Wednesday, May 23, 2012

၁၃ ထပ် အမြင့် မှ မြန်မာ အိမ်ဖော်တစ်ဦး ပြုတ်ကျသေဆုံး

စင်္ကာပူ နိုင်ငံ ဆီဘ၀န် ရပ် ကင်ဘာရာ လမ်း ပေါ် တွင် ၁၃ ထပ်တိုက် အမြင့် မှ ပြုတ်ကျ သေဆုံး နေသည့် မြန်မာ မိန်းကလေး ငယ် တစ်ဦး ၏ အလောင်း ကို တွေ့  ရှိရသည် ဟု စင်္ကာ ပူ ရဲတပ် ဖွဲ့  ၏ သတင်း ကို ကိုကား ပြီး The Strait Times သတင်း စာ တွင် ဖော် ပြထား သည်။

အသက် ၂၄ နှစ် အရွယ် သေဆုံးသူ မြန်မာ မိန်းကလေး ၏ အလုပ်ရှင် မှာ မဒမ် ဂို ဟု သာ သိရပြီး ထွက်ပြေးရာ မှ မတော်တဆ ပြုတ် ကျခြင်း ဖြစ် နိုင်သည် ဟု သတင်း တွင် ဖော် ပြ ထား သည်။

သေမှုသေခင်း ကို စင်္ကာ ပူ ရဲ တပ် ဖွဲ့  က စုံစမ်း စစ်ဆေး နေသည် ဟု သတင်း တွင် ဖော်ပြထား သည်။ မသေးဆုံး ခင် ညက အထိ မှား ယွင်းမှု တစ်စုံ တစ်ရာ မတွေ့ ရ ဟု မဒမ်ဂိုက ရဲ တပ် ဖွဲ့  ကို ပြောသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ က စင်္ကာပူ ရှိ မြန်မာ အမျိုး သမီး တစ်ဦး ဖြစ်သူ မရင်ငြိမ်းပွင့် မှာ နေ အိမ် မှ ခုန်ချ သတ်သေသွား ခဲ့ ပြီး အခြား တစ်ဦး မှာ လည်း ထွက် ပြေး စဉ် ပြုတ်ကျ သေဆုံး ခဲ့ သည်။

စင်္ကာပူ နိုင်ငံ တွင် စာရင်း ကိုင် အဖြစ်တာဝန် ထမ်းဆောင် နေသည့် မဇာခြည်ဝင်း က ” မနက် စောစော ဆို ရင် မြန်မာ အိမ်ဖော် တွေ က မနက် ငါး နာရီလောက် ထဲ က ထ ပြီး စားဖို့ သောက် ဖို့  စီစဉ် ပေးထား ရတယ် ၊ အိပ်ယာထ နောက်ကျ ပြီး အချိန် မှီ မပြင် ဆင် ပေး ဘူး ဆို ရင် နှိပ်စက် တာ တို့  ၊ ကိုယ်ထိ လက်ရောက် လုပ်တာ တို့  တွေ ပါ ရှိတယ် ဟု FNG သို့  ပြောသည်။

မူရင်းသတင်းက ဒီမှာပါ။

ငြိမ်းချမ်းခြင်းနှင့် အတူ

၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက် KNU ဆက်ဆံရေးရုံးတည်ရှိရာ မျက်နှာစာအရှေ့တွင် ဘုရားသုံးဆူမြို့တွင်းရှိ တိုင်းရင်းသားပြည်သူများသာမက ဒေသအတွင်းမှ တိုင်းရင်းသားပြည်သူများ ဘိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၄၀ဝ ခန့်တို့ စုရုံးတက်ရောက်ကြသည်။

ကရင်မြန်မာလူမျိုးရေးပဋိပက္ခများနှင့် နိုင်ငံရေးပြဿနာအရပ်ရပ်တို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးသည့်အချိန်မှစ၍ အုပ်ချုပ်သူအစိုးရအဆက်ဆက်အား ၆၃ နှစ်နီးပါးကာလမျှကြာအောင် လက်နက်ကိုင်တွန်းလှန်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU ကရင်းအမျိုးသားလက်နက်ကိုင်တပ်မတော် KNLA တို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရအသစ်ဖြစ်လာသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ကရင်ပြည်နယ် ဒူးပလာယာခရိုင် တပ်မဟာ ၆ KNU ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားကို ပရိဿတ်များ စုရုံးရောက်ရှိနေကြသည်။အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း ပြည်ထောင်စုဝန်ကြီးဖြစ်သည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားခြင်း KNU၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အမှာစကားပြောကြားခြင်း ဝန်ကြီးဦးအောင်မင်းနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့က ရုံးဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်းစသည့် အခမ်းအနားအစီအစဉ် ၅ ချက်နှင့် မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် KNU ရုံးဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများကို စစ်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း စနစ်မမှန်သည့် နိုင်ငံရေးအခြေအနေများကြောင့် ငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးပျက်ပြားမှုများရှိခဲ့ကြောင်း ယခုပြည်ထောင်စုသမ္မတအစိုးရလက်ထက်တွင် တိုင်းရင်းသားများ တန်းတူညီတူ အခွင့်အရေးများဖော်ဆောင်နိုင်သည့် စနစ်ကြောင့် ငြိမ်းချမ်းရေးအစ်အမှန်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ပြောကြားသွားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ ပြောဆိုရာတွင် တိုင်းပြည်တိုးတက်နိုင်ရန်အတွက် စီးပွားရေးသည် အဓိကကျကြောင်း တိုင်းပြည်ငြိမ်းချမ်းမှုရှိမှသာလျှင် စီးပွားရေးကဏ္ဍဍကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းနှင့် နယ်စပ်ဒေသ ပြည်ပစီးပွားရေးလုပ်ငန်းများ ချောမွေ့လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် လမ်းပမ်းဆက်သွယ်ရေးကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုပြေးဆွဲနေသော ဘုရားသုံးဆူ သံဖြူဇရပ်ကားလမ်းသည် ဒုတိယကမ္ဘာစစ်ကာလက သေမင်းတမာန်ရထားလမ်းဖြစ်ခြင်းကြောင်း ၄င်းကားလမ်းကို ရထားလမ်းအဖြစ် ပြည်လည်အသုံးပြုသွားမည်ဖြစ်သည့်အပြင် ကားလမ်းကိုလည်း အစိုးရက အသစ်ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ဘုရားသုံးဆူဒေသသည် မွန်၊ ကရင်အများစု နေထိုင်ရာဒေသဖြစ်ခြင်းကြောင့် နယ်စပ်စီးပွားရေးဇုံကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဝန်ကြီးဌာနများက ပူးတွဲ၍ လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးယှဉ်ပြိုင်မှုများကို ပြုလုပ်သွားရန်လိုကြောင်း နောက်ဆုံးအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား၍ ရာသက်ပန် ထိန်းသိမ်းသွားရန်လိုကြောင်း ပြောကြားသွားခဲ့သည်။

KNU၊ KNLA စ်စဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ကရင်၊ မြန်မာ မုန်းတီးရေးဝါဒသည် ဒုတိယကမ္ဘာစစ်ကစပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တစ်နှစ်အကြာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖျာပုံဒေသတွင် ကရင်မြန်မာလူသတ်ပွဲများ၏ အနိဋ္ဌဌာရုံများ လူမျိုးရေးပဋိပက္ခများ နိုင်ငံရေးပြဿနာများကြောင်း လက်နက်ကိုင်တိုက်ပွဲကို ၆၃ နှစ်တာကာလနီးပါးကြာအောင် ဆင်နွှဲလာခဲ့ရကြောင်း စစ်အစိုးရလက်ထက်မှ ပြည်ထောင်စုအစိုးရတက်လာသည့် ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးပြဿနာများကို စစ်မြေပြင်တွင် လက်နက်ကိုင်၍ ဖြေရှင်းနေခြင်းမှာ မှန်ကန်သည့်နည်းလမ်းမဟုတ်သည်ကို သုံးသပ်မိခြင်းကြောင့် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်တိုးတက်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို လိမ်ညာမှုမပါဘဲ အစဉ်ထာဝရ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်။

KNU တပ်မဟာ ၆ နယ်မြေ၏ ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်ပရိဿတ်များလည်း ပုဂ္ဂိုလ်ကြီး နှစ်ဦး၏ပြောကြားချက်များကို ဝမ်းမြောက် ဝမ်းသာ အားပေးခဲ့ကြသည်။ ကရင်အမျိုးသားတစ်ဦးက “ကျနော်တို့ ဒီလိုအခြေအနေမျိုးကို မျှော်လင့်နေတာကြာပြီး ဒီလိုငြိမ်းချမ်းရေးကို မြင်ရမယ်ဆိုတာ တစ်ခါမှ မစဉ်းစားမိဘူး ကျနော်တို့ ဗိုလ်ချုပ် ပြောသွားသလိုဘဲ ငြိမ်းချမ်းရေးကို မလိမ်ညာဘဲ ထိန်းသိမ်းသွားမယ်ဆိုရင်တော့ ပြည်သူတွေ စိတ်ချမ်းသားမှာ အမှန်ဘဲ” ဟု ပြောသည်။

ပြည်တွင်းနှင့်နယ်စပ်ကို ကုန်သွယ်နေသည့် ကုန်သည်တစ်ဦးကလည်း “လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ယူလိုက်တာကတော့ ကောင်းပေမဲ့ ကုန်သည်တွေအတွက်ကတော့ အရင်ကထက်ပိုပြီး အခွန်းအကောက်ပေးရတာများလာမယ် ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေရဲ့ အကောက်အခွန်ဂိတ်တွေ အစိုးရအဖွဲ့အစည်း ဌာနဆိုင်ရာဂိတ်တွေဟာ ဒီဘုရားသုံးဆူနယ်စပ်မှာ မှိုလိုပေါက်နေတယ် ချောင်းဆုံနဲ့ ဘူရားသုံးဆူလောက်ကိုဘဲ ဆယ်ဘီးကုန်ကားတစ်စီးဆိုရင် အကောက်ပေးရတာ သက်သက် မြန်မာငွေ နှစ်သိန်း (၂၀ဝ၀ဝ၀) လောက်ကုန်တယ် ဟိန်းဟောက်တာလည်း ခံရသေးတယ်” ဟု ဆိုပါသည်။KNU ဆက်ဆံရေးရုံးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစိုးရဌနာဆိုင်ရာ အရာရှိကြီးများ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်သည့်အကျိုးတော်ဆောင်အဖွဲ့များသာမက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနှင့်အတူး ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့များ ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးများ ပါရဂူများတို့သည်လည်း မေလ ၁၄ ရက်နေ့ ညပိုင်းတွင် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာကြသည်။

KNU ဆက်ဆံရေးရုံးဖွင့်ပွဲ ပြီးမြောက်ပြီးနောက် ၄င်းမေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘုရားသုံးဆူမြို့ မြို့နယ်ခန်းမတွင် ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ စီးပွားရေးလုပ်ငန်းရှင်များ ရပ်မိရပ်ဖများနှင်း ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၄င်းတွေ့ဆုံပွဲတွင် ဘုရားသုံးဆူဒေသ၏ စီးပွားရေးကဏ࿿ဏ္ဍများ စိုက်ပျိုးရေးကဏ࿿ဏ္ဍများနှင့် လူမှုရေးကဏ࿿ဏ္ဍများ လမ်းပမ်းဆက်သွယ်ရေးကဏ࿿ဏ္ဍများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများက ဆွေးနွေးတင်ပြသည်။များကို ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဟု ဂတိပေးသွားခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦးက ဆိုပါသည်။ကျန်းမာရေးဌာနဆိုင်ရာများဖြစ်သည့် မျက်စိ နား နှာခေါင်း လည်ချောင်း အရိုးအကျောနှင့်အရေပြား ငှက်ဖျား မီးယပ်နှင့်သားဖွားစသည့် ဆရာဝန်ကြီးများ ပါရဂူများကလည်း မေလ ၁၅ ရက်နေ့တွင်ပင် ဘုရားသုံးဆူမြို့ မြို့နယ်ဆေးရုံကြီးတွင် ဒေသခံ စမ်းသပ်လူနာ ၉၀ဝ ကျော်တို့အား အခမဲ့စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ရာ ဘုရားသုံးဆူဒေသတွင် တစ်ခါမှ မခံစားခဲ့ရဘူးသော ငြိမ်းချမ်းရေး၏ အရသာကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်ကြောင်း မျက်စိအစမ်းသပ်ခံ လူနာတစ်ဦးက ပြောပါသည်။

