Monday, May 21, 2012

အင်ဂျင်ပါဝါ ၁၃၅၀ CC အောက် ယာဉ်တင်သွင်းမှု အတွက် CIF တန်ဖိုး အမေရိကန် ဒေါ်လာ ငါးထောင် သတ်မှတ်

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက်အလက် အရ အင်ဂျင်ပါဝါ ၁၃၅၀ စီစီ အောက်ယာဉ်တွေ တင်သွင်းပါက ဆိပ်ကမ်း အရောက် CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေကို တင်သွင်းပါက ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်မော်ဒယ်အထိ မော်ဒယ်နှစ် မခွဲခြားဘဲ CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ မော်ဒယ်ကို တင်သွင်းမယ် ဆိုရင်တော့ အင်တာနက် အထောက်အထားနဲ့ လက်ရှိပေါက်ဈေးအတိုင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကားဈေးကွက် အတွင်းမှာ ထွက်ပေါ်နေတဲ့ ၁၃၅၀ စီစီအောက် ယာဉ်တင်သွင်းမှုအတွက် CIF တန်ဖိုး သတ်မှတ်ချက်မှာ မှားယွင်းပြီး အရင်က သတ်မှတ်ထားတဲ့ CIF တန်ဖိုး နှုန်းထား များသာ သတ်မှတ် ထားကာ အပြောင်းအလဲ မရှိဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။

၁၃၅၀ စီစီယာဉ်တွေကို တင်သွင်းပါက ပေးဆောင် ရမယ့် အခွန်နှုန်းထားကတော့ က.ည.န သို့ ပေးဆောင်ရမယ့် အခွန်မှာ ၅၀ ရာခိုင်နှုန်း ၊ အကောက်ခွန် ၅၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၁၁၅ ရာခိုင်နှုန်းသာ အခွန်ပေး သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4




မူရင်းသတင်းက ဒီမှာပါ။

အသက်မပြည့်သေးသည့် ကလေးစစ်သားတဦး တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေ

တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်

ပဲခူးတိုင်း၊ ပြည်မြို့မှ ကလေးစစ်သားတဦးဖြစ်သူ မောင်စန်းဝင်းထွဋ် (တပ်ထဲအမည် – မောင်ဆန်းဝင်းထွဋ်) အား တပ်ထဲမှ နှုတ်ထွက်ခွင့်ရရှိရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စည်ကြီးဆွဲ၊ အောင်သစ္စာလမ်းတွင် နေထိုင်သူ မောင်းစန်းဝင်းထွဋ်၏ မိဘများက သူတို့၏သားသည် အသက်မပြည့်သေးသဖြင့် တပ်မှထွက်ခွင့်ရရန် အကူအညီတောင်းခံခဲ့သဖြင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) နှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တို့မှ လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မောင်စန်းဝင်းထွဋ်၏ မွေးသက္ကရာဇ်မှာ သူ၏ ကျောင်းဝင်မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများအရ (၁၀-၇-၁၉၉၅) ဖြစ်သောကြောင့် အသက် ၁၇ နှစ်သာ ရှိသေးသည့် ကလေးငယ်တဦးဖြစ်သည်။

သူ့အား သထုံလေ့ကျင့်ရေး (၉) မှ ဒုတပ်ကြပ် စန်းဦးဆိုသူက (၂၁-၇-၂၀၁၀) ရက်နေ့တွင် “တပ်ထဲဝင်လျင် ဆိုင်ကယ်စီးရမယ်၊ ကားမောင်းရမယ်၊ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရမယ်” ဟု မက်လုံးပေးပြောဆိုကာ တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မောင်စန်းဝင်းထွဋ်က ပြန်လည်ပြောပြသည်။

ထို့နောက် လှည်းကူးမြို့နယ်၊ မင်းကုန်းရှိ လေ့ကျင့်ရေး (၁) သင်တန်းကျောင်းတွင် စစ်အခြေခံလေ့ကျင့်ရေးသင်တန်း တက်ခဲ့ရပြီး (၁၀-၁၂-၂၀၁၀) ရက်နေ့တွင် သင်တန်းဆင်းကာ ကိုယ်ပိုင်နံပါတ် (တ/၄၄၀၃၇၈) ဖြင့် သထုံလေ့ကျင့်ရေး (၉) တွင်ပင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

ထိုသို့တာဝန်ထမ်းဆောင်စဉ် အထက်အရာရှိများ၏ နိုင်ထက်စီးနင်းလုပ်မှုများနှင့် နှိပ်စက်မှုများကို ခံခဲ့ရကြောင်းလည်း သူ၏ ပြောပြချက်အရ သိရသည်။

သထုံလေ့ကျင့်ရေး (၉) တွင် တာဝန်ထမ်းဆောင်နေစဉ် (၃၊ ၃၊ ၂၀၁၂) ရက်နေ့တွင် မိဘများထံ ပြန်လည်ရောက်ရှိလာသဖြင့် မိဘများက သူ့တို့၏သား တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မူရင်းသတင်းက ဒီမှာပါ။

(၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)


အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။

ချောင်းဆုံမြို့နယ်၊ ရပ်ကွက်(၁)၊ညောင်လမ်းကျေးရွာနေ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်မှာ (၂၇.၅.၂၀၁၁)ရက်နေ့၊ ညနေ(၂)နာရီခွဲလောက်တွင် ရွာထဲတွင် သွားကစားနေစဉ် မိခင်ဖြစ်သူမှ ကျူရှင်သွားပို့ရန် အတွက် (၂)နာရီကတည်း ကရွာထဲတွင် လိုက်ရှာခဲ့ သည်။ ဘယ်နေရာမှ မတွေ့ပေ။ (၂)နာရီခွဲ လောက်အချိန်တွင် ကလေးမှာ ငိုယိုပြီးအိမ်သို့ပြန်လာခဲ့သည်။ ကလေးမိခင်က လျှောက်ကစား နေသည်မှတ်ပြီး ရိုက်ဖို့ချိန်ရာ ကလေးရဲ့ ပေါင်ကြားမှ သွေးများ စီးကျနေသည်ကို တွေ့ရသည်။ ထို့ကြောင့်ကလေးဖခင်က ကလေး ဘာဖြစ်တာလဲ မသိဘူး။ ဆိုပြီး ကလေးဘောင်းဘီကို ချွတ်ကြည့်ရာ ကလေးရဲ့တန်ဆာကွဲနေတာကို တွေ့ရသည်။ ကလေးမှ ဝမ်းသွားချင်တယ်။ ဆီးသွား ချင်တယ်ဆို၍ အိမ်သာတည်တော့ မတက်ဘူး။ ကလေးကို ဘယ်သူ၊ ဘာလုပ်လဲ ဟုမေးရာ နွားအဘိုးကြီး၊ နိုင်ခွေး သမီးကို မချလူးနှင့် ထိုးတယ် ဟုပြောသည်။

အိမ်အပေါ်ထပ်မှ ဖိုးလေးကို ကလေးမိခင်က ဘယ်လိုလုပ်ရမှာလဲဟု မေးရာ ဖိုးလေးကသွား၊ ရဲစခန်း သွားတိုင် ဟုပြောဆို၍ ရွာလွတ်ရဲစခန်းသို့ သွားရာ ကုလားဆိုသူ ရဲသားလေး တစ်ဦးသာ ရှိတယ်။ ကျန်တဲ့သူ တစ်ယောက်မှ မရှိပေ။ ရဲတပ်သားအား အကျိုးအကြောင်းပြောပြရာ တပ်ကြပ်ကြီး သန်းဦးဆီ ဖုန်းဆက်ပေးခဲ့သည်။ ထိုအချိန်တွင်လည်း ကလေးငယ်မှ အခင်းကြီး အခင်းငယ် သွားချင်တယ် ဟုဆိုသဖြင့် အိမ်သာသို့ တင်ပေးခဲ့ပြန်သည်။ ကလေးမှ စပ်တယ်ဟုပြောရာ ကလေးမိခင်မှ ဆေးရုံသွားလျှင် ကောင်းမည်ဟုစဉ်းစားမိကာ ရွာလွတ် ဆေးရုံသို့သွားခဲ့သည်။ အတွင်းရေးမှုး ဦးအေးလွင်မှလိုက်ပို့ပေးခဲ့ပြီး သွားခဲ့ရာ ဆရာဝန်မကြီးက မြို့သွားနေ၍ ထမိန်နီဝတ် ဆရာမတစ်ယောက်မှ အနာကိုကိုင်ပြီး သွေးတိတ်အောင် ဂွမ်းတွေနှင့် လုပ်ပေးခဲ့သည်။

ရွာလွတ်ဥက္ကဌ ဦးကျော်ဟို၊ ညောင်လမ်းဥက္ကဌ ဦးဘတုံး၊ တပ်ကြပ်ကြီးသန်းဦးတို့ ရောက်လာပြီး ကလေးကို ဝိုင်းမေးရာ ကလေးက ယခင်မိခင်ကို ပြောတဲ့စကားများအတိုင်း ပြန်ပြောသည်။ ကလေးလက်ထဲတွင် ပိုက်ဆံ (၅၀) လည်း ပါတယ်။ မုန့်ဝယ်စား၊ နင်တို့အမေကိုပြန်မပြောနဲ့။ ပြောရင် လည်ပင်းညှစ် သတ်မယ်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပြောပြသည်။ ဆရာဝန်မကြီးမှ လေးနာရီခွဲ၊ ငါးနာရီ ဝန်းကျင်လောက်တွင် ရောက်လာပြီး ကလေး တန်ဆာအား ပြန်ကြည့်သည်။ ဂွမ်းတွေ အသစ်ပြန်လဲပေးသည်။ ဆေးစာအုပ် ရေးပေးပြီး ချောင်းဆုံရဲစခန်းကို လွှတ်လိုက်သည်။ ချောင်းဆုံရဲစခန်းကို အရင်သွားပြီး ရဲမှုးမှကလေးကို စစ်မေးသည်။ ကလေးမှမွန်ဖြစ်သောကြောင့် မွန်စကားပြန် (ရဲမိန်းမ)တစ်ယောက်ကိုခေါ် ပြီး စကားပြန်လုပ်ခိုင်းရသည်။ ရဲမှုးမှ သမီးကို ဘယ်သူလုပ်လဲဟု မေးရာ ဦးခွေး၊ ဦးခွေးကိုပြရင်သိလား ဆိုတော့သိတယ် ဟုဆိုသဖြင့် နာမည်တူ တခြားလူတွေကို ခေါ်ပြရာကလေးက မဟုတ်ဘူးဟု ပြောသည်။ ဦးခွေးကိုခေါ်ပြပြီး သမီးသူ့ကို သိလားဟုမေးရာ ကလေးက အဲ့ဒါဦးခွေးဘဲဟုပြောပြီး တရားခံအား တွေ့သည်နှင့် ကလေးမှာ ငိုယိုသည်။ သူမမျက်နှာကို မိခင် ရင်ဘတ်ထဲအုပ်ပြီး ငိုသည်။

ကလေးမိသားစုကို ချောင်းဆုံဆေးရုံသို့ ပြန်သွားခိုင်းခဲ့သည်။ ဆေးရုံရောက်သောအခါ ကလေးတန်ဆာကို ကြည့်သည်။ ပြီးလျှင် ဂွမ်းပြန်လဲပေးသည်။ စာရွက်တစ်ရွက်ပေးလိုက်သည်။ ညတွင်းချင်းရွာကိုပြန်လာပြီး မော်လမြိုင်ကို ညတွင်းချင်း ပြန်တက်သည်။ ထိုအချိန်တွင်ည(၁၁)နာရီလောက်ရှိနေပြီ။ နာစ်မများက ကလေးကိုရော၊ မိခင်ကိုပါမေးပြီး ကလေးရဲ့တန်ဆာကို ဂွမ်းပြန်လဲပေးပြန်သည်။ ပြီးလျှင်ဆေးသွင်းပြီး ချိတ်ပေးသည်။ ကလေးမှာ အခင်းဖြစ်တဲ့ တစ်နေ့လုံး တစ်နေရာကနေ တစ်နေရာကို လူကြီးများနှင့်အတူ လိုက်သွားနေရပြီး ခဏခဏလည်း အစစ်ဆေး၊ အမေးမြန်းခံနေရ၊ အနာကိုလည်း ဆေးထည့်ထည့်ခံနေရ၊ ဂွမ်းလဲ ခဏခဏ လဲနေရသောကြောင့် နောက်ဆုံးမှာ ကုတင်ပေါ်တွင် မျော့မျော့သာရှိ တော့သည်။ ဆေးရုံမှာ တစ်ညအိပ်လိုက်ရသည်။

