Tuesday, June 5, 2012

ကော့သောင်းမြို့နယ်တွင် ပေါက်ကွဲသံကြီးတစ်သံနှင့် ငလျှင်လှုပ်ရှားမှုတစ်ခုဖြစ်ပွား



တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ယနေ့နေလည် ၁၂ နာရီ ၁၇ မီနစ်ခန့်တွင် ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပွားပြီး ကော့သောင်းတစ်မြို့နယ်လုးံ စက္ကန့်အနည်းငယ်ကြာ ငလျှင်လှုပ်ရှားမှု တစ်ခုဖြစ် ပွားခဲ့ပါတယ်။

၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး ကော့သောင်းမြို့နယ်ဘုရင့်နောင်ရပ်ကွက်၊ ကမ်းနားပိုင်း တွင်နေထိုင်သော အသက် ( ၇၅) နှစ်အရွယ် အဘွားအိုတစ်ဦးမှ သူ့သက်တမ်းတလျှောက် ဒီလိုပေါက်ကွဲပြီး မြေကြီးလှုပ်ခက်တာ တခါမှမကြုံဖူးဘူး မြေပြိုသံလိုပေါက်ကွဲသံကြားပြီး ငလျှင်လှုပ်လိုက်တော့ ဆူနာမီများဖြစ်လာမလားဆို ပြီးစိုရိမ် မိတယ်လို့ပြောပါတယ်။

ကော့သောင်းမြို့နေ လူလတ်ပိုင်းတစ်ဦးကလည်း ကျွန်တော်ကော့သောင်းမှာနေတာ အနှစ် (၂၀) ရှိပြီ ဒီလိုဖြစ်တာ ဒီတစ်ခါပဲကြုံဖူးတယ် ကျွန်တော်တို့ဒီမှာက သဲ စုပ် သင်္ဘောကြီးတွေက ကော့သောင်းနဲ့အနီးကပ် သဲစုပ်ယူမှုတွေကရှိတော့ တစ်ချို့ကျေးရွာ တွေလည်း မြေပြိုမှု တွေနဲ့ရင်ဆိုင်နေရပြီ အခုလည်း ဒီသဲစုပ်သင်္ဘောတွေသဲစုပ်ယူမှု ကြောင့် မြေအောက်လိုင်ခေါင်းတွေဖြစ်ပြီး ပြိုကျ ပျက်စီးမှုတွေဖြစ်ပြီလားလို့ စိုးရိမ်မီတယ်လို့ ပြောပါတယ်။

၎င်းဖြစ်ရပ်နှင့် ပက်သက်ပြီး အဏာပိုင်များမှ တစုံတရာ ထုပ်ပြန် ကြေညာခြင်း မရှိသည့်အပေါ် မြို့ခံများမှ ထင်မြင်ချက် အမျိုးမျိုးဖြစ်ကာ စိုးရိမ်စိတ်များ ဖြစ်ပေါ်လျှက်ရှိကြောင်း ကော့သောင်းမြို့ ခံတဦးက သတင်းပေးပို့ ထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ကလေးဝမြို့နှင့်ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာ အနီးတွင် ရေနံမှော်အသစ်ပေါ်



ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင် မတ်လဆန်းပိုင်းမှ စတင်ကာ ရေနံမှော်အသစ်ပေါ်နေကြောင်း သိရသည်။ ကလေး-ကလေးဝကားလမ်းဘေးရှိ ပိတောက်စိုက်ခင်း၊ သစ်တောကြိုးဝိုင်းအနီး တွင်တည်ရှိကာ လာရောက်တူးဖော်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

( မှော်ကတော့ မတ်လဆန်းပိုင်းလောက်က စပေါ်တာပါ။ ကျွန်တော်တို့ကတော့ ဒီမေလထဲကမှ ရောက်ခဲ့တယ်။ ပေါ်ကာစကတော့ အတောင်ရေ တစ်ရာအောက်လောက်နဲ့လည်း ဆီတွေ့ကြတယ်။ ဒါပေမယ့် ကျင်းကရေရှည်မခံဘူးလေ။ ဒီတော့ ကျင်းနက်နက်လိုက်ကြတယ်။ ခုတော့ အနည်းဆုံးတောင်ရေ ၂၅၀ ကနေ ၃၅၀ လောက်ထိ လိုက်ကြတာတွေ့ရတယ်။ ပေါက်နေတဲ့ ကျင်းတွေထဲမှာတော့ တစ်ရက်ကို ပေပါ ၆ လုံးရနေတဲ့ကျင်းက တစ်ကျင်းရှိတယ်။ ကျန်တဲ့ ကျင်းတွေလည်း အနည်းအများခပ်နေကြရတာပါပဲ။ မနေ့ကပဲ အတောင် ၂၈၀ နဲ့ တစ်ရက်ကို နှစ်လုံးလောက်ခပ်ရမယ့် ကျင်းတစ်ကျင်းပေါက်သွားတယ် ) ဟု မှော်သားတစ်ဦးမှပြောပြခဲ့သည်။

ရေနံမှော်တွင် လက်ရှိ ကျင်းပေါင်း ၁၀၀ ခန့် တူးဖော်နေကြပြီး ကလေးဝမြို့နယ်နှင့် ကလေးမြို့နယ်အတွင်းမှ လာရောက်တူးဖော်နေကြပြီး အများစုမှ ရေနံလုပ်ငန်းလုပ်ကိုင်နေကြသူများဖြစ်ပြီး အခြားမှော်များမှ ရွှေ့ပြောင်းလားကြသူများဖြစ်သည်။ ရေနံဈေးနှုန်းမှာ တစ်ပေပါလျှင် ကျပ် တစ်သိန်းတစ်သောင်းဈေး ပေါက်နေပြီး မှော်အမည်ကို ခုနစ်မိုင်မှော်ဟု ယာယီပေးထားကြကြောင်းသိရပါသည်။

မှော်တည်ရှိရာမှာ မြစ်သာမြစ်နှင့် တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင်ဖြစ်ပြီး နွေရာသီ ရေရှားပါးမှုကြောင့် မှော်သားများမှာ ကျင်းအတွက်သုံးရေနှင့် လူသုံးရေ၊ ချိုးရေတို့ကို မြစ်အတွင်းသို့ သွားရောက်သယ်ယူကြရသည်ဟု သိရသည်။

( ဒီမှာက ရေပဲရှားတယ်။ တောင်ကျချောင်းရေကလည်း သိပ်မရှိတော့ မြစ်ထဲသွားခပ်ရတယ်။ ဆိုင်ကယ်နဲ့သွားရတာပေါ့။ နောက် ကျင်းတွေမှာ စက်မောင်းဖို့နဲ့ ရေထုပ်လုပ်ဖို့အတွက်လည်း ရေက မရှိမဖြစ်လိုနေတော့ တစ်ရက်ကို မြစ်ထဲ လေးငါးခေါက်ဆင်းနေရတယ် ) ဟု မှော်သားတစ်ဦးမှ ပြောခဲ့သည်။

လနဲ့မြ - မြန်မာပို့ စ် ဂျာနယ်

မူရင်းသတင်းက ဒီမှာပါ။

ဗမာနိုင်ငံလော- မြန်မာနိုင်ငံလော ?



အမကြီးဒေါ်စုခင်ဗျား-----

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ဝ၁၂ခုနှစ် မေလ (၃ဝ)ရက်မှ ဇွန်(၁)ရက်နေ့အထိ World Economic Forum on East Asia အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲတစ်ခုပြုလုပ် တဲ့အခမ်းအနားမှာ အမကြီးတက်ရောက်ခဲ့ပြီးမိန့်ခွန်းပြောကြားခြင်း၊ သတင်းစာ ရှင်းလင်း ပွဲ များ ပြုလုပ်ခြင်း များပြုလုပ် ခဲ့ကြောင်းတွေ့ရှိရပါတယ်။

အမကြီးဒေါ်စုကြည်ကမြန်မာနိုင်ငံနှင့်ပတ်သက်သောအကြောင်းအရာမျိုးစုံကိုပြောကြားရာမြန်မာနိုင်ငံ (Myanmar)ဟုတစ်ခွန်းတစ်ပါဒမျှခေါ်ဝေါ်သုံးစွဲခြင်းမပြုဘဲ(Burma)ဟုသာတွင်တွင်ပြောဆိုသွားကြောင်း တွေ့မြင်ရပါတယ်။

ဇွန်(၁)ရက်နေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်မေးမြန်းသူသတင်းထောက်မှမြန်မာ(Myanmar)ဟုထည့်သွင်းမေးမြန်းသည့် တိုင်ဒေါ်စုကြည်မှ(Burma)ဘားမားဖြင့်သာပြန်လည်သုံးစွဲ ပြောဆိုခဲ့ ကြောင်းလည်းအံ့သြဖွယ်ရာတွေ့ရှိရပါတယ်။

ဇွန်(၁)ရက်နေ့Channel News Asiaရုပ်သံလိုင်းမှသတင်းထုတ်ပြန်ချက် မှာလည်း သတင်းထောက်မှအင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး သို့အာဆီယံနှင့်မြန်မာ အကြောင်းမေးမြန်း ဖြေကြားရာမှာလည်းမြန်မာနိုင်ငံကို(Burma)ဘားမားဟုမပြောဘဲမြန်မာဟုသာသုံးစွဲကြောင်းတွေ့ရပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း ၂ဝ၁၂ခုနှစ်ဧပြီ(၃ဝ)ရက်နေ့ နေပြည် တော်ရှိပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌တက်ရောက်မိန့်ခွန်းပြော ကြားရာမှာလည်း မြန်မာကို (Myanmar) ဟုသာ အကြိမ်ကြိမ်ပြောဆိုခဲ့သည်ကိုသတိရမိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့(၂ဝဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မိမိတို့နိုင်ငံတော် သည်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်ကြသောနိုင်ငံဖြစ်ပြီးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်စေရမည် ဟု ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ (Myanmar)ကို (Burma)ဘားမားဟုယနေ့တိုင်ခေါ်ဝေါ်သုံးစွဲသူများမှာအနောက်အုပ်စုနိုင်ငံများနှင့်ဥရောပနိုင်ငံသားအများစုသာဖြစ်ကြောင်းသတိပြုမိပါတယ်။

အမကြီး ဒေါ်စုကြည် က မြန်မာနိုင်ငံအတွင်း နေထိုင်နေရုံသာမကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ ဖြစ်နေလို့ ယခုလိုအပြည်ပြည်ဆိုင်ရာနိုင်ငံများရှေ့မှောက်တွင်မြန်မာနိုင်ငံကို (Burma)ဘားမားဟုပြောဆို သုံးစွဲနေခြင်း အပေါ်လွန်စွာအံ့သြတုန်လှုပ်မိပါတယ်။

ကျွန်တော်တို့နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့်တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖြစ်ကြောင်းမြန်မာနိုင်ငံသားအားလုံးသိရှိ ကြပြီးဖြစ်ပါတယ်။လူမျိုးတစ်မျိုး ၏အမည်နှင့် ထင်ယောင်ထင် မှားဖြစ်နိုင်သောဘားမားကဲ့သို့အမည်နာမသုံးစွဲ ခြင်းသည်လုံးဝမဖြစ်သင့် သောအရာတစ်ခုဟုသုံးသပ်မိပါတယ်။

ယနေ့မြန်မာနိုင်ငံသည်ရွေးချယ်တင်မြှောက်ထားသောလွှတ်တော်ကိုယ်စားလှယ်များဖြင့်ပါဝင်ဖွဲ့စည်းထားသောလွှတ်တော်များ၊ပြည်ထောင်စုလွှတ်တော်မှရွေးချယ်အတည်ပြုပေးထားသောအစိုးရအဖွဲ့ဝင် များ ဖြင့်နိုင်ငံတော်ကြီးအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး တက်ညီလက်ညီကြိုး ပမ်းဆောင်ရွက် နေသောကာလ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် အတွင်းမှီတင်းနေထိုင်လျက်ရှိသောမည်သည့်နိုင်ငံသားမဆို အမိနိုင်ငံတော်ကြီးအား မြန်မာနိုင်ငံ (Myanmar) ဟုလေးနက်စွာခံစားသိမြင်ပြီး တန်ဘိုးထားချစ်မြတ်နိုးကြရ မည်သာ ဖြစ် ပါကြောင်းယုံကြည်ခံစားမိလို့ ဆင်ခြင်နိုင်ပါရန် စေတနာဖြင့်အသိပေးအပ်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

KIA ရဲဘော်များ ထွက်ပြေးလျက်ရှိ



KIA တပ်မဟာနဲ့ တပ်ဖွဲ့ဝင်များအတွင်း၌ နေစဉ်နှင့်အမျှ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပွားနေတဲ့ အတွက်ကြောင့် ထွက်ပြေးတိမ်းရှောင် နေတဲ့သူများကို ဖမ်းမိပါက သေဒဏ်ပေးရန် ညွှန်ကြား ထားတယ် လို့သိရပါတယ်။ နေရာတွင်ပင် မည်သည့်အမိန့်ကိုမှ စောင့်ဆိုင်းခြင်းမရှိဘဲ ပစ်သတ်ရန် အမိန့်ထုတ်ပြန် ထားပါတယ်။

KIA တပ်ဖွဲ့ဝင်အများစုသည် ရွာများတွင် အတင်းအဓမ္မ လူသစ် စုဆောင်း ခံထား ရတဲ့သူများ ဖြစ်တဲ့အတွက်ကြောင့်လည်း စစ်ကိုစိတ်ဝင်စားတဲ့သူများမဟုတ်ကြပါဘူး။

ရိက္ခာများကို လုံလောက်စွာမပေးတဲ့အပြင် ဗဟိုက ခိုင်းတဲ့ လုပ်ရပ်တွေက ပြည်သူလူထုကို ဒုက္ခပေးတဲ့ လုပ်ရပ်တွေ၊ ရထားလမ်းကားလမ်းနဲ့ တံတားတွေကိုမိုင်းဖောက်ခွဲခိုင်းမှုတွေကြောင့် စိတ်ဓာတ် ပျက်ပြားနေကြပြီး အစိုးရတပ်များသို့ အလင်းဝင်ခြင်းနဲ့ ဒုက္ခသည်စခန်းများသို့ ၀င်ရောက်ခိုလုံခြင်း၊ ရွာတွေမှာ ပုန်းအောင်းနေထိုင်မှုများ ဖြစ်ပေါ်နေတဲ့အတွက် ဒီလိုအမိန့်ထုတ်ခဲ့တယ်လို့သိရပါတယ်။

