အာဆီယံထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများသည် လာမည့် ဇွန်လတွင် မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တစ်ခုထက်ပိုသော ခရီးစဉ်တစ်ခု လာရောက်ရန်ရှိကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာဆူရင်မစ်ဆူဝမ်က ၁၉-၄-၂၀၁၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။ “အာဆီယံရဲ့ အကြိမ် ၂၀ မြောက် ထိပ်သီးအစည်းအဝေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ နေပြည်တော်နဲ့ ရန်ကုန်ကို ဇွန်လရဲ့ တစ်ရက်ရက်မှာ လာရောက်ဖို့ ဖိတ်ကြားထားပါတယ်” လို့ မစ္စတာဆူရင်က အတည်ပြုပြောကြားသည်။ “အဲဒီကာလက ဖနွမ်းပင်မှာကျင်းပမယ့် ဇူလိုင်လရဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲမတိုင်မီ ကာလပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ အဆိုအရ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးစလုံး မြန်မာနိုင်ငံတွင် ရှိနေမည့် ကာလအတွင်း အရှေ့တီမောနိုင်ငံ၏ အာဆီယံဝင်ခွင့် လျှောက်ထားမှုကိစ္စနှင့် ထိပ်သီးခြောက်နိုင်ငံဖြစ်သည့် အမေရိကန်၊ ဂျပန်၊ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံများ ပါဝင်သည့် ၁၆ နိုင်ငံ နျူကလီးယားအရေး ဆွေးနွေးပွဲတို့ကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
Wednesday, April 25, 2012
ပြည်သူ့အသံမို့ လေးစားစေချင်ပါသည်
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဖက်ပါတီများကို အနိုင်ရခဲ့ပြီးနောက် အောင်ပွဲဆင်ခဲ့တဲ့ NLD ပါတီ အနေဖြင့် ၀ိရောဓိများနှင့် လွှတ်တော်သို့တက်ရောက်ရန် စိုင်းပြင်းနေသည့်သတင်းများမှာ အားရဖွယ်ကောင်းလှပါသည်။ ပြည်သူအများမှ မျှော်လင့်တကြီးဖြင့် အဖြုအမဲပင်မစဉ်းစားနိုင်တော့ဘဲ ခွပ်ဒေါင်းဘေးမှာအမှန်ခြစ်လိုက်ဆိုသည့် စကားများသာ နားထဲစွဲကာ မဲဆန္ဒတွေ သွန်မှောက်ပေးလိုက်၍ NLD ပါတီသည် နိုင်ငံရေးစင်မြင့်ထက် ရောက်မှန်းမသိ ရောက်လာ ခဲ့ပြီဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသမီးအဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေးဖြင့် နေအိမ် အကျယ်ချုပ် ချထားခံရ၍လည်းကောင်း ပြည်သူတွေရဲ့စာနာမှုသည် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ ကောင်းစားဖို့ ဖြစ်လာသည်။ ခေါင်းဆောင်ကောင်းရင်တော့ နောက်လိုက်ကောင်းနိုင်ပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်အား လေးစားစိတ်ဖြင့် ဖြေတွေးမိပါသည်။
သို့သော် ဧပြီ(၁၃)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းထဲကျင်းပသည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်နှင့် သတင်းစာရှင်းလင်းပွဲအပြီးတွင် '' ခေါင်းဆောင်ကောင်း'' ဆိုသည့် စကားလုံးကို ဝေဖန် ပိုင်းခြားမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကိုယ်ကျိုး၊ မိမိအဖွဲ့အစည်းအကျိုးလုံးဝမရှိဘဲ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ဦးစားပေးကာ အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစိတ်ရှိသည့်အတွက် မြန်မာတစ်မျိုးသားလုံးက ခေါင်းဆောင်ဟု နှလုံးသည်းပွတ်တွင် ထာဝရကဗျည်းထိုးထားခြင်းဖြစ်သည်။ သို့သော် မိမိပါတီအကျိုး၊ မိမိအကျိုးအတွက်ဟု စဉ်းစားသူ သည် ခေါင်းဆောင်ကောင်းဟု ခေါ်မည်လား၊ ပါတီအတွက်တော့ ခေါင်းဆောင်ဖြစ်နိုင်လိမ့်မည်။ လူထုခေါင်းဆောင်တော့ မည်သည့်နည်းနှင့်မျှ ဖြစ်မလာနိုင်ပေ။
နိုင်ငံဆင်းရဲမွဲတေရသည့်အချက် များစွာထဲတွင် ဗဟို ချုပ်ကိုင် စီးပွားရေးကြောင့် ချွတ်ခြုံကျခဲ့သည့် မြန်မာ့စီးပွားရေးကို စီးပွားရေး ပိတ်ဆို့မှုများက ဦးမမော့နိုင်အောင် ရိုက်ချိုးထားခဲ့ခြင်းကြောင့်ဖြစ်သည်။ စက်ရုံများမှ အထည်ချုပ်ဝန်ထမ်းမလေးတွေ အလုပ်လက်မဲ့ဘဝဖြင့် လမ်းဘေး ရောက်ခဲ့ရသည်ကို မျက်မြင်ဘဲဖြစ်သည်။ မိမိကိုယ်တိုင်လည်း မြန်မာနိုင်ငံသားဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့ယူစာတမ်းတွင်သုံးမည့် အမေရိကန်နိုင်ငံမှ ကွန်ပျုတာဆော့ဖ်ဝဲလ်ကို သုံးခွင့်မရခဲ့သည်ကလည်း ကိုယ်တွေ့ ဖြစ်သည်။ တခြားနည်းလမ်းတွေ ကြိုးစားရှာနေရ၍ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟုလည်း မအော်နိုင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်မှ '' ကျွန်မအာဏာ မရသေးခင် ပိတ်ဆို့မှုတွေ ဆက်လုပ်ပေးထားပါ'' ဟု ပြောခဲ့သည့်အတွက် ထိုမျှော်လင့်ချက်တစ်ခုတည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ ယုံကြည်ခဲ့ပြီး ပြီးခဲ့တဲ့ကြားဖြတ် ရွေးကောက် ပွဲမှာ NLD ကိုမဲပေးခဲ့ပါတယ်။
ခုတော့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် David Cameron ကို ဒေါ်အောင်ဆန်းစုကြည်မှ ''မိမိအနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းမည့်အစား ရပ်ဆိုင်းရန် သာထောက်ခံလိုပါတယ်။ ပိတ်ဆို့မှုကိုဗန်းပြပြီးဆွေးနွေးမှသာ လွှတ်တော်မှာ မိမိပြောသမျှအနိုင်ရမှာ ဖြစ်ပါတယ်၊ ရပ်ဆိုင်းတာတောင်မဟုတ်ပါဘူး၊ တကယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ချောချောမွေ့မွေ့လုပ်ဖို့ ခွင့်မပြုဘူးဆိုတာနဲ့တင် ပိတ်ဆို့မှုဆိုတာ နောက်ထပ် အချိန်မရွေး ဖြစ်လာနိုင်တယ် ဆိုတာမျိုး လောက် ဖြစ်သင့်ပါတယ် '' ဟု ပြောခဲ့ပါတယ်။
]] it would also make it quite clear to those who are against reform that, should they try to obstruct the way of the reformers, then sanctions could come back. So this would strengthen the hand of the reformers – not just the suspension, but the fact that there is always a possibility of sanctions coming back again if the reformers are not allowed to proceed smoothly.}}
ကျွန်မ အတော်စိတ်ဓာတ်ကျသွားပါတယ်။ လွှတ်တော်ဟာ စကားရည်လုပွဲမဟုတ်ပါဘူး၊ ပြည်သူတွေ ကောင်းရာကောင်းကျိုး၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို စုဝေးတိုင်ပင်ကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။ မိမိ သာလျှင် ပြုပြင်ပြောင်းလဲမယ့်သူများအဖြစ်ခံယူထားပြီး ဒါမှဒါ ဆိုလျှင်ဖြင့် ဒီမိုကရေစီနဲ့ အံဝင်မှာမဟုတ်ပါဘူး။ လွှတ်တော်တက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ နိုင်ငံရေးသမားဟာ အနိုင်ရရေး၊ ငါ့စကားနွားရ ပြောကြပေမယ့် လွှတ်တော်အမတ်တွေကတော့ဖြင့် ပြည်သူတွေကိုယ်စား၊ နိုင်ငံ့အရေးကို ပြောနေကြရတာမို့ ပါးစပ် စည်းစောင့်ရပါတယ်။ ကျွန်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး မဲပေးခဲ့သူတစ်ဦးမို့ ကျွန်မကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဖန်ပြန်လည် လေးစားပေးရပါမယ်။ ကျွန်မအသံကိုနားထောင်ပေးရပါမယ်။ ''ပိတ်ဆို့မှုကြောင့် မြန်မာပြည်သူ ၈၅% ထိခိုက်နစ်နာခဲ့ရတာဖြစ်ပါတယ်။ ယခင်ဗဟိုချုပ်ကိုင်စီးပွားရေးမှာ ကျပ်တည်းပြီး သားမို့ မိမိကိုယ်တိုင်တောင် ပိတ်ဆို့မှုဒဏ်ခံနေရတာ မသိကြရှာခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ရော သွယ်ဝိုက်ရော ထိခိုက်နစ်နာကြရတာမငြင်းနိုင်ပါဘူး။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က လစ်လျုရှုပြီး ပိတ်ဆို့မှုကို လက်ကိုင်ထားပြီး နိုင်ငံရေးလုပ်မယ်ဆိုလျှင် ကျွန်မအနေဖြင့် ကိုယ်ပေးခဲ့တဲ့ မဲတစ်ပြားတန်ဖိုးကို အချိန်တိုင်း နှမြောနေမယ် ဆိုတာ ဒီဆောင်းပါးမှ တစ်ဆင့် ပြောလိုက်ပါရစေ။ ။
ဝတီခင်(ပညာရေး)

အပယ်(၄)ပုံကို ရောက်မှာစိုးလို့ သတိပေးပါရစေ အသျှင်ပညာသီဟ(ခေါ်)ရွှေည၀ါဆရာတော်ဘုရား
မပြောရင်မဖြစ်တော့တာမို့ ပြောမှဘဲဖြစ်တော့မယ်... သံဃာတော်တွေဟာ ဒီလိုတွေပဲလား ဆိုပြီးတော့ အထင်အမြင်မခံချင်ဘူး...မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာထွန်းကားပြီး သာသနာ့အမွေအနှစ်ကို စောင့်ထိန်းကြရမဲ့ နောင်လာနောက်သားတွေရဲ့ အတွေးတွေထဲမှာ အထင်မှား၊ အမြင်မှားတွေ ရှင်းသွားအောင်ဆိုရင်တော့ ပြောသင့်ပြောထိုက်တာကို ပြောရမယ်...
