Monday, May 14, 2012

KIA ဆိုသည့်အဖွဲ့အစည်း မကြာခင်ပျောက်ကွယ်သွားတော့မည်


မြန်မာနိုင်ငံဟာ ကချင်၊ကယား၊ကရင် စတဲ့ တိုင်းရင်းသားမျိုးစုံနှင့်ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါ တွေဟာ လွပ်လပ်ရေးရပြီးမှ တပ်မတော်အစိုးရအုပ်ချုပ်ချိန်မှ စတင်သိမ်းပိုက်အုပ်ချုပ်ခဲ့တာမဟုတ်ပါ ဘူး။ရှေးအစဉ်အဆက်ဘိုးဘွားဘီဘင် လက်ထက်ကနေ စည်းလုံးညီညွှတ်သော မြန်မာနိုင်ငံတော်အ ဖြစ်ရပ်တည်ခဲ့တာပါ။လွပ်လပ်ရေးကြိုးပမ်းချိန်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပင်လုံညီ လာခံမှာ မြန်မာတွေစည်းလုံးညီညွှတ်ကြောင်း၊တောင်တန်းမြေပြန့်မခွဲခြားပဲတစ်သွေးတည်းရှိနေတာ ကို ပင်လုံစာချုပ်နှင့်သက်သေပြခဲ့ကြတာပါ။ပင်လုံစာချုပ်ပါအကြောင်းအရာများထက် လွပ်လပ်ရေးရ ရှိဖို့ကိုသာရှေ့ရှု့၍ ညီညွှတ်ကြောင်းအဓိကပြခဲ့ခြင်းဖြစ်ပါတယ်။

လွပ်လပ်ရေးရသွားချိန်ပင်လုံစာချုပ် ကိုဦးဆောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားချိန်မှာတော့ မြန်မာတွေညီ ညွှတ်ပါတယ်ဆိုတာပင်လုံစာချုပ်ပေါ်မှာပဲရှိပါတော့တယ်။သောင်းကျန်းသူ၊လက်နက်ကိုင် တိုင်းရင်း သားအမျိုးမျိုး၊နိုင်ငံရေးအဖွဲ့အစည်းအမျိုးမျိုးနှင့်မြန်မာနိုင်ငံဟာအမှောင်ဖုံးလွှမ်းသွားပြန်ပါတယ်။တ ဆင့်ဆင့်နဲ့မညီညွှတ်ခဲ့ကြတဲ့တိုင်းပြည်ကို အရေးအခင်းပြီးတော့တပ်မတော်က စတင်အုပ်ချုပ်ကာ အကြောက်တရားနှင့်အုပ်ချုပ်ချိန်မှသာ အစိုးရကိုအစိုးရမှန်းသိ သေနတ်ကိုသေနတ်မှန်းသိခဲ့တာ သောင်းကျန်းသူ(ခေါ်)တိုင်းရင်းသားလက်နက်ကိုင်စစ်သွေးကြွတွေတောပုံးခဲ့ကြရတယ်။ပြည်သူလူ ထုကိုဆပ်ကြေးကောက်ကာ အဖွဲ့အစည်းစားဝတ်နေရေးအတွက်သေနတ်ကိုင်ကာမင်းမူခဲ့ကြတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေဟာ တိုင်းရင်းသားနယ်မြေတွေနယ်စပ်ဒေသတွေမှာ အခိုင်အမာ စခန်းချနေထိုင်ခဲ့ကြပါတယ်။လုပ်ကိုင်တဲ့အလုပ်တွေကတော့ သေနတ်ကိုင်ပြီး ပြည်သူတွေအပေါ် ဆပ်ကြေးကောက်၊ဒုက္ခပေးကာကိုယ်ကြိုးရှာတဲ့ ဓါးပြအလုပ်တွေဖြစ်ပါတယ်။

ထိုမှတဆင့်အဖွဲ့အ စည်းရဲ့ဝင်ငွေမဲ့နေလျှင် မူးယစ်ဆေးဝါးစိုက်ပျိုးထုပ်လုပ်ကာ ပြည်တွင်းပြည်ပသို့မှောင်ခိုရောင်းချရင်း ခေါင်းဆောင်ကြီးများရဲ့ချမ်းသာရေးဘက်အားစိုက်လာကြပါတယ်။တပ်မတော်အစိုးရ၏ သောင်းကျန်းသူသူပုန်များအားရှင်းလင်းတိုက်ထုပ်ချိန်မှာပြေးစရာမြေမ၇ှိဖြစ်ခဲ့ကြတဲ့၎င်းသောင်းကျန်းသူများသည်တိုင်းရင်းသားအဖွဲ့အစည်းအမည်ခံကာ ပင်လုံစာချုပ်ကိုအကြောင်းပြကာ မိမိပြည် နယ်လွပ်လပ်ရေး၊နိုင်ငံထူထောင်ရေးဟုလူကြားကောင်းအောင်ပြောခဲ့ကြပြန်ပါတယ်။

အစိုးရ၏အင်အားအလုံးအရင်းနှင့်ဝင်တိုက်ချိန်တွေမှာ ကမ္ဘာ့အလယ်မှာ အစိုးရကပဲ၎င်းတို့အပေါ်မ တရားတိုက်ခိုက်ထိုးစစ်ဆင်နေသလိုအော်ခဲ့ကြပါတယ်။ထိုအချိန်က ပြည်ပမီဒီယာသမားတွေမှလည်း တပ်မတော်အစိုးရအားအတိုက်အခံလုပ်နေတဲ့ပြည်ပြေးတို့နှင့်အ တိုင်အဖောက်ညီကာ မီဒီယာနှင့်ကမ္ဘာကိုသတင်းမှားတွေထုပ်လွင့်ပြသခဲ့ကြပါတယ်။ထိုသို့ဖြင့်၎င်း တို့အဖွဲ့အစည်းသည်အသက်ဆက်လာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။ယနေ့မြန်မာနိုင်ငံသည်ပြုပြင် ပြောင်းလဲရေးများဖြင့်အရှိန်အဟုန်မြင့်ဆောင်ရွက်လာချိန်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကိုအဓိက ထားဆောင်ရွက်လာရပါတယ်။လိုချင်တာပေးငြိမ်းချမ်းရေးရဖို့သာအဓိကထားဆွေးနွေးခဲ့ရာအခြား သောငြိမ်းချမ်းရေးလိုလားတဲ့အဖွဲ့အစည်းများစွာမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု့များပြုလုပ်၇င်းငြိမ်းချမ်း ရေးရယူချိန်မှာတော့ ကချင်ပြည်ရဲ့ကချင်နိုင်ငံထူထောင်ရေးတပ်မတော် KIA တို့မှာငြိမ်းချမ်းရေးမယူ နိုင်ခဲ့ကြဘူး။

အစိုးရနှင့်ငြိမ်းချမ်းရေးယူလိုက်လျှင်၎င်းတို၏မှောင်ခိုသစ်ခိုးထုပ်ခြင်း၊မူးယစ်ဆေးဝါးထုပ်လုပ်ခြင်းနှင့် တွင်းထွက်ပစ္စည်းများထုပ်လုပ်သည့်ကုမ္မဏီများမှ လက်နက်ပြကာ ခြိမ်းခြောက် ဆပ်ကြေးကောက်လို့ရတော့မည်မဟုတ်တော့ပါဘူး။နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန်အကြိမ်ကြိမ်ကန်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခြင်းများ၊မဖြစ်နိုင်သည့်တောင်းဆိုမှုများ စွာတွေတောင်းဆိုကာငြိမ်းချမ်းရေးဆွေးနွေးခြင်းတွေကိုဖယ်ချခဲ့ကြပါတယ်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ကချင်ပြည်သူလူထုတွေအတွက်ဟုဆိုကာ ကချင်ပြည်နယ်မှာမိုင်းများ ထောင်၊လမ်းတံတားတွေကိုဖောက်ခွဲပြီးကချင်လူထုကိုမထောက်ထား မိမိတို့အဖွဲ့အစည်းကောင်းစား ရေးအတွက်ပြည်သူလူထုကိုအမျိုးမျိုးဒုက္ခပေးခဲ့ကြပါသည်။သို့ပါသော်လည်း ၎င်းမိုင်းထောင်ဖောက် ခွဲခြင်းများသည် KIA မဟုတ်ဟုငြင်းချက်ထုပ်ခဲ့ကြပါသေးတယ်။

အစိုးရ၏ထိုးစစ်ကိုမခံနိုင်ဖြစ်ကာ အခြေစိုက်စခန်းများအလုံးအရင်းကျဆုံးနေချိန်မှာတော့ ငြိမ်းချမ်း ရေးဆွေးနွေးရန်ကမ်းလှမ်းလာပြန်ပါတယ်။သို့သော်လည်း KIA ဘက်မှစတင်ကာ တပ်မတော်အား တိုက်ခိုက်နေခဲ့ပြန်သည်။ယခု KIA/KIO ခေါင်းဆောင်ကြီးများသည် တိုက်ပွဲများပြင်းထန်စွာရှုံးနေ သောကြောင့်နယ်မြေမှစွန့်ခွာကာ လုံခြုံသောနေရာသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်။ပြည်သူလူ ထု၏ထောက်ခံမှု့မရတော့ပဲ တပ်မတော်မှလည်းအလုံးအရင်းဝင်ရောက်တိုက်ခိုက်နေသောကြောင့် နည်းဗျူဟာအမျိုးမျိုးသုံးကာအသက်ဆက်ရပ်တည်နိုင်ရေးကြိုးပမ်းနေခဲ့ရပါတယ်။

