Thursday, May 3, 2012

ဗြိတိန် ရဲ့ မြန်မာ့ လူ့ အခွင့် အရေး အစီရင်ခံစာ

ဗြိတိသျှ အစိုးရက၂၀၁၁ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မထင်မှတ် ထားတဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှု တွေကို တွေ့ရ ပေမဲ့ အရေးပါ အရာရောက်တဲ့ စိန်ခေါ်မှုတွေ ကတော့ ဆက်ပြီး ရှိနေပါတယ်လို့ ထောက်ပြပါတယ်။



ထင်မှတ် မထားတဲ့ တိုးတက်မှု ဆိုတာ အတိုက် အခံ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ အစိုးက တွေ့ဆုံ ဆွေးနွေးတာတွေ၊ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့ အခွင့် အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကို မြန်မာ နိုင်ငံထဲ လာရောက်ခွင့် ပြုတာ၊ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွှတ် ပေးတာတွေ ကို ဆိုလိုပါတယ်။

ဒါတွေဟာ မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်တဲ့ သက်သေ သာဓက တချို့ ဖြစ်ပေမဲ့ ကချင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ အဖြစ်အပျက် တွေက ဗြိတိသျှ အစိုးရ အတွက် အထူး စိုးရိမ်မှုကို ဖြစ်စေ တယ်လို့ အစီရင် ခံစာမှာ ဆိုထား ပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေး ခဲ့ပေမဲ့ အတော် များများ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေး ပြီး နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ ICRC ကို အကျဉ်းသား တွေနဲ့ တွေ့ခွင့် မပေးတာတွေ ရှိခဲ့တဲ့ အတွက် အကျဉ်းထောင် တွေကို နိုင်ငံတကာက စောင့်ကြည့် လေ့လာနိုင်ဖို့ ဗြိတိသျှ သံအမတ်ကြီး ကနေ တဆင့် မြန်မာ အစိုးရကို ဖိအားပေး သွားမယ်လို့ လည်း ဆိုပါတယ်။

မြန်မာ လူထုက အယုံ အကြည် နည်းတဲ့ မြန်မာ နိုင်ငံရဲ့ ဥပဒေ စိုးမိုးရေး၊ တရား မျှတရေးနဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ ရှိသေးတဲ့ အကြောင်းနဲ့ လာဒ်ပေး လာဒ်ယူမှု တွေဟာလည်း ကြီးမားတဲ့ ပြသာနာ တစ်ခု ဖြစ်နေသေးတဲ့ အကြောင်း ပြောထား ပါတယ်။

ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ဒေသ တွေမှာ ဖိနှိပ်မှုတွေ ရှိနေ သေးတာ ကိုလည်း စိုးရိမ်တယ်လို့ ပြောပါတယ်။

အမျိုးသမီး အခွင့်အရေး တွေနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရား ထဲမှာ သိသိ သာသာ နည်းပါး နေမှုကို ထောက်ပြခဲ့ သလို အမျိုးသမီးတွေ လူမှု ဆက်ဆံရေး နယ်ပယ် ထဲမှာ အခုထက်ပို ပြီး ပါဝင် လာနိုင်အောင် ဗြိတိသျှ သံရုံးကလည်း Action Aid လို အဖွဲ့အစည်း ကနေ တဆင့် ကူညီ လုပ်ဆောင် သွားမယ်လို့ဆို ပါတယ်။

ကလေး အခွင့်အရေး တွေနဲ့ ပတ်သက် ပြီးတော့လည်း မြန်မာ နိုင်ငံရဲ့ ကလေးငယ် ၆၀% လောက်ပဲ မူလတန်း အဆင့်ကို ပြီးမြောက် အောင်မြင်တာ၊ မြန်မာ စစ်တပ် ထဲမှာ ကလေး စစ်သားတွေ ရှိနေသေးတာ အရွယ် မရောက် သေးတဲ့ ကလေးတွေ အခြေ အနေအရ အလုပ် လုပ်နေ ကြရတာတွေ ရှိတယ်လို့လည်း ဖော်ပြထား ပါတယ်။

မြန်မာ နိုင်ငံမှာ လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်း နိုင်ခဲ့ပေမဲ့ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင် စရာတွေ အတော် များများ ရှိနေ သေးတဲ့ အတွက် လူ့အခွင့် အရေး ချိုးဖောက်မှု တွေကို ဖော်ထုတ်တဲ့ နေရာမှာ ဒီကော်မရှင်က အရေးပါတဲ့ အခန်းကဏ္ဍဍကနေ လုပ်ဆောင် သွားဖို့နဲ့ မြန်မာအစိုးရကို လိုအပ်ရင် လိုအပ်သလို ဖိအားပေးဖို့ ကိုလည်း အားပေး သွားမယ်လို့ အစီရင်ခံစာထဲမှာ ရေးသားထား ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဇဗ္ဗူသီရိမြို့နယ်က ဒေသခံများ စုငွေ(၃)ဆအား ပြည်ခိုင်ဖြိုးပါတီက ချေးယူနိုင်

အောင်ကိုကိုလတ် (မြစ်မခ)
ဧပြီ(၂)ရက်၊၂၀၁၂ခုနှစ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တွင် ဒေသခံများအဆင်ပြေစေရန်အတွက် ‘မြစိမ်းရောင်’ အမည်အဖြင့် ငွေစု ငွေချေး လုပ်ငန်များအား ဆောင်ရွက်ပေးနေကြောင်း ပြည်ခိုင်ဖြိုးပါတီက သိရှိရသည်။

မြစိမ်းရောင် လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စားငွေစုငွေချေးအသင်းသည် ငွေစုငွေချေးရာ၌ ငွေချေးသူ ၏ စုငွေနူန်းအပေါ်တွင် (၃)ဆထုတ်ချေးပေးပြီး အတိုးနူန်းမှာ (၂)ကျပ် ဖြစ်ကြောင်း သိရသည်။ ဥပမာ-(စုငွေ ၁ သိန်း ကျပ်× ၃ဆ= ချေးငွေ ၃သိန်း ကျပ်)

