Monday, May 7, 2012

သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၁)


ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ဖြင့် အင်န်အယ်ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်တက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီ ဖြစ်ပါတယ်။ ပါတီက အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ဆိုတာထက် လေးစားလိုက်နာဆိုတဲ့ စကားရပ်ကို ကိုင်စွဲထားသော်လည်း ရွေးချယ်ခံ ပါတီအမတ်တွေကတော့ လွှတ်တော်မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်ကို ရွတ်ဆိုပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် အမတ်များအဖြစ် တရားဝင် ရပ်တည်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဆရာရဲ့ ဒီလှိုင်းစာစောင်မှာ ပြောခဲ့သလို လွှတ်တော်ထဲကို သော့ခလောက်ကြီး တန်းလန်းနဲ့ ၀င်သွားလို့ကတော့ ပြည်သူတွေ ၀ိုင်းမေးကြမှာပဲ ဆိုတဲ့အတိုင်း ဆရာ့ကို မေးဖြစ်ပါတယ်။

မေး။ ။ ဆရာက ကျနော်တို့နဲ့ ပြောခဲ့စဉ်တုန်းက လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောခဲ့တယ်။ တကယ်တန်းမှာ လွှတ်တော်ထဲမှာ အမျိုးမျိုးအထွေထွေသော သဘောထားတွေ၊ တုန့်ပြန်ချက်တွေပဲ ပေါ်ထွက်လာတဲ့အတွက်ကြောင့် ဆရာတို့ပါတီနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပဲ ဆင်ခြင်တုံတရားနဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ရတယ်လို့ ပြောရင် ရမလား။

ဖြေ။ ။ ကျနော်တို့တွေရဲ့ ၁၇/၄/၂၀၁၂ ဧပြီလ ၃၀ ကြေညာချက်မှာ ပြန်ကြည့်ပါ။ လွှတ်တော်တက်ဖို့ကို ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူညီချက်နဲ့ ဆုံးဖြတ်တယ်။ ပါတီရဲ့ မူလရပ်တည်ချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဆိုတဲ့ သဘောထားက ပြောင်းလဲခြင်း မရှိဘူး။ ယခုဆုံးဖြတ်တာဟာ မဲဆန္ဒ̔ရှင်ပြည်သူတွေက သူတို့ကိုယ်စားလှယ်တွေကို လွှတ်တော်ကို တက်ရောက်စေချင်တဲ့ ဆန္ဒကို လိုက်လျောလိုတာကြောင့်နဲ့ လွှတ်တော်တွင်းကနေ မေတ္တာရပ်ခံစာပို့ပြီး လွှတ်တော်တက်ဖို့ ဖိတ်ခေါ်တဲ့ တိုင်းရင်းသားညီအကိုတွေကို လေးစားတန်ဖိုးထား တုန့်ပြန်တာကြောင့် ယခုလို ဆုံးဖြတ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မေး။ ။ ဒါဆိုရင် အဲသည်စာလုံးကို ဆရာတို့ လက်မခံလို့ပဲ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခဲ့ဘူး၊ ပါတီကို ဖျက်သိမ်းခံခဲ့ပြီး ဖြစ်တယ်။ နောက်ကျတော့ အဲသည်စာလုံးကို ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးလိုက်လို့ ၂၀၁၁ မှာ ပါတီကို မှတ်ပုံပြန်တင်တယ်။ ရွေးကောက်ပွဲ ၀င်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုကျပြန်တော့လည်း ဒီစကားလုံးက လွှတ်တော်ဝင် ကျမ်းကျိန်စာမှာ ပြန်ပါနေပြန်တာမို့ ရွေးကောက်ပွဲ အနိုင်ရသော်လည်းဘဲ လွှတ်တော်ထဲဝင်ဖို့ ပြန်လှန်စဉ်းစား ဆင်ခြင်ရတာတွေ ဖြစ်ခဲ့ရတော့ အဲသည်စကားရပ်က အဲသည်လိုပါဝင်နေတယ်ဆိုတာ အစကတည်းက မတွေ့လိုက်ဖူးလား။

ဖြေ။ ။ ကျနော်တို့ဖက်က လွှတ်တော်ထဲဝင်ရင် ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုတာရှိတယ်။ ဘယ်လို ကျိန်ဆိုရတယ်ဆိုတာကို ကျနော်တို့ဖက်က သေချာမလေ့လာခဲ့မိဘူး။ ဒါက ကျနော်တို့ရဲ့ ပျက်ကွက်မှုပါ။ အရင်တုန်းက ရွေးကောက်ပွဲ မ၀င်ခင်တုန်းက စကားလုံးကိုပြင်ဆင်ပေးဖို့ ညှိနှိုင်းခဲ့စဉ်တုန်းက အခြေအနေကို ကျနော် ပြန်ပြောပြမယ်။ ၂၀၁၁ မှာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ အဆိုပါစကားရပ်ကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဖက်က တောင်းဆိုခဲ့တယ်။ ဦးသိန်းစိန်ကိုယ်တိုင်က လွှတ်တော်ကို စာရေးသားပြီး မေတ္တာရပ်ခံခဲ့တယ်။ နောက်တော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်ပေးခဲ့တယ်။ အခုကျတော့ ကျမ်းကျိန်လွှာမှာ ဒီစကားရပ်ပါနေတာကို တွေ့ကြတော့ ကျနော်တို့ဖက်က သမ္မတကြီး ဦးသိန်းစိန်ကို စာရေးသားပြီး မေတ္တာရပ်ခံတယ်။ အဲဒီအချိန်မှာ အရင်တုန်းကလို လွှတ်တော်ကို သူကိုယ်တိုင် မေတ္တာရပ်ခံတဲ့အလုပ်ကို မလုပ်ဘဲနဲ့ သူက အင်န်အယ်ဒီရဲ့ မေတ္တာရပ်ခံချက်ကို အခြေခံဥပဒေခုံရုံးကို တိုက်ရိုက်လွှဲပေးလိုက်တယ်။ အဲသည်တုန်းက ကြားတာကတော့ သူကိုယ်တိုင် ဂျပန်နိုင်ငံကို ခရီးသွားဖို့ ပြင်ဆင်နေတဲ့ အချိန်လို့လဲ ပြောကြတယ်။ ပြီးတော့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံတဲ့စာကို သမ္မတရဲ့ ၀န်ကြီးရုံးက ၀န်ကြီးတွေက ဦးသိန်းစိန်လက်ထဲ မထည့်ဘဲနဲ့ ခုံရုံးကို တန်းပြီး လွှဲလိုက်တယ်လို့လည်း ကြားတယ်။ အဲသည်မှာ အဲသည်ကိစ္စက လွှတ်တော်ကနေ အခြေခံဥပဒေပြင်ဆင်သလို ပြင်ဆင်ရမယ့်သဘောဖြစ်တယ် ဘာညာစသည်ဖြင့်တွေ ဖြစ်လာတယ်ပေါ့ကွာ။

မေး။ ။ အဲသည်မှာ ဆရာတို့ဖက်က ဧပြီလ ၂၃ မှာ ကျင်းပတဲ့ လွှတ်တော်ညီလာခံကို မတက်ရောက်နိုင်ဘူးဆိုပြီး ထုတ်ပြန်လိုက်တယ်။ စကားရပ်ပြင်ဆင်ပေးရေးဟာ လွှတ်တော်ထဲမှာကော ပြည်သူလူထုကြားထဲမှာပါ အကျယ်တ၀င့် ဆွေးနွေးစရာ ဖြစ်လာတယ်။ နောက်တော့ ဧပြီလကုန်မှာ အဲသည်စကားရပ်ကို လက်ခံပြီး ကျမ်းကျိန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုံးဖြတ်လိုက်တယ်။ ဆရာတို့ပါတီတွင်းမှာ ဒါကို အကျိတ်အနယ်ဆွေးနွေးတာတွေ ရှိသလား။

ဖြေ။ ။ ပြည်သူတွေအနေနဲ့က အင်န်အယ်ဒီပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်တက်စေချင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုးတုန်းက ၁၉၉၀ ပါတီစုံရွေးကောက်ပွဲတုန်းကလိုမျိုး ရွေးကောက်ပွဲနိုင်ရက်နဲ့ လွှတ်တော်မခေါ်နိုင်ခဲ့ရတာမျိုး မဖြစ်စေချင်ကြဘူး။ ဟိုတုန်းကနဲ့ အခုမတူတာကတော့ အခု ၂၀၁၂ မှကျတော့ သူတို့တွေရဲ့ ရွေးကောက်ပွဲနဲ့ ခေါ်ထားတဲ့ လွှတ်တော်တွေ ဘာတွေက အဆင်သင့် ရှိနေပြီပေါ့ကွာ။

ပြီးတော့ လက်ရှိ လွှတ်တော်ထဲက တိုင်းရင်းသားညီအကိုပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖက်ကလည်း ဒေါက်တာအေးမောင်တို့ စသူတို့ကလည်း လွှတ်တော်ထဲကနေ တိုင်းပြည်အရေးကိစ္စတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းတာ မေတ္တာရပ်ခံတာတွေ လုပ်လာကြတယ်။

အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ထုတ်ပြောတယ်။ ကျမ အဲသည်အတိုင်း ကျမ်းသစ္စာကျိန်ဆိုမယ်လို့ သဘောထားပြောတယ်။ ပထမအဆင့်က ကျနော်နဲ့ ဦးတင်ဦးတို့နဲ့ ဒီကိစ္စကို ဆွေးနွေးတယ်။ အဲသည်မှာ ကျနော့်အနေနဲ့ ပြောတာကတော့ မူတွေကို စွန့်လွှတ်ပြီး လုပ်ရတယ်ဆိုတာကို သဘောမတူနိုင်ဘူးလို့ ပြောခဲ့တယ်။ နောက်တော့ စီအီးစီအစည်းအဝေးမှာ ဆွေးနွေးကြတယ်။ အဲသည်ကျတော့ စီးအီးစီထဲမှာရှိတဲ့ သူတော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းထောက်ခံကြတယ်။ ကောင်းတယ် ဘာညာပေါ့။ ကျနော်ကတော့ ပြောတယ်။ ကျနော်တို့တွေရဲ့ မူတွေကို စွန့်လွှတ်တယ်ဆိုတာ မကောင်းဘူးဆိုပြီး တင်ပြဆွေးနွေးတယ်။

နောက်ဆုံးပိတ်မှာ ညှိကြတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်မယ်။ အဲသည်မှာ ပါတီအနေနဲ့ ကြေညာချက်ထုတ်မယ်။ ကြေညာချက်ဆိုတာမှာ ပါတီရဲ့ နိုင်ငံရေးသဘောထားကို ဆက်လက် ကိုင်စွဲထားတယ် ဆိုတဲ့အကြောင်းကို ဖော်ပြမယ်။ ပြီးတော့ လွှတ်တော်ထဲကို ၀င်ရောက်ရတဲ့အကြောင်းအရင်းခံတွေက ပြည်သူလူထုနဲ့ လွှတ်တော်တွင်းက တိုင်းရင်းသားညီအကိုပါတီတွေ၊ ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေ ဆန္ဒတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြောမယ်ဆိုတာမျိုး သဘောတူကြတယ်။ ညှိနှိုင်းလို့ရသွားတယ်လို့ ပြောနိုင်တယ်။ အဲသည်တော့ လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်ပေါ့။ ကျမ်းသစ္စာမကျိန်ရင် လွှတ်တော်မတက်ရဘူးဆိုတာက သူတို့အလုပ် သူတို့ လုပ်တာပဲ။ ကျနော်တို့ဖက်ကလည်း ကျနော်တို့ ပါတီရဲ့အလုပ်၊ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အလုပ် လုပ်ကြရတာပဲ။

မေး။ ။ အဲဒီအခြေအနေမှာ ဒီစကားရပ်ကို ပြင်ဆင်ပေးဖို့အရေး အခြေခံဥပဒေပြင်ဆင်မှတို့၊ လွှတ်တော်ကနေပြီး အများသဘောနဲ့ ပြင်ဆင်မှတို့ ဒါမျိုးတွေ ဖြစ်လာတော့ နိုင်ငံရေးလမ်းကြောင်းမှာ လမ်းပိတ်နဲ့ တိုးနေပြီပေါ့ ဆရာရယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းတဲ့အနေနဲ့ အခုလိုမျိုး မူလစာသားအတိုင်း ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ဆုံးဖြတ်လိုက်တာဟာ ပိတ်ဆို့မှုတွေ အတားအဆီးတွေကို ကျော်လွှားလိုက်တာပဲဖြစ်တယ်။ ၂ ဖက်စလုံးကလည်း ၀မ်းသာ ကျေနပ်မှုတွေ ဖြစ်ကြတယ်လို့ ပြောရင်ရမလား။

ဖြေ။ ။ ကျနော် ဒီတပတ် ဒီလှိုင်းမှာ အဲသည်အတိုင်းပဲ စာရေးထားတယ်။ ပါတီတွင်းမှသာမက၊ ပြည်သူတွေ မျှော်လင့်တောင့်တတဲ့အတိုင်း၊ လွှတ်တော်တွင်းက တိုင်းရင်းသားညီအကိုတွေ စောင့်စားကြိုဆိုနေတဲ့အတိုင်း ဆုံးဖြတ်လိုက်တာဖြစ်တယ်။ အားလုံးက ၀မ်းသာကြလိမ့်မယ်လို့ ယူဆတယ်ဆိုပြီး ရေးထားပါတယ်။ ပြည်သူတွေကလည်း ဒေါ်စုနဲ့တကွ အင်န်အယ်ဒီအမတ်တွေကို လွှတ်တော်ထဲ ရောက်စေချင်လို့ မဲပေးခဲ့ကြတယ်။ အင်န်အယ်ဒီပါတီကလည်း ရွေးကောက်ပွဲဝင်ပြီ ဆိုကတည်းက ရွေးကောက်တင်မြှောက်ခံချင်လို့၊ ပြီးတော့ လွှတ်တော်ထဲကို ရောက်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ကြရတာပဲဖြစ်တယ်။ နိုင်ငံရေးပါတီတရပ်အနေနဲ့ကလည်း တရားဝင်ပါတီအဖြစ် ရပ်တည်နေပြီးဖြစ်တဲ့အတွက် သူရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကိုလည်း ဆက်လက် ထုတ်ဖော်ပြီး ရပ်တည်နေရမှာပဲ ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ပါပြီ။ ဒီတော့ မေလ ၂ ရက်နေ့မှာတော့ဖြင့် အင်န်အယ်ဒီအမတ်တွေ တရားဝင် ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ထဲ ၀င်ရောက်နိုင်ခဲ့ပြီ။ နောင်လာမယ့် ဇူလိုင်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်ညီလာခံကျမှပဲ အင်န်အယ်ဒီအမတ်တွေရဲ့ လွှတ်တော်စင်မြင့်ပေါ်ကနေ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် အကောင်အထည်ဖော်မှုတွေကို စောင့်မျှော်ကြရတော့မယ်။ ဒီကြားထဲမှာ ဆရာတို့ပါတီက ဘာတွေ ဆောင်ရွက်ဖို့ အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ ရှိသလဲ။

ဖြေ။ ။ ဒီကြားထဲမှာတော့ဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးတွေထွက်ဖို့ ရှိမယ် ထင်ပါတယ်။

