Thursday, April 26, 2012

NLD မဲဆန္ဒရှင်များ ဘယ့်နှယ်လုပ်ကြပါမလဲ (ပေးစာ - ၁၃၅)


ကဲ......ဘယ့်နှယ်လုပ်ကြပါမလဲ NLD မဲဆန္ဒရှင်တို့ရေ နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံခြားမှာနေ အဖေမျက်နှာမထောက် လူမျိုးမျက်နှာမထောက်အင်္ဂလိပ် လူမျိုးခြားကို လက်ထပ်ပေါင်းသင်းပြီး မိမိတိုင်းပြည်နဲ့လူမျိုးကို မေ့ချင်တိုင်းမေ့ပြီး မတူမတန်သလို သတ်မှတ်၊ မြန်မာနိုင်ငံနဲ့ လူမျိးတွေကိုဆေးဖေါ်ကြောဖက်တောင် မလုပ်ခဲ့တဲ့ ဒေါ်စုကြည် ကမိခင်ဖြစ်သူ နေမကောင်းလို့ ခေတ္တပြန်အလာမှာ နိုင်ငံမှာနိုင်ငံရေးအကြပ်အတည်းတွေ့နေတဲံ့ အချိန်မှာအစဉ်တစိုက် အဖျက်လုပ်ငန်းများလုပ်ပြီး အာဏာသိမ်းလိုတဲ့ ဗကပ အုပ်စုဝင်များ၊ မဆလ အစိုးရလက်ထက်မှာ တာဝန်ကြီးကြီးယူပြီး တာဝန်မဲ့လုပ်ခဲ့မှုတွေကြောင့် အရေးယူခံအဖြုတ်ခံ ကြရတဲ့ တပ်ပြုတ်အရပ်ပြုတ် များနဲ့ အကြောင်းအမျိုးမျိုးကြောင့် အကျိုးစီးပွားနစ်နာခဲ့ကြသူတစုရဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဆိုတဲ့အရှိန်အ၀ါကို ယူပြီး နိုင်ငံရေးခေါင်းဆောင်တယောက်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးလှုပ်ရှားကြခဲံ့တဲ့အပေါ်မှာ လူသိများ ထင်ရှားပြိး ဒီကနေ့ ဒီနေရာ ရောက်လာတာပါ။

။ဒေါ်စုကြည် နိုင်ငံရေးလှုပ်ရှားမှုနဲံ့ ပါတ်သက်ပြီးဘာတွေ တွေ့ခဲ့ရသလဲဆိုတော့ နိင်ငဲံနဲ့လူမျိးထိခိုက်နစ်နာစေမဲ့ ပြည်ပနိုင်ငံခြားသားများ မြန်မာနိုင်ငံကိုခ၇ီးသွားမလာရောက်ဖို့ မြန်မာနိုင်ငံ ကိုပိတ်ဆို့အရေးယူဖို့ ဆိုတာတွေကိုဘဲ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တာကနိုင်ငံကို အကျိုးပြုစေတာလားအကျိုးပျက်စေတာလား။ဒီအတောအတွင်းးလည်း သောင်းကျန်းသူများနဲံ့  အပေးအယူအဆက်အသွယ် များလုပ်ခြင်း၊ ဆန့်ကျင်ဖက်အဖွဲ့ အစည်းများအား မြှောက်ပင့်သွေးထိုးပေးခြင်း၊စသဖြင့် အကျိုးပျက် လုပ်ငန်းတွေကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ပါတယ်။ ဒါတွေကိုယုံကြည်ပြီးလုပ်ခဲ့ကြလို့ အသက်သေခဲ့ကြတဲ့ ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူတွေအများကြီးရှိပါတယ်။ ဒေါ်စုကြည်က ပန်းပန်လျှက်ပါ။

၂၀၀၈မှာကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီေ၇ွးကောက်ပွဲမှာလည်း ဒေါ်စုကြည် တို့ ပါ ၀င်ယှဉ်ပြိုင်ခြင်းမပြုတဲ့အပြင် ပြည်သူတွေကိုတောင် မဲမပေးအောင် စည်းရုံး ဟန့်တားမှုမျိုးလုပ်ခဲ့ကြပါတယ်။ ဥပဒေအတိုင်းသာ အရေးယူရင် ထောင်ကတောင်လွတ်မှာ မဟုတ်တော့ဘူး။ဒါတွေပြောရရင်ပြီးမှာမဟုတ်တော့ပါဘူး။အခုလောလောဆယ်အခြေအနေကို ပြောပါ မယ်။ တိုင်းပြည်တိုးတက်အောင် လူမျိုးတိုးတက်အောင် လုပ်လိုပါတယ်ဆိုတဲ့ဒေါ်စုကြည်ကို လုပ်လို့ကိုင်လို့ရအောင် ပြင်ဆင်သင့်တဲံ့ ဥပဒေတွေကို ပြင်လိုက်တဲံအတွက်အများစုရဲ့ထောက်ခံမဲအရ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်နေပါပြီ။ လွှတ်တော်တက်ပြီး တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဘဲရှိပါတယ်။အခုတော့ဒီလိုမဟုတ် နိုင်ငံအသီးသီးက မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသင့်ကြောင်း ပြောဆိုနေကြတဲ့အချိန်မှာတောင် ဗြိတိန် နိုင်ငံကဆိုင်းငံ့ပိတ်ဆို့မှုကို မကန့်ကွက်ဘဲ ထောက်ခံပါတယ်ဆိုတာ ဘယ်လိုသဘောလဲ ။

နောက် သမ္မတကြီး ပြည်ပမှာတိုင်းပြည်အကျိုးအတွက်သွားရောက်နေစဉ် ဘာမဟုတ် တဲ့ ကိစ္စ အကြောင်းပြပြီး လွှတ်တော် မတက်ရောက်တာဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြပ်အတည်း တွေ ရှိနေသေးတယ်ဆိုတဲ့ အရိပ်အရောင်ပြပြီး သမ္မတကြီးကို မျက်နှာပျက်စေတာလား။ နိင်ငံရေးအောက်လမ်းနည်းတွေ မသုံးသင့်တော့ပါ။ မဲဆန္ဒရှင်တွေရဲ့ မျက်နှာကိုကြည့်သင့်ပါတယ်။

အဲလိုပြည်သူ့မျက်နှာမကြည့်ဘဲ တိုင်းပြည်အကျိုးမကြ့ည်ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းဘဲ ရောက်ရောက် ဆိုတဲ့ ခံယူချက်နဲ့ လုပ်နေရင်တော့ ............ NLD မဲဆန္ဒရှင်များ ဘယ့်နှယ်လုပ်ကြပါမလဲ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ


ယခုခေတ်တွင် ကွန်ပျူတာအကြည့်များလာသည်နှင့်အမျှ

(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက် ခြင်း)များ ဖြစ်လာကြပါသည်။

ထိုသို့မဖြစ်ရန် အောက်ပါအချက်များကိုနားလည်ထားရပါသည်။

၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်ခုဖြစ်သည်။+၆၀.ဝDioptresရှိသည်။Lens ၏င်္Function မှာအမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍ကြည့်သော အရာဝတ္ထုသည်ဆုံချက်(Focus) တွင်ရှိရမည်။

ထို့ကြောင့်Computer Monitor ကို မျက်စိ၏ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။

Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိနိုင်ရန် Monitor နှင့်မျက်စိအကွာအဝေးကိုရှေ့တိုး၊ နောက်ဆုတ်ပြုလုပ်ချိန်ရပါမည်။

မျက်လုံး၏ဆုံချက်တွင်ကြည့်သောအရာဝတ္ထုကျရောက်ပါကကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါ သဖြင့်မျက်စိအညောင်းသက်သာမည်ဖြစ်ပါသည်။

၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာခဏခတ်၍Computer ကြည့်သင့်ပါသည်။Computer Monitorကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမတူပါ။ Computer Monitor ကြည့်ခြင်းသည် စာအုပ်ဖတ်ခြင်းထက်Contrast နည်း၍ အားပိုစိုက်ရသောကြောင့် Staring Gaze ဖြင့်ကြည့်ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိမျက်ရည်လွှာ(Tear Film) အငွေ့ပျံခြင်း (Evaporation)ပို၍ များပြီးမျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီးမျက်စိ၏ အမြင်ခံစားမှု (OpticalResolution) သည် Computerကြည့်ချိန်ကြာသည်နှင့်အမျှ ပို၍နည်းလာပါသည်။ ထို့ကြောင့် Computerကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း(Blin king) လုပ်ပေးရပါမည်။