ပြည်သူတွေဆိုတာက နာမည်ကြီးဆရာတော်တစ်ပါးရဲ့ တရားထူးတရားမြတ်ကို နာယူဖို့၊ ဘ၀အမောတွေဖြေဖျောက်ဖို့၊ ကိုယ်စိတ်နှလုံးအေးချမ်းဖို့ နိဗ္ဗာန်ရောက်ကြောင်းတရားတော်တွေကို နာချင်လို့ တရားနာလာကြတဲ့သူတွေပါ... ဒါပေမဲ့ တရားဟောဆရာတော်ကိုယ်တိုင်က ဒေါသ၊ မောဟ၊ မာန်မာနတွေဖုံးလွှမ်းနေတယ်...
ပြည်သူတွေရင်ထဲအေးချမ်းအောင် ဘယ်လိုတရားစင်တွေ တိုက်ကျွေးမလဲဆိုတာထက် ဘယ်လိုအကြောင်းအရာတွေကို ပြည်သူတွေပိုပြီး စိတ်ဝင်စားမလဲ ဟာသလေးနှောပြီး နိုင်ငံရေး၊ တရားဟောဖို့လောက်ပဲ စဉ်းစားတော့တယ်... ဆရာတော်က တရားဟောဓမ္မကထိကပါ... ရွေးကောက်ပွဲဝင်ပြိုင်နေတာမဟုတ်ပါဘူး... တပည့်သံဃာတစ်ပါးပြောတဲ့ စကားလေးကိုတောင် သတိရမိတယ်... သူကတရားဟောနေတာလား၊ အတင်းပြောနေတာလားတဲ့... တရားနာရတာလဲ သီးလေးသီးပျက်လုံး နားထောင်နေရသလိုပဲတဲ့... ဒါက ဆရာတော်တွေကို နားလည်ကာစ သံဃာပေါက်စလေးပဲရှိသေးတယ်...
ဆရာတော်တို့ တရားဟောနေတယ်ဆိုတာက နိုင်ငံရေးကိုဗန်းပြ... ပြည်သူတွေရဲ့ဒေါသကို ဆွပေးပြီး ထင်ပေါ်ကျော်ကြားမှုကို လက်တစ်လုံးခြားရယူနေသလိုပဲ... BBC/VOA နားထောင်လည်း ဒီဆရာတော်ပဲ၊ အင်တာနက်သတင်းတွေကြည့်ပြန်တော့လည်း ဟန်းဖုန်းကိုနားမှာကပ်ပြီး ခါးထောက် နေတဲ့ပုံလည်း ဒီဆရာတော်ပဲ... ကားအကောင်းစားကြီးစီးတာတွေ့လို့ ဘယ်သူ့ကားလဲလို့ ကြည့်လိုက်တော့လဲ ဒီဆရာတော်ကားပဲ၊ အပြစ်ပေးတဲ့အခါကျတော့ ပညာရှိပီပီ ဥာဏ်ကိုလွှာသုံးပြီး လုပ်ပြသွားလိုက်သေးတယ်... သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သံဃာနာယကအဖွဲ့အစည်းကပဲ မတရားအနိုင်ကျင့်သလိုပုံနဲ့ ပြည်သူတွေရဲ့မေတ္တာတွေကို သဲ့ယူနေသေးတယ်... ဆရာတော် အခုလိုတွေလုပ်မှ ဒီနိုင်ငံတော်ကြီးက တိုးတက်လာမှာမဟုတ်ဟု... နိုင်ငံတိုးတက်ဖို့အတွက်က သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ လုပ်ပါလိမ့်မယ်... အခုလည်းအစွမ်းကုန် ၀ိုင်းဝန်းလုပ်ဆောင်နေကြပြီပဲ...
ဆရာတော်တို့ကျုပ်တို့ဆိုတာကသာသနာထွန်းကား ပြန့်ပွားဖို့နဲ့ပြည်သူတွေအေးချမ်းဖို့အတွက် အဓိက လုပ်ကြရမှာပါ... အနေချောင်မယ်ထင်လို့ သံဃာဝင်လုပ်သွားတဲ့ ဂမ္ဘီရတစ်ယောက်နဲ့တင် အပြောဆိုခံရတာ လုံလောက်ပါပြီ... ထပ်ပြီးတော့လည်း အစော်ကားမခံနိုင်တော့ဘူး... သာသနာတော်ကို ဒီထက်ပိုပြီး မညိုးနွမ်းစေချင်ပါဘူး... သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကိုလည်း ဒီထက်ပိုပြီး ရန်တိုက်မပေးစေချင်ဘူး... စေတနာတွေပါ...
ဒါတွေအားလုံးဟာ ပညာတတ်ဆရာတော်တစ်ပါးကို မဆုံးရှုံးချင်တဲ့... သာသနာတော် မညစ်နွမ်းစေလိုတဲ့ စေတနာတွေပါ... ဒကာအရင်းတစ်ယောက်အနေနဲ့ အပယ်ငရဲကျမှာစိုးလို့ သတိပေးနေတာပါ... အချိန်မှီပါသေးတယ် ဆရာတော်ဘုရား... နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများရဲ့ သြ၀ါဒဆုံးမစကားတွေကိုပဲ ပြန်လည်ကြားယောင်ပြီး ဆရာတော်တစ်ယောက် အတွေးမှန်၊ အမြင်မှန်၊ အသိတရားမှန်တွေကို ရရှိနိုင်ပါစေလို့ ဆုတောင်းလျှက်....
