Tuesday, June 19, 2012
ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလောင်းရွာပိုက်ဆိပ်ရှိ ဘင်္ဂလီမူဆလင်များမှ ကူတောင်အောက်ရွာကို ယနေ့နံနက် ၆နာရီခန့်က စတင်မီးရှို့ရာ၊ ရခိုင်အိမ် ၅အိမ် မီးရှို့ခံခဲ့ရကြောင်းသိရှိရသည်။
“အဲဒီရွာမှာက ကင်းစောင့်နေတာတွေမရှိတော့ ဘင်္ဂလီမူဆလင်တွေရဲ့ မီးရှို့တာ ခံလိုက်ရတာပါ၊ မီးလောင်တော့ ရွာသူ၊ ရွာသားတွေ မီးငြိမ်းပြီးလို့ နံနက် ၇နာရီခွဲလောက်မှာ အဲဒီဘင်္ဂလီတွေနဲ့ ကူတောင်အောက်ရွာက ရခိုင်တွေနဲ့ အဓိကရုဏ်းစဖြစ်တာ၊ ဖြစ်တော့ ရခိုင်ဘက်က ဓါးဒဏ်ရာတွေနဲ့ ၄ယောက်သေသွားတာတော့ မြင်ခဲ့ရတယ် အလောင်းကို ယူလို့မရခဲ့ဘူး၊ ဘင်္ဂလီမူဆလင်တွေက အင်အားကြီးတော့ နောက်ဆုပ်လာရတယ်။ နောက်ထပ် ကူတောင်ရွာသား ၅ယောက်ဟာ ပျောက်နေသေးတယ်၊ သူတို့လည်း သေပြီလို့ ယူဆရတာပေါ့”ဟု ကူတောင်အောက်ရွာ ရွာသားတစ်ဦးမှ ပြောပြသည်။
သေဆုံးသွားသူများမှာ ကျောင်းအုပ်ဆရာ ဦးသိန်းဟန် အသက်-၅၀နှစ်၊ ဦးဖြူချေအသက်-၄၂နှင့် ဦးသောင်းစိုးထွန်း အသက်၅၂တို့ဖြစ်ကြပြီး ကျန်သေဆုံးသူတစ်ယောက်နှင့် ပျောက်ဆုံးနေသူ ၅ဦးတို့မှာ မည်သူမည်ဝါ မသိရှိရသေးကြောင်း ၄င်းရွာသားပြောပြချက်အရ သိရှိရသည်။
ရသေ့တောင် စစ်တပ်မှ တပ်စိတ်တစ်စိပ်ခန့် ယင်းအခင်းဖြစ်ပွားရာနေရာသို့ နံနက် ၈နာရီခန့်တွင်ရောက်ရှိပြီး လုံခြုံရေးယူနေကြောင်းသိရှိရသည်။
“အခု အဲဒီအခင်းဖြစ်ပွားတဲ့ ကူတောင်အောက်ရွာကို အုပ်ချူပ်ရေးမှူးနဲ့ ရဲသတင်းတပ်ဖွဲ့တွေ နေ့လည် ၁၂နာရီလောက်က အမြန်ယဉ်နဲ့ ထပ်ပြီးတော့ လိုက်သွားကြတယ်၊ ရသေ့တောင်မြို့က လူငယ် ၂၀၀လောက်လည်း အဲဒီရွာကို အကူအညီပေးဖို့ဆိုပြီး လိုက်သွားကြတယ်၊ ရသေ့တောင် မြို့မှာတော့ အဓိကရုဏ်းဖြစ်တာတွေ မရှိဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေရဲ့ရန်ကို ကြောက်ပြီးတော့ ရသေ့တောင်မြို့ကို တိမ်းရှောင်လာတဲ့သူတွေတော့ အများကြီးဘဲ”ဟု ရသေ့တောင်မြို့မှ ဦးကျော်စိန်က ပြောပြသည်။
ရသေ့တောင်မြို့ထဲတွင် ယခုအခါ ဒုက္ခသည် စခန်းပေါင်း ၁၄ခုဖွင့်လှစ်ထားကာ ဒုက္ခသည်ပေါင်း ၅၁၅၀ခန့်ရှိပြီး၊ ရသေ့တောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် မဆန့်သော ဒုက္ခသည် ၅၀၀၀ခန့်ကိုလည်း ရသေ့တောင်မြို့အနီးရှိ ကျေးရွာများတွင် ထားရှိထားရကြောင်း သိရှိရသည်။
ဒုက္ခသည်များအတွက် အလှူငွေကောက်ခံလျက်ရှိရာ ယနေ့အချိန်ထိ ဆန်အိတ် ၅၀၀နှင့် ကျပ်ငွေ ၁၃၅သိန်းခန့် ရရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသေးကြောင်းကို ဒုက္ခသည်အရေးအား လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သော ဦးကျော်စိန်ပြောပြချက်အရ သိရှိရသည်။
by ရွှေဘန်း(စစ်တွေ) အာရကန်တိုင်းမ်စ
မူရင်းသတင်းက ဒီမှာပါ။
မတည်ငြိမ်မူကြောင့် ရခိုင် လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်
စိုက်ပျိုးရေးကို အဓိက အခြေခံသော ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသော ကြောင့် လယ်ထွန်ယက်ရန် အချိန်ကျနေပြီ ဖြစ်သော်လည်း လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
“ အခုက လယ်ထွန်ရမယ့် အချိန်ရောက်နေပါပြီ။ မိုးလည်း ရွာနေပြီ။ ဒါပေမယ့် အခုအချိန်ထိ လယ်မထွန်ရသေးဘူး။ ကျွန်တော်တို့ ဒေသက ရာသီကို လိုက်ပြီ လယ်ယာထွန်ယက် စိုက်ပျိုးရတဲ့ အတွက် အခု အချိန်မှာ လယ်မထွန်ရဘူးဆိုရင် အချိန် အများကြီး နောက်ကျ သွားနိုင်ပါတယ်။ လယ်သမားတွေလည်း အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာက လယ်သမား တစ်ဦးက ပြောသည်။
ငခူရှည် ကျေးရွာတွင် လယ်သမားများအား လယ်မထွန်ရန် အုပ်ချုပ်ရေးမှူးက ပိတ်ပင် တားမြစ် ထားသဖြင့် လယ်သမားများ လယ်မလုပ်ရဘဲ ရှိနေကြသည်ဟု သူက ပြောသည်။
“ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက လယ်သမားတွေကို အခြေအနေ မတည်ငြိမ်သေးတဲ့ လယ်ထွန်ခွင့် မပြုဘူး။ ရပ်ရွာထဲမှာဘဲ ကာကွယ်ရေး အတွက် နေထိုင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ဒေသမှာ ဘာမှ စိုးရိမ်စရာ မရှိပေမယ့် လယ်ထွန်ဖို့ ခွင့်မပြုတဲ့ အတွက် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။
လယ်ထွန်ခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ အကြားတွင် စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေသည်ဟု သူက ပြောသည်။
တစ်ခြား မြို့နယ် တစ်ချို့တွင်လည်း ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသဖြင့် လယ်ယာ လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒေသမှာတော့ ရွာနီးစပ်ကလေးတွေမှာ ရှိတဲ့ လယ်တွေကို ထွန်ယှက် နေကြတာတော့ ရှိတယ်။ ဝေးလံတဲ့ လယ်တွေကို သွားလုပ်ဖို့ကျတော့ အခြေအနေ မတည်ငြိမ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် အများစု လယ်သမားတွေက အခြေအနေ တည်ငြိမ်ဖို့ စောင့်နေကြပါတယ်” ဟု ရသေ့တောင်မြို့နယ် သိမ်တောင်က လယ်သမား တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြည်သူ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြပြီး ယခုပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် လယ်ယာ စိုက်ပျိုးရေးကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။ သို့အတွက် တည်ငြိမ် အေးချမ်းရေးကို ပြည်သူများက အထူး လိုလားနေကြသည်ဟု သိရသည်။
နေရဉ္ဖရာ
မူရင်းသတင်းက ဒီမှာပါ။
KIA အဖွဲ့က ရွာများရှိဆိုင်ကယ်များထံမှ ငွေတောင်းခံခဲ့....
