Thursday, May 24, 2012

လွှတ်တော်ဟာဥပဒေအတိုင်းဆောင်ရွက်ရဲ့လား

လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နော်ဝေးနိုင်ငံ အော်စလိုမြို့ တော်ကို ရောက်ရှိနေစဉ်

"ဥရောပပါလီမန်လေ့လာသူမြန်မာလွှတ်တော်ကိုယ်စားလှယ်တချို့ နေပြည်တော်လွှတ်တော်အခြေအနေကိုဝေဖန်"

လွန်ခဲ့တဲ့မေလ(၆)ရက်နေ့ကစပြီးပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းနဲ့ကြံ့ဖွံ့ပါတီ၊ အဖွဲ့ဝင်(၁၀)ဦးကျော်ဟာဂျာမဏီ၊ပြင်သစ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊နော်ဝေး၊ အင်္ဂလန်၊နိုင်ငံတွေကိုခရီးလှည့်လည်ပြီး၊ဥရောပနိုင်ငံတွေရဲ့ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးပုံတွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ၁၉၈၈ကတဲ ကအစိုးရရဲ့တရားဝင်ပထမဆုံးဥရောပခရီးလည်းဖြစ်တယ်။

အဲဒီနောက်မေလတတိယအပတ်မှာတော့၊တိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်(၅)ယောက်အပါအ၀င်၊တစညပါတီ၊NDFပါတီ၊NLDပါတီအသီးသီးက ကိုယ်စားလှယ် (၄)ဦးလည်းနော်ဝေးနိုင်ငံပါလီမန်ကိုလာရောက်လေ့လာဖို့ ရောက်လာပါတယ်။

အဲဒီ၂ဖွဲ့နော်ဝေးနိုင်ငံအော်စလိုမြို့မှာမေလ၁၄ရက်ဆုံတွေ့ပြီးပါလီမန်လွှတ် တော်ကျင်းပပုံကိုလေ့လာခဲ့သလို၊ ပါလီမန်လူကြီးတွေ၊တွေနဲ့တွေ့ဆုံခဲံသလို အော်စလိုကpeacecenterနဲ့ အိုင်ဒီယာဖောင်ဒေးရှင်းအဖွဲ့တွေဆီလည်း သွားရောက်လေ့လာခဲ့ပါတယ်။

တကယ်တော့ဥရောပဆိုတာကလည်း၊ပါလီမန်ဒီမိုကရေစီစနစ်ကိုအစော ဆုံးစတင်ကျင့် သုံးခဲ့တဲ့၊ဒေသန္တရဖြစ်ပြီးပါလီမန်ဒီမိုကရေစီစနစ်အတွေ့အကြုံရင့်ကျက်မှုလည်းရှိပါ တယ်။ ပါလီမန်တွင်းအခြေအတင်ဆွေးနွေးချက်တွေ ဥပဒေပြုရေးဆိုင်ရာတင်ပြချက်နဲ့ ဆင်ခြင်တွေးတောမှုတွေဟာမိမိတို့ပြည်သူတွေရဲ့ရေရှည်အကျိုးစီးပွား၊ နိုင်ငံရဲ့အနာဂတ်မျိုးဆက်အရေးအရာကိစ္စတွေကိုအာရုံထားဆောင်ရွက်သလို၊ ပါလီမန်ရဲ့ဥပဒေပြုဦးဆောင်မှုကိုအုပ်ချုပ်သူတွေကအရေးတယူလိုက်နာအကောင် အထည်ဖော် တဲ့ဓလေ့ရှိပါတယ်။

အာဏာရအစိုးရ၊ပါတီတခုထဲရဲ့အကျိုးသက်သက်ဆောင်ရွက်တတ်တာ မျိုးမဟုတ်သလို၊မိမိနိုင်ငံအကျိုးစီးပွားသက်သက်ကိုသာဗဟိုပြုလုပ်ဆောင်မှုလဲမရှိဘဲ၊ မိမိတို့နိုင်ငံနဲ့၊ပြည်သူတွေအကျိုးစီးပွားနဲ့ဆက်စပ်နေတဲ့နိုင်ငံတကာအရေးအရာကိုပါ လေ့လာဆောင်ရွက်ကြပါတယ်။

နော်ဝေးရောက်မြန်မာကိုယ်စားလှယ်တွေထဲမှာ(ဒုတိယအသုတ်က)ကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်(ဦးသန်းထွန်း)၊NDF(ဦးခိုင်မောင်ရီ)ရခိုင်ပါတီ (ဒေါ်ခင်စောဝေ)မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကဒေါ်မြင့်မြင့်သန်း၊ ဖလုံစ၀ါပါတီ(ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်)ဦးစောသိန်းအောင်၊ကျောက်ကြီးမြို့နယ်၊ တစညပါတီကဦးဥာဏ်ဆွေဝင်း၊ချင်းပြည်နယ်ဟားခါးမြို့နယ်၊ချင်းအမျိုးသားပါတီက ဦးငွန်မောင်၊တို့ဖြစ်တယ်။ဒီ (၇) ဦးကနော်ဝေးခရီးစဉ်သက်သက်ဖြစ်ပါတယ်။

ဖျာပုံမြို့နယ်အမတ်(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဆွေတို့လည်း နောက်ပိုင်းမှာပါဝင်လာပါတယ်။NLDကိုယ်စားလှယ်၂ဦးကပြည်ပခရီးစဉ်ထွက်မယ် ဆိုတာ၎ရက်အကြာမှကြိုသိရလို့၊တနင်္ဂနွေရုံးပိတ်ရက်မှာသံရုံးဖွင့်ပြီးဗီဇာရယူခဲ့သလို၊ သာမန်နိုင်ငံကူးလက်မှတ်စာအုပ်အနီဘဲကိုင်ဆောင်ရခွင့်ရတယ်။တခြားပုဂ္ဂိုလ်အား လုံးကသံတမန်နိုင်ငံကူးလက်မှတ်စာအုပ်တွေနဲ့ပါ။ ဦးရွှေမန်းဦးဆောင်တဲ့အဖွဲ့နဲ့အချိန် ကိုက်ပြီးနော်ဝေးနိုင်ငံမှာမေလ၁၄ရက်နေ့ဆုံကြပါတယ်။

နော်ဝေး ပါလီမန်လေ့လာတဲ့မြန်မာကိုယ်စားလှယ်တွေဟာ လွှတ်တော်ကျင်းပုံကိုလေ့ လာခွင့်ရတော့၊နော်ဝေးလွှတ်တော်မှာ၊လွှတ်တော်တက်လာသူတွေကိုကြည့်ရတာ၊ စိတ်တင်းကြပ်မှုမရှိ၊ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနဲ့လုပ်ဆောင်ကျင်းပတာတွေ့ရ တယ်လို့ပြောပြကြပါတယ်။ မြန်မာပြည်မှာတော့ကိုယ့်ထိုင်ခုံမှာမတ်တပ်ရပ်ပြီး စာရွက်ဖတ်ပြီးပြောရသလို၊အဆိုတင်သွင်းတာ၊ထောက်ခံတာကိုစာရွက်ကိုင်ဖတ်ပြပြီး မှဆွေးနွေးရတော့ လွတ်လွတ်လပ်လပ်မရှိဘူး တခုခုမှာရင်အရေးယူခံရနိုင်တယ်ဆို တဲ့စိတ်တွေကလည်းလွမ်းမိုးနေတယ်လို့ရှင်းပြကြပါတယ်။

မြန်မာကိုယ်စားလှယ်ခေါင်းဆောင်ဦးရွှေမန်းကနော်ဝေးခေါင်းဆောင်တွေကို ၊မြန်မာပြည်သူတွေကလူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးလမ်းကြောင်းကိုရွေးချယ် လိုက်ပြီမို့မိမိတို့နောက်ကြောင်းပြန်ဖို့အစီစဉ်မရှိဘူးလို့အာမခံပြောခဲ့ပေမဲ့၊အရင်က ဘာကြောင့်ဒီလမ်းကိုမလျှောက်ခဲ့တာလဲဆိုတာတော့ မပြောခဲ့ဘူးလို့ NLD ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမျိုးအောင်က ပြန်ပြောပြလို့သိရပါတယ်။နော်ဝေးအာဏာပိုင်တွေဘက်ကဘာတွေဆက် လုပ်ဖို့ရှိလဲဆိုတာကိုလည်း ဒေါက်တာမျိုးအောင်က ခုလိုဆက်ပြောပါတယ်။

“နော်ဝေးအစိုးရကမြန်မာပြည်အဆင့်မြင့်ကိုယ်စားလှယ်လွှတ်ပြီးကူညီရေးအစီ အစဉ်များဆောင်ရွက်မဲ့အကြောင်းကျနော်တို့ကိုရှင်းပြတယ် အခုစီးပွားပိတ်ဆို့ အရေးယူမှုရုတ်သိမ်းလိုက်တာဟာလက်ရှိလုပ်နေတဲ့အပြောင်းအလဲကိုအသိ အမှတ်ပြုတဲ့သဘောဘဲ။ဒီထက်ပြောင်းလဲလာရင်၊ပိုပြီးကူညီဖို့ရှိပါတယ်။ စီးပွားရေး၊လူမှုရေးကအစ၊နိုင်ငံရေးကိုလည်းဆက်ပြီးဆောင်ရွက်ပေးမယ်တဲ့၊”