၃။ မျက်စိသည် အဝေးရှိရာ အရာဝတ္ထုများကို ကြည့်သောအခါ အလင်းတန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်ရသည်မှာ သက်တောင့်သက်သာရှိပါသည်။ အနီးကိုကြည့်သောအခါအလင်းတန်းများသည် အနီးရှိအရာဝတ္ထုကိုစုစည်း၍ ကြည့်ရသဖြင့်မျက် စြွိကက်သားကို ပို၍အလုပ်လုပ်ရပါသည်။ ထိုသို့အနီးကိုကြည့်နိုင်သောစွမ်းရည် (၂၀)မိနစ်မှ (၃၀)မိနစ်သာရှိသည်။ ထို့ကြောင့် Computer ကိုဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်သင့်ပါ။ နာရီဝက်ပြည့်တိုင်း(၁)မိနစ်ခန့်နားရပါမည်။Intermittent Relaxationဖြစ်ပါသည်။ဖြစ်နိုင်ပါက မျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါသည်။ဤအထက်ပါ အချက်(၃)ချက်ကို ဂရုစိုက်၍ လိုက်နာခြင်းဖြင့်Computer ကြောင့်ဖြစ်သော မျက်စိညောင်းညာမှုကို သက်သာစေပြီးComputer ဖြင့် အလုပ်လုပ်ရာတွင်ပို၍ အထောက် အကူပြုနိုင်မည်ဖြစ် ကြောင်းတင်ပြအပ်ပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

KIA Order


နေ့စွဲ။ ၂၀၁၂ ခုနှစ် ဧပြီလ (၁၈) ရက်

သို့

တပ်မဟာ (၁/၂/၃/၄/၅) တပ်ရင်းများဌာနချုပ် ကချင်လွတ်မြောက်ရေးဗဟိုကော်မတီ ကချင်လွတ်မြောက်ရေးကောင်စီအထွေထွေအုပ်ချုပ်ရေးရုံး

အကြောင်းအရာ။        ရှမ်းလူမျိုး တပ်ဖွဲ့ဝင်များအား သတိထားရန် အကြောင်းကြားခြင်း

၁။ ယခုရက်ပိုင်းအတွင်း KIA တပ်မဟာ အသီးသီးရှိ တပ်ဖွဲ့ဝင်များသည် ရန်သူ၏ စည်းရုံးသိမ်းသွင်းမှု့ကြောင့် လက်နက်ချ ထွက်ပြေးမှု့များ အများအပြား ဖြစ်ပေါ်နေသည်။

၂။ မကြာမီ ရက်ပိုင်းအတွင်းက တပ်မဟာ(၅)မှ တကကျော်ဆန်းခေါင်းဆောင်သော ရှမ်းလူမျိုးများ ဖြစ်သည့် အင်အား ၃၅ ဦးသည် ကချင်လွတ်မြောက်ရေးတပ်မတော်ကို သစ္စာဖောက်ပြီး ရန်သူ့ထံ ကူးပြောင်းသွားပါသည်။ ၎င်းတို့ အဖွဲ့အား သေဒဏ်ပေးပြီး ဖြစ်၍ တွေ့သည့် နေရာတွင် သတ်ဖြတ်သွားရန် အကြောင်းကြားသည်။

၃။ တပ်မဟာ အသီးသီးတွင် ရှိသော ဗမာ နှင့် ရှမ်းလူမျိုး စစ်သည်များအား တက ကျော်ဆန်းကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်အတွက် အနီးကပ်စောင့်ကြည့် သွားရန်၊ ထွက်ပြေးရန် ကြိုးပမ်းပါက ဗဟိုဌာနချုပ်အမိန့်ကိုစောင့်ဆိုင်းရန်မလိုပဲ ဖမ်းချုပ်ထိန်းသိမ်းထားရန် ၊ ကေအိုင်အေ တပ်ဖွဲ့ အတွက် တပ်သားသစ် စုဆောင်းရာတွင် ရှမ်းလူမျိုး၊ ဗမာလူမျိုးနှင့် ဗမာတပ်မတော် တပ်သားဟောင်းများကို စုဆောင်းခြင်း မပြုရန် အကြောင်းကြားသည်။

(ဗိုလ်မှူးချုပ်ဂွမ်မော်)
စစ်ရုံးချုပ်
K.I.A 
လိုင်ဇာမြို့ 

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

၃ကျောင်းပြောင်းသောရှင်၊ ၃လင်ပြောင်းသောမယား၊ ၃ပါတီပြောင်းသောအမတ်နှင့် ၄ပါတီ ပြောင်းပြီးသည့် ဒေါက်တာမြတ် ဉာဏစိုး


ဧပြီ(၂၃)ရက်နေ့ကစတင်ပြီး ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဒေါက်တာမြတ်ဉာဏစိုးအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခွင့်ပြုတဲ့မေးခွန်းနဲ့ အဆိုတွေ တင်ထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပြောပြ ချက်အရ သိရပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးက “တတိယအကြိမ် လွှတ်တော်အတွက် မေးခွန်း ၁၀ခုနဲ့ အဆို ၆ခု အတွက်ကြိုတင်ပြင်ဆင်ချက်တွေ ကို အဖွဲ့ချုပ်က ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို တင်ပြပြီး ခွင့်ပြု ချက်တောင်းခံခဲ့တယ်။ အဖွဲ့ချုပ် ရဲ့ မူဝါဒနဲ့ကိုက်ညီမှုရှိမရှိ စိစစ် ပေးဖို့တင်ခဲ့တာပါ။ အဖွဲ့ချုပ်ကလည်း ဒါကိုခွင့်ပြုပါတယ်။ အခု လောလောဆယ် လွှတ်တော်မှာ မေးခွန်း ၂ခုပဲ ပေါ်လာသေးတယ်။ အဆိုတွေက မတင်ရသေးဘူး။ ဘတ်ဂျက် ကိစ္စတွေ ရှိ နေလို့တင်ဖို့အချိန်မရသေးဘူး”” လို့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အ မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက လည်း “သူက မေးခွန်းနဲ့ အဆို တွေတင်ပြီး ခွင့်ပြုချက်တောင်း ခဲ့ပါတယ်။ နောက် အစီ အစဉ်တွေမှာဒေါက်တာမြတ်ဉာဏ စိုးကလည်း ကျွန်တော်တို့နဲ့ပူး ပေါင်းပြီး ပြည်သူလူထုအကျိုး ရှိ မယ့်ကိစ္စတွေကို လွှတ်တော် တင် ဖို့ စီစဉ်သွားမှာပါ။ အခုလော လောဆယ်တော့ လွှတ်တော်ပိုင်းနဲ့ ပတ်သက်ပြီး သီးသန့်တာဝန် ပေးထားတာမရှိသေးပါဘူး။”လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ဒေါက်တာမြတ်ဉာဏစိုးကို အဖွဲ့ချုပ်ရဲ့ အမတ်အဖြစ် မိတ်ဆက်ပေးတဲ့ပွဲ သီးသန့်လုပ်ပေးခဲ့ပါတယ်။ ဒေါက်တာမြတ်ဥာဏစိုးဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်က မဲဆန္ဒနယ်-၄ခုမှာ အဖွဲ့ချုပ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးနဲ့ မဲ ဆွယ်စည်းရုံးရေးအတွက် ၀ိုင်းဝန်းကူညီပေးခဲ့ပါတယ်။ ဒေါက်တာမြတ်ဉာဏစိုးကို ဇန်န၀ါရီလ ၂၇ရက်နေ့မှာ ပါတီဝင် အဖြစ်အသိအမှတ်ပြုဖို့ စိစစ်ပြီး ဇန်န၀ါရီလ ၃၀ရက်နေ့မှာ ပါတီ ၀င်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပေမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာမှ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

အခုလွှတ်တော်အစည်းအဝေး ပထမနေ့မှာတော့ ““ ၅၀၀၀ တန် ဆင်းကဒ် ပေါ်ပေါက်ရေး”” ဆိုင်ရာ မေးခွန်းကို မေးခဲ့ပါတယ်။ မိထွေး NLD ပါတီက လွှတ်တော်ထဲမ၀င်လာသေးခင် NLD ပါတီရဲ့ တစ်ဦးတည်းသော အမတ်အဖြစ် လွှတ်တော်ထဲ အမတ်နေရာအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီနဲ့လည်း အဆင်ပြေအောင် နေနေရပါတယ်။ NLD မရောက်ခင် လွှတ်တော်မှာ နေရချောင်အောင် ဆက်သွယ်ရေးဒုဝန်ကြီးကို ၅၀၀၀ တန်ဆင်းကဒ်အရေး လွှတ်တော်ကနေ ပြည်သူတွေဆီ ရှင်းပြခွင့်လေးရအောင် မေးခွန်းလေးမေးပြီး ကြံဆောင်ပေးလိုက်ပါတယ်။