အဖွဲ့လိုက်ထွက်ပြေးရင် ခေါင်းဆောင်ကို ညှင်းပန်းနှိပ်စက်ပြီး ကျန်လူများ မလုပ်ရဲအောင် ရက်ရက်စက်စက်သတ်ဖြတ်ရန်နဲ့ ကျန်အဖွဲ့သားများကိုလဲ ပစ်သတ်ရန်မှာကြားခဲ့တယ်လို့ တပ်မဟာ(၁)မှ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူမျိုးခြားနဲ့တော့ ဒေါ်စုကြည်ခံလိုက်ရပီ



ပြည်တွင်းမှာလူတွင်ကျယ်ကြီးအ၇မ်းလုပ်ချင်နေတဲ့ ဒေါ်စုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်တွင် မယ်လဒုက္ခသည်စခန်းကိုသွားရောက်ခဲ့ပါတယ်။အစီအစဉ်များထဲတွင်တော့ တော့ဒေါ်စုကြည်ဟာ မယ်လဒုက္ခသည်စခန်းတွင်ဟောပြောပွဲပြုလုပ်ပီးမြန်မာအစိုးရဆန့်ကျင်ရေးဟောပြောဖို့ရှိခဲ့ပါတယ်။

ဒါပေမယ့် မြန် မာအစိုးရနှင့်ဆက်ဆံရေးပျက်ပြားမှာကိုရှေ့ရှု့တဲ့ထိုင်းအစိုးရဟာ ဒေါ်စုကြည်ရဲ့ထိုင်းနိုင်ငံခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲမရှိခဲ့ပါဘူး။

ဒေါ်စုကြည်ဟာမယ်လဒုက္ခသည်စခန်းမှာ ဟောပြောဖို့ကိုထိုင်းအစိုးရက ပိတ်ပင်ခဲ့သလိုနိုင်ငံခြားသတင်းထောက်များကိုလည်းတက်ေ၇ာက်ခွင့်မပေးခဲ့ပါဘူး။

ဒေါ်စုကြည်ဟာ မယ်လဒုက္ခသည်စခန်းကိုသွားဖို့ထိုင်းအစိုးရထံ တောင်းဆိုချက်ကို ထိုင်းအစိုးရမှ တော်တော်နှင့်ခွင့်ပြုမပေးခဲ့ပဲ နောက်ဆုံးးအချိန်မှသာခုလိုပိတ်ပင်ချက်တွေနှင့်သွားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

နယူးယောက် တိုင်းမ်သတင်းစာမှာရေးသားထားတာကတော့ ဒေါ်စုကြည်ကိုခုလိုပိတ်ပင်ခြင်းဟာ မြန်မာအစိုးရနှင့် ဆက်ဆံရေးပျက်ပြားမှာကိုစိုးရိမ်သောကြောင့်ဟုရေးသားဖော်ပြပါ၇ှိပါတယ်။

ဒေါ်စုကြည်ဟာလွှတ်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ်သာထိုင်းအစိုးရမှသတ်မှတ်ထားပြီးမြန်မာ့အစိုးရ လောက်တော့အလေးမထားကြောင်းသိရပါတယ်။

ဒေါ်စုကြည်ဟာ ထိုင်းနိုင်ငံခရီးစဉ်၌ ၀န်ကြီးချုပ် မစ္စယင်းလပ်နှင့်သီးခြားတွေဆုံခွင့်မရခဲ့သလို လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့် မပြုခဲ့ပါဘူး။

ယခုထိုင်းခရီးစဉ်အတွင်းဒေါ်စုကြည်မှကျေနပ်အားရကြောင်းထုပ်ဖော်ပြောကြားခဲ့ပေမယ့်အမှန်တကယ်၌မူ ဒေါ်စုကြည်အရှက်ကွဲခဲ့ရတဲ့ခရီး စဉ်တစ်ခုဖြစ်နေပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးသတင်းထုတ်ပြန်



ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် အထူးသတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ချက် အပြည့်အစုံမှာ ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတာရပ်ခံအပ်ပါသည်။''ဟု ဖော်ပြထားပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ဇွန်လ ၉ ရက်နေ့ တွင်ထုတ်ပြန်မည်



၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

` တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေ (ဇွန်လ) ၉ ရက်တွင် ထုတ်ပြန်မယ်လို့သိရပါတယ်´ဟု ၄င်းကဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယခုလ ၃ ရက်တွင် ထုတ်ပြန်ကြေညာမည့်သတင်းများ ထွက်ပေါ်လာခဲ့ သော်လည်း တစ်ပတ်နောက်ကျ၍ ဇွန်လ ၉ ရက်တွင် အောင်စာရင်းထုတ်ပြန်မည့်အခြေအနေရှိသည်။

ယခင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အောင်ချက်မှာ ၃၅ ဒသမ ၁၂ ရာခိုင်နှုန်းရှိခဲ့သည်။ ၄င်းပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၃၆ ဒသမ ၁၂ ရာခိုင်နှုန်းနှင့် မန္တလေးတိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၄၄ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှသိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နေကိုသောကြာဂြိုဟ်ဖြတ်သန်းမှုဖြစ်စဉ်တွေ့မြင်ရမည်

ယခုလ ၆ ရက်တွင် နေမင်းရှေ့မှ သောကြာဂြိုဟ်ဖြတ်သန်းမည့် ဖြစ်စဉ်ကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုတေသန အဖွဲ့မှ သိရသည်။ သောကြာဂြိုဟ်ဖြတ်သန်းမှုကို ဇွန် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ စွယ်တော်မြတ်စေတီမှ တစ်ဆင့် တွေ့မြင်ရမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ကာ နက္ခတ်ကြည့် ကိရိယာမျိုးစုံ တပ်ဆင်ပေးထားမည်ဖြစ်ကြောင်း၊ နံနက် ၅ နာရီမှ ၁၁ နာရီခွဲအထိ တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သော ဖြစ်စဉ်မျိုးကို ၂၂၁၇ နှစ်တွင် တစ်ကြိမ်သာ ကြည့်ရှုနိုင်ပြီး ရှေးသိပ္ပံပညာရှင်များက ဂြိုဟ်အသွားအလာ၊ အကွာအဝေးကို စောင့်ကြည့်ရန် ယင်းဖြစ်စဉ်မျိုးကို အချိန်ပေးကာ စောင့်ဆိုင်းရကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပြည်ပ နိုင်ငံများသို့ Website တစ်ခု မှတဆင့် သတင်းတို Message ပို့နိုင်မည်



ပြည်ပနိုင်ငံ မှာရှိတဲ့ မိမိရဲ့ မိတ်ဆွေ သူငယ်ချင်း များရဲ့ မိုဘိုင်းဖုန်း များကို သတင်းတို Message အခမဲ့ ပေးပို့မူကိုhttp://www.dailysms.com မှတစ်ဆင့် ပေးပို့ နိုင်တယ်လို့ သိရပါတယ်။ အဆိုပါ ပေးပို့မူဟာ ၀က်ဆိုက်မှာ မိမိရဲ့ ကိုယ်ပိုင် Account ဖွင့်ပြီး အခမဲ့ ပေးပို့ နိုင်တယ် လို့လည်း သိရပါတယ်။ မိုဘိုင်းနဲ့ အသုံးပြု လိုပါက မိမိရဲ့ မိုဘိုင်းဖုန်းကို အင်တာနက် တပ်ဆင် ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပေးပို့လိုသူတွေ အနေ နဲ့တော့http://www.dailysms.in ကိုဖွင့်ပြီး Free SMS ကို Click လုပ်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် မှာတော့ Select country နေရာမှာ မိမိပို့လိုတဲ့ နိုင်ငံအား ရွေးချယ်ပြီး ဖုန်းနံပါတ် နေရာမှာ မိမိပို့မယ့် သူရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီး ပို့နိုင်တယ်လို့ သိရပါတယ်။

အခုလို ၀က်ဆိုဒ်များမှ တစ်ဆင့် မက်ဆေ့ အခမဲ့ ပေးပို့နိုင်ခြင်းမှာ အရင်ထဲကရှိတဲ့ Website ဖြစ်ပေမယ့် အသုံးပြုသူ နည်းတဲ့ အတွက် တွင်တွင်ကျယ်ကျယ် မသုံးတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍ အကြောင်းအရာ များကို ဖြေဆိုပေးနေတဲ့ Call Center မှ သိရှိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

စစ်တွေမြို့မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်ရပ်မှန်



မနေ့ညပိုင်း ၁၀ နာရီလောက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရဲစခန်းရှေ့မှာ လူစုလူဝေးနဲ့ ဆူပူခဲ့ရာကနေပစ်ခတ်တဲ့ အဆင့်ထိရောက်ပြီး လူအချို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဖြစ်ပွားပုံကတော့ လွန်ခဲ့တဲ့တလက ဈေးကောက်နှုန်းကြီးမားမှုကို ဦးဆောင်ပြီး ဆန္ဒပြခဲ့သူတဦးကို ဆန့်ကျင်ဘက်အုပ်စုက ဝိုင်းရိုက်လို့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ရာကနေ ဆူပူမှု ဖြစ်လာခဲ့ရတာပါ။ အခုလို ဖြစ်ပျက်ရတဲ့ အခြေအနေကို ကိုယ်တိုင် မြင်တွေ့ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားခဲ့သည်။

“၁၀ နာရီကျော်ကျော်လောက်မှာ လူထုက ခဲနဲ့ ပေါက်တော့တာပါပဲ။ တအုပ်စုကို ၁၀၀ လောက်တော့ ရှိမယ်ဗျ။ ဟိုဘက် ၅၀၊ ဒီဘက် ၅၀ လောက်။ ရဲစခန်းကို ခဲနဲ့ ပေါက်ကြတာပေါ့။ ခဲနဲ့ပေါက်တော့ နာရီဝက်လောက် အထိကတော့ ဘာမှမလုပ်ပါဘူး။ ရဲက ဒီအတိုင်းကြည့်နေပါတယ်။ အဲဒါနဲ့တင် နောက် နာရီဝက်ကျော်ကျော်လောက် ကြာတော့ ရဲက သေနတ်နဲ့ မိုးပေါ်ထောင်ပစ်ပါတယ်။ ၁၁ နာရီခွဲလောက်မှာတော့ လူတွေကို တည့်တည့်ပစ်တော့တာပဲ။ အဲဒီမှာ လူ သုံးယောက် ကျနော့်ရှေ့တင်ပဲ ဒဏ်ရာ ရပြီးတော့ ဆိုင်ကယ်တွေနဲ့ တင်ပြီးတော့ ဆေးရုံကို အရေးပေါ်ပြေးသွားကြတယ်ခင်ဗျ။ ဒါပေမဲ့ လူအုပ်စုက ကွဲမသွားဘူး။ နောက်ထပ် ခဲနဲ့ ထပ်ပစ်နေကြတယ်။”

ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။

ဈေးကောက်ကိစ္စ ဖြစ်ပွားခဲ့တာက အရင်အခေါ် နာဇီကျေးရွာ၊ စက်ရုံစုကျေးရွာ ဈေးမှာ ဈေးကောက် အဆမတန် မြှင့်ကောက်ခဲ့လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးအောင်သန်းဝေ ဦးဆောင်တဲ့ ဈေးသည်တစုက ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြပြီး ဈေးကောက်နှုန်းတွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အဲဒီတောင်းဆိုမှုကြောင့် ရခိုင်ပြည်ထောင်စု ဝန်ကြီးချုပ်က ချက်ချင်းပဲ ဈေးကောက် အပြောင်းအလဲတွေ လုပ်ပေးခဲ့ပါတယ်။

ရဲစခန်းရှေ့ကို ရောက်လာသူတွေက အရိုက်ခံရသူ ဦးအောင်သန်းဝေ သေဆုံးသွားတယ်၊ အလောင်းကို ကားပေါ်တင်သွားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲစခန်းရှေ့မှာသွားပြီး အလောင်းရှာပေးဖို့၊ တရားခံတွေကို ဖမ်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကြောင့် ကာယကံရှင် ဦးအောင်သန်းဝေ ကိုယ်တိုင်က သူ ဘာမှ မဖြစ်တဲ့အကြောင်း ရဲစခန်းရှေ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“လူထုက ကျနော့်ကို မတွေ့ရရင် မကျေနပ်တဲ့ သဘောမျိုး ဖြစ်နေတာ။ အဲဒါ လူထုကိုတော့ ကျနော် အကျိုးအကြောင်း ပြောပြလိုက်တာပေါ့။ သူတို့ ဦးအောင်သန်းဝေ အစစ် ဟုတ်မဟုတ်ဆိုတာ သူတို့လည်း သေချာ မသိကြဘူးလေ။ ကျနော့် မှတ်ပုံတင်ကဒ်ပြားတို့၊ ပါတီဝင်ကဒ်ပြားတို့ အကုန်ထုတ်ပြပါတယ်။ တချို့ကတော့ နားလည်ပြီး ပြန်သွားတယ်။ တချို့ကတော့ အဲဒီမှာ မူးယစ်သောက်စားထားတဲ့သူတွေ ပါတာပေါ့။ အဲဒီလူတွေကတော့ ခပ်ရိုင်း ရိုင်းပေါ့။ အကြမ်းဖက်ချင်တဲ့ ဆန္ဒသဘောထားတွေ တွေ့ရတယ်ခင်ဗျ။ ကျနော်တောင်မှ မနေ့က ဟိုကောင်တွေ သတ်လို့မသေဘဲ ဒီက ကျနော့်တို့လူပါဆိုပြီးမှ ပါလာတဲ့ မသမာတဲ့သူတွေရဲ့ လက်ချက်ကြောင် မသေတာ ကံကောင်းပဲဗျ။ အုပ်ခဲတွေရော ဘာတွေရော ပျံနေတပဲ။ ဒီက ရဲစခန်းမှာ။”