လွန်ခဲ့တဲ့ ၃ရက်လောက်မှစပြီး KIA အဖွဲ့ဟာ မိုးမိတ်မြို့နဲ့ မိုးလိုကျေးရွာများမှ ဆိုင်ကယ်ဖြင့် တောင်ပေါ်ကျေးရွာများသို့ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသူများနဲ့ မန်တုံမြို့နယ်သို့ သွားလာသူများထံမှ ငွေတောင်းခံမှုများပြုလုပ်နေတယ်လို့ မိုးမိတ်မြို့မှ တောင်ပေါ်ဒေသသို့ ဈေးရောင်းချရန်သွားတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တစ်စီးကို ၂၀၀၀ ကျပ်ကောက်ခံပြီး ငွေမပေးတဲ့ ဆိုင်ကယ်တွေ သွားလာခွင့်မပြုပါဘူး၊ တောင်ခံနေတဲ့ KIA အဖွဲ့က တော်တော်လေးကို စုတ်ပြတ်စွာ ၀တ်စားထားပြီး ကျန်မာရေး ချို့တဲ့နေတဲ့ပုံတွေ ဖြစ်နေကြပါတယ်။
ကောက်ခံတဲ့KIA အဖွဲ့က သူတို့က အခုလို မတောင်းခံလိုကြဘဲ သူတို့က ဗဟိုက ထောက်ပံ့မှု မရရှိတဲ့ အတွက် အခုလို ဓါးမြဆန်ဆန်တောင်းခံနေရပါတယ်။
KIA ဗဟိုက အစိုးရတပ်ကို တိုက်ဖို့ အမိန့်ဘဲပေးပြီး စားဖို့ရိက္ခာနဲ့ဆေးဝါးကိုတော့ ထောက်ပံ့မှုမပေးဘဲ အောက်က တပ်ဖွဲ့ ၀င်တွေကို တောထဲမှာ ဖြစ်သလိုထားထားပြီး ဗဟိုက ခေါင်းဆောင်တွေကျတော့ ဇိမ်ခံနေကြပါတယ်။
အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးနေတာကြားနေရပေမယ့် ဗဟိုကတော့ အစိုးရတပ်ကို ဆက်တိုက်ဖို့ဘဲ အမိန့်တွေပေးနေ ပါတယ်။ KIA အောက်က တပ်ဖွဲ့ဝင်တွေအားလုံးက ငြိမ်းချမ်းရေးကိုလိုချင်၊ စစ်ကိုမလိုလားဘဲ မိသားစုနဲ့ အတူတူ အေးဆေးစွာနေချင်ပေမယ့်လည်း KIA ခေါင်းဆောင် ပိုင်းတွေက သူတို့အာဏာတည်မြဲဖို့ ချမ်းသာဖို့အတွက် အောက်ခြေတပ်ဖွဲ့ဝင်များနဲ့ ဒေသခံတွေက ခံစားနေရ ပါတယ်လို့ ငွေကောက်ခံတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား ရင်ဖွင့်ပြောကြားခဲ့ ပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
စွန့်လွှတ်ခြင်းဆိုတာဘာကိုခေါ်ပါသလဲ------?(ပေးစာ - ၁၅၃)
တစ်နေ့ကျွန်တော် မော်လမြိုင် ရထားစီး လာတော့ လမ်းကြားဘူတာတစ်ခုမှာရထားရပ်တော့ ရဲဘော်၎ -၅ ယောက်လောက်စုစု တွေ့ရတော့ ဘာ လဲလို့စပ်စုကြည့် လိုက်တော့ ဒဏ်ရာရလာတဲ့ ရဲဘော်လေး တစ်ယောက်ကို ထမ်းစင်နဲ့ ထမ်းလာ ကြတာကိုတွေ့ လိုက်ရပါတယ် ။ ဒါနဲ့ သူတို့လည်းတွဲပေါ်တက်လာကြပါတယ်။ ကျွန်တော်လည်း သူ့ဒဏ်ရာကိုကြည့် လိုက်တော့ ညာဘက်ဒူးဆစ်အောက်ပိုင်းတစ် ပိုင်းတပိုင်းလုံးမရှိတော့ပဲဒဏ်ရာကို ပတ်တီးနဲ့ အထပ်ထပ်စည်းထားတာကိုတွေ့ရ ပါတယ်။ရဲ ဘော်လေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ အလွန်ဆုံးရှိလှအသက်(၂၀) ပေါ့ သူ့ မျက်နှာ နုနု လေးမှာအရွယ်နဲ့ မလိုက်အောင် ထမ်းဆောင်ရတဲ့ တာဝန်တွေ ကြမ်းတမ်းမှုတွေအပြင် ဒဏ်ရာရဲ့အနာရှိန်တွေကြောင့် ညိုးရော်နေပြီး နှုတ်ကလည်း ညီး သံသဲ့သဲ့ ထွက်နေတာကိုတွေ့လိုက်ရပါတယ်။
ဒီအချိန်မှာကျန်တဲ့ခရီးသည်တွေကိုကြည့်လိုက်တော့တော်တော်များများဟာမျက်နှာတွေရှုံနေတာကိုတွေ့လိုက်ပါတယ်။ဒဏ်ရာကထွက်တဲ့ အနံ့ အသက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ သူတို့ နေရာဘေးကို ဒီလူနာနဲ့ ရဲဘော်တွေရောက်လာမှာစိုးရိမ်နေတဲ့ ပုံပါပဲ။ ဒီအချိန်မှာ ရထားပေါ်ပါလာတဲ့ အရာရှိတစ်ယောက် က လူနာရဲဘော်လေးစီးဖို့အတွက်သူ့နေရာကိုဖယ်ပေးပြီး သူကတော့ ဘေးကသေတာာပေါ်ထိုင်တာတွေ့လိုက်ရပါတယ်။
အရင်ဒီအရာရှိရဲ့ဘေးခုံက ၀တ်ကောင်းစားလှတွေဝတ်ထားတဲ့ မိန်းမတစ်ယောက်က မဲ့ ရွဲ့ပြီး ထထွက်သွားတာကိုတွေ့လိုက်ရပါတယ် ဒီမြင်ကွင်းကိုမြင်တော့ ရင်ထဲနင့်နေအောင်ခံစားလိုက်ရပါတယ်။ စိတ်ထဲမှာလည်းအတွေးတွေက အဆက်မပြတ်ပေါ်လို့လာပါတယ်။
လူတွေမှာကိုယ်ချင်းစာတရားတွေခေါင်းပါး လှပါလား။ဒီရဲ ဘော်လေးရဲ့ ဒဏ်ရာကအလေနတော လိုက်ပြီးဘီယာဆိုင် လမ်းဘေးမှာသူများဝိုင်းရိုက်လို့ရတဲ့ဒဏ်ရာမဟုတ်ပါဘူး။ တောထဲတောင်ထဲ လူမနီး သူမနီးအရပ်မှာမိဝေးဖဝေး နဲ့ သက်တူရွယ်တူတွေမြို့ပေါ်မှာ သင်တန်းတွေတက် ကျောင်းတွေတက်နေတဲ့ အရွယ်မှာ တာဝန်ထမ်းဆောင်ရင်း ခြေထောက်တစ်ချောင်းလုံးစွန့်ခဲ့ရတာပါ။
မြို့ပေါ်မှာအေးအေးချမ်းချမ်းနေလို့ရအောင်စွန့်လွတ်ခဲ့ရတာပါ။ တောထဲတောင်ထဲမှာ ဒီလိုတာဝန်ထမ်းဆောင်နေတဲ့ လူငယ်စစ်ဗိုလ်စစ်သားလေးတွေမြောက်များစွာရှိကြပါတယ်။ ဒါတွေကိုပြည်သူတွေသိမှသိပါလေစွ။
ကိုယ့်သားအလောင်းတွေ့ခွင့်မရလိုက်တဲ့မိဘတွေ.
