မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ကြိုတင်ငွေပေးကတ် စနစ်များကို မူလပုံစံမှ e-Topup ကတ်စနစ်ပုံစံသို့ ပြောင်းလဲ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။ အဆိုပါ e-Topup ကတ်စနစ်မှာ ကြိုတင်ငွေပေးကတ် ဖြည့်သွင်းရာတွင် ပုံမှန် ရိုက်သွင်း၍ ကုတ်နံပါတ် ထည့်သွင်းမှုအစား အီလက်ထရွန်နစ်နည်းပညာဖြင့် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ ဖြည့်သွင်းနေတဲ့ ကြိုတင်ငွေပေးကတ်တွေကို တချို့လူတွေ မသွင်းတတ်တာလည်း ရှိတယ်။ e-Topup ကတ်စနစ်က ဆိုင်မှာ စက်နဲ့တစ်ခါတည်း ထည့်သွင်း ပေးလိုက်ရုံပါပဲ” ဟု ၎င်းက ပြောသည်။
ပြည်တွင်း အသုံးပြုလျက်ရှိသော GSM ကြိုတင် ငွေပေးကတ်စနစ်သုံး ဖုန်းများတွင် တစ်သောင်းတန်၊ သုံးသောင်းတန် Topup ကတ်ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ယခုစီစဉ်နေသည့် e-Topup စနစ်ကိုလည်း ၎င်းပုံစံအတိုင်းပင် တစ်သောင်းတန်နှင့် သုံးသောင်းတန်ဟူ၍ နှစ်မျိုး ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်သွင်းလိုသူများအနေဖြင့် မိုဘိုင်းဖုန်းဆိုင်သို့ လာရောက်ကာ မိမိဖြည့်သွင်းမည့် ငွေအမောင့်ပမာဏကို ကောင်တာသို့ ပြောရုံဖြင့် ကောင်တာမှ တာဝန်ရှိသူက e-Topup စက်ကို အသုံးပြုကာ ငွေဖြည့်သွင်းပေးမည် ဖြစ်သည်။
၎င်း e-Topup ကတ်ကို မိုဘိုင်းဖုန်းများ ရောင်းချပေးလျက်ရှိသော ဆိုင်များတွင် အလွယ်တကူ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ဖုန်းများတွင် ကြိုတင်ငွေပေးကတ် အသုံးပြုသော ဖုန်းများအတွက် Topup ကတ် အမျိုးအစားသုံးမျိုး ခွဲခြားထားကြောင်း၊ ၎င်းတို့မှာ GSM ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်၊ CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်နှင့် အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်တို့ ဖြစ်ကြောင်း သိရသည်။
GSM နှင့် CDMA ဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို နီးစပ်ရာ မိုဘိုင်းဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်ပြီး အော်တိုဖုန်းများအတွက် ကြိုတင်ငွေပေးကတ်များကို သတ်မှတ် အရောင်းဌာနများတွင်သာ ဝယ်ယူနိုင်သေးကြောင်း သိရသည်။
မူရင်းသတင်းက ဒီမှာပါ။
Friday, May 11, 2012
ကချင်ပြည်နယ် တိုက်ပွဲများကြောင့်မိဘမဲ့ဖြစ်သွားသော ကလေး ၃၀ဦး ရှိလာ
ကချင်ပြည်နယ်တွင် ဖြစ်ပွားသော လက်နက်ကိုင် ပဋိပက္ခများကြောင့် မိဘသေဆုံး၍ မိဘမဲ့ဖြစ်သွားသော ကလေးငယ်ပေါင်း ၃၀ ဦးရှိပြီဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဓမ္မဆရာ ဦးကွမ်ရှောင်က ပြောသည်။
ထိုမိဘမဲ့ကလေးငယ်များကို မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ပေါ်တွင် သီးသန့်ကယ်ဆယ်ရေးစခန်းနှစ်ခုဖွင့်၍ စောင့်ရှောက်ထားကြောင်း၊ ကလေးများတွင် ယခင်မိဘတစ်ဦးကျန်သော်လည်း ကျန်ရစ်သူသည် စစ်အတွင်း ထပ်မံသေဆုံး၍ မိဘမဲ့ဖြစ်သွားသူများဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကရှင်းလင်းပြောကြားသည်။
“နဂိုက အမေသေတယ်။ အဖေကျန်တယ်။ စစ်ဖြစ်တော့ အဖေသေရတယ်စသဖြင့် နည်း လမ်းပေါင်းစုံနဲ့ မိဘမဲ့ကလေးတွေ ဖြစ်လာကြတာပါ။ မွေးစားဖို့တော့ သဘောမတူဘူး။ အခုချိန်က မငြိမ်းချမ်းသေးလို့။ ငြိမ်းချမ်းတဲ့အခါကျရင် အမျိုးနီးစပ်တော်တဲ့ လူတွေကို ရှာပြီးပေးမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
Myanmar Express

သတင်းသမားများအား ကာကွယ်ပေးမည့် ဥပဒေ ပေါ်လာရန် ၀ါရင့်သတင်းစာဆရာများ တောင်းဆို
မကြာမီတွင်ပေါ်ပေါက်လာမည့် မီဒီယာ ဥပဒေသစ်မှာ သတင်းသမားများအား ကာကွယ်မည့်ဥပဒေနှင့် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသည့် ဥပဒေဖြစ်သင့် ကြောင်း ၀ါရင့်သတင်းစာဆရာကြီးများ က မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ တွင် ပြောသည်။
"သတင်းသမားတွေကို ဖိနှိပ်မယ့် ဥပဒေတွေကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့တွေကို ကာကွယ်ပေးမယ့် ဥပဒေတွေကိုပဲ လိုချင်ပါတယ်" ဟု ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက မေလ ၃ ရက် နေ့က ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်တွင် ကျင်းပခဲ့သော ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြောသည်။
၎င်းကဆက်လက်၍ ပေါ်ပေါက်လာမည့် မီဒီယာဥပဒေမှာလည်း နိုင်ငံတကာ စံနှုန်းမီဖြစ်သင့်ကြောင်း ပြောသည်။
"မြန်မာနိုင်ငံအတွက် သတင်းစာ လွတ်လပ်ခွင့်တို့၊ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဆိုတာမျိုးကို မလိုချင်ပါဘူး။ ကျွန်တော်တို့လို ချင်တာက နိုင်ငံတကာ မှာ ကျင့်သုံးနေတဲ့ မီဒီယာလွတ်လပ်ခွင့် ပါ"ဟု မောင်ဝံသက ပြောသည်။
"Challenges to Media in a new environment" ခေါင်းစဉ်ဖြင့် ကျင်းပသော ထိုအခမ်းအနားသို့ နိုင်ငံခြား သတင်းထောက်များ အပါအ၀င် ပြည် တွင်းသတင်းစာစောင်များမှ သတင်းသမား ၇၀ ကျော်တက်ရောက်ခဲ့သည်။ "ဒီ World Press Freedom Day ကို မျှော်လင့်ချက်နဲ့ ကျင်းပတာ။ တစ်နေ့ မှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်လာရင် ရေမြင့်ရင် ကြာတင့်တဲ့သဘောနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် လည်းရလာမယ်လို့ မျှော်လင့်တယ်"ဟု မောင်ဝံသက ပြောသည်။
Favourite News ဂျာနယ်၏အမှု ဆောင်အယ်ဒီတာ ဆရာဖိုးသောကြာကမူ "သတင်းသမားနှင့် နိုင်ငံရေးဟာ ခွဲမရ တဲ့အမြွှာလိုပဲလို့ ပြောကြတယ်။ ဒါပေမယ့် သတင်းသမားတွေဟာ ဘယ်တော့မှ အာဏာရဖို့ကို မကြိုးစားဘူး။ သူတို့ ကြိုးစားတာက အချုပ်၊ အခြာ၊ အာဏာ ဆိုတဲ့မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဖို့ပဲ" ဟု ပြောသည်။
အခမ်းအနားတွင် ဆရာမောင်ဝံသက ကိုလိုနီခေတ် ၁၉၄၅ ခုနှစ်မှ စာပေစိစစ် ရေး စတင်ပေါ်ပေါက်လာသော ကာလ အတွင်း မြန်မာနိုင်ငံ၏ပြောင်းလဲ လာသော သတင်းလွတ်လပ်ခွင့်အခြေ အနေနှင့် သမိုင်းကြောင်းများအား ရှင်းလင်းပြောပြခဲ့သည်။