ငယ်စဉ်ကျောင်းသားဘ၀က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နောက်အလုပ်ဝင်တော့ အလိုလိုဝင်မိသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ရွေးကောက်ပွဲကိုတော့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေ ၀င်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပါတယ်။ NLD ပါတီအဖြစ်ပြောင်းတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့ပြီး လောလောဆယ်မှာတော့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ခင်မင်ရင်းနှီးစွာ လွှတ်တော် တက်နေပါကြောင်း။ ။

မူရင်းသတင်းက ဒီမှာပါ။

တရုတ်ထံ ရောင်းပြီး လျှပ်စစ် ပြန်ဝယ်မည်ဟု ရန်ကုန် လျှပ်စစ်ဝန်ကြီးဆို

ရန်ကုန်တိုင်းတွင်း လျှပ်စစ်မီး ပြည့်ဝစွာ ရရှိစေရေးအတွက် ယခင်က တရုတ်နိုင်ငံသို့ ရောင်းချ ထားသော လျှပ်စစ်ဓါတ်အားများထဲမှ မဂ္ဂါဝပ် ၁၀၀ ကို ပြန်ဝယ်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လွှတ်တော်ကိုယ်စားလှယ်များကို ဖြေကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၊ ဒုတိယနေ့တွင် တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လျှပ်စစ်သုံးစွဲမှုဟာ ဒီနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျ ဓါတ်အားပေးတဲ့ စနစ်ကို ဆောင်ရွက်ခဲ့ရတာပါ။ အလှည့်ကျ စနစ်ကို ကျော်လွှားနိုင်ဖို့အတွက် စက်မှုဇုန်တွေကို ပေးတဲ့ လျှပ်စစ်ကို လျှော့ပြီး ပြည်သူသုံးအတွက် ဖြန့်ဝေပေးလျက် ရှိပါတယ်။ ယခင်က ပိုလျှံလို့ တရုတ်ကို ရောင်းချထားတဲ့ လျှပ်စစ်ဓါတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း ပြန်ဝယ်ယူပြီးတော့ မိမိပြည်သူတွေအတွက် ဖြည့်ဆည်း ဖြန့်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”ဟု ဦးဉာဏ်ထွန်းဦး က ဖြေကြားသွားခဲ့သည်။


ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦး အားပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ ဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။ 
(ဓါတ်ပုံ - မဇ္ဈိမ)

ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဒေါ်ကြည်ကြည်မာ၏ “၂၄ နာရီ မီးရရှိရေးကို မည်သို့ဆောင်ရွက်မည်ကို သိလိုသော မေးခွန်း” နှင့် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာ ဒေါ်ညိုညိုသင်း၏ “ရန်ကုန်တွင် ယနေ့ ပေးဝေနေသော လျှပ်စစ်မီး ပေးဝေရေးမှာ အလှည့်ကျဟု သိရပြီး ယင်းထက် သာလွန်ကောင်းမွန်သော အစီအစဉ် ရှိမရှိ” မေးသော မေးခွန်းတို့အပေါ် ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုသည် ယခင်က မဂ္ဂါဝပ် ၅ဝဝ နှင့် ၆ဝဝ ကြား သုံးစွဲခဲ့သော်လည်း ၂ဝ၁၂ ခုနှစ်တွင် တနေ့လျှင် မဂ္ဂါဝပ် ၇ဝဝ ထိ သုံးစွဲကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးက ဗုဒ္ဓဟူးနေ့ လွှတ်တော်တွင် ပြောကြားသွားသည်။

ရန်ကုန်မြို့ပေါ်အား အုပ်စု လေးစုခွဲ၍လည်းကောင်း၊ မြို့ပြင်အား အုပ်စုနှစ်စု ခွဲ၍လည်းကောင်း ဧပြီ ၂ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး အလှည့်ကျပေးလျက် ရှိသည်။

အမှတ် ၁ လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း က “ကျနော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့” ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောဆိုခဲ့ဖူးသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအတွက် လျှပ်စစ်သုံးစွဲရန် တရုတ်နိုင်ငံထံ ရောင်းချပြီးဖြစ်သော လျှပ်စစ်မဂ္ဂါဝပ် ၁ဝဝ အား မည်သည့်ဈေးဖြင့် မည်သို့ ပြန်လည် ဝယ်ယူမည်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင် ရှိသော ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံ မြို့နယ်တို့တွင် ရှိသော စွမ်းအားပြည့် မလည်ပတ်နိုင်သည့် သဘာဝဓါတ်ငွေ့ဖြင့် လည်ပတ်ရသော ဓါတ်အားပေး စက်ရုံများကိုလည်း ပြန်လည် လည်ပတ်နိုင်ရေး သဘာဝဓါတ်ငွေ့ ထပ်မံတိုးချဲ့ရရှိစေရေး စီမံနေသည်ဟုလည်း ဦးဉာဏ်ထွန်းဦး က ဆိုသည်။

တိုးတက်လာမည့် စက်ရုံ၊ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် လျှပ်စစ် ဓါတ်အားပေး စက်ရုံသစ်များ ကိုလည်း ထပ်မံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသွားခဲ့သည်။

မင်းသက် - ရန်ကုန် (မဇ္ဈိမ)

မူရင်းသတင်းက ဒီမှာပါ။

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့ အမေရိကန် မရည်ရွယ်

မြန်မာအစိုးရအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို လုံးဝ ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန်အစိုးရမှာ ရည်ရွယ်ချက် မရှိကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Kurt Campbell က ပြောလိုက်ပါတယ်။


RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်က ၀ါရှင်တန် ဒီစီ မြို့တွင် ကျင်းပသည့်
မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ သုံးသပ်ရေး ကြားနာပွဲတွင်
မစ္စတာ Kurt Campbell စကားပြောဆိုနေစဉ်။

ဝါရှင်တန် ဒီစီ မြို့မှာ မနေ့က ကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ သုံးသပ်ရေး ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။

အဲဒီကြားနာပွဲမှာ Mr. Kurt Campbell က - သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မိမိတို့ ကြိုဆိုပေမဲ့ တချို့ နေရာတွေမှာ ပိတ်ဆို့ အရေးယူတာကို မရုပ်သိမ်းပါဘူး။ ရိုးရိုးသားသား ပြောရရင်တော့ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိပါဘူးလို့ Mr. Kurt Campbell က ပြောဆိုခဲ့ပါတယ်။

ပြုပြင် ပြောင်းလဲမှုတွေဟာ အရင်အတိုင်း ပြန်လှည့်သွားတာမျိုး၊ အပြောင်းအလဲတွေ တုံ့ဆိုင်းနေတာမျိုးတွေ ဖြစ်လာရင် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တွေကို မူလအတိုင်း ဆက်ထားရှိဖို့ လိုအပ်လာမယ်ဆိုတာ မိမိတို့ ထည့်သွင်း စဉ်းစားထားပြီး ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြောက်ပိုင်း ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ ဒေသခံတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ သတင်းတွေကို ကြားသိနေရကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ လွှတ်ပေးခဲ့ပေမဲ့ အနည်းဆုံး ရာနဲ့ချီပြီး ကျန်ရှိနေသေးတယ်လို့လည်း Mr. Campbell က ပြောဆိုပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ထွက်ဆို သွားခဲ့ရာမှာလည်း အမေရိကန် အစိုးရ အရာရှိကြီးတွေရဲ့ပျက်ကွက်မှုတွေကို ပြောဆိုသွားခဲ့ပါတယ်။

ဝါရင့်ကျောင်းသား ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့ဝင်တွေနဲ့ တိုင်ပင်နှီးနှော ဆွေးနွေးတာမျိုး မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို လျော့ပေါ့ပေးလိုက်တဲ့ အချက်ကိုလည်း ထောက်ပြသွားခဲ့ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်တို့ကို NLD ညှိနှိုင်းမယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ကျမ်းကျိန်စာသား ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ် ခေါင်းဆောင်တွေကို ဆက်သွယ် ညှိနှိုင်းပြီး ပြေလည်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဗီးယားက ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်တယ်လို့ မစ္စတာ နန်းဗီးယားက ပြောပါတယ်။