လက်အောက်မှ KIA တပ်သားများမှာလည်း၇ိက္ခာပြတ်တောက်ခြင်း၊တိုက်ပွဲများပြင်းထန်ခြင်း၊ကျဆုံးခြင်းများအများ အပြားရှိနေသောကြောင့်စိတ်ဓါတ်များကျဆင်းနေကြသည်။ထိုကြောင့် KIA သည်မကြာခင်မျိုးတုံး ပြီးငြိမ်းချမ်းရေးမရ စစ်ရှုံးကာ အသက်ပေးရတော့မည်သာဖြစ်တော့သည်။

KIA သည်ခေတ်မကောင်းချိန်မှာ ဓါးပြ၊သောင်းကျန်းသူအဖွဲ့အစည်းသာဖြစ်ပြီးခေတ်ကောင်းလာပြန်တော့ နိုင်ငံရေးအမြတ်ထုပ်သတ္တ၀ါဖြစ်လာပြန်သည်။မှောင်ခိုစီးပွားရေးများဖြင့်သာ လက်အောက်ခံရဲဘော်များကိုလစာထောက်ပံ့ကြေးများပေးနေခြင်းဖြစ်ပြီး၊ယခုကဲ့သို့တပ်မတော်အစိုး ရနှင့်တိုက်ခိုက်နေချိန်တွင်KIA အဖွဲ့အစည်းတစ်ခုလုံးသည်လူအင်းအားလျော့နည်းခြင်း၊ရိက္ခာပြတ် တောက်ခြင်း၊ခေါင်းဆောင်များမှာလည်း ၎င်းတို့ပြေးပေါက်ကိုစည်းစိမ်များအပြည့်ယူသွား၇န်ပြင်ဆင် နေခြင်းတို့ကြောင့်မကြာမှီ KIA ဆိုသည့်အဖွဲ့အစည်းသည်ကချင်ပြည်နယ်တွင်သာမက မြန်မာ့မြေ ပေါ်တွင်ခြေချစရာမ၇ှိ ပြောက်ကွယ်သွားတော့မည်ဖြစ်ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဂျာနယ်လစ်(စ်)


Journalistဆိုသည်ကို ‘စာနယ်ဇင်းသမား’ ဟု ဘာ သာပြန်၏။ သတင်းစာဆရာ၊ ဂျာနယ်ဆရာ၊ မဂ္ဂဇင်းဆရာ၊ အားလုံးကို ဂျာနယ်လစ်ထဲ ထည့်ထားခြင်း ဖြစ်လေ သည်။ အနောက်တိုင်းတွငf Journalist ဆိုသည်ကို သတင်းစာဆရာ များအား ခေါ်လေ့ရှိပါသည်။ ဂျာနယ်လစ်ဟု ခေါ်လိုက်လျှင် ယေဘုယျအားဖြင့် သတင်းစာ ဆရာဟု နားလည်သဘော ပေါက်သွားကြသည်။ ထိုဂျာ နယ်လစ် Journalistဆိုသည့် စာနယ်ဇင်းသမားမှာ မြန်မာ နိုင်ငံနှင့် အဆီလျော်ဆုံး ဖြစ်ပေ လိမ့်မည်။ အဘယ်ကြောင့်ဆို သော် မြန်မာနိုင်ငံတွင် သတင်း စာ၊ မဂ္ဂဇင်းများထက် ဂျာနယ်က အများဆုံး ဖြစ်နေသောကြောင့် ပင်။ ကျွန်တော်တို့ မီဒီယာ လောကတွင် ဂျာနယ် အစောင် ပေါင်း ၂ဝဝ ကျော်သည်ဟု ပြန်ကြားရေးဌာနမှ ကြေညာ ထားသည်။ ဂျာနယ်က အများ ဆုံးဖြစ်သလို၊ စီးပွားရေးအရ အောင်မြင်မှုအရှိဆုံးမှာလည်း ဂျာန ယ်ဖြစ်သည်။ ဂျာနယ် ‘ပေါက်’ သွားလျှင် အလုံး အခဲလိုက် ဝင်ငွေလွယ်လွယ်ကူ ကူ ရရှိနိုင်ပေသည်။ အထူး သဖြင့် အောင်မြင်သွားသော အားကစားဂျာနယ်များကို သာ ဓကပြုနိုင်ကြသည်။ ထို့ကြောင့် ဂျာနယ်လစ်ဆိုသည်ကို ဂျာနယ် ဆရာဟု ခေါ်ဝေါ်သင့်ပေသည်။

ကမ္ဘာ့ဒေသအသီးသီး၊ အထူး သဖြင့် စစ်ပွဲဖြစ်နေသော နိုင်ငံ များနှင့် ပြည်တွင်းသောင်းကျန်းမှု ရှိနေသော ဒေသများတွင် ဂျာနယ် လစ်များ ကပ်သင့်နေသည်ဟု သတင်းစာများတွင် ဖတ်ရလေ သည်။ အထူးသဖြင့် စစ်ဖြစ်နေ သော အီရတ်နိုင်ငံတွင် သတင်း စာဆရာ၊ ဂျာနယ်လစ်များမှာ ကမ္ဘာ တွင် အများဆုံးသေဆုံးနေကြရ သည်။ အီရတ်စစ်ပွဲတွင် သတင်း ယူရင်း၊ ဓာတ်ပုံရိုက်ရင်းဖြင့် ဂျာနယ် လစ်များမှာ သေနတ်မှန်၊ ဗုံးမှန် ဖြင့် သေဆုံးကြရသလို၊ အီရတ်သူပုန် များနှင့် အယ်လ်ဇာဂါဝီလို အကြမ်း ဖက်သမားများက သတင်း ထောက်များနှင့် နိုင်ငံခြားသား မှန် သမျှကို ပြန်ပေးဆွဲ၊ ငွေတောင်း ကြသလို၊ မထင်လျှင် မထင်သလို သတ်ဖြတ်လေ့ ရှိကြသည်။ ထို့ ထက် ဆိုးသည်မှာ အမေရိကန်စစ် တပ်က ဂျာနယ်လစ်များကို ပစ် သတ်ခြင်းဖြစ်သည်။ အယ်လ်ဂျာ ဇီးယား ရုပ်သံသတင်းဌာနမှ သတင်းထောက်များကို အမေရိ ကန်စစ်တပ်က သေနတ်ဖြင့် ချိန် ရွယ်ပစ်သတ်ခဲ့သည်။ Journalist ဆိုသော မြင်သာသည့် စာလုံး ကြီးများ ရေးထိုးထားသော ဂျာစီ အင်္ကျီများဝတ်ထားသည့်တိုင် ပစ် ခတ်ခဲ့၏။ တည်းခိုသော ဟိုတယ်ကို လည်း တင့်ကားမှ အမြောက်ဖြင့် ပစ်ကာ ဖြိုချခဲ့သည့် အဖြစ်မျိုး ၂ဝဝ၃ ခုနှစ် မတ်လက ဘဂ္ဂဒက် တွင် ဖြစ်ပွားခဲ့လေသည်။ ဝေါလ်စထရိဂျာနယ်မှ သတင်း စာဆရာ ဒင်နီယယ်ပါးလ် ခေါင်း ဖြတ်အ သတ် ခံရမှုမှာ ကမ္ဘာတွင် အထင်ရှားဆုံး အဖြစ်အပျက်တစ် ခုတွင် ပါဝင်ခဲ့ပါသည်။ ဒင်နီယယ် ပါးလ်မှာ ပါကစ္စတန်သို့ သွားရောက် ပြီး သတင်းယူနေစဉ် မူဆလင် အစွန်းရောက်ဝါဒီများက ဖမ်းဆီး ကာ ခေါင်းဖြတ်သတ်ခဲ့ခြင်း ဖြစ် သည်။ သူ့အဖြစ်ကို ယခုအခါ ရုပ် ရှင်ရိုက်ကူးနေသည်။ ထုတ်လုပ်သူ မှာ ရုပ်ရှင်မင်းသား ဘရက်ပစ် ဖြစ် ပြီး ဒင်နီယယ်ပါးလ်၏ ဇနီးအဖြစ် အင်ဂျလီနာ ဂျိုလီက သရုပ်ဆောင် လေသည်။ သတင်းထောက်များ သည် လိုချင်သည့် သတင်းကို အသက်စွန့်ပြီး ရအောင် ယူကြ သည်။ အထူးသဖြင့် စစ်သတင်း ထောက်များ ဖြစ်ပေသည်။ သတင်း ယူရုံသက်သက်က တော်သေး သည်။ ဓာတ်ပုံသတင်းထောက်များ မှာ အသက်ဘေးနှင့် အလွန်နီး၏။

