Sunday, April 1, 2012

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၃)

ကလောမြို့နယ် နန်းရုပ်မဲရုံမှာ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အောင်ပန်းလူငယ်တာဝန်ခံ ကိုလင်းမောင်မောင်က ပြောပါတယ်။ မဲပေးရမယ့် ၃၂၂ ဦးတွင် ၃၂၁ ဦး လာရောက် မဲပေးခဲ့ပြီး ပအိုဝ်အမျိုးသား အဖွဲ့ချုပ်က မဲအရေအတွက် ၂၉၀ ကျော်နဲ့ နိုင်သွားတယ်လို့ ပြောပါတယ်။

“ပြီးသွားပြီ ရေနေကြတယ်။ ကျနော်လည်း နားမလည်ဘူး ဖြစ်နေတယ်။ အဲဒီ ကိစ္စကို အမှန်က ၄ နာရီမှာ ရေရမယ်လို့ ပြောထားတာကို။ တချို့ရွာတွေမှာ ရေထားတယ်။ ကျနော်တို့ ပအိုဝ်ဒေသ ဖားအောက်ရွာမှာ နမ့်စုံဆိုတဲ့ ရွာမှာပေါ့ အဲဒီမှာ ရေပါတယ် ပြီးသွားပြီ။ မဲပေးရမယ့်လူက ၃၂၂ ယောက်မှာ ၃၁၂ ယောက် လာပေးပါတယ်။ ကျန်တဲ့လူက မဲလာမပေးပါဘူး။”

ဘယ်ပါတီ နိုင်တယ်လို့ ကြားလဲ။

“အဲဒီမှာ ပအိုဝ်က ၂၉၀ ကျော်နဲ့ နိုင်ပါတယ်။ အန်အယ်ဒီက ၁၄ မဲလောက် ရပါတယ်။”

အခု ကလောဘက်က ရွာတွေမှာ ကြံ့ခိုင်ရေးကနေပြီးတော့ မဲပေးရင် တယောက်ကို ၃၀၀၀ လောက် ပေးတာတွေ ဘာတွေ ရှိတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။

“ဟုတ်ကဲ့ ကျနော်တို့ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ ဒီကိစ္စတွေ သိရပါတယ်။ ကျနော်တို့ ဘယ်လိုအခြေအနေထိ ကြားသလဲဆိုရင် တချို့ရပ်ကွက်တွေမှာ ဆင်းရဲသားတွေပေါ့။ သူတို့က ခရီးစရိတ် လာပေးတယ် ဆိုပြီးတော့ပေါ့လေ) သူတို့ရဲ့ အမှတ်တံဆိပ်ပါတဲ့ စာရွက်တွေနဲ့ နောက်မှာ အဲဒီ ပေးမယ့်သူရဲ့ နာမည်နဲ့။ သဘောကဗျာ အပေါင်လက်မှတ်နဲ့ တူတယ်။ ဒီလက်မှတ်ကို ကိုင်ထားတဲ့လူတွေက အဲဒီမှာ မဲပေးပေါ့။ အဲဒီ သဘောမျိုးနဲ့ လျှို့ဝှက်စွာ သူ့အစီအစဉ်နဲ့ သူပေါ့။ ကျနော်တို့ သက်သေအထောက်အထား သိမ်းထားပါတယ်။ ပို့ပေးပါ့မယ်။”

ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ ထဲမှာ ပါဝင်တဲ့ တန့်ယန့်မြို့နယ်ထဲက မဲရုံတွေရွှေ့ပြောင်းရတဲ့အတွက် ကျေးရွာအုပ်စုပေါင်း ၈ ခုက ဒေသခံတွေဟာ ၈ မိုင်လောက်ဝေးတဲ့ မဲရုံကို လာပြီး မဲပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသက ကျားဖြူပါတီအနေနဲ့ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ ဒေသတွင်းစည်းရုံးရေးဆင်းခဲ့သူ တန့်ယန်းကျားဖြူပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းထွန်းဝင်းက ပြောပါတယ်။ “အခုအချိန်ထိတော့ အားလုံးကောင်းပါတယ်။”