နော်ဝေးနိုင်ငံဟာခရစ်ယာန်ဝါဒမကြီးစိုးခင်အစောပိုင်းအေဒီ၈၀၀နဲ့၁၀၃၀ကြား သမိုင်းအစဟာ၊ဗိုက်ကင်းလို့ခေါ်တဲ့ပင်လယ်ဓားပြတွေလွမ်းမိုးပြီးပင်လယ်ရေ ကြောင်းနဲ့ကုန်ကူးတဲ့လုပ်ငန်း၊ငါးဖမ်းလုပ်ငန်းကိုလုပ်ခဲ့တာပါ။ ၁၄ရာစုလောက် မှာနိုင်ငံရဲ့၃ပုံ၁ပုံဟာပလိပ်ရောဂါကပ်နဲ့သေဆုံးခဲ့ရပြီး၊ဘုရင့်၊မူးမတ်မျိုးနွယ်တွေနဲ့ အထက်တန်းလွှာတွေလည်းသေဆုံးခဲ့ပါတယ် ပုလိပ်ရောဂါမွှေနှောက်ခံရပြီး ဘုရင့်နန်းဆက်ပြတ်သွားလို့ဒိန်းမတ်မင်းသားတပါးကိုကမ်းလှမ်းပြီးဘုရင့် နိုင်ငံပြန် ထူထောင်ရပါတယ်။စီးပွားရေး၊လူမှုရေးနိုင်ငံရေးဆုတ်ယုတ်ပြီး အမှောင်ခေတ်လို့မှတ်တမ်းတင်ထားပါတယ်။ အဲဒီနောက်နှစ်ပေါင်း၄၀၀ကျော် လောက်ဒိန်းမတ်ကိုလိုနီအောင်ရောက်ခဲ့သလိုဆွီဒင်ပြည်ထောင်စုအဖြစ်နဲ့ လည်းနေခဲ့ရပါတယ်၊၁၉၀၅ကျမှလွတ်လပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ရောက်တော့၊ ၅နှစ်ကြာဂျာမဏီသိမ်းပိုက်တာခံခဲ့ရပါသေးတယ်။

အဲလိုအမှောင်ကြားကနေရုန်းကန်လာခဲ့တဲ့နိုင်ငံမို့ကိုယ့်မင်းကိုယ့်ချင်းနေရတဲ့ ဘ၀ကို သိတ်တန်ဘိုးထားပါတယ်။အနှစ်၄၀၀ကျော်ဒိန်းမတ်နိုင်ငံအောက်နေခဲ့ ရာက(၁၈၁၄)ကျမှလွတ်မြောက်တာ။(အမှန်တော့၁၉၀၅ခုလောက်မှ ဆွီဒင်နိုင်ငံ အချုပ်အခြာကနေလုံးဝလွတ်လပ်သွားခဲ့တာပါ)ဒိန်းမတ်ကလွတ်မြောက်တဲ့၊ အဲဒီနှစ်မေလ၁၇ရက်နေ့ဟာနော်ဝေးရဲ့အခြေခံဥပဒေနေ့ဖြစ်သွားတယ်။ နော်ဝေးနိုင်ငံအမျိုးသားနေ့၊လွတ်လပ်ရေးနေ့ဘဲဆိုပါစို့။တနိုင်ငံလုံးပျော်တဲ့နေ့ပါ။ (ကျနော်တို့နိုင်ငံနဲ့သိတ်ကွာတယ်)၊တခြားနိုင်ငံတွေနဲ့ကွာတာတခု လည်းပြောပြအုံးမယ်၊ဥပမာအိန္ဒိယ၊တရုတ်၊ရုရှား၊မြောက်ကိုးရီးယားအပါအ၀င် နိုင်ငံတော်တော်များများဟာ၊အဲလိုကိုယ့်နိုင်ငံအချုပ်အခြာပိုင်ဆိုင်တဲ့နေ့မျိုးတွေမှာ၊ စစ်အင်အားတွေ၊ခေတ်မှီလက်နက်ဆန်းတွေ၊တင့်ကားအမြှောက်ကြီးတွေ၊လေယာဉ် ဖျက်ဒုန်းကျည်တွေ၊ဝေဟင်ကလေယာဉ်ပစ်အမြှောက်တွေစတဲ့၊စတဲ့ကြောက်စရာ့ လက်နက်ဆန်းကြီးတွေကိုတခမ်းတနားပြကြတာကိုး။

နော်ဝေးနိုင်ငံကအဲလိုမဟုတ်၊တနိုင်ငံလုံးကမူလတန်း၊အလယ်တန်းခလေးငယ်တွေ အလံကိုင်ပြီးချီတက်ကြတာပါမျိုးဆက်သစ်တွေကိုအဲလိုငြိမ်းချမ်းရေးလက်ဆောင်တွေ တပျော်တပါးပေးတဲ့မင်္ဂလာကျက်သရေလွမ်းတဲ့နေ့ပါ။တကယ်တော့နော်ဝေးနိုင်ငံဟာ၊ ၁၉၇၀နှောင်းပိုင်းရောက်မှရေနံနဲ့၊သဘာဝဓာတ်ငွေ့သိုက်တွေ့ပြီး၊ကမ္ဘာ့ထိတ်တန်းနိုင်ငံ ရောက်လာခဲ့တာပါ။(ကျနော်တို့နိုင်ငံကသယံဇာတတွေကို၊နှစ်တရာကျော်ကိုလိုနီနယ် ချဲ့တွေကတမျိုး၊အနှစ်၂၀ကျော်အိမ်နီးချင်းနိုင်ငံတွေကတဖုံ၊ဒီကနေ့ထိအမျိုးသားသစ္စာ ဖောက်တွေကတမှောက်၊မကုန်နိုင်မခန်းနိုင်တူးဆွ၊သယ်မနေကြတာကိုသံဝေဂယူဘို့ ကောင်းတယ်။နော်ဝေးအစိုးရကမိမိတိုင်းပြည်ထွက်သယံဇာတကိုမိမိပြည်သူတွေအကျိုး အတွက်မှန်မှန်ကန်ကန်အသုံးချနိုင်တာနေတာကိုယ်ကတိုင်းပြည်နဲ့ပြည်သူတွေကို ဂုဏ်သိက္ခာမြင့်မားစေပါတယ်။

(နော်ဝေးအကြောင်းနောက်ကြုံမှထပ်ပြောပါအုံးမယ်)

မြန်မာကိုယ်စားလှယ်တယောက်ဖြစ်တဲ့၊NDFပါတီအလုံမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်၊ ဦးခိုင်မောင်ရီကတော့ကိုယ့်နိုင်ငံကသယံဇာတကိုပြည်သူတွေအတွက်အသုံးမပြုနိုင်ဘဲ၊ သူများနိုင်ငံကိုလက်ဖြန့်အကူအညီတောင်းနေရတာ၊တိုင်းပြည်ကိုယ်စားမျက်နှာပူတယ် လို့ပြောပါတယ်။

“ကျနော်တို့ကသူတို့အကူအညီတွေတွေကိုထိုင်မျှော်နေဘို့လား၊သူတို့ဆီကလက်ဖြန့် တောင်းနေဘို့လား၊သူတို့လည်း၊သဘာဝဓာတ်ငွေ့တွေ၊ငါးဖမ်းလုပ်ငန်းတွေနဲ့သူတို့လူဦး ရေ(၅)သန်းကိုဖူလုံအောင်ဖန်တီးပေးနိုင်တယ်။ကျနော်တို့မှာသဘာဝအရင်းအမြစ်တွေ အများကြီးနော်ဝေးထက်ထွက်တော့ ကိုယ့်ပြည်သူတွေအတွက်တော့ပံ့ပိုးစေချင်တယ်။ ဥက္ကဌကြီးသူရဦးရွှေမန်းကဒီမိုကရေစီဘက်တော်သားတွေနဲ့ရင်းနှီးချင်တယ်၊ ဒီမိုကရေစီဘက်သွားချင်တယ်၊ဒါပေမဲ့(နိုင်ငံတကာ) အစိုးရအဖွဲ့တွေနဲ့တွေ့တိုင်း ကျနော်တို့ကိုကူညီပါ၊လမ်းပြပါ၊ထောက်ပံ့ပါလို့ပြောနေတာတခါခါကျနော်တို့ပြည်သူ တွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်။”

ဦးရွှေမန်းအုပ်စုနဲ့အတူလိုက်ပါလာတဲ့၊ကချင်ပြည်နယ် အင်ဂျိုင်းယံမြို့နယ်စည်းလုံး ညီညွတ်ရေးနဲ့ဒီမိုကရေစီပါတီကလွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူကတော့ “အနှစ်သာရအားဖြစ်ဒီမိုကရေစီစနစ်ဦးတည်လိုတဲံစိတ်ခြင်းတူပေမဲ့၊အသွင် သဏ္ဍန်အနေနဲ့များစွာ နောက်ကျနေသေးတာကြောင့်မိမိတို့လွှတ်တော်အတွင်းမှာ အရည်အချင်းပြည့်မီဘို့အတော်လေးလိုနေတဲ့အကြောင်းရှင်းပြပါတယ်။