ပြည်ထောင်စုအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သော်လည်း ငြိမ်းချမ်းခြင်း၏အရသာကို အပြည့်အဝ ခံစားနိုင်မည်မဟုတ်သေးကြောင်း ဘုရာသုံးဆူမြို့ခံ လူငယ်တစ်ဦးက ဆိုပါသည်။ ၄င်းက “အခုငြိမ်းချမ်းရေးလို့ပြောနေကြတာက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြားက အပစ်ခတ်ရပ်စဲထားတာလောက်ဘဲရှိသေးတယ်၊ ကျနော်တို့လို ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို ကာကွယ်မပေးနိုင်သေးသရွေ့တော့ ငြိမ်းချမ်းတယ်လို့ မဆိုနိုင်ဘူး ဘုရားသုံးဆူဒေသမှာဘဲကြည့် အစိုးရအဖွဲ့အစည်းတွေရော ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရော နည်းမျိုးစုံနဲ့ အရပ်သားတွေကို အနိုင်ကျင့်နေတာဘဲ” ဟု ပြောသည်။

နိုင်ငံတော်အစိုးရ၏ မနေ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုများသည် မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းခြင်း၏ ပုံရိပ်ကို အနည်းငယ် မြင်တွေ့နေရပြီးဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူခြင်းအားဖြင့် ယခင်ကာလများကဲ့သို့ စစ်ပွဲ၏ အနိဋ္ဌဌာရုံများ စစ်ပွဲ၏ဘေးဒဏ်များကို ပြည်သူများက မြေဇာပင်အဖြစ်မှ လွတ်မြောက်နိုင်ခဲ့ပြီးဖြစ်သလို ကုန်စည်ကူးသန်းရောင်းဝယ်မှု ခရီးသွားမှုများတွင်လည်း စိုးရိမ်ထိန့်လန့်မှုများ ကင်းမဲ့စွာနှင့် ရောင်းဝယ်ဖောက်ကားသွားလာနိုင်တော့မည်ဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောစကားများအရ ငြိမ်းချမ်းမှုရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာကတည်းက အရိုးစွဲလာခဲ့သော ခြစားမှုများ အကျင့်ပျက်ဝန်းထမ်းများ လူ့အခွင့်အရေးချိုးဖောက်မှုများ အနိုင်ကျင့်မှုများ ရှိနေသရွေ့ကာလပတ်လုံး ငြိမ်းချမ်းမှုကို အပြည့်အဝ ဖော်ဆောင်နိုင်မည်မဟုတ်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်လည်း လွယ်ကူနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တစ်ကယ် လိုလားသည်ဆိုပါက ဖော်ပြခဲ့ပြီးသော ခြစားမှုများ အကျင့်ပျက်ဝန်ထမ်းများ လူ့အခွင့်အရေးချိုးဖောက်မှုများ အနိုင်ကျင့်စော်ကားမှုများကို အမြန်ဆုံးပပျောက်အောင် ဆောင်ရွက်နိုင်မှသာလျှင် စစ်မှန်သော “ငြိမ်းချမ်းခြင်းနှင့် အတူ” တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရသည်။

ကျနော် ဗုဒ္ဓဘာသာ



ကျနော့်ကို မင်းကိုးကွယ်ယုံကြည်ရာ ဘာသာက ဘာလဲလို့ မေးလာရင် မဆိုင်းမတွဘဲ ဗုဒ္ဓဘာသာလို့ ဖြေတတ်ပါတယ်။ အဖြေရဲ့ အ နောက်မှာ စိတ်မလုံခြုံတဲ့ ခံစားမှုတစ်ခုကတော့ ကပ်လျက်ပါလာစမြဲပေါ့။ မိဘတွေက ဗုဒ္ဓဘာသာမို့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်ခဲ့တော့ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ထပ်ပြီးမေးမှာကြောက်ကို ကြောက်နေခဲ့တာပါ။ အိပ်ရာဝင်ချိန် ဦးသုံးချိန် ပေါက်ဆိန်ပေါက်ရှိခိုး။ ပါးစပ် က ဗုဓ္ဓံသရဏံ ဂစ်စ္ဆာမိ၊ ဓမ္မံသရဏံ ဂစ်စ္ဆာမိ၊ သံဃံ သရဏံ ဂစ်စ္ဆာမိရွတ်ဆို။ ပြီးရင် လောလော လောလော ထိုးအိပ်တဲ့အကောင်ဆိုတော့ ဗုဒ္ဓဘာသာလို့ပြောလိုက်ရရင်ကို စိတ်မှာမလုံခြုံချင်ဘူး။ ရှင်တော်ဘုရားက သာမန်လောကီသားတွေ လိုက်နာဖို့ အနိမ့်ဆုံး ငါးပါးသီလ သတ်မှတ်ပေးခဲ့ပေမယ့် မလိုက်နာနိုင်တာ များပါတယ်။

ဘာသာတရားနဲ့ပတ်သက်ရင် အတော်လေးနုံနဲ့တဲ့သူဆိုတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား” ဆိုတဲ့ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဆိုတာကလွဲလို့ ဘာသာရေးဗဟုသုတက အတော်ဝေးပါတယ်။ တစ်ခါတစ်ရံ စိတ်တွေလှုပ် ရှား၊ မဏှာမငြိမ်၊ တုန်လှုပ်လွန်းအားကြီးမှ ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်ပြီး ငါဒေါသထွက်နေတယ်၊ ငါ လောဘတက်နေတယ်၊ ငါ မဟုတ်တာ လုပ်နေတယ်ဆိုတဲ့စိတ်ကို ပြန်ကြည့်တဲ့အလေ့အကျင့် အနည်းအပါးတော့ရှိတတ်ပါတယ်။ အဲဒီလိုမျိုး စိတ်မျိုးနဲ့ ရံဖန်ရံခါ ခေါင်းအုံးကြီးကို ဘုရားရှင်ရဲ့ခြေဖ၀ါးတော်လို့ သဘောထားပြီး စိတ်ကြည်ကြည်လင်လင်နဲ့ဦးချမိရင် ပြောမပြတတ်၊ ရှင်းမပြတတ်တဲ့ ကြည်လင်ချမ်း မြေ့မှုရ ရှိခြင်းကို ကြည်နူးမိတယ်။ တစ်ချိန်ကြရင် ငါခင်တွယ်သမျှ၊ ငါ မက်မောသမျှ၊ ငါဒေါသထွက်သမျှတွေ ထားခဲ့ရအုံးမှာပါလားဆိုတဲ့ အသိနဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုပြန်ကြည့်မိရင် အိပ်လို့မပျော်နိုင်အောင် မရင့်ကျက်တဲ့သူပါ။

ဟိုတစ်နေ့က ပျင်းပျင်းလဲရှိ။ ဖတ်စရာစာအုပ် အသစ်လဲ မရှိတော့ အိမ်က စာအုပ်ပုံကိုဖွရင်း ဓမ္မာစရိယ ဦးမောင်မောင်လေးရေးတဲ့ “ ပိဋက အနှစ်ချုပ်” စာအုပ်ကိုတွေ့တယ်။ ဆရာတော်တွေရေးတဲ့ စာအုပ်လေးတွေ တစ်အုပ်၊ နှစ်အုပ်လောက်တော့ ၀ယ်လဲဝယ်၊ လက်ဆောင်တွေ လဲရဖူးတော့ ဖတ်ဘူးပါတယ်။ ပါရမီအလွန်နည်းတဲ့ကောင်ဆိုတော့ ဖတ်တုံးခဏသာ စိတ်ကောင်း စိတ်မြတ်တွေမွေးလို့ရပြီး ကြာရင် ဒုံရင်း က ဒုံရင်း။ စိတ်အရောင်သွေးစုံလင်ဆဲ။ ဦးမောင်မောင်လေးစာအုပ်က ကျနော့်စာအုပ်မဟုတ်ပါဘဲ စာအုပ်ပုံထဲရောက်နေတာပါ။ ဘယ်သူ့ စာအုပ်မှန်းတောင်မသိတော့ ဖတ်ကြည့်ဘူးလားဆိုရင် ဝေးရောပေါ့။

ပိဋကသုံးပုံဆိုတာ ဘုရားရှင်တော်မြတ်ရဲ့ Biography နဲ့ နှုတ်ကပါတ်တော်တွေ အကုန်ပါတယ်ဆိုတာလောက်တော့ နုံနုံနဲ့နဲ့အသိနဲ့ သိမှတ် ထားဘူးတယ်။ ဒါပေမယ့် ပါဋိစာတွေဖတ်ရမှာ ပျင်းတာရယ်၊ မတတ်တာရယ်၊ ဘုရားစာဆိုရင် အလိုလိုမဖတ်ချင်တဲ့စိတ်နဲ့ အသေးစိတ် မဖတ်ဘူးပါဘူး။ ဦးမောင်မောင်လေးရဲ့ ပိဋိကအနှစ်ချုပ်ဆိုတဲ့ စာအုပ်ခေါင်းစဉ်ကိုတွေ့တော့ စာအုပ်ကလဲ မထူမပါး၊ အမှာစာရေးထား တာကလဲ လူသာမန်တွေ နားလည်လွယ်အောင်ရေးထားတယ်လို့ ညွှန်းထားတယ်။ ဒါနဲ့ဘဲ စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်တယ်။

ဆရာကြီးကသာ လူသာမန်နားလည်အောင်ရေးထားတယ်လို့ ဆိုထားတာ။ ဖတ်ကြည့်မှ သြော် ငါ့နှယ် လူသာမန်အဆင့်တောင်မရှိတဲ့ သတ္တ၀ါတစ်ကောင်ပါလားလို့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမိတော့တယ်။ စာအုပ်ထဲကပါတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တွေ၊ ဆိုဆုံးမမှုတွေကို နားလည်တာလဲရှိတယ်။ နားမလည်တာလဲရှိတယ်။ မြန်မာလူမျိုးက မြန်မာစာနဲ့ရေးတာကို မြန်မာလူမျိုးကနားမလည်တာ ပညာနည်းလို့ လို့ သဘောတူပါတယ်။

Andriod၊ IOS၊ Microsoft စတဲ့ ခေတ်မှီနည်းပညာတွေ နည်းနည်းသိ၊ ဒါဝင်ရဲ့ “လူသည် မျောက်ကဆင်းသက်သည်” ဆိုတဲ့အဆိုလေး မတောက်တခေါက်ဖတ်ဘူးတဲ့သူဆိုတော့ နတ်တွေ၊ စကြာမင်းတွေ၊ ဗြဟ္မာတွေ ကို ဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စိတ်ထဲ သိပ်မစွဲလှဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘုရားရှင်ရဲ့ သတိပဠာန်တရားလေးပါး ရှင်းလင်း ဖြေဆိုပုံ၊ အသက်နဲ့ ကိုယ် ပြဿနာစတဲ့ တုနှိုင်းမဲ့ဥာဏ်တော်နဲ့ လူပြိန်းတွေ နားလည်အောင်ရှင်းပြဖြေဆိုတော်မူသွားတာတွေကိုဖတ်ရတော့ ဗုဒ္ဓဘာသာဖြစ်ရတာ ကံကောင်းလိုက်တာလို့ တွေးမိတယ်။

