Thursday, April 5, 2012
ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင်
၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်မရှိဘဲ အမတ်ဖြစ်သွားတဲ့ ကြံ့ခိုင်ရေး တိုင်းသစ်တောဝန်ကြီး ဦးသိန်းလွင်မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ ကိုယ်တိုင် စည်းရုံးရေးဆင်းပြီး နယ်မှပြည်သူတွေကို ကြံ့ခိုင်ရေးကိုမဲမထည့်ရင် မီးသွေးလှေများအား ဖမ်းမည်ဟု နယ်ခံလူမိုက်များနှင့် ပေါင်းပြီးခြိမ်းခြောက်မဲဆွယ်ခဲ့ပါတယ်။
ဧပြီ(၁)ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD မှ ပြည်သူအများထောက်ခံမှုဖြင့် ပြတ်ပြတ်သားသားအနိုင်ရသွားတော့ (၃/၄/၂၀၁၂) ညက သစ်တောဦးစီးဌာနကို အရေးပေါ်အစည်းအဝေးခေါ်ပြီး ကျွန်းစုဘက်က တက်လာသမျှ မီးသွေးလှေများ ဖမ်းဖို့ အမိန့်ပေးခဲ့တယ်လို့ သစ်တောဝန်ထမ်းတွေဆီက သိရပါတယ်။
မြို့နယ်၏ ထမင်းဟင်းချက်ပြုတ်ရန် အဓိကလောင်စာမှာ မီးသွေးဖြစ်သည့်အတွက် တစ်မြို့နယ်လုံး အခက်အခဲကြုံနေကြရသည့်အပြင် တနိုင်တပိုင်လုပ်ငန်းငယ်များလည်း ထိခိုက်ကုန်ပါသည်။
ဝန်ကြီးဦးသိန်းလွင်ကတော့ သစ်တရားမ၀င်လုပ်တဲ့ လူတစုနဲ့ပေါင်းပြီး မြိတ်နှင့် နယ်တွေမှာ ထင်ရာစိုင်းလုပ်နေတာကို တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ဒါတွေမသိတာလား ... မသိဟန်ဆောင်နေတာလား .... သိသော်လည်း ကိုယ့်လူကိုယ်မထိန်းနိုင်တာလား ... ဒီမိုကရေစီအတုအယောင်ဝန်ကြီးချုပ်မဟုတ်ဘူးဆိုရင်တော့ ကိုယ့်လူကိုယ်ပြန်ထိန်းသင့်ပါတယ်။
အရင်ဝန်ကြီးချုပ်ဦးခင်ဇော် လက်ထက်က ဘာဆိုဘာမှလုပ်ပိုင်ခွင့်မရကြလို့ အခုမှ လက်စွမ်းပြနေတာလား...။
တိုင်းသစ်တောဝန်ကြီးဦးသိန်းလွင် လို့ ခေါ်ထိုက်အောင်တော့ စိတ်ဓါတ်လေးတွေ ပြင်စေချင်တယ်။
ဝန်ကြီးများကို အဆင့်မီစေချင်သူ ပြည်သူတစ်ဦး
မူရင်းလင့်က ဒီမှာပါ။
ကော့မှူးပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အပ်လိုက်ပြီဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဆို
ကော့မှူး ပြည်သူတွေ က ဒေါ်အောင်ဆန်းစုကြည် ကို အပ်လိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ရှုံးနိမ့် ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုးမင်းက ပြောသည်။
”ပြည်သူတွေက အမေစုကို ချစ်တာပဲလေ၊ ကော့မှူးမြို့နယ် ကအမေစုကို အပ်လိုက်ပြီပေါ့၊ ကိုယ်တို့နိုင်ငံကြီး အချုပ်အခြာ အာဏာ တည်မြဲအောင် အမေစု ဆက်လုပ်ပါ လိမ့်မယ်”ဟု ဒေါက်တာ စိုးမင်းက ဆိုသည်။
ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလိုက်ခြင်း ကြောင့် ကော့မှူးဒေသခံ များအနေ ဖြင့် ရှေ့ရေးကို စိတ်အေး ရပြီဖြစ် ကြောင်း၊ ၄င်းအနေဖြင့် ရှုံးနိမ့်ရ သည့်အပေါ် တစ်စုံတစ်ရာ စိတ်ထိခိုက် မှု ရှိမနေကြောင်း ဆိုသည်။
”ဆရာဝန် တစ်ယောက်ရဲ့ စိတ် ခံစားချက်လိုပေါ့၊ ကိုယ်ကုတဲ့ လူနာ သေသွားတာလည်း ကြုံရတာပဲ၊ ဒါပေမဲ့ ကိုယ်တို့ ကတော့ ထုံနေပါ ပြီ၊ စိတ်ထိခိုက်မှု မရှိပါဘူး”ဟု ၄င်း ကပြောသည်။
”အတိအကျတော့ မသိဘူး၊ မဲ အားလုံးပေါင်းနေတုန်းပဲ၊ ကိုယ်လည်း ထိုင်စောင့်နေတာ၊ ၇ဝ/၃ဝ အဲဒီ လောက်ဖြစ်မယ် ထင်တယ်။ ဒါမှမဟုတ် ၈ဝ/၂ဝ လောက်သွားလိမ့် မယ်ထင်တယ်” ဟု ဒေါက်တာ စိုးမင်း ကပြောပြီး ကျေးရွာများမှ ဖုန်းဆက်ပြီး အကြောင်းကြားမှု အရ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားပြီဟု ဆိုသည်။
ကော့မှူး မြို့နယ်တွင် မဲရုံပေါင်း တစ်ရာကျော် ရှိရာ သမင်ခြံနှင့် ရွာတန်းရှည် ကျေးရွာ များတွင်သာ ၄င်း အနေဖြင့် အား သာကြောင်း ဆို သည်။
”သမင်ခြံကတော့ သေချာတယ်။ ရွာတန်းရှည် ကတော့ မပြောတတ် သေးဘူးဟု ၄င်း၏ မဲအခြေအနေကို ပြောသည်။
၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ၏ သန့်ရှင်း မျှတမှုနှင့် ပတ်သက်၍ ”ရှင်းရှင်းပြောမယ်ဗျာ၊ မမျှတဘူး လို့ ဘယ်သူပြောချင်သေးလဲ၊ အဲ့ဒီ ပြောချင်တဲ့ လူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ မဲပေးတာ လျှို့ဝှက် မဲနဲ့ပဲ” ဟု ပြော ပြီး အောင်ပွဲခံ မည့် သူများကိုလည်း စည်းလွတ် ဝါးလွတ် အပျော်မလွန် စေချင်ကြောင်း ပြောသည်။
ကျော်ရဲလင်း
(DVB ၏ တွေ့ဆုံမေးမြန်းမှုအား ပြန်လည်ဖော်ပြသည်။)
မူရင်းလင့်က ဒီမှာပါ။
ကျွန်တော်ကတော့ မျက်စိထဲမြင်တာကို ခြစ်လိုက်တာပဲ
မဲပေးရန် မဲစာရင်းတွင် နာမည်ရှာနေကြသော သုံးခွမြို့ ပြည်သူများ
ညိုမှောင်သော အသားအ ရေထက်မှ ဓားနှင့်မွှန်းထားသကဲ့ သို့ဖြစ်နေသော အက်ကွဲရာများက လယ်သမားတစ်ယောက်၏ ခြေထောက် သရုပ်ကိုအတိုင်းသား ဖော်ပြနေ သည်။ ဖုန်ထူထူများ ကိုဖြတ်၍ လမ်းလျှောက်လာခဲ့ ရသောကြောင့်ခြေထောက်မှ အက်ကွဲရာများက ဖြူညစ်ညစ် အရောင်ဖြစ်နေသည်။ ခပ်နွမ်း နွမ်းအင်္ကျီကို ဝတ်ဆင် ထားပြီး ရှိရင်းစွဲအသက်ထက် ပိုရင့်ရော်နေ သောသူသည် ဧပြီ ၁ ရက်တွင် ပြုလုပ်သောကြားဖြတ်ရွေးကောက် ပွဲတွင်မဲပေးရန်အတွက် မွန်းတည့် နေပူအောက်တွင် မဲရုံရှိရာသို့ ခပ်ငိုက်ငိုက်လှမ်းလျှောက်လာ နေသည်။
မည်သည့်ပါတီကို မဲပေးမည်၊ သုံးခွတွင် ပါတီမည်မျှဝင်ရောက်ယှဉ် ပြိုင်သည်ကိုသူမသိ၊ သူသိသည်က မဲပေးရန် သာဖြစ်သည်။ ”ကျွန်တော်ကတော့ မျက်စိ ထဲမြင်တာကို ခြစ်လိုက်တာပဲ။ မဲဆွယ်စည်းရုံးမှုကိုနားလည်း နားမ ထောင်ဖူးဘူး။ ပါတီကိုယ်စားလှယ် တွေကိုလည်း မသိဘူး” ဟု ပြော သောဦးသန်းဝင်းသည် ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ကြယ်ဖြူပါ သည့်ပါတီကို အမှန်ခြစ်ခဲ့သည်ဟု ပြောပြသည်။
ပါတီများ၊ အမှတ်တံဆိပ်များ၊ ပါတီ များ၏ လုပ်ဆောင်ချက်များကို မသိသော်လည်း နိုင်ငံသားတစ် ယောက်အနေဖြင့် မဲပေးရမည့်တာဝန် ကိုတော့ သူသိသည်။ ထို့ကြောင့် လည်း အားလပ်သည့် အချိန်လေး တွင် မဲရုံသို့လာကာ မဲပေးရခြင်း ဖြစ်သည်ဟုပြောသောသူက ၂ဝ၁ဝ ရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးပါတီ ကို မဲထည့်ခဲ့လေသည်။ ”ခြင်္သေ့ကို ပေးတယ် ဆိုတာ ကလည်း ဘာရယ်ညာရယ်မဟုတ် ဘူး။ ခြင်္သေ့ကိုပဲ မျက်စိထဲမြင်လို့ ပေးခဲ့တာ”ဟု အသက် ၅၇ နှစ်ရှိ ၄င်းက ၂ဝ၁ဝ ခုနှစ်တွင် မဲပေးဖြစ်ခဲ့ ပုံကိုပြန်ပြောင်းပြောပြသည်။
ဦးသန်းဝင်း ကဲ့သို့ပင် သုံးခွ ကျေးလက်လူထုသည် ရွေးကောက် ပွဲနှင့်ပတ်သက်၍ သိရှိထားမှုအား နည်းသည်ကိုတွေ့ရသည်။ လယ်သမား သားတစ်ဦးဖြစ် သည့် အသက် ၂ဝ အရွယ် ရှိ ကို သူရကျော်က ၄င်းအနေဖြင့် ၂ဝ၁ဝ တွင် အသက်မပြည့်ခဲ့သဖြင့် မဲမပေး ခဲ့ရသော်လည်း ယခုကြားဖြတ်တွင်မူ ခွပ်ဒေါင်းကို မဲပေးခဲ့ကြောင်း ပြောသည်။ ”သုံးခွမှာ ပါတီ ၄ ခုရှိတယ် ဆိုတာ သိတယ်။ ခွပ်ဒေါင်းရယ်၊ ခမောက်ရယ်၊ ကြံ့ခိုင်ရေးရယ်၊ တူ ရယ်ဆိုတာကို သိတယ်။
သုံးခွမြို့ နယ်မှာ ခွပ်ဒေါင်းက ဘယ်သူပြိုင် လဲဆိုတာ မသိဘူး။ မဲဆွယ်စည်း ရုံးတာကိုလည်း နားမထောင်ဖူးဘူး။ ဘာမှတောင်းဆိုချင်တာလည်း မရှိ ဘူး”ဟု ၄င်းကမဲပေးပြီးအပြန် ခံစား ချက်ကိုရိုးသားစွာပြောပြသည်။
ကိုသူရကျော်နှင့်အတူ မဲလာ ပေးသော ၄င်း၏မိခင်ဒေါ်ခင်ရွှေက လည်း ”အမေပြန်လာလို့ ပေးတာ၊ (ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလို ခြင်းဖြစ်သည်) လေးပါတီ ပြိုင်မှန်း တော့သိတယ်။ ကိုယ်စားလှယ်တွေ ကိုတော့ မသိဘူး”ဟု ပြောသည်။ ၄င်းတို့အနေဖြင့် လယ်ကွင်း များထဲတွင် နေရသည့်အချိန်ကများ ပြီး ပါတီစည်းရုံးရေးများကိုလည်း နားမထောင်ဖြစ်ခဲ့ဘဲ စားဝတ်နေရေး ပြေလည်ရေးကိုသာ ခေါင်းထဲရှိ ကြောင်း သုံးခွဝန်းကျင်ရှိ လယ်လုပ် သူများကပြောသည်။