လွှတ်တော်မှာလည်း စစ်တပ်က ကိုယ်စားလှယ်တွေ အများအပြား ပါဝင်နေတာ ဖြစ်လို့ တပ်မတော် ကိုယ်စားလှယ်တွေ အနေနဲ့ကလည်း သူ့ရဲ့ နိုင်ငံရေး အမြင်အပေါ် တကယ့်ကို လက်ခံစဉ်စား နိုင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား သွားကြောင်း မစ္စတာ နမ်ဗီယားက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီကိစ္စကို နှစ်ဘက်စလုံးက ချင့်ချင့်ချိန်ချိန်နဲ့ ပြေလည်အောင် ဆောင်ရွက် နိုင်လိမ့်မယ်ဆိုတာ အတော့်ကို သေချာပါတယ် လို့လည်း မစ္စတာ နန်ဗီးယားက ပြောကြားသွားပါတယ်။

လွှတ်တော်မှာ ကျမ်းကျိန်တဲ့အခါ အခြေခံဥပေဒကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံး အစား လေးစားလိုက်နာပါမည်လို့ ပြောင်းလဲပေးဖို့ NLD က တောင်းဆိုထားတာ ဖြစ်ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

တရားဥပဒေ စိုးမိုးရေ တဖွဖွပြောနေတဲ့ ဒေါ်စုနဲ့ NLD အနေနဲ့ ဥပဒေကို ပိုပြီးလိုက်နာသင့်ကြောင်း ဦးသိန်းညွန့် ထောက်ပြ


တရားဥပဒေ စိုးမိုးရေး တဖွဖွပြောနေတဲ့ NLD အနေနဲ့ ပိုပြီး လိုက်နာ သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ရှေ့နေကြီး ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။

လွှတ်တော်ထဲမှာ အင်အား ၆% တောင် မရှိတဲ့ NLD ပါတီဟာ လွှတ်တော်မတက်ပဲ သပိတ်မှောက်လျှက်ရှိနေချိန်မှာ ဦးသိန်းညွန့်က ခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် NLD လွှတ်တော်ထဲရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်မြောက်ရေးဆိုင်ရာ နည်းဥပဒေအတိုင်းလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အနေနဲ့ ရွေးကောက်ပွဲ မဝင်ခင်ကတည်းက စဉ်းစားရမယ့်ဟာ ကို စဉ်းစားခဲ့ပဲနဲ့ ခုမှ ကကျီကကြောင် လုပ်နေကြောင်း လည်း ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အခြေခံဥပဒေကို ပြင်လိုပါက အခြေခံဥပဒေပါ အခန်း (၁၂) အရ သာ ပြင်သင့်ကြောင်း ရှေ့နေဦးသိန်းညွန့်က ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ ကို လွှတ်တော်ထဲမှ မပြင်ပဲ လမ်းပေါ်ထွက်ပြင်မယ် ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် တုန်းက ဘာတခုမှ မအောင်မြင်ခဲ့သလိုပဲ ဖြစ်နေမှာ ဖြစ်ကြောင်းကို ထောက်ပြ ပြောကြားခဲ့ပါတယ်။

ဦးသိန်းညွန့်ဟာ ယခင်က NLD ပါတီဝင် တစ်ဦးဖြစ်ပြီး နောက်ပိုင်းပါ NLD ပါတီရဲ့ ညံ့ဖျင်းမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းမရှိမှုတွေကြောင့် ပါတီကနေ ထွက်ခွာသွားသူ ဖြစ်ပြီး ဟီလာရီကလင်တန် လာတုန်းကလည်း တွေ့ခဲ့သူ ဖြစ်ပါတယ်။ NLD ပါတီမှ လက်တလော ကျင်းပနေတဲ့ လွှတ်တော်ကို သပိတ်မှောက်ကာ မတတ်ကြဘူးလို့ ပြောနေကြပေမယ့် NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဥာနစိုးကတော့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စကားကို နားမထောင်ပဲ လွှတ်တော်တတ်နေတာကို တွေ့ရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

တံခါးပိတ်ပြီး လက်ယပ်ခေါ်နေသော လွှတ်တော် (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အများစု အနိုင်ရရှိခဲ့တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ သို့သော် လွှတ်တော် တက်ခါနီး ဆဲဆဲမှာ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ကိစ္စကဖြစ်လာတယ်..ဒီကိစ္စဟာ သာမန်ကြည့်မယ်ဆို အသေးဖွားလေးလိုလို ကျော်လွှားသွားရင်ပဲ ဖြစ်တော့ မရောင်ရောင် ပြောဆိုနေတဲ့ ခပ်ညံ့ညံ့ လွှတ်တော် ကိုယ်စားလှယ် ဆိုသူများရဲ့ အင်တာဗျူးများကိုလည်း နားထောင်လိုက်ရပါတယ်….။

လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးခင်ရွှေ ကဆို….၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ကျမ်းသစ္စာ ကတိပြုချက် (အင်္ဂလိပ်လို) ဟာနဲ့ တလွဲ ဒီမိုကရေစီဖွံ့ဖြိုးနေတဲ့. နိုင်ငံတွေက…ကျမ်းသစ္စာ ကျိန်ဆိုချက်တွေကို မဆီမဆိုင် ကိုးကားပြီး ပြောသွားလေရဲ့ ပြောသွားတော့လည်း အင်္ဂလိပ်လို တလွဲတွေချည်းပဲ သူပြောသွားတာက………

အမေရိကန်မှာ ဆိုရင် - I will support to defend of the constitution.
ဂျာမနီမှာ ဆိုရင် - Defend of the visit law.
ဂျပန်မှာ ဆိုရင် - I will protect of the defend of the national chatter.
ဂရိမှာလည်း ဒီတိုင်းပဲ...
အိန္ဒိယမှာ ဆိုရင် - Will to the best of the ability of the protect of the defend.
ဖိလစ်ပိုင်မှာ ဆိုရင် - Defend of the constitution.
စင်္ကာပူမှာ ဆိုရင် - l will preserve, protect of the defend of the Constitution of the Republic of Singapore.

ဒီလိုမျိုးသစ္စာ ဆိုပြီးမှသာလျှင် လွှတ်တော်ထဲ ၀င်လို့ရတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုပဲ ဖြစ်ဖြစ် ဟောင်း အဲ့ဘား ပြည်သူတစ်ယောက်နဲ့ နေမယ်ဆိုရင်တော့ ရီစပက် ဆိုတဲ့ စကားလုံးနဲ့ နေလို့ရတယ်။ လွှတ်တော်ထဲ ၀င်မယ်ဆိုရင်တော့ ဒီဖန့်ဆိုတဲ့ စကားလုံးနဲ့မှ ၀င်လို့ရတယ်။ DBV နဲ့ အင်တာဗျူးမှာ ဒေါက်တာခင်ရွှေ ပြောသွားတဲ့ စကား အချို့ပါ။ မေးတာနဲ့ ဖြေတာ တလွှဲစီ ဖြစ်ရတဲ့ အထဲ အဓိပ္ပါယ် မသိပဲ ရွတ်ပြသွားတာ တော်တော်ဆိုးတယ်။

(facebook မှာ တယောက်တင်ထားတဲ့ ဟာပါ)။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ.. ကျမ်းသစ္စာကျိန်ဆိုချက်မှာ အင်္ဂလိပ်လို သူပြောသွားတဲ့ အထဲက (defend) ကာကွယ်ပါမည် ဆိုတာ တလုံးမှ မပါဘူး…မဆီမဆိုင်တွေ ငါ့စကား နွားရပြောသွားတယ်. …ဒါက ၂၀၀၈ ဖွဲ့စည်းပုံထဲက ကျမ်းကျိန်ချက်...

SCHEDULE FOUR
Form of Oaths or Affirmation
(Refer to Section 125)

I ................ do solemnly and sincerely promise that as an elected representative of the Pyithu Hluttaw/ the Amyotha Hluttaw/ the Region or State Hluttaw, I will uphold and abide by the Constitution of the Union. I will be loyal to the Republic of theUnion of Myanmar and citizenry and hold always in esteem non-disintegrationof the Union, non-disintegration of national solidarity and perpetuation of sovereignty. In addition, I will carry out the responsibilities uprightly to the best of my ability.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမ၀င်ပဲ ဆိုင်းငံ့နေမှုသည်.. ဝေါဟာရ ပြသနာမဟုတ်ပါ။ ယုံချက်ချက် ပြသနာဖြစ်သည်။ ဒီကိစ္စကို ပေါ့ပေါ့သဘော ထားမရပါ..။ အစိုးရဘက်က ပြဌာန်းထားသော ကျမ်းသစ္စာဆိုချက်တွင် အင်္ဂလိပ်လို uphold ဆိုတာကို ရှင်းပြချင်ပါသည်..အဓိပ္ပါယ်က..