မဲရုံတွေ ပိတ်မယ်လို့ သတင်းကြားတာတွေကရော။

“မဲရုံပိတ်တာတော့ မရှိဘူး။ ကျနော်တို့ နေရာရွှေ့တာပဲ နည်းနည်းပါးပါး ရှိပါတယ်။”

နေရာရွှေ့တာ ဘယ်ဒေသတွေမှာပါလဲ။

“ကျနော်တို့ တော်တော်လေး မြို့နဲ့အလှမ်းဝေးတဲ့ တန့်ယန့်မြို့နယ်ရဲ့ အရှေ့တောင်ဘက်မှာရယ်၊ နောက်ပြီးတော့ တောင်ဘက်လောက် နေရာကျတဲ့ နေရာတွေမှာပါ။”

ရွာဘယ်နှစ်ရွာလောက် ရှိလဲ။

“ကျေးရွာအုပ်စုကတော့ ၈ အုပ်စုပေါ့။ မဲရုံကတော့ ၂ နေရာပါ။ တောင်ဟျိုးမှာ ၄ အုပ်စု လာထည့်ရတယ်။ နောက်ပြီးတော့ ၀မ့်လွယ် ၄ အုပ်စု လာထည့်ရတယ် အဲဒီ ၂ နေရာပါ။ အခြေစိုက်တဲ့ ရွာကတော့ တောင်ဟျိုးကျေးရွာမှာ အခြေစိုက်တယ် ရွေ့တဲ့ရွာကတော့ ကောင်းလန်း၊ ဝမ့်ပုန်း၊ ပြီးတော့ နမ့်လပ်၊ အဲဒီ အုပ်စု ၃ ခုက တောင်ဟျိုးမှာ လာပြီးတော့ မဲထည့်ကြရပါတယ်။ တော်တော်လေး အလှမ်းဝေးပါတယ်။ ကာလမ်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းလောက်ပဲ ရှိပါတယ်။ ဆိုင်ကယ် ရှိတဲ့လူကလည်း နည်းနည်းပါးပါးပါ။ အသက်ကြီးတဲ့ လူကြီးပိုင်းတွေ သူတို့ မသွားနိုင်ပါဘူး။ ခရီးက အနည်းဆုံး ၈ မိုင်လောက် ရှိပါတယ်။ နောက်တခု ထည့်တာကတော့ နမ့်ဆဲန်တောင်ထူအုပ်စု၊ ၀မ်ကောင်းဟိုင အုပ်စု၊ နောက်ပြီး အုံတုံ အဲဒီ ၄ ရွာမှာ ၀မ့်လွယ်မှာ လာပြီးတော့ မဲပေးဖို့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် ၀မ့်လွယ်က မိုင်းရှုးမြို့နယ်ထဲမှာ ပါထားတယ် ဆိုတဲ့အတွက် မိုင်းရှုးက ကန့်ကွက်ထားတယ်လို့ ကျနော်ကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌက ပြောပြပါတယ်။ ဒါပေမဲ့ မဲရုံထောင်ဖြစ်အောင်တော့ ထောင်နေပါတယ် အခု။” တန့်ယန်းမြို့နယ်ထဲက အဆိုပါ ကျေးရွာအုပ်စုတွေဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့အတွက် တကယ်လို့ မဲရုံကိစ္စနဲ့ အစိုးရတပ်တွေ သူတို့နယ်မြေထဲရောက်လာရင် မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဖြစ်မှာစိုးတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ရွေးကောက်ပွဲမတိုင်ခင် ၂ ရက် အလိုက ပြောထားတဲ့အတွက် ခုလို မဲရုံရွေ့ပြောင်းခဲ့ရတာလို့ ကျားဖြူပါတီ ကိုယ်စားလှယ်က ပြောပါတယ်။

တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက အပြတ်သတ်နိုင်

(မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲ )

ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း ပြင်ဦးလွင်က တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရတယ်လို့ အဲဒီနယ်တွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေက ပြောပါတယ်၊ ဒါပေမယ့် ကျေးရွာတွေမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပါတယ်၊ အဲဒီမဲဆန္ဒနယ်တွေမှာ နယ်မိသားစုတွေဟာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင်မပြည့်ဘူးလို့ သိရပါတယ်၊
မန္တလေးတက္ကသိုလ်မဲရုံမှူး မဲရုံမှာမရှိ