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မွန်ပါတီနှစ်ပါတီ ပူးပေါင်းရန်သဘောတူလက်မှတ်ရေးထိုး
လာမည့် ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပေါင်းစည်းသွားရန် အချက် (၄)ချက်ပါ နှစ်ဖက်သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။
၎င်းပါတီပေါင်းစည်းနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီမှစ၍ ညနေ ၄ နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် သာသနာ -၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နှစ်ဖက်ပါတီခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ၊ သံဃာတော်များနှင့် စိတ်ဝင်စားသူပရိသာတ်ပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု အစည်းအဝေးပွဲဖြစ်မြောက်ရေး ဦးဆောင်သူ မွန်ဆရာတော် ခေမာနန္ဒက မိန့်သည်။
၎င်းက “တစ်ပါတီပူးပေါင်းဖို့အတွက် နှစ်ဦးနှစ်ဖက် မနေ့ကသဘောတူလိုက်ပါပြီ” ဟု ပြောသည်။
သဘောတူခဲ့ညီသည့်အချက်များမှာ (၁) မွန်အမျိုးသားဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပူးပေါင်းရန် (၂) ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကိုနောက်ဆုံးထား၍ နှစ်ပါတီကို တစ်ပါတီအဖြစ်ပူးပေါင်းသွားရန်(၃) နှစ်ပါတီအစည်းအဝေးပွဲကို တစ်လတစ်ကြိမ် မွန်မြန်မာလကုန်ရက်(ဥပုဒ်နေ့)တိုင်းတွင် သံဃာတော်တို့ ဖိတ်ခေါ်မည့်နေရာတွင်ပြုလုပ်ရန် (၄) ပါတီနာမည်အသစ်ဖြင့် ပူးပေါင်းဖွဲ့စည်းသွားရန်တို့ဖြင့် နှစ်ဖက်ပါတီခေါင်းဆောင်တို့ သဘောတူလက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “မွန်နှစ်ပါတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကျမှ ပေါင်းကြမယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် နောက်ကျမှာကို ကျနော်စိုးရိမ်မိတယ်” ဟု ပြောသည်။
“ရည်ရွယ်ချက်ကတော့နှစ်ပါတီပေါင်းစည်းဖို့ အစည်းအဝေးပုံစံနဲ့ ခေါ်တာပါဘဲ၊ နောက် ဟိုရောက်တာအခါကျတော့ ပါတီတစ်ခုကနေ တစ်ခြားတစ်ပါတီတစ်ခုကို ဝင်တဲ့ပုံစံလိုဖြစ်သွားတယ်၊ ဒါလဲဘဲ အသစ်အဆန်းမဟုတ်ပါဘူး ဒီသုံးလကျော် ဆွေးနွေးတဲ့ကာလမှာလဲ သူတို့ဘက်(AMDP)က ဒီအတိုင်းပဲရပ်တည်ခဲ့တယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။
ထို့ကြောင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် မွန်ဒီမိုကရေစီပါတီ(Mon Democratic Party) ပါတီမှတ်ပုံတင်ရန် စီစဉ်နေသည်ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။
နှစ်ပါတီပေါင်းစည်းနိုင်ရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွန်ဆရာတော်များချမှတ်ခဲ့သည့် မူသုံးရပ်ရှိကြောင်း ၎င်းတို့မှာ ကြားနာမည်တစ်ခုအသုံးပြုရမည်၊ မွန်တစ်ပါတီတည်းဖြစ်ရမည်၊ အမြန်ဆုံးပေါင်းစည်းရမည် ဖြစ်သည်။
မူရင်းသတင်းက ဒီမှာပါ။
၎င်းပါတီပေါင်းစည်းနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီမှစ၍ ညနေ ၄ နာရီအထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် သာသနာ -၂၅၀ဝ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နှစ်ဖက်ပါတီခေါင်းဆောင်များ၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ၊ သံဃာတော်များနှင့် စိတ်ဝင်စားသူပရိသာတ်ပေါင်း ၂၀ဝ ခန့် တက်ရောက်ခဲ့ကြသည်ဟု အစည်းအဝေးပွဲဖြစ်မြောက်ရေး ဦးဆောင်သူ မွန်ဆရာတော် ခေမာနန္ဒက မိန့်သည်။
၎င်းက “တစ်ပါတီပူးပေါင်းဖို့အတွက် နှစ်ဦးနှစ်ဖက် မနေ့ကသဘောတူလိုက်ပါပြီ” ဟု ပြောသည်။
မွန်နှစ်ပါတီပူးပေါင်းရေး ဆွေးနွေးပွဲမှတ်တမ်း
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “မွန်နှစ်ပါတီက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကျမှ ပေါင်းကြမယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် နောက်ကျမှာကို ကျနော်စိုးရိမ်မိတယ်” ဟု ပြောသည်။
“ရည်ရွယ်ချက်ကတော့နှစ်ပါတီပေါင်းစည်းဖို့ အစည်းအဝေးပုံစံနဲ့ ခေါ်တာပါဘဲ၊ နောက် ဟိုရောက်တာအခါကျတော့ ပါတီတစ်ခုကနေ တစ်ခြားတစ်ပါတီတစ်ခုကို ဝင်တဲ့ပုံစံလိုဖြစ်သွားတယ်၊ ဒါလဲဘဲ အသစ်အဆန်းမဟုတ်ပါဘူး ဒီသုံးလကျော် ဆွေးနွေးတဲ့ကာလမှာလဲ သူတို့ဘက်(AMDP)က ဒီအတိုင်းပဲရပ်တည်ခဲ့တယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။
ထို့ကြောင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် မွန်ဒီမိုကရေစီပါတီ(Mon Democratic Party) ပါတီမှတ်ပုံတင်ရန် စီစဉ်နေသည်ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။
နှစ်ပါတီပေါင်းစည်းနိုင်ရေးအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွန်ဆရာတော်များချမှတ်ခဲ့သည့် မူသုံးရပ်ရှိကြောင်း ၎င်းတို့မှာ ကြားနာမည်တစ်ခုအသုံးပြုရမည်၊ မွန်တစ်ပါတီတည်းဖြစ်ရမည်၊ အမြန်ဆုံးပေါင်းစည်းရမည် ဖြစ်သည်။
မူရင်းသတင်းက ဒီမှာပါ။
ရေးရာကော်မတီတွေ အဆင့်နှိမ့်ချမှု ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံက လွှတ်တော်တွေမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ပိုင်ခွင့်လွဲနေတယ်လို့ ဥပဒေ ကြမ်းကော်မတီ က ကန့်ကွက် ထောက်ပြ လိုက်ပါတယ်၊ ဧပြီလ ၂၄ ရက် အဂ်ါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အတွင်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာတစောင် တင်ပြခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီအခြေအနေ အပြည့်အစုံ ကိုတော့ မသင်းသီရိက ဆက်ရှင်းပြပေးမှာပါ၊
ဧပြီလ ၂၄ ရက်အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင်း အစည်းဝေးထဲမှာ လွှတ်တော်နှစ်ရပ် ရဲ့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ဖွဲစည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ မတ်လ ၂၈ ရက်နေ့က ဆုံးဖြတ်ချက်ကို၊ အစီရင်ခံစာ တစောင် တင်ပြီး ပြန် ထောက်ပြခဲ့တာဖြစ်ပါတယ်၊ လွှတ်တော် ၃ရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာ ကော်မတီ တွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချထားတာကြောင့် ဖြစ်ပါတယ်၊
ဒီရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါ ပြဋ္ဌာန်းချက်နဲ့ အညီ ဖွဲ့စည်း ထားတာ ဖြစ်ပြီး ဖွဲစည်းပုံခုံရုံးဟာလည်း လုပ်ပိုင်ခွင့်နဲ့ လွှဲချော်ပြီး ဆုံးဖြတ်ထားတယ် ဆိုတာကို ဥပဒေမူကြမ်း ကော်မတီက အစီရင်ခံစာ ပြန်တင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် က ပြောပြပါတယ်။
- ကျနော်တို့ ဥပဒေကြမ်းကော်မီတီရဲ့ အစီရင်ခံစာထဲမှာတော့ ဒီဟာကို လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လုပ်တယ် လို့ ရေးထားပါ တယ်။ ဥပဒေကြမ်းကော်မတီကတော့ နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတို့၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ တို့၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေတို့၊ စာရင်းစစ်ချုပ် ဥပဒေတို့၊ ရှေ့နေချုပ် ဥပဒေတို့၊ အဲဒီ အားလုံးထဲမှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်း ဖြစ်ပြီဆိုတာ ပါပြီးသားဖြစ်တဲ့အတွက် မညီဘူး ဆိုတာ ကို ပြန်ပြောတာပါ။