"ကိုလိုနီခေတ် ဗြိတိသျှလက်အောက်မှာတောင် ကျွန်တော်တို့နိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အပြည့်ရှိခဲ့တယ်။ တောင်သူလယ်သမား တွေရဲ့ အရေးတော် ပုံတွေကို လွတ်လွတ်လပ်လပ်ဖော်ပြခွင့် ရခဲ့ကြတယ်"ဟု ၎င်းကပြောသည်။
ထိုအခမ်းအနားသို့ တက်ရောက်လာသော မဇ္ဈိမသတင်းမီဒီယာ Managing Editor ဖြစ်သူ ဦးဝင်းကျော်ဦးက မြန်မာ နိုင်ငံတွင် ပထမဆုံးသတင်းလွတ်လပ် ခွင့်နေ့ကျင်းပခြင်းဖြင့် သတင်းသမားများသာမက လူထုကြားတွင်ပါ သတင်း လွတ်လပ်ခွင့်၏ အရေးပါပုံကို ပိုမိုသိရှိ လာစေမည်ဖြစ်ကြောင်း ပြောသည်။
သို့သော်အခြားတစ်ဖက်တွင်မူ မြန်မာ သတင်းသမားများမှာ သတင်းလွတ်လပ် ခွင့်အတွက် အဆင်သင့်အနေအထား လည်းမရှိသေး ကြောင်းနှင့် သတင်းစာ ပညာလေ့လာနိုင်သည့် အရင်းအမြစ်များ ရှားပါးခြင်းမှာလည်း အကြာင်းရင်း တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။
"တက္ကသိုလ်တွေမှာ သတင်းစာပညာ တွေတက်လာမှ၊ သင်တန်းကျောင်းတွေ တက်လာမှ သတင်းထောက်လုပ်လို့ရ တာ မဟုတ် ပါဘူး။ အားလုံးပဲ လုပ်ရင်းနဲ့ သင်ကြတာပါပဲ။ ဒါပေမယ့် အဲဒီလို သင်တန်းတွေ တက်ထားမယ်ဆိုရင် အလုပ်လုပ်တဲ့အခါမှာ ပိုပြီး ကောင်းတယ်"ဟု ဦးဝင်းကျော်ဦးက ပြောသည်။
မြန်မာဂလိုဘယ်ပို့စ် ဂျာနယ်၏ ဓာတ်ပုံသမား ကိုအောင်ပြည့်ကမူ ၀ါရင့် သတင်းစာဆရာကြီးများနှင့် လူငယ် သတင်းထောက်များ ကြားတွင် ကွာဟချက်များရှိနေသည်ဟု ရှုမြင်ကာ ထို ကွာဟချက်များအား ကျဉ်းမြောင်းသွား အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောသည်။
"သတင်းစာဆရာကြီးတွေအနေနဲ့ သူတို့ပဲသိတယ်၊ တတ်တယ်၊ လူငယ် သတင်းသမားတွေကတော့ ဘာမှမသိဘူးဆိုတာမျိုး လုပ်လို့ မရဘူး။ သူတို့ အနေနဲ့ သူတို့မှာရှိတာတွေကို မျှဝေဖို့ လိုတယ်။ "ပြီးတော့ လူငယ်သတင်းထောက်တွေ သူတို့ရဲ့တိုက်တွေ၊ နေရာ တွေမှာ မပျော်ကြဘူး။ အထက်က သူတို့ကို မကြည့်ဘူးလို့ ခံစားနေကြရတယ်။တစ်တိုက်တည်းမဟုတ်ဘူး။ အားလုံးပဲ။ ဒါဟာ ဘာဖြစ်တာလဲ။ အဲဒါကိုလည်း အဖြေရှာဖို့လိုတယ်"ဟု ကိုအောင်ပြည့် က ပြောသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မြန်မာ့အပြောင်းအလဲ စိတ်မချရသေး
မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။
“သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။”
ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိုး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။
“ဥရောပက မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ အီးယူရဲ့ လောလောဆယ် Sanction Suspend လုပ်တဲ့အထဲမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာစီးပွားရေးဟာ ဒါကြောင့် ရပ်နေတယ်လို့တော့ ငြင်းလို့တော့ မရတော့ဘူးလို့ သူထဲ့ပြောသွားတယ်။ ဒါကို သူက လက်မခံတဲ့သဘောမျိုး ရှိပါတယ်။ ဒီလက်ရှိ Suspend လုပ်လိုက်တဲ့အပေါ် မြန်မာစီးပွားရေးက အထိုက်အလျောက် တိုးတက်လာရမယ် ဆိုတဲ့ သဘောမျိုး ပြောသွားတဲ့ သဘော တွေ့ပါတယ်။”
အခုလို ပိုလန်နိုင်ငံက အဆင့်မြင့် အရာရှိတဦးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ၂နိုင်ငံအကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။
“အဲဒါနဲ့ ပတ်သက်ပြီး သူက သူနဲ့ တပါတည်းပါလာတဲ့ ပိုလန် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါလာတယ်။ သူတို့ကိုလည်း မေးမြန်းလို့ ရတယ်။ သူတို့ရဲ့ မြန်မာပြည်မှာ Business opportunity တွေနဲ့ ပတ်သက်ပြီးတော့ လာပြီး စူးစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်၊ ကျနော်တို့ ဒီ Shipping နဲ့ ပတ်သက်တဲ့ ဟာတွေက အစပေါ့နော်၊ သူတို့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေ နယ်ပယ် အသီးသီးက ပါလာတယ် ဆိုတဲ့ အကြောင်း၊ သူတို့ရဲ့ စိတ်ဝင်စားမှုကိုတော့ ပြောသွားတယ်ပေါ့လေ။ ဒါပေမယ့်လည်း လေ့လာရဦးမယ်ပေါနော်။”
ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဆိုရာမှာ နှစ်ဦး နှစ်ဖက် အာမခံချက်တွေ ရှိတဲ့ ဥပဒေ ပြဌာန်းချက်တွေ ရှိဖို့လိုတယ်လို့ မြင်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။
“သူက ဖြေရတဲ့အဖြေက အင်မတန် နဲပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက ဒီ မြစ်ဆုံ Dam နဲ့ ပတ်သက်တဲ့ ရင်းနှီး မြုပ်နှံမှုတွေလည်း ရှိတတ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Foreign investment တွေဟာ ဟို ကောင်းကျိုးလည်း ပေးတာရှိတယ်၊ ဆိုးကျိုးလည်း ပေးတာတွေ ရှိတယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး အမြင် သူ့ကို တယောက်က မေးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတာက ရင်းနှီးမြုပ်နှံသူကိုရော၊ ဒီဖက်က တိုင်းပြည်ကိုရော နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးတော့ စံနစ်တကျ လုပ်တာ ပိုကောင်းတယ်၊ နှစ်ဖက်လုံး အကျိုးရှိတဲ့ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုက ပိုကောင်းတယ် ဆိုတာကို သူ ထပ်ပြောသွားပါတယ်။ အားလုံးကတော့ ဒီကို လာကြည့်ကြတဲ့အခါမှာ ဟို အင်မတန်စိမ်းတဲ့ တိုင်းပြည်တခုကို၊ စီးပွားရေးအရ စိမ်းနေသေးတဲ့ တိုင်းပြည်တခုကို လာကြည့်ရတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို လာပြီးတော့ စူးစမ်းတဲ့သဘော အဆင့်မှာပဲ ရှိပါသေးတယ်။”
ဒါကတော့ မေလ ၁၀ ရက်နေ့က ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး သတင်းထောက်တွေကို တွေ့ဆုံ ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဂျပန် သတင်းဌာနရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက် ကိုသီဟဆွေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဘတ်ဂျက်လိုငွေကြောင့် ဧရာဝတီနှင့် ချင်းတွင်း ဖွံ့ဖြိုးရေး မလုပ်နိုင်သေး
ဘတ်ဂျက် လိုငွေပြမှုကြောင့် ဧရာဝတီနှင့် ချင်းတွင်းကို လက်ရှိအနေအထားထက် ပိုမိုမဆိုးရွားစေရန် ပြုပြင်ထိန်းသိမ်းရေးကိုသာ လုပ်ဆောင်နေ ရကြောင်း ရေအရ င်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများကို တွင်ကျယ်စွာ မလုပ် ဆောင်နိုင်ပါက ရေရှည်တွင် မြစ် ကြောင်းပျက်စီးမှုများသည် တဖြည်း ဖြည်း ဆိုးရွားလာနိုင်ကြောင်း ၄င်းက ပြောသည်။”ပျက်စီးနေတဲ့ မြစ်တွေက အများကြီးပဲ။ အဲ့ဒီထဲမှာမှ နိုင်ငံ အတွက် အရေးကြီးတဲ့ ဧရာဝတီနဲ့ ချင်းတွင်းကိုဦးစားပေးပြီး လုပ်ရတာ ပေါ့။ ဒါတောင် ပြုပြင်ထိန်းသိမ်းတဲ့ အဆင့်ပဲ လုပ်နိုင်သေးတယ်။ ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ မလုပ်နိုင်သေး ဘူး”ဟု ၄င်းက ပြောသည်။
