Tuesday, June 12, 2012

ရခိုင် ဒုက္ခသည်များအား အစိုးရ နှင့်အတူ လှူလိုသူများ ဆက်သွယ်နိုင်ရန်



စင်ကာပူနိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသော မြန်မာနိုင်ငံသား ညီအကို မောင်နှမများ ခင်ဗျာ...။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် မောင်တောမြို့နယ်နှင့် ကျေးရွာများတွင် နေထိုင်လျက်ရှိသော ကျွန်တော်တို့၏ သွေးရင်းရခိုင်လူမျိုးဒေသခံများမှာ ဘေးလွတ်ရာ ဒုက္ခသည်စခန်းများတွင် အိုးပစ်အိမ်စွန့်ကာ ဆင်းရဲစွာနေထိုင်နေရကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။

ကျွန်တော်တို့ အဝေးရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ဘင်္ဂလီကျူးကျော်အကြမ်းဖက်မှုရန်ကို ကိုယ်တိုင်ကိုယ်ကျ မကာကွယ်နိုင်သော်လည်း မိမိတို့ သွေးရင်းများ ခံစားကြောင့်ကြ နေရမှုများ ဆင်းရဲမှုများပြေလျော့နိုင်ရန် တတ်နိုင်သည့်ဖက်က ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ခံစားမိပါသည်။

သို့ဖြစ်ပါ၍ ယခုအချိန်အခါတွင် အရေးတကြီးလိုအပ်နေသော အစားအသောက် ဆေးဝါး အဝတ်အထည်များကို လှူဒါန်းနိုင်ရန်အတွက် လူမျိုးမရွေး ဘာသာမရွေး နိုင်ငံသားတစ်ဦး၏ တာဝန်ကို တတပ်တအား ထမ်းဆောင်သည့် အနေဖြင့် နည်းများမဆို ငွေကြေးအားဖြင့် လှူဒါန်းကြပါရန် နှိုးဆော်အပ်ပါသည်။

ယခုရန်ကုန်တွင် ရောက်ရှိနေသော ကျွန်တော်တို့ မှ ဆရာမ ဒေါ်ခင်အမ်းမွန်မှ တဆင့် ကယ်ဆယ်ရေးစခန်းများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် ကူညီမည့် အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်၍ အရောက်ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လှူဒါန်းလိုသူများအနေဖြင့် -

DBS Saving Plus (029-5-076943) ထံသို့ လွှဲပြောင်းလှူဒါန်းနိုင်ပြီး မိမိ ၏အမည်နှင့် လှူဒါန်းသည့်ငွေပမာဏကို ကျွန်တော့်၏ဖုန်းနံပါတ် (9010 3674) သို့ message ပို့၍ အကြောင်းကြားစေချင်ပါသည်။

နိုင်ငံတာဝန် အမျိုးသားရေးတာဝန်ကို အုတ်တချပ် သဲတပွင့် အနေဖြင့် ကျေပွန်နိုင်ကြပါစေ။

ယခုပို့စ်ကို စင်ကာပူရောက် မြန်မာများထံသို့လည်းရှဲပေးစေချင်ပါသည်။ ကျေးဇူးတင်လျက်... ... ...

စင်္ကာပူရခိုင်အသင်း contact

ကိုကျော်စိုးလှိုင် ၉၄၃၇ ၉၀၁၆
ကိုဘိုလီ ၉၁၀၆၇၄၃၆
ကိုသန်းထွန်းအေး ၉၁၈၅၀၆၈၇
ကိုအောင်သန်းနိုင် ၉၀၆၆၃၉၃၄
ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်

စင်္ကာပူနိုင်ငံတွင် လှူဒါန်းလိုသော သူများအနေဖြင့်

ရခိုင်အသင်း စင်္ကာပူ အကောင့်နံပါတ် (Posb Savings 133-23288-5) သို့ တိုက်ရိုက် ပေးပို့လှူဒါန်းနိုင်ပါသည်။

ရန်ကုန်မြို့တွင် အင်္ဂါနေ့ညနေ ၄-၆ နာရီ မြေနီကုန်းစီးတီးမတ်ရှေ့ ဂျေဒိုးနတ်မှာ အလှုငွေတွေ လက်ခံပေးမှာ ဖြစ်ပါတယ်။

နီစံ https://www.facebook.com/aniprofile

ရန်ကုန်မြို့တွင် အင်္ဂါနေ့ညနေ ၄-၆ နာရီ မြေနီကုန်းစီးတီးမတ်ရှေ့ ဂျေဒိုးနတ်မှာ အလှုငွေတွေ လက်ခံပေးမှာ ဖြစ်ပါတယ်။

သန်းမင်းထက်၊ သံတွဲ၊ 09 8515 271

သံတွဲမြို့တွင် လူငယ်များစုစည်းကာ မောင်တောဒေသမှ ဒုက္ခသည်များအတွက် အလှူငွေများ ကောက်ခံလျှက်ရှိကြောင်း သိရသည်။ [အဘ ဥက္ကာကိုကို]

Australia ကိုနိုင်အောင် (+61 413015436)
naingaung85@yahoo.com
bank information - BSB : 06 6001 Account Number : 1093 1614


Dear all,

We are collecting some donation for Maung Daw people's crisis. Urgently we need more support for their survivor. Now many of Rakhine are homeless and stay in monastery. So we need your support and kindly send your donation amount to below donation collectors. We will donate all to Arankan Association Singapore (ရခိုင်အသင်း စင်္ကာပူ) who organize this donation.

Donation Collectors

Names Contact No.

(1) Kyaw Zin Latt 8188 6163
(2) Thu Rain Nyunt 9337 5590
(3) Aung Phyo Maung 9185 6851
(4) Aung Than Naing 9066 3934
(5) Ko Kyaw Moe 9062 6841
(6) Nay Win Soe 9460 4978
(7) Aung Zay Ya Nyein 9296 5334
(8) Linn Aung 8412 2794

Bank Accounts to transfer donation

(1) DBS saving Plus 020-5-064104 (Aung Phyo Maung)
(2) DBS saving Plus 020-7-071956 (Thu Rain Nyunt)
(3) DBS Saving Plus 020-9-071048 (Aung Than Naing)

Best Regards,

On behalf of Sympathizers in Singapore

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အမေစုကို ကြိုတင်သတိပေးလိုက်ရခြင်း



ယူကေ မှာ တာလီဘန်အကြမ်းဖက်ဖြစ်ခဲ့သူ နူရူအစ်စလမ်(အဘဦးတင်ဦး ဒီနာမည်ကိုကြားဖူးပါလိမ့်မယ်. အလွန်ယုတ်မာသူအကြမ်းဖက်သမားပါ။ငွေနဲ့လဲလာဘ်ထိုးတတ်ပါတယ်။ ဆော်ဒီအာရေးဗီးယားကို ဟန်ညောင်ဝေ၊ ထွန်းခင်တို့နဲ့သွားပြီး မြန်မာပြည်မှာ အကြမ်းဖက်ရိုဟင်ဂျာ ပြန့်ပွားအောင် ငွေကြေးအထောက်အပံ့များရယူခဲ့ကြပါတယ်။ နူရူးအစ်စလမ်က က ထွန်းခင် ကို ဥက္ကဌ ရာထူးပေးကာ ရိုဟင်ဂျာ ပရိုဂျက်ကို ကမ္ဘာပြန့်အောင် စပေးခဲ့၏။ အဲဒီထွန်းခင်ကို မင်းဟိန်း ဆိုသူနှင့် ကိုအောင်(၈၈) တိုသူက ဘားမားကမ်ပိန်း(ယူကေ)ကို ခေါ်ဆောင်သွားခဲ့သည်။

ဘားမားကန်ပိန်း(ယူကေ) ကလဲ ဇိုရာဖန်၊ ဝေနှင်းပွင့်သုန်တို့နှင့် လုပ်စား၍ သူတို့ကိုယ်ကျိုးအတွက်ငွေရှာရတာ ရိုးအီလာတဲ့အချိန် ဗြိတိသျှ လူထူကို ထို လူမျိုးလိမ် ရိုဟင်ဂျာ issue နှင့် ကမ္ဘာလှည့်၍ ပိုက်ဆံရှာတော့သည်။ ဆော်ဒီအာရေးဘီးယားမှလည်း အလှူငွေများသောက်သောက်လဲရခဲ့ကြ၏။

ဘားမားကမ်ပိန်း(ယူကေ)၊ မင်းဟိန်းခေါ် မျိုးမင်းအောင်+ဝတ်ရည်လှိုင်၊ ကိုအောင်(၈၈) တို့ က ထိုလူမျိုးလိမ်ကုလားများကို အစိုးရအနှိပ်စက်ခံရခိုင်လူမျိုးများပါဟု ဗြိတိသျှအစိုးရ၊ အမတ်မင်းများကို (မူလကိုယ့်ညီအကိုမောင်နှမသွေးရင်းသားရင်း ရခိုင်လူမျိုးစစ်စစ်များကိုမှ အားမနာ) အပြည့်အဝထောက်ခံခဲ့၏။

ထိုယူကေမှတဆင့် အခြားနိုင်ငံများတွင်လည်း ရိုဟင်ဂျာ ဒုက္ခသည်များပွားလာအောင် ထွန်းခင် နှင့် ဘားမားကန်ပိန်း(ယူကေ)၊ (ယူအက်စ်အေ) တို့ ဝိုင်းလုပ်ကြတော့၏။

ယခုလဲ အမေစု ယူကေလာလျှင် ဒီ issue ကိုတင်၍်အမေစု အကြပ်ရိုက်စေမည့် မေးခွန်းများကိုမေးရန် ကိုအောင်(၈၈)ဆိုသူကို ချဉ်းကပ်၍ ပြင်ဆင်နေကြ၏။ ကျနော်တို့မှာ အမေစုကို လွမ်းလှ၍ အလွန်မြင်တွေ့ချင်၊ ဂါရဝ ပြုချင်နေကြသူများဖြစ်သောကြောင့် ထို အမေစု၏ စိတ်အနှောက်ယှက် ဖြစ်စေမည့် မေးခွန်းမျာကိုမမေးစေလိုပါ။

သို့ဖြစ်ပါ၍ အမေစုကို ကြိုတင်သတိပေးလိုက်ရခြင်း ဖြစ်ပါသည်။

တရားဥပဒေ စိုးမိုးရေး အတွက်ဆိုပြီး စာတမ်းကိုင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များ ဒီတစ်ကြိမ်မှာလည်း အဲဒီ စာတမ်းများကိုင်ပြီး တောင်းဆိုပေးကြပါဦး။

၈၈ မျိုးဆက်ကျောင်းသားများ (အထူးသဖြင့်) ကိုမြအေးတစ်ယောက် ဘယ်လိုတွေများ ပြောဦးမလဲ။

လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အော်ဟစ်နေခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များနဲ့ မီးလောင်ရာ လေပင့်လုပ်နေကြသော ပြည်ပရောက် ဗမာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များရော ဘယ်လိုတွေများ အော်ကြဟစ်ကြဦးမလဲ။ အန်တီ အောင်ဆန်းစုကြည်ကရော လူနည်းစုကို လူများစုက သနားကရုဏာထားဖို့ ထပ်ပြီး ပြောဦးမှာလား။

အခုလို အုပ်စုဖွဲ့ပြီး မီးရှို့စော်ကားလာတဲ့ တစ်ဖက်နိုင်ငံကနေ တရားမဝင်ခိုးဝင်လာပြီး နိုင်ငံသားမှတ်ပုံတင်ကို ဝယ်ယူထားတဲ့ ဘင်္ဂါလီကုလားတွေကို မေတ္တာတရားထားပြီး ရေပူရေအေး ကမ်းလှမ်းခိုင်းဦးမှာလား ခင်ဗျ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင် အရေးကို အောက်ပါအတိုင်း သင် ကူညီနိုင်ပါတယ်

CNN i report မှာ account သွားဖွင့်ပြီး What do you think of this story?ရဲ့ ဒီသတင်းအောက်မှာ This belongs on CNN ကို နှိပ်ပေးကြပါ။

ဒါဟာ မြန်မာ ပြည်သူတစ်ယောက်က ပေးပို့ထားတဲ့သတင်းဖြစ်ပြီး လူများလာရင် CNN သတင်းမှာ လွင့်ပေးလေ့ရှိပါတယ်။ သတင်းအမှန် သိရအောင် ကူညီကြပါ။

http://ireport.cnn.com/docs/DOC-800906

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူထုထောက်ခံမှုနှင့်NLD



အရေးကြုံရင်..အားကိုးစရာဟာ...ကျွန်တော်တို့ ပြေးမြင်မိကြတာကတော့...တပ်မတော်ပါ။ စစ်တပ်က မလာသေးဘူးလား....ရဲတွေက ဘာလုပ်နေတာလဲ။ ပစ်ပါတော့လား။။ စသည့်ဖြင့် ကျွန်တော်တို့ အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်တာက ပြည်သူ့လုံခြုံရေးယူထားတဲ့ ရဲတို့ လုံထိမ်းတို့ နောက်ဆုံး စစ်တပ်ပါပဲ။