အမေး၊ အဖြေတွေနဲ့ သံသယတွေကို ဘုရားရှင်တော်မြတ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်ရှင်းလင်းဖြေဆိုသွားတာတွေဖတ်ရတော့ ဘုရားရှင် လက်ထက်တော်တုံးက ငရဲမှာရောက်နေခဲ့တဲ့ကောင်ဖြစ်နိုင်တယ်လို့ ကိုယ့်ကို ကိုယ်မှတ်ချက်ချမိတယ်။ စာအုပ်ဘယ်လောက်ကောင်း သလဲဆိုတာ ဆက်ညွှန်းနေရရင် အ အ အိပ်မက် မက်နေသလို ဖြစ်နေမှာစိုးလို့ ထားခဲ့ပါရစေတော့။

အဲဒီစာအုပ်ထဲက ဘုရားရှင်ရဲ့ “အဂ္ဂညသုတ်” ကို ဘုရားခေတ်မှာတောင် လူမဖြစ်ခဲ့နိုင်တဲ့ သတ္တ၀ါကျနော်က သဘောအကျဆုံးပါဘဲ။ အဂ္ဂညသုတ်ထဲမှာ ဗုဒ္ဓရှင်တော်မြတ်က လောကရဲ့ အစအဦးဆုံးကို ဟောကြားထားပါ။ ရဟန်းဝတ်ဖို့ စောင့်စားနေတဲ့ ၀ါသေဠဆိုတဲ့ ပုဂ္ဂိုလ် ကြီးရဲ့အမေးကိုဖြေရင်း ဒီကမ္ဘာလောကကြီးရဲ့ အစအဦးဘယ်က စတင်ခဲ့တယ်ဆိုတာကို ဟောကြားခဲ့တာပါ။

ဘုရားရှင်ခေတ်က ရှိတဲ့ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးဆိုတဲ့ အမျိုးလေးမျိုးထဲမှာ ဘယ်သူက အမြတ်ဆုံးလဲဆိုတဲ့အမေးကို လူတွေထဲမှာ ကိုယ်ကျင့် သီလ ကောင်းသူသာအမြတ်ဆုံးဆိုတဲ့အဖြေကို ဥပမာတွေနဲ့ဖြေဆိုတော်မူသွားပုံက ဘာသာရေးနဲ့အတော်ဝေးတဲ့ ကျနော့်ကို ကြက်သီးထစေ တယ်။ ဘုရားရှင်က ဆက်လက်ပြီး ဒီကမ္ဘာကြီးဖြစ်ပေါ်လာပုံတွေကို တုနှိုင်းမဲ့ ဥာဏ်တော်နဲ့ ရှင်းလင်းဖြေဆိုတော် မူသွားပါတယ်။အစအဦးဆုံး ဒီလောက ကမ္ဘာကြီးပေါ်မှာ နှစ်သိမ့်ခြင်း ပီတိကိုသာ စားသုံးတဲ့ ဗြဟ္မာကြီးတွေ ဖြစ်တည်ပုံ။ ယောင်္ကျား ၊ မိန်းမ ကွဲပြားခြင်းမရှိပုံ။ နောက်မှ ဆီဦး၊ ထောပတ်လိုအရသာရှိတဲ့ မြေဆီကိုစားသုံးပြီး အထီး၊ အမတွေ ဖြစ်တည်လာပုံ။ အဲဒီလိုစားသုံးတဲ့အတွက် တပ်မက်ခြင်း တဏှာဆိုတာ ပေါ်ပေါက်လာပုံကို ရှင်းလင်းဟောပြတော်မူပါတယ်။ မြေဆီကို စားသုံးလာတာနဲ့အမျှ အဆင်းလှသူ၊ အဆင်းမလှသူတွေ ကွဲပြားလာပြီး အဆင်းလှသူက အဆင်းမလှသူကို မာန်မူခြင်းအတွက် မြေဆီကွယ်ပျောက်ပြီး အဆင့်ဆင့်နိမ့်ကျ၊ နောက်ဆုံးမှာ မချက်မပြုတ်ဘဲ စားသုံးနိုင် တဲ့ သလေးစပါးတွေ ပေါ်လာပုံကို တစ်ဆင့်ခြင်း ရှင်းလင်းဖြေဆိုတော်မူပါတယ်။

အဲဒီ သလေးစပါးတွေက မနက်မှာ ခူးဆွတ်စားသုံးရင် ညနေမှာ အလိုလိုပြန်ပြီးပြည့်လာပေမယ့် လူတွေရဲ့အလိုလောဘတွေကြောင့်၊ မိမိစားဖို့အတွက်တောင် အများတကာလိုအားမထုတ်ဘဲ အလွယ်လိုက်ပြီး ခိုးကြ၊ ၀ှက်ကြ၊ သတ်ကြရာမှ တစ်ဆင့် သလေးဆန်ကြမ်းတွေ စားရင်း လူ့သက်တမ်းတွေတိုလာတယ်လို့လည်း ရှင်းလင်းတော်မူပါတယ်။ ကျနော့်မှာ ဖတ်ရင်း ဖတ်ရင်း လူ့သက်တမ်း အနှစ်သောင်းချီပြီး မပူမပင်နေရတဲ့ဘ၀တွေကနေ လောဘ၊ဒေါသ၊ တဏှာတွေကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာကြီးအဖြစ်ပြောင်းလဲလာတာကို ခံစားမိလာ တယ်။

ဗုဒ္ဓရှင်တော်မြတ်ကြီးရဲ့ သဗ္ဗုညုတရွှေဉာဏ်တော်နဲ့ အဆစ် အဆစ်ပိုင်းခြားပြီး ရှင်းလင်းဟောပြောတာကို ဖတ်၊ မှတ်သားရင်း ဗြဟ္မာတွေ၊ နတ်တွေ၊ မြေဆီတွေ ကို မယုံမကြည်နဲ့ ငရဲသွားမယ့် ကျနော်က ခံစားမိတယ်ဘဲထားအုံးတော့။ လူ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့်သာလျှင် လူတွေက မိမိ အမျိုးအနွယ်ကို မိမိပြန်ပြီး ဖျက်ဆီးနေကြတဲ့ သတ္တ၀ါတွေဆိုတဲ့ ဘုရားရှင်ရဲ့ဟောကြားချက်ကို နှစ်သက်လက်ခံမိတယ်။

ဗုဒ္ဓဘာသာနိုင်ငံလို့သတ်မှတ်ကြတဲ့ ကျနော်တို့ ရွှေပြည်ကြီးမှာရော ဘယ်လိုပါလိမ့်။ ဘုရားရှင်တော်မြတ်လောက် စိတ်ကို သတိကပ်ပြီး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကို ထိန်းသိမ်းဖို့ အာပေါက်တော်မူလောက်အောင် ဟောကြားတော်မူခဲ့သည်။ အဆင့်ဆင့် လက် ဆင့်ကမ်းရင်း ရှင်အရဟံတို့ကတဆင့် ကျနော်တို့ဆီကို သယ်ဆောင်ပေးတော် မူခဲ့ကြပါတယ်။ ဒါပေမယ့်ပေါ့လေ အခုအချိန်မှာတော့ ရွှေပြည်ကြီး ဘယ်လို ၊ ဘယ်ပုံဖြစ်ပျက်နေတာကို ပြန်ကြည့်မိရင် လောကသံသရာကနေ လွတ်မြောက်တော်မူသွားတဲ့ ဘုရားရှင်ကို ဗုဒ္ဓဘာ သာနိုင်ငံပါဘုရားလို့ လျှောက်တင် ရမှာတောင် ကြောက်မိပါရဲ့။ ဘုရားရှင်ကတော့ အနန္တ မေတ္တာစိတ်ထားတော်နဲ့ ခွင့်လွှတ်တော်မူမှာဖြစ် ပေမယ့် ဘုရားရှင်တော်မြတ်မရှိတော့တာ ခပ်ကောင်းကောင်းပါလေလို့ တွေးမိပါရဲ့။ နောက်နောင်ဆိုရင် ကျနော် ဗုဒ္ဓဘာသာပါလို့ ဒင်ပြည့် ကြပ်ပြည့်ပြောနိုင်ဖို့ ကြိုးစားရပါအုံးမယ်။

မူရင်းသတင်းက ဒီမှာပါ။

အရွယ်ငယ်ပေမယ့်အနုပညာစွမ်းရည် အပြည့်ရှိကြတဲ့ အနာဂတ်အနုပညာရှင်လေးများ






မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်လမ်းဇာတ်ညွှန်းအပေါ် မှီတည်ပြီး ဇာတ်ကောင်ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ကြ ကာ ထူးချွန်သော ကလေးသရုပ်ဆောင်များ ထွက်ပေါ်လာကြ သည်။ တစ်ချိန်က ‘အဖေတစ်ခု၊ သားတစ်ခု ‘ရုပ်ရှင်ဇာတ်ကားကြီး တွင် မင်းသားစိန်မြင့်နှင့် တွဲဖက်သရုပ်ဆောင်သူ ကလေးသရုပ် ဆောင် အောင် ထွန်းလေးမှာ လူသိထင်ရှားခဲ့သလို ‘မေတ္တာ ရှင်မလေး ငြိမ်းငြိမ်းအိ’ ရုပ်ရှင်ဇာတ်ကားကြီးတွင် မင်းသမီး ခင်သန်းနုနှင့်တွဲဖက်သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် အင်္ဂလန်စိန်ကို မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိဆိုပြီး လူသိ ထင်ရှား အောင်မြင်ခဲ့ကြသည်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားများ တွင် ဇာတ်လမ်းဇာတ်ရုပ်ကို ပို၍ပုံဖော်ပီပြင်စေ သည့် ဇာတ်ပို့သရုပ် ဆောင် နေရာ၌ ကလေးသရုပ်ဆောင်အခန်းကဏ္ဍသည်လည်း အရေးပါ လှသည်။ မြန်မာ့ရုပ်ရှင် ရွှေခေတ်ဆီသို့ လှမ်းချီကြမည့် ငွေကြယ်ပွင့် လေးများပင်ဖြစ်ပေသည်။ ထို့ကြောင့် ကလေးသရုပ် ဆောင်ဇာတ်ရုပ်နေရာ၌် ပီပြင်စွာ သရုပ်ဆောင်နေကြသော အနုပညာ ရသမြောက် ငွေကြယ်ပွင့်လေးများ၏ ရင်ခုန်သံ စကားများကို ပေါ်ပြူလာမှ စုစည်းတင်ဆက်လိုက် ရပါသည်။ဗီဒီယိုဇာတ်ကားပေါင်း တော်တော်များများရိုက်ခဲ့ပြီးပါပြီ။ ရုပ်ရှင်ကားကြီးက တော့ ၂ဝကျော်ေ လာက်ရှိပြီ။ကြော်ငြာလည်း ၂ဝကျော်လောက်ရိုက်ပြီးသွားပြီ . . .