“ ကျမတို့မှာ၊လုပ်နည်းကိုင်နည်းနဲ့ဆောင်ရွက်ရမဲ့လုပ်ငန်းတွေအတွက်အများကြီး လိုအပ်နေပါသေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရောဝန်ထမ်းတွေပါ ဥရောပနိုင်ငံတွေမှာသင်တန်းတွေပေးဘို့အားလုံးပြောဆိုထားပါတယ်။”

NDFပါတီလွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရီကတော့၊မြန်မာပြည်ဟာနာမည် ကဒီမိုကရေစီလမ်းသွားနေပေမဲ့အမှန်တော့ခေါက်ရိုးကျိုးနေတဲ့အစိုးရနဲ့ဝန်ကြီးဌာန ခေါင်းဆောင်တွေကြောင့်ဒီမိုကရေစီလမ်းပေါ်မရောက်နိုင်သေးဘူးလို့ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ၊စကားတွေအများကြီးပြောခဲ့ကြတယ်၊လွှတ်တော်မှာရောအများ ကြီးပြောခဲ့တယ်၊ ဒါပေမဲ့တကယ်ဖြစ်မလာဘူး၊ဘာလို့လဲဆိုတော့ဒီမိုကရေစီနိုင်ငံကို ရောက်ကိုမရောက်သေးလို့ပါ။ ခေါက်ရိုးကျိုးနေတာတွေကိုဖျောက်လို့ကိုမရသေးဘူး၊ အပေါ်ကစနစ်ကိုပြောင်လိုက်တယ်၊အောက်မှာခေါက်ရိုးကကျိုးနေတုံး၊ အဲဒါဒီမိုကရေစီကိုသွားနေတာသိရက်နဲ့မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်တွေ ရှိနေသေးလို့။အခုဒီနိုင်ငံရောက်တော့တွေ့သမျှအားလုံးဝမ်းနည်းစရာတွေချည်းဘဲ၊ ကိုယ့်နိုင်ငံအတွက်ဝမ်းနည်းစရာတွေပါ။”

တကယ်တော့လက်ရှိနေပြည်တော်လွှတ်တော်ဟာတိုင်းပြည်ရဲ့လိုအပ်ချက်တွေ တင်ပြနေပေမဲ့ လွတ်တော်ထဲကအသံတွေလွှတ်တော်အပြင်မရောက်ဘဲအငွေ့ပျံသွား တဲ့လွှတ်တော်နိုင်ငံရေးသာဖြစ်တယ်လို့ဦးခိုင်မောင်ရီကကောက်ချက်ချပါတယ်။

“လွှတ်တော်ကဆုံးဖြတ်တဲ့အတိုင်းမဆောင်ရွက်ရင် ဥပဒေအတိုင်းဆိုရင်၊အရည် အချင်းမရှိရင်၊အရည်အချင်းမရှိကြောင်းစွတ်စွဲခွင့်ရှိတယ်၊အဲဒီလိုစွတ်စွဲနိုင်ခွင့်ရှိရက်နဲ့၊ တနေ့ လုပ်နိုးနိုး၊တနေ့ လုပ်နိုးနိုးနဲ့ကျနော်တို့မစွတ်စွဲနိုင်သေးဘူး။

ချင်းကိုယ်စားလှယ်တယောက်ဆိုရင်၊ခနခနတင်တယ်၊ခနခနတင်ပြကြောင်းလဲ လွှတ်တော်ကိုပြောတယ်၊ဂရုကိုမစိုက်ပါဘူးလို့လဲပြောပြတယ်ငိုတတ်တဲ့ကလေးဟာ နို့ပိုစို့ရတဲ့စကားလိုကျနော်တို့ကခနခနငိုပြနေရတော့မှာလား၊အဲလိုငိုပြမှအခွင့်အရေး ရမှာလား။အသိစိတ်ဓာတ်နဲ့မဆောင်ရွက်ကြတော့ဘူးလား?၊လွှတ်တော်ဆိုတာ ဥပဒေပြုတာဖြစ်လို့ထုတ်ထားတဲံဥပဒေအတိုင်း ဆောင်ရွက်ကြရဲ့လား?၊အခုဟာ လုပ်ချင်တာလုပ်နေကြတာ၊ဥပမာတခုပြောမယ်၊လျှပ်စစ်မီးကိစ္စ။ ပြည်ထောင်စု လွှတ်တော်မှာကျနော်တို့တင်ပြတယ်။ပျက်ချင်တဲ့အချိန်ပျက်၊လာချင်တဲ့အချိန်လာ၊ အကန့်သပ်မဲ့မီးပျက်တယ်။ဘယ်သူ့ကိုမှမကြေငြာဘူး၊လုပ်ချင်ရာလုပ်နေတဲ့မီး။ မီပျက်လို့မီးလောင်လို့သေပြီးတရားခံဖြစ်ရတာကပြည်သူ၊တကယ့်တရားခံကအမှတ်-၂လျှပ်စစ်ဝန်ကြီးဌာနလို့ပြည်ထောင်စုလွှတ်တော်မှာကျနော်အဲလိုပြောလာခဲ့တာ။ ဒါပေမဲ့လွှတ်တော်အပြီးအိမ်ပြန်ရောက်တော့မီးပျက်နေတယ်။တနေကုန်ပျက်တယ်၊ လျှပ်စစ်ဌာနဖုံးဆက်မေးတော့ဖြေခွင့်မရှိဘူးတဲ့။ ကျနော်တို့ကတနိုင်ငံလုံးကြား အောင်သာပြောတာ၊ဘယ်မီဒီယာမှမပါဘူး၊လွှတ်တော်ထဲမှာတင်၊လေထဲမှာတင်၊ အငွေ့ပျံသွားသလား။”

မြန်မာအာဏာပိုင်တွေက၊ဒီမိုကရေစီနိုင်ငံတွေဆီကနေစီးပွားရေး၊ငွေကြေး၊ နည်းပညာအကူညီယူဘို့သက်သက်သာဟန်ပြဆက်ဆံနေတာလား? အနှစ်သာရှိရှိဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးကိုမေ့ထားမှာလား?၊

တကယ်တော့ဒီမိုကရေစီဆိုတာစိတ်ဓာတ်ရေးရာကျင့်ဝတ်တခုပါ။နော်ဝေးမှာတော့ လူနေမှုအဆင့်အတန်းကတဦးနဲ့တဦးသိတ်ကွာခြားတာမရှိသလို၊ဆင်းရဲချမ်းသာ ကွာဟ မှုမရှိဘဲအားလုံးတန်းတူညီတူပါဘဲ။ငွေကြေးချမ်းသာတောင့်တင်းတာ၊ စီပွားကောင်းပြီးကျိကျိတက်ချမ်းသာတာကိုနော်ဝေးလူမျိုးတွေကဂုဏ်လို့မသတ် မှတ်ပါဘူး၊သူတို့သတ်မှတ်တာက လူတယောက်ဟာ

(၁)အလုပ်လုပ်ရမယ်(ဘာအလုပ်ဘဲဖြစ်ဖြစ်၊အလုပ်ဂုဏ်ကိုတန်ဘိုးထားတယ်)

(၂)ပညာတတ်ရမယ်(ပညာတတ်ယောင်ဝါးလုပ်ပြီးလူပေါ်လူဇော်လုပ်တာ၊မာန်ရစ် တာမဟုတ်)

(၃)လူမှုရေးတက်ကြွသူဖြစ်ရမယ်။(ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံဆိုတော့ဒါကို အလေးထားတယ်)

(၄)အလုပ်တာဝန်ကျေပွန်သူဖြစ်ရမယ်။ဒါတွေကိုအဓိကတန်ဘိုးထားတယ်။ စိတ်ဓာတ်

ရေးရာယဉ်ကျေးမှုကရိုးရိုးလေးနဲ့မြင့်မြင့်မားမားရှိတယ်။(တကယ်တော့မြန်မာ တွေရဲ့စံနှုံးကလည်းအဲလိုပါဘဲ၊အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့စနစ်ကိုယ်ကယိုင်ရွှဲ့ခဲ့လို့ပါ။ မိမိနဲ့လူမှုပတ်ဝန်းကျင်ဆက်ဆံရေးနယ်ပယ်မှာစိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု အဆင့်မြင့်အောင်တိုက်တွန်း၊လုပ်ဆောင်အားထုတ်တာမင်္ဂလာတပါးလည်းဖြစ် ပါတယ်။