မေး။ ။ အမေရိကားဖက်လာဖြစ်တယ်ဆိုရင် ကျနော်တို့မြို့နယ်တွေကလည်း ဖိတ်ပါတယ်လို့ ပြောပေးပါ ဆရာရယ်။ ဆရာကော ဒီဖက်ကို ခရီးမထွက်ဖူးလား။ ဆရာ့ကိုလည်း ဖိတ်ပါတယ်။

ဖြေ။ ။ အေး အေး။ မထွက်ဖြစ်ပါဘူးကွာ။ အသက်ကလည်း ကြီးလှပြီ။ လူက တော်တော်လေးကို ကျသွားပြီ။ မင်းတို့က မသိဘူး။ နောက်ပြီး ဒီလှိုင်းကလည်း လုပ်နေရသေးတယ်။ ဂျာနယ်အလုပ်ကလည်း များတယ်။ အခုတောင် ရှမ်းပြည်ဖက်၊ ကယားပြည်နယ်တို့ကလည်း ဖိတ်တယ်။ လူက သိပ်မလှုပ်နိုင်တော့ဘူးကွာ။

မေး။ ။ ပါတီက ဒီကြားထဲမှာ ဘာလုပ်မှာလဲ။ ဒီလိုပဲလား။

ဖြေ။ ။ ကျနော့်တို့အနေနဲ့ စဉ်းစားထားတာကတော့ ပါတီညီလာခံ လုပ်ဖို့ စဉ်းစားတယ်။ ရပ်ကျေးလို့ ခေါ်တဲ့ ရပ်ကွက်နဲ့ ကျေးလက်တွေက အဆင့်ဆင့် စပြီးတော့ ပါတီတွင်း ညီလာခံတွေ ရွေးကောက်ပွဲတွေ ပြန်လုပ်ပြီးတော့ အဆင့်ဆင့် ပြန်လည်ထူထောင် ဖွဲ့စည်းကြရမယ်လို့ ထင်တယ်။ ဟိုးအရင်တုန်းကလည်း ၁၉၈၈ ခုနှစ်တွေမှာတုန်းကလည်း မြို့နယ်အလိုက် ရွေးကောက်ပွဲတွေနဲ့ ပါတီကိုယ်စားလှယ်တွေ ရွေးချယ်သတ်မှတ်တာတွေ လုပ်ခဲ့ဖူးတယ်။ ဒီအချိန်ဟာ အကောင်းဆုံးအချိန်ဖြစ်တယ်။ အခုအချိန်မှာ ပါတီမှာ လူသစ်တွေ ၀င်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါနဲ့ ခေါင်းဆောင်မှုကြောင့် ပါတီဝင်တွေ အသစ်တွေ တိုးလာတယ်။ မြို့နယ်တွေမှာ ဆိုင်းဘုတ်တင်တာတွေ တက်တက်ကြွကြွ လုပ်လာကြတယ်။ ဒါကြောင့် ပါတီတွင်း ညီလာခံကျင်းပရေးအတွက် တိုက်တွန်းတဲ့စာတမ်း ကျနော်ကိုယ်တိုင် စီအီးစီကို တင်သွင်းထားပြီးပါပြီ။ မူအားဖြင့် သဘောတူထားပြီးပြီ။ သို့သော် ညီလာခံကျင်းပရေးကော်မီတီတွေကို ဗဟိုအဆင့်၊ တိုင်းအဆင့် မဖွဲ့ရသေးဘူး။

မေး။ ။ အဲသည်တော့ အင်န်အယ်ဒီပါတီဟာ နိုင်ငံရေးအဖွဲ့အစည်းတရပ်ရဲ့ ပုံသဏ္ဍန်နဲ့အညီ အောက်ခြေကနေ အဆင့်ဆင့် ပြန်လည်ရွေးချယ်တင်မြှောက်တာတွေ၊ ဆွေးနွေးညှိနှိုင်း တင်ပြတာတွေ အဆင့်ဆင့် ထူထောင်ပြီးတော့ ဗဟိုအဆင့်ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ လုပ်ဖို့ ရှိတယ်လို့ ပြောချင်တာပေါ့။

ဖြေ။ ။ ဟုတ်တယ်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပါတီကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ကျနော်တို့တတွေကိုယ်တိုင် ဗဟိုအဆင့်မှာ ပြန်လည် ဖွဲ့စည်းတာတွေ လုပ်ခဲ့တယ်။ လူကြီးတွေက သဘာပတိအဖွဲ့၊ ခေါင်းဆောင်တွေ၊ အမျိုးသမိးတွေ၊ လူငယ်တွေနဲ့ တိုင်းရင်းသားတွေက အလုပ်အမှုဆောင်အဖွဲ့တွေမှာ ပါဝင်လာအောင် ပြန်လည် ဖွဲ့စည်းမှုတွေ လုပ်ခဲ့တယ်။ အဲသည်လိုမျိုး အဆင့်ဆင့်တိုင်းမှာ နမူနာယူပြီးတော့ လူကြီးတွေ ၀ါရင့်တွေက သဘာပတိအဖွဲ့ဝင်တွေထဲမှာပါဝင်မယ်။ အလုပ်အမှုဆောင်တွေမှာက ခေါင်းဆောင်မှုပေးမယ့် လူရွယ်တွေ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါဝင်လာမယ်။ အခုအချိန်မှာ လက်ရှိအစိုးရကလည်း ပါတီလှုပ်ရှားမှုတွေကို ခွင့်ပြုထားပြီ ဖြစ်တော့ အခုအချိန်မှာ ကျနော်တို့ ပါတီကို ပြန်လည်စည်းရုံး ထူထောင်ရေးလုပ်ကြရမယ်လို့ မြင်တယ်။

မေး။ ။ ဆရာပြောတဲ့ ရပ်ကျေးမှာက အနည်းဆုံး ပါတီဝင် ဘယ်လောက်ဦးရေလောက် ရှိပြီး ဖွဲ့စည်းမယ်လို့ သဘောထားသလဲ။

ဖြေ။ ။ အောက်ခြေကျေးရွာတခု၊ ရပ်ကွက်တခုမှာ အနည်းဆုံကတော့ ပါတီဝင် လူဦးရေ ၃၀ လောက်တော့ ရှိလိမ့်မယ်လို့ ထင်တယ်။ ဒါဆိုရင် မြို့နယ်ကြီးတခုမှာ ရပ်ကွက် ၅၀ ကနေ ၁၀၀ လောက် ရှိမယ်ဆိုရင် အနည်းဆုံး ရပ်ကွက် ၅၀ လောက်နဲ့ ညီလာခံတခု ကျင်းပနိုင်ရမယ်။ အဲသည်က မြို့နယ်ညီလာခံက ရွေးချယ်ပေးလိုက်တဲ့ ပါတီကိုယ်စားလှယ်တွေနဲ့ ခရိုင်ညီလာခံ ကျင်းပနိုင်ရမယ်။ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ ခရိုင်ဆိုရင် မြို့နယ် ၅ ခုလောက်နဲ့တော့ ခရိုင်ညီလာခံ လုပ်နိုင်ရလိမ့်မယ်။ ခရိုင်တွေကနေ တိုင်းနဲ့ ပြည်နယ်တွေမှာ ညီလာခံတွေ လုပ်နိုင်မယ်လို့ ထင်တယ်။ အနည်းဆုံး တိုင်းနဲ့ပြည်နယ် စုစုပေါင်း ၇ ခုလောက်ကနေပြီ ညီလာခံတွေ လုပ်နိုင်ပြီဆိုမှ ဗဟိုညီလာခံနဲ့ ပြန်လည် ဖွဲ့စည်းတာတွေ လုပ်လာနိုင်လိမ့်မယ်လို့ ကျနော်ခန့်မှန်းတယ်။

မေး။ ။ အဲသည်အတွက် အချိန်ဇယားကို ဆရာက ဘယ်လောက် ခန့်မှန်းသလဲ။

ဖြေ။ ။ ရပ်ကျေးနဲ့ မြို့နယ်တွေကို ၄ လလောက် ပေးမယ်။ ခရိုင်တွေက တလ၊ တိုင်းနဲ့ ပြည်နယ်တွေက တလလောက်။ ပြီးမှ ဗဟိုညီလာခံကို ၁ လလောက် အချိန်ယူပြီး ကျင်းပနိုင်မယ်။ ၇ လလောက်ဆိုရင် ညီလာခံတွေ ကျင်းပပြီးသလောက် ဖြစ်မယ်။ အဲသည်အခါကျရင် ဗဟိုကိုလည်း အောက်ခြေက အဆင့်ဆင့်တက်လာတဲ့ ပါတီကိုယ်စားလှယ်တွေနဲ့ စနစ်တကျ ဖွဲ့စည်းထားနိုင်တာမျိုး ဖြစ်လာမယ်။ ပါတီဟာ အောက်ခြေကနေ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်လာမယ်။ အောက်ခြေလူထု လူတန်းစားကိုလည်း နားလည်မှုရှိတဲ့ ငဲ့ကြည့်နိုင်တဲ့ သူတွေဖြစ်လာမယ်။

မေး။ ။ သဘောကတော့ ပါတီအဖွဲ့အစည်းတရပ်ဟာ အပေါ်ကနေ လက်ရွေးစင်တွေနဲ့ ခေါင်းခေါက်ရွေးချယ် ဖွဲ့စည်းတဲ့ ပုံသဏ္ဍန်မျိုးထက် အောက်ခြေအဆင့်ဆင့်ကနေ အများပြည်သူ သဘောထားနဲ့ ဆက်စပ်ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍန်ကို ဦးတည်တဲ့သဘောပေါ့နော်

ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့လက်ရှိ မူဖြစ်တဲ့ လူငယ် တိုင်းရင်းသား၊ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းတာမျိုးနဲ့ ထူထောင်ချင်တယ်။ အောက်ခြေအဆင့်ဆင့်မှာလည်း မြို့နယ်၊ ခရိုင်၊ တိုင်းတွေမှာလည်း လူကြီးတွေ၊ ၀ါရင့်တွေကို သဘာပတိအဖွဲ့တွေပါ တွဲပြီး ဖွဲ့သွားမယ်လို့ စဉ်းစားတယ်။ မြို့နယ် ၃၀၀ လောက်သာ ရှိရင်၊ တမြို့နယ်မှာ ကိုယ်စားလှယ် ၅ ဦးလောက်သာ လွှတ်ကြရင် တကယ် ပါတီညီလာခံကြီးမှာ တက်ရောက်သူ ဦးရေ ၁၅၀၀ လောက် ရှိမယ်။ အဲသည်အခါကျရင် လက်ရှိအစိုးရနဲ့ အာဏာပိုင်တွေက ခွင့်ပြုမလား၊ နေရာ ထိုင်ခင်း စီစဉ်ခွင့်ပြုမှာလား။ ဒါကို စဉ်းစားကြရမယ်။ ဒေါ်စုကိုတောင်မှ မဲဆွယ်တုန်းက အနှောက်အယှက် အတားအဆီးတွေ ရှိသေးတာ၊ ပါတီညီလာခံကြီး လုပ်မယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကိုပါ တွက်ချက်ရမှာ ဖြစ်တယ်။

မေး။ ။ ဟုတ်ပါပြီ။ ဗဟိုအခြေပြုပြီး ပါတီကို ဦးဆောင်မှုပေးခဲ့တယ်၊ ပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စွန့်လွှတ်စွန့်စားပြီး ဦးဆောင်မှုပေးခဲ့ကြတယ်။ ပါတီတွင်း ပြန်လည်ထူထောင်ရေးတင်သာမကဘဲ တိုင်းပြည်အရေးကိစ္စတွေထဲမှာ အရေးတကြီး ရှေ့တန်းရောက်နေတဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်စဲနိုင်ဖို့ ဆရာ့သဘောထားကို မေးပါဦးမယ်။

ဖြေ။ ။ ဟုတ်ပါပြီ။

(ဆက်လက်ဖော်ပြပါမည်)

မူရင်းသတင်းက ဒီမှာပါ။

ခါတော်မှီ

ကာတွန်း – ကူမိုးကြိုး
မေ ၇၊ ၂၀၁၂


မူရင်းကာတွန်းက ဒီမှာပါ။

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့သည် လမ်းပန်းဆက်သွယ်မှု ခက်ခဲစေရန် တံတားသုံးစင်းမိုင်းခွဲ


ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ အကျိုးစီးပွား ထိခိုက်စေရန်အတွက် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း/တံတားများကို နေ့စဉ်ရက်ဆက် ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ မေလ ၁ ရက် ည ၁၂ နာရီတွင် မြစ်ကြီးနား-ချီဖွေ ကားလမ်းပေါ်ရှိ ဒွန်ဘန်တံတားအား မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် တံတားကြမ်းခင်း နှစ်ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

အလားတူ မေလ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီး လမ်းပေါ်ရှိ လန်နခုနှစ်ရောင်ခြယ် သံကူကွန်ကရစ် တံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်များမှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားကြမ်းခင်း အလျားပေ ၂၀ ခန့် ပျက်စီးခဲ့သည်။ ထို့အပြင် မေလ ၂ ရက် နံနက် ၇ နာရီခန့်တွင် မြစ်ကြီးနား-တနိုင်း ကားလမ်း၊ ဝရာဇွတ်ကျေးရွာအနီး သံပေါင်ဘေလီတံတားအား ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားညာဘက်အခြမ်း ကြမ်းခင်း နှစ်ပေခန့် ပျက်စီးခဲ့ပြီး အောက်ခံသံပေါင် အနည်းငယ် ကွေးသွားခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့၏ အထက်ပါ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနလက်အောက်ရှိ တောင်မြင့်သု သာန်နှင့်မီးသဂြိုဟ်စက်အား မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/ မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း မြို့တော်စည်ပင်၏ တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေးဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း သြ၀ါဒါစရိယဆရာတော် ဘဒန္တနေမိနက 7Day News သို့ မိန့်ကြားသည်။

တောင်မြင့်သုသာန်ပိတ် သိမ်းပွဲကို ဗုဒ္ဓဘာသာဓလေ့ထုံးထမ်းစဉ်လာအရ ပြုလုပ်ကြောင်း၊ ရှေးဦးစွာ မြို့တော်စည်ပင်သန့် ရှင်းရေးဌာနမှူးက တောင်မြင့်သု သာန်ပိတ်သိမ်းကြောင်း အမိန့်ပြန်တမ်းကိုဖတ်ကြားကြောင်း၊ ထို့နောက် တောင်မြင့်သုသာန်မှ ၀ိဉာဉ်များကို တောင်အင်းမြောက် အင်းရွှေ့ရန်အတွက် အသင့်စီစဉ် ထားသော Dump Truck ယာဉ် များပေါ်သို့ တက်ရောက်ရန်ဖိတ်ခေါ်ကြောင်း၊ ၀ိဉာဉ်များသုသာန် ပြောင်းရွှေ့ရေးအတွက် ယာဉ်ပေါ်တက်ရန် နာရီဝက်ခန့်အချိန် ပေးကြောင်း၊ တောင်မြင့်သုသာန်အား လေးဘက်လေးတန်စည်းခြားသတ်မှတ်ပြီး ၀ိဉာဉ်အားလုံးကို ဖိတ်ခေါ်ပြီးနေရာပြောင်းရွှေ့ရေးအတွက် အမိန့်ပြန်တမ်း ဖတ် ကြားကြောင်း၊ ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပြီး၊ ကားတစ်စီးလျှင်ဆရာတော်တစ်ပါး ဦးဆောင်ကာ တောင် မြင့် သုသာန်မှ တောင်အင်း/မြောက်အင်း သုသာန်သို့ ၀ိဉာဉ်များ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနဌာနမှူးဦးနေ၀င်းမြင့်က အတည် ပြုပြောကြားသည်။