ကျွန်တော် စစ်တပ်ဘက်တော်သားမဟုတ်ပါဘူး။ဒီမိုကရေ စီဆိုပြီး ဘာမှန်းမသိတဲ့အရာကို မက်မောတဲ့ ငတုန်းပါ။စစ်တပ်အုပ်ချုပ်စဉ်က ဘာမှ အခွင့်အရေး မရခဲ့ဖူးသလို၊မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဘယ်အဖွဲ့အစည်း ရဲ့ထောက်ပံ့မှုမှလည်း မရခဲ့ဖူးပါ ဘူး။

ရချင်လို့ပြောတာလည်းမဟုတ်ပါဘူး။ကိုယ့်အားကိုကိုး ကိုယ့်အလုပ်ကိုလုပ် ကိုယ့်ဘ၀ကို ကိုယ်ကျောင်းလာတာပါ။ NLD နဲ့ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ၊ကွန်စတီကျူးရှင်း၊စသည်ဖြင့် ကြီးကျယ်လေးလံသော စကားများကို ပြောနေခဲ့ကြစဉ်က ကိုယ့်ဘ၀ ကိုဘာတွေများလုပ်ပေး နိုင်မှာလည်းဆိုပြီး မျှော်လင့်ခဲ့ဖူးတာလည်း ၀န်ခံပါတယ်။

ကိုယ်ကိုတိုင်ကတော့..ဘာမှမလုပ်နိုင် ခဲ့ဘူးမဟုတ်လား။ကိုယ့်အမျိုးဘာသာသာသနာကို စောင့်ထိမ်းကာကွယ်နိုင်တာကတော့...တပ်မတော်ပါ။ ဘယ်သူဘာတွေပြောပြော ဒါကိုတော့ကျွန်တော်တို့ငြင်းလို့မရဘူး။ဖြစ်ပွါးခဲ့သော အခြေအနေများကို ထောက်ရှုခြင်းအားဖြင့် NLD အပေါ်သို့လူထု အမြင်ပြောင်းသွားနိုင်ကြောင်း၊ထောက်ခံမှု တစ်စုံ တစ်ခု အဆင့်အထိ ကျဆင်းသွားနိုင်ကြောင်း...ငဘုန်းမှ တင်ပြလိုက်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဘင်္ဂါလီကို မျက်နှာလိုက်ပြီးပြောနေသူတွေသိစေချင်ပါတယ်



ကျွန်တော်သင်္ဘောပေါ်မှာ အင်ဒိုနီရှား၊မလေးရှား၊စင်ကာပူ၊ ပြည်ကြီတရုတ် သင်္ဘောသားတွေပါတယ်။

ရခိုင်မှာ ဘင်္ဂါလီတွေ စပြီးအကြမ်းဖက်တဲ့နေ့က ကျွန်တော် facebook မှာဒီနေ့ မြတ်စွာဘုရား တရားတွေပဲရှယ်မယ် ဖတ်မယ်ဆိုပြီး မနက်ပိုင်းရှယ်တယ်၊ အကိုတစ်ယောက်က တစ်သောင်းတန်ငွေ ကိစ္စကို tag ပေးတာတောင် remove လုပ်လိုက်တယ်။

ညနေစောင်း အိပ်ရာနိုးချိန်မှာ အင်ဒိုနီရှား သင်္ဘောသားတစ်ယောက်က မင်းတို့စီမှာ ပြဿနာ တက်နေတယ်လို့ပြောတယ် ငါမသိသေးဘူးဆိုပြီး facebook ဖွင့်ကြည့်တော့ မှသတင်းတွေက ပလူပျံနေပြီ အင်ဒိုနီရှားသင်္ဘောသားတွေကို ပြန်ရှင်းပြရတယ်၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ချနေတာမဟုတ်ဘူး ဘင်္ဂါလီတွေက ငါတို့မြေပေါ်ကျူးကျော်ပြီး နယ်မြေလု အကြမ်းဖက်နေတာလို့ရှင်းပြရတယ်။

ဘာသာရေးကို အကြောင်းပြတာက အယ်ကိုင်ဒါနဲ့ ဗမားယူရိုစီက ငွေထောက်ပံ့မူရအောင် လုပ်နေတာဆိုပြီး၊ ဟန်ညောင်ရွှေတို့(B-UK) ငွေတောင်းကောင်းအောင်လုပ်နေပုံတွေကိုပြပြီး သူတို့ကို ရှင်းပြရတယ်။

မင်းတို့မြန်မာမှာ နိုင်ငံသားကတ်တွေမလုပ်ထားဘူးလား အဲဒီကတ်နဲ့ အ၀င်အထွက်လုပ်တာမဟုတ်ဘူးလားလို့ပြောတယ်၊ ကိုယ်နိုင်ငံက လ၀က နဲ့ နစကတွေ့ ငွေကိုးကွယ်ပုံကိုရှင်းပြလိုက်တော့မှ သူတို့သဘောပေါက်သွားတယ်၊၊

စူဟာတိုလက်ထက်ကို ကောင်းကောင်းခံစားခဲ့ရသူတွေဆိုတော့ သူတို့ကတောင်ကိုယ့်မြန်မာတွေကို ပြန်သနားပြီး မင်းတို့တွေ အဲဒီလို့ဖြစ်နေရင်တော့ မလွယ်ဘူးတဲ့၊ ဘင်္ဂါလီတွေဟာ အရမ်းယုတ်ညံ့တဲ့ စိတ်ထားရှိတယ်ပြောကြတယ်။ ငါတို့ကဘာသာတူခြင်း မင်းတို့ထက်ပိုသိတယ်လို့တောင်ပြောလိုက်သေးတယ်။

မလေးရှား ပို့ကလမ်(လ်) ဆိပ်ကမ်းရောက်တော့ ထမင်းစားနားချိန်မှာ မလေးအဖိုးကြီးနဲ့ စကားပြောဖြစ်တယ် ဘေးပတ်ဝန်းကျင် နိုင်ငံတွေအကြောင်း ပြောနေကြရင်း ဘင်္ဂါလီတွေအကြောင်းရောက်တော့ မလေးအဖိုးကြီးက အဲဒီကောင်တွေမကောင်းဘူး ငါတို့စီကို တရားဝင်လာတယ်၊ ခိုးဝင်တယ် မလေးမတွေနဲ့ရှုပ်ပြီး ကလေးရတယ်လို့သိတာနဲ့ ဘင်္ဂါလီကိုချက်ချင်းမောင်းထုတ်တယ်လို့ပြောတယ် ကလေးကိုတော့နေခွင့်ပေးတယ် နိုင်ငံသားခံယူခွင့် မပေးဘူးလို့ပြောတယ်၊ မင်းတို့တွေက နယ်မြေခြင်းထိစပ်နေတော့ သတိထားပါတဲ့၊ ငါတို့ဘာသာတူတွေထဲမှာ ဘင်္ဂါလီတွေက အဆင့်အနိမ့်ဆုံး စိတ်ထားအညံ့ဆုံးလို့ပြောကြတယ်။

ကိုတာကင်နာဘာလူး-kota kinabalu(ကိုတာကင်နာဘာလူးတောင်ရှိတဲ့မြို့ )

ဘောနီယိုကျွန်းမကြီးပေါ်မှာရှိတယ် ဘရူးနိုင် နိုင်ငံဘေး မလေးရှားပိုင်တယ် အဲဒီကိုရောက်တော့လည်း ဘင်္ဂါလီတွေကို မကောင်းဘူးဆိုတဲ့ မှတ်ချက်ပဲပေးတာ သူတို့မလေးအချင်းချင်းမှာတောင် ကွာလာလမ်ပူကို မာဖီးရားမြို့ တော် လူရှုပ်တွေများတဲ့မြို့ တော်လို့ပြောကြတယ်။ (မလေးကို အပမ်းပြေခရီးထွက်ရင် ကိုတာကင်နာဘာလူးမြို့ ကိုသွားစေချင်ပါတယ် စင်ကာပူလို့ပဲ)

ထိုင်းနိုင်ငံကိုရောက်တော့ မြန်မာတရားမ၀င်အလုပ်သမားတွေ အများကြီးရှိပေမဲ့ ပြဿနာ မဖြစ်ကြောင်း ဘင်္ဂါလီ(ရိုဟင်ဂျာ)တွေက ခိုးလည်းဝင်သေး ပြဿနာလည်းရှာကြောင်း အခုသူတို့ထိုင်းတောင်ပိုင်းမှာ လည်း ဒီလိုဘာသာရေးနဲ့ ရောထွေးပြီး ပြဿနာခဏခဏရှာ ခွဲထွက်ရေးတောင်းနေလို့ အသေအပျောက်တွေများတဲ့ အကြောင်းပြောသွားတယ်။

ဘင်္ဂါလီ(ရိုဟင်ဂျာ)နဲ့ပတ်သက်ပြီ ကျွန်တော်ကောင်းတာ သိပ်ပြီးမကြားဘူးဖူး မြန်မာမြေမှာမွေး မြန်မာမှာပညာသင်ပြီး ငွေမျက်နှာကြောင့် ဘင်္ဂါလီ(ရိုဟင်ဂျာ) ဘက်ကလိုက်ပြီး တိုင်းပြည်ကို မဖျက်ဆီးပါနဲ့ မရောင်းစားပါနဲ့လို့ အသိပေးလိုက်ပါတယ်....

ဘင်္ဂါလီ(ရိုဟင်ဂျာ)နဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေကို ရောထွေးပြီးရှုပ် ထွေးအောင် မလုပ်ပါနဲလို့အသိပေးလိုက်ပါတယ်....

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မလေးရှားရောက် ရွှေများသတိဖြင့်နေကြပါရန်

နောက်ဆုံး သတင်း ပို့ပေးချက် အရ Malaysia နိုင်ငံ Penang မြိုမှ မွတ်ဆလင် များ ဗလီတတ်..ကျမ်းကျိမ်ခဲ့ပြီး.. Malaysia နိုင်ငံ၏ မြို့တော် KualaLumpur မြိုပေါ်သို့ ချီတတ်လာပါပြီ။သူတို့ ၏ ကျမ်းကျိမ်ဆိုချက်များ ထဲမှာ ပြန်ပြောပြသူများ၏ပြောကြားချက်မှာ "ရခိုင်" မြင်လျှင် အကုန်သတ်မည် ဟုသိရှိထားရပါသည်။"ဗမာ" လူမျိုးများမပါဟုတ် ပြောကြားသွားပါသည်။ ရခိုင်လူမျိုးများ အလုပ်ခွင်တွင် ၁ ယောက်တည်း မနေဖို့ နှင့် လမ်းသွားလမ်းလာ မထွက် သိပ်မထွက်ဖို သတိပေးလိုက်ပါတယ်။ မလေးရှား အစိုး ပြောကြားချက်မျးအရ ဒီ case ကို စပြီးလုပ်တဲ့သူကို ဆော်မယ်လိုသိရှိရပါတယ်။ အခု ကိုမိုက်ကယ် ကြီး ပြသနာ မှာ မြန်မာမစစ် မွတ်စလင်က စခဲ့တဲ့အတွက် မြန်မာ မွတ်စလင်တွေ မချောင်ပါဖူး။ အခုအခြေနေရဆို မလေးရှားအစိုးရ က မြန်မာတွေဘက်က ရပ်တည်သွားလိမ့်မယ်လို မလေးဂျိုး ကိုယ်ရွေကိုယ်မျိုးတွေက ခန့်မှန်းရရှိပါတယ်။ဘာ ပဲပြောပြော သတိနဲ့နေကြဖို ထပ်မံပြော အသိပေးအပ်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် တစ်ဦးက ကျေအေးရန် လက်မှတ် ထိုးခိုင်း