ယွန်းယွန်း

“၃နှစ်၊၄နှစ်လောက်အရွယ်ကစပြီး စတင်ရိုက်ကူးဖြစ် တာပါ။ ဦးကျော်ဟိန်း ရဲ့သမီးလေးနေရာကနေရိုက်ဖြစ်တာ။ နှစ် ကားရိုက်ပြီးတော့ မရိုက်ဖြစ်တော့ဘူး။ အ သက်၆နှစ်အရွယ် ဘန်ကောက်ရောက်မှ ‘ပန်းသီတဲ့ကြိုး’ဆိုတဲ့ဇာတ်ကားကို ပြန် ရိုက် ဖြစ်တယ်။ အခုအချိန်ထိ ရိုက်ခဲ့တာပေါ့။ အခုထိဆိုရင်တော့ ဗီဒီယိုဇာတ်ကားေ ပါင်း တော်တော်များများရိုက်ခဲ့ပြီးပါပြီ။ ရုပ်ရှင်ကားကြီးကတော့ ၂ဝကျော်လောက်ရှိပြီ။ ကြော်ငြာလည်း ၂ဝကျော်လောက်ရိုက်ပြီးသွားပြီ။ လုပ်ခဲ့တဲ့ ဇာတ်ရုပ်တွေထဲမှာ အခက်အခဲဆုံးလုပ်ခဲ့ရ တာဆိုရင်တော့ ‘တိမ်မင်းသမီးလေးရဲ့ ဒဏ္ဍာရီ’ ဇာတ်ကားမှာကြိုးစားလုပ်ခဲ့ရပါတယ်။ အဲဒီ ဇာတ်ကားမှာက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတဲ့အ တွက် တစ်ခါမှလည်း သရုပ်မဆောင်ဖူးတော့ခက်ပါတယ်။ အဲဒီ ဇာတ်ကားက ရုပ်ရှင်ကားကြီးပေါ့။ စရိုက် မတူတဲ့နှစ်ယောက် ပုံစံပေါ့။ အငယ်က အေးပြီးတော့၊ အကြီး က တအားမာပြီး ခက်ထန်တဲ့ပုံစံမျိုးနဲ့ သရုပ်ဆောင်ရတာ ဆိုတော့ ကြိုးစားခဲ့ရပါတယ်။ ပင်လည်း ပင်ပန်းခဲ့ပါတယ်။ ရိုက်ကူးနေရင်းနဲ့ပဲ လေ့လာသွားပါတယ်။ မင်း သား၊မင်းသမီး တွေကိုလည်း ကြည့်ပြီးတော့ သင်ယူရတာ တွေလည်း ရှိပါတယ်။ အားကျအတုယူရတဲ့ သူတွေကတော့ အများကြီးပါ။ အဆိုတော် ထဲမှာဆိုရင် မဝိုင်းစု ခိုင်သိန်းတို့ မချစ်သု ဝေတို့ ကြိုက်တယ်။သရုပ်ဆောင် မင်းသမီး အကြီးထဲမှာဆိုရင် အန်တီစိုးမြတ်သူဇာတို့၊ အန်တီမေသန်းနုတို့ကို ကြိုက်တယ်။ အလယ်အလတ် မှာဆိုရင် မအူဝဲနဲ့ မသက်မွန်မြင့်တို့ ကိုကြိုက်တယ်။ အငယ် မင်းသမီးထဲမှာဆိုရင် မဝတ်မှုံရွှေရည်နဲ့ မဖွေးဖွေးကို ကြိုက်တယ်။ သူတို့တွေက ရိုက်တဲ့ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျလည်း သရုပ်ဆောင်နိုင်တယ်။ စကားပြောဆိုပုံ အိုက်တင်တွေ အကုန်လုံးကိုကြိုက်တယ်။ တစ်ယောက်တစ်မျိုးကြိုက်ပါတယ်။ အရင် ငယ်ငယ်တုန်းကေ တာ့ ကျောင်းက သူငယ် ချင်းတွေက ကြည့်ကြည့်ပြီးတော့ ဝေဖန် အကြံပေးတာမျိုးတွေတော့ရှိတယ်။တစ်ခါ တလေမှပဲပြောကြတော့တယ်။ အခုလို ဖြတ်သန်းလာခဲ့ရ တာတွေကို ပြန်စဉ်းစား ကြည့်မှ သတိထားမိတယ်။ ဖြတ်သန်းခဲ့ ရတာက တအားခက်ခဲတာချည်းပဲလည်း မဟုတ်ပါဘူး။ တအားလွယ်တယ်လို့လည်း မဟုတ်ပါဘူး။ သမီးရဲ့အနားမှာ အမေရှိ နေတဲ့အတွက် အားလုံးအဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”၄နှစ် လောက်ကတည်းက ကြော်ငြာသီချင်းတွေ၊ဇာတ်ဝင်သီချင်းတွေလ ည်း ဆိုတယ် . . .

အေးမြဖြူ

“အနုပညာအလုပ်တွေကို ၃နှစ်ခွဲ လောက်ကတည်းက စပြီးလုပ်ခဲ့တာပါ။ အနုပညာမျိုးရိုးတော့မရှိပါဘူး။ ဇာတ်ကား တွေက ရုပ်ရှင်ကားကြီး ၂ကားနဲ့ ဗီဒီယို ကားတွေ ၁ဝကားလောက်မှာပါဝင်သရုပ်ဆောင်ထားတယ်။ အခုတော့ ‘ဘိုမ’ဒီဗီဒီ ဇာတ်ကားမှာ ကိုရဲတိုက်၊မဖွေးဖွေးတို့နဲ့ ရိုက်နေတယ်။ ‘တစ်နဲ့ပေါင်းတဲ့တစ်’ ဇာတ် ကားမှာ လည်း တော်တော်ကြိုးစားရတယ်။ ပထမဆုံးရိုက်တဲ့ ‘တစ္ဆေများနဲ့တွေ့ဆုံခြင်း’ ဇာတ်ကားဆိုလည်း ဦးမျိုးမင်းနဲ့စရိုက်တာ၊ ၃နှစ်ခွဲမှာက ရန်ကုန်တိုင်းကျောင်းပေါင်း စုံမူကြိုအက ပြိုင်ပွဲမှာ ပထမရခဲ့တယ်။ သီချင်းဆိုပြိုင်ပွဲမှာ ပထမရခဲ့တယ်။ အဲဒီကနေစပြီး သီချင်းဆိုပြိုင်ပွဲတွေမှာ ပြိုင်ရင်း ဆုတွေရတော့ ဂျာနယ်ထဲမှာပါ တာကို ဦးမျိုးမင်းက တွေ့ပြီး ခေါ်ရိုက်ရင်း သရုပ်ဆောင်စလုပ်ဖြစ်တာ။ ၄နှစ် လောက် ကတည်းက ကြော်ငြာသီချင်းတွေ၊ ဇာတ် ဝင်သီချင်းတွေလည်း ဆိုတယ်။ City FM မှာလည်းနောက်ခံစကားပြောတွေလည်း လုပ်ဖြစ်တယ်။ ကြော်ငြာတွေလည်း ရိုက် တယ်။ ဘဘဗိုလ်ကလေးတင့်အောင်နှစ်၉ဝ ပြည့်မှာလည်း ပြဇာတ်ထဲမှာတပင်တိုင် အက ကရတယ်။ အခုတော်ဝင်စင်တာက သီချင်းဆိုပြိုင်ပွဲရဲ့အငယ်တန်းမှာ ပထမဆု ရခဲ့တယ်။ မြန်မာသံအဆိုပြိုင်ပွဲပေါ့၊ အဲဒါ ကြောင့်တော်ဝင်စင်တာက မြန်မာ သံစီးရီး ထုတ်ပေးဖို့ ရှိတယ်။ ဇာတ်ကားတွေ စရိုက် တုန်းကတော့ တအားခက်ခဲတာပေါ့။ ဒါပေမဲ့ ဒါရိုက်တာတွေကလည်း သေသေ ချာချာသင်ပေးတယ်။အားကျရ တဲ့သူတွေလည်း အကုန်လုံးကို ကြိုက်တယ်။ ထွက်လာတဲ့ ဇာတ်ကားတွေကို သူငယ်ချင်းတွေ၊ဆရာမတွေကလည်း ဘယ် လိုလေးလုပ်ဆိုပြီး အကြံပေးတာတွေ လည်း တွေရှိတယ်။ သမီးက ငယ်သေးတော့ လိုအပ် တာတွေအများကြီး ရှိပါသေးတယ်။ ”အားကျရတဲ့သူတွေဆိုရင်အကုန်လုံး ကအားကျတယ်။ ထွက်လာတဲ့ ဇာတ်ကား တွေကို သူငယ်ချင်းတွေ၊ဆရာမတွေကလည်း ဘယ်လိုလေးလုပ်ဆိုပြီး အကြံပေးတာတွေ လည်းရှိတယ်။ သမီးက ငယ်သေးတော့ လိုအပ်တာတွေအများကြီး ရှိပါသေးတယ်”သမီးက မင်းသမီးဖြစ်ချင်တယ်။ မင်းသမီးဖြစ်အောင် လုပ်မှာပါ။ သမီးကြော်ငြာလည်း ရိုက်ပါတယ်..

သက်ထားဆွေဇင်

”သမီးက ၁၁နှစ်ကျော်ပါပြီ။ သုဝဏ္ဏက ကျောင်းမှာ တက်ပါတယ်။ ၇တန်းတက်မှာ ပါ။ သမီး၎တန်းလောက်ကစပြီး အနုပညာ အလုပ်စလုပ်ဖြစ်တာပါ။ သမီးငယ်ငယ် က တည်းက ဇာတ်ကားရိုက်ဖို့ခေါ်တယ်။ ဒါပေမဲ့ အဘွားက ရိုက်ခွင့်မပေးလို့ မရိုက်ရဘူး။ အနုပညာမျိုးရိုးမရှိပါဘူး။ သမီးတို့နဲ့ခင်တဲ့ အန်တီတစ်ယောက်ရှိတယ်။ သူ့နာမည်က အန်တီမျိုးကြီး သူလည်း ရုပ်ရှင်ရိုက်တယ်။ သူက ငယ်ငယ်ကတည်းက ရိုက်ကြည့်ပါလား လို့ ပြောတယ်။ ၉တန်းရောက်တော့လူအများ နဲ့ပဲ ကျောင်း ကျန်းမာရေးကား စရိုက်တယ်။ ဒါရိုက်တာဝေဠု(ဝသန်)နဲ့ပါ။ သမီးက အစ ကတည်းက ဝါသနာပါပါတယ်။စစချင်း ရိုက် တော့ အတွေ့အကြုံမရှိလို့ ဒူးတော့ နည်းနည်း ပါးပါးတုန်တယ်။ အခုတော့ ရိုက်ရတာ အဆင်ပြေသွားပြီ။ ကိုယ်ကလည်း ဝါသနာ ပါတော့ အဆင်ပြေပါတယ်။ဇာတ်ကားနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို သမီးမေမေနဲ့ အဒေါ်က စီစဉ်ပေးပါတယ်။ အမှတ်တရ တွေကတော့ အများကြီးရှိပါတယ်။ ငိုတာနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေရှိတယ်။ အဲဒီနေ့က ရှုတင်နှစ်ခုက တိုက်နေတ ယ်။ ပထမကားရိုက်တော့ မမမိုးယုစံက နှစ်ကိုယ် ခွဲ၊သမီးက မမမိုးယုစံ ငယ်ဘဝမှာ သရုပ် ဆောင်ရတယ်။ တစ်ချိန်လုံးငိုရတယ်။ အဘိုး သေလို့ ငိုရတယ်။ အမေကား တိုက်လို့ငိုရ တယ်။ အမေကရူးသွားပြီး သူများကိုပေးလိုက် တော့လည်း ငိုရတယ်။ ဒုတိယတစ်ကား ကျတော့ မီးသတ်ဇာတ်ကား၊ဒါရိုက်တာက တုနှိုင်းခ၊ အဖေက သေ သွားလို့ငိုတယ်။ ဈာပနမှာလည်းငိုတယ်။ အခန်းတိုင်းငိုရတယ်။ မနက်ကျတော့ သမီးမျက်လုံးကြီးက ဖောင်း နေတယ်။ ဇာတ်လမ်းကို စိတ်ထဲထည့်လိုက် တယ်။ ကိုယ့်အဖေနဲ့အမေတကယ်ဖြစ်သလို စိတ်ထဲထည့်ပြီး ငိုလိုက်တယ်။ အနုပညာရှင် တွေအားလုံးကို သဘောကျပါတယ်။ အကုန် လုံးက ကိုယ့်ထက် စီနီယာကျတယ်ေ လ။ အဲဒါ ကြောင့် အားလုံးကို ကြိုက်ပါတယ်။ သမီးက မင်းသမီးဖြစ်ချင်တယ်။ မင်းသမီးဖြစ်အောင် လုပ်မှာပါ။ သမီးကြော်ငြာလည်း ရိုက်ပါတယ်။ ရွှေပဲဆီသန့်၊OKi၊Bio plus စူကျကြော်ငြာတွေ ပါ။ အခုရိုက်နေတဲ့ဇာတ်ကားက ဝိရောဓိပါ။ ဇာတ်ကား၇ဝကျော်လောက်ရိုက်ပြီးပါပြီ။ ကျောင်းဖွင့်ရင် နယ်ကို မလိုက်ဘူး။ ဒီမှာပဲ ရိုက်တယ်။ စနေ၊တနင်္ဂနွေရိုက်တယ်။ ကျောင်း ဖွင့်ရင်ဆရာမကို ခွင့်တိုင်ပြီးရိုက်တယ်။သမီးက ဒီဇိုင်နာတို့၊အလှဖန်တီးရှင် လုပ်ရတာလို့လည်း ဝါသနာပါတယ်။သမီးကိုကြည့်ပြီး ဝေဖန်ပေး ပါ။ မသင့်တော်တာရှိရင်လည်း ပြောပေးပါ။ အားပေးပါ။ ပရိသတ်ကြီးကိုလည်း ကျေးဇူး တင်ပါတယ်”