အများပြည်သူအတွက်ရည်ရွယ်ပြီး၊ချမှတ်တဲ့စနစ်အပေါ်မှာနိုင်ငံသားတိုင်းအား လုံးစိတ်ရောကိုယ်ပါလိုက်ပါရတာဖြစ်ပါတယ်။ဝန်းဝိုင်းကူညီရတာဖြစ်ပါတယ်။ လူတိုင်းကောင်းစားဘို့အတွက်ဖော်ဆောင်တဲ့စနစ်မဟုတ်ဘဲအတ္တသမား လူနည်းစုအတွက်အလုပ်အကြွေးပြုမဲ့လုပ်ငန်းစဉ်ဆိုရင်ဘယ်သူမှအားပေး ကူညီချင်မှာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာ ပြည်သူနဲ့သဟဇာတမဖြစ်တဲ့အစိုးရ ကိုပြည်သူတွေကသံသယတွေနဲ့ပူးပေါင်းလိုစိတ်လည်းမရှိတော့ပါဘူး။ မူကိုသာမကလူတွေပါပြောင်းလဲမှမိမိတို့အနာဂတ်ဒီမိုကရေစီခရီးချောမွေ့ လိမ့်မယ်လို့ဒီကနေ့ ပြည်သူတွေကယုံကြည်နေကြတာပါ။

ကိုညို (နော်ဝေး)

မူရင်းသတင်းက ဒီမှာပါ။

အမျိုးသမီးစပယ်ယာ လိုင်စင်ရပြီ


အမျိုးသမီး ၁၂ ဦးအား စပယ်ယာလိုင်စင် ချထားပေးပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စီမံရေးရာဌာနမှ အရာရှိတစ်ဦးက ပြောသည်။ မထသမှ စပယ်ယာလိုင်စင် ဖြေဆို၍ ကူညီဆောင်ရွက်ပေးရန် အကြောင်းကြားသော စာဖြင့် လာရောက်ဖြေဆိုသူ ခြောက်ဦးရှိပြီး ကျန်လေးဦးမှာ ဝါသနာအရ ကိုယ်တိုင်လာရောက် လျှောက်ထားသူများ ဖြစ်ကြောင်းနှင့် ဖြေဆိုမှုကို လာရောက် လျှောက်ထားသူတိုင်း အောင်မြင်ကြကြောင်း ၎င်းကပြောသည်။

“အခုထိ လာရောက်လျှောက်ထားတဲ့ အမျိုးသမီး စပယ်ယာတွေက ပညာတတ်တွေ များတယ်” ဟု ၎င်းကဆိုသည်။

ပညာအရည်အချင်း ကန့်သတ်ချက် မရှိသော်လည်း အမျိုးသမီး စပယ်ယာလိုင်စင် လျှောက်ထားသူများမှာ အခြေခံအဆင့်အနေဖြင့် ၉ တန်း အောင်ပြီးသူများဖြစ်ပြီး ဘွဲရများ ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

မထသမြို့တွင်းမှ တာဝန်ရှိသူတစ်ဦးကမူ အမျိုးသမီး စပယ်ယာများအား လက်ရှိတွင် မြို့တွင်း၌ ခန့်ထားရန်မရှိသေးဟု ပြောသည်။

စပယ်ယာလိုင်စင် လျှောက်ထားပါက စပယ်ယာများ လိုက်နာရန်လိုသည့် ကျင့်ဝတ်များကို ရေးဖြေနှင့် နှုတ်ဖြေ ဖြေဆိုရကြောင်း ကညနမှ အရာရှိက ပြောသည်။

စပယ်ယာလိုင်စင် လျှောက်ထားပါက လျှောက်လွှာပုံစံကို အခမဲ့ ရယူနိုင်ပြီး ရက်ချိန်းကတ်ပြားအား ၅၀ကျပ်၊ ရွှေမြင်သာဂျာနယ် ကျပ် ၃၀၀၊ ပလတ်စတစ်လောင်းခကျပ် ၁၀၀၊ ဖြေဆိုစစ်ဆေးခ ကျပ် ၁၀၀ မွန်းတည့် ၁၂ နာရီကျော်ချိန် လာရောက် ဆောင်ရွက်ပါက အချိန်လွန်ကြေး ၅၀၀ ကျပ်၊ နှုတ်ဖြေနှင့် ရေးဖြေ အောင်မြင်လျှင် မှတ်ပုံတင်ကြေး သုံးနှစ် သက်တမ်းအတွက် ကျပ် ၃၀၀၊ စပယ်ယာ လိုင်စင်ကတ်ဖိုး ကျပ် ၄၀ နှင့် အာမခံကြေး သုံးနှစ်သက်တမ်း အတွက် ကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

စပယ်ယာလိုင်စင် ဖြေဆိုရန် လျှောက်ထားခြင်းအတွက် ကျသင့်ငွေကို ပိုမိုကောက်ခံပါက တိုင်းဒေသကြီး ဦးစီးမှူးသို့ တိုင်ကြားနိုင်ကြောင်း ယင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။ ယာဉ်လိုင်းများတွင် အမျိုးသမီး စပယ်ယာ လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

နာဂစ် မုန်တိုင်းမှ ကျန်ရစ်သူများ အတွက် ကွမ်းခြံကုန်းတွင် ကျေးရွာသစ် ပြန်တည် ပေးခဲ့


နာဂစ် မုန်တိုင်း ဒဏ်ခံရ ပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့ သူများ အတွက် ပြန်လည် တည်ဆောက် ပေးတဲ့ ကွမ်းခြံကုန်း မြို့နယ်ရှိ ကျေးရွာသစ် ဖွင့်ပွဲကို မေလ ၂၂ ရက်နေ့က ဖွင့်လှစ် ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျေးရွာသစ်ရဲ့ အမည် ကိုတော့ အေးမြသာယာ ကျေးရွာလို့ အမည်ပေး ထားပြီး ကွမ်းခြံကုန်း မြို့နယ် ခလောက် ကျေးရွာ အုပ်စု အတွင်းမှာ တည်ရှိပါတယ်။ အဲ့ဒီ ကျေးရွာ တည်ဆောက်ဖို့ အတွက် ဧရိယာ ၂၀.၅ ဧကရှိတဲ့ စားကျက်မြေကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က စားကျက်မြေ အဖြစ် ပယ်ဖျက် ခွင့်ရခဲ့ပြီး ကျေးရွာ တည်ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်။

ကျေးရွာ တည်ဆောက်မှု ကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ ကစပြီး တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျေးရွာ တည်ဆောက်မှုကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂ မြို့ရွာနှင့် အိုးအိမ် ပြန်လည် ထူထောင်ရေး အစီအစဉ်နဲ့ ဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ တို့မှ နေအိမ် ၄၃၁ လုံးကို တည်ဆောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ အခုလို တည်ဆောက် ပြီးစီးသွားပြီ ဖြစ်တဲ့ ၄၃၁ လုံးအနက်မှ ၂၄၂ လုံးသာ နေရာချ ထားပေးပြီး ဖြစ်ပါတယ်။

ကျေးရွာ နေသူတွေရဲ့ မီးရရှိရေး အတွက်လည်း System Engineering Co.Ltd မှ Solar Energy နဲ့ မီးလှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းရာ မှာတော့ ၁ အိမ်အတွက် မီး ၂ ပွင့် ထားပေးပြီး ဘက်ထရီအိုး ၁ လုံးနဲ့ ၁ နေ့ကို ၄ နာရီစာ ပေးသုံးပြီး ၃ ရက် တစ်ခါ အားပြန် သွင်းခြင်းဖြင့် မီးပေးထား တယ်လို့ သိရပါတယ်။ အေးမြသာယာ ကျေးရွာ အတွက် စာကြည့်တိုက်၊ ကျန်းမာရေး အတွက် လိုအပ်ချက်များနဲ့ မူလတန်းကျောင်း အစရှိသည် တို့ကို ဆက်လက်ပြီး လှူဒါန်း သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်

အများပြည်သူ လျှပ်စစ်မီးရရှိရေး ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေချိန်တွင် အများပြည်သူ များ အတွက် ဓာတ်အားပြတ်တောက်မှုများသည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက် မီးရရှိရေးတို့အတွက် လက်ရှိ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်များ အပြင် အောက်ပါဓာတ်အားပေးစက်များ ထပ်မံဝယ်ယူဖြည့်တင်း၍ တိုးမြှင့်ဖြန့်ဖြူးပေးလျှက် ရှိပါသည်-

(က) ရန်ကုန်မြို့
(၁) ၅၀၀ ကေဗွီအေ - (၄)လုံး ၂၀၀၀ ကေဗွီအေ
(၂) ၃၅၀ ကေဗွီအေ - (၁)လုံး ၃၅၀ ကေဗွီအေ
(၃) ၃၄၀ ကေဗွီအေ - (၂)လုံး ၆၈၀ ကေဗွီအေ
(၄) ၃၁၅ ကေဗွီအေ - (၁)လုံး ၃၁၅ ကေဗွီအေ
(၅) ၂၅၀ ကေဗွီအေ - (၁)လုံး ၂၅၀ ကေဗွီအေ
(၆) ၁၅၀ ကေဗွီအေ - (၂)လုံး ၃၀၀ ကေဗွီအေ
စုစုပေါင်း (၁၁)လုံး ၃၈၉၅ ကေဗွီအေ