ဒီ လွှတ်တော်ရေးရာ ကော်မတီနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် ရှိမရှိ စစ်ဆေးပေးဖို့ ကိုတော့ နိုင်ငံတော် သမ္မတရုံး ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံ အခြေခံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဘာကြောင့် စစ်ဆေးပေးဖို့ တင်တာလို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးသူရိန်ဇော်က
- အဲဒါတော့ သူတို့ပဲ သိမှာပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဟိုဘက်က ပြင်လိုက်လို့ သူတို့က အဆုံးအဖြတ် ပေးတာပေါ့လေ။ ဒါပေမဲ့ အဓိက ကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တာ ဖြည့်စွက်တာ၊ အသစ်ပြန်လည် ရေးဆွဲတာတွေက ပြည်ထောင်စု လွှတ်တော်နဲ့ အဓိက ဆိုင်ပါတယ်။ အထုးသဖြင့်ကတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့အဖွဲတွေ ဟာ ပြည်ထောင်စုအဆင့် မရှိဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တာမို့ အစိုးရလုပ်ငန်းတွေကို စောင့်ကြည့် တည့်မတ်ပေးရေး ကိစ္စတွေမှာ အဆင့်မတူဘူးဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်၊ ဒါပေမဲ့ အခု ပြည်ထောင်စု လွှတ်တော်တွင်းမှာ အမတ်တွေက ဒီဆုံးဖြတ်ချက်ပေါ် ပြန်လည် ဆွေးနွေးကြဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။
- အဲဒီအစီရင်ခံစာကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရှိပါတယ်။ အမည် စာရင်း တောင်းထား ကြပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ ပြန် ဆွေးနွေးမှာပါ။ နာယက ကိုယ်တိုင် တောင်းတာပါ။ အဲဒီတော့ အမည်စာရင်းပေးပြီးရင် ဒါကို သူတို့ အစီရင်ခံစာပေါ်မှာ အားလုံးပြန်ပြီး ဆွေးနွေးကြမှာပါ။ အဖြေကတော့ ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ကျနော်တို့ ပြောလို့မရပါဘူး။ အားလုံးဝိုင်းပြီး ဆုံးဖြတ်ကြမှာပါ၊ ဘယ်လို လုပ်မယ် ဆိုတာကို ပေါ့လေ။ ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ပြောပြတာပါ၊ ဒီသတင်းအပြင်လည်း မတ်လ (၂၃) ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ အင်တာဗျူး နဲ့ ပတ်သက်လို့လည်း လွှတ်တော် အခွင့်အရေး ကော်မတီက ဆက်လက် ဆောင်ရွက်ပေးဖို့ လွှတ်တော်အမတ်တွေ စုပြီး လက်မှတ်ထိုးကာ ဒီကနေ့ ထပ် တောင်းဆို ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပြပါတယ်။
- မတ်လ ၂၃ ကပေါ့၊ ဦးမြင့်လှိုင်ရဲ့ Hot News ဂျာနယ်မှာ ပြောထားတဲ့အချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ဒါဟာ လွှတ်တော်ကို အသရေဖျက်ပါတယ်၊ ဂုဏ်သိက္ခာ ညှိုးအောင် ပြုလုပ်ပါတယ်၊ ၀န်ကြီး တယောက် ရဲ့ ကိုယ်နှုတ်စိတ် စောင့်စည်းမှု မရှိဘဲ ပြောဆိုတဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ အကြောင်း နဲ့ ဒီဝန်ကြီးအနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား နဲ့ သတင်းစာတွေကနေ တရားဝင် ၀န်ချတောင်းပန်ဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒါက ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အခွင့်အရေး ပူးပေါင်းကော်မတီကို တောင်းဆို ထားတာပါ။ အဲဒါ ဒီနေ့ ထက်ထိ ဘာမှ အဖြေထွက်မလာတဲ့အတွက် ဒီနေ့ပဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေ အကုန်လုံးက အဲဒီပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ ပြန် တောင်းဆိုတာပါ။ တကယ်လို့ အဲလို တောင်းပန်ခြင်း မပြုဘူး ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဖောက်ဖျက် တာ၊ ပြီးတော့ ပြည်သူ့ လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကို စော်ကားကျူးလွန်မှု ပြုတာတွေကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပြခဲ့တာပါ၊
ပြည်ထောင်စုလွှတ်တော်ကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံကျင်းပမှာ ဖြစ်ပါတယ်၊
မူရင်းသတင်းက ဒီမှာပါ။
အရေးပေါ် လူနာတင်ယာဉ်ဖြင့် အခမဲ့ကူညီမည့် အစီအစဉ်သစ် နာရေးကူညီမှု အသင်း စတင်လုပ်ဆောင်
ရန်ကုန်မြို့တွင်း နေရာအချို့တွင် ထိခိုက်ဒဏ်ရာ ရရှိသူများအတွက် အရေးပေါ် လူနာတင်ယာဉ်ဖြင့် အစိုးရဆေးရုံများသို့ အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်သစ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှစတင် လုပ်ဆောင်တော့မည်ဟု ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
”ခုလောလောဆယ်တော့ မြောက်ဒဂုံမှာရှိတဲ့ ရုံးနဲ့နီးတဲ့နေရာ တွေမှာ စပြီးလုပ်ဆောင်မှာပါ။ နောက်ပိုင်း တွင်ကျယ် လာရင်တော့ မြို့နယ်တွေ ချဲ့မှာပေါ့”ဟု ၄င်းက ပြောသည်။
လူနာတင်ယာဉ်ကို လောလောဆယ် တစ်စီးဖြင့်စမည်ဖြစ်ပြီး လမ်းတွင်အရေးပေါ် ထိခိုက်ဒဏ်ရာ ရသည့်လူနာများကို ဆေးရုံကားဖြင့် အခမဲ့ကူညီသူများက ဝိုင်းဝန်းကူညီ၍ အရေးပေါ်ဌာနသို့ ပို့ဆောင် ပေးမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းစတင် အကောင်အထည် ဖော်မည့်နေရာများ မှာ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မင်္ဂလာ ဒုံနှင့် မရမ်းကုန်း အနီးတစ်ဝိုက်တို့ ဖြစ် သည်။
အရေးပေါ် လူနာတင်ယာဉ် ဖြင့် သယ်ဆောင်နိုင်ရန် အတွက်လည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် နိုင်ငံတကာတွင် ရှိသော ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိ သူများက နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စေတနာရှင် လုပ်အားရှင် များအား သင်တန်းများ ပို့ချပေးပြီး ဖြစ်သည်။
”သက်ဆိုင်ရာ ယာဉ်ထိန်းရဲ တပ်ဖွဲ့က ခွင့်ပြု မိန့်ကျ ပြီးတာနဲ့ လုပ်ငန်း အကောင်အထည် ပေါ်လာတော့မှာပါ”ဟု ဥက္ကဋ္ဌဦးကျော်သူက ပြောသည်။
ချစ်ဆုဆွေ

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံတကာ လေဆိပ် နှစ်ခုအတွက် ကိုရီးယားကို ဖိတ်ခေါ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံတကာ လေဆိပ်ကြီးနှစ်ခုကို တောင်ကိုရီးယား လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားလိုက်ပြီး ဂျပန်ကလည်း ယင်းကို စိတ်ဝင်စားနေကြောင်း သိရသည်။
လေကြောင်းလိုင်း ပျံသန်းမှု ထိန်းချုပ်စနစ် အပါအဝင် လေဆိပ်တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံသွားရန် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကာ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် အလားအလာများရှိကြောင်း သမ္မတကြီးက ပြောကြားသည်။
“မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာလေယာဉ် ဆင်းသက်နိုင်တဲ့ လေဆိပ်ကြီးနှစ်ခု ရှိပါတယ်။ ပြီးပြည့်စုံပြီလို့တော့ ပြောလို့မရသေးပါဘူး။ တောင်ကိုရီးယားအနေနဲ့ ဥရောပဘက်ကို သွားမယ်ဆိုရင် မြန်မာနိုင်ငံက အဲဒီလေဆိပ်တွေကို ဝင်ရောက်ဆင်းသက်နိုင်ပါတယ်။ စင်ကာပူ-ဘန်ကောက်ကို ဆင်းပြီး ပတ်နေရတာထက်ပိုပြီး အဆင်ပြေစေပါတယ်” ဟု သမ္မတကြီးဦးသိန်းစိန်က ပြောကြားသည်။
“ဒီလေဆိပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုတာ စဉ်းစားစေလိုပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
“ဂျပန်ကတော့ တော်တော်စိတ်ဝင်စားနေတယ်။ ကိုရီးယားအနေနဲ့ကလည်း ဝင်ရောက်လုပ်ကိုင်သွားဖို့ စဉ်းစားနိုင်ပါတယ်” ဟု သမ္မတကြီးက နေပြည်တော်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် နေပြည်တော်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်နိုင်သော်လည်း လက်ရှိကာလအထိ ပျံသန်းဆင်းသက်ကြခြင်း အားနည်းနေသေးကြောင်း သိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဂျပန်က အထောက်အပံ့ ယန်း ဘီလီယံ ၆၀၀ ပေးမည်
မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဂျပန်နိုင်ငံက ပင်လယ်ရပ်ခြား အထောက်အပံ့ (အိုဒီအေ) ယန်း ဘီလီယံ ၆၀၀ ကို လာမည့်သုံးနှစ်အတွက် ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဧပြီ ၂၁ ရက် နံနက်က ဂျပန်နိုင်ငံ တိုကျိုမြို့ အစိုးရဧည့်ဂေဟာတွင် ကျင်းပနေသော မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးအပြီး၌ ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒါက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ခ်ရှင်နာဝပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တက်ရောက်ကြသည်။
“အခု စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နျူကလီးယား မပြန့်ပွားရေး ကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ပြီး တိုကျို မဟာဗျူဟာ ၂၀၁၂ နှင့်အတူ မဏ္ဍိုင်ကြီးသုံးရပ် ပူးပေါင်းဆောင်ရွက်ရေးတွေကို သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တိုကျိုမဟာဗျူဟာ (လုပ်ငန်းစဉ်) များ အောင်မြင်ရေးအတွက် အပြည့်အဝ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။
ဂျပန်ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ဦးဆောင်ဦးရွက် ဆက်လက် ဆောင်ရွက်သွားမည့်အကြောင်း ကတိပေး ပြောကြားသွားခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းက အထောက်အပံ့ ဒေါ်လာ ၇၇ သန်းပေးရေး အစီအစဉ်များကိုလည်း ထပ်မံတင်ပြသွားခဲ့ကြောင်းသိရှိရသည်။
Myanmar Express
မူရင်းသတင်းက ဒီမှာပါ။
အစားထိုးလိုက်သည့် တပ်မတော်သား ကိုယ်စားလှယ်များအား NLD ကြိုဆို
လွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား ကိုယ်စားလှယ် (၅၉) ဦးနေရာတွင် ပိုမို ရာထူးကြီးသည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးလိုက်သည့်အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကြိုဆိုလိုက်သည်။
လက်ရှိ ဗိုလ်မှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့လွှတ်တော်အမတ် (၃၉) ဦးနှင့် အမျိုးသား လွှတ်တော်အမတ် (၂၀) ဦး တို့၏ နေရာတွင် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူများအား အစားထိုးလိုက်ကြောင်း ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ပိုမို ရင့်ကျက်သည့် ပုဂ္ဂိုလ်များ ပါဝင်လာ သည့်အတွက် ကောင်းမွန်ကြောင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်က အခုလို ပြောသည်။
“ကျနော့်အနေနဲ့ ပြောရရင်တော့ ဗိုလ်ကြီးအဆင့်၊ ဗိုလ်မှူးအဆင့် ဆိုတာထက် အခုဟာက ရာထူးကြီးတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ ပိုပြီးတော့ ရင့်ကျက်တဲ့ လူတွေ ဖြစ်လာတယ်လို့ ဒီလိုတော့ ပြောရတာပေါ့။ ဒါကတော့ ဘာပဲ ပြောပြော ကောင်းပါတယ်။ လွှတ်တော် အမတ်တို့ ဘာတို့ဆိုတာကလည်း ချင့်ချင့် ချိန်ချိန် စဉ်းစားနိုင်တဲ့ နည်းနည်း measure ဖြစ်တဲ့လူတွေဆိုတော့ ပိုကောင်းတာပေါ့ဗျာ။”
သို့သော် နေပြည်တော်တွင် ယနေ့ပြန်လည် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် အသစ်များ ကျမ်းသစ္စာ ကျိန်ဆိုရန် ရှိသော်လည်း ဥပဒေနှင့် ပတ်သက်သည့် စကားလုံး အသုံး အနှုန်း ပြင်ဆင်ပေးရန် ကိစ္စ မပြီးပြတ်သေးသည့်အတွက် NLD ပါတီက လွှတ်တော်သို့ တက်ရောက်ခြင်း မရှိခဲ့ပါ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား “ကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကားလုံးအစား “လေးစား လိုက်နာပါမည်” ဟု အစားထိုး ပြင်ဆင်ပေးရန် နိုင်ငံတော် သမ္မတ အပါအ၀င် လွှတ်တော် နှစ်ရပ်မှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးများသို့ NLD ပါတီက ယခုရက်ပိုင်းအတွင်း အကြံပေးစားများ ပေးပို့ ထားသည်။
ယနေ့ အစားထိုးလိုက်သည့် တပ်မတော်သား ကိုယ်စားလှယ်များအနက် ဗိုလ်မှူးချုပ် အဆင့် (၈) ဦး၊ ဗိုလ်မှူးကြီး အဆင့် (၁၄) ဦးနှင့် ဒု- ဗိုလ်မှူးကြီးအဆင့် (၃၇) ဦးတို့ ပါဝင်လာသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား ရွေးချယ်ရန်မလိုဘဲ ခန့်အပ်ခွင့် ရှိသည်။

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်၊ ၃ဦးဒဏ်ရာရ
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ မြစ်ကြီးနားမြို့ ဆေးရုံလမ်းထောင့်
ပေါက်ကွဲမှုဖြစ်ပြီး မိနစ်အတန်ကြာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးနေကြစဉ်
ယနေ့နံနက် မြစ်ကြီးနားမြို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတနာရီကျော်အကြာ မြင်တွေ့ရပုံ
ဧပြီ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်၊ နံနက် ၈နာရီ၁၅ မိနစ်-ဆိုင်းဆွတ် YPI
မြစ်ကြီးနားမြို့ ဆေးရုံကြီးမှ ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဆေးရုံ...သို့ ဒဏ်ရာရရှိသူ ၃ ဦးရောက်ရှိလာသည်ဟု အတည်ပြုပြောဆိုသည်။
ဗုံးအမျိုးအစားနှင့် မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည် ဆိုသည်တို့ကို မသိရှိရသေးပဲ လတ်တလော အဆိုပါ လမ်းထောင့်တွင် ယာဉ်ထိန်းရဲများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ကြည့်ရှုစစ်ဆေးနေသည်ကို တွေ့ရသည်။
ယခုလ ၁၄ ရက်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ အထွက် ရထားလမ်းအနီး ဗုံးတလုံးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ။
Yangon Press International
မူရင်းသတင်းက ဒီမှာပါ။
အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်
မကွေးမြို့၊ အောင်မြေရတနာကျောင်း နွေရာသီသင်တန်း အာဏာပိုင်တို့ တားမြစ်
မကွေးဘကျော်၊ ဧပြီ ၂၅၊ ၂၀၁၂
ယနေ့မှာ မကွေးမြို့က အောင်မြေရတနာ ကျောင်းတိုက်မှာ ယဉ်ကျေးလိမ္မာ ၅ ရက် သင်တန်း ဖွင့်ပါလိမ့်မယ်လို့ သတင်းရပါတယ်။ သင်တန်းကို (၂) ပိုင်းခွဲထားတဲ့ အကြောင်း၊ မနက် (၇) နာရီက (၁၁) နာရီထိမှာ (၅/၆/၇/၈) တန်း သက်ငယ်များတတန်း၊ နေလည် (၁) နာရီကနေ (၅) နာရီအထိက (၉/၁၀) နဲ့ တက္ကသိုလ်တန်းတွေအထိ တပိုင်း ခွဲပြီး သင်ကြားမယ်လို့ ဆိုပါတယ်။
“သင်ကြားပို့ချမှာတွေက ဗုဒ္ဓဘာသာအပြင် ယာဉ်စည်းကမ်းထိမ်းသိမ်းရေး၊ ကျန်းမာရေး၊ အနုပညာအနေနဲ့ ရုပ်သေးကြိုးဆွဲ ဗဟုသုတစုံလို့ပါပဲ။ သင်ကြားပို့ချမယ့်အထဲမှာ ဆရာတော်ဦးဝိစိတ္တသာရ အပြင်၊ စာရေးဆရာထဲက မောင်သာချို၊ ဦးဘုန်း (ဓါတု)၊ ဇော်ခိုင်ဦး၊ ဒေါ်သန်းမြင့်အောင်စသည်တို့နဲ့ ညဖက်တွေမှာပါ စာပေဆွေးနွေးပွဲ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်” လို့ စီစဉ်သူတဦးက ပြောပြပါတယ်။
စာတင်ထားတာက ဧပြီ ၁၈ ကတည်းကဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က ဦးလှရှောင်က ယဉ်ကျေးလိမ္မာစီစဉ်သူတွေကို စာပေဟောပြောပွဲတွေ ဘာတွေ မလုပ်ဖို့ တားမြစ်လိုက်တယ်လို့ ကြားရပါတယ်။ ဆရာတော်ကြီးနဲ့ ဒကာ၊ ဒကာမများကတော့ ဆက်လက်စီစဉ်နေတယ်လို့ ဆိုပါတယ်။
မူရင်းသတင်းက ဒီမှာပါ။
မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်
စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။
မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။
ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။
ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။
ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။
စိုင်းနော်ခမ်း - အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)
ဦးယိဆေး - အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)
ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)
ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။
ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။
ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။
ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မူရင်းသတင်းက ဒီမှာပါ။
ဥပဒေကို လိုက်နာပါ၏ လော
ခတ်သစ် နိုင်ငံရေးအခြေခံ ဥပဒေပညာရှင် စီအက်ဖ် စထရောင်း (C . F . Strong ) က ”ဖွဲ့စည်ပုံ အခြေခံဥပဒေ ဟူသည် အစိုးရ၏ အာဏာများနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို စုစည်းဖော်ပြထားသော အစိုးရနှင့်ပြည်သူ အကြား ဆက်ဆံရေး ကောင်းမွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များ ဖြစ်သည်၊ ဟုရှင်းရှင်းလင်းလင်းဖွင့်ဆို ခဲ့ပါသည်။
အစိုးရနှင့် ပြည်သူအကြား ဆက်ဆံရေး ကောင်မွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များကို နှစ်ဖက်စလုံးက လိုက်နာရပါမည်။ နိုင်ငံနှင့် ပြည်သူအကြား ချုပ်ဆိုထားသော သဘောတူစာချုပ်ကြီး ဖြစ်သည်ဟုလည်း စီအက်ဖ် စထရောင်းက ရှင်းပြပါသေးသည်။ အမှန်စင်စစ်မှာ ဥပဒေသည် ဥပဒေနှင့် ပတ်သက်သည့် သူများ အထူးသဖြင့် အပေါ်ထပ်အဆောက်အအုံဖြစ်သည့် လွှတ်တော်များ အစိုးရများက စံပြလိုက်နာပြရစမြဲဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အ ဆက်ဆက်နှင့် လက်ရှိအစိုးရများကို လေ့လာလျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗိုလ်နေ၀င်း စစ်အုပ်စုက ဖျက်ဆီးခဲ့သည်။ ယခုလည်း ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရ အနေဖြင့် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သော စစ်အုပ်စုလက်စွဲ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ မည်သို့ရှိသည်ကို လေ့လာဆန်းစစ်ရပါတော့မည်။
အစိုးရသတင်းစာထဲမှာ ဧပြီလ ၂၂- ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် နှစ်ခုထုတ်ပြန်ပြီး၊ ပြည်သူ့လွှတ်တော်က စစ်သားအမတ် (၃၉) ဦးနှင့် အမျိုးသားလွှတ်တော်က စစ်သားအမတ် (၂၀) ဦး၊စုစုပေါင်း စစ်သားအမတ် ၅၉ -ဦးကို အစားထိုးလဲလှယ် လိုက်ပါသည်။ ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ထဲတွင် ရှိသော စစ်သားအမတ် (၁၆၆) ဦးထဲက တ၀က်လောက်ကို အစားထိုးလဲလှယ် လိုက်တာပါ။ ထုတ်ပယ်ခံရတဲ့ ၅၉ ဦးက ဗိုလ်မှုးများဖြစ်ပြီး ခုအသစ်ခန့်တဲ့သူ တွေက ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီးနှင့် ဒုဗိုလ်မှုးကြီးတွေ ဖြစ်ကြောင်း တွေ့မြင်ရပါသည် ။ ရွှေစစ်မစစ် ကို မှတ်ကျောက် တင်၍ သိရှိနိုင်သည့်နည်းတူ ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်း ဟုတ်၏ မဟုတ်၏ ကိုလည်း ၄င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ချိန်ထိုးဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ -”တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မိမိအမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်း ကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူ သိရှိရန် ကြေညာရမည်။ ထိုသို့ကြေညာသည့်နေ့မှ စ၍ ပြောင်းလဲခြင်းခံရသော မူလလွှတ်တော်ကိုယ်စားလှယ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။”ဟု ဖော်ပြထားပါသည်။ (မည်သည့်အတွက်ကြောင့်အစားထိုးပြောင်းလဲခံရသည်ကို ကော်မရှင်က အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ ကြောင်းတွေ့ရှိရပါသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၃၉၆ (က) တွင်”လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်းတရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်- (၁)မှ(၅) အထိပြဋ္ဌာန်းထားပါသည်။ ဤအတွက် တာဝန်မှ ပြန်လည်ရုပ်သိမ်း ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အများပြည်သူ သိရှိနိုင်ပါရန် ကြေညာခြင်းပြုရပါမည်။ တစုံတရာ ကြေညာခြင်းမရှိသည်ကို၌က ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံးမိုးယိုစမြဲ၊ ထိုနည်းတူပင် ဥပဒေပြုရေးမဏ္ဍိုင်၏ အထွဋ်အထပ်ဖြစ်သည့် ပြည်ထောင်စုဥပဒေပြုလွှတ်တော် ကသတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေများသည်လည်း တညီတညွတ်တည်းမရှိလျှင် ဥပဒေစိုးမိုးမှုရှိလိမ့်မည်မဟုတ်ချေ။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ-၁၁၉ တွင်” ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။ ဟုလည်းကောင်း ပုဒ်မ- ၁၅၁ တွင်” အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်း ကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ဟုလည်းကောင်း ဖော်ပြထားပါသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းသည်လည်း ငါးနှစ်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ “လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း ဆိုသည်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၂(ခ) တွင်ဖော်ပြထားသည်။
ဆိုလို သည်မှာ လွှတ်တော်ကိုယ်စားလှယ်တိုင်း လွှတ်တော်သက်တမ်း ငါးနှစ်ကာလသာ ထမ်းဆောင်ခွင့်ရှိပါသည်။ အများတန်းတူ အခွင့်အရေး ရှိရပါမည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ခဏခဏ အစားထိုးခန့်အပ်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားချက်မရှိပါ။
နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း(၈)တွင်ပြဋ္ဌာန်းထားသော ပုဒ်မ -၃၄၇ တွင်”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဖော်ပြချက်ကို မည်သူမဆိုလိုက်နာသင့်ပါသည်။ မလိုက်သူများကား အဘယ်သူများပါနည်း။ ရဲရဲအစစ်ဆေးခံနိုင်ရပါမည်။
(၂၄ -၄ - ၂၀၁၂)
(photo - Newly appointed military representatives of the Myanmar Parliament take an oath during the third session of the upper house on April 23, 2012.)

စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ
မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။
စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေအနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာပြည်ကမိန်းကလေးတွေပါ။ အဲ့ဒီလိုလူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေရတဲ့အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ် ဖော်တွေရတဲ့အခွင့်အရေး အများကြီးကွာခြားပါတယ်။ ကျမနဲ့အိမ်မှာ တခန်းတည်းအတူနေခဲ့တဲ့ ညီမလေးတယောက်က Maid Agency မှာ ရုံးဝန်ထမ်းလုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမသိခဲ့ရတယ်။
မြန်မာအိမ်ဖော်တွေ အဓိကအနှိမ်ခံရတဲ့အချက်တွေက ဘာသာစကားအားနည်းမှု၊ မိမိအလုပ်ရှင်ကို ရိုသေလေးစားအားနာမှု၊ သည်းခံတတ်မှု တွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့အခွင့်အရေး ကွာခြားတာကို ကျမရှင်းပြပါ့မယ်။
