နိုင်ငံတကာ မီဒီယာများ က ရခိုင်နှင့် ရိုဟင်ဂျာ ကိစ္စတွင် တစ်ဖက်စောင်းနင်း ဖော်ပြနေသောကြောင့် တပ်မတော်က သတိကြီးစွာဖြင့် ပစ်ခတ်မှုကို ထိန်းသိမ်းနေ



နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာအရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြသည်ကို တွေ့ရှိရပါသည်။

ဥပမာအားဖြင့် BBC သတင်းဌာနက ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြခဲ့သော သတင်းတွင် မောင်တောမြို့၌ ရဲများက ဆန္ဒပြသူများအား ပစ်ခတ်မှုပြုခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဘာသာရေး အခြေပြု ဖော်ပြခဲ့သည်။

ထို့ပြင် AFP သတင်းဌာနက ဇွန်လ ၇ ရက်နေ့ ဖော်ပြခဲ့ရာတွင် ရဲများက မောင်တော၌ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး မွတ်စလင်များနှင့် ပဋိပက္ခ ဖြစ်သကဲ့သို့ ဖော်ပြခဲ့သည်။

“သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”

ထို့အတူ The Nation Media ကလည်း "ရိုဟင်ဂျာ မျိုးသုဉ်း သတ်ဖြတ်မှုအတွက် ၀င်ရောက်စွက် ဖက်ရန် ကုလကို တောင်းဆို" ဟူသည့်သတင်းကို ဖော်ပြခဲ့သည်။ အဆိုပါ သတင်းဖော်ပြမှုတွင် Eleven Media Group မှ သတင်းဓာတ်ပုံကို ပုံစာ ပါဝင်ခြင်းမရှိဘဲ ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံမှာ ဘင်္ဂါလီရိုဟင်ဂျာ များ၏ မီးရှို့မှုကြောင့် မီးလောင် ကျွမ်းနေသည့် ဒေသခံရခိုင်လူမျိုး များ၏ နေအိမ်များသာ ဖြစ်ပါသည်။ သို့သော် ယင်းသို့ဖော်ပြခဲ့ သည့် "ရိုဟင်ဂျာ မျိုးသုဉ်းသတ်ဖြတ်မှုအတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကို တောင်းဆို" ဟူသည့် သတင်းတွင် အဆိုပါဓာတ်ပုံကို ပုံစာမထိုးဘဲ ထည့်သွင်းဖော်ပြခဲ့ရာ နိုင်ငံတကာ စာဖတ်သူများအနေဖြင့် သတင်းပါ အကြောင်းအရာနှင့် ဓာတ်ပုံပူးတွဲဖော်ပြမှုက နိုင်ငံနှင့် လူမျိုးအပေါ် ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။

ထို့ကြောင့် Eleven Media Group အနေဖြင့် The Nation အား မေတ္တာရပ်ခံခဲ့ရာ ချက်ခြင်း ပြန်လည်ပြုပြင်ပေးခဲ့သည်

ထို့ကဲ့သို့ ရခိုင်ပြည်နယ် အတွင်းဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြည်ပမီဒီယာအချို့က တစ်ဖက် စောင်းနင်းဖော်ပြလာမှုကြောင့် ရန်ကုန်မြို့တွင် မြန်မာနိုင်ငံသားများက ဇွန်လ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရေးသားဖော်ပြမှု များမှာ မှန်ကန်မှု မရှိ၍ ပြည်ပမီဒီ ယာအချို့အား ၎င်းတို့ ကန့်ကွက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးလည်း ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ကန့်ကွက်ဆန္ဒပြမှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ကန့်ကွက်ဆန္ဒပြသူများက “BBC, VOA, RFA, DVB”၊ “ဘက်လိုက်သော ပြည်တွင်းပြည်ပ မီဒီယာများ အလိုမရှိ”စသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် Rohingya are Terrorists. Get Out of Our Country' ၊ “တရားလည်းသိ ဓားလည်း ရှိသည်။ ငါတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြ၏။ ဒို့နိုင်ငံ ဒို့ ယဉ်ကျေးမှု ဒို့သွေးချင်းများကို ကာကွယ်ပါ”၊ We Love Peace စသည့်စာတမ်းများ ကိုင်ဆောင်၍လည်း ကန့်ကွက်ဆန္ဒပြသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“Nation Website မှာ ဖော်ပြချက်အရ ရိုဟင်ဂျာအဖွဲ့အစည်းတွေ နဲ့ ထိုင်း NGOs တွေက ပြောတယ်။ ရိုဟင်ဂျာတွေ ၈၀၀ ကနေ ၁၀၀၀ ကြား ပျောက်နေတယ်။ ရခိုင် ပြည်သူ့စစ်တွေနဲ့ အကြမ်းဖက်သူတွေက ရိုဟင်ဂျာတွေကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေတယ်လို့ ရေးတယ်။ ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်မှ မရှိဘဲ။ ပြီးတော့ Eleven Media Group တင်ထားတဲ့ စစ်တွေမှာ ဘင်္ဂါလီတွေက ရခိုင် ရပ်ကွက်ကို မီးရှို့နေတဲ့ပုံနဲ့တွဲပြီး သတင်းတင် ထားတယ်။ ပြီးတော့ ကုလသမဂ္ဂ တပ်တွေ ၀င်ရောက်ဖို့ လိုလာပြီလို့ သတင်းရေးထားတယ်။ တစ်ဖက်က ဒီလို မဟုတ်မမှန် ၀ါဒဖြန့်ချိနေတာ ကို ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ ကိုယ့်ရဲ့အစွမ်းရှိသလောက် အသက်အန္တရာယ်ကြားက သတင်းရယူနေတာကို ပြည်ပမီဒီယာတွေက အလွဲအသုံးပြုထားကြတာ တွေ့ရတယ်။ အစိုးရအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်သင့်သလို သက်ဆိုင်ရာသံရုံးတွေ၊ သတင်းထောက် တွေကို ခေါ်ပြီး သတင်းစာရှင်းလင်း ပွဲတွေ လုပ်သင့်ပြီ။ ကမ္ဘာသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်ဟာက အမှန်တရားလည်း ဆိုတာကို ထင်ထင်ရှားရှား ပြသင့်ပြီ။ ကျွန်တော် တို့ Eleven Media Group ဟာ ဒီဒေသမှာ ယုံကြည်နိုင်လောက်တဲ့ သတင်းထောက် လေးဦး စေလွှတ် ထားပါတယ်။ သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။ ဒီလိုရယူ ခဲ့တဲ့ သတင်းဓာတ်ပုံတွေကို အလွဲသုံး ချခံရတဲ့အတွက် ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း Nation Media Group ကို အသိပေးထားပါတယ်။ ကျွန်တော်တို့ က မီဒီယာ ကဏ္ဍကနေ တိုင်းပြည်ကို ကာကွယ်နေတဲ့ နည်းတူ ပြည်သူတွေကလည်း ကူညီလုပ်ဆောင် ပေးစေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတင်းတွေကို မှန်မှန်ကန်ကန်နဲ့ ဓမ္မဓိဌာန်ကျကျ ရေးမှာပါ။ ပြည်သူလူထု အနေနဲ့လည်း ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေအပေါ် အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်း လုပ်ဆောင်ကြစေချင်ပါတယ်။ ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်ရပ်များအား ပြည်ပမီဒီယာများ ဖော်ပြရာတွင် မမျှတမှုများ ဖြစ် နေကြောင်းကို Messenger ဂျာနယ် မှ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းက “လွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ပြည်ပမီယာတချို့မှာ ရခိုင်မှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ဖော်ပြတာ ဖတ်ရလိုက်တာ မမျှတဘူး ဖြစ်နေတယ်။ သူတို့က သတင်းတွေကို ဖော်ပြတဲ့နေရာမှာ တကယ် ဖြစ်နေတာကို လွဲချော်နေတယ်။ ရည်ရွယ်ချက် မကောင်းဘူးပေါ့။ Retuers သတင်းဌာနမှာတွေ့လိုက်ရတဲ့ ပုံတွေဆိုရင် ရခိုင်လူမျိုးက မီးရှို့ပြီး ပြန်လာတယ်။ ရိုဟင်ဂျာတွေက မီးရှို့ခံ ရတာတွေကို ၀ိုင်းငြှိမ်းသတ်နေတာမျိုးတွေပေါ့။ သူတို့ ဖော်ပြနေတာက ရခိုင်လူမျိုးတွေ သိက္ခာကျပါတယ်” ဟု ဝေဖန်ထောက်ပြခဲ့သည်။