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်ထဲက မန္တလေးတက္ကသိုလ်က ဆရာဆရာမတွေကို တက္ကသိုလ်အာဏာပိုင်တွေက ရုံးပိတ်ရက် ဂျူတီချထားပြီးတော့ မဲပေးတာကိုလည်း အချိန်ကန့်သတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်က ဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ပန်းတောင်းမှာ ဆန္ဒမဲမပေးရသူတွေ ဆန္ဒပြမှုဖြစ်ခဲ့

နော်နိုရင်း

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိလျှက်သားနဲ့ မဲပေးခွင့်မရတဲ့ ဒေသခံတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ကျောက်ပန်းတောင်းမြို့ သာရေးရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်မှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတာဝန်ရှိသူတွေ လာရောက် စောင့်ဆိုင်းခဲ့ကြသလို အန်အယ်လ်ဒီပါတီဝင်တွေ တောင်းပန်တဲ့အတွက် ပြန်လည် ငြိမ်သက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း အန်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့က ကိုအေးခိုင်က ပြောပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အခြေအနေကောင်းပြီး အနိုင်ရဖို့များတယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။

ရွေးကောက်ပွဲ အေးအေးချမ်းချမ်း မဲပေးနေကြတဲ့အကြောင်းနဲ့ မဲပြဿနာ တစုံတရာမရှိဘဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

မအူပင်မြို့နယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နယ်စပ်စည်ပင်ဝန်ကြီးဟောင်းနဲ့ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အနိုင်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမျိုးသန့်တင်၊ အန်အယ်လ်ဒီက ဦးစိန်ဝင်း၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးမောင်မောင်သင်နဲ့ ခေတ်သစ်ပြည်သူ့ပါတီက ဦးသိန်းရွှေတို့ ယှဉ်ပြိုင်မှာပါ။ မအူပင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အခြေအနေလေး သိချင်လို့ပါ။ မဲတွေ တော်တော်များများ ပေးနေကြပြီလား။

“အခြေအနေကောင်းပါတယ်။ ကျန်တာတွေတော့ ကျန်သေးတယ်။”

ဒီမြို့နယ်မှာ မဲပေးမယ့် အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။

“ရှိတာတော့ ၂ သိန်းနဲ့ ၁ ထောင်ကျော်လောက် ရှိတယ်။”

အခုချိန်မှာ ဘယ်လောက်လောက် ပေးပြီးပြီလဲ။

“ခန့်မှန်းလို့ သိပ်မရသေးဘူး။ လိုတာပိုတာတွေ ရှိနေမှာပါ။ ဒါပေမယ့် ခြုံပြောရင်တော့ အခြေအနေ ကောင်းပါတယ်။”

ရွေးကောက်ပွဲ အခြေအနေကကော၊ မြင်တွေ့ရသလောက် အေးအေးချမ်းချမ်းပဲလား။ ဒါမှမဟုတ်၊ ပြဿနာတစုံတရာများ ရှိလား။

“မြို့ထဲမှာတော့ အေးအေးချမ်းချမ်းပါပဲ။ တော်တော်များများ အေးချမ်းတယ်။”

မဲရုံအားလုံး ဘယ်နှရုံလောက်ရှိလဲ။

“မဲရုံ ၃၀၀ ကျော်ရှိပါတယ်။”

အခုကြိုတင်မဲတွေကော စရေတွက်ပြီလား။

“မရေတွက်သေးဘူး။ ကြိုတင်မဲတွေ ရောက်နေပြီ၊ ညနေ ၄ နာရီမှ စုပေါင်းရေတွက်ကြမယ်။”

ဘယ်လောက်ရှိလည်း အကြမ်းဖျဉ်း ရေတွက်ထားသေးလား။

“ပြောလို့မရသေးပါဘူး။”

အခုမြင်တွေ့ရသလောက်ကော ပါတီထောက်ခံသူတွေ အနေနဲ့ ဒေါက်တာ မျိုးသန့်တင် အနေနဲ့ နိုင်မယ့်အနေအထားမျိုးရှိလား။ ဘယ်လိုမျိုး ခန့်မှန်းမိလဲ။

“နိုင်ဖို့များပါတယ်။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။”

ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ၊ မဲစာရင်း ပြဿနာတွေကော ရှိလား။