ကိုယ့်လင်သားအလောင်းဘယ်မှာရှိမှန်းမသိလိုက်ရတဲ့ဇနီးမယားတွေအများကြီးပါ။
ဒါတွေကိုစစ်သားတွေပဲနားလည်နိုင်ပါလိမ့်မယ်။ရင်နင့်စရာအဖြစ်တွေအများကြီးပါ။ ဒဏ်ရာရပြီးမြို့ပေါ်ရောက်လာတော့လည်း ပြည်သူတွေကဒီလိုသူ့ကိုဆက်ဆံကြတော့ ................ကိုယ်ချင်းစာကြည့်ကြပါဗျာ။
ဒီတော့တစ်ခုပဲတောင်းဆိုချင်မိပါတယ်ဒီရဲဘော်လေးတွေဟာ ဘာနိုင်ငံရေးမှလည်းနားမလည်ပါဘူး ကိုယ်ကျိုးအတွက်ဘာမှမျှော်လင့်ချက်လည်းမရှိပါဘူး သူတို့လည်း ပြည်သူထဲကမိဘတွေကပေါက်ဖွားလာတဲ့ပြည်သူထဲကပြည်သူတွေပါပဲ။
ပေးထားတဲ့တာဝန်တစ်ခုအရင်းပြုပြီးသေဆိုသေရှင်ဆိုရှင်ရတာပါ။ဒါကြောင့်ခင်ဗျားတို့လေးစားပါတယ်ဆိုတဲ့ ပြည်တွင်းပြည်ပမြေပေါ်မြေ အောက်ထောင်တွင်းထောင်ပြင် နိုင်ငံရေးသမားတွေ freedom fighter ဆိုတဲ့သူတွေကိုချီးကျူးရင်ချီးကျူးကြပါ လေးစားရင်လေးစားကြပါဒါပေမယ့် အသက်နဲ့ရင်း လူဖြစ်ရှုံး ခံပြီး တာဝန်ထမ်းဆောင်နေကြပါလျက်နဲ့ ကိုယ့်ကိုကို ကိုဝယ်ရည်လည်းမသွေးတတ် တဲ့ ရဲဘော်လေးတွေရဲ့ဂုဏ်ကိုနင်းချေ ရှုံ့ချပြီးတော့မှ မြို့ပေါ်မှာကိုယ်ရည်သွေးနေတဲ့ နိုင်ငံရေးသမားတွေကိုဂုဏ်မဖော်လိုက်ကြပါနဲ့နှိုင်းယှဉ်စရာမဟုတ်ပါဘူး ။နှိုင်းယှဉ်စရာအကြောင်းလည်းမဟုတ်ပါဘူး။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ရခိုင်ပြည်နယ်အခြေအနေ စိတ်မချရသေးသော်လည်း ဒေါ်စု အပြုံးမပျက်
ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမဲ့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အထိတော့ စိတ်မချရသေးဘူးလို့ သတင်းရရှိပါတယ်။ ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာသလို အကူအညီတွေဟာလည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ဒုက္ခသည်တွေဟာ နေရေး၊ ထိုင်ရေးအခက်အခဲကြောင့် ၀မ်းလျှောရောဂါ ဖြစ်တာတွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာ အခုဆိုရင် ဒုက္ခသည်စခန်းတွေဟာ အရင်က ရှိနေတာထက်ကို ထပ်တိုးလာပြီး အသစ်ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေလည်းရှိသလို ပြန်သွားကြသူတချို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပြန်သွားတဲ့ အရေအတွက်ထက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်အရေအတွက် ပိုများနေတာကြောင့် နေရာထိုင်ခင်း မလုံလောက်တဲ့ပြဿနာ၊ အမိုးအကာတဲ မရှိတာနဲ့ အိမ်သာ အလုံအလောက် မရှိတာတွေကြောင့် အညစ်အကြေးတွေကို ကြုံသလို စွန့်ပစ်နေကြတဲ့အတွက် အခုဆိုရင် ၀မ်းလျှောရောဂါ ဖြစ်တဲ့သူတွေ ရှိလာနေတယ် သိရပါတယ်။
အစိုးရ နဲ့ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃ သောင်းကျော် ရှိသွားပြီလို့ ပြည်နယ်အစိုးရကရော UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကရော ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရ ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် တ၀ှမ်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တရားရေးဝန်ကြီး ဦးလှသိန်းကလည်း ပြန်လည်ထူထောင်ရေးအတွက် ဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာ အခုအချိန်မှာ ပြောဖို့ရာ သိပ်စောနေသေးပြီး ခန့်မှန်းထားတာထက်ကို ဆုံးရှုံးမှု ပမာဏက သိပ်များနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်တပ်နဲ့ ရဲလုံခြုံရေးကလည်း လုံလုံလောက်လောက် မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တပ်မတော်သားများ၊ ပြည်သူ့ရဲများနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ က အပျက်အဆီးများကို ရှင်းလင်းလျှက် ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါးစပ် က စိုးရိမ်တယ်၊ စွာရက်ထဲမှာ စိုးရိမ်တယ် ပြောထားပေမယ့် နေ့စဉ် ပြုံးပျော်နေတဲ့ ပုံတွေပဲ ထွက်လာနေပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ကျားဖြူပါတီ တည်ထောင်သူ တစ်ဦး ထပ်မံ နုတ်ထွက်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ၁၅ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်စိုင်း ထွန်းအေးဟာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ နုတ်ထွက်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင် ရ ရှိပြီးနောက်တစ်နေ့ ဇွန်လ ၁၃ ရက်နေ့မှာ အခုလို နုတ်ထွက်စာ တင်လိုက် တာဖြစ်ကြောင်း သိရပါ တယ်။
ပါတီက နုတ်ထွက်လိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စိုင်းထွန်းအေး ကို မေးမြန်းကြည့်တဲ့အခါ – ကျားဖြူပါတီမှာ ဦးဆောင်နေတဲ့ လူကြီးတွေက ပါတီ တည်ဆောက်ရေးအတွက် ပျက်ကွက်နေပြီး ကိုယ်ရတဲ့ နေရာလေးမှာ ကိုယ့်အရေးပါမှုကို တည်ဆောက်ဖို့လောက်၊ လူကြားထဲမှာ မျက်နှာပွင့်ဖို့လောက်ပဲ ကြိုးပမ်းနေကြတာပဲ တွေ့ရတယ်။
ပါတီရဲ့ မူဝါဒမှာ လူငယ်တွေရဲ့ အင်အားဟာ အရေးကြီးတယ် ဆိုတာကို ဖော်ပြထားသလို ပါတီ သန္နိဋ္ဌာန် လေးရပ်မှာလည်း လူငယ်မျိုးဆက်သစ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင် ပေးနိုင် မှသာ ကိုယ့် အမျိုးသားရေးကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ် ဆိုတာ ပါပေမယ့် ပါတီ ခေါင်းဆောင်တွေက လူငယ်တွေရဲ့ တန်ဖိုး ကိုလျစ် လျူရှုပြီး တန် ဖိုး မထား တာကတော့ ဝမ်းနည်း စရာပဲ။ ပါတီတွင်းမှာ ဒီမိုကရေစီ ကျင့်သုံးမှု မရှိတာတွေ၊ နောက်ပြီး ပါတီ အလုပ်အမှုဆောင် အချင်းချင်း အကြားမှာ အပြန်အလှန် လေးစားမှု၊ ပွင့် လင်းမြင်သာမှုတွေ မရှိခဲ့တာရယ်၊ ပါတီဟာ ပါတီခေါင်းဆောင် တစ်ဦးတည်းက စိတ်တိုင်းကျ ချယ်လှယ်မှုတွေသာ လွှမ်းမိုးနေခဲ့ပြီး စုပေါင်းဦး ဆောင်မှု အခန်းကဏ္ဍကို ဦးစားမပေးဘဲ အာဏာရှင်ဆန်ဆန် ကျင့်သုံးလာတွေကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။
ဒါ ကြောင့်ရှမ်း တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို မယုံကြည်တော့လို့၊ ပါတီရဲ့ အနာဂတ်ဟာ လည်း ပဲ မှေးမှိန် ပြိုကွဲနေ တယ်လို့ ထင်မြင်ခံစားမိတဲ့အတွက် ပါတီက နုတ်ထွက်လိုက်တာပါ လို့ ကော့လီကို ပြောပြပါတယ်။
စိုင်းထွန်းအေး ဟာ ၂၀၁၀ ရွေးကောက်ပွဲစည်းရုံးရေးကာလ က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၏ စည်းရုံးရေး စာစောင်ဖြစ် တဲ့ ကျားဖြူ သတင်းလွှာကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီး ကိုယ်တိုင်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော် မဲဆ န္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၀ ဒီဇင်ဘာလ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာတော့ နိုင်ငံရေးသုံးသပ်ချက် စာတမ်းတစ်စောင်ကို ရေးသား ပြီး တက် ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်များ လေ့လာဖို့အတွက် ဖြန့်ဝေပေးခဲ့တာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက စိုင်း ထွန်း အေးအား ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် အဖြစ်က ခေတ္တရပ်နားခဲ့စေခြင်းဖြင့် အရေးယူခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကနေ စိုင်းထွန်းအေး မနုတ်ထွက်ခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တည်ထောင်သူ ၁၅ ဦးမှာ ပါဝင်တဲ့ စိုင်းဖိုးမြတ် (ခ) စိုင်းယီဆိုင် ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ပါတီကနေ နုတ်ထွက်ခဲ့ပါတယ်။
ယခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟော င်း ဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ လွိုင်လင်မြို့နယ် အတွင်းရေးမှူး စိုင်းရွှေထွန်း (ခ) စိုင်းရွက်တိုင်း ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ နေ့က နုတ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
သိသိကြီးနဲ့ ဥပက္ခာပြုကာ သား/မြေးတွေနဲ့ မွေးနေ့ပွဲကျင်းပဖို့ ထွက်သွားပြီးမှ ရခိုင်ပြည်နယ်အရေး စိုးရိမ် ဟု ဒေါ်စု ပြောပြန်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတို့ ဒုက္ခအကြီးအကျယ် ရောက်နေတာကို သိသိကြီးနဲ့ ဥပက္ခာပြုကာ သား/မြေးတွေနဲ့ မွေးနေ့ပွဲကျင်းပဖို့ ထွက်သွားပြီးမှ ရခိုင်ပြည်နယ်အရေး စိုးရိမ် ဟု ဒေါ်စု ပြောကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်တွင်း မငြိမ်းမချမ်းဖြစ်နေချိန်မှာ နိုဘဲလ် ငြိမ်းချမ်းရေး ကို မျက်နှာပြောင်တိုက် သွားယူတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဆူပူမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်း ကို နော်ဝေနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ချိန်မှာေ ပြာလိုက်ပါတယ်။
ဒါပေမယ့်လည်း စိုးရိမ်တယ် ပြောတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် ဘာလုပ်ပေး လဲ ဆိုတာကို တစ်စုံတရာ ပြောသွားခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်တိုင်းရင်းသားတွေဆီ သွားရောက်ခဲ့ခြင်း မရှိပဲ မြန်မာစကားမပြောတတ်တဲ့ သား/မြေး တွေဆီကို မွေးနေ့ပွဲ ပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ ထွက်ခဲ့ပါတယ်။

ရခိုင်ဒေသ အတွင်း အကူအညီတွေ လိုနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စာရွက် တစ်ရွက်မှာ စိုးရိမ်ကြောင်း ရေးပြီး ပေးပို့ခဲ့ပါတယ်။ ထိုကိစ္စကြောင့် လူထု တစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို မကျေမနပ် ဖြစ်နေကြရာ အခုတခါ နိုင်ငံခြားသားတွေရှေ့ရောက်မှ စိုးရိမ်တယ် ထပ်ပြောတာကြောင့် လူထုက ဒေါ်အောင်ဆန်းစုကြည် ကို အလွန် စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဒါပေမယ့်လည်း စိုးရိမ်တယ် ပြောတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် ဘာလုပ်ပေး လဲ ဆိုတာကို တစ်စုံတရာ ပြောသွားခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်တိုင်းရင်းသားတွေဆီ သွားရောက်ခဲ့ခြင်း မရှိပဲ မြန်မာစကားမပြောတတ်တဲ့ သား/မြေး တွေဆီကို မွေးနေ့ပွဲ ပျော်ပျော်ရွှင်ရွှင်ကျင်းပဖို့ ထွက်ခဲ့ပါတယ်။