တချို့ဆိုလျှင် အသက်ပေးပြီး ဓာတ် ပုံများရအောင် ရိုက်ယူသွားကြ သည်။ စစ်ပွဲတွင် တစ်ဖက်နှင့် တစ် ဖက် ပစ်ခတ်နေပုံကို အမိအရ ရိုက် ယူထားသော ဓာတ်ပုံများကို ကြည့် ကြရသလို ပါလက်စတိုင်း လူမျိုး သားအဖကို အစ္စရေးစစ်သားများ က ပစ်ခတ်နေပုံ အဆင့်ဆင့် ဓာတ်ပုံ များကို ကြည့်ဖူးပေလိမ့်မည်။ သား ငယ်နှင့် အဖေ အတူဝပ်နေသော သားအဖပုံ၊ ပစ်နေသည်ကို ရှောင် နေကြပုံ၊ သားငယ်ကို သေနတ် မှန်သွားပုံ၊ ဖခင်က ပွေ့ဖက်ထား ပုံ၊ကလေးအလောင်းကို ပွေ့ပြီး သယ်သွားပုံ စသည့်ဓာတ်ပုံများကို Time မဂ္ဂဇင်းတွင် တွေ့ခဲ့ရသည်။ ထိုသို့ သြလငန ကင်မရာဖြင့် မဟုတ် ပဲ ရိုးရိုးရုပ်သေကင်မရာဖြင့် အဆင့် ဆင့် ရိုက်ကူးထားသော ဓာတ်ပုံ များကို Photo Essay ဟုခေါ်လေ သည်။ ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ နောက်ဆုံး အပတ်ထုတ်Timeမဂ္ဂဇင်းတွင်လည်း ၂ဝဝ၆ ၏ ထူး ခြားသော ဓာတ်ပုံများကို ဖော်ပြ ရာ၌ ဓာတ်ပုံသတင်းထောက် အသက်စွန့် ရိုက်ထားသော ဓာတ်ပုံ အက်ဆေး Photo Essay တစ်ခုကို ကြည့်ရလေသည်။ အီရတ်ရှိ အမေ ရိကန်စစ်သား နှစ်ယောက်၏ ဓာတ် ပုံဖြစ်သည်။ အီရတ်သူပုန်များနှင့် ပစ်ခတ်နေသော အမေရိကန်စစ် သား နှစ်ယောက်၏ပုံ၊ တစ် ယောက်ကို ရန်သူ့ကျည်သင့်သွား ပုံ၊ လဲကျသွားသော ရဲဘော်ကို ကျန်တစ်ယောက်က ဆွဲခေါ်ပုံ၊ ကုပ် မှနေအတင်းဆွဲသွားရာ ရန်သူ့ ကျည်လွတ်ရာ ရောက်သွားပုံတို့ ကို အဆင့်ဆင့်ရိုက်ကူးထားခြင်းဖြစ်လေ သည်။ စစ်ပွဲတွင်းရောက် ဓာတ်ပုံ သတင်းထောက်၏ အသက်စွန့် ရိုက်ကူးထားသောဓာတ်ပုံများဖြစ်သည်။

မကြာသေးခင်ကTimeမဂ္ဂဇင်း မှ အက်ဆေးတစ်ပုဒ်ကို ဖတ်လိုက် ရပါသည်။ ထိုအက်ဆေးမှာအသတ် ခံရသောဂျာနယ်လစ်များအကြောင်း ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှ သတင်း စာဆရာများအကြောင်း ဤသို့ ရေးထား ပါ သည်။ ”၂ဝဝ၁ ခုနှစ်မှစ၍ ယနေ့ အထိ လူပေါင်း ၈ဝဝ နီးပါး အသတ် ခံခဲ့ရသည်…ယခုနှစ် ပထမ ၆ လ အတွင်း လူ ၅၁ ယောက် အသတ် ခံရသော အမှုများကို တွေ့ရှိရ သည်။ ထိုအမှုများမှာ ‘နိုင်ငံရေး လူသတ်မှုများ’ ဖြစ်သည်ဟု ဆို သည်။ ၂ဝဝ၅ ခုနှစ် တစ်နှစ်လုံး လူ ၆၆ ယောက် အသတ်ခံရသည့် အရေအတွက်နှင့် နှိုင်းယှဉ်နိုင် သည်…သတင်းစာဆရာ ၄၆ ယောက် အသတ်ခံခဲ့ရသည်။

ထို သတင်းစာဆရာများ အသတ်ခံရ သော နှုန်းမှာ ကမ္ဘာပေါ်တွင် အီ ရတ်ပြီးလျှင် ဒုတိယလိုက်သော နှုန်းဖြစ်သည်။….သတင်းစာဆရာ များ လုပ်ကြံသတ်ဖြတ်ခံနေရခြင်း နှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ တွင် အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြု လုပ်ခဲ့သော်လည်း ခိုင်လုံသော အထောက်အထား မရရှိခဲ့ပေ။ ရဲ အထူးတပ်ဖွဲ့၏ မှတ်တမ်းအရ ၂ဝဝ၁ ခုနှစ်မှ စပြီး ယနေ့အထိ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး လုပ်ကြံ သတ်ဖြတ်မှုပေါင်း ၁၁၄ မှု ဖြစ် ပွားခဲ့သည် ဟု ဖတ်ရလေသည်။ သတင်းစာဆရာများ၏ အသက် အန္တရာယ်ကို သက်ဆိုင်ရာက အာမခံချက် ပေးရပေလိမ့်မည်။ ဂျာနယ်လစ်များ အသတ်ခံရခြင်း သည် ပြည့်မျက်လုံးကို ဖောက်ရာ ကျသည်။ သတင်းစာဆရာသည် တိုင်းပြည်၏ မျက်လုံးအိမ် သဖွယ် ရှိပြီး တိုင်းပြည်၏ တိုးတက်မှုကို လူသိအောင် လှုံ့ဆော်စည်းရုံးပေး နိုင်သည်။

ယနေ့ခေတ်လို မီဒီယာ လုပ်ငန်းအရှိန်အဟုန် မြင့်မားနေ သော ကာလမျိုးတွင် သတင်းစာ သမားများအနေဖြင့် သတင်းရ အောင် လိုက်ပြီး သတင်းမှန်ကို ပြည်သူထံ တင်ပြရပေလိမ့်မည်။ အဂတိကင်းသော ဂျာနယ်လစ်များ ဖြစ်ဖို့ လိုပေသည်။ ယခုအခါ သတင်းဦးစားပေး ဂျာနယ်အမြောက် အမြား ထုတ်ဝေလာသည်ကို တွေ့ ရသည်။ စီးပွားရေး၊ လူမှုရေး၊ ရုပ် ရှင်၊ ဂီတ၊ စာပေ၊ အနုပညာ စသည့် သတင်းများ စုံအောင်နှင့် မြန်အောင် အလုအယက် ဖော်ပြလာကြ၏။ မီဒီယာလုပ်ငန်း တိုးတက်လာခြင်း သည် တိုင်းပြည်အတွက် များစွာ အကျိုးဖြစ်ထွန်းပေသည်။သတင်းစာသမားများသည် သတင်းများကို လိုက်ရင်း၊ သတင်း များကို ရေးရင်းဖြင့် အသက်ပေး သွားကြရသည်။ သတင်းစာသမား သည် အသက်ကြီးကာ အိုမင်းမစွမ်း ဖြစ်လာကြသော်လည်း ကြီးပွားချမ်း သာလာသူကား မရှိပေ။

သတင်းစာ သမားစစ်စစ်တွင် ချမ်းသာကြွယ်ဝ သူ မရှိ။ ထုတ်ဝေသူများ သာလျှင် သတင်းစာတိုက်ကြီးများ၊ ရုပ်သံလွှင့် ဌာနကြီးများ၊ မီဒီယာကုမ္ပဏီကြီးများ ကို ပိုင်ဆိုင်ကြွယ်ဝလာသည်။ ရူးပတ် မားဒေါ့လို ပုဂ္ဂိုလ်များမှာ မီဒီယာ သူဌေးကြီး များဖြစ်၏။ သတင်းစာသမား၊ ဂျာနယ်လစ်များ မဟုတ်ပေ။ ဂျာနယ်လစ်စစ်စစ်များ သည် သတင်းမှန်ကို အပတ် တကုတ် ရှာဖွေ၏။ ပြည်သူလူထု အတွက် အကျိုးရှိမည့် သတင်းမျိုး၊ ဆောင်းပါးမျိုးကို အမှန်အတိုင်း ရှာ ဖွေတင်ပြ၏။ လူထုအတွက် အကျိုး ရှိစေသည့် သတင်းများကို ဒုစရိုက် သမားများ၊ အာဏာရှိသူများက ခြိမ်းခြောက်ေ နသည့်တိုင် ရဲရဲရင့်ရင့် တင်ပြသည်။ မူးယစ်ဆေးဝါး လုပ်ငန်းများ လူမှောင်ခို လုပ်ငန်း များ၊ လိင်ကုန်ကူးမှုများ၊ အကျင့် ပျက်လာဘ်စားမှုများ၊ လက်နက် မှောင်ခိုမှုများ၊ အကြမ်းဖက်သမား များစသော လူ့လောကကို အရုပ် ဆိုးစေသည့် အမှုများ၊ သတင်းများ ကို ရှာဖွေဖော်ထုတ် ကြလေသည်။ သတင်းစာသမားများသည် ရဲများ ထက်ပင် အရေးပါသော သတင်း များကို ရတတ်သည်။