ယနေ့ ဇွန်လ ၉ ရက် နံနက် ၁၁နာရီက ကျောက်နီမော် ကျေးရွာသို့ အစိုးရမှ ဖွဲ့စည်း လိုက်သော စုံစမ်း စစ်ဆေးရေး အဖွဲ့မှ ရခိုင်ပြည်နယ် ထောင် အုပ်စုမှူး၊ ညွှန်ကြား ရေးမှူး ဗိုလ်မှူးကျော်ခင် ရောက်ရှိလာပြီး ကျေးရွာ ဥက္ကဌ ဦးသန်းထွန်း၏ နေအိမ်တွင် ရွာသူရွာသားများကို စုရုံးစေကာ ရခိုင်နှင့် အစ္စလာမ် ဘာသာဝင်ဘင်္ဂါလီတို့အကြား လက်ရှိဖြစ်ပွားနေသော ပြဿနာ အခြေအနေအရပ်ရပ်ကို ကျေအေးကြရန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ထို့နောက် ဗိုလ်မှူးကျော်ခင် သည် သေဆုံးသူ မသီတာထွေး၏ မိခင်ဖြစ်သူအား ခေါ်ယူ၍ အစိုးရ၏ ထောက်ပံ့ဂရုဏာကြေးသဖွယ် ငွေကျပ် ၁၅ သိန်းကိုပေးအပ်ရာ မသီတာထွေး၏ မိခင် က ငြင်းဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယင်းငွေကျပ် ၁၅ သိန်းကို ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကို ပေးအပ်ရာ ဦးခင်မောင်မြင့်ကလည်း လက်မခံဘဲ စံပြကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပေးအပ်စဉ် တွင် ရွာသူရွာသားများက လက်မခံသဖြင့် ယင်းငွေများကို ဗိုလ်မှူးကျော်ခင် ထံသို့ ပြန်လည်ပေး အပ် ခဲ့ကြောင်း ကျောက်နီမော်ကျေး ရွာမှ ဒေသခံ တစ်ဦးက ပြောပြသည်။

““လက်ခံလိုက်တာ မကောင်းဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ အခု ဥက္ကဌ ဦးသန်းထွန်းက ဗိုလ်မှူးကျော်ခင်ကို ညစာကျွေး ဖို့ ပြင်ဆင်နေပါ တယ်”” ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။

မူရင်းသတင်းက ဒီမှာပါ။

(၇၅)သိန်းတန် မြန်မာမီနီဆလွန်းကားအစီးရေ (၈၀၀)ကျော် ရောင်းချပေးမည်



၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းတန် မြန်မာမီနီဆလွန်း(QQ)ကားအစီးရေ (၈၀၀)ကျော် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက သိရသည်။

“ဒီနှစ်ဘဏ္ဍာနှစ်မှာ ကားအစီးရေ (၉၀၀)လောက် ရောင်းချပေးသွားမှာပါ။ ဘယ်တော့လောက် စရောင်းပေးမလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး”ဟု နေပြည်တော် စက်မှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဒေါ်မြတ်သူဇာ က ပြောသည်။

မီနီဆလွန်းကားများကို ရောင်းချပေးရာတွင် ပထမအသုတ်အနေဖြင့် အစီးရေ(၃၀၀)ကို ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ရောင်းချပေးမည့်အချိန်ကို သိရှိခြင်း မရှိသေးကြောင်း ဒေါ်မြတ်သူဇာက ဆက်ပြောသည်။

“ဒီကားတွေကို အသုတ်ခွဲပြီး ရောင်းချပေးသွားမှာပါ။ အခုလက်ရှိတော့ ကားတွေက သင်္ဘောပေါ်မှာပဲ ရှိပါ သေးတယ်။ သိပ်မကြာခင်အချိန်မှာ ရောင်းချပေးနိုင်မှာပါ”ဟု ဒေါ်မြတ်သူဇာကပြောသည်။

မီနီဆလွန်းကားများကိုဝယ်ယူလိုပါက လျှောက်လွှာဝယ်ယူ၍ အမည်၊မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ် များကို ရေးပြီး စက်မှုဝန်ကြီးဌာနတွင် လျှောက်လွှာတင်၍ ၀ယ်ယူနိုင်ကြောင်းကိုလည်း သိရသည်။

မြန်မာမီနီဆလွန်း(QQ)ကားများအား စက်မှုဝန်ကြီးဌာနက တစ်စီးလျှင် ငွေကျပ်(၇၅)သိန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်သည်။ အဆိုပါ ကားငယ်များမှာ ပြင်ပဈေးကွက်တွင် ကျပ်သိန်း(၁၂၀)၀န်းကျင် ဈေးရှိ ကြောင်းကိုလည်း ကားအကျိုးတော်ဆောင် များထံက သိရှိရသည်။

“ဒီကားလေးတွေက တက္ကစီဆွဲမယ့်သူတွေ ကြိုက်ကြတယ်။ ဆီစားလည်း သက်သာတယ်၊ ဈေးနှုန်းကလည်း သင့်ယုံပဲဆိုတော့ မဆိုးပါဘူး။ တကယ်လုံလုံလောက်လောက်ရောင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ လက်ရှိအပြင်ပေါက်ဈေး ကတော့ သိန်း(၁၂၀) ကျော်ကျော်လောက်ရှိနေတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က ပြောသည်။

မူရင်းသတင်းက ဒီမှာပါ။

နေပြည်တော်နှင့်အနီးရှိ မွေးမြူရေးဇုန်များမှ လုပ်ငန်းမလုပ်သည့်မြေများ ပြန်သိမ်းမည်



နေပြည်တော်တိုင်းဒေသကြီးအတွင်းနှင့် အနီးပတ်ဝန်းကျင်မြို့နယ်များရှိ မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသည့် မြေများအား (၃)လအတွင်း ပြန်လည်သိမ်းဆည်း သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနက သိရှိရသည်။

၎င်းမြို့နယ်များမှာ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ရမည်းသင်းမြို့နယ်များမှ မွေးမြူရေးဇုန်များ ဖြစ်ပြီး သတ်မှတ်ကာလမှာ ဇွန်လမှစတင်၍ သြဂုဏ်လအထိ ဖြစ်သည်။

“အခုလောလောဆယ်တော့ သိမ်းတာ မတွေ့သေးပါဘူး။ (၃)လကျော်မှ လုပ်ငန်းမလုပ်ကိုင်သေးတဲ့ မြေယာကို ပြန်သိမ်းမယ်လို့  ပြောထားတာလည်းရှိတယ်” ဟု တပ်ကုန်းမြို့နယ်၊ကန်ကြီးကုန်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

တပ်ကုန်းမြို့နယ်ရှိ မွေးမြူရေးဇုန်များတွင် သိုး၊ ဆိတ်၊ နို့စားနွား၊ ကြက်များအား မွေးမြူရန်၊ လယ်ဝေးမြို့နယ်တွင် ကြက်၊ ၀က်၊ ဆိတ်၊ နို့စားနွားများ မွေးမြူရန်၊ ရမည်းသင်းမြို့နယ်ရှိ မွေးမြူ ရေးဇုန်များတွင် ဆိတ်၊ နို့စားနွား နှင့် နို့ထွက်ပစ္စည်းစက်ရုံများ တည်ဆောက်လုပ်ကိုင်ရန် နေရာချထား ပေးခဲ့ခြင်းဖြစ်သည်။

“ဒီက မွေးမြူရေးဇုန်ကို (၂၀၀၇)လောက်က အကွက် ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် လုပ်ကိုင်သူလည်း ရှိတယ်။ မလုပ်ကိုင်ဖြစ်သေးတဲ့ နေရာတွေလည်းရှိနေတယ်။အစမှာလုပ်ပြီး နောက်မလုပ်ဖြစ်တဲ့ နေရာတွေလည်း ရှိတယ်။ အခုကနေ သုံးလကျော်ရင်တာ့ မလုပ်နိုင် တဲ့ သူတွေဆီက မြေပြန် သိမ်းသွားမယ်” ဟု နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မွေးမြူရေးဇုန်များကို (၂၀၀၇) ခုနှစ်တွင် မွေးမြူရေးလုပ်ကိုင်လိုသူလူဦးရေ (၇၀)ကျော်အား နေရာချထားပေးခဲ့ပြီး လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦးဝန်းကျင်သာ ရှိကြောင်းသိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ခုနှစ်ရက်သားသမီးများအတွက် ( ၁၁.၆.၁၂ ) မှ ( ၁၇.၆.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ

ငွေအစုလိုက်အပုံလိုက်ဝင်လိမ့်မည်။ အလှူအတန်းမုချပြုလုပ်ရမည်။ ထိုအချိန်တွင် အိမ်ပိုင်ကားပိုင်ဖြစ် တတ်သည်။ ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။ ရိုးရိုးသားသားစီးပွားရှာလျှင်သေချာပေါက်အောင်မြင်မည်။ ယခုရက်ပိုင်းတွင် အရင်ကမသင့်မြတ်သူများနှင့်ပြန်လည်သင့်မြတ်မည်။ မိမိပတ်သက်သောသူများ၏ မင်္ဂလာသတင်းကောင်းကြားရလိမ့်မည်။ ထိုသတင်းကြားပြီးသော်သင်စီးပွားတက်မည်။ အလုပ်တွင် စိတ်မပါသလိုဖြစ်နေတတ်သည်။ အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းပြုလုပ်ရတတ်သည်။ ကောင်းသောပြောင်းလဲခြင်းများဖြစ်မည်။

ကျန်းမာရေး။ အပူကြောင့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၇ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးကောင်းရှိသည်။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများ ဆက်တိုက်လုပ်နေရမည်။ စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်နေမည်။ ရွှေလက်စွပ်၊စိန်လက်စွပ်ပြုပြင်ရခြင်း၊ ထွက်ခြင်းဖြစ်တတ်သည်။ စာချုပ်စာတမ်း အာမခံခြင်းမလုပ်ပါနှင့်။ မိမိကိုယ်အမှုပတ်တတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အလုပ် တွင် အခက်အခဲများနှင့်တွေ့နေရတတ်သည်။ သည်းခံပါ။ အမှုမဖြစ်အောင်နေပါ။ ငွေကုန်ပြီးကြာတတ်သည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက္ခပေးခြင်းဖြစ်နေမည်။
အချစ်ရေး။အဆင်မပြေဖြစ်နေမည်။ စိတ်တိုင်းမကျစရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၆ ၆)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ပညာထူးရတတ်သည်။ မြေ၀င်ခြင်း၊ လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ရောက်ရခြင်းဖြစ်တတ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျှင် ထင်သလောက်မအောင်မြင်သေးပါ။ လူမျိုးခြားများ၏ ဒုက္ခပေးခြင်းကြုံတွေ့ရတတ်သည်။ ခရီးသွားရတတ်သည်။ ကာမဂုဏ်အပျော်အပါးနှင့်တွေ့ရတတ်သည်။ သားသမီးရှိကသားသမီးအတွက်စိတ်ညစ်ရတတ်သည်။ သို့မဟုတ် ဆွေမျိုးသား ချင်းများအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ ငွေကုန်များနေမည်။ ငွေအတွက်စိတ်ညစ်နေရမည်။

ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရတတ်သည်။ အရိုးအဆစ်များနာကျင်ကိုက်ခဲနေတတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက် အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးပါသောမုန့် (၆) ခုကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၇)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ဆိုင်ခန်းဝင်ခြင်း၊ အိုးပိုင်အိမ်ပိုင်ရတတ်ခြင်းဖြစ်မည်။ စာရွက်စာတမ်းကိစ္စများ အစစအရာရာအဆင်ပြေမည်။ ကားပြင်ခြင်း၊ ကားထွက်ခြင်းဖြစ်တတ်သည်။ ငွေကြောင့်ပူပင်သောကဖြစ်နေ တတ်သည်။ ငွေပျောက်ခြင်း၊ လူလိမ်ခံရခြင်းဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်စကားများပြီး လမ်းခွဲရတတ်သည်။ အလုပ်ထဲတွင် အတိုက်အခံတွေ့ရတတ်သည်။ ဆိုင်ကယ်၊ ကားသတိထားပါ။

ကျန်းမာရေး။ ခေါင်းတွင်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားအသစ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းနို့ခေါက်ဆွဲကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၃ ၀ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စာရွက်စာတမ်းကိစ္စကြောင့် စိတ်ညစ်နေရခြင်း၊ ငွေအတွက်ပူပင်သောကရောက်နေရတတ်သည်။ သို့သော်မကြာခင် မှာငွေရေးကြေးရေး အဆင်ပြေသွားမည်။ အလုပ်ထဲတွင်လက်အောက်ငယ် ထွက်ပြေးတတ်သည်။ ရွှေအသစ်ဝင်ခြင်း၊ စက်ပစ္စည်းအတွက်စိတ်ညစ်ရခြင်းဖြစ်တတ်သည်။ အိမ်၊ ခြံ၊ မြေထွက် တတ်သည်။ ကြာသပတေးနံအကြောင်းပြုပြီးစိတ်ညစ်စရာဖြစ်နေတတ်သည်။

ကျန်းမာရေး။ ဗိုက်အောင့်နေတတ်သည်။
အချစ်ရေး။ မင်္ဂလာဆောင်ရန်ရက်ရွေးနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်လုံးရေပေါ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၄ ၆ ၆ )

