Tuesday, May 29, 2012
'' KIA မှ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအား မိုင်းခွဲရန် စီစဉ် ''
KIA တပ်မဟာ (၂) မှ အထူးလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအား မြစ်ကြီးနားမြို့ရဲ့ အသက်သွေးကြောလည်းဖြစ်၊ ကချင်ပြည်နယ်၏ အဓိကစီးပွားရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့ ဗလမင်းထင်တံတားကို မိုင်းဖောက်ခွဲရန်စီစဉ်နေပါတယ်။
တံတားအားမိုင်း ဖောက်ခွဲရန်အတွက် ဖောက်ခွဲရေးပစ္စည်းများကို မေ ၂၅ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့ပေါ်သို့ ရောက်ရှိနေပါပြီး။
ဖောက်ခွဲရန်အတွက် အသေးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
KIA အဖွဲ့မှ ဗလမင်းထင်တံတားကို ဖောက်ခွဲဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တံတားပေါ်နဲ့ တံတားအ၀င်အထွက်တို့တွင် အစိုးရမှလုံခြုံရေးတင်းကြပ်စွာ ချထားတဲ့အတွက် အောင်မြင်မှုမရရှိခဲ့ပါဘူး။
အဲဒီအတွက်ကြောင့် အခုတော့ တံတားကိုဖောက်ခွဲရန်အတွက် မိုင်းများကို ၀ါးဖောင်တွေနဲ့ တင်ခြင်း၊ ၀ါးတွေနဲ့တွဲလျက် အထက်မှရေစီးနဲ့ မျောချပြီး အဝေးမှ ရိမုဖြင့် ဖောက်ခွဲရန်ဆောင်ရွက်ထားပါတယ်။
ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့မြို့တော်ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်၊ စီးပွားရေး အဓိကလမ်းကြောင်းလဲဖြစ်၊ ဧရာဝတီမြစ်ကြီးကို အရှေ့အနောက်ဆက်စပ်ပေးတဲ့လမ်းကြောင်းလဲ ဖြစ်တဲ့ ဗလမင်းထင်တံတားကြီးကိုနိုင်ငံတော်မှငွေကြေးသိန်းပေါင်းမြောက်မြားစွာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။
ဒီလိုလမ်းပန်း ဆက်သွယ်ရေးအဓိကကျတဲ့ တံတားကို KIA မှ စကောလောက်မှ စောက်မနက်တဲ့အကြံနဲ့ ဖောက်ခွဲဖို့ ကြံစည်နေပါတယ်။
ဒီလိုလုပ်ဆောင်မှုကို မနှစ်သက်တဲ့ ၎င်းဖောက်ခွဲရေးအဖွဲ့နဲ့နီးစပ်တဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှမြစ်ကြီးနားမှာရှိတဲ့ ၎င်းရဲ့သူငယ်ချင်းဆီကို စာရေးပေးပို့ထားပြီး တာဝန်ရှိသူတွေတားမြစ်ပေးနိုင်ရန်နဲ့ မြစ်ကြီးနားက လူများအားအသိပေးရန် ထပ်မံပြောကြားပေဖို့ ဆက်သွယ်ခဲ့ပြီး KDN သတင်းဌာနသို့ သတင်းပေးပို့ ခဲ့ပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
ယနေ့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက မြောက်ဥက္ကလာပ ပြည်သူများရဲ့ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ..
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက မြောက်ဥက္ကလာပ လူထုရဲ့ ၂၄နာရီ မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ..
၂၈ရက်နေ့ ည (၇)နာရီက မိုးများ သည်းထန်စွာ ရွာသွန်းနေသော်ငြားလည်း မြောက်ဥက္ကလာပ ပြည်သူလူထုမှ ဖယောင်းမီးများ မငြိမ်းအောင် ကိုင်ဆောင်ပြီး ရည်မှန်းချက်အတိုင်း ၂၄နာရီလျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ ကြပါသည်။
ဓာတ်ပုံ သားစိုးလေးအား ကျေးဇူးတင်ပါသည်..။
မူရင်းသတင်းက ဒီမှာပါ။
ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား..
ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား
ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တဝှမ်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေမှုကို အစိုးရ သတင်းဋ္ဌာနတွေမှာ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ တာဝါတိုင်များအား KIAမှ မိုင်းခွဲမှုကြောင့် လျှ...ပ်စစ်မီးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသယောင် ရေးသားဖော်ပြနေပါတယ်...။
ဒီမိုဝေယံမှ လက်ခံရရှိထားပြီး အထက်ပါ ဖော်ပြမယ့် စာကတော့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထိးချိုင့်မြို့နယ် တကောင်းတောင် နီကယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ ပေးစာ ဘာသာပြန်ထဲက တစိတ်တပိုင်းကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။ (အထက်ပါ စာနဲ့ အတူ ဓာတ်ပုံသတင်းများ ဆက်လက်ဖော်ပြပေးပါမယ်..)
အဆိုပါ တရုတ်CNICO ကုမ္ပဏီရဲ့ သက်ဆိုင်ရာသို့ ပေးစာထဲမှာ နယ်မြေတာဝန်ခံများနဲ့ လုံခြုံရေးများသို့ ဗျူဟာတောင်းခံထားတဲ့ စာဖြစ်ပြီး ရွှေလီ၊ တအူ၊ တကောင်း လျှပ်စစ်တာဝါတိုင်များအား စစ်ဆေးကြည့်ရှုမယ့် တာဝါတိုင် အမှတ်စဉ်တွေကို ဖော်ပြထားတာ တွေ့ရှိရမှာပါ...။ ဇန္နဝါရီလထဲက ကြိုတင်ပြင်ဆင် စစ်ဆေးမယ့် တရုတ်ဝန်ထမ်းတွေ အတွက် နယ်မြေ လုံခြုံရေးအတွက် ထိုစဉ်ကတည်းက ရယူထားပြီး ဖြစ်ပါတယ်..။ တာဝါတိုင်တွေ ပြင်ဆင်မယ့် တရုတ် ဝန်ထမ်း အရေအတွက်ကတော့ Passport ဖြင့်ဝင်သူ ၄၄ဦး Border Pass ဖြင့်ဝင်သူ ၇ဦးနဲ့ ကုမ္ပဏီ ထောက်ခံမှုဖြင့် ဝင်သူ ၄၄ဦး ပေါင်း (၉၅)ဦးရှိပါတယ်..။ (အဆိုပါ စာရင်းအား ဖော်ပြပေးပါမယ်..) ဒီလောက် နိုင်ငံခြားသား တရုတ်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ဗျူဟာတခု တောင်းခံပြီး လုံခြုံရေး ရယူစဉ်မှာ တာဝါတိုင်တွေ မိုင်းခွဲခံရတယ် ဆိုတာ စဉ်းစားစရာပါ..။
အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈)တို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်..။ ယခုစာမှာ အဆိုပါ တာဝါတိုင်များ စစ်ဆေးမယ့်အထဲမှာ ပါပြီးသားပါ...။ ယခင် ဖော်ပြခဲ့သလို အဆိုပါ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ မြန်မာပြည်တဝှမ်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဆိုတဲ့အချိန်မှာ ရွှေလီကပို့လွှတ်တဲ့ တကောင်းနီကယ် စီမံကိန်းမှာတော့ လင်းထိန်နေတဲ့ မေလ (၁၅)ရက်နေ့က မြင်ကွင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မယ်..။ KIA မိုင်းခွဲတာ ဖြစ်လည်း ဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ပါ..။ မိုင်းခွဲခံရတယ် ဆိုလည်း မိုင်းအမျိုးအစား ပတ်ဝန်ကျင် ပျက်ဆီးမှု အသေးစိတ်ကို ဖော်ပြပေးသင့်ပါတယ်..။ (၂၄)နှစ်လုံးလုံး ရွှေသမင်ဘယ်က ထွက်ဆိုတာ ကျတော်တို့ ခံရပါများလို့ သိရှိပြီးသားပါ...။ ဒီစာပါ အကြောင်းအရာများအရ ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်ကိစ္စကို ကျတော်တို့ မျက်စိဖွင့်ပြီး ယုံကြရမယ့် အနေအထားပါ...။
မုန့်လုံး စက္ကူကပ်သလို လုပ်ပြီး ရောင်ခြည်တော်နဲ့ ရောမလွှတ်ပါနဲ့..။ လျှပ်စစ်မီးပုံမှန်မရတာ ရွှေလီဓာတ်အားပေး စက်ရုံ ပြီးစီးတဲ့ ၂၀၀၉ခုနှစ် မတိုင်မှီ နှစ်ပေါင်း ၂၀ကျော်ကတည်းကပါ...။ ရွှေလီကထွက်တဲ့ ရေအားလျှပ်စစ်ကို တရုတ်နဲ့ ပြည်တွင်းကို ရောင်းချရငွေ ဒေါ်လာ ၂၅၅သန်းကျော် ရရှိခဲ့ပြီးပါပြီ။ ပြည်သူတွေ အကျိုးခံစားခွင့်ဆိုတာ ဘေးထား သိရှိခွင့် ရရှိခဲ့ပါရဲ့လား..။ မိုးမရွာလို့ လျှပ်စစ်မီးမရတာ၊ တာဝါတိုင် ချိုးခံရလို့ပါဆိုတဲ့ ကင်ဆာရောဂါကို ပရုတ်ဆီအဆင့်နဲ့ မကုပါနဲ့တော့.. နောင်လာမယ့် နှစ်တွေအတွက် ဘာများ ပြင်ဆင်ထားပါသလဲ..။ ဆီပေးမှ ဆန်ရမယ် ဆိုပြီး တနေ့ ၆နာရီလောက်တောင် မရတဲ့ လျှပ်စစ်မီးကို ဖယောင်းတိုင်ထွန်းပြီး ချွေတာဖို့ စော်ကားတဲ့ စကားတွေ ရပ်တန်းက ရပ်ကြပါတော့...။ ရာထူးယူပြီး တာဝန်မယူနိုင်ရင် လုပ်နိုင်တဲ့ပညာရှင်တွေကို လက်ဆင့်ကမ်းပြီး ထွက်ကြပါတော့လို့ တိုက်တွန်းရင်း ပြည်သူတွေ မသိဆိုပြီး အချဉ်မလုပ်ကြပါနဲ့ သိတဲ့သူတွေ ဖော်ထုတ်မယ့် သူတွေ ရှိနေကြောင်း အသိပေးလိုက်ရပါတယ်.. မင်းကြီးတာက ပုဂ္ဂိုလ်များ ခင်ဗျား..
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..
