မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ဟာ မနေ့  က နေ့ လည်ပိုင်း က ရန်ကုန် နေအိမ်မှာ မူးလဲတာ
ကြောင့် ဒီနေ့  အနားယူနေကြောင်း ရန်ကုန် က လာတဲ့ AP သတင်း တစ်ရပ် မှာ ဖော် ပြထား ပါ
တယ်။
နှလုံးခုန်စက် (Pacemaker) တပ်ဆင်ထား ရသူ တစ်ယောက် လည်း ဖြစ်ပြီး ၊ နှလုံး ရောသွေး
ကျောကျဉ်း နဲ့  ဆီးချိုရောဂါ တွေ လဲ ရှိသူ ဖြစ်ပါတယ်။ ဦးသိန်းစိန် ကျန်းမာရေး မကောင်း တဲ့
သတင်း ဟာ အပြောင်းအလဲ ကို လိုလားတဲ့ မြန်မာ တွေ အတွက် သတင်း ဆိုး တစ်ခု ဖြစ် ပြီး
တကယ်လို့  သူ က ဆက် ပြီး တာဝန်မထမ်းဆောင် နိုင်တော့ ရင် သူ နေရာ ကို ဘယ်သူ ဆက်
ခံ မှာ လဲ သူ့ လို ပဲ အပြောင်း အလဲ တွေ ဖော်ဆောင်မှာ လား ဆိုတာ မေးစရာ ရှိတယ်လို့  နေ
ပြည်တော် မြို့  က ဟိုတယ် တစ်ခု မှာ တာဝန်ထမ်းဆောင် ထမ်းနေတဲ့ ကို မင်းဇော် က FNG
ကို ပြောပါတယ်။
အတည်မပြု ရသေးတဲ့ သတင်း တွေ အရ တော့ သမ္မတ ဦးသိန်းစိန် ဟာ လို အပ် ရင် စင်္ကာပူမှာ
သွား ရောက် ဆေးဝါး ကုသခံ ယူရမယ် လို့  လဲ ဆိုကြပါတယ်။
မေလ ၃ ရက်နေ့  က ရာထူး က နှုတ် ထွက် စာ တင် ထားတယ် ဆို တဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး
ရဲ့  သတင်း ကို အတိအကျ ထုတ် ပြန်ပေး ဖို့  လွှတ်တော် အမတ် တစ်ချို့  က တောင်း ဆို နေပေမယ့်
မြန်မာ အစိုးရ က တရား ၀င် သတင်း ထုတ် ပြန်ခြင်း မရှိ ဘဲ နှုတ်ထွက် စာ တင်တယ် ဆို တဲ့ သတင်း
ပဲ ထုတ် ပြန်ပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့  ပြန်ကြား ရေး ဆိုင်ရာ ရုံး အဖွဲ့  မှုး ဖြစ်သူ ဗိုလ်မှုး ဇော်ဌေး ရဲ့  FB မှာ တော့
သမ္မတ ရဲ့  ၀ဘ်စာမျက် နှာ က ဒီနေ့  တင်ထား တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၁၁/၂၀၁၂) ကို ကိုးကား ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ဗဟို ကော်မတီ တွင် ဖွဲ့ စည်း ခြင်း တွင် ဦးသိန်းစိန် က ဥက္ကဌ ၊ ဦးတင်အောင်မြင့်ဦး
က အဖွဲ့  ၀င် အဖြစ်တာဝန်ယူထား တယ် လို့  ဖော်ပြ ထား ပါတယ်။
ဒါပေမယ့် အဲဒီ ကြေငြာ ချက် ဟာ ဦး တင်အောင်မြင့်ဦး နှုတ်ထွက် စာ တင်တဲ့ နေ့  ရဲ့  ရက်စွဲ ဖြစ်ပါ
တယ်။
ပွင့် လင်း မြင်သာ မှု တွေ လုပ်မယ် လို့  ကြေငြာ ထား တဲ့ မြန်မာ အစိုးရ ဟာ ဦးတင်အောင်မြင့်ဦး
ရဲ့  သတင်း ကို တရား ၀င် ထုတ် ပြန် ဖို့  အရေး မှာ အကြောင်း မဲ့ တွန့် ဆုတ်နေတာ ကတော့ ရှက်
စရာ လို ပဲ ကျွန်တော် ယူဆ တယ် လို့  ရန်ကုန် တက္ကသိုလ် သမိုင်းဌာန က ဆရာ တစ်ဦး က FNG
ကို ပြောပါတယ်။
ဦးသိန်းစိန် ဟာရန်ကုန် နေအိမ်မှာ မူးလဲတာ ဟာ ဦးတင်အောင်မြင့်ဦး ရဲ့  ကိစ္စ မျိုး တွေ စတဲ့ စိတ်
မသက်သာ စရာ အကြောင်း တွေ ပါသလား ၊ ဒုသမ္မတ နဲ့  အား ပြိုင်စရာ ကိစ္စ တွေ များ ဖြစ်နေသလား
ဆိုတာ လို မျိုး ထက် ၊ အချို့  ကလည်း ကျန်းမာရေး အကြောင်း ပြ ပြီး ဒု သမ္မတ လို မျိုး ၊ သမ္မတ ပါ
နှုတ်ထွက် မလား ဆိုတာ စဉ်းစား စရာ ဖြစ်နေတယ် လို့  ဆိုပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
Friday, May 18, 2012
အမေရိကန်အစိုးရက ဆန်ရှင်ကို ဆက်သက်တမ်းတိုးသော်လည်း တင်းကြပ်မှု ဖြေလျော့ပေး
ယမန်နေ့က အမေရိကန်ပြည်ထောင်စု၏ အိုဘားမားအစိုးရက မြန်မာပြည်အစိုးရကို ပိတ်ဆို့အရေးယူမှုသက်တမ်း တနှစ်ဆက်တိုးလိုက်သည်။ သို့သော်လည်း စီးပွားရေး ရင်းနှီးမြုပ်နှံမှုများကို ယာယီကင်းလွတ်ခွင့်ပြုလိုက်သည်ဟု ဆိုသည်။ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်းတို့ကို ဆက်လက်ထားရှိမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူ အာဏာရှင်နှင့် အပေါင်းအပါများ မိသားစုများအပေါ်ငွေကြေးပိတ်ဆို့ခြင်းကို ပြန်လည် စိစစ်မည်ဟု သတင်းစာများတွင် ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့အစည်းများနှင့် မြန်မာ့အရေးလှုပ်ရှားသူများက အမေရိကန်အစိုးရ၏ ခြေလှမ်းကို ဝေဖန်ကြသည်ဟု ဆိုသည်။ အမေရိကန်အစိုးရကမူ မြန်မာပြည်တွင်းစစ်ရပ်ဆိုင်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့်တကွ မြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆက်လက် တိုက်တွန်း နှိုးဆော်သွားမည်ဟု ပြန်ကြားသည်။