”၂ဝ၁ဝ တုန်းကလည်း ခြင်္သေ့ ကိုပဲ မဲထည့်ခဲ့တယ်။ အခုလည်း ခြင်္သေ့ကိုပဲထည့်ခဲ့တာ။ ကိုယ်စားလှယ် ဘယ်သူဆိုတာတော့မသိပါဘူး။ ဒီလိုပဲ အဆင်ပြေတာပေး လိုက်တာ” ဟုဆိုသူက သုံးခွမြို့နယ် ကျောင်းစု ပတုပ်ကျေးရွာမှ အသက် ၂၈ နှစ် အရွယ်ရှိ မအေးနီလာ ဖြစ်သည်။ကျးလက်လူထုနိုင်ငံရေး စိတ်ဝင်စားမှု အားနည်း ရခြင်းမှာ ပါတီများ ၏ စည်းရုံးရေး အင်အားပေါ် မူတည် ကြောင်း သုံးခွမြို့နယ်အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းဒေါ်စုစုလွင်က သုံးသပ်သည်။ ”အန်တီဆွေးနွေးတဲ့နေရာ တွေမှာ ပါတီလေးခုရှိတယ်ဆိုတာ ပြောပြတယ်။ လေးခုထဲကမှ သူတို့ အနေနဲ့ရွေးချယ်ချင်တဲ့ ပါတီကို သေသေချာချာလေးလေးနက်နက် စဉ်းစားပြီး ရွေးရမယ့်အလုပ်ကို ဧပြီ ၁ ရက်နေ့မှာ လုပ်ဖို့ရှိတယ်ဆိုပြီး ဆွေးနွေးပေးတယ်။
ဘယ်သူဘယ် ဝါတွေက ဘယ်ပါတီမှာ ဝင်အရွေး ချယ်ခံမယ်ဆိုတာ ကိုတော့ မပြောဘူး” ဟု ဒေါ်စုစုလွင် က ပြောသည်။ သုံးခွမြို့နယ် အမျိုးသားဒီမို ကရေ စီအင်အားစုပါတီ ကိုယ်စား လှယ် လောင်းဦးကြည်သန်းက ”တစ်ဦးချင်း စိတ်ဝင်စားမှု မှာတော့ ဒါကိုပေါ့ပေါ့တန်တန် သဘောထား တဲ့သူလည်း ရှိကောင်းရှိမှာပါ။ တော ရွာတွေကဘာသိဘာသာနေကြတာ များတယ်”ဟု ကျေးလက် လူထု၏ နိုင်ငံရေး စိတ်ဝင်စားမှု ရေချိန်ကို ပြောသည်။ ပါတီများအပေါ် စိတ်ဝင်စားမှု အားနည်းကြသော်လည်း မဲပေးရ မည်ဆိုသည့်အသိများ ၂ဝ၁ဝ ရွေး ကောက်ပွဲ ထက်ပိုရှိ လာသည် ကို တွေ့ရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
သုံးခွမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော် မင်းကလည်း ”မဲပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျေးလက် လူထုကို အသိ ပညာပေးဖို့ လိုကောင်းလိုမှာပါ”ဟု သူ၏အမြင်ကိုပြောသည်။ မည်သို့ပင်ဖြစ်စေ သုံးခွကျောင်း စုပတုပ်ကျေးရွာမှ ဦးသန်းဝင်းက တော့ နိုင်ငံသား တစ်ဦး၏ တာဝန် ကျေပွန်ခဲ့လေပြီ။ သို့သော် သူ၏ ရင်ထဲကဆန္ဒအမှန်ဖြင့် ပေးလိုသော ပါတီကိုပေးခဲ့ခြင်းကား မဟုတ်။ မည်သည့်ပါတီ ကိုပေးရမည်ကိုလည်း သူမသိ၊ ကျေးလက် လူထုသည် မြန်မာ့လူဦးရေ ၇ဝ ရာခိုင်နှုန်း ရှိ သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဦး သန်းဝင်းများ မည်မျှရှိနေပြီလဲ ရင် မောမိပါသည်။
မေဇင်ဝင်း၊ဝေယံမိုးမြင့်
သတင်းဓာတ်ပုံ-ကိုအောင်
မူရင်းလင့်က ဒီမှာပါ။
ကြားဖြတ်တွင် ကြိုတင်မဲ ပြဿနာ မရှိ
ကြားဖြတ် ရွေးကောက်ပွဲတွင် ကြိုတင်မဲနှင့် ပတ်သက်၍ ပါတီများ၏ ကန့်ကွက်မှု မရှိခဲ့ကြောင်း ကိုယ်စားလှယ်လောင်း များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်များ ထံမှ သတင်း ရရှိသည်။
”ကျွန်တော်တို့ မြို့နယ်မှာ ကြိုတင်မဲကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် အရွက်ရေကို စိစစ်ပြီးမှ ခွင့်ပြုတာမို့ ကြိုတင်မဲ နဲ့ ပတ်သက်ပြီး ပြဿနာ တစ်စုံ တစ်ရာ မရှိခဲ့ပါဘူး” ဟု မရမ်းကုန်း မြို့နယ် ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်ဇင်ဦး က ဧပြီ ၃ ရက် တွင် ပြောသည်။
ယခု ကြားဖြတ်တွင် ၂ဝ၁ဝ ခုနှစ် ကကဲ့သို့ ကြိုတင်မဲ မများခြင်း၊ မဲ ဆန္ဒရှင်များ ကိုယ်တိုင်က ကြိုတင်မဲ မပေးဘဲ မဲရုံများ သို့ ကိုယ်တိုင်သွားပေး လိုကြခြင်း စသည် တို့ကြောင့် ကြိုတင်မဲ များနှင့် ပတ်သက်၍ ပါတီများ က ကန့်ကွက်မှု မရှိခဲ့ ကြခြင်းလည်း ဖြစ်ကြောင်း ကော့မှူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက လည်း ပြောသည်။
”တချို့က ကြိုတင် မဲပေးချင် တာတောင် မပေးဘဲ မဲရုံကိုပဲလာ ပေးကြတယ်။ အဲဒါကြောင့် ကြားဖြတ်မှာ ကြိုတင် မဲ ပြဿနာ မရှိ ခဲ့တာ” ဟု ၄င်းကပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည် ဟု ထင်မြင်ကြောင်း၊ အချို့ မဲရုံများတွင် အသက် မပြည့်သေး သူများက မဲလာ ထည့်ခြင်းမျိုး တွေ့ခဲ့ရသော်လည်း ကြိုတင်မဲနှင့် ပတ်သက်၍ မူကန့်ကွက်စရာ မရှိကြောင်း၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး က လည်းပြောသည်။