ဒုစရိုက်သမား များက ရဲဆိုလျှင် ရှောင်တိမ်းကာ သူတို့၏အသက် အန္တရာယ်အတွက် သိရှိသောသတင်းကို မပေးကြသော် လည်း၊ ဂျာနယ်လစ်များကိုမူ ကြောက်စရာလည်းမလို၊ ဂရုလည်း မစိုက်သဖြင့် ဂျာနယ်လစ်က အရေး ပါသော သတင်းများကို နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေသတင်းယူကြ သည်။ တိုင်းပြည်၏ လုံခြုံရေး၊ စီး ပွားရေး၊ လူမှုရေးကို ထိခိုက်စေ သည့် သတင်းမျိုးကို ဂျာနယ်လစ် က ဖော်ထုတ်ရေးသားလိုက်သော ကြောင့် ထိုအန္တရာယ်များကို ကာ ကွယ်တားဆီးနိုင်လေသည်။ ထို့ ကြောင့် လူဆိုးဂိုဏ်းကြီးများ၊ ဒု စရိုက်သမားများက သတင်းစာ သမားများအား လုပ်ကြံသတ်ဖြတ် ပစ်သည်ကို အမေရိကန်လို၊ ပြင်သစ် လို၊ ရုရှားလို နိုင်ငံများတွင် အမြဲ ကြုံတွေ့နေရပေသည်။ ယခု ဖိလစ်ပိုင်နိုင်ငံတွင် Andrew Marshall တွေ့ဆုံခဲ့သော သတင်းစာဆရာမ ရူဘီ စစ်ဆန်မှာ လည်း ဒုစရိုက်ဂိုဏ်းမှ လူသတ် သမားများ၏ ခြိမ်းခြောက်မှုကို ခံနေ ရခြင်းကို သူ၏ အက်ဆေးတွင် ရေးသားထားပေသည်။ ”ရူဘီစစ်ဆန်သည် သူမကို ဘယ်တော့ လာသတ် မလဲဟု တထိတ်ထိတ်နှင့် စောင့်ဆိုင်းနေခဲ့ သည်။ လွန်ခဲ့သော လအနည်းငယ် ကပင် ဒါနာအို သင်္ချိုင်းတစ်ခုတွင် စစ်ဆန်နှင့် တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် ထိုကီဒါပါဝမ် သင်္ချိုင်းတွင် မြှုပ်နှံထား သော သတင်းစာဆရာများကို အလေးပြုခဲ့ကြ၏။

ထိုအထဲတွင် ဂျော့နှင့် မာရီ ဆယ်ဗီဂိုသတင်းစာ ဆရာ ဇနီးမောင်နှံလည်း ပါဝင်လေ သည်။ သူတို့နှစ်ဦးမှာ ဇွန်လက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ် သည်။ မော်တော်ဆိုင်ကယ်စီး လူ သတ်သမား နှစ်ဦးက နေ့ခင်း ကြောင်တောင်ကြီးတွင် ပစ်သတ် သွားသည်။ ကလေး ၅ ယောက် ကျန်ရစ်ခဲ့သည်။ လူသတ်သမားများ ကို ယနေ့အထိ မဖမ်းမိသေးပေ။ ထိုလူသတ်မှုသတင်းကို ရေးသား သောဒေသဆိုင်ရာသတင်းထောက် များကိုလည်း လူဆိုးများက ခြိမ်း ခြောက်ထားသည်။ ရူဘီစစ်ဆန်မှာ သူမ၏ မိတ်ဆွေသတင်းထောက် တစ်ယောက်နှင့် အတူ သတိပေးခံ ထားရသော သတင်းစာဆရာမ တစ်ဦးဖြစ်၏။ လူဆိုးများက သူမ ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်စာ များ ရေးပို့ထားသည်။ ”ကျွန်မ အသတ်ခံရလည်း ကျန်တဲ့သူတွေ က ဆက်လုပ်စရာ ရှိတာတွေကို လုပ်ကြပါလိမ့်မယ်” ဟု ကျွန်တော့် ကို ပြောပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဝန်ထမ်း လာဘ်စားမူကို ကြံ့ခိုင်ရေးကို တင်ပြ၍ မရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ၀န်ထမ်း တချို့ လာဘ်ပေး လာဘ်ယူမူ ပြုလုပ်နေသည့် အပေါ် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံအား တင်ပြရာ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူမူကိစ္စအား ကြံ့ခိုင်ရေးကို တင်ပြ၍ မရကြောင်း ပြောဆိုလိုက်သည်ဟု ဆိုသည်။


" ကျွန်တော်တို့က ဒီလ ၁၀ ရက်နေ့က ကျွန်တော်တို့ ဒေသ တောင်ပြိုကို ရောက်လာတဲ့ ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံ ဦးမောင်ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ကို ဒီဒေသမှာ ၀န်ထမ်းတွေ လာဘ်ပေး လာဘ်ယူမူတွေ အကြီးအကျယ် လုပ်နေတဲ့ အတွက် လူထုတွေကို အရမ်းထိခိုက်နေတဲ့ အကြောင်း တင်ပြပါတယ်။ ဦးမောင်ဦးက ၀န်ထမ်းတွေ လာဘ်စားတဲ့ အကြောင်း သူဆီကို တင်ပြလို့မရဘူးလို့ ပြောပါတယ်" တောင်ပြို (ယာ)မှ ကျေးရွာသား တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်းတို့သည် မောင်တောတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖွင့်လှစ်ပြီး နောက်ပိုင်း ဒေသခံများ မွတ်ဆလင်များကို စည်းရုံးရန် မေလ ၈ ရက်နေ့က စပြီး မောင်တောမြို့နယ်သို့ ရောက်ရှိ လာခဲ့သည်။

မေလ (၁၀) ရက်နေ့က ဦးမောင်ဦးနှင့် အဖွဲ့သည် တောင်ပြို (ယာ) သို့ ရောက်ရှိလာပြီး ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေသခံများအား သူတို့၏ အခက်အခဲများကို တင်ပြပါဟု ဦးမောင်ဦးမှ ပြောဆိုရာ ၀န်ထမ်းများ လာဘ်ပေး လာဘ်ယူမူ ပြုလုပ်နေမူကို တားဆီးပေးရန် ဒေသခံများက တင်ပြခဲ့ကြသည်ဟု ဆိုသည်။

" ကျွန်တော်တို့ တောင်ပြိုဒေသမှာ နစက သတင်းပေးနဲ့ ဘာသာပြန်တွေ ဖြစ်ကြတဲ့ ဦးရှားအာလမ်နဲ့ ဦးအာမန်အူလာတို့က ကျွန်တော်တို့ မွတ်ဆလင်တွေဆီက စုံတွဲ တစ်တွဲ လက်ထပ်ခွင့် တစ်စောင် အတွက် ကျပ် တစ်သိန်းခွဲစီ တောင်းယူနေပါတယ်။ တစ်ဘက်နိုင်ငံက မိုဘိုင်းဖုံး တစ်လုံးကိုင်မယ်ဆိုရင် ကျပ် တစ်သိန်း ယခင် ရယကဟောင်း ဦးဘရှင် (ခ) လာလပ်ယာကို ပေးရပါတယ်။ ဒါတွေက မတန်တဆ ဖြစ်နေတဲ့ အတွက် လူထုတွေက ဒုက္ခ ရောက်နေကြတော့ တင်ပြကြတာပါ။ ဒါကို ဦးမောင်ဦးက သူ့ဆီမှာ တင်ပြလို့ မရဘူးဆိုပြီး ပယ်ချသွားပါတယ်" ဟု ပြောသည်။

မောင်တောမြို့နယ် အတွင်း နေထိုင်ကြသော မွတ်ဆလင် အများစုမှာ မြန်မာ စကားကို မပြောတတ်ဘဲ ဘင်္ဂလီက စကားကိုသာ ပြောဆိုကြသဖြင့် ဦးရှားအာလမ်နဲ့ ဦးအာမန်အူလာတို့က ဘာသာပြန်သူများ အဖြစ် အဆိုပါ ဒေသတွင် ဆောင်ရွက်ကြသည်ဟု ပြောသည်။ သူတို့နှစ်ဦး အနေဖြင့် လက်ထပ်ခွင့် မှ ရရှိလာသော ငွေများကို သက်ဆိုင်ရာ နစက နယ်မြေမှူးနှင့် ခွဲဝေပြီး အကျိုးခံနေကြသဖြင့် အထူး ချမ်းသာကြီးပွားနေကြသည်ဟု သူက ဆိုသည်။

" သူတို့က ကိုယ်စားလှယ် လုပ်ထားပါတယ်။ လက်ထပ်ခွင့် လိုချင်ရင် နစက နယ်မြေမှူးဆီကို သွားစရာ မလိုပါ။ ဦးရှားအာလမ်နဲ့ ဦးအာမန်အူလာတို့ကို သွားပြောရင် သူတို့က လက်ထပ်ခွင့်ကို ထုတ်ပေးတယ်။ အမျိုးသား အမျိုးသမီးပေါင်း နှစ်ဦးပေါင်းကို တစ်သိန်းခွဲပေးရပါတယ်။ ဘင်္ဂလာက လာတဲ့ မိုဘိုင်း လက်ကိုင်ဖုံးကို ကိုယ်စားလှယ် ယူထားတာက ဦးဘရှင်လို့ ခေါ်တဲ့ လာလပ်ယာ ဖြစ်ပါတယ်။ မိုဘိုင်းဖုံး ကိုင်ချင်ရင် သူ့ဆီမှာ ငွေ တစ်သိန်းပေးလိုက်ရင် လွတ်လွတ်လပ်လပ် ကိုင်လို့ရပါတယ်။ အဖမ်းအဆီး မရှိတော့ပါဘူး။ သူက ရလာတဲ့ ကျပ်တစ်သိန်း အထဲက ခုနှစ်သောင်းကို နယ်မြေ နစကမှူးကို ပေးရပါတယ်။ ဒီလို လုပ်နေကြတဲ့ အတွက် လူထုတွေ တော်တော့ကို ဒုက္ခရောက်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