ဒီမိုဝေယံ
တရုတ် CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/05/blog-post_26.html
မူရင်းသတင်းက ဒီမှာပါ။
သမ္မတအကြံပေး ဦးဖယောင်းလှိုင်သို့ (ဆောင်းပါးရှင် မောင်မီဂ္ဂါဝပ်)
လျှပ်စစ်မီးဆိုတာ ကနေ့ခေတ်မှာ (မရှိလို့ ကိုမဖြစ်သော) အခြေခံ လူမှုရေး လိုအပ်ချက် တရပ်ဖြစ်ပါတယ်။ ကာလံ ဒေသံ ဆိုတာလိုပေါ့။ လျှပ်စစ်မီး လိုအပ်ချက်က ကာလ ဒေသ ကိုလိုက်ပြီး မတူပါဘူး။ တစ်နည်း အရေးကြီးမှုခြင်း မတူညီနိုင်ပါဘူး။ ဒါကို လှေနံဓားထစ် ဝေဖန်လာသူဟာ သိပ်စဉ်းစားဥာဏ် မပြည့်ဝသူလို့ ပထမဦးဆုံး ပြတ်ပြတ် ပြောလိုက်ချင်ပါတယ် ။
ဥပမာလေးတွေ တချို့ ပေးပါမယ်။ အခုနေခါ အထူးသဖြင့် မြိုတမြို့ မှာ ပွဲတော်ကြီး ကျင်းပနေပါတယ်။ အဲဒီမြို့မှာ မီးလင်းနေရပါမယ်။ နေရာတိုင်းနီးနီး မီးလင်းနေရပါမယ်။ ပွဲတော်ကျင်းပတဲ့ နေရာလေးတင် ကွက်ကွက်လေး မီးလင်းနေရုံနဲ့ မရပါဘူး။ ပွဲသွား ပွဲပြန်တွေ လုံခြုံရေး ကျန်ခဲ့တဲ့ အိုးအိမ်တွေ လုံခြုံရေးကအစ အလေးထားရတာပါ။ မီးလင်းနေရုံတောင် မဟုတ်ပါ။ လမ်းတွေပါ လုံခြုံနေအောင် စီမံထားရပါမယ်။ လမ်းမှာ မှောင်နေရင် ပွဲပြန်တွေ အသတ်ခံရမယ်။ အလုအယက် မုဒိန်းကျင့်တာတွေ ခံရပါမယ်။ ဒါကတော့ ၇တန်းကျောင်းသား လောက်တောင်သိပါတယ် ။
အဲဒီမြို့လေးဘဲ စစ်ပွဲဖြစ်နေတဲ့ကာလ ရန်သူလေယာဉ်တွေ အန္တာရယ်ရှိနေရင် မီးလင်းဖို့ နေနေသာသာ ဆေးလိပ်မီးတောင် မသောက်ရ ဖြစ်မနေပေဘူးလား။ ရန်သူလေယာဉ်ဗုံး ထိမှန်လို့ဆိုပြီး လူနာတင်ယဉ်က ဥသြဆွဲ မီးတွေ တဖျတ်ဖျတ် လုပ်နေလို့ရမလား ရိုးရိုးလေးပါ။
ဒီလိုဘဲ သမတကြီးရဲ့ ရွှေဥာဏ်တော် အကြံပေးကြီးက မီးကလေးတွေမှိတ် ဖယောင်းတိုင်လေးတွေ ထွန်းနေကြပါတဲ့။ အမျိုးအမျိုးဝေဖန်သံတွေ မင်္ဂလာထောပနာ ပြုကြတာတွေ ဖတ်ရတော့ ရေးဖို့ လိုလာပြီဆိုပြီး ရေးလာရတာပါ။ ရွှေဥာဏ်တော်ကြီး ကိုကိုလှိုင်။ မြင်းမူသား ရွှေဥာဏ်တော်ကြီးရယ်လို့ဘဲ အော်ချင်မိတော့တယ်။.(ယောမင်းကြီးဦးဖိုးလှိုင်)များ အသက်ထင်ရှား ရှိသေးရင် သူ့ကိုသူ သတ်သေ မိလောက်ပါတယ်။ ငါ့နံမည်ယူသုံးပြီး ဒီလောက်တုံး ရလေသလားဆိုပြီး။ နယ်ချင်းက နီးနီးလေး ဒီိလောက်တောင် အသိနည်းရလေခြင်းဆိုပြီး။
(၁) သူပြောသလို မီးလေးပိတ်ထားဖို့ပေါ့။ မီးပိတ်ရအောင် မီးမှမလာတာ။ ပိတ်စရာမီးမှ မလာတာ ဘာကို ပိတ်ထားစေချင်တာလဲ မေးရမလိုဖြစ်နေပြီ။ ဂျပန်နိုင်ငံမှာက လူထုကိုယ်တိုင်က မီးခြွေတာဖို့  မီးပိတ်တာပါ။ Public သုံးတဲ့ နေရာတွေမှာ မီးခြွေတာတာပါ. ဒီမှာဖြစ်နေတာက မီးမလာမှတော့ ဘာကိုခြွေတာ နေရတော့မှာလဲ။ အခုနိုင်ငံတိုင်းမှာလဲ လျှပ်စစ်မီတာခ တွေဈေးတက်လာတော့ လူထုကမလိုအပ်ဘဲ မီးမထွန်း ကြတော့ပါဘူး။ မီးအားဖြန့်ဖြူးနေတဲ့ ကုမ္မဏီကြီးတွေကတော့ ဘယ်လောက်သုံးချင်သလဲ။ မီးအားဖြန့်ဖြူးသူတွေက ရောင်းချင်လွန်းလို့ တီဗွီတွေမှာမှာ ညစဉ် အသုံးများသူတွေဆို ကံစမ်းမဲပေးပါမယ် ကြေငြာနေတာပါ။
ပြီးဖယောင်းတိုင် ထွန်းရတာက စားရိတ်ပိုကုန်ကျတယ်။ အလင်းရောင်လဲ တကယ်မရ။ ပိုဆိုးတာက မီိးအန္တရာယ် ကြီးမားတယ် ဆိုတာလောက်ကိုတော့ သမ္မတအကြံပေး တဦးသိတန် ကောင်းပါတယ်။ ဒါဆို နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကိုလဲ မီးအားခြွေတာဖို့ မြန်မာနိုင်ငံမှာ လာရင်းနှီးကြရင် ဖယောင်းတိုင်လေးတွေ သုံးဖို့ ပြောပေးပါ။ စက်တွေလည်ပတ်ဖို့ နွားတွေနဲ့ လည်လို့ ရတာလေးပါ တပါထဲ ပြောပြထားပေါ့။ ထမင်းဟင်းချက်ရင်လဲ ဂတ်စ်နဲ့ချက်ရင် ဂတ်စ်အိုးပေါက်ကွဲတဲ့ အန္တရာယ်ရှိလို့ လျှပ်စစ်နဲ့ချက်ရင် ဓါတ်လိုက်နိုင်တယ်။ မီးသွေးနဲ့ ချက်တာလေးပါ ပြောပြထားပေါ့။
ရွှေဥာဏ်တော်ကြီး မသိလို့ ပြောလေတာလား ဒါမှမဟုတ် ဗမာတွေ ငတုံးတွေပါ အထင်နဲ့ ပါးစပ်ထဲ ပေါက်ကရ လျှောက်ပြောလိုက်ရင် ပြီးသွားမယ် အထင်နဲ့ ပြောလေသလား။ သမ္မတကြီး အကြံပေးတစ်ဦးက ကိုယ်ချင်းစာစိတ်လေးတွေ မမွေးနိုင်သူ ဖြစ်နေတာ ဖေါ်ပြနေတာပါဘဲ။ အဆိုလေးပေါ့..
.We should not have expectations of others regarding to things that we are not prepared to carry out ourselves....by William Wordsworth... မြန်မာလိုတော့ မိမိကိုယ်တိုင် လုပ်ဆောင်ရန် စိတ်ကူး မရှိသောအရာကို တပါးသူများ လုပ်ဆောင်ဖို့ မျှော်လင့်ချက် မထားသင့်ပါလို့ ပြန်လို့ ရမယ်ထင်ပါတယ် ။ လွယ်လွယ်ပြောရရင် ကိုယ်တိုင် မလုပ်ချင်တာကို သူတပါးကို မလုပ်ခိုင်းပါနဲ့ပေါ့။
ဂန္ဒီကြီးကို ကလေးအမေတစ်ယောက်က သူ့သားလေးအချိုတွေ အစားများလို့ ဆုံးမပေးဖို့ ခေါ်လာတယ်။ ဂန္ဒီကြီးကနောက်တလနေမှ ပြန်လာခိုင်းတယ်။ သူကိုယ်တိုင်အချို စားနေတာကို အရင်ရပ်ပြီးတော့မှ စိတ်လုံလုံရှိမှ ဆုံးမပေးတယ်။ ဂန္ဒီကြီးစကားလေးပါ
Be the change you wish to see in the world....Mahatma Gandhi ကမ္ဘာကြီးမှာ ကိုယ်ဖြစ်စေလိုတဲ့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ပြလိုက်ပါ။
အမေရိကန်နိုင်ငံမှာ ၁၉၈၂ လောက်က စီးပွားရေးပြိုကွဲလု နီးနီးဖြစ်ခဲ့ပါတယ်။ Ford နင့် Chrysler ကားကုမ္မဏီကြီးနှစ်ခုမှာ အမြင့်ဆုံးတာဝန်ယူခဲ့တဲ့ Lee Iaccoca က သူကိုယ်တိုင် တနှစ်ကိုလစာ ဒေါ်လာ ၃-သိန်းလောက် ရနေတာကို တနှစ်ကို (တစ်)ဒေါ်လာဘဲယူပြီး ချွေတာရေးလုပ်ပြခဲ့တော့ တနိုင်ငံလုံး အားတက်သရော သူလိုဘဲ လစာလျှော့ထုတ်ပြီး ၂-နစ်အတွင်း စီးပွားရေပြန် ဦးမော့အောင် လုပ်ပြခဲ့ပါတယ်။ အဲဒါ တကယ် တိုင်းပြည်ရဲ့ ခေါင်းဆောင်ပါ။
ကဲကဲ ရွှေဥာဏ်တော် အကြံပေးကြီးရော ကိုယ့်အိမ်မှာ လျှပ်စစ်မီးတွေ မှိတ်ထားပါသလား ဖြေပါဦး။ ပိုဆိုးတာက လူကြီးသားသမီးတွေက လျှပ်စစ်ကို ဦးစားပေးလဲ သုံးကြတယ်။ ၂၄-နာရီ အပြည့် ပေးထားရပါတယ်။ မီးအားလဲ ဒင်ဒင်မြည် အပြည့် ပေးထားရတယ်။ မီတာခကျတော့ မပေးဘဲ ထားတယ်။ ဘာပြောချင်သေးလဲ ရွှေဥာဏ်တော်ကြီး။ အဲဒီလိုလူတွေကြောင့် လျှပ်စစ်ဌာနမှာ အရှုံးပြနေတာပါ။ နိုင်ငံတိုင်းမှာ လျှပ်စစ်ဌာနက အမြတ်အမြဲပြနေပြီး မြန်မာနိုင်ငံမှာ အရှုံးပြနေတာ ရှင်းလောက်ပါတယ်။ ဒီလိုလူတွေကို အခုလျှပ်စစ် မပေးနိုင်ချိန်မှာ လျှပ်စစ်ဓါတ်အားဖိုး ခိုးထားသူတွေကို မီးအားဖြတ်ထားရပါမယ်။
(၂) ပြီး ရာရာစစ ဂျပန်ကို နမူနာပေးလိုက်သေး။ သိထားဖို့က ဂျပန်ကို နမူနာထားရဲရင် ဂျပန်နမူနာ အကုန်လုံးကို မယူရဲရင်တောင် တ၀က်လောက်ဘဲ ယူပါလို့တော့ ပြောချင်တယ်။ ဂျပန်မှာ အခုလိုမီးပျက်ရင် တာဝန်ရှိသူတွေ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်နုတ်ထွက် ပေးကြတာက ဂျပန်ရီုးရာ ယဉ်ကျေးမှုဖြစ်နေပြီ ဆိုတာကိုရော သိရဲ့လားလို့ မေးရပါတော့မယ်။ အဲဒီလိုနုတ်ထွက်ရတဲ့ ယဉ်ကျေးမှုလေးကိုရော ထဲ့မပြောတော့ဘူးလား။ လာလာချေသေး။ တန်ရာတန်ရာကို ကိုးကားပါ မြင်းမူသားရယ်လို့ဘဲ ပထမဦးဆုံး ပြောလိုပါတယ်။ ဂျပန်မှာ ဖူကူရှိးမား အနုမြူဓါတ်ပေါင်းဖိုကိစ္စနဲ့ နုတ်ထွက်တာလေးလဲ ပြောပါဦး။
(၃) ဖယောင်းတိုင်လေးတွေ ထွန်းပေါ့တဲ့။ ဖယောင်းတိုင်ထွန်းဖို့ တရုတ်တွေကြီးပွားရေး တဖက်လှဲ့ ပြောလိုက်တယ်လို့ ခံစားရပါတယ်။ မိအေးနှစ်ခါနာ ထက်မက ဆယ်ပြန်နာဖြစ်နေပါပြီ။ ဖယောင်းတိုင်က တရုတ်ကနေ ၀ယ်နေရတာလေ။ ကိုယ့်တိုင်းပြည်ကထွက်တဲ့ စွမ်းအားတွေကို တရုတ်ကို (၀ကွက်အပ်) ဈေးချိုချိုလေး။ တရုတ်က ကိုယ့်နိုင်ငံထဲကအလုပ် လုပ်ငန်းရှိရင်သူ့ အလုပ်သမားတွေနဲ့ သူဟာသူလာလုပ်။ လာလုပ်တဲ့ တရုတ်တွေ (အလုပ်သမားအဆင့်တွေကို) မြန်မာမိန်းတွေကို ဟိုဟာပြုခံရ။ အရာရှိတွေကို အပျော်ဆက်ရရင် ပြောသာခံသာသေးတယ်။ အခုဟာက အလုပ်သမားအဆင့်က အလုပ်မရှိလို့ မြန်မာပြည်လိုက်လာပြီး အလုပ်လုပ်ရသူက မြန်မာတွေအပေါ် အထင်သေးခံရတယ်ဆိုတော့ တိုင်းပြည် ဘယ်လောက် နာသလဲဆိုတာ။ လူမျိုးမာန်ဆိုတာ မန်ထောင်ပြရအောင် ကျန်ကိုမကျန်တော့ဘူး။ ကျနော်တို့ ကျောင်းတုန်းက ပြောနေကြဟာသလေးပေါ့ ။
သင်္ဘောပေါ်မှာ အရပ်ပျက် ဗမာမလေးက သူ့အဆက်ပေါ့လေ ပေါက်ဖေါ်ကြီးကိုတွေ့တယ်။ ကောင်မလေးက တရုတ်ကြီးကို ခိုးကြည့်လိုက် ပြုံးပြလိုက်။ ဟိုကလဲ လူတွေကြားဆိုတော့ မျက်နှာ လွှဲလွှဲနေတယ်။ မမြင်ချင်ယောင် ဆောင်နေတယ်။ ကြာတော့ကောင်မလေးက မနေနိုင်တော့ဘူး။ ဟိုလိုလို ဒီလိုလိုလုပ် အနားကပ်သွားပြီး (ပေါက်ဖေါ်ကြီး ကျမ မ(××× ) ဘယ်သူလေ မမှတ်မိဘူးလား ) မေးရော၊။ တရုတ်ကြိးက ရှက်ရှက်နဲ့  မထူးဘူးဆိုပြီး ..မှတ်မိတာပေါ့ ။ နင်(+++ ) မြို့က ပြည့်တန်ဆာ( ++++) လေ လို့။ အပြောခံရတာလေး ပြေးသတိရနေတယ်။
ကျနော်တို့ ဗမာတွေ အုပ်ချုပ်သူ တစ်ကိုယ်ကောင်း စိတ်ကြီးမားတော့ ပေးဆပ်နေရတုန်း။ ပေးဆပ်နေရဆည်း။ ပေးဆပ်ကြရဥိးမှာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည် ဆိုပြီး သူရဲ့ စစ်ရေးအမြင်ကလဲ တရုတ်ကို ဟိုဟာပေးပေါင်းတဲ့ အမြင်ကို ပြောလေသလား။ တရုတ်ဆီက လက်နက်ဝယ်ဖို့ တိုင်းပြည်တခုလုံးကို ၀ကွက်အပ်တာ စစ်ရေးအမြင်တဲ့လား။ ဒါကြောင့် စာရေးသူ တစ်ယောက်က ဦိးသန်းရွှေကို (တရုတ်ကျွေးမင်း) လို့ရေးတာ နည်းတောင် နည်းသေးတယ်။ တရုတ်ထောက်ခံမှုရဖို့ တတိုင်းပြည်လုံးကို ၀ကွက်အပ်ထားလိုက်တာ။ အဲဒါပြည်သူလူထု ထောက်ခံမှု မရသူတွေရဲ့  စရိုက်ပါဘဲ ။