“ပြောရလောက်အောင် မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။”

ကြံ့ခိုင်ရေးနဲ့ ပါတီပြိုင်ဖက်တွေနဲ့ မဲဆွယ်တဲ့နေရာမှာကော တစုံတရာ ပြဿနာ ရှိလား။

“ဒီနေ့ကတော့ မရှိဘူး။ မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ မြို့ရဲ့ ရပ်ကွက် ၁၂ ခုပေါ့။ မဲရုံ ၂၉ ရုံရှိတာကို၊ အဲဒီမှာတော့ တော်တော်ကောင်းပါတယ်။”

ဒါဆိုရင်တော့ လွတ်လပ်မျှတတဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရလား။ ဒါမှမဟုတ် တခြားမမျှတမှုတွေ ရှိတယ်လို့ လက္ခဏာမျိုးတွေ တွေ့ရလား။

“အခုထိတော့ တရားမျှတပါတယ်။ ဟိုဘက်ဒီဘက် ဘာမှပြဿနာမရှိဘူး။”

ကျနော်တို့ ကြားနေတာ မဲဆွယ်ပွဲကာလတွေမှာ ကြံ့ခိုင်ရေး ပါတီကနေ အရင် အမတ်ဟောင်းက ဒီနေရာမှာ ၀င်ပြိုင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ရဲ့ နာမည်ကို အသုံးပြုပြီး မဲဆွယ်တာတွေဘာတွေ တွေ့ရတယ်လို့ကြားတယ်။ ဒါတွေက ဟုတ်လား။

“အသုံးပြုတယ်ဆိုတာ မဟုတ်ဘူး။ အမှန်တရားပဲ ပြောတာလေ။ အမှန်တရားဆိုတာ မအူပင်ရဲ့ ဖွံ့ဖြိုးမှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဖွံ့ဖြိုးမှုကို အများဆုံးလုပ်တာက ကျနော်ရဲ့ ဒီပုဂ္ဂိုလ်ပဲလေ။ အဲဒါကို အရှိကိုအရှိအတိုင်း ပြောတာပါ။ ဒီလိုဖွံ့ဖြိုးချင်ရင် ဒီလိုဖွံ့ဖြိုးနိုင်အောင် လုပ်ပေးမယ့်သူကို မဲပေးကြပေါ့။ ဒါကတော့ ဒီလိုပြောရတာပေါ့။”

ပြီးခဲ့တဲ့ရက်တွေမှာ အထူးသဖြင့် ရေလဲဘက်မှာ တချို့ကြိုတင်မဲ ကောက်တဲ့နေရာမှာ အိုမင်းမစွမ်း၊ နာမကျန်းတဲ့သူတွေကို ကြံ့ခိုင်ရေးအတွက် မဲပေးခိုင်းတဲ့သတင်းတွေကို ကျနော်တို့ကြားတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။

“ကျနော်တို့ရုံးမှာတော့ ဒီလောက်တော့ ပြောရလောက်အောင် မရှိပါဘူး။”

မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခင်းအကျင်းမှာ ရှိတယ်ပေါ့။

“ဟုတ်ပါတယ်။”

ဒီဗွီဘီ

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၂)

ကြားဖြတ်ရွေးကောက်ပွဲမှ အသံဗလံများ

ကြိုတင်မဲ လက်မှတ်များမှ လွဲပြီး လှည်းကူးမြို့နယ် တစ်မြို့နယ်လုံး၏ မဲလက်မှတ်များတွင် မဲရုံမှူးလက်မှတ်သာပါရှိပြီး ကော်မရှင်လက်မှတ်မပါရှိသဖြင့် မဲပေးသူများအကြား မိမိတို့၏ အသည်းကြားမှ မဲပြားများ ပယ်မဲဖြစ်သွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ ယင်းကို မြို့နယ်ကော်မရှင်က ထိုသို့မဖြစ်ပေါ်စေရန် တာဝန်ယူကြောင်းနှင့် ရပ်ကျေး မဲရုံမှူးများကလည်း ထိုသို့ဖြစ်ပေါ်မှုကို ကော်မရှင်သို့ အသိပေအကြောင်းကြားထားကြောင်း သိရသည်။