ဖိလစ်ပိုင်ကလာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော်သွားလုပ်တော့မယ်ဆိုရင် မသွားခင်မှာ အရင်ဆုံးသင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့်လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာ တဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ စင်္ကာပူမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကိုမြင်မှ သိလိုက်ရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမ လည်ပါဘူး။ ဘာမှန်းညာမှန်းမသိပဲ အလုပ်ရချင်တဲ့စိတ်လေးတခုတည်းနဲ့ ရောက်ခဲ့ကြတာ။
ဒီတော့ ဘယ်မှာလဲ သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ပတ်သက်တဲ့ ဗဟုသုတတွေ... တကယ့်ကို ဘာမှမရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ယှဉ်ပြီးလည်းရွေးရော မြန်မာလူမျိုးက ဘာမှမတတ်ဘူးဆိုပြီး Agent ကစလို့ လစာကိုနှိမ်ပြီး သတ် မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကားအားနည်းလို့ဆိုပြီး စလုံးတရုတ်အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလ ကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက်ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁) ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့်ပေးတယ်။ ဟန်းဖုန်းသုံးလို့မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင်ထွက်လို့ရတဲ့နေမှာပဲ ဆက်သွယ်လို့ရပါတယ်။
အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်းခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ်အလုပ်လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေ က သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင် က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လိုဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ် ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀လုပ်ရတဲ့ သူတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ တခုဆိုလျှင် ကံကံ၏အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ် တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလိုဒုက္ခတွေကိုမခံနိုင်တော့လို့ ရခဲ့လှတဲ့လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့အထိဖြစ်ကြပါတယ်။
ကျမအနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် အဆင်ပြေလားဆိုတဲ့စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်၊ မြန်မာ လူမျိုးအချင်းချင်း၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထားစေချင်တယ်။ လူတိုင်လူတိုင်း ပြည့်စုံတဲ့ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အ ကြောင်းမလှလို့ ဒီလိုဘ၀မျိုးရောက်တဲ့သူတွေကို ညှာတာပါ၊ သနားပါ၊ စာနာပါ။ ကိုယ်ချင်းစာတရားနဲ့ ကူညီပေးကြပါ။ မြန်မာနိုင်ငံမှ နိုင် ငံခြားတွင် အိမ်ဖော်အလုပ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော မြန်မာမိန်းကလေးများ သတိပြုနိုင်ပါစေ။ စကာင်္ပူနိုင်ငံလို ဥပဒေပြင်းထန်သော နိုင်ငံတွင် ဒီလောက်ဖြစ်သည်ဆိုလျှင် အခြားသောတိုင်းပြည်များတွင် ဒီထက်သာဆိုးပါလိမ့်မည်။
အခုလို အိမ်ဖော်တွေအနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့အတွက် မြန် မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးအနေဖြင့် အခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား အပေါ်တွင် မည်သည့်အကူအညီ၊ ကာကွယ်ခြင်းမျိုး မပေးနိုင်ပါ။ တွေးလို့သာ ကြည့်ကြပါတော့။
မြန်မာသံရုံးကိုထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။
(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ်သက်တမ်းတိုးခြင်း - $150
မူရင်းသတင်းက ဒီမှာပါ။
5GB အခမဲ့ သိုလှောင်နိုင်ပြီး 16 TB အထိ သိုလှောင် နိုင်မည့် Google Drive ကို မိတ်ဆက်
အင်တာနက် ရှာဖွေ ရေး အင်ဂျင် နှင့် ၀န်ဆောင်မှု လုပ်ငန်း တွင် ကျော်ကြား လှသည့် ဂူဂယ်
ကုမ္ပဏီ က Google Drive အမည် ရှိ အွန်လိုင်း အချက် အလက် သိုလှောက် မှု စနစ် ကိုယ
နေ့  မိတ်ဆက် လိုက်သည်။
ဓာတ်ပုံ ၊ ဗီဒီယို အပါ အ၀င် မိမိ ၏ မှတ်တမ်း များ ကို 16 Tetrabyte အထိ သိုလှောင် နိုင်မည့် Google Cloud ၀န်ဆောင်မှု တွင် 5GB အထိ အခမဲ သုံး နိုင်မည် ဖြစ်ပြီး သတ်မှတ် ပဏာမ ထက် ကျော်လွန် သုံး စွဲ လို ပါက လစဉ် အလိုက် ၀န်ဆောင် ခပေး ရမည် ဟု ဆိုသည်။
နည်းပညာ ကျွမ်းကျင် သူ များ က ဂူဂယ် သည် Storage ၀န်ဆောင်မှု နယ်ပယ် သို့  ၀င်ရောက် ခြင်း သည် အရမ်း နောက် ကျ သွား ပြီ ဆိုသည်။
နာမည် ကျော် အွန်လိုင်း သိုမှီးမှု ၀န်ဆောင် မှု ပေး သည့် ကုမ္ပဏီ များ ဖြစ်သည့် Dropbox နှင့် Microsoft Sky Dive တို့ သည် Online Storage နယ်ပယ် တွင် အထင် ကရ ဖြစ်သည်။
Google Chrome နှင့် Blogspot ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ အိန္ဒိယ နိုင်ငံ သား ကွန်Sundar Pichai က Google Drive မိတ်ဆက် ပွဲ တွင် ” သင် ဘယ်နေ ရာ ပဲ ရောက် နေ ပါစေ သင့် ရဲ့ ပရောဂျက် တွေ ကို လုပ် ဆောင် နိုင်ပါတယ် ၊ သင့် ရဲ့  မိတ်ဆွေ တွေ နဲ့  သုတွေသန လုပ်ငန်း တွေ ကိုလည်း ကမ္ဘာ တစ်နေ ရာ စီ က နေ အတူ တကွ လုပ်ဆောင် နိုင်တယ် ဟု ဆိုသည်။
5 GB ထက် ပိုမို သုံးစွဲ လိုလျှင် 25 GB အတွက် လစဉ် ၂.၄၉ ဒေါ်လာာ ၊ 100GB အတွက် လစဉ် ကြေး ၄.၉၉ ဒေါ်လာ ၊ 1 TB အတွက် ၄၉.၉၉ ဒေါ်လာ နှင့် 16TB အတွက် ဒေါ်လာ ၈၀၀ နီးပါးည ကျသင့်မည် ဖြစ်သည်။
မိုက်ခရို ဆော့ဖ် Sky Drive ၏ ၀န်ဆောင် ခ မှာ မူ တစ်နှစ် တာ 100 GB အသုံးပြု မှု အတွက် ဒေါ်လာ ၅၀ ကျသင့် မည်ဖြစ်သည်။
Google Drive ၏ ၀န်ဆောင်ခ နှုန်းထားများ မှာ Dorpbox ထက် ဈေးနှုန်း သက်သာ သည်။
Google က အသုံးပြု သူ များ ၏ အချက် အလက် များ လုံခြုံ စိတ် ချမှု ရှိ ရမည် ဟု ဆိုသည်။
Google Drive ကို Window နှင့် Mac ကွန်ပျုတာ များ တွင် သုံး နိုင် ပြီး iPhone နှင့် iPad တွင် လည်း မကြာခင် အသုံး ပြု နိုင် မည် ဟု ဆိုသည်။
Google သည် Gmail, Gtalk , Earth, Google + , Docu နှင့် အခြား အင်တာနက် ၀န်ဆောင် မှု ပေါင်း ၁၀၀ ကျော် ကို စီမံ ခန့် ခွဲ နေသည့် ကုမ္ပဏီ ဖြစ်သည်။
Dubbed Google Drive
Related articles
What Is Google Drive? (gizmodo.com.au)
Google Says its’ Drive iOS App is 98% done, launching soon (ios-empire.com)
Free storage for you: Google Drive to arrive today (hazimsos.wordpress.com)

ပြည်တွင်းမှ မြန်မာမိန်းခလေးများက ပြိုင်စရာ ဘာ အရည်အချင်း မှ မရှိလို့ မိမိပစ္စည်း ကြီးတာ ပြိုင်နေကြောင်း ပြည်ပရောက် မြန်မာတစ်ဦး ဝေဖန်
မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဝင် မြန်မာအမျိုးသမီးငယ်များက အချင်းချင်းပြိုင်စရာ ဘာ အရည်အချင်း မှမရှိတာကြောင့် ရင်သားများ နဲ့ တင်ပါး များသာ အဖော်ပြိုင်နေကြခြင်း၊ အကြီးပြိုင်နေကြခြင်း ဖြစ်ကြောင်းကို ပြည်တွင်းမှာ မနေတော့တဲ့ မြန်မာအမျိုးသမီးတစ်ဦးက ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် သူမကပဲ မြန်မာအမျိုးသမီးများအနေနဲ့ အဆင့်တန်းရှိရှိဖော်ကာ ဝတ်စားဆင်ယင် ကြဖို့ ဆုံးမထားပါတယ်။ အဆင့်တန်းရှိရှိဖော်တယ်ဆိုတာ ဘယ်လိုဖော်တာလဲဆိုတာကိုတော့ ရှင်းပြသွားခြင်း မရှိပေမယ့် လက်ရှိ ပြည်တွင်းမှ မြန်မာအမျိုးသမီးများ၏ ဝတ်စားမှုပုံစံမှာ ဖာအလုပ်လုပ်ပြီး ဖော် ထားတဲ့ ပုံစံတွေ ဖြစ်နေကြောင်း၊ ယနေ့ မြန်မာအနုပညာရှင်များက ဖာ သာသာ ဝတ်နေကြကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားပါတယ်။ ဒါ့အပြင် သူမအနေနဲ့ စကပ်တိုတို ဝတ်ရတာကို အလွန်နှစ်ခြိုက်ကြောင်းလည်း ဝန်ခံသွားပါတယ်။ အပြည့်အစုံကို အောက်က ဗွီဒီယို မှာ ကြည့်ရှုနားထောင်နိုင်ပါတယ်။
(မှတ်ချက်။ ။ ဝတ်ဆင်မှု ယဉ်ကျေးရန် ဆုံးမ သူ မှာ ပြောဆိုခြင်း ယဉ်ကျေးမှု အားနည်းကာ "ဖာ" ဟုသည့် အသုံးအနှုံးများကို ယဉ်ပါးစွာ ပြောဆိုလျှက် ရှိတာကြောင့် မိကောင်းဖခင် သားသမီးများနှင့် ဦးဦး၊ ဒေါ်ဒေါ်၊ ဖိုးဖိုး၊ ဘွားဘွား များအား မကြည့်လိုက မကြည့်ကြဖို့ ကြိုတင် သတိပေးအပ်ပါသည်...)

နှစ်ချို့မင်္ဂလာ
အချိန်ကာလအတော်ကြာအောင် အေးခဲနေခဲ့သောကိုယ့်ရင်သည် သည်နေ့မှာတော့ သိသာစွာနွေးထွေးနေတော့သည်။ တခါ တခါ သွေးနှိုး သံသည် ရင်အုံကို ဒိတ်ဒိတ်တိုးလာသည်။ အပျော်ဆိုတာ ကူးစက်လွယ်ဆုံးအရာပေထင့်။
ကခုန်နေသူများ၊ အောင်သံကြွေးနေကြသူများ၊ ရယ်မောပြုံးရွှင်နေကြသူများ၊ တလူလူလွင့်ပျံ့နေသော ဒေါင်းအလံများ၊ သံပြိုင်သီတေးများ၊ … စသည် စသည် အရုပ်အရောင်အသံတို့သည် အွန်လိုင်းမှတဆင့် ကိုယ့်အာရုံတံခါးများသို့ အလုအယက်တိုးဝင်လာကြတော့သည်။
စာအုပ်ခပ်ကြီးကြီးအရွယ်ကွန်ပျူတာဆိုသည့် နည်းပညာပြတင်းလေးမှတဆင့် စီးဆင်းလာသော ထိုပျော်ရွှင်ခြင်းတို့သည် ကိုယ့်သွေးတို့နှင့် ရောနှောပျော်ဝင်သွားက ကိုယ့်ရင်ကိုနှိုးခဲ့ပြီး ကိုယ့်ကလောင်ကို နိုးစေခဲ့ပြီ။ ကြည့်စမ်း၊ ပျော်နေလိုက်ကြတာ။ အရွယ်စုံ၊ အရောင်စုံ၊ ဘ၀စုံဈ ကိုယ့်မြေက ကိုယ့်ဆွေတွေ ပျော်ပုံသစ်လိုက်ကြပါဘိ။ ပျော်ကြပါစေ၊ ရွှင်ကြပါစေ၊ ရယ်ကြပါစေ ပြုံးကြပါစေ။ တင်းထားခဲ့သော ပါးကြောတွေ ပြေလျှော့သည်ထိ ပြုံးကြပါစေ။ နောက်ပြီး ထိုအပြုံးအရယ်တို့ကို အဓွန့်ရှည်အောင်လည်း ထိန်းသိမ်းထားနိုင်ကြပါစေ။
ဟုတ်တယ်လေ။ ပြန်မြင်ယောင်ကြည့်။ ယခုလိုပျော်ရွှင်မှုတွေ တချိန်သောအခါက တပြည်လုံးဖုံးခဲ့ဖူးပြီ။ အုံးအုံးခြိမ့်ခြိမ့် ညံခဲ့ဖူးပြီ မဟုတ်လား။ ဒါပေမယ့် ပျော်မဆုံး ပြုံးမ၀ခင်မှာပင် ညှိုးချုံးသွားကြခဲ့ရသည်လေ။ နိုင်ထက်ကလူ လုယူခံကြရသည်လေ။ အော် … ဆယ်စုခေတ်နှစ်ခုပင် ကျူးခဲ့ပကော။
ယခုပျော်ပုံသစ်နေသူများထဲတွင် ဟိုစဉ်ကပျော်ခဲ့ကြသူများ ပါနိုင်သလို၊ မပါဝင်နိုင်တော့သူတွေလည်း အစုနဲ့အဝေးရှိမည်ပင်။ ကိုယ့်အမေနှင့် အစ်မတယောက်ဆို ဟို သံသရာဆီထွက်ခွာသွားကြရှာပြီ။ ပျော်ဖို့အရေး မဲပေးခဲ့သော်ငြား ပျော်ရေးမသာခဲ့။
“မိန်းကလေး ကျမ်းမာချမ်းသာပါစေ။ လမ်းခုလတ်မှာ သူ့အဖေလို အကြွေမစောပါစေနဲ့” လို့ ဆုတောင်းမေတ္တာပို့သတတ်သလို “သူ့တို့က ဖယောင်းမျိုးတွေသားရဲ့၊ ကိုယ်အရည်ပျော်ခံပြီး သူတပါးကို အလင်းရောင်ပေးတာ။ သူ့အဖေ ဗိုလ်ချုပ်ဆိုလည်း ….” စသည်ဖြင့် ပြောပြလေ့ ရှိသော အမေ ယခုအချိန်များရှိလျှင် ….။
ဘာပဲဖြစ်ဖြစ် အသက်ရှူရပ်သွားရှာသူတွေအတွက် မဖြေသာသည့်တိုင် အသက်ရှူကြပ်နေရှာကြတဲ့ ကိုယ့်ဇာတိက ကိုယ့်ညာတိတွေအတွက် တော့ တကယ့်မင်္ဂလာပါ။ (သုပ္ပဘာတံ၊ သုဝုဌိတံ) ဆိုသလို သည်ဧပြီ (၂) ရက်နေ့မှာဖြင့် နိုးခြင်းကောင်းစွာ မင်္ဂလာဖြင့် နိုးထခဲ့ကြပြီ။ မနေ့က ပျော်ရွှင်မှုအရှိန်သည် သည်နေ့တိုင် အဟုတ်ကောင်းဆဲ။ မိုင်ပေါင်းများစွာဝေးကွာသည့် ကိုယ်တို့နေရာ ကမ္ဘာတဖက်ခြမ်းထိ ရိုက်ခတ်လာ သည်။ ဖေ့စ်ဘုတ်မှာ အွန်လိုင်းမှာ လေလှိုင်းမှာ စာမျက်နှာတွေမှာ ပုံရိပ်တို့က ဝေဆာဝင်းပြက်လျှက်။
“အနိုင်ရလို့ ပျော်ရွှင်ကြတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် တဖက်သားကို မထိခိုက်စေဖို့ မေတ္တာရပ်ခံပါတယ်” တဲ့။ အနိုင်ရသူ ခေါင်းဆောင် ၏စကားကို ကြားလိုက်ပြန်တော့ ပျော်ရွှင်မှုမှာ လေးနက်ခြင်းတွေ စိုစွက်လိမ်းကျံလို့ပါလား။
ဒါတင်မက “ကျွန်မတို့ အနိုင်ရသူအများစုဟာ၊ အနဲစုရဲ့အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးကြရမယ်” တဲ့။ ဖြူစင်ဖြောင့်စင်းပြီး ဘယ်လောက်များ ဂုဏ်သိက္ခာရှိလိုက်သလဲ။ ဘယ်လောက်များ မိကောင်း ဖမြတ်သမီး ပီသလိုက်သလဲ။ ဘယ်လောက်များ စာနာ ကြင်နာတတ် သလဲ။ အော် … သူတုန်းက ဆို ….။ ရင်သွေးလေးတွေနှင့် ကွဲကွာ၊ ခင်ပွန်းသည်နှင့်ကွေကွင်း၊ သာယာအေးချမ်းသည့် မိသားစု လေး ပြိုကွဲ၊ အကျယ်ချုပ်က အကြိမ်ကြိမ်၊ အကျဉ်းချုပ်က ခဏခဏ၊ အသက်ဘေးကလည်း သီသီလွတ်ရ။
ပြီး …သတင်းစာ၊ ရေဒီယို၊ တီဗွီရှိသမျှ ၀ါဒဖြန့်ချိရေးကိရိယာတွေသုံးပြီး ထိုးနှက်ပုတ်ခတ်ဆဲရေးလာလိုက်ကြတာ၊ အားမရတော့ “လူငါးယောက်ထက် ပိုမစုရ” ဆိုသည့် ကိုယ်ထုတ်သည့်ဥပဒေ ကိုယ်ချိုးဖောက်ပြီး လူစုလူဝေးနှင့် ရှုံ့ချပွဲဖကြီးတွေ ကျင်းပလား ကျင်းပရဲ့။
“ကျွန်မတို့ အာဏာရရေးအတွက်နဲ့ ဘယ်တော့မှ ပြည်သူကို လမ်းပေါ်မတက်စေရဘူး” တဲ့။ သူ့ပြည်သူတွေ သေကြေမှာ၊ နာကြင်မှာစိုးသည့် သူ့မေတ္တာကို တဘက်က ပုဂ္ဂိုလ်တွေက မဟာအခွင့်အရေးကြီးအဖြစ် အသုံးချပြီး ထင်တိုင်း စိုင်းလိုက်ကြတာ။ ပြည်သူကလည်း ညှိုးချုံး၊ တိုင်းပြည်ကလည်း ချုံးချုံးကျ။
သူမကိုယ်တိုင်ကတော့ သူ့ရဲဘက်တွေ ရဲဖော်တွေ လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြတောင်းဆိုလိုက်တာ၊ ကံသီပေလို့ …အော် ..ကိုယ့် အမေပြောတဲ့ “ကိုယ်အပူခံပြီး သူများကို အလင်းရောင်ပေးတယ်” ဆိုတဲ့စကား မှန်လှချည့်။
အင်း အဲဒီတုန်းက သူ့အသက်က (၄၅) နှစ်ပေါ့။ အဲဒီကသာ စပြီးလုပ်ခွင့်ရခဲ့ရင် ခုနေ ကိုယ်တို့တိုင်းပြည်ဟာ … အခြားတိုင်းပြည်တွေက မော်မကြည့်ရင်တောင် ခုလို ငုံကြည့်ခံရသည့်အနေအထား မရောက်နိုင်။ ခုတော့ …. သူတင်မက သူ့ကိုထောက်ခံသည့် ပညာတတ်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားခေါင်းဆောင်တွေ …အားလုံး အဲဒီတုန်းက ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနှင့် ၀ံ့စားတက်ကြွသည့် အရွယ်ကောင်းတွေ၊ ပြည့်ခွန်အားတွေ၊ ပြည့်ဦးဏှောက်တွေ၊ ပြည့်မျက်လုံးတွေ၊ ပြည့်လက်ရုံးတွေ ခမျာ၊ ထောင်ကျသူကျ၊ ပြည်ပတိမ်းရှောင်သူတိမ်းရှောင်နှင့် ဘာကြောင့်များ ဖြုန်းတီးပစ်ကြပါလိမ့်။
အဲဒီတုန်းကသာ အခုလို တွေ့ဆုံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလျှင် ကိုယ်တို့မြေဟာ အပျော်ရည်ဝ နေရောပေါ့။ မင်္ဂလာရောင်တွေ လျှံနေလောက်ပြီ။
တကယ်တော့ သည်ဧပြီ (၁) ရက်နေ့မှာ ကိုယ့်မျိုး ကိုယ့်ဆွေတွေ ရရှိလိုက်သည့် ပျော်ရွှင်ခြင်းနှင့်ပြည့်စုံသော ကျက်သရေမင်္ဂလာသည် နှစ် နှစ်ဆယ်မကပင် နောက်ကျနေခဲ့ပါပေါ့လား။ ဘာကြောင့်များ ယခုလို ….။
ဘာပဲဖြစ်ဖြစ်လေ Late’s better than never တဲ့။ နောက်ကျခြင်းဟာ ဘယ်တော့မှ မဖြစ်ခြင်းနဲ့စာရင် အများကြီးကောင်းသေးသတဲ့။ နောက် မကျဘူးဆိုလျင်တော့ ဘာဆိုဖွယ်ရှိတော့မလဲ။
အင်းလေ … ရှေ့လျှောက်အများအတွက် ပြင်ဖို့ ပြုဖို့ တည်ဖို့ ဆောက်ဖို့အရေး တွေ့ဆုံဆွေးနွေးဖို့ဆိုလျှင် အဃာတ၀န်၊ မာန၀န်တွေနှင့် လေးဖင့်မနေကြပါစေနှင့် မနေကြပါစေနှင့် …။
ဘုရားရှင်ကိုယ်တော်မြတ်၏ “အဇ္ဇေ၀ သုေ၀၀ ကိစ္စံ ကာတဗ္ဗံ” ကောင်းသည့်အမှုဆို နေ့ခြင်းပြု၊ နက်ဖြန်မဆိုင်းနှင့်ဆိုသည့် ခွန်းတော်သံဟာ နားတိုင်းလျှံပြီး ရင်တိုင်း ပဲ့တင်ထပ်စေချင်စမ်းပါဘိ။