အခု ကိုယ်အဖိုးအဖွားပိုင် စွမ်းအားတွေကို တရုတ်တွေကို လျှော့ဈေးနဲ့ပေး။ ပြီးသူတို့ဆီက ဖယောင်းတိုင်ပြန်ဝယ်။ အော် တယ်အမျှော်အမြင်ကြီးတဲ့ အုပ်ချုပ်သွားလေသူကြီး။ သန်းရွှေကိုဝေဖန်ရင် ကြားထဲက ၀င်ဝင်ပြီး ဖင်ကျိန်းသူတွေကလဲ မနည်းဘူး။ သမတကြီးနဲ့ သူရဦးရွှေမန်းတို့က အရင်လူကြီး လုပ်သွားသမျှတွေ လိုက်ပြီးလက်တွေ့ ပြန်ပြီး တည့်မတ်ပေးနေရတာက သက်သေခံနေပြီ။ ကြားထဲက ဖင်ကျိန်းနေသူတွေ သမတကြီးကို ဝေဖန်ကြပါဦးဘဲ ပြောလိုချင်ပါတယ်။
(၄) ဦးကိုကိုလှိုင်က (ဖ) စကားကနေ လွှဲပြီး မပြောတတ် ရှာဘူးထင်တယ်။ ဧကန်ဒ အရင်အစိုးရလက်ထက်မှာ မာဆတ်ခန်း ရှယ်ယာထဲ့မှာ ပါထားပုံရတယ်။ နာဂစ်ဖြစ်တုံးကလဲ ဖါးရိုက်တဲ့။ အခု ဖယောင်း လုပ်လာပြန်တယ်။ ဒီရာထူးနေရာကိုလဲ (အဖါး) တော်လို့ ပေးထားတာကတော့ ကလေးကအစ သိပါတယ်။ ကလောင်ဖါး ဆိုတာ စာပေလောက တခုလုံးသိထားပါတယ်။ မြင်းမူ (မ-နှစ်လုံးဆင့် /ကြာသပတေးနံ) မြို့ သားက (ဖ) တွေ သုံးလိုက်တာ ဘယ်လိုပါလိမ့်။
(၅) ရွှေဥာဏ်တော်ကြီး သူပြောထားသလို ဖြစ်နိုင်/မဖြစ်နိုင် သိဖို့ အခု ရန်ကုန်တိုက်ခန်းတခုမှာ သူ့ကို တစ်ပတ်လောက် လာနေဖို့ အခန်းတခု စီစဉ်ပြီး ဖိတ်ခေါ်သင့်ပါတယ်။ မီးမလာရင် ဘယ်လိုနောက်ဆက်တွဲ ပြသနာတွေ ရှိတယ်ဆိုတာကို မသိသူကို အကြံပေးခန့် ထားတယ်ဆိုတော့ ဒီအကြံပေးကရမယ့် အကြံ ဘယ်လောက်ဘဲ ရှိမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ပြေးကြည့်စရာ မလိုလောက်တော့ပါ။ Capacity နဲ့ Calibreက ဒီလောက်နိမ့်နေမှတော့ ကြည့်လဲလုပ်ပါဥိး သမတကြီးရယ်လို့ အော်လိုက်ချင်တော့တယ်။ ယောင်းမမြင်းစီး ထွက်ပြလိုက်ပါပြီ ။
အခုလို အိမ်တွေမီးမလာတော့ မြို့အပြင်ပိုင်းကျတဲ့ အိမ်တွေက တီဗွီမကြည့်ရရုံပေါ့။ ရေပြသနာက ရှင်းလို့ ရသေးတယ်။ နောက်ဆုံး တီဗွီဆိုတာ ဘက်ထရီနဲ့ ဖွင့်လို့ ရသေးတယ်။ မြို့လယ်ခေါင် တိုက်တွေက မီးလာမှ ရေတင်ရတာ ဆိုတာလေးလောက်တော့ ခေါင်းထဲ ထဲ့စဉ်းစားမိပုံလေးတောင် မရဘူးထင်တယ်။ ရွှေဥာဏ်တော်ကြီးရယ်လို့သာ အော်လိုက်ချင်ပါတော့တယ်။ ရေထမ်းတင်ရအောင် ရေကန်မရှိ ရေတွင်းမရှိတဲ့ကိစ္စ။ ဒီလိုရွှေဥာဏ်ကို ဟိုအရင်လူကြီးက သုံးမသွားပါဘူး။ ဘယ်လိုကြောင့် သမတကြီးက အကြံပေးခန့် ရတာပါလိမ့်  ။
(၆) ဒီလို သမတအကြံပေးတွေ ထုတ်ရှိုးလာတာ ဘာကို သုံးသပ်လို့ ရသလဲဆိုတော့ အစိုးရမှာ တိုင်းပြည်အတွက် ရေရှည် လျှပ်စစ်မီး စီမံကိန်းရှိ မထားဘူးဆိုတာ ပြလိုက်တာပါဘဲ။ ဒီလိုမှ မဟုတ်ရင် တိုင်းပြည်လျှပ်စစ်မီး မရတာ အလေးမထားတာလား။ တခုခုတော့ တွက်ဆလို့ ရလာပါတယ်။ ဒါမှမဟုတ် ဒီပြသနာက လွယ်တော့ လွယ်တာမဟုတ်လို့ ရှေ့ မထွက်ရဲတာက ဖြစ်နိင်ခြေ ပိုများပါတယ်။ အရင်လူကြီး လုပ်ခဲ့သမျှ တလွှဲတချော်တွေ အခုလိုက်ပြင်နေရပါပြီ။ တကယ်ပြင်ရမှာက အရင်စစ်တော့ ဆိုတာလိုပေါ့။ နာဂစ်ကြိးကို ပြင်ရုံမဟုတ်ဘူး။ နာဂစ်စတိုက်လိုက်နဲ့ နီဂရေ့အငူ (Cape Negirs) (အခုအခေါ် -မှော်တင်စွန်း) ကနေ ပင်လယ်ထဲချပြစ်ပြီး နာဂစ်အစာကျွေးရမှာ။ ဒါတောင် ကြံ့ဖွတ် အတွင်းရေးမှူး ဦးဋ္ဌေးဦးဆိုသူက နာဂစ်မှာ သေဆုံးသူတွေက ကြံ့ဖွတ်အဖွဲ့ဝင်တွေပါလို့ မညှာမတာ ပြောသွားလေရဲ့။ တသက်တကိုယ် မြန်မာနိုင်ငံထဲကို ဒီလောက်အားပြင်းတဲ့ မုန်တိုင်းတစ်ခါမှ မ၀င်ဖူးပါ။ နာဂစ်လာတာ ယုတ်မာလှတဲ့ ဒီဥပဒေကြီးကို လာပြီး နစ်ပိုင်းခွဲလိုက်တာ ကိုက နမိတ်မကောင်းဘူးဆိုတာ ပြနေပါပြီ။ ဒီနမိတ်မကောင်းလှတဲ့ ဥပဒေကြီးဆက်ရှိနေသမျှ အမေရိကန် စီးပွားရေးသမားတွေ လာရင်းနှီးရုံမက သမတအိုဘားမားပါ မြန်မာနိုင်ငံသားခံယူပြီး လာကူရင်တောင် လူလူသူသူ ဖြစ်မှာမဟုတ်ပါဘူး။
ကဲထားပါတော့ ရွှေဥာဏ်တော်ကြီး ရေးနေရတာနဲ့ လိုရာမရောက်ဖြစ်နေတော့မယ် ။
အခု မီးမနိုင်တဲ့ကိစ္စကို ကချင်တပ်တွေကို ပုံချလာတယ်။ ပြီးစကားထဲမှာကို ရေကာကြီးတွေက ရေရှိမှ လည်လို့ ရတာလဲပြော ကချင်တပ်က တာဝါတိုင်တွေ ဖေါက်ခွဲလိုက်လို့ လဲပြောတော့ လူုထုကိုဦးဏှောက် ခပ်သေးသေးတွေ ထင်နေတဲ့အထင်တွေ တလွှဲတွေ လာပြောနေတယ်။ လူထုကို ငအ တွေလို့ အမြင်တွေကို အရင်ပြင်ကြပါဦးဘဲ ပထမပြောရပါမယ်။ ၁၉၉၀ ၀န်းကျင်က အစိုးရသတင်းစာတွေမှာ ကချင်စစ်တပ်က ဘိန်းတွေစိုက်ပြီး ဖြန့်ဖြူးနေတယ်ဆိုပြီး သတင်းစာတွေမှာရေးတယ်။ ဟိုက ငြိမ်ခံနေတယ်။ သတင်းစာတွေ စုထားပြီး သူတို့က တချိန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ အစိုးရသတင်းစာထဲမှာကိုက... မြစ်ကြီးနား အဆန်ရထား ပေါ်မှာ ဘိန်းဖြူ/ဘိန်းမဲ မိတာတွေ တသီကြီး ဖေါ်ပြထားတယ်။ အစုန်ရထား ပေါ်မှာ ကျောက်စိမ်း မိတာတွေချည်းဘဲ။ ဘိန်းမိတာ တခါမှမပါဘူး။ ကချင်က သူတို့ဆီမှာ ဘိန်းစိုက်ရင် အစုန်ရထားမှာ ဘိန်းမိတာ ဖြစ်ရမှာပေါ့။ ဘိန်းဈေးကလဲ မန္တလေးမှာထက် ၂ဆ/ ၃-ဆ ဖြစ်နေတာကိုပါ ထောက်ပြတယ်လေ။
လူတွေကို အ-အ တွေ ထင်ထားတာလေးတွေ အရင်ပြင်ကြပါဦးလို့ဘဲ ပန်ကြားလိုပါတယ်။ တတိုင်းတပြည်လုံးက ရေကာတာတွေမှာ ရေမရှိချိန် ရွှေလီရေကာတာက ရေတွေရှိနေလို့လား။ ထားတော့ မိုးရာသီရောက်လာရင် မီိးတွေပြန် လုံလုံလောက်လောက် ပြန်ပေးနိုင်တော့မယ်။ ဒီတစ်မိုးကုန်ရင်ကော ဘယ်လို စီမံချက်ဆွဲထားလဲ။ အရင်အစိုးရလို ခြိမ်းခြောက်ပြီး ပါးစပ်ပိတ်ပြစ်ဖို့တော့ စိတ်မကူးပါနဲ့လို့ဘဲ ပြောချင်ပါတယ်။ ဘာအစီအစဉ်ရှိထားလဲ အမတ်မင်းများ မေးပေးကြပါဦး။ နောက်တခု အမတ်မင်းများလဲ ဗွီအိုင်ပီ ဆိုပြီး မီးကိုရှယ်အထူးလင်းစေ လုပ်ပေးလာရင် ပြည်သူနဲ့ တသားထဲ ပြနိုင်ကြဖို့  သတ္တိလေးတော့ လိုပါတယ်။ ကိုယ်တိုင်က မီးအချိန်ပြည့် ပေးထားလို့ ဘ၀င်လေးမြင့် ပြည်သူတွေံ ဘ၀နဲ့ တသီးတခြား ဖြစ်နေကြမှာလား။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အခုပြည်ပ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ် ဆီကနေ သူတို့ အကုန်နီးပါးယူနေတဲ့ ဓါတ်ငွေ့တွေထဲက မြန်မာတွေ အတွက်အလွန့်အလွန်လိုအပ်နေလို့ မရှိကိုမရှိတော့လို့ မိတ်ဆွေ စစ်တယ်ဆိုရင် အသိလေးနဲ့ ပြန်မျှဖို့  ပန်ကြားပေးပါလို့ ပန်ကြားလိုပါတယ်။ မရရင်လဲ ရပါတယ်။ မပေးတာ မမျှနိုင်တာ သူတို့ ကိုယ်အပေါ် မိတ်ဆွေစိတ်ရှိမရှိ သိရတာပေါ့။ သူတို့ ကမိတ်ဆွေစိတ် မထားရင် နောင်ဘာပရောဂျက်မှ မပေးကြဖို့ပေါ့။ တဖက်သတ် ကောင်းနေစရာမလိုပါဘူး။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်တောင် သင်မကောင်းလျှင် ကျွန်ုပ် ဆက်ကောင်းရန် မဖြစ်နိုင်တော့ပါပေါ့။ ကျွန်ုပ်မဆိုးပါဘူး ဒါပေမဲ့ ကောင်းတာကို နားမလည်သူကို ဆက်လက်ပြီး ကောင်းပြရင် အပိုသက်သက်ပေါ့ အကျိုးမရှိဘူးပေါ့ ။
ဒီလိုဘဲ တရုတ်ကိုလဲ ဓါတ်ငွေ့တချို့ ပြည်တွင်းသုံးမျှဖို့ တောင်းဆိုပေးပါရန် ပန်ကြားလိုပါတယ်။ ပြည်သူကို ကိုယ်စားပြုထားသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အလေးမထားရင် ရပါတယ်။ မြန်မာပြည်ထဲ ခိုးဝင်နေတဲ့ တရုတ်တွေ စီစစ်ဖေါ်ထုတ်ပြီး တရားမ၀င်ခိုးဝင်နေမှု။ လာဘ်ပေး လာဘ်ယူလုပ်ပြီး နိုင်ငံသား လက်မှတ်အတု ရယူထားမှု။ အမှုတွေ တပုံကြီး လုပ်ပြလိုက်ရုံပေါ့။ ဒါအမျိုးသားရေး တာဝန်ပါ။ ညီမလေးလို ချစ်ပါတယ်ဆိုထားတဲ့ ထောက်လှမ်းရေးကြီး လက်ထက်က လာဘ်စားပြီး တိုင်းပြည်အတွက် အန္တရာယ်ကြီးမားလှ အလွန်တကိုယ်စိတ် ကြီးမားလှတဲ့သူတွေကို ခိုးသွင်းထားခဲ့တဲ့ သစ္စာဖေါက်မှု ကြီးတွေပါဘဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက် ဆိုထားပြီးတော့။
သစ္စာမဖေါက်လို့ ကျွေးကျော်ထားပေလို့သာပေါ့။ မကျွေးကျော်ထားရင် တွေးတောင် မတွေးရဲ လောက်အောင်ပါဘဲ ။
နောင်လာရောက် ရင်းနှီးကြမဲ့ ကန်ထရိုက်တွေကိုလဲ ပြည်တွင်းသုံး ဦးစားပေးဆိုတာတော့ ထဲ့စဉ်းစားကြဖို့ တပါထဲ ပြောကြဆိုကြပါဥိးဗျာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည်ဆိုပြီး အကုန်ထုတ်ရောင်း ပွဲခယူ တစ်ခါစစ်လက်နက်တွေ ၀ယ်ပြန်တော့ ကော်မရှင်ရ စစ်ရေးအမြင် ရှိတာတယ်ထောပါလား။
နောက်တခုပါဗျာ။ ဆရာလှိုင်မြင့်က သူ့ဆောင်းပါးတွေမှာ လျှပ်စစ်မီးအတွက် ဧရာဝတီတိုင်းကနေ နိုင်ငံအတွက် လျှပ်စစ်ပမာဏ အများကြီး ထုတ်ပေးနိုင်ပါတယ် ပြောထားတယ်။ နိုင်ငံတော်သမတကြီးကလဲ ပြန်လာဖို့ နစ်ကြိမ်ပင် ဖိတ်ခေါ်ထားပါတယ်။ အပြောသန်သလောက် တကယ့်အရေးကျတော့ ဆောင်းပါးတောင် ရေးမလာတော့ဘူး။ တိုင်းပြည်မှာ အရေးကြီးနေချိန်ပါ။ ပြန်လာသင့်ပါပြီ။ တကယ်လျှပ်စစ် ထွက်ပါစေလို့လဲ ဆုတောင်းပါတယ်ဗျာ။ တလောက ဆရာလှိုင်မြင့်ရေးထားသလို အရင်းအနှီးနည်းလို့ နိုင်ငံခြားက အရင်းအနှီးတွေ မျှော်နေစရာ မလိုဘူးဆိုရင်တော့ ကိုယ်အင်အားနဲ့ ကိုယ်ထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်ခ တနည်း လျှပ်စစတစ်ယူနစ်အတွက် ကုန်ကျစရိတ်လဲ အလွန်သက်သာမယ် အိမ်ထောင်စုတွေကိုတောင် လျှပ်စစ်ဓါတ်အားကို အနည်းအများဆိုသလို ဖရီးပေးနိုင်မယ်ဆိုထားတော့ မျှော်ပါတယ်ဗျာ။ တကယ်လုပ်ဖို့ အဟုတ် ပြန်လာခဲ့ပါတော့။