မေလ ၁၀ ရက်နေ့က တောင်ပြို (ယာ) ကျေးရွာသို့ ဦးမောင်ဦး ရောက်ရှိလာစဉ် မွတ်ဆလင်များကို လာဘ်ပေး လာဘ်ယူ ကိစ္စကို တင်ပြခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း တင်ပြသူများကို နောက်နောက် ၀န်ထမ်းများ လာဘ်စားသည့် ကိစ္စ မတင်ပြရန် ဦးမောင်ဦးက ပြောကြားခဲ့သည်ဟု ဒေသခံ ရခိုင်အမျိုးသား တစ်ဦးကလည်း ပြောကြားသည်။

ယခုကဲ့သို့ မောင်တောမြို့နယ်တွင် ၀န်ထမ်းများက ပြည်သူများကို အနိုင်ကျင့်ပြီး မတရားသဖြင့် လာဘ်ပေး လာဘ်ယူမူ ပြုလုပ်နေခြင်း အပေါ် ရခိုင်ပြည်နယ် ကြံ့ခိုရေး တာဝန်ခံသို့ တိုင်ကြားသော်လည်း အရေးယူမည်ကိုထား တိုင်ကြားမူကိုပင် လက်မခံ သဖြင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။


" သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက်သွားပါတယ်" ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအ၀င် ကျေးရွာ အများအပြား မှီခို အားထား လုပ်ကိုင် စားသောက်နေသော အောင်ဒိုင်ချောင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေး တာဝန်ရှိသူများမှ ၎င်းဒေသမှ မွတ်ဆလင် စီးပွားရေး သမား (၂) ဦးနှင့် ပူးပေါင်းပြီး ချောင်းဝမှာ ပိတ်ဆို့ဆည်ကာ ပုဇွန်မွေးမြူရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

" အနောက်ပိုင်းတိုင်းနဲ့ ထောက်လှမ်းရေးက မွတ်ဆလင် သူဌေး ဦးခင်မောင်လှ၊ ဦးမောင်ဂူလာတို့နဲ့ ပူးပေါင်းပြီး ပုဇွန်မွေးမြူရေး လုပ်ဖို့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက အများပြည်သူ လုပ်ကိုင် စားသောက်လာတဲ့ အောင်ဒိုင်ချောင်းကို ပိတ်ဆို့ဆည်လိုက်ပါတယ်။ ချောင်းကို ပိတ်လိုက်တဲ့ အတွက် အဲဒီချောင်းကို မှီခိုပြီး စားသောက်နေတဲ့ ရွာပေါင်း ၁၅ ရွာက လူပေါင်း တစ်သောင်းခန့်ဟာ အထူး ဒုက္ခရောက်သွားခဲ့ကြရပါတယ်။ ဒါကြောင့် ဒီဒေသမှာနေထိုင်တဲ့ လူပေါင်း ၆၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ဒီချောင်းကို ပိတ်ထားတာကို အမြန် ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို များမကြာမှီက စာရေး တောင်းဆိုခဲ့ပါတယ်။ စာရေး တောင်းဆိုပြီးတဲ့ နောက်မှာ ရခိုင်ပြည်နယ် အစိုးရက လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ် " ဟု ပြောသည်။

အောင်ဒိုင်ချောင်းအား လာရောက်စစ်ဆေးသော အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေ၊ သမ၀ါယမ ၀န်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်တို့နှင့် အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြေတိုင်း ဦးစီးဌာနမှ အရာရှိကြီးများ ပါဝင်ခဲ့သည်။

" ကျွန်တော် မြင်တွေ့ခဲ့ရတာကို ပြောရရင် ဒီလို လူသုံးများတဲ့ ချောင်းတစ်ချောင်းကို အ၀ကနေ ပိတ်ဆို့ဆည်လိုက်တဲ့ အတွက် ရွာတွေဟာ အကုန်လုံး ဒုက္ခ ဖြစ်သွားတာကို တွေ့ရတယ်။ မြစ်တွေ၊ ချောင်းတွေကို ငါးဖမ်းထွက်လို့ မရတော့ဘူး။ ၀ါးတွေ၊ ဓနိတွေကို လှေတွေနဲ့ သယ်ယူလာလို့ မရတော့ ဘူး။ ရေလမ်းကို အဓိက အားထားပြီး သွား လာနေရကြရတဲ့ ပြည်သူတွေ လုံးဝ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်။ ဒါ့အပြင် ချောင်းကို ပိတ်ဆို့ ဆည်လိုက်ပြီးတဲ့ နောက်မှာ ရွာသားတွေကို စစ်တပ်က ချောင်းထဲကို ဆင်းခွင့် မပေးတော့ဘူး။ ဒီလို ဒေသခံတွေ ဒုက္ခ ရောက်နေကြရာ နှစ်ပေါင်း ၂၀ ကျော်သွားပြီ။ ဒါတွေကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေကလည်း မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့ သူတို့ နားလည် သဘောပေါက် သွားကြပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အဆိုပါ အောင်ဒိုင်ချောင်း ကိစ္စ အစီရင်ခံစာအား ဗိုလ်မှူးကြီး ဦးထိန်လင်း ဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်းက ဒီမှာပါ။

တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး

ကောင်းမြတ်ဖြိုး(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။

တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့် အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဧပြီ(၂၀)လောက်ကနေ ရေကန်ဟောင်းတွေ စတူးတာ နှစ်ကန်လောက်ပဲ တူးရသေးတယ်၊ လူအင်အား၊ ငွေအင်အား မလောက်တာနဲ့ စစ်တပ်က မေ(၇)ရက်နေ့လောက်ကစပြီး လာကူတာဆိုတော့ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။” ဟု ပျော်ဘွယ်ကလေးရွာ ဥက္ကဌ ဦးညီညီလွင်က ပြောသည်။

အဆိုပါ ရေကန်တူးဖော်နေစဉ်အချိန်များတွင် ရွာသားများမှာ ရေကန်မှ ရေကိုအဓိကထားသုံစွဲနေရသောကြောင့် ရေပြတ်လတ်မှုဖြစ်ပေါ်နေစဉ် စည်ပင်သာယာမှ သောက်သုံးရေအတွက် တစ်ရက်လျှင် ဂါလံ(၈၀၀)ကား(၇)စီး ဖြင့် ရေပေးဝေလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့အရင်က တစ်ရက်ကို ဂါလံ(၃၀၀၀)လောက် ပေးရတာ အခုစစ်သားတွေ လာတယ်ဆိုတော့ အရင်ကထက်ပိုပေး ရတာပေါ့ ” ဟု တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေ၀င်းကပြောသည်။

အဆိုပါစစ်သား(၄၀၀)ကျော်ခန့်မှာ ပျော်ဘွယ်ကလေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင်တည်းခိုလျက်ရှိသည်။

“ကျွန်မတို့ရွာသားတွေ စစ်သားတွေကို ကိုယ်တက်နိုင်သလောက်လေး အအေးတိုက်တာတို့၊ မုန့်ကျွေးတာတို့ လုပ်ပါတယ်၊ ရွာသားတွေလည်း အားရင် သူတို့ကို ၀ိုင်းကူပေးကြပါတယ်” ဟု ပျော်ဘွယ်ကလေးရွာရှိကျောင်းအုပ်ဆရာမ ဒေါ်မိမိမော် ကပြောသည်။

အဆိုပါ ရေကန်(၅)ကန်မှာ တစ်ကန်သည် ပေ(၄၀၀)ပတ်လည်ခန့်ရှိပြီး၊ အခြားကန်များမှာ ပေ(၂၀၀)ပေ(၁၀၀) ပတ်လည်ခန့်ရှိသောကန်များ ဖြစ်သည်။

“ကျွန်တော်တို့ရွာက ရေကန်တွေက အရင်က ဆယ်ပေလောက် နက်တယ်၊ သူတို့လာတူးပေးသွားတော့(၁၄) ပေလောက်တော့ နက်သွားမှာပေါ့၊ နောက်နှစ်တွေဆို ဒီလိုရေမရှားနိုင်လောက်တော့ဘူး” ဟု ပျော်ဘွယ် ကလေးရွာ ဥက္ကဌ ဦးညီညီလွင်ကပြောသည်။




မူရင်းသတင်းက ဒီမှာပါ။

ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် အဆင့်ဆင့် ရွေးချယ်မှု စတင်

မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး(YPI)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီတစ်ခုလုံး၏ သက်ဆိုင်ရာကော်မတီဝင် အဆင့်ဆင့်များကို ပြန်လည်ရွေးချယ်မှုများ စတင်ပြုလုပ်နေပြီဟု ယင်းပါတီဗဟိုဌာနချုပ်မှ သိရှိရသည်။