(To maintain or affirm against opposition - မဆန့်ကျင်ဘို့ အတည်ပြုရမည်၊ ထိန်းသိမ်းပါမည်၊ To prevent from falling or sinking - ပျက်စီးမသွားအောင် တားဆီးပါမည် ) .စဉ်းစားကြည့်ပါ.။ NLD ရွေးကောက်ပွဲမှာလူထုကို ကတိပေးထားတာက...၂၀၀၈ ဖွဲ့စည်းပုံပြင်မယ်။ ဆိုတာ. အဓိကမူ. ဒီကိစ္စကို လွယ်လွယ်လေး ခပ်ပေါ့ပေါ့လုပ်လိုက်ရင်... လူထုကို ပေးထားတဲ့ ကတိဖျက်ရာ မရောက်ဘူးလား. NLD လုပ်ရပ်မှန်တယ်။ ဒီကိစ္စဟာ... လူထုဆန္ဒကို ရွေးကောက်ပွဲအပြီးမှာ ထပ်ဆင့်ဖော်ဆောင်တာ....။

.အရပ်ထဲ ရွာထဲမှာ ပြောသလို ရမ်းတုတ် ရမ်းပြော ရမ်းလုပ်လို့ ရတဲ့ အရာမဟုတ်။ အရေးကြီးပါတယ်။ လွှတ်တော်ထဲမှာ ဖြေရှင်းတယ်ဆိုတာ။ တရားရုံးတရုံးမှာ ထုချေရသလိုဖြစ်ပါတယ်။ အချက်အလက်တွေ အထောက်အထားတွေ ယုတ္တိသဘောတရားတွေ လက်ခံနိုင်မှု့တွေနဲ့ ပေါင်းစပ်ကြိုးစားရတဲ့ အမျိုးပါ… ကိုယ်ထင်တာ မြင်တာတွေနဲ့ ရမ်းပြောလို့မရ။ ဥပမာပြောမယ်ဆိုရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်တယ်။ (မင်းပြောမှလား ငါတို့ သိတယ်လို့ ခွန်းတုန့်မပြန်ပါနဲ့ဦး) ဆက်ရှင်းပါမယ်။ အရင်ပြောနေတဲ့ လူထုခေါင်းဆောင်ဆိုတာ လူထုက သတ်မှတ်ပေးထားတဲ့ ခေါင်းစဉ် အခု လူထုခေါင်းဆောင်ဆိုတာ ဥပဒေအရပါ.. (Legally) လူထုခေါင်းဆောင်ဖြစ်သွားတယ်။

တခါ (defend) ကာကွယ်ပါမည် ဆိုတဲ့စကားလုံး သုံးရအောင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အင်္ဂါရပ်များနဲ့ညီညွတ်အောင် ဆောင်ရွက်ထားတဲ့ အရာမဟုတ်…ဒီစကားလုံးကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ၊ လူ့အခွင့်ရေးဖွံ့ဖြိုးတဲ့ နိုင်ငံများမှာ ပြင်စရာ မလိုလောက်တဲ့ အနေထားမို့ သုံးတာ။ အမေရိကန်ပြည်ထောင်စုမှာ ကိုယ်စားလှယ်တွေကို လူထုကရွေးချယ်တင်မြှောက်အပြီး ကွန်ဂရက်မစခင် ကျမ်းသစ္စာ ကျိန်ဆိုရပါတယ် (နိုင်ငံတော်တော်များများလည်း ဒီအတိုင်းပါပဲ)။

A solemn affirmation or declaration, made with an appeal to God for the truth of what is affirmed. The appeal to God in an oath, implies that the person imprecates his vengeance and renounces his favor if the declaration is false, or if the declaration is a promise, the person invokes the vengeance of God if he should fail to fulfill it. A false oath is called perjury.”

ဆိုလိုရင်းအနှစ်ကို ဆီလျှော်အောင်တင်ပြပါမယ်။ ကျမ်းသစ္စာ ကျိန်ဆိုတယ်ဆိုတာ အတည်ပြု ပြဌာန်းထားချက်များသည် အမှန်များဖြစ်ပါသည်။ ဒီအတိုင်း လိုက်နာပါမည် ဆိုတာကို ဘုရားသခင်ဆီ လျှောက်ထား ကတိပြုလိုက်တာ….။ ဒါတွေကို ကတိပြုပြီးရင် လိုက်နာရမည်..သို့မဟုတ်က..(လူသားမဆိုထားဘိ) ဘုရားသခင်ကတောင် ဒဏ်ခတ်မည်။ ကတိသစ္စာပြုပြီး. လိုက်နာရန် ပျက်ကွက်ခြင်းကို မုသားသက်သေခံခြင်း လို့ခေါ်တယ်။

ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ကျော်လွှားသွားသင့်ပါသလား။ ပြင်စရာ မလိုလောက်အောင် နီးပါးရှိနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အကြောင်းမဟုတ်လှပေမယ့် ပြင်စရာ အများကြီးနဲ့ ပြည့်နှက်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွယ်လွယ်ကူကူနဲ့ တို့ကတော့ လူထုက တရားဝင် ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ပြီ။ လွှတ်တော်ထဲ ၀င်ကြစို့ ဆိုပြီး လုပ်လို့မရ.. လွှတ်တော် တံခါးဝမှာ ဆီးပိတ်ထားသော ကျမ်းသစ္စာကျိန်ဆိုခြင်း ဆိုတဲ့ အရာကြီး ရှိနေပါတယ်။ ဒီတံခါးနောက်ကနေ လက်ယပ် ခေါ်နေမှု့များကို လူပြိန်းဆန်သည် ဟုပြောချင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာ့ကြောင့် နဂိုက ဒီကိစ္စကို စမလုပ်တာလဲ လွှတ်တော်တွင်း ကိစ္စကို နဂိုက ကြိုတင်ပြင်ဆင်ပြီးလုပ်ဆောင်ရန် ဘောင်မ၀င်နိုင်ပါ။ ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီတောင်မှ မဟုတ်ပါ။ မှတ်ပုံတင်ပြီးသည့် တိုင်အောင်လည်း လူထုကရွေးချယ် တင်မြှောက်အပ်နှင်းထားတဲ့ (Mandate) ပါဝါ မရှိသေးပါ။ ယခု အချိန်ကာလသည် ထိုကဲ့သို့သော ကိစ္စများကို ထောက်ပြပြောဆိုရန် ဥပဒေပါ အခွင့်အရေးများနှင့်အညီ ကိုက်ညီနေပြီ ဖြစ်သောကြောင့် ဖွင့်ဟ ညွှန်ပြလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်မိပါတယ်။ (၁၉၉၀ ခုနှစ်က အကြောင်းအရာများနဲ့ အငြင်းပွားမယ်ဆိုရင်တော့ အဓိပ္ပါယ်တွေ အများကြီး ထွက်နိုင်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လိုလိုလားလား တဆစ်ချိုးပြောင်းလည်း ဦးတည်သွားခြင်းကိုတော့ မျက်ခြေမပြတ်မိဘို့ လိုကောင်း လိုပါလိမ့်မည်)။

ယခု အငြင်းပွားဖွယ် ဖြစ်နေသော ကျမ်းသစ္စာ ကျိန်ဆိုခြင်း (Oaths or Affirmation) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲတွင် ပြည်သူအား ပေးထားသော ကတိကို စတင်အကောင်ထည် ဖော်ခြင်းပင်ဖြစ်ပေသည်။ လွှတ်တော်တွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၀င်ရောက် ဆောင်ရွက်ရန် အခြေနေမပေးသော်လည်း လွှတ်တော်တွင်း ရှိနေသော ပါတီအသီးသီး၊ တသီးပုဂ္ဂလ အသီးသီးကနေ ဒီကိစ္စကို စတင် တင်ပြဆွေးနွေးဖြင့် စတင်နိုင်မယ်လို့ ထင်ပါတယ်။ လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ ပြည်တွင်း၊ ပြည်ပဒီမိုကရေစီ အင်အားစုများမှလည်း ၀ိုင်းဝန်း ဖိအားပေး ကြိုးစားလုပ်ဆောင်ဘို့ လိုပါလိမ့်မည်။

ယခု ကိစ္စသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် (ဈေးသည် စကားနဲ့ပြောရရင်) ဈေးဦးဖောက် ဖြစ်ပါတယ်။ ဈေးဦးဖောက်မှာ အလားအလာ မကောင်းရင် ဈေးရောင်း မကောင်းတတ်ဆိုတဲ့ ဗမာတွေ အယူအဆလိုဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပထမဆုံးပြင်ဆင်ချက် (First Amendment) အဖြစ် သမိုင်းတွင် နေပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အခြေခံဥပဒေပြင်ဆင်ချက် (Bill of Right)ဟာ လူသန်းပေါင်း များစွာကို နှစ်ပေါင်းများစွာ စောင့်ရှောက် သွားနိုင်သလို မြန်မာနိုင်ငံရဲ့ (Oaths or Affirmation amendment) ဟာလည်း ဒီမိုကရေစီ ပြတင်းပေါက်ကို စတင်ဖွင့်လှစ်ပြီး အာဏာရှင် တံတိုင်းကြီးကို စတင်ရိုက်ချိုးမဲ့ အစဦးဖြစ်ပါလိမ့်မယ်။