အခု ကျနော်တို့  စစ်ဗိုလ်ချုပ်တွေ တော့မသိပါဘူး။ အထူးရှယ် မီးလင်းပေးနေရတဲ့ ကြံ့ခိုင်ရေးအမတ်မင်းများ ကြံ့ ခိုင်ရေး လူကြီးမင်းများကိုလဲ ပြည်သူလူထုက မီးရရှိရေးကိစ္စ အိမ်တိုင်ယာရောက် သွားဆွေးနွေးကြပါ။ မေးမြန်းကြပါ။ သူတို့ သဘောထားကို တိတိပပ ရယူထားကြပါ။ ပြည်သူနဲ့ တသားထဲလားဆိုတာ အခုလိုအချိန်မှာ အရေးကြီးချိန်မှာ ပြတ်ပြတ်သားသား မေးမြန်းထားကြပါ။
နောက်တခုက လျှပ်စစ်မီးရဖို့ ဖယောင်းတိုင်လဲ ထွန်းပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းပါဝင်ဖို့ ကျတော့ သွားရေးလာရေး အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ အများကြီးရှိနေပါတယ်။ သတ္တိရှိသူတွေ စုပေါင်းပြီး လက်မှတ်ထိုးကမ်းပိန်းလုပ်။ ပြီးရရှိတဲ့ လက်မှတ်တွေကို မှတ်တမ်းပြုထား အဖွဲ့ချုပ်ကိုလဲတင်ပြ ကုလလို အဖွဲ့ကြိးကိုလဲတင်ပြ အစိုးရဆီလဲတင်မယ်ဆိုရင် အစိုးရကဘာအမှုနဲ့ အရေးယူနိုင်မှာလဲ။ မီးလိုချင်တယ်။ တင်ပြတယ်။ ဘာအမှု နဲ့ဖမ်းမှာလဲ။ အစိုးရဆီ မီးလိုချင်လို့ မီတာလျှောက်တယ်။ ဘာပြစ်မှုမြောက်သလဲ။ ပေးနိုင်တာ မပေးနိုင်တာ သူတို့ပြသနာ။ လိုချင်တာက ကျနော်တို့ဆန္ဒ။ ကျနော်တို့ကိုဖမ်းဖို့ဆိုရင် သူ့တို့တတွေ အထူးအခွင့်အရေးယူ မီိးတွေ ထိန်ထိန်လင်း နေတာတွေကို ခွဲတမ်းလုပ်ပေးပေါ့။ ကျနော်တို့ လူကြီးတွေလဲ ပြည်သူတွေလိုဘဲ ခွဲတမ်းနဲ့  ရှိတာမျှပေးထားပြီးပါပြီလုပ်ပေါ့။ ဒီလို အားလုံး ညိညီမျှမျှ လုပ်ထားပြီးမှ ဆက်ဆန္ဒပြလာရင် ဖမ်းချင်သပ ဆိုတော်သေးတယ်။ သူတို့လဲ နိုင်ငံသားချင်းအတူတူ သူတို့လို ကိုယ်လည်း လိုချင်တယ်တင်ပြတာ ဖမ်းရင်လား ရွှေဝါရောင် တော်လှန်ရေးထက် ဆိုးတာနဲ့ကြုံသွားပါမယ်။
လက်မှတ်ထိုး သူတွေကိုလဲ သူတို့ သတ္တိရင်းထားရတာဆိုတော့ အဖွဲ့ချုပ်မှာ သတ္တိရှင်များ အဖြစ်မှတ်တမ်း ထိုးထားသင့်ပါတယ်။
ဆန္ဒထုတ် ဖေါ်တာလုပ်သလို လက်မျတ်ထိုးကမ်ပိန်းဆိုရင် ယခုထက်လူထု ပိုမိုပါဝင်လာနိုင် ပါတယ်လို့ တင်ပြလိုပါတယ်။
မောင်မီဂ္ဂါဝပ်
မူရင်းက ဒီမှာပါ။
၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှစတင် ပေးအပ်မည့် ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေး
ယခု ၂၀၁၂-၂၀၁၃ ပညာသင် နှစ်က စတင်ပြီး အခြေခံပညာ ကျောင်းသူ၊ ကျောင်းသား များကို ပညာသင်ဆုနဲ့ ပညာသင် ထောက်ပံ့ကြေး ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆု ပေးအပ်ရာမှာ အလယ်တန်း အဆင့် ပညာသင်ဆု အတွက် စတုတ္ထတန်းကို ထူးချွန်စွာ အောင်မြင် ရမှာ ဖြစ်ပါတယ်။ အခုလို အလယ်တန်း အဆင့် ပညာသင် ဆုကိုတော့ တစ်မြို့နယ်ကို တစ်ဦးသာ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ ပညာသင် ဆုရရှိပါက ပဉ္ဓမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း ၄ နှစ်ရဲ့ စာသင်နှစ် အတွင်း တစ်လကို တစ်သောင်းကျပ် ပညာသင်ဆု ရရှိမှာ ဖြစ်ပါတယ်။
အထက်တန်း ပညာသင်ဆု အတွက် ကိုတော့ အဋ္ဌမတန်းမှာ ထူးချွန်စွာ အောင်မြင်တဲ့ ကျောင်းသားကို ရွေးချယ် မှာဖြစ်ပြီး အဆိုပါ ပညာသင်ဆု ကိုလည်း တစ်မြို့နယ်ကို တစ်ဦးသာ ရွေးချယ်မှာ ဖြစ်ပါတယ်။
အခုလို အထက်တန်း ပညာသင်ဆု ရရှိသူ ကတော့ န၀မတန်းနဲ့ ဒဿမတန်း တို့ရဲ့ စာသင်နှစ် အတွင်း တစ်လကို တစ်သောင်းခွဲ ပညာသင်ဆုကို ရရှိမှာ ဖြစ်ပါတယ်။
ပညာသင် ထောက်ပံ့ကြေး ကိုတော့ ဆင်းရဲ ချို့တဲ့တဲ့ ကလေးများအား စီစစ်ကာ တစ်မြို့နယ် အတွင်း တစ်တန်းကို ၂ ဦးနှုန်းနဲ့ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ပညာသင် ထောက်ပံ့ကြေး ပေးရာမှာလည်း ဇွန်လမှ မတ်လ အထိ မူလတန်း အဆင့် အတွက် တစ်လကို ၅ ထောင်ကျပ်၊ အလယ်တန်း အဆင့် အတွက် တစ်လကို ၆ ထောင်ကျပ်နဲ့ အထက်တန်း အဆင့် အတွက် တစ်လကို ၈ ထောင်ကျပ် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေမှု အပြီးသတ်လျှောက်လဲချက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။
တရားလိုဦးအောင်ဆန်းဦး၏ အကျိုးဆောင် ဦးအေးလွင် (မိုးဟိန်းကျော်)နှင့် တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ဦးကြည်ဝင်းတို့ အပြီးသတ် လျှောက်လဲချက်ပေးပြီးနောက် ဦးကြည်ဝင်းက အမှုနှင့်ပတ်သက်၍ နောက်တိုးငြင်းချက် ထပ်မံတောင်းဆို သည်။
ယင်းသို့တောင်းဆိုခြင်းကို ဦးအေးလွင်က သက်သေများစစ်ဆေး ကာ လျှောက်လဲချက်ပေးပြီးဖြစ်၍ နောက်တိုးငြင်းချက် ထပ်မံ တောင်းဆို ခြင်းကို ကန့်ကွက်သည်။
ယင်းသို့ နောက် တိုးငြင်းချက် ထပ်မံတောင်းဆိုသည့်ကိစ္စ နှင့်ပတ်သက်၍ နှစ်ဖက်အကျိုးဆောင်များ ကြားဖြတ်လျှောက်လဲချက် ပေးရန် အမှုကို တရားရုံးက မေလ ၂၅ ရက်နေ့ သို့ ချိန်းဆိုထားသည်။
အမွေမှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံးက ကြားနာပြီး ဦးအောင်ဆန်းဦးကို နိုင်ငံခြားသားတစ်ဦးအနေဖြင့် နေအိမ် နှင့် ခြံဝင်း ပိုင်ဆိုင် ခွင့်မရှိကြောင်း ဆုံးဖြတ်၍ အမှုရှုံးနိမ့်ခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင် ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ထပ်မံတရား စွဲဆိုခဲ့မှုဖြစ်ပြီး တရားမကြီးအမှတ်မှာ ၉၆၁ ဖြစ်သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
၉၀ခုနှစ်ပါတီစုံရွေးကောက်ပွဲဆိုတာရဲ့ နှစ်လည်မှာ ခေတ်မောင်းဆိုတဲ့ အီးဘုတ်ထွက်
ပြည်တွင်း ပြည်ပက တိုးတက်တဲ့ အမြင်အာရုံရှိတယ်လို့ ခံယူထားတဲ့ လူကြီး၊ လူငယ်တွေ စုပေါင်းထုတ်တဲ့ “ခေတ်မောင်း” ဆိုတဲ့ အီးစာစောင်ထွက်လာတယ်။ စာရေးသူတွေက ဘလော့ဂ်၊ အီးမေး၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်၊ စတဲ့ မီဒီယာအသီးသီးမှာ လက်စွမ်းလက်စရှိသူတွေချည်းဖြစ်တယ်လို့ ဆိုနိုင်တယ်။
စာစောင်ရဲ့ အာလုပ်စကားကတော့ အစိုးရနဲ့ အတိုက်အခံတို့ ပြည်သူ့အကျိုးကနေ သွေဖီမှုတွေကို တည့်မတ်ဖို့၊ အသံမဲ့သူတွေ ကာကွယ်ဖို့၊ အားဖြစ်စေဖို့ နဲ့ ပြည်သူလူထုကို နိုင်ငံတကာနဲ့ မိတ်ဆက်ပြီး အတွေးအခေါ်မြှင့်ပေးဖို့လို့ ဆိုထားပါတယ်။
ပုံမှန် အွန်လိုင်းပေါ် ထွက်နေကျ ကော်ပီအင်ပေစ့် စာစောင်တွေထက် သူတို့တတွေက အများကြီးအားထုတ်ထားတယ်လို့ ဆိုနိုင်တယ်။ စာဖတ်သူတွေကို ဘယ်လောက် လှုံဆော်နိုင်မလဲဆိုတာ သင်ကိုယ်တိုင် ဖတ်ပြီးမှပဲ သိရမှာဖြစ်ပါတယ်။
ရယ်စရာတခု ၀င်ပြောရရင် အယင်တုန်းက လူကြီးတွေ မညီညွတ်လို့၊ ရန်ဖြစ်နေကြလို့ ဆိုပြီး လူငယ်တွေက လက်ညိုးထိုး ရှုတ်ချခဲ့ကြတယ်။ ခင်ဗျားကြီးတို့ကြောင့် ပြည်ပျက်တာလို့ ပြစ်တင်ကြတယ်။ အခု အဲသည်လူငယ်တွေ အရွယ်ရောက်လာတဲ့အခါ အဲသည်လူငယ်တွေ အချင်းချင်းကော တည့်ကြရဲ့လား။ ပြန်တွေးမိပါတယ်။
ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပါ။
KhitMaung Vol 1 No 1

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို
၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။
“NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက်ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်း မြန်မာ့ရေပြင်နဲ့ ထိစပ်နေတဲ့အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့် သတိထားစောင့်ကြည့်ဖို့တော့ လိုတယ်” ဟု ဦးထွန်းလွင်က ၂၀၁၂ ခုနှစ်မိုးရာသီ၌ မြန်မာ့ဆန်စပါး စိုက်ပျိုးရာတွင် ကြုံတွေ့ရနိုင်မည့် အခက်အခဲများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။
NOAA သည် သမုဒ္ဒရာများနှင့် လေထုအခြေအနေကို စောင့်ကြည့်သည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၅ လုံး ၀င်ရောက်ခဲ့ရာ ၎င်းတို့၏ ၅၁ ရာခိုင်နှုန်းမှာ မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
၂၀၁၂ ခုနှစ်သည် ရာသီဥတု ခန့်မှန်းရ ခက်ခဲလွန်းသဖြင့် အလွန်ဆိုးသည်ဟု ဆိုနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရွာသွန်းနေကျ မိုးရေချိန်အောက် ပိုမည်၊ လျော့မည်၊ ရွာသွန်းမြဲဖြစ်မည်ဟု အဖြေထုတ်ရန် လုံလောက်သည့် အထောက်အထားမတွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းသို့ မုတ်သုံ ၀င်ရောက်မြဲ အချိန် မေလ ၅ ရက် နေ့တွင် ၀င်ရောက်ခြင်း မရှိဘဲ မေလ ၁၉ ရက်နေ့မှ ၀င်ရောက်ခဲ့သဖြင့် မုတ်သုံနောက်ကျပြီး အားနည်းနေကြောင်း သိရသည်။
“မုတ်သုံက တောင်ပိုင်းကိုပဲ ၀င်တယ်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်းနဲ့မြောက်ပိုင်းတွေကိုဝင်ဖို့ ကျန်သေးတယ်။ မုတ်သုံက အင်ဒိုနီးရှား ကနေ ပါကစ္စတန်ထိ ၀င်ရတာဖြစ်တယ်။ မုတ်သုံအ၀င်ကြမ်းမှ နောက် ငါးလဆက်တိုက် မိုးရွာတယ်။ မုတ်သုံက ကိုယ့်ဘာသာကိုယ် မ၀င်နိုင်ရင် မုန်တိုင်း အကူလာတယ်။ မုန်တိုင်း မလာရင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းတွေကို မုတ်သုံ မရောက်တော့ဘူး” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းသည် ဇွန်လဆန်းတွင်ဖြစ်ပေါ်ပါက မိုးတွင်းသို့ရောက်ရှိသွားပြီဖြစ်သဖြင့် အစဉ်အလာအရ မြန်မာနိုင်ငံကို ၀င်ရောက်ဖွယ်မရကြောင်းလည်း သိရသည်။

မြစ်ကြီးနားသို့ကျောင်းတက်ရန်သွားသည့်ကားကို KIA မှပစ်ခတ်...