အမေရိကန်က မြန်မာပြည်အတွက် သံအမတ်အဆင့် ကိုယ်စားလှယ်တိုးမြှင့်ခံ့ထားလိုက်ပြီး မြန်မာပြည်သို့ အမေရိကန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များကလည်း လေ့လာရေး ရောက်ရှိနေပြီ ဖြစ်သည်။ ဘဏ်၊ ငွေကြေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ နှစ်ဖက် ထူထောင် လမ်းဖွင့်ရန်အတွက် အစိုးရပိုင်းသာမက ကုန်သည်များအသိုင်းအ၀ိုင်းကပါ စိတ်အားတက်ကြွနေသော အချိန်အခါ အခြေအနေဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အမေရိကန်၏ မြန်မာပြည်အပေါ်မူဝါဒအပြောင်းအလဲကို ထုတ်ပြန်ချိန်တွင် မြန်မာပြည်ကြံ့ဖွံ့အစိုးရအသစ်၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်လည်း အမေရိကန်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အင်န်အယ်ဒီပါတီက ကြံ့ဖွံ့အစိုးရထံတွင် ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြီးသည့်နောက်ပိုင်း မြန်မာပြည်၏ စစ်အစိုးရအဆက်ဆက်အပေါ် နိုင်ငံတကာ၏ အရေးယူမှုများ တင်းမာမှုများ လျော့ကျလာခဲ့ပြီဖြစ်သည်။
မူရင်းသတင်းက ဒီမှာပါ။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား
၂၀၁၂ မေလ (၁၆)ရက်နေ့ နေလည်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က
ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား ခဲ့ကြောင်းသိရပါသည်။
ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးပါသည်။
အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း (၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း (၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။
CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့ သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့် အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။
ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရ မည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့် သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန် ထပ်ဆင့်ညွှန်ကြားပါသည်။
ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂) ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီ အထိဖြစ်သည်။
ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/က ကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။ ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှ ဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့် ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှ ဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။
ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံ များကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများက ပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာ သင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာ သင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့ ဦးတည်ချီတက်ခဲ့ကြသည်။
မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက ၀ိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးက ပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင် (၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။
(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-
၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊
၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊
၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်းတို့ဖြစ်ပါသည်။)
ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြား ပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။ ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါ သည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့် စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေး များကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာ အစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာ တစ်ဦးက Myanmar News Now ကိုပြောထားပါသည်။
ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှ ပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်း သင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။
Myanmar News Now

လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ)