“ဘယ်သူကိုပဲဖြစ်ဖြစ် ချေးပေးပါတယ်။ အားလုံး အဆင်ပြေအောင်လုပ်တာပါ။ ငွေးချေးမယ်ဆိုရင်တော့ စုငွေ ရဲ့၃ဆကိုထုတ်ပေးတာပါ။ ကန့်သတ်ချက်တော့မရှိပါဘူး”ဟု လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စား ငွေစု ငွေချေး ‘မြစိမ်းရောင်’ အသင်း၏ အတွင်းရေးမှူး ဦးဝင်းဌေးကပြောသည်။

အဆိုပါ ငွေစုငွေချေးလုပ်ငန်းအား ၂၀၁၁ ခုနှစ် မေလပိုင်းမှ စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိ (၁)နှစ်တာကာလတွင်း ငွေစုငွေချေးသူ (၁၀၀၀)ဦးရေဖြင့် လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့တော့ မချေးနိုင်ပါဘူး။ အသင်းက စုငွေအပေါ်မှာ ငွေထုတ်ပေးတာဆိုတော့ အရင်းအနှီး လိုတယ်။ ကျွန်တော်တို့ မတက်နိုင်တဲ့သူတွေတော့ နည်းနည်းခက်တယ်”ဟု သပြေကုန်းဈေးတွင် ကုန်စိမ်း ရောင်းသူ ကိုဝေတွန်းကပြောသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု(၃)ခုနှင့် ရပ်ကွက်(၂)ခုတွင် ‘မြစိမ်ရောင်’ ငွေစုငွေချေးလုပ်ငန်း (၈)ခု ဖွင့်ထာပြီး၊ အဆိုပါ ဒေသခံတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများနှင့် လက်လုပ်လက်စား (နေ့စား သမား) သမား အများစုနေထိုင်ကြောင်း သိရသည်။

“အသင်းက အခြေခံလူတန်းစားတွေကို ဦးတည်ထားတာမျိုး တွေ့ရတယ်။ စိုက်ပျိုးချိန်မှာဆိုရင် တော်တော် လေး အဆင်ပြေပါတယ်။ အရင်းအနှီးလုပ်လိုတဲ့သူတွေအတွက်တော့ အဆင်ပြေတယ်” ဟု မြို့မဈေးအနီးတွင် ဆိုင်ကယ် (Taxi) ပြေးဆွဲနေသူ ဦးတင်ဌေးက ပြောသည်။

Shwe Myitmakha Media Group

မူရင်းသတင်းက ဒီမှာပါ။

မလိမ်ရရင်မနေနိုင်တော့ဘူးလား သစ်ထူးလွင် (ခ) သစ်ထူးလိမ်



“ဦးအောင်သောင်းနှင့်အဖွဲ့ စစ်ကိုင်းတိုင်းဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာ အနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်”

“ဦးအောင်သောင်းပါမစ်နဲ့ ထိုင်းနယ်စပ်မှတစ်ဆင့် မိသားစုစီး ဂျပန်တစ်ပတ်ရစ်ကားတွေတင်သွင်းနေ”

ရေးထားလိုက်တာများဗျာ တကယ့်ကို သတင်းထူး၊ သတင်ဦးကြီးပါပဲ။ ဖတ်လို့လဲတော်တော်ကောင်းပါတယ်။ ဒါပေမဲ့ အဖြစ်မှန်နဲ့နည်းနည်းလေးမှကို မနီးစပ်ဘူး။

ပထမသတင်းအကြောင်းကိုပြောရမယ်ဆိုရင် ဦးအောင်သောင်းဟာ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဖြစ်ပါ တယ်။ ကြားဖြတ်ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားတဲ့တိုင်းကိုပစ်ထားပြီး စစ်ကိုင်းတိုင်းကို စည်းရုံးရေးသွားစရာအကြောင်း လုံးဝမရှိပါဘူး။ နောက်ပြီး သစ်ထူးလွင်မှာ ဦးအောင်သောင်းဟာ သူ့ဇာတိ တောင်သာနယ်တစ်ဝိုက်ကို စည်းရုံးရေးဆင်းနေတယ်လို့ရေးထားပြန်တယ်။ ဘယ်ဟာအမှန်လဲ။ ကိုယ်ဟာ ကိုယ်လည်း ပြန်ကြည့်ကြပါအုံး။



ဒုတိယသတင်းအတွက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးကိုဦးတည်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့သာဖြစ်ပါတယ်။ သစ်ထူးလွင်ရေးသလို ကားပါမစ်ထုတ်ပေးတဲ့အဖွဲ့မဟုတ်ပါဘူး။ ထုတ်ပေးခွင့်လည်းမရှိသလို၊ ထုတ်လည်းမပေးခဲ့ပါဘူး။ ဒါဟာ သတင်းအမှန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ တိကျတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေရှိပါတယ်။ ကားပါမစ်ထုတ်ပေးရန်လို့တော့မပါပါဘူး။

ဒါတွေဟာ တစ်ဖက်သားကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒနဲ့ရေးထားတယ်လို့ယူဆပါတယ်။ ဒီလို အခြေအမြစ် မရှိတဲ့သတင်းတွေနဲ့ သူတပါးရဲ့ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင်မလုပ်သင့်ပါဘူး၊ ရေးတဲ့သူကလည်း မမှန်သတင်းမှန်သိရက်နဲ့ မရေးသင့်သလို ဖော်ပြတဲ့ Website ကလည်း နည်းနည်းပါးပါး ချင့်ချိန်ဖို့ ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို မီဒီယာလို့သဘောထားရင် ပြည်သူအကျိုးရှိမဲ့ သတင်းမှန်တွေကိုသာ ထုတ်ပြန်သင့်ပါတယ်။ ခုလို မမှန်သတင်းကို ရေးသားထုတ်ပြန်နေမယ်ဆိုရင် ပြည်သူတွေကြားမှာ သို့လော သို့လော သံသယစိတ်တွေဖြစ်ပွားလာပြီး အထင်အမြင်လွဲမှားမှုများသာဖြစ်လာမှာဖြစ်ပါတယ်။ ထိကျမှန်ကန်တဲ့ သတင်းတစ်ပုဒ်ကို ရေးချင်တယ်ဆိုရင် ကာယကံရှင်များကို ဆက်သွယ်မေးမြန်းပြီး ရေးသင့်ပါတယ်။ ဒါမှလည်း မိမိရဲ့သတင်းတစ်ပုဒ်ဟာ တန်ဖိုးရှိပြီး ပြည်သူများရဲ့နားမျက်စိမှာ အမှန်တရားကို မြင်ရကြားရမှာဖြစ်ပါတယ်။ မိမိ Popular ဖြစ်ရေးကိုသာအဓိကထားဖို့မသင်ပါဘူး။