ရခိုင်ဒေသ အတွင်း အကူအညီတွေ လိုနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က စာရွက် တစ်ရွက်မှာ စိုးရိမ်ကြောင်း ရေးပြီး ပေးပို့ခဲ့ပါတယ်။ ထိုကိစ္စကြောင့် လူထု တစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို မကျေမနပ် ဖြစ်နေကြရာ အခုတခါ နိုင်ငံခြားသားတွေရှေ့ရောက်မှ စိုးရိမ်တယ် ထပ်ပြောတာကြောင့် လူထုက ဒေါ်အောင်ဆန်းစုကြည် ကို အလွန် စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မမှန်သတင်းပေးမှုဖြင့် NLD အတွင်းရေးမှူးကို ရွေးကောက်ပွဲ ကော်မရှင်တရားစွဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ သတင်းမမှန်ပေးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားကြောင်း NLD ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။
NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဧပြီလ ၁၇က် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲလက်မှတ်များတွင် ဖယောင်းသုတ် မှုများရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း NLD ပါတီထံမှသိရှိရသည်။
အဆိုပါအမှုကို ၂၀၁၂ ခုနှစ် ဇွန် လ ၁၄ရက်နေ့တွင် ဇမ္ဗူသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန်ဆင့်ခေါ်ထားပြီး ဦးဥာဏ်ဝင်းသည် ဇွန်လ ၁၃ ရက်နေ့ကပင် နေပြည်တော်သို့သွားရောက် တရားရင်ဆိုင်လျက်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကဆိုသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ The Voice Weekly မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့်ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများအစည်းအဝေးပြုလုပ်နေသဖြင့် မအားလပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှုမရှိကြောင်း၊ တရားဝင်တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန် မကန်စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန်တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင်အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ၉ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ မိန့်ခွန်း (အပြည့်အစုံ)
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ခင်ဗျား-
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ် -
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှု ကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝလုံခြုံရေးတို့ကို အရှိန်အဟုတ်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စုလွှတ်တော်သို့ မကြာမီ တင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို (၅) နှစ်စီမံကိန်း ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၊ နှစ်စဉ် စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း မှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍအချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော်ဖွံ့ဖြိုးဖို့အတွက် ထပ်မံ လိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပဉ္စမကာလတို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေး အခြေအနေပေါ် မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်း ကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာ ကာလအတွင်း-
- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန် ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊
- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ပါဝင်မှုအချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးပြောင်းလဲ ဖြစ်ပေါ်စေရန်၊
- လူတစ်ဦးစီ၏ ပျမ်းမျှ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။
တွက်ချက် ရရှိထားတဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီဟာ အခြေခံနှစ်ထက် (၁.၇) ဆ ရရှိရန် တွက်ချက်ခန့်မှန်းထားသော်လည်း ကျွန်တော်တို့ အစိုးရ အနေနဲ့ကတော့ ပျမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆ တိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ဝင်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆတိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေးအရင်းအနှီး နဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြုနေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီး သုံးစွဲနိုင်မှုကို သုံးသပ်ရင်-
- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊
- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊
- ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့်တိုးတက်ရန် လိုအပ်ခြင်းတို့ကို အဓိက တွေ့ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက်ရင်နှီးမြှုပ်နှံ ဆောင်ရွက် နိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက် ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အရ-အသုံး ငွေစာရင်းကိုကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၃၄ ကျပ် သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက နိုင်ငံ့စီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မဲ့လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွားရေးတွက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင် ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲ ဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယ အဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) လုပ်ငန်းကို ထုခွဲ ရောင်းချခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင် အချိုးအစားများနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေး ကြေးရေးကဏ္ဍများကို ကဏ္ဍတစ်ခုချင်း လေ့လာသုံးသပ်လျက် ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပိုင်ဆိုင်မှုအချို့ ကူးပြောင်းပေးရင်း စွမ်းဆောင်ရည်မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြည်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ “ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင် ဖွဲ့စည်းပေးပြီး ပြောင်းလဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့ တာဝန်ယူရတဲ့ကဏ္ဍနဲ့ ဌာနရဲ့ လုပ်ငန်းများအနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင် စီးပွားရေးပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်း တစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကလည်း ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲ ဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ စတင်ပြောင်းလဲ ဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များအကူအညီဖြင့် ပိုမိုသိရှိနားလည် ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံးတစ်ပြိုင်နက်တည်း ကိုင်တွယ်အကောင်အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာသုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့ မြို့နယ်၊ သောက်သုံးရေဖူလုံရေးနှင့် သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေး ဦးစားပေး လုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် နှစ်တိုနှစ်ရှည်စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး ဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေး အစီအစဉ် (priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြားအကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲ မလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့်စီမံကိန်း(Plan) ရေးဆွဲခြင်းဟာ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ်သုံးဆယ် နှစ်ရှည်စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(National Development Plan) ကို -
-ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးစီမံကိန်း
- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း
- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း
- ဒေသန္တရ စီမံကိန်းများ
- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်းရဲ့ ဝင်ငွေတိုးတက်ရေးနဲ့ လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံဖြိုးတိုးတက်ရေး (People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကျိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
ဒုတိယပိုင်းအနေနဲ့ ဆက်လက် ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီအထောက်အပံ့များကို ထိရောက်စွာရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံဖြိုးတိုးတက်ရေးရည်မှန်းချက်များ (National Development Goals) နဲ့ ကမ0x081ဘာ့ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။
ဖွံဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲဒီနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေး စတဲ့ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ(Loan) နဲ့ နည်းပညာအကူအညီများ ရယူ ဆောင်ရွက်ကြရပါတယ်။ ဒီလိုရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့နိုင်ငံများ၊ အလှူရှင်များအနေနဲ့ 0x158င်းတို့ ကူညီထောက်ပံ့လိုတဲ့ကဏ္ဍနဲ့ နယ်မြေ/ ဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလဲ မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ(Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက် နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီ အထောက်အပံ့ (Grant/aid) ကို ဦးစားပေးသုံးစွဲပြီး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ခြေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan) ကိုတော့ အတိုးနှုန်း၊ ပြန်ဆက်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့လုပ်ငန်းစီမံကိန်း (Project) ကို စီးပွားရေးတွက်ခြေကိုက်မှု၊ အကျိုးအမြတ်ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှု စတဲ့အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်း အကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနဲ့လူမျိုးအတွက် ရေရှည်အကျိုးရှိမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်း စတဲ့အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အတွေ့အကြုံတွေအပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြားအကူအညီ အထောက်အပံများ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ တို့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျ ရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရဝန်ကြီးချုပ်များ အနေနဲ့ မိမိတို့ရဲ့ ကဏ္ဍစီမံကိန်း၊ ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာလုပ်ငန်းစဉ်များနဲ့ အညီ နိုင်ငံခြားအကူအညီ ( Grant/Aid ) အသုံးပြုရန်လိုအပ်သည့် ဦးစားပေးကဏ္ဍများနှင့် ဦးစားပေး နယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူ ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စုဝန်ကြီးဌာနများက တိုင်းဒေသကြီး/ ပြည်နယ် များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာမဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်ဖြင့် တင်ပြဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများ ( ဥပမာ-ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု ) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှ ရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး တာဝန်ယူ၍ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့တာဝန်ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေးတွက်ခြေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားချေးငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူ ဆောင်ရွက်သွားမှသာ တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက် မဟုတ်ဘဲ ထိုက်သင့်သော အခြေခံလုပ်ခလစာများ ပြည့်ပြည့်ဝဝ ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေ ဥပဒေတစ်ရပ် ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။
ဘတ်ဂျတ်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကျတဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများ အတွက် ဥပဒေ၊ စည်းမျဉ်း ၊ လုပ်ထုံးလုပ်နည်းများ ဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှသာ လာရောက် ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ0x081ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ ( မူကြမ်း) ကို ရေးဆွဲပြီး ဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေး အဖွဲ့အစည်းများရဲ့ သဘောထားအကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့ဟာ အဓိက မောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ လူမှုစီးပွားရေးတိုးတက်မှုအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာ ဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့်လူမျိုး အကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံဂုဏ်သိက0x081ခာ မထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးတို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ စသည့် သဘာဝသယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျသုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံတွက်ချက် အသုံးပြု ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနှင့်မတူဘဲ အခက်အခဲတွေ့နေရတဲ့ ကိစ္စရပ်တစ်ခုကတော့ မြေအသုံးချမှု (Land use) မြေကစားမှု (Land Speculation) စတဲ့ မြေယာ ပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကို ကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြ-ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှုအဆင့်အတန်းနဲ့ လူမှု စီးပွားရေးဘဝ မြင့်မားတိုးတက်မှု အခြေအနေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်းရေးဆွဲ ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အဝန်း၊ လူဦးရေ အချိုးအစားနဲ့ ပြည်သူတို့၏ နေမှုထိုင်မှုလိုအပ်ချက်၊ ပြည်သူတို့၏ စားသောက်မှု လိုအပ်ချက်နှင့်အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်တို့ အတွက် လယ်ယာမြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းများ ၊ သစ်တော သဘာဝပတ်ဝန်းကျင် နဲ့ ပြည်သူတို့၏ သောက်သုံးရေ လိုအပ်ချက် ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် ပြည်သူတို့၏ သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့ လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်ဆည်းနိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး(Land Use Management) တို့ကို စနစ်တကျ စီမံ ဆောင်ရွက်ရန် လိုအပ်လာပါတယ်။
သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင် လုပ်ကိုင်ရာမှ 0x158င်းတို့ လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာ များစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်တဲ့အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံအပြားမှာတွေ့ရှိရပါတယ်။
နှစ်တိုနှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမဝင် ကျူးကျော်နေထိုင်လုပ်ကိုင်စားသောက်ခြင်းအစား မြို့ကွက် ရွာကွက်များ စနစ်တကျ ထူထောင်နေရာ ချထားပေးခြင်း ၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများချထားစီမံ ပေးခြင်း တို့ကို စုစည်းပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ၊ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်း ကြီးများ ပြောင်းလဲထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်မှု၊ လူနေမှု အဆင့်အတန်းမြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ် ပြုပြင် ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာအသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ မြေယာခွဲဝေအသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီ ကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္တု၊ ကျောက်မျက် ၊ စွမ်းအင် ၊ တွင်းထွက် ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု၊ စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဆိုပါ ကော်မတီသို့ မြေယာ ခွဲဝေ အသုံးချရေး စိစစ်အတည်ပြုပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စိစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက်စပ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
မြေယာနဲ့ စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ မြေဧရိယာ ခွဲဝေ အသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံ ကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲနိုင်ခြင်း မရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ၊ ခေတ်နှင့်အညီ လက်တွေ့ စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ0x081ဌာန်းဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကိုလည်း တိကျမှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ် ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံးလုပ်နည်း များနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်း များ တိကျမှန်ကန်အောင် ဆောင်ရွက်ပေးခြင်းများကိုလည်း အခြေခံ ခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးစုများနဲ့ ရွေ့ပြောင်း အလုပ်သမားများအတွက် နယ်စပ်ဒေသ တွေမှာ နေရေးထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊ မိမိဒေသများသို့ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်-
- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်အညီ စနစ်တကျ နေရာချထားပေးခြင်း၊
- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး၊ အခြေအနေများ ပြည့်စုံအောင်ဖြည့်ဆည်းပေးခြင်း၊
- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ် အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံစုကြီးများ၊ စနစ်တကျ ထူထောင်ပေးခြင်း၊
- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက်ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုန်များအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း၊
- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
သို့မှသာ မိသားစုနဲ့ခွဲခွာပြီး အခက်အခဲကြားက ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ပြည်သူများ အနေနဲ့ မိမိတို့ဒေသဖွံ့ဖြိုးလာတာနဲ့အမျှ ပြန်လည်လာရောက်လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။
အလားတူ နိုင်ငံတကာမှာ ရောက်ရှိနေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍ အလိုက် စီမံကိန်းဆိုင်ရာကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။
စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တလောလိုအပ်ချက်၊ ရေတိုလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များအတွက် စီမံကိန်းရေးဆွဲဆောင်ရွက်မဲ့ ကိစ္စများနဲ့စပ်လျဉ်းပြီး ပြောကြားလိုပါတယ်။ ယခင် အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံဖြိုး တိုးတက်ရန် လိုအပ်ချက်ကို အာရုံစိုက်ပြီးဆောင်ရွက်နိုင်ရန် အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်းအပါအဝင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ စုစုပေါင်းကျပ်သန်း (၂,၈၀၂,၈၉၇) နှင့် နိုင်ငံခြားချေးငွေဖြင့် ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်းလေးခုအတွက် အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓါတ်အား တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း (၂,၂၂၆) ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်းကီလိုဝပ် နာရီသန်းပေါင်း (၉,၇၁၁) အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင် တိုးတက်လာသောလူဦးရေနှင့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာမှု ကြောင့် လျှပ်စစ်ဓါတ်အားမှာ လိုအပ်နေဆဲဖြစ်ပါတယ်။ မကြာမီကလဲ လျှပ်စစ်ဓါတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီးလိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းပြည်ပနဲ့ဆက်သွယ်ပြီး လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးမဲ့ လက်တလောအစီအစဉ်များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် ပြည်သူတို့ရဲ့ လိုအပ်ချက်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍကို ချိတ်ဆက်စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်းကော်မရှင်မှာ နိုင်ငံတော်ရဲ့ စွမ်းအင်ကိစ္စ အရပ်ရပ်အတွက် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ (National Energy Management Committee) ကိုဖွဲ့စည်းပြီး ရေတို၊ ရေရှည်အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း(National Electricity Plan) ကို အမျိုးသားစွမ်းအင်မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်စီမံကိန်း ရေးဆွဲ ပြီးရင် ဆက်စပ်ဆောင်ရွက်သွားရမဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး စတဲ့ စွမ်းအင်ဆိုင်ရာစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖေါ်သွားရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မိမိနိုင်ငံရဲ့ သဘာဝသယံဇာတအရင်းအမြစ်ကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချမှု မှ နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်သာမက ဓါတ်မြေသြဇာလိုအပ်ချက်၊ ရေနံဓါတု ထုတ်ကုန်ပစ္စည်းလိုအပ်ချက်များအား ရေရှည်မှာ ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးမှု (People-Centered Development) နှင့်အညီ ပြည်သူ့ကုန်စည် (Public Goods) များကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဦးစားပေးအဖြစ် ပြုပြင် ပြောင်းလဲဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေတို၊ ရေရှည်အစီအမံများ ရေးဆွဲဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်လုပ် ဖြန့်ဖြူးမဲ့အပိုင်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးယခင်အစိုးရက ရေအားလျှပ်စစ်တစ်ခုတည်းအပေါ် လျှပ်စစ်ထုတ်လုပ်မှု စရိတ်နှင့် ဖြန့်ဖြူးမှုစရိတ်ကို အဓိကအခြေခံ၍ တွက်ချက်ခဲ့ရာမှ ယခုအခါ ပြည်သူတို့၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်အရ နေရာဒေသ၊ ရေမြေ၊ သဘာဝသယံဇာတအရင်းအမြစ် အခြေအနေအလိုက် ပြည်သူတို့၏ လက်ခံ ဝယ်ယူသုံးစွဲနိုင်မည့် အခြေအနေပေါ် မူတည်ပြီး ရေအားလျှပ်စစ်သာမက သဘာဝဓါတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအားနှင့် အခြားဇီဝနှင့် စွန့်ပစ်ပစ္စည်းလောင်စာတို့မှ ထုတ်လုပ်နိုင်သမျှ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရေး ကြိုးပမ်းရန် လိုအပ်လာပြီဖြစ်ပါတယ်။
စက်မှုနိုင်ငံဖြစ်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းဆောင်ရွက်ရာမှာ အဓိက အလိုအပ်ဆုံး ဖြစ်တဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှီခို နေတာကြောင့် (Energy Plan) နဲ့ (Industrial Development Plan) တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှ သာလျှင် နိုင်ငံနှင့် ပြည်သူလူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို တိုးတက်စီမံ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာအသုံးပြုတဲ့ သဘာဝအရင်းအမြစ် လောင်စာတန်ဖိုးနှင့် ထုတ်လုပ်မှုစရိတ်၊ ခရီးအကွာအဝေး အလိုက် ဖြန့်ဖြူးမှုစရိတ်စက အပေါ်မူတည်၍ နိုင်ငံတကာဈေးနှုန်းများနှင့်အညီ ရင်းနှီးမြှုပ်နှံသူနှင့် လျှပ်စစ်ဝယ်ယူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် ဈေးနှုန်းများညှိနှိုင်းပြီး ဈေးနှုန်းမူဝါဒ (Pricing Policy) ချမှတ်ဆောင်ရွက် သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအပိုင်းမှ နှစ်စဉ် တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးရေးကြိုးပမ်းမည့် အစီအစဉ်များနှင့် ပုဂ္ဂလိကနှင့် ဖက်စပ်ပူးပေါင်းထုတ်လုပ်ခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပုံစံအမျိုးမျိုးကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်နိုင်မည့် အစီအမံများကို ပြောင်းလဲကျင့်သုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် အခန်းကဏ္ဍ အချိုးအစားနှင့် ပုဂ္ဂလိကပိုင် အချိုးအစား ပြောင်းလဲလုပ်ဆောင်မဲ့ အစီအစဉ်များကို အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ပူးပေါင်းပြီးသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ညှိနှိုင်းဆောင်ရွက် သွားကြရန် ပြောကြား လိုပါတယ်။
နိဂုံးချုပ်အားဖြင့်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်ရဲ့ ပကတိလက်ရှိ အခြေအနေအပေါ် မူတည်စဉ်းစားပြီး စီးပွားရေးမူဝါဒ (၄)ရပ် ချမှတ်၍ အမျိုးသားစီမံကိန်းကို ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပထမစီးပွားရေးမူဝါဒကတော့ ပြည်သူအများစု ပါဝင်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း အခြားနိုင်ငံများနဲ့ ရင်ပေါင်တန်းပြီး တိုးတက်ဖွံ့ဖြိုးအောင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး စီမံကိန်းလုပ်ငန်းစဉ်များနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာရေးဟာ အဓိကကျပါတယ်။ အစိုးရအနေနဲ့လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အာရုံစိုက် ပြီး လုပ်နိုင်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းပေးပြီး ဖြစ်တဲ့အတွက် အာရုံစိုက် မြှင့်တင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ စက်မှုကဏ္ဍမှာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးထူထောင် လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
တောင်သူလယ်သမားများရဲ့ စိုက်စရိတ်ချေးငွေများ ယခုထက်ပိုမိုအဆင်ပြေအောင် အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ပူးပေါင်းပြီး ငွေစုငွေချေးဘဏ်များ ဖွင့်လှစ်ဆောင်ရွက်ရေးနဲ့ အသေးစားငွေချေးလုပ်ငန်း (Micro Finance ) များကို ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးက တိုးတက်ဆောင်ရွက်သွားရေး၊ သီးနှံများ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ ကုန်သွယ်မှုလုပ်ငန်းအဆင့်ဆင့်ကို ပြန်လည်သုံးသပ်ပြီး တောင်သူလယ်သမားများ တွက်ခြေကိုက်၍ ဝင်ငွေတိုးတက်ရရှိရေး၊ Transactional Cost များ လျှော့ချရေး၊ စိုက်ပျိုး နည်းပညာနှင့် စက်မှုလယ်ယာစနစ် ပြောင်းလဲရေးတွေကို ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေနဲ့ အထူးအလေးထား ကြိုးပမ်း သွားကြဖို့ ပြောကြားလိုပါတယ်။ ဆန်စပါးဈေး ကျဆင်းမှုအပေါ် အစိုးရက ပုဂ္ဂလိကနဲ့ ပူးပေါင်း၍ ဝယ်ယူပေးသည့် လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီအခြေအနေတွေအပေါ်မှာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေနဲ့ မြို့နယ်အလိုက် ကွင်းဆင်းလေ့လာသုံးသပ်မှုများ၊ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တိုးတက်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက် ပေးသင့်တဲ့ နည်းလမ်းများရှာဖွေဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။
စီးပွားရေးမူဝါဒရဲ့ ဒုတိယအချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအချိုးကျ မျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ္ဍာငွေအရ/အသုံးနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ဆင်းရဲမှုညွှန်းကိန်း လိုအပ်ချက်များ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား မျှတစွာ ခွဲဝေရရှိရေး၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဖိတ်ခေါ် ဆောင်ရွက်ရေး ကိစ္စရပ်များကို ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့အညီ လေ့လာသုံးသပ်စီမံသွားကြဖို့ ပြောကြားလိုပါတယ်။ ဘဏ္ဍာငွေအရ-အသုံးနှင့် နိုင်ငံခြားအကူအညီအထောက်အပံ့များကို ထိရောက်အကျိုးရှိစွာ အသုံးပြုရေးအတွက် မြို့နယ်အဆင့်အထိ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်ကြရန် လိုအပ် ပါတယ်။
စီးပွားရေးမူဝါဒ တတိယအချက်ဖြစ်တဲ့ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဘက်စုံတိုးတက်မှု အတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စီးပွားရေးညွှန်းကိန်း များကို အချိန်ကာလအလိုက် ထိထိရောက်ရောက် တိုးတက်လာအောင် ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။ မြို့နယ်အလိုက် (ဂျီဒီပီ) တိုးတက်ရုံသာမက လူတစ်ဦးကျ ဝင်ငွေတိုးတက်ရေး၊ အိမ်ထောင်စုအလိုက် ပညာရေး၊ ကျန်းမာရေးနှင့်လူနေမှုအဆင့်အတန်း (စား-ဝတ်-နေ-ရေး) တိုးတက်မှု ရှိရေးစတဲ့ ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။