ဟင်္သာတမြို့ 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် ပညာရေးမှူးရုံးမှ မူလတန်းပညာရေး ၀န်ထမ်းတစ်ဦးလျှင် 100%နှုန်းဖြင့် 2010 ဇန်န၀ါရီလမှစပြီး လစဉ် ရုံးထောက်ပံ့  ငွေဖြတ်တောက်ခဲ့ ပါတယ်။
မူလတန်းပညာရေးဝန်ထမ်း 2000 ကျော်ရှိပါတယ်။ အငြိမ်းစားယူသွားသော ရုံးအုပ်စာရေးကြီး၏ ကြွေးကျန် 6 သိန်းကိုလည်းဝန်ထမ်းများထံမှဖြတ်တောက်ခဲ့  ပါတယ်။
ရုံးကုန်ကျစရိတ်များဖြစ်သော တယ်လီဖုန်း ကွန်ပြူတာမှတ်တမ်းနှင့် ခရီးစရိတ်များ လည်းကောက်ခံခဲ့ ပါတယ်။ 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်ပြောင်း မည်ဖြစ်ရွေ့ ရုံးထောက်ပံငွေပုံမှန် 100%အပြင်အခြားဖြတ်တောက်မှူ့ များရပ်တန့် ရန် စုပေါင်းတင်ပြသော်လည်း 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်မှ တစ်ဦးလျှင်230 နှုန်းကောက်ခံခဲ့ ပါတယ်။ မတ်လတွင်300၊ကောက်ခံသည့် အပြင် ဧပြီလတွင်700နှုန်းကောက်ခံခဲ့ ပါတယ်။
အဆိုပါ ရုံးထောက်ပံငွေ ကောက်ခံမှုတွေကို ရပ်ဆိုင်းပေးစေလိုကြောင်း ဟင်္သာတ မြို့ မှ မူလတန်းပညာရေးဝန်ထမ်းများ က Myanmar News Now ကို ပြောဆိုထား ပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ရဲတပ်ဖွဲ့ ဝင်များ)
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေ ရဲကင်းတွေဟာ လကုန်ရက်ကို ရောက်မှာကို ကြောက်နေကြပါတယ်။ ဘာလို့လည်းဆိုတော့ လစဉ် အကြောင်း ပြချက်မရှိ ဖြတ်တောက်ငွေက တလထက်တလ ပိုပိုဆိုးလာပါတယ်။
ပုသိမ်မြို့နယ်မှာ ရဲစခန်းပေါင်း (၈)ခုနဲ့ ရဲကင်းပေါင်း (၄)ခုရှိပါတယ်၊ ရဲစခန်းတစ်ခု ကိုပျမ်းမျှ (၂)သိန်းနဲ့(၃)သိန်းကြားနဲ့ရဲကင်းတစ်ခုကို ပျမ်းမျှ (၁)သိန်းခွဲဝန်းကျင် လောက် လစဉ် လစာငွေထဲကနေ အကြောင်းပြချက်မရှိ ဖြတ်တောက်နေတာပါ။
နောက်ပြီးတော့ လစဉ် မဂ္ဂဇင်း၊လဘက်ခြောက်စတာတွေကို မယူမနေရ ပေးပြီး အဲသည်အတွက်ကိုလည်း လစာကနေ ထပ်ပြီး ဖြတ်တောက်ပြန်ပါတယ်။ ပြက္ခဒိန်ဆိုတာကလည်း တစ်နှစ်ကို သုံးကြိမ်လောက်ရောင်းခိုင်းပါတယ်။ စောင်ရေတွေ ရာနဲ့ချီပြီးရောင်းခိုင်းတာပါ။ ရောင်းပေးရတဲ့ရဲစခန်းရဲကင်းက ရောင်းလို့ ကုန်ကုန်မကုန်ကုန် လစာထုတ်တဲ့အချိန်ကိုရောက်ရင် လစာငွေထဲက နေဖြတ်ယူလိုက်တာပါဘဲ။
နောက်ပြီးတော့ မတန်တဆဈေးနဲ့ မှတ်စုစာအုပ်တွေမယူမနေရ၀ယ်ခိုင်းပြီး အဲသည်အတွက်ကိုပါ လစာငွေကနေ ထပ်ပြီးဖြတ်ပြန်ပါတယ်။ ဒီကြားထဲကနေ မကြာခင်ရက်ထဲက ပြီးသွားတဲ့ လက်ဝှေ့ပွဲအတွက်လည်း လက်မှတ်တွေကို ရဲတပ်ဖွဲ့ဝင်တွေကို ရောင်းခိုင်းပါသေးတယ်။ ဒီလိုလုပ်ရပ်တွေကို ၀န်ကြီးနဲ့ ရဲချုပ်တို့မှ သိရှိပြီး ရပ်တန်းကရပ်အောင် လုပ်ပေးကြပါတော့။
အခုအချိန်မှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်လို့ အော်နေကြပေမယ့် အဲသည်တရားဥပဒေစိုးမိုးရေးကို အဓိကတာဝန်ယူနေကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ဘ၀ကိုလည်း ပြန်ကြည့်ပေးကြပါဦး။ နိုင်ငံတော်က ထောက်ပံ့ငွေ(၃)သောင်း လည်းပေးရော ပေးတဲ့လမှာဘဲ ဖြတ်တောက်ငွေကလည်းတိုးသွားပါတယ်။
နောက်ပြီးတော့ ယူချင်ချင် မယူချင်ချင် ယူရမယ်ဆိုပြီး မတန်တဆဈေးတွေနဲ့ ဈေးရောင်းတာတွေကို ရပ်ပေးပါတော့။ ကြက်ခြေနီပြက္ခဒိန်၊ မီးသတ်ပြက္ခဒိန်၊ ယာဉ်စည်းကမ်းပြက္ခဒိန်၊မဂ္ဂဇင်း၊ဂျာနယ်စတဲ့.....ဟာတွေအမျိုးမျိုးကိုအမိန့်နဲ့ ရောင်းခိုင်းပြီး လစာငွေထဲက ဖြတ်ယူတာတွေရပ်ပေးပါတော့။ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီလို မတန်တဲ့ဈေးနဲ့ ပြက္ခဒိန်တွေ ၊လဘက်ခြောက်တွေ၊......တွေကိုလိုက် ရောင်းနေရတာက ပြည်သူတွေအမြင်မှာ တော်တော်ဆိုးပါတယ်။
ပုသိမ်-ရဲတပ်ဖွဲ့ဝင်များ
မူရင်းသတင်းက ဒီမှာပါ။
ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
၂၀၁၂ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၁၀နာရီ ခန့်က ရှမ်းပြည်တောင်ပိုင်း
ရပ်စောက်မြို့မှ မန္တလေး သို့ ထွက်ခွာလာတဲ့ ဇာတိမာန်ယာဉ်လိုင်းမှ
မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
မူရင်းသတင်းက ဒီမှာပါ။
ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
မူရင်းသတင်းက ဒီမှာပါ။
အချစ်ဦးမောင့် ထံ
ချစ်ရပါသောမောင် .......
ရင်နဲ့ အမျှချစ်ခဲ့ ရလို့ 
အမျိုးဂုဏ်တောင် မစောင့်နိုင်ပဲ
ရှင်နဲ့ ကျမပေါင်းဖက်ခဲ့ ရတာပါမောင်
နောင်လာမဲ့ အနာဂါတ်အတွက်
ကျမရဲ့ မျိုးဆက်သစ်တွေအရေး
မတွေးမိခဲ့လို့ အခုဆို ဖေဖေ့ရဲ့ မျိုးဆက်လည်း ပျက်ရအပါပြီမောင်....
