲလုံ့လတို့ အပြည့်နဲ့ပါ..................

ရိုးသားမှုအပြည့်နဲ့
နူးညံ့မှုအပြည့်ပါ
ဖြူစင်ခြင်းအပြည့်နဲ့
သိက္ခာခြင်းအပြည့်ပါ...............

မြန်မာသွေး မြန်မာအသည်းဟာ
ရဲ့နီရဲတယ် ဂန္ဒ၀င်တရားအပြည့်နဲ့
ပန်းတိုင်ရောက်အောင်လှမ်းမယ်.................

ငါတို့ အိမ်မက်ထဲဝင်ကြည့်လှည့်ပါ
သံယောဇဉ်အမှန်တရား ကမ္ဘာတစ်သက်မြဲတယ်ဟေ့
ပင်လယ်ကြီးထဲမှာ တောင်စဉ်များကြားမှာ
ရေမြေအလှတရား ကြားမှာ
သမိုင်းဝင်ဲရာဇ၀င်ပေါင်းများစွာ
ငါတို့မြန်မာ
ရိုးရာ စိတ်ထားအလှတရားနဲ့ပါ..................

ငါတို့ရဲ့ လက်ဖ၀ါးမှာ
ချွေးတွေအပြည့်နဲ့ပါ
ငါတို့ရဲ့ ရင်ထဲမှာ
သမိုင်းဝင်ကျောက်စာအပြည့်နဲ့ပါ
ငါတို့ရဲ့ခြေဖ၀ါးဟာ ဆူးတွေနင်းဖို့
မမှုခဲ့ပါ ငါတို့ဘ၀ ငါတို့ စခဲ့တာ

ထောင်စုနှစ်တွေကုန်ဆုံးသွားပါစေ
ရိုးရာစိတ်ထားအလှတရားနဲ့ပါ
သမိုင်းအစဉ်ဆက်တွေပြောင်းသွားပါစေ
ရိုးရာအိပ်မက်အသစ်နဲ့ပါ
တောင်ပင်လယ်များ ဆီးတားပါစေ
ငါတို့တွေ တွေးကြောက်မသွားပါ
ဆူးခြုံတွေများ ပိုင်းခြားထားပါစေ
ငါတို့တွေဘာမှ မမှုခဲ့ပါ
ငါတို့ဘ၀ ငါတို့ဘ၀ ငါတို့ စခဲ့တာ
ငါတို့မြန်မာ သမိုင်းဝင်ရာဇ၀င်များနဲ့ပါ.....................

Myanmar Express

မူရင်းကဗျာက ဒီမှာပါ။

ရခိုင်ပြည်မှာ အကြမ်းဖက်နိန်ရေ ဘဂ်လီမူဆလင်တိကို လိုက်ထုတ်ပီးဖို့ ထိုင်းနန့် ကိုးရီးယားရောက် မြန်မာမျိုးချစ်တိ ဆန္ဒပြတောင်းဆို



၁၇။၆။၂၀၁၂)နှစ် နိန့်မွန်းတဲ့(၁၁)က(၁၂)နာရီထိ ထိုင်းနိုင်ငံရောက် ရွှိပြောင်း မြန်မာအလုပ်သမားတိက လက်ဟိဖြိုက်ပေါ်နိန်ရေ ရခိုင်ပြည်တွင်း အကြမ်းဖက် ဘာသာရီးအစွမ်းရောက် ရိုဂျင်ဂျာ နာမေခံ ဘဂ်လီမူဆလင်တိကို မကျေနပ်လို့ ကမ္ဘာ့ကုလသမ္မဂ(UN)ရုံးနန့် မြန်မာသံရုံးရှိမှာ ကန့်ကွက်ဆန္ဒပြ တောင်းဆိုခကြောင်း လေးဝတီကသတင်းရဟိပါသည်။

ဆန္ဒပြတောင်းဆိုမှူကို ပန်းတိုင်အသင်းက ပြောရီးဆိုခွင့်ဟိသူ ကိုမိုးဇော်က '' တောင်းဆိုရေ အချက်တိက ရခိုင်ပြည်မှာ ဘင်္ဂလီမူဆလင်တိကြောင့် ဒုက္ခသယ်တိနန့် ကျန်နိန်ရေ ရခိုင်တိုင်းရင်းသားတိကို မြန်မာနိုင်ငံအစိုးရအနိန်နန့် လုံခြုံမှုအပြည့်အဝပီးလားရန်၊ ဖြိုက်နိန်ရေ ပြဿနာတိကိုလေး ချက်ချင်း ရပ်တန့်စီရန်၊ ရခိုင်ပြည်အတွင်းနိန်ထိုင်ဂတ်တေ ဘင်္ဂလီမူဆလင်တိကို လိုက်ထုတ်ပီးရန် စရေ အချက်တိကို အဓိကထားတောင်းဆိုပါရေ''လို့ပြောသည်။

ယင်းပိုင်တောင်းဆို ဆန္ဒပြစော်မှာ လူစုစုပေါင်း (၂၀၀)ကျော်ပါဝင်ခဂေလည်း ထိုင်းအာဏာပိုင်တိက လူ(၅၀)ရာ ဆန္ဒပြခွင့် ပီးခရေလို့ ပြောသည်။

ဆက်လို့ သူက"ကျနော်ရို့  ကိုယ့်မြီကိုယ့်ဒေသမှာနိန်လို့ တခြားတိုင်းပြည်ကနိန်လာရေ ဘင်္ဂလီမူဆလင်တိဘားမှာ အကြမ်းဖက်ခံရ၊ အိမ်တိကိုမီးတိုက် ခံရစော်တိကို စိတ်ထဲမှာ ကောင်းကောင်း ဝမ်းနည်းပါရေ အခုဖြိုက်နိန်ရေပြဿနာကို မြန်မာနိုင်ငံ ဦးသိန်းစိန်အစိုးရအနိန်နန့် လေး ရခိုင်တိုင်းရင်းသားတိကို အကြမ်းဖက်လားရေ လူတိနန့် ပြဿနာကို ဖြိုက်ပ်ါလာအောင် အစပျိုးရေလူတိကို ထိထိရောက်ရောက် အရေးယူပီးစီချင်ပါရေ" လို့ သူ့ခံစားချင်တိကို ဖွင့်ပြောပြပါသည်။

အကြမ်းဖက် ရိုဟင်ဂျာနာမေခံ ဘင်္ဂလီမူဆလင်တိကို ရခိုင်တိုင်းရင်းသားတိသာမက အခြားမြန်မာတိုင်းရင်းသားတိကပါ မြန်မာနိုင်ငံမှာ လုံးဝအလိုမဟိ ဆိုစွာကို ဘန်ဘောက်ရောက်မြန်မာတိက သက်သီပြလိုက်စွာဖြိုက်ကြောင်း သိရပါရေ။

ယင်းနည်းတူ တောင်ကိုးရီးယားနိုင်ငံရောက် မျိုးချစ်မြန်မာတိကလေး ဒေဂုလက်ဟိ ရခိုင်ပြည်မှာဖြိုက်ပေါ် နိန်ရေ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီလူမျိုးတိ၏ ရခိုင်ပြည်သူတိကို အကြမ်းဖက် သတ်ဖြတ်ခြင်း၊အိုးအိမ်တကို မီးတိုက်ဖျက်ဆီးခြင်း စရေ ဆိုးသွမ်းယုတ်မာ မှုတိကို ကန့်ကွက်ကြောင်း၊ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြိုက် လုံးဝလက်မခံနိုင်ကြောင်း၊တိုင်း တပါးသား ရိုဟင်ဂျာတိကို မြန်မာ့မြီထက်က အပြီးအပိုင် လိုက်ထုတ်ပီးရန် အစဟိရေ အချက်အလက်တိ ပါဝင်ရေ တောင်းဆိုမှုတိကို တောင်ကိုးရီးယား နိုင်ငံဟိ မြန်မာသံရုံးရှိမှာ အီချမ်းစွာ တောင်းဆိုခကြောင်း ဒုက္ခရောက်နိန်ဂတ်တေ ရခိုင်ပြည်သူတိနန့် တသားတည်းဟိနိန်ရေ ဆိုစွာကို ထုတ်ဖေါ်ပြသလိုက်ကြောင်း သိဟိရပါသည်။



Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အဟိ.. ယားတယ်





ဥရောပသားတွေနဲ့တွေ့မှ အကျီတွေလည်း လိပ်တက် တွန့်ကျေလို့ပါလား အမေစုရယ်..

Myanmar Express

မူရင်းက ဒီမှာပါ။

UWSA နဲ့ SSA ကြား တင်းမာမှုကြောင့် ထိုင်းတပ်တွေ အသင့်ပြင်နေ

ထိုင်းမြန်မာနယ်စပ်မှာ UWSA ၀ ပြည်သူ့တပ်မတော် နဲ့ SSA ရှမ်းပြည် တပ်မတော် တို့ကြား အခြေအနေ တင်းမာနေတဲ့အတွက် တကယ်လို့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပွားလာရင် စစ်ပြေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံ အတွင်း ထွက်ပြေးတိမ်းရှောင်လာကြဖွယ် ရှိနေတဲ့အနေအထားနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အသင့် ပြင်ဆင်နေတယ်လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ က ဖေါ်ပြပါတယ်။

ချင်းမိုင် အနီး မယ်အိုင်း ခရိုင် တစ်ဖက်မှာ ၀တပ်ဖွဲ့ဝင် တစ်ထောင်ကျော် က SSA တပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရိုင် အနီး မယ်ဖာလောင်း ခရိုင် တစ်ဖက်က ဒွိုင်ကိုဝမ် စခန်း ကို ၀ိုင်းဖို့ လှုပ်ရှားလာနေတယ်လို့ ဆိုပါတယ်။

အမှတ် (၃) ထိုင်းတပ်မတော် တပ်မှူး သာနရန်း က ထိုင်းတပ်ဖွဲ့တွေကို အသင့်အနေအထားမှာရှိဖို့၊ တကယ်လို့ UWSA နဲ့ SSA ကြား တိုက်ပွဲတွေဖြစ်လာလို့ ဒုက္ခသည်တွေ ၀င်ရောက်လာမယ်ဆိုရင် လိုအပ်တဲ့အကူအညီတွေပေးကြဖို့၊ နှစ်ဘက်တပ်တွေ ထိုင်းနယ်နမိတ်ထဲ ကျွံဝင်မလာအောင် နယ်စပ်ကို စောင့်ကြပ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တပ် သတင်းရပ်ကွက် က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် က ရေးသားပါတယ်။

SSA တပ်မှူး ကတော့ မိမိတို့တပ်တွေကို အပြည့်အ၀ တပ်လှန့်ထားဖို့ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွတ်စစ်က ညွှန်ကြား ထားကြောင်းဘန်ကောက်ပို့စ်ကိုပြောဆိုပါတယ်။

SSA ပြောခွင့်ရသူကလည်း မိမိတို့ နဲ့ မြန်မာအစိုးရကြား ဆက်ဆံရေး တိုးမြင့်လာပြီး၊ မူးယစ်ဆေးဝါးအရောင်းအ၀ယ် နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်လာတဲ့အပေါ် UWSA က မနှစ်မျို့တာကြောင့် စစ်ရေးအရ လှုပ်ရှားလာတာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။

K.I.A နှင့်ပြေလည်မှုရတော့မည်



ကချင်တပ်နှင့် အစိုးရတပ် တို့ ညှိနှိုင်းမရ၊ အပြင်းအထန် တိုက်နေခဲ့ကြတာ တစ်နှစ်ပြည့်ခဲ့ ပါပြီ။ ဒုက္ခသည်စခန်းကိုရောက် သွားတိုင်း စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေကိုချည်း မြင်တွေ့နေ ရလို့ ရေးလို့မကုန်နိုင်တဲ့ ဒုက္ခ သည်တွေအကြောင်းတွေရေး တောင်မရေးချင်တော့ပါဘူး။ မ ပြည့်စုံမှု လိုအပ်မှုတွေရှိပါတယ် ဆိုမှ ကျောင်းဖွင့်ချိန် မူလတန်း တွေ မည်သည့် အကောက်အခံ မှမရှိရဆိုပေမယ့် ကောက်ခံနေ ကြတာကြောင့် တစ်ပူပေါ်တစ်ပူ ဆင့် ဖြစ်နေကြပါသည်။

ကရင်နီအဖွဲ့နှင့် လွိုင်ကော် မြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်K.I.A နှင့် တွေ့ဆုံဆွေးနွေးရေး အခြေနေကောင်းကြောင်း၊ မကြာ ခင်ပြေလည်မှုရတော့မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ သစ်ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းမှ သတင်းထောက် တွေကိုပြောကြားတာကို ရေဒီယို နားထောင်သူ ဒုက္ခသည် တစ် ယောက်က နီးစပ်ရာတွေကိုဖောက် သည်ချနေတာမြင်ရတာတော့ စာရေးသူတို့ပါ ရောပြီး အပျော် လေးတွေ ကူးစက်ခံစားရပါသည်။