ထိုသို့ တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများကို မြို့ တော်စည်ပင်မှ အမိန့်ထုတ်ပြန်ပြီး ယာဉ်များပေါ်သို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တက်ရောက်ရန် နာရီဝက်အချိန်ပေးပြီး၊ ယာဉ်များ စတင်ထွက်ခွာရာ ကောင်းကင်တစ်ခုလုံးမှုန်မှိုင်းပြီး လေပြင်းမုန်တိုင်းများတိုက်ခတ်ကြောင်း၊ မိမိတို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တင်ဆောင်လာသော ကားများ တောင်မြင့်သုသာန်မှ ထွက်ခွာချိန်တွင် လေကြီး၊ မိုးကြီးကျပြီး လေပြင်းများ တိုက်ခိုက်လာကြောင်း၊ ယာဉ်မှူးတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။ ၀ိဉာဉ်များ၊ နာနာဘာဝများ ကားပေါ်တက်ရောက်ရန် အမိန့်ထုတ်ပြန်ချိန်တွင် မိမိကားသည်လေးလာပြီး ကားမောင်းနှင်ရာတွင် ၀န်များပါလာသလို ခံစားရကြောင်းယာဉ်မောင်းတစ်ဦးက ပြောသည်။

တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများတင်ဆောင်လာသော ကားများသည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့် အသစ်ရွှေ့ပြောင်းသော တောင်အင်း/ မြောက်အင်းသုသာန်သို့ရောက်ရာတွင်၊ မြို့တော်စည်ပင်သန့်ရှင်းရေးဌာန ဌာနမှူးကသင်တို့အသစ်နေရမည့် နေရာသစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဆင်းရန် နာရီဝက်အချိန်ပေးကြောင်း၊ မိမိတို့ကြိုက်နှစ်သက်သော နေရာတွင် သင့်သလို နေရာယူနေနိုင်ကြောင်း၊ အမိန့်ပြန်တမ်းထပ်မံဖတ်ကြားပြီး သုသာန်ရွှေ့ပြောင်းမှုကို ဘာသာရေးထုံးတမ်းစဉ်လာများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

မူရင်းသတင်းက ဒီမှာပါ။

အင်ဂျင် ၁၃၀၀ စီစီအောက် ကားပါမစ်မလိုပဲ တင်သွင်းခွင့်ပြုမည်သတင်းကြောင့် ကားဈေးထိုးကျ


အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။

ယခုသတင်းကြောင့် ကားဈေးသာမက ကားပါမစ်ဈေးများလည်း သိသိသာသာ ကျဆင်းသွားကြောင်း ကားဝယ်ရောင်းများ၏ ပြောဆိုချက် အရသိရသည်။

ဝယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက “မနေ့ညနေက ဈေးကွက်မှာ ၁၃၀၀ စီစီအောက် ကားတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့ စည်းဝေးနေပြီဆိုတဲ့ သတင်းထွက်ပြီး ကားဈေးတွေ သိန်း ၃၀၊ ၄၀ ကျသွားတယ်၊ ဘယ်သူမှ မ၀ယ်တော့ပဲ ဖြစ်နေတယ်” ဟု YPI သို့ပြောသည်။

အခြားကားဝယ်ရောင်း တဦးကလည်း ယမန်နေ့ညနေက ကားဈေးကွက်တွင် ဈေးကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများတွင် မီနီဆလွန်း ကားအမျိုးအစား၊ ဆူဇူကီ ဝေဂွန်အာပလပ်စ် ကားမျိုးလို ကားအငယ်များ ပါဝင်နိုင်ပြီး ယင်းသို့ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပါက အငှားယာဉ် နှင့် မြို့တွင်းအိမ်သုံးစီးသူများ အနေဖြင့် ဈေးနှုန်းသက်သာစွာ ၀ယ်စီးနိုင်မည့် အလားအလာရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းပြောဆိုသည်။

ယမန်နှစ် လယ်ကစတင်လိုက်သည့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှ၍ ကားအစားထိုးတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် ဆယ်စုနှစ် တခုကျော်မြင့်တက်ခဲ့သည့် ကားဈေး ၃ ချိုး ၂ ချိုး ကျဆင်းခဲ့သည်။

ယခင်နှစ်နှစ်ဝန်းကျင်က သိန်း ၁ ထောင်ကျော် ရှိခဲ့သည့် တိုယိုတာ မတ်တူးဆလွန်း (ရွှေငါး) အမျိုးအစားမှာ ယခုအခါတွင် ကျပ် သိန်း ၃၀၀ မှ ၃၅၀ ၀န်းကျင်သာရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။

ထို့နောက် နိုင်ငံခြားငွေ ဒေါ်လာ ၁ သိန်းရှိသည့် ကုမ္ပဏီများ၊ ၀င်ငွေခွန်ပေးဆောင်ထားသူ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့သူများ၊ နိုင်ငံခြားသင်္ဘောသားများ ကိုပါ တင်သွင်းခွင့်ပြုခဲ့ရာမှ ကားဈေးမှာ တစထက်တစကျဆင်းလာခဲ့သည်။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးနုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်

မြန်မာနိုင်ငံရဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ရာထူးကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နောက်ထပ် ဗွီအိုအေက စုံစမ်း သိရှိရသမျှတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ဖြေပါတယ်။

"ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ၀က်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။"

တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိုးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိုးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်း မရှိခဲ့ပါဘူး။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့ ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘ၀မှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြပါတယ်။

"သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။

၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့ ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။

By မသင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။

သင်္ဘောများနှင့် မြို့ပတ် ရထားများတွင် I Pay Card တပ်ဆင် လုပ်ဆောင် သွားရန် စီစဉ်လျက်ရှိ


I Pay Card စနစ် တွင်ကျယ် လာဖို့ ပြည်တွင်း ပြေးဆွဲနေတဲ့ သင်္ဘောများနဲ့ မြို့ပတ် ရထား များမှာပါ တပ်ဆင် သွားဖို့ အတွက် ပို့ဆောင်ရေး ၀န်ကြီး ဌာနကို တင်ပြထားပြီ ဖြစ်တယ်လို့ I Pay Card ကုမ္မဏီမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါပေမယ့် ဒီလို သင်္ဘောတွေမှာ I Pay Card သုံးစွဲမှုဟာ မလွယ်နိုင် ပေမယ့် လောလောဆယ် မှာတော့ I Pay Card ကုမ္ပဏီမှ တာဝန်ရှိ သူတွေဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တာဝန်ရှိ ပုဂ်္ဂိုလ် များနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်တယ်လို့ အဆိုပါ I Pay ကုမ္ပဏီနဲ့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။

ယခုလက်ရှိမှာ I Pay Card သုံးစွဲမှုကို ရန်ကုန်မြို့ အတွင်း ခရီးသည်တင် ယာဉ်လိုင်း Bus ကားလိုင်း များဖြစ်တဲ့ အဓိပတိ အပြာလိုင်းမှ ယာဉ်အစီး ၂၀ ကို တပ်ဆင်နေပြီ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား Bus ယာဉ်လိုင်းတွေ များလည်း I Pay Card ကို တိုးချဲ့တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament


(photo: REUTERS/Soe Zeya Tun)

“—ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်—”

လက်ရှိ ဗမာပြည် လွှတ်တော် နိုင်ငံရေးမှာ အဓိက ဒီမိုကရေစီ ဦးဆောင်ပါတီကြီးက ဝင်ရောက် လှုပ်ရှားပြီ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု အပြည့်ရှိတဲ့ အရည်အချင်းရှိ ခေါင်းဆောင်က ဦးဆောင်ပြီးတော့ လွှတ်တော် နိုင်ငံရေးလမ်းစဉ်မှတဆင့် ဗမာပြည် ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှ အကျိုးခံစားခွင့်ရှိရေး စတဲ့ မြောက်များစွားသော လုပ်ငန်းတွေကို ဆောက်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါတွေ လက်တွေ့ ဖြစ်နိုင်ဖို့က အရင် စစ်တပ်အစိုးရ လက်ထက်မှာ လိုသလို အချက်တွေ ထည့်သွင်းပြီး စိတ်ကြိုက် ရေးဆွဲထားတဲ့၊ တိုင်းပြည်ရဲ့ မူရင်း အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒေမှ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်များစွာကို ပြင်နိုင်မှ ရမယ် ဆိုတာ ဧကံ မုချ ဆိုပြီး နားလည် လက်ခံထားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေခံဥပဒေပြင်ရေး အပါအဝင် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင် လက်တွေ့ ဖြစ်နိုင်ဖို့က အခက်အခဲ အတားအဆီး အမျိုးမျိုးကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

“—တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင်—”

ဒါကြောင့် ပထမဦးဆုံးအနေနဲ့က လွှတ်တော် နိုင်ငံရေးမှာ ပါတီအားလုံး အငြင်းပွားဖွယ် ဖြစ်စရာ နည်းတဲ့၊ လက်ရှိ အခြေခံဥပေဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကထဲကနေပြီး ပြည်သူအများစု အကျိုးရှိအောင် ဥပဒေတွေ ပြဋ္ဌာန်းတာ၊ အစိုးရရဲ့ လုပ်ငန်းတွေကို မေးခွန်းတွေ ထုတ်တာ စတာတွေနဲ့ စရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာသာမက ဒေသဆိုင်ရာ ပြည်နယ်၊ တိုင်း လွှတ်တော်တွေမှလည်း လက်ရှိ အခြေခံဥပေဒေမှ ပေးပြီး ဖြစ်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချပြီး ပြည်သူများ လူနေမှု အဆင့်အတန်းမြင့်ဖို့၊ ရေ၊ မီး အပြည့်အစုံရဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ကျန်းမားရေး စောင့်ရှောက်မှု ပိုမို ရရှိဖို့၊ ပညာရေး အဆင့်အတန်းမြှင့်ဖို့ စတဲ့ လူမှုဘဝ သာယာဝပြောရေးကို အရေးပေးပြီး ပြည်သူအများစု ဒီမိုကရေစီရဲ့ အသီးအပွင့်တွေ (နည်းကောင်း နည်းနိုင်ပေမယ့်) ခံစားနိုင်အောင် စတင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ စစ်တပ်ထောက်ခံမှုရှိတဲ့ လက်ရှိအာဏာရပါတီမှ ကိုယ်စားလှယ်များ၊ စစ်တပ်က တိုက်ရိုက်ခန့် ကိုယ်စားလှယ်များကို တိုင်းပြည်ရေရှည် အကျိုးကျေးဇူး ရှိစေချင်ရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်မှ ဖြစ်မယ် ဆိုတာကို သိစေပြီး နားချ၊ စည်းရုံးသိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ စတင် အကောင်အထည် ဖော်လာနိုင်ရင် ဒီမိုကရေစီအင်အားစုအပေါ် ပြည်သူအများစု ထောက်ခံမှုကလည်း ဆက်လက် တည့်တံ့နိုင်မယ့်အပြင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုမို အနိုင်ရပြီး လွှတ်တော်မှာ နေရာအများစုယူလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် အပိုအကျိုးကျေးဇူးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ နေရာအများစု အနိုင်ရရှိခဲ့တဲ့ လက်ရှိ အာဏာရပါတီကိုလည်း “လမ်းတစ်ခြမ်းခင်း” နည်းတွေ၊ “မဲပေးမှ ရေပေး၊ မီးပေးမယ်” ဆိုတဲ့ နည်းတွေ အလုပ် မဖြစ်မှန်း၊ ပြည်သူ့အကျိုးကို တကယ် စိတ်စေတနာသန့်သန့်နဲ့ ထမ်းနိုင်မှ ဒီမိုကရေစီစနစ် နိုင်ငံရေးမှာ ရှင်သန်နိုင်မယ်မှန်း သင်ခန်းစာပေးပြီး ဖြစ်နိုင်ပါတယ်။ ခု ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာကို အာဏာရပါတီအနေနဲ့ သင်ခန်းစာ ယူတတ်ရင် သင်ခန်းစာတွေ အများကြီး ရသင့်နေပါပြီ။ တကယ် သင်ခန်းစာရလို့ အာဏာရပါတီက ပြည်သူအကျိုးပြုလုပ်ငန်းတွေ တကယ် အကောင်အထည်ဖော်ရင်လည်း တိုင်းပြည်အကျိုးရှိမှာဖြစ်ပါတယ်။

ဒီလိုဖော်ဆောင်နိုင်ပြီးတဲ့ အချိန်ကာလတစ်ခုမှာ ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်မှာ အင်အားရှိလာမယ်၊ စစ်တပ်ထောက်ခံမှု ရထားတဲ့ ပါတီကလည်း ဒီမိုကရေစီ နိုင်ငံရေးသဘော၊ အကျိုးကျေးဇူးကို သိလာမယ်၊ ဒီအချိန်ရောက်ရင်တော့ အခြေမခိုင်တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့လမ်းစ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

“—စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်—”

ကောင်းပြီ.. အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဘာတွေ ပြင်ရမလဲ ဆိုတာ ခု လွှတ်တော်နိုင်ငံရေး ထောက်ခံသူတွေ၊ မထောက်ခံသူတွေ၊ သာမန် ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ စတဲ့ အင်အားစု၊ အဖွဲ့အစည်းအသီးသီက ဝိုင်းဝန်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စဖြစ်ပါတယ်။

ဒါကြောင့် စာရေးသူရဲ့ တစ်ဦးတည်း အမြင်နဲ့ ဘာတွေတော့ ပြင်နိုင်ရင်ကောင်းမယ် ဆိုတာကို အောက်မှာ တင်ပြဆွေးနွေးပါမယ်။

အခန်း(၁) နိုင်ငံတော်အခြေခံမူများ (Chapter I: Basic Principles of the Union)

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်က သွားမယ့်လမ်းစဉ်မူဝါဒမှာ အခြေခံမူတစ်ချက်က ပုဒ်မ (၆) (ဃ) ပါ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” ဆိုတာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မူရင်း သဘော၊ အနှစ်သာရ၊ အဓိပ္ပာယ်ဟာ ပြည့်စုံကုံလုံပြီးဖြစ်တဲ့အတွက် ဒီဝေါဟာရရဲ့ ရှေ့မှာ ကောက်ချက်အမျိုးမျိုးဆွဲနိုင်တဲ့၊ အဓိပ္ပာယ် အကောက်လွဲနိုင်တဲ့ မည်သည့် နာမဝိသေသနမှ ရှိစရာမလိုဟု ယူဆမိပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့၊ ပြည်သူ့အတွက်၊ ပြည်သူ့အစိုးရတစ်ရပ် ဖြစ်ရမယ် ဆိုတဲ့ သဘော၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စတဲ့ လောကပါလတရားတွေ ထွန်းကားရမယ်ဆိုတဲ့ သဘော၊ လူအများစု ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်တဲ့ စနစ်ဖြစ်ပြီး လူနည်းစု ဆန္ဒ၊ အခွင့်အရေးကိုလည်း အသိမှတ်ပြု အလေးထားတယ် ဆိုတဲ့သဘော စတဲ့ ဒီမိုကရေစီရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အနှစ်သာရတွေဟာ ဘာအထူးပြုချက်၊ တနည်းအားဖြင့် ဘာကန့်သတ်ချက် စကားလုံးမှ မလိုအပ်ဘဲ ဒီမိုကရေစီ ဆိုပြီး တစ်လုံးတည်း ထည်းထည်းချည်း ရပ်တည်နိုင်ပါတယ်၊ ရပ်တည်နိုင်ရပါမယ်။ နိုင်ငံတကာက ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်း အောင်မြင်နေတဲ့ တိုင်းပြည်တွေ၊ ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းပြည်တွေမှာလည်း ဒီလို ကန့်သတ်စကားလုံးမျိုး မတွေ့ရပါ။

ဗမာပြည်နဲ့ သမိုင်းအရ သဘောသဘာဝချင်း နီစပ်တဲ့ အင်ဒိုနီးရှားမှာတော့ ဦးဆောင်လမ်းညွှန်မှု သဘောပါတဲ့ အသုံးအနှုံး “Democracy Guided By” ဆိုပြီး သူတို့ရဲ့ အခြေခံမူမှာ ထည့်ထားပါတယ်။ ဒါလည်း “နိုင်ငံရဲ့ ပြည်သူအားလုံးကိုယ်စားပြုတဲ့ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီးမှ စဉ်းစားဆင်ခြင်၊ ဆွေးနွေးဆုံးဖြတ်မှုတွေရဲ့ ရလဒ်၊ ညီညွတ်တဲ့၊ တန်းဖိုးရှိတဲ့ တွေးခေါ်မှု အတွင်း ပညာဉာဏ်မျိုးပါတဲ့ လမ်းညွှန်ဦးဆောင်မှု” ဆိုပြီး သေချာ ရှင်းထားတဲ့အတွက် ယခု ဗမာပြည်က စစ်အုပ်စုလိုလားသူတွေ အဓမ္မ တင်သွင်းခဲ့တဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာလောက် အငြင်းပွားစရာ၊ ဝေဝါးစရာ မရှိပါ။

ဒါကြောင့် အခြေခံမူမှာ ဖွင့်ဆိုရှင်းလင်းချက် အတိအကျမပါဘဲ လိုသလို ယူသုံးနိုင်ဖို့ ဒီမိုကရေစီရဲ့ ရှေ့ကနေ ပိတ်ထည့်ထားတဲ့ အထူးပြု စကားလုံးကို ဦးစွာပထမ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အခန်း(၁) နိုင်ငံတော်အခြေခံမူများမှာ ဒုတိယအချက်အနေနဲ့ မပြင်မဖြစ် ပြင်ဖို့လိုတာက ပုဒ်မ (၆) (စ) လုံးပါ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ အချက် ဖြစ်တယ်။

“—အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ—”

ဒီလို တပ်မတော်က အမျိုးသားနိုင်ငံရေး၊ တနည်းအားဖြင့် တိုင်းပြည်ရဲ့ နိုင်ငံရေး လမ်းစဉ်၊ မူဝါဒကို အမြဲ ဦးဆောင်၊ ဦးရွက်ပြုမယ်ဆိုတာမျိုးဟာ ဘယ်ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံမျိုး၊ ဘယ်ဒီမိုကရေစီစနစ်မျိုးမှာမှ မရှိတဲ့ အချက်ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလို စစ်တပ်က အာဏာ ခဏခဏ သိမ်းလေ့ရှိတဲ့ တိုင်းပြည်မျိုးမှာတောင် ခုနောက်ဆုံးရေးဆွဲတဲ့ ၂၀၀၇ အခြေခံဥပဒေမှာ ဒီလို ဗြောင်ကျကျ နောင်ကိုလည်း စစ်တပ်ကပဲ ဦးဆောင်မယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားတာမျိုး မရှိပါ။ စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်။ အင်ဒိုနီးရှားကို ကြည့်ပြန်ရင်လည်း တရားမျှတပြီး ယဉ်ကျေးတဲ့၊ လူ့အခွင့်အရေးကိုလည်း အပြည့်အဝ လေးစားလိုက်နာတဲ့၊ နိုင်ငံသားအားလုံး လူမှုဘဝ သာယာဝပြောလာအောင် တန်းတူအခွင့်အရေး ပေးတဲ့ မူဝါဒ၊ လမ်းစဉ်တွေ ချမှတ် အကောင်ထည်ဖော်ရမယ်ဆိုပြီးပဲ အခြေခံမူထဲမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။

တပ်မတော်ရဲ့ အဓိကနဲ့ တစ်ခုတည်းသော တာဝန်ဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့သာဖြစ်ပြီး မဆိုင်တဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်စရာ အကြောင်းမရှိပါ။ ဒါဟာ အခြား ဒီမိုကရေစီ တိုင်းပြည်တွေနဲ့ စနစ်တွေမှာ မရှိလို့ဆိုတာရယ်ကြောင့်သာ မဟုတ်ပါ။ အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ။ ဘာကြောင့်လဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်က နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ ကိစ္စအဝဝကို ဝင်ရောက် ကိုင်တွယ် စီရင် ဆုံးဖြတ်တဲ့အတွက် တိုင်းပြည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရတဲ့ ခါးသီးတဲ့ ကိုယ်တွေ့သမိုင်းသင်ခန်းစာကြောင့် ဖြစ်ပါတယ်။

ဒီအခန်း(၁) အခြေခံမူများ အောက်မှာပဲ ပုဒ်မ (၂၀) မှာ ပါတဲ့ တပ်မတော်ရဲ့ ကိုယ်ပိုင် အင်အားတောင့်တင်းဖို့၊ တိုင်းပြည် လုံခြုံဖို့ စတာတွေအတွက် ပြဋ္ဌာန်းထားတဲ့ စစ်တပ် အခန်းကဏ္ဍတွေကို လက်ခံ နားလည်ပေးနိုင်ပေမယ့် အထက်မှာ တင်ပြတဲ့ ပုဒ်မ (၆) (စ) ပါ စစ်တပ်က တိုင်းပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကိုပါ ဦးဆောင်မယ် ဆိုတဲ့ အချက်ကတော့ နိုင်ငံမှာ ဒီမိုကရေစီ စနစ်တကယ် ရှင်သန်စေချင်ရင်၊ တိုင်းပြည် တကယ် ငြိမ်းချမ်း သာယာ ဝပြောစေချင်ရင် မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်ဖြစ်တယ် ဆိုတာကို နှစ်ငါးဆယ်ကျော် စနစ်ဆိုးရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ပြည်သူအားလုံး နားလည်သဘောပေါက် လက်ခံနိုင်မယ်လို့ ယူဆပါတယ်။

အခန်း(၂) နိုင်ငံတော်ဖွဲ့ စည်းတည်ဆောင်ပုံ (State Structure)

ဒီအခန်းမှာလည်း အချက်တော်တော်များဟာ တိုင်းပြည်ရဲ့ ဌာနေ တိုင်းရင်းသား၊ လူနည်းစု လူမျိုးစု အားလုံးကို တကယ်ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သေချာဆွေးနွေးတိုင်ပင်၊ နှီးနှောပြီး ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ သတ်မှတ်ပုံ၊ နယ်မြေခွဲဝေပုံ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ အုပ်စုအသီးသီးမှာ အာဏာခွဲဝေပုံ စတာတွေဟာ အဖွဲ့အစည်းတစ်ခု (စစ်တပ်) ရဲ့ သဘောဆန္ဒနဲ့သာ အများစု ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံမျိုးနဲ့က စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး၊ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တန်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက်က ရေမှာအရုပ်ရေးဖို့ ကြိုးစားနေသလို လုပ်သလောက်၊ အရာမထင် အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

အခန်း (၃) နိုင်ငံတော် အကြီးအကဲ (Chapter III: Head of State)

ဒီအခန်းမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် အကြီးအကဲ၊ သမ္မတတစ်ယောက်မှာ ရှိရမယ့် လိုအပ်ချက် အချက်အလက် နဲ့ အရည်အချင်းတွေမှာ မလိုလားအပ်တဲ့၊ တိုင်းပြည်အတွက် တကယ်အသုံးမဝင်တဲ့ ကန့်သတ်ချက်တွေအများကြီးပါနေတာ တွေ့ရပါတယ်။

ပထမဦးဆုံးအနေနဲ့ ပုဒ်မ (၅၉) (ဃ) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ ” နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမယ်” ဆိုတဲ့ အချက်ကို စတင် ဆွေးနွေးပါမယ်။

ဒီအချက်မှာ စစ်ရေးအမြင်ဆိုတဲ့ အချက်က ထောက်ပြစရာ၊ အငြင်းပွားစရာ အများကြီးရှိတယ်။ ကတ်ကတ်သတ်သတ် စကားလုံးတစ်လုံးကို အခြေပြုပြီး ပြောလာရင် “စစ်တိုက်ဖူးရမယ်၊ စစ်တပ် ရာထူး၊ တာဝန် ထမ်းဆောင်ဖူးရမယ်” ဆိုတာအထိ အဓိပ္ပာယ် သက်ရောက်လာစေပြီး အခြေအတင် ဖြစ်လာနိုင်ပါတယ်။

စစ်ရေးအမြင်သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စတဲ့ အမြင်တွေ ရှိမရှိဆိုတာက အခြေခံဥပဒေနဲ့ ကန့်သတ်ထားရမယ့် ကိစ္စမဟုတ်၊ ပြည်သူလူထုက (သို့) သူတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သမ္မတနေရာနဲ့ ထိုက်တန်သူ ဟုတ်၊ မဟုတ် ဆုံဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့အချိန်မှာ ဒီပုဂ္ဂိုလ်ရဲ့ ပညာအရည်အချင်း၊ နောက်ကြောင်း သမိုင်း၊ အတွေးအခေါ်၊ အမျှော်အမြင် ကိုကြည့်ပြီး သမ္မတ တာဝန် ကျေအောင် ထမ်းနိုင်၊ မထမ်းနိုင်၊ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သူ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမှာသာ ဖြစ်ပါတယ်။

ဗမာ စစ်ဗိုလ်ချုပ်ကြီးများ နှင့် သူတို့ရဲ့ အခါတော်ပေး ပညာရှိကြီးများ စနစ်တကျ လေ့လာအတုယူပြီး ဒီမိုကရေစီအသွင်ပြောင်းရေး ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ။ “သမ္မတရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အမျှော်အမြင်၊ ရည်မှန်းချက်၊ အစီအစဉ်တွေ ရှိရမယ်” ဆိုတဲ့ အချက် သာပါ ပါတယ်။ ပညာအရည်အချင်း သတ်မှတ်ချက်မှာလည်း အတန်းပညာ အနည်း၊ အများနဲ့ လူ့ရဲ့ အရည်အချင်းက တိုက်ရိုက် အချိုးမကျတဲ့အတွက် အခြေခံပညာ အထက်တန်းအောင်ရမယ် လို့သာ သတ်မှတ်ထားတယ်။

“—ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ—”

အင်ဒိုနီးရှား ဖွဲ့စည်းပုံမှာ အာဏာရှင် တဖြစ်လဲ တိုင်းပြည်တွေအတွက် ပိုအရေးကြီးတဲ့ “သမ္မတအရွေးခံမယ့်သူဟာ သူ့ရဲ့ စည်းစိမ်၊ ဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ကြေညာပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်အရှေ့မှာ အစစ်ခံရမယ်”၊ “ဝင်ငွေခွန်ကို အနည်းဆုံး ကပ်လျက် (၅) နှစ် ဆောင်ထားပြီးသူ ဖြစ်ရမယ်” စတဲ့ ကျင့်ဝတ်၊ သီလ ပိုင်းဆိုင်ရာ အချက်တွေကို သေသေချာချာ သတ်မှတ်ထားတယ်။ နောက်တစ်ခု သူ့မှာ ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာ့ပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အခြေခံဥပဒေမှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ အခြားအချက်တွေကတော့ “နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံကို သစ္စာမဖောက်သူ ဖြစ်ရမယ်” စတာတွေလို ပါရိုး၊ ပါစဉ် အချက်တွေသာ ဖြစ်ပါတယ်။

အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ။ အမေရိကန် သမ္မတတွေထဲမှာ စစ်တပ်ရာထူးထမ်းဆောင်ဖူးတဲ့ သူတွေရှိတယ်။ ဒါပေမယ့် စစ်တပ် တာဝန်ထမ်းဆောင်ချိန်နဲ့ သမ္မတဝင် အရွေးခံတဲ့ အချိန်ဟာ သပ်သပ်စီဖြစ်တယ်။ အများအားဖြင့်လည်း တိုင်းပြည်မှာ စစ်ပွဲကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ ဝင်ရောက်ပြီး တိုင်းပြည်ရဲ့ စစ်ရေးတာဝန် ထမ်းဆောင်ကြတာသာ ဖြစ်တယ်။ သူတို့ကို သမ္မတအဖြစ် ပြည်သူက ရွေးကောက်တင်မြှောက်ကြတာကလည်း စစ်တပ်ကလာလို့ (စစ်ရေးအမြင်ရှိလို့) ဆိုတာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ အထွေထွေ အရည်အချင်း၊ သူတို့ရဲ့ ရိုးသားမှု၊ သူတို့တင်ပြတဲ့ မူဝါဒ တို့ကို သဘောကျ ကျေနပ်နှစ်သက်လို့သာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာမည်ကြီးခဲ့တဲ့ စစ်သူကြီး အိုင်စင်ဟောင်းဝါး တစ်ယောက်သာ ကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်ခဲ့တဲ့ ခေါင်းဆောင်ထဲက တစ်ယောက်အနေနဲ့ လူကြိုက်များပြီး မဲပေးကြလို့ ၁၉၅၀ ပြည့်လွန်နှစ်များမှာ သမ္မတ ဖြစ်ခဲ့ဖူးတယ်။ သို့သော် သူလည်း သမ္မတ တာဝန်တွေ ထင်သလောက် အောင်မြင်အောင် မထမ်းနိုင်လို့ သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရခဲ့တယ်။