အားလုံးကို လေးစားစွာဖြင့်
(မောင်မောင်ဝမ်း)








မူရင်းသတင်းက ဒီမှာပါ။

ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။



ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသည့် 
မဲင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း
(ဓာတ်ပုံ - Reuters / Soe Zeya Tun)

NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။

“ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအ၀င် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။

“ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။

“ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်” ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။

ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။

“၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၄င်းက ဆိုသည်။

လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။

မူရင်းသတင်းက ဒီမှာပါ။

ဝါးခယ်မမြို့နယ် ရွှေလောင်းတိုက်မြို့ မီးလောင်မှု၌ အရက်လှောင်သည့် အိမ်ရှင်အား အရေးယူခြင်း မရှိသည့် ကိစ္စအား (တိုင်ကြားစာ)


ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေလောင်းတိုက်နယ်၊ ရွှေလောင်းမြို့ရှိ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်၌ အရက်ဆီကို ပုလင်းထဲ ပြောင်းထည့်ပြီး ချိတ်ပိတ်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ယင်းနေအိမ်သည် အရက်ပုလင်းများ၊ အရက်ဆီပေပါများ၊ နိုင်ငံခြားဖြစ် အရက်များကို လှောင်ထားသော နေအိမ် ဖြစ်ပါသည်။

ထိုအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုဖြစ်ပွားချိန်မှာ ညနေ (၆) နာရီ (၁၀) မိနစ်ခန့် တွင် လောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုတွင် အနီးနားပတ်ဝန်းကျင်မှ အိမ်ခြေ (၈) လုံးနှင့် သင်္ဘောဆိပ်ဟောင်း ဆိုင်ခန်း (၁၁) ခန်း လောင်ကျွမ်းသွားရာ ည (၁၀) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်၏ နေအိမ်တွင် အရက်ဆီမှ မီးလောင်နေသည်ကို ကိုဝင်းဦး (ခ) ကိုစာကလေးမှ မီးလောင်မှုဖြစ်ပွားရာတွင် ၀င်ရောက် ငြိမ်းသတ်ခဲ့ပါသည်။ မီးငြိမ်းသတ် ပေးရာတွင် ကူညီခဲ့သော ကိုဝင်းဦး(ခ) ကိုစာကလေးသည် ၎င်းဘေးနားတွင် ရှိသော အရက်ဆီပေပါမှ မီးစွဲလောင်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါသည်။ ကိုဝင်းဦး(ခ) ကိုစာကလေးအား ၀ါးခယ်မမြို့ နယ်ဆေးရုံတွင် လေးရက် ကုသခဲ့သော်လည်း ဒဏ်ရာမသက်သာ၍ ပုသိမ်မှ နာရေးကူညီမှုကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ဆောင်သွားခဲ့ပါသည်။




ယခုအခါ ကိုဝင်းဦး (ခ) ကိုစာကလေးသည် ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာန အမှတ် (၅၊၆)၊ အခန်း (၉)၊ အခန်း (၁၀) တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရပါသည်။ မီးလောင်ရာမှာ ဝင်ရောက် ကူညီငြိမ်းသတ်ခဲ့တဲ့ ကိုဝင်းဦးအား ဒေါ်စီစီညွန့် (ခ) ဒေါ်မျိုးမျိုးခိုင်မှ တာဝန်ယူကုသပေးခြင်း မရှိသေးပါ။ ထိုသို့ မီးလောင်သွားခဲ့သော်လည်း ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ တိုက်နယ်စခန်းမှုးတို့မှ အစ မီးစတင် လောင်ကျွမ်းခဲ့သော နေအိမ်မှ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်အား အရေးယူခြင်းမျိုးကို မရှိခဲ့ပါ။ မီးလောင်ကျွမ်းခြင်း ခံခဲ့ရသော နေအိမ်များမှ ကျိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါသည်။ ထို့ အတူ ၀ိုင်းဝန်းကူညီသူ ထိခိုက်ဒဏ်ရာ ရရှိမှုအားလည်း မီးလောင်ကျွမ်းရမှု တရားခံဖြစ်သူ ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် သက်ဆိုင်ရာမှ တာဝန်ယူ ဆေးကုသပေးခြင်း မပြု လျစ်လျူရှုနေမှုသည်လည်း မတရားသောလုပ်ရပ် ဖြစ်ပါသည်။ အရက်သိုလှောင်ရောင်းချ စီးပွားရေးရှင် ဒေါ်စီစီညွန့်(ခ) ဒေါ်မျိုးမျိုးခိုင်နှင့် ငွေကြေးရယူကာ မီးလောင်မှုအား လုံးဝအရေးယူခြင်း မရှိဘဲ နှုတ်ပိတ်နေသော ၀ါးခယ်မမြို့နယ် အုပ်ချုပ်ရေး၊ ရွှေလောင်း တိုက်နယ်စခန်းမှုးတို့၏ လုပ်ရပ်အားလည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် သမ္မတကြီးများ သိရှိစေရန် တိုင်ကြားအပ်ပါသည်။


မီးလောင်ကျွမ်းခြင်းခံခဲ့ရသော ပြည်သူများ၊ 
(ရွှေလောင်းတိုက်နယ်၊၀ါးခယ်မမြို့ နယ်)။

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်တွင်တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူဘက်က ရပ်တည်နေ

အစားထိုးပြောင်းလဲလိုက်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှာ ဒီမိုကရေစီမိတ်ဘက် ပါတီများက တင်သွင်းသည့်အဆိုများအား ထောက်ခံအားပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ထံက သိရှိရသည်။

မတ်လ(၂၄)ရက်လွှတ်တော်အစည်းအဝေးတွင် ရှေ့နေနှင့်တရားသူကြီးများ အဂတိလိုက်စားသည့် တရားစီရင် ရေး မဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ၀ိုင်းဝန်းကူညီထောက်မပေးရေး အဆိုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းရာ တပ်မတော်သားကိုယ်စားလှယ်များက ထောက်ခံအားပေးခဲ့ ခြင်းဖြစ်သည်။

“မနေ့ကတင်သွင်းခဲ့တဲ့ ရှေ့နေတွေ တရားသူကြီးတွေအဂတိလိုက်စားမှုကို အဆိုတင်သွင်းရာမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေနဲ့တသားထဲ အဲ့ဒီအဆိုကို လက်ခံတဲ့အတွက် ကျေနပ်အား ရတယ်၊”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီက ပြည်သှုလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော သည်။

တပ်မတော်သားကိုယ်စားလှယ် အစားထိုးပြောင်းလံနေရာချထားမှုကြောင့် အရာရှိငယ်များအစား အရာရှိကြီး များရောက်ရှိလာသဖြင့် လွှတ်တော်တွင်းရှိ ကိစ္စရပ်များအား အကဲ့ဖြတ်ရာတွင် ပိုမိုအားကောင်းစေနိုင်ကြောင်း ၄င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်သို့ ၀င်ရောက်လာမည် ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွင် အရာရှိကြီးများအား အစားထိုးပြောင်းလဲမှုနှင့် ပတ်သက်၍ အထင်နှင့်မှတ်ချက်မပေးလိုကြောင်း ဦးသိန်းညွှန့်က ဆက်လက်ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ၀င်ရောက်မည်ဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ်များဘက်က ကြိုတင်ပြင်ဆင်မှု အနေဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း အငြိမ်းစားတပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်သည်။

‘’အခုဆို လွှတ်တော်မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေလည်း ၀င်ရောက်ရမယ်ဆိုတော့ စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အစားထိုးတာဖြစ်နိုင်တယ်”ဟု တပ်တော်ကြည်း အငြိမ်းစားဗိုလ်မှူးဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမည် စာရင်းတင်သွင်းထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် (၃၉)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၀)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစစ်၍ ဗိုလ်မှူးချုပ် အဆင့်၊ ဗိုလ်မှူးကြီးအဆင်နှင့် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ တပ်မတော်သားများအား သက်ဆိုင်ရာလွှတ်တော် များတွင် ပြောင်းလဲတာဝန်ထမ်းဆောင် စေခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက သတင်းထုတ်ပြန်သည်။