မနေ့ နေ့လည်၁၂နာရီလောက်က ဆဒုံးမြို့နယ်ခွဲ ဝေမိုးရွာ တွင်နေထိုင်သော ကျောင်းသား ကျောင်းသူလေးများကို မြစ်ကြီးနား တွင်ကျောင်းတက်ရန်အတွက် ကားဖြင့် မြစ်ကြီးနား-ကန်ပိုက်တီးလမ်း အတိုင်းလာစဉ်အတွင်းမှာ ဆဒုံးမြို့နယ် လနပါ ရေတံခွန်နဲ့ ဆနာရွာကြားမှာ KIA က လမ်းဘေး ကနေ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။
ကားပေါ်မှာပါလာတဲ့ ကျောင်းသားကျောင်းသူများကတော့ ထိခိုက်မှု မရှိပေမယ့် ကားတော့အနည်းငယ်ထိမှန်ခဲ့ပါတယ်။
သူတို့အချင်း ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ မဆိုင်ပါဘူး။ ကျောင်းသား ကျောင်းသူတွေပညာရာရေးအရသွားရောက်သင်ယူမယ့်လမ်းကိုမပိတ်သင့်ပါဘူး။
KIA က ပြည်သူတွေ အသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊ မိုင်းထောင်မှုတွေလုပ်နေတာ အကြမ်းဖက်အဖွဲ့ပုံဖြစ်နေပါတယ်။
အခုလဲ ကချင်ပြည်နယ်ရဲ့ အနာဂတ်ကြယ်ပွင့်လေးတွေကို အနာဂတ်ပျောက်အောင် လုပ်နေတာနဲ့တူနေပါတယ်။
ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားဘဲ သူတို့အာဏာတည်မြဲရေးကိုဘဲ လုပ်ဆောင်နေတယ်လို့ ဆဒုံးမြို့ကလူတွေကပြောနေကြပါတယ်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း ဆင်ဆာအဖွဲ့ ခွင့်မပြုခဲ့တဲ့ ကျန်ဇာတ်ကား ၄ဝ စာရင်းထွက်ရှိ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာအဖွဲ့မှ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဆင်ဆာ ခွင့်မပြုခဲ့ တဲ့ ဇာတ်ကား များကို ပြန်လည် စိစစ်ရန် အတွက် ဇာတ်လမ်း အကျဉ်းများနဲ့ ဒီဗီဒီချပ် ၁၇ချပ်ကို ဗီဒီယိုဆင်ဆာ အဖွဲ့ဆီကို ပြန်လည် တင်ပြနိုင် ပြီးဖြစ်ကြောင်း မေလ ၁၇ ရက်နေ့က မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာ အဖွဲ့မှ ထုတ်ပြန် ခဲ့ပါတယ်။
ဗီဒီယိုဆင်ဆာ အဖွဲ့မှ အများပြည်သူများကို ပြသရန် ခွင့်မပြုခဲ့တဲ့ ဇာတ်ကားများကို ပြန်လည် စိစစ်ပေးရန် အတွက် ထုတ်လုပ်ရေးများမှ ပြန်လည် တင်ပြလိုပါက ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဗီဒီယိုဆင်ဆာ အဖွဲ့မှ ဆင်ဆာခွင့်မပြုခဲ့တဲ့ ဇာတ်ကားများကို ပြန်လည် တင်ပြနိုင်ကြောင်း သိရှိရပါတယ်။ ”ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စပါ။ရင်းထားခဲ့ရတဲ့ ငွေကြေး အင်အားတွေ မနည်းပါဘူး။ ဒါတွေနဲ့ ငွေပြန်ပေါ်လာရင် ဇာတ်ကားတွေ ဆက်ရိုက် လို့ရတာပေါ့။
ဒါပေမဲ့ တချို့ ဇာတ်ကားတွေက ရှိချင် မှရှိတော့ မယ်ထင်တယ်။ နှစ်တွေကကြာ နေပြီလေ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးအေးကြူလေးက ပြောပြ ပါတယ်။ ၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ခုနှစ် အတွင်း ဗီဒီယို အဖွဲ့က ဆင်ဆာခွင့်ပြုမပေးခဲ့တဲ့ ကျန်ဇာတ်ကား ၄ဝအထဲမှာ ၂ဝဝ၄ ခုနှစ်က ဆင်ဆာထိခဲ့တဲ့ ‘မြန်မာ့ရုပ်ရှင် ပဒေသာကပွဲ သဘင်’ ဆိုတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားလည်း ပါဝင်နေကြောင်း သိရပါ တယ်။
”အဲဒီ ဇာတ်ကားကိုတောင် ကျွန်တော်တို့ ဘယ်မှာရှာရမှန်း မသိဘူး။ ကျန်တဲ့လူတွေ လည်း အဲဒီလိုပဲ နေမှာပါ။ တချို့သေချာသိမ်းထားတဲ့ လူတွေဆိုရင်တော့ ရှိဦးမှာပါ။ ရှိတဲ့လူတွေ ကတော့ ပြန်တင်ကြမှာပါ။
လွတ်သွားရင်တော့ သူတို့တွေ အတွက် ကောင်းတာပေါ့။ အစည်း အရုံးက ဇာတ်ကားကို ပြန်တင်ဖို့က အမှုဆောင်တွေကလည်း ပြောင်းသွားတော့ ပြန်ရှာရတော့ မှာပါ။ ပြန်တင်ဖို့ ကတော့ ဝေးနေတယ်။ တစ်ယောက်ယောက် လက်ထဲမှာ ရှိနေရင်တော့ ပြန်တင်ဖြစ်မှာပါ”လို့ ထပ်လောင်း ပြောပြပါတယ်။
အဆိုပါ ဆင်ဆာပြန်လည် စိစစ်ခွင့် ပြုပေးမယ့် ကြေညာ ထုတ်ပြန်ချက် ကို ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း နဲ့ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အမှုဆောင် အဖွဲ့ဝင်များ မေ ၁၄ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံအပြီး နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထက်လူလူ
မူရင်းသတင်းက ဒီမှာပါ။
ပြည်သူချစ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သားအိမ်ခေါင်းကင်ဆာရောဂါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမည်
သစ်ထူးလွင်ဘလော့တွင် ဖော်ပြထားသည့် ပို့စ်
http://www.thithtoolwin.com/2012/05/blog-post_3940.html
Eleven Media Group တွင်ဖော်ပြထားသည့် ခေါင်းစဉ်ကြီးသတင်း
http://www.weeklyeleven.com/index.php?option=com_content&view=article&id=28989:2012-022-222-033-523-18&catid=48:2009-113-134-45-33-11&Itemid=133
ဒီမိုဝေယံ ဘလော့တွင် ဖော်ပြထားသည့်ပို့စ်
http://www.demowaiyan.org/2012/05/blog-post_3939.html ပြည်သူချစ်သော လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ရမ်ဂရတ်အပြည်ပြည်ဆိုင်ရာဆေးရုံ(Bumrungrad International Hospital)တွင် သားအိမ်ခေါင်းကင်ဆာအတွက် သွားရောက်ဆေးကုသမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်မှပြောကြားခဲ့ကြောင်းသိရှိရသည်။
ယနေ့ (၂၉.၅.၂၀၁၂) ည ၉ နာရီချိန်ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF မှာ ပါဝင်တက်ရောက်မယ့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြပေးထားပါတယ်။
WEF ဖိုရမ်ကို သမ္မတဦးသိန်းစိန်၊ တက်မယ် မတက်ဘူးဆိုတာနဲ့ပတ်သက်လို့ အခုရက်ပိုင်းအတွင်း သတင်းအမျိုးမျိုး ထွက်နေတာကနေ ဒီကနေ့မှာတော့ သူ မတက်ဖြစ်ဘူးဆိုတာကို ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောဆိုခဲ့တာပါ။ ဒါပေမဲ့ လည်း ထိုင်းနိုင်ငံလာရောက်မယ့် နိုင်ငံတော်ခရီးစဉ်ကိုတော့ ရက်ရွှေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေ ကို အတည်ပြုပြောဆိုခဲ့သူကတော့ ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ထာနီ သွန်ခ်ပက်ခ်ဒီ (Thani Thongpakdi) ဖြစ်ပါတယ်။ သမ္မတရဲ့ တရားဝင်နိုင်ငံတော်ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာနဲ့ WEF ဖိုရမ် မတက်ဖြစ်တဲ့အကြောင်း တွေကို မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့တယ်လို့ မစ္စတာထာနီကပြောပါတယ်။
“နိုင်ငံတွင်းမှာ သူ တက်ရောက်ရမယ့် အစီအစဉ်တွေ ရှိထားပြီးသားဖြစ်တဲ့အတွက် မြန်မာသမ္မတရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် ဟာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ WEF ဖိုရမ်ကို တက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့လည်း မတက်နိုင်တော့ဘူးဆိုတဲ့အကြောင်း ကျနော်တို့ကိုပြောပါတယ်။ သူ့ကိုယ်စား ပြည်ထောင်စု စွမ်းအင်ဝန်ကြီးက တက်ရောက်မှာဖြစ်ပါတယ်။” - လို့ မစ္စတာထာနီကပြောပါတယ်။
ဒီကနေ့မနက်ပိုင်းအထိ WEF ဖိုရမ်ရဲ့ အစီအစဉ်တွေထဲမှာ အစီအစဉ်နှစ်ခုမှာ သမ္မတဦးသိန်းစိန်တက်ရောက်မယ်ဆိုပြီး ထည့်သွင်းထားခဲ့တာပါ။ မေလ ၃၁ ရက်နေ့မှာလုပ်မယ့် ဖွင့်ပွဲအခမ်းအနားမှာ ဘာရိန်းဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအို ၀န်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ အိမ်ရှင် ထိုင်းဝန်ကြီးချုပ်တို့နဲ့အတူ မြန်မာသမ္မတလည်း တက်ရောက်မယ်လို့ ကြေညာခဲ့ပါတယ်။
တခါ ဇွန်လ ၁ ရက်နေ့ညနေပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ကတိပြုမှုနဲ့အနာဂတ်လို့ ဆိုရမယ့် The Promise and Future of Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတဦးသိန်းစိန်က စကားပြောဖို့ အစီအစဉ်တခုလည်း ကြေညာထားခဲ့ပါတယ်။ အခုတော့ အဲဒီအစီအစဉ်တွေအားလုံးမှာ သူ့ရဲ့အမည်ကြေညာထားတာကို ဖျက်လိုက်ပြီဖြစ်ပါတယ်။
WEF ဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ဖြစ်မယ်ဆိုတာကိုလည်း မစ္စတာထာနီက အတည်ပြု ပြောဆိုပါတယ်။
“ဖိုရမ် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုတဲ့အကြောင်း World Economic Forum က ကျနော်တို့ကို အကြောင်းကြားပါတယ်။” -လို့ မစ္စတာထာနီကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုဆီ ဒေါ်အောင်ဆန်း စုကြည်သွားမယ်ဆိုတဲ့သတင်းနဲ့ တခြားအစီအစဉ်တွေကိုတော့ သူတို့ဆီ အကြောင်းမကြားသေးလို့ မသိသေးဘူးလို့ ထိုင်းနိုင်ငံ ခြားရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာထာနီက ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့မနက်ပိုင်း WEF အစီအစဉ်တွေထဲက ခေါင်းဆောင်တယောက်နှင့် စကားပြောခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ WEF တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) က ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာ တဦးချင်း တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၃၁ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ သတင်းတွေက ဖော်ပြကြပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
မည်သို့ပင်ဖြစ်စေ ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပ ပထမဆုံးထွက်လာမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးခရီး တထောက်ဟာ သူတို့နိုင်ငံဖြစ်ဖို့ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေ မျှော်လင့် တောင့်တ ဆန္ဒရှိနေကြချိန်မှာ ထိုင်း ၀န်ကြီးချုပ် မစ္စယင်းလပ်က ကြိုဆိုခွင့်ရတော့မှာဖြစ်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းဆက်ဆံရေးမှာ မဟာ ဗျူဟာမြောက် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သုံးသပ်တာမျိုးလည်းရှိပါတယ်ခင်ဗျား။
မူရင်းသတင်းက ဒီမှာပါ။
လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြားအတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံစဉ် ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့နဲ့ ဒီကနေ့မနက် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မတို့ကတဲ့ မှန်ပါတယ်။ ရာခိုင်နှုန်းအနေနဲတော့ နည်းနည်းလေးပဲ၊ ဒါပေမဲ့ ကျွန်မတို့က အဓိက အတိုက်အခံပါတီဖြစ်သွားပြီ။ အတိုက်အခံပါတီတစ်ခု အနေနဲ့က အကြီးဆုံးပဲ။ အဲတော့ ၂၀၁၀ ခုနှစ်က ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီတုန်းက ဝင်ခဲ့တဲ့ပါတီတွေရှိတယ်။ အဲဒီထဲက တိုင်းရင်းသားပါတီတွေနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ တချို့သော တိုင်းရင်းသားပါတီများက ၁၉၉၀ ခုနှစ်ကစပြီးတော့ အခုထက်ထိ NLD နဲ့ဆိုလို့ရှိရင် အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ NLD အဖိနှိပ်ခံရနေရ ကတည်းက သူတို့က ထောက်ခံခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ မခွဲမခွာ ခုထက်ထိ ရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတိုနဲ့လည်း လုပ်ဆောင်သွားမယ်။ အခု လွှတ်တော်ထဲမှာ ရှိနေပြီးသား၊ ရောက်နေပြီးသား တိုင်းရင်းသား ပါတီများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမယ် ဒါကို ပြောသွားတာပါ"
ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
NLD ပါတီက လွှတ်တော်အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကပဲ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အမတ်တွေ ဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့ဟာ မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမဏီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
RFA-Burmese
မူရင်းသတင်းက ဒီမှာပါ။
RFA

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP ၃၆ ဦးအား ပြန်လည်လက်ခံကာ မှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း ကျောက်ကြီးတွင်ကျင်းပရာ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) မှ ဖဒိုတူးတူးလေး၊ နော်ဝေ ဒုနိုင်ငံခြားရေး ၀န်ကြီး ၊ နော်ဝေသံအမတ်ကြီး နှင့် ဒေသတပ်နယ်အာဏာပိုင်များ တက်ရောက်ကြသည်။ (သတင်းဓါတ်ပုံ သူရမျိုး YPI)
Yangon Press International
မူရင်းသတင်းက ဒီမှာပါ။
Yangon Press International
မူရင်းသတင်းက ဒီမှာပါ။
ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်
ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ ၁နာရီတွင်ခရိုင် အုပ်ချုပ်ရေးဦးစီးရုံးမှ လာရောက်တွေ့ဆုံရန် စာဖြင့်အကြောင်း ကြားထားကြောင်း ပုသိမ်မြို့ခံ တစ်ဦးက ဆက်သွယ်ပြောကြားသည်။
“ကိုဇော်မိုး ၊ကိုစည်သူ ၊ကိုကြည်အေး အပါအ၀င် ၆ဦးအား ဒီနေ့ ၁နာရီမှာ လာတွေ့ပါဆိုပြီးစာပို့ထားတယ်”ဟု ၄င်းကပြောသည်။ ပုသိမ်မြို့တွင် မေလ၂၅ရက်နေ့ကစတင်၍ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီး ပထမနေ့တွင် ၁၅ဦးခန့်၊ ဒုတိယနေ့တွင် ၅၀ဦးခန့် နှင့် နောက်ဆုံးနေ့အဖြစ်ပြုလုပ်သော မေလ ၂၇ ရက်နေ့တွင် လူ၂၀၀ခန့်ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုးမြင့်မြတ်
Popular Myanmar News Journal

တိုက်ပွဲကြောင့် ခန္ဓာကိုယ် ချွတ်ယွင်းခဲ့သူ လဖိုင်နော်မန်း ပြည်သူ့ဂုဏ်ရည်ဆု ရရှိ
အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေးလတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲအတွင်း သတင်းယူနေစဉ် မိုင်းထိ ခဲ့သည့် Kachinlandnews သတင်းဌာနမှ လဖိုင်နော်မန်းသည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ချီးမြှင့်သည့် ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့ကြောင်း ယင်းဆုပေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ပုဂ္ဂိုလ် အသီးသီးတို့က ယင်းဆုအတွက် မဲပေးရွေးချယ် ခဲ့ကြပြီး လဖိုင်နော်မိန်းသည် မဲပေးသူ ၅၁၉၃၂၂ တွင် ၅၁ ဒသမ ၂၅ ရရှိကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း ゞင်းက ပြောကြားသည်။
လဖိုင်နော်မိန်းသည် မီဒီယာလုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ၂၀ဝ၂ ခုနှစ် ဝန်းကျင်မှ စတင်ကာ ဆွမ်ဘရာဘွမ် မီဒီယာကို ဦးဆောင်ခဲ့ပြီး ကချင်လူငယ်များ အတွက် သတင်းမီဒီယာ သင်တန်းများ ပို့ချခြင်း၊ ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ သတင်းမှတ်တမ်း ဌာနအတွက် ကူညီပေးခြင်း ၊ ကချင် စကားပြော ဗီဒီယို ဇာတ်လမ်းများ ရိုက်ကူးပေးခဲ့ သည့်အပြင် ၂၀၁၁ ခုနှစ်တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ချိန် လူငယ်များကို စုစည်းကာ Kachin land news ဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သူ ဖြစ်ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၂၀၁၂ ဇန်နဝါရီလ ၄ ရက်တွင် ကချင်ပြည်နယ် တရုတ် - မြန်မာ နယ်စပ်ရှိ စိန်လုံဒေသတွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း ကေအိုင်အေဘက်မှ တီဗွီသတင်း ယူနေစဉ် မိုင်းထိမှန်ကာ ခန္ဓာကိုယ်အောက် လှုပ်ရှား၍ မရတော့သူ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ゞင်းနှင့် နီးစပ်သူ၏ ပြောဆိုချက်အရ သိရသည်။
၂၀၁၁ခုနှစ် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်ရှုက ရရှိထားပြီး ၂၀၁ဝ ပြည်သူ့ဂုဏ်ရည်ဆုကို နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဌ ဦးကျော်သူက ရရှိထားသည်။ လာမည့် ၂၀၁၃ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြင့်ပွဲ အခမ်းအနားကို တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပမည် ဖြစ်သည်။

ဓာတ်ငွေ့သုံး လျှပ်စစ် တာဘိုင်သုံးလုံး ဂျပန် ငှားမည်
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဖယောင်းတိုင် မီးထွန်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေသော မြန်မာနိင်ငံကို ဂျပန်နိင်ငံမှ ၁၂ဝ မီဂါဝပ် ဓါတ်ငွေသုံး တာဘိုင်သုံးလုံးကို ငှားရမ်း အသုံးပြုခွင့် ပေးမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
မြန်မာနိုင်ငံတွင် လတ်တလော ကြုံ့တွေနေရသော လျှပ်စစ်ဓာတ်အား မလုံလောက်မှုတို့နှင့် ပတ်သက်ကာ ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဂျပန်နိင်ငံသို့ သွားရောက်စဉ် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းသည် ဂျပန်နိုင်ငံ စီးပွားရေး ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Yukio Edano နှင့် မေလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ နိင်ငံခြားရေး ဝန်ကြီး Mr.Koichiro Gemba နှင့် မေလ ၂၅ ရက်တွင် လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ မြန်မာနိင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ မြန်မာနိင်ငံတွင် လတ်တလော ကြုံတွေ့နေရသော အခြေအနေများကို ဆွေးနွေး ရှင်းပြခဲ့သည်။
ဂျပန်နိင်ငံ Nikkei Ine နှင့် ဂျပန် စီးပွားရေး သုတေသန ဗဟိုဌာနတို့ တာဝန်ခံ၍ ဂျပန်နိင်ငံ တိုကျိုမြို့တွင် မေလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပြုလုပ်သော 18th International Conference on the Future of Asia တက်ရောက်ခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြည်၊ ပေါင်းတည်၊ ပုသိမ်မြို့တို့တွင် မေလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရေး အတွက် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

အမျိုးသမီး တစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ
ရန်ကုန်မြို့၏ အထင်ကရ လူစည်ကားရာ နေရာတစ်ခု ဖြစ်သည့် ကမာရွတ် မြို့နယ် လှည်းတန်း (၇) လမ်းတွင် မေလ ၂၇ ရက်နေ့က အမျိုးသမီး တစ်ဦး အက်ရှင် ဇာတ်ကားဆန်ဆန် ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရပြီး ယခုအခါ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသပြီး ဆေးကုသမှု ခံယူနေကြောင်း ゞင်း၏ သူငယ်ချင်းများက The Voice Weekly သို့ ပြောကြားသည်။
ဖြစ်စဉ်မှာ မ ... (အသက် ၂၇ နှစ်) ၏ နေအိမ် တည်ရှိရာ လှည်းတန်း ရ လမ်း အမှတ် ... သုံးလွှာသို့ အမျိုးသား တစ်ဦး ရောက်ရှိလာပြီး တံခါးသံပန်းကို ဓာတ်ဆီနှင့် ပက်နေစဉ် ယင်းအမျိုးသမီးက တံခါးဖွင့်လိုက်သည့် အတွက် ခန္ဓာကိုယ်တွင် ဓါတ်ဆီများ စိုရွှဲသွားစဉ် မီးရှို့ခံရခြင်း ဖြစ်ကြောင်း အရေးပေါ် ခွဲစိတ်ကုခန်းသို့ ရောက်ရှိနေသည့် ယင်းအမျိုးသမီး၏ ညီမဖြစ်သူက ပြောဆိုသည်။
၎င်းသည်လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ်ဌာနအတွင်း ၎င်း၏ သူငယ်ချင်းများနှင့် စကားပြောနေသည်ကို တွေ့ရသည်။
"တံခါးပေါက်မှာ ပိတ်ပြီး မီးလောင်နေတော့ လန့်သွားတာပေါ့။ နောက်ပေါက်ကို ပြေးလို့လည်း မရဘူး။ တခြားတိုက်ကို ကူးရတယ်" ဟု ၎င်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဆေးရုံသို့ ရောက်ရှိလာသော သူငယ်ချင်းများအား ရှင်းပြသည်။
နောက်ဆက်တွဲ သတင်းများအရ မီးရှိုးခံရသည့် အမျိုးသမီးမှာ ည ၉ နာရီ ၂ဝ မိနစ် ဝန်းကျင်တွင် စကား စတင် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။
အမှု ကျူးလွန်သည့် အမျိုးသားကို အခင်းဖြစ်ပွားစဉ်၌ပင် ရပ်ကွက်အတွင်း နေထိုင်သူတို့က ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးပြီး ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။
မီးရှို့ခံရသည့် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ဆရာဝန် တစ်ဦးဖြစ်ပြီး ပဲခူးဇာတိ ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောဆိုသည်။အဆိုပါ အမှုကျူးလွန်သူ အမျိုးသားကို ကမာရွတ် ရဲစခန်းက (ပ) ၂၃၀/ ၂၀၁၂၊ ပုဒ်မ ၂၈၅၊ (ပ) ၄၃၆/၂၀၁၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည်
၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် ဖြစ်ကြောင်း ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားလိုက်သည်။
ဆိုက်ရောက် ဗီဇာများ ပေးရာတွင် Business Visa များသာပေးသွားမည် ဖြစ်သည်။ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက "ဒါကို မင်္ဂလာဒုံလေဆိပ်တစ်ခုတည်း ကိုသာပေးသွားမှာ ဖြစ်ပါတယ် visa ကြေးကတော့ ဒေါ်လာ ၅၀ ကျပါမယ် visa သက်တမ်း ကတော့ ရက်ပေါင်း ၇၀ ပေးသွားမှာ ဖြစ်ပါတယ် " ဟု ယင်းက ပြောကြားသည်။

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။