မောင့် ဘေးမှာဆေးပေးမီးယူ၊ ကြင်နာယုယ
ပြုစု အသုံးတော်ခံခဲ့တာ
အသက် ၄၃ နှစ် ထိပါမောင်....
နောင်တဆိုတာ......
နောင်မှရနိုင်တာမှန်ပေမဲ့ 
ကျမကတော့ မျိုးဆက်ပျက်သွားတဲ့
အရေးတွက်
ဗြိတိသျှတို့ ကြောင့် အသက်ကိုတောင်ပေးဆက်ခဲ့ဖူးသူ
အဘေး ဘိုမင်းရောင်နဲ့ အဖေ အောင်ဆန်းတို့ ကို ကျောပေးကာ
ရေမြေခြားပြီး မောင့် အနား မှာ ပြုစု နုရွ ပေးခဲ့တာကို
ကျေနပ်ပေးပါ မောင်........
ကျမမှာလည်း........
နှလုံးသားနဲ့ လူပါမောင် အိမ်ထောင်တာဝန်တွေ
ကျေပွန်စေခြင်သလို ယူထားတဲ့ ယောက်ျားကို သာယာမှု အပြည့်ပေးချင်တဲ့အပြင်
သားတွေ သမီးတွေလည်း ဒီထက်မက မွေးပေးချင်ပါတယ် မောင်.........
ဒါပေမဲ့ မောင်ရယ်........
အမျိုးဂုဏ်နဲ့  နှလုံးသားအလို
ဘာကိုပိုချစ်ရမလည်း
ကျမခွဲခြားနားလည်ရမယ်မောင်
ဒါပေမယ့် အမျိုးဂုဏ် ကို ကျမ စွန့်ရဲပါတယ်
မောင့်ကိုတော့ မြဲမြဲဆုတ်ထားမယ် မောင်...
အရောက်မလှမ်းနိုင်ခဲ့ တဲ့ 
ကျမအဖေရဲ့ အကြွေးကို
ကျမ ခန္ဓာကိုယ် ကို ပင်စတေးပြီး
ကျမပေးဆပ်ရမယ်မောင်.........
ဗြိတိသျှနဲ့ မြန်မာတို့ ရန်ညိုးတွေ ကျေဖို့လေ..
အဖေအောင်ဆန်းကို........
ပြည်သူတွေလွမ်းခဲ့ ရသလို
မျိုးမစောင့်တဲ့ သမီးစုကြည်ဆိုတာ
ပြည်သူတွေ မုန်းနေကြမယ်ဆိုတာ နားလည်ပါတယ်မောင်
အတိတ်တွေဘယ်လောက်မကောင်းကောင်း
ပြောင်းလည်းမှုတွေနဲ့ ကျမကျိုးစားရင်း
ဂွေးစေ့ ကင်ဆာနဲ့ နိုးကြားနိုင်ခြင်းမရှိတော့ တဲ့ မောင့် ကို
နိုးထ အောင် ကျမ အမြဲ ပြုစုခဲ့တာကို ကျမ သတိရမိတယ် မောင်...
ကျမ အခု အလှူအတန်းတွေ အများကြီးလုပ်နေတယ်
ရက်ရက်ရောရော ပေးကမ်းနေတယ်လေ
စေတနာရှိလို့ မဟုတ်ဘူးမောင်....
မောင် သာဓု ခေါ်နိုင်ဖို့... မောင့်အတွက် လုပ်နေတာပါ...
ရောက်ရာဘ၀မှ ကျမပြုသမျှ
ကုသလဒါနအလှူတွေ
မောင်သာဓုခေါ်နိုင်ပါစေသော်........................
Myanmar Express
မူရင်းကဗျာက ဒီမှာပါ။
ကြားဖြတ်ရှုံး၍ ညောင်ပင်ရွာတာဘောင်ရိုးပြုပြင်ရေး ကြံ့ဖွံ့ ရုပ်သိမ်း
မကွေးမြို့၊ ညောင်ကန်တိုက်နယ်၊ ညောင်ပင်ရွာကျေးရွာရှိ ဧက ၂၀ ရှိ ရေကန် တာဘောင်ရိုးပြုပြင်ခြင်းလုပ်ငန်းကို အများပြည်သူတို့၏ အလှူငွေဖြင့် အပြီးသတ် ဆောက်လုပ်ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။
မူလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီက ကြံ့ဖွံ့ပါတီက အကုန်ကျခံပြီး ပြုလုပ်ပေးမည်ဟု မဲဆွဲခဲ့သည်။ ပြုပြင်ရေးလုပ်ငန်းများကို သိန်း ၂၀ ကျပ်ဖိုးအကုန်ခံပြီး စတင်ခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် သူတို့ပါတီရှုံးနိမ့်သဖြင့် ပြုပြင်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့သည်ဟု ဆိုသည်။
ရေကန်တာရိုးကို မိုးမကျခင် အချိန်မီ ပြုပြင်တည်ဆောက်ရန်လိုအပ်သဖြင့် ကျေးရွာလူထုက ဆက်လက်အလှူခံပြီး ကြိုးပမ်းခဲ့ကြရာတွင် စုပေါင်းကုန်ကျငွေ ၈၀ သိန်း ကျပ်ဖိုးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)က အလှူငွေ ကျပ် သိန်း ၄၀ လှူဒါန်းထည့်ဝင်ခဲ့သည်။ အင်န်အယ်ဒီလွှတ်တော်အမတ် ဦးမြင့်သိန်းနှင့် ပါတီဝင်များကလည်း ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ အင်န်အယ်ဒီပါတီ၏ ဒေသခံ တာဝန်ခံတဦးဖြစ်သူ ကိုစိုးမိုးက ပြောဆိုရာတွင် လုပ်ငန်းရှင်များ၊ ကုမ္မဏီများကလည်း အဆိုပါ ရေကန်တာဘောင်ရိုး အလှူသို့ ၀ိုင်းဝန်းထည့်ဝင်ကြသည်ဟု သိရသည်။ ညောင်ပင်ရွာအရှေ့ကျောင်း ဆရာတော် ဦးဓမ္မဓဇက လုပ်အားပေးများအတွက် စားသောက်စာရိတ်များကို ကုသိုလ်ပြု ပေးသည်။ အဆိုပါ ရေကန်ကို ကျေးရွာစုများဖြစ်သော ညောင်ပင်ရွာ၊ ညောင်ပင်သာ၊ တည်ပင်ကန်ပေါက် ၃ ရွာက အမှီပြု ရပ်တည်နေကြရသည်ဟု သိရသည်။
Moe Cab in Hawaii

ဒဲရက်(ခ) မစ်ချလ် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ်ကြီး အဖြစ် ခန့်  အပ်
အမေရိကန် အစိုးရက မြန်မာ နိုင်ငံ အတွက် ခန့် အပ် ထားတဲ့ အထူး ကိုယ်စားလှယ်
ဒဲရက်(ခ) မစ်ချလ် ကို မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ် ကြီး အဖြစ် ခန့် အပ် လိုက်သည် ဟု
ယနေ့  အိမ်ဖြူတော် မှ သတင်း ထုတ် ပြန်သည်။