အဆိုပါ မြစ်နှစ်စင်းတွင်လည်း မြစ်ကြောင်း တစ်လျှောက်လုံးကို ပြုပြင်ခြင်း မလုပ်နိုင်သေးဘဲ ပြုပြင် ရန် လိုအပ်သော နေရာများကိုသာ တစ်နိုင်တစ်ပိုင် လုပ်နေရသည်။ ပြည်သူလူထု အနေဖြင့် မြစ် ဆုံကိစ္စကဲ့ သို့ပင် မြစ်ကြောင်းများ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ ကြောင်းကိုအဆိုတင်သွင်းသင့်သည် ဟု ထိုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြစ်ဆုံရေကာတာ ဆောက် မည့် ကိစ္စတွင်လည်း ရေကာတာ ဆောက်ရန်သာ တားမြစ်ခဲ့ပြီး ထို ကိစ္စ ရပ်သွားသည်နှင့် မြစ်ကြောင်း ထိန်းသိမ်းရေးကိစ္စများအတွက် ဆွေး နွေးမှုလည်းလျော့ နည်းသွားကြောင်း ၄င်းက ဆက်လက်ပြောသည်။ထို့အပြင် လက်ရှိအနေအထား တွင် မြစ်ကြောင်း ထိန်းသိမ်းစောင့် ရှောက်မှုအား အစိုးရ တစ်ခုတည်း မှသာ လုပ်ေ ဆာင်နေကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ဝိုင်းဝန်းကူညီ၍ လုပ်ဆောင် သင့်ကြောင်းတိုင်းပြည်ဖွံ့ဖြိုးချိန်အထိ စောင့် ဆိုင်းပါက ပျက်စီးမှုမှာ ပိုမို လာရန်သာ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
မြစ်ကြောင်း ထိန်းသိမ်းမှုအနေ ဖြင့် လက်ရှိ အခြေအနေတွင် မြစ်ကမ်းမှ ပေ ၃ဝဝ အတွင်း သတ္တု တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင် ခွင့်တားမြစ်မှုကို ပထမအဆင့် အနေဖြင့် ထုတ်ပြန်ထားခြင်းဖြစ် ကာ လုပ်ကိုင်သူများ၏ စည်းကမ်း ဖောက်ဖျက်မှုကို ကြည့်ကာ တား မြစ်ချက်များ ပိုမို တိုး၍ ပြင်ဆင် သွားရန် ရှိကြောင်း အဆိုပါဌာနမှ သိရသည်။
ကြည်ငြိမ်းသော်
မူရင်းသတင်းက ဒီမှာပါ။
မိုးရာသီ ရေကြီးရေမြုပ်မှု မှကာကွယ်ရန် ဇော်ဂျီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြီးရေမြုပ်မှုများမှ ကာကွယ်နိုင်ရန်အတွက် ဇော်ဂျီမြစ်ကြောင်းတ စ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
ထိုလုပ်ငန်းများအတွက် ငွေ ကျပ်သန်းပေါင်း ၄၃၈၉ ဒသမ ၈ဝ ခန့် အကုန်အကျခံ ဆောင်ရွက်မည် ဖြစ်ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်မှစ၍ စတင်ဆောင်ရွက်ကာ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၊ မေလ အတွင်း အပြီးဆောင်ရွက်မည် ဖြစ် ကြောင်း၊ ဇော်ဂျီရေထိန်းဆည် အောက်ပိုင်း ပေ-၁ဝဝဝဝ ခန့်အထိ ကျဉ်းမြောင်းနေသော မြစ်ေ ကြာင်း အား ချဲ့ခြင်း၊ ဇော်ဂျီရေထိန်းဆည် ပြုပြင်ခြင်း လုပ်ငန်းHydraulic Elevator Dam တပ်ဆင်ခြင်းများ ဆောင်ရွက်နေပြီး လုပ်ဆောင်နေ သည့် လုပ်ငန်း ၄ ရပ်တွင် ရာခိုင် နှုန်း အတော်များများကို ဆောင်ရွက် ပြီးဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
၂ဝ၁၁ ခုနှစ် သြဂုတ်လနှင့် အောက်တို ဘာလများအတွင်းက ဇော်ဂျီမြစ်ရေ လျှံတက်ကာ ကြက် မင်းတွန် တာဘောင်ကျိုးခြင်းနှင့် တံ တားလည် တာဘောင်ကျိုးပေါက် ခြင်း၊ မြစ်ရေကြီးခြင်းများ ဖြစ်ပေါ် ခဲ့ပြီး ကျောက်ဆည်မြို့ပေါ် ရပ်ကွက် များ အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေဘေးဒုက္ခဆိုး များစွာ ခံစားခဲ့ကြရပြီး ကြက်သွန် နှင့် စပါးစိုက်ဧက များစွာ လည်း ရေမြုပ်ပျက်စီးခဲ့ကြောင်း ကျောက် ဆည်မြို့ခံများက ပြောသည်။
ဇော်ဂျီမြစ်ပေါ်တွင် ဇော်ဂျီရေ လှောင်တမံ၊ နောင်ခမံ ဆည်၊ ငပြောင်ဆည်၊ သင်းတွဲဆည်၊ မင်းရဲဆည်၊ ဇီးတောဆည်နှင့် ၂ဝဝ၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဇော်ဂျီရေထိန်းဆည်များ ရှိကြောင်း၊ မိုးရာသီတွင် ဇော်ဂျီမြစ်ရေသည် ငပြောင်ဆည်ပေါ်တွင် လေးပေခန့် အထိ ရောက်ရှိပါက စိုးရိမ်ရေမှတ် အဖြစ် သတ်မှတ်ထားသည်။
မောင်တာ
မူရင်းသတင်းက ဒီမှာပါ။
ဒု သမ္မတ နှုတ်ထွက် သည့် သတင်း အစိုးရ အတည်ပြု
သဘောထား တင်းမာသည့် မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်
စာ တင်သည် ဆိုသည့် သတင်း ကို မြန်မာ အစိုးရ တာဝန် ရှိသူ များ က အတည်ပြုပြောကြားခဲ့
ပြီး မည်သည့် အကြောင်း ကြောင့် နှုတ်ထွက် သည် ကို မူရှင်း လင်း စွာ ပြောကြား ခြင်း မရှိ ဟု
FNG မှ သတင်း ရရှိ သည်။လည်ချောင်း ကင်ဆာ ရောဂါ ကြောင့် နှုတ် ထွက် သည် ဟု သတင်း ဖြစ်ပေါ်ခဲ့ သော် လည်း
နေ ပြည် တော် မှ လာသည့် သတင်း ရင်း မြစ် များ တွင် မူ လက်ရှိ သမ္မတ ဦးသိန်းစိန် ၊ ကာ
ကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် တို့  နှင့် တင်းမာမှု များ ရှိသည် ဟု သိရသည်။
ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး သည် နှုတ်ထွက် စာ မတင် ခင်က စင်္ကာပူ တွင် သွားရောက် ဆေးကုသခံ ယူပြီး နောက်ပိုင်း တွင် ရန်ကုန် မြို့  မြောက် ဘက် တစ်နေရာ တွင် ရဟန်း ဘ၀ ဖြင့် ခေတ္တ သီတင်း သုံး နေသည် ဟု သိရသည်။

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား
စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။
ကားလမ်းပျက်၍ လမ်းဆင်းလျှောက်နေကြသော စစ်တွေမှ ရန်ကုန်သွား ခရီးသည်များ ( ဓါတ်ပုံ- နိရဉ္စရာ)
" ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်" ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။
" ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခု ရသေ့တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော်တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။"
ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကားဖြင့် ရန်ကုန်နှင့် စစ်တွေသို့ တိုက်ရိုက်သွားလာ၍ မရသော်လည်း ဒေသမှ ထွက်ခွာသူ များပြားနေသဖြင့် စစ်တွေ ကား ကုမ္ပဏီများက ရသေ့တောင်မြို့ထိ လက်မှတ် အရောင်း ကောင်တာများ တိုးချဲ့ ဖွင့်လှစ် ရောင်းချ နေကြောင်း သူက ဆိုသည်။