ဦးအောင်သန်းဝေကတော့ ရဲစခန်းအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့အတူ ရှိနေတာပါ။ အခုလို ပစ်ခတ်မှုတွေ စတင်ပုံနဲ့ ပတ်သက်လို့ ရဲစခန်းထဲမှာ ရောက်နေတဲ့ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

“ဒီဘက်က ရဲစခန်းဝင်းထဲကို တံခါးဖွင့်ဖို့ လုပ်ကြတာ ရှိတာပေါ့နော်။ အဲဒီမှာ ရဲတွေနဲ့ တော်တော်များများ ပစ်ကြခတ်လိုက်ကြတာတော့ ကျနော်တို့ ကြားပါတယ်။ ကျနော်တို့ကတော့ လုံခြုံတဲ့နေရာမှာ ရှိတာပေါ့နော်။ အဲဒီ အကြာကြီးပေါ့နော်။ ခဲတွေနဲ့ ပစ်၊ ပုလင်းတွေနဲ့ ပစ်တဲ့အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီနောက်မှာ အချက်ပေါင်း တော်တော်များများဟာ မိုးကို ထောင်ပစ်တဲ့သဘော ကြားပါတယ်။ အဲဒီနောက်မှာ တံခါးတခု ပွင့်သွားတယ်ဆိုတဲ့ အသံလည်း ကြားပါတယ်။ တံခါးရဲ့ လူဝင်ပေါက်လေး ပွင့်သွားတယ် ဆိုတဲ့အခါမှာ ဒီဘက်ကို ကျော်ဝင်လာမှာစိုးလို့ ထောင်ပစ်တဲ့သဘောလို့လည်း ကျနော်တို့ ကြားတာပေါ့ဗျာ။” လက်ရှိ အနေအထားမှာတော့ ရဲတပ်ရင်း တပ်ဖွဲ့တွေက စစ်တွေမြို့ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေး ကင်းလှည့်နေကြောင်းကိုလည်း သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များတော်ပါပေတယ်(ရိုဟင်ဂျာကုလားပစ္စည်းများနှင့်)



(၁) BBC က ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသားညီအကို ဖြစ်ပါတယ်လို့ပြောနေချိန်မှာ ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၂) မြန်မာနိုင်ငံသားတွေ ထိုင်းမှာ BBC ကိုဆန္ဒပြနေတဲ့ အချိန်မှာ ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၃) ဦးတင်ဦးက ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတာ ပြောနေချိန်မှာ ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၄) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးဦးခင်ရီက ရိုဟင်ဂျာဆိုတာ ဘင်္ဂလီကုလားတွေပါလို့ ပြောနေချိန်မှာ ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၅) London မြို့မှာ မြန်မာတွေ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံသားမဟုတ်ကြောင်း ဆန္ဒပြတဲ့ အချိန်မှာ ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၆) ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှာ ရခိုင်မလေးတစ်ယောက် ရက်ရက်စက်စက် မုဒိမ်းကျင့် အသတ်ခံလိုက်ရတဲ့ အချိန်မှာဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များမသိချင်ယောင်ဆောင်နေကြတယ်

(၇) ကုလားတွေ အသတ်ခံရတယ် ဒေါ်စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများနှင့်အတိုက်အခံမီဒီယာ များအခုမှ လူကြားကောင်းအောင် အော်ဟစ်နေကြတယ်

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူငယ်တွေအတွက် အစွမ်း ပြစရာကွင်းတစ်ကွင်းအဖြစ် Home (House of Media and En-tertainment)ရဲ့ ရုံးခန်း ဖွင့်လှစ်



မီဒီယာကဏ္ဍနဲ့ဖျော်ဖြေရေးကဏ္ဍတွေ ကို အဓိကထားပြီး လုပ်ဆောင်တော့မယ့်Home (House of Media and En-tertainment)ရဲ့ ရုံးခန်းဖွင့်လှစ်ပွဲကို မေ ၂၈ ရက်၊ နေ့ခင်း ၂နာရီက အမှတ်(၅၈/၆ဝ) မြေညီထပ်ဗိုလ်အောင်ကျော်လမ်း(အောက် ဘလောက်)ဗိုလ်တထောင်မြို့နယ်မှာ ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။

မီဒီယာနဲ့ ဖျော်ြေ ဖရေးကဏ္ဍတွေကိုအဓိက ထားဆောင်ရွက်သွားမှာဖြစ်တဲ့ Home ရုံးခန်းဖွင့်ပွဲမှာ ဦးသူရ(ဇာဂနာ)ပြောကြားခဲ့ တာကတော့ “အဓိကကျွန်တော်တို့ဘာလို့ ဒီ ရုံးခန်းကို ဖွင့်လှစ်ရတာလဲဆိုရင် တကယ် တော့ ဒီ(Home)ရုံးခန်းနဲ့ ဗိုလ်ချုပ်အောင် ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်းနဲ့ဟာ ညီ အစ်ကို ရုံးခန်းလို့ ပြောလို့ရသလို မောင်နှမ ရုံး ခန်းလို့လည်း ပြောလို့ရပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံထဲမှာ သန္ဓေတည်ခဲ့ကြတယ်လို့ ပြောသလိုပဲ ဇန် နဝါရီ လ၄ရက်နေ့က ဆုပေးခဲ့တဲ့ The Art of Freedom Film Festival ရုပ်ရှင် ပြိုင်ပွဲကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာပဲ သန္ဓေတည်ခဲ့တာပါ။

အဲဒီ ရုပ်ရှင်ပွဲတော်က လက်စွမ်းပြခဲ့တဲ့ လူငယ် ဒါရိုက်တာတွေကို ဘယ်နေရာမှာဘာဆက် လုပ်ပေးရမယ်မှန်းမသိတော့ဘူးဖြစ်နေတဲ့ အချိန်မှာစဉ်းစားလိုက်တော့ ရုပ်ရှင်သင် တန်း တွေ ပေးပါတယ်။ အမေရိကန်ရုပ်ရှင်ဒါရိုက် တာ ၃ဦးကို မြန်မာပြည်ကို ဖိတ်ပြီးတော့ လူငယ်တွေအတွက် ရုပ်ရှင်သင်တန်းပေး ပါတယ်။ အဲဒါပြီးတော့ ဂျာမနီက ရုပ်ရှင် ဒါရိုက်တာတွေကို ဆက်ခေါ်ပြီး သင်တန်းပေး ပါတယ်။ အဲဒီသင်တန်းတွေပြီးသွားတဲ့ လူငယ်တွေ ဘာဆက်လုပ်ရမှန်းမသိဖြစ်ကုန် မှာကို စိုးရိမ်တယ်။

အဲဒီအ တွက် လူငယ်တွေ အတွက် အစွမ်းပြစရာကွင်းတစ်ကွင်းတော့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီ ကြောင့် အခု Media and Entertain- ment ရုံးခန်းကိုဖွင့်လှစ် ရတာပါ။ ဒီနေ ရာမှာ လူငယ်တွေဟာ သူတို့ရဲ့မီဒီယာ လုပ် ငန်း၊ Documentary Film, Short Filmတွေ ကိုလုပ်မယ်။ ဒုတိယအဆင့်ကတော့ တစ်လကိုတစ်ကြိမ် Motionမဂ္ဂဇင်း အခွေဆို တာကိုထုတ်မယ်”လို့ ပြောပြခဲ့ပါတယ်။

တစ် လတစ်ကြိမ်ထုတ်မယ့်Motionမဂ္ဂဇင်း အခွေဆိုတာကတော့ အခုလက်ရှိထွက်နေတဲ့ မဂ္ဂဇင်း စာအုပ်တစ်အုပ်ကို လှန်ဖတ်ကြည့် လိုက်ရသလို ပုံစံမျိုးနဲ့ အခွေထွက်ရှိလာ မှာဖြစ်ပါတယ်။

အခွေရဲ့အစမှာMenu က (မဂ္ဂဇင်းမှာဆိုရင် မာတိကာ) မှာပါတဲ့ ကဗျာ နေ ရာမှာတော့ ရုပ်ရှင်နည်းပညာနဲ့ပုံ ဖော် ထားတဲ့ ကဗျာပုံစံပါရှိမှာ ဖြစ်ကြောင်း၊ ဆောင်းပါးတွေနေရာမှာတော့Documen-tary Film ပုံစံဖြစ်မှာဖြစ်ကြောင်း၊ ဝတ္ထုတို နေရာမှာတော့ရုပ်ရှင်ဇာတ်လမ်းတို(Short Film)ဖြစ်မှာဖြစ်သလို အင်တာဗျူးလည်း ပါမှာဖြစ်ကြောင်း၊ ကာတွန်းတွေရဲ့နေရာမှာ တော့Animation (အန်နီမေးရှင်း )တွေပါ မှာ ဖြစ်ကြောင်း၊ လူငယ်တွေကို ဦးစားပေး ထားတဲ့အတွက် Motion မဂ္ဂဇင်းအခွေတစ် ခွေထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့အထက် ဖော်ပြပါကဏ္ဍတွေကို ပါဝင်ေ အာင်’The Art of Freedom Film Festival’က မွေးထုတ်ထားတဲ့လူငယ်ဒါရိုက်တာတွေနဲ့ Homeမှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ ပြည်သူတွေ ရဲ့လက်ထဲကို ရောက်အောင် တစ်လတစ်ကြိမ် ပို့ဆောင်သွားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

သင့်တော်တဲ့အချိန်ကို စောင့်ကြမလား



စင်္ကာပူ “အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေးပွဲ” မှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ပြောကြားတဲ့ ထဲက အချက် ၂ ချက် နဲ့ပတ်သက်ပြီး အခုလိုမြင်ပါတယ်။

“ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ရာနှုန်းပြည့်ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကိုလိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်”

ဆိုတဲ့ အချက်က ဘန်ကောက်မှာ ကျင်းပတဲ့ (WEF) ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်ထည့်သွင်းပြောဆိုခဲ့တဲ့ “လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ အတိအကျမပြောနိုင်သေးတဲ့အတွက် သတိထားစောင့်ကြည့်ကြဖို့ ” ဆိုတဲ့ စကားကိုတုန့်ပြန်တာ လို့မြင်ပါတယ်။

သမ္မတနဲ့ အစိုးရညွန်ကြားမှုများကို လိုက်နာဆောင်ရွက်သွားမယ်လို့ဆိုပေမယ့် ကချင်ပြည်နယ်မှာ အတိုက်အခိုက်တွေရပ်ဆိုင်း ထားဖို့ သမ္မတကနေ ကာကွယ်ရေးဦးစီချုပ်ထံညွန်ကြားခဲ့ပေမယ့် ကချင်ပြည်နယ်မှာ ယနေ့အထိ တိုက်ပွဲတွေဖြစ်နေဆဲ၊ သေနတ်သံတွေ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။

စစ်ကြောင့် ကချင်ပြည်နယ်ကပြည်သူတွေ စိုးရိမ်သောကတွေရှိနေရဆဲဖြစ်ပါတယ်။ လုပ်ငန်းကိုင်ငန်းတွေကို စိတ်လက်ချမ်း သာစွာလုပ်ကိုင်နိုင်ခြင်းမရှိသလို၊ ကလေးငယ်များလည်း စာသင်ခန်းကို မသွားနိုင်သေးပါဘူး။ တိုက်ခိုက်ကြတဲ့ နယ်မြေထဲက ပြည်သူများ ကတော့ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေရဆဲဖြစ်ပါတယ်။

သမ္မတညွန်ကြားချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမနာခံတာလား၊ စစ်တပ်ကမနာခံတာလား။ နှစ်ခုစလုံးများလား။ ဒါမှမဟုတ် သမ္မတကိုယ်တိုင်က အစကတည်းက ဘာညွန်ကြားချက်မျှမပေးခဲ့တာလား။

ကာကွယ်ရေးဝန်ကြီးပြောတဲ့အထဲမှာ နောက်ထပ်တစ်ချက်က-“မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး သင့်တော်သော အချိန်တစ်ခုသို့ရောက်ပါက ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေ သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက်ကို လျော့ချနိုင်ခြေရှိသည်” တဲ့။

“စစ်သားအမတ်၂၅ ရာခိုင်နှုန်းကို လျော့ပေးဖို့မရှိဘူး” ဆိုတဲ့အချက်နဲ့ လောလောဆယ်မှာ “စစ်သားတစ်ယောက်ရဲ့ ထောက်ခံ မှု” ကို မမျှော်လင့်နဲ့လို့ ပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိအစိုးရလုပ်နေတာတွေကို အချိန်ပေးရမယ်။ အဲဒီနောက် သင့်တော်တဲ့အချိန်တစ်ခုရောက်မှသာ စစ်သားအမတ် လျှော့ ချနိုင်ခြေရှိတယ်လို့ပြောတာပါ။

“သင့်တော်တဲ့အချိန်” တို့၊

“အကြောင်းမညီညွတ်ပါသဖြင့်” တို့ ၊

“ထာဝရငြိမ်းချမ်းရေး”တို့၊

“ပြည်ထောင်စုပြိုကွဲ စေမည့် — တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲစေမည့်— အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ” တို့ ဆိုတာ တွေဟာ သူတို့ပါးစပ်ထဲမှာရှိပြီးသူတို့ စိတ်ကြိုက် လိုအပ်ရင် လိုအပ်သလို စပရိန်ကဲ့သို့ ချဲ့နိုင်/ကားနိုင်တဲ့ စကားလုံးတွေ၊ စကားရပ်တွေ၊ အသုံးအနှုန်းတွေသာဖြစ်ပါတယ်။

ပြီးတော့ဒီ စကားလုံးတွေ၊ စကားရပ်တွေ၊ အသုံးအနှုန်းတွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုခွင့်ဆိုတာလည်း သူတို့လက်ထဲကမှာရှိတဲ့ အခွင့် အရေးသာဖြစ်ပါတယ်။

ဒါကြောင့်လက်ရှိအစိုးရလုပ်နေတာတွေကိုအချိန်ပေးရမယ်။

အဲဒီနောက် “သင့်တော်တဲ့အချိန်တစ်ခု” ရောက်မှသာ စစ်သားအမတ် လျှော့ချနိုင်ခြေရှိတယ်လို့ ပြောတာပါ။ လျှော့ချပေးမယ် လို့ မပြောဘူး။ ဖြစ်နိုင်ခြေအလားအလာရှိတယ်လို့သာပြောတာပါ။