သောကြာသားသမီးများ၏ကံကြမ္မာ

ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ထီပေါက်တတ်ခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးလဲသွားရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကိစ္စများလုပ်ဆောင်နေရတတ်သည်။ ဆွေမျိုးသားချင်းများမှမိမိထက်ငယ်သူကြောင့်ပူပင်သောကဖြစ်ရတတ်သည်။ အသွားအလာသတိထားပါ။ စာချုပ်စာတမ်းအာမခံခြင်းမလုပ်ပါနှင့်။ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ် ရတတ်သည်။ အင်တာဗြူးဖြေခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများဖြေဆိုလျှင် ထူးချွန်စွာအောင်မြင်မည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ မိမိကိုယ်တိုင် မရေမရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၅ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

အိုးသစ် အိမ်သစ်နေရာသစ်ပြောင်းရွှေ့ရခြင်း၊ လုပ်ငန်းသစ်ပြောင်းရွှေ့ရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်များနေမည်။ လူမျိုးခြားများ၏ဒုက္ခပေးခြင်းခံနေရတတ်သည်။ နိုင်ငံရပ်ခြားကိစ္စများ တိုးတက်မှုမရှိဘဲကြန့်ကြာနေတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။ မကြာခင်အဆင်ပြေသွားပါလိမ့်မည်။ မိမိကိုယ်တိုင်စိတ်တိုင်မကျဖြစ်နေခြင်း၊ သူတပါးကိုစိတ်တိုင်းမကျဖြစ်ခြင်းဖြစ်နေမည်။

ကျန်းမာရေး။ ဒူးနာခြင်း၊ နားနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။ တကျက်ကျက်စကားများခြင်း၊ ရန်ဖြစ်ခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အသီး ( ၆ ) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၆ ၁ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏ တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း
( ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး )
ဖုန်း- +6016 690 3513 ၊ +6012 9133 093
facebook: www.facebook.com၊/swezinwati
E-mail:swezinwati@gmail.com


*မလေးရှားမဟုတ်သောတခြားပြည်ပရောက် ဗေဒင်မေးမြန်းလိုသူများ အီးမေးလ်မှတဆင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်*

မူရင်းက ဒီမှာပါ။

ကမ္ဘာသစ်

ကမ္ဘာသစ်တဲ့ ….
အထင်တကြီးနဲ့
ကြည့်လိုက်မိတယ်…၊၊

လူက အဟောင်း…
စိတ်က မပြောင်း…
အမှောင် အတိကြီးပါပဲ၊၊

မူရင်းက ဒီမှာပါ။

မတည်ငြိမ်မှုတွေကြောင့် ကုလ၀န်ထမ်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာ

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မို့ ဒေသတွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ သေကြေပျက်စီးမှုတွေတိုးလာနေတဲ့ ရခိုင်နဲ့ မူစလင် ကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အစိုးရကနေ အရေးပေါ်အခြေအနေ ထုတ်ပြန်အပြီးမှာပဲ အဓိက ကျတဲ့ မောင်တောမြို့က ဝန်ထမ်းတွေကို ရွှေ့လိုက်တာပါ။ ဒါပေမဲ့ အခြေအနေတွေ ပြန်ပြီး တည်ငြိမ် သွားပြီ ဆိုရင် ကုလသမဂ္ဂဝန်ထမ်းတွေကို ချက်ခြင်း ပြန်လွှတ်ဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံမှာ တာဝန် ကျနေတဲ့ အဆင့်အမြင့်ဆုံး ကုလသမဂ္ဂအရာရှိက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က ကုလသမဂ္ဂဝန်ထမ်း အများဆုံး ရှိနေတဲ့ မောင်တောမြို့က ဝန်ထမ်း ၄၀ ကျော်ကို မနေ့ကစပြီး ပြောင်းရွှေ့ခဲ့ပုံကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့အဖွဲ့ဝင်တချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ အခုလို လုပ်တာက သူတို့ဆန္ဒအရ ရွှေ့ချင်တဲ့သူတွေကိုပဲ ရွှေ့ပေးတာပါ။ ဒီထဲမှာ ပြည်တွင်းမှာရော၊ ပြည်ပကရော လုပ်သားတွေ ပါပါတယ်။ အဓိကရွှေ့ပေးတာက မောင်တောကနေ ရန်ကုန်ကိုပါ။ အခုလောလောဆယ်မှာတော့ သူတို့ စစ်တွေကို ရောက်နေပြီ။ ရန်ကုန်ကိုဆက်ရွှေ့ပေးဖို့ ရှိပါတယ်။”

မစ္စတာ Nigam ကပဲ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ စစ်တွေနဲ့ မောင်တောမြို့တွေမှာလည်း ကုလသမဂ္ဂ ဝန်ထမ်းတွေ အနည်းငယ်ရှိတယ်၊ သူတို့ကိုလည်း သူတို့ရဲ့ဆန္ဒအရ ရွှေ့ခွင့်ပြုထားပြီးပြီလို့ ဆိုပါတယ်။ မစ္စတာ Nigam ကပဲ အခုလိုရွှေ့တာက ခေတ္တ ယာယီသာဖြစ်တယ်လို့ အလေးအနက် ထပ်ပြောပါတယ်။

“ဒါက ယာယီရွှေ့ပြောင်းပေးတာပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့လုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်တဲ့အထိ သတ်မှတ် ထားတာပါ။”

အခုအချိန်ထိတော့ ဝန်ထမ်းစုစုပေါင်း ၄၄ ဦးကို ရန်ကုန်ကိုရွှေ့ပေးဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ ဝန်ထမ်း ၁၃၀ ကျော်လောက်ကတော့ ဒေသထဲမှာ ဆက်ရှိနေသေးတယ်၊ ပုံမှန်လုပ်ငန်းတွေ အပြည့် မလုပ်ပေးနိုင်တော့ ဘဲ လျှော့ချပြီးလုပ်နေရတယ်လို့ မစ္စတာ Nigam က ဆက်ပြောပါတယ်။ မစ္စတာ Nigam ကပဲ အခုလို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း အခုလို ဆက်ရှင်းပြပါ တယ်။

“မောင်တောမြို့နယ်မှာ အနှောင့်အယှက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ကျနော်တို့ဝန်ထမ်းတွေက သတင်းပို့လာပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်လည်း ပါပါတယ်။ အဲဒီတော့ ကျနော်တို့ဝန်ထမ်းတွေအနေနဲ့ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘူးလေ။ ဒီနေရာမှာ ဝန်ထမ်းတချို့က တောင်းဆိုလာလို့ သူတို့ဆန္ဒအရ ရွှေ့ပေးဖို့ အခုလို ဆုံးဖြတ်ခဲ့ရတာပါ။”

ဒါ့အပြင် နောက်ထပ် ဘယ်လောက် ထပ်ရွှေ့ဖို့ ရှိမယ်ဆိုတာကတော့ ရှေ့မှာ ဘယ်လိုဆက်ဖြစ် လာမလဲ အပေါ် မူတည်တယ်လို့ မစ္စတာ Nigam က ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ပြန်ကောင်းလာရင်တော့ ပုံမှန် အလုပ်တွေကို အပြည့်အဝ ချက်ခြင်းပြန်လုပ်ပေးနိုင်အောင် စီစဉ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့လက်ရှိအခြေအနေကို သုံးသပ် အကဲဖြတ်သွားပါမယ်။ မကြာခင်မှာ ပြန်သွားနိုင်မယ်လို့ လည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ဝန်ထမ်းတွေ ပြန်သွားလို့ ဖြစ်ဖြစ်ချင်းပဲ ကျနော်တို့ရဲ့ ပုံမှန် လုပ်ငန်းတွေကို ပြန်လုပ်ပေးချင်ပါတယ်။”

ဒီ ကုလသမဂ္ဂဝန်ထမ်းတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အဓိကဖြန့်ဖြူးပေးနေတာ ဖြစ်ပြီး အစားအစာ အကူအညီတွေလည်း ပါနေပါတယ်။ အခု ရွှေ့ပြောင်းခဲ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ ရုံးတွေထဲမှာတော့ UNHCR ကုလသမဂ္ဂ၊ ဒုက္ခသည်များ ဆိုင်ရာ မင်းကြီးရုံး၊ WFB ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နဲ့ UNICEF ခေါ် ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့က ဝန်ထမ်းတွေ အဓိက ပါဝင်ပါတယ်။

တချိန်တည်းမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဘရောင်းကလည်း ဒီအကြမ်းဖက်မှုတွေအတွက် အထူးစိုးရိမ်မိကြောင်းနဲ့ နှစ်ဘက်လုံးက အကြမ်းဖက်မှုတွေ မလုပ်ဘဲ နောက်ဆုတ်ပေးကြဖို့၊ နောက် အာဏာပိုင်တွေ၊ ဒေသခံခေါင်းဆောင်တွေအနေနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ဆွေးနွေးဖြေရှင်းပေးကြဖို့ကိုလည်း မနေ့ကပဲ သတင်းထုတ်ပြန်ပြီး တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေး ဦးဆောင်လုပ်ပေးနေတဲ့ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ဒီအကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုတွေကို ဖော်ထုတ်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ကြပါတယ်။ တကယ်တော့ ဒီအကြမ်းဖက်မှုတွေ ဟာ မေလ ၂၈ ရက်နေ့မှာ ရခိုင်အမျိုးသမီးတဦးကို မူစလင်သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲ အပြီးမှာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရတာပါခင်ဗျာ။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ကိစ္စ အမေရိကန်နဲ့ EU စိုးရိမ်

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်မှု တွေကို ချက်ချင်းရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။ လူတွေ သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်ရကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဥရောပသမဂ္ဂ ကလည်း ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ဆက်ပြီး ပြောပြပါမယ်ရှင်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဆက်ပြီးဖြစ်ပွားနေတဲ့အပေါ် အထူးစိုးရိမ်မှု ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ နှစ်ဘက်စလုံးက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းကြဖို့နဲ့ အကြမ်းဖက် တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။ အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ မြန်ဆန်ထိရောက်ပြီး ထင်သာမြင်သာရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေ ကို တောင်းဆိုလိုက်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ရိုဟင်ဂျာအပါအ၀င် မူစလင်တွေ စတဲ့ ဒေသခံအဖွဲ့အားလုံးနဲ့ အတူတူ ပူးပေါင်း ဆောင်ရွက်ဖို့လည်း မြန်မာအာဏာပိုင်တွေကို မစ္စ် ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ကြိုးပမ်းချက်တွေ၊ ဒီကြိုးပမ်းမှုတွေမှာ ပါဝင်ကြသူတွေ အားလုံးကို ကြိုဆိုတဲ့အကြောင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေက မြန်မာနိုင်ငံတွင်း အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေ အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေ၊ ဘာသာရေးအုပ်စုတွေ အချင်းချင်းကြား အပြန်အလှန် နားလည်မှုတည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ ကို ထောက်ပြနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မတူကွဲပြားတဲ့ အုပ်စုတွေအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားတဲ့၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်ဖို့ မြန်မာနိုင်ငံ သားတွေ အတူတကွ ပူးပေါင်း ဆောင်ရွက် သွားကြဖို့ကိုလည်း ၀န်ကြီးကလင်တန်က တိုက်တွန်းသွားပါတယ်။

တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလည်း ရခိုင်ပြည်နယ်မှာ လူတွေသေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့ လတ် တလော အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်ရတဲ့ အကြောင်း ပြောဆိုပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ ကျေနပ် အားရစရာ ဖြစ်ပေမဲ့ အခြေအနေတွေ ပြန်လည် ကောင်းမွန် လာပြီလို့တော့ ယူဆတာ မဟုတ်တဲ့အကြောင်းနဲ့ အီးယူ ဥရောပ သမဂ္ဂ အနေနဲ့ လက်ရှိ အခြေအတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်းတွေကို ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ ပြောရေးဆိုခွင့်ရှိသူ Maja Kocijanic က ဗွီအိုအေကို ပြောပါတယ်။