" ရသေ့တောင်မြို့ပေါ်မှာ ကားလက်မှတ် အရောင်းကောင်တာ သုံးလေးခုခန့် ရှိပါတယ်။ တိုးရတနာ၊ ရွှေပြည်ရခိုင်၊ ကင်းစတား စတာတွေပါ။ ကားလက်မှတ်ကတော့ နေ့တိုင်း အပြည့် ရောင်းရတာပါဘဲ။ တအားကို သွားတဲ့သူ များနေပါတယ်" ဟု ပြောသည်။
ယခုကဲ့သို့ ထွက်ခွာနေကြသူများမှာ ရသေ့တောင် မြို့နယ် တစ်ခုတည်းက မဟုတ်ဘဲ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦီး၊ ပလက်ဝ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည် မြို့နယ်တိုင်း လိုလိုက ဖြစ်ကြောင်း ရွှေပြည် ရခိုင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
" ပြည်ပကို ထွက်တာလား၊ ဘယ်ကို သွားကြတယ်ဆိုတာတော့ မပြောတတ်ဘူး။ အကုန် သွားနေကြ တာပါဘဲ။ မြို့နယ် စုံပါဘဲ။ ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့ ရန်ကုန်ကို သွားကြ တာကတော့ နေ့တိုင်း အပြည့်ဘဲ။ ကားတစ်စီးမှာ ကလေး လူကြီး ၆၀ လောက် ဆန့်ပါတယ်။ ရန်ကုန်ကနေ ဘက်ကို သွားကြတယ် ဆိုတာတော့ ကျွန်တော်တို့ တပ်အပ် မသိဘူးဗျာ။"
ထိုကဲ့သို့ ထွက်ခွာနေကြရာတွင် မြို့ပေါ်ကထက် နယ်ဒေသက ပို၍ များကြောင်း ဒေသခံများက ပြောသည်။
"ပြည်ပကို ထွက်တာ ကျွန်တော်တို့ နေတဲ့ အနီးအနား ရွာလောက်ပြောရ ရမယ်ဆိုရင် တရက်ကို လူအနည်းဆုံး လူပေါင်း ၂၀ ကနေ ၃၀အထိ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ကြပါတယ်။ ထွက်တဲ့ လူတွေက လူကြီး လူငယ် အမျိုးသမီး ဆိုင်းစုံပါဘဲ" စေတီပြင်ရွာမှ ရပ်လူကြီးတဦးက ဟုနိရဉ္စရာသို့ ပြောသည်။
ယခုကဲ့သို့ ထွက်ခွာနေကြရခြင်းမှာ ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် အလုပ်အကိုင်ရှား ပါး၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
"ပြည်ပ ကို ထွက်ချင်လို့ထွက် ကြတာမဟုတ်ပါဘူး။ အဓိကတော့ အလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး တယောက်လောက်ဘဲ အလုပ်ရှိတယ်။ လုပ်တာကလည်း လယ်ယာလုပ်ငန်းဆိုတော့ မိသားစု တစ်ခုလုံး စားဝတ်နေရေး အဆင်မပြေဘူး။ မဖူလုံဘူး။ အဲဒါကြောင့် ရှိတဲ့ ပစ္စည်းလေး တွေကို ပေါင်နှံ ရောင်းချပြီးတော့ ပြည်ပကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။
ပြည်ပနိုင်ငံသို့ ထွက်ခွာသွားသော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး လူတစ်ရာတွင် သုံးလေးဦးခန့်သာ အဆင်ပြေကြောင်း လောင်းချောင်း ကျေးရွာသား တဦးက ပြောသည်။
"ပြည်ပကို ထွက်တဲ့လူတွေ ဟာလဲသိပ် အဆင်ပြေကြတာ မဟုတ်ပါဘူး။ လူတစ်ရာမှာ သုံး လေးယောက်လောက်ပဲ အဆင်ပြေကြတာပါ။ အိမ်မှာ အလုပ်လက်မဲ့ နေမယ့်အစား ပြည်ပကို ထွက်ပြီး လုပ်တာက အိမ်ကိုငွေ မပို့နိုင်ရင်တောင် ကိုယ့်ဝမ်း အတွက်တော့ အဆင်ပြေတဲ့ သဘောမျိုးနဲ့ သွားနေကြတာ ဖြစ်ပါတယ်။" ပြည်ပသို့ ထွက်ခွာနေသူများသည် တရုတ်၊ ထိုင်း၊ မလေးရှား သို့သာမက စစ်မက် အကြီးအကျယ် ဖြစ်ပွားနေသော ကချင်ပြည်နယ် ဘက်သို့ ထွက်ခွာနေကြသည်ဟု ဆိုသည်။
ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေမှာ ရင်လေးစရာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ဦးလှမောင်သိန်းက ပြောသည်။
ယခုကဲ့သို့ လူများ ရခိုင်ပြည်နယ်မှ စွန့်ခွာနေကြသဖြင့် ယခုနှစ် လယ်ယာ လုပ်ငန်းကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့ပေါ်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။
" အခု ပြဿနာက လယ်လုပ်မယ့် သူရင်းဌား လုံးဝ ရှာမရတဲ့ ပြဿနာပါ။ ရွာတွေမှာ လယ်လုပ်မယ့် သူတွေ မရှိသလောက် ဖြစ်နေပြီ။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ အပေါ် အလေးအနက် စဉ်းစားတာမျိုးတော့ မတွေ့ရသေးဘူး။ လူအားနဲ့ လယ်လုပ်တဲ့ ရခိုင်ဒေသမှာ လယ်လုပ်မယ့်သူ မရှိရင် လယ်ယာလုပ်ငန်းကတော့ ရှေ့မှာ အများကြီး ထိခိုက်နိုင်ပါတယ်။"
သူရင်းဌား တစ်ဦး၏ ဈေးနုန်းမှာလည်း လုပ်သား ရှားပါးသဖြင့် လွန်ခဲ့သောနှစ်ကထက် ယခုနှစ်တွင် နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။
" ရွာမှာ လူတွေမရှိတော့ ပြဿနာက ဘာဖြစ်လာ လဲဆိုတော့ ပွဲလန်းသဘင်တွေ ဖြစ်ရင် ကလေးနဲ့ အဖိုးကြီးတွေ လောက်ဘဲ ကျန်တော့တယ်။ လူပျို အပျို ရှာမရတော့ဘူး။ တချို့ ရွာတွေမှာဆိုရင် ကာလသား မရှိတဲ့ အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ ကျရင် ကာလသားကို တစ်ခြားရွာတွေက ဌားရတာ မျိုးတွေတောင် ရှိတယ်။ ရွာတွေမှာ လူက မရှိသလောက်ဖြစ် နေပါပြီ။ အဘုဘ ချရင်တောင်မှ အမျိုးသားတွေ မရှိတဲ့ အတွက် အမျိုးသမီးတွေက အလောင်းကို ထမ်းချရတဲ့ ရွာတွေလည်း ရှိနေပါပြီ"ဟု လယ်သမားကြီးက ပြောသည်။
ထွန်းထွန်း ( နိရဉ္စရာ)

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား
ဓါတ်ပုံ-Katha Town
ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ က မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း
မန္တလေး- မြစ်ကြီးနားလမ်းပိုင်း နမ္မားနှင့် မြို့သစ်ကလေးကြား မိုင်တိုင်အမှတ် ၆၄၄၊ ၂၀-၂၁ အကြားတွင် မေလ ၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးရထားသံလမ်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
မူရင်းသတင်းက ဒီမှာပါ။
တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း
ဓာတ်ပုံ AP
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာပါတယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြားခရီးသည်အများစုဟာလည်း စီးပွားရေးလုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေများပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာပြည်မကြီးမှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်းသွားပါတယ်။
“မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးချင်သူတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ် ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ဒေသတွေမှာတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်မယ့် အစီအစဉ်တွေကိုလည်း စဉ်းစားသင့်ပါတယ်။ ပြည်မကြီး ဒေသက ကျမတို့ ပြည်သူတွေကလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုဒေသ ပြည်သူတွေက ပိုပြီး ဆင်းရဲပါတယ်။ ပိုပြီးတော့ လည်း အကူအညီတွေ လိုအပ်နေပါတယ်။”
မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရပါတယ်။ အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိပါတယ်။ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ “အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံလိုက်ခြင်းကြောင့် သက်ရောက်မှုတွေအားလုံးကို ကျနော်တို့ ဖယ်ရှား လိုက်ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးဟာ ဒီလို အရေးယူဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက် ကျနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေက အခု မရှိတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ သတိပေးနေတာက အခု ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန် လှည့်မသွားဖို့ပါ။ တနှစ်အတွင်းမှာ သေချာအောင် စောင့်ကြည့်သွားမှာပါ။ ဒါပြီးရင်တော့ မူဝါဒကို ပြန် လည် သုံးသပ်သွားမှာပါ။”
နိုင်ငံ့ခေါင်းဆောင်တွေအတော်များများ အခုရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သက်ဆိုင် ရာနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်လာ ကြပါတယ်။ အခု ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလည်း ပိုလန်နိုင်ငံ အကြီးစား စက်မှု လုပ်ငန်း နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ပါလာတာကြောင့် မြန်မာနိုင်ငံထဲ စီးပွားရေး အခွင့်အလမ်းတွေကို လာရောက် ကြည့်ရှုတယ်လို့လည်း ယူဆနိုင်ပါ တယ်။
နှစ်နိုင်ငံအကြား သတ္ထုတွင်းလုပ်ငန်းနဲ့ ဘူမိဗေဒဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တရပ်ကို လည်း မြန်မာအာဏာပိုင်တွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ဘက် အပြန်အလှန် အကျိုးရှိမယ့် ကိစ္စရပ်တွေ ဖြစ်စေရမယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ တကယ်ကို လက်တွဲဘက်နိုင်ငံ သဘောမျိုးဖြစ်ချင်တာပါ။ ဒါကြောင့် အပြန်အလှန် အကျိုး စီးပွားအတွက် နည်းပညာတွေ လွှဲပြောင်းကူညီဖို့ရှိသလို ရင်းနှီးမြှုပ်နှံဖို့လည်း ရှိပါတယ်။ ဒါကြောင့် ပထမ ဆုံးတော့ ပညာတော်သင် ခေါ်ယူတာတွေ လုပ်ပါမယ်။”
မြန်မာနိုင်ငံတွင်း အခုလို အနောက်နိုင်ငံတွေဘက်က စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ ဟာ အရင် အာရှဘက် ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုပြီး မြန်မာလူထုအတွက် အကျိုး ရှိစေမယ်လို့ ယူဆမှုတွေရှိပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုကြောင့် ဘေးထွက်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ ကို အနောက်နိုင်ငံဘက်က ကုမ္ပဏီမျိုးတွေကပဲ ပြန်ပြီး ကုစားပေးနိုင်မယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမိုးမြင့်က သြစတေးလျ ABC ရုပ်/သံ ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
“ဒီလို ကုမ္ပဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေအပေါ် ဒီကုမ္ပဏီတွေကပဲ အပြု သဘော ပြန်လည် ဆောင်ရွက်ပေးနိုင်တာကြောင့်ပါ။ ပြီးတော့ လူလတ်တန်းစား အရေအတွက်လည်း များလာနိုင်ပါတယ်။”
အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ တဘက်က လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူမှု အစီ အစဉ်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အားဖြင့် မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ အာရှက ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ကပါ။ အဲဒီ ရင်းနှီးမြုပ်နှံ မှုတွေ စီမံကိန်းတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်မှုရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြောနေပါ တယ်။
အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့တဆက်တည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်း လာတာ ကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ့် အလား အလာကောင်းတွေ ရှိလာပါတယ်။ တချိန်တည်းမှာလည်း အာဏာပိုင်တွေဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ်ကို ရေးဆွဲအတည်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ ဖိတ်ခေါ် ကြိုးစားနေ တာ တွေ့ရပါတယ်။
By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
မူရင်းသတင်းက ဒီမှာပါ။
မြန်မာသမ္မတ ဦးသိန်းစိန် ဘယ်လဲ ဘာလဲ
မြန်မာအစိုးရအဖွဲ့ သမ္မတ ဦးသိန်းစိန် အာဏာရယူခဲ့သည်မှာ တစ်နှစ်နှင့်နှစ်လရှိလာပြီ သမ္မတ ဦးသိန်းစိန် အကောင်းဆုံးယူဆပြီး ကြိုးစားခဲ့တာတွေ အများကြီးရှိသည်။ သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီကို ပီပြင်အာင် ပြုပြင်ပြောင်းလဲခိုင်မြဲအောင် တည်ဆောက်သည်။ နိုင်ငံရေးတည်ငြိမ်အောင်ဆောင်ရွက်သည်။ ပြည်ပဖိအားနည်းအောင် ဆောင်ရွက်သည်။ အထူးသဖြင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်သည်။ အနောက်နိုင်ငံများနှင့် အထူးသဖြင့် အမေရိကန်နှင့်အဆင်ပြေမှ အနောက်နိုင်ငံများ အားလုံးနှင့်ပြေလည်မည်ဟု အခြေခံအယူအဆရှိသည်။
အနောက်နိုင်ငံများ၏ နိုင်ငံရေးဖိအားကိုလည်း လျော့နည်းစေချင်သည်။ စီးပွားရေးကိုလည်း တိုးတက်စေချင်သည်။ သူ့လက်ထက်မှာ နိုင်ငံရေးစီးပွာရေး ပြုပြင် ပြောင်းလဲမှုတွေရှိလာရမည်။ တိုးတက်စေရမည်။ စနစ်သစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်သူ အဖြစ် မှတ်တမ်းတင်ခံလိုသည့်ဆန္ဒရှိသည်။ စီးပွားရေးတိုးတက်ရန် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ အပြင် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့်အဆင်ပြေပြီး ပိတ်ဆို့ဟန့်တားမှုများ ဖယ်ရှားနိုင်မှာ ဖြစ်မည်ဟု ယုံကြည်သူဖြစ်သည်။ ပြည်တွင်းပြည်ပအကြံပေးများကလည်း ဤသို့အကြံပေးမည်ဟု ယူဆ ရသည်။ အခြေခံအယူအဆကောင်းသည့် သမ္မတတစ်ဦးလို့ မှတ်ချက်ပေးရမှာဖြစ်သည်။