“လွှတ်တော်ထဲမှာ NLD ပါလာမှာမို့လို့ ပြင်ဆင်တာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်၊ တကယ်တမ်းကျတော့ တကယ့်ကောင်းကျိုးလုပ်မယ်ဆိုရင် အရာရှိငယ် အရာရှိကြီးဆိုတာ မရှိပါဘူး အကုန်ပါလာပါလိမ့်မယ်၊ တကယ်လို့ လွှတ်တော်မှာ တစ်ခုခုမကောင်းတာရှိရင် အရာရှိငယ်တွေက မပယ်ဖျက်နိုင်ဘူး၊ အရာရှိကြီးတွေကတော့ တားနိုင်လိမ့်မယ် “ ဟု တပ်မတော်တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ဦးမျိုးသန့်ကပြောသည်။

နိုင်ငံသားတစ်ဦးနှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေဖြင့် လွှတ်တော်တွင် အရာရှိငယ်များအား တာဝန်ပေးခြင်းထက် လုံခြုံရေးအသိအပြည့်အ၀ရှိသည့် အရာရှိကြီးများအား တာဝန်ထမ်းဆောင်စေခြင်းက ပိုမိုသင့်လျော်ကောင်းမွန်ကြောင်းကိုလည်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ကြေညာချက်အမှတ်(၂၂/၂၀၁၂)နှင့်(၂၃/၂၀၁၂)ဖြင့် ဧပြီလ(၂၂)ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၅၉)ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဝင်းကိုက အစားထိုးပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်တစ်ရပ်လုံး၏ ၂၅%ရှိသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်(၁၁၀)ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅၆)ဦး တတ်ရောက်တာဝန်ထမ်းဆောင်နေရာမှာ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ် (၅၉)ဦးအား ပြောင်းလဲ အစားထိုးတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်ကို နေပြည်တော်ရှိ သက်ဆိုင်ရာလွှတ်တော်ခန်းမအသီးသီးတွင် ကျင်းပခဲ့သည်။




Shwe Myitmakha Media Group

မူရင်းသတင်းက ဒီမှာပါ။

NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။

" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"

NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

RFA (မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။

အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်

အမေရိကန်က မြန်မာအစိုးရနဲ့ ဆက်ဆံရေး ပြန်ပြီး တည်ဆောက် လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက် မဖြစ်သင့်သလို၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ထိပ်တန်း အရာရှိတဦးက ဒီကနေ့ ပြောလိုက်ပါတယ်။

မန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့ အမျှ အမေရိကန်က ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေ တာဟာ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို အမေရိကန် မဟာမိတ် ဖြစ်အောင် ကြိုးပမ်းနေတာလို့ တရုတ်အစိုးရ သတင်းစာတွေက ရေးသား ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် Mr. Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေး မဟုတ် ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

RFA (မြန်မာပိုင်း)




မူရင်းသတင်းက ဒီမှာပါ။

မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်


NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”

မြန်မာနိုင်ငံကို သီတင်းပတ်ကုန် သွားမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သဘောထား မတူတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားတာဖြစ်သလို အမေရိကန် ပြည်ထောင်စုကလည်း အခြေအနေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုလားတဲ့ အကြောင်း ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းက လွှတ်တော် အခမ်းအနားတွေ ပြန်လည် စတင်ရာမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေ မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းလဲဖို့ NLD ပါတီက လိုလားနေတာ ဖြစ်ပေမဲ့ ဒါဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်နေတာမို့ လွှတ်တော်တွင်း ဆွေးနွေးမှ သာ ဖြစ်နိုင်စရာရှိတယ်လို့ အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရမယ့် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စ ပြေလည်စေဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း သူ့ကိုပြောပြတယ်လို့ အထူးအကြံပေးပုဂ္ဂိုလ် နမ်ဗီယား ကပြောပါတယ်။

“လက်ရှိ အခြေအနေသစ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို ကျနော် သူ့ကို မေးကြည့်ပါတယ်။ သူပြောတာကတော့ အာဏာရပါတီ၊ စစ်တပ်တို့နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။ လွှတ်တော်ထဲမှာ ရောက်နေကြတဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေအပါအ၀င် လူအတော်များများဟာ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားတွေကို တကယ်တမ်း လက်ခံတုံ့ပြန်လိုတယ်လို့ သူ့အနေနဲ့ ခံစားမိတဲ့ အကြောင်းလည်း ပြောပါတယ်။”

သမ္မတဦးသိန်းစိန်ကတော့ မြန်မာလူထုအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင်စရာမရှိတဲ့ အကြောင်း ဂျပန်နိုင်ငံမှာ အလည်အပတ်ရောက်နေစဉ် တနင်္လာနေ့က ပြောခဲ့တာပါ။ ကျမ်းသစ္စာကျိန်ဆိုဖို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွေ အတွင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ရကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်၊ တိုင်းပြည် ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းရောက်လာနိုင်စရာ ရှိတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

“အိမ်နီးချင်းတိုင်းပြည်တွေက အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံအတွက်တော့ အခွင့် အလမ်းကောင်းတခုပါ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိတဲ့ ပြည်ပရောက်တချို့ကိုလည်း ပြန် လက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါနေကြပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း လစ်ဟာမှုတွေ အများအပြား ရှိနေတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် အားနည်းနေတဲ့အတွက် ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပြီး ဒါတွေကိုသာ ဖြည့်ဆည်းနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ ကျားတကောင် အဖြစ်နဲ့ ခေါင်းထောင်ထလာနိုင်စရာ အခြေခံတွေ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာလို နိုင်ငံရေး အပြောင်းအလဲတွေရှိခဲ့ တဲ့နောက်မှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတူ မြန်မာ့စီးပွားရေးမှာလည်း တိုးတက်မှု အလားအလာတွေ ရှိလာနိုင်တယ် လို့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

By; အောင်လွင်ဦး (ဗွီအိုအေ-မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။

NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမ အကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော်သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာဖြစ်ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာကျိန်ဆိုရမဲ့ အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာ ပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ် တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောကြား ထားပါတယ်။




RFA (မြန်မာပိုင်း)

မူရင်းသတင်းက ဒီမှာပါ။

မုံရွာကြေးနီသတ္တုတွင်းစီမံကိန်း

မုံရွာမြို့ အနောက်ဘက်ချင်းတွင်းမြစ်တဘက်ကမ်းရှိမြန်မာ.စီးပွားရေးဦးပိုင်လိမိ တက်နှင့် တရုတ်နိုင်ငံမှ ယန်စီမြန်မာကော့ ပါးလီမိတက်တို့  အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းစီမံ ကိန်းသည် ယခင် မ.ဆ.လ အစိုးရလက်ထက် ကပင် ယူဂိုစလာဗီးယား နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့် တူးဖော်နေသောကြေးနီသတ္တုတွင်းကြီးပင်ဖြစ်သည်။

န.အ.ဖ အစိုးရလက်ထက်တွင်လည်း နာမည်ကျော်သတ္တုတွင်းကုမ္ပဏီကြီးတစ် ခုဖြစ်သော Ivanhoe Mines Company နှင့် သတ္တုတွင်းဝန်ကြီးဌာနာ အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့ သော ကြေးနီအမြောက်အများထွက်သည့်  သတ္တုတွင်းကြီးတခုဖြစ်ပါသည်။

"ကျတော်တို့ ဒီဒေသခံတွေကခေတ်အဆက်ဆက်ဒီသတ္တုတွင်းမှာအလုပ်လုပ်လာ လုပ်တဲ့ နိုင်ငံခြားသားပေါင်းစုံနဲ့ ဆက်ဆံဖူးကြတာမှာဘာပြဿနာမှ ကြီးကြီးမားမားမကြားဖူးပါဘူး၊အရင်တုန်းကလူတွေကအလုပ်လုပ်တာပိုပီးစနစ် ကျတယ်ထင်တာပဲ၊ဒေသခံတွေမထိခိုက်မနစ်နာအောင်လည်းတတ်နိုင် သလောက် ထိန်းပီးလုပ်ကြတယ် ။အခုနောက်ဆုံးလုပ်နေတဲ့ နိုင်ငံခြားသားတွေ နဲ့ ကတော့ နည်းနည်းပြဿနာရှိလာတယ်။သူတို့ ကဒေသခံတွေနဲ့  ဆက်ဆံရေးသိပ်မပြေပြစ်ဘူး အလုပ်လုပ်တဲ့ နေရာမှာလည်းဒေသခံတွေ နဲ့ ညှိနှိုင်းပီးမလုပ်ပဲ သူတို့ လုပ်ချင်ရာလုပ်နေသလိုပဲ"ဟုအဆိုပါစီမံကိန်း အနီးနေသောရွာသားတယောက်က CJMyanmar ကိုပြောပြပါသည်။

