Monday, June 4, 2012
ကုန်သေတ္တာကား၊ သစ်လုံးတင်ကားနှင့် ကုန်တင်ကားကြီး ၃၀၀ ကျော် ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်း တည်ဆောက်
ကမ်းနားလမ်းနှင့် ဘုရင်နောင်လမ်းတို့တွင် ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရန်ရည်ရွယ်၍ ကုန်သေတ္တာကား၊ သစ်လုံးတင်ကားနှင့် ကုန်တင်ကားအစီး ၃၀၀ ကျော်ရပ်နားနိုင်မည့် ယာဉ်ရပ်နားစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အလုံမြို့နယ် ရန်ကုန်မြစ်ကမ်အနီးတွင် တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်ရပ်နားစခန်းသည် ရန်ကုန်မြို့တွင် အကြီးမားဆုံး ယာဉ်ရပ်နားစခန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သစ်လုံးတင်ကားကြီးများ၊ ကုန်သေတ္တာကားကြီးများသည် ဘတ်စကားများကဲ့သို့ မဟုတ်ဘဲ ကားတစ်စီးရပ်နားနိုင်ရန် အတွက် ပေ ၂၀၊ ပေ ၆၀ လိုအပ်သည်။
ယာဉ်ရပ်နားစခန်းအတွက် ရွေးချယ်ထားသည့် မြေကွက်သည် တစ်ချိန်က ရေအိုင်ကြီးတစ်ခုဖြစ်ကာ ယာဉ်ရပ်နား စခန်းတစ်ခုတည်ဆောက်နိုင်ရန် ၎င်းရေအိုင်ထဲသို့ ရန်ကုန်မြစ်အတွင်းမှ သဲကျင်းပေါင်းသိန်းချီ၍ စက်များဖြင့် စုပ်ယူတည်ဆောက်နေခြင်းဖြစ်သည်။
လတ်တလောအခြေအနေတွင် ကားအစီး ၁၅၀ ရပ်နားနိုင်ရန် တည်ဆောက်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်ရပ်နားစခန်းကြီးအတွင်းတွင် ပေ ၂၀၊ ပေ ၆၀ ရှိ ကုန်တင်ကားအစီး ၃၀၇ စီး၊ ပေ ၄၀ ၊ ပေ၅၀ ကားစက်ပြင် အလုပ်ရုံ နှစ်ခန်းတွဲ ရှစ်လုံး၊ ပေ ၂၀ ၊ ပေ ၄၀ ရှိ ကားရေဆေး၊ ဆီလိုက်နှစ်ခန်းတွဲ ၁၀ လုံး ပေ ၄၀ ပတ်လည်ရှိ စားသောက်ဆိုင်အဆောက်အအုံ နှစ်ခန်းတွဲ ရှစ်လုံး၊ ၁၆ ပေ၊ ပေ ၃၀ ရှိ အများသုံးရေအိမ်နှင့် ရေချိုးခန်း ၁၂ ခန်းတွဲ ၁၂ လုံး တည်ဆောက်သွားမည် ဖြစ်သည်။
အဆိုပါ အဆောက်အအုံများ ပြီးစီးပွားပါက တည်ခိုခန်းနှင့် ဧည့်ရိပ်သာများပါ စီမံကိန်းအတွင်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
KIA မှ ဆိပ်မူရွာသို့ လက်နက်ကြီးနဲ့ ပစ်ခတ်၍ လူ ၁ဦးသေ ၇ဦးထိခိုက်.....