ပထမ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ဆိုရင် မိမိအင်အား အထူးသဖြင့် အစိုးရအဖွဲ့ညီညွတ်ရေးနှင့် အာဏာရပါတီ ပြည်ခိုင်ဖြိုး ခိုင်မာတောင့်တင်းရေး ဆောင်ရွက်ရမှာထက် ဒေါ်စုကြည်နဲ့ NLD အဆင်ပြေရေးကို ပိုမိုဦးစားပေးလိုသည့်အနေအထား တွေ့ရသည်။ အထူးသဖြင့် ဒေါ်စုကြည်နဲ့ဆက်ဆံရေးပြေလည်ရေး ထိတွေ့ ထားရေး အဆက်အသွယ်ရယူထားရေးသည် အရေးကြီးအလုပ်တစ်ခုဟု မှတ်ယူပုံရသည်။ အမေရိကန် ကလည်း ဦးသိန်းစိန်ကို လူပုဂ္ဂိုလ်အမျိုးမျိုးလွှတ်၍ ထိတွေ့ချဉ်းကပ်သည်။ စည်းရုံးသည်။ အလွန်ကောင်းသော မူဝါဒ အလွန်ကောင်းသောပေါ်လစီကျင့်သုံး၍ ဦးသိန်းစိန်အစိုးရကိုလိုလားကြောင်း အကြိမ်ကြိမ်ပြသသည်။ အမေရိကန်ကလည်း အရှေ့အာရှသို့ဝင်ရောက်ဖို့အတွက် မြန်မာကိုအသုံးချလိုသောဆန္ဒပြင်းပြနေချိန်နှင့် သမ္မတအသစ် ဦးသိန်းစိန်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်လိုသော ဆန္ဒရှိနေချိန် တိုက်ဆိုင် နေသလော မသိ။ မည်သူက မည်သူ့အကွက်ထဲဝင်သွားသည်မသိ၊ အဆင်ပြေသွားသည်။
အမေရိကန်ကြီးက ဒေါ်စုကြည်နှင့်အဆင်ပြေရေးကိုလည်း တိုက်တွန်းခဲ့သည်။ ဒေါ်စုကြည် ဥပဒေဘောင်အတွင်း ၀င်ရောက် လာရေးကိုလည်း လမ်းဖွင့်ပေးဖို့ တီးတိုးပြောခဲ့သည်။ ဒေါ်စုကြည် NLD မှတ်ပုံတင်ရေးကိစ္စ၊ ဒေါ်စုကြည် NLD ရွေးကောက်ပွဲဝင်ရေးကိစ္စတို့ကို လမ်းချောလမ်းကောင်းဖွင့်ပေးရန် သမ္မတကိုစည်းရုံးခဲ့သည်။ သမ္မတက ချွင်းချက်မရှိလက်ခံခဲ့သည်။ ဒါကြောင့်လည်း ဒေါ်စုကြည်နဲ့တွေ့ချင်၊ ရင်းနှီးချင်တာဖြစ်သည်။ ဒေါ်စုကြည်နဲ့ ရင်းနှီးရင် ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုရမယ်။ ဆန်ကျင်မှုနည်းမယ်။ ဖိအားပေးမှုနည်းမယ်ဟုယူဆသည်။ ဒီနေရာမှာ ဆက်ရက်တောင်ပံကျိုးနှင့် ကြောင်းခံတွင်းပျက်များဖြစ်နေမလားမသိပါ။
ဒါကြောင့် ဒေါ်စုကြည်နဲ့ အကြိမ်ကြိမ်တွေ့ခဲ့သည်။ ဒေါ်စုကြည်အကြိုက်တွေ့မည့် လုပ်နည်းလုပ်ဟန်အစီအမံများလည်း ခင်းကျင်း ပြသခဲ့သည်။ အောင်ဆန်းစုကြည်နဲ့ဆက်ဆံရင် အမေရိကန်ကသဘောကျလာမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အောင်ဆန်းစုကြည်က အသိအမှတ်မပြုဘူးလို့ပြောခဲ့သော်လည်း နောက်တော့လက်ခံလာတယ်။ ဒါလည်းပဲ အောင်ပွဲတစ်ခုပါ။ အခြေခံဥပဒေကို အမျိုးမျိးဆန့်ကျင်နေရာက လက်ခံတဲ့အဆင့်ထိရောက်ရှိခဲ့တာ အမြတ် တစ်ခုပါပဲ။ ရွေးကောက်ပွဲမ၀င်ဘူးလို့ဆန့်ကျင်ရာမှ ရွေးကောက်ပွဲဝင်လာတာလည်း အမြတ်တစ်ခုပါပဲ။ ၉၀ ခုနှစ် ရလဒ်ကို ဆုပ်ကိုင်ထားရာမှ လွယ်လွယ်လေးနဲ့လက်လျှော့ပေးလိုက်တာဟာလည်း အမြတ်တစ်ခုပါပဲ။ ဘယ်စာလုံးမှ ပြင်မပေးဘဲနဲ့ လွှတ်တော်ထဲကိုဝင်လာတာလည်းအမြတ်တစ်ခုပါပဲ။ အဲတော့ ဒီနေရာမှာ ဒေါ်စုကြည်က ဦးသိန်းစိန်ထင်သလို ဦးသိန်းစိန်၏အကွက်ထဲဝင်မလား ဦးသိန်းစိန်ရဲ့ထိပ်ကိုတက်သွားမလား ဆိုတာကတော့ မကြာမီမြင်တွေ့ရမှာဖြစ်ပါသည်။
ဦးသိန်းစိန်က ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ အထူးသဖြင့် ဆန့်ကျင်ဖက်အင်အားစုတွေသဘောကျဖို့ အကျဉ်းသားတွေလွှတ်ပေးလိုက်တယ်။ ထိုအကျဉ်းသားတွေဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်ပွဲရ မင်းသားတွေဖြစ်သွားတယ်။ နောက်တစ်ခါ အငြိမ်းစားလစာတွေတိုးပေးလိုက်တယ်။ ၀န်ထမ်းသက်သာ ချောင်ချိမှုကို တိုးပေးလိုက်တယ်။ သို့သော် ၀န်ထမ်းတွေက အခြေခံလစာ တစ်သိန်းအထိမရလို့ မကျေနပ် ကြပါ။ ထိုမကျေနပ်ချက်ကြောင့် ၀န်ထမ်းများအားလုံး ပြည်ခိုင်ဖြိုးကိုမဲမပေးပါ။ နေပြည်တော်တွင် ၀န်ထမ်းအများစုရှိတဲ့ ဇဗ္ဗူသီရိ ရှုံးတာကိုကြည့်ရင်သိနိုင်တယ်။
ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းများလုပ်တယ်။ ပြောတာတွေ၊ စီမံတာတွေအားလုံးကတော့ လူတိုင်း၊ ကျေးလက်တိုင်း လအနည်းငယ်အတွင်းမှာ စီးပွားရေး၊ လူမှုရေး တိုးတက်တော့မယောင်ဖြစ်ခဲ့တယ်။ ယနေ့ထိ ဘာမျှထိရောက်မှုမရှိသေးပါ မအောင်မြင်သေးပါ။ လယ်ယာလုပ်ငန်းမှာလည်း ဟိုနားကွက်ကွက် ဒီနားကွက်ကွက်လုပ်ပြသည်။ ကိုင်ပြသည်။ သမ္မတကိုယ်တိုင် ထွက်ပြသည်။ ဤသို့ဖြစ်ရင် တစ်ပြည်လုံးဖြစ်တော့မယောင် ပုံဖမ်းခဲ့သည်။ သို့သော် ထိုနေရာတွင် ပျောက်ကွယ်သွားသည်ကိုတော့ သမ္မတ မသိသေးပါ။
သမ္မတဟာရိုးသားတာတော့အမှန်ပဲ။ သားသမီနဲ့ပတ်သက်သောလောဘ၊ စီးပွားလောဘအပိုင်းမရှိ တာတော့ သေချာတယ်။ သို့သော် လူ့သဘာဝအတိုင်း ဂုဏ်ယူချင်သောလောဘ သမ္မတကြီးဟာ စိတ်ထား ကောင်းတယ်ဆိုသော အပြောခံချင်သောလောဘ၊ နှစ်ပေါင်း ၅၀ နီးပါးခန့်မှာ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့်အပေါင်းအပါများ ဆက်ဆံရေးပြေလည်အောင် မြန်မာနိုင်ငံအစိုးရအကြီအကဲတစ်ယောက်ကို အသိအမှတ်ပြုလာအောင် လုပ်ခဲ့တာမှန်သလို၊ ဖြစ်လာခဲ့တာမှန်သလို၊ ထိုအရသာကိုခံချင်သော လောဘ ပြည်တွင်းပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေ၍ အနောက်နိုင်ငံများမှချီးမြှင့်သည့် ထူးခြားသောဘွဲ့တံဆိပ် ရယူ လိုသော လောဘ၊ အထူးသဖြင့် နိုဘယ်ဆုရယူလိုသောလောဘရမက်ကြီးတာတော့ အမှန်ပဲမြင်တွေ့ရသည်။ မဟုတ်ပါဘူးဗျာလို့ ပြောကောင်းပြောပေမယ့် တကယ်လက်တွေ့လိုလားနေသည်မှာတော့အမှန်ပင် အဲတော့ ဒါတွေအားလုံးဟာ အနောက်နိုင်ငံခေါင်းဆောင်များနဲ့ မကြာခဏလက်ခံတွေ့ဆုံခြင်း၊ ပြောဆိုနေခြင်းမှာ နိုင်ငံရေးအရထက် စိတ်ကိုပါနေတဲ့သဘောရှိတယ်။ ထိုအချက်ကို အနောက်နိုင်ငံခေါင်းဆောင်များ ကောင်းကောင်း နားလည်သည်။
ဒါကြောင့် အမေရိကန်အုပ်စုဝင်နိုင်ငံများမှခေါင်းဆောင်များ အကွက်ကျကျစီမံ၍ တစ်ယောက် ပြီးတစ်ယောက် လာရောက်နေသည်က သက်သေပြလျက်ရှိသည်။ သာမန်ချစ်ခင်ဆက်ဆံရုံထက်သာလွန်တဲ့ အဆင့်ကို မသိမသာရောက်နေသလားလို့ မြင်တွေ့နေရသည်။ မကြာမီက UN အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာသွားသည်။ မကြာမီ တောင်ကိုရီးယားသမ္မတလာမည်။ ဗြိတိန်ဝန်ကြီးချုပ်လာသွားပြီ။ ဥရောပ နိုင်ငံက အကြီးအကဲတစ်ဦးနှစ်ဦး ထပ်မံလာပါဦးမည်။ ထိုလာရောက်ခြင်းများသည် သမ္မတ အိုဘားမား လာရောက်ဖို့ ရှေ့ပြေးများသာဖြစ်ပါသည်။ ရှင်ဘုရင်ထွက်တော်မူခန်း၏ ရှေ့ပြေးများဟုဆိုရမလားမသိပါ။