“အရင်စစ်အစိုးရ လက်ထက်ကအစိုးရရဲ့ မကောင်းတဲ့ Bad Image အပေါ် အခြေခံပြီး ရိုဟင်ဂျာက နိုင်ငံတကာ မီဒီယာတွေမှာ Campaign လုပ်တာ တွေရှိတယ်။ စစ်အစိုးရဆိုရင် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်တယ်လို့ အမြင်ရှိတယ်။ အစိုးရရဲ့ Good Image နည်းတာကို အခွင့်ကောင်းယူပြီး နိုင်ငံတကာမီဒီယာ တွေကလည်း လူနည်းစုကို အမြဲဖိနှိပ်မှာပဲဆိုတဲ့ အမြင်နဲ့ကြည့်နေတယ်။ အစိုးရအသစ်ကလည်း အစိုးရအဟောင်းရဲ့ ဆိုးမွေကောင်းမွေကို လက်လွှဲယူရတော့ အဲဒီအရှိန်နဲ့ နိုင်ငံတကာ မီဒီယာတွေမှာ Campaign ကောင်းကောင်း လုပ်ထားတယ်။ ရိုဟင်ဂျာရှုထောင့်ကနေ Campaign လုပ်ထားတာများတော့ အဲဒီ Campaign မိနေတဲ့ သဘောပါ။ အခုဖြစ်တဲ့ပြဿနာကတော့ ဘာသာရေး ပြဿနာမဟုတ်ပဲ Migration (ရွှေ့ပြောင်းအခြေချမှု ) ရှိတဲ့ နိုင်ငံတိုင်းမှာဖြစ်တဲ့ ဆက်စပ် ပြသနာပါ။ ဘင်္ဂါလီမှာ လူဦးရေ ပေါက်ကွဲမှုဖြစ်တော့ စိုက်ပျိုးမြေ နေရာမလောက်တာတွေဖြစ် လာတော့ ပတ်ဝန်းကျင် နိုင်ငံတွေက ခံရတာပေါ့။ အမှန်က ကိုယ့်ဘက် က ကိုယ့်တာကိုယ်လုံဖို့ လိုတယ်။ မူဝါဒတွေ၊ ဥပဒေ တွေ အားနည်းချက်တွေကြောင့် ဒါတွေက ဖြစ်ရတာ။ အနှစ် ၂၀ လောက် လူဝင်မှုကြီးကြပ်ရေးရဲ့ လျော့ရဲမှု၊ လာဘ်စားမှုတွေကြောင့် ဘင်္ဂါလီ တွေ တောက်လျှောက်ဝင် လာတာပေါ့။ ကျွန်တော်တို့မီဒီယာတွေ အနေနဲ့ကတော့ ဒီကိစ္စကိုတင်ပြရာမှာ အမျိုးသားရေးစိတ်ဓါတ် လည်းလိုသလို Professionally လည်း ဖြစ်ရမှာပါ။” ဟု ကိုကျော်မင်းဆွေ (တာဝန်ခံအယ် ဒီတာ) The Voice ဂျာနယ် မှ ပြောကြားခဲ့သည်။

“မီဒီယာတွေက အမှန်အတိုင်းဖြစ်ဖို့လိုတယ်။ တချို့ပြည်ပ မီဒီယာတွေမှာ ၂၀၀၇ အရေးအခင်းတုန်းက အဖြစ်အပျက်တွေကို စက္ကန့်နဲ့အမျှတင်ပေးနေခဲ့တာ တွေ့ရတယ်။ ဒီကနေ့ ရခိုင်ပြည်နယ် ကိစ္စမှာတော့ တင်ပေးဖို့ နေနေ သာသာ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေပြီဆိုတာလောက် တောင် မတွေ့ရဘူး။ မီဒီယာမှာ ဒါကိုမဖော်ပြတာကို သံသယ၀င်မိတယ်။ ဘီဘီစီမှာ မနေ့ညက ဖတ်လိုက်ရတာမှာ သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ရခိုင်တွေကို ရိုဟင်ဂျာတွေက ပစ်ခတ်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်တယ်ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားတာ တွေ့ရတယ်။ ဒါဟာအင်မတန်ကို ဆိုးရွားပါတယ်။ သမ္မတရုံးမှာလုပ်နေတဲ့ သူတစ်ယောက်က စွပ်စွဲပြောဆိုတယ်လို့ သုံးလာတာဟာ တော်တော်ကို အဆင်မပြေဘူး။ စာလုံးတွေရဲ့ အရေးအသားဟာ လူတွေရဲ့ သဘောထားကို အမျိုးမျိုး ပြောင်းလဲစေနိုင်တယ်။ မီဒီယာဆိုတာ ဘက်မလိုက်ရဘူး။ ကြားမှာနေရမယ်။ အခုဖြစ်တာမှာ နိုင်ငံနဲ့ လူမျိုးကို အခြေခံပြီးဖြစ်တာမို့ နိုင်ငံရဲ့အရေးဖြစ်တယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန် ရပ်တည်ပေးရမယ်။ အခုဖြစ်နေတာဟာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ အဲသလိုရေးနေရင် တမင်မြန်မာနိုင်ငံကို ပြိုကွဲစေလိုတဲ့ စိတ်နဲ့ရေးတာပဲ။ လက်ရှိအစိုးရက နုနုလေးဖြစ်တာကို အခွင့်ကောင်းယူပြီး နင်းခြေလိုက်တယ်လို့မြင်တယ်။ ဒါဟာ ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူး၊ လူမျိုးရေး အဓိကရုဏ်း မဟုတ်ဘူး။ နိုင်ငံကို ကျူးကျော်ဖို့လုပ်တဲ့ဇာတ်လမ်းဖြစ်တယ်။ မီးတစ်စဖြစ်တယ်။ အဲဒါကို လူမျိုးရေးနဲ့ထိုးနှက်တာ၊ ဘာသာရေးနဲ့ ထိုးနှက်တာတွေ လုံးဝလက်မခံနိုင်ဘူး။” ဟု မမေငယ်(သတင်းထောက်ချုပ်) ပြည်မြန်မာ သတင်းဂျာနယ် မှလည်း ပြောကြားခဲ့ပါသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပအခြေစိုက် သတင်းဌာန တွေအနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို မကျေညက်ဘဲနဲ့ ရေးသားနေခြင်းဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာတွေကို ထိခိုက်စေတယ်။ ပြည်ပအခြေစိုက် သတင်းဌာနတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ကို လေးစား တန်ဖိုးထားတဲ့ နည်းတူ တိုင်းပြည်ကို ချစ်ဖို့လိုပါတယ်။ တိုင်းပြည်ကို ချစ်ဖို့ လိုသလို ကာကွယ်စောင့်ရှောက်ဖို့လည်း လိုပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တန် ဖိုးခေါင်းစဉ်အောက်က မကြည့်ဘဲ နဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ကြည့်ဖို့ လိုတယ်”ဟု မြန်မာစာနယ်ဇင်း သမဂ္ဂပေါ်ပေါက်ရန် ဦးဆောင်ကြိုးပမ်းနေသူ ကိုဇော်သက်ထွေးက ပြောပါသည်။