သို့ရာတွင် ယင်းသတင်းထွက်ပေါ်လာပြီး မကြာမီ မဲလက်မှတ်များပေါ်တွင် ကော်မရှင်၏ လက်မှတ်ကို အသားတံဆိပ်ဖြင့် ခပ်နှိပ်ပေးထားကြောင်း ဖြေရှင်းချက် ထွက်ပေါ်လာသည်ဟု သိရသည်။

တစ်ဖန် လှည်းကူးမှာပင် လေးနှစ်သားအရွယ် မောင်ဟိန်းထက်အောင် ဆိုသူ ကလေးလေး မဲစာရင်းတွင် ပါဝင်နေသဖြင့် ကလေးမိခင်ဖြစ်သူပါ NLD အောင်နိုင်ရေးရုံးသို့ ရောက်ရှိလာကြောင်း၊ ထိုနည်းတူ ဒေါ်အုန်းကြွယ်ဆိုသူ အမျိုးသမီးသည် သေစာရင်းထဲပါနေသော်လည်း မဲစာရင်းတွင် ပါရှိနေကြောင်း သို့ဖြစ်သည့်အတွက် ကော်မရှင်ရုံးသို့ သွားရောက်ဖြေရှင်းနေကြောင်း သိရသည်။ အလားတူပင်မဲစာရင်းတွင် ပါဝင်နေသော်လည်း မဲမပေးရသူ ၃၀မှ ၄၀ခန့်အထိ ရှိနေကြောင်း သိရသည်။

လှည်းကူး၊ သီတာအေးရပ်ကွက် မဲရုံတွင် ဇနီးဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင်က မဲရုံတာဝန်ကျပြီး၊ ခင်ပွန်းဖြစ်သူက ကော်မရှင်အဖွဲ့ဝင် ဖြစ်နေသဖြင့် ယင်းရပ်ကွက်မှ မဲပေးသူများအကြား စိတ်ကသိကအောက်ဖြစ်မှုများ ခံစားကြရကြောင်း သိရသည်။

ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင်လည်း လူ၂၀ခန့် မဲမပေးရလိုက်ဘဲ ဖြစ်နေခဲ့ပြီး၊ သမင်ခြံကျေးရွာတွင် မဲရုံတာဝန်ကျသူများက ကြိုတင်မဲစာရင်း ထုတ်ပြန်ပေးခြင်း မရှိကြောင်းသိရသည်။

ထိုကဲ့သို့ပင် မဲစာရွက်များပေါ်မှ NLD ပါတီ၏ မဲပေးခြစ်ရမည့် ဧရိယာတွင် ဖယောင်းများ ကပ်ထားပြီး ဘောလ်ပင်ဖြင့် မဲပေးအမှန်ခြစ်ပါက အရာမထင်စေရန်နှင့် ဖယောင်းသုတ်ထားသည့်အတွက် ဘောလ်ပင်ဖြင့် ခြစ်ပါက တစ်ကြိမ်ခြစ် မထင် နှစ်ကြိမ်ခြစ်မထင်ဖြစ်ကာ အစွန်းအထင်း ဖြစ်ပါက ပယ်မဲဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ထားမှုများ ရှိနေသည်ဟု ကော့မှူး၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မြေများတွင် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာတွင်မူ တပ်နယ်မြေများမှ တပ်မတော်သားများအား တပ်ရင်းမှူးက ကြံ့ခိုင်ရေးကိုသာ မဲပေးရမည်ဟု ဖိအားပေးစေခိုင်းသဖြင့် အင်န်အယ်လ်ဒီကိုယ်စားလှယ် ဦးဝင်းတင်(မိတ္ထီလာ) လိုက်လံဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။ သုံးခွမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ မဲရုံကိုယ်စားလှယ်များကမူ မီဒီယာသမားများကို နွေးနွေးထွေးထွေးဆက်ဆံပြီး၊ မဲရုံအတွင်း ဓာတ်ပုံရိုက်ခွင့်၊ ၀င်ရောက်လေ့လာခွင့်များပြုခဲ့ကြောင်း သတင်းသမားများက မှတ်ချက်ပြုကြသည်ကို တွေ့ရသည်။