မနက်မိုးလင်းတော့ ဆရာဝန်မကြီးမှ ကလေးရဲ့ အနာကိုချုပ်ပေးသည်။ ဆရာမမှ ဆေးဝယ်ခိုင်း၍ ဆေးဝယ် ထည့်ပေးရသည်။ ပြီးလျှင် လှုမှုရေးအဖွဲ့ အစည်းများသို့ သို့တိုင်ကြားခဲ့သည်။ လှုမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ကလေးရဲ့ ရုံးချိန်းစားရိတ်နှင့် ဆေးဝယ်စရိတ်များကိုလည်း ပံ့ပိုးပေးခဲ့သည်။ အမှုကို မော်လမြိုင်ခရိုင် တရားရုံးမှစစ်သည်။ ကလေးမိခင်နှင့်ဖခင်မှာ ရုံးချိန်းများကိုလည်း မပျက်မကွက် သွားရောက်ခဲ့ကြသည်။ သက်သေများကိုလည်း တရားရုံးမှ ခေါ်ခိုင်းသည့်အတိုင်း အတိအကျ လိုက်နာခဲ့သည်။

အမှုကို (၁၁.၄.၂၀၁၂) ရက်နေ့က အမိန့်ချမှတ်ခဲ့ရာ တရားခံမှာ အမှုမှ ကွင်းလုံးကျွတ်လွတ်သွားခဲ့သည်။ ထို့ကြောင့် အမှုမှန် ပေါ်ပေါက်ရန်နှင့် ကျူးလွန်ခံရသော ကလေးဘက်မှ အမှန်တရားအတိုင်း ဖြစ်ပေါ်စေရန် အတွက် ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံ အပ်ပါသည်။

ခိုင်လုံသော သတင်းရပ်ကွက်အရ တရားခံဘက်မှ တရားသူကြီးအား ငွေသိန်း(၄၀) ပေးသောကြောင့် အမှုမှ ကွင်းလုံးကျွတ် လွတ်ပေးခဲ့သည်ဟု သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တရားခံ၏ သမီးနှင့် ချဲဒိုင် လောင်းကစားလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေသောကြောင့် တရားခံဘက်မှ လိုက်ပါပြီး အမှုမှန် မပေါ်အောင် သက်သေအတုများကို လုပ်ကြံ ဖန်တီးပေးခဲ့ပါသည်။
 

 အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် လေးစားစွာဖြင့် အကူအညီ တောင်းခံအပ်ပါသည်။

မူရင်းသတင်းက ဒီမှာပါ။

မနန်းဝိုးဖန် ၏ ခင်ပွန်း ကို ‘စ’ သုံးလုံးမှ ဖမ်းဆီး

မတ်လ ၂၅ ရက်နေ့ က ရန်ကုန် မြို့  ဆိပ်ကမ်းသာ လမ်းရှိ အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စ သုံးလုံး) က စစ်ဆေးနေ စဉ် ငါးထပ် အမြင့် ပေါ် မှ ခုန်ချ သတ်သေခဲ့ သည့် မနန်းဝိုးဖန် ၏ ခင်ပွန်း ဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာနာမာဆဲကို ၁၉၅၀ ခုနှစ်အရေးပေါ် အက်ဥပဒေပုဒ်မ ၅ (ဇ) ဖြင့် စွဲဆိုကာ ဖမ်းဆီးလိုက်သည် ဟု အဆိုပါ ဌာ န မှ စုံစမ်းစစ်ဆေးရေး အရာ ရှိ တစ်ဦး က FNG သို့  အတည်ပြု ပြောကြား သည်။

မနန်းဝိုးဖန် သည် ဂျပန် နိုင်ငံ သား ခင်ပွန်း ၏ အကူအညီ ဖြင့် ရန်ကုန် နှင့် အခြား မြို့ များ တွင် အိမ်ခြံမြေ ၀ယ်ယူရင်း နှီး မြုပ် နှံ မှုများ ကို စ သုံး လုံး ရုံးမှ စုံစမ်း စစ်ဆေး နေ စဉ် အတွင်း ခုန်ချ သတ် သေခဲ့ ခြင်း ဖြစ်သည်။

စ သုံး လုံး က မစ္စတာ နာမာဆဲ ကို ဖမ်းဆီး ခြင်း သည် နိုင်ငံ တွင်း သို့  တရား မ၀င် ငွေကြေး လွှဲပြောင်းမှု ကြောင့် ဖြစ်သည် ဟု Yangon Press International သတင်း တွင် ဖော်ပြ ထား သည်။

မနန်းဝိုးဖန် သေဆုံး စဉ် က သတင်း ယူခဲ့ သည့် သတင်းထောက်များ ကို စ သုံးလုံး မှ ခြိမ်းခြောက် မှု များ ရှိ ခဲ့ သည်။ သူမ ၏ ဖခင် ဖြစ်သူ က သမီး ဖြစ်သူ သေဆုံး မှု အတွက် စ သုံးလုံး ကို တရား စွဲ ဆို ရန် ပြင်ဆင် ထား သည် ဟု သိရသည်။

မစ္စတာနာမာဆဲ ကို ဖမ်းဆီးထား မှု နှင့် ပတ်သက် ပြီး FNG မှ ဂျပန် သံရုံး ကို ဆက်သွယ်မေး မြန်း ရာ တွင် ၎င်း တို့ ၏ ပါဝင်ဆောင် ရွက် မှု နှင့် ပတ်သက် ပြီး အတိအကျ မသိရှိ ရသေး သော် လည်း ဂျပန် သံရုံး နှင့် နီးစပ်သည့် စာရေးဆရာ တစ်ဦးက အင်းစိန်ထောင် တွင် ချုပ် နှောင် ခံ ရသည့် မစ္စတာ နာမာဆေး ကို သံရုံး မှ တာဝန်ရှိ သူ များ ကိုယ် တိုင် တွေ့  နိုင် ရန် ကြိုး စား နေ သည် ဟု သိရသည်။

မစ္စတာနာမာဆဲ သည် ဇနီး ဖြစ်သူ သေဆုံး မှု အတွက် ပြီးခဲ့ သည့် လ က ရန်ကုန် မြို့ ဆာကူ ရာ တာဝါ ဉ် သတင်း စာ ရှင်း လင်း ပွဲပြု လုပ် ခဲ့ သည်။ ၎င်း သည် မနန်းဝိုးဖန် ကို တရား ၀င် လက်ထပ် ထိမ်းမြား ထား သူ ဖြစ်သည်။

မစ္စတာ နာမာဆဲ သည် မေလ ၁၃ ရက်နေ့  ဂျပန် နိုင်ငံ သို့  ပြန် လည် ထွက် ခွာ ရာ တွင် ရန်ကုန် နိုင်ငံ တကာ လေဆိပ် ဉ် ပြည်ပ ထွက် ခွာ ခွင့် ကို တားဆီး ခဲ့ သည်။

Photo Credit to YPI





ဆက်စပ်သတင်း

(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

 

မူရင်းသတင်းက ဒီမှာပါ။

ဖေ့စ်ဘွတ်ထူထောင်သူ စုတ်ရော လာဘ်ရော ၀င်ပြီ


အမေရိကန်နဲ့ ကမ္ဘာတ၀ှမ်းမှာ ပရိသတ်အများဆုံးကို လွှမ်းမိုးထားတဲ့ အင်တာနက် လူမှုကွန်ယက် Facebook ထူထောင်သူ မတ်ဇူကာဘတ်တယောက် တနေ့က အသက် ၂၈ နှစ်ပြည့်၊ သူ့ကုမ္မဏီကို အဲသည်နေ့မှာ အများပိုင်ရှယ်ယာလုပ်ငန်းအဖြစ် ထုတ်ရောင်းပြီး ဘီလျံနာဖြစ်၊ နောက်တရက် မေ ၁၉ မှာတော့ဖြင့် သူရဲ့ ၈ နှစ်တာ လက်တွဲခဲ့သူ ရည်းစား ပရက်စီလာ ဆိုတဲ့ အာရှနွယ်အမျိုးသမီးနဲ့ မင်္ဂလာဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်မှာ ဖေ့စ်ဘွတ်မထောင်ခင်ကတည်းက ချစ်ကြိုက်ခဲ့ပြီး ယူစီဆန်ဖရန် တက္ကသိုလ်မှာ ဆရာဝန်ဘွဲ့ ဆက်လက်ယူနေသူ ပရက်စီလာနဲ့ အခုလို မင်္ဂလာပေါင်းတွေ ပေါင်းစုံတဲ့နေ့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ပရက်စီလာကိုယ်တိုင်ကလည်း သောကြာနေ့မှာ ဘွဲ့နှင်းသဘင်တက်ခဲ့တာလို့ ဆိုပါတယ်။

မင်္ဂလာဆောင်လိုက်တာကို လုပ်ဖော်ကိုင်ဖက်တွေကိုယ်တိုင်က မမျှော်လင့်ထားတာကြောင့် အလွန် အံ့သြ၀မ်းသာ ဖြစ်ကြတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကို သူတို့ဆီလီကွန်တောင်ကြား၊ ပလိုအာတိုမြို့နယ်က နေအိမ် ခြံဝင်းထဲမှာ ကျင်းပတယ်။ သူတို့အကြိုက် ဆူရှီ ဂျပန်စာနဲ့ ဧည့်ခံခဲ့ပါတယ်။

ဖေ့စ်ဘွတ်မှာ မတ်ဇူကာဘတ်ရဲ့ အင်တာနက်မိတ်ဆွေ သန်းချီသော်လည်း သူတို့မင်္ဂလာဆောင်အကြောင်းကို သတင်းဌာနကြီးများက ထုတ်ပြန်မှပဲ သိရှိကြတာကြောင့် ဖေ့စ်ဘွတ်က အင်တာနက်သတင်းနဲ့ အတင်းတွေမှာ ဒီတချီမှာတော့ ခေတ်နောက်ကျသွားတယ်လို့ ဆိုရပါမယ်။

မူရင်းသတင်းက ဒီမှာပါ။

အနည်း ဆုံး ၀န်ကြီး လေးပါး အနားပေး ခံရမည်


နောက်ဆုံး သိရပြီး ၊ သေချာ မှု အရှိ နိုင်ဆုံး ဖြစ်သည့် နေပြည်တော် မှ လာ သည့် သတင်း များ အရ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး လေးဦး ထက် မနည်း အနားပေး ခံရမည် ဖြစ် ပြီး ၎င်းတို့ ထဲ တွင် စာရင်း ပေါက်နေ သူများ မှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း နှင့် နိုင်ငံ ခြား ရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့  ပင် ပါဝင် နေသည် ဟု FNG မှ သတင်း ရရှိသည်။

ဝန်ကြီး ဌာန များ ကို လည်း ပူးပေါင်း သွား မည် ဖြစ် ပြီး အားကစား ၀န်ကြီး ဌာန ၊ လယ်ယာစိုက် ပျိုး ရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၊ မီးရထား ၀န်ကြီး ဌာန တို့ မှာ အခြား ဌာန များ နှင့် ပူး ပေါင်း ရဖွယ် ရှိ သည် ဟု အမည် မဖော် လို သည့် ညွှန်ကြားရေး မှုး ချုပ် တစ်ဦး က FNG ကို ယနေ့  ပြောကြား သည်။

ယခု ကဲ့ သို့  သတင်း မျိုး ပေါ် ထွက် မလာ ခင် က မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ခောတ် နောက် ပြန် ဆွဲ လိုသူများ ကို ချန်ထား ခဲ့ မည် ဟု ပြောကြား ခဲ့ သည်။

အကယ် ၍ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြားရေး ၀န်ကြီး နေရာ အတွက် လျှာထား ပါက လက် ရှိ ၀န်ကြီး ဦးဝဏ္ဏမောင် လွင် သည် အခြား ဌာန တစ်ခု သို့ မဟုတ် သမ္မတ ရုံး အဖွဲ့  ၏ ပြောခွင့် ရ ပုဂ္ဂိုလ် ရာထူး မျိုး ရရှိ နိုင်သည် ဟု ခန့် မှန်း ကြသည်။

(သတင်း အပြည့် အစုံ ကို ထပ်မံ ဖော်ပြပါမည်)

Photo : Reuters

မူရင်းသတင်းက ဒီမှာပါ။

ခုနှစ်ရက်သားသမီးများအတွက် (၂၁.၅.၁၂) မှ (၂၇.၅.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီးရှိခြင်း၊ လူမျိုးခြား၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်း ရောက်လာခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်းများဖြစ်တတ်သည်။ လုပ်ငန်းအောင်မြင်နေမည်။ ၀င်ငွေအားကောင်းနေမည်။ အလုပ်တွင် လက်အောက်ငယ်သား (သို့) အသက်ငယ်သူကြောင့်စိတ်ညစ်ရတတ်သည်။ လက်အောက်ငယ် သားထွက်ပြေးတတ်သည်။ လူလိမ်ခံရခြင်း၊ လူလူခံရခြင်းဖြစ်တတ်သည်။ အသွားအလာသတိရှိပါ။