နေးရှင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့်သတင်းမှာ အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆို ဖော်ပြအပ်ပါသည်။

ရိုဟင်ဂျာ ‘မျိုးသုဉ်းသတ်ဖြတ်မှု’ အတွက် ၀င်ရောက်စွက်ဖက်ရန် ကုလကိုတောင်းဆို

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကျပ်အတည်းနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသော အဖွဲ့အစည်း ၆ ခုက ရခိုင်တွင် ရိုဟင်ဂျာ တစ်သန်းခန့်ကို မျိုးသုဉ်းသတ်ဖြတ်ရန် စီစဉ်နေမှုမှ ကာကွယ်ရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက်စွက်ဖက်ရန် ဇွန်လ ၁၁ ရက်နေ့က အတွင်းရေးမှူးချုပ် ဘန်ကီမွန်ထံ ပေးစာရေးသားတောင်းဆို ခဲ့သည်။

ထိုင်းရှိ မြန်မာရိုဟင်ဂျာအသင်း Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နုက အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူ ၈၀၀ မှ ၁၀၀၀ ခန့်သည် မကြာသေးခင်က ပျောက်ဆုံးသွားကြောင်း၊ အသေအပျောက် စာရင်းများကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ People’s Empowerment Foundation ကဲ့သို့သော ထိုင်းအင်န်ဂျီအိုများက ပြည်သူ့စစ်များနှင့် လူမျိုးရေးအစွန်းရောက် ရခိုင်တို့က အိမ်များ မီးရှို့ပြီး လူများကို ပစ်ခတ်ခဲ့ကြောင်း အချို့သူများကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

“ရိုဟင်ဂျာလူငယ်တွေက တောထဲမှာ ပြေးပုန်းနေကြရပါတယ်။ တချို့က ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ပြေးကြတယ်။ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေရဲ့အလောင်းတွေကို အစိုးရတပ်တွေက ရှင်းသွားပါတယ်” ဟု ဘန်ကီမွန်ထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။ ‘မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အားလုံးကို သတ်ဖြတ်ရှင်းလင်းရန်စီစဉ်နေကြောင်း’ ထိုစာတွင် ထည့်သွင်းရေးသားခဲ့သည်။

“အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ ရခိုင်ကို ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်ပြီး မျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ ရှင်းလင်းမှုတွေကို ရပ်တန့်ဖို့ အမြန်ဆုံးအရေးယူနိုင်ရန် ကျွန်ုပ်တို့က တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်က စိုးရိမ်ရတဲ့အခြေအနေတွေကို ထိန်း ချုပ်ဖို့၊ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို တတ်နိုင်သမျှ အမြန်ဆုံးကယ်တင်နိုင်ဖို့ ကုလသမဂ္ဂက မစ်ရှင်တစ်ဖွဲ့စေလွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု အဖွဲ့များက တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်သူတို့၏ အသက်ကို ကယ်တင်ရန်အတွက် နိုင်ငံတကာနှင့် အာဆီယံမှ ၀င်ရောက်စွက်ဖက်ရန် အရေးတကြီး လိုအပ်နေကြောင်း ရခိုင်ပြည်နယ်ရှိ စိုးရိမ်ရသည့် အခြေအနေကို နိုင်ငံတကာ မီဒီယာများမှလည်း အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်းခဲ့ကြောင်း ထိုအဖွဲ့များက ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို မြန်မာအစိုးရက ရှင်းပြသင့်ကြောင်း လူသားချင်းစာနာမှု လုပ်ငန်းများအတွက် ထောက်ပံ့ရန် ရခိုင်တွင် လူ့အခွင့်အရေးအဖွဲ့များ တိုးမြှင့်ရှိသင့်ကြောင်း ကြေညာချက်က ပြောကြားခဲ့သည်။

“လူသားချင်း ရာဇ၀တ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် တရားမျှတမှု ဖော်ထုတ်ရန်အတွက် ကုလသမဂ္ဂက လွတ်လပ်သည့် စုံစမ်းရေးကော်မရှင် အဖွဲ့တစ်ဖွဲ့ တည်ထောင်ရန်လည်း ကျွန်တော်တို့က တိုက်တွန်းကြောင်း” ထိုစာတွင် ဖော်ပြထားသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ



ယမန်နေ့ (၁၁.၆.၂၀၁၂)နေ့လည် ၁နာရီတွင် မောင်းတော မှ စစ်တွေ သို့  ရောက်ရှိလာသော UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။

၎င်းနှင့်အတူ အခြားမြန်မာအမျိုးသမီးဝန်ထမ်း ၃ ယောက်ပါ ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်မြို့သို့ ယနေ့နေ့လည် လေကြောင်းခရီးဖြင့် ပြန်လည်လိုက်ပါလာမည်ဟုလည်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။

၎င်း ဒေါ်မြနနာအောင်ဧ။် ဖခင်ဒေါက်တာထွန်းအောင် မှာ UNHCR ၀န်ထမ်းတဦးမဟုတ်ဘဲ သွားဆရာဝန်တဦးသာဖြစ်ပြီး ခုအခါ မောင်းတော န.စ.ကမှ ထိန်းသိမ်းကာ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟုသိရပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ဝဲလောင်NLD ရုံးဖွင့်ပွဲကို ကြံ့ဖွံ့မှ သပိတ်မှောက်

မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲအခမ်းအနားကျင်းပသည့် အိမ်ရှေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဆိုင်းဘုတ်များကိုင်ဆောင်ပြီး လာရောက်သပိတ်မှောက်ဆန္ဒပြခဲ့သည်ဟု သိရပါသည်။

ရုံးဖွင့်ပွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ကျင်းပခဲ့ပြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် အနီးအနား ကျေးရွာတို့မှ အမျိုးသားဒီမိုကရေစီ ပါတီဝင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အယောက် ၇၀၀ ကျော် တက်ရောက်ကြပါသည်။

အဆိုပါရုံးဖွင့်ပွဲကို မကျင်းပရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အမျိုးသားဒီမိုကရေစီ ဆိုင်းဘုတ်တင်မည့် အိမ်ရှင်တို့အား ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်နေ့ကတည်းက သွားရောက် ပြောဆို စည်းရုံးခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝဲလောင်ရွာဇာတိ ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား "ဝဲလောင်ရွာသည် အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည်ဆိုးသဖြင့် ရုံး မဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်" စသဖြင့် ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ သွားရောက်လျှောက်ထားခဲ့ပါသည်။

ထိုသို့ ပြောဆိုမရသဖြင့် ထိုသူနှစ်ယောက်မှ ဦးဆောင်ပြီး ရုံးခန်းဖွင့်လှစ်သည့်နေ့တွင် တောင်သာမြို့နယ်အနီး ကျေးရွာများမှ ဒေသခံ ရွာသူရွာသားများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ အယောက် ၅၀ကျော် စုစည်းပြီး ဝဲလောင် အမျိုးသား ဒီမိုကရေစီရုံးခန်းဖွင့်လှစ်မည့် အိမ်ရှေ့တွင် "ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို စိတ်ဝမ်း မကွဲပြားပါစေနှင့်" "ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်" ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးပါနှင့်"၊ "ဒေသဖျက်ဆီးသူများကို တို့မလိုလား"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခိုင်းပြီး သပိတ်မှောက်ဆန္ဒပြခိုင်းခဲ့ပါသည်။