ပထမသတင်းပါလာကတည်းကရေးဖို့ပါ ဒီတစ်ခါတော့ မဖြစ်တော့ဘူး အမှားဆိုတာကြာရင်အမှန်ဖြစ်ကုန်မှာ စိုးတဲ့အတွက် ကြားထဲက မနေနိုင်မထိုင်နိုင်ဝင်ရေးလိုက်ရကြောင်းပါ သစ်ထူးလိမ်ကြီးခင်ဗျား။ ခင်ဗျား Site မှာ တင်ထားသမျှသတင်းတွေထဲမှာ အမှန် ဘယ်နှစ်ရာခိုင်နှုန်းလောက်များပါသလဲလို့သိချင်ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ၊

လူတွေသိပ် စိတ်မ၀င်စားတဲ့ ၈၈ ကျောင်းသားတွေလည်း အေးချမ်းမေ ဖြစ်နေရှာပါပီ 0


1988 ကတည်းက ခုချိန်ထိ့ ဘွဲ့မရသေးပဲကျောင်းသားပဲရှိသေးသော ၈၈ ကျောင်းသားများဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဂျေမီ၊ မြကြီးစသော သူတွေဟာ (ကျောင်းသား၊ပြည်သူတွေရဲ့သဘောထားကိုက်ညီမှုမရှိလျှင် ဒီမိုကရေစီကိုမျက်ကွယ်ပြုရင်၊ ဘယ်အဖွဲ့အစည်းဘယ် ပုဂ္ဂိုလ်ဘဲဖြစ်ဖြစ်ထောက်ပြ၊ ဝေဖန်၊ ကန့်ကွက်ကြရန် ) ဆိုသော်ရည်ရွယ်ချက်နဲ့ရပ်တည်လာခဲ့ကြပါတယ် ..သို့သော်လည်းးးးးးးးးးးးးး

ကိုကိုကြီး နဲ့ မင်းကိုနိုင်ကတော့ ပေါင်းစည်းလုပ်ဆောင်နေတယ်ဆိုပေမယ့် အမြင်မကြည်မှုတွေနဲ့ ဖြစ်နေ ကြတယ်။ မင်းကိုနိုင်က သူရဲ့အခန်းဏ္ဍမှေးမှိန်မှကြောက်လို့ အမေစု ဘာလုပ်လုပ်မှားမှားမှန်မှန် ထောက်ခံနေတာ တွေကို ကျန်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက သိပ်ပြီးအမြင်မကြည်ကြဘူး။

နောက်ပြီး မင်းကိုနိုင်က နိုင်ငံခြားမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ဖုန်းတိုက်ရိုက်ပြောပြီး ရတဲ့ထောက်ပံ့ကြေးတွေကိုတစ်ယောက်တည်းဘယ်သူနဲ့မှလည်းတိုင်ပင်မှု မရှိဘဲ သုံးစွဲနေတာတွေကို ကျန်တဲ့သူတွေက ကျေနပ်ပုံမပေါ်ကြဘူး။ ၂၀၁၂ သင်္ကြန်မှာလဲ သံချပ်အစီအစဉ်ကို မင်းကိုနိုင်ဘဲစီစဉ်ပြီးလုပ်ခဲ့တာ ဘယ်သူ့ကိုမှပြောဆိုမှုမရှိခဲ့ဘူး။ တကယ်တမ်း မင်းကိုနိုင်က ဘာမှဟုတ်တိပတ်တိ အလုပ်မလုပ်ဘဲ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတက်တဲ့သူတစ်ယောက်ဖြစ်နေတာကို ၈၈မျိုးဆက် ကျောင်းသား အဖွဲ့တွေကသိနေကြတယ်။

ကိုကိုကြီးကတော့ NLD ကိုထောက်ခံသလိုလုပ်နေပေမယ့်လည်း သူ့ဘာသာသူပါတီတစ်ခု ထောင်ဖို့ကြိုးစား နေပါတယ်။ ထုတ်ဖော်ပြောကြားမှုတော့ မရှိသေးပေမယ့် ကြိတ်ပြီးလုပ်ဆောင်နေပါတယ်။ မင်းကိုနိုင်ကိုမကျေနပ်တဲ့သူ အမြင်မကြည်တဲ့သူတွေကတော့ ကိုကိုကြီးနဲ့ ပေါင်းပြီးလုပ်ဆောင်ကြမယ်လို့တော့ ထင်ကြတယ်။

ဌေးကြွယ်ကတော့ စန္ဒာမင်းနဲ့ ပုဂံဟိုတယ်မှာ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ၈၈ အတွင်းမှာ အမြင်မကြည်ကြဘူး။ ဌေးကြွယ်ကတော့ စန္ဒာမင်း နဲ့ပတ်သတ်နေတာ ကြောင့် NLD နဲ့ပူးပေါင်းဖို့များနေပါတယ်။

အပြင်ပန်းအရတော့ စုစည်းနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ အက်ကွဲစပြုနေသော ၈၈မျိုးဆက်ကျောင်းသားများဖြစ်နေပါပီ

သူတို့ကြားမှာ အားလုံးနဲ့မတူဘဲကွဲထွက်နေတဲ့ မြကြီးကတော့ မူဆလင်ဖြစ်တာတွေကြောင့် သူ့ကို ဘယ်သူကမှ ထည့်မစဉ်းစားသလိုလုပ်နေကြတယ်။