“ဒီလထဲမှာ လုပ်ခဲ့တဲ့ ပါတီရဲ့ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ်”ဟု ယင်းပါတီဗဟိုဌာနချုပ်မှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်း တိုင်းကော်မတီဝင် တဦးကလည်း “ပထမဆုံး ရပ်/ကျေး စည်းရုံးရေးမှူးတွေ ပြန်ရွေးရမယ်။ ပြီးတော့ မြို့နယ်/ခရိုင်/တိုင်းနှင့်ပြည်နယ် ကော်မတီဝင်တွေကို ပြန်ရွေးသွားမယ်လို့ ပါတီရဲ့ဗဟိုကော်မတီက ညွှန်ကြားချက် ထုတ်ထားတယ်” ဟု YPI သို့ပြောသည်။

ယခုလို ရပ်/ကျေး စည်းရုံးရေးမှူးများ မှစတင်ကာ မြို့နယ် ခရိုင် တိုင်းနှင့် ပြည်နယ် စည်းရုံးရေး မှူးနှင့် အမှုဆောင်များ ရွေးချယ်ခြင်းကို လာမည့် မေလ ၂၅ ရက်နေ့မတိုင်မီ အပြီးပြုလုပ်မည်ဟုလည်း နေပြည်တော် ခရိုင်စည်းရုံးရေးမှူး တဦးကပြောသည်။

သို့ဖြစ်၍ ယင်းပါတီ၏ နိုင်ငံအ၀န်းရှိ မြို့နယ်အဆင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်ရွေးချယ်ပွဲများကို မေလ(၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ နေပြည်တော်ခရိုင် အတွင်းရေးမှူး ဦးဇော်အောင်က ပြောသည်။

“ရပ်/ကျေးစည်းရုံးရေးမှူးတွေ ပြန်ရွေးတဲ့နေရာမှာ ပါတီရဲ့ အမာခံပုဂ္ဂိုလ်တွေကို ဦးစားပေးရွေးချယ် ပြုလုပ်နေတယ်” ဟု မန္တလေးမြို့နေ ရပ်ကွက် စည်းရုံးရေးမှူး ဦးသန်းဝင်းက ရှင်းပြသည်။

ပြည်ခိုင်ဖြိုးပါတီသည် တစ်နိုင်ငံလုံးတွင် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများ ဖွင့်လှစ်ထားရှိ သော်လည်း ရပ်ကွက်/ကျေးရွာအဆင့် ပါတီရုံးများဖွင့်လှစ်ထားရှိခြင်း အနည်းငယ်သာရှိသည့်အတွက် ယင်းပါတီ၏ ရပ်/ကျေးစည်းရုံးရေးမှူးများ ပြန်လည်ရွေးချယ်ပြီးပါက ဒေသအသီးသီးတွင် ရပ်/ကျေး ရုံးများ ဖွင့်လှစ်လာနိုင်ကြောင်း ယင်းပါတီဝင်များထံမှ သိရသည်။

“ဒီတစ်ခေါက်မြို့နယ်ကော်မတီဝင်တွေကို အောက်ခြေပါတီဝင်တွေက ဆန္ဒပေးပြီးရွေးသွားရမယ်လို့ သိထားတယ်”ဟု အဆိုပါ ပါတီ၏ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှ ပါတီဝင်တစ်ဦးကပြောသည်။

အဆိုပါ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် မြို့နယ်ကော်မတီဝင် ပြန်လည်ရွေးချယ်တင်မြှောက်ရန် အတွက် ပါတီ၏ အမာခံအင်အားစာရင်းနှင့် ပါတီဝင်အင်အားစာရင်းများကို ပြန်လည်ပြုစု ပြင်ဆင်ပြီး ဖြစ်ကြောင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ကော်မတီဝင်များထံမှ သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ယခုလုပ်ဆောင်မှုအပေါ် အမျိုးသားဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ ဦးစိုးဝင်းက “ပါတီကြီးတစ်ခုအနေနဲ့ ၂၀၁၅ ခုနှစ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်တယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ခုနှစ်၊ ပြည်လုံးကျွတ်ရွေးကောက်ပွဲ၌ သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် နေရာအများစုအနိုင်ရရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လစ်လပ်မဲဆန္ဒနယ်မြေ (၄၅) နေရာယှဉ်ပြိုင်သည့်အနက် တစ်နေရာတည်းသာ အနိုင်ရရှိခဲ့သည်။

ယင်းသို့ နေရာ အများစုရှုံးနိမ့်ပြီး တလကျော်အကြာတွင် ပါတီ၏ ကော်မတီအဆင့်ဆင့်ရွေးချယ်ပြင်ဆင်မှုများကို ယခုလို ပြုလုပ်လာခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က မေလ ၁၁ ရက်နေ့ သမ္မတရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် “ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျွန်တော်တို့ အစိုးရရဲ့ အောက်ခြေရပ်ကွက် ကျေးရွာ အဆင့်မှ မြို့နယ် တိုင်းဒေသကြီး/ပြည်နယ် မှ ပြည်ထောင်စုအဆင့်ထိ ရှေးယခင် လုပ်ငန်းလုပ်ဟန်တွေကို မကြိုက်တော့ဘူးဆိုတဲ့အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်” ဟုပြောဆိုသွားသည်။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး


တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

အစိုးရနှင့်ထပ်မံတွေ့ဆုံရန်ပြင်ဆင်ချိန် RCSS/SSA သုံးကြိမ် တက်တိုက်ခံရ


အစိုးရ ကိုယ်စားလှယ် နှင့် RCSS/SSA ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် (ဒု)ကြိမ် တွေ့ ဆုံရန် ပြင်ဆင်နေချိန် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်များအခြေစိုက် တပ်စခန်းသို့ အစိုးရတပ်မှ ၃ ကြိမ်တက်တိုက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ပြောပါသည်။

“ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရ တပ်ကနေ သုံးကြိမ်စလုံး ကျနော်တို့ တပ်ဖွဲ့ရှိရာကို ဦးတည်ပြီး လာတိုက်တယ်။ မနေ့က တိုက်ပွဲဆိုတော်တော်ပြင်းထန်တယ်။ မိနစ်ကိုးဆယ်လောက် ကြာ တယ်။ အသေပျောက်စာရင်းတော့ တိကျမရသေးတော့ မထုတ်ပြန်နိုင်သေးဘူး” - RCSS/ SSA အရာရှိတဦးက ပြောပါသည်။

ယခုလမကုန်မှီ အစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA ကိုယ်စားလှယ် တို့ သံလွင်အရှေ့ခြမ်း တနေရာ၌ ထပ်မံတွေ့ဖို့ ပြင်ဆင်နေချိန် မေလ ၉ ရက် ၂၃:၄၀ နာရီ အချိန် အစိုးရတပ် ခလရ ၂၄၆ က ပန်လုံမြို့နယ်ခွဲ ရှိ ဝမ့်ကောင်(ဝ်) ပန်မီ၊ စနင်းကျေးရွာအုပ်စု အခြေချ RCSS/SSA တပ်စခန်းအား လည်း ကောင်း၊ မေ ၁၀ ရက် ၁၆:၀၀ - ၁၇:၃၀ နာရီ အထိ အစိုးရတပ် ခလရ ၆၄ က ပင်လုံမြို့နယ်ခွဲ တန်ဟင်ကျေးရွာအုပ်စု ဖါလိုင်းတောင့်ဖှာ့ရှိ RCSS/SSA တပ်စခန်းအားလည်းကောင်း၊ မေ ၁၀ ရက် နေ့တွင် ခလရ ၂၈၆ အင်အား ၁၈၀ ခန့် ဟိုမိန်းမြို့နယ်ခွဲ မြောက်ဘက် လောင့် မအိုး ရှိ သျှမ်းပြည်တပ်မတော် စခန်းအားလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လွယ်တိုင်းလျဲန်းဌာနချုပ် က အတည်ပြုပါသည်။

“ကျနော်တို့ သဘောတူညီချက်အရ အစိုးရတပ်ကနေ တောပိုင်း၊ ကျေးလက်ပိုင်းဘက်ထွက်မယ် ဆိုရင် ကြိုတင်အကြောင်းကြားရမယ်။ ကျနော်တို့မြို့ထဲဝင်ရင်လဲ အစိုးရတပ်ဆီကိုအကြောင်း ကြားမယ်။ ဒါကို အစိုးရက အကြောင်းမကြားတဲ့အပြင် ကျနော်တို့တပ်ကိုလဲ အရင်ပစ်ခတ်တိုက် ခဲ့တယ်။ ကျနော်တို့က မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ဘဲ၊အကျအဆုံးစာရင်းကို သက်ဆိုင်ရာ တပ်ရင်းတွေက အကြောင်းမကြားလာသေးသလို အစိုးရတပ်ဘက်သေကြေတဲ့ စာ ရင်းလဲ မသိရဘူး။ အစိုးရတပ်ဘက်ကတော့ အခန့်မသင့် လို့ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာလို့ဘဲ ပြောပါ တယ်” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။