စီးပွားရေးမူဝါဒ စတုတ္ထအချက်ဖြစ်တဲ့ ကိန်းဂဏန်းစာရင်းအင်းများ အရည်အသွေးပြည့်ဝရေးနဲ့ တိကျမှန်ကန်ရေးအတွက်ကိုလည်း မြေပြင်ကွင်းဆင်းပြီး တိတိကျကျကောက်ယူခြင်း Check, Recheck, Counter Check ဖြင့် ကွက်ကောက်ပြန်လည် စစ်ဆေးခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study) တို့ဖြင့် ခိုင်မာမှန်ကန်သည့် ကိန်းဂဏန်းစာရင်းအင်း၊ သတင်းအချက်အလက်များ ရရှိမှသာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision Making, Policy Making) ကိုမှန်ကန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတော် အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opinion) တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန်အလှန် ယုံကြည် လေးစားမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများဟာ အရှိန်အဟုန်နဲ့ လျင်မြန်စွာပြောင်းလဲ တိုးတက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီးတစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့ အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ် လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ် လုံခြုံမှုထိခိုက်တဲ့ဖြစ်စဉ်အထိ ရုတ်ခြည်းပြောင်းလဲသွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော၊ တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်သော၊ ကမ0x081ဘာ့အလယ်မှာသားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီးညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲကာကွယ် စောင့်ရှောက်သွားရမှာဖြစ်ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆွေးနွေးပွဲများကျင်းပရေးနဲ့ စပ်လျဉ်းပြီး အထူးပြုပြောကြားလိုတာ တစ်ခုရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဟာ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးရော နယ်မြေအလိုက် ဖွံ့ဖြိုးရေး အတွက်ပါ များစွာအရေးပါပါတယ်။ ဒီနေ့ စီးပွားရေးပညာရှင်များရဲ့ အကြံဉာဏ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တာတွေနဲ့ အခက်အခဲတွေ၊ ပြည်သူလူထုတင်ပြလိုတဲ့ အခက်အခဲများကို ဆွေးနွေးပွဲတွေမှာနီးနီးကပ်ကပ် ရင်းနှီးပွင့်လင်းစွာ နည်းလမ်းရှာဖွေ ဆွေးနွေးအဖြေရှာပေးနိုင်မယ် ဆိုရင်-
- ဒေသဖွံ့ဖြိုးမှုနဲ့ လမ်းတံတားလိုအပ်ချက်တွေ၊ စီးပွားရေးနဲ့ လူမှုရေးလိုအပ်ချက်တွေကို ပြည်ထောင်စု လွှတ်တော်အထိ အချိန်ယူတင်ပြမှုမျိုးအစား ဒေသအစိုးရနဲ့ ဒေသန္တရလွှတ်တော် အတွင်းမှာ ဦးစားပေး ကဏ္ဍနဲ့ ဦးစားပေးနယ်မြေတွေကို ညှိနှိုင်းလျာထားပေးနိုင်မှာ ဖြစ်တဲ့အတွက် များစွာအကျိုးကျေးဇူး ရှိခြင်း၊
- မြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များ အနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများရေးဆွဲပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နီးနီးကပ်ကပ် ညှိနှိုင်းကြီးကြပ်နိုင်ခြင်း၊
- အစိုးရဌာနများနဲ့ ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာတာနဲ့အမျှ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရ (Good Governance, Clean Government) ဖြစ်စေနိုင်ခြင်း၊
- စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုတိုးတက် ပူးပေါင်း ပါဝင်လာနိုင်ခြင်း၊
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို နည်းပညာ ပိုမိုဖြည့်ဆည်း ပေးနိုင်ခြင်း၊
- ဒေသန္တရ၊ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ခြင်း၊
- ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းမပေါ်ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတစ်ဦးချင်းရဲ့ စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမဲ့ တာဝန်ဟာ အစိုးရတစ်ဖွဲ့လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက်ခံယူပြီး မည်သည့်လုပ်ငန်းကဏ္ဍကို ဆောင်ရွက်သည်ဖြစ်စေ အောက်ခြေအထိဆင်းပြီး အောင်မြင်သည်အထိ ဆောင်ရွက် သွားကြပါလို့ မှာကြားရင်းနိဂုံးချုပ်ပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ကျောက်တော်မှာ ဆန္ဒပြ
ရခိုင်ပြည်နယ်ကျောက်တော်မြို့က သံခါးတောင်ရွာမှာ မနေ့က ဖြစ်ပွားတဲ့ မီးရှို့မှုနဲ့ ဒီမနက်က တခြားရွာတရွာ မီးရှို့မှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့သူ ၁၂ ဦး ပြန်လွှတ်ပေးဖို့ မြို့လူထုက ဒီနေ့ ဆန္ဒပြကြပါတယ်။
အခုလိုလူ တထောင်လောက် ဆန္ဒပြနေတာ စစ်ဦးစီးမှူး ပထမတန်း ဦးဆောင်တဲ့ တပ်ရင်းတရင်း ရောက်လာပြီး ခြိမ်းခြောက်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
"ရခိုင်ပြည်က ဖမ်းသွားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ ဆိုပြီး ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ တပ်ရင်းတရင်း ရောက်လာပါတယ်။ ပစ်မယ်ခတ်မယ်ဆိုပြီးတော့ ထပ်ပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုလေးလုပ်တာပါလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ က ပစ်မယ်ခတ်မယ် ဆိုပြီးတော့မှ။ အုပ်ချုပ်ရေးမှူးရောက်လာပြီးတော့ ပြေပြေလည်လည်လေး ဖြစ်အောင် အဆင်ပြေအောင် အမြန်ဆုံး ဖြေရှင်း ပေးပါမယ် ပြောပြီးတော့ လူစုခွဲလိုက်ပါတယ်။ "
မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ ဖြေရှင်းမယ်ပြောတဲ့ အတွက် မနက် ၁၀ နာရီက စတဲ့ ဆန္ဒပြပွဲက မွန်းလွဲ ၂နာရီ ၄၅ မိနစ်လောက်မှာ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲ ဖြစ်ပွားလာရတဲ့ အကြောင်းရင်းခံကိုလည်း အဲဒီဒေသခံကပဲ ပြောပြပါတယ်။
"မနေ့က ကုလား ရခိုင် အဓိကရုန်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နဲ့ ၆မိုင်လောက်ဝေးတဲ့ သံခါးတောင်ဆိုတဲ့ နေရာလေးရှိပါတယ်။ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တာကို ၈ နာရီလောက်မှာ ဒီက တလက ၉ က ဦးဆောင်ပြီး သွားကြပါတယ်။
ဘုန်းတော်ကြီးကျောင်း လုံခြုံရေးအရ စောင့်နေတဲ့ ၉ ယောက်ကို ဖမ်းသွားပါတယ်။ ဘုန်းတော်ကြီးတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပါတယ်။ ပြီးတော့မှ ကျောက်တော်ကြီးစခန်းကို ပို့ပြီးတော့မှ ချုပ်ထားပါတယ်။ ဒီမနက် ၅ နာရီလောက်မှာ နောက်တရွာမှာ ထပ်ပြီးတော့ မီးလောင်မှု ဖြစ်ပွား ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ရခိုင် ၄ ဦးကို တလက ၉ က ထိမ်းသိမ်းထားပါတယ်။ ဘယ်သူမှလည်း အဆက်အသွယ် မလုပ်ရပါဘူး။"
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးက ရှေးဟောင်းဘုရားတွေ ဖျက်ဆီးခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း ကျောက်တော်မြို့ကို ဒီနေ့ ရောက်ရှိလာတဲ့ အကြောင်းနဲ့ မြောက်ဦးမြို့ မဟာမုနိဘုရားမှာ လုံခြုံရေး အခြေအနေ ဆွေးနွေးတဲ့ အကြောင်း ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ထုတ် အစိုးရ သတင်းစာမှာလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ဇွန် ၁၅ ရက်နေ့ မွန်းတည့်က ဖြစ်ပွားတဲ့ မီးကွင်းပစ်မှုမှာ ပါဝင်ပတ်သက်တဲ့ လူတွေကို ဒေသ အာဏာပိုင်တွေ၊ လုံခြုံရေး အဖွဲ့တွေနဲ့ အကြမ်းဖက်မှု မလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးမိရေး ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
စစ်တွေမြို့နယ်အတွင်း ဒုက္ခသည် စခန်းပေါင်း ၆၇ ခုအထိရှိပြီး လူဦးရေ သိန်းနှင့်ချီရှိနေကာ လက်ရှိအနေအထားတွင် ကျန်းမာရေး ပြဿနာများ သတိထားရန် လိုအပ်
စစ်တွေမြို့တွင် ၁၆ ရက်နေ့အထိ အိုးမဲ့အိမ်မဲ့များကို စုဆောင်းထားသော စခန်းပေါင်း ၆၇ ခုအထိ ရှိသွားပြီဖြစ်ပြီး စခန်းများသည် အများအားဖြင့် ဘုန်းတော်ကြီးကျောင်းများ ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ စခန်းများသည် သီးသန့် သတ်မှတ်ထားသော စခန်းများ မဟုတ်ဘဲ ခိုကိုးရာမဲ့များအနေဖြင့် လာရောက် ခိုလှုံနေကြသောသူများဖြစ်ကြောင်း၊ ထိုစခန်းများသည် ပြည်နယ်အစိုးရမှ သတ်မှတ်ထားသော စခန်းများမဟုတ်ဘဲ သူ့နည်းသူ့ဟန်ဖြင့် စီစဉ်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဘင်္ဂါလီများကိုမူ သီးခြားစခန်းများ ဖွင့်လှစ်ထားကြောင်း၊ အထူးသဖြင့် သဲချောင်းနှင့် အခြားသော ကျေးရွာများတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သဲချောင်းနှင့် အခြားသော ဘင်္ဂါလီများကို ဆန်များနှင့် ရွက်ဖျင်တဲများ သွားရောက်လှူဒါန်းမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒုက္ခသည် စခန်းများနှင့် ပတ်သက်ပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများသို့ လာရောက် ခိုလှုံနေကြသူများကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက ''စားရေးကို ၀ိုင်းဝန်းဖြေရှင်း ပေးနေပေမယ့် ကျန်းမာရေး ပြဿနာကို စိုးရိမ်တယ်။ အခုက ရပ်ကွက်က ဆေးဝါးကျွမ်းကျင် လုပ်သားတွေကို အသုံးပြုပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်နေပါတယ်။ တကယ့်ကို ဖြစ်လာပြီဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို စိုးရိမ်တယ်။ ကလေးတွေ ရေမချိုးရဘူး။ သန့်သန့်ရှင်းရှင်း မနေရဘူးဆိုရင် ရောဂါတွေ ဖြစ်လာနိုင်တယ်။ ကျန်းမာရေးအပိုင်း ညံ့လာနိုင်တယ်။ ကြိုပြီး လုပ်ထားသင့်တယ်လို့ မြင်ပါတယ်၊
ဒီနေ့တော့ ရွှေကရုဏာ ဖောင်ဒေးရှင်းက ဆရာဝန်တွေ လာရောက်ကြည့်ရှုပြီး ဆေးဝါးများ ပေးခဲ့တာလည်း ရှိတယ်'' ဟု ပြောကြားခဲ့သည်။
ကယ်ဆယ်ရေး ထောက်ပံ့ငွေများအား အစိုးရအဖွဲ့သို့ လာရောက်လှူဒါန်းမှုများရှိကြောင်း သိရသည်။ စစ်တွေမြို့ ဈေးကြီးမှာ ပိတ်ထားဆဲဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည်ဟု သိရသည်။ မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်များကို မီးသတ်၊ ကြက်ခြေနီနှင့် စည်ပင်သာယာရေးအဖွဲ့မှ စတင် ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်လူနေမှု ဒုက္ခသည်များအား ဒေသခံအဖွဲ့များက ဆန် အပါအ၀င် အစားအသောက် ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးရအဖွဲ့မှလည်း ကူညီပံ့ပိုးမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ စစ်တွေမြို့တွင် လမ်းမကြီးတစ်လျှောက်ရှိ ဆိုင်ခန်း အနည်းငယ်မှာ ဖွင့်လှစ်ခဲ့ကြသော်လည်း အချို့ဆိုင်ခန်းများမှာ ဖွင့်လှစ်ခြင်း မရှိသေးကြောင်းနှင့် ဘဏ်များ ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့သို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသော်လည်း ယနေ့တွင် ဒုက္ခသည်များစခန်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း မနက်ဖြန်၌သာ ကြည့်ရှု စစ်ဆေးနိုင်လိမ့်မည် ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဘိုနို မှ ဒေါ်စု ကို လက်ဆောင်တစ်ခုပေး