ကျန်းမာရေး။ အဆုပ်အအေးမိခြင်း၊ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ လက်ထပ်မင်္ဂလာပြုလုပ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံသကာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂၊ ၀၊ ၀၊၂)

တနင်္လာသားသမီးများ၏ကံကြမ္မာ

ရွှေလက်ကောက်ဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ ကားဝင်ခြင်း၊ စီးပွားရေးအလွန်ကောင်းနေသောအချိန်ဖြစ်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ အပိုဝင်ငွေကောင်းခြင်းများဖြစ်နေမည်။ လက်အောက်ငယ်သားကောင်းများရခြင်း ၊ အလုပ်သစ်များတိုးချဲ့ရန်ပေါ်လာခြင်းဖြစ်မည်။ အလွန်ကောင်းပါသည်။ စီးပွားတက်သောကြောင့် သတိရှိပြီး အလှူဒါနများပြုလုပ်ပါ။ရပ်ဝေးမှနာရေးကြားရတတ်သည်။ ဖုန်းထွက်တတ်သည်။

ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်နေတတ်သည်။
အချစ်ရေး။ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းခံနေရတတ်သည်။ သတိထားပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄၊ ၂၊ ၄၊ ၈)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ မြေ၀င်ခြင်း၊ မျက်မှန်၊ စက်ပစ္စည်းဝင်ခြင်းများဖြစ်တတ်သည်။ အလုပ်အကိုင်တွင်ငွေဝင်မည်။ သို့သော် အလုပ်ထဲတွင်ခိုက်ရန်ဖြစ်ပွားတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်လမ်းခွဲရတတ်သည်။ မိဘများကိုကျေးဇူးပိုပြီးဆပ်နိုင်မည်။ သင်တန်းတက်ရခြင်း၊ ပညာတခုခုသင်ရခြင်းဖြစ်မည်။ ငွေဝင်မည်။ အကုန်များနေမည်။ နာရီမ၀ယ်ပါနှင့်။ ပျက်နေလျှင်စွန့်ပါ။ ရပ်နေလျှင်ဓါတ်ခဲထည့်ပါ။

ကျန်းမာရေး။ သွေးလျှံခြင်း၊ ၀မ်းမကောင်းခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။ သင့်ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်နိုင်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၅၊ ၅၊ ၁)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ကားအဟောင်းအသစ်လဲရခြင်း၊ ကားထွက်ခြင်း၊ အိမ်အခန်းပြုပြင်ခြင်း၊ ရွှေအသစ်ဝင်ခြင်းများဖြစ်တတ်သည်။ စာချုပ်စာတမ်း၊ အာမခံခြင်းမလုပ်ပါနှင့်။ မိမိစိတ်ညစ်ရတတ်သည်။ အရေးကြီးစာရွက် စာတမ်းပျောက်တတ်သည်။ ငွေဝင်မည်။ အထွက်များနေမည်။ ငွေပျောက်တတ်သည်။ အစားမှားတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောကောင်းမှုကုသိုလ်များလုပ်နေရမည်။ ဘုရားဖူးခရီးသွား ရတတ်သည်။

ကျန်းမာရေး။ အမျိုးသားများ ခြေထောက်ဒဏ်ရာရခြင်း၊ အမျိုးသမီးများ သားအိမ်ကျန်းမာရေးညံ့နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူ၏အဆက်အသွယ်ဖြတ်ခြင်း(သို့) အဆင်မပြေခြင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၈၊ ၃)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

စိတ်တိုင်းမကျသောကာလဖြစ်နေမည်။ လုပ်သမျှအဆင်မပြေဖြစ်နေမည်။ ငွေများစွာကုန်နေမည်။ ငွေကြောင့်သောကရောက်နေရတတ်သည်။ လူလိမ်ခံရခြင်း၊ ကြွေးတင်ခြင်းဖြစ်နေမည်။ ငွေရင်းပြီးစီးပွားမရှာရပါ။ ဆုံးရှုံးမှုများမည်။ လုပ်နေသောအလုပ်ကိုဂရုတစိုက်လုပ်ပြီးအေးဆေးနေပါ။ ဘာသာရေးတတ်နိုင် သမျှလုပ်ပြီးနေရမည့်အချိန်ဖြစ်သည်။

ကျန်းမာရေး။ အအေးမိခြင်း၊ လေဖြန်းခြင်း၊ လေဖြတ်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စဉ်းစားဆုံးဖြတ်ရခက်အောင်ဖြစ်နေမည်။ မိမိစိတ်တိုင်းမကျတာများနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းဆွမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၁၊ ၀၊ ၂)

သောကြာသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများပြုလုပ်ရခြင်း၊ ရေခြားမြေခြားခရီးသွားရခြင်း၊ မရောက်ဖူးသောဒေသ သို့သွားရောက်ရတတ်သည်။ ဖုန်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ နိုင်ငံခြားမှလက်ဆောင် ပစ္စည်းရခြင်း၊ အစားအသောက်များဒါနပြုခြင်းမကြာခဏခံရခြင်းများဖြစ်နေမည်။ ရွှေ၊ နာရီထွက်တတ်သည်။ စက်ပစ္စည်းများဝင်တတ်သည်။ ငွေဝင်မည်။ ခင်မင်သောမိတ်ဆွေမင်္ဂလာ ဆောင်ခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ ခါးကြောညှပ်ခြင်း၊ ကျောအောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။ နှစ်ဦးနှစ်ဖက်အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၂၊ ၇၊ ၂ )

စနေသားသမီးများ၏ကံကြမ္မာ

သူငယ်ချင်းတဦးကြောင့်ကားဝင်ခြင်း (သို့) လူမျိုးခြားတဦးကြောင့်ကားဝင်ခြင်းဖြစ်တတ်သည် ။ လက်ခံလိုက်ပါကောင်းသည်။ ထို့နောက်စီးပွားတက်မည်။ ကွန်ပြူတာဝင်မည်။ ဆိုင်ကယ်ကြောင့် ငွေကုန်ရမည်။ ဆိုင်ကယ်နှင့်ကားငြိတတ်သည်။ သတိထားစီးပါ။ ရပ်ဝေးမှနာရေးသတင်းကြားရခြင်း၊ မိဘကျန်းမာရေးညံ့နေခြင်းဖြစ်နေမည်။ အလှူအတန်းတခုသေချာပေါက်လုပ်ဖြစ်မည်။ ပြီးလျှင်ပျော်ရွှင်သောခရီးသွားရလိမ့်မည်။

ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ ဗိုက်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ သို့သော် အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းများနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နို့ဆွမ်းကပ်လှူဆုတာင်းပါ။

*ကောင်းကျိုလိုရာဆန္ဒပြည့်ဝပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ။
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်
( ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး)ဖုန်း +6016 690 3513 ၊ +6012 9133 093Facebook: www.facebook.com/ swezinwatiE-mail:swezinwati@gmail.com

*မလေးရှားနိုင်ငံမဟုတ်သောအခြားနိုင်ငံများမှ ဗေဒင်ဝါသနာပါသူများ ဗေဒင်မေးမြန်းလိုပါက Email မှတဆင့်ဟောစာတမ်းပေးပို့ပြီးဟောပေးပါသည်။

မူရင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေးဗစ် လှမြင့် တို့၏ သမီး ခင်ရွှန်းလဲ့ဝေ

ခင်ရွှန်းလဲ့ဝေ မှ သူမ ကိုယ်သူမ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေးဗစ် လှမြင့် တို့ရဲ့ သမီး လို့ ဝန်ခံပြီးနောက်မှာ ဒီသတင်းက မြန်မာပြည်သူအများအပြားကို စိတ်ဝင်စားလာစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တဏှာကြီးပြီး လိင်အရှုတ်တော်ပုံ တွေ ရှိ တယ်လို့ အများက လက်ခံကြပေမယ့် ပုဂ္ဂိုလ်ရေး ကိစ္စဖြစ်တာကြောင့် ဘယ်သူမှ ဖော်ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။

ခင်ရွှန်းလဲ့ဝေ ကို ၁၉၉၅ နိုဝင်ဘာ ၂၉ ရက်နေ့ မှာ ယခု ဒေါ်စု နေအိမ်မှာပဲ မွေးဖွားခဲ့ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လင်ကြီး ဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ် မသေသေးပါဘူး။ ဒါပေမယ့် မိုက်ကယ်အဲရစ်နဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပါတယ်။ သွေးနဲ့ သားနဲ့ တည်ဆောက်ထားတဲ့ လင်ရှိမယား တစ်ယောက်အတွက် အခုလို အဖြစ်မျိုး ဖြစ်သွားတယ် ဆိုတာ လက်ခံလို့ ရတယ်လို့ NLD နဲ့ နီးစပ်သူများက မှတ်ချက်ပေးကြပေမယ့် အချို့ကတော့ ၁၉၉၅ မှာ ဒေးဗစ် လှမြင့် နဲ့ ကြိုက်ပြီး လင်ကြီးကို လုံးဝ ပစ်ထားကာ နောက်ဆုံး ၁၉၉၉ ခုနှစ်မှာ မိုက်ကယ် အဲရစ်မှာ ဒီစိတ်နဲ့ သေခဲ့ရတာကြောင့် ဒေါ်စု ကို အကောင်းမမြင်ကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မှာ နေအိမ်အကျယ်ချုပ် ကနေ ပြန်လွတ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်း မှာ ကလေး တစ်ယောက် မွေးခဲ့တာ ကြောင့် ဒေးဗစ်လှမြင့် ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် က မလွတ်ခင်ကတည်း က အဝင်အထွက် ရှိနေခဲ့ သလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ ဂျွန်ရက်တောလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေစဉ် အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲ ခိုးဝင်ပြီး နှစ်ည အိပ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ အကျယ်ချုပ်က လွတ်မြောက်မြောက်ချင်း ပထမဆုံး မိန့်ခွန်းမှာတော့ သူ့ကို နားလည် ပေးခဲ့တဲ့ လုံခြုံရေး တွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ခင်ရွှန်းလဲ့ဝေ ဟာ အ.ထ.က (၂) လသာ မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး အခုချိန်ထိ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းမှာ အစောင့်အလျှောက်တွေနဲ့ နေထိုင်လျှက် ရှိကြောင်း သိရပါတယ်။ ခင်ရွှန်းလဲ့ဝေ ၂ နှစ် သမီးမှာ ၁၉၉၇ ခုနှစ်မှာ ဒေါ်စုရဲ့ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသား မိုက်ကယ် အဲရစ် (ဗြိတိသျှလူမျိုး) ဟာ ဂွေးစေ့ ကင်ဆာ ကို ကုသနေချိန်ဖြစ်ပါတယ်။ မိုက်ကယ် အဲရစ် သေလုမျှောပါး ဖြစ်နေပေမယ့် ၂ နှစ် သမီးလေး ခင်ရွှန်းလဲ့ဝေကို ပစ်ထား မသွားနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ခရီးစဉ်ကို ဖျက်ခဲ့ပါတယ်။ အဲဒီနောက် ၉၉ ခုနှစ် မတ်လ ၂၇ မှာ မိုက်ကယ်အဲရစ် လည်း ဒေးဗစ်လှမြင့် စိတ်နဲ့ အသက်ထွက်သွားပါတယ်။

ခင်ရွှန်းလဲ့ဝေ ရဲ့ ဘလော့ ကတော့ http://khinshonleltwai.blogspot.com/ ဖြစ်ပြီး မိသားစု လျှို့ဝှက်ချက်များ ပေါက်ကြားအပြီး ဒီရက်ပိုင်းမှာ ဘလော့ ပိတ်သွားပါတယ်။

ဒေါ်အောင်ဆန်းဆုကြည် သာ က ဘုရင်မ ရူး ရူးနေတာ မဟုတ်ပဲ ခင်ရွှန်းလဲ့ဝေကပါ မင်းသမီး (ဘုရင်မ သမီး) ရူး ရူးနေသူ ဖြစ်ပါတယ်။ အီးမေး များကတော့

royalprincess125@gmail.com
khinshonleltwai@gmail.com
tinnwe757@gmail.com
တို့ ဖြစ်ပါတယ်။











Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

၂ သိန်းခွဲတန်ဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ပေး၍၀ယ်ယူ


မှုရင်းဈေးနှုန်း ၂ သိန်းခွဲသာရှိ သည့် WCDMA မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ဖြင့်အရောင်းအ၀ယ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းအကျိုးဆောင်လုပ်ငန်းတစ်ခုမှသိရသည်။