မြို့နယ် အလိုက် ကြိုတင်မဲများ တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများဆုံး ရရှိခဲ့ပြီး အခြားပါတီ များက ကန့်ကွက်မှုများ လည်း မရှိကြောင်း သုံးခွ ဒီချုပ် အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူ တစ် ဦးက လည်းပြောသည်။ ”၂ဝ၁ဝ တုန်းကတော့ ကြို တင်မဲက သောင်းနဲ့ချီပြီး ထွက်သွား တာလေ။ အခုလက်ရှိ အတိုင်း အတာကတော့ လက်ခံ လို့ ရပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။
မန္တလေး တိုင်းဒေသကြီးတွင် လည်း ကြိုတင်မဲ ၃၁၂ မဲရှိသည့် အနက် ဒီချုပ်က ၂၂၈ မဲဖြင့် အများ ဆုံး ရရှိခဲ့သည်။
”ကြိုတင်မဲက နည်းတဲ့ အတွက် ကျေနပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး” ဟု မန္တလေးတိုင်း ဒေသ ကြီး တိုင်းရင်း သားစည်းလုံး ညီညွှတ်ရေး ပါတီ ကိုယ်စားလှယ် ဦးထွန်းကြည်က ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပြဿနာ ကြီးထွားခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်သော ပါတီများ က ကန့်ကွက် ပြောဆိုမှု များရှိခဲ့သည်။
မေဇင်ဝင်း
မူရင်းလင့်က ဒီမှာပါ။
”ကျွန်တော်တို့ မြို့နယ်မှာ ကြိုတင်မဲကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ကိုယ်တိုင် အရွက်ရေကို စိစစ်ပြီးမှ ခွင့်ပြုတာမို့ ကြိုတင်မဲ နဲ့ ပတ်သက်ပြီး ပြဿနာ တစ်စုံ တစ်ရာ မရှိခဲ့ပါဘူး” ဟု မရမ်းကုန်း မြို့နယ် ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်ဇင်ဦး က ဧပြီ ၃ ရက် တွင် ပြောသည်။
ယခု ကြားဖြတ်တွင် ၂ဝ၁ဝ ခုနှစ် ကကဲ့သို့ ကြိုတင်မဲ မများခြင်း၊ မဲ ဆန္ဒရှင်များ ကိုယ်တိုင်က ကြိုတင်မဲ မပေးဘဲ မဲရုံများ သို့ ကိုယ်တိုင်သွားပေး လိုကြခြင်း စသည် တို့ကြောင့် ကြိုတင်မဲ များနှင့် ပတ်သက်၍ ပါတီများ က ကန့်ကွက်မှု မရှိခဲ့ ကြခြင်းလည်း ဖြစ်ကြောင်း ကော့မှူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက လည်း ပြောသည်။
”တချို့က ကြိုတင် မဲပေးချင် တာတောင် မပေးဘဲ မဲရုံကိုပဲလာ ပေးကြတယ်။ အဲဒါကြောင့် ကြားဖြတ်မှာ ကြိုတင် မဲ ပြဿနာ မရှိ ခဲ့တာ” ဟု ၄င်းကပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည် ဟု ထင်မြင်ကြောင်း၊ အချို့ မဲရုံများတွင် အသက် မပြည့်သေး သူများက မဲလာ ထည့်ခြင်းမျိုး တွေ့ခဲ့ရသော်လည်း ကြိုတင်မဲနှင့် ပတ်သက်၍ မူကန့်ကွက်စရာ မရှိကြောင်း၊ မင်္ဂလာ တောင်ညွန့် မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး က လည်းပြောသည်။
မြို့နယ် အလိုက် ကြိုတင်မဲများ တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများဆုံး ရရှိခဲ့ပြီး အခြားပါတီ များက ကန့်ကွက်မှုများ လည်း မရှိကြောင်း သုံးခွ ဒီချုပ် အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူ တစ် ဦးက လည်းပြောသည်။ ”၂ဝ၁ဝ တုန်းကတော့ ကြို တင်မဲက သောင်းနဲ့ချီပြီး ထွက်သွား တာလေ။ အခုလက်ရှိ အတိုင်း အတာကတော့ လက်ခံ လို့ ရပါတယ်” ဟု ၄င်းက ပြောကြားခဲ့သည်။
မန္တလေး တိုင်းဒေသကြီးတွင် လည်း ကြိုတင်မဲ ၃၁၂ မဲရှိသည့် အနက် ဒီချုပ်က ၂၂၈ မဲဖြင့် အများ ဆုံး ရရှိခဲ့သည်။
”ကြိုတင်မဲက နည်းတဲ့ အတွက် ကျေနပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး” ဟု မန္တလေးတိုင်း ဒေသ ကြီး တိုင်းရင်း သားစည်းလုံး ညီညွှတ်ရေး ပါတီ ကိုယ်စားလှယ် ဦးထွန်းကြည်က ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ကြိုတင်မဲ ပြဿနာ ကြီးထွားခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်သော ပါတီများ က ကန့်ကွက် ပြောဆိုမှု များရှိခဲ့သည်။
မေဇင်ဝင်း
မူရင်းလင့်က ဒီမှာပါ။
မြန်မာအစိုးရသစ်နှင့်ဒေါ်အောင်ဆန်းစုကြည် ပြုပြင်ပြောင်းလဲရန်အားစမ်းမှု၊ ကြားဖြတ် ရွေးကောက်ပွဲပြီးဆုံးခြင်း
Aung San Suu Kyi and NLD Head Quarter at bi-election win night view (01-Apr-2012)
နိဒါန်း