( ခ ) မန္တလေးမြို့
(၁) ၅၀၀ကေဗွီအေ - (၄)လုံး ၂၀၀၀ ကေဗွီအေ
(၂) ၃၁၅ကေဗွီအေ - (၁)လုံး ၃၁၅ ကေဗွီအေ
(၃) ၃၀၀ကေဗွီအေ - (၁၀)လုံး ၃၀၀၀ ကေဗွီအေ
(၄) ၂၅၀ကေဗွီအေ - (၂)လုံး ၅၀၀ ကေဗွီအေ
(၅) ၂၀၀ကေဗွီအေ - (၂)လုံး ၄၀၀ ကေဗွီအေ
(၆) ၁၀၀ကေဗွီအေ - (၁)လုံး ၁၀၀ ကေဗွီအေ
စုစုပေါင်း (၂၀)လုံး ၆၃၁၅ ကေဗွီအေ

( ဂ ) ပြည်မြို့
(၁) ၅၀၀ကေဗွီအေ - (၁)လုံး ၅၀၀ ကေဗွီအေ
(၂) ၁၀၀ကေဗွီအေ - (၂)လုံး ၂၀၀ ကေဗွီအေ
(၃) ၂၀ကေဗွီအေ - (၁)လုံး ၂၀ ကေဗွီအေ
(၄) ၁၅ကေဗွီအေ - (၁)လုံး ၁၅ ကေဗွီအေ
စုစုပေါင်း (၅)လုံး ၇၃၅ ကေဗွီအေ

(ဃ) မုံရွာမြို့
၁၀၀ကေဗွီအေ - (၂)လုံး ၂၀၀ ကေဗွီအေ

ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar Co,.ltd မှ 2 mw မီးစက် (၁၀)လုံး ကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကို ရောက်ရှိမည် ဖြစ်ပါသည်။

ရောက်ရှိပါကလျှပ်စစ်ဓာတ်အားလိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍ ဓာတ်အား ဖြန့်ဖြူးပေးပို့သွားမည်ဖြစ်ပါသည်။

ထပ်မံ၍လည်း ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ်ဓာတ်အားပေး စက်(၆)လုံးကိုလည်း စင်္ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာပြည်အရောက် ပို့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် General Electric Co,.ltd မှလည်း ၂၅ မဂ္ဂဝပ် ထုတ်လုပ်နိုင်သော Gas Turbine (၂)လုံးကို ဝယ်ယူရေးဆောင်ရွက်လျှက်ရှိပြီး ၄င်းစက်(၂)လုံးမှာ မြန်မာပြည်သို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား
ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်

၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ သည်။

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ရွှေလီ-မန်စံ ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) ၊ (၂၀၆ )၊ (၂၀၇) နှင့် (၂၀၈)တို့ အား ကချင်လက်နက်ကိုင် သောင်းကျန်းသူများမှ ယခုလ (၁၈) ရက် နှင့် (၁၉) ရက်နေ့များ တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား (၂၀၀)မဂ္ဂါဝပ် ဓာတ်အားလျော့နည်း ပြတ်တောက်ခဲ့ပါသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အမှတ်(၂)လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျှက် ရှိရာ (၂၂-၅-၂၀၁၂) ရက်နေ့တွင် အရာထမ်းဝန်ထမ်း (၁၀)ဦး ၊ အမှုထမ်း ဝန်ထမ်း(၁၀၈)ဦး တို့ဖြင့် တာဝါတိုင်အမှတ် (၂၀၆) နှင့် (၂၀၇)တို့အား ဖြန့်ခွဲ ပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ် လမ်း ဖောက်ခြင်း ၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း ၊ Earth Wire ကြိုး (၂)ချောင်း မြေပြင်တွင် ဖမ်းထိန်းခြင်း ၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုးပြုတ်ခြင်းလုပ်ငန်းများ (၁၀၀%) ပြီးစီးအောင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တာဝါတိုင်အမှတ်(၂၀၆)အား တာဝါတိုင်ဖျက်ခြင်း လုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း (၁၀၀%) ၊ တာဝါတိုင်အမှတ်(၂၀၇)အား တာဝါတိုင် ဖျက်ခြင်းလုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်းဟောင်း ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း (၇၅%) စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၁၀%)အား မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တာဝါတိုင်အမှတ် (၇၃)အားလည်း အမြန်ဆုံးပြုပြင်နိုင်ရေး နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မူရင်းသတင်းက ဒီမှာပါ။

ပြည်တွင်းစစ်ရပ်စဲရေး ပြည်သူ ၆၇၆၇၆၇ ဦး လက်မှတ်ထိုး တောင်းဆိုမည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်၏ (၆၇) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်သူ ၆၇၆၇၆၇ ဦးမှ လက်မှတ်ထိုးကာ ပြည်တွင်းစစ်ရပ်စဲရေးကို တောင်းဆိုသွားမည်ဟု Generation Wave (G.W) အဖွဲ့မှ ဒေါ်အိအိမိုးက ပြောပြသည်။

အထက်ပါ အရေအတွက်သည် မြန်မာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းကျော် ရှိနေသည်။ “လူဦးရေ ၆၇၆၇၆၇ ဦး စုစည်းပြီး ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဝိုင်းဝန်းလက်မှတ်ထိုးမယ်။ ဒီလှုပ်ရှားမှုကို “ထာဝရငြိမ်းချမ်းရေး ၆၇” လို့ ခေါင်းစဉ်ပေးထားတယ်” ဟု ဒေါ်အိအိမိုးက ပြောသည်။

၎င်းလှုပ်ရှားမှုကို မေလ ၁၈ ရက်နေ့မှ စတင်ကာ ပဲခူး၊ တောင်ငူ၊ ကျွန်းကုန်းနှင့် နေပြည်တော်ဒေသများမှ ငြိမ်းချမ်းရေး စိတ်ဝင်စားသူ လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

စုစည်းရရှိလာသော လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပြည်ပမှ ငြိမ်းချမ်းရေး အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု သိရသည်။

“ပြည်သူတွေ လိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို မိသားစုအသိုက်အဝန်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေက အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ရည်ရွယ်ပြီး လက်မှတ်မိတ္တူတွေ ပေးပို့တာ ဖြစ်ပါတယ်” ဟု ဒေါ်အိအိမိုးက ပြောကြားခဲ့ကြောင်း Myanmar Express Group သတင်းထောက်တစ်ဦးမှ ပေးပို့ခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မိုးသီးဇွန်ဆိုတာ.......


အမျိုးချစ်တယ် ဆိုပေမယ့်
ဒေါ်လာမျက်နှာကြောင့်
မျိုးမစစ်နိုင်တော့တာ
ဘယ်လောက်ကြာခဲ့ပြီလဲ .. ဘဲကြီး ..

မင်းသားကြီမလုပ်ရတိုင်း
ပတ်မကြီးကိုထိုးဖောက်
ဖိနပ်နဲ့ ပေါက်တတ်ရုံနဲ့ တော့
ခေါင်းဆောင်လို့  ဆိုမနိုင်ဘူး .. ဘဲကြီး ..

ဘီယာသောက်ရင်းဆင်နွဲ
အွန်လိုင်းပေါ်ကတိုက်ပွဲ
ခင်ဗျား .. ကွဲခဲ့ပေါင်းလည်း
ရေမနိုင်တော့ဘူး .. ဘဲကြီး ..

အသက်ကဖြင့် ကြီး .. ကြီးလှပြီ
ခုထက်ထိပေါ့
ပေါက်လွှတ်ပဲစားတွေး
လမ်းမှန်နဲ့ ဝေးနေမှတော့
ခင်ဗျား .. သေသင့်တယ် .. ဘဲကြီး ..... ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စတင်ရုပ်သိမ်း


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) အား မေလ ၁၆ ရက်မှစ၍ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ “သမ္မတအမိန့်နဲ့ မထားတော့တာပါ။ ဒုရဲမှူးကြီး ခေါင်းဆောင်တဲ့ အင်အား ၇၀ လောက်ရှိတဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့နဲ့ အစားထိုးလဲလှယ်လိုက်တာပါ” ဟု ရန်ကုန်လေဆိပ်တွင် တာဝန်ထမ်းဆောင်သော အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောသည်။

အဆိုပါ ဒုရဲမှူးကြီးတစ်ဦး ခေါင်းဆောင်သော အဖွဲ့အား ရန်ကုန်လေဆိပ်နှင့် နေပြည်တော်၊ မန္တလေးမြို့များတွင်ပါ ပြောင်းလဲတာဝန်ချထားလိုက်ကြောင်း သတင်းရရှိသည်။

“နိုင်ငံတကာလေဆိပ်တွေမှာ စစ်တပ်မရှိရဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် ဒါကိုပြင်ပေးလိုက်တာ ဖြစ်တယ်” ဟု ပြည်ပအခြေစိုက် လေကြောင်းလိုင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောသည်။

သို့သော် လေဆိပ်တွင် ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သော အထူးသတင်းတပ်ဖွဲ့ (SB) နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) များကိုမူ ဆက်လက်ထားရှိကြောင်း သတင်းရရှိသည်။