ယင်းအပြင် သုံးခွ၊ တာဆုံကျေးရွာရှိ မဲရုံများတွင် မဲပေးသူများကို အသံချဲ့စက်ဖြင့် မဲလာရောက်ပေးနိုင်ပါပြီဆိုသည့်အကြောင်း ကြေညာပေးခဲ့ကြကြောင်း သိရသည်။

Yangon Media Group

ကော့မှူးမြို့ နောင်လုံကျေး၇ွာ ရေကျော်ကျေးရွာအုပ်စု တွင်နေ့လည်၁၂နာရီကျော်တွင်မဲပေး သူများအပြီးပေးပြီးသွားသဖြင့် မဲရုံပိတ်ကာမဲရေသောအခါတွင် အန်အယ်ဒီ 217မဲ၊ပြည်ခိုင်ဖြိုး 37မဲ၊ပယ်မဲ 2 မဲ၊ညီညွတ်ရေးပါတီ ဦးတင်ရီ ရမဲမရှိဟုအဖြေထွက်ကြောင်းနောက်ဆုံးရသတင်းများအရသိရပါသည်။ ယင်းအရေအတွက်အရထိုမဲရုံတွင်အန်အယ်ဒီပါတီသည် မဲ84.76% ဖြစ်သည်ဟု ဆိုပါသည်။ကော့မှုးမြို့နယ်တွင်မဲပေးခွင့်ရှိသူ 87719ဦးမဲရုံပေါင်း129ရုံကျေးရွာအုပ်စု 62စုတို့ဖြစ်ကြောင်းသိရသည်။

Yangon Media Group

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၁)

သိန္နီမြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အပြတ်အသတ် အနိုင် ရနေကြောင်း သိရသည်။ ““ရလဒ်အရ အခုအပြတ် အသတ်နိုင်နေပြီ””ဟု ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က သိန္နီမြို့နယ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်ကပြောသည်။

Update : 3.02 pm ကော့မှုးမြို့တွင်းရှိမဲရုံများ တွင် မဲပေးခဲ့သူဦးရေ ၅၀ ကို 7Day News သတင်းထောက်များက ကျပန်းမေးမြန်းခဲ့ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။

Update2. 58 pm ကော့မှုးမြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရာတွင် ပြသနာအချို့ ဖြစ်ပေါ်သည်ဟု သတင်းထွက်ပေါ်သော်လည်း မဲရုံအများစုတွင် မဲပေးသူများကို မည်သည့်အနှောက်အယှက်မှမပေးဘဲ အကူအညီပေးကြကြောင်း မဲပေးသူများက ပြောသည်။ဘုရာလမ်းရပ်ကွက်မဲရုံတွ င် မဲပေးခွင့် ရှိသူ ၁၃၂၀ ရှိရာတွင်နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ထိ မဲပေးသူ ၁၁၀၀ ၀န်းကျင်မဲပေးပြီးသွားပြီ ဖြစ်သည်။ `မဲရုံထဲမရောက်ခင်ကိုယ့်ကို ဟောက်များဟောက်အုန်းမလားလို့ လန့်နေတာ မဲရုံထဲရောက်တော့ ကိုယ်ပေးချင်တာ တန်းတန်းမတ်မတ်ပေးလို့ရတယ်။တအားဝမ်းသာတယ်´ ဟု ဘုရားလမ်းရပ်ကွက်မဲရုံတွင် မဲပေးခဲ့သော ဒေါ် သိန်းအုပ်ကပြောသည်။အလားတူ ဘုရားလမ်းမဲရုံတွင် မဲပေးခဲ့သူတိုင်းက မဲပေးရာတွင် အဆင်ပြေကြောင်းပြောသည်။

အလားတူမှော်တော ကျေးရွာ မဲရုံ၊ ကော့မှုးမြို့ရှိ တာလမ်းသစ်ရပ်ကွက်မဲရုံများတွင်လည်း လွတ်လပ်စွာမဲပေးခွင့်ရခဲ့ကြောင်းဒေသခံများကပြောကြားသည်။ အဆိုပါမဲရုံများတွင်သတင်းထောက်များကိုလည်းလွတ်လပ်စွာသတင်းရယူခွင့်ပေးခဲ့သည်။

7Day News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၀)