ရုံးဖွင့်ပွဲကျင်းပနေစဉ် "ဒေသဖျက်ဆီးသူများကို အလိုမရှိ"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသည့်ကြွေးကြော်သံများကို အော်ဟစ်နေပြီး တချို့မှာ အရက်အလွန်အကျွံမူးနေပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တာမျိုး၊ ရုံးခန်းဖွင့်လှစ်ပွဲအပြီး အပြန်တွင်လဲ "အလိုမရှိ အလိုမရှိ"လို့ နောက်မှ လိုက်လံ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လာရောက်တားဆီးခဲ့ခြင်းမျိုးကိုလဲ မတွေ့ရဘူးလို့ ရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့သူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။





မူရင်းသတင်းက ဒီမှာပါ။

ရွှေလင်ပန်းစက်မှုဇုန် အတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမီးလောင် လူသုံးဦး ဒဏ်ရာရ



လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန် ရွှေပြည် သာတံတားအဆင်း၌ ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ညောင်တုန်း သဘာဝဓာတ်ငွေ့ စက်ရုံနှင့် ဆက်သွယ်ထားသော ဂက်စ်ပိုက်လိုင်း မီးလောင်မှုဖြစ် ပွားခဲ့ရာ အနီးရှိ လူနေအိမ်တစ်ခု သို့ မီးကူးစက်လောင် ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ ညနေ ၄ နာရီအချိန်၌ ရွှေလင်ပန်းစက်မှု ဇုန်၊ ဆိပ်ကမ်းသာလမ်း၊ အကွက် အမှတ် ၄၃၅ တွင်ရှိသော ရွှေနဒီ ကုမ္ပဏီမှ ၄င်းကုမ္ပဏီအရှေ့ရှိ အမှိုက်များအား ဘက်ဟိုးဖြင့် ရှင်း လင်းရာ မြေအောက် ၌ မြှုပ်၍ သွယ်တန်းထားသော လေးလက်မ ပတ်လည် အရွယ်အစားရှိ ဂက်စ် ပိုက်လိုင်းအား ထိုးကော်မိသဖြင့် ဂက်စ်ပိုက်ပေါက်၍ မီးပွားလွင့် ထွက်ကာ မီးလောင်မှု စတင်ခဲ့ ကြောင်း၊ ထို့နောက် ဂက်စ်ပိုက်အနီး ရှိ တဲအိမ်တစ်လုံးနှင့် ကောင်းမြတ် သူသဲလုပ်ငန်းသို့ မီးကူးစက်လောင် ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး က ပြောသည်။

''ဂက်စ်ပိုက်ပေါက်ပြီး မီး လောင်တာဆိုတော့ မီးက တော် တော်လေးများတဲ့အပြင် မီးတောက် ကလည်း လူတစ်ရပ်ကျော်တဲ့ အထိ တော်တော်လေးကြီးတယ်။

မီးသတ် ကားတွေရောက်လာပြီး ဝိုင်းငြှိမ်း ပေမယ့် တစ်နာရီကျော်ကြာတဲ့အထိ မီးမငြိမ်းဘူး။ နောက်ဆုံးစွမ်းအင်က လူတွေရောက်လာပြီးတံတားအောက် က ဂက်စ်ဘားကို ပိတ်ပြီး မီးငြှိမ်း တော့ မှ ညနေ ၆ နာရီ ထိုးခါနီးမှမီး ငြိမ်းသွားတယ်''ဟု ၄င်းက ဆို သည်။

မီးလောင်မှုကြောင့် တဲအိမ် တစ်လုံး၊ အင်ဂျင်တစ်လုံး၊ မီးစက် တစ်လုံး၊ ငွေသားသိန်းနှစ်ရာနှင့် ဂက်စ်ပိုက်လိုင်းမှ ဓာတ်ငွေ့ အများ အပြား မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း ငွေကျပ် ၃ဝ၂ သိန်းကျော် ဆုံးရှုံးခဲ့သည့်အပြင် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီး တစ်ဦး တို့မှာ မီး လောင်ဒဏ်ရာများရရှိခဲ့သည့် အတွက် လှိုင်သာယာဆေး ရုံသို့ ပို့ဆောင်ကုသထားရကြောင်း၊ ၄င်းမီးလောင်မှုနှ င့်ပတ်သက်၍ လှိုင်သာယာ ရဲစခန်းမှ ဘက်ဟိုးယာဉ် မောင်းအား (ပ) ၃၁ဝ/၂ဝ၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။

သူရထွန်း-Popular Myanmar News Journal

မူရင်းသတင်းက ဒီမှာပါ။

ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးကို ကြံ့ခိုင်ရေးပါတီရုံးအဖြစ် ပြောင်းလဲရန်စီစဉ်

လှည်းကူးမြို့နယ် ဖောင်ကြီးဒေသ ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံးကို ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ကာ မေလနှောင်းပိုင်း၌ ရုံးအဆောက်အဦရှိ အခြားသော အသင်းအဖွဲ့များကို နှင်ထုတ်လျှက်ရှိသည်ဟု လှည်းကူးမြို့နယ် အန်အယ်လ်ဒီမှ ကိုညိုထွန်းက ပြောသည်။

“ဒီအဆောက်အဦက ရွာပိုင်မြေပေါ်မှာ ကျေးလက်ဒေသ ဆက်သွယ်ရေးဋ္ဌာနအဖြစ် ဖွင့်ဖို့ အာဆီယံနိုင်ငံ အလှူရှင်များအသင်းက ဆက်သွယ်ရေးပစ္စည်းလှူပြီး ၂၀၀၄ ခုနှစ် အစပိုင်းမှာဖွင့်ခဲ့တာပါ” ဟု ၎င်းက YPI သို့ပြောသည်။

ထိုစဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ဆက်သွယ်ရေးနည်းပညာများနှင့် ကျေးလက်လူထုထိတွေ့နိုင်ရန် အာဆီယံနိုင်ငံများမှ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စတင်ဖွင့်လှစ်စဉ်က ကြံ့ခိုင်ရေးမှာ အသင်းသာဖြစ်နေသည့်အတွက် ယင်းရုံးကို စောင့်ရှောက်ရန် အပ်နှံထားခြင်းဖြစ်၍ ယင်း စီမံကိန်း ရပ်ဆိုင်းသွားသည့် ၂၀၀၇ ခုနှစ်ဝန်းကျင်နောက်ပိုင်း၌ ယင်းအဆောက်အဦတွင် ကျေးရွာ နာရေးကူညီမှု အသင်းဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်ထားခဲ့သည်။

ယင်းသို့ရှိရာမှ ပြီးခဲ့သည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် ကြံ့ခိုင်ရေးပါတီမှ ဆိုင်းဘုတ်ပြန်လည် တင်ခဲ့ပြီးရက်သတ္တပတ်အတန်ကြာ၌ ရုံးအဆောက်အဦတွင်း အခြေစိုက်သည့် အခမဲ့နာရေး ကူညီမှုအသင်းကို နှင်ထုတ်ကာ ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကိုညိုထွန်းက ပြောသည်။

ယခုအဖြစ်အပျက်ကို လှည်းကူးမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို တင်ပြထားကာ သမ္မတ ဦးသိန်းစိန်ထံလည်း တိုင်ကြားစာ ပေးပို့သွားမည်ဟု ၎င်းက ပြောသည်။ ။



ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံး

by Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

အကြမ်းဖက်ဆူပူသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်ခြင်းမရှိသေး


အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော စစ်တွေမြို့ တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က အဓိက လမ်းမကြီး တစ်ခုအား တွေ့မြင်ရစဉ်။

ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။

ယင်းသို့ ဘင်္ဂါလီများက သေနတ်များဖြင့် ပစ်ခတ် နေသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာ ပြန်လည် ခုခံပိုင်ခွင့်မရှိဘဲ သေနတ်များကို အပေါ်သို့သာ ထောင်ပစ် နေရကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင်း တပ်မတော်သား တစ်ဦးမှာ ဒါဏ်ရာ အပြင်းအထန် ရရှိကာ စစ်တွေမြို့  ပြည်သူ့ ဆေးရုံကြီးသို့ အမြန် ပို့ဆောင်လိုက်ရပြီး ၊ ဒါဏ်ရာရသူ ရခိုင် တိုင်းရင်းသား များစွာ ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင် ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် ဘင်္ဂါလီ လူမျိုးများသည် စစ်တွေမြို့ရှိရခိုင် တိုင်းရင်းသားများ၏ နေအိမ်များနှင့် ရပ်ကွက်များကို မီးရှို့ ဖျက်စီးနေကြပြီး ယင်းဆူပူများကို ထိန်းသိမ်းနေ သည့် လုံခြုံရေး ရဲတပ်သားများနှင့် တပ်မတော်သားများကိုပါ ၎င်းတို့၏ သေနတ်များဖြင့် ပစ်ခတ် နေကြကြောင်း ဒေသခံ များက The Voice Weekly သို့ပြောကြားသည်။

“နေ့ဘက်မှာတောင် သေနတ်တွေနဲ့ ပစ်နေတာ ညဆိုရင်ပိုဆိုးကုန်မှာပေါ့ “ ဟု ဒေသခံအမျိုးသားတစ်ဦး ကဆိုသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

ဆန္ဒပြနေတဲ့ ထောင်နဲ့ ချီတဲ့ ရွှေလုပ်သားတွေ ရိက္ခာလိုအပ်နေ

ယနေ့ မိုးထိမိုးမိ ရွှေတွင်းဒေသမှ ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုနေသော လူများကို ၎င်းတို့ယာယီတစ်ထောက်နားရာဖြစ်သော ရမည်းသင်းမြို့နှင့် ၅ မိုင်သာဝေးကွာသော ရွှေမြင်တင်တောင် ရွှေမြင်တင်ဘုရား၏ ထွက်ပေါက်မှန်သမျှကို လက်နက်ကိုင်ဆောင်ထားသော ရဲအယောက် ၄၀ ကျော်နှင့် လုံထိန်းများက ပိတ်ဆို့ထားကာ ဘုရားအဝင်အထွက်အား လုံးဝခွင့်မပြုတော့ပေ ။

လက်နက်ကိုင်ဆောင်ထားသောလုံခြုံရေး ရဲများလည်းတစ်ဖြည်းဖြည်းများလာပါသည်။ထို့ကြောင့်ဘုရားပေါ်တွင် ချီတက်လမ်းလျှောက်ကာ ဆန္ဒပြသူများမှာ ငြိမ်းချမ်းစွာချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေ ။ ယနေ့တွင် မန္တလေးတိုင်း သတ္ထုတွင်းဝန်ကြီးကိုယ်တိုင်ဆင်းလာကာ လာရောက်ဖြေရှင်းခဲ့သော်လည်းတိကျသော အာမခံချက်ပေးသော အဖြေထွက်မပေါ်လာခဲ့ပေ။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်ရောက်လာမှ တောင်းဆိုချက်များကို ချပေးမည်ပြောသော်လည်း ၎င်း ဦးစိုးထွန်းရှိန်မှာရောက်မလာခဲ့ပေ။ ဦးစိုးထွန်းရှိန်မှာ ညနေသုံးနာရီတွင် ရောက်လာမည်ဟုပြောသော်လည်း ည ၉နာရီ ( ယခုထိ ) တိုင်အောင် ရောက်လာခြင်းမရှိပါ။ ယခုချီတက်လမ်းလျှောက်ဆန္ဒပြသူများသည် ၎င်း တို့တောင်းဆိုချက်ကို မလိုက်လျှောပါက နေပြည်တော်ထိ ဆက်လက်ချီတက် ဆန္ဒပြမည်ဖြစ်သည် ။

၎င်းတို့မူလ မိုးထိမိုးမိတောင်ပေါ်နေရာမှ ယခု ရွှေမြင်တင်တောင် အကွာအဝေးမှာ မိုင်သုံးဆယ်ကွာဝေးပြီး ရမည်းသင်းနှင့် ရွှေမြင်တင်တောင်မှာ ငါးမိုင် ကွာဝေးပါသည်။ ထို့ကြောင့် ချီတက်လမ်းလျှောက် ဆန္ဒပြသူများမှာ မိုင်သုံးဆယ်လမ်းလျှောက်ပြီး အာဏာပိုင်အဖွဲ့အစည်းများ၏ တားဆီးပိတ်ဆို့မှုကြောင့် ၎င်း တို့ဆုံးရှုံးနစ်နာနေသော အခွင့်ရေးများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြသခွင့်မရသည့်အပြင် ၎င်း တို့အတွက် ဆေးဝါး အစားအစာများ သောက်သုံးရေများကိုလည်း လိုအပ်လျှက်ရှိနေပါသည်။ ယခုဆန္ဒပြသူဦးရေမှာ သုံးထောင်နီးပါးခန့်ရှိပါသည် ။

အလုပ်သမားများသည် အကြမ်းမဖက်ဘူး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသမည်ဟုတောင်းဆိုသော်လည်း မရရှိပေ ။ ထိုချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်လှုပ်ရှားနေသူများမှာ ဦးသက်လွင် ၊ ဒေါ်မြင့်မြင့်အေး ( မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်) ၊ ဆရာကျောင်း ၊ မောင်မောင်လတ် ( ၈၈ ကျောင်းသားဟောင်း ) နှင့်အခြားသော အလုပ်သမား လှုပ်ရှားမှုများတွင် ဝင်ရောက်ဆောင်ရွက်နေကြသော ဒီမိုကရေစီအင်အားစုများစွာလည်းပါဝင်ပါသည်။

ထို့ကြောင့် လူထုချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ဝင်ရောက်တောင်းဆိုနေကြသော အလုပ်သမားထုကြီးအတွက် အစားအစာ ၊ ဆေးဝါး ၊ သောက်သုံးရေများ ဝင်ရောက်ပါဝင်အားဖြည့်ပေးလိုပါက အောက်ပါဖုန်းနံပါတ်များသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09-450026334 ၊
09-2059904 ၊
09-43155796 ၊
09-47137567 ၊
09-401512756 ၊



မူရင်းသတင်းက ဒီမှာပါ။

ရွှေမြင်တင်တောင်တော်မြတ်တွင် ဆန္ဒပြသူများ ပိတ်မိနေ

11.6.2012 နေ့လည်ပိုင်းအချိန်က တောင်ပေါ်မှထွက်ခွာလာသောဆန္ဒပြသူများသည် ထိုည 12 နာရီအချိန်တွင် ရွှေမြင်တင်တောင်တော်မြတ်သို့ရောက်ရှိလာကြသည်။

ထို့နောက် ဆန္ဒပြသူများသည် ရွှေမြင်တင်တောင်တော်မြတ်တွင် တည်းခိုစခန်းချကြပြီး အချို့မှာ ၇ မိုင်ခန့်ဝေးသော ရမည်းသင်းမြို့၊ ထိုတောင်နှင့် နီးစပ်ရာရွာများသို့သွားရောက်အိမ်စက်ကြသည်။

ည 1 နာရီခန့်အချိန်တွင် ရဲကားများရောက်ရှိလာပြီး ဆန္ဒပြသူများကိုဝိုင်းထားကြပါသည်။ 12.6.2012 နံနက်ပိုင်းအချိန်တွင် တောင်ခြေပတ်လည်တွင် ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး လမ်းများကိုပိတ်ဆို့ကာဝိုင်းထားလိုက်ကြသည်။