ဒဲရက်(ခ) မစ်ချလ် ကို အမေရိကန် အစိုးရ က ၂၀၁၁ ခုနှစ်မှာ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံ ကိုယ်စားလှယ် နှင့် ညှို နိုင်း ရေး မှု တစ်ဦး အဖြစ် အမေရိကန် အစိုးရ ခန့် အပ်ခဲ့ ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရ က ၂၂ နှစ် အတွင်း မြန်မာ နိုင်ငံ နှင့် သံအမတ် ကြီး အဆင့် ထား ရှိ မှု ကို ပြု လုပ် ခဲ့ ခြင်း ဖြစ် ပြီး ယခင် က သံ ရုံး ယာယီ တာဝန်ခံ အဆင့် သာ ထား ရှိ ခဲ့ သည်။
သမ္မတ အိုးဘားမား က လက်မှတ် ရေး ထိုး ထုတ်ပြန်သည့် သံအမတ်ကြီး ခန့်  အပ်လွှာ တွင် မြန်မာ နိုင်ငံ ဉ် အကျဉ်းထောင်း တွင်း နိုင်ငံ ရေး အကျဉ်းသား များ ကျန် ရှိ နေခြင်း ၊ တိုင်းရင်း သား ဒေသများ တွင် လူ့  အခွင့် အရေး ချိုး ဖောက် မှု များ နှင့် နိုင်ငံ တွင်း လက်နိုင်ကိုင် ပဋိပက္ခ ပြဿနာ များ မှ မြန်မာ အစိုး ရ အနေ ဖြင့် ရှေ့ ဆက် ဖြေရှင်း ရမည့် ကိစ္စ များ ဟု ဖော်ပြထားသည်။
ဒဲရက်(ခ) မစ်ချလ် ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ တွင် ဂျော်ဂျီယာ ပြည်နယ် အတ္တလန်တ္တာ မြို့  တွင် မွေးဖွား ခဲ့ ပြီး Orange, Connecticut တွင် အခြေခံ ပညာ ရေး ပြီး မြောက် ပြီး နောက် University of Virginia နှင့် Tufts University မှ ဥပဒေ ၊ နိုင်ငံ ရေး သိပ္ပံ နှင့် သံတမန် ရေး၊ အရှေ့  အာရှ ရေး ရာ ဆိုင်ရာ ဘွဲ့ များ ရရှိ ခဲ့ သည်။ ၎င်း ၏ ဇနီးမှာ ကိုရီးယား လူမျိုး ဖြစ်သည်။

၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ဒီဇယ်တစ်ဂါလန် ကျပ် ၃၅၀၀ ဖြင့် စတင်ရောင်းချ
၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့မှစ၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃၅၀၀ နှုန်းဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ ထုတ်လုပ်သည့် ဒီဇယ်ဆီနှင့် ပြည်ပမှ ၀ယ်ယူတင်သွင်းရသည့် ဒီဇယ်ဆီ အမျိုးအစား နှစ်မျိုးအတွက် ကုန်ကျငွေသည် တစ်ဂါလန်လျှင် ကျပ် ၃၇၀၀ ခန့်ကျသည့်အတွက် ကျပ် ၃၇၀၀ အထက် ရောင်းချမှ တွက်ခြေကိုက်မည် ဖြစ်သော်လည်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ လက်ရှိရောင်းချနေသည့် တစ်ဂါလန် ကျပ် ၃၀၀၀ အစား ကျပ် ၃၅၀၀ သို့ တိုးမြှင့်ရောင်းချမည်ဟု အကြောင်းကြားစာများ ပို့ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန်နှင့် ကိုယ်ပိုင်ငွေကြေးအင်အားဖြင့် ရပ်တည်နိုင်ရန်နှင့် ကျင့်သုံးရမည့် ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်အရ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် လိုအပ်သည့် လှည့်ပတ်ရန်ပုံငွေကို မြန်မာ့စီးပွားရေးဘဏ်မှ သတ်မှတ်အတိုးနှုန်းဖြင့် ချေးယူကာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်ကကဲ့သို့ စက်သုံးဆီများကို အရှုံးခံပြီး ဖြန့်ဖြူးရောင်းချခြင်း မပြုနိုင်တော့သည့်အတွက် သင့်တော်သည့် အမြတ်ရယူကာ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
မူရင်းသတင်းက ဒီမှာပါ။
မူရင်းသတင်းက ဒီမှာပါ။
လက်ကိုင်ဖုန်းကြောင့် ဦးနှောက်အကျိတ် မဖြစ်နိုင်
လက်ကိုင်ဖုန်း (Cell Phone) သုံးခြင်းကြောင့် ဦးနှောက် အကျိတ် သို့မဟုတ် အခြားသော ကင်ဆာ အမျိုးအစားများ ဖြစ်စေနိုင်တယ် ဆိုတဲ့ သက်သေပြမှု တစ်စုံ တစ်ရာ မတွေ့ရ ကြောင်း ဗြိတိသျှ သုတေသီ များက ပြောကြား ခဲ့ကြပါ တယ်။
သို့သော်လည်း ရေရှည်တွင်မူ ကျန်းမာရေး အပေါ်ထိခိုက်မှု ရှိ၊မရှိ စောင့်ကြည့်ဖို့ရန် လိုအပ်ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုဖုန်းများကို တွင်ကျယ်စွာ အသုံးပြု လာခြင်းမှာ မကြာသေးကြောင်း၊ လေ့လာမှုများ ကို ခြုံငုံ၍ ကြည့်လျှင် ဓာတ်ရောင်ခြည် စက်ကွင်းနှင့် ထိတွေ့မှု (Radio Freqeuncy Field Exposure) သည် လမ်းညွှန် ထားသည့် ပမာဏ အောက်ရှိနေပါက လူသား များတွင် ဝေဒနာခံစားရမှု ဖြစ်စေနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။
မောင် Ref:Daily Health News

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထား
အာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။
၎- နာရီ ကြာပြီးတဲ့ နောက်မှာ အဲဒီနမူနာ များထဲမှာပါဝင်တဲ့ သုက်ပိုး ကောင်ရေ ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှုပ်ရှားကူး ခတ်မှုမရှိတော့တာကို တွေ့ရ ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့အပူချိန် အောက်မှာ Wi-Fi နဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ လက်ပ်တော့ရဲ့ အနီးမှာမဟုတ်ဘဲ အခန်းထဲမှာထားတဲ့ သုက်ရည်နမူနာများထဲမှာတော့ ၄ နာရီကြာတဲ့အခါ သုက်ပိုးကောင်ရေ ၁၄ ရာခိုင်နှုန်းသာ မလှုပ်ရှားနိုင် ကြောင်းတွေ့ရတယ်။
ဒါ့အပြင် သုက် ပိုးတွေရဲ့ ၉ ရာခိုင်နှုန်းမှာ DNA ပျက်စီးမှုတွေ့ရပြီး Wi-Fi အင်တာနက် အနီးမှာ မထားတဲ့နမူနာသုက်ပိုးတွေ ထက်စာရင် ၃-ဆများပါတယ်။ အကြောင်းရင်းကတော့ ဝိုင်ယာလက်စ် ချိတ်ဆက်မှု ပြုနေစဉ်မှာ ထွက်ရှိလာတဲ့ လျှပ်စစ်သံလိုက် ထုတ်လွှတ်မှု Electromagnetic Radiation ကြောင့် ဖြစ်ပါတယ်။
ရရှိတဲ့ အချက် အလက်တွေအရ အင်တာနက်နှင့် ကြိုးမဲ့ချိတ်ဆက် ထားတဲ့ ကွန်ပျူတာ အနီးမှာ အမျိုးသားရဲ့ မျိုးပွားမှုဆိုင်ရာ အင်္ဂါများ ရောက်ရှိနေခဲ့ရင် သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေကြောင်း တွေ့ရပါတယ်။ အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်မှုပြုမထားတဲ့ ရိုးရိုးလက်ပ် တော့ကတော့ လျှပ်စစ် သံလိုက်လှိုင်း တွေ ထုတ်လွှတ်မှုရှိပေမယ့် ထိခိုက် မှုမရှိတဲ့ပမာဏသာ ဖြစ်ပါတယ်။
ခိုင်မွန်ကျော် Ref : MSN News

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။
အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။
"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။
အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"
မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။
ဖြေ။ "ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့ ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"
ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့ သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။
"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။
By VOA (မြန်မာပိုင်း)
မူရင်းသတင်းက ဒီမှာပါ။
နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးရှိရေတွင်းအားတွေ့ရစဉ်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းကြား၊၇၃လမ်းနှင့်ရ၄လမ်းကြား စင်္ကြာနွယ်စဉ်ရပ် ကစ္စနားပုဏ္ဍားဘုရားကျောင်းအနီး နှစ်ပေါင်း(၁၅၀)နီးပါးရှိ အများသုံးရေတွင်းအား မေ၁၆ရက်နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ရာမှ ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ပြည်သူများက နံနက်၆နာရီတွင် ရေတွင်းတူးဖော်ရာ မွန်းတည့်၁၂နာရီအရောက်တွင် ကျည်(၉၇၁)တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည်။
ဒီရေတွင်းက ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ရှိတာလို့သိရတယ် ကျွန်တော်အဖေတွေလက်ထက် လွန်ခဲ့တဲ့နှစ်(၅၀)လောက်က ရေတွင်းကို တစ်ခါဆယ်ဖူးတယ် အဲဒီတုန်းက အနည်းငယ် လောက်ပဲ ဆယ်လိုက် ရတာ ရေထွက်ကောင်းလို့ ဆက်မဆယ်တော့ဘူးလို့ အဖေကပြောဘူးတယ်၊ ခုလည်းဒီရေတွင်းကို ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးဆယ်တာ တော်တော်အနက်ရောက်မှခုလိုမျိုး ကျည်တွေနဲ့ လူအရိုးစုတွေ့တာပါ ဟု ရပ်ကွက် နေပြည်သူ တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းမ်
မူရင်းသတင်းက ဒီမှာပါ။
လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စမှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ
ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ကစိုက်ပျိုးမြေများအားငါးကန်တူး ဖော်ခဲ့ဖြင့် တောင်သူ(၃၆)ဦးကလွှတ် တော်သို့ တိုင်ကြားမှုမှန်ကန်သဖြင့် ငါးကန်တူး ဖော်ခြင်းကို ရပ်ဆိုင်းထား ခဲ့ပြီးအဆိုပါ တိုင်ကြားမှုအား လွှတ် တော်သို့တင်ပြထား ပြီဖြစ်ကြောင်း အဆိုပါ တိုင်ကြားမှု အားစစ်ဆေးခဲ့ သူပန်းတနော် အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမန်းတင် ကဆိုသည်။