“အဓိက စာအုပ်ရယ်၊ စာရွက်စာတမ်းတွေကို မယူလာရဲကြဘူး။ အရက်ပုလင်းတို့၊ ဆေးဝါးတို့လည်း စစ်ဆေးတယ်” ဟု ပြည်ပနိုင်ငံများသို့ မကြာခဏ သွားရောက်လေ့ရှိသူ NGO မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

စရဖအဖွဲ့များသည် လေဆိပ်တစ်ခုလုံး၏ လုံခြုံရေးတာဝန်ကို ယူထားသော သြဇာရှိသော အဖွဲ့အစည်းဖြစ်သည်။

ရန်ကုန်လေဆိပ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ထောက်လှမ်းရေးအဖွဲ့ အပြောင်းအလဲလုပ်ပြီး ၂၀၀၄ နှစ်ကုန်တွင် စတင်ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ယခုလို ခြောက်သွေ့သော ရာသီဥတု တွင် ဖယောင်းတိုင်ထွန်းပြီး လျှောက်သွားခြင်းသည် မီးလောင်မှုကို ဖိတ်ခေါ်သလို ဖြစ်နေ

အခုလို ပွင့်လင်းရာသီ (ပူအိုက်ရာသီ) ရောက်လာတာနဲ့အမျှ ရန်ကုန်မှာ မီးလောင်တဲ့သတင်းတွေကလည်း ဆက်တိုက်ကြားနေရတယ်။ လမ်းသွားရင်း ဆေးလိပ်မသောက်ဖို့ကိုလည်း တာဝန်ရှိသူများက သတိပေးထားသလို အရေးပေါ် မီးသတ် သင်တန်းများကိုလည်း သင်တန်းပေ ရှိပါတယ်။ အဲလို အလိုလိုနေရင်းတောင် ခဏခဏ လောင်နေချိန်မှာ လမ်းသွားရင် ဖယောင်တိုင်ထွန်း နေခြင်းဟာ မီးလောင်မှုကို ဖိတ်ခေါ် နေသလို ဖြစ်တယ်လို့ လူကြီးသူမ များက ဆိုပါတယ်။

မကျေနပ်လို့ (သို့) အလုပ်မရှိပဲ အားနေလို့ လမ်းပေါ်ထွက် ဆန္ဒပြလျှင်လည်း တခြားဟာ တစ်ခုခု သာ ကိုင်ပြီး ဆန္ဒပြသင့်ပါတယ်။ ဖယောင်းတိုင်ကို မီးထွန်းပြီး မကိုင်သင့်ပါဘူး။ အိမ်ထဲမှာ မှောင် နေလို့ လျှပ်စစ် ရအောင် ဖယောင်းတိုင်ထွန်း လမ်းလျှောက်ကာမှ မှောင်နေတဲ့ ဘဝ က နေ အကုန်မီးလောင်လို့ ပြောင် နေတဲ့ ဘဝ ကို ရောက်သွားနိုင်ပါတယ်။


ဘုန်းဘုန်း ဘုရား အားနေရင် နှုတ်ခမ်းမွှေး အရင်ရိတ်ပါ ဘုရား

မီးဘေး အန္တရာယ်နဲ့ ပတ်သက်ပြီးအခြား သတိထားရမယ့် အချက်တွေကိုလည်း တတ်နိုင်သလောက် အားဖြည့်တဲ့အနေနဲ့ မီးလောင်ရင် လုပ်ဆောင်ရမယ့် အချက် ကလေးတွေကို post ၂ ပုဒ် ၃ ပုဒ်လောက် ရေးဖို့ စိတ်ကူးထားပါတယ်။ မီးမလောင်အောင် ကာကွယ်ချင်တယ် ဆိုရင်တော့ သင်လုပ်ရမယ့်အရာက လွယ်လွယ်လေးပါ။

"မီးမဆော့နဲ့ လောင်တတ်တယ်" ဆိုသလိုပါပဲ မီးဆိုတာ ဆော့စရာ မဟုတ်သလို လိုအပ်မှ လိုသလောက် သုံးသင့်တဲ့ အရာပါ။ မလိုအပ်ပဲ အားအာယားယား ဖယောင်းတိုင်ထွန်းလျှောက်သွားတာမျိုး မလုပ်သင့်ပါဘူး။ အိမ်တွင်း မီးလောင်ရသော အကြောင်းများထဲတွင် ဖယောင်းတိုင် မီးကတဆင့် လောင်ကျွမ်းခြင်းက အများဆုံးဖြစ်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လျှပ်စစ်မီးရရေး ဖယောင်းတိုင်ထွန်းဆန္ဒထုတ်ဖော်မှု ပေါင်းတည်သို့ ရောက်ရှိ

ရန်ကုန်တွင် ယနေ့ည တွေ့ရသော ဆန္ဒပြမှု မြင်ကွင်းများ ဖြစ်သည်။ YPI Facebook တွင် ဖော်ပြထားသော ဓာတ်ပုံများကို ကူးယူ ဖော်ပြခြင်း ဖြစ်သည်။

လျှပ်စစ်မီး ပိုမိုရရှိဖို့ ဖယောင်းတိုင်ထွန်းညှိ၍ ဆန္ဒထုတ်ဖေါ်ပွဲများ မြန်မာနိုင်ငံမြို့ကြီး အချို့တွင် ပြုလုပ်လျက်ရှိရာ ပေါင်းတည်မြို့တွင်လည်း ယနေ့ညဦးပိုင်းက လူဦးရေ ၃၀၀ ၀န်းကျင်က ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုကို ပေါင်းတည်မြို့ အန်အယ်လ်ဒီပါတီဝင် အချို့က ဦးဆောင်ကြသည်ဟုလည်း မြို့ခံတဦးက ပြောသည်။

ပေါင်းတည်မြို့ခံ ဦးဝင်းနိုင်က “ ည ၇နာရီလောက်မှာ ရန်ကုန် ပြည် ကားလမ်းမကြီးနံဘေး၊ မြို့ရဲ့ ဈေးရုံထိပ်မှာ လူစုပြီး ဖယောင်းတိုင်နဲ့ ဆန္ဒပြခဲ့ကြတာ” ဟု YPI သို့ ပြောသည်။

တနာရီခန့်အကြာ ဆန္ဒထုတ်ဖေါ်ပြီးနောက် လျှပ်စစ်မီး ပြန်လာသည့်အတွက် ရုပ်သိမ်းလိုက်ကြသည်ဟုလည်း ၎င်းကပြောသည်။ အာဏာပိုင်များက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူမှုတော့ ရှိခဲ့သည်ဟုလည်း မြို့ခံ ဦးဝင်းနိုင်က ပြောပြသည်။

လောလောဆယ် ပေါင်းတည်မြို့တွင် လျှပ်စစ်ဓါတ်အား ရရှိမှု အခြေအနေမှာ တရက်လျှင် စုစုပေါင်း ၄/၅ နာရီ ၀န်းကျင်သာ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းကို မေလ ၂၀ ရက်နေ့တွင် မန္တလေးမြို့မှ စတင်လိုက်ခြင်းဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် ရန်ကုန်မြို့တွင်လည်း စတင်ခဲ့ကြသည်။

ယနေ့ညဦးပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးနှင့် တောင်ဒဂုံမြို့နယ်တို့တွင် ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဒုတိယနေ့ကို ပြုလုပ်ခဲ့ကြသည်။ အစိုးရက လျှပ်စစ်မီး ပေးဝေနိုင်မှု အခြေအနေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပန်ကြားချက် တစောင်ကို တမြန်နေ့က ထုတ်ပြန်ခဲ့သည်။ ။

YPI = Yangon Press International http://www.facebook.com/ygnpress





မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြနေသလား

လျှပ်စစ်မီးရရေးအတွက် ဖယောင်းတိုင်ထွန်းဆန္ဒပြမှု ဒေသအများအပြားတွင် ဖြစ်ပွားနေစဉ် ဒေါ်အောင်ဆန်းစုကြည် ဖယောင်းတိုင် ကိုင်ထားသော ဓာတ်ပုံတပုံက Facebook တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြသည်။

ယခုရက်ပိုင်းအတွင်း ရိုက်ကူးထားသောပုံမဟုတ်ဟု သိရသည်။

“ဒီပုံက ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာသမားများတွေ့ ဆုံစဉ်က နိုင်ငံရေးအကျဉ်းသားတချို့  မလွတ်မြောက်ခင် ဖယောင်းတိုင်ထွန်းဆုတောင်းခဲ့တဲ့ပုံဖြစ်ပါတယ်” ဟု Facebook အသုံးပြုသူတဦးက မှတ်ချက်ပြု ရေးသားထားသည်။

မူရင်းသတင်းက ဒီမှာပါ။

သမိုင်းထဲက ဒဏ္ဍာရီ၊ ဒဏ္ဍာရီထဲက သမိုင်း


“ဒါ အမေရိကန်တွေရဲ့ သံဝေဇနိယ လေးဌာနပေါ့”

ဒေါက်တာသြသဓ၏ မှတ်ချက်ရွှန်းကို ကိုယ်တို့တတွေ ရယ်မော လိုက်ကြသည်၊ ရောက်ဆဲဌာနဖြစ်သည့် “သောမတ်ဂျက်ဖာဆင်” ၏ ရုပ်ထုကြီးကိုလည်း မော်ကြည့်လိုက်မိ၏။ ခန့်ငြားသော ဥပဓိနှင့် ပြောင်မြောက် သော ပန်းပုလက်ရာသည် သူ၏ သမိုင်း ကြီးမြင့်ခဲ့ပုံကို ညွှန်းနေသယောင်ပင်။

အမေရိကန်၏ အခြေခံ ဥပဒေ ရေးဆွဲသူတွေထဲက တယောက်၊ တက္ကသိုလ်ကြီးတည်ထောင်ခဲ့သော ပညာရှင်.. စသည် ဖတ်ဖူးသမျှ သူ၏ ထုပ္ပတ်ကို စဉ်းစားရင်း… ဟုတ်တာပေါ့ .. သူဟာ ခုလို ဂုဏ်ပြုအပ်တဲ့ … ဂုဏ်ယူ အောက်မေ့အပ်တဲ့ ….။

“ကဲ အမှတ်တရ ရိုက်ကြဦးစို့” အင်္ဂလန်မှ ဒေါက်တာနာဂသေနက ကင်မရာပြင်လိုက်မှ အတွေးရပ်ကာ ရုပ်ထုကြီး ရှေ့မှာ နေရာယူလိုက်မိသည်၊ တဖျပ်ဖျပ် အမှတ်တရရိုက်နေကြသူတွေကြားထဲမှာ ကိုယ်တို့နှင့် တွဲ ရိုက်ပါရစေ ဆိုလှာသည့် လူမည်း မောင်မယ် တသိုက်ကိုလည်း ရင်းနှီးစွာ ရိုက်ခွင့်ပြုရသေး၊ တဖက်မက တိုင်လုံးကြီး တခုကို မှီကာ ရှေ့ဆီ ကိုယ်ငေး နေစဉ် ….




“Spring ရာသီ စလောက်ကဆို ဒီနေရာက သိပ်လှတာ၊ ဒီချယ်ရီတွေက တတောလုံး ဝေနေတာ၊”

အရွယ်ညီ ချယ်ရီပင်လေးတွေကို ညွှန်ပြရင်း အရှင်သြသဓက ရှင်းပြသည်၊ ဂျပန်ကလက်ဆောင်အဖြစ် စိုက်ပေးသော ချယ်ရီပင်လေးများက အစီအရီ တမျှော် တခေါ်၊ ကိုယ်တို့ ဗုဒ္ဓမြတ်စွာရဲ့ သံဝေဇနိယဋ္ဌာနဆီမှာ ရော အင်ကြင်းပန်းတွေ ဝေမှ ဝေသေးရဲ့လား… အင်း…။

ထိုမှ ဖဲခဲ့ကြ၍ နောက်ထပ်ချဉ်းကပ်ကြရာကား .. သမ္မတကြီး အေဘရာဟင် လင်ကွန်းဆီ၊ ခန့်ငြားမြင့်မောက် သည့် ဗိမာန်နှင့် လိုက်ဖက်စွာ ထိုင်နေဟန် ရုပ်ထုကြီးကား သက်ဝင်လွန်းစွ၊ လာရောက်သူတွေက ဒီနေရာမှာ ပိုမိုများပြားတာကို သတိပြုမိသည်၊ ဒါကိုက “လင်ကွန်း၏ ထင်ရှားသော သမိုင်းကို သက်သေခံနေသည်၊ လင်ကွန်းနှင့် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြ၊ နားနေကြ၊ ဘော်လန်တီယာ စစ်ပြန်အိုကြီး တဦးက သမ္မတကြီး ၏ထုပ္ပတ်ကို ရှင်းပြနေသည်ကို နားထောင်နေကြသူတွေကလည်း မနည်း။

ကျောဘက်နံရံက လင်ကွန်း၏မိန့်ခွန်းကို ဖတ်နေရင်း ကိုယ်သတိပြုလိုက်မိပြန်တာက သည်အဆောက်အဦကို Temple ဟု သုံးနှုန်းထားခြင်းပင်၊ အော် ..သူတို့တကယ် အလေးအမြတ်ထားကြပါလား….။


“မစ္စတာ လင်ကွန်း ခင်ဗျားဟာ တချိန်က ကျုပ်တို့အိမ်ခြံစည်းရိုးကို ကာပေးရတဲ့သူလေ” ဆီနိတ်တာဘ၀၊ ပြိုင် ဘက်တဦး၏ နှိမ်ချသည့် “ငယ်နာ”ဖေါ်မှုကိုပင် “ဟုတ်တယ်လေ .. အဲဒါ ခုထိ ခိုင်တယ် မဟုတ်လား” ဟု ဂုဏ် ယူရဲသည့်သူ၊ ဖျပ်ကနဲ ပေါ်လာသော သည်အကြောင်းလေးက စပြီး၊ စာမတတ်သူဘ၀၊ ဈေးဆိုင်အကူ၊ စာပို့သမား စသည်မှ ရှေ့နေ၊ ဆီနိတ်တာ၊ သမ္မတ၊ တစ တစ မြင့်မားသွားသော သူ့အကြောင်းများ၊ ပြည်တွင်း စစ်ကို အေးစေခဲ့သူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပြစ်သူ …. ထိုကြီးမြတ်မှုတွေက ခုလို … ဒေါက်တာသြသဓပြော သလို သံဝေဇနိယ ဋ္ဌာနအဖြစ် အမေရိကန်တွေ တကူးတက လာရောက်ဂါရ၀ပြု … အို အမေရိကန်တွေမှ မဟုတ်ပါဘူးလေ….။

“ကဲ သုံးပါးလုံးပါအောင် ရိုက်မယ်၊ ရန်အောင်လင်း မင်းရိုက်ပေး” ရှင်သြသဓက ခရီးစဉ်အဆင်ပြေဖို့ ဂိုက်၊ ဒရိုင်ဘာ အဖြစ် ကူညီရန် ခေါ်လာသော သူ့ဒကာလေးကို ကင်မရာမင်း ခန့်လိုက်ပြန်သည်။


ပြီးတော့ အေးအေးလူလူ ကိုယ်တို့နားကြသည်၊ ကိုယ်တို့တူရူ မျက်နှာမူရာဆီမှာတော့ လွတ်လပ်ရေး ကျောက်တိုင်ကြီးနှင့် ကပ်ပီတယ် အဆောက်အဦးကြီးက တဖြောင့်တည်း တန်းလျက်၊ ၀န်းကျင်တ၀ိုက် ဘယ်နေရာက ကြည့်စေ၊ ကျောက်တိုင်ကြီး မြင်နေရအောင် အကွက်ချထားသည့် စိတ်ကူးကလည်း အံ့ဖွယ်ပင်။

လွှတ်တော်ကြီးကလည်း ခန့်ငြား ခန်းနားပါပေစွ၊ သည်လွှတ်တော်ကြီးသည် တိုင်းပြည်၏ ဒီမိုကရေစီ ယန္တရားကြီးကို မောင်းနှင်ရာပင်။ သည်ခရီး၏ အဦးဆုံး ထိုနေရာသို့ ရောက်ခဲ့ပြီ၊ အနားသို့သာ ရောက်ခဲ့သည်၊ အတွင်းသို့ ၀င်ခွင့်မရတော့၊ ယခင်ကဆိုလျှင် အတွင်းသို့ ဘယ်သူမဆို ၀င်ရောက်လေ့လာနိုင်သည်တဲ့၊ ဆီနိတ်တာတွေ ထိုင်သည့် နေရာတွေမှာ ထိုင်ပြီး အမှတ်တရ ဓာတ်ပုံတွေရိုက်နိုင်သတဲ့၊ ယခုတော့မူ ….။

9/11 ဖြစ်ပြီးကတည်းက ထိုအခွင့်အရေး ဆုံးရှုံးသွားတော့သည်၊ အများဆိုင်အခွင့်အရေးကောင်းသည် အလွဲသုံးစား လုပ်သူတွေကြောင့် ဆုံးရှုံးရပါကလား….။

“ကိုင်း … အိမ်ဖြူတော်ဘက် ဆက်ကြဦးစို့” လှုံ့ဆော်သံနှင့်လှုပ်ရှားမှုတပြိုင်နက်ပြုလိုက်သူ အရှင်သြသဓ ကြောင့် ကိုယ်တို့တတွေ ထလိုက်ကြသည်။

လူနေသော အိမ်တဆောင်ကိုပင် ခုလို တကူးတက သွားရောက်ကြည့်ကြသည်ဆိုတော့… ဋ္ဌာနဆိုတာ ဋ္ဌာနီပေါ်မှီပြီး ဂုဏ်တက်မြဲမဟုတ်လား၊ အိမ်ဆိုတဲ့ဋ္ဌာနပေါ်မှာ နေထိုင်သူက သိက္ခာမရှိ၊ ဂုဏ်မဲ့ဆိုလျင်….။