CJMyanmar


စီမံကိန်းအ၀င်ဂိတ်ဝ

လုပ်ငန်းဆောင်ရွက်နေသောယာဉ်ယန္တရားကြီးများ

မိုင်းစွန့် ပစ်မြေစာများထဲမှ ဒေသခံတချို့ ရဲ့ ဒုတ္တာရှာတဲ့ လုပ်ငန်းခွင်
(စွန့် ပစ်ဓါတုပစ္စည်းတွေကြောင့် အလွန်အန္တရာယ်များတယ်လို့ သိရပါတယ်)

ဒေသခံတို့ ရဲ့ အန္တရာယ်များသောလုပ်ငန်းခွင်တနေရာ

စွန့် ပစ်မြေစာများနဲ့ အပိုင်းလိုက်ပေါင်မုန့် လှီးသလိုအလှီးခံထားရတဲ့ တောင်ကြောကြီး

မိုင်းထဲမှမြေသယ်ယာဉ်ကြီး

Photo - CJMyanmar

မူရင်းသတင်းက ဒီမှာပါ။

နှစ်သိန်း ဖုန်းများ သတ်မှတ်ဈေးထက် တင်ရောင်းပါက မြန်မာ့ဆက်သွယ်ရေးက အရေးယူမည်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ဂဏီများ ပူးပေါင်း၍ ယခုလမှ စတင်ကာ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသည့် GSM ဖုန်းများကို ဈေးတင် ရောင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြောင်းကြား ထားကြောင်း ယင်းဖုန်းကတ်များ ဖြန့်ဖြူးနေသည့် E-lite ကုမ္ဂဏီမှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားသည်။

ယင်းကဲသို့ အကြောင်းကြားထားသည် ဆိုသည်မှာ မှန်ကန်ပါကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

"သတ်မှတ်ဈေး အတိုင်း ရောင်းရမှာပေါ့၊ ဆက်သွယ်ရေး ပစ္စည်းကို ဈေးတင် ရောင်းလို့မရဘူး၊ ဥပဒေတွေ ရှိတယ်" ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ်ဖုန်း အတွက် တာဝန်ရှိသူ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားပြီး ဖုန်းရောင်းသည့် စာချုပ် ကျောဘက်တွင် ဖော်ပြထားသည်ကို တွေ့နိုင်မည် ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ အသေးစိတ် မပြောကြား သေးပေ။ဖုန်းအရောင်းဆိုင် များတွင် ဈေးနှုန်းများ သတ်မှတ်ဈေးထက် ကျော်လွန်နေခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ပေးထားသည့် E-lite နှင့် ရတနာပုံ ကုမ္ဂဏီတို့က အရောင်းဆိုင်များနှင့် ပေါင်းကာ ဈေးကစားခြင်း၊ ဈေးတင်ခြင်းများ ပြုလုပ်နေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

သုံးခွတွင် ဝမ်းရောဂါ ဖြစ်ပွား

သုံးခွမြို့ နယ် ရဲ့ ရေတွင်း တတွင်းက ရေအခု အခုလိုတွေ့ ရပါတယ်။
(ဓါတ်ပုံ-MNN)

ရန်ကုန်မြို့တော်နှင့် မိုင် ၇ဝ ခန့် အကွာတွင် တည်ရှိသည့် သုံးခွမြို့နယ် အတွင်း သောက်သုံးရေ မသန့်ရှင်းမှုနှင့် မသန့်ရှင်းသော ရေကန်များမှ ရေများကို သောက်သုံး မိခြင်းကြောင့် ဝမ်းရောဂါ ဖြစ်ပွားလျှက် ရှိကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက်အခိျု့တွင် ဝမ်းရောဂါ စတင် ဖြစ်ပွားခဲပြီး အဓိက အများဆုံး ဖြစ်ပွားနေသော ရပ်ကွက်မှာ (၁၂) ရပ်ကွက် ဖြစ်ကြောင်း၊ လူကြီးများနှင့် ကလေးများတွင် ဖြစ်ပေါ်လျှက် ရှိခြင်းကြောင့် သုံးခွမြို့နယ် ဆေးရုံသို့ တက်ရောက်ကာ ကုသမှုများ ပြုလုပ်လျှက် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ဝမ်းရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ သောက်သုံးရေများ သိုလှောင် ထားသော ကန်များမှ ရေများ အညစ်အကြေးများကြောင့် မသန့်ရှင်းမှုများ ဖြစ်ပေါ်ပြီး လူအများ သောက်သုံးခြင်းကြောင့် ယင်းကဲ့သို့ ဝမ်းရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်ဟု လာရောက် စစ်ဆေးသူ ကျန်းမာရေး ဝန်ထမ်းများက မှတ်ချက်ပေး ပြောကြားသည်။

သုံးခွမြို့နယ် အတွင်းရှိ ရပ်ကွက် အခိျု့တွင် ဝမ်းရောဂါ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ရေကို ကြိုချက်၍ သောက်သုံးရန်နှင့် မသန့်ရှင်းသော ရေကန်များကို အသုံးမပြုရန် အတွက် လိုက်လံ နှိုးဆော်မှုများ သတိပေး ဆောင်ရွက်မှုများ ပြုလုပ်လျှက် ရှိကြောင်း သုံးခွမြို့ခံ တစ်ဦးက ပြောကြားသည်။

ရာသီဥတု ပူပြင်း ခြောက်သွေ့လာမှုနှင့် အညီ ခန္ဓာကိုယ်တွင် အငန်ဓာတ် ရရှိရန် မသန့်ရှင်းသော လက်သုတ်စုံများ၊ အစားအသောက်နှင့် ရေများကို စားသောက်မိခြင်းကြောင့်လည်း ဝမ်းရောဂါ ဖြစ်ပွား နိုင်ကြောင်း၊ မိုးရာသီ ကာလတွင်မူ ယင်အန္တာရာယ်ကြောင့် ဖြစ်ပေါ်နိုင်ပြီး ဝမ်းရောဂါ မဖြစ်ပွားအောင် ကြိုတင် ကာကွယ်သင့်ကြောင်း အင်းစိန်မြို့နယ် သီရိစန္ဒာ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခင်မောင်တင်က သုံးသပ် ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ၆၁ နှင့် ၆ရ ရပ်ကွက်များတွင်လည်း လွန်ခဲ့သော တစ်ပတ်ခန့်မှ စတင်၍ သောက်သုံးရေ မသန့်ရှင်းမှုနှင့် ပတ်သက်ပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

သုံးခွတွင် ဖြစ်ပွားသည့် ဝမ်းရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ယခုအချိန် အထိ လူအသေအပျောက် မရှိ သေးကြောင်း သုံးခွမြို့နယ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice Weekly သို့ အတည်ပြု ပြောကြား သည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

အီတလီနိုင်ငံခြားရေးဝန်ကြီး ယနေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံမည်

အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံစဉ်
(ဓါတ်ပုံ- Messenger News Journal)

အီတလီနိုင်ငံခြားရေးဝန်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌဦးသူရရွှေမန်းအား လာရောက်တွေ့ဆုံပြီး လွှတ်တော်ကိစ္စရပ်များ နှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

အီတလီနိုင်ငံခြားရေးဝန်ကြီးသည် ယနေ့ညလေယဉ်ဖြင့် ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၆ရက်နေ့ နံနက်ပိုင်းတွင်တွေ့ဆုံရန်ရှိကြောင်းသတင်းရရှိသည်။

ဒါအပြင် အီတလီနိုင်ငံခြားရေးဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးဦကျော်ဆန်း နှင့် မြန်မာနိုင်ငံရှိ အမျိုးသားအမွေအနှစ်နေရာများကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန်အတွက် ယနေ့ ညနေတွင်နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးရုံး ဧည့်ခန်းမဆောင်တွင်တွေ့ဆုံဆွေးနွေး ခဲ့သည်။

မြန်မာနိုင်ငံ၏ အမွေအနှစ်များ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရန် အီတလီနိုင်ငံအနေဖြင့်အကူအညီများပေးအပ်ရန်သဘောတူညီမှုရရှိထားပြီး ဖြစ်ကြောင်း Messenger News Journal သတင်းအရသိရသည်။


အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း တွေ့ ဆုံဆွေးနွေးနေစဉ် 
(ဓါတ်ပုံ-Messenger News Journal)

မူရင်းသတင်းက ဒီမှာပါ။