''စစ်ဆေးလို့တွေ့ရှိရတဲ့ အတိုင်းလွှတ်တော်ကိုပြန်တင်ပြပြီး ပါပြီ''ဟုပန်းတနော်အမှတ် (၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ဦးမန်းတင်ကဆိုသည်။ အဆိုပါတိုင်ကြားမှုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ဧပြီ(၄) ရက်နေ့ရက်စွဲ စာအမှတ် (၂၀၀/၁၂-၂(၃) လွှတ်တော်) ဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆)ဦးမှစုံစမ်းစစ်ဆေး ပန်းတ နော်မြို့နော်၊ကျုံတိုင်းကြီးကျေးရွာ အုပ်စုမှ တောင်သူ(၃၆)ဦးက ''စိုက် ပျိုးမြေတွင် ငါးကန်တူး ဖော်သဖြင့် တောင်သူ များ အလုပ်လက်မဲ့၊မြေ ယာမဲ့ဖြစ်ရခြင်း''အပေါ်လွှတ်တော် သို့တိုင်ကြား ခဲ့သည့်ကိစ္စအား ပန်းတနော်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်မှစုံစမ်းစစ် ဆေးရာ တွင် မှန်ကန်ကြောင်းသိ ရ သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှတာဝန်ပေးမှုဖြင့် ပန်းတနော်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ ကလယ်သမားဦးသောင်းရှိန်(ကျုံခရမ်းရွာ၊ကျုံတိုင်းကြီးအုပ်စု)၊ လယ်သမား ဦးအုန်းငွေ (သဲကုန်းရွာ၊ ကျုံတိုင်းကြီးအုပ်စု)၊ လယ်သမား ဦး သန်းထွန်း(သဲကုန်းရွာ၊ကျုံတိုင်းကြီး အုပ်စု)၊ ရာအိမ်မှူး ဦးကြည်တင်(သဲ ကုန်းရွာ၊ကျုံတိုင်းကြီးအုပ်စု)တို့ကို တွေ့ဆုံစစ်ဆေးခဲ့ရာ- ကျုံတိုင်း ကြီး အုပ်စု၊ သဲကုန်းရွာနှင့်ကျုံခရမ်းရွာတို့ မှတောင်သူများမှာ ကွင်းအမှတ်(၅ ၉၉) အတွင်း ပြည်သူ့ကောင်စီ သက်တမ်း ကာလမှစ၍ စပါးနှင့်ဆောင်း သီးနှံများစိုက်ပျိုးခဲ့ကြောင်း၊၂၀၁၀ ခုနှစ်တွင် ပန်းတနော်အမှတ်(၂)လွှတ် တော်ကိုယ်စားလှယ်က ၄င်းကွင်း တွင်ငါးကန်တူးဖော်ခဲ့ပြီး အဆိုပါ ငါး ကန်မှာ တောင်သူ များ၏ စိုက်ပျိုးမြေ များပါရှိကြောင်း၊တောင်သူများမှ မြို့ နယ်အုပ်ချုပ်ရေး၊ မြေစာရင်းဦးစီးဌာန များသို့တင်ပြခဲ့ပြီးအဆိုပါဌာနများက ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ယခုလက် ရှိအထိစိုက်ပျိုး မြေဧက(၂၀)ခန့်ပါဝင် သွားပြီဖြစ်ကြောင်း စုံစမ်း စစ်ဆေး ရာတွင် တွေ့ခဲ့ ရကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
မူရင်းသတင်းက ဒီမှာပါ။
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကိုတက်ရောက်နိုင်ဘို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၅ရက်မှာနော်ဝေးနိုင်ငံရောက်ရှိ
မှာဖြစ်ကြောင်းနော်ဝေးသံတမန်သတင်းရပ်ကွက်ကတဆင့်စုံစမ်းသိရှိရပါတယ်။
အနှစ်(၂၀)ကျော်အတွင်းပထမဆုံးအကြိမ်ပြည်ပခရီးစဉ်အဖြစ်ဇွန်လ(၁၄)ရက်နေ့မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာမှာဖြစ်ပြီးနော်ဝေးနိုင်ငံမှာ၎ရက်ကြာနေထိုင်ပြီးနောက်အိုင်ယာလန်၊အင်္ဂလန်ကို ခရီးထပ်ဆက်မယ်လို့သိရပါတယ်။
“အော်စလိုကို၊ဇွန်လ၁၅ရက်နေ့ရောက်မယ်၊သူနဲ့လိုက်ပါလာတဲ့ NLD အဖွဲ့ဝင်တချို့နဲ့အတူနော်ဝေးပါလီမန်ကိုလည်းလေ့လာမယ်၊မြန်မာနိုင်ငံသားတွေနဲ့လည်းတွေ့မယ်၊ ၁၇ရက်နေ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကျင်းပပြီး၊ဆုလက်ခံမဲ့မြို့တော်ခမ်းမရှေ့မှာ နော်ဝေးပြည်သူတွေနဲ့တွေ့ဆုံတဲ့အခမ်းအနားတခုထပ်လုပ်မဲ့အစီအစဉ်လည်းရှိပါတယ်” လို့အမည်မဖော်လိုတဲ့နော်ဝေးသံတမန်တယောက်ကပြောပါတယ်။