ခု အိမ်ဖြူတော်ကမူ “ရုပ်ထု ထုလုပ်ခံ ဒီသမ္မတကြီးတွေလို ပြည်သူက တင်မြှောက်တဲ့၊ ပြည်သူက ယုံကြည် တဲ့၊ ပြည်သူကို လေးမြတ်တဲ့၊ လူကြီးလူကောင်းတွေ စံရာဆိုတော့ …။

ဗုဒ္ဓဘာသာဝင်တွေ အတွက် ဖွား၊ ပွင့်၊ ဟော၊ စံ ရာလေးဋ္ဌာနကို ဥာဏ်နှင့်ယှဉ်သော သတိ ဆိုသည့် “သံဝေဂ”ဖြစ်ရာ ဖူးရောက်သင့်သော ဋ္ဌာနများအဖြစ် မဟာပရိနိဗ္ဗာနသုတ်မှာ ဟောတော်မူခဲ့သလို၊ အမေရိကန်တွေအတွက်လည်း… သည်နေရာတွေဟာ အားကျ အတုယူ၊ ဂုဏ်ပြုဖွယ်တွေပေါ့၊ ကိုယ်တို့မြန်မာ ပြည်ဖွားတွေအတွက်ကော … ဟူး …. နံရံပေါ်… ငွေစက္ကူတွေပေါ်မှပင် ပယ်ရှားခံရခဲ့၊ လေးပင်သော အတွေး နှင့်ပင် ရုံးပိတ်ရက် ဖြစ်၍ ဆိတ်ငြိမ်နေသော ခန့်ငြားသည့် ရုံးအဆောက်အဦးကြီးများ စုဝေးရာ လမ်းထဲကို ၀င်ခဲ့ ကြသည်။

“ဒါ အိမ်ဖြူတော်ရဲ့ မြောက်ဘက်မျက်နှာလေ”

ရန်အောင်လင်းက လမ်းကို ချိုးကွေ့ရင်း ဆိုလိုက်သည်၊ သူ့နောက်ကို အကွေ့မှာတော့ လူစု လူဝေးကို လှမ်းတွေ့ရပြီ၊ နေနည်းသွားပြီမို့ ပြန်သူတို့သာ ဖွဲဖွဲ၊ လာသူတို့က ကျဲပြီ၊

အနားရောက်တော့ သံပန်း သံဝင်းမြင့်မြင့်ကာထားသော အိမ်ဖြူတော်ကို လှမ်းတွေ့ရသည်၊ ရိုးရိုးနှင့်ခန့်၍ သန့်သန့်နှင့် ထင်းသော ပိသုကာလက်ရာပင်၊ တ၀ိုက်တွင်တော့ ပရိသတ်က ဥရောပ၊ အာရှ၊ အာဖရိက လူမျိုးစုံပင်၊ အိမ်ဖြူတော် နောက်ခံနှင့် ဓာတ်ပုံရိုက်ကြသည်မှာ တဖျပ်ဖျပ်၊ ကိုယ်တို့တတွေ ဓာတ်ပုံရိုက်ကြတော့လည်း ဥရောပသူ သုံးယောက်က အတူရိုက်ဖို့ ဆိုလာ၍ ခွင့်ပြ ရသည်၊ အဲဒီက စပြီး တဖွဲ့ပြီး တဖွဲ့၊ ကိုယ်တို့နှင့် အမှတ်တရ ရိုက်ဖြစ်ကြသည်။

“အရှေ့ကို မသွားတော့ဘူး၊ ဘယ်ဘက်ကကြည့်ကြည့် အတူတူဘဲ”

အရှင်သြသဓ ပြောပြီး တဆက်တည်း

“ဘုန်းကြီးကံ ဟိုမှာ ”

သူညွှန်ပြရာကြည့်လိုက်တော့ တဘက်ပလက်ဖောင်းမှာ ဆိုင်းဘုတ်တွေ ဆွဲထားသည့် ဖျင်တဲအိုလေး တခု၊ တဲဝတွင် ဆိုင်ဘုတ်တခု ဆွဲကာ ရပ်နေသည့် အဖွားအို တယောက်၊


“သူ ဆန္ဒပြနေတာလေ၊ ပတ်သက်နေသည့် စစ်ပွဲတွေရပ်ဖို့၊ မတရားမှုတွေ ပျောက်အောင် ဆောင်ရွက်ဖို့၊ သမ္မတကို တောင်းဆိုနေတာ” ကိုယ်အံ့သြသွားသည်၊ သမ္မတအိမ်နားမှာ ဆန္ဒပြနေသည်၊ တနေ့လည်းမဟုတ်၊ တလလည်းမဟုတ်၊ နှစ်ရှည်လများ ဆန္ဒပြနေသူ၊

တိုင်းပြည်ကို ဦးဆောင်သော၊ ကမ္ဘာကို စကားဆိုနိုင်သော သူ့သမ္မတကို သူတောင်းဆိုခွင့်ရှိသည်၊ ကန့်ကွက်ခွင့် ရှိသည်၊ ဆန္ဒပြခွင့်ရှိသည်၊ ဘာအန္တရာယ်မှမရှိ၊ ကိုယ်တို့မြေမှာတော့… ကိုယ့်ရင်သည် ကျင်ကနဲဖြစ်သွားသည်။

ထိုအဖွားရှိရာသို့ လှမ်းလိုက်သည်၊ “ဟလို” ဟုနှတ်ဆက်လိုက်ရင်း အဖွားကမ်းပေးသော လက်ကို ဆုပ်ကိုင် လိုက်မိသည်၊ ပြီး အရှင်သြသဓကို အမှတ်တရလေး ဓာတ်ပုံ ရိုက်ပေးရန် ပြောလိုက်သည်။

တချိန်ချိန်ကျလျှင် ဒီဓာတ်ပုံလေးကို ပြကာ ကိုယ်တို့မြေက တူသား နောင်မယ်လေးတွေကို ဒဏ္ဍာရီအဖြစ် ပြောပြရဦးမည်။

တကယ့် … သမိုင်းကိုတော့မူ ၁၉၉၀ ခု တ၀ိုက်က ဒေါ်အောင်ဆန်းစုကြည်ကို အမှူးထားကာ ကထိန်သင်္ကန်း အတွက် အလှူငွေ ငါးကျပ် လှူဒါန်းမိ၍ ထောင် တနှစ်ကျခံရရှာသော အဖွားနှင့် ထိုကောင်းမှုကို နိဗ္ဗာန်ဆော်မိ၍ ထောင်ဒဏ် တနှစ်ခွဲ အကျခံရရှာသည့် အဖိုးအိုတို့က ပြောပြကြပေလိမ့်မည်။


မူရင်းသတင်းက ဒီမှာပါ။

လျှပ်စစ်မီးရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲ ဒုတိယမြောက်နေ့(ရန်ကုန်)


လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လူထုဆန္ဒဖော်ထုတ်ပွဲကို ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ည ၇း၀၀ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမစတင်မီမှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးမျိုးအောင်က လူစုခွဲဖို့သတိပေးစာကို မနော်အုန်းလှနဲ့ ကိုဟန်ဝင်းအောင်တို့ထံ ပေးအပ်ခဲ့ပါတယ်။




ကိုဟန်ဝင်းအောင်က စာပါအကြောင်းအရာကို ပရိတ်သတ်အား ဖတ်ပြခဲ့ပေမယ့် ပရိတ်သတ်က လူစုခွဲမသွားဘဲ မိမိတို့ဆန္ဒကိုဖော်ထုတ်ဖို့ စိတ်အားထက်သန်စွာ ဆက်လက်စုဝေးခဲ့ကြပါတယ်။


ဆန္ဒဖော်ထုတ်သူု စုစုပေါင်း ငါးရာကျော်ခန့်ဟာ ဖယောင်းတိုင်များကို မီးထွန်းညှိပြီး ဆူးလေ ဂုံးကျော်တံတား၊ ရန်ကုန်တိုင်းမီးသတ်ဌာနရှေ့တို့မှ ဖြတ်သန်းပြီး နှစ်ယောက်တစ်တွဲစီ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


အဲဒီနောက် ဆူးလေဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး ထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေကို မြတ်စွာဘုရားထံ ကပ်လှူပူဇော်ကာ အေးအေး ချမ်းချမ်း လူစုခွဲခြင်းဖြင့် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြောင်း၊ လူစုမခွဲခင်မှာ ကိုဟန်ဝင်းအောင်က ဒီနေ့ပွဲဟာ ပြည်သူတွေကိုယ်တိုင်က သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး လုပ်တဲ့ပွဲဖြစ်ကြောင်း၊ လူတိုင်းဟာ ခေါင်းဆောင်တွေဖြစ်ပြီး ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့ အစည်းကမှ ခေါင်းဆောင်တာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။



ဒီနေ့ပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲကို ပရိတ်သတ်ထောင်ပေါင်းများစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မူရင်းသတင်းက ဒီမှာပါ။