အတူတူထောင်ကျဖူးတာချင်းတူနေတာကြောင့် မေးထူးခေါ်ပြောတဲ့အဆင့် လောက်တော့ရှိပေမယ့် ဒီကောင်ကြီးကတော့ ရိုဟင်ဂျာ ကိစ္စတွေ မူဆလင်အရေးတွေကို ဦးစားပေးပြီးလုပ်နေတယ်။ ကုလားတွေကို မြန်မာနိုင်ငံထဲကို ခေါ်ဖို့ဘဲသူ့အနေနဲ့ကြိုးစားဆောင်ရွက်နေတယ်လို့ သူတို့အဖွဲ့ထဲမှာပြောနေကြပါတယ်။

အခုချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေအတွင်းမှာတော့ သဘောထားအမျိုးတွေကွဲလွဲနေပြီး ဘာတွေဆက်ဖြစ်နေမယ် ဆိုတာမသိရပေမယ့် နိုင်ငံခြားက အကူအညီတွေကို ဆက်လက်သူ့ဘာသာသူတောင်းနေတဲ့ မင်းကိုနိုင်ကတော့ လက်မှာ ငွေတွေသီးနေပြီး လုပ်ချင်တာတွေကိုလုပ်နေပါတယ်။

ကျွန်တော့်တို့ ၈၈မျိုးဆက်ကျောင်းသားတွေက ဘာတွေ ဆက်ဖြစ်အုံးမယ်မသိပေမယ့် အဖွဲ့ ကြီးဟာ မကြာခင်မှာ ပေါက်ကွဲပျက်ဆီးတော့မယ့် အချိန်ကိုက်ဗုံးတစ်လုံး ပြည်သူတွေကိုလည်း အကျိုးမပြု အချင်းချင်းမညီညွတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်ခင်ဗျာ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား

ဂျာတော့ပ်(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် ဒေသခံပြည်သူများ ည(၈) နာရီ နောက်ပိုင်းအပြင် မထွက်ရဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးများက မေ(၁)ရက်မှ စတင်ကာ ကာဖြူးထုတ်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရတပ်များကြား ယခင်ထက် ပိုမိုပြင်းထန် ပစ်ခက်မှုများဖြစ်နေပြီး မြို့တွင်း၌ပါ ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများ၏ လုံခြုံရေး အတွက် အပြင်ထွက်ခွင့်ပိတ်ပင် ရခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေ (၁) ရက်၌လည်း ဆားမှော်ဘူတာ တစ်မိုင်ခွဲခန့်ရှိ မီးရထားသံလမ်းတွင် မိုင်းပေါက်ခွဲမှုနှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။

“ကျတော်တို့ မနေ့ညနေ ပိုင်း ရပ်ကွက်ရုံးမှာ စည်းဝေးကြတယ်။ ည (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရ ဘူးတဲ့။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ မှတ်ပုံတင်ကိုင်ပြီး ထွက်ပါတဲ့။” ဟု ဒူကထောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သူများ မိမိအိမ်ခြံဘေးပတ်ပတ်လည် လျှပ်စစ်မီးထွန်းရန်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှုံဆော်ထားသည်။

ပြီးခဲ့သည့် ဧပြီလတွင် မြစ်ကြီးနားမြို့တွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ (၂၉) ရက်နေ့ တွင်လည်း မိုးညှင်းမြို့နယ်တောင်ဘက် (၁၈) မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထား လမ်းတွင် မိုင်းပေါက်ကွဲခဲ့သည်။

ယင်းသို့ မိုင်းဖောက်ခွဲသူ တရားခံ လက်သည်မပေါ်သေးသော်လည်း အစိုးရပိုင် သတင်းစာတွင်မူ ကေအိုင်အိုမှ ဖောက်ခွဲခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် ရပ်ရွာ လုံခြုံရေးအတွက် မိမိတို့ ရပ်ကွက်ရှိ ရပ်ကွက်ရုံး (ရဝတ)တွင် အရပ်သား(၈)ဦး ညစဉ် အလှည့်ကျကင်းစောင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မီးရထားသံလမ်းများတွင် ညနေစောင်းချိန်မှစ၍ သံလမ်းဘေး ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းများအား အထူးတားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ရပ်ကွက်ပေါင်း ၅၈ ခုရှိပြီး၊ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်မှုများ ကြောင်း သိရသည်။

Shwe Myitmakha Media Group

မူရင်းသတင်းက ဒီမှာပါ။

NLD လွှတ်တော်တက်ခြင်းကို ပြည်တွင်း ပြည်ပ ကြိုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ နံနက်က နေပြည်တော်တွင်ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည် တွင်း ပြည်ပမှ ကြိုဆိုကြသည်။

ယနေ့ လွှတ်တော်တွင်း ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းသမားများကြား၌ တွေ့ရစဉ်(ဓာတ်ပုံ - အောင်သက်ဝိုင်း / ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးသည် ယနေ့နံနက် ၁၀ နာရီက လွှတ်တော် ဥက္ကဌ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုကြသည်။

NLD က ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦးဖြစ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ကိုဖြိုးမင်းသိန်း၊ မစန္ဒာမင်း၊ ကိုဖြိုးဇေယျာသော် တို့ ၃ ဦးမှာ သြစတြေးလျ နိုင်ငံသို့ လေ့လာရေး ခရီး သွားနေပြီး တချို့ NLD အမတ်များ ခရီးလွန်ကြောင်း သိရသည်။

အစောပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စာသား၌“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်”ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်”ဟူသည့် စကားရပ်ဖြင့် ပြင်ဆင်ပေးရန် တောင်းဆိုမှု လုပ်ခဲ့ပြီး မတက်ရောက်နိုင်ဘဲ ရှိခဲ့ရာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က မဟာမိတ်များ၏ ဆန္ဒနှင့် ပြည်သူ့ဆန္ဒအတွက် စာသား မပြင်သေးသော်လည်း လွှတ်တော် တက်ရောက်ရန် တနင်္လာနေ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ဥက္ကဌ ဒေါက်တာ အေးမောင် က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ရောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ၀မ်းမြောက်စွာ ကြိုဆိုကြောင်း၊ ပြည်ထောင်စုကို အတိတ်ဆိုးမွေများ မခံယူဘဲ စည်းလုံးမှုများဖြင့် တည်ဆောက်သွားနိုင်မည်ဟု မျှော်လင့် ယုံကြည်ကြောင်း ဧရာဝတီကို ပြောသည်။

“တိုင်းရင်းသားပါတီငယ်လေးတွေ အားလုံး လာမယ့် ၂၀၁၅ ကို မျှော်မှန်းပါတယ်။ အဲဒီကာလမျိုးမှာ တိုင်းရင်းသား ဒေ သ တွေမှာ လွန်ခဲ့တဲ့ ၁၉၉၀ က အမှားမျိုးတွေလို၊ ဖဆပလ ခေတ်က အမှားမျိုးတွေလို မဖြစ်စေရအောင် တိုင်းရင်းသားပါတီတွေကို အခွင့်အရေးပေးဖို့ မဟာဗျူဟာ ရည်မှန်းချက်များ ကြိုတင်ညှိနှိုင်းချထားခဲ့မယ်ဆိုရင်၂၀၁၅ ရဲ့ မြင်ကွင်းဟာ အင်မတန်လှပ လာမှာဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တက်ရောက်လာသည်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းဦး ကလည်း ကြိုဆိုကြောင်းပြောဆိုပြီး တိုင်းပြည် အကျိုး အတွက် အတူပူးပေါင်း လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ပ သတင်းဌာနများနှင့် ပြောဆိုထားသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်ခြင်းကို ၈၈ မျိုးဆက်ကျောင်းသားများကလည်း ကြိုဆိုကြောင်း၊ လုပ်ထုံး လုပ်နည်းအရ ပြင်ရန် လိုအပ်ချက်ကို NLD က တောင်းဆိုခြင်းဖြစ်ကြောင်း၊ ပြည်သူ အားလုံး စိုးရိမ်မှုဖြင့် စောင့်မျှော်ခဲ့ရကြောင်း ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။

“နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စေ့စပ်မရတဲ့ သဘောထား တင်းမာသူလို့ ပုံဖျက် ခံထားရတာဟာ မဟုတ်ဘူး ဆိုတာ ပေါ်သွားတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ညှိနှိုင်းလို့ရတယ်၊ အလျှော့အတင်းလုပ်တဲ့ အစဉ် အလာကို လေး စား တယ် ဆိုတာ အားလုံး သိအောင်ဖော်ပြလိုက်တာပါပဲ။ အားလုံးဟာ ညှိနှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှု ကို မလွတ်တမ်း ဆုပ်ကိုင်ထားပြီး ဒီအတိုင်းဆက်သွားနေဖို့ အားလုံးဆက်ကြိုးစားနေရမယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း ကြိုဆိုကြောင်း၊ လွှတ်တော်တွင်း ဦးမော့ လာမည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသဖြင့် လုပ်ဆောင်စရာများကို ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် စောဒေးဗစ်ထော က ဧရာဝတီကိုပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို သွားတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုတယ်။ ဘာပဲဖြစ်ဖြစ်လွှတ်တော်ထဲ မှာပဲ တချို့ကိစ္စတွေက ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လေ”ဟု သူက ဆိုသည်။

အမေရိကန် နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရတို့သည် အပြုသဘော ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ္စတာ မာ့ခ်တုန်နာက နေ့စဉ် သတင်းစာရှင်း လင်း ပွဲတွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

“ကျနော်တို့ အမြင်က အခု အသစ်ရွေးချယ်ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မှာရှိတာ၊ အစိုးရ နဲ့ သူတို့ အပြုသဘောဆောင်ပြီး လုပ်ကြတာတွေကို မြင်တွေ့ချင်ပါတယ်။ ဆက်လက်တိုးတက်မှုတွေကိုလည်း ကျနော်တို့ မြင်တွေ့ချင် ပါတယ်”ဟု သူက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်မှုများကိုအသိအမှတ်ပြုကာ အဆုံးသတ်ခြေလှမ်းများ ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ ရုံးခွဲဖွင့်ရန်အတွက် မကြာမီကသွားရောက်ခဲ့သည့် ဥရာပသမဂ္ဂ နိုင်ငံခြားရေးရာ ကော်မရှင် အကြီး အကဲ မစ္စ ကက်သရင်း အက်ရှတန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် တက်ရောက်ခြင်းကို ချီးမွမ်းပြောဆိုပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို နောက်ကြောင်းပြန်လှည့်မည်ကို စိုးရိမ်နေဆဲဖြစ် ကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကျင်းပနေသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကို ရပ်နားလိုက်ပြီး လာမည့် ဇူလိုင်လအတွင်း ပြန်လည်ကျင်းပရန် ကြေညာကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ၄ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ လေကြောင်းခရီးဖြင့်သွားခဲ့ကြ ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပါက ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိမည်ဖြစ် ကြောင်း အနီးကပ်လုံခြုံရေး တာဝန်ယူသူတဦးဖြစ်သည့် ကိုကျော်စိုးနိုင်က ပြောပြသည်။ Hits: 648

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်တွင်းကနေ ၁၀၀% အောင်မြင်အောင် ကြိုးပန်းရမယ်


"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပန်းရမှာပါဘဲ။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင်ဧည့်ရိပ်သာဝန်းတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။

RFA - Burmese

မူရင်းသတင်းက ဒီမှာပါ။

ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ


ဒီကနေ့မှာ NLD အမတ်တွေကို လွှတ်တော်ထဲ သွတ်သွင်းပြီးသွားတဲ့အတွက် ကြံ့ဖွတ်စစ်အုပ်စုရဲ့ မဟာစီမံကိန်း ပထမအဆင့် အောင်မြင်သွားပြီလို့ ပြောရပါမယ်။

ဒုတိယအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ကချင်ကို မီးစတဘက် ရေမှုတ်တဘက်ဗျူဟာနဲ့ ခပ်သွက်သွက်ကလေး ဗျင်းပါတော့မယ်။

ကချင်ကို ဗျင်းပြီးတာနဲ့ တတိယအဆင့်အဖြစ် ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို ၂၀၁၃ မှာ အပြီးသတ် သွယ်တန်းနိုင်အောင် တက်သုတ်ရိုက်ဆောင်ရွက်ပါတော့မယ်။ ပြီးတာနဲ့ ပိုက်လိုင်းကြီးကို အာဏာရှင်တရုတ်နဲ့ ပူးပေါင်းကာ လုံခြုံရေး အပြည့်အ၀ ယူပါတော့မယ် (တရုတ်အာဏာရှင်အစိုးရက အခုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ခြေလှမ်းသွက်နေကြတာကို ငြိမ်ကြည့်နေတာ အလကားမဟုတ်ပါ။ ဤစီမံကိန်းကြီး မပြီးသေးလို့ သည်းခံနေခြင်းမျှသာ ...)။

ပြီးရင် နောက်ဆုံးအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို တရစ်ချင်း ပြန်တင်းပြီး သဘာဝဓာတ်ငွေ့ကရတဲ့ စာရင်းမရှိအင်းမရှိ နှစ်ရှည်ဝင်ငွေတွေ (ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ) နဲ့ မြန်မာနိုင်ငံတော်ကြီးကို ပါတီစုံရွေးကောက်ပွဲလည်းရှိ၊ အထက်လွှတ်တော် အောက်လွှတ်တော်တွေလည်းရှိတဲ့ ဘီလာရပ်စ် (Belarus) နိုင်ငံတော်ကြီးလို ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အောက် ရောက်သွားအောင် ယဉ်ယဉ်လေး သွတ်သွင်းပါတော့မယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ

အဲဒီလို ပါလီမန်ဒီမိုကရေစီအာဏာရှင်စနစ်ဆိုတဲ့ အာဏာရှင်စနစ်ပုံစံသစ်တမျိုးအောက် ထပ်မံ မကျရောက်စေဖို့အတွက် ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုသလို တိုက်ပွဲဝင် ကချင်အင်အားစုတွေ တောင့်ခံနိုင်အောင် ပြည်တွင်းပြည်ပအင်အားစုအားလုံးက နည်းလမ်းမျိုးစုံနဲ့ ပုံအောကူညီဖို့ လိုအပ်ပါတယ်။

စစ်ရပ်စဲရေး ဆောင်ရွက်တာနဲ့ တပြိုင်နက်တည်းမှာ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းသွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့လည်း လိုပါမယ်။

အဲဒီလို တိုက်ပွဲမျိုးဆိုတာ ပါလီမန်တွင်းက တိုက်လို့ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး (အဲဒါကြောင့်မို့ အန်အယ်လ်ဒီ လွှတ်တော်တက်တာကို စောင့်နေဖို့ လိုကိုမလိုတာပါ)။ ပါလီမန်ပြင်ပကနေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သလိုမျိုး ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်မှ ရနိုင်ပါမယ် (လိုအပ်ရင် တတိုင်းတပြည်လုံး လမ်းပေါ်ထွက်သင့် ထွက်ကြရပါမယ်)။

အဲဒါကြောင့်မို့ ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါဘူး။ ကချင်ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်း အမြန်ဆုံး ရပ်ဆိုင်းရေးတို့ကို တက်ညီလက်ညီ စတင်လုပ်ဆောင်ကြဖို့သာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

မှတ်ချက် ။ ။ ကြံ့ဖွတ်စစ်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သူတို့ရဲ့မဟာစီမံကိန်းကြီးကို အပြီးသတ်သွားနိုင်တဲ့ အနေအထား တွေ့နေရလို့ မြင်မိတာလေးကို အလန်း(မ်) ပေးလိုက်ရခြင်းဖြစ်ပါတယ်။ “မဖြစ်နိုင်ပါဘူးကွာ” ဆိုလည်း သဘောအတိုင်းပါပဲခင်ဗျား။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

မူရင်းသတင်းက ဒီမှာပါ။

ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ

စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံးထိပ်ပိုင်း ၁၀ နိုင်ငံစာရင်း ထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးရောက်မြို့ အခြေစိုက် CPJ စာနယ်ဇင်း သမားများ ကာကွယ်ရေး ကော်မီတီက ထုတ်ပြန်တဲ့အစီရင်ခံစာ က ဖေါ်ပြလိုက် ပါတယ်။

သတင်းမီဒီယာ နဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာ မှာ ရောက်နေပြီဖြစ်တဲ့ အတွက် သတင်း မီဒီယာ စာနယ်ဇင်း နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိမ်းချုပ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး နေ့စဉ် ထုတ်ဝေခွင့် မပြုသေး ဘူးလို့ CPJ အစီရင်ခံစာက ဖေါ်ပြပါတယ်။

မြန်မာအစိုးရ နဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း အစိုးရဆင်ဆာဘုတ် အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲဖြစ်တဲ့ အပြင် ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကို လည်း လုံးဝ ဖေါ်ပြခွင့်မပြုသေး ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားသတင်းဌာနမှာ တာဝန်ထမ်းဆောင် နေကြတဲ့ မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရက စီစဉ်တဲ့ပွဲမျိုးတွေကိုသာ ပြသဖို့ ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

RFA-Burmese

မူရင်းသတင်းက ဒီမှာပါ။

ခရစ်ယာန် သုသာန် မပြောင်းရွှေ့ ဖို့ ဆန္ဒဖော်ထုတ်ပွဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့နယ်စည်ပင်သာယာက ခရစ်ယာန် ဘာသာဝင်အများစုရဲ့ ရုပ်ကြွင်းတွေကိုမြေမြုပ်နှံတဲ့ စံသာသုသာန်ကို ဒိုးဝိုင်းချောင်း သုသာန်တည်ရှိရာကို တလအတွင်း ပြောင်းရွှေရရမယ်လို့ ဧပြီလဆန်းက ကြေညာချက်ထုတ်ခဲ့ပါတယ်၊ ဒါကြောင့် စံသာသုသာန်မှာရှိတဲ့ အထိမ်းအမှတ်အုတ်ဂူတွေကို ပြောင်းရွှေ့ခြင်း မပြုဖို့အတွက် ခရစ်ယာန် ဘာသာဝင် တွေက ဒီကနေ့မနက် (၇) နာရီမှာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ပါတယ်၊