မကြာသေးခင်သီတင်းပတ်ကဘဲ၊နိုင်ငံကူးလက်မှတ်လက်ဝယ်ရရှိပြီဖြစ်တဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၈)ရက်နေ့အိုင်ယာလန်ကိုခရီး ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက်မွေးနေ့ကိုအင်္ဂလန်နိုင်ငံမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ့အထိ နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်အပါအပါအ၀င် ၀န်ကြီးတချို့နဲ့တနာရီကြာတွေ့ဆုံဆွေးနွေးခဲ့သလိုဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံပြီး နော်ဝေးနိုင်ငံခရီးစဉ်ကိစ္စုအပြီးသပ်ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ မစ္စတာဘိုန်ဒယ်ဗစ် ရဲ့ရန်ကုန်ခရီးစဉ်အတွင်း၊NLDအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့၊၈လေးလုံးမျိုးဆက်ကျောင်းသားတွေ၊ အပါအ၀င်နိုင်ငံရေးပါတီ၊တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့၊လူမှုရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတချို့နဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့၊နော်ဝေးနိုင်ငံခရီးစဉ်၊ အသေးစိတ်ကိုဆွေးနွေးတိုင်ပင်နိုင်ဘို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်သာမြင့်ဟာ အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ့ကြိုတင်ရောက်ရှိမယ်လို့လည်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက်ကြာနော်ဝေးနိုင်ငံခရီးစဉ်အတွင်းသူ့ကိ၊ုတိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆုချီးမြှင့်ခဲ့တဲ့နော်ဝေးနိုင်ငံရဲ့ဒုတိယမြို့တော် ဘာဂင် မြို့ကိုသွားရောက်ပြီ်းရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိတဲ့အပြင်၊ စတာဘန်ဂါမြို့ကိုလည်းသွားရောက်ပြီးစတာဘန်ဂါတက္ကသိုလ်ကချီးမြှင့်မဲ့ဂုဏ်ထူးဆောင် ဆုရယူဘို့လည်းရှိတယ်လို့သိရပါတယ်။
နော်ဝေးနိုင်ငံဟာမြန်မာနိုင်ငံနဲ့၊ထဲထဲဝင်ဝင်ဆက်ဆံနေသလိုလွန်ခဲ့တဲ့လကစီးပွားရေး ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးပြီးနောက်၊မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လွှတ်တော် ကိုယ်စားလှယ်များတသုတ်ပြီးတသုတ်လေ့လာရေးခရီးအလည်အပတ်ရောက်လာကြ တာကိုတွေ့ရပါတယ်။
ယခ္ခုရက်ပိုင်းအတွင်းပြည်သူ့လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့အဖွဲ့၊တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော်ကိုယ်စားလှယ်တချို့နော်ဝေး ပါလီမန်ကိုလာရောက်လေ့လာနေသလို၊လာမဲ့ဇွန်လ(၁၈)ရက်နေ့မှာပြည်ပစီးပွားရင်း နှီးမြှပ်နှံမှုဥက္ကဌ၊စက်မှုဝန်ကြီးဗိုလ်ချုပ်စိုးသိန်းနဲ့ဝန်ကြီး(၉)ဦးပါအဖွဲ့လည်းနော်ဝေးနိုင်ငံကိုလာရောက်လည်ပတ်မဲ့အစီအစဉ်ရှိတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ဝေးနိုင်ငံခရီးစဉ်ကိုဥရောပရောက်မြန်မာများကလည်း စိတ်ဝင်စားနေပြီး၊နော်ဝေးနိုင်ငံတ၀ှမ်းကမြန်မာနိုင်ငံသားတိုင်းရင်းသားတွေအပါအ၀င်၊ ဂျာမဏီ၊ပြင်သစ်၊ဆွီဒင်၊ဒိန်းမတ်၊နိုင်ငံတွေကမြန်မာ့နိုင်ငံရေးလှုပ်ရှားသူများလည်း ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အလည်အပတ်ခရီးစဉ်အတွင်းနော်ဝေးနိုင်ငံကိုလာရောက် တွေ့ဆုံကြမှာဖြစ်ပါတယ်။
ကိုညို (နော်ဝေး)

နိုဘယ်လ်စင်တာ
နော်ဝေးဘုရင့်နန်းတော်
ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာမည့်နော်ဝေးပါလီမန်
ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ်မိန့်ခွန်းပြောမဲ့အော်စလိုမြို့တော်ခမ်းမ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအော်စလိုမှာဆန္ဒပြခဲ့စဉ်။
နောက်ဘက်မှာဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့်Grandဟော်တယ်
နောက်ဘက်မှာဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့်Grandဟော်တယ်
မူရင်းသတင်းက ဒီမှာပါ။
သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို
ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင်
လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။
မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့် တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊
မြို့ နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ့ သဖြင့် ၁ နာရီခန့် အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ့ ကြောင်းသိရပါသည်။

လျှပ်စစ်မီး ရရှိရေး ဆန္ဒပြနေတဲ့ သုံးခွမြို့ ပြည်သူများ
ဖရောင်းတိုင်မီးများထွန်းညှိ ဆန္ဒပြ
လျှပ်စစ်မီးပြတ်တောက်မှုကို ဆန္ဒပြနေကြစဉ်
သုံးခွမြို့ နယ် လျှပ်စစ်ရုံး
မူရင်းသတင်းက ဒီမှာပါ။

.jpg)