KIA တပ်မဟာ(၂) တပ်ရင်း(၆) မှ ဆိပ်မူရွာသို့ မေ ၃၁ရက်နေ့ ညနေ ၇နာရီခွဲလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သဖြင့် ဖားကန့်မြို့နယ် ဆပ်မူရွာ၊ ရပ်ကွက်(၂) အိမ်အမှတ် (၂/၁၀၃) ဒေါ်မိချို နေအိမ်အားထိမှန်ပျက်ဆီးခဲ့ပြီး ဦးနေအောင်မှာသေဆုံးသွားခဲ့ကာ လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်။ ဒဏ်ရာရရှိသူများသည် လက်ကီးစတားကုမ္ပဏီမှဝန်ထမ်းများ နဲ့ တရုတ်နှစ်ခြင်း ခရစ်ယာန်ကျောင်း ညစောင့်တို့ဖြစ်ပါတယ်။
ဆိပ်မူရွာသားများမှ KIA ရဲ့လှုပ်ရှားမှုသတင်းကို အနီးအနားမှာရှိတဲ့ အစိုးရတပ်ကို သတင်းသွားပေးနေတဲ့အတွက် အခုလိုပစ်ခတ်သတိပေးတာဖြစ်နိုင်ပါတယ်။
KIA ရဲ့ ရက်စက်မှု တွေကြောင့် KIA ကို ရွံ့မုန်းပြီး အစိုးရတပ်ကို ကူညီတယ်။ KIA ကိုကူညီမှုမရှိတဲ့ အတွက် ကျေနပ်မှုမရှိဘဲ အစိုးရတပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။
ဖြစ်ပွားခဲ့မှုအား တာဝန်ရှိသူများအားတိုင်ကြားပြီး KIA အဖွဲ့အား ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုဖို့ ဆပ်မူရွာသားများကစီစဉ်နေကြတယ်လို့ ဆိပ်မူရွာသားတစ်ဦးက KDN သတင်းဌာန သို့ သတင်းပေးပို့ထားပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
လက်ဝှေ့ကျော် မိုက်တိုင်ဆန် မြန်မာနိုင်ငံ သို့လာမည်
ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီ ယံဟောင်း မိုက်တိုင်ဆန်သည် သာသနာပြုရန် အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် ကြံရွယ်နေကြောင်း နိုင်ငံတကာ သတင်းဌာန အချို့မှ ထုတ်ပြန်သော သတင်းများအရ သိရ သည်။
”ကျွန်တော့်ကိုယ် ကျွန်တော် လူရွှင်တော် တစ်ယောက်လို့ ခံစားနေ ရပါတယ်။ ကျွန်တော့် ရင်သွေးတွေ က ကျွန်တော့် အပေါ် လေးစားကြ အောင်လည်း မွန်မြတ်တဲ့အလုပ် တွေကို ကျွန်တော် လုပ်ချင်နေပါ တယ်။ မြန်မာနိုင်ငံမှာ တဲလေးတစ် လုံးနဲ့လည်းနေချင်တယ်”ဟု မိုက် တိုင်ဆန် က ပြောသည်။
”မွန်မြတ်တဲ့ လုပ်ရပ်တွေ လုပ် တဲ့သူတွေအထဲမှာ ကျွန်တော့် နာမည် ပါချင်သေးတယ်ဗျာ။ ဘာသာရေး အလုပ်ရယ်မှ မဟုတ်ပါဘူး။ ဂုဏ်သိက္ခာ ရှိတဲ့သူတွေ စာရင်းမှာ ပါချင်တာပါ” ဟုသူက Sports Illustrated မဂ္ဂဇင်းသို့ပြောသည်။
မိုက်တိုင်ဆန်သည် သူ့ အသက် ၂ဝ အရွယ်တွင် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ တစ် ယောက်ဖြစ်လာ ခဲ့ခြင်းကြောင့် ကမ္ဘာ့ လက်ဝှေ့ကောင်စီ၊ ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်တို့က အသက် အငယ်ဆုံး ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟု သတ်မှတ်ခဲ့ကြသည်။
သူသည် လက်ဝှေ့လောက အတွင်း သို့ အသက် ၁၅ နှစ်အရွယ်တွင် စတင် ဝင်ရောက် ခဲ့သူဖြစ်၏။ လက် ဝှေ့လောကဝယ် ‘သံမဏိမိုက်’၊ ‘နွားသိုးလေး’၊ ‘ဒိုင်းနမိုက် ချာတိတ်’ စသည်ဖြင့် နာမည် ကျော်ကြားခဲ့ သည်။ သူသည် သရုပ်ဆောင် ရော်ဘင်ဂျီဗင်စ် နှင့် ၁၉၈ဝ ခုနှစ်နှောင်း ပိုင်းတွင် လက်ထပ်ခဲ့ပြီး နှိပ်စက်ညှင်း ပန်းခဲ့သည်ဟု နာမည်ကျော်ခဲ့သည်။
ထို့နောက် ၁၉၉၂ ခုနှစ်ဝယ် အလှ မယ် ဒက်စရီး ဝါရှင်တန်ကို မတရား ကျင့်ခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရသည်။