မြန်မာပြည်မှာ ၁၉၆၂ ကတည်းက စစ်အာဏာရှင်များအုပ်ချုပ်ခဲ့ပြီး နိုင်ငံဆင်းရဲမွဲတေမှု၊ လပ်စားမှု၊ များကြောင့် ၁၉၈၈ (ရှစ်လေးလုံးအရေးခင်း)၊ ၂၀၀၇ (သံယာအရေးအခင်း) များကို စစ်အစိုးရမှ ပြင်ထန်၊ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သည်။
၂၀၀၇ နောက်ပိုင်း နာဂစ်မုန်တိုင်းကြီးကြောင့် ဧရာဝတီတိုင်းတွင် လူ၂သိန်းခန့် သေဆုံးခဲ့ရာတွင်လည်း စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများအား လစ်လျူခဲ့သည်။ သို့သော် နိုင်ငံပြုပြင်ပြောင်းလဲမှုများကို စတင်သည့်အနေဖြင့် ၂၀၁၀တွင် ရွေးကောက်ပွဲကိုကျင်းပပေးခဲ့သည်။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်၂၀ခန့် အကျယ်ချုပ်ထိန်းသိမ်းစစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနားယူသွားပြီး၊ ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီကို ကန့်သတ်မှုများစွာပြုလုပ်ခဲ့သောကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခဲ့သည်။
အစိုးရသစ်ပြုပြင်ပြောင်းလဲရေးများ
သမ္မတဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးအငြိမ်းစား) ဦးဆောင်သည့် အမျိုးသားကြံခိုင်ရေးနှင့်ညီညွတ်ရေးပါတီ UNDP ၇၀ရာနှုန်းနှင့် နှင့် စစ်တပ်ကိုာ်စားလှယ် အစိုးရသစ်နှင့် လွှတ်တော်မှ ပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး တနှစ်တာအတွင်း အံ့သြဘွယ်လုပ်ရပ်များစွာ လုပ်ဆောင်ပြနိုင်ခဲ့သည်။
၁။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ဖိတ်ကြားပြီး သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံခြင်း
၂။ မြစ်ဆုံစီမံကိန်းကြီးကို ပြည်သူများဆန္ဒပြမှုကြောင့် အစိုးရက ရပ်တံ့လိုက်ခြင်း
၃။ ပွင့်လင်းသောအစိုးရအဖြစ် မီဒီယာများအား လွတ်လပ်ခွင့်ပေးလိုက်ခြင်း
၎။ အမေရိကန်အစိုးရ နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန် Hillary Clinton လာရောက်ပြီး၊ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရင်းနှီးစွာတွေ့ဆုံခြင်း၊ အင်္ဂလိပ်၊ပြင်သစ်၊ဂျပန်၊ တရုပ်၊အိန္နိယ ..စသည့် နိုင်ငံခေါင်းဆောင်များ လာရောက်ကြခြင်း
၅။ NLD ပါတီအား တရားဝင်မှတ်ပုံတင်ခွင့်ပေးလိုက်ခြင်း
၆။ တနှစ်အကြာတွင် ကြားဖြတ်ရွေးကောက်ပွဲ ၄၈နေရာကို 01-April-2012 အောင်မြင်စွာကျင်းပြီးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် သမ္မတဦးသိန်းစိန်ရဲ့ ကြံဖွံ့ ပါတီကို နေပြည်တော် (၄)နေရာအပါဝင် ၄၅နေရာတွင် ပြိုင်ခဲ့ရာ ၄၃နေရာ (အားလုံးနီးပါး) မှာ အပြတ်အသတ်အနိုင်ရရှိသွားခဲ့ခြင်း
၇။ အမေရိကန်အစိုးရအထူးကိုယ်စားလှယ် Derek Mitchell, အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ..စသည်တို့ အလယ်လာရောက်ခြင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးဖိတ်ကြားရန် တိုက်တွန်းခဲ့သည်။
အမေရိကန်အစိုးရမှ NDI’s Peter Manikas and IRI’s Johanna Kao နှစ်ဦး အဖွဲ့ကို ရွေးချယ်ပို့ပေးခဲ့သည်။ CNN နှင့် အမေရိကန်သတင်းထောက်များစွာ ပါလာခဲ့သည်။
စင်ကာပူအစိုးရမှလည်း လွှတ်တော်ကိုယ်စားလှယ်၂ဦး MPs, Mr Hri Kumar Nair and Mr David Ong အဖွဲ့နှင့်အတူ Channel News Asia CNA သတင်းဌာနအဖွဲ့များ လာရောက်လေ့လာခဲ့ကြသည်။ ဥရောပနိုင်ငံများ၊ ဥရောပဘုံဈေးအဖွဲ့၊ ဂျပန်၊ သြစတြေလျား၊ တရုပ်၊ အိန္နိယ၊ အရှေ့တောင်အာရှနိုင်ငံများလည်း လေ့လာရေးအဖွဲ့များစေလွှတ်ခဲ့သည်။ ထိုရွေးကောက်ပွဲ တရားမျှတမှ နိုင်ငံတကာပိတ်ဆို့မှုများကို ဖွင့်ပေးရန် ဥရောပနှင့်အမေရိကန်တို့က စဉ်းစားမည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲရလဒ်