လူသိပ်မသိတဲ့ U2 သီချင်းဆို အဖွဲ့ မှ ခေါင်းဆောင် ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင် တစ်ခုပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ U2 တစ်ဖွဲ့လုံးပိုင် လေယဉ်ကိုတော့ ခဏပဲငှားလိုက်ပြီး ပြန်ပေးရတယ်လို့ သိရပါတယ်။ ဘိုနိုက ဘာလက်ဆောင်ပေးလိုက်တယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ ဘိုနိုနဲ့ ဒေါ်စု တို့ရဲ့ တွေ့ဆုံခြင်းကိုတော့ မြန်မာ မီဒီယာ အများအပြားက ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြခဲ့ကြပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
လက်ဆောင် ထုတ်နေသည့် ဘိုနို
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံးယာယီလစာကို ကျပ် ၅၆၇၀၀ ဟု အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်
အလုပ်သမား ၀န်ကြီးဌာနမှ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများ၏ အနိမ့်ဆုံးယာယီလစာအား ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက်မှ အကောင်ထည်ဖော်ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ကြောင်း သတင်းရရှိသည်။
ယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီး ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ အနိမ့်ဆုံးယာယီလစာ အား (OT ကြေးမပါ) ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ တရားဝင် အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယာယီ အခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီ အခြေခံလစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါ စက်မှုဇုန်များရှိ စက်ရုံများအား အနိမ့်ဆုံး ယာယီအခြေခံလစာကို တစ်ပြေးညီ သတ်မှတ်၍ စက်ရုံလုပ်ငန်းရှင်များလည်း ပါဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်။
ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ အနည်းဆုံး အနိမ့်ဆုံးယာယီ အခြေခံလစာကို ဌာနပေါင်း ၃၈ ခုနဲ့ ညှိနှိုင်းပြီး သတ်မှတ်လိုက်ပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် စက်ရုံလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးဌာနက သတ်မှတ်လိုက်တဲ့အတိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားစေချင် ပါတယ်။ အတင်းအကျပ် တိုက်တွန်းတာ မဟုတ်ဘဲ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အနည်းဆုံး ယာယီလစာ သတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊ ယခင်က ဆန္ဒထုတ်ဖော်မှုများ မပြုလုပ်ခင်က စက်ရုံဝန်ထမ်းတစ်ဦး၏ အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ ကျပ် ၃၀၀၀၀ ထိသာ ဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၄ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့်အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှု စုပေါင်း ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
Call Center မှ ဝန်ဆောင်မှုအသစ်နှင့် ဖုန်းလိုင်းအသစ်တစ်ခု ထပ်မံတိုးလာ
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
လွှတ်တော်၌ အဆင့်မြင့် အီလက်ထရောနစ် စာကြည့်တိုက် ထူထောင်မည်
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံ၌ လွှတ်တော် စာကြည့်တိုက် တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ဂျပန်နိုင်ငံရှိ လွှတ်တော်စာကြည့်တိုက်များနှင့် အွန်လိုင်းကွန်ရက်ဖွဲ့စည်း တည်ဆောက်၍ စာအုပ်စာစောင်များ အပြန်အလှန် လေ့လာကြည့်ရှုရန် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ အဆင့်မြင့် အီလက်ထရောနစ် လွှတ်တော်စာကြည့်တိုက် တည်ထောင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လွှတ်တော်ရုံးမှ အိတ်ဖွင့်တင်ဒါများကို နိုင်ငံပိုင်သတင်းစာမှ ခေါ်ယူလျှက်ရှိသည်။ နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ထားရှိမည်ဖြစ်သည့် အဆင့်မြင့် အီလက်ထရောနစ် စာကြည့်တိုက်အတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်လို၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေခြင်း ဖြစ်သည်။
“ပရိုဂရမ်မာ တစ်ယောက်ကို ဆော့ဝဲလ်ပေးရေးလိုက်တာက လွယ်ပါတယ်။ ဒီမှာက စာကြည့်တိုက်အတွက် ပရိုဂရမ်ရေးတဲ့အခါ စံနှုန်းလိုက်နာမှုက ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းက မလိုက်နာဘူး။
ကိုယ်တစ်ယောက်တည်း အဆင်ပြေနေလို့ မရဘူး။ နိုင်ငံခြားက အွန်လိုင်းစနစ်နဲ့ စာကြည့်တိုက်ခြင်း ချိတ်ဆက်ပြီး အသုံးပြုခွင့်ပေးတယ်ဆိုရင် စနစ်တွေမတူရင် အသုံးပြုလို့ရမှာ မဟုတ်ဘူးလေ။
စနစ်အတွက် လိုက်နာရမယ့် စည့်ကမ်းတွေဆိုတာ ရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။
အဆင့်မြင့် အီလက်ထရောနစ်လွှတ်တော် စာကြည့်တိုက်အတွက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် လွှတ်တော်ကိုယ်စားလှယ် များအသုံးပြုနိုင်မည့် e-Book, e-Journal, e-Database, Server ,Library Automation Software နှင့် Library Portal အတွက် ခန့်မှန်းကုန်ကျစရိတ်ပါဝင်သော အဆိုပြုလွှာကို နေပြည်တော် လွှတ်တော်ရုံးရှိ ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဒွန်ဘန်ချောင်းကူးတံတားအား KIA မှ မိုင်းဖောက်ခွဲ
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
တောင်ကုတ်မှ ရခိုင်များကို အလွန်မုန်းတီးကြောင်း ဇာဂနာ ပြောဆို
ရိုဟင်ဂျာ (၁၀) ဦး ကို သတ်ဖြတ်သည့် တောင်ကုတ်မှ ရခိုင် များကို အလွန်းမုန်းတီးကြောင်း ပြည်သူချစ်တဲ့ လူရွှင်တော် ဦးဇာဂနာက ဂါဒီယန်း သတင်းစာကို ပြောလိုက်တယ်၊၊ ဒါ့အပြင် အင်တာနက် သုံးသူ မြန်မာ များကိုလည်း လူမျိုးရေး ခွဲခြားမှုတွေ လုပ်နေတယ် ဆိုပြီး အပြစ်တင်လိုက်ပါတယ်။
ကုလား - ရခိုင် အဓိကရုဏ်း ပေါ်ပေါက်လာပြီးနောက် မြန်မာတိုင်းရင်းသား လူအများထံမှ မကျေမနပ် ပေါက်ကွဲသံများ ထွက်လာခဲ့ပါတယ်။ ၈၈ မျိုးဆက်များကတောင် ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ်လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် လူရွှင်တော် ဇာဂနာ ကတော့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ ဝင်ပြောတာမျိုး လုံးဝ မရှိခဲ့ပါဘူး။
ဒါ့အပြင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အကူညီလိုအပ်ပြီး မှီခိုအားထားရာ မဲ့နေချိန်မှာလည်း ဇာဂနာ က ရခိုင်ဒေသ ကို သွားရောက်ကူညီအားပေးတာမျိုး မရှိတဲ့အပြင် ပြင်သစ်နဲ့ ဥရောပ ကို လျှောက်သွားပျော်ပါးနေပါတယ်။
တောင်ကုတ်မှ ရခိုင်များကို မုန်းတယ် ဆိုတဲ့ ဇာဂနာရဲ့ ပြောဆိုချက် အပြည့်အစုံကိုတော့ http://m.guardian.co.uk/commentisfree/2012/jun/17/test-new-burma-ethnic-violence?cat=commentisfree&type=article မှာ ဖတ်ရှုနိုင်ပါတယ်။
Myanmar Express မူရင်းသတင်းက ဒီမှာပါ။
ကုလား - ရခိုင် အဓိကရုဏ်း ပေါ်ပေါက်လာပြီးနောက် မြန်မာတိုင်းရင်းသား လူအများထံမှ မကျေမနပ် ပေါက်ကွဲသံများ ထွက်လာခဲ့ပါတယ်။ ၈၈ မျိုးဆက်များကတောင် ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ်လက်မခံနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် လူရွှင်တော် ဇာဂနာ ကတော့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ ဝင်ပြောတာမျိုး လုံးဝ မရှိခဲ့ပါဘူး။
ဒါ့အပြင် ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ အကူညီလိုအပ်ပြီး မှီခိုအားထားရာ မဲ့နေချိန်မှာလည်း ဇာဂနာ က ရခိုင်ဒေသ ကို သွားရောက်ကူညီအားပေးတာမျိုး မရှိတဲ့အပြင် ပြင်သစ်နဲ့ ဥရောပ ကို လျှောက်သွားပျော်ပါးနေပါတယ်။
တောင်ကုတ်မှ ရခိုင်များကို မုန်းတယ် ဆိုတဲ့ ဇာဂနာရဲ့ ပြောဆိုချက် အပြည့်အစုံကိုတော့ http://m.guardian.co.uk/commentisfree/2012/jun/17/test-new-burma-ethnic-violence?cat=commentisfree&type=article မှာ ဖတ်ရှုနိုင်ပါတယ်။
Myanmar Express မူရင်းသတင်းက ဒီမှာပါ။
မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ် သူ ကုလားသုံးဦးအား သေဒဏ်ချ
မသီတာထွေးအား ပစ္စည်းလု ၊ မုဒိန်းကျင့် သတ်ဖြတ် သူ ကုလားသုံးဦးအား ပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွာနေ မသီတာထွေးအား မေလ ၂၈ ရက်နေ့က အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့သော တရားခံများအား ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်ဖြူခရိုင်တရားသူကြီးက သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
မသီတာထွေးအား အဓ္ဓမပြုကျင့်ကာ ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သုံးဦးအနက် အဓိက တာဝန်အရှိဆုံးအဖြစ် စွပ်စွဲခံခဲ့ရသူ ထက်ထက်(ခ)ရော်ရှီးမှာ ဇွန်လ(၉)ရက်နေ့ ညနေ ငါးနာရီခန့်က ကျောက်ဖြူအကျဉ်းထောင်အတွင်း၌ မိမိကိုယ်ကိုယ် အဆုံးစီ ရင်သွားခဲ့ခြင်းကြောင့် ကျန်နှစ်ဦးဖြစ်သည့် ရော်ဖီးနှင့်ခိုချီးတို့နှစ်ဦးမှာ ယခုပြစ်ဒဏ်အား ခံစားရမည်ဖြစ်သည်။
မသီတာထွေး၏ အမှုအား ဇွန်လ(၈)ရက်နေ့တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆/၃၉၂/၃၀၂ (၁)(ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ၁၃ရက်နေ့တွင် တရားလို သက်သေများအား စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင် ကျောက်ဖြူခရိုင် တရားသူကြီးအား လျှောက်လွှဲချက်များ တင်သွင်းပြီး အဆိုပါ ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် တရားခံများအား စစ်ဆေးခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထက်ထက်(ခ)ရော်ရှီး၊ ရော်ဖီးနှင့် ခိုချီးတို့သည် ကျောက်နီမော်ကျေးရွာတွင် စက်ချုပ်သင်ပြီးပြန်လာသော မသီတာထွေးအား မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက်ထရံကျေးရွာအနီးတွင် အဓ္ဓမပြုကျင့်ကာ ပါလာသော ရွှေထည်ပစ္စည်းကို လုယူပြီး သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခုစီရင်ချက်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အတည်ပြုရဦးမည်ဖြစ်သည့်အတွက် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရသူများ အနေဖြင့် ၇ ရက်အတွင်း အယူခံခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။