နံပါတ်အပူးများပါရှိသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးကြီးပေး၍ လိုက်လံဝယ်သူများကြောင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဂဏန်း ၅ လုံးပူး၍ ရှေ့ဆုံးဂဏန်း၌ ၂ လုံးစီပူးတွဲနေသည့် မိုဘိုင်းတယ်လီဖုန်းလိုင်းတစ်ခုကို ငွေကျပ် ၁၃ သိန်းဖြင့်ရောင်းဈေးသက်မှတ်ထားခဲ့သော်လည်း ငွေကျပ် ၁၁ ကျော်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု ကျုံးမြို့ရိုးအနီးရှိ မိုဘိုင်းဟန်းဆက် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

ဝယ်ယူသူများအနေဖြင့် နံပါတ်အလှဟုခေါ်ဆိုသည့် အပူးနံပါတ်များနှင့်စိတ်ကြိုက်နံပါတ်များကို ဈေးကြီးပေး၍ လိုက်လံဝယ်ယူနေသကဲ့သို့ အဆိုပါကဲ့သို့နံပါတ်များကို သိမ်းဆည်းသိုလှောင်၍ ဈေးကောင်းကောင်းဖြင့်ပြန်လည်ရောင်းချသူများလည်း ဈေးကွက်အတွင်းဖြစ်ပေါ်နေခဲ့ကြသည်။

““ဖုန်းဆိုင်မှာ သုညတွေချည်းပဲ အများဆုံးပါတဲ့ WCDMA ကတ် တွေ့လို့မေးကြည့်တာ ဈေးက ၁၀ သိန်းကျော်နေတာတွေ့ရလို့ အံ့သြ ရတယ်””ဟု မုံရွာမြို့မှ မန္တလေးမြို့သို့ ဟန်းဆက်လာရောက်ဝယ်ယူသူတစ်ဦးကပြောသည်။

မိုဘိုင်းဖုန်း လိုင်းများသည် နံပါတ်များအပေါ်မှုတည်၍ ပြင်ပပေါက်ဈေးအမျိုးမျိုး ဖြစ်ပေါ်တက်ကြပြီး အမြင့်ဆုံးသော ပေါက်ဈေးမှာ ၁၃ သိန်းအထိ တည်ရှိနေကြောင်း မန္တလေးမြို့ရှိ ဒေသခံ မိုဘိုင်းဖုန်းအကျိုးဆောင်များကဆိုသည်။

မိုဘိုင်းဖုန်းဆိုင်များနှင့် အကျိုးဆောင်များ လက်ဝယ်၌သာ ဖုန်းလိုင်းတန်ဖိုးများမြင့်တက်နေခြင်း မဟုတ်ဘဲ မိမိကိုင်ဆောင်လိုသည့် နံပါတ်များသို့ ခေါ်ဆိုဆက်သွယ်ကာ ဈေးကောင်းပေး၍ ၀ယ်ယူနေသူများ လက်ရှိကာလ၌ များပြားလာခဲ့ကြကြောင်းသိရသည်။

““ကျွန်တော် လက်ရှိကိုင်ထားတဲ့ဖုန်းရဲ့ နောက်က နံပါတ် ၄ လုံးတူတဲ့ဖုန်းကို လက်ရှိ ချပေးတဲ့ရှေ့ပိုင်းကုဒ်နံပါတ်တွေနဲ့ ပေါင်းပြီးခေါ်ကြည့်လိုက်တော့ လိုင်းပွင့်နေတယ်။ ရောင်းမလားလို့မေး ကြည့်တော့ ၄ သိန်းလောက်အထိ ဈေးခေါ်နေတာနဲ့ သွားမ၀ယ်ဖြစ် တော့တာ””ဟု ခရီးသွားဧဂျင့်တစ်ခုမှ လူငယ်တစ်ဦးကဆိုသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်း စုကြည် နှင့် လုံခြုံရေး ကွန်ပျူတာ သမား တို့ မွေးထားတဲ့ တတိယ မြောက် မျိုးဆက်သစ် ဒေါ်စုကြည်ရဲ့သမီး ခင်ရွှန်းလဲ့ဝေ

ဒေါ်စုကြည်ရဲ့တတိယ မျိုးဆက်သစ် ခင်ရွှန်းလဲ့ဝေ

သူလေးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက် မျိုးဆက်သစ်လေးပါဘဲ ဒေါ်အောင်ဆန်းစုကြည်က သူမ ကို ကိုယ်တိုင်မွေးဖွားခဲ့ပါတယ် သူမ ကိုယ်တိုင်မွေးဖွားခဲ့ပြီးတော့ မွေးစားသမီး ဆိုပြီး လိမ်လည်ပြောဆိုထားပါသေးတယ်။

ခင်ရွှန်းလဲ့ဝေ ကို ဒေါ်စု နဲ့ ဒေါ်စု အိမ်မှ လုံခြုံရေး ကွန်ပျူတာ သမား တစ်ယောက်နဲ့ ရထားတဲ့ ကလေး တစ်ဦးဖြစ်ပါတယ် ကွန်ပျူတာ သမား မှာ ကောင်မလေး 8 နှစ်အရွယ် တွင် သဘောင်္တက်မည်ဟု ပြောကာ ပြန်မလာ တော့ဘဲ ဒေါ်စု အား ကလေး နှင့်ပစ်ထားခဲ့သည်။



ကွန်ပျုတာသမား မောင်လေးနဲ့ ရတဲ့ ဒေါ်စုကြည်ရဲ့သမီး

ထိုအကြောင်းကို မည်သူမျှ မသိဘဲ ဖုံးထားခဲ့ပါတယ်။ နောက်လင်နဲ့ ရတဲ့ကလေး ဖြစ်နေတော့ ဒေါ်ညု တစ်ယောက် ချစ်လိုက်တာ တုန်နေတာပါဘဲ။ ဘော်ဒီကတ် တွေက လဲ အပြည့်ပါဘဲ ။ ကျနော်က တစ်ချိန်တုန်းက NLD ကပေါ့ဗျာ။ အခု တော့ မဟုတ်တော့ပါဘူး။ ဒေါ်ညု ရဲ့ လုပ်ဆောင်ချက်တွေက အရမ်း ကို ရှက်ဖို့ကောင်းလို့ NLD ကနေနှုတ်ထွက်လိုက်တာပါ။

ဒေါ်စုကြည်(ခ)ဒေါ်ညုနဲ့မတူဘဲ ကွန်ပျူတာသမားနဲ့တူတယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့သမီးရင်း ခင်ရွှန်းလဲ့ဝေ ယခုလက်ရှိ အသုံးပြုနေသော facebook အကောင့်

သတင်းပေးပို့ချက် NLD မှ လုံခြုံရေးတစ်ဦး "ခင်ရွှန်းလဲ့ဝေ က ဒေါ်စု ရဲ့ သမီး အရင်းတစ်ယောက်ပါ ဒေါ်စုမှာ သားနှစ်ယောက်အပြင်သမီးတစ်ယောက်ကျန်ပါသေးတယ်။ သူ့ကိုတော့ 1990 နောက်ပိုင်းမှာ မွေးတာပါ ဒေါ်စုက ကျတော်တို့ ပါတီက လုံခြုံရေး ကွန်ပျူတာ သမား တစ်ယောက်နဲ့ ရတာပါ။ ပထမ ကတော့ တားဆေး တစ်အား သုံးစွဲပါတယ်။ ဒေါ်စု ကိုယ်ဝန်ရလာတော့ အဲဒီလူက ဖျက်ချ ခိုင်းပါသေးတယ်။ ဒေါ်စုလဲ ကိုယ်ဝန်ကို ဖျက်ချတယ်။ ဘယ်လို မှ ဖျက်ချလို့မရတော့လို့ နောက်ဆုံးမွေးလိုက်ရတယ်။ ကျန်းကျန်းမာမာ နဲ့ မွေးဖွားလာတယ်။ ဒေါ်စု အိမ်မှာ ဘဲ ကလေးကို မွေးတယ်။ မိသားစု ဆရာဝန်တွေက မွေးဖွားပေးခဲ့တာပါ။ ကလေး ကိုမွေးမွေး ချင်းမှာဘဲ ဒေါ်စုက သူ့သမီးကို သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ကလေး ကို စောင့်လျှောက်ဖို့ဆိုပြီးတော့ ပေးခဲ့ပါတယ်။ ကလေး အပျိုဖြစ်လာတော့ ဒေါ်စုက ခလေး ကို မွေးစားတဲ့ သဘောအနေနဲ့ ပြန်ခေါ်ထားပါတယ်။ ကလေးက လဲ သူ့ကိုမွေးစားအမေ ဆိုတာ ဘဲသိပါတယ်။ အမေအရင်းဆိုတာ ကို ကလေး မသိပါဘူး"

ဒေါ်ညု တစ်ယောက် အဖေ နာမည် မပေါ်ဘဲ ကလေး ကိုမွေးဖွားခဲ့ပါတယ်။ပြီးတော့ ကလေး ကိုလဲ သူငယ်ချင်းတစ်ယောက်ထံ ပေးပြီးတော့ စောင့်လျှောက်ခိုင်းပါတယ်။ပြီးတော့ ခလေး ကို မွေးစားတဲ့ သဘောနဲ့ ပြန်ခေါ်ထားပါတယ်။ ဒေါ်ညု အိမ်ကို ခင်ရွှန်းလဲ့ဝေ ရောက်ရှိနေပြီ မှာ ဒီနေ့ အထိ ဆို ၈ လကျော်ရှိသွားပါပြီ။ ခင်ရွှန်းလဲ့ဝေ နှင့်ပက်သက်ပြီးတော့ လဲ တစ်ချို့လူများ သိသည်ဖြစ်သော် လည်း မသိသေးသူများလည်းရှိပါသည်။ NLD ပါတီဝင်မှ အချို့သောသူများ လည်း ကိုယ်တိုင် မသိကြသေးပါဘူး။ ကလေး ကိုတော့ ဒေါ်ညု ကသူ့အိမ်မှာ မခေါ်ထားဘဲ ရွှေတောင်ကြား မှာ အိမ်တစ်လုံး ၀ယ်ပေးပြီး နေခိုင်းထားကြောင်းလည်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပြည်ခိုင်ဖြိုးနှင့် တရုတ်ကွန်မြူနစ်ပါတီ ပူးပေါင်း၍ သင်္ဃန်းကျွန်း အခြေခံပညာကျောင်း ၁၁ ကျောင်းအတွက် ကွန်ပျူတာလှူ


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီတို့၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စာသင်ကျောင်း ၁၁ ကျောင်းအတွက် ကွန်ပျူတာအလုံး ၁ဝဝ ကိုလှူဒါန်းခဲ့သည်။

အဆိုပါ ကွန်ပျူတာများကို China Sunshine Insurance ကုမ္ပဏီနှင့် အလှူရှင်များက လှူဒါန်းခြင်းဖြစ်ကြောင်း၊ ယခု လှူဒါန်းမှုသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည် ခိုင်ဖြိုးပါတီတို့၏ ပေါင်းစပ်ညှိနှိုင်းမှု၏ ရလဒ်တစ်ခုဖြစ်ကြေင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြော သည်။

ထို့အပြင် လူငယ်များ၏ အသိ အမြင် ဗဟုသုတကြွယ်ဝရေး၊ ပညာ ရည်မြင့်မားရေး၊ ယဉ်ကျေးမှု အနုပညာအဆိုအကများ ဖလှယ်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ တိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ညှိ နှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း ၄င်းက ပြောသည်။