“ကျမအနေနဲ့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က အခြေအနေကို အီးယူက အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာပါ။ အကြမ်းဖက်မှု၊ ထိခိုက်မှုတွေနဲ့ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်ပျက်ခဲ့ တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကိုကြားရတော့ ကျမတို့ တုန်လှုပ်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတရဲ့ ကြေညာချက်နဲ့ ကြေညာချက်ထဲမှာပါတဲ့ အချက်တွေကို ထင်ဟပ်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေကို ကျမတို့ ကြိုဆိုပါတယ်။ အခုလို ဖြေရှင်းရခက်တဲ့ လူ့အဖွဲ့အစည်း အချင်းချင်း အကြား ဖြစ်တဲ့ ပဋိပက္ခမှာ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ အခြေအနေကို မှန်ကန်တဲ့နည်းလမ်းတွေသုံးပြီး ကိုင်တွယ် ဆောင်ရွက်နိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအဖွဲ့တွေကြား ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေ နဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအတွက် အကူအညီပေးသွားရေး ဟာ ဥရောပသမဂ္ဂရဲ့ ဦးစားပေး လုပ်ငန်းတရပ်ပါလို့လည်း ဆိုပြီးတော့ အခုကိစ္စမှာလည်း သူတို့ဘက်က ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် မေးမြန်း ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း Maja Kocijanic က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က စလို့ အခုတကြိမ် ရခိုင်ပြည်နယ် တွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ ရပြီး ဖြစ်သလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။ အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သလို အဆုံးမသတ်နိုင်တဲ့ ရန်လိုမုန်းတီးစိတ်တွေ၊ လက်စားချေ လိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေ ကြီးမားကျယ်ပြန့်လာအောင် မလုပ်ကြဖို့ လူထုကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ရခိုင်ဘက်က မူစလင်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့ကို ပြန်လည် မောင်းထုတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေက ပြောပါတယ်။ တနင်္ဂနွေနေ့က မူစလင် ၂၀၀ လောက် သယ်ဆောင်လာတဲ့ လှေ ငါးစီးကို ပင်လယ်ထဲကို ပြန်ပြီး တွန်းပို့ခဲ့တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်က ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ကျေးရွာသူ အမျိုးသမီးတဦးကို မူစလင်လူငယ်တချို့က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလက်ရှိ အကြမ်းဖက်မှုတွေ စတင်လာခဲ့တာဖြစ်ပြီး စစ်တွေနဲ့ မောင်တောမြို့တွေမှာ အခြေအနေတွေက ဆက်ပြီး တင်းမာနေတုန်းပဲလို့ ဒေသခံတွေက ပြောကြပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

စင်ကာပူ(သို့မဟုတ်)ဘန်ကောက်ကို ဈေးဝယ်သွားမယ့် ပြေတီဦး ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့အကြောင်းပြောပြ





ပြေတီဦးကပြင်ဦးလွင်မှာဒါရိုက်တာဝိုင်း၊ ချစ်သုဝေတို့နဲ့ရိုက်နေတဲ့ ‘ဘော်ဘော်’ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ တော်တော်ဆိုးတဲ့ခပ် ပြောင်ပြောင် လူတစ်ယောက်အဖြစ်သရုပ် ဆောင်နေပြီးအပြင်မှာ ခပ်ပြောင်ပြောင်နေ တတ်တဲ့ပြေတီဦးက ဇာတ်ကားထဲက လူထက် ပိုပြောင်တယ်လို့ပြောပါတယ်။

လတ်တလော အထက် မြန်မာပြည်မှာထွက်ထားတဲ့ ‘မပြောင်းလဲသော ဆက်နွယ်မှု’ကားမှာ မိုးဟေကိုက ပြေတီဦးအဖေအဖြစ် သရုပ်ဆောင်ထား သလို၊ပြေတီဦးကမိုးဟေကို ကိုကန်တော့တဲ့ အခန်းလည်းပါတာမို့ အဲဒီကားအကြောင်း မေးတော့..”အဲဒီကားရိုက်တုန်းကတော့ မိုးဟေကို ကို ကျွန်တော့် အမေလုပ်ရမယ်ပြောတော့ မိုးဟေကို အော်နေတာတော့ အမှတ်တရပဲ” လို့ ပြောပါတယ်။

ပြေတီဦးက ဇွန်လ၉ရက်မှာ တော့ ရန်ကုန်ကိုပြန်မှာဖြစ်ပြီး၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ဒါရိုက်တာကျော်ဇောလင်း တို့နဲ့ဗီဒီယို၁ကားစီရိုက်ပြီးစင်ကာပူ(သို့မဟုတ်) ဘန်ကောက်ကို သွားမယ်လို့ သိရပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး ”ရှောပင်းလည်းပါ တယ်။ဆေးစစ်ဖို့လည်းပါတယ်။ အူဝဲမွေးနေ့ တုန်းက လက်ဆောင်ဝယ်ပေးမယ်ပြောပြီး မဝယ်ပေးဖြစ်သေးတာ အဲဒီကတိရှိတာ ကြောင့်ဒီကနေ ပြန်တာနဲ့ပြန်ဆပ်တဲ့ သဘောပေါ့။

သမီးတော့မပါဘူး။ ငယ်သေးလို့လေ။ လက်ဆောင် ကပြောတဲ့အတိုင်း ၁ခုပဲဖြစ်မလား မသိသေးပါဘူး။ အခြေအနေပေါ် မူတည်တာ ပေါ့”လို့ပြောပါတယ်။

ဒါရိုက်တာမောင်မျိုးမင်းရိုက်တဲ့ ‘မိုင်တိုင်၂၆’ကားမှာပြေတီဦး သရဲအခြောက်ခံရတဲ့ တကယ့်အဖြစ်အပျက်ကို ထည့်ရိုက်ထားတယ်လို့ပြောပါတယ်။ အဲဒါ လေးပြန်ပြောပါဦးဆိုတော့”အဲဒီ အဖြစ်အပျက်က နှစ်တွေ တော်တော်ကြာပြီ။၁ဝနှစ် လောက်ကိုရှိပြီထင်တယ်။ ဒါရိုက်တာက ညိုမင်းလွင်၊ မင်းသားက မင်းမော်ကွန်း၊ မင်းသမီးကအူဝဲကားနာမည်က ‘ရင်ကွဲ ဘီလူး’တဲ့။သူတို့က ရွိုင်ရယ်ပတ်ဗျူးမှာတည်း ကြတာ။ညကျတော့ ကျွန်တော်ရယ်၊ ညိုမင်းလွင်ရယ်၊နေလင်းရယ် သုံးယောက် သူတို့ဆီကိဆိုင်ကယ်တစ်စီးနဲ့ သွားကြတာ။

အဲဒီမှာ စားကြ၊သောက်ကြ၊သီချင်ဆိုကြနဲ့ပေါ့။ ပြီး တော့ ဓာတ်ပုံရိုက်ကြတော့မင်းမော်ကွန်းရယ်၊ သူ့မိန်းမရယ်၊အူဝဲ၊ကျွန်တော်၊ညိုမင်းလွင်၊ နေလင်းတို့၆ယောက် ဓာတ်ပုံရိုက်တာ ဘေးနားမှာ အငွေ့ကလူပုံစံမျိုးနဲ့ တစ်ယောက်က ပိုပိုနေတယ်။ပြီးတော့ ပူဖောင်းလို အလုံး ကြီးတွေပေါ်ပေါ်နေတယ်။

အဲဒါနဲ့ အူဝဲက လည်း သူအိပ်တော့မယ်။ မင်းမော်ကွန်းကလည်း သူလည်း အိပ်တော့မယ်ဆိုပြီး လစ်ရော၊ ၁ယောက်ပိုနေတော့ အားလုံးမျက်နှာတွေ ပျက်ပြီးပြန်ပြေးကြရော။ အပြန်မှာညိုမင်းလွင်က ပကြီးရယ် အကြောက်ပြေအောင် သီချင်းဆိုစမ်းပါဆိုတာနဲ့ ကျွန်တော်လည်း ‘ဟိုရှေ့ကခင်ပျိုရယ်ရုပ်အဆင်းက ချောလှတယ် တောအရပ်မှာမနေနဲ့ကွယ်မြို့ကိုလာ မောင်ခေါ်မယ်’လည်းဆိုရောကျွန် တ်ာတို့ နောက်ကို စူပါမင်းလိုပဲ ဆံပင်ရှည်ကြီးနဲ့ ကြည့်ပြီး ဆိုင်ကယ်ဘေးကနေလိုက် လာတာ ၃ယောက်စလုံးမြင်တယ်။

အဲဒါနဲ့ ဆိုင်ကယ် မမှောက်အောင်အတင်းမောင်းခိုင်းပြီးဟိုတယ် ရောက်မှပဲ လွတ်တော့တယ်။ တအားချမ်း တဲ့ အချိန်မှာ ၃ယောက်ဇောချွေးပြန်ခဲ့ရတဲ့ အဖြစ်ပေါ့ဗျာ”လို့ပြောပြခဲ့ပါတယ်။

နေကွန်းထင်

မူရင်းသတင်းက ဒီမှာပါ။

ငါးခူရတွင် ဒုက္ခသည် ၆၀၀ ခိုလုံ



မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ဘုန်းတော်ကြီး ကျောင်းတွင် ဒုက္ခသည် ၆၀၀ ခန့် ခိုလုံနေကြောင်း သတင်း ရရှိသည်။

“ အများစုက မိန်းမတွေနဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ စုစုပေါင်း ၆၀၀ ခန့်ရှိပါတယ်” ငါးခူရ ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် မတည်ငြိမ်မူများနှင့် အတူ မီးဟုန်းဟုန်း တောက်လောင်လျှက်ရှိသည်။

သူတို့နေထိုင်ရာ ကျေးရွာများတွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပွားမူ မရှိသေးသော်လည်း လုံခြုံရေးကို စိုးရိမ်သဖြင့် အမျိုးသမီးများနှင့် ကလေးများက ယခုကဲ့သို့ လာရောက်ခိုလုံနေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ ဒီမှာတော့ ပြဿနာ ဖြစ်ပွားတာတော့ မရှိသေးဘူး။ လောင်တုံးဆိုတဲ့ ရွာမှာတော့ ဒီလ ၉ ရက်နေ့က ဆူပူလိုတဲ့ သူတွေက မီးရှို့ဖို့ လုပ်ပါတယ်။ ပထမပိုင်းမှာတော့ နစက ကနေ မိုးပေါ် ထောင်ပစ်တယ်။ မရဘူး။ နောက်ပိုင်းမှာ နစကနေ တည့်တည့်ပစ်တယ်။ ထိသွားတော့ မလုပ်ရဲတော့ဘူး။ အဲဒီနောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေကို ဒီကို ပြောင်းထားကြတယ်” ဟု သူက ဆက်ပြောသည်။

အမျိုးသားများမှာ ကျေးရွာများတွင် ရွာကို စောင့်ပြီး ကျန်နေခဲ့ကြသည်ဟု သူက ဆိုသည်။

သူတို့အနေဖြင့် လက်ရှိ လိုအပ်ချက်များကိုလည်း သူက ယခုလို ပြောသည်။

“ ကျွန်တော်တို့ အဓိက လိုနေတာက ဆန်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဆန်က တစ်နေ့ကို သုံးအိတ်လိုပါတယ်။ ကြာလာတော့ မလွယ်ဘူးထင်ပါတယ်။ လုံခြုံရေးလည်း ဒီထက် တိုးချထားဖို့ လိုပါတယ်” ဟု ပြောသည်။

ငါးခူရ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံနေကြသော ကျေးရွာများမှာ ခံပြင်၊ ကပ်ပကောင်း၊ ရေမျှက်တောင်၊ စံပယ်ပင်ရင်း၊ အောက်ပြုးမ၊ အထက်ပြူးမ၊ လောင်းတုံးကျေးတို့ ဖြစ်ကြသည်။ အဆိုပါ ကျေးရွာများမှာ အိမ်ခြေ ၅၀ ၀န်းကျင်ရှိသော ရခိုင် ကျေးရွာများ ဖြစ်ကြသည်။

Narinjara News

မူရင်းသတင်းက ဒီမှာပါ။

မောင်တော အဓိဂရုဏ်းမှ ထွက်ပြေးလာသူများ ဘူးသီးတောင်သို့ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာ

လွန်ခဲ့သော သောကြာနေ့က ကျေးရွာများ မီးရှိုခံရပြီး အသက်လု ထွက်ပြေး လာကြသော ဒုက္ခသည်များမှာ တသုတ်ပြီး တသုတ် ဘူးသီးတောင်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။


မောင်တောမြို့ ခိုလုံနေကြသော ဒုက္ခသည်များ။

“ မနေ့က မောင်တောမြို့နယ် တောင်ပိုင်း သရေကုန်ဘောင်က လူပေါင်း ၁၅၀ ပါတဲ့ အုပ်စု တစ်ခု ရောက်လာပါတယ်။ သူတို့ကို အခု ဘူးသီးတောင် မြို့မ အလက (၁) မှာနေရာ ချပေးထားပါတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

၎င်းနောက်ပိုင်းတွင် တစ်ခြားရောက်ရှိလာသော အုပ်စု တစ်စုမှာ လူပေါင်း ၁၃၀ ပါဝင်ပြီး ကိုင်းကြီး ကျေးရွာမှ ဖြစ်သည်။ ၎င်းပြင် သုံးမိုင်မှ လူ ၅၀ ပါ အုပ် စု တစ်စုလည်း ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