နိုင်ငံပြန်လည်ထူးထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှုးမြို့နယ်မှာ အနိုင်ရရှိပြီး လွှတ်တော်မှာ ပါဝင်ခွင့်ရရှိသွားသည်။ သမ္မတဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် ၂ဦးကို ကမ္ဘာ့သြဇာအကြီးဆုံး ၁၀၀ စာရင်းမှာ Times က ထည့်သွင်းရန် ဆန္ဒခံနေပြီ ဖြစ်သည်။
သမ္မတဦးသိန်းစိန်ကိုလည်း မြန်မာ-ဂိုဘာချော့ လို့ အမည်ပေးကြသည်။ NLD ထောက်ခံ သူများ အောင်ပွဲခံမှု၊ လွန်ကဲခြင်းမဖြစ်ရန် ရွေးကောက်ပွဲညနေခင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်မှ အရေးပေါ် ကြေညာချက် ထုတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံကြီး ပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသားညီညွတ်ရေးမှတ်တိုင်တခုဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည်၏ကြေညာချက်
(ကိုး – ရန်ကုန် (မဇ္ဈိမ) )။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ ရလဒ်ကောင်းများ ရနေချိန်တွင် သိက္ခာရှိသည့် အောင်နိုင်မှု ဖြစ်စေရန်အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ယနေ့ညပိုင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အဆိုပါ မှာကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂
ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်
အမေရိကန်နှင့်စင်္ကာပူ
၂၀၀၇ သံယာအရေးခင်းတွင် ကမ္ဘာက မြန်မာစစ်အစိုးရ၏ သံဃာများကိုပင် အကြမ်းဖက်၊နှိမ်နင်းခဲ့သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့သည်။ နယ်စပ်မှ မြန်မာများ တတိယနိုင်ငံများသို့ ကုလသမဂ္ဂ ဒုက္ခသည်အစီအစဉ်ဖြင့် လူဦးရေသိန်းဂဏန်း ပြန်လည်နေရာချပေးခဲ့သည်။ အများစုမှာ အမေရိကန်နိုင်ငံတွင် အခြေချခွင့်ရခဲ့သည်။ မြန်မာမြောက်များစွာ အမေရိကန်တွင် နေထိုင်၊ လုပ်ကိုင်၊ ပညာသင်ကြားခဲ့သောကြောင့် အမေရိကန်သည် မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါခဲ့သည်။
စင်ကာပူသည် မြိုနိုင်ငံလေးဖြစ်သော်လည်း မြန်မာ တတ်သိပညာရှင်များစွာကို လက်ခံသည့်အပြင်၊ အလုပ်သမားအဆင့် အမျိုးသား၊အမျိုးသမီး လူငယ်များစွာလည်း စင်ကာပူတွင် အလုပ်လုပ်ကိုင်၊နေထိုင်၊ ပညာသင်၊ စီးပွားရေးလုပ်ကိုင်ကြသည်။ ထို့ကြောင့် စင်ကာပူရှိ မှန်းခြေ မြန်မာ ၂သိန်းခန့်သည်လည်း မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါလာမည်ဖြစ်သည်။
မြန်မာသမ္မတဦးသိန်းစိန်သည် စင်ကာပူခေါင်းဆောင်များနှင့် အထူးရင်းနှီးသောကြောင့် စင်ကာပူမှ လူသားအရင်းမြစ် ပညာရပ်များအတွက် အကူညီရယူမည်ဖြစ်သည်။
အမေရိကားနှင့်စင်ကာပူတို့ မြန်မာပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော်လည်း အထူးသဖြင့် မြန်မာများပညာရေးအတွက်သာ ထို၂နိုင်ငံကို အားထားရမည်ဖြစ်သည်။
စိးပွားရေးအတွက်မူ အိမ်နီးခြင်း ထိုင်း၊ မလေးရှား နိုင်ငံများက ဦးစွာလာရောက်လုပ်ကိုင်ရန် အခွင့်လမ်းများသည်။ ဥရောပနှင့်ကိုးရီးယား၊ဂျပန်၊တိုင်ဝမ်၊ဟောင်ကောင် စသည့်နိုင်ငံများလည်း TRUST မြန်မာအစိုးရအပေါ်ယုံကြည်မှု ရှိလာရန်လိုသည်။ သို့မှ သူတို့ လာရောက်ရင်နှီးမြုတ်နှံမည်ဖြစ်သည်။
ထို နိုင်ငံတကာယုံကြည်မှုရရှိရေးအတွက် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် မှတ်တိုင်ကြီး တခုဖြစ်ပါသည်။
နောက်ပိုင်းတွင် မြန်မာပြည်အစိုးရစိတ်အစိုးရပြည်သူလွှတ်တော်အသစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၄၃ ဦး NLD အတိုက်အခံသည် စုစုပေါင်း ၆၆၄ဦး၏ ၈ ရာနှုန်းမျှသာဖြစ်သော်လည်း တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် NLD ရွေးကောက်ပွဲမူ၃ချက် (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (လက်နက်ကိုင်တိုင်းရင်းသားအရေး) နှင့် (၃) အခြေခံဥပဒေပြင်ဆင်ရေး …တို့တွင် မည်သို့၊ ပူပေါင်းဆောင်ရွက်မည်ကို စောင့်မျှော်ကြည့်ရှုရန်ဖြစ်ပါသည်။
(02-April-2010)