ထို့ကြောင့် အပြင်မြို့၊ရွာများသို့ထွက်အိပ်ကြသော ဆန္ဒပြသူများသည် အခြားဆန္ဒပြ သူများရှိရာ ရွှေမြင်တင်တောင်တော်မြတ်သို့ ပြန်လည် ၀င်ခွင့်မရသည့်အပြင် ထိုလမ်းကိုအသုံးပြုသွားလာနေကြသောဒေသခံပြည်သူများလည်းသွားလာရေးအတွက် ဒုက္ခရောက်ကြရပါသည်။

ရွှေမြင်တင်တောင်တော်မြတ်တွင် ဆန္ဒပြသူများသည် 12.6.2012 တွင်နေပြည်တော်သို့ချီတက်ဆန္ဒပြရန်ဖြစ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ ၀ိုင်းရံပိတ်ဆို့တားဆီးမှုကြောင့် ချီတက်မှုပျက်သွားခဲ့ရပြီး ၄င်းတောင်တော်မြတ်တွင်ပင်ဆက်လက် ဆန္ဒပြတောင်းဆိုနေကြပါသည်။

တိုင်းရဲမင်းကြီး၊ တိုင်းသတ္ထုတွင်းဝန်ကြီးနှင့်ညွှန်ကြားရေးမှုးများရောက်ရှိကာ ဖြစ်စဉ်အားစောင့်ကြည့်နေခဲ့ကြပါသည်။ ရမည်းသင်းမြို့နယ် NLD ပါတီမှ ထိုဖြစ်စဉ်အားသွားရောက်ကြည့်ရှုသုံးသပ်ကာ ဆန္ဒပြုမှုများကို ပြောဆိုဝေဖန်ခြင်း၊ ဘက်လိုက်ခြင်း၊ အားပေးခြင်းများမရှိပဲ လူ့အခွင့်အရေးသက်သက်ဖြင့်သာ လူသားခြင်းစာနာထောက်ထားသောအားဖြင့် အစားအစာနှင့် သောက်ရေပြတ်လပ်နေသော ဆန္ဒပြပြည်သူများကို သောက်ရေနှင့် ထမင်းရိက္ခာပို့ပေးနိုင်ရန်အတွက်ကြိုးစားတောင်းဆိုခဲ့ကြပါသည်။

ရမည်းသင်းမြို့နယ် NLD ပါတီမှ တာဝန်ခံဦးမျိုးသိန်တစ်ဦးသာ ရဲများပိတ်ဆို့ထား သောအတွင်းစည်းသို့ ၀င်ခွင့်ညှိနှိုင်းခွင့်ရရှိခဲ့ပါသည်။ ပထမတစ်ခေါက်တွင် တိုင်းရဲမင်းကြီးမှ ဆန္ဒပြသူများကို ထမင်းကြွေးရေတိုက်ကာအားပေးမည်လားဟုပြောကာ ထမင်းပို့ရေဘူးပို့ခွင့်ပိတ်ပင်ခဲ့ပြီး ဒုတိယတစ်ခေါက်တွင်မှ ရေသန့်ဘူး 240 နှင့် ထမင်း 32 ထုပ်သွင်းခွင့်ရခဲ့ပါသည်။

နေ့လည် 12 နာရီအချိန်တွင်အခင်းဖြစ်နေရာသို့ မန္တလေးမစိုးရိမ်ကျောင်းဆရာတော် ဦးဝီရသူ ကြွရောက်လာပြီး ဆန္ဒပြသူများ၏လူ့အခွင့်အရေးအတွက် တာဝန်ရှိသူများကို အခင်းဖြစ်ပွားရာ နေရာတွင် သတင်းသုံးနေထိုင်ပြီးတောင်းဆိုခဲ့ပါသည်။

နေ့လည်ပိုင်းမှ ညနေပိုင်းအထိ ဆန္ဒပြသူများနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဘက်မှတာဝန်ရှိသူများစေ့စပ်ညှိုနှိုင်းဆွေးနွေးရာ အဆင်ပြေမှုများမရရှိသေးကြောင်းသိရှိ ရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင်များ၏တောင်းဆိုမှု၊ ဆရာတော်ဦးဝီရသူ၏တောင်းဆိုမှုများကြောင့် ညနေပိုင်းတွင် ထမင်းနှင့်ရေဘူးများထပ်မံပို့ဆောင်ခွင့်ရရှိခဲ့ပါသည်။

ဦးဝေဖြိုးနိုင်
သတင်း၊မှတ်တမ်းနှင့်ပြန်ကြားရေးတာဝန်ခံ (ယာယီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရမည်းသင်းမြို့နယ်

မူရင်းသတင်းက ဒီမှာပါ။

ရိုဟင်ဂျာ လှေများ ဘင်္ဂလားဒေ့ရှ်မှ လက်မခံ




ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား အကြမ်းဖက်မှုများနှင့် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိလာသော ရိုဟင်ဂျာ လှေများကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ လက်မခံဘဲ တနင်္လာနေ့က ပြန်လည် မောင်းနှင်လွှတ်လိုက်ကြောင်း သိရသည်။

တစီးလျှင် လူ ၅၀ ကျော်ပါ လေ ၁၄ စီးအား ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ အကပ်မခံ၍ ဆိပ်ကမ်းနှင့် မိုင် ၄၀ အကွာ ဘင်္ဂလားပင်လယ်တွင်သာ ရောက်ရှိနေကြောင်း နယ်စပ်ရှိ ရိုဟင်ဂျာအဖွဲ့တခုမှ ဆိုသည်။

“လှေပိုင်ရှင်တွေက ပြောတယ်။ ငါတို့ စစ်တွေက လာတာ။ ငါတို့ အသက်ကို ကယ်ပါ။ အဲဒါ ဘင်္ဂလားဒေ့ရှ် navy (ရေတပ်)က ပြောတယ်။ ငါတို့နိုင်ငံကို မ၀င်နဲ့။ အဲ ဆိုက်ကပ်ဖို့ လှေ ၁၄ ခုကို ပင်လယ်သမုဒ္ဒရာမှာ မျှောပါတယ်” ဟု Arakan National Rohinja Democratic Party ဆိုသည့်အဖွဲ့မှ ဦးမောင်မောင် က မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးသော်လည်း AFP သတင်းတရပ်တွင်မူ စုစုပေါင်း ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာကြသည့် လှေ ရှစ်စီးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြန်လည် မောင်းထုတ်လိုက်ကြောင်း ဖော်ပြထားသည်။

“စစ်တွေက လာတဲ့ လှေ ရှစ်စီးလုံး မြန်မာပိုင်နက်ထဲကို ပြန်နှင်ထုတ်လိုက်တာပါ။ အများစုက မိန်းမနဲ့ ကလေးတွေ ဖြစ်ပါတယ်။ အတော်များများက ငိုယိုနေကြပြီး အတော်စိုးရိမ်ထိတ်လန့်နေကြပုံပေါ်ပါတယ်” ဟု နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး Shafiqur Rahman က ပြောသည်။

သို့သော် စစ်တွေဒေသခံများကမူ ၎င်းရိုဟင်ဂျာ မူဆလင်များက ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ကို မီးရှို့ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ဘင်္ဂလား-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ သုံးသိန်းခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက ရေးသားထားကြသည်။

ရိုဟင်ဂျာ ဟူသောအသုံးကို မြန်မာအစိုးရနှင့် ရခိုင်တိုင်းရင်းသားများက လက်မခံကြဘဲ ၎င်းတို့မှာ တဖက်နိုင်ငံမှ ဘင်္ဂါလီများသာ ဖြစ်ကြသည်ဟု သတ်မှတ်ထားသည်။

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီအစိုးရက ရခိုင်ဒေသရှိ မူဆလင်များကို အိန္ဒိယ တိုင်းရင်းသားများအဖြစ် မှတ်တမ်းတင် ခဲ့သည်။ ထိုစဉ်က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ တပေါင်းတစည်းတည်း ဖြစ်သည်။