မေမွန်မောင်၊ ခိုင်ဝေလွင်၊ ထက်လူလူ

မူရင်းသတင်းက ဒီမှာပါ။

အချစ်နဲ့ပတ်သက်ပြီး ဒီအရွယ်မှာ ပြောပြလို့ရသင့်ပြီဖြစ်ပေမယ့် ပြောပြစရာမရှိတော့ခက်နေကြောင်း သက်မွန်မြင့်


သက်မွန်မြင့်က ပြင်ဦးလွင်မှာ ရက်၂ဝ ကျော်ကြာ ဗီဒီယို၅ကားရိုက်ကူးခဲ့ပြီး ဗိုလ်ကလေး တင့်အောင် နှစ်၉ဝပြည့်ပွဲမှာ ပြဇာတ်ကဖို့ အမီပြန်ရောက်လာ ခဲ့တယ်လို့ ပြောပါတယ်။

ပြဇာတ်ကို ပထမဆုံးကဖြစ်တဲ့ သက်မွန်မြင့်က တအားစိတ်လှုပ်ရှား ပြီးကြောက်ခဲ့တယ်လို့ ပြောပါတယ်။ ပရိသတ်တွေ လက်ခံအားပေးလာတဲ့နောက် ပိုင်းမှာ ပိုပြီးကြိုးစားရသလို ပိုပြီးထိန်းသိမ်းလာရတယ်လို့ ဆိုလာတဲ့ သက်မွန်မြင့် က”အသစ်တုန်းက မတတ်တာတွေ၊ နားမလည်တာတွေကို ကြိုးစားရတယ်။ ပြော တာတွေကို သိအောင်လုပ်ရတယ်။

ပရိသတ်လက်ခံလာတော့လည်း အားပေးရကျိုးနပ် အောင် ကြိုးစားရတယ်။ အသစ်တုန်းကတော့ နားလည် ခွင့်လွှတ်ပေးတာတွေ ရှိသေးတယ်။ နောက်ပိုင်းကျတော့ လုပ်တတ်တာပဲဆိုပြီး ရှိတယ်။

မတူဘူးပေါ့။ တချို့ ကျတော့ ကိုယ့်ကို သိပ်မလိုချင်တာတွေလည်းရှိတယ်။ အမျိုးမျိုးပေါ့။ လူတွေ အကြောင်းပိုသိလာရတယ်။ ရိုက်လာရတာနဲ့အမျှ ဒါရိုက်တာလည်းပိုခိုင်းလာကြ တယ်။

အဲဒီအပေါ်မှာ ကိုယ်ကလည်း တာဝန်ကျေ ချင်တော့ ပိုကြိုးစားတယ်။ ပိုပင်ပန်း တာပေါ့။ အတတ်နိုင် ဆုံး ဇာတ်လမ်းရွေးပြီးရိုက်တယ်။ ဒါပေမဲ့ တစ်ခါတလေ အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးတွေရှိ တယ်။ ရတဲ့အခွင့်အရေးကို အကောင်းဆုံးလုပ်ပါ တယ်”လို့ ပြောပြပါတယ်။

သက်မွန်မြင့်ရဲ့ လတ်တလော အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေတာကြောင့် အချစ်ရေးကို မေး ကြည့်တဲ့အခါမှာတော့..

”အမှန်ကတော့ ဒီအရွယ်ဆို ပြောပြလို့ရသင့်ပြီ။ ဒါပေမဲ့ ပြောစရာမရှိတော့ခက် နေတာလေ။ အထင်ကြီး သလို ဖြစ်ပါစေလို့ဆုတောင်းပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်

မူရင်းသတင်းက ဒီမှာပါ။

မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကုန်ကားတစ်စီး ဗုံးခွဲခံရ


တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထွက် နမ့်အွန်ရွာအနီးတွင် ကုန်တင် ကား တစ်စီးအား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ယခုလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း သိရသည် ။

မူစယ်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ၄င်းကုန်တင်ကားအား နမ့်အွန်ရွာ ယာယီယာဉ်ရပ်နားစခန်း အလွန်၌ ယူနီ ဖေါင်းဝတ်လက်နက်ကိုင်တစ်စုက ငွေတောင်းယူရာ တောင်းခံသည့်ငွေပမာဏ မရသဖြင့် ဗုံးခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း ကုန်ကားအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“လက်နက်ကိုင်အဖွဲ့တွေ တော့မဟုတ်ဘူး ဓါးပြအဖွဲ့တစ်ခုခုပဲ ဖြစ်လိမ့်မယ် တောင်းပုံတောင်း နည်းခြင်း မတူဘူးလေ ကား သမား ဆီက သူတို့တောင်းတဲ့ ငွေမရတော့ ကားဘီးတွေ သေနတ်နဲ့ပစ်ဖေါက်တယ် နောက်ကားကို ဗုံးကပ်ပြီးခွဲလိုက်တယ် ” ဟု ကုန်ကားသမားတစ်ဦးက ဆိုသည် ။

အဆိုပါ ဓါးပြအဖွဲ့မှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး ဗမာစကားပြောဆိုကြောင်း ဗုံးခွဲတိုက်ခိုက်မှုကြောင့် ယာဉ်ခေါင်း ပိုင်း ပျက်စီးသွားကြောင်း နမ့်အွန်ရွာသားတစ်ဦးကလည်း ဆိုသည် ။

“ သူတို့ဘယ်လောက်တောင်းသလဲတော့ အတိအကျ မသိဘူး တရုတ်ယွမ်ငွေ တစ်ထောင်တော့ ယူသွားတယ် ကားသမား ကိုတော့ ဘာမှမလုပ်သွားဘူး ဗုံးခွဲလိုက်လို့ ကားခေါင်းပိုင်း ပျက်စီးသွားတယ် ” ဟု ဆိုသည် ။

အဆိုပါ ဒေသအနီးတစ်ဝိုက်တွင် KIAနှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ တပ်အင် အား ဖြည့်တင်းမှုများရှိနေပြီး နယ်မြေအခြေအနေ ရူပ်ထွေးနေကြောင်း ဒေသခံများ အဆိုအရ သိရသည် ။

သျှမ်းသံတော်ဆင့်

မူရင်းသတင်းက ဒီမှာပါ။

ဖောက်ခွဲခံရသော ရွှေလီ-မန်စံ တာဝါတိုင်များ ၁၀ ရက်အတွင်း ပြင်ဆင်မှုပြီးမည်


ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်များအား ၁၀ ရက်အတွင်း ပြီးစီးရန် ပြင်ဆင်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ဆန်းဦးက ပြောသည်။ ယင်းကို မတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီက မန္တလေးလျှပ်စစ်အင်ဂျင်နီယာ တိုင်းရုံးခန်းမ၌ ပြုလုပ်သော မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင်လျှပ်စစ်မီးမရရှိမှုနှင့် ပတ်သက်၍ မြို့ခံလူထုကမေ ၂၀ ရက်နေ့က စတင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ မြို့မိမြို့ဖတို့အား လျှပ်စစ်ဓာတ်အားမရရှိမှု အခြေအနေကို ရှင်းပြခြင်းဖြစ်သည်။ “ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင်တွေကို အမြန်ပြုပြင်နေတာ ၁၀ ရက်လောက်ဆို ပြန်ကောင်းမှာပါ” ဟု အဆိုပါ ဒုဝန်ကြီးက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေး မြို့ခံတစ်ဦးက “ အလှည့်ကျ မီးရတယ် ဆိုပေမယ့် မီးလာချိန်မှာ ထရန်စဖော်မာက မကောင်းလို့ မီးမရဘူးလို့ ဝန်ကြီးကို တင်ပြတာ ဝန်ကြီးက မနက်ဖြန်ချက်ချင်း လာပြင်ပေးမယ်လို့ ကတိပေးသွားတာပဲ” ဟု ပြောသည်။

မန္တလေးတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးအတွက် မြို့နေလူထုက ဖယောင်းတိုင်ထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲကို သုံးရက်တိုင် ပြုလုပ်ရန် စီစဉ်ထားပြီး မေ ၂၁ ရက်ညက ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေးဗစ်လှမြင့်တို့၏သမီးကို ပဲရစ်ဟီလ်တန် ခင်ရွှန်းလဲ့ဝေဟုခေါ်ဆိုကြ (ပေးစာ - ၁၄၀)


ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေးဗစ်လှမြင့် တို့ရဲ့သမီး ခင်ရွှန်းလဲ့ဝေ ကိုဖခင် ဖြစ်သူ ဒေးဗစ်လှမြင့်မှ သူပိုင်ဆိုင်သော အမွေပစ္စည်းများ ကို သမီးဖြစ်သူ ခင်ရွှန်းလဲ့ဝေ ထံသို့ပေးပို့ လွဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒေးဗစ်လှမြင့်ရဲ့ ပိုင်ဆိုင်မှုများ ကတော့ ကန်ဒေါ်လာ 8000998 ကျော်ရှိပါတယ်။ ခင်ရွှန်းလဲ့ဝေ ကို ဖခင် ဖြစ်သူမှ အမွေလွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ခင်ရွှန်းလဲ့ဝေ ဟာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး 1 To 10 စာရင်း ရှိ နံပါတ်(၆) နေရာတွင် တည်ရှိနေပါတယ်။

ဟိုတယ်များ ကုမဏီ များ နှင့် အပန်းဖြေစခန်းများ ကို ရာနှင့်ချီပိုင်ဆိုင်ထားပါသည်။

ထို့ကြောင့် ခင်ရွှန်းလဲ့ဝေ အား ပဲရစ်ဟီလ်တန် ခင်ရွှန်းလဲ့ဝေ ဟုခေါ်ဝေါ်ကြသည်။

ခင်ရွှန်းလဲ့ဝေ ယခုသုံးစွဲနေသော G-talk အကောင့် - khinshonlelltwai.info@gmail.com

သူမသုံးစွဲနေသော Ning.com ဆိုဒ်များ

http://newworldnanda.ning.com/profile/001opr8agbmy6
http://futurestars-mm.com/profile/1ohqj27drauiz
http://www.mmcfamily.org/profile/3uur29uacjf9r
http://www.lwanthunalmyay.com/profile/QueenOfBurma
http://lovemusicbirds.ning.com/profile/3nrhbiqpvqpzd

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန မှ ပြည်သူလူထုသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ဗုံးဖောက်ခွဲ ဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးမှုမြင်ကွင်း (ဓါတ်ပုံ-ရန်ကုန်တိုင်းမ်)