မူရင်းလင့်က ဒီမှာပါ။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် နေအိမ်ဝယ်ယူမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော် ၊ဇေယျာသီရိမြို့နယ်မှာနေအိမ်တစ်လုံးဝယ်ယူဖို့စီစဉ်နေတယ်လို့ဒီချုပ်ရဲ့ကိုယ်ရေး အရာရှိဖြစ်တဲ့ ဦးဟံသာမြင့်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ကို သွားရောက်ရာမှာအဆင်ပြေချော့မွေ့စွာနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဝယ်ယူရခြင်း ဖြစ်တယ်လို့သိရပါတယ်..ဦးဟံသာမြင့်ဟာနေအိမ်ဝယ်ယူဖို့အတွက်ဧပြီလ(၇) ရက်နေ့မှာနေပြည်တော်ကိုသွားရောက်မယ်လို့သိရှိရပါတယ်။
သံလွင် (Blog)
မူရင်းလင့်က ဒီမှာပါ။
တောင်ကြီးမှာ မိုးသက်လေပြင်းရုတ်တရက်ကျရောက်
ယနေ့ တောင်ကြီးမြို့တွင် 2:45PM ၀န်းကျင် မိုးသည်းထန်နေမှုမြင်ကွင်း
မိုးသက်လေပြင်းများကျရောက်ပြီး မိုးသီးမိုးပေါက်များတွေရစဉ်။
Khine Zaw Lin Myint (Facebook)
မူရင်းလင့်က ဒီမှာပါ။
ဒဏ္ခိဏသီရိမြို့နယ်တွင်ကြံ့ခိုင်ရေးပါတီမှပြုလုပ်ပေးထားသော ရေတွင်းများကို ပြန်လည်ပိတ်ဆို့
ဦးနိုင်ငံလင်း
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း အနိုင်ရရှိသွားသည့်အတွက် ၎င်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများကို ယမန်နေ့(၃-၄-၂၀၁၂)တွင် လိုက်လံ၍ ပြန်လည်ပိတ်ဆို့ခဲ့ကြောင်း သတင်းရရှိပါသည်။
ဘားမားဗီဂျေ
မူရင်းလင့်က ဒီမှာပါ။
ရှမ်းလူထုက ပါတီကို အဓိက ရွေးတာလို့ ကျားဖြူ ကဆို
ကျားဖြူကိုယ်စားလှယ် စိုင်းစံမင်း
ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ရှမ်းပြည် မြောက်ပိုင်း အမျိုးသားလွတ်တော် အမှတ် (၃) မဲဆန္ဒနယ်မှာ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) အနိုင်ရ သွားတာဟာ မဲဆန္ဒရှင်တွေက လူပုဂ္ဂိုလ်ထက် ပါတီကို ဦးစားပေး ရွေးကြတာ ကြောင့်လို့ ယူဆကြောင်း အန်အယ်ဒီ ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်ကို အနိုင်ရသွားတဲ့ ကျားဖြူကိုယ်စားလှယ် စိုင်းစံမင်းက ပြောပါတယ်။ရှမ်းပြည်မှာ ရှမ်းပါတီ ၁ ခုထဲပဲရှိလို့ ရှမ်းပါတီကို မဲပေးကြတာဖြစ်နိုင်တယ်လို့ စိုင်းစံမင်းက ဘီဘီစီကို ပြောပါတယ်။
ရှုံးနိမ့် သွားတဲ့ အန်အယ်ဒီ ကိုယ်စားလှယ် စိုင်းမြင့်မောင် ဟာ သူ့ရဲ့ ဆရာရင်း တစ်ယောက် ဖြစ်သလို သူ့ကိုလည်း ပြိုင်ဘက်လို သဘော ထားပြီး ပြိုင်ဆိုင် ခဲ့တာ မဟုတ်ဘူးလို့ စိုင်းစံမင်း က ပြောပါတယ်။
အန်အယ်ဒီကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်
ပါတီ စည်းရုံးရေး လုပ်တဲ့အခါမှာလည်း ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ လယ်ယာသိမ်းဆည်း ခံရမှုကိစ္စကို ကူညီဖြေရှင်း ဆောင်ရွက်ပေးသွား မယ်ဆိုပြီး သူ့ရဲ့ ပါတီစည်းရုံးရေး ဟောပြောတွေမှာ ကတိပေးစည်းရုံး ခဲ့တယ်လို့ စိုင်းစံမင်းက ပြောပါတယ်။
အခု အချိန်မှာတော့ လွှတ်တော်နဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို လုပ်ရဦးမှာမို့ မဲဆွယ်ခဲ့စဉ် တုန်းက ပေးထားတဲ့ ကတိတွေကို ချက်ချင်း ဆောင်ရွက် ပေးနိုင်ဦးမှာ မဟုတ်သေး တာကို နားလည်ပေးဖို့ စိုင်းစံမင်းက ပြောပါတယ်။
ကျားဖြူ ပါတီဟာ အန်အယ်ဒီ ကို မဲ ၁၆၀ဝ ထောင်ကျော် နဲ့ အနိုင် ရတာဖြစ်ပါတယ်။ ဒါကလဲ မြို့ပေါ်က မဲဆန္ဒ ရှင်တွေရဲ့ ထောက်ခံမှု ထက် ကျေးလက်ဒေသ ဆန္ဒမဲတွေကြောင့်သာ အနိုင်ရတာ ဖြစ်တယ်၊ လားရှိုးမြို့မှာ ဆိုရင်တော့ ကျားဖြူပါတီဟာ အန်အယ်ဒီပါတီကို ပြတ်ပြတ်သားသား ရှုံးနိမ့် ခဲ့ တယ် လို့ စိုင်းစံမင်းက ဘီဘီစီကို ပြောပြခဲ့ ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
မြန်မာ နိုင်ငံ တွင် ရင်းနှီးမြုပ် နှံ မှု ပိတ်ဆို့  ထား ခြင်း အမေရိကန် စတင် ရုပ်သိမ်း
တနင်္ဂနွေ နေ့  က ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ အား ရ ကျေ နပ် ဖွယ် ကောင်း တဲ့