ဆိုင်ခန်းခများကို ယခင်က တိုးမြှင့်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်း ကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ညှိနှိုင်းသော်လည်း ဂေါပကအဖွဲ့မှ လိုက်လျောမှု မရှိသဖြင့် ဆန္ဒပြကြခြင်း ဖြစ်ကြောင်း မန္တလေးမှ ပြည်သူသတင်းထောက် တဦးဖြစ်သည့် နိုင်ကိုဇော် က ပြောသည်။
“ဘုရားကြီးက ဧပြီလကတည်းက စပြီး ကြေညာချက် ထွက်ထားတာ။ တရားဝင် ကောက်မယ် ဆိုတာတော့ ထွက်လာ ပြီ။ လက်ရှိ အဲလို ကန့်ကွက်မှုတွေ ရှိလာတော့ ပိုက်ဆံသွင်းဖို့ ဘာဖို့ စာထပ်ထွက်မလာသေးဘူး။ အရင်တုန်းက ၃,ဝဝဝ ကောက်တာ အခု ၉,ဝဝဝ ဖြစ်သွားတာ။ ဆိုင်ခန်း လစဉ်ကြေးခတင်နော်။ ဆိုင်ခန်းက ကိုယ်ပိုင် သက်သက် ဝယ်ရတာ။ အဲလိုဝယ်ထားတဲ့ ဟာကိုမှ လစဉ်ကြေး ထပ်ပေးရတာ တလကို ၉,ဝဝဝ နှုန်းပေါ့” ဟု မဇ္ဈိမကို ပြောသည်။
မေလ ၂၇ ရက်နေ့က ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံရေး ကိစ္စနှင့်ပါတ်သက်ပြီး ဂေါပကအဖွဲ့က ခေါ်ယူသည့် အစည်းအဝေးအား ဘုရားကြီးဈေးဆိုင်များမှ မတက်ရောက်ဘဲ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြ ဆိုင်ခန်းများထဲတွင် ဘုရားကြီး အရှေ့စောင်းတန်းနှင့် မြောက်ဘက် စောင်းတန်းမှ အများစုပါဝင်ပြီး နံ့သာပန်းပုရုပ်၊ ကျောက်ဆင်းတုများ ကြေးသွန်းဘုရားများ၊ ဘုရားပန်းအိုး၊ ထီး စသည့် နိဗ္ဗာန်ကုန် ရောင်းသည့် ဆိုင်ခန်းများအပါအဝင် ပလပ်စတစ်လောင်း ဘုရားပုံတော်များ၊ ဘုရားစာများ၊ မုန့်ပဲသရေစာများ ခင်းကျင်းရောင်းချ သည့် ဆိုင်ခန်းငယ်များလည်း ပါဝင်ကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဂေါပက အဖွဲ့ရုံးသို့ မဇ္စျိမက ဖုန်းဆက်မေးမြန်းရာတွင် တာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် လူကြီးတဦး က ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
မေလ ၂၈ ရက်နေ့အထိ ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ မရရှိသေးဘဲ ဆိုင်ခန်းများ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
နေမျိုး-ရန်ကုန် (မဇ္ဈိမ)

ဆိုင်ခန်းခများကို သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်းကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြ (ဓါတ်ပုံ မဇ္ဈိမ)
“ဘုရားကြီးက ဧပြီလကတည်းက စပြီး ကြေညာချက် ထွက်ထားတာ။ တရားဝင် ကောက်မယ် ဆိုတာတော့ ထွက်လာ ပြီ။ လက်ရှိ အဲလို ကန့်ကွက်မှုတွေ ရှိလာတော့ ပိုက်ဆံသွင်းဖို့ ဘာဖို့ စာထပ်ထွက်မလာသေးဘူး။ အရင်တုန်းက ၃,ဝဝဝ ကောက်တာ အခု ၉,ဝဝဝ ဖြစ်သွားတာ။ ဆိုင်ခန်း လစဉ်ကြေးခတင်နော်။ ဆိုင်ခန်းက ကိုယ်ပိုင် သက်သက် ဝယ်ရတာ။ အဲလိုဝယ်ထားတဲ့ ဟာကိုမှ လစဉ်ကြေး ထပ်ပေးရတာ တလကို ၉,ဝဝဝ နှုန်းပေါ့” ဟု မဇ္ဈိမကို ပြောသည်။
မေလ ၂၇ ရက်နေ့က ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံရေး ကိစ္စနှင့်ပါတ်သက်ပြီး ဂေါပကအဖွဲ့က ခေါ်ယူသည့် အစည်းအဝေးအား ဘုရားကြီးဈေးဆိုင်များမှ မတက်ရောက်ဘဲ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြ ဆိုင်ခန်းများထဲတွင် ဘုရားကြီး အရှေ့စောင်းတန်းနှင့် မြောက်ဘက် စောင်းတန်းမှ အများစုပါဝင်ပြီး နံ့သာပန်းပုရုပ်၊ ကျောက်ဆင်းတုများ ကြေးသွန်းဘုရားများ၊ ဘုရားပန်းအိုး၊ ထီး စသည့် နိဗ္ဗာန်ကုန် ရောင်းသည့် ဆိုင်ခန်းများအပါအဝင် ပလပ်စတစ်လောင်း ဘုရားပုံတော်များ၊ ဘုရားစာများ၊ မုန့်ပဲသရေစာများ ခင်းကျင်းရောင်းချ သည့် ဆိုင်ခန်းငယ်များလည်း ပါဝင်ကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဂေါပက အဖွဲ့ရုံးသို့ မဇ္စျိမက ဖုန်းဆက်မေးမြန်းရာတွင် တာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် လူကြီးတဦး က ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
မေလ ၂၈ ရက်နေ့အထိ ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ မရရှိသေးဘဲ ဆိုင်ခန်းများ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
နေမျိုး-ရန်ကုန် (မဇ္ဈိမ)
မူရင်းသတင်းက ဒီမှာပါ။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်
မီဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို စတင် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်သည်။
လေးမြို့မြစ်သည် ရခိုင် လူထု၏ အသက်သွေးကြော ဖြစ်သည်။ " အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ် အင်ဂျင်နီယာတွေနဲ့ မြန်မာ အင်ဂျင်နီယာတွေက မိုင်တိုင်တွေ စိုက်နေတာကို တွေ့ရတယ်။ ပီးရင် အလုပ်သမားတွေ နေထိုင်ဖို့ တန်းလျားတွေ ဆောက်ဖို့ မြေညှိနေတာတွေကို တွေ့ခဲ့ရပါတယ်" ဟု အဆိုပါ ဒေသသို့ များမကြာမှီက လေ့လာ ခရီးသွားရောက် ခဲ့သူ မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။
မြောက်ဦးမြို့မှ ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ ခဗွေချေ ကျေးရွာသို့ များမကြာမှီက လေ့လာခရီးသွားရောက်ခဲ့သည်။
" ကျွန်တော်တို့က အဲဒီ ဒေသကို မရောက်ဖူးတဲ့ အတွက် သွားရောက် လေ့လာတာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေနဲ့လည်း တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကား ပြောဆိုခွင့်ရခဲ့ပါတယ်။ သူတို့ပြောတာကတော့ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ရွာတွေကို တောင်ပေါ်က ပြောင်းရွှေ့ဖို့ ပြောထားတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ် အစိုးရ အဖွဲ့က ၀န်ကြီး တစ်ဦးရောက်ရှိလာပြီး တစ်ရွာက လူကြီး တစ်ယောက်စီကို ခေါ်ပြီး ခုလို ပြောသွားတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အဲဒီဒေသမှာ နေထိုင်သူ အများစုကတော့ ချင်းလူမျိုးတွေ ဖြစ်ကြပါတယ်" ဟု သူက ပြောသည်။
လေးမြို့မြစ် စီမံကိန်းကို စတင်ပါက စီမံကိန်း အပေါ်ပိုင်း နှင့် အောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်ကို ထိခိုက်နိုင်ပြီး အများစု ကျေးရွာများမှာ ပြောင်းရွှေ့ရနိုင်ဖွယ် ရှိကြောင်း သူက ပြောသည်။
စီမံကိန်းအောက်ပိုင်းတွင် တည်ရှိသော ရခိုင်ကျေးရွာကြီး တစ်ရွာဖြစ်သော ပန်းမြောင်းကျေးရွာသို့ ဆက်သွယ် မေးမြန်းရာ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။
" ဒီမှာတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ ထွေထွေထူးထူး ဖြစ်ပေါ် တိုးတက်မူ မရှိသေးပါဘူး။ လူတစ်ချို့တော့ အဲဒီ နေရာကို သွားပီး အလုပ် သွားလုပ်တာတော့ ရှိပါတယ်။ ကျွန်တော်တို့ ပန်းမြောင်းနဲ့ ဆိုရင် အခု ရေအားလျှပ်စစ် တည်ဆောက်မယ့် နေရာနဲ့ တော်တော် ဝေးပါတယ်။ မြောက်ဦးဘက်က သွားရင်တော့ နီးတဲ့ အတွက် စက်ကရိယာတွေကို အဲဒီ မြောက်ဦးကတဆင့် တင်ပို့နေကြတယ်လို့ သိရပါတယ်" ဟု ပြောသည်။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရောက်ရှိလာသောစက်ကရိယာများကို မြောက်ဦးသို့ တင်ပို့ပြီး မြောက်ဦးမှ တဆင့် စက်လှေငယ်များဖြင့် အဆိုပါ ဒေသသို့ တင်ပို့ကြသည်ဟု ဒေသခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။
" စက်ကရိယာတော်တော်များကို မြောက်ဦးကို ယူလာပါတယ်။ မြောက်ဦးကနေ စက်ကရိယာတွေကို စက်လှေငယ်တွေနဲ့ အဲဒီ ခဗွေချေ ဆိုတဲ့ နေရာကို ပို့ပါတယ်။ တချို့ စက်ကရိယာတွေက ကြီးတဲ့ အတွက် တစစီဖြုတ်ပြီး စက်လှေတင်ကာ ပို့ရပါတယ်။ ဟိုရောက်တော့ ပြန်လည် တပ်ဆင်ပြီး အသုံးပြုကြရပါတယ်။ စက်လှေနဲ့ သွားရင်တော့ အဲဒီနေရာကို ရောက်ဖို့ တစ်နေ့နဲ့ တမွန်းတည်းလောက် အချိန်လိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြောက်ဦးကဘဲ သွားရ လာရ လွယ်တော့ ဒီကဘဲ ပစ္စည်းတွေကို တင်ပို့နေကြတာ ဖြစ်ပါတယ်။"
ယခု တည်ဆောက်မည့် လေးမြို့မြစ် ရေအား လျှပ်စစ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးဆုံးဖြစ်ပြီး တရုတ် အစိုးရနှင့် ဖက်စပ် လုပ်ကိုင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
လေးမြို့မြစ်အား ရေကာတာ တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ လုပ်ကိုင် စားသောက်မရ ဖြစ်မည်ကို ဒေသခံများ အထူး စိုးရိမ်နေကြသည်ဟုလည်း သိရသည်။
" အခု လေးမြို့မြစ် စီမံကိန်းကထွက်တဲ့ လျှပ်စစ် ဓါတ်အားကို ကျွန်မတို့ ရခိုင်ပြည်မှာ သုံးရင်တော့ ဒေသအတွက် အကျိုးရှိပါမယ်။ ဒါပေမယ့် အခုကြားတာက ဘင်္ဂလာဒေခ်ျ့ကို ထွက်လာတဲ့ ဓါတ်အားကို ရောင်းမယ်လို့ အသံထွက်နေတဲ့ အတွက် လူတွေက စိတ်ပျက်နေကြပါတယ်။ ပီးရင် မြစ်ကြောင်းတွေ ရေမစီးတော့တဲ့ အတွက် တိမ်ကော ပျက်စီး သွားမှာကိုလည်း လူတွေက စိုးရိမ်နေကြပါတယ်" ဟု မင်းပြား ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်ရန် အစိုးရမှ တရားဝင်ပြောကြားထားပြီး ယခုနှစ် မိုးရာသီ အတွင်း လေ့လာ တိုင်းတာမူများ ပြုလုပ်ပြီး ယခုနှစ် မိုးအကုန်တွင် ရေကာတာကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြောက်ဦး အင်ဂျင်နီယာက ပြောကြားသည်။
နိရဉ္စရာ

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ
ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
တိုင်းဒေသကြီး အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွာနေတဲ့ လယ်မြေတွေကို ဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်းခင်ရွှေက စက်မှုဇုန် လုပ်မည် ပြောထားပြီး မြင့်ဇော်က သီးစားလုပ်ခွင့် လျှောက်အမျိုးမျိုးလှည့်ပတ်လိမ်ညာသည့် အပေါ် နိုင်ငံရေးအင်အား စုများ စုပေါင်း၍ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး ခင်ရွှေနဲ့ သက်ဆိုင်ရာအစိုးရတွေကို တရားစွဲ လက်မှတ်ရေးထိုး လှုပ်ရှားဖို့ ဆောင်ရွက်သွားပါမည်။ ဇေကမ္ဘာခင်ရွှေကို ရွှေနံ့သာ အငြင်းပွားနေတဲ့ လယ်မြေတွေကို သီးစားလုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဟာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး ... ဆူပူအောင် သက်သက်ဖန်တီးနေသလို ဖြစ်ပါတယ်
လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ် မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေ က အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အ...ဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော် သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတော်က သိမ်းရင် တပြားမှ ရမှာမဟုတ်ဘူး။ မင်းတို့ကို ကိုယ့်လူမျိုး ချင်း စာနာသောအားဖြင့် ကရုဏာကြေးပေးမှာလို့ ပြောပြီး စည်းရုံးသိမ်းသွင်း တယ်။ အဲဒီနောက် ၅၀၀၀၀ ကနေ လယ်သမားတွေ လက်မခံ လက်ခံအောင် ၃၀၀၀၀၀ အထိ တိုးပေးပြီး လယ်သမားတွေက လယ်မလုပ်ချင်တော့လို့ လယ်အပ်တဲ့ သဘောမျိုးဖြစ်အောင် အုပ်ချုပ်ရေးနဲ့ ခင်ရွှေ ပူးပေါင်းကြံစည်ခဲ့ခြင်းက အစိုးရကို ခုတုံးလုပ်တဲ့ ပထမဆုံး ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်း သိသာစေပါတယ်။
အဲဒီနောက် လယ်သမားတွေကို လယ်ပြန်စိုက်ခွင့်ပြုတယ်။ သီးစားပြေစာအတွက်တော့ ဘယ်သူ့လက် အပ်လိုက် တယ် ဆိုတာ လယ်သမားတွေက နားစွန်နားဖျား ဇေကမ္ဘာကို ပေးလိုက်တယ် ဆိုတာလောက်ပဲ သိပါတယ်။ လယ်သမားတွေ စပါးသိမ်းနေချိန်မှာပဲ ၂၀၁၁ ခုနှစ်ထဲမှာ လယ်ကန်သင်းတွေ ဖျက်တယ်။ နွေစပါး စိုက်လို့မရ အောင် ရေမြောင်းတွေ ပိတ် ပစ်တယ်။ လယ်တွေကို အပြောင်ရှင်းတယ်။ မြေတွေကိုလည်း ရောင်းချထားပြီး ဖြစ်ကြောင်း လယ်မြေတွေပေါ်မှာ ဘယ်က ဘယ်သူမှန်းမသိတဲ့ ကောင်တွေ နာမည်တွေ လာတပ်ထား ပါတယ်။
ဒီကြား ထဲမှာ လယ်သမားတွေဟာ လယ်လုပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားလာတာကြောင့် အငြင်းပွားမှုတွေ ဖြစ်လာပြီး ဇေကမ္ဘာရဲ့ ဖျက်စီးရေး လုပ်ငန်းတွေကို သက်ဆိုင်ရာက တားမြစ် တယ်။ နိုင်ငံတော်က စက်မှုဇုန် လုပ်ကိုင်ခွင့် ခွင့်ပြုထား သယောင် ငါးမဖမ်းရ ၊ ဖားမရိုက်ရ ဆိုတဲ့ စာတွေကပ်၊ ဇေကမ္ဘာ မန်နေဂျာ မြင့်ဇော်နေ တဲ့ ရုံးကို လယ်ထဲမှာ လာဆောက်၊ လယ်သမားတွေကို ခြိမ်းခြောက်မှုတွေနဲ့ အတူ တုတ်တပြတ် ဓားတပြတ် လုံခြုံရေး ၀န်ထမ်း အင်အားကလည်း ကြောက်ခမန်းလိလိပါပဲ။
လယ်သမားတွေက လယ်ပြန်လုပ်ဖို့ နွားချေးမြေသြဇာတွေချနေတဲ့အချိန် ခင်ရွှေရဲ့ ကုမ္ပဏီက လယ်ကန်သင်း တွေ ကိုဖျက်လို့ ကောင်းဆဲ။ ဒီ ၂၀၁၂ ခုနှစ်ထဲမှာပါပဲ။ လယ်သမားတွေကလည်း တရုံးရုံးဖြစ်လာပြီ။ မြင့်ဇော်ကလည်း သက်ဆိုင်ရာက တားမြစ်နေတဲ့ကြားက တုတ်တပြတ် ဓားတပြတ် မိုက်ကြေးခွဲတဲ့ ပုံစံမျိုးအထိ ဖြစ်လာတာတွေဟာ မင်းမဲ့တိုင်းပြည် ဥပဒေမဲ့ တိုင်းပြည်လိုပါပဲ။
တားမြစ်စာတွေပို့ပြီး ဇေကမ္ဘာကုမ္ပဏီကို လယ်ကန်သင်းတွေမဖြတ်ဖို့၊ လယ်သမားတွေကိုလည်း လယ်မလုပ်သေး ဖို့ အငြင်းပွားနေဆဲ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကစာတွေ ပို့တယ်။
အဲဒီအထဲမှာ လယ်သမားတွေက သူတို့တစ်ခုခုလုပ်တိုင်း သက်ဆိုင်ရာကို အသိပေးအကြောင်းကြား ပါသည်လို့ ရေးတာကိုတောင် နောက်နောင် အသိပေးအကြောင်းကြားပါသည်ဟု မရေးသားရန်လို့ မြို့နယ် အုပ်ချုပ် မှူးက ဆိုလာတယ်ဗျ။ ဘယ်လို ပြောရမှာလဲ တင်ပြအသနားခံပါသည် ဆိုတဲ့ စာသားတွေ သူတို့ရဲ့ အမှိုက်တောင်းထဲမှာ တပုံတခေါင်းပါ။ လူပါးဝချင် စိတ်က မကုန်သေးဘူး။ အဲဒါ အုပ်ချုပ်ရေး ပိုင်းကို ပြောတာ။
လယ်သမားတွေဟာ မထူးဇာတ်တော့ မဟုတ်ဘူး။ ဘယ်လို အခင်းအကျင်းဖြစ်လာမလဲ ဆိုတာသိချင်လို့ လယ်ထွန်တော့မယ်လို့ သတင်းလွှင့်လိုက်တယ်။ နောက်နေ့ တကယ်လယ်ထွန်ဖို့ လယ်ထွန်စက်ကြီးတွေ ပြင်ဆင်ကြတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ကျေးရွာ အုပ်ချုပ်ရေါ်မှူး ဦးထွန်းထွန်းဦးတို့ ကိုယ်တိုင်ရောက်လာပြီး တားကြတယ်။ လယ်သမားတွေက ဥပဒေကို မလေးစားလို့၊ အုပ်ချုပ်ရေးကို မလေးစားလို့ လုပ်တာ မဟုတ်ပါဘူး။ ဥပဒေနဲ့ အုပ်ချုပ်ရေးကို ဘယ်သူတွေ ပေါ်ပေါ်လွင်လွင် ချိုးဖောက်နေလဲ ဆိုတာ သိချင်လို့ လယ်ထွန်စက်ကြီးနဲ့ ဟန်ရေးပြလိုက်တာပါ။ လယ်သမားတွေကို လာတားတော့ ဇေကမ္ဘာကို လည်း သွားတားကြည့်ပါအုံးလို့ ပြောလိုက် တယ်။ အုပ်ချုပ်ရေးမှူးကြီးတွေ သွားတားတယ်။ မြင့်ဇော်က မကောင်းတတ်လို့ အားနာသမှုနဲ့ ခဏရပ်ပေးလိုက် တယ်။ အဲဒီညနေမှာပဲ ဖျက်စီးရေးကို ဆက်လုပ်တယ်။ နောက်နေ့လည်း ဆက်လုပ်တယ်။ မီဒီယာတွေရဲ့ အမေးကို တစ်ပတ်အတွင်း အဖြေသိပါလိမ့်မယ်။ ဖြေစရာစကားမရှိဘူးလို့ မာမာတင်းတင်းပဲ ပြောတယ်။
လယ်သမားတွေက သီးစားလုပ်ကိုင်ခွင့်ကို လျှောက်ထားပြီးဖြစ်နေပြီ။ ဇေကမ္ဘာကုမ္ပဏီက နောက်မှသွားပြီး သီးစား လုပ်ကိုင်ခွင့် လျှောက်တယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လယ်သမားတွေဟာ လက်ငုတ်လုပ်ကိုင်သူတွေဖြစ်လို့ ဒီကိစ္စမှာတော့ ဥပဒေအရဆိုရင် လယ်သမားတွေ အောင်ပွဲခံလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။
အငြင်းပွားနေတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက ဘယ်သူ့ဘယ်သူမှ ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ လယ်ယာမြေတွေ ကို ဟောဒီနေ့ (၂၆.၅.၂၀၁၂) ရက်နေ့မှာပဲ ဇေကမ္ဘာကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ြေ ကာင်းလို့ ဆုံးဖြတ်ချက် ချလိုက် ပါလေရောဗျာ။ လွှတ်တော် ကိုယ်စားလှယ်၊ ဇေကမ္ဘာဥက္ကဌ ခင်ရွှေကြီးက The Voice ဂျာနယ်မှာ လယ်လုပ်မှာ မဟုတ်ဘူး။ စက်မှုဇုန်လုပ်မှာလို့ ပြောထားပါလျှက် ဇေကမ္ဘာကို လယ်လုပ်ကိုင်ခွင့် ပြုတဲ့ ရန်ကုန်တိုင်းအစိုးရကို သောက်သုံးမကျတဲ့ အစိုးရ ဥပဒေမဲ့လုပ်တဲ့ အစိုးရလို့ မှတ်ချက်ပြုပါတယ်။
ဥပဒေကို လက်တစ်လုံးကြားလိမ်တာသည် အစိုးရအဖွဲ့ဖြစ်ပြီး လယ်သမားတွေဘက်က ဥပဒေအရ အကာအကွယ် ယူလို့ မရတော့တဲ့အခါမှာ လယ်သမာတွေက အရိုးကျေကျေ အရေခန်းခန်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆက်လက်ပြီးတော့လည်း ဥပဒေကြောင်းအရ ခင်ရွှေကို ဖိုးတွမ်တီးနဲ့ စွဲချက်တင်ပါမယ်။ ငွေကုန်ကြေးကျ မတတ်နိုင် လို့ နောက်ဆုံးလုပ်စရာက ဆန္ဒပြဖို့ပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့နိုင်ငံတော်မှာ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ပြည်သူအသံကို စောင့်မျှော်နေတဲ့ လူလိမ်အသိုင်းအ၀ိုင်းထဲက လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပြည်သူ့ဆန္ဒ ပြည်သူ့အမှန်တွေကို ကြားသိအောင် အသေခံတိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ပါတယ်။
နောက်ဆုံအနေနဲ့တော့ လူပါးဝ သူက ခင်ရွှေ ဆိုတဲ့ လွှတ်တော် အမတ်ကြီးပါ။ ဥပဒေမဲ့ ဘက်လိုက်ဆုံးဖြတ် တာက ရန်ကုန်တိုင်းအစိုးရအဖွဲ့ပါ။ ခံနေရတာတော့ လယ်သမားတွေပါ။
အဲဒီအရေးအတွက် ပြည်သူ့အကျိုးလိုလား သူ ပူးပေါင်းကူညီချင်သူ နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ၀ိုင်းဝန်းကူညီကြပါရန် မတရား မှုတွေကို ပြည်သူများ ခံနေရစဲ ဖြစ်ကြောင်း တင်ပြရင်း နိဂုန်းချုပ်ပါတယ်။ ငြိမ်းချမ်းစွာနေတဲ့ ပြည်သူကို ဆူပူအောင် ဖန်တီးနေတာ အစိုးရနှင့် ခရိုနီ အုပ်စုဖြစ်ကြောင်း နိုင်ငံတော် ရှေ့ဆက်သွားခြင်း မသွားခြင်းတွင် အလျဉ်း မသက် ဆိုင်ဘဲ မတရားမှုသည် မတရားမှုသာ ဖြစ်လို့ လူလိမ်လူညာများကို ပြည်သူအင်အားနဲ့ ၀ိုင်းဝန်း တိုက်ဖျက် ကြပါစို့။
နောင်တော်လေး (Facebook)

အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့
မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။
“ဒီနေ့မနက်ပဲ ၀မ်းကိုက်တဲ့တယောက်ကို မှော်ဘီဆေးရုံကိုပို့လိုက်ရတယ်၊ အခြားသူတွေလည်း အစာအိမ်အောင့်တဲ့သူရယ်၊ အားနည်းတဲ့သူတွေကို နီးစပ်ရာဆေးခန်းလိုက်ပြနေရတယ်”ဟု အလုပ်သမားအရေးဆာင်ရွက်ပေးနေသူ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဒေါ်မာမာဦးက ပြောသည်။
ကျန်းမာရေးချို့တဲ့နေသူများထဲတွင် ၀မ်းကိုက်ရောဂါကြောင့် မှော်ဘီဆေးရုံသို့တက်ရောက်ကုသနေသူ ဦးဇော်မင်းလတ်၊ မျက်စိများ မှုန်လာကာ အဖျားဝင်နေသူ ဦးတင်မိုးဝင်း၊ အစာအိမ်အောင့်နေသည့် ဦးတင်ကိုဦးနှင့် ဦးသားလှစိုးတို့ဖြစ်ပြီး ၎င်းတို့ကိုလည်းအပြင်ဆေးခန်းတွင် ဆေးကုသနေရကြောင်း ၎င်းကဆိုသည်။
လုပ်ခ တနေ့ ၁၆၀ကျပ်မှ ၁၆၀၀ ကျပ်တိုးမြှင့်ပေးရန် မြောင်းတကာ သံရည်ကြိုစက်ရုံမှ အလုပ်သမား၅ ရာနီးပါးကယခင်သီတင်းပတ်မှစတင် ဆန္ဒပြနေရာမှ ၎င်းတို့အနက်မှ ၂၅ ဦးက လွန်ခဲ့သည့် လေးရက်ကစပြီး စတင် အစာအငတ်ခံ ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြရာတွင် “တောင်းဆိုချက်များ မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲဝင်မည်”ဟုဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ဆန္ဒပြလျှက်ရှိကြသည်။
အစာငတ်ခံဆန္ဒပြသူများမှာ အစာလုံးဝမစားဘဲ ရေတမျိုးတည်းသာသောက်၍ စက်ရုံရှေ့တွင် နေ့ရောညပါ ဆန္ဒပြလျက်ရှိပြီး သာမာန်ဆန္ဒပြသူများမှာ ၄၅၀ ခန့်ရှိသည်ဟုဆိုသည်။
ဆန္ဒပြတောင်းဆိုရာတွင် အလုပ်သမား ၆၀ ဦးအတွက်သာ နေ့တွက်ကြေးတိုးပေးရန်တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ပြီး ကျန်သူများမှာဝိုင်းဝန်း ဆန္ဒပြပေးခြင်းဖြစ်သည်။
ဆန္ဒပြမှုကိုညှိနှိုင်းပေးရန် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားခေါင်းဆောင်များ ညှိုနှိုင်းဆွေးနွေးလျက်ရှိပြီး ယနေ့ မွန်းလွဲပိုင်းထိ အဖြေမထွက်သေးဟုဆိုသည်။
လေးရက်ခန့်အစာငတ်ခံဆန္ဒပြခဲ့သူတဦးဖြစ်သည့် ကိုအောင်ကျော်က “ဗိုက်ဆာလည်း ကြိတ်မှိတ်ပြီး ကိုယ့်အလုပ်သမားတွေ အတွက်ဆန္ဒဆက်ပြမှာပဲ။ ဒီမှာပဲတောက်လျှောက်ပြနေတာ၊ အိမ်လည်းမပြန်ဘူး ရေလည်းမချိုးရဘူး” ဟုဆိုသည်။
ရန်ကုန်ကရောင်း သံမဏိစက်ရုံကို တရုတ်(ထိုင်ဝမ်)နိုင်ငံသား ဦးရှောက်စမ်းက ပိုင်ဆိုင်ခြင်းဖြစ်ပြီး စက်ရုံမှူးမှာ ရဲမှူးဟောင်း ဦးမြင့်ဆွေဖြစ်သည် ဟုသိရှိရသည်။
ယခုလအတွင်း လုပ်ခတိုးမြှင့်ရေးနှင့်ပတ်သတ်၍ အလုပ်သမားများ ဆန္ဒပြမှုများ တိုးပွားလာလျှက်ရှိရာ ယခင်သီတင်းပတ်တွင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်အတွင်းစက်ရုံပေါင်း ၁၀ ရုံကျော်ကျော် ဆန္ဒပြခဲ့ကြပြီး စက်ရုံ ၈ ရုံဝန်းကျင်ခန့်မှာ ညှိုနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးနန္ဒာစစ်အောင်က ပြောသည်။ ။

မြောင်းတကာ ရန်ကုန်ကရောင်း သံမဏိစက်ရုံမှ အစာငတ်ခံဆန္ဒပြသူများအား ပြီးခဲ့သည့်
မေလ ၂၅ ရက်နေ့က တွေ့ရစဉ်၊ (သတင်းဓါတ်ပုံ-MMO)