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် အလုံ အလောက် ပေးဝေနိုင်ခြင်း မရှိခြင်းကို နားလည်ပေးပါရန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု အဆင့် ၀န်ကြီးဌာန တစ်ခုမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံခဲ့သည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော ရေအား လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၁၈ ရုံ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံ ၁၀ နှင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၁ ရုံ စုစုပေါင်း ၂၉ ရုံမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ မိုးရာသီ ၁၆၁၀ မဂ္ဂါဝတ် ရှိပြီး နွေရာသီ ၁၃၄၀ မဂ္ဂါဝတ်ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ပမာဏ မှာ မိုးရာသီ တွင် ၁၅၆၀ မဂ္ဂါဝတ်သာ ရှိသော်လည်း နွေရာသီ ကာလတွင် ၁၈၅၀ မဂ္ဂါဝတ်အထိ သုံးစွဲမှုကြောင့် အများဆုံး ထုတ်လုပ်နိုင်သည့် ၁၃၄၀ မဂ္ဂါဝတ် ထက် ကျော်လွန်နေသဖြင့် အလှည့်ကျစနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးနေရပါကြောင်း ထိုကဲ့သို့ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်နေစဉ် အတောအတွင်းမှာပင် ရွှေလီ-မန်းစံ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း တိုင်အချို့မိုင်းခွဲ ဖျက်ဆီးခံရမှုကြောင့် ၂၀၀ မဂ္ဂါဝတ် လျော့နည်းသွားသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၁၀၀ မဂ္ဂါဝတ်သာ ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓါတ်အားထုတ်လုပ်နိုင်မှု မလုံလောက်မှုကြောင့် နိုင်ငံပိုင် စက်ရုံများနှင့် မြစ်ရေပြင် စီမံကိန်းများ ၊စက်မှုဇုန်များကို လျှပ်စစ်ဓါတ်အား ဖြတ်တောက် ထားရပြီး အများပြည်သူများကို ဦးစားပေး၍ ဓါတ်အားဖြန့်ဝေ ပေးလျှက်ရှိပြီး ရေရှည်စီမံချက်အနေဖြင့် ရန်ကုန်မြို့တော်တွင် ၆၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ (Jpower) ကုမ္ပဏီ နှင့်လည်းကောင်း ၅၀၀ မဂ္ဂါဝတ် ထုတ်လုပ်နိုင်မည့် ဓါတ်အားပေးစက်ရုံကို တောင်ကိုရီးယား သမ္မတနိုင်ငံ BKB နှင့်လည်းကောင်း ပူးပေါင်း တည်ဆောက်သွားရန် ရှိပါသဖြင့် အလှည့်ကျ ဓါတ်အားပေးနေရသော အခြေအနေကို နားလည်ပေးပါရန် အထူး မေတ္တာရပ်ခံပါကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ


ကမ္ဘာ့ထိပ်တန်းကား ကုမ္ပဏီ ကြီးဖြစ်သော တိုယိုတာကား ကုမ္ပဏီ၏ကားအစိတ်အပိုင်းများထုတ်လုပ်သည့် တိုယိုတာ ဘိုရှိုကူ မြန်မာနိုင်ငံတွင် တိုယိုတာ ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန် မျက်စေ့ကျနေကြောင်း just-auto မော်တော်ကား ဆိုင်ရာ အွန်လိုင်း သတင်း ဝက်(ဘ်)ဆိုဒ်တွင် မေ ၂၂ ရက်ကဖော်ပြထားသည်။

တိုယိုတာ ဘိုရှိုကူ (Toyota Boshoku) ၏ ကုမ္ပဏီဥက္ကဌ ရှုဟေး တိုယိုဒါ (Shuhei Toyoda) က သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ကားအစိတ်အပိုင်း စက်ရုံထုတ်လုပ်ရန်စဉ်းစာနေကြောင်း တုကျိုတွင် သတင်းထောက်များအား ထုတ်ဖော် ပြောကြား ခဲ့ခြင်းဖြစ် သည်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ဒီမိုကရေစီထူထောင်ရေးတွင် လျှင်မြန်စွာတိုးတက်ပြောင်းလဲ မှု ရှိနေသဖြင့် ကားဈေးကွက် အတွက် အနာဂတ် အလားလာကောင်းအနေဖြင့် စွဲဆောင် နေကြောင်း အဆိုပါ သတင်း တွင် ရေးသားထားသည်။

တိုယိုတာ ဘိုရှိုကူသည် ကားထိုင်ခုံများ၊ အမိုးလိုင်နာများ စသည့် ကားအတွင်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ ဥက္ကဌ မစ္စတာ တိုယိုဒါက ၂၀၂၀ နောက်ဆုံးထား၍ တိုယိုတာသည် ယင်းထုတ်လုပ်သည့်ကား၏ ၆၀ ရာခိုင်နှုန်း အား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တပ်ဆင်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်းပြောဆိုခဲ့သည်။

ယင်းက ဆက်လက်၍ တိုယိုတာ ကားတွေဟာ မြန်မာကားမောင်းသူတွေရဲ့စိတ်ကြိုက်ဖြစ်ပါတယ်၊ ပြီးတော့ တိုယိုတာ ဘိုရှိုကူ ရဲ့ ဖောက် သည် အကြီးကြီး တစ်ခုလည်း ဖြစ်ပါတယ် ဒါကြောင့် အဲဒီကိုသွား ကိုသွားရမယ် ၊

မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ စဉ်းစားနေတုန်းမှာ နိုင်ငံရေး နှင့် လုံခြုံရေးလိုနယ်ပယ်ဖြစ်ပေါ် တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည်နေမှာ ဖြစ်ပါ တယ် ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရှိသော ကားအစီးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် တိုယိုတာကားများဖြစ်ပြီး ပြောင်းလဲဖော်ဆောင်လျက်ရှိသော မော်တော်ကား မူဝါဒများနှင့် စီးပွားရေုးပြုပြင်ပြောင်းလဲမှုများ အရ ဂျပန်နိုင်ငံမှ နာမည်ကြီး ကား ကုမ္ပဏီများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မျက်စေ့ကျလျက်ရှိကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ-ရန်ကုန်တိုင်းမ်

မူရင်းသတင်းက ဒီမှာပါ။

မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်

လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်)

မန္တလေး၊ မေ ၂၂

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။

ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မန္တလေးမြို့တော် ဆီဒိုးနားဟိုတယ်နှင့် Swan ဟိုတယ်ရှေ့တို့တွင် ယနေ့ မေလ ၂၂ ရက်( ယနေ့) မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ လုံထိန်းတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

သို့
           ပြည်ထောင်စုဝန်ကြီး
          ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
          နေပြည်တော်

နေ့စွဲ - ၂၂.၅.၂၀၁၂

အကြောင်းအရာ။ ။                   အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။


GSM တယ်လီဖုန်းအသုံးပြုသူများ

(ဓါတ်ပုံ) ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာန

မူရင်းသတင်းက ဒီမှာပါ။

ပွဲလန့်တုန်းဖျာဝင်ခင်း ဆိုသည့်စကားပုံအတိုင်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်


အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှ စတင်ကာ လျှပ်စစ်မီး ရရှိရေးဆိုသည့်ခေါင်းစဉ်ဖြင့် ဖယောင်းတိုင်များကိုယ်စီကိုင်ဆောင်ကာ လျှပ်စစ်ဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမူများပြုလုပ်လာခဲ့သည်။အလားတူ (၂၂.၅.၂၀၁၂) ရက်နေ့တွင် ရန်ကုန်မြို့ တွင်လည်း ညနေ ၇ နာရီမှစ၍ မြို့တော်ခန်းမ အနီးလက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့တွင် စုဝေးကာ ဆူးလေဘုရားလမ်းပေါ်သို့ချီတက်ကာဆန္ဒပြခဲ့ကြသည်။

ထိုသို့ပြုလုပ်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခွင့်ကောင်းယူကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖယောင်းတိုင်နှင့် အတူ "မြန်မာပြည်အနာဂတ်လှပရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အလေးအနက်ထောက်ခံပါသည်" ဆိုသည့် စာတမ်းများကို ကိုင်ဆောင်စေကာ ဆန္ဒပြတောင်းဆိုနေကြောင်းသိရှိရသည်။




လျှပ်စစ်မီးရရှိရန် တောင်းဆိုနေကြသည့် ပြည်သူများကိုပါ ထိုစာတမ်းများကို လိုက်လံဝေဌ ပေးနေကြောင်းလည်း သိရှိရသည်။

အခုလိုလူစုလူဝေးဖြင့် ဆန္ဒပြတောင်းဆိုနေသော လုပ်ရပ်များသည် နိုင်ငံတော်၏ သိက္ခာကို ပါ ကျဆင်းစေသည့် လုပ်ရပ်များဖြစ်သည့်အပြင် ၈၈ တုန်းကလိုမျိုး အရေးအခင်း ထပ်မံပေါ်ပေါက်အောင် လုပ်ဆောင်တာမျိုးဖြစ်နေပါတော့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အာဆီယံနိုင်ငံများမှ ရဲချုပ်များ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ လာရောက်တွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် နေပြည်တော်၌ ကျင်းပသည့်(၃၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနိုင်ငံရဲချုပ် များနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ရဲအဖွဲ့အကြီးအကဲများ၊ Interpol ရဲအဖွဲ့အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်အဖွဲ့များအား မနေ့က မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်-ရဲချုပ်ကျော်ကျော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြ သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အလိုလိုက်ခံချင်လား အရိုက်ခံချင်လား ?


ကျုပ်တို့ ငယ်စဉ်ခါ ကလေးဘ၀ပေါ့ ကျုပ်တို့မိဘများဟာ သူတို့သားသမီးလေးများဖြစ်ကြတဲ့ ကျုပ်တို့တွေ လိမ္မာအောင် ချော့ခါတစ်မျိုး ချောက်ခါတစ်ဖုံ ငေါက်ခါ တစ်လီ၊ ရိုက်သင့်လျှင် ရိုက်တဲ့နည်းကို အသုံးပြုကာ ထိန်းကြောင်းခဲ့လေတယ်။

ဒါဟာလည်း မိဘများရဲ့ သားသမီးများအပေါ် ထိန်းကျောင်းရမဲ့ မသုံးမဖြစ်တဲ့ နယာမလို့ဘဲ လူ့ဘောင် အသိုင်းအ၀ိုင်းက သတ်မှတ်ထားသလို ဖြစ်နေတာကိုး။

ကျုပ်တို့ ငယ်စဉ်ခါက အရုပ်ဆိုင်ရှေ့ဖြတ်လျှင် လိုချင်တဲ့အရုပ်လေးရနိုင်ဖို့ ငိုယိုပြီး ပူဆာလေတော့ မိဘများက တတ်နိုင်သည့်အခါ တစ်ခါတည်း ၀ယ်ပေး၊ မတတ်နိုင်သေးရင်လည်း အရင်ဆုံး ချော့မော့ပြီး နှစ်သိမ့်၊ အဲဒါကိုမှ ယောင့်တတ်လာရင် ........ ??? ။

ကျုပ်တို့ ငယ်ငယ်တုန်းက အိမ်မှာ ဧည့်သည်တွေ စည်ကားနေပြီဟေ့ဆိုရင် လိုချင်တာတစ်ခုခုကို ဧည့်သည်တွေရှိနေဒုန်း မိဘတွေကို ပူစာကြဖူးတယ်၊ မိဘများကလည်း ဖြစ်နိုင်တာဆိုရင်တော့ စကားဝိုင်းမပျက်သွားအောင်ရယ် ဧည့်သည်ကို အားနာတာလည်းပါတာကြောင့် အလိုလိုပ်ပီး လိုချင်တာကို လုပ်ပေးကြတယ်။ အဲဒါနဲ့ ကျွန်ုပ်တို့လည်း နောက်ဆို အဲဒီနည်းကို အကြိုက်တွေ့ပြီး နောင်အခါတွေမှာလည်း ဧည့်သည်တွေရှေ့ဆို ပူဆာကြတော့တာပေါ့။