မောင်တောမြို့နယ်တွင် ၁၉၄၂ ခုနှစ်က ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းဖြစ်ပွားပြီး ရခိုင်ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ၁၉၅၁ ခုနှစ်တွင် ရခိုင်ပြည်လုံးဆိုင်ရာ မူဆလင်ကွန်ဖရင့် ကျင်းပကာ ရခိုင်ပြည်နယ်တွင်း ရခိုင်နှင့် မူဆလင်များ အာဏာခွဲဝေရေးအတွက် တင်ပြခဲ့ကြဖူးသည်။

ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ် ဇူလိုင်လ လွှတ်တော်တွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ်တဦး၏ အမေးကို လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဖြေကြားခဲ့ဖူးသည်။

“ကာလရှည်ကြာ မြန်မာနိုင်ငံအတွင်းသို့ တဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက် နေထိုင်သူများ အများအပြား ရှိလာ သည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေ ဒေသလုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာ စီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ ၁၈၀,ဝ၀ဝ ကျော်ကို ပြန်လည် လက်ခံခြင်း ပြုခဲ့ ပါကြောင်း၊ ၁၉၉၂ ခုနှစ် စက်တင်ဘာ၂၂ ရက်မှစ၍ နှစ်နိုင်ငံသဘော တူညီချက်ဖြင့်လည်း ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀ဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ ၂၃၀,ဝ၀ဝ ကျော် လက်ခံဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုနောက်ပိုင်း ယနေ့တိုင် လက်ခံစခန်း ဖွင့်ထားသော်လည်း တရားဝင် ပြန်လည် ဝင်ရောက် လာသူ မရှိတော့ဘဲ တရားမဝင် ခိုးဝင်မှုများမှာမူ ယနေ့တိုင် ရှိနေဆဲ ဖြစ်ပါကြောင်း” ဟူ၍ ပြောဆိုသွားခဲ့သည်။

မောင်တောခရိုင်ဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၁၅၂ မိုင်ခန့် ထိစပ်လျက်ရှိသည်။

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်အစည်းအဝေးများ ဇူလိုင် ၄ တွင်ခေါ်



ရန်ကုန်၊ဇွန်-၁၂ ပထမအကြိမ် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများကို ဇူလိုင် ၄ ရက်တွင် ပြန်လည်ကျင်း ပမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ထုတ်ပြန်ကြေငြာလိုက်သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့ လည် ၁ နာရီ တွင်ခေါ်ယူမည်ဖြစ်ပြီး ပထမအကြိမ် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ကို ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီတွင်ကျင်းပမည်ဖြစ်သည်။

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးများ ခေါ်ယူခြင်းနှင့် ပါတီများ နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏အသံများ


ဒေါက်တာမေ၀င်းမြင့်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားရင်ကြားစေ့ရေးဟာ သိပ်အရေးကြီးတယ်လေ။ ရင်ကြားစေ့ ရေးဆိုတာ အားလုံးပါတာပဲ။ ယနေ့ဖြစ် ပွားနေတဲ့ စစ်ပွဲတွေ အပစ်အခတ်ရပ် သွားမယ်။ ရပ်သွားပြီးရင် အစိုးရနဲ့အတူ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာ မှာ အင်အားတွေ တိုးလာမယ်။ အဲဒီလို ဖြစ်တာက ငြိမ်းချမ်းရေးတဲ့။ နောက်ထပ် တစ်ခုကို ပြောဆိုရင် စီးပွားရေးကိုပြော ရမှာပဲ။ ယနေ့ တောင်းဆိုတယ်ဆိုတာ လိုအပ်လို့ တောင်းဆိုတာ။ ဘာလိုအပ် သလဲဆိုတာကို စဉ်းစားပေးရမယ်။ အကောင်အထည် ဖော်ပြပေးရမယ်။ စီးပွားရေးအကောင်အထည်ပေါ်လာပြီ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် အစိုးရအပေါ် အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် မြင်လာပါလိမ့်မယ်။ အန်တီ တို့ဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည် ပြောထားသလိုပါပဲ။ အကြမ်းမဖက်တဲ့နည်းနဲ့ စားပွဲပေါ်မှာပဲ ဖြစ်စေချင်သလို အဲဒီလိုပဲ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဖြစ်စေချင်ပါတယ်။

ဒေါက်တာမြတ်ဉာဏစိုး
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ကျွန်တော်တို့ အဆို တွေ၊ မေးခွန်းတွေကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို တင်ပြဖို့ ရှိပါတယ်။ ကျွန် တော်တစ်ဦးတည်းအနေနဲ့ကတော့ ကျွန် တော့်ရဲ့ မပြီးပြတ်သေးတဲ့အဆိုကို လွှတ် တော်မှာ ကျန်ပါသေးတယ်။ အဲဒါက ဒုတိယအကြိမ်မှာကတည်းက တင်ထား တဲ့ လစာဥပဒေပြဋ္ဌာန်းပေးဖို့ အဆို။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတော်ပိုင် ပစ္စည်းတွေကိုပေါ့နော်။ အဲဒါတွေကို ပွင့်လင်းမြင်သာရှိအောင် ဆောင်ရွက်ဖို့ ကျန်တဲ့အဆိုတွေလည်း ကျန်ပါသေးတယ်။ တကယ့်တကယ် အဆိုတွေဟာ မတင်သွင်းရသေးတဲ့အခါ မှာ သတင်းထုတ်ပြန်မှုမရှိပါဘူး။ အဓိက ကတော့ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ယေဘုယျပဲလို့ ပြောလို့ရပါတယ်။ အဖွဲ့ ချုပ်အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကနေပြီးတော့ လွှတ်တော်ရေးရာကော် မတီဖွဲ့စည်းဖို့ ရှိပါသေးတယ်။ အဲဒီမှာ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ လှုပ် ရှားသွားဖို့ ရှိပါတယ်။


ဦးခိုင်မောင်ရည်
(အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ပြည်သူတွေလိုအပ်နေတဲ့ လုံ လောက်တဲ့ လစာကိစ္စဗျာ။ လျှပ်စစ်မီး ကိစ္စလေ။ လျှပ်စစ်ကိစ္စမှာ တိကျတဲ့ စွမ်း ဆောင်မှုအရည်အသွေး ရှိလာဖို့ဗျာ။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိဖို့ပေါ့ဗျာ။ ဒါတွေကို လွှတ်တော်အမတ်တွေက လိုလားကြမှာ ပါ။ ကျန်တာတွေက လယ်ယာကိစ္စ ပြဿနာတွေလေ။ အခု မပြီးနိုင်မစီးနိုင်။ နောက်ထပ်လည်း ပေါ်ပေါက်နေတာ တွေကို ဒီလိုပဲ ထိုင်ကြည့်နေကြမှာလား ပေါ့။ နောက် မြေကွက်တွေ အလွယ် တကူ သိမ်းတယ်။ နောက် ကြေညာချက် မထုတ်ပြန်ဘဲ ရပ်ဆိုင်းတယ်ဗျာ။ အဲဒါ တွေကို ပွင့်လင်းဖို့ ထင်သာမြင်သာလုပ်ဖို့ တွေ ဖြစ်စေချင်ပါတယ်။