၁၉၉၇ ခုနှစ်တွင် လက်ဝှေ့ ကျော် အီဗန်ဒါ ဟိုလီဖီးနှင့် လက်ဝှေ့ ထိုးရင်း ဟိုလီဖီး၏ နားရွက်ကို ကိုက် ဖြတ်ခဲ့သည်။
သူ့ဘဝ တစ်လျှောက်ဝယ် ဝင် ငွေ ကန်ဒေါ်လာ သန်း ၂၃ဝ ထက် မနည်းရရှိခဲ့သော်ငြား ၂ဝဝ၃ ခုနှစ် တွင် ကြွေးများ ပိကာ ဒေဝါလီခံခဲ့ ရပြန်သည်။
သူ၏ တတိယဇနီးဖြစ်သူ ‘ကီကီ’က သူ့ကို လူကောင်းတစ်ယောက် ဖြစ်လာစေရန် ပြုပြင်ခဲ့ ကြောင်း မိုက်တိုင်ဆန်က ပြော သည်။
”ကျွန်တော့်ဘဝ ကျန်းမာ ပျော်ရွှင်အောင်၊ တခြားသူတွေက ချစ်ခင်လာအောင် နေထိုင်ဖို့ ကီကီက ပြုပြင်ပေးခဲ့တယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ ကျွန် တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာတွေ အကောင်းဆုံးဖြစ်လာ အောင် သူလုပ်ပေးခဲ့တာပါပဲ။ သူ့ နေရာမှာသာ တခြားတစ်ယောက် ယောက်ဆိုရင် ကျွန်တော့်ကြောင့် သေနိုင်လောက် တယ်”ဟု မိုက်တိုင် ဆန်က ပြောပါသည်။
မိုက်တိုင်ဆန်အား နယူး ယောက်မြို့တွင် ၁၉၆၆ ခုနှစ် ဇွန်လ ၃ဝ ရက်က မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ယခုဆိုလျှင် အသက် ၄၄ နှစ်ကျော် နေပေပြီ။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ရိုဟင်ဂျာကုလားတွေကို ရခိုင်လူမျိုးတွေ ဆုံးမနေပြီ(ပေးစာ - ၁၄၅)
ယနေ့မွန်းလွဲပိုင်းက သံတွဲမြို့ မှရန်ကုန်မြို့သို့ထွက်ခွာလာသောရိုးမသစ္စာ အဝေးပြေးခရီးသည်တင်ကားပေါ်တွင်စီးနင်းလိုက်ပါလာသောခရီးသည်ရှစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။အဆိုပါဖြစ်ရပ်မှာသံတွဲမြို့နှင့် ၄၃ အကွာရှိတောင်ကုတ်မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ သံတွဲမှထွက်ခွာလာသောရိုးမသစ္စာကားသည်တောင်ကုတ်မြို့သို့အရောက် အမည်မသိ လူတစ်စုက ကားကိုတားကာ ကားပေါ်တွင်လိုက်ပါလာသော ခရီးသည်ရှစ်ဦးကို မော်တော်ယာဉ်ပေါ်မှဆွဲချပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာမှအခြေအနေကိုထိမ်း သိမ်းရန်နှင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း အမည် မဖေါ်လိုသူတောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။
"အခြေအနေကစိုးရိမ်စရာဖြစ်နေပါတယ်။ရဲတွေလည်းမြို့အ၀င်အထွက်နေရာတွေမှာ လုံခြုံရေးအတွက်စီစဉ်ဆောင်ရွက်နေတယ်။နောက်ဆက်တွဲမလိုလား အပ်တဲ့ပြဿနာတွေမဖြစ်အောင်တော့တာဝန်ရှိသူတွေစီစဉ်ဆောင်ရွက်နေကြပါတယ်" ဟု၎င်းကဆက်ပြောသည်။ သံတွဲမြို့မှဒေသခံတစ်ဦးကလည်း " အခုဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာကတရားဥပဒေအတိုင်း ဖြေရှင်းပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အခြေအနေကိုထိမ်းသိမ်းပြီး ဥပဒေအတိုင်းဖြေရှင်းနိုင်ဖို့လိုအပ်သလို၊ဥပဒေချိုးဖေါက်သူတွေကို ထိုက်သင့် တဲ့အပြစ်ဒဏ်ပေးနိုင်မှနစ်နာဆုံးရှုံးခဲ့ရတဲ့လူတွေနဲ့သူတို့နဲ့ပတ်သက်သူတွေ အတွက်အဆင်ပြေမှာပါ။ဘယ်လိုအကြောင်းပြချက်ကြောင့်မှမင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တွေ၊အကြမ်းဖက်မှုတွေမရှိသင့်ပါဘူး။အားနည်းချက်တစ်ချို့ရှိ ကောင်းရှိနိုင်ပေမယ့်ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေဟာအကြမ်းဖက်မှုတွေအ တွက်မျှတမှန်ကန်တဲ့အရေးယူဆောင်ရွက်မှုရှိတယ်လို့ကျွန်တော်တို့ယုံကြည်ချင်ပါတယ်"ဟုပြောကြားသွားခဲ့သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အင်းတော်ချောင်းကူးတံတားအား KIA မှ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့...