မရေးချင်တဲ့တင်းတွေထဲမှာ စစ်ပွဲတွေနဲ့ ဒုက္ခသည်တွေအ ကြောင်းလဲပါပါသည်။ ဒါပေမယ့် မရေးချင်လို့လည်းမဖြစ်၊ ရေးနေ ရတော့တာပေါ့။ တိုက်ပွဲကာလ ကြာရှည်လာတာနဲ့အမျှ အလှူ့ရှင် တွေလည်း ငြီးငွေ့စပြုနေကြပါပြီ။ မေ့မေ့ပျောက်ပျောက်မဟုတ်တောင် လှူဒါန်းကူညီဖို့ကိုသိပ်ကြီး စိတ် အားဓာတ်သန်ကြတော့ကြောင်း၊ မြင်တွေ့နေရပါသည်။ တိုက်ပွဲ တွေကြောင့် လမ်းတံတားတွေ ပျက်၊ အရောင်းအ၀ယ်တွေလဲ မဖြစ်ကြာတာကြောင့် စိတ်ထဲလှူ ချင်တာတောင် လက်တွေ့မှာမ လှူနိုင်၊ မလှူဖြစ်ကြတော့တာလဲ ဖြစ်နိုင်ပါသည်။

စားစရာ၊ အသုံးအဆောင် ဆေးဝါးတွေ အရမ်းလိုအပ်နေသ လို ကချင်ပြည်နယ် မိုးဒဏ်ကို မခံနိုင်တော့တဲ့ အမိုးအကာတွေ ကလဲ ယိုင်နဲ့ပျက်စီးပြီး မိုးတွေအ ရမ်းယိုနေတဲ့အတွက် မိုးရွာအစို၊ နေပူအခြောက်ဖြစ်နေတာမြင်တွေ့ ရသည်။

လွန်ခဲ့တဲ့အပတ်ကNGO အလှူရှင် တပ်ဖွဲ့ရောက်လာပြီး ထောက်ပံ့ကူညီပေးလို့ ပျက်စီးနေ တဲ့ နန့်လှိုင်ကာသိုလစ်ဒုက်္ခသည် စခန်းကိုဖျက်ပြီး(ကျောချင်းကပ်၁၀ ခန်းပါ)၁၀ပေx၁၀ ပေအဆောင် ရှည် နှစ်ဆောင်ကိုမြင်တွေ့ခဲ့ရပါ သည်။ြွဥ အဖွဲ့များ၊ စေတနာ ရှင်၊ အလှူရှင်များကို မျှော်လင့် စောင့်စားရင်း ငြိမ်းချမ်းရေးအမြန် ဆုံးရပါစေလို့ နေ့စဉ်နဲ့အမျှ ဆု တောင်းနေကြရကြောင်း ကြားသိ ခဲ့ရပါသည်။

ဦးဦးငြိမ်း (ဗန်းမော်)

မူရင်းသတင်းက ဒီမှာပါ။

ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဇူလိုင်လတွင် စောင့်ကြည့်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဇူလိုင်လတွင် စောင့်ကြည့်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပခဲ့သည့် အော်စလိုညီလာခံ ပြင်ပတွင် ဇွန်လ ၁၈ ရက်နေ့ က အေအက်ဖ်ပီ သတင်းဌာနသို့ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သမ္မတဦးသိန်းစိန် အစိုးရသည်လည်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီရေး ဆုံးဖြတ် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်ပုံ ကွဲပြားသော်လည်း ဦးတည်ချက် တူညီပါကြောင်း၊ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပခရီးစဉ်အတွင်း သူရဲကောင်းတစ်ဦးကို ကြိုဆိုသလို ကြိုဆိုနေမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ဒီအတွက် ကျွန်တော့်အနေနဲ့ ဂုဏ် ယူပါတယ်။ သူ့(ဒေါ်အောင်ဆန်းစုကြည်)အတွက်လည်း ဂုဏ်ယူပါတယ်။ ဥရောပမှာ မြန်မာအမျိုးသမီး တစ်ဦးကို အခုလိုကြိုဆိုမှုဟာ ကောင်းတဲ့အရာတစ်ခုပါ”ဟု ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် အမှုတွဲများကို ပြန်လည် ဆန်းစစ်နေကြောင်း၊ ကျန်ရှိသူများကို လွှတ်ပေးရန် မိမိတို့တွင် စိတ်ကူးရှိပါကြောင်း၊ စိတ်ကူး ဖြစ်ပါကြောင်း၊ အမိန့်မဟုတ်ပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက် နေပါကြောင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်း ကို ဇွန်လ ၁၆ ရက်နေ့က ပြောကြား ခဲ့ပြီး မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ရှိနေ သေးကြောင်း၊ ယခုဒီနေရာကနေ သူ ပြောရခြင်းသည်လည်း သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတာ ကြောင့်ဖြစ်ကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျသူ တစ်ယောက်ဆိုရင်ပဲ တစ်ယောက်ဆို သလောက် များနေပြီဖြစ်ကြောင်း၊ မလွတ်သေး သူများ အမြန်ဆုံး လွတ်မြောက်လာရန်လည်း တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်နှင့် စပ် လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အေအက်ဖ်ပီသတင်း ဌာနက မေးမြန်းခဲ့ရာ ပြည်ထောင်စု ၀န်ကြီးက “ဇူလိုင်လကို စောင့်ကြည့်သင့်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ချသူ မဟုတ်ပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ၎င်းက အစိုးရအနေဖြင့် အမှုတွဲများကို ပြန်လည်ဆန်း စစ်နေကြောင်း၊ ကျန်ရှိသူများကို လွှတ်ပေးရန် မိမိတို့တွင် စိတ်ကူးရှိ ပါကြောင်း၊ စိတ်ကူးဖြစ်ပါကြောင်း၊ အမိန့် မဟုတ်ပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါကြောင်း လည်း ပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် အရပ်သား အစိုးရသစ် တက်လာပြီး တစ်နှစ်တာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း၊ ဇန်န၀ါ ရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းမှာ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေး တွင် အားလုံးပါဝင်ခွင့်ရရှိရေးအ တွက် ရည်ရွယ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်၌ မတ်လ ၁ ရက်နေ့ က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇန်န၀ါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည် ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီး ပေးပို့တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့ရာတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စာရင်းထဲတွင် ပါဝင် သူအားလုံး မလွတ်သေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော်ပြောကြားထားသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော် ဆောင်မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တွင် အရေးကြီးသည့် ခြေလှမ်းများဖြစ်သဖြင့် ယင်းကဲ့သို့ ထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ထပ်မံလွှတ်ပေးရေးကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ နိုင်ငံများက တောင်းဆိုထားကြသည်။

မူရင်းသတင်းက ဒီမှာပါ။

ဗန်းမော်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားနှစ်ဦးကိုရာသက်ပန်ကျောင်းထုတ်လိုက်ခြင်းအပေါ် ဗ-က-သ(ဗန်းမော်ခရိုင်)မှ ကန့် ကွက်ခြင်း



ဗန်းမော်ကွန်ပြူတာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်နိုင်မျိုးကျော်နှင့် မောင်ရှိုင်း ဇာနည်မောင်တို့ နှစ်ဦးအား ကွန်ပြူတာတက္ကသိုလ် ကျောင်း အုပ် ကြီး ဒေါ်ဆင့်ဆင့်အောင်မှ ရာသက်ပန်ကျောင်းထုတ်လိုက်သည့် ဖြစ်ရပ်တစ်ခု ၁၃-၆-၂၀၁၂နေ့က ပေါ်ပေါက်ခဲ့သည်။ ကျောင်း ထုတ်အမိန့်စာကို ၁၁-၆-၂၀၁၂Back Date နှင့် ဖော်ပြထားပြီး ၁၃-၆-၂၀၁၂နေ့တွင်မှ ကြော်ငြာ ဘုတ်တွင်ကြော်ငြာကပ်ကြောင်း ကျောင်းသူတစ်ဦးမှပြောပါသည်။

၆-၆-၂၀၁၂နေ့တွင်လည်း မိလ္လာအခန်း(၅)တွင် မောင်ရှိုင်း ဇာနည်မောင် ဆေးလိပ်ခိုးသောက် စဉ် ဗိုလ်ထိုင်ခွက်နှင့် အဖုံးကြားမှ ပလပ်စတစ် အခံပြား အက်သွား သည်ဆိုပြီး အတင်းအကြပ်ဝင်ခံ ခိုင်းကြောင်း၊ ထိုအက်ကြောင်း ရှိ နေခဲ့သည်မှာ လချီပြီး ကြာခဲ့ပြီ ဆိုတာကို ကျောင်းသားတိုင်းသိ ကြသည်။ သန့်ရှင်းရေးဝန်ထမ်း များမှလည်း သိကြကြောင်း ကျောင်းသားအများစုကပြောပြ ကြသည်။

ထိုဖြစ်ရပ်နှစ်ခုကို အခြေခံပြီး မောင်နေမျိုးကျော် ဒုတိယနှစ် ကွန်ပျူတာတက္ကသိုလ် (မိုင်းနောင်ရွာ၊ အင်းတော်ကြီး ဒေသ)နှင့် မောင်ရှိုင်းဇာနည်မောင် ဒုတိယနှစ်ကွန်ပျူတာတက္ကသိုလ် (ဆိုင်းတောင်၊ ဖားကန့်) တို့နှစ် ဦးအား ပထမဆင့်၊ ဒုတိယအဆင့်၊ သတိပေးခြင်း၊ ပညာပေးခြင်း တို့ မပြုလုပ်ဘဲ ရာသက်ပန် ကျောင်း ထုတ်လိုက်သည့်ကိစ္စသည် ဤမျှ အထိ ကြီးမားသည့် ပြစ်ဒဏ်ပေး ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှ မတဖြစ်ကြောင်း ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပပျောက် စေ ဆိုသကဲ့သို့ မဟုတ်တော့ဘဲ ရေနှင့်ငြှိမ်းသတ်ရမည့်မီးတောက် ကို ဓာတ်ဆီနှင့် ပက်ဖြန်းသကဲ့သို့ ဖြစ်ရကြောင်း အနာဂတ်၏ ခေါင်းဆောင်ဖြစ်လာနိုင်သော ကွန်ပျူတာတက္ကသိုလ် ကျောင်း သားတစ်ယောက်၏ ကျောင်းစ ရိတ်သည် တစ်နှစ်လျှင် ဆယ်သိန်း ခန့် ကုန်ကျကြောင်း၊ ဗိုလ်ထိုင် မိလ္လာအဖုံးတစ်ခုသည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသားတစ် ယောက်ထက်ပင် တန်ဖိုးကြီးမား ပါသလား။

၎င်းတန်ဖိုးနှင့်တွက် ကာ ကျောင်းထုတ်ပစ်လိုက်ခြင်း မှာ လုံးဝမဖြစ်သင့်ကြောင်း၊ တက္က သိုလ် ဒုတိယနှစ်ရောက်သည် အထိ ကုန်ကျခံ၊ ပင်ပန်းခံကာ ရှာဖွေဆုဆောင်းပြီး ကျောင်းထား ပေးခဲ့ရသည့် မိဘများ၏ ရည်မှန်း ချက်၊ ရည်ရွယ်ချက်များနှင့် ကျောင်းသားလေးများ၏အနာဂတ် ကို မဆင်မခြင်ရိုက်ချိုးပစ် လိုက် သလို ဖြစ်ရကြောင်း၊ ဤမျှ သေးငယ်သည့် ကိစ္စလေးအတွက် ကျောင်းအုပ်ချုပ်သူများ၏ အရေး ယူပြစ်ဒဏ်သည် အင်မတန်ပြင်း ထန်ကြောင်း ကျောင်းသားကျောင်း များ မြို့ခံကျောင်းသားမိဘများ နှင့် ဒေသခံပြည်သူအများစုက နေရာတိုင်းတွင် အမျိုးမျိုးဝေဖန် ပြောဆိုနေကြတာကို ကြားသိရ ပါတယ်။

၁၄-၆-၂၀၁၂ နေ့က ဗမာ နို်င်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ်္ဂ (ဗန်းမော်ခရိုင်)မှ ကွန်ပျူ တာ တက္ကသိုလ် ကျောင်းအုပ်ကြီး ထံသို့ အပြင်းအထန် ကန့်ကွက် ရှုံ့ချကြောင်း၊ စာတစ်စောင်ပေး ပို့ခဲ့ကြောင်း သိရပါသည်။ ကချင်ပြည်နယ်၊ ပဋိပက္ခ တိုက်ပွဲကြီးတွေ ပြီးဆုံးအောင် ထာဝရငြိမ်းချမ်းရေးရရန်၊ ငြိမ်းချမ်း ရေးဖော်ဆောင်ရေး အဖွဲ့သစ်မှ ကြိုးပမ်းနေချိန် မအေးချမ်းသေး သည့် ကချင်ပြည်နယ်ဗန်းမော်မြို့ မှာ ထာဝရငြိမ်းချမ်းရေးလိုလား သူများအဖွဲ့တွေက လက်မှတ်ရေး ထိုးမှု စုဆောင်းကြိုးစားနေကြချိန်၊ ရခိုင်ပြည်နယ်တွင် ဆိုးဆိုးဝါးဝါး ဆူပူအကြမ်းဖက်မှုများဖြစ်ပွားနေ ချိန်မျိုးမှာ အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုတာမျိုး၊ ကျောင်း ထုတ်လိုက်သည့်အဖြစ်မျိုးဆီ မ ရောက်စေလိုကြောင်း ပုံကြီးချဲ့ ကားကာ အခြားဒေသများသို့ မကူးစက်၊ မကျယ်ပြန့်စေဘဲ ငြိမ်း ငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းသွားကြ ရန် လိုလားကြောင်း၊ အားလုံး ၀ိုင်းဝန်းပြီး တိုင်ပင်ညှိနှိုင်းကူညီ ဖြေရှင်းပေးကြရန် အရေးကြီး ကြောင်း စစ်ဘေးစစ်ဒဏ်သင့် ဗန်းမော်မြို့ခံပြည်သူအချို့ထံမှ ကြားသိရပါသည်။

ဗန်းမော်နှင့်မိုးမောက်မြို့များ တွင် မူးယစ်ဆေးဝါးအလွယ်တကူ ၀ယ်လို့ရကြောင်းဆိုတာ လူတိုင်း သိကြောင်း၊ တချို့ကျောင်းသား လေးများသည် ရံဖန်ရံခါ ဆော့က သစားတတ်သည်ဟုကြားသိရ ကြောင်း၊ နေရာတိုင်းတွင် စည်း ကမ်းဆိုတာရှိကြောင်း၊ ကျောင်း သားဆိုတာ ကျောင်းဝင်းအတွင်း ရောက်ရှိပါက မည်သို့သော ပုဂ်္ဂိုလ်၏ သားသမီးပင်ဖြစ်နေပါ စေ၊ ကျောင်းအုပ်ရေးကော်မတီမှ ထုတ်ပြန်ချမှတ်ထားသော စည်း ကမ်းများကို လိုက်နာကြရမှာဖြစ် ကြောင်း၊ ကျောင်းတာဝန်ရှိသူ များမှလဲ အထောက်အထားခိုင် ခိုင်လုံလုံရှိကြောင်း၊ ၀န်ကြီးဌာန မှ ကျောင်းသားများ ကျောင်းမှန် မှန်ကန်ကန်တက်ကြဖို့၊ ကျောင်း စာမှန်မှန်လုပ်ကြဖို့၊ ကျောင်းစာ မှန်မှန်လုပ်ကြဖို့၊ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းရရှိဖို့ လိုအပ်ကြောင်း ညွှန်ကြားစာ ၅-၆-၂၀၁၂ နေ့က လက်ခံရရှိခဲ့ကြောင်း၊ မတ်၊ဧပြီ နှစ်လ ကျောင်းခေါ်ချိန် (Rollcall) ၇၅ရာခိုင်နှုန်းမပြည့်သူ ၈၀ကျော် ကို မိဘအုပ်ထိန်းသူများထံသို့ အသိပေး၊ အကြောင်းကြားထား ပြီး ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူ များမှ အကြောင်းကြောင်းကြောင့် မလာရောက်နိုင်ခဲ့ပါက တာဝန်ခံ သူ၊ အုပ်ချုပ်နေသူတစ်ယောက် (ဘော်ဒါဆောင်မှူးဖြစ်စေ)အာမခံ ပေးရင်လည်း နားလည်ခွင့်လွှတ် လက်ခံပေးပါကြောင်း၊ ကျောင်း တာဝန်ရှိသူတချို့မှ စိတ်ရှည်လက် ရှည်ရှင်းပြပြီး ပြဿနာဖြစ်သည့် မိလ္လာခန်းများကို လှည့်လည်ကာ ရှင်းပြခဲ့ပါသည်။

ပြဿနာကို သွေးထိုးလှုံဆော် လိုကြသူ၊ ဆူပူအုံကြွရန် မြှောက် ပင့်ပေးသူ၊ မီးလောင်ရာလေပင့် လုပ်ကြသူတွေ ရှိတတ်တာမို့ အေးချမ်းမှုကို လိုလားကြသူများ၊ အသိအမြင်ကြွယ်ဝပြီး အတွေ့ အကြုံရှိကြတဲ့ ဗန်းမော်မြို့ခံပြည် သူအများစုကတော့ အသိတရား နှင့် သတိထားကာ စောင့်ကြည့် နေကြကြောင်း သတင်းရရှိပါ သည်။

မူရင်းသတင်းက ဒီမှာပါ။

လစာတိုးရရေး အလုပ်သမားရေးရာခုံရုံးကို တင်ပြ

ရန်ကုန် မင်္ဂလာဒုံ စက်မှုဇုန် မှာရှိတဲ့ ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို မလိုက်လျောတဲ့အတွက် 19-6-2012 ရက်နေ့က ရန်ကုန်တိုင်း အလုပ်သမားရေးရာခုံရုံးကို တင်ပြလိုက်ကြောင်း အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုပါတယ်။

ဒီလ ၉ ရက်နေ့ ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပေမယ့် မလိုက်လျောတဲ့အတွက် အခုလို ဆက်လက်တင်ပြရတာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းစိုးက အခုလိုပြောပြပါတယ်။

"အခုက ကျွန်တော်တို့က မြို့နယ်ညှိနှိုင်းပေးတာ လုံးဝအဆင်မပြေတော့ တိုင်းခုံသမာဓိကို ကျွန်တော်တို့ တစ်ဆင့်တပ်တင်ရတာပေါ့။ ကျွန်တော်တို့က လက်ရှိအခြေခံလစာ ၁၄၅၀၀ ကို ထပ်မံတိုးမြှင့်ပေးဖို့ပေါ့နော်။ အခြေခံလစာကို ၃၀၀၀၀ အထိတိုး မြှင့်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုထားတယ်လေ"

အလုပ်သမားရေးဌာနက ညွန်ကြားရေးမှူး ဦးဝင်းရှိန် ၀င်ရောက်ညှိနှိုင်းပေးရာမှာ အဆင့် ၃ ဆင့်ခွဲပြီး ညှိနှိုင်းပေးခဲ့ကြောင်း၊ ပထမအဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်းကျော်၊ ဒုတိယအနေနဲ့ ၇ သောင်းကျော်၊ နောက်တစ်ဆင့်က ၆ သောင်းကျော်နဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။

အလုပ်သမားတွေဘက်က ဒီအထဲကဘယ်အဆင့်ဖြစ်ဖြစ် သဘောတူမယ်လို့ ပြောခဲ့ပေမယ့် အလုပ်ရှင်ဘက် ဘာတစ်ခုမှ တိုးမပေးနိုင်ဘူးလို့သာ အကြောင်းပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။

အခြေခံလစာ တစ်သောင်းလေးထောင် သတ်မှတ်ထားတာကို သုံးသောင်းအထိ တိုးပေးဖို့နဲ့၊ ရှားပါးစားရိတ် နှစ်သောင်းကို သုံးသောင်းတိုးပေးဖို့၊ စုစုပေါင်း အခြေခံလစာ ခြောက်သောင်းပေးဖို့ တောင်း ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အလုပ်သမားတွေဘက်က ရှားပါးစားရိတ် တိုးမတောင်းတော့ဘဲ၊ အခြေခံလစာ ၃ သောင်းအထိ တိုးပေးဖို့ပဲ တောင်းဆိုတာကိုလည်း မလိုက်လျောဘူးလို့ ကိုရဲလင်းစိုးကပြောပါတယ်။

ဒီကနေ့မှာတော့ စက်ရုံဝင်းအတွင်းကို မူရင်းပေးထားတဲ့လစာနဲ့ အလုပ်လုပ်နိုင်တဲ့သူဝင်၊ မလုပ်နိုင်တဲ့သူ မ၀င်နဲ့ ဆိုတဲ့သဘောနဲ့ စက်ရုံဝင်းတံခါးကို ပိတ်ထားလိုက်တဲ့အတွက် ဆန္ဒပြအလုပ်သမားတွေ ဟာ စက်ရုံဝင်း အပြင်မှာပဲ စုရုံးနေကြရပါတယ်။

အဲဒီ ဖာဆိုမို အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ဂျပန်အမျိုးသား နာတာရှီးမား ဖြစ်ကြောင်းသိရပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက ၄၀၀ ကျော်က လစာတိုးပေးရေး ဆန္ဒပြနေကြပါတယ်။

RFA Burmese




(Photo-RFA-၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် အလုပ်သမားအခွင့်အရေး ဥပဒေနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။)

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်သို့  ၈၈မျိုးဆက်အချက်အလက်သွားရောက်စုဆောင်း

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၏ တာဝန်ပေးချက်အရ ၈၈ မျိုးဆက်ကျောင်းသားဟောင်း မနီလာသိန်း၊ မမီးမီးတို့ ဦးဆောင်သော အဖွဲ့ သည် (၂၀)ရက် (၆)လ ၂၀၁၂ခုနှစ် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ်ဒေသသို့ ခရီးထွက်သွားကြမည်ဟု သိရပါသည်။ ခရီးစဉ်၏ ရည်ရွယ်ချက်မှာရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပေါ်နေသောအခြေအနေမှန် ပြည်သူ့ အသံများကိုနားထောင်ကြမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်၏ လူမှုရေးလိုအပ်ချက် အခြေအနေမှန်နှင့် နိုင်ငံရေးအခြေအနေမှန်ကို မျက်မြင်ကွင်းဆင်းအကဲခတ်ကြမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ က ပြည်သူများအတွက် ဆေးဝါးရိက္ခာ၊အ၀တ်အထည်များလှူဒါန်းရန် စီစဉ်လျက်ရှိပြီး နောက်ဆက်လက်လှူဒါန်းနိုင်ရန် ပြည်တွင်းပြည်ပမြန်မာနိုင်ငံသားများသည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  အမှတ် (၂၈၄)/(က) ဝေဇယန္တာလမ်း ၁၆/၃ ရပ်ကွက် သင်္ဃန်းကျွန်းမြို့ နယ် သီရိဂုဏ်အိမ်ရာဆိုင်းဘုတ်ဘေးရှိ အဆောက်အဦသို့  လာရောက်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။

ဥယျာဉ်မှူး

မူရင်းသတင်းက ဒီမှာပါ။

လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြေရှင်းရန်နည်းလမ်း သမ္မတညွှန်ကြား



ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ် ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။

အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။

“ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။

မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။

“ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။

ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ခဲ့မှုများကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။

“လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။

သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ၇.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။

စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲ အောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။

“ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။

မျိုးသန့် | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂
ရန်ကုန် (မဇ္ဈိမ) ။

မူရင်းသတင်းက ဒီမှာပါ။

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ၂ခုသို့ သွားရောက် ခဲ့တဲ့ အတွေ့အကြုံများနဲ့ ပြေတီဦး



ပြေတီဦးက ဇွန်လ၂၃ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ မြို့က ဒုက္ခရောက်နေ တဲ့မြို့သူ၊မြို့ သားတွေကို ကိုယ်တိုင်သွားရောက် အားပေးကူညီ ခဲ့ပါတယ်။ ကယ်ဆယ်ရေး စခန်း ၂ခုကို ရောက်ရှိခဲ့ပြီး စောင်၊ အဝတ် အစား၊ ခေါက်ဆွဲခြောက်ထုပ်၊ စားစရာသောက်စရာများ နဲ့ ငွေများ လှူဒါန်းခဲ့ကြကြောင်း ပြေတီဦးကပြောပါတယ်။