အနောက်အုပ်စုဝင်ခေါင်းဆောင်များသည် ဦးသိန်းစိန်ကို ကောင်းစွာနားလည်နေပြီ။ အနောက်အုပ်စုအနေနဲ့ ဦးသိန်းစိန်ကို ဒုတိယ ဂိုဘာချောဘ်အဖြစ်အသုံးပြုရန် သဘောပေါက်နေပြီ။ ဦးသိန်းစိန်ရဲ့ဓါတ်ပုံတွေကို အိတ်ကပ်အသီးသီးမှာကိုယ်စီကိုယ်စီထည့်ထားနေပါပြီ။ ဆုတ်လိုဆုတ်ဖြဲလိုဖြဲလုပ်နိုင်သည်သာ။ အဲတော့ ရှေ့ဘာဖြစ်လာမလဲ။ အနှစ် ၂၀ ကျော် ၃၀ ခန့် မိတ်ဆွေဖြစ်လာသော တရုတ်ကြီးဖက်ကစဉ်းစားကြည့်ပါ။ အနောက်နိုင်ငံများမှ ၀ိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားသည့်အခါမှာ တရုတ်ကြီးက ထောက်ပံ့ပေးကမ်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်မဟုတ်လား။
ဤသို့ဆိုလျှင် အထက်ပါအခြေအနေအရ တရုတ်ကြီး ဘယ်လိုသဘောထားမလဲ။ တရုတ်ကြီး၏ သဘောထားအမြင်တွင် ကြေနပ်ပါ့မလား။ မြစ်ဆုံကိစ္စလည်း ထပ်မံပေါ်ပေါက်လိုက်သေး၍ တရုတ်မြန်မာဆက်ဆံရေးဟာ ပိုမိုပြီးရှုပ်ထွေးလာစေသည်။ သမ္မတဦးသိန်းစိန်က တောင်းပန်သည်ကိုပင် ပြန်ခြင်းမခတ်ကြောင်းကြားသိရသည်။ သတင်းမှန်မမှန်မသိပါ။ အဲတော့ အမေရိကန် အရေးချည်းပဲကြည့်လွန်းနေရင် တည်ငြိမ်အေးချမ်းသောနိုင်ငံဖြစ်နိုင်ပါ့မလား။ တရုတ်အရေးမှာ ချစ်,စကို မရှည်စေဘဲ တိုစေသောသဘောများဆောင်နေခဲ့ရင် တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားတွေရဲ့ အရေး တည်ငြိမ်နိုင်ပါ့မလား။ စဉ်းစားစရာတွေအများကြီးရှိနေသည်ကို သမ္မတ ဦးသိန်းစိန်တစ်ယောက် သတိပြု မိရဲ့လား။
မြန်မာပြည်သားများကို အလွန်မချမ်းသာသော်လည်းပဲ စားဝတ်နေရေးအိနြေ္ဒရအောင် အနှစ် ၂၀ ကျော်မျှ ဆောင်ရွက်ခဲ့တာလည်းပဲ သုံးသပ်ဖို့လိုပါတယ်။ မလျော့မတင်း စောင်းကြိုးညှင်းဆိုသကဲ့သို့ ကျင့်သုံး ဖို့လည်း လိုပါတယ်။ စီးပွားရေးဖွံ့ဖြိုးခြင်လို့ အနောက်နိုင်ငံများအကြိုက် ဆက်ဆံနေတာဟာ ကောင်းကျိုးချည်း ဖြစ်နိုင်မလား။ ဆိုးကျိုးတွေရော ဖြစ်မလာနိုင်ဘူးလား။ သူတို့အလိုလိုက် အကြိုက်လုပ်ပေးလို့ Sanction တစ်ချို့ ခေတ္တ၊ ယာယီရုပ်သိမ်းပေးလိုက်တာရှိတယ်။ ဒါတောင်မှ တစ်နှစ်ပဲဖြစ်ပါတယ်။ တကယ်ဆိုရင် မိမိရဲ့ ရိုးသားမှု၊ စေတနာ၊ ပြန်လည်ဆက်ဆံလာမှု၊ လက်ခံလိုက်မှု၊ ပြုပြင်ပြောင်းလဲမှုများကြောင့်၊ ချွင်းချက်မရှိ ရုပ်သိမ်းပေးသင့်ပါလျက်နှင့် လက်နက်သဖွယ်ဈေးကိုင်ထားခြင်း၊ တစ်နှစ်အတွက်ပဲရပ်ဆိုင်းထားခြင်း၊ ဒေါ်လာ လမ်းကြောင်း ပွင့်သွားခြင်းလောက်သာ အကန့်အသတ်ဖြင့်ရရှိခဲ့သည်။ ဂုဏ်သိက္ခာမကျဆင်းဘူးလား၊ မနစ်နာဘူးလား၊ အမျိုးဂုဏ်ဇာတိဂုဏ်မပျက်ယွင်းဘူးလား။ ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဖြစ်နိုင်မလား။ ငါလုပ်တဲ့ ၅ နှစ် သက်တမ်းမှာ အဆင်ပြေရင်ပြီးရောလား။
ထမ်းတင်၊ မ,တင်ပေးလိုက်သောသူများ၏ နောင် အနာဂတ်အတွက် ၅ နှစ် ၅ နှစ်များအတွက် မစဉ်းစားတော့ဘူးလား။ ၅ နှစ်သက်တမ်း ချောချောမွေ့မွေ့နဲ့ ငါလိုချင်တဲ့ဘွဲ့တွေလည်းရ ချီးကျူးခံရမှုတွေလည်းရ နှစ် ၅၀ အတွင်းမှာ အနောက်တိုင်းနဲ့ပြေလည်အောင် ဆက်ဆံနိုင်သော မှတ်တမ်းလေးရရုံနဲ့ပြီးရောလား။ နောက် ၅ နှစ်မှာ မိမိတို့အစိုးရပြုတ်ကျမဲ့ နိုဘယ်ဆုများ ရနေမလား။ နောက် ၅ နှစ်ပြီးရင် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် နိုဘယ်ဆုများဖြစ်နေမလား။ ချီးကျူးအသိအမှတ်ပြုခြင်းဖြစ်နေမလား။ နှစ် ၅၀ အနောက်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် ပထမဦးဆုံးသော သမ္မတပဲလို့ မှတ်တမ်းတင်ခံလိုက်ရခြင်းသည် တန်ဖိုးအစစ်လား။ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေမယ့် မှတ်တမ်းလား။ အောင်ဆန်းစုကြည် NLD ကို အာဏာထိုးအပ်လိုက်တဲ့မှတ်တမ်းလား၊ နိုဘယ်ဆုလား။
ဤသို့ဖြစ်နေသည်ကို ပြည်တွင်း၊ ပြည်ပအကြံပေးများ ချဉ်းကပ်မှုများသည် သမတဦးသိန်းစိန်ကို ဘယ်ကိုပို့ပေး နေသလဲ၊ ဘာဖြစ်သွားသလဲဆိုတာကို အလေးအနက်စဉ်းစားဖို့လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ
မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလောပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အခုလို ဆွေးနွေးပြောဆိုကြတာဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz ကပြောပါတယ်။ ဒီမိုကရေစီရေး လမ်းပွင့်အောင် အပြောင်းအလဲဖော်ဆောင်နေတာဟာ EU ဥရောပ သမဂ္ဂအတွက် အပြုသဘောဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်လို့ Mr. Schulz ကပြောပါတယ်။
ဥရောပပါလီမန်အနေနဲ့ နေပြည်တော်မှာ ဋ္ဌာနဆိုင်ရာ လိုအပ်ချက်တွေကို ပူးတွဲပံ့ပိုးပေးဖို့ အဆင်သင့်ရှိ ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ် က ဥရောပပါလီမန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ လွတ်လပ်စွာတွေးခေါ်မှု ဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုယ်တိုင်လက်ခံနိုင်ဖို့အတွက် ဖိတ်ကြားချက်ကိုလည်း Mr. Schulz က ထပ်လောင်း ပြောဆို လိုက်ပါတယ်။
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါးကို ပြီးခဲ့တဲ့လက တနှစ်ဆိုင်းငံ့ပေးလိုက်ပြီး ဒီနေ့ သောကြာနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton ကို စေလွှတ်ပြီး ရန်ကုန်မြို့မှာလည်း EU ဋ္ဌာနေကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း
အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့ထံသို့ အောက်ပါအကြောင်းခြင်းရာများ ပါဝင်သော သဘောထားကြေညာချက်တစ်စောင်ပေးပို့ခဲ့ပါသည်။
သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
အကြောင်းအရာ။ ။ NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် မီဒီယာသမားများကို စော်ကားပြောဆိုခြင်းကိစ်္စအား လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြခြင်း။
မေလ ၈ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) ရုံး၌ ရွှေမင်းသားဖောင်ဒေးရှင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နာယကဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဂုဏ်ပြုခဲ့ရာ သတင်းမီဒီယာသမားအများအပြားတက်ရောက် သတင်းရယူခဲ့ပြီးWeekly Express Times သတင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုး၊ ကိုဇင်မောင်ထွန်းနှင့် မဖြိုးဖြိုးဝေတို့လည်း တက်ရောက်သတင်းယူခဲ့ပါသည်။
အခမ်းအနားကျင်းပနေစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းဥက်္ကဋ္ဌ ဦးမြတ်သူဝင်းတို့နှုတ်ဆက်စကားပြောနေသည်ကို သတင်းထောက်ကိုဟိန်းကိုစိုးကသတင်းဓာတ်ပုံမှတ်တမ်းရယူနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