အမေရိကန် သမ္မတတာဝန်ကို စံချိန်တင် (၃) ကြိမ်ထမ်းဆောင်ဖူးတဲ့ ဖရန်ကလင်း ရူစဗဲ့ (FDR) ဆိုရင် စစ်တိုက်ဖူးဖို့နေနေသာ လမ်းတောင်မှ မလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ဦး ဖြစ်တယ်။ ရူစဗဲ့ နောက်ပိုင်းမှာ အခြေခံဥပဒေကို သမ္မတတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိဆိုပြီး ပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ ရူစဗဲ့ မတိုင်ခင်ကလည်း စာနဲ့ သေချာ ပြဋ္ဌာန်းထားခြင်းမရှိပေမယ့် ပထမဆုံးသမ္မတ နဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်က တတိယအကြိမ်မြောက် သမ္မတဝင် အရွေးခံဖို့ ငြင်းခဲ့ဖူးတဲ့ အစဉ်အလာကြောင့် ဘယ်သမ္မတမှ သက်တမ်း နှစ်ကြိမ်ထက် ပိုပြီး တာဝန် မထမ်းဆောင်ဖူးခဲ့ဘူး။ ကိုယ်ခန္ဓာမသန်စွမ်းပေမယ့် ဉာဏ်ရည်၊ ဥာဏ်သွေးပြည့်စုံ၊ အရည်အချင်းရှိတဲ့ ရူစဗဲ့ လက်ထက်ကျမှသာ ပြည်သူလူထုတောင်းဆိုမှုကြောင့် တတိယအကြိမ် သမ္မတ ဝင်အရွေးခံပြီး ရွေးကောက်ပွဲနိုင်ခဲ့တယ်။ ဒုက္ခိတ သမ္မတဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အန္တရာယ် ဖြစ်တဲ့ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် နဲ့ ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်နိုင်ခဲ့တယ်။ စစ်မတိုက်ဖူးပေမယ့် အရည်အချင်းရှိရင် စစ်ရေးအမြင်ရှိနိုင်တယ် ဆိုတာကို အင်အားကြီးမားတဲ့ နာဇီ ဂျာမဏီ နဲ့ ဖက်ဆစ် ဂျပန်ကို နိုင်အောင်တိုက်ဖို့ဦးဆောင်ခဲ့တဲ့ ရူစဗဲ့ က သက်သေပြုပါတယ်။

ဒါကြောင့် ဗမာပြည်က ဖွဲ့စည်းပုံအခြေခံဥပေဒေပါ “သမ္မတတစ်ယောက်မှာ စစ်ရေးအမြင် ရှိရမယ်” ဆိုတဲ့ အချက် ပါသင့်၊ မပါသင့်၊ ဆက်လက် ရှိသင့်၊ မရှိသင့် အခြေခံကျကျ စဉ်းစားနိုင်ကြမယ်လို့ ထင်ပါတယ်။

ဒုတိယအနေနဲ့ ပုဒ်မ (၅၉) (င) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နဲ့ တစ်ဆက်တည်း အနည်းဆုံး အနှစ် (၂၀) နိုင်ငံတော်အတွင်း အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။ ခြွင်းချက် – နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရမည်” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။

ဒီလိုကန့်သတ်ချက်မျိုး နိုင်ငံတချို့မှာ နှစ်အရေအတွက် ကွားခြားပေမယ့် ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် (၁၀) နှစ် အနည်းဆုံးနေရမယ် ဆိုပြီး သတ်မှတ်ထားတယ်။ အမေရိကားမှာလည်း (၁၄) နှစ်ဆိုပြီး ရှိတယ်။ ဒီလို သတ်မှတ်တာကို အကြီးအကျယ် အငြင်းပွားစရာ အကြောင်းမရှိပေမယ့် အစိုးရပညာတော်သင် မဟုတ်ဘဲ၊ အစိုးရတာဝန်နဲ့ မဟုတ်ဘဲ နိုင်ငံတကာမှာ ပညာသင်၊ အလုပ်လုပ်နေတဲ့ အတွေ့အကြုံရှိ၊ ပညာတတ် လူလတ်ပိုင်း အရွယ်တွေအတွက် ပိုပြီး အခွင့်အရေးရှိ၊ အဆင်ပြေနိုင်စေအောင် နှစ်ကန့်သတ်ချက်ကို (၁၀)နှစ်အထိ လျှော့ချသင့်တယ်လို့ ယူဆပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး တိုင်းပြည်ပြင်ပ ထွက်ခွာသူ အားလုံး ခြွင်းချက်မှာ အကျူံးဝင်၊ မဝင်လည်း သေချာ မရှင်းပါ။

တတိယအနေနဲ့ ပုဒ်မ (၅၉) (စ)မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမ်၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။

“—အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ—”

ဒီအချက်ဟာ သမ္မတရဲ့ အရည်အချင်းနဲ့ မဆိုင်ဘဲ လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတွေထဲမှာ အဓိက ပြင်ကို ပြင်ရမယ့် အချက်ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာက အခြေခံဥပဒေတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး လုံးဝ မရှိပါ။ ဝင်ရောက် အရွေးခံမယ့် (သို့) နာမည်စာရင်း တင်သွင်းမယ့် သမ္မတလောင်း ပုဂ္ဂိုလ်တစ်ဦးတည်းသာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နယ်နိမိတ်မှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် စတာမျိုး ယေဘုယျ သဘောပါလေ့ရှိတယ်။ အခုလို တစ်စုံတစ်ယောက်ကို ကန့်သတ်ချင်လို့ စနစ်တကျ ထည့်သွင်း ကန့်သတ်ထားတာမျိုးဟာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အချက်ဖြစ်ပါတယ်။

အစဉ်အလာ ထုံးစံကို အလေးထား၊ ကိုယ်ပိုင် ယဉ်ကျေးမှုမြင့်မား၊ တန်ဖိုးထားတဲ့အပြင် ကိုးကွယ်ယုံကြည်မှု အယူဝါဒပေါင်းမြောက်များစွာ ထွန်းကား၊ ဘာသာတရားကိုင်းရှိုင်း၊ ရှေးရိုးစွဲတဲ့ အိန္ဒိယမှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီးအထိလိုက်ပြီး နိုင်ငံခြား တိုင်းပြည်တစ်ခုခုနဲ့ တစ်နည်းနည်း မပတ်သက်ရဘူး ဆိုတာမျိုး ကန့်သတ်ထားချက် မတွေ့ရပါ။

အိန္ဒိယ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဆိုရင် သမ္မတဖြစ်နိုင်ဖို့ အချက်တွေကို အဓိက (၃) ချက် သတ်မှတ်ထားတယ်။

အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၃၅) နှစ် နှင့် အထက် ဖြစ်ရမယ်။
အောက်လွှတ်တော် (ပါလီမန်) အမတ် တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံရမယ်။

အိန္ဒိယ အောက်လွှတ်တော် အမတ် ဖြစ်ဖို့ ပြည့်စုံဖို့က -

အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၂၅) နှစ် နှင့် အထက် ဖြစ်ပြီး စိတ်ရောဂါ ဝေဒနာမရှိသူ ဖြစ်ရမယ်။

ပေးစရာ အကြွေးများ မပေးနိုင်သဖြင့် လူမွဲစာရင်း (Bankrupt) ကြေညာဖူးသူ၊ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားရုံး အဆုံးအဖြတ်ခံဖူးသူ မဖြစ်စေရ၊ တရားရုံးတစ်ခုခုမှာ လက်ရှိ တရားရင်ဆိုင်နေသူဖြစ်ပါက ရင်ဆိုင်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးထားရမယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက အမတ်နေရာမှ ဖယ်ပေးရမယ်။

လူမှုအလွှာအမျိုးမျိုး၊ မျိုးနွယ်စု အမျိုးမျိုးအတွက် ကြိုတင်သတ်မှတ်ထားတဲ့ နေရာ (Reserved Seats) အတွက် ဆိုရင် သက်ဆိုင်ရာ လူမှုအလွှာ၊ မျိုးနွယ်စု မှ ဖြစ်ရမယ် -

လို့သာ အထက်မှာ ဖော်ပြသလို သမ္မတဖြစ်မယ့်သူ (သို့) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ဦးတည်ပြီး ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။

အိန္ဒိယမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာအရ ပိုအရေးပါတဲ့ ဝန်ကြီးချုပ်နေရာအတွက် သတ်မှတ်ချက်တွေမှာလည်း သမ္မတနဲ့ သဘော၊ သဘာဝတူတူသာ ဖြစ်ပြီး မလိုအပ်တဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးနဲ့ ပတ်သက်လို့ ကန့်သတ်ထားချက်တွေ မပါပါ။ သမ္မတ (သို့) ဝန်ကြီးချုပ် ဟာ တိုင်းပြည်နယ်နိမိတ်အတွင်းမှာ မွေးရမယ့် ဆိုတဲ့ အချက်တောင် မပါပါ။

ဒါကြောင့် အရင်ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီလူမျိုး၊ အီတလီ နိုင်ငံမှာ မွေးတဲ့ ဆိုနီရာဂန္ဒီဟာ အိန္ဒိယရဲ့ အင်အားအကြီးမားဆုံးဖြစ်တဲ့ အပြင် အိန္ဒိယလွတ်လပ်ရေးသမိုင်းမှာ ရှေ့တန်းကဦးဆောင်ခဲ့တဲ့ အမျိုးသာကွန်ဂရက်ပါတီကို နှစ်ပေါင်းများစွာ ခေါင်းဆောင်နေပြီး ခုနောက်ဆုံး ၂၀၀၄ သူ့ပါတီ ရွေးကောက်ပွဲအနိုင်ရတော့လည်း သူသာ ဆန္ဒရှိရင် အခြေခံဥပဒေက ကန့်သတ်ထားခြင်းမရှိတဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို တက်ယူနိုင်တယ်။ ဒါပေမယ့် အဲ့တုန်းက အတိုက်အခံတွေ၊ ရှေးရိုးစွဲတွေနဲ့ မလိုလားအပ်ဘဲ အငြင်းမပွားချင်လို့ သူ့ပါတီက မန်မိုဟမ်ဆင်း (လက်ရှိဝန်ကြီးချုပ်) ကို ဝန်ကြီးချုပ်ရာထူးပေးပြီး ကိုယ်တိုင်က တိုင်းပြည်မှာ တကယ်အရေးပါတဲ့ အာဏာရပါတီခေါင်းဆောင် နေရာ၊ လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကိုသာယူပြီး နောက်ကွယ်က တိုင်းပြည်ကို စီမံအုပ်ချုပ်နေတယ်။

အင်ဒိုနီးရှားမှာလည်း သမ္မတရွေးခံမယ့် ပုဂ္ဂိုလ်တစ်ယောက်ကိုသာ နိုင်ငံမှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် ဆိုပြီး ကန့်သတ်ထားပြီး ဇနီး၊ ခင်ပွန်း၊ သားသမီးကို ကန့်သတ်ထားတာမျိုး မတွေ့ရပါ။ အမေရိကားမှာလည်း အလားတူပါပဲ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုသဘောမျိုး လုံးဝမရှိပါ။

ဒါကြောင့် သမ္မတတစ်ယောက်ဖြစ်နိုင်ဖို့ လိုအပ်ချက်သတ်မှတ်ချက် “ပုဒ်မ (၅၉) (စ)” ဟာ လျော်ကန်၊ သင့်မြတ်မှု ရှိ၊ မရှိကို အားလုံး လက်ခံစဉ်းစား ဆင်ခြင်နိုင်ကြမယ်လို့ ယူဆပါတယ်။ “—မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်—”

အထက်မှာ တင်ပြခဲ့တာတွေဟာ အခြေခံဥပဒေ အခန်း (၁၊ ၂၊ ၃) မှာပါတဲ့ ပြင်ဆင်သင့်တဲ့ ပုဒ်မ တချို့ဖြစ်ပါတယ်။ ဒီအခန်း (၃) ခန်းမှာပဲ အခြား ဆွေးနွေးသင့်တဲ့ ပုဒ်မတွေ ကျန်နေသေးလို အခြား အခန်းတွေမှာလည်း အသေးစိတ် ဆွေးနွေး ထောက်ပြစရာ အချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါကို ဆက်လက် မသွားသေးခင် အခြေခံဥပဒေပြင်ချင်ရင် ပြင်နိုင်ဖို့ သတ်မှတ်ထားတဲ့ အခန်းမှ ပုဒ်မတွေကို ဆွေးနွေးပါမယ်။

အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း (Chapter XII: Amendment of the constitution)

အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အခန်း (၁၂)၊ ပုဒ်မ (၄၃၅) မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပေဒမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်” ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါဟာ ဆွေးနွေးခြင်းအတွက်သာ ဖြစ်ပြီး အတည်ပြုချက်ယူဖို့က ပုဒ်မ (၄၃၆) (က) မှာ အရေးကြီးတဲ့ အခန်းမှ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆိုင်နိုင်လို့ သတ်မှတ်ပြီး အခြား အရေးမကြီးတဲ့ ပုဒ်မတွေအတွက် ပုဒ်မ (၄၃၆) (ခ) မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒနဲ့ ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

အင်ဒိုးနီးရှား၊ ထိုင်း နဲ့ အခြားနိုင်ငံတကာ မှာလည်း ဒီလောက်လိုအပ်ချက်များတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် ကန့်သတ်ချက်မျိုး မရှိပါ။ နိုင်ငံအလိုက် ပြင်ဆင်ခွင့် စနစ်ကွဲပြားကြသော်လည်း လိုအပ်တဲ့ ပြင်ဆင်ခွင့် ထောက်ခံသူ ရာနှုန်းဟာ ဗမာပြည်မှာလို လေးပုံသုံးပုံ အထိ မလိုအပ်ဘဲ အများဆုံး သုံးပုံနှစ်ပုံသာ လိုအပ်တာကို တွေ့ရပါတယ်။

ဒါကြောင့် မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်တဲ့အကြောင်း အကြံပြုဆွေးနွေးတင်ပြရင်း စာရေးသူရဲ့ ပုဂ္ဂိလိက ခံယူချက်ဖြစ်တဲ့ လွှတ်တော်နိုင်ငံရေးလမ်းခရီးဟာ အမြင်နီးတယ်လို့ ထင်ရသလောက် လက်တွေ့ ခရီးဝေးနေဦးမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ရေရှည်အကျိုး မျှော်ကိုးပြီး လွှတ်တော် ပြင်ပ နိုင်ငံရေးကိုပါ တပါတည်းတွဲလျက် အခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ကြဖို့ ဒီမိုကရေစီအင်အားစုဟု အမည်ခံထားသူအားလုံးကို တိုက်တွန်းရင်းနဲ့ ယခု ဆွေးနွေးတင်ပြချက်ကို နိဂုံးချုပ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို နောင်မှာ အလျင်းသင့်သလို ဆက်လက် တင်ပြဆွေးနွေးပါမယ်။

ငြိမ်းချမ်းအေး
၀၇၊ မေ၊ ၂၀၁၂

ကိုးကား။ ။

၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ်။
၂) နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကြောင်းရေးထားတဲ့ အွန်လိုင်းစွယ်စုံကျမ်းများ။

ဤဆောင်းပါး ဖော်ပြပြီး မိနစ်ပိုင်းအတွင်း စာရေးသူ ပေးပို့လာသော အမှားပြင်ဆင်ချက်။ ။ အိုင်စင်ဟောင်းဝါးက သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ယူဖူးပါတယ်..။ ဒီ အမှား ယိုယွင်းချက်က စာရေးသူ တင်ပြတဲ့ သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက် အခြေခံဥပေဒေမှာ မထည့်သွင်းသင့်ဘူးဆိုတာကို ပြောင်းလဲမှု မရှိစေပါ။ ဘာကြောင့်လဲဆိုတော့ ဆောင်းပါးမှာ ရှင်းလင်းခဲ့သလို စစ်တာဝန်ထမ်းဆောင်ဖူးတဲ့သူတွေ နောက်ပိုင်း သမ္မတဝင်အရွေးခံတော့ အနိုင်ရတာဟာ သူတို့တင်ပြတဲ့ တိုင်းပြည်မှာ ဖော်ဆောင်မယ့် မူဝါဒ တွေကို သဘောကျနှစ်သက်လို့သာ ဖြစ်ပြီး စစ်တိုက်ဖူးလို့ဆိုတဲ့၊ စစ်ရေးအမြင်ရှိလို့ဆိုတဲ့ အချက်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ


ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။

''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။

''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA 3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းမ်

မူရင်းသတင်းက ဒီမှာပါ။

၈၈ ကျောင်းသားဟောင်း ကိုဌေးကြွယ်ကို မယားခိုးမှုဖြင့် တရားစွဲတော့မည်


၈ ကျောင်းသားဟောင်း ကိုဌေးကြွယ်ဟာ NLD ပါတီမှ ဇမ္ဗူသီရိမြို့နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းနဲ့ ဖေဖော်ဝါရီလ(၈)ရက်နေ့က ပုဂံကို သွားရောက်ပျော်ပါးခဲ့ကြပါတယ်။ ကိုဌေးကြွယ် ဟာ လွတ်လပ်သူတစ်ယောက်မဟုတ်သလို ဒေါ်စန္ဒာမင်းကလည်း လင်ကြီးငုတ်တုတ်နဲ့ပါ။ ဒါပေမယ့် ဒီလို ဆန္ဒကိုသက္ခာနဲ့မထိန်းသိမ်းပဲ ဖောက်ပြန်ရေးလမ်းစဉ်ကို ကျင့်သုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ(၈)ရက်နေ့လေယာဉ်နဲ့ ရန်ကုန်ကနေပုဂံကိုလိုက်ပါလာတဲ့ ကိုဌေးကြွယ်နဲ့ မစန္ဒာမင်း တို့ ၂ ဦးဟာ ပုဂံဟိုတယ်၊ အခန်းအမှတ် ၂၁၀ မှာ ၁၀ ရက်နေ့အထိ ၂ ညအိပ် ၃ ရက်တိုင်တိုင် ၂ ယောက် တည်း တည်းခိုနေထိုင်ခဲ့ပါတယ်။ ဒီသတင်းဟာ အင်တာနက်ပေါ်မှချက်ချင်းပျံ့နှံ့သွားပြီး မြန်မာပြည်သူများ က ၀ိုင်းဝန်းရှုတ်ချခဲ့ပါတယ်။

ကိုဌေးကြွယ်နဲ့ ဒေါ်စန္ဒာမင်းတို့ကတော့ ဘူးခံငြင်းနေပြီးတစ်ခန်းတည်းတူတူတည်းသော်လည်း မောင်နှမကဲ့သို့သာနေထိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဟိုတယ်ဝန်ထမ်းတွေကတော့ ကိုဌေးကြွယ်တို့အခန်းမှာအများဆုံးမှာတာ ကြက်ဥပဲဖြစ်ပါတယ်လို့ဆိုပါတယ်။ ကိုဌေးကြွယ်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်လာပြီးတဲ့အချိန် ဒေါ်စန္ဒာမင်းကလည်း ယောကျာင်္းနဲ့ဝေးကွာနေချိန်မှာ ဆုံကြရတာဆို တော့ ခွေးငတ်နဲ့ ခုံဖိနပ်ပြတ်တွေ့ကြသလိုပဲဖြစ်ပါတယ်။

ကိုဌေးကြွယ်ကိုတော့ ချီးကျူးပါတယ်။ ဒီလိုရက်ပိုင်းလေးအတွင်းမှာ ဒေါ်စန္ဒာမင်းလိုချမ်းသာတဲ့သူ ကိုရအောင်ချူစားနိုင်တာနည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ လူရော ပစ္စည်းတွေပါရအောင်လုပ်နိုင်တာက တော့အံ့မခန်းပါပဲ။

ပုဂံခရီးစဉ် ၃ ရက်မှာလည်း လေယာဉ်လက်မှတ်ကအစ ဘုရားမှာဖိနပ်အပ်ခအဆုံး ဒေါ်စန္ဒာမင်းပဲ စိုက်ထုတ်ကုန်ကျခံခဲ့ရတာပါ။ အဖြစ်အပျက်အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ကိုဌေးကြွယ်ရဲ့အဖြစ်က ယောကျာင်္းပိုင်းလုံးဖြစ်နေပါတယ်။

ဒီလို အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေကို သိသွားတဲ့ ဒေါ်စန္ဒာမင်း ယောင်္ကျား ဗိုလ်ကြီးဟောင်း မောင်မောင်က ကြာကူလီ မယားခိုး ကိုဌေးကြွယ်ကို မယားခိုးမှုနဲ့ ရန်ကုန်မှာ တရားစွဲတော့မယ်လို့ ဦးမောင်မောင်ရဲ့ သူငယ်ချင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းအကျိုးများ

ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။
၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။
၃။ အများက မုန်းတီးရွံရှာခြင်း။
၎။ ရန်သူများခြင်း။
၅။ စိုးရိမ်ကြောင့်ကြများခြင်း။
၇။ ချမ်းချမ်းသာသာ မနေရခြင်း။
၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။
၉။ မျက်နှာမကြည်လင်ခြင်း။
၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်းစသော ဆိုးကျိုးများကို ခံစားရပါသည်။

ဒီလိုဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်၊ စိတ်ဓာတ်အောက်တန်းကျတဲ့ ကိုဌေးကြွယ်ဟာ ၈၈ မျိုးဆက်သစ် ကျောင်းသား အမည်ခံကာ မျက်နှာပြောင်တိုက်ပြီး လူထုကြားမှာ ပွင့်လင်း လူအဖွဲ့အစည်းဆိုပြီး လိုက်လံစည်းရုံးတာ အံပါရဲ့ဗျာ။ ဒီလိုမျိုး အရှက်မရှိလုပ်ခဲ့လို့ မကြာခင် ကြာကူလီမှုနဲ့ တရားရုံးမှာ တရားရင်ဆိုင်ရပါတော့မယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကားတိုက်ခံရသော မြန်မာအလုပ်သမားလေးအတွက် အားလုံးကူညီကြပါရန်

မင်္ဂလာပါ

ဒီနေ့ ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော် ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။

အကြောင်းက ပီနန်း တွင်လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင် ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။

ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင်ခဲ့ရပါတယ်။

ယနေ့ မေလ သို့ရောက်ရှိသည့်တိုင် မောင်ဇင်အောင်စိုးရဲ့ ကျမ်းမာရေးအခြေအနေမှာ အထူးအရေးပေါ်အခြေအနေ ဖြင့် ကုသနေရဆဲဖြစ်ပြီး ဆေးကုသမှု့ အားလုံးဆောင်ရွက်သော အခါ ပြန်လည်မလုပ်ကိုင်နိုင်သော အခြေအနေသို့လုံးဝရောက်ရှိခဲ့ပါတယ် ။ ထို့သို့သာမက နေအိမ်သို့ရောက်ရှိသော်လည်း လုံးဝပြန်လည်မကောင်းမွန်ပဲ ယနေ့ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်ခဲပေါင်းများစွာဖြင့်ကြိုးစားကုသရာမှာ ကျွန်တော်တို့ အကူညီများစွာလိုအပ်လျှက်ရှိပါတယ်ခင်ဗျာ ။

သို့ပါသောကြောင့် ဧဒင်ဥယျာဉ်တွင် ရှိနေသော ရန်ပုံငွေမှ ရှိသလောက်ကူညီမည်ဖြစ်သည့်အပြင် မလေးရှားရောက်မြန်မာများအားလုံး ဝေဒနာများစွာ ခံစားနေရသော မောင်ဇင်အောင်စိုးအား ဝိုင်းဝန်းကူညီနိုင်ဖို့ ကျွန်တော် ဒီဘလော့ဖြင့် အဖွဲ့သားအားလုံးထံ အကူညီတောင်းခံပါတယ်ခင်ဗျာ ။




မောင်ဇင်အောင်စိုး၏ မိသားစု ရှိပါက သိရှိနိုင်ရန် မောင်ဇင်အောင်စိုး၏ပုံ




ကားတိုက်ခံရအပြီး မောင်ဇင်အောင်စိုး


ခွဲစိတ်ကုသမှု့ မလုပ်ခင် မောင်ဇော်အောင်စိုး



ခွဲစိတ်ကုသမှု့ 3 ကြိမ်အပြီး






စတီးချောင်းစိုက်ကာ နေထိုင်ရတော့မည့် ခါးအောက်ပိုင်း

ယခု မောင်ဇင်အောင်စိုးမှာ မည်သို့မှ တောင့်ခံနိုင်သော ငွေအင်အား ၊ ကုသစရိတ်များ ဖြင့် အခက်ခဲများစွာ အံတုရင်ဆိုင်ခဲ့ပေမယ့် မတတ်နိုင်သော အခြေအနေ များကြောင့် အောက်ပိုင်းတော်တော်များများကို ဖြတ်ထုတ်လိုက်ရပါတယ် ။ အောက်ပါပုံများမှာမောင်ဇင်အောင်စိုးရဲ့ နောက်ဆုံး ခွဲစိတ်မှု့အပြီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ။


ခြေထောက်မရှိတော့ရှာသော မောင်ဇင်အောင်စိုး



ဒုတိယအကြိမ် ဆေးရုံပြန်တက်နေရသောမောင်ဇင်အောင်စိုး


ယခု ဒုတိယအကြိမ် ဝေဒနာများစွာကို ရင်ဆိုင်နေရသော မောင်ဇင်အောင်စိုး၏ နောက်ဆုံးအခြေအနေ

မလေးရှား ရောက်မြန်မာ ညီအကိုမောင်နှမများသာမက နိုင်ငံတစ်ကာက ဒီဘလော့ကိုဖတ်ရှု့နေသော အဖွဲ့ဝင်များခင်ဗျာ။

ယခု မောင်ဇင်အောင်စိုး မှာ ဆေးရုံသို့ဒုတိယအကြိမ်အဖြစ်တက်ရောက်ကုသနေရပြီး စရိတ်များစွာကြီးမားလှတဲ့ဆေးကုသမှု့အတွက် အကူညီများစွာလိုအပ် လျှက်ရှိနေပါတယ် ။ မောင်ဇင်အောင်စိုးရဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး ဝိုင်းဝန်ကူညီသော်ငြား ဆေးကုသမှု့စရိတ်မှာ မလောက်ငှတော့ပါ ။ သို့ပါသောကြောင့် မလေးရှား ကွာလာလမ်ပူရှိ နှလုံးလှပရိဟိတ လူငယ်များသွေးလှူရှင်အဖွဲ့သို့ ယနေ့ 5.5.2011 မှာ လာရောက်အကူညီတောင်းခံခဲ့ပါတယ် ။

ပီနန်းမှ မြန်မာများသွားရောက်လှူဒါန်းလိုပါက ပီနန်းဆေးရုံကြီး

Hospital Registration Number - 890946
Ward - C-10 , Block-C .
ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့
အမှတ် - 118 ၊ Jalan Tun H.S Lee၊ ဘန်ကောက်ဘဏ်ရှေ့တည့်တည့် ( 43 ) ကားမှတ်တိုင်အရှေ့ ၊
အောင်မြန်မာ စားသောက်ဆိုင်ဘေး ၊ ပထမထပ် ။

ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက ဆက်သွယ်နိုင်သောဖုန်းနံပတ်

ဥယျာဉ်မှူး KOMYO

ဖုန်း 0124468842 ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

သောက်သုံးရေ လုံလောက်မှု မရှိသော မြို့နယ်များသို့ ရေပေးပို့ ဖြန့်ဝေမှုများ ပြုလုပ်ပေး လျက်ရှိ

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန ရေနှင့်သန့်ရှင်းမှုမှ စီစဉ်မှုဖြင့် ရန်ကုန် မြို့တွင်းမှာ နွေရာသီ သောက်သုံးရေ လုံလောက်မှု မရှိတဲ့ မြို့နယ် အချို့ကို ရေသယ် ယာဉ်များနဲ့ ရေပေးပို့ ဖြန့်ဝေမှုများ ပြုလုပ်ပေးလျက် ရှိတယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို ရေဖြန့်ဝေ ပေးရာမှာလည်း ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ ရပ်ကွက် များကို ဧပြီလ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရေသယ်ယာဉ် ၂ စီးနဲ့ ဂါလန် ခုနှစ်သောင်း သုံးထောင့် ခြောက်ရာကို ဖြန့်ဝေပေး ခဲ့ပါတယ်။ ဒါ့အပြင် ဆိတ်ကြီး ခနောင်တို မြို့နယ် ရပ်ကွက်များ မှာရှိတဲ့ ဂါလန် တစ်ထောင့် နှစ်ရာဆန့် အုတ်ရေကန် ၈ လုံးကို တစ်နေ့လျှင် ၂ ကြိမ်နှုန်းနဲ့ ရေစက် မောင်းပေးမှု များလည်း ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။

ပြီလ ၁ ရက်နေ့ ကနေ ၃၀ ရက်နေ့ အထိ မှာလည်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ကျေးရွာ ၈ ရွာကို ရေသယ် သမ္ဗာန်များဖြင့် ဂါလန် ရှစ်သိန်း ခုနှစ်သောင်း ငါးထောင် ကိုလည်း ဖြန့်ဝေ ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ အရှေ့ပိုင်း ခရိုင်မြို့နယ် များဖြစ်တဲ့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ ရပ်ကွက်များကို ဧပြီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရေယာဉ် ၁ စီးနဲ့ ဂါလန် သုံးသောင်း ငါးထောင် ၊ တောင်ပိုင်း ခရိုင်မြို့နယ် များဖြစ်တဲ့ ဒေါပုံ မြို့နယ်၊ သာကေတ မြို့နယ်၊ ပုစွန်တောင် မြို့နယ် အတွင်းမှာရှိတဲ့ ရပ်ကွက် များကို ရေသယ်ယာဉ် ၁ စီးစီနဲ့ ဂါလန် လေးသောင်း ခြောက်ထောင် တို့ကို ဖြန့်ဝေ ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြောက်ပိုင်း ခရိုင် မြို့နယ်များ ဖြစ်တဲ့ လှိုင်သာယာ မြို့နယ်၊ မရမ်းကုန်း မြို့နယ် အတွင်းရှိ ရပ်ကွက် များကို ရေသယ်ယာဉ်နဲ့ ရေဂါလန် သုံးသောင်း ခြောက်ထောင့် ရှစ်ရာကို ပေးပို့ခဲ့ပါတယ်။ ဒါ့ကြောင့် ယခုနှစ် အတွင်း မှာတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန ရေနဲ့ သန့်ရှင်းမှုမှ ရန်ကုန်မြို့ ခရိုင် ၄ ခရိုင်မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ကို ဧပြီလ ၁ ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ ရေဂါလံပေါင်း တစ်သန်း ခြောက်သောင်း ကျော်ကို ဖြန့်ဝေပေး လျက်ရှိတယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပုဂံဒေသတွင် ပြည်ပ ခရီးသွားများ အတွက် ခရီးစဉ် လုံခြုံမှု ဆိုင်ရာများ ဆောင်ရွက် သွားမည်


ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပုဂံဒေသမှာ လာရောက် လည်ပတ်တဲ့ ခရီးသွားများ အတွက် ခရီးစဉ် လုံခြုံမှု ဆိုင်ရာ များကို ပုဂံဒေသမှာ ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပုဂံဒေသမှာ ခရီးသွားများ လုံခြုံရေး အတွက် ပြည်ပ ခရီးသွားများ စီးနင်းတဲ့ ဘတ်စ်ကားတွေမှာ ၀န်ကြီး ဌာနမှူသါသ များနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ Logo များ ကပ်ထားပြီး လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကာ ခရီးသွားများ အဆင်ပြေ စေရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်ပါက ပြည်ပ ခရီးသွားများ အတွက် ကားခ ပိုမို ကောက်ခံခြင်းများ မရှိတော့သလို ခရီးစဉ်များလည်း လုံခြုံမှုများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ပုဂံဒေသမှာ ခရီးစဉ်များ လုံခြုံရေး အတွက် ကိုတော့ ယခုလ အတွင်း ဆောင်ရွက်သွား နိုင်ဖို့ စီစဉ်ထားပြီး ပြည်ပ ခရီးသွား များတဲ့ အခြား နေရာဒေသ တွေမှာလည်း ထပ်မံ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ၀န်ကြီး ဌာနဟာ ပြည်ပ ခရီးသွား များ လာရောက် အပန်းဖြေဖို့ အတွက် နေရာသစ် များကို ရှာဖွေ ဖော်ထုတ် လျက်ရှိပြီး ပြည်ထဲရေး ၀န်ကြီး ဌာနမှ နယ်မြေ သတ်မှတ်ချက်မှာ မပါဝင်တဲ့ ချင်းပြည်နယ်မှာ နေရာ ၄ နေရာ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၄ နေရာနဲ့ ကယား ပြည်နယ်မှာ နေရာ ၄ နေရာကို နေရာသစ် အဖြစ် ဖော်ထုတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ


မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။

မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။

ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ပုံမှန် ကောက်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။

သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။

နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။

လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။

ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။

၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။

နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။

လူအရေအတွက်သက်သက် မဟုတ်

Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။

ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။

demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။

အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စာတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။

အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။

ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။

ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။

တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာဖို့ကောင်းပါတယ်။

တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။

တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။

လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။

ဝေဖန်သူတွေလည်း စာရင်းအင်းလို

အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။

အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။

ဝင့်ထန်း

မူရင်းသတင်းက ဒီမှာပါ။

၂ သိန်းတန် စောင့်ဆိုင်းမှုနဲ့ အန္တရာယ်

စပ်စုတို့ ရွှေပြည်ကြီးမှာတော့ တခြားတိုင်းပြည်တွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အထူးအဆန်းတွေကို တခုပြီး တခု လုပ်နေ ကြားနေရတော့တာပါပဲ။

ကဲ … အခုလည်း လုပ်ချလိုက်ပြန်ပါပြီ။ မကြာသေးခင်က ရောင်းလိုက်တဲ့ ၂ သိန်းတန် GSM ဖုန်းတွေ မန္တလေးမြို့ပေါ်မှာ ခေါ်ဆိုလို့မရ၊ ဆက်လို့မရ ဖြစ်နေလို့ ပြည်သူတွေအကြား အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြပါတယ်။ ဒီဖုန်းတွေကို သင်္ကြန်မတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ဝန်းကျင်မှာ စတင်ရောင်းချခဲ့တာပါ။


လောလောဆယ် ပြောဆိုဆက်သွယ်လို့ ရဦးမယ် မဟုတ်ကြောင်းကို ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဆက်သွယ်ရေး စခန်းတွေမှာ ကြော်ငြာပြီး ရောင်းချခဲ့တာပါလို့ ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

အခုတော့ သူတို့ ကြိုတင် ကြေညာထားတဲ့အတိုင်း GSM/MUTS မိုဘိုင်း တယ်လီဖုန်းများ အားလုံး မြန်မာနိုင်ငံတ၀န်း နေရာဒေသ မရွေး ယူဆောင် ပြောဆိုနိုင်အောင် စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် လို့ ကြေးမုံသတင်းစာ ကြော်ငြာက ဆိုပါတယ်။

သတင်းကောင်း ဆိုပေမယ့် အားလုံးအတွက်တော့ မကောင်းသေးပါဘူး တဲ့။ ချက်ချင်း သုံးလို့ရတဲ့ နံပတ်တွေ ရှိသလို တချို့ကတော့ စောင့်နေရပြန်ရော။ အခုချိန် မှာသုံးနိုင်တာကတော့ ၀၉-၄၀၂၅၃… နဲ့ အစပြုတဲ့ နံပါတ်တွေပါပဲ။
ဆက်သွယ်ရေးကို ဆက်သွယ်မေးမြန်းခဲ့တဲ့ မန္တလေးမြို့ခံ တဦးက “၃ ပြီးမှ ၂ ပွင့်မယ်။ ၂ ပြီးမှ ၁ ပွင့်မယ် ဆိုပြီး အဆင့်ဆင့် ပွင့်သွားမှာလို့ ပြောလိုက်တယ်” တဲ့။

မြန်မာပြည်မှာ ဒီမိုကရေစီအတွက် လမ်းပြမြေပုံအဆင့်ဆင့်ကို ကျော်ဖြတ်ရသလို တယ်လီဖုန်းအတွက်လည်း ကျော်ဖြတ် စောင့်ဆိုင်းရတာက အဆင့်ဆင့်ပါပဲလား။

ဒီတော့ ပြည်သူတွေလည်း ကိုယ်ဝယ်ထားတဲ့ ဖုန်းနံပါတ်စဉ်အတိုင်း ဖွင့်ပေးမယ့်အချိန်ကို ထိုင်စောင့်နေရပါပြီပေါ့။

ကမ္ဘာတ၀န်းမှာ မစပ်စုတို့ တိုင်းပြည်တပြည်ပဲ လိုင်းမဖွင့်ပေးသေးတဲ့ ဖုန်းကတ်တွေကို ရောင်းချပေးနေတယ် ထင်ပါရဲ့။ ဒီလို ဖြန့်ဖြူး ရောင်းချပေးတာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်တွေမှာ ရှိပါလိမ့်။ မရှိဘူး ဆိုရင်တော့ မစပ်စုတို့ဟာ ထူးခြားမှုများနဲ့ ပြည့်ဝတဲ့ နိုင်ငံမှာ နေနေရတယ် ဆိုပြီး ဂုဏ်ယူနိုင်ပြီပေါ့နော်။

မြန်မာ့ဆက်သွယ်ရေးကလည်း ရွှေပြည်တံခွန်ကုမ္ပဏီက လေသံပစ်ထားတဲ့ ငါးထောင်တန် ဖုန်းကတ်တွေ ပေါ်မလာခင် အပြေးအလွှား ရောင်းရတာ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လို့ ပြောဆိုနေကြပါပြီ။

ဒါ့အပြင် ဖုန်းနံပါတ်လှလှလေး လိုချင်ရင် အလိုက် ငါးထောင်၊ တသောင်း ပေးရတာလည်း ရှိပါသေးတယ်။

ပိုက်ဆံသွင်းပြီးလည်း စိတ်မချမ်းသာရသေးပါဘူးလို့ စာရေးဆရာတဦးက ရှင်းပြပါတယ်။

“ဖုန်းတွေ ၂ သိန်းနဲ့ ပေးတယ်၊ ပေးတယ်၊ ရမယ် ဆိုပြီး ရတဲ့နေ့ ချက်ချင်း ပြောလို့ရရင် ကောင်းတာပေါ့။ အခုလိုဖြစ်မယ် ဆိုလည်း အစောကြီးတည်းက ချမပေးနဲ့လေ၊ အဲ့ဒီတော့ ဒီနိုင်ငံမှာ ဘာဖြစ်လာလဲ ဆိုတော့ ပထမဆုံး စလုပ်ပေးတဲ့ အချိန်မှာ အပြေးအလွှား လုပ်ကြ၊ နောက်ဆိုရင် မသေချာဘူး ဆိုတဲ့ဟာတွေ ဖြစ်လာကုန်တာပေါ့။ ဒီနိုင်ငံမှာကလည်း ချက်ချင်းလက်ငင်း အဆင်တွေပြေပြီး ၀မ်းသာသွားရတယ် ဆိုတာ မရှိပါဘူး” လို့ မန္တလေးမြို့နေ စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။

ဝန်ကြီးက သူတို့နဲ့ အဆင်ပြေတဲ့ ကုမ္ပဏီက ဖုန်းတွေကို အရင်ဖွင့်ပေးတာ ဆိုတဲ့ ပြောဆိုသံတွေလည်း ခပ်ကျယ်ကျယ်လေး ထွက်နေပါတယ်။

အဲဒီတော့ … ၂ သိန်း အကုန်ခံ ၀ယ်ထားတဲ့ ဖုန်းကို ဆက်မိရင် “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်သည် ၀န်ကြီး၏ခွင့်ပြုချက် မရသေးပါရှင်” ပေါ့လေ။

မစပ်စုတို့ ရွှေမြန်မာပြည်ကြီး ကောက်ရိုးမီးလို့ ဟုန်းခနဲ တောက်ပြီး ပြန်ငြိမ်းသွားတဲ့ အဖြစ်မျိုး၊ အပေါ်ယံ ပြောင်းလဲမှုမျိုးတွေ အဖြစ်က အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆန္ဒပြုရင်း..။

အန္တရာယ်ကို လွယ်ထားပါ

အများသုံးအိမ်သာတွေမှာ ယောက်ျား၊ မိန်းမ သီးသန့်စီ ၀င်ရောက်ဖို့အတွက် Men နဲ့ Women ဆိုတဲ့ ဆိုင်းဘုတ် ၂ မျိုး တပ်ထားတာ တွေ့ဖူးကြမှာပါ။

ဒေသတချို့မှာတော့ ၃ ခု ရှိပါတယ်။ အဲဒါကတော့ Gay ဆိုတဲ့ ဆိုင်းဘုတ်ပါ။




ခုတလော Facebook မှာ လူပြောများနေတဲ့ မြန်မာပြည်က အိမ်သာဆိုင်းဘုတ်တခု ရှိပါတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာကတော့ Men မဟုတ်၊ Women လည်း မဟုတ်၊ Gay လည်း မဟုတ်ရေးချ မဟုတ်ပါဘူး။ Foreigners only (နိုင်ငံခြားသားများသာ) တဲ့။

အခုလို နိုင်ငံခြားသားသီးသန့် ဆိုတဲ့ အိမ်သာဟာ Myanmar Travel & Tours (MTT) ကုမ္ပဏီ ရုံးခန်းမှာ ရှိတာဖြစ်ကြောင်း Facebook မှာ ထပ်ဆင့်ဖော်ပြသူက ရှင်းပြထားပါတယ်။

ဒီဆိုင်းဘုတ်ရဲ့ ဆိုလိုရင်းက “မြန်မာမ၀င်ရ” လို့ ပြောဆိုလိုက်တာနဲ့ အတူတူဖြစ်တယ် စတဲ့ စတဲ့ သုံးသပ်ချက်၊ ဝေဖန်ချက်တွေ မိုးလုံးညံခဲ့ပါတယ်။

အန္တရာယ်ဆိုတာ လွယ်မထားရဘူး လို့ ပြောတတ်ကြပါတယ်၊ သို့သော်လည်း ဒီလိုဆိုင်းဘုတ်နဲ့ တွေ့ရင်တော့ အန္တရာယ်ကို လွယ်ထားရတော့မှာပေါ့။

MTT တာဝန်ရှိသူတဦးကတော့ ဒီဆိုင်းဘုတ်က သူတို့ဆိုင်းဘုတ် မဟုတ်ဘူးလို့ အခိုင်အမာ ဆိုပါတယ်။

“ကျနော်တို့ MTT ရုံးက နေပြည်တော်မှာ ရုံးချုပ်တခုရှိတယ်။ ရန်ကုန်မှာ ရုံးခွဲ တခုရှိတယ်။ နောက် နယ်မြို့တွေမှာ ရှိတယ်။ အဲ့ဒီ ရုံးတွေမှာ Toilet (အိမ်သာ) ကို အခုလို သီးသန့် လုပ်ထားတာ တခုမှမရှိဘူး။ တခြား ဘယ်ကုမ္ပဏီတွေက ဘယ်ဟာတွေ သွားကြည့်ပြီး ပြောလဲဆိုတာတော့ မသိဘူး” လို့ ရန်ကုန်ရုံးခွဲက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

ကဲ … ဆိုင်းဘုတ်ပိုင်ရှင် ဘယ်သူလဲ ဆိုတာ မသိတော့ပါဘူး။ ဆိုင်းဘုတ် ဖတ်မိသူများမှာ ပြောစရာတွေ ရှိသလို ဆိုင်းဘုတ်တပ်သူမှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ။

မစပ်စု ပြောခဲ့သလိုပဲ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ မတွေ့ရတဲ့ ထူးခြားဆန်းပြားမှုတွေနဲ့အတူ ရွှေမြန်မာနိုင်ငံတော်ကြီးလည်း အမြန်ဆုံး တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း..။

မူရင်းသတင်းက ဒီမှာပါ။

အိုးအိမ်ဦးစီးပိုင်မြေကို နိုင်ငံရေး ပါတီတခုက ကျူးကျော်ဒုက္ခသည်ထံ ရောင်းချ

၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာ ဦးဆောင်၍ ရွှေပြည်သာ သံတင်း ၄၅ ရှိမြေကွက် တစ်ချို့ကို ရွှေပြည်သာမြို့နယ် အင်ဂျင်နီယာတပ်ဝင်းမှ နေရာမှ ဖယ်ရှားခံရသည့် ကျူးကျော်ဒုက္ခသည်များထံ ငွေငါးသောင်းဖြင့် ရောင်းချပေးလျှက်ရှိသည်။

ယင်းသို့ အခကြေးငွေယူရောင်းချပြီးမကြာမီ အိုးအိမ်ဦးစီးဋ္ဌာနမှ ၎င်းတို့ပိုင်မြေဖြစ်ကြောင်း ဆိုင်းဘုတ်လာရောက် စိုက်ထူထားသည်ဟု ကျူးကျော် ဒုက္ခသည်များကပြောသည်။

“ဟိုမှာတုန်းကလည်း သူတို့ပဲ ဆောက်ဆောက်ဆို ကျွန်မတို့ဆောက်ခဲ့တာ ဆောက်လို့ အိမ်ပေါ်မတက်ရသေးဘူး အခုဒီဘက်ရောက်လာတယ်။ ဒါလည်သူတို့ပဲ ဆောက်ခိုင်းတာဘဲ ဒါလည်းအရစ်ကျနဲ့ ဆပ်ပေးရမယ်ဆိုလို့။ အခုအရစ်ကျနဲ့မဟုတ်ဘူး တလုံးထဲ (တကြိမ်ထဲ) ပေးဆိုတော့ ကျွန်မတို့မှာလည်း တစ်လကိုးသီတင်း အလုပ်ကမလုပ်ခဲ့ရဘူး။ မပေးနိုင်ဘူး ” ဟု ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးက YPI သို့ပြောသည်။

ယင်းကျူးကျော် ဒုက္ခသည်များသည် ပြီးခဲ့သည့် ၎င်းတို့နေထိုင်ရာ ရွှေပြည်သာ ဒညင်းကုန်းလမ်းဆုံအနီး အင်ဂျင်နီယာ တပ်ဝင်းမှ ဧပြီလ ၂၇ ရက်နေ့မှ စတင်ပိတ်ဆို့ပြီး ဖယ်ရှားခံခဲ့ရသူများ ဖြစ်သည်။