ဒီပွဲကို ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဘုန်းကြီးများပါဝင်တဲ့ အသင်းတော်(၃၀)က ဦးဆောင်ပြီး လူဦးရေ(၁၀၀၀)ခန့် ပါဝင်ခဲ့တာဖြစ်ပါတယ်၊ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဗုန်းဇနမ်းက အခုလိုပြောပါတယ်။

“ကျနော်တို့ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ဆန္ဒထုတ်ဖော်တာပါ ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျနော်တို့က ဒီကလေးမြို့မှာ ၁၅ နှစ်ပတ်ဝန်းကျင်လောက်ကနေ အခုထိက ၃ကြိမ်တိုင်တိုင် ပြောင်းရွေ့ ခိုင်းပြီးတော့ ခဏခဏပြောင်းတဲ့အခါကြတော့ တိုင်းရင်းသားရိုးရာ အရ လုံးဝမလွယ်။ နောက်ပြီးတော့မှ ကျနော်တို့ ခရစ်ယာန်ဘာသာအရလည်း ခဏခဏပြောင်းရွှေ့ဖို့ရာ အုတ်ဂူလုပ်တာ မဟုတ်ပါဘူး။ နောက်ပြီးတော့မှလည်း အဲဒီစည်ပင်နဲ့ ခဏခဏ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ အင်မတန်မှ ဆင်းရဲနွမ်းပါးမှု ပေါ့ဆမူ ကျနော်တို့ဒီ မူနဲ့မကိုက်ဘူးလို့ ယူဆပါတယ်”

ကလေးမြို့ စည်ပင်သာယာက အဆိုပါစံသာသုသာန်က အုတ်ဂူနဲ့ အထိမ်းအမှတ်များကို ဒိုးဝိုင်းချောင်း သုသာန်ဆီကို တလအတွင်းပြောင်းရွှေ့ရမယ် လို့ မတ်လ(၃)ရက်နေ့က ကြေညာခဲ့ပါတယ်၊ ဒါပေမယ့် အဆိုပါသုသာန်အသစ်ကို ပြောင်းရွှေ့ရမယ်ဆိုရင် အုတ်ဂူမြေနေရာအတွက် ငွေပေးဝယ်ယူရခြင်း၊ စံသာသုသာန်မှာ မကြာမှီကမှ မြေမြုပ်ထားတဲ့ ရုပ်ကြွင်းများ ဆက်လက်ရှိနေခြင်း၊ အထိမ်းအမှတ် အုတ်ဂူပေါင်း (၁၀၀၀၀)ကျော်ကို စံသာသုသာန်မှာ မြုပ်နှံထားခြင်း စတာတွေကြောင့် သူတို့တွေအနေနဲ့ ဒီသုသာန်ကို အဖျက်ဆီးမခံနိုင်တာပါလို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်၊ ဦးဗုမ်းဇနန်းကတော့-

“ကျနော်တို့က နောင်လာနောက်သားများလည်း ကျနော်တို့ရဲ့ အဘိုးအဘွားတွေ ကြည့်လို့ရအောင်ဆိုပြီးတော့ ကျနော်တို့က အုတ်ပတ်ကားနဲ့ လုပ်ထားတာတွေကြတော့ ကျနော်တို့က ဖျက်ဆီးဖို့က လွယ်လဲမလွယ်ဘူး။ နောက်ပြီးတော့ ကုန်ကျစရိတ်လည်း မခံနိုင်တော့ဘူး”

၁၉၉၄ ခုနှစ်က ယခင်က ပင်လုံသုသာန်ဟောင်းကို ထောက်လှမ်းရေး တပ်ခွဲရုံး မြေနေရာအတွက် ပေးခဲ့ရပြီး ယခုရှိနေတဲ့ စံသာသုသာန်ကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်၊

အဲဒီအချိန်ကလည်း ပင်လုံသုသာန်မှာ ကျွင်းကျန်ရစ်တဲ့ အုတ်ဂူတွေကို ဘူဒိုဇာတွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့ပါတယ်။ အခုစံသာသုသာန်ကို ဖျက်ဆီးမှာ မလိုလားကြောင်း ဒါကြောင့် စည်ပင်သာယာအမိန့်ကို ပြင်ဆင်ပေးဖို့ ဧပြီလ(၂၇)ရက်နေ့က ကလေးမြို့က အသင်းတော်ပေါင်း (၂၈)ပါးနဲ့ လူဦးရေ ၂သောင်းခန့် လက်မှတ်ထိုးပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆီလည်း စာတင်ခဲ့သေးပေမယ့် အခုထိတော့ အကြောင်းမပြန် သေးဘူးလို့ ဦးဗုမ်းဇနမ်းက ပြောဆိုပါတယ်။

RFA-Burmese

မူရင်းသတင်းက ဒီမှာပါ။

သံရုံးအခိျု့ နေပြည်တော် ပြောင်းမည်

ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images)

ရန်ကုန်၊ မေ ၂မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန် မြို့တော်တွင် ဖွင့်လှစ်ထားသော သံလွင်လမ်းပေါ်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး အပါဝင် သံရုံးအခိျု့သည် မကြာမီ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးမှ ဒုတိယ အတွင်းဝန်က မေလ ၂ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

သံရုံး အများစုမှာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပြီး ၄င်းတို့ သံရုံးအတွက် မြေနေရာ ရှိထားပြီး ဖြစ်ကာ လာမည့်နှစ်တွင် အဆောက်အဦး စတင် ဆောက်လုပ်ပြီးလျှင် ရုံးချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အချိန် အတိအကျကိုမူ မသိရသေးကြောင်း ၄င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်တွင် ညှိနှိုင်းရေးရုံး ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Joe fisher က ပြောကြားသည်။

သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်မှု ကိစ္စများကို ဆောင်ရွက်နိုင်မည့် ယင်းရုံးသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက် ရှိပြီး ယင်းရုံး ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် ထိတွေ့ ဆက်ဆံနိုင်ရန် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား သံရုံးပေါင်း ၇ဝ ကျော် တရားဝင် ရုံးစိုက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အရှေတီမော နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်တွင် သံရုံး ဖွင့်လှစ်ရန် ရှိကြောင်း The Voice Weekly သို့ပြောကြားခဲ့သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်

ပြီးခဲ့တဲ့ ဧပြီလ၂၆ရက်နေ့ က မကွေးတိုင်း နတ်မောက်မြို နယ် ဖုန်းတော်ပြည့် ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း အနားတခုပြုလုပ်ခဲ့ပါတယ်။

နတ်မောက်မြို့ နယ်အတွင်းရှိ ကျေးရွာ အဖွဲ့ ချုပ်ရုံးတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာမှာ ကျေးရွာအုပ်စု(၇)စုမြောက်မှာ အခုတကြိမ်ဖွင့်လှစ်တဲ့ အဖွဲ့ ချုပ်ရုံးရဲ့ ထူးခြားမှု ကတော့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်ပြီး ရုံးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။

မြို့ နယ်ကနေ သွားရောက်တဲ့ အဖွဲ့ ချုပ်ဝင်တွေကိုလည်း ရွာခံလူငယ်များက အလံဝှေ့ ရမ်းကြိုဆိုခြင်း၊ အမျိုးသမီးအဖွဲ့ များမှ ပန်းကုန်းများစွပ်ကြိုဆိုခြင်း များပြုလုပ်ခဲ့ပါတယ်။

နံနက်(၉)နာရီမှာ စတင်တဲ့ အခမ်းအနားမှာ မြို့ နယ်အဖွဲ့ ချုပ်မှ ဦးအောင်တင်လင်း၊ဦးအောင်မြင့်သိန်းနှင့်ကျေးရွာမှဦးတင်ဝင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ NLDအဖွဲ့ဝင်ဦးချစ်ကိုကို မှ ဒီမိုကရေစိအကြောင်းသိကောင်းစရာများ၊ပြင်ဆင်စရာ လိုအပ်သည့်တဖက်သတ်ရေးဆွဲအတည်ပြုထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်အချို့ကိုဟောပြောခဲ့ပါတယ်။

ကျေးရွာမှလူငယ်များ၊ကလေးများကလည်း ကဗျာရွတ်ဆိုဖျော်ဖြေခဲ့ကြပါပြီး၊ ကျေးရွာများမှပြည်သူလူထု(၅၀၀)ကျော်တက်ရောက်ကြောင်း နတ်မောက်မြို့  နယ် NLD မှ ဒေါက်တာခင်မောင်အေး က သတင်းပေးပို့ ထားပါတယ်။








Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။

သော့ခလောက်ကြီးတန်းလန်းနဲ့ ကောင်းနိုင်ကြသေးရဲ့လားခင်ဗျ


(NLD) ပါတီ က (၃၀ ဧပြီ၊ ၂၀၁၂ ) တနင်္လာနေ့က ထုတ်ဝေတဲ့ ”ဒီလှိုင်းစာစောင်” အတွဲ ၁။ အမှတ် ၁၅ မှာ ပါရှိတဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဦးဝင်းတင် ဆောင်းပါး - ဒီချုပ်နဲ့ “ သော့ခလောက်ကြီး ” ပြည်သူလူထုရဲ့မေးခွန်းပုစ္ဆာ ... ကျုပ်တော့ဖြင့် မျက်စေ့လည်နေပြီဗျာ”

ဖတ်ကြည့်ပါဗျာ။ သဘောထားထင်မြင်ချက်လည်းလွတ်လပ်စွာပေးကြပါဗျာ။

ထွက်လာတဲ့အာဘော်၊ အာဘော်ဆောင်းပါးတွေက ဒီချုပ်ပါတီထဲမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကိုလှစ်ဟပြနေတယ်ဆို တာတွေ့ရပါလိမ့်မယ်။




ဦးဝင်းတင်ဆောင်းပါးထဲက အတိုင်း ဆိုရင်တော့ “သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲ ဝင်သွား လို့ ကတော့ ရဟန်း၊ ဗိုလ်၊ လူ၊ ကျောင်းသား၊ပြည်သူတွေက ဝိုင်းမေးကြမှာ မြေကြီးလက်ခတ်မလွဲပဲလို့ပြောချင်တယ်ဗျ” တဲ့ အခုတော့ ၃၀ ဧပြီ ၂၀၁၂ ဒီချုပ်ကြေညာချက်အမှတ် ( ၁၇/၀၄/၁၂) မှာတော့ “ပြည်သူလူထုဆန္ဒကိုလိုက်လျောလိုသော ကြောင့်” ဆိုပါလား။


တစ်နေ့ထဲထုတ်ဝေတဲ့ “ဒီလှိုင်းစာစောင်” မှာ ဖေါ်ပြပါရှိသော သဘောထားနဲ့ (NLD)ပါတီကြေညာချက်ပါ သဘောထား က ဖြောင့်ဖြောင့်ကြီး ဘာကြောင့် ကွဲပြားခြားနားနေတာပါလိမ့်။ ဒါကိုရှင်းလင်းပေးဖို့(NLD)ပါတီမှာတာဝန်ရှိပါတယ်။

ပြည်သူ လူထုကိုလက်တစ်လုံးခြားမလှည့်ဖျားသင့်ပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ဖျားသူတွေကို (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ ပြည်သူတိုင်း ကဆန့်ကျင်ရှုံ့ချရမှာပါ။

လူထုဆန္ဒကိုရိုသေလေးစားလျက်

တူမောင်ညို

မူရင်းသတင်းက ဒီမှာပါ။