စစ်တွေမြို့ ကို ရောက်တာနဲ့ ဝမ်းနည်းကြေကွဲသလို ခံစားခဲ့ရတယ်ဆိုတဲ့ ပြေတီဦးက ရခိုင်ပြည်နယ် မှာ မြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။ ''အဲဒီမြို့ကို ရောက်တာနဲ့ ဘာမှမမြင်ရသေးဘူး။ ဝမ်းနည်းသလို၊ ကြေကွဲ သလိုခံစားရတယ်။ မြို့ကလည်း ဝင်သွားပြီဆိုတာနဲ့ အစောင့်အကြပ်တွေနဲ့ လုံခြုံရေးတွေနဲ့မြင် ရတယ်။ စည်ကားနေတာမျိုး မဟုတ်ဘူး။ အိမ်ရှေ့လေး မှာပဲ တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ရပ်နေကြတယ်။ တချို့အိမ်တွေ ကလည်း မီးရှို့ခံထားရ တာမျိုး၊ မြို့ထဲကို ဝင်သွားပြီဆိုတာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကယ်ဆယ်ရေးစခန်း၂ခု လောက်ရောက်ခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့တယ်။ တိုက်ရိုက် အားပေး စကားပြောတယ်။ စောင်တို့၊ အဝတ်အစားတို့၊ ခေါက်ဆွဲခြောက်ထုပ် နဲ့စားစရာ၊ သောက်စရာတွေ ငွေတွေကို စခန်းမှာလှူခဲ့တယ်။ ဒီအချိန်မှာတော့ အကုန်လုံး လိုအပ်နေတာပဲ။ စားစရာ၊ သောက်စရာ၊ ဝတ်စရာ ၊နေစရာ၊ ဒီအချိန်မှာ သူတို့မှာ ဘာတစ်ခုမှမရှိတော့ဘူး။ အားလုံး လိုအပ်နေတာပဲ။ မီးလောင်တဲ့ နေရာတွေကို လှမ်းတော့မြင်တယ်။ ရွာတစ်ရွာ ဆိုရင် တစ်ရွာလုံးမီးရှို့ထားတာမျိုး ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အုန်းပင်တွေ ရှိတယ်။ တစ်ရွာလုံးမီးရှို့ ခံထားရတော့ အုန်းပင်တွေလည်း ဝါပြီး ခြောက်နေတယ်။ ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ သူတို့ရဲ့မိသားစုဝင် တစ်ယောက်ကို တွေ့သလိုမျိုးပဲ။

အမေကြီးတွေကဆိုရင် ''သားကြီးရယ် အမေ တို့မှာ ဘာမှ မရှိတော့ဘူး။ ချက်စရာ၊ ပြုတ်စရာ အိုး၊ ခွက်တွေကအစ မရှိတော့ဘူး။ အိမ်သားတွေလည်း မရှိတော့ဘူး''ဆိုပြီး ငိုတယ်။ မျက်ရည် ကျတယ်။ သူတို့တအား ရင်းနှီးတဲ့ လူကိုတွေ့သလိုမျိုး လက်ကိုကိုင်ပြီး ငိုကြတယ်။ တအားစိတ်မကောင်းဘူး။ တအားခံစားရတယ်။ ကိုယ့်မိသားစု ဝင်တွေလိုပဲ။ သူတို့ကို သေချာအားပေး ခဲ့ပါတယ်။ နှစ်သိမ့် ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံထဲမှာ နေကြတဲ့ ညီအစ်ကိုမောင်နှမတွေပဲ၊ မိသားစုဝင်တွေပဲ ဘယ်သူ့မှ ပစ်ထားကြမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေလည်း မရောက်ရောက်အောင် လာတယ်။ လှူတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီးအကူအညီတွေ လာဦးမှာပါ။ ဘာမှအားငယ်စရာမလိုဘူး။ ကျွန်တော်တို့ထက် ပိုပြီး တတ်နိုင်တဲ့၊ ပိုပြီး အင်အားကြီးတဲ့ အလှူရှင်တွေလည်း အများကြီးရှိပါတယ်။

''ကျောင်းဖွင့်ချိန်မို့လို့ ကလေးတွေ ကျောင်းတက်ဖို့တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေနောက်ပိုင်းမှာ တဖြည်းဖြည်း ဒီ့ထက်ပိုပြီး လှူဒါန်းကြ မှာပါ။ နောက်ဆိုရင် ဆက်သွယ်ရေးလည်း ဒီ့ထက်ပိုပြီး ပွင့်လန်းလာမှာပါ။ အဲဒီအချိန် ဆိုရင် လှူဒါန်းတာတွေ ဒီ့ထက်ပိုရောက်ပြီး ပိုပြီးဂရုစိုက်နိုင်မှာပါလို့ သူတို့ကို သေချာကိုယ်တိုင် နှစ်သိမ့် စကားတွေ ပြောခဲ့ပါတယ်''လို့ ပြောပါတယ်။ ခုလိုကိစ္စမျိုးဖြစ်ပြီး တိုင်းပြည် နဲ့ယှဉ်လာရင် ပုဂ္ဂလိကခံစားချက်တွေကို လျှော့သင့်ကြောင်း၊ ကြီးမားတဲ့ ပဋိပက္ခ တစ်ခု ဖြစ်သွားရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိသလို ဘယ်လိုကောင်း ကျိုးမှမရနိုင်ဘဲ၊ ဆိုးကျိုးတွေပဲ ရရှိနိုင်ကြောင်း၊ တိုင်းပြည်ပြန်လည် ထူထောင်နေချိန်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လျှော့ ချပြီးဒီအဖြစ်အပျက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အညင်သာဆုံး၊ အမြန်ဆုံး နိဂုံးချုပ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိကြောင်း ပြေတီဦးက ပြော ပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-KOM

မူရင်းသတင်းက ဒီမှာပါ။

ရော့ခ်ကာကြီးပြောတဲ့ လူငယ်တွေ အတွက် အားပေးစကား


နှစ်ပေါင်း များစွာကြာအောင် ခုချိန်ထိ သူ့ရဲ့အောင်မြင်မှု ကို ထိန်းသိမ်း ထားနိုင်သူ၊

Iron Crossရဲ့ ရှိုးပွဲတိုင်း မှာ လည်း ကိုကြီးငဲ၊ ကိုကြီးငဲ ဆိုပြီး အမြဲတမ်း ပွဲတောင်းခံ ရတဲ့ အငဲတို့ ICအဖွဲ့က ဇူလိုင် လ၁၄ရက်နေ့မှာaတာ့ အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပါတယ်။

ICက အင်္ဂလန် ခရီးစဉ် အနေနဲ့ လွန်ခဲ့တဲ့၎နှစ်က တစ်ကြိမ်သွားခဲ့ပြီး အခုကတော့ ဒုတိယ တစ်ခေါက်ပါ။ ရှိုးပွဲမတိုင်ခင်မှာ အငဲရဲ့ ခံစားမှုက..''အခုထိကို အရင် အတိုင်း ပဲ ဖြစ်နေကျ၊ လုပ်နေကျဆိုပေမယ့် နည်းနည်းကြောက်တတ်သေးတယ်။ အတွေ့အကြုံ ရလာတာပဲရှိတယ်။ ရှိုးတက်တဲ့အခါမှာတော့ ကြောက်တဲ့ ခံစားမှုတော့ ရှိသေးတယ်။ သီချင်းကိုတော့ ရှိုးမှာ ပရိသတ်တွေ အဆင်ပြေနိုင် မယ့် သီချင်း အနေနဲ့တော့ ကွာသွားတာပေါ့။ လတ်တလော မှာ သူတို့ ကြိုက်နေတဲ့ သီချင်းကို ဆိုပေးရမှာ ကိုယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ရုတ်တရတ် ကျွန်တော်တို့ သိပ်မတိုက်ဘူးတဲ့ သီချင်းမျိုး ပရိသတ် ကတောင်းရင်တော့ ဘယ်လိုလုပ် ဆိုနိုင်မှာလဲ။ အဲဒီအခါကျရင်တော့လည်း မတိုက်ရသေးဘူးလို့ပဲ ပြောရတာပေါ့'' လို့ ပြောပါ တယ်။

အငဲရဲ့ ၂ဝ၁ဝ မှာ ထွက်တဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်'ကိုး' အခွေထဲက သီချင်းပုံစံကို ဘယ်လို ခံစားမှုနဲ့ ဘယ်လိုရွေးဖြစ်ခဲ့သလဲလို့ မေးတော့အငဲက.. ''တမင် တည်ပြီးရွေး တာတော့ မဟုတ်ဘူး။ ထိပ်ဆုံးခွေ ဖြစ်နေတော့ နည်းနည်း Safe ဖြစ်အောင် သီချင်းကို နည်းနည်း ပိုလုပ်တယ်။ ၁၅ပုဒ်၊ ၁၆ပုဒ်လောက် တီးဖြစ်သွား တယ်။ အဲဒီထဲကမှ အဆင်ပြေသလို ရွေးလိုက်တော့ 'ကိုး'အခွေက အခု ပရိသတ် မြင်တဲ့ ပုံမျိုးဖြစ်သွားတယ်။ ၃၊၄ပုဒ်လောက်က အဆင်မပြေ လို့ ဖြုတ်လိုက်တယ်''လို့ပြော ပါတယ်။ အရင် ကော်ပီခွေတွေလုပ်ခဲ့တာနဲ့ ဒီ 'ကိုး'လိုမျိုး Own Tune Album လုပ်ရတာက ဘာတွေ ကွာခြားလဲလို့ အငဲ ကို ဆက်မေးကြည့်တော့ ..''ဘာကွာလဲဆိုတော့ ဒါက နည်းနည်း လွတ်လပ် တယ်။ မဆိုးပါဘူး။ တစ်မျိုးစီပါပဲ။ ကော်ပီခွေ လုပ်တုန်းက လည်း ပျော်ပါ တယ်။ ခု Own tuneလုပ်တော့ တချို့ဟာလေးတွေက ကိုယ့်ဟာကိုယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး လွတ်လပ်မှုတော့ ရှိတာပေါ့'' လို့ ပြောပါတယ်။

အငဲရဲ့ 'ကိုး'အခွေအမ် တီဗီမှာလူငယ် ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့လည်း တစ်ပုဒ်ပါဝင်သရုပ်ဆောင် ထားတာကြောင့် မျိုးဆက်သစ် လူငယ် ရော့ခ်အဖွဲ့တွေ ကိုရော ကိုအငဲအနေနဲ့ ဘယ်လိုမြင်မိလဲ၊ လက်တွဲ လုပ်ဆောင်ဖို့ကော ရှိလား ဆိုတော့အငဲက..''သူတို့ တွေနဲ့တွေ့တဲ့ အချိန်တော့ ချစ်ချစ်ခင်ခင်နေကြတာ များပါတယ်။ ကျွန်တော်ကမြို့ထဲ သိပ်မထွက်တော့ သိပ်တော့မတွေ့ ဖြစ်ဘူး။ ဒါပေမဲ့ မြူးဇစ်လုပ်တဲ့ လူတွေ ကတော့ ကိုယ့်မိသားစုလိုပါပဲ။ သူတို့ကိုကြည့်ရတာ အားရပါတယ်။ သူတို့လည်း ကြိုးစားကြပါတယ်။ တကယ်ဆိုရင် ဒီ့ထက် တောင်ဖြစ်သင့် ပါသေးတယ်။လက်တွဲလုပ်ဖို့ဆိုတာထက် သူတို့ကိုအကြံပေးတာတို့၊ သူတို့ရေးထားတဲ့ သီချင်းတွေ ကျွန်တော့်ကို ဝင်ဆိုမလား၊ အဆင်ပြေတာ မျိုးတွေဆိုရင် ဝင်ဆိုပေးပါတယ်''လို့ ပြောပါတယ်။ ရော့ခ်ကာကြီး အငဲက လူငယ်မျိုးဆက်သစ်လေးတွေ အပေါ်မှာလည်း အငဲရဲ့အားပေးစကားက.. ''တကယ်လုပ်ချင်စိတ်ရှိတဲ့လူ၊ တကယ်ကိုယ်ခံအားကောင်းပြီး ဝမ်းစာပြည့်တဲ့ လူတွေအားလုံးကို ဖြစ်စေချင်ပါတယ်။ ဘာအကြောင်းကြောင့် မှတော့ သူတို့ကို မကျဆုံး စေချင်ပါဘူး''လို့ ဆိုပါတယ်။ အငဲရဲ့'ကိုး' အခွေ အမ်တီဗီကတော့ တမင်ရည်ရွယ်တာ မဟုတ်ဘဲ ထူးထူးခြားခြား ပဲ လေးဖြူက တစ်ခွေလုံး ရိုက်တာလို့ အငဲက ပြောပြီး အားလုံး ပြီးပေမယ့် ရည်မှန်းထား တဲ့အတိုင်းမဖြစ်တာကြောင့် နည်းနည်းတော့ ကြာဦးမယ်လို့လည်း အငဲကဆက်ပြောပါတယ်။

ICရဲ့စုစည်းမှုတွေဖြစ်တဲ့ 'ရာစုသစ်'လို၊ 'LMN'လို၊ အခွေမျိုးကော ပရိသတ်တွေ အတွက် စီစဉ်ထားတာ ရှိလားဆိုတော့ ''ကြိုတင်တော့ မစီစဉ် ထားဘူးဗျ။ တစ်ခါတလေကျ ရင် လေးဖြူတို့၊ မျိုးကြီးတို့ နဲ့ တွေ့တဲ့ အချိန် 'လုပ်ကြဦးမလား'ပြောပြီး ၃ယောက်စလုံး ဖီလင်ရှိရင် လုပ်တာပဲ။ တစ်ယောက်က မလုပ်ချင်ရင်မလုပ်တော့ ပြန်ဘူး။ အဲလိုမျိုး ဖြစ်နေတာ''လို့ ဆိုလာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ဂီတအစည်း အရုံးလည်း အသစ်ပြန်လည် ဖွဲ့စည်းတော့ မှာဖြစ်တာကြောင့် အစည်းအရုံးနဲ့ ပတ်သတ် ပြီး မေးတော့ ..''အမှန်တိုင်းပြောရရင် ကျွန်တော်က ထဲထဲဝင်ဝင် သိပ်မနေတော့ သိပ်တော့ မသိဘူးဗျ''လို့ဆိုပါတယ်။ အငဲက လက်ရှိ ဂီတဈေးကွက်ကိုတော့ 'ဈေးကွက်က တော့ သိတဲ့အတိုင်းပဲ။ သိပ်အားမရ ဘူး။ ကိုယ်ဖြစ်တာ ကို ပြောတာ မဟုတ်ဘူး။ ခုဖြစ်နေတဲ့ ဈေးကွက်ကိုပြောတာ။ ထုတ်ဝေ သူတွေ၊ ပရိုဂျူဆာတွေနဲ့ တွေ့ရင် သူတို့ပြောကြတဲ့ စကားနားထောင် ရတာ ပြောပါတယ်။ တကယ် ဘယ်လို ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တဖြည်းဖြည်းနဲ့ ခြစားသလိုပါပဲ''လို့ ပြောပါ တယ်။

ရဲရဲ

By Popular Myanmar News Journal

မူရင်းသတင်းက ဒီမှာပါ။

ကျရှုံးနိုင်ငံစာရင်း မြန်မာနိုင်ငံအဆင့် ၁၈ တွင်ရှိ

နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဖိအားများကို လေ့လာပြီး မီးမောင်းထိုး ဖော်ပြထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ Fund for Peace မှ တနင်္လာနေ့က ထုတ်ပြန်လိုက်သော ကျရှုံးနိုင်ငံများစာရင်း “Failed State Index (FSI)” တွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင် ရှိနေကြောင်း တွေ့ရသည်။



၂ဝ၁၂ ခုနှစ် 'ကျရှုံးနိုင်ငံများစာရင်း' အခြေပြမြေပုံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၈ တွင်ရှိပြီး 'အန္တရာယ်' အဆင့်တွင်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါအဆင့်သည် ‘အန္တရာယ်’ အဆင့်တွင် ရှိနေသည်။ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံသည် အဆိုပါစာရင်းတွင် အဆင့် ၁၆ ရှိခဲ့ပြီး ယခုအဆင့်ထက် နှစ်ဆင့် နိမ့်သည်။

ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ကရစ်စတာဟန်ဒရီ က FSI ကိန်းဂဏန်းကို အစိုးရများ၊ မီဒီယာများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ပဋိပက္ခ၏ နောက်ခံအခြေအနေများကို လေ့လာရာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုကြသည်ဟု ပြောသည်။

“ကျနော်တို့ နိုင်ငံ ၁၇၈ နိုင်ငံကို လေ့လာခဲ့ပါတယ်။ နိုင်ငံတိုင်း ဖိအားဒဏ်တွေ ရှိနေပြီး ဒီဒဏ်တွေကို ကိုင်တွယ်ဖြေရှင်း ဖို့ လိုတယ်လို့ အသိအမှတ်ပြုလို့ ခုလို လေ့လာတာ ဖြစ်ပါတယ်။ ပရိယေသန ဝမ်းစာရှာဖွေရာမှာ နိုင်ငံတခုချင်းအကြား ကွာခြားချက်ဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်က ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ အားကောင်းတဲ့ နိုင်ငံတော် အဖွဲ့အစည်းတွေ ရှိနေပြီး တရားဥပဒေ စိုးမိုးမှုနဲ့ ဒီမိုကရေစီကိုသာ အခြေခံပြီး ဖြေရှင်းဆောင်ရွက်မယ်ဆိုရင် ဒီဖိအားဒဏ်တွေကို ပို အောင်အောင်မြင်မြင် ဖြေရှင်း ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အယူအဆကို အခြေခံဆောင် ရွက်မှာဖြစ်ပါတယ်” ဟု ဟင်ဒရီ က ပြောသည်။

SFI ၂ဝ၁၁ စာရင်းတွင် ဆိုမာလီယာနိုင်ငံက ငါးနှစ်မြောက်ဆက်တိုက် ဗိုလ်စွဲသည်။ အနှံ့အပြား ဖြစ်ပွါးနေသော ဥပဒေမဲ့ဖြစ်ရပ်များ၊ ထိရောက်မှုကင်းမဲ့သော အစိုးရစနစ်၊ အကြမ်းဖက်ဝါဒ၊ ပြည်တွင်းသောင်းကျန်းမှု၊ ရာဇဝတ်မှုနှင့် နာမည်ကျော်လှသော နိုင်ငံခြား သင်္ဘောများအား ပင်လယ်ဒါးပြ တိုက်သည့်လုပ်ရပ်တို့ကြောင့် ဆိုမာလီယာနိုင်ငံမှာ ထိုသို့ ထိပ်ဆုံးအဆင့်တွင် ရောက်ရှိသွားခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံကမူ အလွတ်လပ်ဆုံး တိုင်းပြည် စာရင်းတွင် ဗိုလ်စွဲသည်။ သူ့လို စကင်ဒီနေ ဗီးယန်းကျွန်းဆွယ်နိုင်ငံ အိမ်နီးချင်းများဖြစ်ကြသော ဆွီဒင်နှင့်ဒိန်းမတ်နိုင်ငံတို့က သူနှင့် ကပ်လျက် အလွတ်လပ်ဆုံး နိုင်ငံများစာရင်း ဝင်ကြသည်။

အဆိုပါ သုံးနိုင်ငံစလုံးသည် အားကောင်းလှသော လူမှုရေးနှင့် စီးပွါးရေး ညွှန်ကိန်းများကြောင့်လည်းကောင်း၊ အကောင်းဆုံး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် လူ့အခွင့်အရေး ဥပဒေ စိုးမိုးမှုတို့ကို လေးစားလိုက်နာအား ကောင်းလှခြင်းတို့ကြောင့် ထိုသို့ အကောင်းဆုံးနိုင်ငံ စာရင်းဝင်ကြခြင်း ဖြစ်သည်။

နိုင်ငံ ၁၇၈ နိုင်ငံကို ကျရှုံးနိုင်ငံအဆင့် စာရင်းသတ်မှတ်ရာတွင် နိုင်ငံတခုအပေါ် ကျရောက်နေသည့် ဖိအားများဖြစ်သော လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး စသည့် ညွှန်ကိန်း ၁၂ မျိုးကို အသုံးပြုပြီး သူ့အောက်တွင် အသေးစိတ် ညွှတ်ကိန်း ၁ဝဝ ရှိသည်။

အဆိုပါ ညွှန်ကိန်းများတွင် တပြေးညီညာမဟုတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတခု၏ တရားဝင်မှု၊ အုပ်စုလိုက် နစ်နာမှုများ၊ လူ့အခွင့်အရေးတို့ ပါဝင်သည်။ ညွှန်ကိန်းတခုစီတွင် အဆင့် ၁ မှ ၁ဝ အထိ သတ်မှတ်ထားပြီး ရတတ် သမျှသော စာရွက်စာတမ်း အထောက်အထားများ၊ အခြား အရေအတွက်ပြ ကိန်းဂဏန်းများ စသည့် အချက်အလက် သန်းပေါင်း များစွာကို စိစစ်လေ့လာသူများက ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ကြခြင်းဖြစ်သည်။ ရမှတ် များလျှင် အဆိုပါနိုင်ငံ အပေါ်ကျရောက်နေသော ဖိအားများနေခြင်းကို ပြခြင်းဖြစ်ပြီး မတည်ငြိမ်မှု ပိုဖြစ်နိုင်ချေလည်း ရှိသည်။

ယခုနှစ်အတွင်း ထူးခြားသောအချက်မှာ အာရပ်နွေဦး၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ဘာရိန်း၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားနှင့် တူနီးရှားတို့မှာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အာရပ်နွေဦးကြောင့် ယခုနှစ်အခြေအနေ အတော်လေး ဆိုးသွားသည်။

လစ်ဗျား၏ အဆင့်နိမ့်ကျသွားမှုမှာ အသိသာဆုံး ဖြစ်သည်။ ဖြစ်ပွါးနေသော ပြည်တွင်းစစ်ကြောင့် FSI ရာဇဝင်တွင်နှစ်အလိုက် နှိုင်းယှဉ်ချက်အရ ယခုနှစ်မှာ အဆိုးဆုံး ဖြစ်သည်။ ကဒါဖီ အစိုးရကို ဖြုတ်ချရာတွင် နေတိုးဦးဆောင် သည့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထိုသို့ အဆင့်ထိုးကျသွားခြင်း ဖြစ်သည်။

အလားတူပင် နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ဆီးရီးယားနိုင်ငံမှာလည်း FSI ရာဇဝင်တွင် စတုတ္ထ အဆိုးဆုံးနိုင်ငံ ဖြစ်လာ သည်။ သမ္မတ အာဆတ် အစိုးရအဖွဲ့၏ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်မှုများကြောင့် ထိုသို့အဆင့်ကျခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည်လည်း ပြင်းထန်လှသောငလျင်ဘေးဒဏ်နှင့် နောက်ဆက်တွဲ ပေါ်ပေါက်လာသော နျူကလီးယာ ဓါတ်ပေါင်းဖို ပေါက်ကွဲသည့် အကြပ်အတည်းကြောင့် သိသိသာသာ အဆင့်ကျသွားခဲ့သည်။ FSI (ကျရှုံးနိုင်ငံ) စာရင်းတွင် အကောင်းဆုံး ၇% နိုင်ငံများတွင် ဂျပန် ပါဝင်နေသေးသော်လည်း ယခုကဲ့သို့ အဆင့်ထိုးကျသွားသည်ကို ကြည့်လျှင် အတည်ငြိမ်ဆုံးနိုင်ငံများပင် ပြင်းထန်ကြီးမားသော တုန်လှုပ်ဖွယ် အဖြစ်ဆိုးမျိုး ကြုံရလျှင် ခံနိုင်ရည် နည်းကြောင်း သက်သေပြနေသည်။

တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော စီးပွါးရေး အကြပ်အတည်းကြောင့် ဂရိနိုင်ငံ၏ အဆင့်အတန်းမှာလည်း ဆက်လက် ကျဆင်းနေသည်။ နိုင်ငံတွင်း ယုံကြည်မှု ဆုံးရှုံးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ချည့်နဲ့လာခြင်း စသည်တို့ကြောင့် နိုင်ငံအပေါ် ကျရောက်နေသည့် ဖိအားလည်း များလာခဲ့သည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်း ဆူဒန်နိုင်ငံကိုလည်း ငြိမ်းချမ်းရေးရံပုံငွေ အဖွဲ့က ဆန်းစစ်လေ့လာ ခဲ့သည်။ ဤနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်က လွတ်လပ်ရေး ရခဲ့သည်။ အချက်အလက် မပြည့်စုံမှုကြောင့် FSI အဆင့်သတ်မှတ်ချက်ကို တရားဝင် သတ်မှတ်ခြင်း မပြုလုပ်ခဲ့သော်လည်း ခန့်မှန်းခြေအားဖြင့် စတုတ္ထမြောက် အဆိုးဆုံးနိုင်ငံ အဆင့်တွင် မြောက်ဖက်အိမ်နီးချင်း ဆူဒန်နိုင်ငံနှင့် ကပ်လျက် အောက်တွင် တည်ရှိနေသည်။ တောင်ပိုင်း ဆူဒန်နိုင်ငံ၏ ချည့်နဲ့လှသော အခြေခံ အဆောက်အအုံ၊ ဆိုးရွားလှသော ဆင်းရဲမွဲတေမှု၊ ချည့်နဲ့သော အစိုးရ၊ အဆင်မပြေလှသော ဆူဒန်နိုင်ငံနှင့် ဆက်ဆံရေး၊ ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှု စသည်တို့ကြောင့် ထိုသို့စိုးရိမ်ဖွယ် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ကာဂျစ္စတန်နိုင်ငံသည် အဆိုပါစာရင်းတွင် တိုးတက်မှု အရှိဆုံးနိုင်ငံ ဖြစ်သည်။ ၂ဝ၁ဝ နှစ်လယ်က ဖြစ်ပွါးခဲ့သောတော်လှန်ရေးကြောင့် FSI စာရင်းတွင် ထိုးကျသွားခဲ့ရာမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ သိသိသာသာ လုပ်ဆောင် ခဲ့ပြီး အာဏာကို တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့ အခြေအနေ ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့သည် ဝါရှင်တန်အခြေစိုက် လွတ်လပ်သည့် သုတေသနနှင့် ပညာပေးရေး အဖွဲ့အစည်းတရပ် ဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်နှင့် တာဝန်မှာ ပဋိပက္ခများကို တားဆီးကာကွယ်ရန်နှင့် ရေရှည်တည်တံ့မည့် လုံခြုံမှုကို မြှင့်တင်အားပေးရန် ဖြစ်သည်။ ယခုလေ့လာမှုကို နိုင်ငံခြားရေး မူဝါဒ ဂျာနယ်နှင့်အတူ ပူးတွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာန

မူရင်းသတင်းက ဒီမှာပါ။

ဇူလိုင်လအတွင်း နိုင်ငံခြားသို့ Call Center မှတဆင့်တိုက်ရိုက်ဖုန်း ခေါ်ဆိုနိုင်တော့မည်



အင်တာနက်ဆိုင် သွားစရာမလိုပဲ အိမ်ဖုန်းနှင့် မိုဘိုင်းဖုန်းများမှနေ၍ နိုင်ငံခြားသို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင် ရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီနှစ်ခုက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံ Call Center က သိရှိရသည်။

အဆိုပါစနစ်အရ နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် Y-talk Password နံပါတ်မလိုပဲ Call Center ကုတ်နံပါတ် (1877) ကိုနှိပ်၍ ညွှန်ကြားသည့်အတိုင်း ခေါ်ဆိုလိုသည့် နိုင်ငံသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။

၎င်းစနစ်၏ အားသာချက်မှာ ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အင်တာနက်ဆိုင်ကို သွားရောက်စရာမလိုဘဲ ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။

“ အခုလက်ရှိမှာ ခေါ်ဆိုခနှုန်းထားများတွေတော့ မသတ်မှတ် ရသေးဘူး၊ ခေါ်ဆိုခ နှုန်းထား သတ်မှတ် ပြီးရင် တရားဝင် ထပ်မံထုတ်ပြန်ကြေညာသွားမှာပါ” ဟု Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများအား မိမိ တယ်လီဖုန်းဘေလ်မှ ကျပ်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။

“ကျွန်တော်တို့က အရင်ကတည်းက ဒီလို လုပ်ဖို့ရှိတာပါ နောက်ပြီး မိုဘိုင်းဖုန်းတွေမှာလည်း နိုင်ငံခြားဖုန်းခေါ် ဆိုနိုင်အောင် လုပ်ဖို့ရှိပါတယ် ခုလောလောဆယ်တော့ Call Center နဲ့ ဒီစနစ်ကို ပေါင်းပြီးလုပ်နေပါတယ် ” ဟု VMG Telecoms ကုမ္ပဏီတို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုကို Y-talk Callingမှ နည်းပညာစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ဇူလိုင်လ အတွင်းရရှိအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“အခုလို နိုင်ငံခြားကို တိုက်ရိုက်နီးပါး ဖုန်းခေါ်နိုင်မှာဆိုတော့ ကောင်းတယ်၊ ကျွန်တော်ဆို သားက စင်ကာပူ မှာလေ ဖုန်းခေါ်ခြင်ရင် Internet ဆိုင်ကို သွာရတယ်၊ အရေးကြီးရင် လွယ်လွယ်ကူကူ ဖုန်ခေါ်ဆိုလို မရဘူလေ ခုလို Call Centerနှင့် Y- talk Calling တို့ ပူပေါင်ပြီးလုပ်ပေးမှာဆိုတော့ အရင်ကထက်စာရင် ပိုကောင်တာပေါ့” ဟု လှည်းတန်းမှ ဦးဇော်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် Pfingo နှင့် Skype ဆက်သွယ် စနစ်များကိုသာ အားထားခေါ်ဆိုနေရပြီး၊ နိုင်ငံအလိုက် တစ်မိနစ်လျှင် (၂၅)ကျပ် မှ ကျပ်(၂၀၀)၀န်းကျင်အထိ ရှိကြောင်း အင်တာနက်ဆိုင်များက သိရှိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ဘင်္ဂလားဒေ့ရှ် ဟက်ကာအဖွဲ့ မြန်မာ Website များကို တိုက်ခိုက်

Bangladesh Hacker အဖွဲ့ နှစ်ဖွဲ့က မြန်မာ Website များအား ယခုလအတွင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းဟက်ကာ အဖွဲ့နှစ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ ဖြစ်ပြီး ၎င်းတို့မှာ DDoS ( Distributed Denial Of Service ) နှင့် Security အားနည်းသည့် ဆိုက်များအား Hack လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း ၎င်းတို့၏ Website တွင်ဖော်ပြထားသည်။

Bangladesh Cyber Army အဖွဲ့မှ မြန်မာ အစိုးရအဖွဲ့၏ တရားဝင် Website များဖြစ်သည့် www.myanmar.gov.mm အပါအဝင် အခြားသော အစိုးရ Website ခြောက်ခုကို တိုက်ခိုက်ခဲ့ပြီး ပြည်တွင်း ပုဂ္ဂလိက Website များနှင့် ပညာရေး ဆိုက်များ၊ အခြားသော နာမည်ကြီး ဟိုတယ်များနှင့် ခရီးသွား ကုမ္ပဏီအချို့၏ Website များကိုပါ တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့၏ Bangladesh Cyber Army Facebook စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် Bangladesh Black HAT Hackers အဖွဲ့မှလည်း DDoS နည်းပညာကို ဘင်္ဂလားဒေ့ရှ် လူမျိုးများ၏ အကူအညီဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း ၎င်းတို့၏ ဆိုက်တွင် ဖော်ပြထားသည်။

ယင်းပြဿနာများ ဖြစ်ပေါ်မလာခင်က Blink Hacker Group ဟုခေါ်သော မြန်မာ Hacker အဖွဲ့မှ ရိုဟင်ဂျာများ၏ Website များကို Hacking ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် Hacker Team နှစ်ခုမှ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအတွက် Blink Hacker Group မှ ဘင်္ဂ္လားဒေ့ရှ် အစိုးရပိုင် ဆိုက်များအား ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း Blink Hacker Group ၏ ပြောရေးဆိုခွင့်ရှိသူ Rat-2 က အီးမေလ်းမှ တစ်ဆင့် ပြန်လည် ပြောကြားချက်များအရ သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ကျပ်တစ်သိန်းဝန်းကျင် GSM ဖုန်း ထွက်မည့်သတင်း မမှန်ကန် ဟုဆို

GSM ဖုန်းများကို ယခုနှစ်အတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ချထားပေးမည်ဟုသော သတင်းများမှာ မှန်ကန်မှု မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ဇွန်လ ၁၉ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက GSM မိုဘိုင်းလ်ဖုန်းများကို ဇူလိုင်လ နှောင်းပိုင်းများက စတင်ကာ ကျပ်ရှစ်သောင်းနှုန်း ဝန်းကျင်ဖြင့် ချထားပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် The Voice Weekly က အတည်ပြု မေးမြန်းရာ "ဒီနှစ် အတွင်းမှာတော့ လုံးဝ မဖြစ်နိုင်သေးဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လျှော့ချပေးဖို့ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ အပ လာအို၊ ကမ္ဘောဒီးယား စသော အရှေ့တောင်အာရှ နိုင်ငံများတွင်ပင် မြန်မာကျပ်ငွေ သောင်းဂဏန်း ကုန်ကျရုံဖြင့် မိုဘိုင်းလ်ဖုန်း အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းများကို ကျပ်နှစ်သိန်းကျော် ကုန်ကျခံကာ သုံးစွဲနေရသဖြင့် ဈေးနှုန်း အဆမတန် ကြီးမြင့်လျှက်ရှိကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ငါးထောင်တန်ဖုန်းများ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလို သော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခွင့်မပြုခဲ့ခြင်းကြောင့် နိုင်ငံသား အများစုမှာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စု ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြားချေးငွေ ရယူ၍ မိမိကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူ ဆောင်ရွက်သွားရန် နိုင်ငံတော် သမ္မတကြီးက ဇွန်လ ၁၉ ရက်နေ့က သမ္မတ အိမ်တော်တွင် ပြုလုပ်သော ပြည်ထောင်စု အဆင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဝ၉ - ၉၉ နှင့်စသော ဆယ်လူလာ ဖုန်းများကို ၁၉၉၅ ဝန်းကျင်တွင် လည်းကောင်း၊ ဝ၉ ၅၀ဝ ဖြင့်စသော GSM မိုဘိုင်းလ် ဖုန်းများကို ၂၀ဝ၂ ခုနှစ်တွင် လည်းကောင်း ဝ၉၈၅ ဖြင့် စသော CDMA 450 MHz ဖုန်းများကို ၂၀ဝ၈ ခုနှစ်တွင် လည်းကောင်း ဝ၉ ၇၃ဝ ဖြင့်စသော CDMA 800 Mhz ဖုန်းများကို ၂၀၁ဝ ခုနှစ်တွင်လည်းကောင်း အသီးသီး ချထားပေးခဲ့သည်။

မူရင်းသတင်းက ဒီမှာပါ။

၂၄ နှစ် တာကာလ အတွင်း ၆၇ နှစ် မြောက် မွေးနေ့  ကို အောက်စဖိုဒ့် မှာ ကျင်းပ နိုင်ခဲ့



မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့  ၆၇ နှစ် မြောက် မွေးနေ့  ပွဲ ကို အင်္ဂလန် နိုင်ငံ အောက်စဖို့ ဒ် မြို့  မှာ သူမ ရဲ့  မိသား စု နဲ့  ကျင်း ပခဲ့ တယ် လို့  တယ်လီဂရပ် (ဖ) သတင်းစာ မှာ ဖော်ပြထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် တစ်ထောက် အဖြစ် အင်္ဂလန် နိုင်ငံ ကို မရောက် ရှိ ခင် မှာ အိုင်ယာ လန် နိုင်ငံ ကို ၀င်ရောက် ခဲ့ ပြီး မြန်မာ့ ဒီမိုကရေစီ ရေး ကို အစဉ် အား ပေး ထောက်ခံ မှု ပြု ခဲ့ တဲ့ U2 အဖွဲ့  က အဆို တော် ဘိုနို နဲ့  တွေ့ ဆုံ ခဲ့ သလို နိုင်ငံ တကာ လွတ် ငြိမ်းချမ်းသာ ခွင့် အဖွဲ့  ကြီး (Amnesty international) မှ ပေး အပ် ချီးမြှင့် သည့် Ambassador of Conscience ဆုကို အိုင်ယာ လန် ဒဗ္ဗလင် မြို့ မှာ တက်ရောက် လက္ခံ ရယူ ခဲ့ ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ မှာ အင်္ဂလန် နိုင်ငံ လန်ဒန် မြို့  ကို ရောက် ရှိ ခဲ့ ပြီး BBC သတင်းဌာန ကို ၀င်ရောက် လည် ပတ် ခဲ့ ပြီး BBC သတင်း ဌာန ရဲ့  အင်္ဂလိပ် ပိုင်း နဲ့  မြန်မာ ပိုင်း အစီအစဉ် တွေ နဲ့  ပါ တွေ့ ဆုံ မေးမြန်းမှု ကို ဖြေကြား ခဲ့ ပါတယ်။

အဲဒီနောက်သူ ပညာသင်ကြား ခဲ့ ရာ အောက်စဖိုဒ် တက္ကသိုလ် နဲ့  စာကြည့် တိုက် တွေ ကို သွား ရောက် လည်ပတ် ခဲ့ ပြီး ငယ်စဉ် က ကျောင်း နေ ဖက် သူငယ်ချင်း ဟောင်း တွေ နဲ့  ပြန် လည် တွေ့ ဆုံ မှု ပြု လုပ် ခဲ့ ကာ ညနေ ပိုင်း မှာ တော့ ၆၇ နှစ် မြောက် မွေး နေ့  ပွဲ သား ဖြစ် သူ ကင် အပါအ၀င် မိသားစု တွေ နဲ့  အောက်စဖိုဒ် မြို့  မှာ ကျင်းပခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၈၈ ခုနှစ် မှာ မြန်မာ နိုင်ငံ ကို ပြန်လည် ရောက် ရှိ ခဲ့ ပြီး နောက် အင်္ဂလန် နဲ့  ပထမ ဦးဆုံး ဥရောပ ခရီး စဉ် ဖြစ်ပါတယ်။

သူ့  ရဲ့  ဥရောပ ခရီးစဉ် နိုင်ငံ တွေ့ ဖြစ်တဲ့ ဆွစ်ဇာလန် ၊ နော်ဝေ ၊ အိုင်ယာလန် တို့  မှာ နိုင်ငံ ခေါင်းဆောင် တွေ ထင်ရှား ကျော် ကြား သူ တွေ က တွေ့ ဆုံ နှုတ်ဆက် ခဲ့ ကြ ပြီး ပြည်သူ တွေ နဲ့  အဲဒီ နိုင်ငံ တွေ ရောက် မြန်မာ မိသားစု တွေ ကလည်း သောင်းသောင်း ဖျဖျ ကြို ဆို ခဲ့ ကြပါတယ်။