ထိုသို့ပိတ်ဆို့ခံရသည့်အခြေအနေစဉ်အတွင်း ယခုလ ၃ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ မအေးအေးမာက ဦးဆောင်၍ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက် ၊ သံတင်း ၄၅ အတွင်းရှိ လယ်မြေများပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းတွင် မအေးအေးမာမှ အဆိုပါမြေကွက်များကို ငါးသောင်းဖြင့်အရစ်ကျရောင်းချပေးမည် ဆိုသော်လည်း ၅ရက်နေ့ နေ့လည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနမှ မကျူးကျော်ရဆိုင်းဘုတ် လာစိုက်ထူပြီးနောက်ပိုင်း တစ်လုံးတစ်ခဲတည်းတောင်းဆိုလျှက်ရှိကြောင်း ကျူးကျော်ဒုက္ခသည် မစန်းစန်းအေးကဆိုသည်။

အဆိုပါမြေကွက်များသည် မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနပိုင် မြေကွက်များဖြစ်ပြီး ရွှေဝါကုမ္ပဏီသို့ ချပေးထားပြီးဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ယခုလို ဒုက္ခသည်များ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ၎င်းတို့နှင့် ဒေသခံအုပ်ချုပ်ရေးအာဏာပိုင်များ အကြား အခြေအနေတင်းမာလျှက်ရှိသည်ဟု ကျူးကျော်ဒုက္ခသည်များက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပါတီမှ ပြောဆိုသည်နှင့် ပတ်သက်၍ ဒုက္ခသည် မိန်းမကြီးတဦးက “သူတို့က အဖွဲ့အစည်းတွေနဲ့ရောက်လာပြီး အိုးအိမ်လေးတစ်နေရာစာပေးမယ် နောက်ပိုင်းကျ အတည်အကျဖြစ်မယ် ပေါ့ အဘွားကြီးတို့လို မရှိဆင်းရဲသားတွေ ပေးမယ်ဆိုတော့ အဘွားကြီးလည်းပြောင်းတာပေါ့”ဟုဆိုသည်။

ထိုသို့အင်ဂျင်နီယာတပ်ဝင်း အတွင်းပြောင်းရွှေ့နေထိုင်ရန်အတွက် ယင်းပါတီဝင်ဖြစ်ဖို့ရာအတွက် လျှောက်လွှာ ကို ၂၀၀၀ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ ရသည်ဟုလည်း အမည်မဖော်လိုသူ ကျူးကျော်ဒုက္ခသည် တစ်ဦးက YPI သို့ပြောသည်။

ယင်းပါတီမှ ရွှေပြည်သာ မြို့နယ် ဥက္ကဋ္ဌ မအေးအေးမာအား မေးမြန်းဖို့ရာ ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပါ။ ။

Yangon Press International

မူရင်းသတင်းက ဒီမှာပါ၊

ပြည်တွင်းက Sky Netရုပ်သံလိုင်းနဲ့ စပါးလုံးသတင်း တချို့...


တနေ့က ပြည်ပရောက် မြန်မာတွေအတွက် ပြည်တွင်းအခြေအနေတွေကို လေ့လာနိုင်ဖို့ Sky Net ရုပ်သံ တွေကို ကြည့်ရှုဖို့ ကိုယ်ကိုယ်တိုင် Link လုပ်ပေးပြီး ဆော်သြခဲ့ပါတယ်..။

ပြည်တွင်းမှာ ဖြစ်ပေါ်လာတော့မယ့် ပြည်တွင်းအခြေအနေကို မျက်ခြေမပြတ်နိုင်အောင်ပေါ့...။ ဖြစ်ချင်တော့ သောကြာနေ့ညက Sky Net က မြန်မာပြည်တွင်းက ပရိသတ်တွေ ဂျပန်နိုင်ငံရဲ့ မြင်ကွင်းတွေကို သိစေမြင်စေလိုလို့ ထင်ပါရဲ့ တိုကျိုမြို့ Gotanda (မြန်မာသံရုံးရှိတဲ့မြို့) နားက မြင်ကွင်းတွေ ရိုက်ပြလေရဲ့..။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ဂျပန်နိုင်ငံ မြင်ကွင်းတွေကို ရိုက်ပြတယ်ဆိုတော့.. ကြည့်ဖြစ်တာပေါ့..။ Sky Net ကမြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်တွေ ပြီးခဲ့တဲ့လက ဂျပန်ခရီးစဉ်မှာ သတင်းယူဖို့ လိုက်ပါလာတယ်လို့ ထင်ပါရဲ့..။ သတင်းယူရင်း လမ်းကြုံ ဂျပန်မြင်ကွင်းတွေ ရိုက်ကူး တင်ဆက်ပြသ လေသလားပဲ။

ထားပါတော့... ဂျပန်မြင်ကွင်း မြန်မာပြည်သူတွေ သိအောင် ရိုက်ပြတဲ့ Sky Net ရုပ်သံလိုင်း အစီအစဉ်ရဲ့ အားနည်းချက်တွေကို တွေ့လိုက်ရလေရဲ့..။ အဆိုပါ သံရုံးဝန်းကျင် Gotanda မြို့ရဲ့ ပတ်ဝန်းကျင်တွေကို လိုက်လံရိုက်ကူးရာမှာ ဂျပန်မှာ နေထိုင်နေတဲ့ မြန်မာတဦးဦးကို ခေါ်လာပြီး ရှင်းလင်းပြသစေတာ မဟုတ်ပဲ... သတင်း ကြေငြာသူတွေ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်ရင်း စကားပြော ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ရာမြင်ရာ ပြောဆိုသွားတာ အမှားမှား အယွင်းယွင်းပေါ့..။ စမှားတာကတော့ ဂျပန်က တယ်လီဖုန်းရုံတွေဟာ အကြွေရော ကဒ်ပြားရော သုံးနိုင်တာ အများစုပါ..။ အကြွေနဲ့ ဆက်တဲ့ တယ်လီဖုန်း ရုံပါဆိုပြီး စမှားလာခဲ့တာပါ...။

အဆိုးဆုံး မှားယွင်းမှုကတော့ မိနစ်အလိုက် ငွေပေးပြီး ရပ်နားရတဲ့ ကားပါကင်ကို ဂျပန်မှာ အငှားယာဉ်တွေ ငှားတဲ့ Rent Car နေရာပါဆိုပြီး ထင်ရာ ပြောဆိုသွားချက်ပါ။ နောက်တခုကတော့ Coin Laundryမှာ အဝတ်လျှော်ပြီးရင် အခြောက်ခံတဲ့ နေရာမှာသုံးတဲ့ အမွှေးနံပါတဲ့ ဖော့ပြားချက်လေးကို စက်မှာ မှားယွင်းဝယ်ယူပြီး အဝတ်လျှော်တဲ့ ဆပ်ပြာမှုန့်ပါဆိုပြီး ခပ်တည်တည်နဲ့ အဝတ်လျှော်ပြခဲ့တဲ့ မြင်ကွင်းတွေပါပဲ..။ ဒီမြင်ကွင်းကို ကြည့်ပြီး အတူနေတဲ့ မိတ်ဆွေတဦးက ပြည်တွင်းကလူတွေ အမှားကို အမှန်ထင်မှတ်မှာ စိုးရိမ်ပြီး Sky Net ဖုန်းနံပါတ်ကို ရှာပြီးဖုန်းခေါ်လေရဲ့..။ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ဆက်တဲ့အခါမှာတော့ ဘယ်ကို ဆက်ပါဆိုပြီး ဖုန်းနံပါတ်တခုကို ထပ်ဆင့်ပေးလေရဲ့..။ နောက်ဆုံးတော့ ဆက်မရလို့ လက်လျှော့လိုက်ရလေပြီး ကျွန်ုပ်ဆက်မိ အပြစ်ရှိ၏လို့ ညီးတွားသံကို ကြားလိုက်ရလေရဲ့။ ကျွန်တော်တင်ထားတဲ့ Sky Net ရုပ်သံလင့်ခ်မှာ တယောက် ကွန်မာန့်ရေးထားတာလည်း တွေ့မိပါတယ် မယုံဘူးတဲ..။ ဟုတ်ပါတယ်.. ကျွန်တော်တို့ အကျိုးရှိတာတွေကို မှတ်သားရမှာ ဖြစ်သလို မလိုအပ်တဲ့ စပါးလုံး သတင်းတွေလည်း ဖယ်ထုတ်ရမှာပါ...။

ကျွန်တော် အမှားတွေကို အဖျက်သဘော ဝေဖန်နေတာ မဟုတ်ပါ။ ပြည်တွင်းက အများသိတဲ့ နာမည်ကြီး ရုပ်သံလိုင်းတခုအနေနဲ့ ဒီလိုလွယ်လွယ်နဲ့ ပြည်တွင်းက ကြည့်ရှုနေသူတွေအတွက် ဂျပန်မှာ နေထိုင်နေသူ မြန်မာလူမျိုး တဦးဦးကို ခေါ်မသွားသင့်ပေဘူးလား။ ကိုယ်အကျွမ်းတဝင် သိရှိခြင်း မရှိတဲ့ အရပ်တခုက မြင်ကွင်းတွေကို သတင်းအဖြစ် ဖော်ပြရာမှာ အမြင်၊ အထင်တွေနဲ့ ပြောဆို ထုတ်လွှင့်သွားတာ ဖြစ်သင့် မဖြစ်သင့်ဆိုတာပါပဲ...။ ထုတ်လွှင့်ချက်အတွက် တာဝန်ယူမှုဆိုတာ ရှိရမှာပါ..။ အများစုက မသိလို့ ထင်နိုင်ပေမယ့် သိနေတဲ့သူတွေ ကြည့်နေတဲ့သူတွေ ရှိနေတယ်ဆိုတာလေးကို သိစေချင်တာပါ...။ ဂျပန်နိုင်ငံရဲ့ သန့်ရှင်းသပ်ရပ်ပုံ၊ စည်းကမ်းရှိပုံတင်ပြချက်တွေကို မြန်မာပြည်သူတွေ သိအောင် ထုတ်လွှင့်ပြသတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပေမယ့်.. ကိုယ်မသိတဲ့ နေရာဒေသက အခြေအနေတွေကို ဒေသခံတွေ မပါပဲ.. မိမိထင်ရာ မှားယွင်း ပြောဆို သုံးသပ်သွားတာကတော့ သိရှိနေသူတွေ အတွက် ထော်လော်ကန့်လန့် ဖြစ်စေတာတော့ အမှန်ပါပဲ...။ အပြူသဘော ဝေဖန်ထောက်ပြခြင်း ဖြစ်ပါတယ်..။

သိုပေတည့် ကျွန်တော်တို့ ထမင်းပန်းကန်ထဲမှာ ထမင်းနဲ့အတူပါလာတဲ့ စပါးလုံး အနည်းအကျဉ်းကိုတော့ ကျွန်တော်တို့ ဖယ်ထုတ်ပြီး စားရမှာပါ။ စပါးလုံးပါတယ်ဆိုပြီး ထမင်းကိုတော့ သွန်ပစ်လို့ မရပါ...။ ထို့အတူ ပြည်ပမှာ ရောက်ရှိနေပြီး အမိမြေနဲ့ ဝေးကွာနေရတဲ့ မြန်မာပြည်သားတွေ အနေနဲ့ လာမယ့် အနာဂတ်မှာ ဖြစ်ပေါ်လာတော့မယ့် ပြည်တွင်းရေး အခြေအနေတွေကို မျက်ခြေမပြတ် စေဖို့ တိုက်ရိုက် သိရှိနိုင်တဲ့ ဒီလို Sky Net ပြည်တွင်း ရုပ်သံ ထုတ်လွှင့်ချက်တွေကို လေ့လာကြည့်ရှုရမှာပါ..။

Sky Net ရုပ်သံချန်နယ်အားလည်း လေ့လာမှတ်သားစရာ ပြည်တွင်းသတင်း တိုက်ရိုက် ထုတ်လွှင့်ချက်တွေ ကြည့်ရှုခွင့်ရတဲ့ အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်..။ အပြုသဘော ဝေဖန်ထောက်ပြ ရခြင်း ဖြစ်ပါတယ်..။ ထို့အတူ ထမင်းချက်ရာမှာ သဘာဝအတိုင်း မဖယ်ရှားမိပဲ အထက်က ဖော်ပြသလို အမှုမဲ့ အမှတ်မဲ့ ပါဝင်လာတဲ့ စပါးလုံးတွေကို ကျွန်တော်တို့တွေ လက်ခံနိုင်ပေမယ့်နဲ့ ထမင်းစားပျက်အောင် တမင်ထည့်ထားတဲ့ Propaganda ဝါဒဖြန့် စပါးလုံး သတင်းတွေကိုတော့ ကျွန်တော်တို့ ခွဲခြားဖယ်ထုတ် ကြည့်ရှုကြရမှာ ဖြစ်ပါကြောင်း...

ဒီမိုဝေယံ

Sky Netရုပ်သံလိုင်း ကြည့်ရှုမယ်ဆိုရင်.. ဒီမှာဖတ်ပြီး ဒေါင်းလုပ်လုပ်ပါ...

http://www.demowaiyan.org/2012/04/sky-net-tv-live.html

မူရင်းသတင်းက ဒီမှာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ်ရရှိပြီ...

၁၉၈၅/၈၆ ခုနှစ်က ဂျပန်နိုင်ငံကို ရောက်ရှိစဉ်က ရိုက်ကူးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ ကျိုတိုတက္ကသိုလ်မှာ (၉)လကြာ "မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်း" စာတမ်းပြုစုစဉ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ အခန်းအတွင်း ဓာတ်ပုံ (Album)မှ မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ ပုံပါ..။

အကြောင်းကြောင်းကြောင့် ကြန့်ကြာ နေတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။

လာမယ့် ဇွန်လလယ်မှာ သွားရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄)နှစ်နီးပါးကြာ ပထမဦးဆုံး ပြည်ပ ခရီးစဉ်အတွက် မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှ လာရောက်ထုတ်ယူဖို့ အကြောင်းကြားထား ပြီးဖြစ်ကြောင်း သိရှိရပါတယ်..။ ကိုယ်တိုင် သွားရောက် ထုတ်ယူဖို့ပဲ လိုအပ်တော့ကြောင်း သိရှိရပါတယ်..။ လာမယ့် ဇွန်လလယ်မှာ ၂၄နှစ်ကြာပြီ ဖြစ်တဲ့ လူထုခေါင်းဆောင်ရဲ့ ပထမဦးဆုံး ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံကို အလည်အပတ် သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားကြမယ့် အဖွဲ့ဝင်များ စာရင်းကိုတော့ မသိရှိရသေးပါဘူး..။


၁၉၈၆ခုနှစ် ဧပြီလက ကျိုတိုမြို့ရှိ ဆာကူရပန်းများအား နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတင် ဓာတ်ပုံ တပုံ..

ထို့အတူ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာလည်း ၁၉၈၅ခုနှစ်မှာ ရောက်ရှိခဲ့ပြီး စာတမ်းပြုစုခဲ့တဲ့ ဂျပန်နိုင်ငံကိုလည်း အလည်အပတ် လာရောက်မှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်...။ ဂျပန်နိုင်ငံ လာရောက်မယ့် အဆိုပါ ခရီးစဉ်ဟာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၆)နှစ်အတွင်း ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်..။

မူရင်းသတင်းက ဒီမှာပါ။