မနေ့ညနေ ၈နာရီခွဲလောက်တွင် ကာမိုင်း- မအူပင်- ၆မိုင်ဖြတ်လမ်း၁ရှိ အင်းတော်ချောင်း ကိုဖြတ်ကူးတည်ဆောက်ထားတဲ့ အင်းတော်ချောင်းကူးတံတားအား အဝေးထိန်းစနစ်ဖြင့် KIA မှဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ ဖောက်ခွဲခဲ့မှုကြောင့် တံတား၏ ကားဘီးလျှောက်လမ်း ကြမ်းခင်းမှာ ပျက်စီးသွားခဲ့ပေမယ့် လူနဲ့ ယာဉ်မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။
KIA မှအခုလို ကချင်ပြည်နယ်အတွင်းမှာ တံတားတွေဖျက်ဆီးနေမှုဟာ အစင်း ၂၀၀ နီးပါး ရှိနေပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်းစားရေး၊ ကချင်သမ္မတနိုင်ငံထူထောင်ရေးတို့ကို အကြောင်းအမျိုးမျိုး ပြနေပေမယ့် တကယ်တမ်း KIA အဖွဲ့ ရဲ့လုပ်ဆောင်ချက်တွေက ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများ၏ လူနေမှု ဘ၀နိမ့်ကျအောင် လုပ်နေပြီး KIA ခေါင်းဆောင်များ အာဏာ တည်မြဲဖို့ လုပ်ဆောင်နေတယ်ဆိုတာသိနိုင်ပါတယ်။
KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်ကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ အတွက် ကချင်ပြည်သူလူထုက စက်ဆုပ်ရွံ့ မုန်းတီးနေကြပြီး ဘုရားသခင်ရဲ့ ဒဏ်ခတ်ခံရတော့မှာဖြစ်တယ်လို့ ကာမိုင်းမှ လူတွေက ပြောဆိုနေကြတယ်လို့ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် နှစ်စဉ် လူဦးရေ ခြောက်သန်းကျော် သက်တမ်းမကုန်မီ သေဆုံးလျက်ရှိ
ဆေးလိပ်သောက်သုံးမှု၊ ဆေးရွက်ကြီး သုံးစွဲမှုများကြောင့် ရရှိခံစားကြရမည့် ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကို ထိန်းချုပ်နိုင်ရန် ကမ္ဘာတစ်ဝန်း ကြိုးစားနေကြချိန်တွင် စီးကရက်၊ ဆေးလိပ် ထုတ်လုပ်သူများသည် နည်းလမ်းမျိုးစုံ အသုံးပြုပြီး စည်းရုံးဆွဲဆောင် မက်လုံးပေးနေသည်ကို တွေ့မြင်နေကြရကြောင်း၊
ထို့ကြောင့် ဤသို့ ဆွဲဆောင်မှုများကို အထူးသတိပြု တိုက်ဖျက်သွားရန် ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးလိပ်ထုတ်လုပ် ရောင်းချသူများအား ရည်ညွှန်းကာ ယခုနှစ်ဆောင်ပုဒ်ကို “Tobacco Industry Interference” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် သူတစ်ပါးဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်းတို့ကြောင့် ဖြစ်ပေါ်ရသည့် ကျန်းမာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်နှင့် စီးပွားရေးပြဿနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံ အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဝင်နိုင်ငံများသည် ကွန်ဗင်းရှင်းပါ အချက်များကို တတ်နိုင်သမျှ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း။ မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းတွင် တွေ့ရှိနေရသည့် စီးကရက်ဘူးအချို့တွင် ကျန်းမာရေးသတိပေးချက် မပါရှိခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို ရောင်းအားမြှင့်တင်ရေးအတွက် အခမဲ့ဝေငှခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ဆေးလိပ်အမှတ်တံဆိပ် ပါသည့် မီးခြစ်၊ တစ်ရှူးဘူး၊ ဆေးလိပ်ခွက်၊ ပြက္ခဒိန် စသည့်ပစ္စည်းများကို လက်ဆောင်ပေးခြင်း၊ စီးကရက်ဘူးခွံနှင့် ငွေသား လဲလှယ်ပေးခြင်း၊ ကြော်ငြာဗီနိုင်းလ်များ၊ ပိုစတာများကပ်ခြင်း၊ ဖျော်ဖြေပွဲများ၊ လူမှုရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်များ ကျခံပေးပြီး ကြော်ငြာခြင်း စသည်ဖြင့် နည်းမျိုးစုံ အသုံးပြုပြီး ဥပဒေကို ချိုးဖောက်နေကြကြောင်း။
ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ်လူဦးရေ ခြောက်သန်းကျော်သည် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်း၊ ကင်ဆာအမျိုးမျိုးနှင့် အဆုတ်ရောဂါအမျိုးမျိုး အပါအဝင် ရောဂါမျိုးစုံဖြစ်ပွားကာ အချိန်မတိုင်မီ သေဆုံးလျက်ရှိကြကြောင်း၊ ဤအထဲတွင် လူဦးရေ ခြောက်သန်းကျော်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရ၍ ရောဂါများဖြစ်ပွား သေဆုံးနေကြရခြင်းဖြစ်ပြီး ယင်းတို့၏ လေးပုံတစ်ပုံကျော်သည် ကလေးများ ဖြစ်ကြကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းနှင့် သူတစ်ပါး၏ ဆေးလိပ်ငွေ့ ရှူရခြင်းတို့ကြောင့် မိခင်ရောကလေးပါ အလွန်ထိခိုက်နိုင်သည်ကို သတိပြုစေလိုကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးကို ယခုကဲ့သို့ ဆက်လက် သုံးစွဲနေကြမည်ဆိုလျှင် သက္ကရာဇ်(၂၀၃၀) ခုနှစ်တွင် တစ်နှစ်လျှင် လူဦးရေ ရှစ်သန်းကျော် သေဆုံးကြရမည်ဖြစ်ပြီး ဤသေဆုံးမှုများအနက် ငါးပုံလေးပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၌ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှု မြင့်မားလျက်ရှိပြီး ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ရောဂါဖြစ်ပွားသေဆုံးမှုသည်လည်း တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားသည့် သေဆုံးမှု၏ လေးပုံတစ်ပုံခန့် ရှိသည်ကို တွေ့ရကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က မေလ ၃၁ ရက်နေ့က နေပြည်တော်တင် ပြုလုပ်သော ၂၀၁၂ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
NLD ပါတီဥက္ကဌလုပ်တဲ့ ဒေါ်စုကြည်က အသုံးမကျတော့ NLD ပါတီဝင်များဆက်ဆံရေးညံ့ဖျင်း
ဈေးကွက်စီးပွားရေးကျကျ လုပ်ဆောင်နေသော အမေစုကြည်နှင့်သတင်းထောက်များ
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ရောက်နေတဲ့ အတွက် သတင်းမီဒီယာသမားများ၊ဂျာနယ်တိုက်များ၏ ဂျာနယ်များ၊သတင်းများအရောင်းရဖွယ်အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေသလိုဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က ယခုလို သူမပုံတွေ ဂျာနယ်မှာများများပါအောင်၊ဂျာနယ်သမားတွေ စီးပွားရေးအဆင်ပြေအောင် လုပ်ဆောင်ပေးနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏သတင်းမီဒီယာသမားများနှင့်ဆက်ဆံရေးမကောင်းမွန်သောကြောင့် များစွာဝေဖန်ခံနေရသည်။NLD ၏ ပူးပေါင်းဆောင်ရွက်မူညံ့ရခြင်းနှင့်ပတ်သတ်၍ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဒေါ်အောင်ဆန်းစုကြည်က သူ့သတင်းအများဆုံးပါဖို့အတွက်ကိုဘဲ အားထည့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊အဲ့ဒါကြောင့် NLD ပါတီဝင်များနှင့် သတင်းမီဒီယာသမားများတို့နှင့် အဆင်မပြေမူတွေ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် MEG သတင်းထောက်တစ်ဦးမှ ပေးပို့ခဲ့သည်။
Myanmar Express
ဒီနေရာက ယူလာတာပါ။
Myanmar Payment Union ကတ် ဇူလိုင်တွင် အသုံးပြုနိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များတွင် အသုံးပြုနိုင်မည့် (MPU Myanmar Payment Union) ကတ်ကို ဇူလိုင်လမှ စတင်၍ မြန်မာနိုင်ငံသားတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်သည်။ အဆိုပါ MPU ကတ်ဖြင့် ငွေထုတ်ယူခြင်း၊ ဈေးဝယ်ခြင်း၊ ကတ်တစ်ခုမှ အခြားကတ်တစ်ခုသို့ ငွေလွှဲခြင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ ကတ်စနစ် အပြန်အလှန် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ ကတ်စနစ်တွင် အသင်းဝင် (၁၆) ဘဏ်ရှိပြီး ယခုစတင်စမ်းသပ်နေသော ဘဏ်များမှာ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြဝတီဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြောင်း သိရှိရသည်။Myanmar Express
ဒီနေရာက ယူလာတာပါ။
iPad, iPhone, iPod များအားလုံး NEO TECH တွင်အခမဲ့ Jail Break ပြုလုပ်နိုင်
Apple Products များတွင် နောက်ဆုံး Firmware Version ဖြစ်သော ios 5.1.1 အတွက် iPad, iPhone, iPod များအားလုံး NEO TECH တွင် အခမဲ့ Jail Break ပြု လုပ်ပေးမည်ဖြစ်ကြောင်း သိရ သည်။ Jail Break ပြုလုပ်ထားခြင်း အားဖြင့် မိမိတို့ သုံးစွဲလျက်ရှိသော devices များတွင် နောက်ဆုံး Version 5.1.1 အထိ မြှင့်တင်ပြီး သုံး စွဲလိုသော Application များကို ကိုယ်တိုင် ထည့်သွင်းရန် လွယ် ကူမည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် NEO TECH (ရန် ကုန်) ဝ၁ ၃၉၈၁၉၉၊ (မန္တလေး) ဝ၉၅၀၄၃၁၂၀၊Life Mark (ရန်ကုန်)ဝ၁ ၃၉၁၆၉၀ သို့ ဆက်သွယ်မေး မြန်းစုံစမ်းနိုင်ကြောင်း သိရှိရပါ သည်။
မေမြသူ
မူရင်းသတင်းက ဒီမှာပါ။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံကြောင်း ကာကွယ်ရေး ၀န်ကြီးပြောဆို
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံ ပြီး၊ အရပ်သား အစိုးရရဲ့အမိန့်ကို ဆက်လက် နာခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က စနေနေ့က ပြောကြားလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေးညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ်မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီပိုမိုဖေါ်ဆောင်ရေး၊ တိုးပြည်ပိုမိုပွင့်လင်းလာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ အရှေ့ အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က -ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာ ပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်းနေပုံရကြောင်း၊ ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုး နဲ့ကြည့်ဖို့လိုကြောင်း၊ မြန်မာပြည်အပြောင်းအလဲဟာ စစ်တပ်ရဲ့ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိ လွှတ်တော်မှာ ပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းဆိုတာဟာလည်း နောင်မှာ အရေအတွက်လျော့ကျသွားနိုင်ကြောင်း၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ မူသေမဟုတ်ကြောင်း၊ သင့်တော် တဲ့အချိန်မှာ အပြောင်းအလဲတွေ လုပ်သွားမှာဖြစ်ကြောင်း လည်း ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က ပြောပါတယ်။
By: RFA Burmese
မူရင်းသတင်းက ဒီမှာပါ။
ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေခြင်း
နေပြည်တော်ပျဉ်းမနားမြို့နယ် မင်္ဂလာသာခေါင် ရပ်ကွက်အတွင်း မိုးလေပြင်းသဖြင့် သုံးနာရီခန့် မီးပျက်အပြီး မီးပြန်လာချိန်တွင် ရပ်ကွက်သို့ လျှပ်စစ်ဓာတ်အားပေးသည့် ဓာတ်တိုင်မှဝိုင်ယာကြိုးများ နီရဲနေသည်ကို ဇွန်လ(၂)ရက်နေ့ည ဆယ်နာရီခန့်က တွေ့ရစဉ်။
မူရင်းသတင်းက ဒီမှာပါ။
မူရင်းသတင်းက ဒီမှာပါ။
လူသတ်မှုဖော်ထုတ်ပေးရန်တောင်းဆိုရာမှ စစ်တွေရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်ပွား
စစ်တွေ မြို့ အမှတ်(၁)ရဲစခန်းရှေ့ မှာ ဆန္ဒပြနေသူများ - ဓါတ်ပုံ (ကိုစန်းလွင်-ဖေ့စ်ဘုတ်)
ရန်ကုန်။ဇွန် ၎
စစ်တွေမြို့အနီး နာဇီကျေးရွာ မှအမျိုးသားတစ်ဦး အသတ်ခံရ သည်ဟုယူဆရသောအမှုအား ဖော်ထုတ်ပေးရန်စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် မြို့ခံများဝိုင်းဝန်းတောင်း ဆိုရာမှ တဖြည်းဖြည်းလူများလာပြီ လူုစုကွဲစေရန်အတွက် အဆိုပါရဲစခန်းရှိ ရဲများမှသေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ ကြောင်း စစ်တွေမြို့ခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုမှာ ဇွန်လ၃ရက်နေ့ ည ၁၀ နာရီအချိန်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
“ပထမတော့မိုးပေါ်ထောင် ပစ်တယ် ။နောက်တော့လူအုပ်ကြီးထဲပစ်တယ် ။အချက်လေးဆယ် လောက်ရှိတယ် ပစ်တာ” ဟု အဆိုပါ The Voice Weekly သတင်းရင်းမြစ်ကဆိုသည်။
ထိုသို့စစ်တွေအမှတ် (၁)ရဲစခန်းမှ လူစုခွဲစေရန် လူအုပ် အတွင်းပစ်ခတ်မှုကြောင့် စစ်တွေ့မြို့ ခံငါးဦးထိ မှန်ကာနှစ်ဦးမှာဦးခေါင်း နှင့် ၀မ်းဗိုက် သို့ထိမှန်ခဲ့ပြီး စစ်တွေဆေးရုံအရေးပေါ် ကုသဆောင် သို့ပို့ဆောင် ထားရပြီး သုံးဦးမှာ ခြေထောက်သို့ထိမှန်ခဲ့ကြောင်း အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာရဲစခန်း အနီးသို့ရောက်ရှိနေသည့် စစ်တွေမြို့ခံတစ်ဦးကပြောကြားသည်။
ယနေု့ညတစ်နာရီခွဲ အချိန်တွင် The Voice Weekly က စစ်တွေမြို့ သို့ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှု များဆက်လက်ဖြစ်ပွားနေပြီး စစ်တွေမြိုခံများမှ ရဲစခန်း သို့ဝိုင်းထားကြောင်း ။ရဲများက မျက်ရည်ယိုဗုံး များ ။သေနတ်များဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိကြောင်း စစ်တွေမြို့ခံများကဆိုသည်။
“တမြို့လုံးဗြောင်းဆန်နေပြီအိမ်တွေကိုပါ သေနတ်ထိတယ်။အပေါ်ထပ်တွေ ထိတယ်”ဟုစစ်တွေ မြို့တွင်သီတင်းသုံးလျက်ရှိသောရဟန်းတစ်ပါးကမိန့်ကြားသည်။
နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ရခိုင်တိုင်းရင်းသားဖွံဖြိုးရေးပါတီ ဥက္ကဌဒေါက် အေးမောင် အပါအ၀င်ပါတီဝင်ငါးဦးနှင့်ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းတို့ အဆိုပါရဲစခန်းသို့ သွားရောက်ညှိနိုင်းမှုများပြုလုပ်လျက်ရှိကြောင်း စစ်တွေမြို့ဒေသခံ များကဆိုသည်။
The Voice Weekly
မူရင်းသတင်းက ဒီမှာပါ။
ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်ပြည့် မွေးနေ့ အမှတ်တရ အနုပညာများ ထွက်ရှိ


လာမယ့် ဇွန် ၁၉၊ ၂၀၁၂ မှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂ နှစ်ကျော်နဲ့ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ဒေါ်စု အကျယ်ချုပ်ကျခံနေစဉ်ကာလကတည်းက ပြည်တွင်း ပြည်ပက မြန်မာ့အရေးနိုးကြားတက်ကြွသူများက နှစ်စဉ် မပျက်မကွက် အခမ်းအနားများနဲ့ မြန်မာပြည်အရေးအခမ်းအနားများ ပြုလုပ်ခဲ့သည့်အတိုင်း သည်နှစ်မှာလည်း ၆၇နှစ် မွေးနေ့အမှတ်တရများ၊ ဂုဏ်ပြုအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ ယခု လက်ခံရရှိတဲ့ မိုးမခမိတ်ဆွေ ဒီိဇိုင်းဆရာ ၂ ဦးဖြစ်တဲ့ သီဟမောင်မောင်နဲ့ ဂျစ်တူး(မုံရွာ) တို့ရဲ့ မွေးနေ့ပို့စကဒ် ဒီဇီုင်းကို မျှဝေပေးလိုက်ပါတယ်။
မူရင်းက ဒီမှာပါ။
တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ
ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။
ကျာက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။ ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။
ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။
ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။
သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။
အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။
မူရင်းလင့်ခ https://www.facebook.com/ygnpress?ref=tn_tnmn
မူရင်းသတင်းက ဒီမှာပါ။
ကျာက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။ ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။
ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။
ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။
သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။
အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။
မူရင်းလင့်ခ https://www.facebook.com/ygnpress?ref=tn_tnmn
မူရင်းသတင်းက ဒီမှာပါ။
NLD ရုံးရှေ့သွားပြီး ဒေါ်အောင်ဆန်းစုကြည်အား အစာငတ်ခံ ဆန္ဒပြမည်ဟု ငါးမင်းဆွေ ကြေညာ
အစိုးရသတင်းစာ ဆောင်းပါးရှင် ငါးမင်းဆွေက NLD ရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြမည်ဟု ဇွန်လ ၃ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်သို့ လိပ်မူပြီး ရေးသားထားသော စာတစောင်တွင် ကြေညာထားသည်။
မူရင်းသတင်းက ဒီမှာပါ။