အချက် တွေ ကို မြန်မာ အစိုး ရ က လုပ် ဆောင် မှု ကြောင့် မြန်မာ နိုင်ငံ အပေါ် ဒဏ် ပိတ်ဆို့ 
ထား တဲ့ အရေး ယူမှု တွေ ထဲ က အရေး ပါတဲ့ အချက် အချို့  ကို ဖယ်ရှား တော့မှာ ဖြစ်တယ်
လို့  အိမ်ဖြူ တော် က ကြေငြာချက် ထုတ် ပြန် လိုက် ပါတယ်။
အမေရိကန် အစိုးရ က ဖယ်ရှား ပေး လိုက် အရေးယူမှု အချက် တွေ ထဲ မှာ မြန်မာ အစိုးရ အရာ ရှိ တွေ နဲ့  လွှတ်တော် ကိုယ်စားလှယ် တွေ ကို အမေရိကန် ကို လာရောက် ခွင့် ပြု တဲ့ အချက် လဲ ပါဝင်မှာ ဖြစ်ပြီး မြန်မာ ပြည်က ပို့  ကုန် တွေ စတဲ့ ဘဏ္ဍာရေး ၊ ရင်းနှီးမြုပ် နှံ မှု နဲ့  ငွေကြေး ဆိုင်ရာ အချက် တွေ လဲ ပါဝင်မှာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံ က ခေါင်းဆောင် တွေ ဒီမိုကရတ် တွေ ပြုပြင် ပြောင်းလဲ ရေး ကို လိုလား တဲ့ သူ တွေ ဘက် က အမေရိကန် အမြဲ ရှိ နေတယ် ဆို တဲ့ အချက် ပါ ပဲ ။
မြန်မာ နိုင်ငံ မှာ ခန့် ထား ဖို့  အတွက် သံအမတ် ကြီး အဆင့် ကို လည်း မကြာခင် ကြေငြာမယ် လို့  ယမန် နှစ် နိုဝင်ဘာလ က မြန်မာ နိုင်ငံ ကို လာရောက်လည် ပတ်ခဲ့ တဲ့ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။
ဒဏ်ခတ် ပိတ် ဆို့ ထားမှု တွေ က ကျောက်မျက် ရတနာ ရောင်း ချမှု အပါ အ၀င် အချို့ အချက် တွေ ကျန် ရှိ နေဆဲဖြစ်ပြီး မြန်မာ အစိုးရ က ဆက် ပြီး တော့ ပြု ပြင် ပြောင်းလဲ ရေး တွေ လုပ်ရင် ဒီ အချက် တွေ ကို လည်း ဖယ်ရှား ပေးမယ် လို့  ဆို ပါတယ်။
ဟီလာရီ ကလင် တန် က မြန်မာ နိုင်ငံ မှာ ကျန် ရှိ နေတဲ့ နိုင်ငံရေး အကျဉ်း သား တွေ ဆက် လက် လွှတ်ပေး ဖို့  ကို လည်း တောင်း ဆို ခဲ့ ပါတယ်။
တနင်္ဂနွေ နေ့  က ကျင်း ပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ ၁၉၉၀ ရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၄၃ နေ ရာ အနိုင် ရရှိ ခဲ့ ပါတယ်။
NLD ရဲ့  ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိ မှု ကို ကြံ့ခိုင်ရေး ပါတီ နဲ့  အစိုးရ က အသိအမှတ် ပြု ခဲ့ ပါတယ်။
မူရင်းလင့်က ဒီမှာပါ။
အမေရိကန် အစိုးရ က ဖယ်ရှား ပေး လိုက် အရေးယူမှု အချက် တွေ ထဲ မှာ မြန်မာ အစိုးရ အရာ ရှိ တွေ နဲ့  လွှတ်တော် ကိုယ်စားလှယ် တွေ ကို အမေရိကန် ကို လာရောက် ခွင့် ပြု တဲ့ အချက် လဲ ပါဝင်မှာ ဖြစ်ပြီး မြန်မာ ပြည်က ပို့  ကုန် တွေ စတဲ့ ဘဏ္ဍာရေး ၊ ရင်းနှီးမြုပ် နှံ မှု နဲ့  ငွေကြေး ဆိုင်ရာ အချက် တွေ လဲ ပါဝင်မှာ ဖြစ် ပါတယ်။
မြန်မာ နိုင်ငံ က ခေါင်းဆောင် တွေ ဒီမိုကရတ် တွေ ပြုပြင် ပြောင်းလဲ ရေး ကို လိုလား တဲ့ သူ တွေ ဘက် က အမေရိကန် အမြဲ ရှိ နေတယ် ဆို တဲ့ အချက် ပါ ပဲ ။
မြန်မာ နိုင်ငံ မှာ ခန့် ထား ဖို့  အတွက် သံအမတ် ကြီး အဆင့် ကို လည်း မကြာခင် ကြေငြာမယ် လို့  ယမန် နှစ် နိုဝင်ဘာလ က မြန်မာ နိုင်ငံ ကို လာရောက်လည် ပတ်ခဲ့ တဲ့ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။
ဒဏ်ခတ် ပိတ် ဆို့ ထားမှု တွေ က ကျောက်မျက် ရတနာ ရောင်း ချမှု အပါ အ၀င် အချို့ အချက် တွေ ကျန် ရှိ နေဆဲဖြစ်ပြီး မြန်မာ အစိုးရ က ဆက် ပြီး တော့ ပြု ပြင် ပြောင်းလဲ ရေး တွေ လုပ်ရင် ဒီ အချက် တွေ ကို လည်း ဖယ်ရှား ပေးမယ် လို့  ဆို ပါတယ်။
ဟီလာရီ ကလင် တန် က မြန်မာ နိုင်ငံ မှာ ကျန် ရှိ နေတဲ့ နိုင်ငံရေး အကျဉ်း သား တွေ ဆက် လက် လွှတ်ပေး ဖို့  ကို လည်း တောင်း ဆို ခဲ့ ပါတယ်။
တနင်္ဂနွေ နေ့  က ကျင်း ပတဲ့ ကြားဖြတ် ရွေးကောက် ပွဲ မှာ ၁၉၉၀ ရွေးကောက် ပွဲမှာ အနိုင်ရရှိခဲ့ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၄၃ နေ ရာ အနိုင် ရရှိ ခဲ့ ပါတယ်။
NLD ရဲ့  ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရှိ မှု ကို ကြံ့ခိုင်ရေး ပါတီ နဲ့  အစိုးရ က အသိအမှတ် ပြု ခဲ့ ပါတယ်။
မူရင်းလင့်က ဒီမှာပါ။