ပဲခူးတိုင်း အရှေ့ တောင်ငူမြို့ မဲဆန္ဒနယ်မှ ရက်ကွက် ၂ တွင် မဲဆန္ဒရှင် အိမ်ထောင်စုများ ရာနှင့်ချီ မဲပေးခွင့် မရတာကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က အခုလို ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး မဲရုံရှေ့မှာ စုဝေးနေတဲ့အတွက် လုံခြုံရေး အရ လိုအပ်ရင် မဲရုံကို ပိတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၃၀ နာရီ

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံကျေးရွာ မဲရုံမှာ ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မဲရုံသို့ မဲလာရောက်ပေးမည့်သူ ကုန်သွားပြီဖြစ်တဲ့အတွက် နှစ်ဖက် ပါတီကိုယ်စားလှယ်ရှေ့မှာ မဲစာရင်းကို ရေတွက်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁၇ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၇ မဲ၊ ပယ်မဲ ၂ မဲ၊ မဲလာရောက်မပေးသူ ၇ ဦး ရှိသောကြောင့် နောင်လုံကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ကိုယ်စားလှယ်များက ပုံစံ(၁၆) တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲရေတွက်ရာတွင် ကြိုတင်မဲ ၇ မဲကိုပါ ထည့်သွင်းရေတွက်ခဲ့တာဖြစ်ပြီး မဲ ၇ မဲလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ပေးထားတာဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၄၅ နာရီ

ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ရှိ လက်ဆည်ကျေးရွာ မဲရုံရှေ့မှာရှိတဲ့ သစ်ပင်တပင်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ်စည်းရုံးမှု ဗီနိုင်းပိုစတာကို မဲစတင်ပေးခွင့် ရှိသည့် အချိန်မှ စ၍ နေ့လည် ၁၂း၀၀ နာရီ အချိန်ခန့် အထိ ကပ်ထားသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်လောင်းမှ မဲရုံသို့ သွားရောက်ကန့်ကွက်သော်လည်း အကြောင်းပြန်ကြားမှု မရှိဘူးဟု သိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁း၀၀ နာရီ

နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ရွာသစ်ကျေးရွာ မဲရုံ အမှတ် (၃) မှာ ကြံ့ခိုင်ရေးပါတီမှ ပါတီဝင် ၄ ယောက်က မဲရုံပရဝုဏ်အတွင်း ကြံ့ခိုင်ရေးပါတီ အင်္ကျီတွေ ဝတ်ဆင်ပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု မဲဆန္ဒသွားရောက်ပေးခဲ့သူ ကျေးရွာသားတဦးမှ ဘားမားဗီဂျေ မီဒီယာနက်ဝက်ကို ပြောကြားပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၀၀ နာရီ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထဲမှာ ရှိတဲ့ မဲရုံ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရင် ထောက်ခံမဲအတွက် ခြစ်ရမယ့် အကွက်မှာ ဘောလ်ပန်ရာ မထင်အောင်လို့ ဖယောင်းသုတ်ထားသည်ဟု သိရပါသည်။ မြို့နယ်နှင့် ရပ်ကျေးအဆင့်တွေအထိ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့တဲ့ မိသားစုလိုက် စာရင်း ပျောက်နေတာမျိုး၊ မဲစာရင်းစာရွက်တွေမှာ ပယ်မဲဖြစ်အောင် အပေါက်ပါသည့် မဲပြားတွေကို ပေးထားပြီး ပြန်လဲမည်ဆိုလျင် မဲရုံမှူးတွေမှ မဲလက်မှတ် အပိုမရှိသည့် အတွက် မလဲပေးကြောင်း သိရပါသည်။ မဲပြားများတွင် ကော်မရှင်တံဆိပ် မပါရှိသည့်အပြင် မဲရုံမှူး လက်မှတ်လဲ မပါသည့်အတွက် ပယ်မဲ ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာများအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်တွေမှ တဆင့် ကန့်ကွက်စာ ပို့ဆောင်ပြီး သတင်းပေးပို့ထားသည်ဟု တံတားဦးမြို့ခံတစ်ဦးက ဘားမားဗီဂျေမီဒီယာ ကို ပြောပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၃၀ နာရီ