“နောက်ကြောင်းပြန်လှည့်သွားမယ်” ဆိုတဲ့ စကားဟာ စစ်တပ်က အာဏာပြန်သိမ်းတာ၊ စစ်အုပ်ချုပ်ရေး အောက်ပြန်ရောက် သွားတာကို ရည်ညွန်းနေကြတာဆိုရင် ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်နဲ့အာဏာသိမ်းတာနဲ့ စစ်အုပ်ချုပ်ရေးလုပ်တယ်ဆိုတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ ဆောင်ရွက်တာပဲဖြစ်လိမ့်မယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲမှာ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာသိမ်းခွင့်ပေးထားတယ်။

- ပုဒ်မ ၄၀ (ခ) (ဂ) မှာပြဋ္ဌာန်းပေးထားပါတယ်။

ထို့အပြင် အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ အတွက် အသေးစိတ်လုပ်ပိုင်ခွင့်များပေးအပ်ထားပါတယ်။

နောက်ကြောင်းပြန်လှည့်သွားမှာကို စိုးရိမ်ပြီး သူတို့ပြောတဲ့ “သင့်တော်တဲ့အချိန်”ကို ကျနော်တို့စောင့်ကြမလား။

(photo – Hla Min in Singapore, Reuters)

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်နီမော်၊ တောင်ကုတ်နှင့် စစ်တွေတို့တွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်သည့် အစိုးရ၏ ပထမဦးဆုံး သတင်းထုတ်ပြန်ချက်ကို ယမန်နေ့ည ၈ နာရီသတင်းနှင့် ယနေ့ထုတ်သတင်းစာများတွင် ထုတ်ပြန်ဖေါ်ပြလိုက်သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် တောင်ကုတ်အဖြစ်အပျက်နှင့် ပတ်သက်၍ သံတွဲရန်ကုန် ရိုးမသစ္စာခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ ဆိုသည့်ခေါင်းစဉ်ဖြင့် ဖေါ်ပြထားသည်ကို တွေ့ရသည်။ ယင်းသေဆုံးရမှုအတွက် တရားဥပဒေနှင့် အညီ ဖြစ်စေရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဆိုသည့် ဖေါ်ပြချက်ပါရှိသော်လည်း တောင်ကုတ်မြို့တွင် တဦးတယောက်မျှ ဖမ်းဆီးအရေးယူထားသည်ဟု ဖေါ်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။



စစ်တွေမြို့ အမှတ် (၁) ရဲစခန်းဝိုင်း၍ တောင်းဆိုသည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရာတွင် “လူစုလူဝေးဖြင့် ရဲစခန်းအား လာရောက်ဖျက်ဆီး၍ ရှင်းလင်းဆောင်ရွက်”ဟု ဖေါ်ပြထားကာ ယင်းအဖြစ်အပျက်ကြောင့် အရပ်သား (၁၂) ဦးဒဏ်ရာရကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိပြီး လူစုလူဝေးတွင် ပါဝင်သူ (၉) ဦးကို ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်ဟု ဖေါ်ပြထားသည် ကိုတွေ့ရသည်။

ယခုအဖြစ်အပျက်များ၏ အစဖြစ်သည့် ကျောက်နီမော်ကျေးရွာ အနီး ဖြစ်ပျက်သည့် အဖြစ်ကိုမူု ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် မသီတာထွေးအား သားမယား ပြုကျင့်ပြီးရွှေထည်ပစ္စည်းယူဆောင်သွားသည့် အမှုကိစ္စနှင့်ပတ်သက်၍ တရားခံဟု ယူဆရသူ (၃) ဦးကို ဖမ်းဆီးကာ ကျောက်ဖြူအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး အချိန်မဆွဲပဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည်ဟု ဖေါ်ပြထားသည်။

မေလ ၂၈ ရက်နေ့တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်ကို အစိုးရအနေဖြင့် အရေးယူဆောင်ရွက်နေခြင်းကို စောလျင်စွာ သတင်းမထုတ်ပြန်ခြင်းက ယခုလို တောင်ကုတ်မြို့တွင် လူမျိုးရေးလှုံ့ဆော်မှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း အချို့သော ဝေဘန်သူများ က သုံးသပ်ပြောဆိုသည်။

ယင်းအဖြစ်အပျက်ကို အစိုးရအနေဖြင့် သတင်းမထုတ်ပြန်သော်လည်း မန္တလေး ဂေဇက် အစရှိသည့် အင်တာနက် အွန်လိုင်း သတင်းဝက်ဆိုက်များမှ လှုံ့ဆော်သူများက ကူးယူ ပုံနှိပ်ကာ ဖြန့်ဝေခဲ့သည်ဟု တောင်ကုတ်မြို့ခံ တဦးက ပြောသည်။

အစိုးရပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကလည်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခုကဲ့သို့ လူမျိုးရေး ကိစ္စများတွင် သတင်းမီဒီယာများ ၏ အခန်းကဏ္ဍ အရေးပါပုံ၊ သတိပြုသင့်သည့် အချက်များကို ယမန်နေ့က ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

သို့ရာတွင် အစိုးရအနေဖြင့် ထုတ်ပြန်သင့်သည်အချက်ကိုဆောလျင်စွာ မထုတ်ပြန်ခြင်းသည်လည်း ဖြစ်ရပ်မှန်ကို အခြေပြု၍ လှုံ့ဆော်မည့်သူများအဖို့ အခွင့်သာသကဲ့သို့ ဖြစ်စေနိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းစာသမားတဦးက ကောက်ချက်ချသည်။

တောင်ကုတ်မြို့ တွင်ဖြစ်ပွားသည့် ကိစ္စရပ်ကို သတင်းစာတွင်ဖေါ်ပြရာ၌ အစ္စလာမ် ဘာသာဝင် သို့မဟုတ် ဘင်္ဂလီနွယ်ဖွား ဆိုသည့် အသုံးအနှုန်းမသုံးစွဲပဲ မွတ်ဆလင်ကုလား ဆိုသည့် အသုံးအနှုန်းကို သုံးစွဲထားသည်မှာလည်း လူမျိုးရေးခွဲခြားမှု အသုံးအနှုန်းသဘောသက်ရောက်သည်ဟု ဝေဘန်သူ အချို့က ဆိုသည်။

မူရင်းသတင်းက ဒီမှာပါ။

နည်းနည်း ညှစ်ဖို့လိုအပ်နေသေးသော ကျနော်

မြန်မာစကားမှာ တစ်ခါတစ်ရံ ခပ်ရင့်ရင့်၊ ခပ်ရိုင်းရိုင်းနဲ့ ပေါ်လွင်ထင်ရှားအောင်ပြောတဲ့စကားတွေ ရှိနေပါတယ်။ ကျေးဇူးကန်းတာကို ပြောဖို့၊ ကျေးဇူးကန်းသလိုဖြစ်နေမှာစိုးလို့ သတိပေးဖို့အနေနဲ့ “အရိပ်နေနေ အခက်ချိုးချိုး”၊ “ သားရေပေါ်အိပ် သားရေအနားစား” ဆိုတဲ့ စကား တွေလိုပေါ့။ နောက် စကားပုံလဲမဟုတ်၊ ဘယ်လိုမြန်မာစကားအမျိုးအစားမျိုးထဲ ထည့်ရမှန်းလဲမသိတဲ့စကားတွေလဲ ကျနော်တို့ ဘာသာ စကားမှာ ရှိနေတတ်ပါတယ်။ တစ်ချို့စကားလုံးတွေဆို နည်းနည်းတောင်ရိုင်းချင်သလိုလို ရှိတတ်ကြပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ သူတွေကို စေတနာနဲ့ သတိထားစေချင်လို့ ပြောကြတဲ့စကားတွေပါ။ ဥပမာအားဖြင့် “လက်သည်ချည်းဘဲ အားကိုးမနေနဲ့။ ကိုယ့်ဘာသာလဲ နည်းနည်းအားစိုက်အုံး” ဆိုတဲ့စကားပေါ့။

အဲဒီစကားဆိုရင် အမျိုးသမီးတွေရဲ့ သား၊ သမီးမွေးဖွားခြင်းအပေါ် ခံစားရတဲ့ နာကျဉ်မှုဝေဒနာကြီးကို မစာမနာနဲ့ပြောသလိုလို့ မယူဆမိပါဘူး။ သူများချည်းဘဲအားကိုးမနေနဲ့ ကိုယ်ကိုယ်တိုင်လဲ နည်းနည်းကြိုးစားကြအုံးဆိုတဲ့သဘောလို့ သဘောတူပါတယ်။ အမျိုးသမီးတွေရဲ့ ဒုက္ခနဲ့ ယှဉ်ပြီး ပေါ်လွင်ထင်ရှားအောင် ပြောတဲ့၊ ချစ်စရာကောင်းတဲ့ မြန်မာစကားလေးတစ်ခွန်းပေါ့။ အပြောခံလိုက်ရတဲ့သူအတွက် ပြုံးစေ့စေ့လဲ ဖြစ်စေ၊ “အင်းပါ..ငါလဲ အတတ်နိုင်ဆုံး ကြိုးစားနေတာဘဲလို့” ပြန်ပြောပြီးပြောသူ၊ အပြောခံရသူ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ်ကြီး ဖြစ် သွားစေတတ်ပါတယ်။

ကျနော်က လက်ရှိ ရွှေနိုင်ငံကြီးအခြေအနေကိုပြန်ကြည့်ရင်း “လက်သည်ချည်းဘဲ အားကိုးမနေနဲ့လို့” သူများတွေကိုလဲဝေဖန် လေကန်မိ သလို၊ ကိုယ့်ကိုယ်ကိုလဲ ပြောတတ်ပါတယ်။ လွန်ခဲ့တဲ့ အရင်နှစ်အပိုင်းအခြားတွေက အင်တာနက်ပေါ်မှာ နိုင်ငံရေးနဲ့ ပါတ်သက်ပြီး ဝေဖန်မိ တာဘဲဖြစ်ဖြစ်၊ မှတ်ချက်လေးပေးမိတာဘဲဖြစ်ဖြစ် ပြောမိရင် “မင်းကော နိုင်ငံအတွက် ဘာတွေလုပ်ပေးနေလို့လဲ။ နှမ်းတစ်လုံးထဲနဲ့ ဆီ မဖြစ်ပါဘူးကွာ” ဆိုတဲ့စကားတွေ ပြန်ပြန်ပြီးအပြောခံကြရဘူးမှာပါ။ နှစ်တစ်လုံးထဲနဲ့ဆီမဖြစ်ပေမယ့် နှမ်းဟာနှမ်းဘဲ။ ခဲမဟုတ်ဘူး။ သုံးဆယ့် နှစ်ပါးသောလက္ခဏာတော်ကြီးတွေနှင့် ပြည့်စုံတော်မူတဲ့ဘုရားရှင်ရဲ့လျှာတော်က လျှာဖျားမှာ နှမ်းလေးတစ်စေ့တင်လိုက်တာနဲ့ အရသာခံ နိုင်လောက်အောင် ပါရမီပြည့်စုံခဲ့တယ်လို့ဖတ်ဘူးပါတယ်။ ခဲဆိုရင်တော့ ဘုရားရှင်က အရသာခံစားနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ တစ်စေ့ ဖြစ်ဖြစ်၊ တစ်ခြမ်းဖြစ်ဖြစ် ခဲမဟုတ်ဘဲ နှမ်းဖြစ်ရင် ပြီးတာဘဲ မဟုတ်ဘူးလား။ ဆရာအော်ပီကျယ်ပြောသလို ခဲတွေ ဘယ်လောက်ပေါင်းပေါင်း ဆီမဖြစ်လာသလို နှမ်းတွေများလာရင် မွှေးမွှေးစိမ့်စိမ့် နှမ်းဆီဖြစ်လာမှာပါ။

ကျနော်တို့လို သာမန်ညောင်န မြန်မာပြည်သူ၊ ပြည်သားတွေအတွက် နိုင်ငံကြီးကို တိုးတက်စေချင်ကြတဲ့လူတွေချည်းဆိုတာ လူတိုင်းစိတ်ထဲ မှာ ပြက်ပြက်ထင်ထင်ရှိကြတဲ့ဆန္ဒတွေပါ။ Facebook ပေါ်မှာ၊ အင်တာနက်ပေါ်မှာ၊ အပြင်မှာ NLD ကို အားပေးကြတာ လက်ရှိအစိုးရကို မုန်းလွန်းလို့ ဆန့်ကျင်တယ်ဆိုတဲ့ လူတွေရဲ့ ရာခိုင်နှုန်းက မများနိုင်ပါဘူး။ နိုင်ငံတိုးတက်ရင်ပြီးတာဘဲ။ ဘယ်သူခေါင်းဆောင်ခေါင်းဆောင် ငါတို့အပေါ်မှာ မဟုတ်တာမလုပ်မယ့် ဘယ်အစိုးရတက်တက်ဆိုတဲ့ လူတွေရဲ့ရာခိုင်နှုန်းက များမှာပါ။ ဗျူဟာတွေ၊ နည်းနာတွေ၊ သံခင်း တမန်ခင်းတွေကိုနားမလည်တဲ့ ရာခိုင်နှုန်းအများကြီးနဲ့ ကျနော်လို လူတွေအများကြီးပါ။ ပွင့်လင်း မြင်သာမှုမရှိ၊ သောက်တလွဲ လက်ရှိ အစိုး ရ လူကြီးတွေကို ပက်ပက်စက်စက်ဆဲဆိုပြီး မှတ်ချက်ပေးနေကြပေမယ့် တစ်ချိန်ထဲမှာ ကောင်းတာတွေပြော၊ ကောင်းတာတွေလုပ်နေတဲ့ အာဏာလက်ကိုင်ရှိ လူကြီးတွေကိုလဲ အားရပါးရ အားပေးနေကြတာ ထင်ရှားရှိပါတယ်။

အင်တာနက် ကျေးဇူး၊ မီဒီယာကျေးဇူးကြောင့် အားလုံးက နိုင်ငံရေးမျက်စိပွင့်လာကြတယ်လို့ ထင်ပါတယ်။ ချစား အကျင့်ပျက်တာ မကြိုက် ဘူး။ ပြည်သူလူထုကို တစ်ဆင့်နှိမ့်ကြည့်ပြီး ဘာမှသိနားမလည်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ပြောချင်ရာပြောသွားတဲ့ လူကြီးတွေကို “ဟယ် ပေါရဲ လိုက်တာ” လို့ မြင်လာကြပါတယ်။ ဆန့်ကျင်ရကောင်းမှန်းလဲ သိလာကြပါပြီ။ ဒါတွေက ပြီးပြည့်စုံတဲ့ နိုင်ငံရေးစနစ်တစ်ခုရဲ့ အစပျိုးခြင်း လို့ပညာရှင်မဟုတ်တဲ့ ကျနော်က မြင်ပါတယ်။

ဒါပေသိပေါ့လေ အကျင့်ပျက် ချစားနေတာကို ကျနော်တို့ကဆန့်ကျင်နေကြပေမယ့် တစ်ပြိုက်နက်ထဲမှာဘဲ သွယ်ဝိုက်သောအားဖြင့် အား ပေးနေကြသလိုမျိုးများ ဖြစ်နေကြသလားလို့။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာဘဲ ကောင်းပါတယ်။ အနာသက်သာပါတယ်။ မြန်မာပြည် အ၀င် လေယာဉ်ကွင်းမှာ သူသူ ကိုယ်ကိုယ် မလိုအပ်ဘဲနဲ့ စကားတွေအများကြီးပြောခံရတာ၊ အရစ်ခံရတာ မကြိုက်ကြပါဘူး။ ဒီမြေ၊ ဒီရေ၊ ဒီလေပေါ်မှာ မြန်မာပြည်သား မိဘနှစ်ပါးက မွေးဖွားကြီးပြင်းလာတဲ့၊ ရာဇ၀တ်မှုမရှိတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ပြန်လာတာ ဘယ်သူ့ကို မှ အောက်ကျို့စရာ၊ မျက်နှာချိုသွေးစရာမလိုပါဘူး။ ဒါကိုဘဲ ကျနော်က မြန်မာနိုင်ငံကိုပြန်တိုင်း Passport စာအုပ်ကြားထဲမှာ ငါးဒေါ်လာ လောက် ညှပ်ညှပ်ပေးချင်နေတုံးဘဲ။ Custom မှာ လိုလို မလိုလို ပိုက်ဆံပေးချင်နေတုံးဘဲ။ ပိုက်ဆံရတဲ့ဝန်ထမ်းက ပိုက်ဆံပေးတဲ့သူကို ကြည်ဖြူပေမယ့် ပိုက်ဆံမပေးချင်တဲ့လူကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ခက်ခဲသွားနိုင်ပါတယ်လေ။ ဒါက အကျင့်ပျက် ချစားဝန်ထမ်းကို ဆန့်ကျင်နေတဲ့ ကျနော့်ရဲ့အကျင့်ပျက် အလေ့အကျင့်ဆိုးကြီးပါ။

ကျနော့်မှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်ရှိပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ အလုပ်တွေအများကြီးလုပ်ခဲ့ပြီး သူများနိုင်ငံတွေရဲ့ ပြီးပြည့်စုံတဲ့စနစ်တွေကိုအားကျပြီး ရွှေပြည်ကြီးရဲ့စနစ်ဆိုးတွေကို သိတတ်၊ မြင်တတ်၊ ပြောပြတတ်သူပါ။ ဒါပေမယ့် ကားပါမစ်တွေ ထုတ် ပေးတယ်ဆိုတဲ့ သတင်းတွေ ကြားတာနဲ့ တစ်ပြိုင်နက် အခွန်ဆောင်ထားတဲ့ စာရွက်တွေကိုင်ပြီး မြန်မာနိုင်ငံကို အပြေးအလွှားပြန်သွားလေရဲ့။ တစ်လလောက်ကြာပြီး ပြန်လာတော့ ဘယ်သူ့ကို ဘယ်လိုပေးလိုက်၊ ဘယ်သူ့ကို ဘယ်လိုသွားကန်တော့ရင် မြန်မြန်ရတယ်ဆိုတဲ့ အဆက် အသွယ်ကောင်းတွေကို ပြန်ပြောပြပါတယ်။ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့အော်နေတဲ့ ကျနော်တို့အဖွဲ့က ဖုန်းနံပါတ်တွေ တောင်းသူတောင်း၊ နံမည်တွေ တောင်းသူတောင်းပေါ့။

နောက်တစ်ယောက်ကျတော့ ပြည်တွင်းမှာ ဘူဒိုဇာတွေ၊ မီးစက်ကြီးတွေကိုရောင်းရတဲ့ Company တစ်ခုရဲ့ အရောင်းဝန်ထမ်း ရာထူးကြီးကြီး လုပ်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ရာခိုင်နှုန်း တစ်ရာ ရာခိုင်နှုန်းမက အမြတ်တင်ထားတဲ့စက်ပစ္စည်းတွေကို အခွင့်အာဏာပိုင်တွေနဲ့ ပေါင်း ပြီး ရောင်းစားခဲ့တဲ့သူပေါ့။ သူပြောတဲ့ KTV သွားကြတဲ့ကိစ္စတွေ၊ Black Label မှဆိုတဲ့လူကြီးတွေအကြောင်းက ကျနော်တို့အတွက် မရိုးနိုင် တဲ့အကြောင်းတွေပါ။ ပြည်သူ့ပိုက်ဆံနဲ့ စက်ကြီးတွေဝယ်ဖို့ တင်ဒါဈေးကို တစ်လလောက် ကြိုတင်အသိပေးထားတဲ့ လူကြီးတွေ။ ကိုယ့်အိမ် အတွက် မီးစက်ဝယ်ဖို့ကျတော့ ခွက်ကျပြီး ဈေးအတင်းဆစ်နေနဲ့လူကြီးတွေအကြောင်းဆိုရင် သူဒေါသထွက်သလို ကျနော်တို့က ကြားတိုင်း တောက် တစ်ခေါက်ခေါက်ပေါ့။ တစ်လောက သူ့အိမ်ဝိုင်းအတွက် မြေဂရမ်ရဖို့ စာရွက်စာတမ်း အပြည့်အစုံရှိနေပါလျက်နဲ့ သူ့အိမ်ကို “မြန် မြန်ရအောင် ပေးစရာရှိတာပေးလိုက်၊ အသိအကပ်ရှာကြည့်အုံး” လို့ ဖုန်းဆက်နေတဲ့ သူ့ကို ကျနော်တို့က ၀ိုင်းကူပြီးတောင် ကူညီပေးမိကြ တယ်။

တစ်နေ့က ဒီနိုင်ငံမှာရှိတဲ့ မြန်မာစုရပ်ကို သူငယ်ချင်းဘော်ဒါလေးတစ်ယောက်နဲ့ ကျနော် အတူသွားမိတယ်။ မြန်မာစုရပ်ကိုရောက်ဖို့ဆိုရင် လမ်းဖြတ်ကူးရပါတယ်။ ဘူတာကထွက်ထွက်ချင်း လမ်းဖြတ်ကူးဖို့ လူကူးမျဉ်းကျားမရှိပါဘူး။ ထုံးစံအတိုင်းကျနော်က ကားရှင်းမရှင်း ကြည့် ပြီး လမ်းမကြီးပေါ် မလုံမလဲ အပြေးဖြတ်ကူးတာပေါ့။ ဒီကောင်လေးက ကျနော့်ကို “အစ်ကိုရယ် ဘာမှလဲဝေးတာမဟုတ်ဘူး။ လူကူးမျဉ်း ကြားက ကူးမှပေါ့” ဆိုတဲ့ စေတနာနဲ့သတိပေးပေမယ့် ကျနော့်မျက်နှာကို ဘယ်နားထားရမှန်းတောင် မသိလောက်အောင် ရှက်သာဗျာ။ အိမ်အပြန်လမ်းမှာ ကွမ်းဝါးရင်း မြက်ခင်းပြင်ရောက်တိုင်း ကွမ်းထွေးနေတဲ့ကျနော့်ကို “အိမ်ရောက်မှ စားပါ့လား အစ်ကိုရယ်” လို့ သူက အနှောင့်လွတ် အသွားလွတ် စေတနာစကားပြောပေမယ့် ကျနော့်မျက်နှာပေါ်ကို ပုရွက်ဆိတ်တွေ ရွစိထိုးတက်လာသလို ခံစားမိတယ်။

တစ်ခါတစ်ရံ အချိန်ရရင် ဒီမိုကရေစီစနစ်ဆိုတာ ဘာပါလိမ့်လို့ ကိုယ့်ဘာသာ ပြန်တွေးနေမိတယ်။ ဒီမိုကရေစီဆိုတာ ကိုယ့်တာဝန်ကိုယ်ယူ။ သူတစ်ဖက်သားကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ စနစ်ကြီးပေများလား။ အားလုံးက တန်းတူညီမျှရေး။ တော်သူနေ၊ မတော်သူသေ၊ ကြိုစား သူရှေ့ရောက်၊ မကြိုးစားသူ အနောက်နေ။ ဒေါ်စုက “အစိုးရကောင်းဆိုတာ ရှိလို့ရှိမှန်းတောင် ပြည်သူက မသိရတဲ့ အစိုးရ” ဆိုတဲ့ စကားကို ဖြန့်ထွက်တွေးမိတယ်။ တရားမျှမျှတတ သတ်မှတ်ထားတဲ့ ဥပဒေဘောင်အတွင်းမှာ ဥပဒေတွေကိုလိုက်နာပြီး ဘယ်သူ့ကိုမှ ဖားယား၊ ကပ် ရပ်နေစရာမလိုတဲ့ ပြီးပြည့်စုံတဲ့စနစ်ရှိတဲ့နိုင်ငံလို့ ပြောသွားတယ်ထင်ပါရဲ့။ တစ်ကယ့်တကယ်ကျတော့ အခုအချိန်မျာ ကျနော်တို့ ပြည်သူလူ ထုက ဒေါ်စုကိုအားကိုးရလွန်းတာ၊ NLD ကို မျှော်လင့်ရလွန်းတာ မူမမှန်တဲ့နိုင်ငံရေးစနစ်ကြီးလို့ မြင်ပါတယ်။ အများအကျိုးအတွက်၊ ပြည် သူလူထုမျက်နှာကလွဲလို့ ဘယ်နိုင်ငံခြားအစိုးရကိုမဆို၊ ဘယ်သူ့ကိုမဆို မထောက်မညှာ ရှင်းရှင်းဘွင်းဘွင်း မကွယ်မ၀ှက်ပြောတတ်တဲ့ အ ဘွားကြီးကို သဘောကျပေမယ့် လူတစ်ယောက်အပေါ်မှာအားကိုးရလွန်းတဲ့ နိုင်ငံသားတစ်ယောက်ဘ၀က သိပ်မနိပ်လှဘူးထင်ပါတယ်။ လက်ရှိအခြေအနေအရ ခေါင်းဆောင်ကောင်းတစ်ယောက်ရထားလို့ ကျနော်တို့ပြည်သူလူထု ကံကောင်းတယ်ဆိုပေမယ့် ရေရှည်အတွက် ဒါဟာ အထာမကျသေးပါဘူးလို့ ကိုယ့်ဘာသာ တစ်ယောက်တည်းတွေးမိတယ်။

နိုင်ငံအရေးကို လုံးဝစိတ်မ၀င်စားဘဲ အင်တာနက်ပေါ်မှာ တောင်လိုလို၊ မြောက်လိုလိုလုပ်ရင်း အချိန်တွေ ကုန်နေတဲ့ ကျနော်တို့ လူငယ်တွေ။ စာဖတ်ကြဖို့ဆိုတာ စာရေးဆရာတွေ ပြောတဲ့စကားပါဗျာ။ သီချင်းဆိုတဲ့သူက သီချင်းနားထောင်ဖို့ပြောကြသလို၊ အသီးအရွက်ရောင်းသူက အသီးအရွက်တွေစားရင် ကျန်းမာတယ်လို့ပြောကြသလိုမျိုး စာရေးတဲ့သူက သူတို့စာရေးဆရာတွေကောင်းစားဖို့ပြောတဲ့ စကားကြီးပါလို့ ပြောတဲ့ လူတစ်ချို့တွေ။ နိုင်ငံရေးဆိုတာ အလကား။ ဘယ်သူ့မှ မယုံဘူး။ ဘယ်သူမှ မကောင်းဘူး။ အားလုံးက အာဏာရဖို့ လုပ်နေကြ တဲ့လူတွေချည်းဘဲလို့ ပြောတဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့ လူတစ်ချို့ မိတ်ဆွေတစ်ချို့တွေ။ ကျနော့်မှာ မှားမှန်းသိနေပေမယ့် အမှန်လဲ ပြောမပြတတ်၊ ဖြေရှင်းမပြတတ်တဲ့ဘ၀ကြီးကို ရောက်မှန်းမသိ ရောက်နေမိတယ်။ မြန်မာလူမျိုး တွေ စည်းကမ်းနည်းတယ်၊ စည်းလုံးညီညွှတ်မှုမရှိဘူးလို့ ပြောပြောနေပြီး တွေ့ကရာ ကွမ်းထွေး၊ အမှိုက်ပြစ်၊ တွေ့ကရာလူနဲ့ ရန်ဖြစ်ချင်၊ စိတ်ကောက်ချင်နေတဲ့ ကျနော်လိုလူတွေ။ တစ်ယောက်တည်းဆို အသံတိတ်သလောက် လူအုပ်တောင့်လာရင် ချိုးချင် ဖဲ့ချင် ဖြစ်လာတဲ့ ကျနော့်စိတ်တွေ။ လက်သည်ကိုချည်း အားမကိုးဘဲ နည်းနည်းညှစ်ကြည့်ဖို့ အများကြီးလိုနေပါသေးတယ်လို့ ကျနော့်ကို ကျနော် ပြန်သုံး သပ်ရင်း အတွေးတွေ တွေးနေမိတော့တယ်။

မူရင်းက ဒီမှာပါ။

၈၈ မျိုးဆက်ကျောင်းသားများမှ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရန် အဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံ



၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ယမန်နေ့က တောင်ကုတ်မြို့တွင် သံတွဲမှ ရန်ကုန်သို့သွားသည့် အစ္စလာမ်ဘာသာဝင် ခရီးသည် ၁၀ ဦးအသတ်ခံရသည့် ကိစ္စကိုရည်ညွှန်း၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် ဋ္ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၀ိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးဖို့ ယနေ့နေ့စွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်ထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် ယဉ်ကျေးသည့် လူ့အသိုင်းအ၀ိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာ မရှိကြောင်းနှင့် မည်သည့်ဘာသာတရားမှလည်း လက်ခံမည်မဟုတ်ကြောင်း ဖေါ်ပြကာ ယခုအဖြစ်အပျက်များသည် မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို နောက်ပြန်သွားစေနိုင်သည့် ထောင်ချောက်များဖြစ်သည်ဟု လည်း သတိပေးထားသည်ကိုတွေ့ရသည်။

ယမန်နေ့ မွန်းလွဲပိုင်းက သံတွဲ-ရန်ကုန် ခရီးသည်တင်ယာဉ် တစီးပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည်။

ယင်းအဖြစ်အပျက်မဖြစ်ပွားမီ လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအနီး ရခိုင်အမျိုးသမီးငယ် တဦး အဓမ္မပြုကျင်ခံရပြီးနောက် အသတ်ခံရသည့် အဖြစ်အပျက်ဖြစ်ပွားခဲ့ရာ ယင်းအဖြစ်အပျက်အပေါ် လှုံ့ဆော်ပြီး ယမန်နေ့က တောင်ကုတ်မြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု သံတွဲဒေသခံများ၏ အဆိုအရ သိရသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားသည့်နေ့မှာပင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့၌လည်း ဈေးကောက်ကောက်ယူသည့် ကိစ္စအပေါ် အချင်းများရာမှ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် ကောလဟလ ဖြစ်ပေါ်ပြီး စစ်တွေ အမှတ်(၁) ရဲစခန်းကို ထောင်နှင့်ချီသည့် လူအုပ်က နာရီအတန်ကြာ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

ညသန်းခေါင်မတိုင်မီ လူအုပ်စုအား ဖြိုခွဲသည့်အနေဖြင့် ရဲစခန်းမှ သေနတ်ထောင်ဖောက်ခြင်း၊ လူအုပ်အတွင်း ပစ်ခတ်လူစုခွဲခြင်းတို့ကြောင့် လူ (၁၀ )ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ ။

မူရင်းသတင်းက ဒီမှာပါ။

ခုနှစ်ရက်သားသမီးများအတွက် ( ၄.၆.၁၂ ) မှ ( ၁၀.၆.၁၂ ) ထိ တပတ်စာဗေဒင်ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်ပင်ပမ်းဖြစ်နေမည်။ ငွေဝင်သည်။ သို့သော်ငွေအတွက်သောကဖြစ်နေမည်။ ဖုန်းအတွက်စိတ်ညစ်နေမည်။ ဖုန်းအသစ်အဟောင်းပြောင်းစရာဖြစ်လာတတ်သည်။ စာရွက်စာ တမ်းကြောင့်စိတ်ညစ်နေရတတ်သည်။ အလုပ်များလုပ်သမျှခေါင်းရှုပ်နေရတတ်သည်။ ကျိုးစားပြီးလောဘတကြီးလုပ်နေသမျှအရာမထင်ဖြစ်နေပြီးစိတ်ပင်ပမ်းခြင်း၊ လူ ပင်ပမ်းခြင်းဖြစ်နေမည်။ အစစအရာရာသည်းခံပြီးနေပါ။

ကျန်းမာရေး။ ရင်ဘတ်အောင့်ခြင်း၊ ကျောအောင့်ခြင်းဖြစ်နေမည်။
အချစ်ရေး။ မိမိကိုစိတ်ဝင်စားသူများနေမည်။ ချစ်သူလည်းရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စံပယ်ပန်းကပ်လှူဆူတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၂ ၃ ၁)

တနင်္လာသားသမီးများ၏ကံကြမ္မာ

လာဘ်ရခြင်း၊ စီးပွားရေးကောင်းမွန်ခြင်း၊လုပ်ငန်းသစ်လုပ်ရခြင်း၊ နေရာသစ်ပြောင်းရန်ဖြစ်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ ပြောင်းလျှင်လဲရသည်။ မပြောင်းလဲကောင်းသည်။ အခုရက်ပိုင်း တွင်ကောင်းသောသတင်းများ၊ ကောင်းသောအလုပ်များ လုပ်ကိုင်နေရတတ်သည်။ သူတပါး၏အကူအညီများ လဲရနေမည်။ မိမိကလဲ အကူအညီများပေးနေရမည်။ မြေထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်း၊ ဖြစ်တတ်သည်။ သို့သော်အသစ်ပြန်ဝင်မည်။

ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ သွေးလျှံခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ပျော်ရွှင်စရာများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရေသပ္ပာယ်ပြီးဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၂ ၁)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးသွားရခြင်း၊ သို့မဟုတ်ပြည်တွင်ခရီးသွားရခြင်းဖြစ်မည်။ မြေ၀င်ခြင်း၊ နေရာသစ်ပြောင်းရခြင်း၊ မိတ်ဆွေသစ်များရခြင်း၊ ဖုန်းဟောင်းမှဖုန်းအသစ်ပြောင်းရခြင်းဖြစ်မည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေများနှင့်လမ်းခွဲရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်းဖြစ်တတ်သည်။ စာရွက်စာတမ်း သတိထားပါ။ အရေးကြီးစာရွက်စတမ်းကြောင့်စိတ်ညစ်ရတတ်သည်။ ငွေဝင်မည်။ သို့သော်အကုန်များနေသည်။

ကျန်းမာရေး။ အကြောနာခြင်း၊ ကိုယ်လက်မအီအသာဖြစ်ခြင်းဖြစ်နေမည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်အလုပ်များနေမည်။ စိတ်မအားဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်ပုံတော်အသစ် (သို့) ဆင်းတုတော်အသစ်ထပ်ပြီးပူဇော်ပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၇ ၁ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ငွေများစွာနှစ်ကြိမ်ဝင်လိမ့်မည်။ အလှူလုပ်ရမည်။ ဆွေမျိုးသားချင်းများထဲမှာမင်္ဂလာဆောင်၍ သွားရောက်ပါဝင်ရတတ်သည်။ သို့မဟုတ်မိမိကိုယ် တိုင်မင်္ဂလာလက်ထပ်ပွဲပြုလုပ်ရတတ်သည်။ ကောင်းသောခရီးသွားရတတ်သည်။ မိတ်ဆွေ၏အထင်လွဲခြင်းခံရတတ်သည်။ စီးပွားတက်နေမည်။ မြေများဝင်လိမ့်မည်။ လူလိမ်ခံရတတ်သည်။ သတိထားပါ။

ကျန်းမာရေး။ ယားနာပေါက်ခြင်း၊ လေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေမည်။ လက်ထပ်မင်္ဂလာပြုလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ကန်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားနိုင်ငံရပ်ခြားခရီးသွားရမည်။ ဆွေမျိုးကိစ္စကြောင့်သွားရတတ်သည်။ ပူပင်သောကခရီးဖြစ်မည်။ သို့သော် အစစအရာရာအေးချမ်းသွားပါမည်။ စက်ပစ္စည်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ ကားဝင်ခြင်း၊ ကွန်ပြူတာဝင်ခြင်းဖြစ်မည်။ စီးပွားရေးကောင်းမည်။ အလုပ်တွင်လက်အောက်ငယ်သားများ အချင်းချင်းရန် ဖြစ်တတ်သည်။ သတိထားပါ။

ကျန်းမာရေး။ သွေးတိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရမည်။ မိမိဘ၀လက်တွဲဖေါ်ကောင်းဖြစ်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းပေါင်းစုံကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၃ ၅ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ

စိတ်တိုင်းမကျဖြစ်နေမည်။ သူတပါးကိစ္စ၊ မိမိကိစ္စများနှင့်စိတ်ပင်ပမ်း၊လူပင်ပမ်းဖြစ်နေမည်။ ခရီးထွက်ရတတ်သည်။ ပြည်တွင်းပြည်ပခရီးများဖြစ်တတ်သည်။ အမှုအခင်းမဖြစ်အောင်နေပါ။ စာချုပ်စာတမ်းအာမခံခြင်းများမလုပ်ပါနှင့်။ ငွေစိုက်ဖြေရှင်းရတတ်သည်။ မိမိကိုယ်တိုင်ငွေအတွက် ခက်ခဲမှုမရှိပါ။ မိမိနားကပ် ကျောက်ထွက်ခြင်း၊ ကျပျောက်ခြင်းဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ လုပ်ငန်းတွင်အခက်အခဲ အတိုက်အခံများနှင့်ရင်ဆိုင်နေရတတ်သည်။ အစစအရာရာသတိထားပါ။

ကျန်းမာရေး။ စိတ်ကြောင့်နှစ်လုံးရောဂါဖြစ်တတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်၏မပွင့်လင်းမှုကြောင့် အလိုမကျဖြစ်နေလိမ့်မည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နေကထိုင် ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၅)

စနေသားသမီးများ၏ကံကြမ္မာ

ထီပေါက်ခြင်း၊ ထီပေါက်သကဲ့သို့ငွေဝင်ခြင်း၊ ကားဝင်ခြင်း၊ ကားအဟောင်းမှအသစ်ပြောင်းရခြင်း၊ တိုက်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ရွှေထွက်ခြင်း၊ ရွှေပြင်ရခြင်းပြုလုပ်ရတတ်သည်။ လုပ်ငန်းတိုးချဲ့ရတတ်သည်။ အောင်မြင်မည်။ စီးပွားတက်မည့်အချိန်ဖြစ်သည်။ ငွေလူလိမ်ခံရတတ်သည်။ သတိထားပါ။ ဆိုင်ကယ်စီးလျှင်/ ကားမောင်းလျှင်သတိထားပါ။ တိုက်တတ်သည်။ ငွေကုန်များတတ်သည်။

ကျန်းမာရေး။ လက်ဒဏ်ရာရတတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေထီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၂ ၀ ၀)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ စားသောက်ဆိုင်၊ ကလန်း၊
(ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)

ဖုန်း-+6016 690 3513 ,+6012 9133 093
E-mail: swezinwati@gmail.com
www.facebook.com၊/ swezinwati

*မလေးရှားမဟုတ်သော တခြားနိုင်ငံမှဗေဒင်ဝါသနာပါသူများဗေဒင်မေးမြန်းလိုသူများ အီးမေးလ်ဖြင့်ဟောစာတမ်းပို့ပြီးဟောပေးပါသည်။

မူရင်းက ဒီမှာပါ။

ဇာတ်ရဲ့ပရိသတ်



မြေဝိုင်းက ဇာတ်ဘဲဖြစ်ဖြစ်
ကပွဲရုံထဲက ဇာတ်ဘဲဖြစ်ဖြစ်
ပိတ်ကားပေါ်က ဇာတ်ဘဲဖြစ်ဖြစ်
လူ့ဘဝဇာတ်ခုံပေါ်က
ကနေဆဲ ကနေမြဲ …။

ဇာတ်တစ်ဇာတ်မှာ
ဇာတ်စကောင်းဖို့လိုသလို
ဇာတ်သိမ်းကောင်းဖို့လိုတယ်
ဇာတ်လယ်မအီဖို့လိုသလို
ဇာတ်ရှိန်မြှင့်တတ်ဖို့လိုတယ်
ဇာတ်ညွှန်းဖွဲ့ကောင်းဖို့လိုသလို
ဇာတ်ဆရာလည်းတော်ဖို့လိုတယ်
ဇာတ်ပို့တတ်ဖို့လိုသလို
ဇာတ်လိုက်ကောင်းဖို့လိုတယ် ….။

ဇာတ်တစ်ဇတ်
ဇာတ်ညွှန်း ဇတ်လမ်း
ဘယ်လိုဘဲခင်းခင်း
ဇာတ်ဆရာ ဇာတ်ဆောင်
ဘယ်လောက်ဘဲညီညီ
သူ့ဇာတ် သူ့အရပ်နဲ့
ဘယ်လိုဘဲကက ….။

စင်ပေါ်မှာ
ကြာကြာခံမဲ့ဇာတ်
ပရိသတ်ရှိဖို့ သိပ်လိုတယ် ….။

မူရင်းကဗျာက ဒီမှာပါ၊

ရွှေတူး အလုပ်သမား ဆန္ဒပြမှု အရှိန်မြင့်

ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်က ရွှေတွင်းတွေမှာ ဆက်ပြီး အလုပ်လုပ်ကိုင်ခွင့်ရရေး အတွက် အလုပ်သမား ဦးရေ သုံးသောင်းကျော်ဟာ ၃ ရက်မြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ဒီကနေ့မှာတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ ကန်ထရိုက်ယူထားတဲ့ ကုမ္ပဏီကြား ညှိနှိုင်းတာတွေ ရှိခဲ့ပေမဲ့ ပြေလည်မှု မရသေးပါဘူး။ အလုပ်သမားတွေ ဘက်ကတော့ သူတို့တောင်းဆိုထားတဲ့ အချက်တွေမရမချင်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဒီရွှေတွင်းမိုင်းတွေကို အကြီးစားလုပ်ငန်းတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်ဖို့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြထားပါတယ်။

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင်ရဲ့ အရှေ့ဘက် မိုင် ၃၀ အကွာလောက်မှာ ရှိတဲ့ မိုးထိမိုးမိ ရွှေတွင်းဒေသက ရွှေတူးတဲ့မိုင်းတွင်းတွေမှာ ဦးရေ သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြတာ ဒီကနေ့ဆိုရင် သုံးရက်ဆက်တိုက် ရှိနေပါပြီ။ အဓိက ကတော့ ရွှေတူးဖော်ရေး လုပ်ငန်းတွေမှာ အသေးစား လုပ်ငန်းရှင်တွေကို ဆက်ပြီးတော့ အလုပ်လုပ်ကိုင်ခွင့် မပေးတာကြောင့် ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၃ ရက် တနင်္ဂနွေနေ့မှာတော့ ကုမ္ပဏီဘက်က တာဝန်ရှိသူတချို့နဲ့ အလုပ်သမားတွေ ညှိနှိုင်းတာ ရှိပေမဲ့ အဆင်ပြေမှု မရသေးဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုဌေးအောင်ကျော်က ပြောပါတယ်။

“လူအင်အားကတော့ သုံးသောင်းကျော် ငါးသောင်း ပတ်ဝန်းကျင်ပေါ့လေ။ ဒီအင်အားလောက်နဲ့ ကျနော်တို့ ဆန္ဒပြနေတာပေါ့နော်။ သူတို့က ၇ ရက်နေ့ကျရင် တိကျတဲ့အဖြေကို ပေးပါ့မယ်ဆိုပြီး အခု ကျနော်တို့ကို အဲဒီလို ပြန်ပြောပါတယ်။ ဒီနေ့မှာ ပြောတာပေါ့နော်။ ၇ ရက်နေ့အထိ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ လုပ်သားတွေ ခံစားခွင့်ကို အရင်အတိုင်းရရှိရေး၊ အဲဒီလောက်ပါပဲ ကျနော်တို့တောင်းဆိုတာက။ သိပ်အထွေအထူး မများပါဘူး။”

ဒီပြဿနာဟာ မေလဆန်းကတည်းက လုပ်ငန်းငယ်တွေကို ရပ်ပစ်ကတည်းက ဒီမိုင်းတွင်းတွေမှာ စဖြစ်နေခဲ့တာ ဖြစ်ပြီး ညှိနှိုင်းမှုတွေ ရှိခဲ့ပေမဲ့ မအောင်မြင်တာကြောင့် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ သူတို့ တောင်းဆိုချက်တွေကို မရမချင်း ဆက်ပြီးတော့ ဆန္ဒပြသွားမှာဖြစ်သလို သက်ဆိုင်ရာအစိုးရ ဌာနတွေဆီကိုလည်း တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“တစ်လကျော်နေပါပြီ။ သူတို့က ဟိုလိုလျှော့လိုက်၊ ဒီလိုလျှော့လိုက်နဲ့ အဲဒီလို လျှော့ လျှော့ပြီးတော့ လုပ်လာခဲ့တာ ကနေ့ အချိန်အထိပေါ့နော်။ ကျနော်တို့ဆိုရင် ဒါ အကုန်ရပ်ထားရတာဗျ။ လူ ငါးသိန်းလောက်ကတော့ အကုန်လုံး အခက်အခဲဖြစ်သွားမှာဗျ။ အခု ကျနော်တို့ဆိုရင်ပဲ ကိုယ့်နေရပ်ကို ပြန်ပို့တဲ့သူက ပို့ခံရတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆန္ဒဖော်ထုတ်တာတွေကို နေပြည်တော်ရယ်၊ ရန်ကုန်အထိမှာပါ လုပ်ဖို့ စီစဉ်ထားတာပေါ့နော်။”

သတ္ထုတွင်း ၀န်ကြီးဌာနကနေ ကွန်ထရက်ယူထားတဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးကတော့ အသေးစားလုပ်ငန်းတွေကနေ အကြီးစားလုပ်ငန်းတွေကို ပြောင်းမယ်ဆိုတဲ့ စီမံကိန်းတွေကို အကောင်အထည် ဖော်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်မိုလို့ ဒီစီမံကိန်းတွေအကြောင်း လုပ်ငန်းငယ်တွေကိုလည်း ကြိုတင်အကြောင်းကြားထားတာ ဖြစ်သလို သူတို့ကိုလည်း ၇ လ လုပ်ကိုင်ခွင့် ပေးပြီးသားဖြစ်တယ် ဆိုတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။

“ဒီနေ့လည်း ကျနော် သူတို့နဲ့ ဆွေးနွေးဖြစ်ပါတယ်။ အဓိက ကတော့ သူတို့က သွားမယ်ဆိုရင် ကျနော်တို့က နိုင်ငံတော်ကို ၇၃ ပိဿာပေါ့။ ငါးနှစ်ဆိုရင် ၅.၅၇ ပေးသွင်းရမှာပေါ့နော်။ နှစ်ရှည်လည်း လုပ်ရမယ့်ဟာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီလို အသေးစားနဲ့သွားမယ်ဆိုရင် တစ်နှစ်ခွဲ နှစ် နှစ်တွင်းမှာ ဒီမိုင်းကြီးက ဆက်ပြီးတော့ ထုတ်လုပ်ဖို့ အခက်အခဲဖြစ်သွားရင် နိုင်ငံတော် အတွက်လည်း နစ်နာမယ်ပေါ့နော်။ ဒါကြောင့်မိုလို့ ကျနော်တို့က ရှေ့ဆက်သွားဖို့ဆိုရင် ဘယ်လို သူတို့အနေနဲ့ အာမခံချက် ပေးမလဲ၊ ဒါလည်း သူတို့ကို ကျနော်တို့ မေးခဲ့ပြီးပါပြီ။ ပြောခဲ့ပြီးပါပြီ။ ရှင်းခဲ့ပြီးပါပြီ။”

အခု ဒီမိုင်းတွင်းက အသေးစားလုပ်ငန်းတွေကို အကြီးစားလုပ်ငန်းတွေ ပြောင်းနိုင်ဖို့အတွက် အလုပ်သမားတွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်သလို အကြီးစားလုပ်ငန်းတွေနဲ့ အလုပ်သမားတွေ ပူးပေါင်း လုပ်ဆောင်သွားဖို့ကိုလည်း ကုမ္ပဏီဘက်က ကူညီနိုင်ဖို့တွေကိုလည်း စီစဉ်ထားတယ်လို့ ဆက်ပြီးတော့ ရှင်းပြပါတယ်။

“ကျနော်တို့မှာ အခု လုပ်ကွက်ကြီးထဲမှာ ရွှေစင် ရယ်၊ ထုံးကြီးရယ် ဆိုပြီးတော့ လုပ်ကွက်ကြီး နှစ်ခု ရှိတယ်။ ဒါကတော့ ကုမ္ပဏီ လုပ်ကွက်ကြီးတွေပေါ့နော်။ ကျန်တဲ့ဇုံတွေမှာ ဇုံ ၁၂ ဇုံ ရှိပါတယ်။ တခြားဇုံတွေမှာ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ ဖြစ်ပါတယ်။ သူတို့လက်အောက်မှာ မဟုတ်ပါဘူး။ သူတို့နဲ့ ပူးပေါင်းပြီး စောစောကပြောသလို အစုစားသော်လည်းကောင်း၊ လခစားသော်လည်းကောင်း သူတို့ လုပ်လို့ရတယ်လို့ ပြောထားပါတယ်။”

ဒီရွှေတွင်း လုပ်ကွက်တွေကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ထရိုက် စယူထားတာ ဖြစ်ပြီးတော့ ငါးနှစ်သက်တမ်း စာချုပ်နဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အခု မိုးထိမိုးမိဒေသမှာ အသေးစားလုပ်ငန်းတွေက ၃၆ ခုမက ရှိနေပြီးတော့ ဧက ၂၀ ကျယ်ဝန်းတဲ့ လုပ်ကွက်တကွက်ကို တနှစ်ကို ရွှေ ၂၄ ကျပ်သား ပေးဆောင်ပြီး အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကျောက်တွင်းတွေပိတ်

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပေမဲ့ ကချင်ပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ အခုလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ အခြေအနေတွေမတည်ငြိမ်တာကြောင့် အာဏာပိုင်တွေကနေ ကျောက်တူးတဲ့ လုပ် ငန်းတွေကို ပိတ်ခိုင်းလိုက်တဲ့အတွက် ကျောက်လုပ်သားတွေ အားလုံး နေရပ်ပြန်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမျိုးမှာ မြစ်ကြီးနားဘက်မှာလည်း တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ပွဲရပ်စဲရေး တောင်းဆိုဖို့ ပြင်ဆင်နေကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတ၀ိုက်မှာ တိုက်ပွဲငယ်လေးတွေ ဖြစ်ပွားနေပြီး နေ့ စဉ်လိုလို သေနတ်သံ၊ လက်နက်ကြီးသံတွေကို ကြားနေရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းမှာပဲ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းတွင်း ကုမ္ပဏီတွေကလည်း အစိုးရ သတ္ထုတွင်း ၀န်ကြီးဌာနရဲ့ စေခိုင်းချက်အရလို့ပြောပြီး အလုပ်တွေရပ်ဆိုင်းခဲ့တာကြောင့် ကျောက် တွင်း အလုပ်သမားတွေအားလုံး အခုဆိုရင် နေရပ်ဒေသတွေဆီ ပြန်နေကြ တာကြောင့် ကားခတွေလည်း အဆမတန် ဈေးတက်ကုန်တယ်လို့ ဖားကန့် ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခု လောလောဆယ်တော့ ဖားကန့်မှာ အားလုံးသိတဲ့အတိုင်းပဲ။ ကုမ္ပဏီတွေက ပြော တယ်။ နေပြည်တော် သတ္ထုတွင်းဌာနက လုပ်ငန်းတွေ အားလုံး ရပ်ခိုင်းတယ်။ ရပ်ပြီးမှ နေ့တိုင်းလိုလို ဒီကခေါက်စားသမားတွေ၊ ရေမဆေးသမားတွေနဲ့ ကုမ္ပဏီမှာလုပ်တဲ့ အလုပ်သမားတွေ အားလုံးတော့ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန် နေရပ်ရင်းမြို့ကို ပြန်သွားကြတာပေါ့။ အားလုံးကို ပိတ်တာ။ ရေမဆေးသမားတွေ ရေမဆေး ကောက်လို့ မရဘူး။ ရေမဆေးသမားတွေ ရေမဆေးကောက်ရင် ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေနဲ့ဖမ်းတယ်။ ဘာကြောင့်လဲဆိုတာတော့ အကြောင်းစုံတော့ အသေးစိတ် ကျနော်တို့ မသိတော့ဘူးဗျာ။ အလုပ်သမားတွေကျတော့ သူတို့ ဈေးပေါပေါနဲ့ သူတို့ ကုမ္ပဏီကားတွေ၊ ကုန်ကားတွေနဲ့ ဆင်းကြတယ်။ ဒါပေမယ့် ဘင်ကားက အများဆုံး ၈ သောင်း၊ ၇ သောင်း၊ အရင်ကတော့ ၂ သောင်း- ၂ သောင်း ၅ ထောင်၊ ၃ သောင်းက အများဆုံးပဲ။ အခု ဈေးတက်တာက လေးငါးရက်လောက် ပဲ ရှိသေးတယ်။”

ဖားကန့်ဒေသခံတဦး ပြောပြခဲ့တာပါ။ ဒါ့အပြင် အခုလို ကျောက်စိမ်းတွင်းမှာ အလုပ်လုပ်ကြတဲ့ အလုပ် သမားတွေ ပြန်ကုန်ကြတဲ့အတွက် ဖားကန့် ဒေသမှာ နေ့စဉ် အရောင်းအ၀ယ်လုပ်ငန်းတွေလည်း အတော်လေး ပါးသွားသလို တချို့နေရာတွေမှာ လုယက်မှုဖြစ်တာတွေလည်း ရှိလာတယ်လို့ ဖားကန့်ဒေသခံတချို့ကလည်း ပြောပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဇွန်လ ၁ ရက်နေ့ကပဲ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေးအတွက် နှစ်ဘက် အဆင်မပြေဖြစ်နေတဲ့ တပ်စခန်းချထားရေး၊ တပ်ရုပ်သိမ်းရေးနဲ့ တိုက်ပွဲရပ်ဆိုင်းရေးကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲကြီး မဟုတ်ပေမဲ့ ဒီနေ့အထိ တိုက်ပွဲငယ်လေးတွေကတော့ ကချင်ပြည်နယ် ထဲမှာ ဖြစ်ပွားနေတာပါ။ အခုလို KIO နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်စခဲ့တာ မကြာခင် ရက်ပိုင်းမှာပဲ တနှစ်တင်းတင်း ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြားမှာ ဒေသခံကချင်ပြည်သူတွေ အတော်လေး ဒုက္ခရောက်ခဲ့ကြပြီး စစ်ပြေး ဒုက္ခသည် ဦးရေဟာဆိုရင်လည်း တစ်သိန်းနီးပါး ရှိနေပြီဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။

ဒီလို အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်ရတဲ့ စစ်ပွဲတွေ ရပ်စဲရေး လာမယ့်တနင်္ဂနွေနေ့မှာ တပြည် နယ်လုံး အတိုင်းအတာအရ ဆန္ဒပြ တောင်းဆိုကြဖို့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ပွဲရပ်စဲရေးကော်မတီက လုပ်ဆောင်နေတဲ့အကြောင်း ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဘိုက ပြောပြပါတယ်။

“အခုပဲ စာတင်ပြီးပြန်ခဲ့တာ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလဂျွန်တန်ဆိုင်းကို အဓိကတင်တယ်ပေါ့။ နောက် ကချင်ပြည်နယ် ရဲမင်းကြီး၊ အဲဒါပြီးတော့ စစ်ဘက်ရေးရာ လုံခြုံရေး ရုံးချုပ်ပေါ့- ကျနော်တို့က စစ်ပြေး ဒုက္ခသည် မဖြစ်တာတမယ်ပဲ၊ စစ်ပြေးဒုက္ခသည် မဖြစ်ဘူးဆိုပေမဲ့ ကျနော်တို့နေရာဒေသမှာ လောလော ဆယ် စစ်မြေပြင်လို ဖြစ်နေရတယ်။ ပြည်သူတွေကတော့ ကျီးလန့် စာစား မဟုတ်ဘူး။ ငတ်ကို ငတ်နေပြီ။ ကျနော်တို့ဘက်က လူတွေက ငတ်ကို ငတ်နေပြီ။ အစိုးရဘက်ကိုလည်း စစ်ပွဲတွေရပ်စဲရေး အမြန်ဆုံး ညှိနှိုင်း အကောင်အထည် ဖော်ပေးဖို့၊ KIA ဘက်ကိုလည်း လိုက်လျောသင့်တာလိုက်လျောပြီး စစ်ပွဲတွေ ရပ်စဲဖို့ အမြန်ဆုံးအဖြေရှာပြီး နေ့ချင်းညချင်း ဒီစစ်ပွဲတွေကို ကျနော်တို့က ရပ်စေချင်တယ်။”

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့တယ်ဆိုပြီး ကချင်ဒုက္ခသည်အရေး ဆောင်ရွက်သူတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။ ဒါကြောင့်လည်း အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေတွေကနေ ရပ်တန့်သွားအောင် ဒီစစ်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့အတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကနေ အစိုးရကို ဖိအားပေး တိုက်တွန်းနေ တာလည်းဖြစ်ပါတယ်ရှင်။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။

“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။ ”

နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။

တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေးပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင်သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ဓာတ်ပုံတွေနဲ့ပူးပြီးတော့ လှုံ့ဆော်ထားတာတွေ ရှိတယ်။”

ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက်ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေသတ်ဖြတ်ခံရတာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ပြောပါတယ်။

“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”

ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ၊ အာဃတတွေနဲ့လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို သုံးသပ်ပါတယ်။

“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာအထိ ယိုယွင်းသွားတယ်လို့ သုံးသပ်ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာအသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ်ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”

မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက်လာတာကို ဦးဆောင်ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းကို ၀ိုင်းဝန်းဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့အကြားမှာ အခင်းဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက်သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာကြီးမားတာမရှိကြောင်း ပြောပါတယ်။

ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်းငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

မူရင်းသတင်းက ဒီမှာပါ၊

ဗွီအိုအေရုံးဖွင့်ဖို့ သူရဦးရွှေမန်း တိုက်တွန်းမည်

မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ထောက်ခံမှုပေးသွားမယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် နေပြည်တော် ကို ဒီကနေ့ ရောက်လာတဲ့ ဗွီအိုအေ ညွန်ကြားရေးမှူး David Ensor နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ ညွှန်ကြားရေးမှူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းအချက်အလက်တွေကို ကွင်းဆင်း အကဲခတ်တင်ပြနိုင်ဖို့ လိုလားနေတာမို့ ဗွီအိုအေ အမေရိကန်အသံက တရားဝင် ဌာနခွဲတခုဖွင့်လှစ်နိုင်ရေး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဆိုရင် ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အကူဖြစ်စေတဲ့ လုပ်ရပ်တခုအဖြစ် အားပေးမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်မှာ တွေ့ဆုံ စဉ် ပြောခဲ့တယ်လို့ ဗွီအိုအေ ညွှန်ကြားရေးမှူး David Ensor က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တာပါ။

“ဗွီအိုအေအနေနဲ့ ဌာနခွဲတခု ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ရမှာဟာ သူ့တာဝန်မဟုတ်ပေမဲ့လည်း ဒါကို သူကတော့ အားပေးမယ်လို့ ပြောပါတယ်။ ဒီလို ထောက်ခံမှု ပေးတယ်ဆိုတဲ့ အကြောင်းကိုလည်း အစိုးရတွင်းက တခြားလုပ်ဖော်ကိုင်ဘက်တွေကို သူပြောပြမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး အပြောင်း အလဲတွေနဲ့အတူ သတင်းမီဒီယာ အပေါ် ထိန်းချုပ်မှုတချို့ကိုလည်း လျှော့ပေါ့လာခဲ့တာပါ။ ဗွီအိုအေ အပါအ၀င် ပြည်ပသတင်းဌာနတွေရဲ့အင်တာနက် ၀ဘ်ဆိုဒ်တွေကို အရင်က ပိတ်ပင်ထားတာတွေကို လည်း ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာလည်း ပြည်တွင်းမှာ သတင်းယူခွင့်တွေ ပေးလာတာလို့ အခြေအနေတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမှုတွေလည်း ပြသလာခဲ့တာပါ။ ဗွီအိုအေရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ် မြန်မာပိုင်း အစီအစဉ်ရဲ့ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့အတူ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ရောက်နေစဉ် ဒီကိစ္စတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် ဆွေးနွေးမှာဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး David Ensor ကပြောပါတယ်။

“ဒီမှာရောက်နေခိုက် တခြားအစိုးရ တာဝန်ရှိသူ အများအပြားနဲ့လည်း တွေ့ဆုံသွားမှာပါ။ အခု လည်း ရောက်ရောက်ချင်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ အစိုးရ သတင်းဌာနကလူတွေနဲ့လည်း မနက်ဖြန်မှာ တွေ့ဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ လည်း တွေ့ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေဟာ စိတ်ဝင်စားစရာ လည်း ဖြစ်ပါလိမ့်မယ်။”

ကြာသပတေးနေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံသွားဖို့ မျှော်လင့် ထားတဲ့အကြောင်း ဗွီအိုအေ ညွှန်ကြားရေးမှူး David Ensor က ပြောပါတယ်။ မြန်မာအစိုးရ အရာရှိတွေနဲ့ ဗွီအိုအေ တာဝန်ရှိသူတွေ တွေ့ဆုံတဲ့ ခရီးစဉ်အတွင်းမှာတော့ ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး ဒုတိယတာဝန်ခံ Eleanor Nagy အပါအ၀င် တာဝန်ရှိသူတွေလည်း လိုက်ပါခဲ့ကြတာပါ။ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက ဆက်ဆံရေးတွေ တိုးမြှင့်ပြီး အပြန်အလှန် သံအမတ်ကြီးတွေ ခန့်အပ်ဖို့လည်း ကြေညာထားတာဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခံရတဲ့ သံအမတ်ကြီးအဖြစ်နဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး Derek Mitchell ကို ခန့်အပ်တဲ့အကြောင်း ပြီးခဲ့တဲ့ မေလလယ်မှာပဲ ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

နိုင်ငံရေးအပြောင်းအလဲ အချိန်ယူရမည်ဟု မြန်မာကာကွယ်ရေး ဝန်ကြီး တုံ့ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပေ မယ့် နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ သံသယရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေဟာ ခိုင်ခိုင်မာမာမရှိသေးသလို လူပုဂ္ဂိုလ်တွေအပေါ်မှာ တည်နေ သလိုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။

စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ အာရှဒေသ၊ လုံခြုံရေးညီလာခံမှာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း တက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်ရဲ့ သဘောထားကို တတ်ရောက်လာသူအချို့က မေးခွန်းထုတ်ခဲ့ကြပါ တယ်။ စစ်တပ်အနေနဲ့ လက်ရှိမြန်မာအစိုးရပြုလုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ၁၀၀% ထောက်ခံပါတယ်လို့ ပြောခဲ့ သလို လက်ရှိ လွှတ်တော်တွင်း စစ်တပ်က ၂၅ % နေရာယူထားတာကိုလည်း တဖြည်းဖြည်း လျှော့ချ သွားဖွယ်ရှိတယ်လို့လည်း စကားပြန်ကတဆင့် ပြောသွားပါတယ်။

လွှတ်တော်ထဲ ၂၅ % ပါဝင်ပတ်သက်မှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဥပမာ အားဖြင့် ရေချိုထဲကငါးကို ရုတ်တရက် ရေငန်ထဲကို ထည့်လို့မရသလို အသွင်ကူးပြောင်းရေးအတွက် အချိန်တော့ယူရပါမယ်၊ အခုဖွဲ့စည်းပုံပါ ၂၅ % တပ်က နေရယူထားတာဟာ အသေဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး၊ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊ သင့်လျော်တဲ့အချိန် ကျရင်တော့ ၂၅ % ပါဝင်မှုကို လျှော့ချပြီး အပြောင်းအလဲတွေ ရှိလာမှာပါ ဆိုပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဖြေဆိုသွားတာပါ။

ဒါပေမယ့်လည်း မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေး သုံးသပ်လေ့လာသူ တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ အခုလို ကတိပေး ပြောဆိုမှုတွေအပေါ်မှာ သံသယရှိပါတယ်။ အထူးသဖြင့်တော့ အပြောင်း အလဲတွေ၊ ဒီလို ပြောဆိုချက်တွေဟာ တစ်ခုလုံးကို တကယ် ကိုယ်စားပြုရဲ့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ တည်သလိုဖြစ်နေသလားဆိုတာ သူက မေးခွန်းထုတ်ပါတယ်။

“ကျနော်တို့ သတိထားပြီးတော့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ် မှူးကြီးစောမောင်ကလည်းပဲ အလားတူပဲ ဦးစီးချုပ်ဖြစ်စဉ်ကာလ န၊ဝ၊တ ဥက္ကဋ္ဌဖြစ်စဉ်ကာလက ဒီရွေးကောက်ပွဲပြီးလို့ရှိရင် စစ်တန်းလျားကိုပြန်ပါမယ်လို့ ကတိတွေပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဖယ်ရှားလိုက်တဲ့အခါကျတော့ ဒီကတိတွေက သူနဲ့အတူ ပျောက်ကွယ်သွားတာမျိုးတွေ ရှိတယ်။ အခုလည်းပဲ ဗိုလ်ချုပ်ကြီးလှမင်းပဲဖြစ်စေ၊ ဒါမှမဟုတ် သမ္မတကြီးဦးသိန်းစိန်ပဲဖြစ်စေ- နောက်ပြီးတော့ ဦးရွှေမန်းပဲဖြစ်စေပေါ့လေ- သူတို့က ခေါင်းဆောင်တွေ ပီပီပေါ့နော် ကတိကဝတ်တွေ ပေးထားပေမဲ့ တချိန်ချိန်ကျလို့ရှိရင် တပ်မတော်က အမျိုးမျိုးကြောင့် အာဏာပြန်သိမ်းဖို့၊ နောက်ကြောင်းပြန် လှည့်ဖို့ ဖြစ်လာမယ်ဆိုလို့ရှိရင် သူတို့ကို ဖယ်ရှားလိုက်တာနဲ့ သူတို့ရဲ့ကတိစကားတွေက သူတို့နဲ့အတူတူ ပါသွားတဲ့ သဘောမျိုးပဲဖြစ်သွားမှာပဲ။”

ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်းဦးကတော့ အာဏာပိုင်တွေအတွင်းမှာကို တဦးနဲ့တဦး အပြောအဆိုတွေ မညီညွတ်သေးတာကြောင့် အခု အပြောင်းအလဲဆိုတာဟာလည်း ခိုင်မာပါ့မလား စိုးရိမ်တယ်လို့ ပြောပါတယ်။

“ကျနော့်အထင်ပြောရရင်တော့ စိတ်ချရလောက်တဲ့အနေအထားမျိုးတော့ မရောက်သေးဘူးဗျ။ အထူး သဖြင့် တိုင်းရင်းသားတွေ ဆွေးနွေးတာဟာ တကြောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းဖြစ်နေ တယ်။ ပြောတာဆိုတာတွေက မညီညွတ်သေးဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေးက စိတ်ချရတဲ့ငြိမ်းချမ်းရေး ရမှသာလျှင် ပြီးပြည့်စုံလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီတော့ အခုလို ငြိမ်းချမ်းရေး တည်ဆောက် ယူတဲ့နေရာမှာ စိတ်မချနေရလို့ရှိရင် အမေရိကန်ဆီက လက်နက်တွေယူပြီးတော့ ဒီတိုင်းရင်းသားတွေကို ပြန်တိုက်နေရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ အဲဒါက စဉ်းစားစရာဖြစ်နေပါတယ်။”

အာရှလုံခြုံရေးညီလာခံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာလည်း တက်ရောက်နေ တာပါ။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေ ကို ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က လိုလိုလားလားရှိတယ်လို့ မစ္စတာ Panetta က ပြောခဲ့ပါတယ်။ ဦးဌေးအောင်ကတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထား ရှိနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာစစ်တပ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်မယ်လို့ပြောပါတယ်။

“သူတို့အနေနဲ့ အစကတည်းကကို မြန်မာစစ်ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေမှာသွားပြီးတော့ စစ်ပညာသင်ချင်တာမျိုးတို့၊ အနောက်နိုင်ငံတွေမှာပဲ သွားပြီးတော့ အနောက်နိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေတင်မကဘဲနဲ့ အနောက်နိုင်ငံထုတ် ပစ္စည်းတွေကို ဝယ်ယူချင်တာမျိုးတို့၊ သူတို့ရဲ့ သားသမီးတွေကိုလည်း အနောက်နိုင်ငံတွေမှာပဲ ပညာသင်စေချင်တာမျိုးတို့ ဒါမျိုး အနောက်နိုင်ငံတွေကို သူတို့အနေနဲ့ အထင်ကြီးလေးစားတဲ့စိတ်ဓာတ်တွေလည်း ရှိတယ်။ အဲဒါကြောင့် အခု အမေရိကန်နိုင်ငံက လာပြီး ဗမာအစိုးရခေါင်းဆောင်တွေကို အခုလိုပေါ့ ကမ်းလှမ်းမှုတွေ လုပ်လာမယ်ဆိုရင်တော့ ဒါ အများကြီးကောင်းတယ်လို့ပဲ ကျနော်က ယူဆပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ စစ်အုပ်စုအတွင်း အပြောင်းအလဲကို လက်မခံတဲ့ သဘောထား တင်းမာသူတွေ ရှိနေဆဲပဲလို့ လေ့လာသူတွေက ယူဆနေကြတာပါ။ ဒါကြောင့်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုပြီးတော့ နိုင်ငံတကာကလည်း စူးစမ်းနေပုံရပါတယ်။ အထူးသဖြင့် ကချင်ဒေသ မှာ အပစ်ရပ်ဖို့ သမ္မတက ညွှန်ကြားချက်ထုတ်ပေမဲ့ စစ်တပ်ကလိုက်နာမှုမရှိဘူးလို့ ယူဆချက်တွေကြောင့် စစ်တပ်ဟာ အပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တယ်လို့ မြင်နေကြတာပါ။ ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးကတော့ စစ်တပ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ထောက်ခံပါတယ်၊ မြန်မာ့စစ်တပ်ဟာ ဘယ်တုန်းကမှ အစိုးရကို ပုန်ကန်တာမျိုး မရှိခဲ့ဘူး လို့ ပြောဆိုသွားပါတယ်။



မူရင်းသတင်းက ဒီမှာပါ။