ဦးခင်မောင်ဆွေ
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

ပြည်သူတွေကို သိစေချင်တာတွေ ကတော့ ကျွန်တော်တို့ပါတီက လွှတ် တော်ကိုယ်စားလှယ်တွေကို လွှတ်တော် မှာ မြန်မာ့စီးပွားရေးမှာ လက်ဝါးကြီးအုပ် ထားတဲ့ကိစ္စတွေ၊ နောက်လယ်သမား အလုပ်သမားကိစ္စတွေအတွက် ထွက် လာတဲ့ဥပဒေတွေက အားနည်းနေတာ တွေနဲ့ အကျိုးရှိမယ့် ဥပဒေတွေ ထပ်မံ ပြဋ္ဌာန်းနိုင်ဖို့တွေ နယ်စပ်ရောက်နေတဲ့ ပုဂ်္ဂိုလ်တွေအတွက် အလုပ်သမားကိစ္စ တွေ၊ ရပိုင်ခွင့်တွေကို လွှတ်တော်မှာ တင်ပြပြောဆိုကြဖို့တွေ ရှိပါတယ်။


ဦးဖုန်းမြင့်အောင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီပါတီသစ်)

ဟိုတစ်နေ့က လွှတ်တော်ရုံးက ဖုန်း ဆက်တယ်။ First ဇူလိုင်မှာ စမယ်တဲ့။ မေးခွန်းတွေ ကြိုပို့ပါဆိုလို့ မေးခွန်းငါးခု ကို အဖြေတစ်ခုကို မနေ့က ပို့လိုက်တယ်။အဓိကကတော့ဗျာ။ ရန်ကုန်မြို့ ဘတ်စ် ကားစနစ်တွေ နောက်ထပ်ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ၀န်ထမ်းတွေနဲ့ ပတ် သက်တဲ့ မေးခွန်းတစ်ခုပေါ့နော်။ နောက် ထပ် သ/မနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု၊ အဆိုတစ်ခုကတော့ အိမ်ခြံမြေကိစ္စနဲ့ ပတ်သက်တဲ့အဆိုတွေ တင်ထားပါတယ်။ ပုံမှန်ဥပဒေက လွှတ်တော်မစခင် ၁၅ရက် ရက် ၂၀ မှာ ၁၅ ရက်ကြိုတင်ပြီး လွှတ် တော်က ပေးထားရတယ်။ လွှတ်တော် ရောက်မှပေးရင် လွှတ်တော်မစခင် ပေး ရတာပေါ့နော်။


ဦးဂျေယောဝူ
(အမျိုးသားကိုယ်စားလှယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်း သားတွေအားလုံး ဖွဲ့စည်းပြီးဖြစ်လာတဲ့ နိုင်ငံလေ။ တိုင်းရင်းသားဆိုတာကလည်း နိုင်ငံသားပါပဲ။ တိုင်းရင်းသားအရေးကိစ္စ ကို မျက်ကွယ်ပြုလို့မဖြစ်၊ အမျိုးသား ရင် ကြားစေ့ရေးမှာ တိုင်းရင်းသားတွေနဲ့ ပြေ လည်မှဖြစ်မယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ အခုသိနေပြီပဲ။ ရပ်တန်းက ရပ်ပြီး ဆွေးနွေးဖို့ တွန်းအားပေးသွားမှာ ပါ။ ကျွန်တော်ပြောချင်တာက ငြိမ်းချမ်း ရေးအတွက် လက်နက်နဲ့ထိန်းချုပ်လို့ မရ ဘူး။ လက်နက်နဲ့ ထိန်းချုပ်ခဲ့တာလည်း ကမ္ဘာ့နိုင်ငံတွေမှာ နမူနာယူစရာတွေ တစ်ပုံကြီးပါ။ ယနေ့ထက်ထိ ဘယ်မှာ ငြိမ်းချမ်းလို့လည်း နမူနာအနေနဲ့ ကြည့် လိုက်လေ။ လက်ရှိ ပါလက်စတိုင်းအရေး လူတွေအစုလိုက်အပြုံလိုက် စတေးခံခဲ့ရ တယ်။ လူမှုဘ၀ ဒုက္ခအမျိုးမျိုး ကြုံတွေ့ နေရတာဟာ လက်နက်နဲ့ငြိမ်းချမ်းရေးကို ဖြေရှင်းနေတာပဲလေ။

Hot News Journal သတင်းအဖွဲ့ 

မူရင်းသတင်းက ဒီမှာပါ။

ပင်လယ်ရေမြင့်တက်ဝင်ရောက်လာမှုကြောင့် လယ်မြေဧက (၁၀၀၀)ကျော် ရေကြီးနစ်မြှုစ်



ပြီးခဲ့သည့် (၃.၆.၂၀၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင် မြို့နယ်သဲကုန်းကျေးရွာတွင်အမှတ် (၇၃၀၊၇၂၉စီ၊၇၃၃၊၇၃၂)ကွင်းရှိ တောင်သူများ၏ ပျိုးထောင်စိုက် ပျိုးထားသည့် စပါးပင်များနှင့် လယ်ယာမြေဧက (၁၀၀၀)ကျော် ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ သည်။

ယခင်နှစ်များ ယခုကဲ့သို့ ပင် လယ်ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရခြင်းမရှိပါ။

ယခုနှစ်သည် အဆိုးဆုံးနှစ်ဖြစ်၍အပျက်စီးအ ဆုံးရှုံးအများဆုံးဖြစ်ရသည်။ အဓိက ဖြစ်ခဲ့ရသည့်အကြောင်း မှာကွင်းအမှတ်(၇၃၀A)အ၀ဖြဲကွင်း ရှိ ဦးမောင်စီ၏လယ်မြေဧရိယာ အတွင်း ပြုလုပ်ထားသည့် ပင်လယ်ရေကာတာတမံအား မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန် ဖြင့်(၃၀.၅.၂၀၁၂)ရက်နေ့တွင် ဦးထွန်းမြင့် အပါအ၀င် တောင် သူအချို့မှဖောက်ချလိုက်သည့် အတွက် ပင်လယ်ရေများ ၀င် ရောက်လာခြင်းကို မထိန်းသိမ်း နိုင်ခဲ့ခြင်းဖြစ်သည်။

နစ်မြှုပ်ဆုံး ရှုံးခဲ့ရသည့် မြေဧကပေါင်း (၁၀၀၀)ကျော်ရှိခဲ့ပါသည်။ (၅.၆.၂၀၁၂)ရက်နေ့တွင် ဒေသခံ လယ်သမား(၅၈)ဦးမှ လက်မှတ်ရေးထိုး၍ ပင်လယ်ရေ ကြီးမြင့်ဝင်ရောက်မှုကြောင့် ပျိုးထောင်ထားသည့်စပါးပင်များ ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး မှု့အခြေအနေကို ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် တင်ပြခဲ့သည့်အတွက် တာတမံ ပြန်လည်ပိတ်ဆို့ခဲ့ပါသည်။

သို့ သော်လည်း မြို့နယ်အုပ်ချုပ်ရေး မှူး၏ အမိန့်ဖြင့်ဖောက်ထား သော ရေနစ်ချောင်းပေါက်ကို ပြန်လည်ပိတ်ဆို့ရန် မိုးရာသီဖြစ် သည့်အတွက် တောင်သူလယ် သမားများအတွက် အခက်အခဲ နှင့်ကြုံတွေ့နေရကြောင်း သိရှိပါ သည်။

အဖေ့သား(ပဲခူး) - Hot News Journal

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်အရေး ကုလ အထူးကိုယ်စားလှယ် နဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေး



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားတဲ့ ရခိုင်ပြည်နယ် အရေး ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းဌာန က ဖေါ်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ နမ်ဘီယား ဟာ သမ္မတ ဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။

ဦးသိန်းစိန်နဲ့ ဆွေးနွေး ရာမှာ အရေးပေါ် အခြေအနေကြေညာရတဲ့ အကြောင်း၊ အခြေအနေတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း၊ အကြမ်းဖက်သံသရာကို ဖြတ်တောက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမထိခိုက်ရေး စတာတွေ အကြောင်း ဆွေးနွေး ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် က နယူးယောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

RFA Burmese

မူရင်းသတင်းက ဒီမှာပါ။