၂၀၁၀ ခုနှစ် မှာ နေအိမ် အကျယ် ချုပ် က ပြန်လည် လွတ်မြောက် လာ ပြီး နောက် ၂၀၁၁ ခုနှစ် က အသက် ၆၆ နှစ် မြောက် မွေး နေ့  ပွဲ ကို ရန်ကုန် မြို့  မှာ ကျင်းပ တာ ဖြစ် ပြီး အသက် ၆၇ ခုနှစ် မွေး နေ့ အခမ်း အနား ကို တော့ မိသားစုရှိရာ အောက်စဖိုဒ့်  မှာ ကျင်း ပ ခဲ့ တာဖြစ်ပါတယ်။ ဒီ မြို့  မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အဆင့် မြင့် ပညာ ကို သင်ကြား ခဲ့ ပြီး ခင်ပွန်း ဖြစ်သူ နဲ့  တွေ့ ဆုံ ခဲ့ တဲ့ ချစ်သက်သေ တည်ထားရာ မြို့ ဖြစ်ပါတယ်။

Photo : BBC, AP, AFP, Getty

မူရင်းသတင်းက ဒီမှာပါ။

ကျန်ရှိသောဓါတ်ပုံများကို မူရင်း Website မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ (MLN)

အိုင်ယာလန်လူထုနဲ့ ဒေါ်စုတွေ့ဆုံ


ဓာတ်ပုံ ASSOCIATED PRESS
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှာပေးသော Ambassador of Conscience award (ယုံကြည်မှုဆိုင်ရာ သံတမန်ဆု) ကို အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် လက်ခံရယူစဉ်။ (ဂျွန်လ ၁၈ ရက်၊ ၂၀၁၂။)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အိုင်ယာလန်နိုင်ငံ Dublin မြို့တော် ကို ရောက်ရှိပြီး အဲဒီမှာ အရင်တုန်းက ချီးမြှင့်ခံခဲ့ရတဲ့ Dublin မြို့တော်ရဲ့လွတ်မြောက်ရေး ဆုနဲ့ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ Ambassador of Conscience ယုံကြည်မှုဆိုင်ရာ သံတမန်ဆုတွေကို ကိုယ်တိုင်လက်ခံယူခဲ့ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်ယာလန်ခရီးစဉ်ကို ကိုသားညွန့်ဦးက အနှစ်ချုပ်ပြီး တင်ဆက်ပေး ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ U2 အဆိုတော် Bono ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ အိုင်ယာလန်နိုင်ငံ ကို နော်ဝေးနိုင်ငံက တဆင့် ရောက်ရှိလာတာဖြစ်ပါတယ်။ လေဆိပ်မှာတော့ အန်ယာလန်နိုင်ငံခြားရေးဝန်ကြီး Eamon Gilmore ကိုယ်တိုင် လာရောက်ကြိုဆိုပါတယ်။ အိုင်ယာလန်နိုင်ငံသားတွေနဲ့အတူ အိုင်ယာလန်ရောက် မြန်မာတိုင်းရင်းသားအချို့လည်း လာရောက်ကြိုဆိုကြပါတယ်။

ရောက်ရှိပြီးတော့ မကြာခင်မှာပဲ အိုင်ယာလန်သမ္မတ Michael D Higgins နဲ့ မိနစ် ၂၀ ကြာလောက် တွေ့ဆုံပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုယ်တိုင် သိရှိကြားရတဲ့အတွက် အလွန်တရာကျေနပ်မိတယ်လို့ အိုင်ယာလန် သမ္မတက ပြောခဲ့ပါတယ်။ အိုင်ယာလန်လေဆိပ်ကို ရောက်ရောက်ချင်းမှာလည်း နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီရေးကို ကူညီခဲ့တာတွေ အတွက် ကျေးဇူးတင်ကြောင်းနဲ့ အဲဒီလို ထောက်ခံ ကူညီမှု တွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အများကြီး ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါသေးတယ်။

ညနေပိုင်းမှာတော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ Ambassador of Conscience ယုံကြည်မှု ဆိုင်ရာ သံတမန်ဆုကို ကိုယ်တိုင်လက်ခံယူပါတယ်။ ဒီဆုကို ၂၀၀၉ ခုနှစ်က ချီးမြှင့်ခဲ့တာဖြစ်ပေမယ့် အကျယ်ချုပ် ကျခံနေရတဲ့အတွက် ကိုယ်တိုင်မယူနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက U2 အဖွဲ့ဖျော်ဖြေပြီး ဆုကို ကြေညာခဲ့သလို ဒီနေ့မှာလည်း U2 အဆိုတော် ဘိုနိုကိုယ်တိုင် ဆုကို ချီးမြှင့်ပေးပြီး Electric Burma ဆိုတဲ့ သုံးနာရီကြာ တေးဂီတဖျော်ဖြေပွဲကိုပြုလုပ်ပါတယ်။

အဲဒီနောက် Dublin မြို့လယ် Grand Canal Square ရင်ပြင်မှာ Dublin မြို့တော်ရဲ့ ဂုဏ်ထူးဆောင် လွတ်မြောက်ရေးဆု ချီးမြင့်ပွဲလုပ်ပါတယ်။ ဒီဆုဟာလည်း လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ သားဖြစ်သူ ကင်က လက်ခံယူခဲ့တာပါ။ လေဟာပြင်မှာလုပ်တဲ့ အဲဒီ ဂီတ ဖျော်ဖြေပွဲ ကို ထောင်နဲ့ချီတဲ့ အိုင်ယာလန်ပြည်သူတွေရော ဥရောပနေ မြန်မာတိုင်းရင်းသားတွေပါ လာရောက် ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ…. ”

ဆုကိုတော့ Dublin မြို့တော်ဝန် Andrew Montague ကိုယ်တိုင် ချီးမြှင့်တာပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အိုင်ယာလန်ပြည်သူတွေ ၀ိုင်းဝန်းလုပ်ဆောင်ခဲ့သလို ဆက်ပြီးတော့ မြန်မာ့ အရေး ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား - ခင်ဗျားလွတ်မြောက်လာတာဟာ ခင်ဗျားရဲ့တိုင်းပြည်အတွက် သိသာ ထင်ရှားတဲ့ တိုးတက်မှုခြေလှမ်း တရပ်ဖြစ်ပါတယ်။ လွတ်လပ်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ မြန်မာနိုင်ငံတော် ဆိုတာဖြစ်လာဖို့ဆိုရင် ပြောင်းလဲမှုတွေ လွတ်လပ်မှုတွေအတွက် ဒီထက်ပိုလုပ်စရာတွေ ရှိပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေပါသေးတယ်။ ဒီလူတွေ လွတ်မြောက်လာဖို့ ဆက်ပြီး လှုပ်ရှားသွားရပါဦးမယ်၊ အိုင်ယာလန်ပြည်သူတွေဟာ ခင်ဗျားနဲ့အတူ ရပ်တည်နေပါတယ်။”

ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ် မွေးနေ့ဖြစ်တာမို့လို့ မနေ့က အဲဒီ အန်ယာလန်လူထုနဲ့ လုပ်တဲ့ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အိုင်ယာလန်ပြည်သူတွေရဲ့ အခုလို ရပ်တည်မှုအတွက် အလွန်တရာကျေးဇူးတင်ကြောင်း အိုင်ယာလန် လူထုကို ပြောသွားပါတယ်။

“ကျမဘ၀မှာ မေ့လို့မရတဲ့နေ့တွေထဲမှာ ဒီနေ့လည်း ပါဝင်ပါတယ်။ အိုင်ယာလန်နိုင်ငံရဲ့ နွေးနွေးထွေးထွေး ကြိုဆိုမှုကြောင့် အိုင်ယာလန် ပြည်သူတွေနဲ့ တသားတည်းရှိခဲ့ပါတယ်။ ကျမ ရင်ထဲ အသည်းထဲကနေ ကျေးဇူး အထူးတင်မိပါတယ်။ ကျမတို့ အခက်အခဲ ရင်ဆိုင်နေ ရချိန်မှာ ရှင်တို့က ရပ်တည်ပေးခဲ့တယ်။ ဒီ အခက်အခဲ ပြဿနာတွေ အခုအချိန်မှာ အားလုံး ပြေပျောက်သွားသေးတာမဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့နဲ့ အတူ ဆက်ပြီး ရပ်တည်ပေးမယ်လို့ အပြည့်ယုံကြည်ပါတယ်။” ၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ပထမဆုံး ဥရောပခရီးစဉ်အတွင်း အိုင်ယာလန်နိုင်ငံ ကို မနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံပြီးရင်တော့ ဗြိတိန်ကို ခရီးဆက်ဖို့ရှိပြီး အဲဒီမှာတော့ ဗြိတိန်လွှတ်တော်ထဲ မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။ ဒါပြီးရင်တော့ ပြင်သစ်နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေလို ပြဿနာမျိုးတွေဟာ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးတကြီး လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ပြသ နေတယ်လို့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါ တယ်။ လူပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး၊ အများ အပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့သလို၊ ထောင်သောင်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေရဲ့ အခြေခံဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ် က နှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ။

“တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေရာမှာလည်း အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမ တခုကတော့ နိုင်ငံသား ဥပဒေနဲ့ သတ်မှတ်ချက်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ် ချက် ဥပဒေဟာ ဘယ်လို ပုံစံမျိုးလဲ၊ ဒါတွေဟာ တရားမျှတမှု ရှိရဲ့လား၊ ဒါတွေဟာ နိုင်ငံတကာက လက်ခံ ထားတဲ့ စံတွေနဲ့ ညီရဲ့လား ဆိုတာတွေက တပိုင်းဖြစ်ပါတယ်။ နောက်တပိုင်းကတော့ လုပ်ထုံး လုပ်နည်းတွေ မှာပါ။ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ ဘယ်လို လုပ်ကိုင်နေကြသလဲ၊ ရဲတပ်ဖွဲ့က ဘာတွေ လုပ်နေလဲ၊ တရားရုံးတွေကရော ဘယ်လို လုပ်ကိုင်နေသလဲဆိုတာတွေပါ။ ကျမတို့ အနေနဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေ ဘယ်လိုကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကို ကျမတို့ အနေနဲ့ တိတိကျကျ သိလိုတယ်ဆိုရင် ဒီအပိုင်း ၂ ပိုင်းဟာ မရှိမဖြစ် ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။”

တရားဥပဒေ စိုးမိုးမှုကို လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်တယ် ဆိုတာမျိုးကို လက်တွေ့မြင်တွေ့ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။ တရားဥပဒေ စိုးမိုးရေး အဖြစ် ခေါင်းစဉ်ပေးထားတဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ်က ဆွေးနွေးပွဲ အတွင်း ပါဝင်သူ တဦးဖြစ် တဲ့ ဒေါက်တာဇာနည်ကတော့ မကြာသေးခင် တုန်းက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရ အဆက် ဆက်က လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေအဖြစ် ပြောဆိုခဲ့တာပါ။

“နိုင်ငံမဲ့ ဖြစ်ရတဲ့ ကိစ္စဟာ အစိုးရတွေရဲ့ လုပ်ရပ်တွေက ထွက်ပေါ်လာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လူထုနဲ့ လူမှုအသိုင်းအ၀ိုင်းကြောင့် မဟုတ်ပါဘူး။ အစိုးရတွေ အနေနဲ့ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ တခါတလေ မုန်းတီးမှုတွေကိုလည်း နိုင်ငံရေးအရ အမြတ်ထွက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဖန်တီးလေ့ ရှိပါတယ်။” မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အစိုးရသစ်အဖြစ် တက်လာပြီး နောက်မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင် သွားမယ်လို့ ကြေညာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူတချို့အတွက် အကျိုးရှိမယ့် ပြုပြင် ပြောင်းလဲရေးမျိုး မဖြစ်ဖို့ လိုမယ်လို့ သတိပေးပါတယ်။

“ပြုပြင်ပြောင်းလဲရေးဟာ တရားဥပဒေ စိုးမိုးရေး အပေါ်မှာ အခြေခံတယ်ဆိုတာကို ကျမတို့ သိရဖို့ လိုပါ တယ်၊ ပြုပြင်ပြောင်းလဲရေးဟာ မျှမျှတတ ဖြစ်ရမယ်၊ ပြုပြင်ပြောင်းလဲမှုတွေဟာ လူတချို့ကို အကာ အကွယ်ပေးတာမျိုး၊ လူတချို့ နေရာရအောင် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။”

နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သီတင်း ၃ ပတ် နီးပါးကြာ ထွက်လာတဲ့ ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထင်ရှားသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြတာပါ။ ခရီးစဉ်အစအဖြစ် ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ သလို နော်ဝေနိုင်ငံ မှာလည်း ၁၉၉၁ ခုနှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လက်ခံ ရယူခဲ့တာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့က အဆိုတော် Bono က ချီးမြှင့် ခဲ့တာကို အခမ်းအနားနဲ့ လက်ခံရယူခဲ့တာပါ။