အဆင်ပြေရင်တော့ မိဘတွေက အလိုလိုက်ကြသေးတယ်၊ အဲလိုမှမဟုတ်ဘဲ အလိုလိုက်သလောက် ယောင့်တတ်လာခဲ့ရင် ဧည့်သည်များရှိနေသေးရင် ချော့မယ်၊ မရသေးဘူးလား မျက်ရိပ်မျက်ခြေပြပြီး ချောက်မယ်၊ အဲလိုမှ မဟုတ်သေးဘူးလား ..... ??? ။

ကလေးဆိုပေမဲ့လည်း ဆိုးတဲ့ကလေးရှိသလို လိမ္မာတဲ့ကလေးလည်းရှိတာဘဲ၊ ကလေးတို့သဘာဝအရ ရမှန်းသိရင် ယောင့်တတ်လာမှာဘဲ။ ဒီနေရာမှာ မိဘတွေဖက်က ပြန်စဉ်းစားကြည့်၊ သူတို့ကလေးတွေဘ၀ရှေ့ရေးကို ထိန်းကျောင်းဖို့အတွက် အထက်က နိယာမသဘောနဲ့ စပြီး ဆင်ခြင်ရတော့မှာဘဲ။

ရာနှုန်းပြည့် အလိုလိုက်တဲ့ မိဘဆိုရင်တော့ သေချာတယ် ထိန်းကျောင်းမှု့ညံ့ဖျင်းသော မိဘများသာ ဖြစ်မှာဘဲ။

ချော့တန်တာ ချော့၊ ခြောက်တန်တာ ခြောက်၊ ငေါက်တန်ရင် ငေါက်၊ ရိုက်သင့်ပြီးဆိုလည်း ရိုက်။ အဲဒါမှ မိဘ။

အဲလိုမိဘကနေ မွေးထုတ်လိုက်တဲ့ကလေးကသာလျှင် လူပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေတတ်တယ်၊

ပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်အောင် လုပ်ပေးနိုင်တယ်။

အဓီက ပြောချင်တာကကျုပ်တို့ ပြည်သူတွေက ဒီနေရာမှာ ကလေးနေရာကဦးဆောင်အုပ်ချုပ် နေသူတွေက မိဘနေရာကပေါ့ ခုချိန်မှာ ကျုပ်တို့က နေရာကသာ ကလေးတွေဖြစ်ပေမဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကတော့ ကလေးမဟုတ်ကြတော့ဘူး၊ အဲဒါကြောင့်လည်း ဘာတဲ့ဆို မိဘကို အတင်းနားပူနားဆာလုပ်ပီး ပူဆာနေလို့ မဖြစ်သေးဘူး၊ မိဘအပေါ်ကို နားလည်ပေးနိုင်ရမယ်၊ မိဘရဲ့ အခက်အခဲကိုလည်း ကိုယ်ချင်းစာပေးရမယ်။

အဲလိုဘဲ ဦးဆောင်အုပ်ချုပ်သူတွေကလည်း မိဘနေရာကပေမဲ့ ရာနှုန်းပြည့်အလိုလိုက်တဲ့ မိဘမျိုး လုံးဝ မဟုတ်တော့ဘူး။ သားသမီးရဲ့ ဆန္ဒကို အရင်ကထက် ပိုပီးအလေးထား စဉ်းစားပေးလာမယ်၊ အလိုလိုက်သင့် လိုက်မယ်၊ အကျိုးကြောင်း ရှင်းပြပီး ချော့သင့် ချော့မယ်၊ ငေါက်သင့် ငေါက်မယ်၊ ရိုက်သင့်ရိုက်မယ်။

ကျုပ်တို့အခု ပူဆာနေတာတွေက -

အလိုလိုက်ဖို့ ဖြစ်နိုင်လောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
ချော့ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
ခြောက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
ငေါက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား၊
အရိုက်ခံရလောက်တဲ့ တောင်းဆိုမှု့မျိုးလား .....

နည်းနည်းပါးပါး စဉ်းစား ချင့်ချိန်ကြဖို့ လိုအပ်လာပြီလို့ ပြောချင်တာပါ၊ မိဘကို သိပ် အကြပ်အတည်းထဲ တွန်းမပို့ကြပါနဲ့၊ ဘယ်မိဘမဆို ကိုယ့်မိသားစု ကောင်းမယ်ထင်တာကို လုပ်ခဲ့ကြ (လုပ်နေကြ) တာကြည့်ပါဘဲ။

တစ်ခါတစ်လေမှာလေ သားသမီးက မိဘကို နားလည်ပေးဖို့ သိပ်လိုအပ်တယ်။




စာကတော့ ရှည်သွားတယ်၊ ပြောချင်တဲ့အကြောင်းရာကတော့ တစ်ခုထဲပါ၊

ကျုပ်တို့တွေ ကလေးတွေမှ မဟုတ်တော့ဘဲ စဉ်းစားချင့်ချိန်ပီးမှသာ ပူဆာကြရအောင်လား ... ။

အရိုက်ခံရလောက်မဲ့ ပူဆာမှု့မျိုး မဖြစ်လာစေဖို့ဘဲ မျှော်လင့်ပါတယ်။ မိဘတွေဖက်ကလည်း ရိုက်တဲ့နည်းကိုတော့ မသုံးလောက်တော့ဘူးလို့ဘဲ မျှော်လင့်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ၊

တပ်မတော်လေ့ ကျင့် ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်းတပ်မတော် ကျောင်းအုပ်ကြီးမှ လာရောက်တွေ့ဆုံ ဂါရဝပြု


တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး General Padetgarn Jansaewoke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လာရောက်ဂါရဝ ပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်လေ့ ကျင့်ရေးအရာရှိချုပ်နှင့်အတူ ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်ကိုကိုခိုင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဗိုလ်မှူးကြီးမြင့်သိန်း၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်မျိုး၊ ဒုတိယ ဗိုလ်မှူးကြီးမြင့်ထွန်းဟန်တို့ တက် ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး National Defence Studies Institute (NDSI) မှ ကျောင်းအုပ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးတို့ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား လေ့ကျင့်ရေးတိုးမြှင့်ဆောင် ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လျှပ်စစ်မီး အရင် တောင်းသူများကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်


လျှပ်စစ်မီး အရင် တောင်းသူများကို မနေ့က ကျင်းပခဲ့တဲ့ ဒဂုံ အရှေ့ပိုင်းမြို့နယ် NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပြစ်တင် ဝေဖန်လိုက်ပါတယ်။ တောင်းဆိုသူများက လျှပ်စစ်မီးကို လျှပ်စစ်ရုံး မှာ မတောင်းပဲ မဆိုင်တဲ့ နေရာတွေမှာ လျှောက်တောင်းနေတဲ့ အပြင် အခြေခံဥပဒေ ပြင်တာတွေ နဲ့ ဒီမိုကရေစီ အကြောင်း ဆိုင်းဘုတ်တွေကိုပါ မစီ မဆိုင် ကိုင်ခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ “လျှပ်စစ်မီး အရင်ပေးပါ၊ ဒီမိုကရေစီ နောက်မှ ပေးပါ” ဆိုတဲ့ ဆိုင်းဘုတ် ဖြစ်ပြီး ဒီမိုကရေစီ ကို နောက်မှာ ထားပြီး တောင်းဆိုခြင်းဟာ ဒီမိုကရေစီ ခေါင်းဆောင်လို့ ထင်မှတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် ရုံးဖွင့်ပွဲ မှာ ချက်ချင်းပဲ အပြစ်တင်ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ငံရေး လုပ်နေကြတာဟာ တိုင်းပြည် တိုးတက်ဖို့ တိုင်းသူပြည်သားတွေရဲ့ ဘဝ မြင့်မားဖို့ ဖြစ်ပြီး၊ “ဒီမိုကရေစီ နောက်မှ” ဆိုတဲ့ စိတ်ဓာတ်မျိုး မထားရှိသင့်ပါဘူး" လို့ ပြော ဒေါသ သံနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြစ်တင်ဝေဖန် သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်တင် စကားနဲ့ ပတ်သက်ပြီး ဖယောင်းတိုင်ထွန်း ဆန္ဒပြခဲ့သူများက မကျေမနပ်ဖြစ်နေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါးစပ်က အမြဲပြောနေတဲ့ ဒီမိုကရေစီ ဆိုတာ အခုလက်ထဲက ဖယောင်းတိုင် တစ်တိုင်လောက်တောက် အသုံးမကျကြောင်းကို ဆန္ဒပြသူ ပြည်သူ တစ်ဦးက အခုလို ပြောခဲ့ပါတယ်။

"ဒီမိုကရေစီကို နောက်မှ ပေးဖို့နဲ့ လျှပ်စစ်မီးကို အရင်ပေးဖို့ ဆိုတာ ပြည်သူ အားလုံးရဲ့ လိုအပ်ချက်ပါ... အန်တီစု ကတော့ ဒါတွေကို ဘယ်သိမလဲ... သူ့အိမ်က ၂၄ နာရီ မီးထွန်းနိုင်တယ်လေ... ဖုန်းဆိုရင်လည်း နိုင်ငံတကာ ကို ဆက်နိုင်တယ်... အန်တီစု သူသားတွေ မြေးတွေနဲ့ တစ်နေကုန် ဖုန်းပြောနေချိန်မှာ ကျွန်တော်တို့က ပစီအို မှာ တန်းစီနေရတယ်... သူ့အိမ်မှာ လက်ဆောင်ရတဲ့ ကွန်ပျူတာတွေနဲ့ အင်တာနက်သုံးနေချိန်မှာ ကျွန်တော်တို့က ဖယောင်းတိုင်ထွန်းနေရတယ်လေ... ဒီတော့ အန်တီစုက ဘယ်နားလည်မလဲ... ပိုဆိုးတာက သူက နိုင်ငံခြားမှာ ပဲ နေခဲ့တာပဲလေ... ဒါကြောင့် ကျွန်တော်တို့ ကို အပြစ်တင်တာနေမှာပေါ့... အန်တီစုပါးစပ်က အမြဲပြောနေတဲ့ ဒီမိုကရေစီက ဖယောင်းတိုင် တစ်တိုင်လောက်တောင်ေ-ာက်သုံးမကျပါဘူး...." လို့ ပြောသွားပါတယ်။

ဒါ့အပြင် လူထုရှေ့ကနေ ရပ်တည်ပြီး တာဝန်ယူမယ် လို့ ပါးစပ်က ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ယခု ကိစ္စဟာ သူ့မှာ တာဝန် လုံးဝ မရှိကြောင်းနဲ့ အစိုးရမှာပဲ တာဝန်ရှိကြောင်း၊ သူနဲ့ လုံးဝ မဆိုင်ကြောင်း ပြောဆိုသွားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်း ကတော့ NLD အမတ် ၄၃ ယောက်ကို ဘယ်ရောက်နေကြလဲ လို့ မေးခွန်းထုတ် ထားပါတယ်။




Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ


လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့ အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။

မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။

မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦးမြင့်ကြူ က ပြောကြားခဲ့သည်။

”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။

”မြို့ပြင်နဲ့ ကျေးရွာတွေအတွက် နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။

ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။

”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

မူရင်းသတင်းက ဒီမှာပါ။

ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို


ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ (၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ် တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒပြတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍ မြို့နယ်တရားရုံးမှ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့ စီတန်းလမ်းလျှောက်ကာ သွားရောက်ဆန္ဒပြတာင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အလယ်မျိုးကျေးရွာအုပ်စု ဒေသခံများသည် အလယ်မျိုးကျေးရွာ (၅)မိုင်ခန့် ဝေးကွာသော ဓနုဖြူမြို့နယ်သိှု့ မြို့နယ်တရားရုံးသို့ အင်းသားကြီး ဦးမောင်ဆန်း (ခ) ဦးဆန်းဝင်းမှ ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ သဖြင့် ဓနုဖြူရဲစခန်းမှ ကျေးရွာသား(၉)ဦးအား (ပ)၉၃/၂ဝ၁၂ ဖြင့် အရေးယူဆောင်ရွက်ပြီး မြို့နယ်တရားရုံး က ပြစ်မှုပုဒ်မ(၃၇၉)ဖြင့် လက်ခံ ကြားနာ စစ်ဆေးခံရခြင်းကြောင့် ရုံးချိန်းပြည့်သည့်နေ့ မေလ(၂၂)ရက်နေ့တွင် ဒေသခံများက ကျေနပ်မှုမရှိပါ၍ဆန္ဒပြဖော် ထုတ် တောင်းဆိုရပါ ကြောင်း ဆန္ဒပြတောင်းခံသော ဒေသခံများထံက သိရသည်။