”ပါတီများရဲ့ ပူးပေါင်းဆောင် ရွက်မှုများဟာ နှစ်နိုင်ငံ အစိုးရများ ရဲ့ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပြည်သူများရဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးများကို ပို မိုတိုးတက်စေဖို့ အထောက်အကူပြု စေမှာဖြစ်ပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ကွန်ပျူတာများကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၅ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း နှင့် မူလတန်းကျောင်း ၂ ကျောင်းတို့ အား မေလ ၁၅ ရက်နေ့ က ခွဲဝေ လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့တော်ဆေးကုသရေး ဗဟိုဌာန၊ မျက်စိကုသရေး ဗဟိုဌာနတို့၏ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက် စာချုပ် (MOU) ကိုလည်း မေ ၁၅ ၌ပင် ရေးထိုးခဲ့ကြောင်း သိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၏ အမျိုးသားရင်ကြားစေ့ရေးအတွက် ပထမ ခြေလှမ်းအဖြစ် SSA နှင့် အချက် ၁၂ ချက် သဘောတူ လက်မှတ်ထိုး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ၏ အမိန့် အမှတ်၊ ၁၂/၂ဝ၁၂ ၁၃၇၄ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် (၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက်) အရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ကို ဖွဲ့စည်းပြီး နောက်မှာ ပထမဆုံး အမျိုးသားရင်ကြားစေ့ရေး ခြေလှမ်းအဖြစ် SSA တောင်ပိုင်းနဲ့ ကျိုင်းတုံမြို့မှာ မနေ့က ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး သဘောတူ လက်မှတ်ထိုးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်ရေး အပါအ၀င် အချက် ၁၂ ချက် သဘောတူညီခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း နဲ့ SSA တောင်ပိုင်းရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ် တို့ ဦးဆောင်တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မြန်မာ ကိုယ်စားလှယ်ဖက် ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက် လာတာကြောင့် မပြေလည်သေးတဲ့ စစ်ဘက်ဆိုင်ရာကိစ္စတွေမှာ အလေးအနက် အကောင်အထည် ဖော်နိုင် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ စွမ်းအင်ဝန်ကြီးဌာ ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးတို့နဲ့ အတူ ရှမ်းပြည်နယ်မှ တိုင်းမှူး ၃ ယောက်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ မူးယစ်ဆေးဝါး ပူးတွဲ တိုက်ဖျက်ရေးကိစ္စကို ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ သဘောတူခဲ့ကြပြီး အသေးစိတ် ဆက်လက်လုပ်ဆောင်နိုင်ဖို့ သမ္မတထံ တင်ပြမှာဖြစ်ပြီး RCSS/ SSA ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာ လက်နက် ကိုင်ဆောင်သွားလာခွင့်ပြုဖို့၊ ရွှေလီမြစ်ဝှမ်းဒေသမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ခွင့်ပြုဖို့နဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွေ လုပ်ပေးသွားဖို့ စတဲ့ အချက် (၁၂) ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌ ဒုတိယသမ္မတ
( ခ ) ဗိုလ်ချုပ်ကြီးစိုးဝင်း ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
(ဂ) ဦးအောင်မင်း ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
(ဃ) ဦးသိန်းဇော် ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(င) ဦးအုန်းမြင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
( စ ) ဦးစိုးသိန်း အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
(ဆ) ဦးဇော်မင်း အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
( ဇ ) ဦးသန်းဌေး အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
( ဈ )ဦးခင်ရီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
(ည) ဦးဝင်းထွန်း အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
( ဋ )ဦးခင်မောင်စိုး အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး
( ဌ )တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ အဖွဲ့ဝင်
( ၁ ) ဦးလဂျွန်ငန်ဆိုင်း ဝန်ကြီးချုပ်၊ကချင် ပြည်နယ်အစိုးရအဖွဲ့
( ၂ ) ဦးခင်မောင်ဦး (ခ) ဦးဘူးရယ် ဝန်ကြီးချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့
( ၃ ) ဦးဇော်မင်း ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့
( ၄ ) ဦးဟုန်းငိုင်း ဝန်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့
( ၅ )ဦးသာအေး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့
( ၆ ) ဦးမြတ်ကို ဝန်ကြီးချုပ်၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ 
( ၇ ) ဦးဉာဏ်ဝင်း ဝန်ကြီးချုပ်၊ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့
( ၈ ) ဦးအုန်းမြင့် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့
( ၉ ) ဦးလှမောင်တင် ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
(၁ဝ) ဦးစဝ်အောင်မြတ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့
( ဍ ) တပ်မတော်မှ တိုင်းမှူးများ အဖွဲ့ဝင်
( ၁ ) ဗိုလ်ချုပ်ဇေယျာအောင် တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
( ၂ ) ဗိုလ်ချုပ်အောင်ကျော်ဇော တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
( ၃ ) ဗိုလ်ချုပ်စိုးထွဋ် တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
( ၄ )ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
( ၅ ) ဗိုလ်ချုပ် သန်းထွန်းဦး တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
( ၆ ) ဗိုလ်ချုပ်တင်မောင်ဝင်း တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်
( ၇ ) ဗိုလ်ချုပ်ခင်မောင်ဌေး တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
( ၈ )ဗိုလ်မှူးချုပ်ကိုကိုနိုင် တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
( ၉ ) ဗိုလ်ချုပ်စိုးလွင် တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်
(၁ဝ) ဗိုလ်မှူးချုပ်ညိုစော တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
( ဎ )ဗိုလ်ချုပ်ဇော်ဝင်း အဖွဲ့ဝင် ဒုတိယဝန်ကြီး
(ဏ) ဦးထွန်းထွန်းဦး အဖွဲ့ဝင် ဒုတိယရှေ့နေချုပ်
(တ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းရင်းသားများ အဖွဲ့ဝင်
( ၁ ) ဒေါ်ဒွဲဘူ ကချင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၂ )ဦးစိုးရယ် ကယားတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၃ ) ဦးစောသိန်းအောင် ကရင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၄ ) ဦးငွန်မောင်း ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၅ ) ဒေါ်မိယဉ်ချမ်း မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၆ ) ဦးဘရှိန် ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၇ ) ဦးစတီဖန် ရှမ်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၈ ) ဦးလှထွန်း နာဂတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
( ၉ ) ဦးကျင်ဝမ်း ''ဝ''တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
(ထ) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တိုင်းရင်းသားများ အဖွဲ့ဝင်
( ၁ ) ဦးစခုန်တိန့်ယိန်း ကချင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၂ ) ဦးဆန်းရယ် ကယားတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၃ ) ဦးစောထွန်းမြအောင် ကရင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၄ ) ဦးပေါ်လျှံလွင် ချင်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၅ ) ဦးစောအုန်း မွန်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၆ ) ဦးအုန်းတင် ရခိုင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၇ ) ဦးစိုင်းကျော်ဇောသန်း ရှမ်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၈ ) ဦးမြတ်ကို နာဂတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ၉ ) ဦးဆိုင်ပေါင်းနပ် ''ဝ''တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
( ဒ ) ဦးတင်မျိုးကြည် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
တို့ ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့် အမှတ်၊ ၁၂/၂ဝ၁၂) တွင် ထုတ်ပြန် ကြေညာထားသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

သမ္မတကြီး မွေးနေ့ အထိန်းအမှတ် မန္တလေးတွင် ဖယောင်းတိုင်ထွန်း လမ်းလျှောက်ပြိုင်ပွဲ ကျင်းပ


ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် သမ္မတကြီး ရဲ့ ၆၇ နှစ်မြောက်မွေးနေ့ အထိန်းအမှတ်အဖြစ် မန္တလေးမြို့တွင် ဖယောင်းတိုင်ထွန်းကာ လမ်းလျှောက်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြိုင်ပွဲစည်းကမ်းအရ ပထမဆုံးပန်းဝင်ပြီး ဖယောင်းတိုင် မီးမငြိမ်းသူ တစ်ဦးကိုသာ ဆုပေးခဲ့တာဖြစ်ပါတယ်။


ပထမဆုရရှိသွားသူ

ပြိုင်ပွဲဝင် အရေအတွက် များပြားခဲ့တာကြောင့် ဖယောင်းတိုင်တွေလည်း ရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပညာရှင်များကတော့ ဖယောင်တိုင်ကို မီးထွန်းပြီး လမ်းပေါ်မှာ လမ်းလျှောက်နေမယ့် အစား ဘုရားတွေမှာ ဆီမီးပူဇော်ရင် ဒီဘဝ သာမက နောင်ဘဝတွေပါ ထွန်းပြောင်လိမ့်မယ်လို့ သုံးသပ်လျှက် ရှိကြောင်း သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

HIV ကာကွယ်ဆေး တွေ့ပြီ


Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့် အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန် ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ် အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။

သို့ရာတွင် သတင်းထောက် များ၏ အဆိုအရ HIV/AIDS တိုက်ဖျက်ရေး အတွက် သမိုင်းမှတ် တိုင်သစ်တစ်ခု အဖြစ် ရောက်ရှိ လာမည် ဖြစ်သည်ဟု ဖော်ပြခဲ့ကြ သည်။ ဂလက်စတုန်း တက္ကသိုလ် မှ ဒေါက်တာ ရောဘတ်ဂရန့်က လည်း HIV/AIDS ကို အမြစ်ဖြတ် ချေမှုန်းနိုင်သည့် ခေတ်ကို ရောက် ရှိတော့မည် ဖြစ်ကြောင်း၊ ပထမဆုံး သမိုင်းဝင် မှတ်တိုင်ကြီး ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်က စတင် လေ့လာမှုများအရ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် ဂျီလတ်ဆိုင် ယင်ဝေ့က ထုတ်လုပ်ခဲ့သော Truvada ဆေးဝါးသည် ကျန်းမာ သန် စွမ်းသော လိင်တူ ဆက်ဆံသည့် အမျိုးသားများ အသုံးပြုသောအခါ HIV ဖြစ်ပွားနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး HIV/AIDS ပိုးရှိနေပြီး လိင်ဆက်ဆံနေဆဲ ပိုး မရှိသေး သော သူများ အတွက် ၇၃ ရာခိုင် နှုန်းအထိ လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြ ရသည်ဟု ဆိုသည်။

HIV/AIDS အကြံပေးကော်မတီမှ FDAကို ၁၉ မဲ ၃ မဲဖြင့် အနိုင် ရတင်ပြထားသော အချက်မှာ ကူးစက်နိုင်ခြေ များသော လိင်ကွဲ၊ လိင်တူချင်း ဆက်ဆံမှု များသော ပိုးမရှိသေးသည့် အမျိုးသားများအား ၄င်းဆေးကို သုံးကြရန် အကြံပေး တင်ပြခဲ့ကြသည်။

၎င်းအဖွဲ့မှ လိင်ကျူးလွန်သူ များ၊ ပိုးရှိသူများနှင့် အတူ နေသူ များကိုလည်း ပိုးမကူးအောင် ကာ ကွယ်နိုင်သော ဆေးအဖြစ် ၄င်း ဆေးကို သေက်သုံးကြရန် ထောက် ခံမဲ အတော် များများ ပေးထားကြ သည်။ သို့ရာတွင် FDA က ၄င်း ဆေးဝါးကို သောက်သင့် မသင့် အတည်ပြုရန် ဇွန်လ ၁၅ ရက်နေ့ တွင် ချမှတ်သွားမည် ဖြစ်သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဗီယက်နမ် ကုန်စည်ပြပွဲ ကျင်းပမည်

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်မြှင့်တင်မှုအဖွဲ့ (ITPC) မှ စီးပွားရေးလုပ်ငန်းရှင်များသည် ဗီယက်နမ်နိုင်ငံထုတ် ပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံတွင် လာရောက်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ITPC အဖွဲ့သည် ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ လာရောက်ပြသမည်ဖြစ်ပြီး ပြပွဲနှင့်အတူ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းစုများနှင့် မိတ်ဖက်လုပ်ငန်းများ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ကားထုတ်လုပ်ရေး အစရှိသော လုပ်ငန်းစုများတွင်လည်း ဝင်ရောက်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ပစ္စည်းရောင်းချခြင်းထက် မိတ်ဖက်ကုမ္ပဏီရှာဖွေခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ပလတ်စတစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အလှကုန်နှင့် အိမ်သုံးပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

၂၄ နာရီ မီးအပြည့်ရစေဖို့ မြစ်ဆုံရေအားလျှပ်စစ်အား အကောင်ထည်ဖော်စို့

မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...

ဘာတွေ အကျိုးအမြတ်ရမလဲ… မင်းတို့ဟာက တရုတ်အတွက်ပါ… တရုတ်ကြီးကို ပေးနေတာပါ.. တရုတ်စီးပွားရေးပါကွာတဲ့… ဟုတ်ပီဗျာ… လက်ရှိအနေအထားဟာ.. နိုင်ငံတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုပြင်ပြောင်းလဲ မွန်းမံနေတဲ့ အခါသမယဖြစ်တဲ့ အဲဒီအတွက်ကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားလာအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှု စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမယ့် အခါသမယဖြစ်ပါတယ်… အဲဒီအချိန်မှာ… ကျွန်တော်တို့ဟာ.. ဒီပရောဂျက်ကို စထားပြီး မလုပ်ဘူး လုပ်ဖြစ်တော့ဘူးဆိုပြီး ဘုမသိဘမသိတဲ့ သူတွေ အော်သလို အေးကွာဖျက်လိုက် ကောင်းတယ် မလုပ်နဲ့ဆိုပြီး ဖျက်ပေးလိုက်ပါဘီဗျာ.. ကဲ.. နောက်ထပ် ရင်နှီးမြုပ်နှံမယ့် သူတွေ ရဲ့ ယုံကြည်မှုတွေကို ဘယ်လိုရယူတော့မလဲ… ??? ဒီမြန်မာနိုင်ငံကြီးက အလကားဟာတွေပါကွာ.. လွယ်လွယ်ကတိပေး ဟေးလာဝါးလားနဲ့ လွယ်လွယ်ဖျက်… စီးပွားရေးကို မညီမညွှတ်နဲ့ အဲလိုလုပ်တယ်ဆိုပြီး ဘယ်နိုင်ငံက လာရောက်ရင်းနှီး မြုပ်နှံတွေ လုပ်ကြတော့မှာလဲဗျာ…





ကဲ…ကွာ.. ဒီအစိုးရက ဆောက်ခွင့်ပေးလိုက်ပီ ကဲဘာအကျိုးအမြတ် ရမှာလဲ… ဟုတ်ကဲ့ဗျ.. စာဖတ်သူတို့ပဲ စဉ်းစားကြည့်ပေါ့ဗျာ.. အခုလက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ဗျ လုပ်မယ့် ပရောဂျက်က ၈ နှစ်ကျော်ဆယ်နှစ်နီးပါးကြားမှာ.. နောက်အစိုးရ လက်ထပ်ကြမှ ကောင်းကျိုးတွေကို ခံစားရမှာ… အဲဒါကြောင့် လက်ရှိ အစိုးရက နာမည် အပျက်ခံပြီး ကောင်းရာ ကောင်းကျိုးကို လုပ်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်.. ကောင်းကျိုးတွေက ဘာတွေလဲ… ဘာတွေရမှာလဲ…??

ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ် ကျွန်တော်တို့ လက်ရှိတစ်နိုင်ငံလုံး သုံးနေတာထက် ၂၀၀ တောင်ပိုများတယ်နော်… စဉ်းစားကြည့်… ။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period ပြီးတဲ့အချိန်မှာ ဒီဆည်ကြီးဟာ… ကိုယ့် နိုင်ငံအပိုင်ဖြစ်လာမယ်။ အနှစ်သုံးဆယ် ရှိမှရမှာ ငါတို့က အမှိုက်ကောက်ဖို့ပဲ ကျန်တော့မှာပေါ့ဟဲ့… အဲလိုလဲ မဟုတ်သေးပါဘူး… ဒီရေအားလျှပ်စစ်က ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်တစ်ခုဖြစ်ပါတယ်.. အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း အသုံးချမယ်ဆိုရင် နှစ်ပေါင်း ကြာရှည်ခံပါတယ်… အခု ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ လျှပ်စစ်ထုတ်နေတဲ့ ဘီလူးချောင်း က ၅၂ နှစ် ရှိပါပြီ။ ကြာရှည်ခံပါတယ်.. အဲဒါကြောင့် ဒီရေအားလျှပ်စစ်ကြီးဟာ နောင်တစ်ချိန် ကျွန်တော်တို့ ပိုင်လာတဲ့ အခါ လျှပ်စစ်တွေကို ပြည်တွင်းမှာ ဖူလုံစွာ ပေးသုံးနိုင်ရုံ မကပါဘူး ပိုရှံပါက တရုတ်ကို သူဆီနဲ့ သူ့ပြန်ကျော်စားလို့တောင် ရပါသေးတယ်… နောက်ပြီး တစ်ချို့ကလဲ ဒီမြစ်ဆုံ စီမံကိန်းကြီးကြောင့် နှစ်ငါးဆယ် လောက်ရှိရင် ဧရာဝတီမြစ်ကြီး ပျက်မှာတို့ဘာတို့ ပြောကြတယ်...အဲလိုလဲ မဖြစ်ပါဘူး…. ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ကြားဖူးသလား မကြားဖူးပါဘူး ထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ရင်းနဲ့… စီးပွားရေး တွေလဲ အဆင်ပြေနိုင်ပါတယ်…

ကဲဗျာအဲဒါပြီးရင်.. ဒေသအတွင်း ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်ပြောင်းလဲ မှုတွေကို ကြည့်ရအောင်ဗျာ… ဘယ်လိုလဲ ကျွန်တော်တို့ အရင်က မြစ်ဆုံလမ်းက ကြမ်းပါတယ်.. အခုလို စီမံကိန်း လုပ်လိုက်တာနဲ့ လမ်းတွေ ကောင်းသွားမယ်.. မြစ်ဆုံဒေသမှာ ဒီလိုဆည်ကြီး ဆောက်ပြီးသွားတဲ့အတွက် လာလေ့လာရင်း မြစ်ဆုံအလှကို ခံစားမယ့်သူတွေ ဧည့်သည်ခရီးသွားတွေ များလာမယ်… မြစ်ဆုံဒေသ မီး၂၄ နာရီအပြည့်နီးပါးရမှာ ဖြစ်တဲ့အတွက်… အစစ အရာရာ ဖွံ့ဖြိုးတိုးတက်လာမယ်… တရုတ်နိုင်ငံနဲ့လည်း အချိန်မရွေး၊ နေရာမရွေး စီးပွားရေး လုပ်ချင်သလို လုပ်လို့ရနိုင်တဲ့ ယုံကြည်မှုတွေ တည်တံ့နေစေမှာပါ… နောက်ပြီး လျှပ်စစ်မီးလဲ ကောင်းကောင်း ရလာလို့ ကျွန်တော်တို့ နိုင်ငံမှာ.. စီးပွားရေးအရ ရင်းနှီးမြုပ်နှံလို့ ရပါပြီ ယုံကြည်လို့ ရပါပီဆိုတဲ့ အချက်မှာ… လာရောက် ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေ စိတ်ကို ခိုင်မာလာစေမယ်… အဲဒီအတွက် စက်ရုံ အလုပ်ရုံ စသဖြင့်ပေါ့ဗျာ… လာရောက် ရင်နှီးမြုပ်နှံမှုတွေ များလာစေနိုင်ပါတယ်.. (ဒီအချက်ကို ပြည်ပအတိုက်အခံ တော်တော်များများ မဖြစ်စေချင်ကြပါဘူး…)

ဒါတွေက ကျွန်တော် လက်လှမ်းမှီသလောက် စဉ်းစားမိတဲ့ အကျိုးရလဒ်တွေပါ…. ဒီထက် အကျိုးရှိတာတွေ အများကြီး ရှိနိုင်ပါတယ်…. (နည်းပညာတွေ၊ မြစ်ကြောင်းထိန်းသိမ်းမှု ပညာတွေ စသဖြင့်...) ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. သူများပြောတိုင်း မယုံကြပါနဲ့ ကိုယ်နိုင်ငံရေး ဖြစ်တဲ့အတွက် ကိုယ်ပိုင်ပဲ စဉ်းစားဆုံးဖြတ်ကြပါ… နိုင်ငံရေး အရှုပ်အထွေးမာယာ ပရိယာယ်တွေ ကြားထဲမှာ ပြည်ပက သေမထူးနေမထူး.. မြေခွေးတွေ အများကြီး ပဲလှော်ထဲကို ထည့်လှော်မယ့် ဆားတွေကို လိုက်ရှာရင်း အချောင် အခွင့်အရေးတွေကို စောင့်နေပါတယ်…

သတိထားနိုင်ကြပါစေ….

((သွေးသစ္စာ))

မူရင်းသတင်းက ဒီမှာပါ။

မြန်မာခေါင်းဆောင်များ၏ ပြောင်မြောက်သော ကြိုးပမ်းမှုများကို ၈ျီ-၈ ခေါင်းဆောင်များချီးကျူး

President Barack Obama with the other G8 leaders in a working session focused on global and economic issues, in the dining room of Laurel Cabin at Camp David Photograph: Pete Souza/White House

ဝါရှင်တန်၊ မေ-၂၁

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။

ယင်းအပြုသဘောဆောင်သော မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရေရှည်တည်တံ့ပြီး နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့် ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈ ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ အကူအညီပေးအပ်ရေး ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများ၊ အဖွဲ့အ စည်းများ ကြားတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင် ရေး လိုအပ်ကြောင်းကိုလည်း အ လေးအနက်ထားကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာပြည်သူများအတွက် အကျိုးဖြစ်ထွန်းရန် လိုအပ်ကြောင်း ဂျီ-၈ ခေါင်းဆောင်များက ထပ်လောင်းပြောကြားသည်။

ဂျီ-၈ အစည်းအဝေးများ ကျင်းပနေရာ အမေရိကန်သမ္မတ နွေရာသီအပန်းဖြေစခန်း Camp David ၌ စောစောပိုင်းတွင် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံများအား ကိုယ်စားပြု စကားပြောကြားရာ တွင်လည်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အားပေးကူညီဖို့အတွက်လည်း ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှလုပ်ဆောင်ပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားသည် မေလ ၁၇ ရက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတားဆီးပိတ်ဆို့ ထားခြင်းများကို လျှော့ပေါ့ပေးခဲ့ပြီး ၂၂ နှစ်အတွင်း မြန် မာနိုင်ငံအတွက် ပထမဦးဆုံး အမေရိကန်သံအမတ်တစ်ဦးကို ခန့်အပ်ခဲ့သည်။

ယခုအခါတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ပြီဖြစ်သော်လည်း စစ်ဘက်နှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများကိုမူ အမေရိကန်အစိုးရက ဆက်လက်ကန့်သတ်ထားသည်။

-Ref:AFP

7Day News Journal

မူရင်းသတင်းက ဒီမှာပါ။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ

နေပြည်တော်လေဆိပ်

ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များ နှင့်မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ် များ၏ဘေးကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်လိုအပ်သောဆက်သွယ်ရေး စက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများအားအစဉ် ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲ တစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်း သိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။

သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန် ကွပ်ကဲရေးဌာနခွဲရှိဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင် ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။

၎င်း တို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှ စတင်ပြီးယနေ့အချိန် အထိ(၆)လခန့်ကာလအတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိ ကန်ဒေါ်လာ(၃၀၀၀၀)(သုံးသောင်း)ခန့်သာသုံးစွဲထားကြောင်းတွေ့ရှိရပါသည်။

၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များ ခိျု့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင် ရာတွင်တစ်ဦးလျှင်အမေရိကန်ဒေါ်လာ(၄၀၀)ရရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။

သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး နယ်လေဆိပ်သို့စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ် လျှင်အနည်းဆုံးဒေါ်လာ(၁.၃)သန်းခန့်အမြတ်ရရှိပါသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့် သက်သက်သာရယူသွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရ ဌာနမှ ဝန်ထမ်းများသာဖြစ်ပါသည်။

Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

လျှပ်စစ်မီး ရရှိရေး မန္တလေးတွင် ငြိမ်းချမ်းစွာဆန္ဒပြနေ


လျှပ်စစ်မိးရရှိရေးမန္တလေးတွင်ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် (ဓါတ်ပုံ-CJMyanmar)

ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်းလမ်းလျှောက်ပွဲ ကျင်းပနေကြပါသည်။

မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရကြောင်း CJmyanmar - Facebook မှာ ဖော်ပြထားသည်။

မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းနှင့် ဓာတ်အား ဖြန့်ဝေရာတွင် အလှည့်ကျစနစ် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မန္တလေးမြို့ခံ စာပေပညာရှင်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် မြို့ခံလူထုတို့က မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အနီးတွင် ယနေ့ည ၇ နာရီ တိတိမှ စတင်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြလျက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

“လေးယောက်တစ်တွဲ စီတန်းလှည့်လည်နေတာပါ။ အင်အား ၂၀၀ ကျော်လောက် ရှိတယ်။ အနောက်ကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်နေတဲ့ လူထုက အဲဒီနှစ်ဆကျော်လောက် ရှိပါတယ်” ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့သည်ဟု The Voice Weekly-Facebook မှာလည်း ဖော်ပြထားပါသည်။








မူရင်းသတင်းက ဒီမှာပါ။

လစာတိုးရေးဆက်ပြီး အရေးဆိုမယ်လို့ အလုပ်သမားများဆုံးဖြတ်

လုပ်ခလစာ တိုးပေးရေး တောင်းဆိုနေတဲ့ ဂရင်းရွိုင်ရယ် အရက်ချက် စက်ရုံက အလုပ်သမားတွေက လက်ရှိ အလုပ်ရှင်က တိုးပေးတဲ့နှုန်းထား ကို မကျေနပ်တဲ့ အတွက် ဆက်ပြီး အရေးဆိုသွားမယ်လို့ ဒီကနေ့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ ကတည်းက စတင်ပြီး အလုပ်သမားတွေနဲ့ စက်ရုံတာဝန်ရှိသူတွေ၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ၃ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှုမရရှိခဲ့ဘဲ၊ အရေးဆိုနေတဲ့ အလုပ်သမားတွေကို စက်ရုံက ဖိအားပေး အရေးယူတာတွေ ပြုလုပ်လာတယ် လို့ အလုပ်သမားခေါင်းဆောင် တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ၀န်ကြီးဌာနက ဗိုလ်မှူးကြီး ယုလွင်အောင်နဲ့ ဂရင်းရွိုင်ရယ် ရက်ချက်စက်ရုံက တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပြီး လုပ်ခလစာ ၆၀၀၀ တိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်သမားတွေဘက်က လုပ်ခလစာ ၃သောင်းလောက် တိုးပေးဖို့ တောင်းဆိုထားပါတယ်။

လစာတိုးတောင်းတဲ့ အလုပ်သမားတွေဟာ ညှိနိုင်းမှုတွေ စတင်တဲ့ ဧပြီ ၂၈ ရက်နေ့ ကတည်းက အလုပ်ဆင်းခွင့်မရဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်က လုပ်ခလစာ ၆၀၀၀ တိုးပေးတာကို လက်ခံတဲ့သူတွေ လက်မှတ်ထိုးရင် စက်ရုံတွင်း ၀င်ခွင့်ပြုမယ်လို့ ဆိုင်းဘုတ်ကပ်ထားကြောင်း အလုပ်သမားတွေက ပြောပါတယ်။

လုပ်ခလစာတိုး ၃ သောင်းတိုးပေးဖို့ တောင်းဆိုထားတာတဲ့အပေါ်မှာ ညှိနိုင်းတာကိုပဲ အလုပ်သမားတွေဘက်က လိုလားကြောင်း၊ အခုလို တစ်ဘက်သတ် ဆုံးဖြတ်ပြီး ၆၀၀၀ကျပ် ပဲပေးတာကို လက်မခံနိုင်ကြောင်း အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

RFA-Burmese




မူရင်းသတင်းက ဒီမှာပါ။

အခြေခံရပိုင်ခွင့်တွေရဖို့ သံမဏိစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ Yangon Crown သံမဏိစက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ လုပ်ခ လစာတိုးမြှင့်ရေး အပါအ၀င် အချက် ၁၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတာပါ။ အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေအနေနဲ့ အလုပ်မဆင်းတာ ၃ ရက်ပြည့်ရင် အလုပ်ကနေ အလိုအလျောက် နှုတ်ထွက်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ သပိတ်ဖြစ်မြောက်ရေး ကော်မတီကတော့ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ မနက် ၇ နာရီကစပြီးတော့ မှော်ဘီမြို့နယ် Yangon Crown သံမဏီစက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ လက်ရှိ သူတို့ရရှိနေတဲ့ တနေ့လုပ်အားခ ၁၆၀ ကို တိုးမြှင့်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေး အပါအ၀င် အခြေခံရပိုင်ခွင့်တွေကို ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုအေးလွင် က အခုလို ပြောပြပါတယ်။

“နံပါတ် (၁)၊ အခြေခံလစာ နည်းပါးခြင်းကို ညှိနှိုင်းရန်၊ အချိန်ပို လုပ်အားခများကို ထိုက်တန်စွာ ရရှိရန်၊ နံပါတ် (၂)၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေများကို ညှိနှိုင်းရန်၊ နံပါတ် (၃)၊ အလုပ်သမားများအား ငွေကြေးနှင့် ဒဏ်ခတ်ခြင်းများ ပပျောက်စေရန်၊ နံပါတ် (၄)၊ တရားဝင် ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက်များကို သတ်မှတ်ပေးရန်၊ နံပါတ် (၅)၊ အလုပ်သမားများထံမှ နိုင်ငံသားမှတ်ပုံတင်များ သိမ်းဆည်းထားခြင်းစနစ်ကို ဖျက်သိမ်းပေးရန်၊ လူမှုဖူလုံရေးကဒ်ပြားများကို လုပ်သားများအားလုံးအား ထုတ်ပေးရန်၊ တရုတ်စက်ရုံမှူးများနှင့် မြန်မာစက်ရုံမှူးများ နားလည်မှုယူရေး တိကျသော အလုပ်တာဝန်ပေးအပ်ရန်၊ အလုပ်သမားများအား လစာပေးချေရာတွင် လဆန်း ၅ ရက်နေ့ နောက်ဆုံးထား၍ ပေးချေရန်၊ အလုပ်သမား ဘေးအန္တရာယ် ကင်းရှင်းရေးဌာန၊ အလုပ်သမား ကျန်းမာရေးဌာနနှင့် ၀န်ထမ်းရေးရာ ဌာနများကို သီးခြား ဖွင့်လှစ်ပေးရန်၊ နံပါတ် (၉)၊ ဌာနဆိုင်ရာ တစ်ခုစီတွင် အရေအချင်း ပြည့်မှီသော စကားပြန်တစ်ယောက်ဆီ ထားရှိရန်၊ နံပါတ် (၁၀)၊ ဆုကြေးစားသမားများ ဆုကြေးရသကဲ့သို့ အခြား မည်သည့်အောက်ခြေ အလုပ်သမားများမဆို ထိုက်သင့်သလို ဆုကြေး တိုးပေးရန်၊ နံပါတ် (၁၁)၊ အလုပ်သမားများအား လုပ်ငန်းသုံး ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ပစ္စည်းများကို လိုအပ်သည့်အခြေအနေတွင် အခမဲ ထုတ်ပေးရန်၊ လုပ်ငန်းနှင့် မသတ်ဆိုင်သော လုပ်ငန်းများကို မခိုင်းစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပတ်သက်၍ စက်ရုံမှ ၀ယ်ယူသောအခါ ရောင်းချသော ကုန်သည်များနှင့် ညှိနှိုင်းပြီး တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ရန်၊ နံပါတ် (၁၃)၊ အလုပ်သမားများအပေါ် နိုင်လိုမင်းထက် ရိုင်းပြစွာ ဆက်ဆံသော စက်ရုံမှူးအား ရာထူးတာဝန်မှ လုံးဝ ရပ်ဆိုင်းပေးရန်။ ၁၃ ချက်ပါ။”

ဒါ့အပြင် Yangon Crown သံမဏိစက်ရုံကို ပိုင်ဆိုင်တဲ့ အလုပ်ရှင်ဟာ နိုင်ငံခြားသား တရုတ်လူမျိုးဖြစ်ပြီး - ဒီစက်ရုံမှာ တရုတ်အလုပ်သမား ၀န်ထမ်းတွေလည်း ရှိပေမဲ့ - မြန်မာအလုပ်သမားတွေအနေနဲ့ အဲ့ဒီ တရုတ်အလုပ်သမားတွေနည်းတူ ခံစားခွင့် အခွင့်အရေး တန်းတူမရရှိဘူးလို့လည်း ကိုအေးလွင်က ပြောပြပါတယ်။

“သူတို့အနေနဲ့က သူတို့လူမျိုးဖြစ်နေတဲ့ တရုတ်ကိုပဲ facility အပြည့်ပေးတာလေ။ သူတို့မှာ စက်ရုံမှူးခွဲ ရှိတယ်လေ။ အခြား အခြေခံလစာနဲ့ အလုပ်ကြမ်းလုပ်ရတဲ့သမားကို သူတို့လူ ကျတော့ မခန့်ဘူးလေ။ မြန်မာလူမျိုးနဲ့ပဲ ဒီအလုပ်ကြမ်းအလုပ်ကို လုပ်ရတယ်။ သူတို့ခန့်ထားတဲ့ စက်ရုံမှူးဆိုတာ သူတို့ တရုတ်လူမျိုးနဲ့ပဲ ခန့်ရတယ်။ အဲဒီကြားထဲမှာ စကားပြန်နဲ့ အလုပ်လုပ်ရတယ်။ စကားပြန်နဲ့ အလုပ်လုပ်ရတော့ အဆင်မပြေမှုတွေ ရှိတယ်။ ရှိတဲ့အခါမှာ အလုပ်သမားတွေက ပြန်ပြီးတော့ ဒဏ်ကြေးဆိုတာ အရိုက်ခံရတယ်။ ဒဏ်ကြေးကို ငွေကြေးနဲ့ အရိုက်ခံရတယ်။”

အလုပ်သမားတွေဘက်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်ဘက်ကတော့ - ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ခဲ့တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“အလုပ်ရှင်တွေနဲ့ ညှိလိုက်တဲ့အခါကျတော့ အလုပ်ရှင်က ဘာပြောလဲဆိုတော့ အလုပ်သမားထုကို သူက ပြောတဲ့စကားက သုံးရက်အတွင်းမှာ လုပ်ငန်းပြန်ဝင်ပါ။ တကယ်လို့ သုံးရက်အတွင်း မ၀င်ဘူးဆိုရင် ဒီအလုပ်သမားတွေ အားလုံးကို သူက ဖြုတ်တယ်ဆိုတဲ့ ရာဇသံကို သူက ပေးလိုက်တယ်။ အဲဒီတော့ တောက်လျှောက်ဆက်ပြီးတော့ တလပဲကြာကြာ ဘယ်လောက်ပဲ ကြာကြာပေါ့နော်၊ ကာလတခုအထိ မရမချင်းတိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ အကုန်ချပြီးသွားပြီ။”

လောလောဆယ်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြေလည်မှုရစေဖို့ စက်ရုံအုပ်ချုပ်ရေးမှူးတွေနဲ့ သပိတ်ကော်မတီဝင်တွေအကြား ပြောဆိုနေတာသာရှိပြီး ဘယ်အဖွဲ့ကမှ ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဆန္ဒပြတောင်းဆိုမှု ဒုတိယမြောက်နေ့ဖြစ်မယ့် တနင်္လာနေ့ကျရင်တော့ ဒီအခြေအနေအားလုံးကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်တွေထံ တိုက်ရိုက်တင်ပြသွားဖို့ သပိတ်ကော်မတီက ဆုံးဖြတ်ထားကြောင်းလည်း ကိုအေးလွင်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်တာမျိုး မရှိခဲ့ဘဲ အဝေးကနေသာ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုးပဲ ရှိခဲ့တယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောပြပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လှိုင်သာယာမြို့နယ် ရွှေပြည်သာစက်မှုဇုံမှာရှိတဲ့ စက်ရုံ (၆) ရုံ က ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အလုပ်ရှင် အလုပ်သမား အကြား ပြေလည်မှုရဖို့ အာဏာပိုင်တွေဘက်က ကြားဝင် ဖြေရှင်းခဲ့ပေမဲ့ အခုအချိန်ထိ ပြေလည်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

မူရင်းသတင်းက ဒီမှာပါ။

Form ရောင်းစားနေတာလား


အခုဆိုရင်..မြန်မာနိုင်ငံမှာအလုပ်တွေခေါ်တာများလာတော့ အလုပ်အကိုင်ရှာဖွေရေး Agent တွေလည်း တော်တော်အလုပ်ဖြစ် နေပါတယ်..။ အလုပ်အကိုင်ရှာဖွေရေး Agent တရားဝင်အမည်မခံဘဲ လုပ်စားနေတဲ့ အဖွဲအစည်းတွေလည်း ရှိနေပါတယ်..။ အလုပ်အကိုင်ရှာဖွေနေကြတဲ့ ဘွဲ့ရပညာတက်လေးတွေမှာ မရှိတဲ့ကြား က အချိန်ကုန်၊ လမ်းစရိတ်ကုန် ၊ စာရွတ်စာတမ်းကြေးတွေကုန်ဖြစ်ရတဲ့အပြင် အလုပ်ခေါ်တယ်ဆိုပြီး Form ရောင်းစားနေတဲ့ ကုမ္ပဏီ တွေလည်း ရှိနေပါတယ်..။

စာရေးသူကိုယ်တိုင် အလုပ်တစ်ခုခေါ်တာကို သွားလျှောက်ကြည့်ပါတယ်..။ စဦးဆုံးသွားလျှောက်ရင် ကိုယ်တိုင်ခေါ်တဲ့ ကုမ္ပဏီ တွေဆိုရင် ကျနော်တို့ပေးတဲ့ စာရွတ်စာတမ်းတွေကို စစ်ဆေးကြည့်ရှုပြီး လက်ခံထားလိုက်ပါတယ်..။ လုပ်ငန်း တွင်းရှိ တာဝန်ခံများနဲ့ ဆွေးနွေးပြီး အလုပ်ခေါ်ကြပါတယ်။ တချို့ ကုမ္ပဏီများကြတော့ သတ်မှတ်ထားတဲ့ အလုပ်လျှောက်လွှာများ ထုတ်ပေးကြပါတယ်..။

အဲ့ဒီအတွက် ငွေကြေးတစ်စုံတရာတောင်းခံတာမျိုးမရှိပါဘူး..။ ကျနော်တွေ့ခဲ့တဲ့ ကုမ္ပဏီကျတော့ အဲ့လိုမျိုး မဟုတ်ပါဘူး..။ ရောက်တာနဲ့ Form ဖြည့်ခိုင်းတော့တာပါပဲ..။ ပြီတော့ပြောပါတယ်..။ သူတို့က ကိုယ်စား ရှာဖွေပေးတာလို့..။ ကိုယ်စားရှာဖွေပေးရင် Agent ပေါ့..။