အင်္ဂါနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ကိုတော့ ဗြိတိန်နိုင်ငံမှာ ကုန်လွန်ဖို့ရှိပြီး ဗြိတိန်ပါလီမန် မှာလည်း စကားပြောဆိုဦးမှာ ဖြစ်သလို ၂၄ ရက်နေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ ပြင်သစ်နိုင်ငံကို ၀င်ရောက်ဦးမှာလည်း ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

မြန်မာ့လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်

မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံထဲ မြန်မာအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အခုလို အစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာမှုကို လက်ခံပေမဲ့ တဘက်မှာတော့ လူကုန်ကူးမှုကိစ္စရပ်အချို့မှာ ဒေသအာဏာပိုင်တွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်ပြီး တင်ဆက်ပေးမှာပါ။

မနှစ်ကအထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ဒီနှစ် အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့်နှစ်မှာ တိုးမြှင့် သတ်မှတ်ခံရတာကြောင့် အရင် နာမည်ပျက်စာရင်းကနေ ပယ်ဖျက်ခံလိုက်ရပါပြီ။

အစီရင်ခံစာထဲမှာ နိုင်ငံအလိုက် P သုံးလုံးဆိုတဲ့ Prosecution အရေးယူမှု၊ Protection အကာအ ကွယ်ပေးမှု၊ Prevention ကြိုတင် ကာကွယ်မှု အခြေအနေသုံးရပ်ကို တချက်ခြင်း လေ့လာဆန်းစစ်ထား ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးခံရသူတွေကို ရှာဖွေ ဖော်ထုတ်ပြီး သူတို့ရဲ့ ဘ၀ပြန်လည် ထူထောင်ရေးအတွက် အစိုးရဘက်က လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။ ၂၀၁၁ စက်တင်ဘာလမှာ အစိုးရဘက်က လူကုန်ကူးခံရမှုတွေကို တိုင်ကြားနိုင်တဲ့ စနစ်တရပ် ထားခဲ့ တာကြောင့် လူကုန်ကူးခံရသူ ၅၇ ဦးကို ကယ်တင်စောင့်ရှောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်အရတော့ လူကုန်ကူးခံရသူ ၂၂၉ ဦးကို ကူညီစောင့်ရှောက်နိုင်ခဲ့တယ်လို့ ကိုးကားဖော်ပြပါတယ်။ တချိန်တည်းမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်မှု အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ တိုးမြှင့်ဆောင်ရွက်ခဲ့တယ်လို့ အစီရင်ခံမှာ ချီးကျူးထားပါတယ်။ ဒါပေမယ့်လည်း တဘက်မှာ လူကုန်မှုတွေ၊ အထူးသဖြင့် ကလေးစစ်သားစုဆောင်းအသုံးပြုတာနဲ့ အတင်း အဓမ္မလုပ်အားပေးခိုင်းစေတာမျိုးကို စစ်ဘက်တာဝန်ရှိသူတွေရော လက်နက်ကိုင်သူပုန် အဖွဲ့အစည်းတွေ ကပါ ဆောင်ရွက်နေကြတုန်းပဲလို့ ထောက်ပြပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရင်ကထက် တတ်တတ်ကြွကြွ လုပ်ဆောင်လာတာမှန်ပေမဲ့ တဘက်မှာတော့ ဒီိကိစ္စမှာ တာဝန်ရှိ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတာကြောင့် စိန်ခေါ် အကဲစမ်းချက်တွေတော့ ရှိနေတုန်းပဲလို့ ပြော ပါတယ်။ AHRC အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေ ဦးမင်းလွင်ဦးကတော့ ပြည်ပမှာ ဒုက္ခရောက်နေတဲ့ မြန်မာတိုင်းရင်းသား လူကုန်ကူးခံရသူတွေကို မြန်မာအစိုးရဘက်က ကယ်တင်စောင့်ရှောက်မှုအားနည်းနေတုန်းပဲလို့ မြင်ပါတယ်။ “တိုင်းတပါးကိုရောက်သွားတဲ့ လူကုန်ကူးခြင်းခံရတဲ့သူတွေကိုတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရကနေပြီး လိုက်လံကယ်တင်နိုင်ခြင်းတော့ မရှိသေးဘူးဗျ။ ရှိတဲ့ဥစ္စာတွေကလည်း အလွန် နည်းပါး ပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့လပိုင်းအတွင်းက ဖြစ်ပွားသွားတဲ့ ထိုင်းနိုင်ငံက စက်ရုံအလုပ်သမားတွေကို ကယ်ဆယ်တဲ့ ကိစ္စတခု၊ ဒါကတော့ မှတ်မှတ်ထင်ထင် တခု ရှိတာပေါ့လေ။

အရင်ကဆိုလို့ရှိရင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့သူတွေကို ပြန်ပို့တဲ့အခါကျလို့ရှိရင် ပြန်လည်ပြုစုပျိုးထောင်ရေးတို့၊ လက်မှု၊ အိမ်တွင်းမှုပညာ သင်ကြားရေးတို့ စတာတွေနဲ့ ပတ်သက်လို့ အစိုးရက တာဝန်ယူလုပ်ဆောင်နေတာတွေ နည်းတယ်။ သို့သော်လည်း အခုနောက်ပိုင်းမှာ ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ်အောက်ကနေပြီး ပြည်တွင်းမှာ တချို့ရှိနေ တဲ့ NGO တွေနဲ့ ပေါင်းပြီးတော့ တချို့အစီအစဉ်လေးတွေ လုပ်နိုင်တာတွေကို တွေ့လာရတယ်။ ဥပဒေပိုင်း အရ ကြည့်မယ်ဆိုလို့ရှိရင်လည်း ရတနာမေတ္တာဖောင်ဒေးရှင်းနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း UNICEF နဲ့ တွဲပြီးတော့ ပူးပေါင်းတည်ထောင်ထားတဲ့ အဖွဲ့တွေကို ထူထောင်ခွင့် ပြုလာတယ်။ ဒီအဖွဲ့တွေ က အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက်ကို အခကြေးငွေမယူဘဲ လိုက်ပါ ဆောင်ရွက်ပေးတဲ့ အခြေအနေမျိုးအထိ ဖြစ်လာတယ်။ ဒါတွေကတော့ တိုးတက်တဲ့အလားအလာတွေလို့ ပြောနိုင်ပါတယ်။”

- အစိုးရပိုင်းအနေနဲ့ပေါ့- လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အခု အစိုးရသစ်အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့၊ သက်ဆိုင်လို့ - နောက်တခုက အဲဒီအတွက် အထောက်အကူပြုနိုင်မယ့် နည်းဥပဒေပြဌာန်းချက် အသစ်တွေ ထုတ်ပြန်တာမျိုးရော ရှိပါသလား။ “လူကုန်ကူးမှု တားမြစ်ရေး ဥပဒေရယ်လို့တော့ ပြဌာန်းထားတာတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဒီ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင်ကိုက ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်နေတဲ့အခါကျတော့ ဥပဒေကို အသက်ဝင်အောင်လုပ်ဖို့က တော်တော်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။

ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃ လလောက်က ပြည်မြို့က ကောင်လေးတွေကို ခေါ်သွားတယ်၊ ခေါ်သွားပြီးတော့ ရှမ်းပြည်နယ် မိုင်းတွင်းတွေမှာ အဓမ္မခိုင်းစေဖို့အတွက် ခေါ်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့ပါတီက ကုမ္ပဏီတွေက ပါဝင် ပတ်သက်နေတာ တွေ့ရတယ်။ နောက်ပြီးတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတချို့က ပါဝင်နေတာတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့ လိုက်လံကူညီပေးနေတဲ့ လူ့အခွင့်အရေး ကာကွယ်တဲ့ သူတွေကိုတောင်မှ အနှောင့်အယှက်ပေးခြင်းခံရတာကို ကျနော်တို့ ကြားသိရတယ်။” ကလေးငယ်တွေ အမျိုးသမီးတွေအပါအ၀င် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးအတော်များများဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီယား စတဲ့နိုင်ငံတွေကို စီးပွားရေး အခြေအနေကြောင့် ပုံစံအမျိုးမျိုးနဲ့ ထွက်ခွာနေကြရာမှာ လူကုန်ကူး ခံရတာတွေကြောင့် လိင်လုပ်ငန်းတွေ အတင်းအဓမ္မ မတရားခိုင်းစေခံရတာတွေ ကြုံနေကြရတာပါ။

ဒီလိုမျိုး အလားတူအခြေအနေမျိုးတွေ မြန်မာနိုင်ငံတွင်းမှာတောင် ကြုံနေရတယ်လို့ ဦးမင်းလွင်ဦးက ပြော ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက် မှု ပြည့်မီချက်တော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင်လိုမဟုတ်ဘဲ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဆိုထားတာပါ။ အထူးသဖြင့်တော့ ကလေးစစ်သားစုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုထား ပါတယ်။ ဒါ့အပြင် ဒီအတွက် ILO နိုင်ငံတကာအလုပ်သမားအဖွဲ့အပါအ၀င် နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ရှိလာတယ်လို့လည်း ဖော်ပြထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

မငြိမ်သက်မှု တွေ ဖြစ်ခဲ့ တဲ့ ရခိုင်မြို့ တွေ မှာ ရေ နဲ့  အစားအသောက် တွေ လိုအပ်ဆဲ

အခုလဆန်း ပိုင်း က စပြီး မငြိမ်သက်မှု တွေ ဖြစ်ပွား ခဲ့ တဲ့ ရခိုင် ပြည်နယ် မောင်တော ၊ စစ် တွေ စတဲ့ မြို့ တွေ မှာ သောက်သုံး ရေနဲ့  စား နပ် ရိက္ခာ တွေ အတွက် ပြတ်လပ် မှု တွေ ရှိ နေ ပြီး အိုးမဲ့ အိမ့် မဲ့ ဖြစ်ခဲ့ ရတဲ့ မိသား စု တွေ ထဲ က အနည်း ဆုံး တစ်ထောင် ကျော်လောက် ဟာ ပြန်လည် နေရာ ချထား ရေး နဲ့  ကယ်ဆယ် ရေး စခန်း တွေ မှာ အဆင်မပြေ ဖြစ်မှု တွေ ကြောင့် အမိုးအကာ မဲ့ နေ ထိုင် နေ ရ ဆဲ လို့  ဂျနီဗာ မှာ အခြေစိုက် တဲ့ ကုလ သမဂ္ဂ စားနပ် ရိက္ခာ အစီအစဉ် က ဒီနေ့  သတင်း ထုတ်ပြန်ပါတယ်။

WFP က ပြီး ခဲ့ တဲ့ သီတင်း ပတ် အတွင်း မှာ လူ ပေါင်း ခြောက်သောင်း ကျော် အတွက် စားနပ် ရိက္ခာ တွေ အလျှင် အမြန် ဖြန့် ချိ ပြီး ခဲ့ ပေမယ့် မလုံ လောက်တာ ကြောင့် ထပ်ဆောင်း ဖြန့် ဖြူး မှု တွေ ကို လုပ် နေရ ကြောင်း WFP ရဲ့  ပြော ခွင့် ရ ပုဂ္ဂိုလ် အယ်(လ)လီဇဘက် ဘိုင်ယာ က ပြောပါတယ်။

စစ်တွေ မြို့  က ကယ်ဆယ် ရေး စခန်း တွေ မှာ လည်း ၀မ်းရောဂါ ၊ အရေးပြား စတဲ့ ကူးစက် ရော ဂါ ဖြစ်ပွား မှု တွေ ပေါ်ပေါက် နေတယ် လို့  စစ်တွေ မြို့  နယ် ကျန်းမာရေး ၀န်ကြီး ဌာန က တာဝန် ရှိသူ တစ်ဦး က FNG ကို ပြောပါတယ်။

စစ်တွေ ၊ မောင်တော စတဲ့ မြို့  တွေ ကို သွာံး ရောက် သတင်းရယူ တဲ့ ရန်ကုန် အခြေစိုက် သတင်း ထောက် တစ်ဦး က လည်း ကယ်ဆယ် ရေး စခန်း တွေ မှာ သောက်သုံး ရေ နဲ့  သန့် ရှင်း ရေပြတ် လပ် မှု ဖြစ်နေ တယ် လို့  FNG ကို ပြောပါတယ်။

ရခိုင် ဒေသ မှာ အခက် အခဲ ဖြစ်နေတဲ့ ပြည်သူ လူထု တွေ အတွက် နိုင်ငံတကာ ရောက် ရခိုင် မိသား စု တွေ ၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့  နဲ့  အစိုးရ မဟုတ် တဲ့ အဖွဲ့  အစည်း တွေ က ငွေ ၊ အစား အသောက် နဲ့  ဆေးဝါး စတာ တွေ အလှုခံ ပြီး ပေး အပ်လှု ဒါန်း မှု တွေ ပြု လုပ် လျှက် ရှိပါတယ်။

GENEVA—The UN food agency says 90,000 people who have fled ethnic violence in Burma are in need of aid.

Photo : Getty

မူရင်းသတင်းက ဒီမှာပါ။