အဆိုပါ ဆန္ဒပြတာင်းခံမှုအား ဓနုဖြူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝိုင်းရံကူညီဆောင်ရွက်ပေး ခဲ့ပြီး ဒေသခံ များ နစ်နာမှု၊ လိုအပ်ချက်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ချုပ်ပါတီဝင်များက ပြောသည်။

“ချောင်းကို အရင်အတိုင်း ပဲ ငါးရှာစားတာပါ။ အဲဒါကို အင်းသူကြီးက တရားဆွဲလို့ အခု (၉)ဦး ဖမ်းထားတယ်။ နောက်ထပ် (၂၄)ယောက်ကိုလဲ တရားစွဲထားတယ်။

အင်းသူကြီးက အင်းစည်းကမ်းအတိုင်း မလုပ်ဘဲ ကျွန်တော်တို့ ဒေသခံတွေ ကိုတော့ အရေးယူတာ လုပ်တယ်။ အယောက်(၂ဝဝ) ကျော်ရှိတာကို ရွေးပြီး တရားဆွဲတာ၊ ဖမ်းတာ လုပ်လို့ အခုလို တောင်းဆိုချက်(၃)ချက်တောင်းခံတာပါ။ တရားရုံးက (၁၁)နာရီလောက်မှာ ရုံးထုတ်ပြီးစစ်တယ်။

အခုဆွဲတဲ့ ပုဒ်မက ၃၇၉ အဲဒါကို တရားသူကြီးက အာမခံနဲ့ လွှတ်မယ်လုပ်တယ်။ ကျွန်တော်တို့က သူခိုးလဲ မဟုတ်ဘူး၊ချောင်းနဲ့ ရွာက ဆက်နေတာပါ။ ပုဒ်မကလဲ အာမခံပေးလို့ရတဲ့ အမှုလဲမဟုတ်ဘူး၊ မတရားစွဲဆို ခံရတာပါ”ဟု ဆန္ဒပြတောင်းခံသူ အလယ်မျိုးကျေး ရွာအုပ်စု ဒေသခံက ပြောသည်။

အလယ်မျိုးကျေးရွာ အုပ်စု ဒေသခံများတောင်းဆိုသော အချက်(၃)ချက်တွင် ပုဒ်မ(၃၇၉)ဖြင့် စွဲဆိုထားသော (၉)ဦးအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ချောင်းမကြီးကို လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ရန် နှင့် အင်းစည်းကမ်း ဖောက်ဖျက် သော အင်းသူကြီးဆန်းဝင်းအား အမြန်ဆုံ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ပြီး အဆိုပါနေ့ နေ့လည်(၃း၁၅)ခန့်တွင် တောင်းဆိုချက် တခုဖြစ်သော တရားစွဲ အရေးယူထားသူ (၉)ဦးအား တရားရုံးမှ ပြန်လွှတ်ပေးခဲ့၍ ညနေ(၄)နာရီ ခန့်တွင် တောင်းဆိုမှု ရပ်နားခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်(ဟင်္သာတ)မှ သွားရောက် ကူညီမှုပေးခဲ့ပြီး အင်းလုပ်ပိုင်ခွင့် များတွင် အင်းသူကြီးများ စည်းကမ်းနှင့် အညီ လုပ်ကိုင်မှုအားနည်းလျှက်ရှိကြောင်း၊ ယခုစွဲဆိုခံရသော ပုဒ်မသည် အာမခံ ပေးရမည့် ပုဒ်မ မဟုတ်ဘဲ စွဲဆိုခံရသော အမှုသည်လည်း အခွင့်အရေးချိုးဖောက်ရာ ရောက်ပါကြောင်း ယင်းကွန်ယက်အဖွဲ့ က ရှင်းပြသည်။

ဒေသခံများ တောင်းဆိုသော ကျန်အချက်နှစ်ချက်အား ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး အချိန်တစ်ခု သတ်မှတ်၍ အကြောင်းပြန် ကြားမှု မရှိခဲ့ပါက တရားဝင်ထပ်မံတင်ပြပြီး ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေသခံ ရပ်မိရပ်ဖများထံ က သိရသည်။

ရေးသားသူ - အောင်ကိုခန့်(ဥပဒေ)-ရန်ကုန်တိုင်းမ်

မူရင်းသတင်းက ဒီမှာပါ။

မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်

Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှအလုပ်သမားများအခြခံ လစာတိုးပေးရန် မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒစေစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့သို့သွား ရောက်ကာတောင်း ဆိုမှုများ ဆက်လက် လုပ်ဆောင် မည်ကြောင်း သိရသည်။


အဆိုပါ အလုပ်သမားများ သည်မေ၂ဝရက်မှစတင်ကာအလုပ်ရှင်ထံ အချက်၁၃ချက်ကို တောင်းဆိုကာစက်ရုံဝန်းအပြင် တွင်ထိုင် သပိတ်ဖြင့် တောင်းဆိုမှု များရာ အလုပ်ရှင်ဘက်မှ အရေးကြီးသော အခြခံ လစာနည်းပါးခြင်း ကိုညှိနှိုင်း ရန်၊အ ချိန်ပိုလုပ်အားခ ထိုက်တန်စွာ ရရှိရန်နှင့် အောက်​ခြေအလုပ်သမားများ ကိုပါဆုကြေး တိုးပေးရန်အချက်များ ကိုလိုက် လျောခြင်း မရှိသည့်အတွက်ရန်ကုန်သို့ချီ တက်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။


Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှ ထုတ်ပြန်ကြေညာချက်

မြောင်းတကာရှိစက်ရုံမှမရမ်း ကုန်းရှိအလုပ်သမားရုံထံယနေ့နေ့လည်၁ နာရီတွင်လမ်းလျှောက်ချီတက်လာမည်ဟုသိ ရသည်။

Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှ ထုတ်ပြန်ကြေညာချက်

‘‘အခြေခံ လာစာကိုညှိနှိုင်းမပေးတဲ့အတွက် ရန်ကုန်ကိုချီတက်ဖို့ဆုံး ဖြတ်လိုက်တာပါ။ အခုချီတက်လာဖို့အ တွက်တပ်တွေ ကိုခွဲနေပါတယ်။ လမ်းမှာ အာဏာပိုင်​တွေတား ခဲ့ရင်တားတဲ့​နေရာမှာ ဘဲတောင်းဆိုမှုတွေ ဆက် လုပ်သွားမှာ ပါ​ရွှေညဝါ ဆရာတော်ကြီးက ကျွန်တော်တို့ ကိုနိုင်ငံတော်ကိုမထိခိုက်ဖို့ မိန့်ပါတယ်။နိုင် ငံတော်ဆိုတာ ကျွန်တော်တို့ အတွက်မိဘပါ။ ကျွန်တော်တို့ အလုပ်သမားတွကေ လည်းနိုင်ငံတော် ကိုထိခိုက်အောင်မလုပ် ပါဘူး။ အခုတောင်း ဆိုတာက ကျွန်တော်တို့ ရသင့်တဲ့ ကိုယ်ပိုင်အခွင့်အရေးကိုတောင်း တာပါ’’ ဟုရန်ကုန်သရဖူစတီး အလုပ်သမား များအဖွဲ့မှ ကိုနော်အောင်က ပြောသည်။

ရေးသားသူ - အေးမြမြထွန်း-ရန်ကုန်တိုင်းမ်

မူရင်းသတင်းက ဒီမှာပါ။

အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ

ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။

”ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေသောက်ပြီး သွေးဆင်း လွန်လို့ဆေးရုံရောက်တာတွေ ပို များလာတာတွေ့ရတယ်။ လူ ငယ်မိန်းကလေးနဲ့ ချစ်သူတွေ လွန်ကျူးမိပြီး ကိုယ်ဝန်ရလာတဲ့ အခါကျမှ ကြောက်လန့်ပြီး ကြား ဖူးနားဝနဲ့ ဆေးဆိုင်တွေမှာ အ လွယ်တကူဝယ်လို့ရတဲ့ သွေးပုပ် ချဆေးတွေ၊ဆေးပြင်းတွေသောက် ပြီး ကိုယ်ဝန် ဖျက်ချတာတွေဟာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်” ဟုအထက်ပါဆရာဝန်ကပြောသည်။

ယင်းသို့သော အချိန်မျိုးတွင် ဝမ်းဗိုက်ထဲရှိ ကလေးအသက် အန္တရာယ် ရှိ၊မရှိ အာရ်ထရာဆောင်း ရိုက်ကာကလေးအခြေအနေမကောင်း ပါက သားအိမ်ခြစ်ပစ်ရပြီး ကလေး ဖျက်ချပြီးမှပိုးတစ်ခုခုသားအိမ်၊ သား ဥပြွန်၊ မွေးဖွားရာလမ်းေ ကြာင်းတို့သို့ ဝင်ရောက်သွားပါက သားအိမ်ပြွန် လမ်းကြောင်းပိတ်သွားကာ နောင် အခါတွင် ကလေးရရန် ရာခိုင်နှုန်း နည်းသွားတတ်ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ကလေးပျက် ကျလျှင်လည်း သွေးဆင်းမှုများကာ ရှော့ခ်ရပြီးအသက်အန္တရာယ်ကို ထိ ခိုက်နိုင်ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။”ဒီလို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖျက်ချတဲ့သူ တော်တော်များများ က ဆေးပြင်းတွေ၊သွေးပုပ်ချဆေးနဲ့ သား အိမ်ထဲပစ္စည်းထည့်ပြီး ဖျက်ချတာ တွေများတယ်။ ကလေးဖျက်ချတာ ဟာ တချို့လည်း ဘာဆေးသောက် သောက် ပျက်ချင်မှပျက်တယ်။

အဲဒီ လိုဖျက်ချပြီးမှ မပျက်ခဲ့ရင်လည်း သွေးပုပ်ကအထက်ကိုတက်ပြီး အ သက်ကို အန္တရာယ်ပေး မှာဖြစ် တယ်။ တချို့လည်း သွေးတွေ အများကြီး သွန်တယ်။ တချို့ဆိုလည်း သွေး မဆင်းဘဲ ရောဂါပိုးက မွေးလမ်း ကြောင်းထဲဝင်ပြီး ဒုက္ခရောက်နိုင် တယ်” ဟု ၄င်းက ပြော သည်။ယင်းသို့ ကောင်းကျိုး မရှိ သော နည်းလမ်းမျိုးကို မဖြစ်ခင် ကကြိုတင်ကာကွယ်သင့်ကြောင်း၊ ခေတ်လူငယ်မိန်းကလေးများ လက်မထပ်ခင်လွန်လွန်ကျူးကျူး မနေထိုင်သင့်ကြောင်းနှင့် အိမ် ထောင်သည်တွေအနေနှင့်လည်း ကလေး မလိုချင်သည့်အတွက် တားမည်ဆိုပါကလည်း သေချာ ကျွမ်းကျင်သည့် ဆေးဘက်ဆိုင် ရာပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး တား သင့်ကာတားသည့်ကြားမှ ကိုယ် ဝန်ရခဲ့ပါကလည်း မိမိသဘောနှင့် မိမိ ဖျက်ချခြင်းမလုပ်သင့်ကြောင်း ကို ၄င်းက အကြံပေးပြော သည်။

ချစ်ဆုဆွေ (ပေါ်ပြူလာဂျာနယ်)

မူရင်းသတင်းက ဒီမှာပါ။