“ သရေကုန်ဘောင်နဲ့ ကိုင်းကြီးက လူတွေက မေယူတောင်ကို တစ်နေ့နဲ့ တစ်ည ဖြတ်ကျော်ပြီးမှ ဘူးသီးတောင်ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ လမ်းမှာ ထမင်းငတ်ခဲ့ကြတဲ့ အတွက် လူတွေက တော်တော် နွမ်နယ် ပင်ပန်းနေကြပါတယ်။ အကုန်လုံးကို မြို့မ အလက ၁ မှာ နေရာချပေးထားပါတယ်” ဟု သူက ဆက်ပြောသည်။

သရေကုန်ဘောင်ကျေးရွာတွင် လူပေါင်း ၅၀၀ ခန့်ရှိပြီး ဘေးလွတ်ရာကို ထွက်ပြေးကြရာတွင် ထိုအထဲမှ ၁၅၀ မှာ ဘူးသီးတောင်သို့ ရောက်ရှိလာပြီး ကျန်လူများမှာ မောင်တောသို့ ရောက်ရှိသွားကြောင်း ဒေသ အတွင်းက လာသော သတင်းများ အရ သိရသည်။

ယခုအခါ မောင်တောမြို့နယ်မှ ထွက်ပြေးလာသူများ အပြင် တစ်ခြား ဘူးသီးတောင်နယ်မှ ထွက်ပြေးလာသူ ရခိုင်၊ ဒိုင်းနက်၊ ဗမာ၊ သက် လူမျိုး အရေအတွက်မှာ စုစုပေါင်း ၁၅၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။

“ အခု ပြဿနာက ဘူးသီးတောင်မှာ ဆန်လုံးဝ မရှိဘူး။ စစ်တွေက သင်္ဘောမလာတာလည်း သုံးလေးရက်ရှိနေပြီဆိုတော့ ဆန်က လုံးဝ ရှားနေပြီ။ အာဏာပိုင်တွေဘက်ကလည်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူအညီ မပေးနိုင်ဘူး။ အခု ပြဿနာက ဆန်မရှိတဲ့ ပြဿနာပါ” ဟု သူက ပြောသည်။

ဘူးသီးတောင်မြို့နယ်မှာ လူဦးရေ ထူထပ်ပြီး ဒေသ အတွင်းက ထွက်သော ဆန်နှင့် မလုံလောက်သဖြင့် တစ်ခြား ဒေသများမှ ဆန်များကို မြို့နယ် အတွင်း လူထု အနေဖြင့် မှီခိုအားထားနေကြရသည်။

“ အခု ဘူးသီးတောင် UN မှာတော့ ဆန်ရှိတယ်။ အဲဒါကို နည်းနည်း အကူအညီပေးဖို့ သွားပြောနေကြတယ်။ ရတော့ မရသေးဘူး။ တစ်ခြား ဘယ်နေရာမှ ဆန်မရှိဘူး ဖြစ်နေပါတယ်။ ဈေးဆိုင်တွေလည်း အကုန်လုံး ပိတ်ထားတယ်။ နောက်ထပ် သုံးလေးရက် အတွင်း စစ်တွေက ဆန်မလာရင် အများစု ထမင်းငတ်နိုင်တဲ့ အနေအထား ရှိပါတယ်” တခြား ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ဒုက္ခသည် အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ များလာနေသဖြင့် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ဆန်များ အချိန်မှီ ဘူးသီးတောင်သို့ ရောက်ရှိအောင် မတင်ပို့နိုင်ပါက အခြေအနေမှာ ဆိုးရွားသွားးနိုင်ကြောင်း ဘူးသီးတောင် ဒေသခံများက ပြောသည်။

Narinjara News

မူရင်းသတင်းက ဒီမှာပါ။

မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ

အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။

ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။ စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

လျှပ်တပြက်ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ

ယခုသီတင်းပတ်ထုတ် လျှပ်တပြက်ဂျာနယ်တွင် ကျောက်နီမော် အဖြစ်အပျက်ကို ရောင်စုံ သတင်းဓါတ်ပုံနှင့် တကွဖေါ်ပြခဲ့ခြင်းကြောင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာနမှ ဂျာနယ် ထုတ်ဝေခွင့်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ညနေ စာပေစိစစ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။

ယင်းသတင်းဖေါ်ပြချက်ကို လက်ရှိ တည်နေဆဲဖြစ်သည့် စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ကြိုတင်တင်ပြခြင်း မရှိခဲ့ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခုလို ဂျာနယ် ထုတ်ဝေခွင့်ရပ်ဆိုင်းခံရခြင်းသည် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရ တက်လာပြီး ၁ နှစ်ကျော်ကာလအတွင်း ပထမဆုံး ဂျာနယ်တစောင်အား ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်သည်။

စာပေစိစစ်ရေး လုပ်ငန်းစဉ်ကို လာမည့်လကုန်တွင် ရုပ်သိမ်းတော့မည်ဟု သတင်းထွက်ပေါ်နေစဉ်၊ မီဒီယာ ဥပဒေသစ်ကို လွှတ်တော်တွင် တင်သွင်းအတည်ပြုရန် ပြင်ဆင်နေစဉ်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တရပ်ကို ထပ်မံဖေါ်ပြသည့် အတွက် အပတ်စဉ်ထုတ်ဂျာနယ်တစောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ပတ္တမြားမြို့သစ်နှင့် ရဲတပ်ရင်းကိစ္စအား ပြည်ထဲရေးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ထပ်မံစစ်ဆေး

မေလလယ်က ဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အတွင်းသို့ အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲများ ၀င်ရောက်ရိုက်နှက်သည့်ကိစ္စအား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် အထူးစုံစမ်းရေးအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့က ထပ်မံစစ်ဆေးလျက်ရှိကြောင်း အစစ်ဆေးခံရ သူများကပြောသည်။

အစစ်ဆေးခံခဲ့ရသူတစ်ဦးဖြစ်သည့် ပတ္တမြားမြို့သစ်နေ ဦးနွေဦးက " ကျွန်တော့်နာမည်နဲ့တိုင်တာဆိုတော့ ကျွန်တော့်ကို တိုင်စာမှာ ဘာထပ်ဖြည့်ချင်သေးလည်းမေးတာပါ။ အခုသူတို့အဖွဲ့က ပြည်သူတွေဘက်က တကယ်လုပ်ပေးမယ်လို့ခံစားမိတယ်။ အရင်စစ်ခဲ့တဲ့သူတွေနဲ့ မေးခွန်းမေးတာကိုက ကွာတယ် " ဟုပြောသည်။

ယခင်က ရဲမှူးများပါသည့် ခုံအဖွဲ့သည် ရပ်ကွက်နေပြည်သူများနှင့် လုံခြုံရေးရဲများ၏ အရိုက်နှက်ခံရသည့် လူငယ်များကို ခေါ်ယူစစ်ဆေးခဲ့သော်လည်း မေးခွန်းများမေးမြန်းရာတွင် မသမာမှုရှိသည်ဟု ခံစားခဲ့ရကြောင်း ၎င်းကပြောသည်။

ယခုအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုက်ကြီးမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသည်ဟုသိရကြောင်း၊ လာရောက်မေးမြန်းခဲ့သူများတွင် မြို့နယ်မှူး ( သုံးပွင့်) အဆင့်ရှိသည့် တစ်ဦးသာ ရဲဝတ်စုံ ၀တ်ဆင်ထားပြီး ကျန်သူများမှာ အရပ်ဝတ်ဖြင့်ပင် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ အမည်ကိုမူ မသိရကြောင်း ဦးနွေဦးကဆက်ပြောသည်။

အစစ်ဆေးခံခဲ့ရသူနောက်တစ်ဦးဖြစ်သည့် ဗျိုက်ကလည်း " ကျွန်တော့်ကိုမေးတာတော့ ဖြစ်စဉ်မှန်ကန်မှု ရှိမရှိ အတည်ပြုတာပါ။ ကျန်တာတော့ ဘာမှ မမေးပါဘူး " ဟုပြောသည်။

အမှတ် (၈) ရဲတပ်ရင်းမှ လုံခြုံရေးရဲ အယောက် ၇၀ ခန့်သည် မေလ ၁၆ ရက်နေ့က ပတ္တမြားမြို့သစ်အတွင်း ၀င်ရောက်ရိုက်နှက်ခဲ့ပြီး ထိုသို့ ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးအပါအ၀င် လူငယ် ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သော ရဲဝန်ထမ်း ၈ ဦးအား စစ်ခုံရုံးတွင် စစ်ဆေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အမှတ် (၈) ရဲတပ်ရင်းသည် ပတ္တမြားမြို့သစ်အနီးတွင်တည်ရှိပြီး ယခင်ကလည်း အလားတူပြဿနာမျိုး နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများကပြောသည်။

by Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ကုလသမဂ္ဂ ပြည်တွင်းဝန်ထမ်းတဦး ထိန်းသိမ်းထား



မကြာမီရက်ပိုင်းက မောင်တောမြို့၌ ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကို စတင်မီးမွှေးရာတွင် ပါဝင်သူဟု သင်္ကာမကင်းသူ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို မောင်တောမြို့၌ ဖမ်းဆီးစစ်ဆေးနေသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။

ဆူပူ အကြမ်းဖက်မှု စတင်ဖြစ်ပွားသည့် ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ကုလ သမဂ္ဂ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်က တောင်ကုတ်မြို့တွင် အမည်မသိ လူအုပ်စု၏ သတ်ဖြတ်မှုခံရသူများ အတွက် ဆုတောင်းရန် အာဏာပိုင်များထံ ခွင့်တောင်းခဲ့သည်ဟု ဆိုသည်။

၎င်းက မည်သည့်ပြဿနာမှ မဖြစ်ပွားစေရန် အာဏာပိုင်များထံ ကတိပေးခဲ့ကြောင်းလည်း မောင်တောမြို့ခံက ပြောသည်။

၎င်းနောက် ဇွန်လ ၈ ရက်နေ့နေ့လည် ဆူပူ အကြမ်းဖက်မှုများ စတင်လာသည့်နောက် ဆုတောင်းခွင့်တောင်းခံသူ ဒေါက်တာထွန်းအောင် အားဖမ်းဆီး စစ်ဆေးလျှက်ရှိခြင်းဖြစ်သည်။

၎င်း၏ သမီးဖြစ်သူ ဒေါ်မြနန္ဒာအောင်အားလည်း စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်လာရန် ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်၌ ထိန်းသိမ်းလိုက်ကာ စစ်မေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

စစ်တွေတွင် အကြမ်းဖက်သူများဘက်မှ လောင်ချာဖြင့် ပစ်ခတ်မှုရှိ

စစ်တွေမြို့ပြင်တွင် ဖြစ်ပွားသည့် အဖြစ်အပျက်၌ အကြမ်းဖက်သူများဘက်မှ RPG ပခုံးထမ်းလောင်ချာ ဖြင့်ပစ်ခတ်မှုရှိခဲ့သည်ဟု စစ်တွေမြို့ခံ များက ပြောသည်။

ယနေ့တနေ့လုံး စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရမှုနှင့် အပြန်အလှန်ပစ်ခတ်မှုများ အတွင်း အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။

စစ်တွေ အပါအ၀င် မြို့နယ်၎ ခုတွင် ယမန်နေ့မွန်းလွဲပိုင်းက ပုဒ်မ (၁၄၄) အရ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီး ရခိုင်ပြည်နယ် တခုလုံးကိုမူ အရေးပေါ် အခြေအနေကြေညာထားသည်။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ပေါက်တောမြို့ မှာ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီလူမျိုး (၁၀)ဦးနှင့် ရခိုင်တိုင်းရင်းသား (၄) ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များ တာဝန်ထမ်းဆောင်နေစဉ်

ရခိုင်ပြည်နယ် ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)

၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း တား၍ မရခဲ့ပေ။ ၄င်းနောက် ၁၇၀၀ နာရီချိန်တွင် တပ်မတော်ကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးခဲ့ရာ ယင်းအုပ်စု (၂)စု အကြားတွင် တပ်မတော်မှ တံတိုင်းကာ၍ စည်းများ သတိပေးပြောကြားကာ တားမြစ်ခဲ့သည်။

သို့သော်လည်း နှစ်ဘက်စလုံးမှ နောက်မဆုတ်ဘဲ တစ်ဘက်နှင့်တစ်ဘက် မီးရှို့ထားသော ဓါတ်ဆီ ပုလင်းများ၊ ခဲများဖြင့် ပစ်ခတ်ကာ ဆက်တက်လာခဲ့သည်။ နှစ်ဘက်စလုံးအား တက်မလာဘဲ နောက်ဆုတ်ကြရန် ထပ်မဲ ပြောကြားခဲ့သော်လည်း လက်မခံဘဲ တက်လာကြသဖြင့် တပ်မတော်မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင်း ဘင်္ဂါလီလူမျိုး ၁၀ ဦး(၁ ဦးစိုးရိမ်ရ၊ ၉ ဦး မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား (၄)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်အတွင်းသို့ ၀င်ရောက် အကြမ်းဖက်ရန် လွန်ခဲ့သော ခြောက်လခန့်ကပင် ဘင်္ဂါလီ ရိုဟင်ဂျာများ အကွက်ချစီစဉ်ခဲ့ခြင်းဖြစ်

ယခုကဲ့သို့ ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက် အကြမ်းဖက်ရန် လွန်ခဲ့သော ခြောက်လခန့်ကပင် ဘင်္ဂါလီ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် သမားများက အကွက်ကျကျ ဖန်တီးစီမံခဲ့ကြခြင်း ဖြစ်။

ဘင်္ဂါလီရိုဟင်များ လွန်ခဲ့သော ခြောက်လခန့်ကပင် စနစ်တကျ စစ်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်းကို ၂၀၁၂ ခု ဇန်န၀ါရီလ ၈ ရက် နေ့စွဲဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ The Somokal သတင်းဌာနက အောက်ပါအတိုင်း ရေးသား တင်ပြထားသည်။

ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုများ ပေါင်းစည်း။ခိုင်လုံသော သတင်းရင်းမြစ်များအရ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး တာကာငွေ သန်း ငါးရာ ကို လက်နက် ခဲယမ်းမီးကျောက်များ ၀ယ်ယူရန် စုဆောင်းနေကြသည်။

အဆိုပါ သတင်းအရ Rohingya Solidarity Organization (RSO), ရိုဟင်ဂျာ အဖွဲ့ ဖြစ်သော Arakan Movement, Arakan People’s Freedom Party အမည်ခံထားသည့် ရိုဟင်ဂျာ အဖွဲ့ နှင့် Arakan Rohingya National Organization (ARNO) တို့သည် အဖွဲ့အစည်း တစ်ခုတည်း အဖြစ် ပေါင်းစည်း လှုပ်ရှားနေကြသည်။


ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့်
ဒေါက်တာ ၀ါကာအူဒင်း Wakar Uddin (ထိုင်နေသူ၊ ၀ဲမှ ဒုတိယမြောက်)၊
မိုဟာမက် ယူနွတ် Muhammad Yunus, (ရပ်နေသူ) တို့အား တွေ့ရစဉ်


ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သည့် RSO ဥက္ကဋ္ဌ Dr Muhammad Yunus၊ ရိုဟင်ဂျာ ခေါင်းဆောင် များ ဖြစ်ကြသော Dr Wakar Uddin, Abul Fayaz Zilani, Nurul Islam, Salamat Ullah, Muhammad Shafi Ullah, Nazmul Alam, တို့သည် ဆော်ဒီ အာရေဗျနိုင်ငံ ရိယာ့ဒ် မြို့တွင် အစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး Arakan Rohingya Union (ARU) ဟူသည့် တစ်ခုတည်းသော အလံအောက်တွင် ရိုဟင်ဂျာ စစ်သွေးကြွများ အားလုံး စစ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။ ပေါင်းစည်းလိုက်သော အဖွဲ့သစ်၏ တာဝန်ခံများ အဖြစ် Dr Muhammad Yunus, Abul Fayaz Zilani, and Nurul Islam တို့ကို တာဝန် ပေးအပ်ခဲ့ကြသည်။


ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင်ကြီး Nurul Islam
အဆိုပါ အစည်းအဝေးပြီးနောက် များမကြာမီပင် ထိပ်တန်း ခေါင်းဆောင်များ အနေဖြင့် ရန်ပုံငွေများ ရှာဖွေခဲ့ကြပြီး လက်နက် ခဲယမ်း မီးကျောက်များ ၀ယ်ယူ စုဆောင်းခဲ့ကြကြောင်း အဆိုပါ သတင်းရင်းမြစ်အရ သိရသည်။

ရိုဟင်ဂျာ ထိပ်တန်းခေါင်းဆောင် တစ်ဦး ဖြစ်သော Salamat Ullah သည် လွန်ခဲ့သော ဒီဇင်ဘာလ အတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဒေသ Chunoti တွင် ရိုဟင်ဂျာ စစ်သွေးကြွများကို ဦးဆောင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် Nazmul Alam သည် ရိယာ့ဒ်မှ ဘန်ကောက်သို့ သွားရောက်ခဲ့ပြီး Abu Siddiq Arman မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ဧရိယာ၏ coordinator အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။ ထို့ပြင် ရိုဟင်ဂျာ စစ်သွေးကြွများ၏ ထိပ်ပိုင်း ခေါင်းဆောင်များမှာ ကော့ဘဇားတွင် အခြေစိုက်လျက်ရှိကြသည်။ ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင် တစ်ဦးဖြစ်သော Nur Muhammad ကို လွန်ခဲ့သော ရက်အနည်းခန့်က ကော့ဘဇားမြို့တွင် ခြေရာခံမိခဲ့သေးသည်။

မကြာသေးမီ နှစ်များက ရိုဟင်ဂျာ စစ်သွေးကြွ အုပ်စုများမှာ အုပ်စုငယ်များ အဖြစ် ကွဲပြားနေကြသော်လည်း ယခုအခါ တစ်ခုတည်းသော အလံအောက်တွင် စုရုံးမိကြပြီး ရံပုံငွေများ စုဆောင်း ရရှိနေပြီဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ စစ်သွေးကြွများ အနေဖြင့် တရားမ၀င် မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ လူကုန်ကူးခြင်း၊ နှင့် တရားမ၀င် လက်နက် ရောင်းဝယ်ခြင်းများကို လုပ်ဆောင်လျက် ရှိကြသည်။ ယခင် သတင်းပတ်က ဆိုလျှင် ရိုဟင်ဂျာ လက်နက် ရောင်းဝယ်သူ တစ်ဦးကို Gorzonia ဧရိယာတွင် AK-47 လက်နက် ဖြင့် ဖမ်းမိခဲ့သေးသည်။ အဆိုပါ လက်နက်ကို တာကာငွေ သုံးသိန်းခွဲဖြင့် ၀ယ်ယူခဲ့ပြီး တာကာ လေးသိန်းဖြင့် ပြန်လည် ရောင်းချရန် ဖြစ်သည်ဟု ဖမ်းမိသူက ပြောသည်။

ရိုဟင်ဂျာ စစ်သွေးကြွတို့ အနေဖြင့် NGO Operation များ ကို အကြောင်းပြုပြီး ရံပုံငွေများ ရရှိထားကြောင်း တစ်ခုမကသော သတင်းရင်းမြစ်များက အတည်ပြုကြသည်။ အဆိုပါ Operation များမှ နေ၍ တာကာငွေ သန်း ၂၅၀ ခန့်ကို ဘင်္ဂလားဒေ့ရှနိုင်ငံ ကော့ဘဇားနှင့် ဘင်ဒရိုဘင် ဒေသများ တွင် Muslim Aid, ကရုဏာ၊ Imam Muslim, Darul Ansar, Sammannito Manabik Uddyog စသဖြင့် လူမှုရေး အမည်အမျိုးမျိုးတပ်ပြီး စုဆောင်းထားကြသည်။

ငွေကြေးများကို ဘာသာရေး အဖွဲ့အစည်းများစွာနှင့် စစ်သွေးကြွများထံသို့ ဟွန်ဒီများမှ တစ်ဆင့် လွှဲပေးကြသည်။ မကြာသေးမီက စုံစမ်းစစ်ဆေးမှုများ အရ ကော့ဘဇားခရိုင် Zhilongza ရှိ Imam Muslim Islamic Centre မှ စစ်သွေးကြွများ ၏ ငွေကြေး အထောက်အပံ့များဖြင့် လည်ပတ်နေကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်း၏ ဒါရိုက်တာ Hafez Sala-ul Islam မှာ RSO- ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး စစ်သွေးကြွ အဖွဲ့၏ chief coordinator ဖြစ်သည်။ စုံစမ်းမှုများအရ စစ်သွေးကြွမှုများ၏ လှုပ်ရှားမှုများကို စစ်တကောင်းနှင့် ကော့ဘဇားတို့တွင် မွတ်စလင် စာသင်ကျောင်းများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နှင့် NGO များမှ တစ်ဆင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။

RSO စစ်သွေးကြွ အဖွဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှုးဟောင်း ဖြစ်သော Salamat Ullah မှာ ကော့ဘဇားခရိုင်၊ Kalatali တွင် Adarsha shikha Niketon အမည်ဖြင့် မွတ်စလင် စာသင်ကျောင်းတစ်ခု ဖွင့်လှစ်ထားသည်။ RSO စီအီးစီ အဖွဲ့၏ ဒုဥက္ကဌ ဖြစ်သော Muhammad Zaber နှင့် အဖွဲ့ဝင် Nur Muhammad တို့မှာလည်း ထိုကျောင်းတွင် တာဝန် ထမ်းဆောင်နေကြသည်။ ရိုဟင်ဂျာ စစ်သွေးကြွတို့သည် ကော့ဘဇားရှိ ဒုက္ခသည် စခန်း နှစ်ခုကိုလည်း သူတို့၏ နက်ဝပ် များအဖြစ် အသုံးပြုနေကြသည်။ တရားမ၀င် နေထိုင်ကြသည့် စစ်သွေးကြွများမှာ ဒုက္ခသည် စခန်းများမှ နေ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန် အကွက်ကျကျ စီစဉ်နေကြသည်။ ထို ဒုက္ခသည် စခန်းများမှ သိသာ ထင်ရှားသည့် စစ်သွေးကြွများမှာ Ali Zohar, Haji Fazal, Rafiq Ahmad, Hafiz Nayan, Lalu Daktar, Shamsu Majhi, Hafiz Zalal, Moulana Shafiullah, Nurul Haque Mazhi, Nur Mohammad, Abdul Rashid, Mohammad Sayed, Abu Qader, Abu Yahiya, Hamid, Ruhul Amin နှင့် Abdullah Mohammad တို့ ဖြစ်ကြသည်။

စစ်သွေးကြွ သုံးရာခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘာသာရေး လုပ်ငန်း ဆောင်ရွက်သူများ အသွင်ဆောင်လျက် မြေအောက်လှုပ်ရှားနေကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အများစုမှ အာဖဂန်နစ္စတန်တွင် စစ်သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ကြသည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့အနေဖြင့် ဒုက္ခသည် စခန်းများ အတွင်းတရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်လိုကြောင်း၊ သို့သော် ဒုက္ခသည် စခန်းများရှိ နိုင်ငံတကာ အဖွဲ့အစည်းများ ကြောင့် လုပ်ဆောင်ရ ခက်ခဲကြောင်း၊ လွန်စွာ တိကျသော သတင်းမရရှိဘဲ ဒုက္ခသည် စခန်းများကို စီးနင်း သိမ်းပိုက်ခြင်းများ လုပ်ဆောင်ရန် မလွယ်ကူကြောင်း ကော့ဘဇား ခရိုင် ဒုတိယ ရဲမှူးကြီး Chatradhor Tripura က ပြောသည်။ အဆိုပါ အခြေအနေများကို ရိုဟင်ဂျာ အကြမ်းဖက် သမား terrorists များက အမြတ်ထုတ် အသုံးချနေကြခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ဤကဲ့သို့ ဘင်္ဂလီရိုဟင်ဂျာများက အကွက်ချ စီစဉ် နေခြင်းကို လွန်ခဲ့သော ခြောက်လခန့် (၂၀၁၂ ဇန်န၀ါရီ ၈ ရက်) နေ့ ကတည်းကပင် အောက်ပါ သတင်းတွင် မူရင်း ဘင်္ဂလီဘာသာဖြင့် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်သည်။

http://www.samakal.com.bd/details.php?news=14&view=archiev&y=2012&m=01&d=08&action=&menu_type=&option=single&news_id=224178&pub_no=925&type=

မြန်မာပြည်သူများ အနေဖြင့် ဘင်္ဂလီ ရိုဟင်ဂျာ စစ်သွေးကြွများ၏ လှုပ်ရှားမှုများကို အသေးစိတ် သိရှိစေရန် အတွက် ယခုကဲ့သို့ မြန်မာဘာသာဖြင့် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။

Counter Check လုပ်လိုသူများ အနေဖြင့် Google Translate သို့ သွားရောက်ပြီး ဘင်္ဂလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ဖတ်ရှုနိုင်ကြပါသည်။ အသေးစိတ် နားလည်နိုင်မည် မဟုတ်သော်လည်း Rakkhapureans တွင် ဖော်ပြထားချက်များ၏ မူရင်း ဘင်္ဂလီဘာသာ သတင်းဖြစ်သည်ကို ရိပ်စားနိုင်ကြမည်ဟု ယုံကြည်ပါသည်။


ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင်ကြီး Nurul Islam (၀ဲစွန်)

by We are Rakkhapureans

မူရင်းသတင်းက ဒီမှာပါ။

မသီတာထွေး အမှု ဒုတိယနေ့ ကြားနာစစ်ဆေး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်၍ ပစ္စည်းလုယူမှုနှင့် ပတ်သက်၍ ကျောက်ဖြူ ခရိုင်တရားရုံး၌ ဒုတိယနေ့ကြားနာ စစ်ဆေးခြင်းကို တနင်္လာနေ့က ပြုလုပ်ခဲ့သည်။

ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ယခုရုံးချိန်းတွင် ကျန်ရှိသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးနှင့် တရားလိုပြ သက်သေ ကိုးဦးတို့အား စစ်ဆေးမှုကို ခရိုင်တရားသူကြီးဒေါ်ဌေးဌေးကြည် က ကြားနားခဲ့ခြင်း ဖြစ်သည်။

သက်သေများ စစ်ဆေးမှုကို ရုံးချိန်ကုန်ဆုံးသည်အထိ မပြီးဆုံးနိုင်ခဲ့၍ နောက်ရက်များတွင် ဆက်လက်စစ်ဆေး ကြားနာရမှာဖြစ်ကြောင်း တရားရုံးသို့ သွားရာက်လေ့လာခဲ့သည့် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“ကျန်တဲ့တရားခံများကို ဒီနေ့စပြီး ရုံးတင်တယ်။ သက်သေတွေ စစ်တယ်။ သက်သေတွေ စစ်နေတုန်း ၆ ယောက်၊ ၇ ယောက်လောက် ပြီးသွားပြီ။ တရားရုံးနားမှာ ကျနော်တို့လည်း လာလေ့လာနေတာ။ ကျောက်ဖြူခရိုင် ဥပဒေ အရာရှိကတော့ ဦးစောမြ။ တရားခံဘက်က ရှေ့နေက အထက်တန်းရှေ့နေ ဦးဘမောင်” ဟု ပြောသည်။

တရားလိုပြ သက်သေများ စစ်ဆေးပြီးမှ သက်ဆိုင်ရာပုဒ်မများဖြင့် စွဲချက်တင်နိုင်မှာ ဖြစ်ကြောင်း ဆက်ပြောသည်။

“အကြောင်းခြင်းရာက ပစ္စည်းလုတယ်၊ မုဒိန်းကျင့်တယ်။ လူသတ်တယ်။ ဒီ ကလေးမလေးဆီက ရွှေတွေ ငွေတွေ လုယူတယ်။ ဒီကလေးမကို မုဒိန်းကျင့်တယ်။ သတ်လိုက်တဲ့အမှုရယ်။ ပြစ်မှု သုံးမှု။ အဲဒီပြစ်မှုတွေထဲမှာ သေဒဏ် ကျထိုက်တဲ့ အမှု ပါတဲ့အတွက်ကြောင့် တဘက်က ရှေ့နေမပါဘဲ အမှုစစ်လို့မရဘူး။ သူ့မိသားစု ဘက်ကလည်းရှေ့နေ ငှားရမ်း မဖြစ်တော့ကာ နိုင်ငံတော်စားရိတ်နဲ့ ရှေ့နေ ငှားပေးတယ်” ဟု ကိုယ်တိုင် ရှေ့နေကြီးတဦးဖြစ်သည့် ဦးဘရှိန် က ပြောသည်။

ကြားနာမှု ပြုနေစဉ် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ချထားသည့်အပြင် မိုး အနည်းငယ် ရွာသွန်းနေသော်လည်း တရားရုံးတော်သို့ စိတ်ပါဝင်စားသူ ဒေသခံလူ ၁၀၀ ခန့်နှင့် အာဏာပိုင်များ၊ နိုင်ငံရေးပါတီများ ရုံးတော်သို့ လာရောက် နားထောင်ခဲ့ကြသည်။

“ရွာထဲကလည်း တော်တော်လာ နားထောင်ကြပါတယ်။ ပါတီကလည်း လာကြတယ်။ ရပ်မိရပ်ဖတွေကလည်း လာကြပါတယ်။ အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဖေ၊ ပြည်နယ် ဝန်ကြီးဦးအောင်သန်းလည်းရောက်လာပါတယ်။ ရုံးကတော့ မနက်ဖြန်ထပ်ချိန်းမှာ သေချာတယ်” ဟု ဦးဘရှိန် က ပြောသည်။

မသီတာထွေး အမှု အပါအဝင် ရခိုင်ပြည်နယ်တွင်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ တရားဥပဒေအရ လျှင်မြန်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများ၊ နိုင်ငံရေးပါတီများနှင့် သမ္မတနှင့် အစိုးရထုတ်ပြန်ချက်များအရ လိုလားနေကြသည့် အလျောက် ဤအမှု မှန်ကန် လျှင်မြန်စွာ အရေးယူဆောင်ရွက်ပြီးစီးရန် လိုအပ်နေသည်။

“တရားစွဲဆိုသည့် အဖွဲ့အစည်းများဖြစ်သည့် ဥပဒေရုံး၊ ရဲတပ်ဖွဲ့တို့က စစ်ရမယ့် သက်သေတွေကို တရားခွင်ထဲ မြန်မြန် ထက်ထက်ရောက်နိုင်အောင် အကူအညီပေးဖို့တော့ သူတို့မှာ အဆင်သင့်ပြင်ထား တယ်ဆိုတာ ကျနော်တို့တွေ့ရပါ တယ်” ဟု ၎င်း လေ့လာ တွေ့ရှိရသည်ကို ဦးဘရှိန် က ပြောသည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်တွင် မသီတာထွေး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး မသင်္ကာသူ သုံးဦးကို ထိုနေ့ညမှာပင် ဒေသခံ ရဲစခန်းမှ ဖမ်းဆီးထားခဲ့သည်။

သို့သော် ထိုအဖြစ်အပျက်မှ စတင်ခဲ့သည့် လူမျိုးရေး တင်းမာမှုများမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံများက သတ်ဖြတ်မှုအထိ ဖြစ်ပွားခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအား ဖြစ်ရပ်အမှန် ဖော်ထုတ် နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်သော ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းထားသည်။

ဇွန်လ ၈ ရက်နေ့တွင် မူဆလင် အများစု နေထိုင်ရာ မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားလာ၍ ဘူးသီးတောင်မြို့နှင့်အတူ ညမထွက်ရ၊ လူမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ရသည်။

ထိုမှတဆင့် အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ကူးစက်ပြန့်နှံ့လာကာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ရမ်းဗြဲ မြို့များ တွင်လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာ၍ ပုဒ်မ ၁၄၄ ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတော့သောကြောင့် သမ္မတ ဦးသိန်းစိန်သည် “အရေးပေါ် အခြေအနေ” ကို ဇွန်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ညနေပိုင်းတွင် ထုတ်ပြန်လိုက်ပြီး နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်နေသည်။

မူရင်းသတင်းက ဒီမှာပါ။

ရေနံမြေ အလုပ်သမား သပိတ် နောက်ပိုင်း အကြီး ဆုံး အလုပ်သမား သပိတ် ချီတက် မှု စပြီ



မန္တလေး တိုင်း ရမည်း သင်း မြို့ နယ် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ လက်အောက် ရှိရွှေတွင်း တူးဖော် ရေး လုပ်ငန်း တွင် တာဝန်ထမ်းဆောင် နေသည့် ရွှေတွင်း တူး လုပ်သားများသည် ဇွန်လ ၁ ရက်နေ့  ကတည်း က ဆန္ဒပြ တောင်းဆိုချက် များ ကို ကုမ္ပဏီ မှ လိုက်လျောပေး ခြင်း မရှိ သဖြင့် ဇွန် လ ၁၁ ရက်နေ့  နံနက် ၁၀ နာရီ မှ စတင် ကာ ရမည်း သင်း ရှိ ရွှေ တွင်းမှ သည် နေ ပြည်တော် သို့  ချီ တက် ဆန္ဒပြ ကြသည်။

ချီတက် ဆန္ဒပြ သည့် ရွှေတွင်း တူး အလုပ်သမား များ ယနေ့ ည တွင် ရမည်း သင်း မြို့  အ၀င် ရှိ ရွှေ မြင် တင် ဘုရား တွင် ညအိပ် ရပ် နား မည် ဖြစ် ပြီး ဇွန်လ ၁၂ ရက်နေ့ နံ နက် အစော ပိုင်း တွင် ငါးပါး သီလခံ ပြီး ဘုရား မှ ဆက် လက် ထွက် ခွာ က ရမည်းသင်း မြို့  ကို ဖြတ် ပြီး နေပြည် တော် သို့  ချီတက် မည် ဟု ချီတက် ဆန္ဒပြ သည့် ရွှေ တွင်း လုပ်သမား တစ်ဦး ဖြစ်သည့် ကိုအောင် သန်းမြင့် က FNG သို့  ပြောသည်။

ဆန္ဒပြ ချီ တက် ရာ တွင် လူ ၂၀၀၀ ခန့်  ပါဝင် ပြီး တောင်ပေါ် မှ တောင်အောက် သို့  ဆင်းရန် အတွက် ကုမ္ပဏီ မှ မော်တော် ကား များ ကို အသုံး ပြု ခွင့် မပေး ခြင်း ကြောင့် ဆန္ဒပြ ရန် အတွက် လိုက်ပါမည့် သူ နည်းရခြင်း ဖြစ်သည် ဟူ ချီတက် လမ်းလျှောက် သူ တစ်ဦး က ပြောသည်။

ဆန္ဒပြ ချီတက် မှု သည် ဗုဒ္ဓဟူး နေ့ တွင် တပ် ကုန်း မြို့  ကို ၀င်ရောက် မည် ဖြစ်ကာ သောကြာ နေ့ နံနက် တွင် နေပြည်တော် မြို့  ကို ၀င်ရောက် နိုင် မည် ဟု ခန့် မှန်းထား သည် ။ ဆန္ဒပြ ချီတက် သည့် ရွှေတွင်း အလုပ်သမား များ ကို နိုင်ငံရေး သမား များ အကျိုးဆောင် ကူညီရေး ကွန်ယက် မိတ္ထီလာ ပြည့် သူ့  အကျိုးဆောင် ကွန်ယက် များ မှာ လိုက် လံ ကူညီစောင့် ရှောက် မှု များ ပြုလုပ် လျှက် ရှိသည်။

မိုးထိ-မိုးမိ ရွှေတွင်း တူး အလုပ်သမား များ ၏ ချီတက် ဆန္ဒပြ မှု သည် ၁၉၃၈ ခုနှစ် ရေနံမြေ အလုပ် သမား သပိတ် မကွေး မှ ရန်ကုန် သို့  ချီတက် မှု ပြီး လျှင် ဒုတိယ မြောက် မိုင်ပေါင်း ရာ ချီ ချီတက် ဆန္ဒပြ ခြင်း ဖြစ်သည်။ ရွှေတွင်း အလုပ် သမား များ ၏ ချီတက် ဆန္ဒပြ မှု ကို လမ်းခရီး တစ်လျှောက် ရှိ ပြည်သူ များ က အား ပေး ထောက်ခံ မှု ပြု ကာ အချို့  က ပူးပေါင်း ပါဝင် ချီတက် ကြသည် ဟု သိရသည်။

ဆန္ဒပြ ချီတက် သူ များ သည် နေ ပြည်တော် သို့  ရောက် လျှင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ ရုံးချုပ် နှင့် အခြား သက်ဆိုင် သည့် နေရာ ဌာန များ ရှေ့ တွင် ၎င်းတို့  တောင်းဆို ထား မှု ရရှိရန် ဆက်လက် ဆန္ဒ ပြ သွား မည် ဖြစ်သည်။

မိုးထိ-မိုးမိ တောင်ပေါ် ရွှေ တွင်း တွင် ဆန္ဒပြ စဉ် က အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ သည် ဆန္ဒပြ သူများ ကို လာရောက် တွေ့ ဆုံသည့် အဖွဲ့  အစည်းများ သတင်း မီဒီယာ များ ကို တွေ့ ဆုံ ခွင့် မပြု ခဲ့ ဟု သိရသည်။

( YE AUNG THU, AFP/Getty Images / May 10, 2012 )

မူရင်းသတင်းက ဒီမှာပါ။