လိုင်စင်တွေဘာတွေ ရေးထားတင်ထားတာလည်း မတွေ့ခဲ့ပါဘူး..။ ထားပါတော့..အဲ့ဒါတွေ..။ ကျနော်လည်း ဘွဲ့ရ အလုပ်လက်မဲ့ ဆိုတော့ ကျွမ်းကျင်မှုအလိုက် အလုပ်ရှာရမယ်လေ..။ သူတို့ရောင်းတဲ့ Form လေးကိုဝယ်ပြီး ဖြည့်ရပါတယ်..။ ဖြည့်ပြီးတော့ သူတို့တောင်းတဲ့ ၀န်ဆောင်ခငွေကြေးကိုပေးရပါတယ်..။ တစ်ထောင် ပေးရပါတယ်။ အလုပ်ရ /မရ တော့မသိပါဘူး။ ကျနော်တို့ဆီကနေ တစ်ထောင်တော့ ယူသွားပါပြီ။ အလုပ်မရှိအကိုင်မရှိတွေဆီကနေ တစ်ထောင်ရအောင်ယူသွားနိုင်တာ သူတို့တော်ပါတယ်ဗျာ..။ အမှန်ဆို ကျနော်သွားတင်ကတည်းက အလုပ်ကိုယ်စားရှာပေးတဲ့ကိုယ်စားလှယ်ကုမ္ပဏီ လို့ မထင်လို့သွားတင်မိတာပါ..။ ရောက်နေမှတော့ ဆိုတဲ့ (မထူးပါဘူး ဆိုတဲ့)စိတ်ကလေးနဲ့ တင်လိုက်တာပါ..။

နောက်နေ့ကျတော့ သူတို့အလုပ်ခေါ်စာထဲမှာ နောက်ထပ်ကျနော်ကျွမ်းကျင်တဲ့အလုပ် (လိုချင်တဲ့အလုပ်) နောက်တစ်ခုတွေ့လို့ ဖုန်းဆက်ပြီးပြောပါတယ်..။ အဲ့ခါကျတော့ နောက်ထပ်တစ်ကြိမ် ၀န်ဆောင်ခ ထပ်ပေးရ မယ်တဲ့ဗျာ…။ တစ်ကယ့် အလုပ်အကိုင်ရှာဖွေရေးAgent ကြီးတွေတောင် တစ်ကြိမ်မှတ်ပုံတင်ထားရင် ၆ လ အတွင်း အလုပ်မရမချင်းရှာပေးပါတယ်..။ အလုပ်တစ်ခုမဟုတ်ပါဘူး။ အလုပ်ပေါင်းများစွာပါ..။

သူတို့ကျမှ ၂ခုလျှောက်လို့ ၂ခါပေးရမယ်ဆိုတော့ ကျွမ်းကျင်မှုအလိုက်ဖြစ်စေ..ဒီဘက်ခေတ်အခြေအနေအရ ရတဲ့အလုပ်လုပ်ရမယ်..။ ၃/၄/၅ခုလျှောက်ထားမှ တစ်ခုရမယ်ဆိုတဲ့ တစ်စုံတစ်ခုကို သေချာစေလိုတဲ့စိတ်မျိုးနဲ့ အလုပ်လျှောက်လွှာတင်ထားချင်တဲ့သူတွေအတွက်ကတော့ ခုနက ပုံစံကြီးက လုပ်စားတာကြီးမှန်း သိသာ စေပါတယ်..။

တစ်ကယ်အလုပ်ရရင်လည်း တစ်ခုပဲလုပ်နိုင်မှာပါ..။ အချိန်ပြည့်အလုပ်ကို ဘယ်သူမှ ၂ ခုမလုပ်နိုင်ပါဘူး။ သေချာတာကတော့ သူတို့အလုပ်မှာ လာလျှောက်ရင် ၁ခုလျှောက်ရင် ၁၀၀၀၊ ၂ခုလျှောက်ရင် ၂၀၀၀ ပေးရ မှာပါ။ Form တွေကိုလည်း အကန့်အသတ်မရှိရောင်းနေပြီး အလုပ်ခေါ်နေမှာပါ..။ သေချာပေါက် အင်တာဗျူး ၀င်ရမှာပါလို့လည်း ကတိစကားပေးလိုက်ကြပါသေးတယ်..။

မျှော်လင့်ချက်ပေးလိုက်တာပေါ့ဗျာ..။ ပိုက်ဆံ ယူထားတာကိုး…။ မကြိုက်လို့ မခေါ်ပါဘူးဆိုရင် ပြီးသွားပြီလေ..။ အလုပ်သမားတွေက အများကြီးကိုးဗျ..။ အဲ့ဒီလို ကုမ္ပဏီမျိုးတွေ မြန်မာနိုင်ငံမှာဘယ်လောက်ရှိနေလဲ ဆိုတာမသိနိုင်ပေမယ့် အခုတော့ စာရေးသူက တစ်ခု တွေ့သွားပါပြီ။ ယခု Post လေးကို ဖတ်နေတဲ့ မိတ်ဆွေများ သိလိုရင် စာရေးသူကပြောပြပါမယ်..။

ထီးလှိုင်ရှင် စီးပွားရေးအုပ်စုဖြစ်ပါတယ်။(Job Opportunities Journal .No.337, Page 80) မှာ အလုပ်ခေါ်စာ ပါပါတယ်။ ဖောင်ပိတ်ရက်က ၂၀.၅.၂၀၁၂ ပါ။ မန်နေဂျာ (အရောင်း/စီမံ/အစားအစာ/ကူးသန်းရောင်းဝယ်/ အုပ်ချုပ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်) ၊လက်ထောက်မန်နေဂျာ၊စာရင်းကိုင်၊လက်ထောက်စာရင်းကိုင်၊ စာရင်းစစ်၊စကားပြန်၊ရုံးဝန်ထမ်း၊အထည်ချုပ်၊ မော်တာစက်ချုပ် ကျွမ်းကျင်၊ဒရိုက်ဘာ၊အထည်ချုပ်ဝန်ထမ်း စသည့်အလုပ်အကိုင်ပေါင်းများစွာ(စုစုပေါင်း - 1301 ခု)ကို ၂၀.၅.၂၀၁၂ နေ့ နောက်ဆုံူံးထားပြီး လျှောက်ထားနိုင်ပါတယ်..။ ရန်ကုန်၊မန္တလေး၊နေပြည်တော် (၃) ဒေသလုံးလျှောက်ထားနိုင်ပါတယ်..။

စိတ်ဝင်စားရင်သွားလျှောက်ထားနိုင်ပါတယ်။စာရေးသူလျှောက်ခဲ့ပါတယ်။ အလုပ် ၂ ခုလျှောက်ချင်တာ.. ၂ ခု စာ တောင်းလို့ ၁ ခုပဲ လျှောက်ထားပါတယ်။
အင်တာဗျုးဝင်ပြီးရင်လည်း အတွေ့အကြုံလေးတင်ပြပါဦးမယ်..။ အလုပ်ရရင်လည်း တင်ပြပါဦးမယ်..။ မရရင်လည်း တင်ပြပါဦးမယ်။ တစ်ပတ်အတွင်း အင်တာဗျူးဝင်ရမယ်လို့ ပြောပါတယ်..။ (Form Fee 1000 Ks × ???? = ××××××× Kyat) အလုပ်နေရာ ၁၃၀၁ နေရာအတွက် ရောင်းချမယ့် ဖောင်တွေက ဘယ်လောက်ဖြစ်မလဲ..စာရှုသူ စဉ်းစားကြည့်နိုင်ပါသည်။

စာရေးသူ မျှော်လင့်နေပါတယ်…။

နန်းညွန့် ဦး

မူရင်းသတင်းက ဒီမှာပါ။

A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ


A.C.E ကုမ္ပဏီပိုင်ရှင် ၀န်ကြီးဦးတင့်ဆန်း

နေပြည်တော်တွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာ ရှိသည့်အနက် A.C.E ကုမ္ပဏီ ဆိုလျှင်မသိသူ မရှိသလောက်နီးပါးရှိပါသည်။ မြန်မာနိုင်ငံ၏ အထင်အရှားဖြစ်သော လွှတ်တော်စီမံကိန်းကို တည်ဆောက်ခဲ့သောကြောင့် သိကြသည်။ နေပြည်တော် FC ဘော်လုံးအသင်း၏် ပိုင်ရှင်ဖြစ်သောကြောင့် သိကြသည်။ ကုမ္ပဏီ ပိုင်ရှင် ဦးတင့်ဆန်း မှာ အား ။ ကာဝန်ကြီး ဌာနနှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန နှစ်ခုကို တာဝန်ယူ အုပ်ချူပ်ရသော ပြည်ထောင်စု လွှတ်တော်မှ ဝန်ကြီးတစ်ယောက်ဖြစ်သောကြောင့် သိကြပါသည်။

A.C.E ကုမ္ပဏီတွင်ဝန်ထမ်းတိုင်း ကြုံတွေ့နေရသော ပြသနာတစ်ရပ်မှာ အလုပ်ပိတ်ရက် လုံးဝ မရရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သည် A.C.E ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ပါသည်။ မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ တာဝန်ကျသှောငအန တွင် အလုပ်လုပ်ပါသည်။ လာကြိုသော ဖယ်ရီဖြင့် ဗ.ဃ.န ဝန်ထမ်းအိမ်ယာ သို့ ညနေ ၆ နာရီ မှ ပြန်ရောက်ပါသည်။ ည ၈ နာရီ ထိုးသော အခါ ဝန်ထမ်းအိမ်ယာ အတွင်းရှိ ပင်မရုံးတွင် ညရုံးတက်ရပါသည်။ O.T ဟုခေါ်သော အချိန်ပို ဆင်းရပါသည်။ ည ၁၁ နာရီမှ ရုံးဆင်းပါသည်။ အလုပ်သမားဥပဒေ အရ ဝန်ထမ်းတစ်ယောက်၏ တစ်နေ့တာ အလုပ် လုပ်ချိန်သည် ၈ နာရီ သတ်မှတ်ထားပါသည်။ O.T အဖြစ်သတ်မှတ်ထားသော ၁ နာရီ၏ လုပ်အားခသည် ပုံမှန် ၁ နာရီလုပ်အား၏နှစ်ဆ နှုန်ထားဖြစ်ပါသည်။ သို့သော်လည်း တစ်ရက် ၁ဝဝဝ နှုန်းထားဖြင့် တစ်လ ၃ဝဝဝဝ ကျပ်သာရပါသည်။ ညရုံးတစ်ရက် ပျက်ကွက်ဖြစ်လျှင် ၂ဝဝဝ ကျပ်ဖြတ်တောက်ပါသည်။ ၇ ရက် ပျက်ကွက်ဖြစ်ပါက ၃ဝဝဝဝ ကျပ်ဖြတ်တောက်ပါသည်။

A.C.E ကုမ္ပဏီ သည် ဝန်ထမ်းများကို ကျွန် များသဖွယ် မညှာမတာ ခိုင်းနေသည်။အလုပ်ပိတ်ရက်မှာ စနေနေ့ ညတစ်ညမှ လွဲ၍ လုံးဝ မရှိပါ။ ၁ ရက်တိတိ ပိတ်သည်ဟူ၍မရှိပါ။ လွတ်လပ်ရေးနေ့ ၊ အလုပ်သမားနေ့ စသော စသော နေ့များတွင်လည်းပိတ်မပေးပါ။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင်သော ကုမ္ပဏီမှ MD ဖြစ်သော ဦးဇော်မိုးဝင်း ကလည်းထင်သလို လုပ်နေသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ကလည်းလက်ပိုက်ကြည့်နေသည်။ ဝန်ထမ်းများကလည်း မပြောရဲကြပါ။ အနားယူချိန် လုံးဝ မရှိပါ။ ယခုမူ ဝန်ထမ်းများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ၊ ဘဝတိုးတက်ရေးများအတွက် A.C.E ကုမ္ပဏီမှ မျက်စိ၊နား များကို သေချာစွာ ပိတ်ထားသည်။

အချုပ်ဆိုရသော် ရုံးပိတ်ရက် တစ်ရက်မှမရရှိသည့် ပြသနာ နှင့် ညစဉ် ညရုံးတက်ရသောပြသနာမှာ အဆိုးဆုံးပင်ဖြစ်ပါသည်။ ဤသည်ကို သမ္မတကြီး ဦးသိန်းစိန် နှင့်တကွ အလုပ်သမားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ပြည်သူလူထု တစ်ရပ်လုံးအား သိစေချင်ပါသည်။ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း ပိုင် MD ဦးဇော်မိုးဝင်းအုပ်ချုပ်နေသော A.C.E ကုမ္ပဏီ တွင်အလုပ် လုပ်လျှက်ရှိသော ဝန်ထမ်းများ၏ ဘဝ ကို သနားသောအားဖြင့် သက်ဆိုင်ရာ စွမ်းဆောင်နိုင်သော အဖွဲ့အစည်း များသို့ ဝေမျှကာ ကျွန်တော်တို့အားကယ်တင်စေလိုပါသည်။

A.C.E ကုမ္ပဏီဝန်ထမ်းများ(နေပြည်တော်)

မူရင်းသတင်းက ဒီမှာပါ။