ထိုအချိန်တွင် NLD မှ လုံခြုံရေးတာဝန်ယူထားသော ဦးကျော်စိုးနိုင်က “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့”ဟု တားမြစ်ပါသည်။
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ””ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင်ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ““မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်””ဟု ဆိုကာ့ င်္ဃြဃှု ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ““မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့ သားရဲ့ . . . ””ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။
ကျွန်ုပ်တို့Weekly Express Times အနေဖြင့် ပြန်လည်အစားထိုး၍ မရနိုင်အောင် တန်ဖိုးမြင့်မားလှသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ဦးကျော်စိုးနိုင်ထံတွင် အပြည့်အ၀တာဝန်ရှိသည်ကို သိရှိပါသည်။
သို့ရာတွင် မြန်မာတစ်မျိုးသားလုံး၏ ဒီမိုကရေစီအရေးအတွက် ဖော်ဆောင်နေသော NLD နှင့် ပြည်သူလူထုတို့အကြား ပေါင်းကူးပေးသော အခက်အခဲများစွာကြားမှ စတုတ်္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် မီဒီယာသမားများအပေါ် ဦးကျော်စိုးနိုင်၏ ရင့်သီးစွာ စော်ကားဆက်ဆံ လက်ရောက်မှုကျူးလွန်ခြင်းလုပ်ရပ်အား များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ပြည်သူလူထုအကျိုးအတွက်ဆောင်ရွက်နေသော NLD တွင် မြန်မာမီဒီယာသမားအားလုံးကို အထက်ပါအတိုင်း သိမ်းကျုံးစော်ကားပြောဆိုရဲခြင်းနှင့် မီဒီယာအပေါ် ယခုကဲ့သို့သောအမြင်မျိုးရှိနေသည့် ဦးကျော်စိုးနိုင်ကဲ့သို့ ““စုန်းပြူး””ရှိနေခြင်းကိုလည်း များစွာအံ့သြမိပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ဦးကျော်စိုးနိုင်အား လိုအပ်သလို အရေးယူမှုပြုလုပ်နိုင်ရန် အဆိုပါဖြစ်စဉ်အား ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။
“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြား မှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေး လုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . .+ - x -ံ့ သားရဲ့ . . . ” ဟု ပြောဆိုကာ လက်ရောက်ကျူးလွန်စော်ကားသော NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင်၏ လုပ်ရပ်အား Weekly Express Times အနေဖြင့် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း အသိပေးကြေညာအပ်ပါသည်
မိတ်္တူကို
-ပြည်တွင်းရှိ သတင်းမီဒီယာများအားလုံး
-မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)နှင့်
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . .
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . . .
------------------------------------------------------------------------------
NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင် နဲ့ ပါတ်သတ်လို့  ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာလည်း အခုလို မှတ်ချက် ပေးထားတာတွေ့ ရပါတယ်။
ET သတင်းထောက်နဲ့ ညှိသွားတယ်ဆိုတဲ့ NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး ဆိုတာ ဘယ်သူလဲ ........
အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲမှာတော့ သူ့ နာမည် မပါပါဘူး (ကျန်ခဲ့တဲ့ အခြားလူတွေ အများကြီးပါ) ... ဒါပေမယ့် အဲဒီ နေ့ ရွှေတိဂုံဘုရား ဟောပြောပွဲကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တဦး၊ အနာခံ ၊ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်းတဦးပါ ....
အကယ်၍ ET သတင်းထောက် ပြောပြချက်အတိုင်း ပြောဆိုပြုမူခဲ့တယ်ဆိုရင် ဖြင့် - (၁) ပေါက်သွားတာ (၂) ဂေါက်သွားတာ ဖြစ်နိုင်ပါတယ် .....း))
ဘာလို့လဲဆို .... ကိုဘောကြီးဟာ သဘောကောင်း စကားပြော ပြေပြစ်သူပါ။ ဒါဆိုရင်တော့ သူ့ကို ဆေးခန်းပြရမယ်။ ဆေးရုံတင်သင့် တင်ရမယ် ......း))
တကယ်လို့ ကိုဘောကြီး ဘက်က မှားတယ်ဆိုရင် ဒေါ်စုက သူ့တပည့်ရင်းမို့ ဆူလိုက်မယ့် ဖြစ်ခြင်း ........ တွေးရင်တောင် ကျောစိမ့်မိ ပါတယ်။
ကိုဘောကြီးဟာ ဒေါ်စု နှင့် NLD ခေတ်ကောင်းတော့မှ အနားရောက်လာတဲ့ ငခုံးမ မဟုတ်သလို ၊ ဆွမ်းဆန်ထဲမှာ ပါလာတဲ့ ကြွက်ချေးလဲ မဟုတ်ပါ .... ဒီအချက်ကိုတော့ ရေရေလည်လည် နားလည်စေချင်ပါတယ်။
By: အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)
မူရင်းသတင်းက ဒီမှာပါ။
သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ရက်စွဲ။ ။ ၈ ၊ မေ၊ ၂၀၁၂၊

NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
မူရင်းသတင်းက ဒီမှာပါ။
NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်
၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...
Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာ မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်... တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ် က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ် ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။
အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့ သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးး လို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...
အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး... ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန် ဆုံးဖြတ်တာပါ... Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်.. . ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံး ရာရောက်ပါတယ်...
လေးစားပါတယ်ဗျာ
မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ
မောပြေ (ဖေ့စ်ဘုတ်)
အဂ္ဂမဟာ ဒီမိုဖက်တီး ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ......