Tuesday, April 24, 2012

အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးက NLD ကျမ်းကျိန်ခါနီးမှ ရေးခဲ့တာ မဟုတ်ဘူး

"အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးက NLD ကျမ်းကျိန်ခါနီးမှ လုပ်ကြံ ရေးခဲ့တာ မဟုတ်ပါဘူး.... ၂၀၀၈ ကတည်းက ရေးခဲ့တဲ့ စကားလုံးဖြစ်ပြီး ၂၀၁၁ တုန်းက လွှတ်တော်အမတ်အားလုံးက ဒီလိုပဲ ကျမ်းကျိန်ခဲ့ကြတာပါ... လွှတ်တော်ထဲရောက်လျှင် ဒီလို ကျမ်းကျိန်ရမယ် ဆိုတာကိုလည်း အခြေခံဥပဒေ ထဲမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရှင်းလင်းပြတ်သားစွာ တိတိကျကျ ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်..."  အမည်မဖော်လိုသူ အမျိုးသား ဒီမိုကရေစီ ပါတီဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။

"လွှတ်တော်ထဲရောက်ရင် ဒီလိုကျမ်းကျိန်ရမယ် ဆိုတာကို NLD က သိသိကြီးနဲ့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့တာပါ... အစကတည်းက မကျိန်နိုင်ဘူးဆိုရင် အခြေခံဥပဒေကို သပိတ်မှောက်ထားတဲ့ မူလ အစီအစဉ်အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်သင့်ပါတယ်...

၂၀၀၈ အခြေခံဥပဒေ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တို့ အရ ပါတီကို မှတ်ပုံတင်ခဲ့တဲ့ အပြင် ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီးမှ အခု ကျမ်းကျိန်ခါနီးမှ ဒီလို စကားမျိုးဆိုရင် မကျိန်နိုင်ဘူး ဆိုတာက အလွန်ကလေး ဆန်ပြီး ရှက်စရာ သိပ်ကောင်းပါတယ်..."


လို့ ၎င်း က ဆက်ပြောပါတယ်။

NLD ပါတီဟာ ၂၀၀၈ အခြေခံဥပဒေ အရမှတ်ပုံတင်ကာ၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ပြီးမှ ၂၀၀၈ အခြေခံဥပဒေ ထဲက ကျမ်းကျိန် စာသားတွေကို မရွတ်ချင်ဘူးဟု ကပ်တွက်ကာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်ကို ဆန္ဒပြခဲ့ပါတယ်။ NLD ရဲ့ ၎င်း လုပ်ရပ်ဟာ လွှတ်တော် နှစ်ရပ်လုံးမှာရှိတဲ့ လက်ရှိ အမတ်အားလုံးကို စော်ကားတာဖြစ်သလို လွှတ်တော်တက်ပါမယ်လို့ အာမခံခဲ့ပြီး မဲအတင်းထည့်ခိုင်းခဲ့တဲ့ မဲဆန္ဒရှင်တွေကိုပါ စော်ကားသလို ဖြစ်နေပါတယ်။

အခြေခံဥပဒေမူကြမ်းကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးမှယ NLD ကျမ်းကျိန်ခါနီးမှ ရေးခဲ့တာ မဟုတ်ပဲ ယခင် အမတ် တစ်ထောင်ကျော် ကတည်းက ဒီအတိုင်း ကျိန်ခဲ့ပြီး တိုးတက်အောင် လုပ်ခဲ့လို့ ဒီတနှစ်အတွင်းမှာ ကမ္ဘာက မြန်မာကို အသိအမှတ်ပြုလာတာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့လွှတ်တော်ကို ကမ္ဘာက ချီးကျူးနေကြပေမယ့် အဲဒီလွှတ်တော်ထဲမှာ NLD မပါသေးတဲ့အတွက် ကြောင့် လုံးဝ မပါသေးပါဘူးဖြစ်ပါတယ်။

ဒီကနေ့ ၂၃ ရက်နေ့မှာ လွှတ်တော်နဲ့ ထိုက်တန်တဲ့ အမတ် အသစ်တွေ လွှတ်တော် ကျမ်းသစ္စာ ကျိန်ကြပါတယ်။ NLD အမတ်တွေ ခုထိ အမတ်မဖြစ်ရရှာသေးပါဘူး။ အမတ်ဖြစ်တော့မယ်ထင်ပြီး ခေါင်းပေါင်း ပေါင်းကျင့်နေတဲ့ အဆိုတော် ဇေယျာသော်လည်း သီချင်းပြန်ဆိုဖို့ ပြင်နေပြီလို့ ရန်ကုန်က ရပ်ပါ သတင်းရပ်ကွက်က လာတဲ့ သတင်းများအရ သိရပါတယ်။




ခေါင်းပေါင်း ကျင့်ခဲ့ရပေမယ့် လွှတ်တော် မတက်ခဲ့ရသည့် အဆိုတော် ဇေယျာသော်

NLD ပါတီအနေနဲ့ လွှတ်တော်ထဲ မရောက်ခင်တောင် စကားလုံးလေး တစ်လုံးအတွက် ကက်သီးကက်သတ် တွယ်ကပ် ထောက်ရှုနေမယ်ဆိုရင် လွှတ်တော်ထဲရောက်ရင် ဘယ်လိုမျက်နှာချင်းဆိုင်ပြီး အဆင့်တန်းရှိရှိဆွေးနွေးနိုင်မယ်လို့ မထင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကလည်း သုံးသပ်ထားပါတယ်။


Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်

ဓာတ်ပုံ ASSOCIATED PRESS
ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။
ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေအကြားမှာ အခုရက်ပိုင်း တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့ တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာ တ၀ိုက်မှာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် တိုက်ပွဲပေါင်း ခြောက် ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ KIA ဗဟို ဌာနချုပ်ဟောင်း ရှိရာ ပါဂျောင်ဒေသနဲ့ လိုင်ဇာဒေသ ကြားက နားပေါ့လို့ခေါ်တဲ့ အစိုးရတပ်စခန်းမှာ လေကြောင်းအကူအညီနဲ့ တပ်အင်အား ဖြည့်တင်းတာတွေ မြန်မာတပ်တွေဘက်က လုပ်ခဲ့ပြီး KIA ဌာနချုပ်ကို ပစ်မှတ်ထား ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် က အခုလို ပြောပါတယ်။

“အဖြစ်များတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် နဲ့ နီးတဲ့ ဒေသတ၀ိုက်ပေါ့နော် အဲ့ဒီမှာ အဖြစ်များ တယ်ခင်ဗျ။ သူတို့ရဲ့ ရည်မှန်းချက်က တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ နီးသထက်နီးအောင် စစ်ဆင်ရေး လုပ်တာမျိုး၊ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ထန်းကုန်းတွေကို ထိုးစစ်လုပ် သိမ်းပိုက်တာမျိုး ပုံမှန် လုပ်နေကြတယ်ခင်ဗျ။ နောက်ပြီးတော့ လေကြောင်းအကူနဲ့ သူတို့ တပ်အင်အား ချပေးတာမျိုး လက်နက် ခဲယမ်းမီးကျောက် တွေကို လေကြောင်းအကူနဲ့ ပို့ပေးတာမျိုး လုပ်နေကြတယ်ခင်ဗျ။ သိသာထင်ရှားတာက ဘာလဲဆိုတော့ သူတို့ရဲ့ အခု တိုက်ပွဲတွေဟာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ကို အဓိက ဦးတည်နေတယ် ဆိုပြီးတော့ ခန့်မှန်းပြောဆိုလို့ရတယ်ခင်ဗျ။ တိုက်ပွဲတွေမှာလည်း သူတို့က လက်နက်ကြီးတွေကို ပိုပြီးတော့ အသုံးပြုတာ များလာတယ်။ အရင်ကထက် လက်နက်ကြီးတွေကို သူတို့ အင်နဲ့အားနဲ့ဖြည့်ပြီးတော့ ပစ်ခတ်တာမျိုး၊ KIO တပ်စခန်းတွေရှိမယ်လို့ ခန့်မှန်းမိတဲ့ နေရာတိုင်းကို သူတို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဒီလိုမျိုး ဆက်တိုက် လုပ်လာတယ်။ ဒါတွေက ထူးခြားချက်လို့ ပြောလို့ရမယ်ခင်ဗျ။”

ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဘက်ကတော့ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိခဲ့ပါဘူး။ KIA နဲ့ မြန်မာအစိုးရတပ် တွေအကြား တိုက်ပွဲတွေဟာ ကချင် ဒေသအနှံ့မှာ ဖြစ်ပွား နေတာ ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း အခုဆိုရင် ရှစ်သောင်း လောက် ရှိသွားပြီလို့ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး - ဒေသခံတွေအနေနဲ့ ထွက်ပြေးရင်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဖားကန့်မြို့နယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

“ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းလောက်ကတည်းက အခြေအနေတွေက ဆိုးလာတယ်။ အများဆုံး တိုက်ပွဲဖြစ်တာက ဗန်းမော် ဘက်မှာပါ။ စစ်ပြေးဒုက္ခသည်တွေကလည်း ကချင်ပြည်နယ် တခုလုံး ဆိုရင် ရှစ်သောင်း လောက်ရှိတော့မယ်။ ဒုက္ခသည်တွေက အခု ဗန်းမော် ဘက်ရယ်၊ လိုင်ဇာဘက်ရယ်၊ ကန်ပိုင်တီတို့ ဘက်မှာ ပိုများလာပါတယ်။ ဒီလို တိုက်ပွဲဖြစ်တဲ့ကြားမှာ တချို့တွေက သေနတ်မှန် တာတွေ ရှိတယ်။ တချို့ကျတော့ ဗုံးစတွေထိလို့ သေတာတွေရှိတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အဓိက စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း ပို့ဆောင်ရာ တရုတ် နယ်စပ် ကန်ပိုင်တီ ကုန်သွယ်ရေး လမ်းကြောင်း ကိုလည်း KIA ဘက်ကနေ မနက်ဖြန် အင်္ဂါနေ့ကစပြီး ပိတ်ပစ်တော့မယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီသတင်းကြောင့် တချို့ ခရီးသည်တွေ အနေနဲ့ ဒီကနေ့ တနင်္လာနေ့ကစပြီး မသွားကြတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်ကို မေးကြည့်တဲ့အခါမှာတော့ KIA အနေနဲ့ အရပ်သားတွေ အသုံးပြုတဲ့လမ်းတွေကို ပိတ်ပင်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေအနေနဲ့ သတိထားကြဖို့ကိုလည်း ပြောဆိုထားတာရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်စခဲ့တာ ၂၀၁၁ ဇွန်လကုန်လောက်ကတည်းကပါ။ အဲ့ဒီလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း KIA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဟာ ပြည်နယ် အဆင့်အနေနဲ့ နှစ်ခါ၊ ပြည်ထောင်စုအဆင့်အနေနဲ့ သုံးခါ တွေ့ဆုံခဲ့ ကြပြီးဖြစ်ပေမဲ့ အခုထိတော့ ပြေလည်မှု မရရှိကြသေးပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်တွေဘက်က အခုလို တပ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်မယ့် အလားအလားအပေါ် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် ကတော့ “တိုက်ပွဲတွေ ဘယ်လောက်ပဲဖြစ်ဖြစ် ဒေသငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ တွေ့ဆုံဆွေးနွေးမှု တွေကတော့ လုပ်ရမှာပဲခင်ဗျ။ အဲ့ကိစ္စကိုတော့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။

မျှော်လင့်တယ်ဆိုတဲ့နေရာမှာလည်း တောင်းဆို ထားတဲ့အချက်တွေရှိပါတယ်။ အခု ကချင်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေ ပြန်ရုတ်သိမ်း ဖို့ရယ်၊ ပြဿနာတွေဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ တပ်တွေ အနေအထားကို နှစ်ဦးနှစ်ဘက် အကြေအလည် ဆွေးနွေးပြီးမှပဲ ဖြေရှင်းပေးဖို့၊ အဲ့ဒီအချက်တွေကို ပထမအဆင့်အနေနဲ့ လုပ်ရမယ်။ အဲ့ဒီအချက်တွေ လုပ်ပြီးတဲ့ အခါမှ သဘောတူညီချက် လက်မှတ်ရေးထိုးကြမယ်။ လက်မှတ်ရေးထိုးတဲ့အခါမှာလည်း အခိုင်အမာ ဖြစ်စေဖို့အတွက် နိုင်ငံတကာရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ အဓိက အချက် နှစ် ချက်ပါပဲခင်ဗျ။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေက အခုထက်ထိ တုန့်ပြန်မှုတော့ မရှိသေးဘူးခင်ဗျ။ သူတို့သာ ကျနော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အရှိန်အဟုန် နဲ့ အကောင်းဘက်ကို ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိုပဲ ပြောဆိုနေကြတော့ အဲ့ဒီမှာ ဘယ်လိုမှ ညှိလို့မရတဲ့ အကြောင်းအရာတွေ ပေါ်လာတယ်ခင်ဗျ။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုတွေကတော့ အပြုသဘောဆန်တဲ့ ရလဒ် တခုမှ မတွေ့ရသေးပါဘူး။”

KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် ဖြစ်ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သွားခဲ့တာ အခုဆိုရင် ၁၁ လနီးပါး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေ ဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာ ဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှု တွေ နဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ကချင် ဒုက္ခသည်အရေး ဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ KIA တပ်တွေက လမ်း တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ တပ်သားသစ် စုဆောင်းတာတွေ ရှိတယ်ဆိုပြီး ဖော်ပြရေးသားနေတာကြောင့် KIA နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ရနိုင်ဖို့အနေအထားဟာ မရေရာလှသေးဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

နောင်လွှတ်တော်ထဲ ဆီးလို့ ကြိုကွယ်… မောင်ကြီးလာပါမယ်

“ နောင်… လွှတ်တော်ထဲ ဆီးလို့ ကြိုကွယ်... မောင်ကြီးလာပါမယ်”
ဂျော်ဒီး၊ ဧပြီ ၂၄၊ ၂၀၁၂

“ရော့ ... ဒါက... ဆန်ပြုတ်။ မကုန်လို့ တိုက်တာ မဟုတ်ဖူးနော်။ အဟဲ… ငါလည်း ဆန်ပြုတ်ပဲ သောက် တဲ့ အတူတူ... မင်းတို့ဖို့ ပိုပြုတ်ထားတာ... ။လိုချင်သေးရင် အိုးထဲကြည့်  ။ရှိရင် ထည့်သောက်... ။ကုန်ရင်တော့ လည်း…တတ်နိုင်ဘူးအေ... ”

“ဂလုံ... ဂလွမ်... ဂျစ်... ဂျစ်... ဂျစ်” ။

ကလေး တသိုက်လဲ ဘယ်လောက်ဆာလောင် လာသည် မသိ... ။ဂျီးဒေါ် ဒန်အိုး ပိန်ပိန်ကလေးခမျာ... သူတို့  ဇွန်းခြစ်ရာတွေပရပွ နဲ့  သနားစရာ... ။ ပိုသနားစရာ ကောင်းတဲ့  …လေလွင့်  ကလေးငယ်တသိုက်... ကတော့ ဆန်ပြုတ်အိုးကို ရေကျင်းသောက် ဖို့ ကြံနေရှာသေးဧ။်။

ထိုစဉ်...

“ ဟိုင်း... ဂျီးဒေါ် ... ၂၀၁၅ အတွက်... ပြင်ဆင် နေတာလား... ဟဲ... ဟဲ”

စပ်ဖြဲဖြဲ နဲ့  အော်ကျယ်ဟစ်ကျယ် လုပ်လာသူကား ... ဘာညာမသိ တဲ့  အာပလာ သာဂိ... ။

ဂျီးဒေါ်က အလန့် တကြား ... “ဟဲ့  ၂၀၁၅ မှာ ကမ္ဘာ ပျက်ဦးမှာ တဲ့  လား… ငါက ဘာတွေ ပြင်ဆင်ရ မတုံး”

နဝေ တိမ်တောင် နဲ့ မေးလိုက်တော့... တူမောင်သာဂိက ဂျီးဒေါ်ကို အရေးမလုပ်ပဲ... ဆန်ပြုတ်အိုးကို ရေကျင်းမော့ နေသော ကလေးတသိုက်ကိုသာ... အသေအချာ ကြည့် ရင်း...

“မင်းးးးးးးးး ၁၈နှစ်….ပြည့်ပြီလားးးးးး အားးးး အာ “ ဆို တဲ့  သီချင်းကို အသံနေအသံထားနှင့် ဆိုပြီး ကလေးတွေကို လိုက်မေးနေသည်…။ကလေးတွေက သာဂိအမေးကို လားလားမှ ဂရုမစိုက်... ။ ဆန်ပြုတ်အိုးကပ်ကိုသာ အသားကုန် နှိုက်ချွတ်ကြကုန်ဧ။်။ ဒီတော့မှ ကလေးတွေကိုဆက် မမေးပဲ... ဂျာနယ်မလစ်တလစ် စတိုင်ချိုးကာ ဂျီးတော်ကို နိမိတ်ပြ မေးခွန်းပေါင်းစုံ နှင့် ကြပ်တော့ သည်... ။

“ဒီမှာ ဂျီးဒေါ် ၂၀၁၅ အတွက် လေလွင့် ကလေးတွေကို ကြိုတင်မဲဆွယ် စည်းရုံးနေတယ်ပေါ့ ... ”

“အလိုတော်... ကြံကြီးစီရာ... ငါ့ ဖာသာ ငါ ကလေးတွေကို စေတနာရှိလို့ စားပါစေဆိုပြီး ကုသိုလ်ယူနေတာ... ။”

“ညှင်းးး ညှင်းးးး ဒီလိုပဲ ပြောကြတာပါပဲ ဗျာ... ။နောက် မေးခွန်း တခု မေးဦးမယ်... ။၂၀၁၅ မှာ ဂျီးတော် အရွေးမခံရရင်ကော ဆန်ပြုတ်ဆက်ကျွေးဦးမှာလား... ။ဟို... ဖွတ်စေတနာ ဆေးခန်းတွေလို မဲရှုံး ရင် ပြန်ပိတ်မှာလား... ။နေပူတော်က ဘဘကြီးတွေရဲ့  ဖွတ်ရေတွင်းတွေလို တူးပြီးသား တွင်းတွေကို မဲရှုံးရင် ပြန်ပိတ်မှာလား”

ညစ်ကျယ်ကျယ် မေးခွန်းတွေ နဲ့  မခိုးမခန့် မေးခွန်းထုပ်နေသောသာဂိကို ကြည့်ရင်း... ဂျီးဒေါ် စိတ်ချဉ်ပေါက်လာသည်... ။ သာဂိကား မရပ်မနား သေး... ။

“ဒါမှ မဟုတ် မီဒီယာ တွေ ကို ဖိတ်ပြီး ကိုယ့် အစုပ်ထုပ် ကို ကိုယ် ဖြေပြ မလား... ”

ဂျီးဒေါ် ဧ။် စိတ်ချဉ် မှတ်ကား.တစီစီ.ပေါက်ရုံမက... အမြှုပ်တောင် ထလာလေပြီ... ။ဒီ ... ဘာညာမသိတဲ့  အာပလာသာဂိကိုတော့  ပညာပြန်ပေးဦးမှ... ။

အဟမ်း…ငါဟဲ့ ... အိုင်စီဂျေ... ဆိုလား.။ကြားဖူးနားဝ ရှိတာ လေးနဲ့  ကြုံးဝါးလိုက်သည်...။ ဘယ့်နှယ်တော်... စတုတ္ထတန်း မဏ္ဍိုင် ဆိုတာနဲ့  သူတို့ မေးတာတွေချည်း ဖြေနေရမတဲ့ လား...။ ကိုယ်ကလည်း ဆဌမတန်း မဏ္ဍိုင် လောက် တော့ ရှိလောက်ပါရဲ့... ။သူ့ ကိုလဲ နဲနဲပါးပါး ပြန်ဗျူး လိုက်ဦးမှ... ။

“အင်း…မင်းမေးတော့  ငါကလည်း နဲနဲပါးပါး ပြန်မေးမပေါ့ .ကွယ်.။တကယ်လို့  မင်းရော ၂၀၁၅မှာ ရှုံးရင် ကျနော့်မှာ ရှိတာလေး ပြောင်ပါဘီ... ။တနားကြပါဗျာ... ။ကျနော်က သူတို့ လို လေယာဉ်ပျံ နဲ့ စည်းရုံးရေး မထွက်နိုင်ဘူးဂျာ... ။ခုံဖိနပ်စုတ် စီးပြီး စည်းရုံးရေးဆင်းရရှာတာ မှ မသနား.ကြ ပါလား…အဟင့့်။အမှတ်မရှိလို့  ရွေးကောက်ပွဲ မှာ ၅သိန်း အကုန်ခံမိတာပါဗျာ... ။အခုလို မနိုင်မှန်းသိရင် အစကတည်းက ၂လုံးထီ အပြီးပေါက် ဂဏန်းတွက်ပြီး အာ... လိုက်ရင်ကောင်းမှာ... ။ရက်စက်ကြတယ် ဗျာ... လို့  လူလည်ခေါင်မှာ ငိုပြမှာလား... ”

“ ဟဲဟဲ…လုပ်သင့် ရင် လုပ်ရမပေါ့ ဗျာ... ။ရွေးကောက်ပွဲ မသမာ ပါဘူးလို့  တိုင်ချင်ရင် ငွေ၁၀သိန်း စဘော်တင်ရဦးမှာ... ။မီဒီယာ သမားတွေ ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်လိုက်ရတာကမှ မရှိတဲ့ သိက္ခာလေး ကျရုံတင် ကျရှာတာ။ နံမယ်ကြီးတဲ့ သူတွေကို များများ အပုပ်ချနိုင်လေ... ကိုယ်လဲ ပုပ်စော်နံလေပေါ့ ဗျာ... ဟီး... ဟီး”

ထိုစဉ်... ခပ်လှမ်းလှမ်းမှ ကွတ ကွတ နှင့်  လမ်းလျှောက်လာသော ဦးသာကူးက... လက်အုပ်ကလေး ချီရင်း

“ဟေး... သာဂိ... ။ နေကန်းတယ် နော်... ။ဂျီးဒေါ်ကော... ကျန်းမာပါရဲ့  လားခင်ညာ”

လို့  ပီယ၀ါစာ နှုတ်ဆက်ရှာဧ။်။အနားရောက်မှ သေသေချာချာ ကြည့် တော့  ဦးသာကူးရင်ဘတ်တွင် လူထု အချော်တစ်ပါတီဧ။် ရင်ထိုးတံဆိပ် ကြီးက ခန့် ခန့် ညားညား... ။

စပ်စုစိန် ဂျီးဒေါ်က... မနေနိုင်ဘဲ

“ဟင်... ဦးသာကူး... ပါတီ ပြောင်းသွားပြန်ပြီလား... ။အပြောင်းအလည်း ကလည်း မြန်ပါ့ ... ။နံမယ် နဲ့ လိုက်ပါ့ တော်”

ဦးသာကူးက အပြုံး မပျက်ပဲ.

“အိုးးးးး... ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့် သုံးနေတဲ့  နိုင်ငံမှာ ပါတီအစုံဝင်နိုင်လေ... ကောင်းလေပေါ့ ... ဂျီးဒေါ်ရဲ့ ။ကျနော်ဆို ပါတီစုံရုံတင် မကဘူး…ဗျ။ ဘ၀ပါစုံသေး….။အရင်က တပ်မတော်အရာရှိ…။နောက် စီးပွါးရေးသမား စားဖား.။ နောက် ၂၀၁၀မှာ စပါးနှံခိုးပါတီကနေ ၀င်အရွေးခံတယ်... ဟဲဟဲ”

ဦးသာကူး စကားကြားပြီး နားကြားပြင်းကပ်လာပုံရသော သာဂိက...

“ ၀က်ဝက်ကွဲ ကြက်ပျံမကျ ရှုံးတယ် မဟုတ်လား... ။ကျနော် တောင် ….” ပလုံ”... ဆိုတဲ့  အသံလေး ကြားလိုက်သေးတယ်... ။ဦးသာကူးကြီး ငွေ ၅သိန်း နိုင်ငံတော်ကို လှူလိုက်တော့  ရေစက်ချသံထင်တယ်... ။ဟီး... ဟီး”

“အို... ကိုယ်တို့ က တသက်လုံးဝါးလာတာ ဒီလောက်က ပါးပါးလေးပါ... ။အခုလည်း ၂၀၁၅ မှာ ၀င်အရွေးခံဖို့  လူထု အချော်တစ်ပါတီကြီးထဲကို ခြေစုံပစ် ရုံမကဘူး….။ လေးဖက်ထောက် ပြီးတော့ ... ကို ၀င်ထားလိုက်ပြီ... ။ကြားဖြတ်တောင်... ၀င်ချင်တာ... ။အိမ်က ဘွားတော်က နိုင်ငံတော် ကို ချစ်လို့ လှူတာတော့  လှူပါ... ။ ၁၅ သိန်းကြီးတော့ များပါတယ်... ။ ၂၀၁၅ကျမှ ၅သိန်းထပ်လှူ နော်... လို့ တားထားလို့ ... ။ကိုယ့် သဘော အရဆိုရင်တော့  လုပ်သမျှ ရွေးကောက်ပွဲ တိုင်းလဲ ၀င်ချင်တာ... ။ရှုံးရင်လည်း ရှုံးမဲမဲ... အဲလေ... မဟုတ်မခံ တရားပြန်စွဲချင်တာ... ။ အိမ်က ဘွားတော်က ရှင် ခိုးထားသမျှ လေးတွေ ကုန်ပါပြီ... ဆိုဆိုပြီး ငိုနေလို့ ... ။ဒီတခါ မရှုံးအောင် အခြေအနေကောင်းလောက်တဲ့  လူထု အချော်တစ်ပါတီကနေ ၀င်အရွေးခံဖို့  ကြံနေတာ... ဟဲဟဲ။ခေါင်းဆောင် ကြီးကိုယ် တိုင် ပြောထားတာလေ…လူကို မကြည့်ပါနဲ့  ပါတီမူဝါဒတွေကို ကြည့် ပါတဲ့ ...။ ဒီပါတီကသာ ၀င်ပြိုင်ခွင့် ရရင် သေချာပေါက် ဒဲ့ ဂဏန်းရထားသလိုပဲ... ဟဲ... ဟဲ ”

ဂျီးဒေါ်ကား ဦးသာကူးကြီးကို ကြည့် ရင်း သံဝေဂ ရစွာ ရေရွတ်မိရှာဧ။်... ။

“ အင်း ဟို... မဆလာ ပါတီကြီးတုံးကလည်း မူမကောင်းတာလား...။ လူမကောင်းတာလား... ။ နှစ်ခုစလုံးမကောင်းတာလား... ။တိုင်းပြည် မြောင်းထဲ ရောက်သွားတာ တော့ သေချာတယ်... ။လူ မကောင်းလဲ ပြန်အထွန့်တက်တဲ့လူ မပါဖို့ အရေးကြီးတယ်... ဆိုလား.။လူထု အချော်တစ်ပါတီကြီးလည်း လွန်ခဲ့တဲ့အနှစ်(၂၀)ကဆို ဖြုတ်ထုပ်ရှင်းတွေ လုပ်ခဲ့ တာ ။ ခု... လျှမ်းလျှမ်းတောက်နေတဲ့  ခေါင်းဆောင်ကြီးကိုတောင် အဖွဲ့ ကထုတ်ခဲ့ သေးတာကလား... ။အထက်အမိန့်ဆို တသွေမသိမ်းနာခံ ။ မဟုတ်လဲ ကလန်ကဆန် မလုပ်ရ ဆိုတဲ့  ရှော့ပင်န်ဝတ်သူကြီးများ ကြီးစိုးခဲ့စဉ်ကဆိုလား... ကြား ဖူးတာပါ.။ ထောင်ထောင်... ထောင် ထောင် ... လုပ်တယ်ထင်ရင် သူတို့ က လက်တို့ ပြီးတော့  ပြောရဦးမယ် ဆိုပြီး ထောင်ထဲနှစ်ရှည်ထည့်ခံခဲ့ရသူတွေလည်း နည်းဘူးကြီး ဆိုလား။ ဧ၀ံ မေသုတံပါ... ဘုရား... ။ဘုရား... ဘုရား…တရားကျစရာ... ”

သာဂိက တွေးတွေးဆဆ နှင့် ….

“နေဦးဗျ... ။လူထု အချော်တစ် ပါတီက ... ဆိုတိုင်းလဲ လွှတ်တော်ထဲ ရောက်မယ် မထင် နဲ့ ။လူထုကတော့  တခဲတနက်... မဲပေးမှာ သေချာပေမယ့် ... ။ ရှေးမှာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူ ရှု ခံခဲ့ ရ ဖူးတယ်နော်.။ဘာမှ အပိုင်တွက် မထားနဲ့ ဦး...။ အခု ကြားဖြတ်မှာတောင် ဘယ်လိုမှ မဲခိုးမရ ညစ်မရလို့  တောင်ပြိုကမ်းပြို အနိုင်ရ သွားပေမယ့် ... အခု လွှတ်တော် တက်ကာနီးမှ ဆင်ပြောင်ကြီး အမြီးတစ်နေတာကော... သိလား”

“အင်းးးးး ဗျာ။စကားလုံးလေး လေးလုံးကျမှ ကပ်နေလိုက်ကြတာ... ။ပြည်သူတွေမဲပေးထားတဲ့ မျက်နှာမှ မထောက်ကြဖူးလား... ။ပြည်သူတွေက လူထုအချော်တစ်ပါတီကို လွှတ်တော်ထဲမှာ အရမ်းမြင်ချင်နေပြီ။ သူတို့  ၄၃ ယောက် အဆင်ပြေပြေ ၀င်သွားမှ ၂၀၁၅ကျ ရင် ကျနော်တို့ လည်း အဆင်ပြေမှာ... အဟိ။ ကျနော်ကလည်း လွှတ်တော်ထဲ အရမ်း အရမ်းကို ၀င်ချင်နေတာပါပဲ ခင်ညာ.။”

ဦးသာကူးက စိတ်ပျက်လက်ပျက်ညည်းတွားလိုက်ရာ … ပြည်သူတွေ မျက်နှာမှ မထောက် ဆိုသော စကားရပ်ကို အမြင်ကပ်သွားသောဂျီးဒေါ်က မနေနိင် မထိုင်နိုင် ပြောပစ်လိုက်သည်။

“ ပြည်သူတွေမျက်နှာမထောက်လို့  ကတော့ … လူထုလည်ပင်းကြိုးကွင်းစွပ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရုံတင်မက... လူထု ကို နည်းမျိုးစုံ နှိပ်စက်ညှင်းပန်းခဲ့တဲ့ စစ်ရာဇ၀တ်ကောင်ကြီးတွေကိုပါ ဦးထိပ်ရွက်... ပါ့ မယ်... ဆိုပြီး ... လွှတ်တော်ထဲ လေးဖက်ထောက်ကလေး အသာဝင်သွားလိုက်ရုံပေါ့ တော့ ။ လူထုက သဘောကျလို့ တခဲတနက် မဲပေးထားတဲ့  ပါတီကို လွှတ်တော်ထဲ ၀င်ကာနီးမှ မဖြစ်ညစ်ကျယ် ကပ်ဖဲ့ ပြီး ပြင်သင့်တာ ပြင်မပေးဘဲနေတဲ့သူတွေသာ လူထုမျက်နှာ မထောက်တဲ့ သူတွေ”

သာဂိကလည်း……

”အခု လူထု အချော်တစ် ပါတီက လွှတ်တော်ထဲကို အပြောအဆိုခံပြီး ၀င်ဖို့  ဆုံးဖြတ်တာကိုက ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေတွေကို ပြင်ဖို့ပါလို့  တရားဝင် ကမ္ဘာသိကြွေးကြော်ခဲ့တာ... ။ ပြည်သူတွေကလည်း ဒီကြွေးကြော်သံတွေ လက်တွေ့ဆောင်ရွက်နိုင်အောင် သူတို့ အသည်းကြားက မဲတပြားကို ယုံယုံကြည်ကြည် ပုံအပ်ခဲ့တာပဲဗျ... ။ ဒါကြောင့် နောင်ပြင်သင့်တဲ့ ဥပဒေတွေကို ပြင်ခွင့်ရှိအောင် အစကောင်းမှ အနှောင်းသေချာအောင် တောင်းဆို နေတာပဲလေ။ လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ငုတ်တုပ်ကလေး ငြိမ်ထိုင်ပြီးနေဖို့ ၀င်ခဲ့တာမှမဟုတ်တာ ”

“အေးလေ... နောက်ပြီး လူထု အချော်တစ်ပါတီကလည်း လွှတ်တော် မတက်ဘူးလို့  အပြီးအပြတ်ပြောနေတာ မဟုတ်ဖူး။ ဒါပေမယ့် ပြည်သူက လူထုအချော်တစ်ပါတီကို လွှတ်တော်ထဲ အရမ်းရောက်စေချင်တဲ့ ဆန္ဒပြင်းပြနေရင်... ပြည်တင်းရင် မင်းမခံနိုင် ဆိုသလို တနည်းနည်း နဲ့  အဆင်ပြေအောင် ညှိပေးသင့်တာပေါ့။ တိုင်းပြည်အုပ်ချုပ်နေတဲ့ သူတွေမှာ တာဝန်ရှိတယ်... ။ ငါတို့  ပြည်သူတွေ နှစ်ကြိမ်နှစ်ခါ တခဲတနက် မဲပေးထားတဲ့  ပါတီကို ၁၉၉၀ တုံးကလို ညစ်ပတ်ပြီး လွှတ်တော် တက်ခွင့် မပေးလို့ ကတော့ ပြည်သူ့  အင်အား ပြကြရသေးတာပေါ့ ဟယ်... …ဟင်းးးဟင်းးး”။

“ စိတ်အေးအေး ထားပါ ဂျီးဒေါ်ရယ်... ။လူထု အချော်တစ်ပါတီက လွှတ်တော် အမတ်တွေက ခေါင်းပေါင်းတွေတောင် ၀ယ်ထားပြီး... အစမ်းဝတ်ကြည့် နေပါပြီဗျ။ နိုင်ငံတော် သမတကြီး ကလည်း နိုင်ငံတကာကို လူကုန်သွားကူး နေရလို့ပါ... ။သူသာ ပြန်လာရင် ပွဲပြီးမှာပါ... ။ကြည့် နေ...။ သမတအမိန့်် နဲ့  အကုန် ညှိပစ်လိုက်မှာပေါ့ ... ဗျ... ။အခုဆိုညှိဖို့ ... ဂျပန်ကနေ ရွေပေါ်ထိုးစက် တွေ မြေညှိစက်တွေ တောင် လက်ဆောင်ပေးလိုက်ဦးမှာ... ။ ဟို ... ခေါင်းမာ ဂိုဏ်းသားတွေကို တခါထဲ ရွေပေါ်ထိုး ပြီး မြေညှိစက်နဲ့တွင်းတူးကို မြှုပ်ပစ်ဖို့  တိုးတိုးတိတ်တိတ် သင်ဥာဏ်ပေးတဲ့ သူက ပေး လိုက်ဦးမှာ... ။ဘာပဲဖြစ်ဖြစ် ဒီလောက်ကမ္ဘာသိရှင်ကြား နှစ်ကြိမ်နှစ်ခါ အနိုင်ရထားတဲ့  လူထုအချော်တစ်ပါတီ လွှတ်တော်တက်ခွင့်မရလို့ကတော့ သူတို့လွှတ်တော်ကြီး ဘယ်သူက လူရာသွင်းမှာတဲ့တုံး ... ။ နောက်ပြီး …သူတို့  လုပ်မယ့် ရွေးကောက်ပွဲ ဘယ်သူက ယုံယုံကြည်ကြည် ၀င်ဦး မှာလဲ... ။ ဦးသာကူးတို့ ကလွဲလို့ ... ပေါ့ ”

ဂျီးဒေါ်တို့  တူအရီး နှစ်ယောက် စကားကို ကြားမှ ဦးသာကူးတယောက် ၀မ်းထဲမှ အလုံးကြီးကျသွားသလို စိတ်သက်သာ သွားဟန်ဖြင့် 

“အော်... ဂလိုလား... ။ဒါဆို ၂၀၁၅ အတွက် မျှော်လင့်ချက် ရှိသေးသပေါ့ နော်... ။လူထုကို ဆက်စည်းရုံးထားဦးမှ... ။လူထု ဂုဏောအနန္တော... ။လူထု ... ဂုဏော ... အနန္တော...။ နောက်မို့ဆို အိမ်က ဘွားတော်ကြီးက ငွေကုန်ပြီး အရာမရောက်လို့  ပွမ်လှပြီ... ။ ဘွားတော်ကြီး ဂုဏော အနန္တော... ။ဘွားတော်ကြီး ဂု ဏော... အနန္တော”

သာဂိကား ပွစိပွစိ နှင့် ရောက်တတ်ရာရာ ရေရွတ်နေရှာသော ဦးသာကူး၏ အန္တိမရည်မှန်းချက်ကို သိလိုစိတ် ပြင်းပြ လာကာ

“နေပါဦး ဦးသာကူး ရဲ့  ဒီလောက် ရွေးကောက်ပွဲဝင်ချင် လွှတ်တော်တက်ချင်နေတာ... လွှတ်တော်ထဲရောက်ရင် လူထုအကျိုးပြု ဘာဥပဒေတွေများ ပြင်ဆင် ရေးဆွဲ ချင်လို့ တုံး”

“အော်... ကျနော် လွှတ်တော်အမတ်ဖြစ်ပြီး…လွှတ်တော်တက်ချင်တာက ကျနော့်  အိမ်က ဘွားတော်ရဲ့ ဖိအားပေးမှု ကြောင့် ပါ”

“ဘယ်လို... ဘယ်လို ရှင်းပါဦး”

သာဂိကား သတင်းဦး သတင်းထူးကြီး တခုကိုရလိုက်သကဲ့သို့ မျက်လုံးတွေ အရောင်တလက်လက် တောက်အောင် စိတ်ဝင်စားလာကာ မေးလေသည်။

“အင်းလေ...။ ဘွားတော်က ကျနော့် ကို လွှတ်တော်အမတ်ဖြစ်ပြီး ၀န်ကြီးတွေ ဘာတွေ ဖြစ်စေချင်တယ်။အိုဗျာ... ကျနော်က စစ်ရေးအတွေ့ အကြုံ ရှိတော့  သမတကြီးလည်း ဖြစ်နိုင်တာကိုး... ။”

ဦးသာကူးက ကော်လာစကို လက်နှစ်ဖက်ဖြင့် ဆွဲမပြီး ပုကွကွ ခန္ဒာကိုယ်ကြီးကို ခြေဖျား နဲနဲ ထောက်လိုက်ရင်း မျက်နှာထားတင်းတင်း နှင့် ဆိုလေ၏။ သာဂိက ...

“စစ်ရေးအတွေ့ အကြုံများဗျာ... ။ခင်ဗျားတို့တင် ရှိမှတ်လို့လား... ။ ကျုပ်တို့ လည်း စစ်အာဏာရှင် အဆက်ဆက် လက်အောက်နေလာတာ... နှစ်(၅၀)လောက်ရှိပြီ... ။ စစ်ရေးအတွေ့ အကြုံ ရှိတဲ့ သူကို သမတခန့်မယ် ဆို ကျုပ်တို့  ဂျီးဒေါ်တောင် သမတကြီး ဖြစ်နိုင်သေး... ။မြန်မာပြည် ရဲ့  ပထမဆုံး အမျိုးသမီး သမတကြီးပေါ့။ ... ဟဲ... ဟဲ”

“ တော်စမ်းပါ ... သာဂိရယ်.ကိုယ့် ထမင်းရည် ကို ၀အောင် သောက်ရရင် တော်ပါပြီ... ။ဒါနဲ့ ... ဦးသာကူးလွှတ်တော် အမတ် ဖြစ်ချင်တာ... ဒါပဲလား... ။တခြား ဘာရည်ရွယ်ထားတာ ရှိသေးတုံး... ”

“အော်... နောက်ရည်ရွယ်ချက်က ပို အရေးကြီးတယ်... ဗျ။ဒီလိုဗျာ... .အိမ်မှာဆို ဘွားတော် က ဆူညံပူညံ လုပ်လွန်းတယ်... ။လွှတ်တော်ထဲ မှာက အေးအေးဆေးဆေး အိပ်နိုင် ငိုက်နိုင်တယ်ဗျ”

“တိန်”

မူရင်းသတင်းက ဒီမှာပါ။

ခရာတွတ်သံ ဘယ်သူထံ


မူရင်းကာတွန်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ထံသို့အိတ်ဖွင့်ပေးစာ

ဒေါ်အောင်ဆန်းစုကြည်

ဒီနေ့ မြန်မာ့နိုင်ငံရေး နယ်ပါယ်မှာဘယ်လိုအကြောင်းမျိုးကြောင့်ဘဲ ဖြစ်ဖြစ်နာမည်ကြီးခေါင်းဆောင်တယောက်ဖြစ်နေတယ်ဆိုတာ အငြင်းမထွက်ပါဘူး။ ခင်ဗျားကို ၀န်းရံနေကြသူတွေ လက်ခံကြသူတွေကို ခွဲခြမ်းစိတ်ဖြာလိုက်ရင်..........

၁။ ခင်ဗျားကို မှီပြီး နိုင်ငံရေး လူမူရေးစီးပွားရေး အပါအ၀င် ပုဂ္ဂိုလ်ရေး ကအစ နာမည်ကြီးလိုသူများ။

၂။ ခင်ဗျားလာရာ လမ်းကြောင်းကို ဘာဆိုဘာမှမသိဘဲနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဆိုတဲ့ အစွဲနဲ့ အလွန်မှရိုးသားကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား များအပိုင်းကို တွေ့ရမှာဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ အမှတ်စဉ် (၁)နဲ့ပါတ်သက်ပြီးဘာမှ မပြောလိုပေမဲ့ အမှတ်စဉ် (၂) နဲ့ပါတ်သက်ပြီးတော့ ပြောပါရစေ။

ကျွန်တော်တို့ နိုင်ငံသားများ အများစုဟာအလွန်ရိုးသားကြပါတယ် ပုဂ္ဂိုလ်စွဲ လည်းအင်မတန်ကြီးပါတယ် ခွင့်လည်းခွင့်လွှတ်တတ်ကြပါတယ် ဒါကြောင့် ခင်ဗျားလျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးလမ်းတလျှောက် အမျိုးမျိုး နိုင်ငံနဲ့ လူမျိုးအတွက် ဘာတခုမှ ကောင်းအောင်ဆောင်ရွက် မပေးခဲ့ဘဲ ခုစာကလေးကြော် ခုဆီထမင်း မာယာမျိုးစုံနဲ့ နိုင်ငံရေးကစားခဲ့တာတွေကို အမှတ်မထားဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ခင်ဗျားကို ထောက်ခံခဲ့ကြပါတယ်။ NLD ကို ထောက်ခံတာမဟုတ်တာတော့သေချာတယ်။

ဒီတော့ ခင်ဗျား ဘာလုပ်သင့်သလဲ။စဉ်းစားစရာမလုံးဝမရှိပါ။ ခင်ဗျား မှ ခင်ဗျားဆိုပြီးထောက်ခံကြတဲ့ အင်မတန်ရိုးသားကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့ စေတနာကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်ကြီးအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီးတိုင်းရင်းသား လူမျိုးစုများအပါအ၀င် နိုင်ငံသားအားလုံးချမ်းသာဖို့ကို လွှတ်တော်အတွင်းနေရာယူပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲံ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ဖို့ဘဲ ရှိပါတယ်။အခုတော့ ဒီလိုမဟုတ်ဘဲ ဇာတ်လမ်းကစလာပြန်ပါပြီ ဆင်အ၀ှါ အနာလုပ်ပြီး လွှတ်တော်တက်ရေး မတက်ရေး တဲ့။ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပြီး လျှောက်ခြင်သလိုလျှောက် တာလား။ တခုတော့ သတိထားအုံး ဒေါ်စုကြည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတရပ်လုံးကို ချပြပြီးမှ ပြည်သူအများစုရဲ့ ထောက်ခံအတည်ပြုချက်နဲ့ ရေးထားတွေဆိုတာ ခင်ဗျား သိထားဖို့တော့လိုပေလိမ့်မယ်။ ပြင်သင့်ရင်လည်း စည်း/ဘောင်နဲ့ ပြင်နိုင်အောင်လည်း သမ္မတကြီးက ပြောထားပြီးပြီဘဲ ဘာလိုသေးလဲ။ အခုက စမစရသေးဘူး ယဉ်သကိုဖြစ်နေပြီ။




ဒေါ်စုကြည် ခင်ဗျားမှာ သမိုင်းကြွေးကျန်နေတယ်ဆိုတာသိပါသလား။ သိအောင်ပြောရရင် ကျွန်တော်တို့မြန်မာလူမျိုးတွေက ကျွန်တော်တို့ နိုင်ငံနဲ့ လူမျိုးကို နှစ်ပေါင်း၁၀၀ကျော် ကျွန်ပြုခဲ့ရုံတင် မက ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ခင်ဗျားရဲ့အဖေ အမျိုးသားခေါင်းဆောင်ကြီးကို လုပ်ကြံခဲ့ကြတဲ့ ခင်ဗျား လင်ယူသားမွေးလုပ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး ကိုတော့ အရိုးထဲ အသဲစွဲ မမေ့နိုင်အောင် နာကျဉ်းကြခဲ့တယ် ဒီသမိုင်းကြွေးကို ဘယ်လိုခင်ဗျားဆပ်ပေးမလဲ။အသေအချာစဉ်းစားနော် ကျွန်တော်တို့အားလုံး ဒီအချက်တွေကို မျက်ကွယ်ပြုပြီး ခင်ဗျားကို ထောက်ခံခဲ့ကြတာ။ ဒါတွေကို မစဉ်းစားဘဲ ခင်ဗျား လင် သားလူမျိုးတွေရဲံ့ အကျိုးစီးပွါးနဲ့သူတို့အလိုကျ ဘောင်းတော်ငြိမ်း ကြိုးဆွဲရာကပြီး ကျုပ်တို့လူမျိုးကို ကျွန်ဇာတ်တဖန် ပြန်သွင်းရင်တော့ ခင်ဗျား အလျော်ကြီးကြီးပေးသွားရလိမ့်မယ်လို့ သတိပေးပါရစေ။

မြန်မာလူမျိုး ဇ မသေးပါ။ သာကီမျိုးဟေ.ဒို့မြန်မာ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား

ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။

ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။

ဖြေ။ ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို ၀င်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

မေး။ ။ ဒါက ဦးသိန်းစိန် သဘောထားလား။ အာဏာရပါတီဦးဆောင်တဲ့ လွှတ်တော်ရဲ့ သဘောထားလား။
ဖြေ။ ။ ဦးသိန်းစိန်ရဲ့ အင်န်အယ်ဒီအပေါ် သဘောထားလို့ ပြောရမယ်။ အစိုးရရဲ့သဘောထားကတော့ ရှိသမျှလူတွေ အဖွဲ့တွေအကုန်လုံး ဘာလုပ်ချင် လုပ်ချင်၊ ဘာဖြစ်ချင် ဖြစ်ချင် ပါလီမာန်ထဲ ၀င်ကြပါ။ လွှတ်တော်အတွင်းကနေ ဆောင်ရွက်ကြပါ။ တောင်းဆိုကြပါလို့ ပဲ သူတို့က အမြဲပြောခဲ့ကြတာပဲလေ။

မေး။ ။ အဲသည်အတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားလုံးကို အချက်ကို ပြင်ဆင်ပြီးမှ ဆရာတို့ ပါတီက မှတ်ပုံပြန်တင်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့ကို ပြန်လည် လုပ်ဆောင်တယ်လို့ ပြောချင်တာလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်တုန်းက ဦးသိန်းစိန်က ပြင်တယ်။ လွှတ်တော်ကို ပို့ပြီးတော့လည်း ဦးသိန်းစိန်က ဆောင်ရွက်ပေးခဲ့တယ်။ ဒါကြောင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့အစား လေးစားလိုက်နာပါမည်ဆိုတဲ့ အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့တယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ ပြင်ဆင်ပေးလိုက်တာပေါ့။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ ပြည်သူလူထုကလည်း တခဲနက် ထောက်ခံလို့လည်း ရွေးကောက်ခံခဲ့ရတယ်။

မေး။ ။ အဲသည်တော့ ဆန္ဒမဲရလဒ်တွေအရ ဆရာတို့ ကိုယ်စားလှယ်တွေ အနိုင်ရပြီ၊ လွှတ်တော်ထဲကို ၀င်ကြတော့မယ်ဆိုတဲ့ အခြေအနေတွေ ရှိနေတော့မှ အဲသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်က ပြန်ပြီး အတားအဆီးဖြစ်နေပြန်တာပေါ့။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့တွေက ပြည်သူတွေကို ရွေးကောက်ပွဲဝင်တုန်းက ဘာကတိတွေပေးခဲ့သလဲဆိုတော့ ပြည်သူတွေကို အကျိုးမပြုတဲ့ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြုပြင်မယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။ င်္ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ဒီ သုံးချက်နဲ့ လွှတ်တော်ကို ၀င်မယ်။ အဲသည်အတွက် လွှတ်တော်ဝင်မယ့် အမတ်တွေကိုလည်း လွှတ်တော်ဆိုင်ရာ သင်တန်းတွေတောင် ပေးနေပြီ ဖြစ်တယ်။ အဲသည်မှာ အခုအကြပ်အတည်းပေါ်လာတာပဲ။ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က ဥပဒေကို ပြင်ပေးခဲ့ပြီးပြီ။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်ပြီးပြီ။ အခု လွှတ်တော်ထဲ ၀င်မယ်ဆိုတော့မှ အခြေခံဥပဒေမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသား၁၂၅ (ဇယား ၄) အရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဆိုတဲ့ စကားထပ်ပါနေတယ်။ အဲသည် ကျမ်းသစ္စာအတိုင်းသာ ဆိုပြီး လွှတ်တော်ထဲ ၀င်ရမယ်သာ ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲဝင်တုန်းက ပေးထားတဲ့ ကတိဖြစ်တဲ့ ကျနော်တို့ ပြုပြင်မယ်ပြောထားတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုလိုက်ရင် ဘာမှ ဥပဒေရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘူး၊ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ မတည်ဘဲ ဖြစ်သွားမယ်။

မေး။ ။ ဒါဆိုရင် ဟိုတုန်းကလိုပဲ ဆရာတို့က သမ္မတကြီးနဲ့ အစိုးရကို ပြန်လည်တင်ပြဆွေးနွေးတာတွေ လုပ်ပြီး ပြင်ဆင်မှုတွေ မလုပ်နိုင်တော့ဘူးလား။ အခုမှ ဒါက ဘယ်လိုမျိုး အကြပ်အတည်းဖြစ်ရပြန်တာလဲ။
ဖြေ။ ။ ဒီကိစ္စကိုလည်း ကျနော်တို့ဖက်က တင်ပြဆွေးနွေး အကြံပေးတာတွေ လုပ်တယ်။ ကျနော်တို့က ဘာပြောသလဲဆိုတော့ စကားလုံးတွေ ပြုပြင်ဖို့ဆိုရင် အခြေခံဥပဒေခုံရုံးကနေပြီးတော့ သိန်းစိုးခေါင်းဆောင်တဲ့ ခုံရုံးကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်လို့ အကြံပြုတဲ့စာပို့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မ၀င်ခင်တုန်းက သမ္မတကြီးကိုယ်တိုင်ကနေပြီး အင်န်အယ်ဒီအတွက် အရေးယူဆောင်ရွက်တာတွေ ကိုယ်တိုင်လုပ်ခဲ့သလိုမျိုး အခုတကြိမ်မှာ သူက မလုပ်တော့ဘဲနဲ့ ခုံရုံးကို လွှဲပေးလိုက်တယ်။ အဲသည်မှာ ခုံရုံးကနေပြီးတော့ ပါတီက အတွင်းရေးမှူးအဖွဲ့ထဲက ဦးဥာဏ်ဝင်းကို ခေါ်တွေ့တယ်။ သူတို့က စကားလုံးပြုပြင်ပေးတာကို တုန့်ပြန်တာမျိုးထက် အခြေခံဥပဒေကို ပြုပြင်တာမျိုး သဘောထားတွေ ထုတ်ပြောလာတယ်။ အဲသည်အခါကျတော့ လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ ကြံ့ဖွံ့အမတ်တွေရော၊ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေရောပါ ရယူပြီးမှ ထောက်ခံမှသာ ပြင်ဆင်ရမလိုမျိုးတွေ ဖြစ်လာတယ်။

မေး။ ။ ဒါကလည်း ကြိုပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ် မဟုတ်လားဆရာ။ မတ်လ ၂၇ တပ်မတော်နေ့မှာတုန်းက။ တပ်မတော်သားတွေက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ကြရမယ်လို့ အမှာစကားပြောထားတော့ သူတို့ဖက်က ပြုပြင်ပေးဖို့ကို လက်ခံမယ့် အနေအထား ရှိပါ့မလား။

ဖြေ။ ။ အဲသည်လို အမှာစကားတွေ ပြောထားတော့ သူတို့ဖက်ကနေပြီးတော့ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားလုံးပြုပြင်ပြောင်းလဲပေးဖို့ အနေအထား မရှိဘူးလို့ ပြောရင် ရနိုင်တာပေါ့။

မေး။ ။ ဒါဆိုရင် ဒီအကြပ်အတည်းကြီးကို ဘယ်လိုရင်ဆိုင်မှာလဲ။ ဆရာတို့က လွှတ်တော်ကို ကျောခိုင်းသွားတော့မှာလား။

ဖြေ။ ။ အဲသည်မှာ ကျနော်တို့ဖက်ကပြောနေတာကတော့ အခုအခြေအနေဟာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်နေသလို၊ ကမ္ဘာ့နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်။ အခုအချိန်မှာ နိုင်ငံတကာက မြန်မာပြည်အရေးကို အကောင်းမြင်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းတာတွေ၊ လျော့ချတာတွေ၊ ဆိုင်းငံ့တာတွေ လုပ်နေပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ အများပြည်သူကလည်း အခြေခံဥပဒေကို ပြုပြင်မယ်ဆိုတဲ့ အင်န်အယ်ဒီပါတီကို တခဲနက်ထောက်ခံပြီးတော့ မဲဆန္ဒတွေ ပေးကြတယ်။ မျှော်လင့်အားကိုးကြတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့တကွ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အကောင်းမြင်နေမှုတွေကို ပျက်စီးသွားအောင်၊ ယိမ်းယိုင်သွားအောင် လုပ်ရမယ့် အချိန်အခါမဟုတ်ဘူး။ ဒါကြောင့် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ စကားလုံး ပြောင်းလဲပေးဖို့ ဖြစ်လာမယ်လို့ ကျနော်တို့က ဆက်လက်မျှော်လင့်နေတယ်။ ကျနော်တို့တွေဖက်က လွှတ်တော်ကို တက်ရောက်ဖို့ အခြေအနေနဲ့ အချိန်အခါကို ပြင်ဆင်ပြီးတော့ စောင့်ကြိုနေတယ်လို့ ပြောချင်တယ်။

မေး။ ။ ဒါဆိုရင် အခြေခံဥပဒေထဲက ကျမ်းကျိန်ရမယ့် စကားရပ်ကို ပြင်ဆင်ပေးဖို့ဆိုတာက လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပေါ်မှာ မူတည်နေပြီ။ သူတို့ရဲ့ သဘောထားသာ အဓိကဖြစ်နေပြီ လို့ ပြောရတော့မှာပေါ့။ အဲသည်အချိန်တရပ်တည်းမှာပဲ တပ်မတော်က သူတို့ရဲ့ တပ်မတော်ကိုယ်စားလှယ် ၅၉ ဦးကို အဆင်မြင့်အရာရှိတွေနဲ့ အစားထိုးလဲလှယ်ခန့်အပ်လိုက်တာလဲ ဒီနေ့ လွှတ်တော်မတက်ခင် ထုတ်ပြန်လိုက်တယ်။ အင်န်အယ်ဒီဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လွှတ်တော်ထဲကို ပါဝင်လာတော့မှာပဲ ဆိုပြီး တပ်မတော်က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူတို့ဖက်က လှုပ်ရှားမှုတွေ ပြုလုပ်လာပြီလို့ မြင်သလား။ ဒါကကော ဘာသဘောလဲ လို့ ဆရာကထင်သလဲ။

ဖြေ။ ။ တဖက်ကကြည့်ရင်တော့ တပ်မတော်က လွှတ်တော်ထဲမှာ ရှိတဲ့သူတွေဟာ သဘောထားပျော့ပြောင်းတဲ့သူတွေရှိနေလို့ မတ်လ ၂၇ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ မူဖြစ်တဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ခိုင်ခိုင်မြဲမြဲကိုင်စွဲမယ့် လူတွေနဲ့ အစားထိုးလိုက်တယ်လို့လဲ ပြောချင် ပြောလို့ရတာပါပဲ။ မှန်းလို့တော့ မရပါဘူး။

မေး။ ။ ဆိုတော့ အခုတကြိမ်မှာလည်းပဲ ရွေးကောက်ခံထားရတဲ့ အင်န်အယ်ဒီအမတ်တွေဟာ လွှတ်တော်ကို တက်ဖို့၊ တရားဝင် တာဝန်ထမ်းဆောင်ဖို့ အခြေအနေ မပေးပြန်ဘူးပေါ့။ အခွင့်အရေး မရပြန်ဘူးပေါ့။ အဲသည်လိုမျိုး ပြန်ကြည့်လိုက်ရင် အင်န်အယ်ဒီပါတီဟာ သမိုင်းတလျောက်လုံးမှာကော၊ အခုလက်ရှိအစိုးရနဲ့ ဆက်ဆံရေးတလျောက်လုံးမှာပါ အကြိမ်အကြိမ် အခါခါ အချိန်ဆွဲခံရတဲ့ အဖြစ်တွေနဲ့ အမြဲတမ်း ကြုံတွေ့နေရတယ်၊ ရင်ဆိုင်နေရတယ်လို့ ပြောရင် ရမလားဆရာ။ အချိန်ဆွဲခံရတယ်။ ဈေးဆစ်ခံရတယ်။ အလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရတယ်။ အချိန်ဆွဲခံရတိုင်းမှာ၊ ဈေးဆစ်ခံနေရတဲ့ အချိန်တိုင်းအခါတိုင်းမှာ လက်ရှိအာဏာရအစိုးရက အကျိုးအမြတ်ထွက်တယ်။ အင်န်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်မယ်၊ ပါတီမှတ်ပုံတင်မယ် ပြောလိုက်လို့ သိန်စိန်အစိုးရက အာင်္ဆီယံဥက္ကဋ္ဌဖြစ်သွားတယ်။ ဟောအခု ဧပြီ ၁ မှာ ရွေးကောက်ပွဲ နိုင်ပါတယ် ဆိုရုံ ရှိသေးတယ်၊ အရှေ့ အနောက်အုပ်စုတွေက ကြံ့ဖွံ့အစိုးရကို ပိတ်ဆို့အရေးယူထားတွေ၊ ဘာတွေကို လျော့ချတာနဲ့၊ ဆိုင်းငံ့တာနဲ့ ဘာနဲ့ ချက်ခြင်းဆိုသလို အလျင်အမြန် ဆုတွေ ပေးနေကြပြီ။ ဧပြီလတောင် မကုန်သေးဘူး။ အနိုင်ရတဲ့ ပါတီက လွှတ်တော်ထဲတောင် မရောက်သေးဘူး။ အဲသည်အချိန်မှာ စစ်အစိုးရက အဲလေ ကြံ့ဖွံ့အစိုးရက ဘာလို့ လက်နှေးနေရပြန်တာလဲ။

ဖြေ။ ။ အရင်တုန်းကတည်းက လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့သဘော၊ သံသယရှိတဲ့သဘော ပြောဆိုနေကြတာတွေက ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ဖက်က ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရတာပဲ။ အကယ်၍သာ နိုင်ငံရေးအခြေအနေတွေဟာ တိုးတက်ကောင်းမွန်တဲ့ဆီကို ဦးတည်ကြမယ်ဆိုရင် … ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်နဲ့ပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြေခံဥပဒေကို လေးစားလိုက်နာဆိုတဲ့ စကားလုံးပြုပြင်မှုဆိုတဲ့ သော့ခလောက်ဖြုတ်ပေးလို့၊ တခါးတချပ်ဖွင့်ပေးလို့ ကျနော်တို့တတွေ ပါတီကို မှတ်ပုံတင်တယ်၊ ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ကို ၀င်ကြမယ်လို့ လုပ်တဲ့အခါကျတော့ အဲသည်သော့ခလောက်နဲ့ပဲ ပြန်တွေ့နေရတယ်။ တခါးနောက်တချပ်နဲ့ ထပ်တိုးတယ်လို့ ပြောချင်တယ်။ ဒါတွေကြောင့် အစိုးရကို အယုံအကြည်မရှိဘူး၊ သံသယရှိတယ်လို့ ပြောနေကြတဲ့ ဝေဖန်နေကြတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ စကားတွေ ပြောဆိုချက်တွေဟာ မမှားဖူးလို့ ပြောရမလို ဖြစ်လာတယ်။ သူတို့တွေက အရေးယူပိတ်ဆို့တာတွေ ဖယ်ရှားအောင်လို့ လှည့်ဖြားနေတာဖြစ်တယ်။ အသုံးချနေတယ်လို့ပြောဆို ဝေဖန်နေကြတာတွေဟာ အတည်ပြုပေးနေသလိုတောင် ဖြစ်လာတယ်။

မေး။ ။ ဒါဆိုရင် ဆရာတို့တွေက ခုနင်က သံသယတွေ၊ မယုံကြည်မှုတွေ လက်ကိုင်ထားပြီးတော့ လက်ရှိကြံ့ဖွံ့အစိုးရကို ရင်ဆိုင်မယ်သာ ဆိုရင် အခုနှစ်ဆန်းကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှု၊ အကောင်းမြင်မှုတွေကနေ နောက်ပြန်လှည့်သလို ဖြစ်သွားမှာပေါ့ ဆရာ။

ဖြေ။ ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလက်ရှိအခြေအနေ၊ အချိန်အခါမှာ ကျနော်တို့က အဲသည်လိုတော့ သဘောမထားပါဘူး။ အခုလက်ရှိ ပြောင်းလဲမှုတွေက ပေါ်ထွန်းလာနေတဲ အခြေအနေသစ်တွေကိုပဲဆက်လက် မျှော်လင့်ချင်တယ်။ နှစ်ဖက် တင်းမာတဲ့ အနေအထားတွေ၊ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အနေအထားတွေ ပေါ်ထွန်းလာမှာကို ကျနော်တို့တွေကကော ရွေးကောက်ပွဲမှာ မျှော်လင့်တကြီး ယုံကြည်အားကိုးပြီး မဲပေးခဲ့ကြတဲ့ ပြည်သူလူုထုကြီးကပါ မလိုလားဘူး။ အကုန်လုံး ညီညီညွတ်ညွတ် မျှမျှတတ အကျိုးသင့်အကြောင်းသင့်နဲ့ အားလုံးက ဆင်ခြင်တုံတရား လက်ကိုင်ထားပြီးတော့ပဲ ရင်ဆိုင်ချင်တယ်။ ဖြေရှင်းချင်တယ်။ အခုအချိန်မှာ ကျနော်တို့ဖက်ကကော၊ ပြည်သူလူထုကြီးကပါ ဆင်ခြင်တုံတရား ရှိရှိနဲ့ ရင်ဆိုင်လိုက်တာဖြစ်တယ်။ အခုလက်ရှိမှာ ဆင်ခြင်တုံတရားရှိမရှိ ဆိုတဲ့မေးခွန်းဟာ ကြံ့ဖွံ့အစိုးရ၊ ကြံ့ဖွံ့လွှတ်တော်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ဖက်ကို ရောက်သွားပြီ။ သူတို့ဆီကို ဦးတည်သွားပြီ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဘယ်လောက်အထိ ဆင်ခြင်တုံတရားရှိသလဲ ဆိုတာနဲ့ ဆိုင်သွားပြီ လို့ ဆိုချင်တယ်။

မေး။ ။ ဆရာပြောချင်တာက အရင်တုန်းက အင်န်အယ်ဒီပါတီအတွက် ရွေးကောက်ပွဲကော်မရှင်က စကားရပ်တွေကို အစိုးရက ဆင်ခြင်တုံတရားအပြည့်နဲ့ ပြင်ဆင်ခဲ့ပေးပြီပြီ။ အစိုးရရဲ့ လိုအင်ဆန္ဒနဲ့ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ။ အခုအချိန်မှာလည်း အစိုးရနဲ့ လွှတ်တော်ဟာ ဆင်ခြင်တုံတရားနဲ့ပဲ ဆက်လက်ဆောင်ရွက်သင့်တယ်။ မလိုလားအပ်တဲ့ အကြပ်အတည်းကို မဖန်တီးသင့်ဘူးလို့ ပြောချင်တာပေါ့။

ဖြေ။ ။ ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ဦးဝင်းတင်တဦးချင်းအနေနဲ့ ပြန်ပြောရရင် လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကျနော်တို့ဟာ ဒီစကားလုံးအတွက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံဝန်ကတိမပြုနိုင်ဘူး၊ လက်မခံနိုင်ဘူး ဆိုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက် ပါတီကိုတောင်မှ ဖျက်သိမ်းခံရတဲ့ အထိရောက်ခဲ့တယ်။ လူပေါင်းများစွာ ဖမ်းဆီးခြင်းခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ကျနော်တို့ဟာ ဆင်ခြင်တုံတရားနဲ့ ရပ်တည်ခဲ့တယ်။ ရင်ဆိုင်ခဲ့တယ်။ နောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်တို့ကလည်း ဆင်ခြင်တုံတရားနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေးပြီး ဖြစ်တယ်။ အခုအချိန်မှာတော့ ဆင်ခြင်တုံတရားဟာ လွှတ်တော်ထဲကို ရောက်နေပြီ။ သူတို့အပေါ်မှာ မူတည်တော့တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဒါဆိုရင် ဆရာတို့က အခြေအနေကောင်းတွေပေါ်ထွန်းလာရင် လွှတ်တော်ကို တက်မှာပဲပေါ့။

ဖြေ။ ။ တို့ဖက်ကတော့ စိတ်ကောင်းစေတနာတွေ ရှိတယ်။ လွှတ်တော်ကို တက်မှာပါ။ ကျနော်တို့က ဘယ်လောက်အထိ တက်မယ်လို့ ပြောချင်သလဲဆိုတော့ အကယ်၍ ဒီကိစ္စဟာ တလကြာမယ်။ ၂လကြာမယ်။ ကြာသွားလို့ နောက်ဆုံး လွှတ်တော်ရုပ်သိမ်းခါနီး တရက် ၂ရက် အလိုကျမှပဲ ကျနော်တို့ကို ခွင့်ပေးမယ်၊ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုရင်လည်း ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေက တခဲနက် ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ အဲသည်အတွက် ပြည်သူ့တွေရဲ့ အလိုဆန္ဒနဲ့အညီ ကျမ်းသစ္စာကျိန်ဆိုထိုက်တယ် လို့ ယူဆပါတယ်။

မေး။ ။ ဒါဆိုရင် ခုနင်က မေးခွန်းကို ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာဟာ မှန်ကန်တဲ့ ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဆိုနိုင်သလိုပဲ တဖက်ကလည်း လက်ရှိအစိုးရအပေါ်မှာ သံသယတွေရှိတာ၊ ယုံကြည်မှုမရှိနိုင်သေးတာတွေကလည်း မမှားဘူးလို့ ပြောရမလို ဖြစ်နေတာပေါ့။

ဖြေ။ ။ အဲလိုပြောရင်လည်း ရပါတယ်။

မေး။ ။ ဒါဆိုရင် အခုလက်ရှိအခြေအနေမှာ အချိန်တိုတိုအတွင်းမှာတင် အရေးယူတာတွေ၊ ပိတ်ဆို့တာတွေကို လျော့ချမယ်၊ ရပ်ဆိုင်းမယ်၊ လက်ရှိအစိုးရကို ငွေချေးမယ်၊ ငွေလျော်မယ် စသည်ဖြင့် အမြန်အဆန် ဆုံးဖြတ်ချက်ချနေကြတဲ့ အရှေ့အုပ်စု၊ အနောက်အုပ်စုက အစိုးရတွေကလည်းပဲ ဆရာပြောတဲ့ ဆင်ခြင်တုံတရားနဲ့ လက်ရှိအစိုးရကို စောင့်ကြည့်ဖို့ မလိုဘူးလားဆရာရယ်။

ဖြေ။ ။ အဲသည်လိုမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။ တလောက ဗြိတိန်ဝန်ကြီးချုပ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ အီးယူတို့ သြစတြေးလျတို့ဆိုရင် ရုတ်သိမ်းမယ် ဘာညာလုပ်လာတယ်။ ဂျပန်ဆိုရင် ငွေချေးမယ်၊ အလည်ဖိတ်တယ်လုပ်လာတယ်။ ဒါပေမယ့် ကျနော်တို့ဖက်က ဘာပြောသလဲဆိုတော့ အခုအချိန်မှာ ရုတ်သိမ်းတာထက် ဆိုင်းငံ့တာသာ ကောင်းလိမ့်မယ်လို့ ထင်တယ်။ နိုင်ငံရေးအခြေအနေတွေက ဘယ်လိုပေါ်ပေါက်လာလိမ့်မယ်လို့ မပြောနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် လောလောဆယ်မှာ လျော့ပေးမယ်လို့ အီးယူတို့ ဆုံးဖြတ်သော်လည်းဘဲ ဆိုင်းငံ့တယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာကို တွေ့ရတယ်။ ဒါဟာလည်း နိုင်ငံတကာက မြန်မာပြည်လက်ရှိအခြေအနေကို ဆင်ခြင်တုံတရားနဲ့ ရင်ဆိုင်နေတယ်လို့ ပြောရင်ရပါတယ်။

မေး။ ။ နောက်ဆုံး ပြောချင်တာကတော့ ဆရာရယ်၊ လွှတ်တော်ထဲဝင်မယ်ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေအတွက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြင်ဆင်ကြမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှေ့မှာ ဘယ်လိုမျှော်မှန်းရမယ်တောင် မသိသေးဘူးပေါ့လေ။ အဲသည်အတွက် လွှတ်တော်အ၀မှာတင်ကို အကြပ်အတည်းတွေ့နေကြရပြီ။ ဥပမာ ကျနော်တို့ ထောင်ဗူးဝထဲကို ၀င်ကြရသလိုပေါ့။ အကျဉ်းထောင်ထဲမှာ ဘယ်လို ရုန်းကန် ရင်ဆိုင်ကြရမယ်ဆိုတာ မသိနိုင်သေးဘူး။ သို့သော် ထောင်ထဲဝင်တဲ့ နိုင်ငံရေးပုဒ်မတပ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ခေါင်းမော့ ရင်ကော့ပြီး မ၀င်စေဘဲနဲ့ ခေါင်းငုံပြီး ၀င်ခိုင်းသလိုမျိုး၊ ပုံစံပေးပြီး ၀င်ခိုင်းသလိုမျိုး ဖြစ်နေတယ်လို့ ဥပမာပေးနေကြတဲ့အကြောင်းလည်း ပြောလိုက်ချင်ပါတယ် ဆရာရယ်။

ဖြေ။ ။ အင်း၊ ကောင်းသားပဲ ဥပမာက။ အေး ဟုတ်ပြီလေ။ ဒီနေ့တော့ ဒီလောက်ပဲကွာ။

မူရင်းသတင်းက ဒီမှာပါ။

ဟုတ်ပါ့မလား မောင်ကာလုံရဲ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး


ဟိုးရှေးရှေးတုန်းက မဟုတ်ပါ။ ယနေ့ခေတ် ယခုခေတ် တခါတုန်းက ဖြစ်ပါသည်။ ဘ၀ရှင်မင်းတြားကြီးနှင့် သူ့သားတပည့် အမတ်ကြီး မောင်ကာလုံတို့ အပြန်အလှန် ဆွေးနွေးမှုများကို ပလ္လင်ပေါ်က ဆင်း၍ သလွန်ညောင်စောင်းပေါ်တွင် ပက်လက်ကလေး လှဲလျောင်းနေသည့် မြင်ကွင်းတခုအဖြစ် မျက်စိထဲတွင် မြင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

မင်းတြားကြီး ။ ။ ဟဲ့ မောင်ကာလုံရဲ့ (NLD) အမျိုးသားဒီမိုကရေစီအမတ်တွေ ဧပြီ ၂၃ မှာ ပြန်စတဲ့ လွှတ်တော် မတက်ကြဘူးဆို ... ဟုတ်ပါ့မလား မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဟုတ်ပါ့ မှန်ပါ့ ... ဟုတ်ပ ဟုတ်ပ ဒီထက်ပိုသေး။

မင်းတြားကြီး ။ ။ ဘာဖြစ်ရပြန်တာတုန်းကွဲ့ မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဖြစ်ကြောင်းရယ် ကုန်စင်အောင် လျှောက်ထားရမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတာကြီးကို ကျမ်းမကျိန်နိုင်ဘူးတဲ့၊ ပြင်ပေးစေလိုတာက လေးစားလိုက်နာပါမည်လို့ ပြင်မှ လွှတ်တော်ထဲဝင်ပြီး ကျမ်းကျိန်မယ်လို့ ပြောကြပါတယ်။

မင်းတြားကြီး ။ ။ တယ်လည်း ခက်သကိုး။ ရှင်းတာကို ရှုပ်အောင်လုပ်တတ်တဲ့ ငါ့ရဲ့တပည့် တွေကလည်း ခပ်ကဲကဲ။ NLD ရွေးချယ်ခံအမတ်တွေကလည်း ခပ်သဲသဲဆိုတော့ သဲသဲမဲမဲ ဖြစ်ကြပြီပေါ့။ တကယ်ဆို ဒါလေးများ ဘာခက်တာမှတ်လို့။ ကမ္ဘာအေး သွား၊ ဘာမီတွန်သောက် ... ပျောက်။

မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ ဘ၀ရှင်မင်းတြားကြီး။ ခုကိစ္စက ဘာမီတွန်နဲ့ မရတော့ပါဘူး။ နှာစေးနေတာ ကြာပြီဆိုတော့ နှာခေါင်းကို ကျည်ပွေ့နဲ့ ထောင်းရမယ့်ကိန်းဆိုက်နေပါပြီ။ မင်းတြားကြီးရဲ့ တပည့်တွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးပြီးကတည်းက ဟိုတချိန်က (ပေါက်စ) ရေးခဲ့သလို လိပ်ဖြစ်ရင်တောင် ခေါင်းမပြူရဲတော့ပါဘူး။ ခုကိစ္စက မင်းတြားကြီးရဲ့အမိန့်ကို စောင့်နေတာပါ။ ခေါင်းဆောင်ကြီး ဦးတိန်းလိန်လည်း ဘာပြောရမှန်းမသိလို့ တေမိဇတ်ခင်းနေတာပါ။

မင်းတြားကြီး ။ ။ တော်တော်လည်း ခက်သကိုး။ နော်ဝေက ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်ပြီ၊ သြစတြေးလျကလည်း ပိတ်ဆို့မှုတွေ လျော့ချနေပြီ၊ G8 ကလည်း ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစားနေပြီ၊ EU ကလည်း ဆိုင်းငံ့လုပ်ပေးထားပြီဆိုတော့ ငါတို့ ထင်ရာလုပ်လို့ရနေပြီ။ ဒါပေမယ့် ငါတို့ရဲ့ မူမမှန်မှု၊ မသမာမှု၊ ကတိမတည်မှုတွေကြောင့် နောက်ထပ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုတော့ ထည့်တွက်ရမှာပေါ့။ ငါ ဘာပဲလုပ်လုပ် တိန်းလိန်ကို ခေါင်းခံခိုင်းမယ်။ မင်းတို့က ငါ့ကို သစ္စာမဖောက်ဖို့ဘဲ အရေးကြီးတယ်။

မောင်ကာလုံ ။ ။ မင်းတြားကြီးရဲ့ သစ္စာကို အသက်နဲ့လဲပြီး ခံယူပြီးသားပါ။ မင်းတြားကြီး အနေချောင်အောင် ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်၊ စောင့်ရှောက်ပါ့မယ်။ အဲဒီဖွဲ့စည်းပုံထဲမှာ မင်းတြားကြီးရဲ့ အသက်ဘူး ထည့်ထားတာမို့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် မင်းတြားကြီး ကံတော်ကုန်ဖို့ပဲ ရှိတယ်။ ကမ္ဘာကတောင် ပြောကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူးတဲ့။ သွားလေသူ စစ်အာဏာရှင်တွေအတွက် ကာကွယ်ဖို့ လုပ်ထားတာလည်း အပြည်ပြည်ဆိုင်ရာက သိကြပါတယ်။ ဘယ်သူ ဘာပြောပြော ၁၄ နှစ်ကြာအောင် ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါ၊ ဉာဏ်ကာလာစုံ ကွန့်မြူးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မရှိရင် အရင်က ညစ်ထား ညှစ်ထားတဲ့ ထောက်ခံမဲတွေ၊ မဲလိမ် မဲခိုးမှုတွေနဲ့ မသမာမှုတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းကာကွယ်ဖို့လည်း ခက်ပါသေးတယ်။

မင်းတြားကြီး ။ ။ ဟေ့ ... ဟေ့ အဲဒါတွေ ထုတ်မပြောနဲ့၊ အနားမှာ မီဒီယာတွေ ရှိတယ်။ သူတို့က ကလောင်စွမ်းထက်တယ်နော်။ အရင်က ကိစ္စတွေရှိစေတော့ ... ရှိစေတော့၊ ခုကိစ္စကိုပဲ ပြော၊ တိုင်းပြည်မှာ ဘာဖြစ်နေကြလဲ။

မောင်ကာလုံ ။ ။ မှန်လှပါ၊ တိုင်းပြည်မှာတော့ လယ်သိမ်းယာသိမ်းမှုတွေ များများလာလို့ လယ်သမားတွေ ဒုက္ခရောက်နေကြတယ်၊ တချို့ လယ်ယာမြေတွေကို စီမံကိန်းအကြောင်းပြပြီး ကုမ္ပဏီပိုင်ရှင် သူဌေးတွေနဲ့ ပေါင်းလုပ် ပေါင်းစား လုပ်နေတာတွေလည်း ဖုံးမရ ဖိမရ ပေါ်ကုန်ပါပြီ။ မင်းတြားကြီးပဲ ပြောခဲ့တာ ပေါင်းစားရင် အရိုးမစူးဘူးဆို ...။

မင်းတြားကြီး ။ ။ ဟဲ့ ... အဲဒါက ငါးသလောက်ပေါင်းကို ပေါင်းစားတာ ပြောတာ။ သူဌေးတွေနဲ့ ပေါင်းတိုင်း မကောင်းဘူးကွ။ သူတို့က ခုဆို တ၀က်ရမှ ပေါင်းချင်ကြတာ။ ငါတို့ကလည်း အကုန်နီးပါး လိုချင်တာလေ။ မွေးစားသား နှစ်ယောက်တောင် ခပ်ကန်ကန် ဖြစ်နေကြပြီ။ လေထနဲ့ ဂေါ်ဂေါ်တို့နှစ်ယောက် မလာကြပါလား။

မောင်ကာလုံ ။ ။ လာကြပါတယ်၊ ဒါပေမယ့် အမေစုနား ကပ်ဖားကြဖို့ အချိန်တွေ ပေးနေရလို့ပါ။ မင်းတြားကြီးရဲ့ သမီးတော်တွေတောင် အဆီခန်းစ ပြုနေပါပြီ။ အရင်ကလို ၀၀လင်လင် မစားရတော့ဘူးဆိုတော့ စည်းစိမ်ပြုတ်ပြီး အဆီမရစ်နိုင်တော့ဘူးလေ။ အရင်တုန်းက မင်းတြားကြီး တိုင်းခန်းလှည့်ရင် သက်ဆိုင်ရာ မြို့ရွာတွေကို တာဝန်ယူရတဲ့ တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက သူတို့ ယူသမျှ လိုက်ရှင်းကြရတာ။ မန္တလေးမှာဆို တိုင်းမှူးက ချက်ချင်း မရှင်းနိုင်လို့ သမီးတော်တွေ လာတယ်ကြားရင် ရွှေဆိုင်တွေ ပိတ်ထားကြတယ်ဆိုပဲ။ တော်တော်ပဲ မျိုးချစ်စိတ်မရှိတဲ့ ဆိုင်ရှင်တွေ၊ မင်းတြားကြီးရဲ့ သမီးတော်တွေ စီးပွားဖြစ်ယူကြတာကို မုဒိတာမပွားနိုင်ဘူး။ တခါလာမှ သိန်းရာချီ ယူတာကိုများ - ဒါလေးများ ... ဒါလေးများလို့ သီချင်းဆိုကြပေါ့နော်။

မင်းတြားကြီး ။ ။ ငါ့ရဲ့သမီးတွေကလည်း လွန်ပါတယ်။ စိန်ဆိုစိန်၊ ဂိန်ဆိုဂိန်၊ စိန်စီတဲ့ည၊ စိန်စီတဲ့ မင်္ဂလာပွဲ၊ စိန်တွေနဲ့ လည်ပင်းအစ်နေကြတာတောင် မက်ကြတုန်း။ ငါကိုယ်တော် နိုင်ငံခြားသွားရင်လည်း သမီးတွေ၊ မြေးတွေ၊ ဆွေတော်မျိုးတော်တွေနဲ့ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း သွားကြတာ။ တိုင်းပြည်ဘဏ္ဍာ ဘယ်လောက်ကုန်ကုန်၊ ကြွေးတွေ ဘယ်လောက်တင်တင်၊ နောက်ကိစ္စ တိန်းလိန် တာဝန် ယူလိမ့်မယ်၊ အရေးကြီးတာက ငါ့သား၊ ငါ့သမီး၊ ငါ့မြေး၊ ငါ့ဆွေမျိုးတွေ ကောင်းစားဖို့က အဓိကပဲ။

မောင်ကာလုံ ။ ။ ဆင်ခြင်တော်မူပါ၊ တိုင်းပြည်မှာလည်း ကျန်းမာရေး၊ ပညာရေးအတွက် ငွေနည်းနည်းပဲ ချပေးပြီး၊ ကာကွယ်ရေးအတွက် ကျူးကျော်စစ်မတိုက်ရပဲ မတရား ပိုယူလို့ ပူညံညံ ဖြစ်နေပါပြီ။ ဆင်ဆင်ခြင်ခြင်နဲ့ ထင်ရာမလုပ်ဖို့ လျှောက်တင်ပါတယ်။

မင်းတြားကြီး ။ ။ သယ် ... ငါကိုယ်တော်မြတ်ကို ဆရာလာမလုပ်နဲ့။ ငါထင်ရာ လုပ်ခဲ့တာ ၂၃ နှစ်ကျော်ပြီ။ မသေခင် ရိက္ခာယူရမှာပဲ ... ဟဲ ဟဲ ဟဲ၊ ကဲ ကဲ တိုင်းပြည်က ငါ့ကို ဘာပြောကြသေးလဲ။ မောင်မင်း သိသလောက် ပြောစမ်း။

မောင်ကာလုံ ။ ။ အများက ပြောကြတာက မင်းတြားကြီး အာဏာမက်နေတုန်းလားတဲ့။ နှစ် ၂၀ ကျော် တိုင်းပြည်ဘဏ္ဍာတွေ သယံဇာတတွေ ထင်သလိုသုံး ထင်သလိုဘုံး၊ စာရင်းမရှိ အင်းမရှိ၊ လုပ်ချင်တိုင်း လုပ်နေကြတာ မမှန်မကန်မှုတွေကို ပြည်သူတွေက သိနေကြလို့ တော်ပါတော့ တန်ပါတော့လို့ ပြောနေကြတာတွေဟာ နားမဆန့်အောင် ဖြစ်နေပါပြီ။

မင်းတြားကြီး ။ ။ ဟုတ်ပါ့မလား မောင်ကာလုံရဲ့။

မောင်ကာလုံ ။ ။ ဟုတ်ပ ... ဟုတ်ပ၊ ဒီထက်ပိုသေး ...။

စိန်သံလုံး

မူရင်းသတင်းက ဒီမှာပါ။

ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်း (၂)

NLD ပါတီဝင် ရဲဘော် အောင်ထက် ၏ ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်း (၁) အပြီးမှာ အခုတခါ ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဆန်း၏ လမ်းခွဲရှင်းတမ်း (၂) ကို တင်ပြလိုက်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်း (အငြိမ်းစား) သည် ၁၉၈၈ ခုနှစ် မှစပြီး လက်ရှိ NLD နာယက ဦးတင်ဦးနှင့်အတူ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ နာမည် မပေါ်ခင် "အောင်စုတင်" အဖွဲ့မှာကတည်းက အဖွဲ့ဝင်ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ခံ အမတ် တစ်ဦးဖြစ်ပြီး ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ရင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ (၅) ရက်နေ့က NLD ပါတီမှ နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ ၎င်း ၏ နှုတ်ထွက်စာထဲတွင် အဘယ့်ကြောင့် နှုတ်ထွက်ခဲ့ရကြောင်းကို ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်။ ထိုအထဲမှာ အချို့ကို ကောက်နှုတ် တင်ပြရလျှင်...

"ကျွန်တော်ဟာ အောင်စုတင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး NLD တွက် ဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဌ နှင့် သဘာပတိ တစ်ဦးလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် NLD ကနေ ထုတ်ပယ်ခဲ့စဉ်က ကျွန်တော် ကန့်ကွက်ခဲ့ပါတယ်။

လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နိုင်ငံရေးဦးဆောင်မှုများဟာ ဗဟိုဦးစီးစံနစ် လွန်ကဲလွန်းပြီး ဗျူရိုကရေစီ စရိုက်လက္ခဏာများ လွှမ်းမိုးနေပါတယ်။ အုပ်စုဂိုဏ်းဝါဒများ တစ်စခန်းထလာသလိုဖြစ်နေပါတယ်။ NLD ဟာ အရှိတရားကို လက်မခံ မျက်ကွယ်ပြုပြီး ဓမ္မဓိဌာန်ကျကျ မကြည့်မြင်ပဲ၊ ဆန္ဒစွဲများအပေါ်တွင် အခြေခံလျှက် အယူအဆခြင်း မတူသည့် အချို့ပုဂ္ဂိုလ်များအပေါ်တွင် အဆိုးမြင်ဝါဒ လွှမ်းမိုးနေပါတယ်။

NLD ၏ နိုင်ငံရေးဦးဆောင်မှုဟာ တနေ့တခြားဗဟိုဦးစီးစနစ် လွန်ကဲလာပြီး ဒီမိုကရေစီသဘောတရားများနဲ့ ဆန့်ကျင်ဘက်ဖြစ်လာကာ ရေပေါ်ဆီ ဒီမိုကရေစီ အာဏာရှင် လမ်းကြောင်းဘက်ကို ဦးတည်သွားနေပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်များအရ သာဓကများစွာ ပြနိုင်ပါတယ်။ ဒီမိုကရေစီ စနစ် နဲ့ ဒီမိုကရေစီ ကျင့်စဉ်များကို ပြောင်ပြောင်တင်းတင်း ဥပက္ခာပြုပြီး ဗျူရိုကရေစီ စနစ် နဲ့ ဗျူရိုကရေစီ စရိုက်တွေသာ လွှမ်းမိုးနေပါတယ်။ ဒါပေမယ့်လည်း ကာယကံရှင်များက အရှက်ကင်းမဲ့နေကြပြီး ရိုသူမရှက် မြင်သူ ရှက်သာ ဖြစ်နေပါတယ်။

NLD ပါတီဟာ နိုင်ငံရေး အောက်လမ်းနည်းများဖြစ်တဲ့ ကျိတ်ဝိုင်းများ၊ လက်တို့ဝိုင်းများ၊ ခြေပုန်းခုတ်ခြင်းများ၊ ကွက်ကျော်ရိုက်ခြင်းများကို တွင်တွင်ကျယ်ကျယ် သိက္ခာမဲ့စွာ အတင့်ရဲစွာ ပြုလုပ်နေပါတယ်။ NLD ပါတီဟာ ၎င်း တို့ အာဏာရရှိဖို့အတွက် လုပ်ဖော်ကိုင်ဖက် စိတ် ကင်းမဲ့ခြင်း၊ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့ခြင်း၊ အစဉ်အလာများကို တန်ဖိုးမထားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း စတဲ့ သရုပ်ပျက် ဒီမိုကရေစီ နဲ့ လမ်းသရဲ ဒီမိုကရေစီ စရိုက်လက္ခာများ လွှမ်းမိုးလာပြီး အများညီလျှင် ဤ ကို ကျွဲ ဖတ် လာကြတာကို မမြင်ချင်အဆုံး မြင်လာရပါတယ်။

အုပ်စု ဂိုဏ်း ဂဏ နိုင်ငံရေး အတွေးအခေါ်များကလည်း အဆင့်မြင့် အမျိုးသားနိုင်ငံရေး အတွေးအခေါ်များ မဟုတ်ပဲ အတ္တလွန်ကဲလွန်းသော အဆင့်နိမ့် ခွေးကတတ် နိုင်ငံရေး အတွေးအခေါ်များသာ ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဝိသမလောဘ (မတရားလိုချင်မှု) နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး သက္ကာယဒီဠိ စွဲကပ်နေသူတွေ၊ သရုပ်ပျက် ဒီမိုကရေစီ သမားတွေ၊ လမ်းသရဲ ဒီမိုကရေစီ အတုအယောင် သမားတွေ၊ ဂုဏ်းဥဏ အုပ်စု နိုင်ငံရေး သမားတွေ၊ ရေပေါ်ဆီ နိုင်ငံရေး သမားတွေ၊ အဓမ္မနိုင်ငံရေး ဝါဒ သမားတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။

NLD အနေနဲ့ "ဖြုတ်၊ ထုတ်၊ သတ်" "ငါနဲ့မတူ ငါ့ရန်သူ" လို့ ဆက်လုပ်နေမယ်ဆိုရင် တရုတ်ကွန်မြူနစ် ပါတီရဲ့ သင်ခန်းစာများကို လေ့လာရပါမယ်။ NLD ရဲ့ လုပ်ရပ်တွေနဲ့ ခံယူချက်တွေကို ယုံကြည်မှု လုံးဝ မရှိတော့တဲ့အတွက် ပါတီကနေ နှုတ်ထွက်ပါတယ်။ နှုတ်ထွက်ရခြင်းအကြောင်း အသေးစိတ်နဲ့ ယုံကြည်မှု ကင်းမဲ့ခဲ့ရတဲ့ ဖြစ်စဉ်များကို သီးခြား ရှင်းလင်း တင်ပြသွားပါမယ်။"





ဟူ၍ NLD ကို အယုံအကြည်မရှိကြောင်းကို စာမျက်နှာ (၅) မျက်နှာ ရေးသား ထားပါတယ်။ ပါတီဝင် ၁၀ သိန်း စီမံကိန်းနဲ့ NLD ပါတီမှ လူသစ်တွေ စုနေပေမယ့် အကြောင်းသိကုန်ကြတဲ့ လူဟောင်းများကတော့ တယောက်ပြီး တစ်ယောက် ထွက်ကုန်ကြပါပြီ။ အချို့ကတော့ မသိမသာ ထွက်သွားကြပေမယ့် အချို့ကတော့ ဘာကြောင့်ထွက်ရခြင်း ဖြစ်တယ် ဆိုတာကို အများသိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားကြပါတယ်။ အများစုကတော့ ပုဂ္ဂိုလ်စွဲ ကြီးမားမှု၊ ဒီမိုကရေစီ အမည်ခံပြီး အောက်လမ်းနည်းသုံးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ရာ ဖောက်ပြားမှုတွေကြောင့် ဖြစ်ကြပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်း( ရဲဘော်အောင်ထက်)


ဒေါ်စုဆီက ဘာကြောင့်ကျွန်တော်ထွက်လာရသလဲ၊ အကြောင်းသုံးချက်ရှိပါတယ်။

တစ်။ ပါတီတွင်းဆက်ဆံရေးအခြေအနေ။
နှစ်။ ဒေါ်စုရဲ့ ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ။
သုံး။ ဒေါ်စုရဲ့လူမှုရေးအကြောင်းများ။

ပါတီတွင်းဆက်ဆံရေး

၈၈ အရေးတော်ပုံအပြီးမှာ ကျောင်းသားတွေထဲမှာ အကြမ်းအားဖြင့် လေးစုကွဲသွားတယ်။ ကိုနိုင်အောင်တို့နဲ့ ပါသွားသူများ၊ ကိုမင်းကိုနိုင်တို့နဲ့ ဗကသအဖြစ်ကျန်ခဲ့သူများ၊ ကိုမိုးသီးဇွန်တို့နဲ့ လူ့ဘောင်သစ်ဖြစ်သွားသူများနဲ့ ဒီချုပ်လူငယ်အဖွဲ့မှာပါသူများလို့ ခွဲခြားနိုင်ပါတယ်။ ကျွန်တော်ကတော့ တော့ ဒီချုပ်ထဲပါတဲ့ အုပ်စုထဲလိုက်သွားပါတယ်။ ဒါကလည်း ဒေါ်စုကို အထင်ကြီးတာရယ်။ မကသ ကလာတာမို့ ဗကသ အောက် ခေါင်းမလျှိုခြင်တာရယ် နှစ်ခုလုံးပါပါတယ်။

ဒီချုပ်ကို သိတဲ့အတိုင်း အောင်စုတင် လူကြီးသုံးဦးခေါင်းဆောင်ပါတယ်။ စီအီးစီကို အောင်စုတင် အုပ်စုတစ်ခုစီက ၁၄ ဦးနဲ့ ဖွဲ့ပါတယ်။ စီအီးစီအားလုံးကို ခေါင်းဆောင်သုံးဦးကပဲ တိုက်ရိုက်ရွေးပြီးခန့်တာ ပါ။ ဦးအောင်ကြီးထွက်သွားတော့ စီအီးစီဝင်တွေက စုတင်အုပ်စုဝင်တွေပဲကျန်ပါတယ်။ ဒီချုပ် ဗဟိုကို ဖွဲ့ပြီးတော့ ပြည်နယ်၊ တိုင်းစည်းတွေ၊ မြို့နယ်စည်းတွေဆက်ဖွဲ့ပါတယ်။ ဒါတွေအားလုံး ဗဟိုဦးစီးစနစ် နဲ့ ခန့်အပ်ခဲ့တာပါ။ ဒီချုပ်အောက်ခြေအဖွဲ့ဝင်များအနေနဲ့ ပြောခွင့်မရှိပါ။ ပြောဖို့ကြိုးစားသူများရှိရင်လည်း ဒီအချိန်က စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန်၊ ရွေးကောက်ပွဲအတွက်လည်း ပြင်ရမယ်။ အခြေအနေ တည်ငြိမ်မှ ပြန်ရွေးကြတာပေါ့ဆိုပြီး ခေါင်းဆောင်များက ပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရွေးတော့လည်း စီအီးစီနဲ့ တိုင်းစည်းတွေညှိပြီးရွေးခဲ့တာပါ။ မဆလ ခေတ်က ပါတီကချပေးတဲ့ကိုယ်စားလှယ်ကို ထောက်ခံရသလိုပဲ ကျွန်တော်တို့ စီအီးစီက ချပေးတာကို ထောက်ခံခဲ့ရတာပါ။

ဒီလိုနဲ့ ဒေါ်စုအထိန်းသိမ်းခံရတော့လည်း ဒေါ်စုမရှိသေးခင် ဒီလိုပဲထိန်းထားဦး ဒေါ်စု ထွက်လာမှ လုပ်ကြတာပေါ့နဲ့ပဲ အချိန်ကုန်ခဲ့တာပါ။ ၁၉၉၅ မှာ ဒေါ်စုထွက်လာတော့လည်း ခြံဝမှာ ဟောပြောပွဲလုပ် တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ။ စီအာရ်ပီပီဖွဲ့တာနဲ့ပဲ အချိန်ကုန်ပြီး ၂၀၀၁ ခုနှစ်အထိရောက်ခဲ့ပါ တယ်။

ပါတီအဖွဲ့အစည်းတွေကို ပြင်ဖွဲ့တာ၊ ပါတီတွင်းဒီမိုကရေစီရှင်သန်အောင်လုပ်တာတွေ လုပ်ရမယ့် အစား တိုက်ပွဲတွေဖော်ပြီး ပါတီထုကို ဆွဲဆောင်ထားဖို့ပဲလုပ်ခဲ့တာပါ။

ပါတီတွင်းဒီမိုကရေစီရှင်သန် အောင်တောင်မလုပ်နိုင်ဘဲနဲ့ နိုင်ငံကို ဒီမိုကရေစီပန်းတိုင်ပို့နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ဒါဟာ ဒီချုပ်အပေါ် စိတ်ကုန်ရတဲ့ အကြောင်းတစ်ချက်ပါ။

ဒေါ်စုရဲ့ထက်အောက်ဝဲယာဆက်ဆံမှုအခြေအနေ

ဒေါ်စုရဲ့ ပညာအရည်အချင်း၊ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောနိုင်မှု၊ အဟောအပြောကောင်းမှု နဲ့ နိုင်ငံတကာ ဗဟုသုတကြွယ်ဝမှုတို့ကို မျိုးချစ်တွေထဲမှာရော၊ တတ်သိတွေထဲမှာရော၊ အခြားပါတီက ခေါင်းဆောင်တွေထဲမှာရော ဘယ်သူမှ မယှဉ်နိုင်တာ။ မဆလ တံခါးပိတ်ခေတ်မှာ လူဖြစ်ရတဲ့ ကျွန်တော် တို့ကတော့ ဝေးရော။ ဒါပေမယ့် ဒေါ်စုက ကျန်တဲ့ခေါင်းဆောင်တွေမှာ မြန်မာ့နိုင်ငံရေးနယ်ပယ်က သင်ခန်းစာတွေ အတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတာ မေ့နေခဲ့တယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေ အပေါ် အထင်သေးတဲ့စိတ်နဲ့ ကြည့်တာ၊ ပြောတာတွေကို တွေ့လာရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလည်း ဒေါ်စုကြည်ထက်ငယ်တဲ့အချိန်မှာ ဖဆပလကို ခေါင်းဆောင်ခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ် ဂိုဏ်း စတာတွေမှာ ခေါင်းဆောင်နေရာတွေယူခဲ့သလို့ ဗမာ့တပ်မတော်မှာလည်း ဦးစီးချုပ်လုပ်ခဲ့ပြီးမှ ဖဆ ပလ ခေါင်းဆောင်ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဦးဘဖေ၊ ဦးရာဇတ်၊ သခင်မြ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘဂျမ်း စတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို အလေးထားနေရာပေးပြီး ခေါင်းဆောင်မှုယူခဲ့တာတွေ့ရမှာပါ။

ဒေါ်စုကြည်ကတော့ ဗိုလ်ချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် မျိုးချစ်အဖိုးကြီးတွေကိုယ်တောင် အန်ကယ် ခေါ်ပြီး ပယ်ပယ်နယ်နယ်တွယ်ပါတယ်။ အဖိုးကြီးတွေခင်ဗျာ မစုရေ အန်ကယ်တို့ကလေနဲ့ ပြာနေအောင် ကြောက်ရပါတယ်။ တတ်သိတွေကိုလည်း ဘာတတ်သိပညာရှင်လည်း ဘာညာနဲ့အုပ်တာပါဘဲ။

ဒေါ်စု တန်းတူဆက်ဆံတာနှစ်ယောက်တော့ ရှိပါတယ်။ ဦးဝင်းတင်နဲ့ ဗိုလ်ကြီးဟောင်းဝင်းထိန်ပါ။ ဒါ့ကြောင့် လည်းမိုးသီးဇွန်က သူ့စာတမ်းမှာ ဒီချုပ် စီအီးစီတွေဟာ ကပ္ပိယကြီးတွေလိုပဲ ကျောင်းထိုင်ဆရာတော် ဒေါ်စုမသိရင် ဘာမှမလုပ်ရဲဘူးလို့ ရေးခဲ့တာပါ။

ပါတီတွင်းမှာ ဒီလို ဆက်ဆံသလို မိတ်ဖက်ပါတီများနဲ့လည်း ဒီလိုပါဘဲ။ ဦးနုနဲ့ ၀ိဓူရသခင် ချစ်မောင်လို အစဉ်အလာကြီးတဲ့သူတွေကိုတောင် ၁၅၈ ပါတီညီညွတ်ရေးနဲ့ ပတ်သက်ပြီး တန်းတူ ပူးပေါင်းလို့မရ၊ ဒီချုပ် ခေါင်းဆောင်မှုကို ခံရင်ရမယ်လို့ပြောခဲ့သူပါ။

အစိုးရနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ပါတီကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ အဆိုပြုတော့ ကျွန်မတစ်ယောက်ဆိုရင်ရပြီ၊ အန်ကယ် တို့ ကျွန်မကို ကိုယ်စားလှယ်လွှဲကြောင်းသာလက်မှတ်ထိုးပါလို့ ပြောထွက်တဲ့သူပါ။ ကျွန်တော်တို့လို လူငယ်အဖွဲ့များကိုတော့ လုံခြုံရေးအဆင့်ထက်ပိုပြီး သဘောထားတာမတွေ့ရပါ။

ဒေါ်စုဒဏ်ကို နိုင်ငံခြားသံအမတ်တွေလည်းခံရဖူးပါတယ်။ ၁၉၉၆ မှာ အာဆီယံကို မြန်မာက ၀င်မယ်ဆိုတော့ ဒေါ်စု ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ်က စင်္ကာပူ ရောက်တုံး မြန်မာကို လက်ခံမယ့် အာဆီယံရဲ့သဘောထားကို လက်ခံတဲ့အကြောင်း သတင်းထောက်တွေ ကို ပြောလိုက်တယ်။ ဒီသတင်းကို ကြားတော့ ဒေါ်စုက ဂျပန်သံအမတ် ယိုချီယာမာဂူချီကို ဖုန်းဆက်ခေါ် ပါတယ်။ ဂျပန်သံအမတ်ရောက်လာတော့ အိမ်ထဲအ၀င်မခံဘဲ ခြံထဲက အခမ်းအနားတွေလုပ်တဲ့ တဲထဲမှာ ထိုင်ခိုင်းပြီး ဒေါ်စုက ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ တစ်နာရီလောက်ကြိမ်းမောင်းပြီးပြန်လွှတ်လိုက် တယ်။ ဂျပန်သံအမတ်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရဆီကို အစီရင်ခံတော့ ဒေါ်စုကို အလွန်မောက်မာတဲ့သူလို့ သုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။

ခေါင်းဆောင်တစ်ယောက်ဟာ မိမိအခြေခံမူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ရမယ်ဆိုတာ လက်ခံ ပါတယ်။ ဒါပေမယ့် ခိုင်ခိုင်မာမာရပ်တည်တာနဲ့ ခေါင်းမာတာ၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိတာနဲ့ မောက်မာ တာ ကွာခြားတယ်လို့တော့ထင်ပါတယ်။ ဒါတွေကိုမြင်တာများလာတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှု အရည် အချင်းအပေါ် သံသယ၀င်လာတာအမှန်ပါဘဲ။

လူမှုရေးအကြောင်းများ

၁၉၈၈ နိုဝင်ဘာကနေ စစ်တပ်က ဒေါ်စုခြံကို ၀င်ရှင်းတဲ့ ၈၉ ဇူလိုင် ၂၀ အထိ ခြံထဲမှာနေခဲ့ဖူးပါ တယ်။ ထို့အတူ ၁၉၉၆ ကနေ ၂၀၀၁ အထိနေခဲ့ပါတယ်။ ဒေါ်စုက လူငယ်အဖွဲ့ဝင်အမျိုးသမီးများကို ညဖက်ဆိုရင် အပေါ်ထပ်မှာခေါ်ပြီး စကားပြောပါတယ်။ နောက်တော့ Safe Sex ဆိုပြီး စကားဝိုင်းဖွဲ့ ပါတယ်။ ပထမတော့ HIV ကာကွယ်ရေးအတွက် ပြောရင်းနဲ့ နောက်တော့ ကင်းဆေးအစီရင်ခံစာတို့ လေဒီချတ်ဒလီလပ်ဗ်ဗာ စာအုပ်အကြောင်းတွေလှည့်သွားပါတယ်။ ကင်းဆေးအစီရင်ခံစာဆိုတာက အမေရိကန်အမျိုးသား၊ အမျိုးသမီးတွေရဲ့ Sex Life ကို သုတေသနပြုပြီး ဘယ်လိုဆက်ဆံရမယ်။ ဘယ်နည်းကကောင်းတယ် စသည်ဖြင့် တစ်တစ်ခွခွပြောထားတဲ့စာတမ်းပါ။ အဲဒီလိုဆွေးနွေးတာက ဒေါ်စု နှစ်နှစ်ဆယ်ကျော်နေခဲ့တဲ့ အနောက်နိုင်ငံတွေမှာတော့ မဆန်းပေမယ့် ဒီမှာတော့ဆန်းပါတယ်။ အကျိုး ဆက်ကတော့ ခြံထဲက လူငယ်တွေကြားမှာ ဇာတ်လမ်းတွေရှုတ်လာတာပါဘဲ။ ဒေါ်စုက ဒါတွေကို တင်းတင်းကျပ်ကျပ် စည်းကမ်းထိန်းဖို့မလုပ်ခဲ့ပါဘူး။ ဒီဖြစ်စဉ်တွေကို ကိုညိုအုန်းမြင့်တို့ ၀င်းဝင်းမာတို့ သိပါတယ်။ အချင်းချင်း စုမိရင်လည်းဆွေးနွေးဖူးပါတယ်။ ဘယ်သူမှတော့ ဒေါ်စုကို မဝေဖန်ရဲခဲ့ပါ။

နောက်တစ်ခုက ဒေါ်စုနဲ့ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်လှမြင့်တို့ရဲ့ မူမမှန်တဲ့ ဆက်ဆံမှု ပါဘဲ။ ဒါကို ဒီချုပ်ခေါင်းဆောင်ပိုင်းရော၊ ခြံထဲက လူငယ်တွေရော ရိပ်မိပါတယ်။ ဦးအောင်ရွှေတားတော့ ဒေါ်စုက အန်ကယ်တို့အသိအမြင်တွေနဲ့ တိုင်းတာမနေပါနဲ့ ။ West မှာ ဒါဟာ Normal Relationship ပါ၊ ကျွန်မဘာလုပ်နေတယ်ဆိုတာ ကျွန်မသိပါတယ်လို့ ဆိုခဲ့ပါတယ်။ ဦးအောင်ရွှေလည်း သံအမတ်နဲ့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့တာပါ။ ဒေါ်စုပြောတဲ့ Normal Relationship ကို သူဘယ်လိုသဘော ပေါက်လဲတော့ မသိဘူး။ နောက်ထပ်ပြောတာမကြားရတော့ပါ။


ကျွန်တော်ကတော့ ရှေးဆန်တယ်ပဲဆိုဆို၊ ကိုယ့်ခေါင်းဆောင်ကို စံပြ Role Model အဖြစ် မြင်ခြင် ပါတယ်။ ဗြိတိသျှ နန်းရေးဝန် (၀န်ကြီးချုပ်) လွို့က်ဂျော့အကြောင်းရေးတဲ့ စာအုပ်မှာ လွိုက်ဂျော့ကို မကြိုက်တဲ့ ရန်သူတွေကတောင် သူ့ကိုယ်ကျင့်သိက္ခာကို လေးစားကြတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူမှ သံသယမရှိဘူးလို့ ရေးထားပါတယ်။ ဒီလို ခေါင်းဆောင်ကို လိုချင်ပါတယ်။ မူဝါဒတစ်ခု မှားတယ်၊ မှန် တယ်ဆိုတာကတော့ အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင်တော့ စံတစ်ခုပဲ ရှိ ရမယ်ထင်ပါတယ်။ ဒါဟာ ဒေါ်စုဆီကနေ ဒီချုပ်ကနေ ထွက်လာခဲ့တဲ့နောက်ဆုံးအကြောင်းပါဘဲ။

ဒေါ်စုခေါင်းဆောင်မှုအပေါ် ဘ၀င်မကျတာ ကျွန်တော်တို့အငယ်တွေသာမဟုတ်ပါဘူး။ တတ်သိ အုပ်စုတွေထဲကလည်းရှိပါတယ်။ မျိုးချစ်တွေကတော့ ဦးနေ၀င်းအောက်မှာ အသားကျခဲ့တော့ ဒီလို ခေါင်းဆောင်မှုမျိုး၊ ပါတီတွင်း ဒီမိုကရေစီမရှိတာမျိုးကို နေတတ်နေပြီထင်ပါတယ်။ သိတ်ပြောတာမတွေ့ ရပါ။

၈၉ မတ်လထဲမှာ ဆရာမောင်ကိုယုကို ကျွန်တော်တို့ လူငယ်တစ်ချို့က ဆွေးနွေးဖူးပါတယ်။ ဆရာကတော့ ငါတို့ကျားမြီးဆွဲမိထားပြီလို့ ပြောခဲ့တာမှတ်မိပါတယ်။ တကယ်လည်း ဒေါ်စုအပေါ် Personal Cult သဘောမျိုးဖြစ်လာတော့ ဒေါ်စုမရှိရင် ဒီချုပ်မရှိ၊ ဒေါ်စုမရှိရင် ဒီမိုကရေစီလှုပ်ရှားမှုမရှိ၊ ဒေါ်စုသာစစ်တပ်ကို အကောင်းဆုံး တန်ပြန်နိုင်မယ်သူ ဆိုတာမျိုးဖြစ်လာပါတယ်။ ဒါ့ကြောင့် ဒေါ်စုကို ဝေဖန်ရင် တန်ပြန်တော်လှန်ရေးသမား တံဆိပ်ကပ်ခံရမှာ သေချာနေတော့ ဘယ်သူကမှ ပါးစပ်မဟရဲ ပါဘူး။ မကြိုက်ရင် အကြောင်းတစ်ခုရှာပြီး ဘေးထွက်ထိုင်တာပဲလုပ်ရဲပါတယ်။ တတ်သိမှာ အတက်ကြွ ဆုံး လှုပ်ရှားခဲ့တဲ့ ဆရာမောင်ဝံသ၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်စူးစမ်း၊ မသိင်္ဂီ င်္တို့အုပ်စုတွေ ဒီချုပ်ကနေ ဘေးထွက် ထိုင်နေတာတွေဟာ ဒီအကြောင်းတွေကြောင့်ပါဘဲ။
ကျွန်တော်တို့အနေနဲ့ ကိုယ်ပြောတာ မှန်တယ်လို့မဆိုလိုပါ။ သို့သော် ပါတီအတွင်းမှာ မိမိ သဘောထားကို တင်ပြခွင့်ရှိရမယ်။ ဗဟိုကော်မတီ၊ စီအီးစီဆိုတာတွေဟာ အောက်ခြေကနေ အဆင့်ဆင့် တင်မြှောက်ရွေးတာဖြစ်ရမယ်။ ပါတီရဲ့မူဝါဒတွေကို ဒီလို ဗဟိုအဖွဲ့အစည်းတွေမှာ ဆွေးနွေးဆုံးဖြတ်ရမယ် လို့ ယုံကြည်ပါတယ်။

အခုတော့ အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို ဒေါ်စုက စီအီးစီကို အသိပေး၊ စီအီးစီက အတည်ပြု လုပ်လာပါတယ်။ တစ်ခါတစ်လေ စီအီးစီအဖွဲ့ဝင်အားလုံးတောင် အစည်းအဝေးမတက်ရတာမျိုးရှိပါတယ်။ အမျိုးသားညီလာခံကနေ ဒီချုပ်ကိုယ်စားလှယ်တွေ ထွက်ခိုင်းတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ဒေါ်စုတစ် ဦးတည်းဆုံးဖြတ်ပြီး ဦးအောင်ရွှေနဲ့ကိုယ်စားလှယ်တွေကို ခေါ်ပြောခဲ့တာပါ။ တကယ်တော့ ဒီဆုံးဖြတ် ချက်မျိုးဟာ ပါတီမူဝါဒရဲ့ အလှည့်အပြောင်းဆုံးဖြတ်ချက်ပါ။ ဗဟိုကော်မတီ အစည်းအဝေးမျိုးမှာ ဆုံးဖြတ်ရမယ့်ကိစ္စပါ။

ဦးတင်ထွန်းမောင်တို့ ခုနှစ်ယောက်က ဗဟိုကော်မတီမှာ ဆုံးဖြတ်ဖို့ပြောတော့ ကျွန်မဆုံးဖြတ်ပြီးပြီ၊ ဒါအတည်ပဲ၊ ကျွန်မခေါင်းဆောင်မှုကို မယုံကြည်ရင် ကျွန်မအဖွဲ့ချုပ်က ထွက်မယ် ဆိုပြီး အကြပ်ကိုင်ခဲ့ပါတယ်။ ဦးတင်ထွန်းမောင်တို့က စာတမ်းတင်တော့ အဖွဲ့ချုပ်က ထုတ်ပယ်ခဲ့ပါတယ်။ ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကို အဖွဲ့ချုပ်က ထုတ်တဲ့ကိစ္စမျိုးဆိုတာ ဗဟိုကော်မတီ ဒါမှမဟုတ် ဗဟိုကော်မတီက အာဏာလွှဲထားတဲ့အဖွဲ့က ဆုံးဖြတ်၊ ဗဟိုကော်မတီကို အတည်ပြုချက်တောင်း ဒီလို လုပ်ရမှာပါ။ အခုတော့ ကျွန်တော်တို့အဖွဲ့ချုပ်ဟာလည်း မဆလလို ဗဟိုဦးစီးစနစ်နဲ့ တစ်ဦး တစ်ယောက် ကောင်း ၀ါဒကျင့်သုံးလာတာကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ခဲ့ရပါတယ်။ ဒီမိုကရေစီ ရေချိန်အရ ဒီလို ဦးဆောင်မှုကိုလည်း လက်မခံနိုင်ပါ။ ဒါ့ကြောင့်လမ်းခွဲပါတယ်။

ဒီမိုကရေစီကိုတော့ ယုံကြည်ဆဲပါ။ ဒါပေမယ့် ဒီလူနဲ့ ဒီပါတီနဲ့ ဒီမိုကရေစီရနိုင်မယ်လို့ မထင်ပါ ဘူး၊ အခုရေးတာက အကျဉ်းသာဖြစ်ပါတယ်။ ဒေါ်စုနဲ့ မိခင်ဒေါ်ခင်ကြည် ဆက်ဆံရေး၊ ဒေါ်စုနဲ့ ဦးအောင် ဆန်းဦး ဆက်ဆံရေး၊ ဒေါ်စုနဲ့ ခြံထဲမှာအတူနေတဲ့ ဒေါ်ခင်ကြီး (သခင်သန်းထွန်းဇနီး၊ ဒေါ်ခင်ကြည်အမ) မိသားစု ဆက်ဆံရေးတွေကိုကြည့်ရင် မိသားစုပြသနာတွေကိုတောင် စေ့စပ် အဖြေမရှာနိုင်တဲ့သူက အမျိုး သားရင်ကြားစေ့ရေးကို လုပ်နိုင်မယ်လို့ ယုံကြည်ရန်ခက်ပါတယ်။

ဒီချုပ်ကနေထွက်လာခဲ့တာ မှန်တယ်၊ မှားတယ် မပြောလိုပါ။ ဘာကြောင့်ထွက်ခဲ့တယ်ဆိုတာကို ပြောပြခြင်းသာဖြစ်ပါတယ်။ တိုင်းပြည် ပြင်ပရောက်နေတာမို့ ဒီချုပ်မှာ နေရာယူခြင်လို့ ၊ နအဖဆီက ပေးစာကမ်းစာစားခြင်လို့ ဆိုတဲ့အကြောင်းများမရှိပါ။ ဒါပေမယ့် ဘလော့ဂ်တွေပေါ်မှာ ဘုန်းတော်ဖွဲ့တွေ ဖတ်နေရလို့ တကယ်သိကြရဲ့လားဆိုတာ သိချင်လို့ရေးပြတာပါ။

ကျွန်တော်ပြောတဲ့အကြောင်းတွေကို သိပြီးသား၊ ဒီလိုခေါင်းဆောင်ပဲ ကြိုက်တယ်ဆိုရင် ပြောရန် မရှိပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါဘဲ။ ဘာမှမသိဘဲ သူများယောင်လို့ လိုက်ယောင်နေရသူများရှိရင် ဖတ်ကြည့်ပြီး ဒီအကြောင်းအရာတွေမှန်မမှန် ဆန်းစစ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ကိုယ်ရေးကိုယ်တာ၊ ပုဂ္ဂိုလ် ရေးတွေပြောနေတယ်လို့မထင်စေခြင်ပါ။ ဒီမိုကရေစီစနစ်မှာ ခေါင်းဆောင်လုပ်သူများဟာ ပြည်သူများ ရော၊ မီဒီယာများရောရဲ့ ဝေဖန်စူးစမ်းမှုကို ခံနိုင်ရပါမယ်။ မှတ်ကျောက်အတင်ခံနိုင်ရပါမယ်။

အမေရိကန် မှာ အခုသမ္မတလောင်းရွေးပွဲအတွက် ပြိုင်ဆိုင်မှုတွေစနေပါပြီ။ သမ္မတလောင်းတွေရဲ့ မူဝါဒများသာမက အကျင့်စာရိတ္ထ၊ အကျင့်စရိုက်၊ အပြုအမူများကိုပါ ဘက်စုံကဝေဖန် ဆန်းစစ်နေတာတွေကို ဖတ်ရ၊ ကြည့်ရ ပါတယ်။ ပြည်သူတွေက သူတို့ကို ခေါင်းဆောင်မယ့်လူရဲ့အကြောင်းကို ဂဃနဏသိခွင့်ရှိပါတယ်။ ကောင်း တာလေးတွေပဲဖော်ပြ၊ ကောင်းတယ်လို့ထင်အောင် ပုံဖော်ပေးတာတွေက တစ်ပါတီအာဏာရှင်စနစ်ရဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်ကိုခေါင်းဆောင်မယ်လူက ဘာလဲ၊ ဘယ်လဲ ဆိုတာက သိအောင်လုပ်ပြီးမှ ဆုံးဖြတ်ဖို့လိုပါတယ်။ အခုရေးပြရတာက ဒီရည်ရွယ်ချက်ပါဘဲ၊ ဘလော့ဂ်သာ မပေါ်ခဲ့ရင် အစိုးရလူ၊ တန်ပြန်တော်လှန်ရေးသမားဆိုပြီး နှိပ်ကွပ်ခံရမှာမို့ စာမျက်နှာပေါ်မှာ မရေးရဲဖူး ဆိုတာ ၀န်ခံပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လူမျို၍ လူမျိုးတုန်းမည့်အရေး NLD ပါတီကို အသုံးချဆောင်ရွက်မည့် ၈၈ ကျောင်းသားဟောင်းများအဖွဲ့

၈၈ ကျောင်းသားအဖွဲ့ဟာ ပြည်သူတွေကြားမှာ ဟောပြောစည်းရုံးမှုတွေလုပ်ပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ လို့ ကြည်နူး မိပါတယ်။ ပြည်သူလူထုကို အခြေခံပြီး ပြည်သူအတွင်းက ပြဿနာတွေကို အဖြေရှာပေးမယ်လို့ ကြွေးကြော်ခဲ့တာ၊ အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ မတရားဆောင် ရွက်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံရေးပါတီတွေရဲ့ အားနည်းချက်တွေကို ထောက်ပြမယ့်အဖွဲ့ဆိုပြီး ထွက်ပေါ်လာတာကို အများ ကြီး အထင်ကြီးခဲ့ပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းပြီး လူ မှုရေးတွေ ကို ဆောင်ရွက် သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၈၈ ကျောင်းသားဟောင်းများအဖွဲ့ဟာ မြန်မာ့နိုင်ငံရေးမှာ အခန်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်လာကြပါတယ်။ ကိုကိုကြီးက ပါတီထောင်မယ် ပြီးရင် လွှတ်တော်တက်ပြီး တောင်းဆိုမယ်။ မင်းကိုနိုင်က ပြည်သူကို စည်းရုံးပြီး လွှတ်တော်ပြင်ပက တောင်းဆိုမယ် စည်ဖြင့် အထင်ကြီး လေးစားစရာ စကားလုံးတွေနဲ့ ပြည်သူတွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။


ဒါပေမယ့် ပြည်သူတွေ မသိတာကတော့ ၈၈ ကျောင်းသားဟောင်းတွေဆိုတာ ကိုယ်တိုင်ရပ်တည်နိုင်စွမ်း မရှိလို့ NLD သွားလေ ရာ နောက်ကိုလိုက်ပြီး ပံ့ပိုးပေးနေရတာပဲ ဖြစ်ပါတယ်။ ရောက်တဲ့နေရာတွေမှာ အလှူခံပြီး ဆောင် ရွက်နေ ရတာပါ။ ၈၈ ကျောင်းသားတွေဟာ NLD ကို လောင်းရိပ်ခိုပြီး ရှင်သန်နေရာမှ ခုတော့ ရိုဟင်ဂျာနွယ်ဖွား ကုလား မြအေးနဲ့ မင်းကိုနိုင်က ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို မြန်မာတိုင်းရင်းသားအဖြစ် သွတ်သွင်းဖို့ NLD ကို တောင်းဆို ထားပါတယ်။ ၈၈ ကျောင်းသားအဖွဲ့မှာ မင်းကိုနိုင်နဲ့ ဌေးကြွယ်က ပြည်သူကို စည်းရုံးပြီး လွှတ်တော်ပြင်ပ ကနေ တောင်းဆိုမယ့်အဖွဲ့နဲ့ ကိုကိုကြီး၊ ဂျင်မီတို့ ပါဝင်တဲ့ ပါတီထောင်မယ်ဆိုတဲ့ အဖွဲ့ဆိုပြီး ခွဲထားပါ တယ်။ ခုလိုရိုဟင်ဂျာ ကိစ္စကို တောင်းဆိုမယ်ဆိုတာကတော့ မြန်မာ့နိုင်ငံရေး သမိုင်းကို ရိုင်းသွားစေမှာပါ။ ရိုဟင် ဂျာဆို တာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိတဲ့ လူမျိုးဖြစ်ပြီး ဘာသာရေးအစွန်းရောက်တဲ့ အစ္စလမ် ဘာသာ ၀င်တွေ ဖြစ်ပါတယ်။ မြန်မာလူမျိုးနဲ့ လုံးဝမတူတဲ့ ရိုဟင်ဂျာကို NLD က လွှတ်တော်မှာ တင်ပြတောင်းဆိုရင် NLD ပါတီကို ပြည်သူတွေ ထောက်ခံတာကျဆင်းသွားနိုင် ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အမျိုးဘာသာ သာ သနာကို ထိန်းသိမ်းစောင့်ရှောက်ရမှာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။




၈၈ ကျောင်းသားအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို လေ့လာကြည့်ရင် ရည်ရွယ် ချက်က ခုဆိုရင် ၈၈ မှာပဲ နိုင်ငံရေးလောကထဲ ၀င်လာတဲ့ လူချင်း အတူတူ ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်သမီးဆိုပြီး လူထုက အပြည့်အ၀ ထောက်ခံကြတယ်။ ၈၈ ကျောင်းသားတွေ ကိုတော့ ထောက်ခံ မှုနည်းပါတယ်။ ၈၈ ကျောင်းသားဟောင်းအဖွဲ့ ပါတီထောင် မယ်ဆိုရင် NLD ကို မှီခိုနေရမှာပဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာ တစ်နိုင်ငံလုံးက လက်မခံတဲ့ ရိုဟင်ဂျာ ကိစ္စကို NLD ကနေ တဆင့်လွှတ်တော် ထဲ တင်သွင်းရင် NLD ကို လူထု က ထောက်ခံမှု ကျဆင်းသွားမှာဖြစ်တယ်။ ဒီလိုအချိန်မှာ ၈၈ ကျောင်းသားဟောင်းတွေက ပါတီထောင် လိုက်ရင် ထောက် ခံမှုပိုများလာမှာဖြစ်တယ်ဆိုတဲ့ အတွေးတွေလည်း ပါမှာဖြစ်ပါတယ်။ နောက်တချက်က ရိုဟင်ဂျာတွေက မြန်မာနိုင်ငံထဲ ၀င်ရောက်လာဖို့ ဘယ်လိုနည်းလမ်းမျိုးကို မဆို အသုံးပြုနေကြပါတယ်။ ရန်ပုံငွေလိုနေ တဲ့ ၈၈ အဖွဲ့တွေ က ကုလားတွေထောက်ပံ့ပေးမှုကို ယူပြီး ပါတီရန်ပုံငွေ အဖြစ်သုံးစွဲနိုင်ပါတယ်။


NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံခြားမှာ အကြောင်း အမျိုး မျိုးကြောင့် အချိန်အကြာကြီး နေခဲ့ရလို့ လူမျိုးခြား ကိုယူခဲ့ရတာကို နား လည်ပေးနိုင် ပါပေမယ့်ဒေါ်စု ကြည်မွေးလာတဲ့ သားတွေက ကု လားဖြူလေးတွေ ဖြစ် လာ တာပဲမလား။ ခုလို ရိုဟင်ဂျာ ကိုသာ မြန်မာနိုင်ငံ သား အဖြစ် သတ်မှတ်ပေး လိုက်ရင်တော့ တစ်နိုင်ငံလုံး တိမ်ကော သွား မှာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်တောင် ပြင်မရ တော့တဲ့ အမှားမို့ လို့ လက်ခံ ထားတာပါ။ ဗိုလ်ချုပ် ရဲ့မြေးတွေ ဟာ ဗိုလ်ချုပ် တိုက်ထုတ်ခဲ့တဲ့ အင်္ဂ လိပ်တွေ ဖြစ်နေလိမ့်မယ်လို့ ဗိုလ်ချုပ်လုံးဝထင်ထားမှာ မဟုတ်ပါဘူး။ ဒါတွေပြန်ပြောနေ လို့လည်း အသစ်ဖြစ်မလာနိုင်တော့ပါဘူး။ လက်ရှိ အရေး အကြီး ဆုံးက ရိုဟင်ဂျာကို မြန်မာလူမျိုးအဖြစ်မသတ်မှတ်ဖို့ပါပဲ။

ရိုဟင် ဂျာကို မြန်မာ လူမျိုးလို့ သတ်မှတ်ပေးပြီး နိုင်ငံအတွင်း လွတ်လပ်စွာသွား လာခွင့်ပေး ပါက မြန်မာနိုင်ငံက ကု လားနိုင် ငံဖြစ် သွားမှာ ပါ။ ဗုဒ္ဓဘာသာညှိုးနွမ်းပြီး ရွှေရောင်ဝင်းဝင်း ဘုရားတွေ အစား ဗလီတွေက နေရာ ယူလာ မှာပါ။ မင်းကိုနိုင်မှာလဲ နှမသားချင်းတွေ ရှိမှာပါ။ တစ်ယောက်လောက်က ကုလားနဲ့ယူပြီး ဗလီ တတ်နေ တာကို မြင်နေ ရရင် ဘယ်လိုခံစားရမလဲ။ မင်းကိုနိုင်တို့ မျိုးဆက်တွေက ကုလားလေးတွေပဲဆို ဘယ်လို ခံစား ရမလဲ။ နောက်ဆုံးပြော ချင်တာ ကတော့ ၈၈ ကျောင်းသားတွေကို အထင်ကြီးတဲ့ ကျွန်တော်ရဲ့စိတ်ကို ခုရိုဟင်ဂျာ ကိစ္စက လုံးဝ ဖုံးလွှမ်း သွားပါပြီ။ ကျွန်တော့်လိုပဲ ဒီသတင်းကို သိတဲ့လူ ဘယ်လောက်များများက ၈၈ကျောင်း သားဟောင်းတွေ ကို အထင်သေးသွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် အဖွဲ့အစည်း အထောက် အပံ့ရဖို့အတွက်နဲ့ ရိုဟင်ဂျာခေါ် မွတ်စလင်ကုလားတွေကို တိုင်းရင်းသား အဖြစ် သွတ်သွင်း လို့ အောင်မြင်ခဲ့ရင် မြန်မာလူမျိုးတွေကို ရိုဟင်ဂျာ ခေါ် မွတ်စလင်ကုလားတွေက ၀ါးမျိုသွားမှာကို မသိဘူးလား။ ဒီမိုကရေစီ လှုပ်ရှားမှုရှိသူတိုင်း မျိုးချစ်စိတ်ကတော့ ရှိရမယ်။ ၈၈ ကျောင်းသားဟောင်းတွေဟာ မွတ်စလင် ကုလားတွေ ပါဝင်ပြီး ဖွဲ့စည်းထားတာဆိုရင် မြန်မာပြည်သူတွေ အားလုံးက ရွံရှာစွာဆက်ဆံဖို့ပဲ ရှိပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို

USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး ’’ အစား ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်’’ ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘ ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့် ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။

Yangon Media Group

မူရင်းသတင်းက ဒီမှာပါ။

လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီ

ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာတွေကနေ လူတစ်ဦး ဒေါ်လာ ၁ သောင်းစီ ရောင်းဝယ်ခွင့်ပေးနေတဲ့ အစီအစဉ် ပြန်ပျက်သွားပြီလို့ သိရပါတယ်။ ဒီကနေ့ ဧပြီ ၂၃ တနင်္လာနေ့ သိမ်ဖြူလမ်း ငွေလဲကောင်တာမှာ အ၀ယ် တစ်ဒေါ်လာ ၈၁၄ကျပ်၊ အရောင်း ၈၂၈ ကျပ် သတ်မှတ်ထားပေမယ့် လာရောင်းသမျှကို မ၀ယ် တော့ဘဲ ကောင်တာပိတ်ချင်တဲ့အချိန် ပိတ်ထားတယ်လို့ သိရပါတယ်။ အင်းဝ၊ CB နဲ့ MOB ဘဏ်တို့က လူတစ်ဥိးဆီကနေ ဒေါ်လာ ၅၀၀ စီဝယ်ယူပြီး မြ၀တီနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ်ကတော့ ဒေါ်လာ၂၀၀ စီ၊ ကမ္ဘောဇဘဏ်က ၁၀၀ စီဘဲ ၀ယ်ယူတယ်လို့ သိရပါတယ်။

ဒီဗွီဘီ

မူရင်းသတင်းက ဒီမှာပါ။

ကျိုဒိုသတင်းဌာနမှ သမ္မတဦးသိန်းစိန်ပြောသော စကားအားမှားယွင်းဖော်ပြ


သတင်းမှား ဖော်ပြခဲ့တဲ့ ကျိုဒိုသတင်းဌာန အကြီးအကဲကို သမ္မတဦးသိန်းစိန် ကိုယ်တိုင်တွေ့ဆုံပြီး အမှားထောက်ပြခဲ့ကြောင်း သိရပါတယ်။

သမ္မတဦးသိန်းစိန်က ကတိသစ္စာဆိုရမယ့် စာသားကို မပြင်ပေးဘူးလို့ ပြောလိုက်ပါတယ် ဆိုပြီး သတင်းမှား ရေးသား ဖော်ပြခဲ့တဲ့ ကျိုဒို သတင်းဌာနရဲ့ အကြီးအကဲ Mr. Ishikawa Satoshi နဲ့ တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန်က အဲဒီအမှားကို သေသေချာချာ ထောက်ပြပြီး ဒီအမှားအယွင်းဟာ ယုံကြည်မှုတစ်ခု တည်ဆောက်ထားတဲ့ သူ(သမ္မတဦးသိန်းစိန်) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား နားလည်မှုကို လွဲမှားစေနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ကျိုဒိုသတင်းဌာန အကြီးအကဲဟာ ဒီသတင်းမှားကို သမ္မတရှေ့မှာပဲ ထိုင်ဖတ်နေတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဒီသတင်းမှားကို ပြင်ဆင်ပါမယ်လို့ ကတိပေးသွားပါတယ်။

လတ်တလော လူပြောများနေတဲ့ NLD ကိုယ်စားလှယ်များ လွှတ်တော် မတက်ဖြစ်သေးတဲ့ အကြောင်းအရာလည်း ပါပါတယ်။ အဲဒီမေးခွန်း၊ အဖြေ အသံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း - ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ရောက်ဖို့က တချို့သောကိစ္စတွေကြောင့် ၀င်ရောက်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှာ လက်တွေ့ကျကျ လွှတ်တော်ထဲ ၀င်လာနိုင်မလဲ၊ လွှတ်တော်အစည်းအဝေး တက်နိုင်မလဲ။

ဦးသိန်းစိန် အဖြေ "ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ၀င်မလာတာဟာ သူ့ရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီးကတော့ သူ့ကို ကြိုဆိုနေပါတယ်"(Irrawaddy)

(ကတိသစ္စာပြုချက်တွင်ပါဝင်သော စာသားကို ပြောင်းလဲပြင်ဆင်ရန် အစီအစဉ်မရှိဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းထောက်များသို့မပြောခဲ့ကြောင်း သမ္မတခရီးစဉ်နှင့်အတူလိုက်ပါသွားသော တာဝန်ရှိသူတစ်ဦးကပြောသည်။ 7days news)

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

Intel ကုမ္ပဏီမှ ပထမဆုံး စမတ်ဖုန်း ထုတ်လုပ်ရောင်းချမည်


ကွန်ပျူတာချစ်ပ် ထုတ်လုပ်တဲ့ Intel ကုမ္ပဏီက ၎င်းရဲ့ ပထမဆုံး Intel စွမ်းအင်အသုံးပြု စမတ်ဖုန်းကို ယခုသီတင်းပတ်အတွင်း အိန်္ဒိယနိုင်ငံမှာ ဈေးကွက်တင် ရောင်းချမယ်လို့ သိရပါတယ်။

Intel ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကျိုးတူပူးပေါင်းခဲ့တဲ့ ကုမ်္ပဏီကတော့ အိန္ဒိယအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Lava International ဖြစ်ပါတယ်။ Lava ကုမ္ပဏီက X0L0 X900 ဖုန်းကို ဧပြီလ ၂၃ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပြီး အဆိုပါစမတ်ဖုန်းမှာ X0L0 X900 ရဲ့ Processor ကို Android Operating System နဲ့ ပံ့ပိုးပေးထားပါတယ်။

စမတ်ဖုန်းဈေးကွက် အတွင်းမှာ ဗြိတိန်အခြေစိုက် ARM နဲ့ အမေရိကန်အခြေစိုက် Qualcomm ကုမ္ပဏီတွေရဲ့ ချစ်ပ်တွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Intel က တရုတ်ကုမ္ပဏီ Lenovo နဲ့လည်း သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုထားပါတယ်။ Intel ဟာ အမေရိကန်ထုတ် စမတ်ဖုန်းတွေ လွှမ်းမိုးနေတဲ့ အိန်္ဒိယနဲ့ တရုတ်နိုင်ငံမှာ ၎င်းရဲ့ဈေးကွက်အခြေအနေကို စမ်းသပ်တာ ဖြစ်ကြောင်း လေ့လာ သူတွေက သုံးသပ်ထားတယ်လို့ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်း တည်ထောင်ရန် တိုကျိုစတော့အိပ်ချိန်းနှင့် သဘောတူညီချက် ရရှိ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စတော့အိပ်ချိန်းများ ဖြစ်လာမည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများ တည်ထောင်နိုင်ရန် ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် မေလအတွင်း ကျင်းပသွားရန်ရှိကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Tokyo Stock Exchange Group Inc. နှင့် Daiwa Securities Group Inc. တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်မေလတွင် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။ Daiwa Institute of Research ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျိုစတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။

တိုကျိုစတော့အိပ်ချိန်း ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Atsushi Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု ဆိုပါသည်။ Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနေကာ တိုကျိုစတော့အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင် ပြုလုပ်သော မြန်မာ့အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

သံဃာတွေနိုင်ငံရေးလုပ်မယ်ကြံရင် (ပေးစာ - ၁၃၄)


ကြားရတာ စိတ်မကောင်းစရာပါပဲဗျာ။
အရင်တလောက ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဂမ္ဘီရတပါး လူဝတ်လဲသွားကြောင်း ကြားသိလိုက်ရပါတယ်။

၂၀၀၇ ရွှေဝါရောင်အရေးအခင်းကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အရေးတချို့ ပြောင်းလဲသွားသလိုပဲ နယ်စပ်မှာလိမ်ညာစားသောက်နေတဲ့ ဒီမို အုပ်စုတွေလဲ ချမ်းသာ သူတွေချမ်းသားသွားကြလေရဲ့ ဗျာ။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းလဲပြီးရော အဖမ်းခံရတဲ့သံဃာတွေရော ပျောက်သွားတဲ့ သံဃာတွေရော၊ နယ်စပ်ရောက်ပြီး ၀ရမ်းပြေးဖြစ်သွားတဲ့ သံဃာတွေရော မနည်းပါဘူး။

သံဃာတချို့ နယ်စပ်ကိုပြေးလာပြီဆိုတာနဲ့  မဲဆောက်အခြေဆိုက် လုပ်စားဒီမိုအဖွဲ့ တွေက သံဃာတွေကို ကြိုတင်ပြစား အသုံးချဖို့ အဆောက်အဦတွေတောင်ငှားထားကြပါတယ်။

ပြီးတော့မှ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့ အစည်းတွေဆီကရော ပြည်ပနိုင်ငံအသီးသီးက မြန်မာပြည်သားတွေဆီကရော အလှူခံပြီး ရသမျှပိုက်ဆံတွေကို အိတ်ထဲထည့်ပြီး ညတိုင်း ဘီယာအကောင်းစား အရက်အကောင်းစားနဲ့ ပွဲတော်တည်ကြတော့တာပါပဲ။ သံဃာတွေကတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့ နယ်စပ်မှာ ဒုက္ခရောက်လိုက်ကြတာ မပြောပါနဲ့ တော့။

အမေရိကန်စတဲ့တတိယနိုင်ငံတွေရောက်ပြန်တော့လဲ နေစရာကျောင်းမရှိပြန်။ ဒီကြားတဲ့ ဒီမို ဒကာတွေနဲ့ အစေးမကပ်တဲ့သံဃာတွေဆို ထောက်လှမ်းရေးသံဃာပါဆိုပြီး အပုတ်ချခံရပါသေးတယ်။ တချို့ လှူသူတွေကလဲ လူလိမ်အဖွဲ့ တွေကို မလှူကြရဲပါဘူး။ အချင်းချင်းတွေဆိုတော့ အကြောင်းသိတယ်လေ။ ဒီကို သိတဲ့ ပြည်ပရောက်ဝရမ်းပြေးထိပ်ခေါင်ကြီင်္းများဖြစ်ကြတဲ့ ပီနန်ဆရာတော်၊ အင်္ဂလန်ကဦးဥတ္တရ၊ ထိုင်းနယ်စပ်ကနေဒုက္ခသည်အဖြစ်နဲ့  အမေရိကန်ရောက်နေတဲ့ ဦးခေမာစာရ၊ဦးပညာနန္ဒတို့ က သံဃာ့ဥသျှောင်အဖွဲ့ ဆို ပြီး ရသမျှအလှူခံတော့တာပါပဲ။ အဲဒီပိုက်ဆံတွေကို ခုထိဘယ်မှာသုံးတယ်ဆိုတာလဲ စာရင်းအပြနိုင်ပါဘူး။ ၀ိနည်းအရကြည့်ရင် အဲဒီဆရာတော်တွေ ကိုယ့်သီလကိုမှကိုယ်ပြန်ဆင်ဖြင်မိရဲ့ လားဆိုတာ စဉ်းစားစရာပါပဲ။

အဲဒီအချိန်မှာ နယ်စပ်ရောက်လာပြီး သီတင်းသုံးခဲ့ဖူးတဲ့ သံဃာအချို့ ကိုမေးကြည့်တော့ သူတို့ ရတာ တပါး ဒေါ်လာတစ်ရတော့ အကူအညီရဖူးပါသတဲ့။ နောက်ပိုင်းဘာမှမလာတော့ပါဘူးတဲ့။ သေချာစုံစမ်းကြည့်တော့ ထွက်ပြေးလာတဲ့သံဃာတွေက ဒုက္ခမရောက်တော့ပါဘူးတဲ့။ ပြည်တွင်းမှာထောင်ကျနေတ့ သံဃာတွေနဲ့  ဒုက္ခရောက်နေတဲ့ သံဃာတွေကပိုအရေးကြီးတယ်ဆိုပြီး မိုးသီးဇွန်နဲ့ ပီနန်ဆရာတော်ပေါင်းပြီး ပိုက်ဆံတွေဘုန်းပစ်တယ်လို့ သတင်းထွက်လာတော့တာပါပဲ။




မယုံရင်ဒီကိစ္စကို နယ်စပ်ဖြတ်လာခဲ့တဲ့ ရွှေဝါရောင်နဲ့ ပက်သက်ခဲ့သူတွေအားလုံးသိကြပါတယ်။ ခုထိလဲ အဲဒီအလှူငွေတွေကို ဘယ်မှသုံးပစ်ကြတယ်ဆိုတာလဲ စာရင်းမပြနိုင်ပါဘူး။

အဓိကအမြတ်ထွက်သွားတာက ပီနန်ဆရာတော်ပါပဲ။ ကျောင်းကြီးတလုံး ကို မလေးမှာအဲပြီးသက်ဆောက်နိုင်လိုက်တယ်။ မီုးသီးကလဲ ထိုင်းနဲ့ အမေရိကန်ကို အခေါက်၂၀လောက်စားရိတ်ငြိမ်း သွားလာပြီး ထိုင်းမှာ ဖာလိုက်နိုင်တယ်။ ဂျပန်ကိုတောင် ထိုင်းဖာကမကောင်းလို့  ဂျပန်မလေးတွေဆီရောက်လာပါသေးတယ်ဆိုပဲ။ ခုလဲအမေရိကန်မှာ ဘာအလုပ်မှမလုပ်ပဲ စားနိုင်သောက်နိုင်တာပဲ စဉ်းစားကြည့်တော့ပေါ့။ အင်္ဂလန်ဦးဥတ္တရလဲ ဘဲငယ်ငယ်လေးတွေကို မွေးစားနိုင်ခဲ့ပါတယ်။ (ဒါက သူ့ ဝါသနာနဲ့ သူပေါ့။)

ရှိစေတော့ ဒါကသူ့ တို့ လည်တို့ သူတို့ မကြောက်လို့  သံဃာကိုလှူထားတဲ့ သံဃိကပစ္စည်းကို အလွသုံးစားလုပ်ရဲတာ။

သူတို့ အပြော ပြည်တွင်းကိုထောက်ပံ့ရတယ်ဆိုလို ဦးဂမ္ဘီရကို ထောက်ကထွက်ခါစမှာ အဆက်အသွယ်ရလို့ လှမ်းမေးတော့ ဘာမှထောက်ပံ့မှုမရပါဘူးတဲ့.။ ဘယ်အဖွဲ့ အစည်းဆီကမှလဲ ခုထိ အကူအညီမရဖူးပါဘူးတဲ့။ ကောင်းကြရောဗျာ။ တကယ်တော့ သံဃာတွေဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကို ကောင်းကောင်းခံလိုက်ရတာပါ။ အရမ်းဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပါ။ မြန်မာပြည်ကောင်းစားရင်တောင် (လူလိမ်တွေအပြော ဒီမိုကရေစီရရင်တောင်)သံဃာဆိုတာ ရပ်ကွက်လူကြီးတောင် ဖြစ်ခွင့်ရကြမှာမဟုတ်ပါဘူး။

တကယ့် ကိုယ်ကျိုးစွန့် ပြီး ဘာမှမျှော်လင့်ချက်မရှိပဲ သတ္တိရှိရှိ စစ်အစိုးရကို တော်လှန်ခဲ့ကြတာ အင်မတန်ချီးကျူးစရာကောင်းပါတယ်။

ခုတော့လဲ ဦးဆောင်ဆရာတော်ပါ လူဝတ်လဲရတော့တဲ့အနေအထားရောက်သွားရပါ့ပေါ့။

နောက်နိုင်ငံအရေးစိတ်ဝင်စားတဲ့သံဃာတွေအတွက်ဗဟုသုတ သင်္ခန်းစာယူစရာပေါ့။

လုပ်မယ်ကြံရင် ဒီလို စားပါးကြီးတွေ ပြည်ပမှာ ဘုန်းကြီးရော လူတွေပါ အများကြီးရှိနေပါလား။ ဒို့ ကို အသုံးချဖို့  အသင့်စောင့်နေပါလားဆိုတာ အခုလိုခေတ်မီတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ နဲနဲပါးပါးလက်လှမ်းမီသလောက် တီးခေါက်ကြည့်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဒဂုံဆိပ်ကမ်းမြို့ နယ်မှာသောက်သုံးရေရှားပါးပြတ်လပ်ပြီး ၀မ်းရောဂါဖြစ်ပွါးနေ

ဧပြီလ (၂၀,၂၁)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် (ကျူးကျော်)တွင် နေထိုင်သူ လူ ဦးရေ (၂၀၀၀) ကျော်နှင့် အိမ် ခြေ(၆၀၀)ကျော်နေထိုင်လျက်ရှိပြီး ယခုနွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်လျက်ရှိသလို ၇- လသားကလေးငယ်မှစ၍အသက် (၄၀)ကျော် လူကြီးများအထိ ၀မ်း ရောဂါဖြစ်ပွားလျက်ရှိကြောင်းသိရ သည်။

အဆိုပါ ရပ်ကွက်ရှိ ရောဂါ ဖြစ်ပွားသူအများစုမှာ မိမိအစီအ စဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိပြီး တ ချို့မှာမူ ဆေးရုံ၊ ဆေးခန်းမပြသ နိုင်၍ ဓာတ်ဆားရေသောက်၍ ကုသလျက်ရှိကြောင်းသိရသည်။

အဆိုပါ ရက်များအတွင်း အလှူရှင်အချို့ရေပေးလှူခဲ့ကြောင်း သောက်သုံးရေကားနှစ်စီးဖြင့်NLD ဒဂုံဆိပ်ကမ်းမြို့နယ် ဥပဒေတာ ၀န်ခံက သွားရောက်လှူဒါန်းခဲ့ ကြောင်း၊ ၀မ်းလျှောဝမ်းပျက်ဖြစ် နေသူများအတွက် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်းလည်း သိရ သည်။

ရောဂါဖြစ်ပွားရခြင်းနှင့်ပတ် သက်ပြီး ““အစားအစာနှင့် သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ အိမ်တိုင်းစေ့ ယင်လုံအိမ်သာမရှိ ခြင်း””တို့ကြောင့်ဖြစ်ကြောင်း (၆၇) ရပ်ကွက်ရတနာအိမ်ရာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဦးမှပြော ကြားချက်အရ သိရသည်။

NWH(ကြယ်ကလေး) Hot News

မူရင်းသတင်းက ဒီမှာပါ။

NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (Photo-88 Generation Students)

မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။

“သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟု ယင်းရဲအရာရှိက ပြောကြား သည်။

အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။

“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။

KP (yangonchronicle)

မူရင်းသတင်းက ဒီမှာပါ။

ကံမ မူဆလင်အဓိကရုန်း ပြည်ခိုင်ဖြိုးပါတီ စွပ်စွဲခံနေရ

လုယက်ဖျက်ဆီးခံရပြီး အပျက်အဆီးများကိုတွေ့ ရစဉ် (ဓါတ်ပုံ-Myanmar News Now)

ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ က မကွေးတိုင်း၊ ကံမတွင် ဖြစ်ပွားခဲ့သည့် အစ္စလမ်ဘာသာဝင် မှုဆလင်အိမ်များ လုယက်ဖျက်စီးခြင်းခံရသည့် အဓိ ကရုန်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင်များ ပါဝင်နေကြောင်း ဒေသခံများက စွပ်စွဲပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ်စဉ်နီးပါးလုပ်ကိုင်ခွင့်ရရှိခဲ့သော ပြည်- ကံမ မော်တော်ပြေး ဆွဲခွင့်ကို လေလံကို ယခုနှစ်တွင် ကံမမြို့မှ အစ္စလမ်ဘာသာဝင် ဟာဂျီဒေါ်ဝါဆိုသူအမျိုသမီးက လေလံအောင်သွားခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက မကျေနပ်သဖြင့် အဓိက ရုန်းဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

နောက်ပိုင်းတွင် ဒေါ်ဝါက မော်တော်လေလံကို ပြန်လွဲပေးခဲ့သော်လည်း လေလံကိစ္စအငြင်းပွားစဉ် အစွန်းထွက်စကားများကို ပုံကြီးချဲ့ပြီး အစ္စမ် လမ်ဘာသာဝင်များ၏ စီးပွားရေလုပ်ငန်းများ ဖျက်စီးခံရခြင်းဖြစ်ကြောင်း ကံမမြို့သားတစ်ဦးက ပြောကြားသည်။

အစ္စလမ်ဘာသာဝင်များ အိမ်းများနှင့် စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသူများကို ရဲကထိမ်းသိမ်းစဉ် ဖျက်ဆီးသူများကို အသံမထွက် စကား မပြောရန်၊ ခေါင်းငုံသွားရန် ရဲတစ်ချို့က ပြောဆိုသတိပေးသည်ကို ကြားရကြောင်း သရက်မြို့သို့တိမ်းရှောင်လာသူ အသက်၂၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။"ကြံ့ခိုင်ရေး မပါရင် ဘယ်သူမှ မလုပ်ရဲဘူး စီးပွားရေးလောဘအတွက် ဘာသာရေး ခုတုံးလုပ်တာသူများ စီးပွားရေး ဖျက်စီးတာ ” ဟု မျက်ရည်များစီးကျလျှက် ပြောဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နဲ့ ကုလားစီးပွားရေးလုပ်ငန်းရှင် အီဆာခေါ် အောင်မိုးလွင်နဲ့ စကားပြော အဆင်မပြေ ရာကနေဖြစ်ခြင်းဖြစ်ကြောင်း အခင်းဖြစ်သည့်နေ့တွင် ဦးဝင်နိင်သည် သရက်မြို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေဆီ အလီဘိုင် ပြရန် ရောက်နေပုံရကြောင်း ပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသူ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောကြားသည်။

ပြည်မြို့မှ ကြံ့ခိုင်ရေးစည်းရုံးမှူးတစ်ဦးက ယခုဖြစ်ရပ်သည် ပါတီနှင့်မဆိုင်ကြောင်း ပါတီ၏မူဝါဒလည်းမဟုတ်ကြောင်း ယခုကဲ့သို့ ကမ္ဘာ ရွာခေတ်တွင် လူမျိုးရေး၊ ဘာသာဆရး အဓိကရုန်းသည် ခေတ်နောက်ပြန်ဆွဲအတွေးအခေါ်သာဖြစ်ကြောင်း အမြင်းကျဉ်းသည့် မျိုးချစ်မျက် ကန်းများ၏ လုပ် ဟန်သာဖြစ်ကြောင်း မီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်စေချင်ကြောင်း မှတ်ချက်ပြုပြောဆိုသည်။ ကံမ ရေနံသာရှိဓါတ်ဆီဆိုင်များ၊ သားသတ်ရုံများ၊ စတိုးဆိုင်များ၊ ဖုန်းအရောင်ဆိုင်များ ဖျက်စီးခြင်းခံရပြီး အစ္စလမ်ဘာသာဝင်များသည် သရက်၊ မကွေး၊ ပြည်မြို့များသို့ တိမ်းရှောင်နေကြောင်း ဒေသခံ ဗုဒ္ဒဘာသာဘုန်းကြီးများနှင့် ဒေသခံများက စာနာဖေးမကြောင်း စုံစမ်းသိရှိရသည်။

MP( yangonchronicle)

မူရင်းသတင်းက ဒီမှာပါ။

ယုဇနဥယာဉ်မြို့ တော် မှာ အထိပ်တလန့် ဖြစ်ပွါးခြင်း

ဒဂုံဆိပ်ကမ်းမြို့ နယ် (ယုဇနယာဉ်မြို့ တော်)

ဧပြီလ ၂၄ ရက်နေ့ ၂၀၁၂

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ နယ် ယုဇနဥယာဉ် တိုက်တန်းတွေမှာ A . ဘလောက် ၊B . ဘလောက်၊ C . ဘလောက၊် စစ်တောင်းရိပ်မွန် အိမ်ယာ ဆိုပြီး ရှိပါတယ်။

အဆိုပါတိုက်တန်းတွေမှာ ၂၃ .၄.၂၀၁၂ နေ့ ယနေ့ ည ၈း၂၀ မိနစ်အချိန်တွင် မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့ အမိန့် နဲ့ ရာအိမ်မှူးများမှ လက်ရှိနေထိုင်ကြောင်း ရှိမရှိ ဆိုပြီး ညွန်ကြားချက်တွင်ပါသော ၊ တိုက်ခန်းများကို မေးမြန်းကာ ယာယီ သန်းခါင်းစာရင်း မိတ္တူတောင်းယူပြီး ရာအိမ်မှူးများမှ အုပ်ချုပ်ရေးမှူးရုံးသို့  ပို့ ဆောင်ပေးခဲ့ရပါတယ်။

ရာအိမ်မှူးများမှလည်း လက်ရှိနေထိုင်မူ့ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရပါတယ်။

တိုက်ခန်းစုံ အားလုံး တောင်းယူခြင်း မဟုတ်ပါ၊ မိသားစုဦးရေ (၂၀ ) သန်းခေါင် စာရင်း( ၂၀ )ခန့်သာ တောင်းယူတာဖြစ်ပါတယ်။

စုံစမ်းမေးမြန်း ခံရသော မိသားစု များမှ အထိတ်တလန့် ဖြစ်ပြီး ၊ အချို့မိသားစု တွေက အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်စုံစမ်းတဲ့အခါ ၊ ရုံးမှ မသိပါ၊ စ စ စ ဌာနမှ တောင်းခံ ခိုင်း ခြင်းသာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။

သန်းခေါင်းစားရင်း ပေးလိုက်ရသော မိသားစုများ ယခု သတင်းရေးသားချိန်အထိ မအိပ်နိုင် မစားနိုင်ဖြစ်နေကြပြီး စိုရိမ်ပူပန်ခြင်း များကြုံ တွေ့ နေရပါကြောင်း စုံစမ်းမေးမြန်းခြင်းခံ တဲ့ မိသားစုဝင်တွေက Myanmar News Now ကို ပြောပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ရဲ နဲ့ သစ်တော ၀န်ထမ်းများ ငွေညစ်နေပါသည်

ဓါတ်ပုံ-ကိုမင်း ( မန္တလေး)
 တွေ့ ရတဲ့ ဓါတ်ပုံတွေ ကတော့ မန္တလေး၊ မိုးကုတ်လမ်း တစ်နေရာမှာပါ။ မိုးကုတ်ကနေ မန္တလေးကို လာတဲ့ ခရီးသည်တင်ကားပါ။ မန္တလေးကို ရောက်ခါနီး ရွှေကျင်ကွေ့နားမှာပါ။ ကားပျက်နေတာမဟုတ်ပါဘူးခင်ဗျား... ဓါတ်ပုံမှာ မြင်ရတဲ့အတိုင်း ရဲ နဲ့သစ်တောက ၀န်ထမ်းတွေပူးပေါင်းပြီး ငွေညစ်နေတာဖြစ်ပါတယ် ။ ကားပေါ်မှာသစ်တွေလည်းအနည်းငယ်တင်လာပုံရပါတယ်။ ဒီအတိုင်းသာ အမြဲလိုလိုလုပ်နေမယ်ဆိုရင်တော့----

မင်းမခ
Myanmar News Now

မူရင်းသတင်းက ဒီမှာပါ။