၂၀၁၁ နှစ်နှောင်းပိုင်းက ပဏာမ အဆင့်တွေ့ဆုံကာ အပစ်ရပ်သဘောတူညီချက်ရယူချိန်မှ စ၍ မေလအထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ဖြစ်သည်ဟု RCSS/SSA က ပြောဖူးပါသည်။

by-သျှမ်းသံတော်ဆင့်

မူရင်းသတင်းက ဒီမှာပါ။

မန္တလေးစည်ပင်မှကွက်ကြားဆောင်ရွက်ခြင်းနှင့် လမ်းနှစ်လမ်းပိတ်ဆို့ ရောင်းချခြင်း အဖြစ်မှန်

သစ်ထူးလွင်မှ သတင်းတပုဒ်ဖြစ်သော မန္တလေးမြို့ စည်ပင်သာယာမှတဖက်သက် လုပ်ဆောင်နေခြင်း သတင်းကို ဖတ်လိုက်ရလို့  ကိုယ်တွေကြုံယနေ့ ဖြစ်ပေါ် နေခြင်းကို ရေးပို့လိုက်ရပါသည် ။

အင်တာနက်မှရပ်ကွက်သတင်းပါလာတယ်လို့ လူတိုင်းလည်းပြောလို့ ရှာဖတ်မိပါသည် သတင်းမပါချိန်အထိ ကျွှန်တော်တို့ မြောင်း မြောက်ဖက်ခြင်းအပိုင်းပါဝင်ခြင်းမရှိခဲ့ပါဘူး အခုဖျတ်ရမယ်လို့ စာပို ပြောဆိုသွားကြပါသည် အခုလို့ ရေးသားရခြင်းသည် မိမိအဖျတ်ခံရလို့မဟုတ်ဖြစ်စဉ် အမှန်တိုင်း ရေးသားခြင်းဖြစ်ပါသည် ။

ဖြစ်စဉ်နေရာမှာ မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့ကွက်ရပ်တွင် မန္တလေးမြို့စည်ပင်သာယာနှင့်အာဏာပိုင်အဖွဲအစည်းတွေပုးပေါင်းပြီး ကွက်ကြားနေရာ များ ကိုသာ ခြိမ်းခြောက်ဖယ်ရှားရှင်းလင်း လုပ်ဆောင်နေခြင်းသာဖြစ်နေပါသည်။

မလိုအပ်တာကို ကွက်၍တဖက်သက် လုပ်ဆောင်နေသည် အခုမြောင်းသည် ၂၅ လမ်းနှုင့် ၈၅ လမ်းဒေါင့် ရွှေတချောင်းနေရာမှစတင်ခွဲထွက်စီးဆင်းလာသော ရေကြည်မြောင်း ဖြစ်ပါသည် မြောင်းစီးဆင်းရာ ၈၅ လမ်းမှ အခုလုပ်ဆောင်နေသော ၈၉ လမ်းတံတား အရှေ့နေရာထိ အလွန်ပင်ကျဉ်းမြောင်းပြီး အမှိုက်ပိတ်ဆို့စီးဆင်းနေခြင်းသာဖြစ်နေပါသည်။

မြောင်းဘေးဝဲယာ ၏ ဘောင်ပေါ်တွင်ဆောက်လုပ်ထားသည့်ကိုလည်း တွေ့ ဖြင်နိုင်ပါသည် တံတားအရှေ့ ဖက်တောင်မြောက်နေရာနှင့် အရှေ့ထိပ် ၈၅လမ်းထိပအ်ထိမြောင်းဘေး ဝဲယာနေရာများကို စည်ပင်နှင့်ရပ်ကွက်အာဏာပိုင်တို့ မှလည်းတစုံတရာအရေး ယူဆောင်၇ွက်ခြင်းမရှိကြောင်းကို ဖြစ်ပေါ်နေသည်။

(ဓါတ်ပုံကိုကြည့်သိနိုင်ပါသည် ပုံများမှာ ၈၅ လမ်းနှင့် ၂၅ လမ်းမြောင်းစတင်နေရာ မြောင်းကျဉ်းပုံနှင့် ၈၉လမ်းတံတားအရှေ့ဖက်ဝဲယာနေရာ)

၈၉လမ်းမြောင်းကျော်တံတားအနောက်ဖက်တောင်မြောက်ကွက်ကြားနေရာများကို စည်ပင်သာယာနှင့် ရပ်ကွက်အာဏာပိုင်တို့မှ ခြိမ်းခြောက်ဖျတ်ခိုင်းခြင်းခံနေရပါသည် ထိုနေရာမြောင်းအကျယ်မှာ ၈၅ လမ်းစတင်စီဆင်းရာထက်အများကြီးကျယ်ခြင်း ရေစီအားကောင်းခြင်းနေရာဖြစ်ပါသည်ကျဉ်းမြောင်းသောနေရာများကိုလုပ်ဆောင်ချက် မရှိဘဲ ကောင်းမွန်သောနေရာကိုသာကွက်ကြားနိုင်ထက်စီးနှင်းလုပ်ဆောင်ခြင်းခံနေ၇ပါသည်။

ကိုယ်တွေ့ ကြားသိရခြင်း မေလ ၁၁ ရက် နေ့ လည်တွင် တံတားနားက လက်ဖက်ရည်သောက်နေစဉ် လူကြီးဟောင်း ကိုလှထွန်းသင် နှင့် အသက် ၃၀ ကျော်ရပ်ကွက်ကလူတဦးထင်ရသူသည် တို့ က စည်ပင်လူကြီးများကို မြောင်းအကြောင်းရှင်းပြနေကြပါသည် မြေပုံစာ၇ွက်များကို ပြသပြီးလူကြီးဟောင်းမှ မြေပုံလည်း မှန်ကန်မှု့ မရှိကျုးကျော်နေရာတွေကမြေပုံပါအတိုင်းလုံးဝမဟုတ်ကြောင်း သူအကုန်သိကြောင်း လဒီရပ်ကွက်မှာ တောင်မြောက် လမ်းကဘော်လုံးကွင်းအထိပေါက်သော လမ်းနှစ်လမ်းရှိတယ် အခုပိတ်ဆိုပြီး စည်ပင်သာယာမှ ရောင်းချထားကြောင်းကို ပြောဆိုသိလိုက်ရလို့  ရပ်ကွက်လူကြီးများကိုသေချာစုံစမ်းမေးမြန်းမိသည့်အခါ မှန်ကန်ကြောင်း တောင်မြောက်လမ်း နှစ်လမ်းရှိတယ် တံတားလည်းရှိတယ်ဟိုတုန်းကတော့ သုံးတယ် အခုတော့ စည်ပင်သာယာကရောင်းလိုက်လို့ နှစ်နေရာစလုံး တံတားမရှိ လမ်းလည်းမရှိတော့ကြောင်းကို ဝမ်းနည်းစွာပြောဆိုမိကြပါသည်။

(ထိုဖြစ်စဉ်နေရာများကို သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများ မှစုံစမ်းစိစစ်ဖော်ထုတ်ပြီး မှုလနေရာလမ်းတံတားအတိုင်း ရပ်ကွက်ပြည်သူများမှပြန်လည် ဖောက်လုပ်ပေးစေလို့ ပါသည် )

အထက်ပါဖြစ်စဉ်ဖြစ်သော ၂၅လမ်းနှုင့် ၈၄လမ်းစတင်စီးဆင်းသော ရေကြည်မြောင်းအစ ထိပ်ပိုင်းမှ စတင်ဆောင်ရွက်ခြင်းမရှိဘဲ ၈၉ လမ်းတံတားအနောက်ဖက်တောင်မြောက် ကွက်ကြားနေရာများကို အာဏာဖြင့်အတင်းဓမ္မဆောင်ရွက်လုပ်ကိုင်နေခြင်း အဖြစ်မှန်ကို သိရှိစေလိုပါသည်)

ဆရာလှ (ဝန်ထမ်းဟောင်း)
ကြည်…တည်းခိုခန်း
သီရီမန္တလာ ကားကြီးကွင်းတောင်ဖက်လမ်းကြား
သီရိမာလာအရှေ့
အောင်မြေသာစံမြို့နယ် မန္တလေးမြို့ 








မူရင်းသတင်းက ဒီမှာပါ။

မန်း စည်ပင် အတွင်းရေးမှူး ၏ သား အိမ်အတွင်း ၀င်ရောက် မိန်းကလေး အား ထိုး / ရိုက် ခြင်း

ထိုးကျိတ်ရိုက်နှက်ခံရသူ မထွယ်အောင်

မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဦးစန်းမောင် ၏ သားဖြစ်သူ ချိုသဲမောင် သည် ၃၁-၃-၂၀၁၂ နေ့ က နေ့ လည် ၁၁း၃၀ နာရီအချိန် တွင် ၆၆ x ၆၇ ကြား၊ ၃၈ x ၃၉ ကြား မဟာမြိုင် အပိုင်း(၁)၊ အကွက်(၅) မန္တလေးမြို့  မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သော ကျွန်မ မထွယ်အောင် နေအိမ် အတွင်းရှိ နေစဉ် ကားနံပါတ် ၃၈/၉၉၄၆ စူပါ စလွန်းအဖြူရောင်ကားဖြင့် ရောက်ရှိလာပြီး မည်သည့် အကြောင်းမှပြောဆိုခြင်းမရှိပဲ ကျွန်မ၏ အင်္ကျီရင်ဘတ်အား ဆောင့်ဆွဲပြီး ထိုးကျိတ်ကန်ရိုက်နှက်ကာ ငါ့ကို ဘာကောင်မှတ်နေသလဲ ဘယ်ရုံးကိုတိုင်တိုင် စောက်ဂရုမစိုက်ဘူး တိုင်ချင်ရတိုင် နင့်ကိုငါသတ်ပစ်မယ်၊ ထိုးသတ်မည်ဟု ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုကာ ထွက်သွားပြီး ကားနားအရောက်တွင် သတ္တိရှိတဲ့ကောင်လာခဲ့ ဟုပြောဆိုကာ ကားမောင်းပြီးထွက်သွားပါသည်။

ကျွန်မ မထွယ်အောင်မှ ၂.၄.၂၀၁၂ နေ့ တွင် မန္တလေးမြို့  အမှတ်(၉)ရဲ စခန်းသို့ သွား ရောက်အမှု့ ဖွင့်တိုင်းကြားခဲ့သော်လည်း ၅.၅.၂၀၁၂ နေ့ အထိ မည်သို့ မှ အကြောင်း ပြန်ကြားခြင်းမရှိသဖြင့် ရဲ စခန်းသို့ သွားရောက်စုံစမ်းမေးမြန်းရာ တရားခံအား အဖမ်းပြပြီး အာမခံပေးလိုက်သည်ဟု သိရပါသည်။

ဤအမှု့ နှင့် ပါတ်သတ်၍ ကျွန်တော်တို့ အား အထက်မှဖိအားပေးနေသဖြင့် အမှု့ မှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရာတွင် အနှောက်အယှက်အဟန့် အတားဖြစ်နေ ပါသည်ဟုလည်း ကျွန်မတို့ အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ ကြောင့်မြို့ တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်အတွင်းရေးမှူးဦးစန်းမောင် ၏ သားဖြစ်သူသည် ဖခင်အာဏာကို အလွှဲသုံးစားပြုလျှက် မြို့ တော်နေ ပြည်သူမိန်း ခလေးတစ်ဦးအား နေအိမ်အတွင်းသို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်ကာ ကာအိန္ဒြာပျက်ပျား စေခြင်း၊ ထိခိုက်နာကျင်စေခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကျိတ်ရိုက်နှက်ကာ ခြိမ်းခြောက်ကြိမ်းမောင်းသွားသည်ကို ထိရောက်မှန်ကန်စွာအရေးယူပေးပါရန် နှင့် အများပြည်သူသိရှိနိုင်အောင်တင်ပြလိုက်ပါသည်။

မထွယ်အောင်





မူရင်းသတင်းက ဒီမှာပါ။

တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ


ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်တွင်လွန်ခဲ့သည့်ဧပြီလက ဆိုင်ကယ်ခိုးသူများများ ဖမ်းဆီးရေးကို ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဇွဲလုံ့လစိုက်ထုတ်ပြီး ဖမ်းဆီးလိုက်လို့ သူခိုးတော်တော်များများ အချုပ်ထဲရောက်ခဲ့ပါတယ်။

သို့သော်လည်း ၄င်းသူခိုးများသည် ယ္ခုအခါ အပြင်တွင်ပြန်တွေ့နေပြီး ၄င်းတို့ခိုးယူခဲ့ သည့်ဆိုင်ကယ်များအား (ဒန) ဆိုသည့် ရဲများက စီးနေကြပါသည်။

အဆိုပါကိစ္စနှင့် ပါတ်သတ်လို့ တာချီလိတ်မြို့ ခံတဦးက "တကယ်ဆိုသူခိုးများထောင်ထဲ ရောက်လို့ ဆိုင်ကယ်များ ပိုင်ရှင်ထံပြန်ပေးရမှာမဟုတ်ဘူးလား သူခိုးများဖမ်းတယ် ပြောပြီး ဆိုင်ကယ်ယူပြန်လွှတ်ပေးနေသလား၊နှစ်စဉ် ဆိုင်ကယ်ပျောက်မှုပေါင်း တာချီလိတ်တွင် ရာဂဏန်းရှိပါတယ် အမှု့ ပေါ်တာရှိသလို မပေါ်တာလည်းရှိပါတယ်။

ဒါပေမယ့် ခုလိုသူခိုးတွေဖမ်း ဆိုင်ကယ်တွေယူ ပြီးပြန်လွှတ်နေတာတော့ မကောင်းဘူး လို့ ကျနော်တို့ယူဆပါတယ်။ ပိုင်ရှင်တွေလည်း စိတ်ကောင်းမယ်မထင်ပါဘူး။

ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ ပြည်သူများနားလည်အောင် ရှင်းပြသင့်တယ်လို့ထင်ပါကြောင်း" Myanmar News Now ကို ပြောပြပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

တောင်ကိုရီးယားသမ္မတ မြန်မာခရီးစတင်


တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) ဟာ ဒီနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်ဖို့ ရှိပါတယ်။ မြန်မာပါဝင်တဲ့ အာဆီယံ + ၃ အနာဂတ်လုပ်ငန်းတွေ အတွက် ပြင်ဆင်လာရောက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ အီမြောင်ဘက် ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖွယ်ရှိပြီး မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အခု ခရီးစဉ်ဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီယားသမ္မတ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နောက်ဆုံးလာရောက်ခဲ့တဲ့ တောင်ကိုရီယားသမ္မတဟာ ချန်ဒူးဝမ် ဖြစ်ပြီး၊ ၁၉၈၃ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက မြောက်ကိုရီးယားသူလျှိုတွေ မြန်မာနိုင်ငံ အာဇာနည်ကုန်းမှာ ဗုံးခွဲ တိုက်ခိုက်လုပ်ကြံမှုကြောင့် တောင်ကိုရီးယား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တောင်ကိုရီယား အစိုးရအဖွဲ့ဝင် အတော်များများ သေကြေ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ဒါကြောင့်လည်း အခု တောင်ကိုရီးယား သမ္မတ Lee Myung-bak မြန်မာနိုင်ငံလာမယ့် ခရီးစဉ်အတွက် ခရီးစဉ် မတိုင်ခင်ကတည်းက လုံခြုံရေးပြင်ဆင်မှုတွေ အတော်လေး လုပ်ခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီယားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အတော်များများ မြှုပ်နှံလုပ်ကိုင်လျက် ရှိတာကြောင့် အခု တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် ခရီးစဉ်မှာလည်း မြန်မာတောင်ကိုရီးယား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စတွေ ဆွေးနွေးဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အခု စင်ကာပူနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့ တွေ့ဆုံဖို့ရှိသလို စင်ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ကိုလည်း တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K Shanmugam က နေ့လည်စာ တည်ခင်းဧည့်ခံဖို့ ရှိပါတယ်။ ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ မြန်မာနိုင်ငံခြားရေး ကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူမှာရှိတဲ့ အရပ်ဘက်ဝန်ထမ်းတက္ကသိုလ်နဲ့ အရှေ့တောင်အာရှဒေသ ယဉ်ကျေးမှု ပြတိုက်တွေကိုလည်း သွားရောက် လေ့လာဖို့ ရှိနေပါတယ်။

By ဗွီအိုအေ (မြန်မာဌာန)

မူရင်းသတင်းက ဒီမှာပါ။

နမ့်ခမ်း လ၀က ဒေသခံများကိစ္စလစ်လျှူရှုနေ



ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လ၀က ရုံးမှ သည် ဒေသခံ အိမ်ထောင်စုစရင်း ပျောက်ဆုံးသူများကို အသစ်ပြန်လုပ်ပေးဖို့ ကြံ့ကြာနေကြောင်းသိရပါသည်။

နမ့်ခမ်းမြို့ နယ် နောင်စန့်ကုန်းကျေးရွာမှ အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့် အိမ်ထောင်စုစာရင်းပျောက်ဆုံးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အသစ်ထုတ်ပေးဘို့နှင့် ၄င်း အိမ်ထောင်စုဝင် တစ်ဦး ရန်ကုန်သို့ ပုံစံ( ၁၀ ) ဖြင့်ပြောင်းရန် လုပ်နေသည်မှာ တစ်လ နီးပါးရှိပေမဲ့ ခုထိ လုပ်မပေးသေးပါကြောင်း မိသားစုဝင် တဦးက Myanmar News Now ကိုပြောပြပါသည်။

ထိုထက်သာမက အသက် ၃၇ နှစ်ရှိသော အိမ်ထောင်စုဝင်တစ်ဦးလည်း မှတ်ပုံတင်မရှိသေးပါဟု ဆိုသည်။

နမ့်ခမ်းမြို့  လ၀က တစ်ရုံးလုံးက ငွေရသော တရုတ်နိုင်ငံကူးလက်မှတ် အတွက်ကိုသာ ဦးစားပေးလုပ်ဆောင်နေပြီး ၊ ဒေသခံများ၏ အမှု့ ကိစ္စများကို တော့ ဟိုရွှေ့ ဒီရွှေ့  ရက်တွေ ချိန်း၊ ဟိုလူဆီပို့ ဒီလူဆီပို့နှင့် စာရိတ်ထောင်းနေကြောင်း နမ့်ခမ်းမြို့  ခံတဦး က Myanmar News Now ကို ပြောပြပါသည်။

မူရင်းသတင်းက ဒီမှာပါ။