နေပြည်တော်ခရိုင် ပုဗ္ဗသီရိမဲဆန္ဒနယ်အတွင်း မဲရုံတွေမှာရှိတဲ့ မဲပြားတွေမှာ ဖယောင်းသုတ်ထားသည့် မဲပြားများ အများအပြား ရှိနေသည်ဟု သိရပါသည်။ ကြံ့ခိုင်ရေးပါတီ အားကောင်းသည့် မဲရုံတွေမှာ အဆိုပါမဲပြားမျိုး မတွေ့ရဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းသည့် မဲရုံတွေမှာ အခုလို ဖယောင်းသုတ်ထားသည့် မဲပြားများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အကူအညီပေးနေသူ တစ်ဦးဖြစ်သည့် မသင်းဂျူလိုင်ကျော် က ပြောပါသည်။ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်အတွင်း မဲရုံပေါင်း ၈၂ ရုံ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၆၉၄၁ ဦး ရှိပြီး ပုဗ္ဗသီရိ တပ်နယ်အတွင်း တပ်ရင်းမိသားများ အားလုံးမှာ ကြံ့ခိုင်ရေးပါတီကိုသာ ကြိုတင်မဲ ပေးလိုက်ရသည်ဟု အစောပိုင်းသတင်းများအရ သိရပါသည်။

ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၀၀ နာရီ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်က ဝက်လူးတိုက်နယ်ခွဲမှာ ရှိတဲ့ ကတောင်းကျေးရွာက မဲဆန္ဒရှင်တွေကို မှတ်ပုံတင် ယူဆောင်လာပေမဲ့ မဲပေးမည့်စာရင်းမှာ မပါဝင်သည့်အတွက် မဲပေးခွင့် မရှိသည့် လူ (၂၅) ယောက်လောက် ကျန်နေသည့် အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်ရုံးမှာ ထောက်ခံစာ လုပ်ပြီး ပြန်လာတဲ့အခါမှာလည်း မဲရုံက လက်မခံသည့် အတွက် လက်မခံလျင် တရားစွဲဆိုမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေက ပြောကြားသည့်အခါမှ လက်ခံခဲ့သည်ဟု သိရတယ်။ မဲပေးခွင့်ရှိသည့် လူတချို့မှာလည်း မဲစာရင်းနံပါတ် မသိသည့်အတွက် ရှာနေစဉ်အတွင်းမှာလဲ မဲရုံးတာဝန်ရှိသူတွေက အကူအညီ မပေးဘဲ ဟိန်းဟောက်တာမျိုး ပြုလုပ်နေသည်ဟု သိရပါသည်။ မဲဆန္ဒရှင်တွေဘက်က မဲပေးသည့်အခါ အမှားအယွင်းရှိခဲ့လို့ မဲစာရွက် လဲပေးဖို့ တောင်းဆိုသောအခါ မဲရုံတာဝန်ရှိသူတွေမှ လဲလှယ်မပေးဘူးဟု ဆိုပါသည်။ အခုလို ဖြစ်ရပ်မျိုး နွားထိုးကြီးမြို့နယ် ကျေးရွာတိုင်းမှာ ဖြစ်နေပြီး (၂၀၁၀) ရွေးကောက်ပွဲ တုန်းကတောင် မှတ်ပုံတင် မရှိတဲ့သူ၊ အိမ်ထောင်စုဇယား မရှိတဲ့သူတွေကို မဲပေးခွင့်ပေးခဲ့ပြီး အခု မဲတွေက ကြံ့ခိုင်ရေးပါတီကို မပေးမယ့် မဲတွေမှန်း သိသည့်အတွက် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း မဲဆန္ဒရှင်တွေက သုံးသပ်ဝေဖန်သလို မဲမပေးတတ်တဲ့သူတွေကိုလဲ မဲရုံတာဝန်ရှိသူတွေက လုပ်ပေးမယ်ဆိုပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထားကို မမေးမြန်းဘဲ မဲစာရွက်မှာ ခြစ်ချင်တာ ခြစ်လိုက်ပြီး မဲပုံးထဲ ထည့်လိုက်တာမျိုးတွေ အထိ ပြုလုပ်နေသည်ဟု ကတောင်းကျေးရွာ ဒေသခံတဦးက ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၉)

မဲရုံအများပြားတွင်မဲမသမာမှုများဖြစ်နေသောကြောင့်အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ကပြည်ထောင်စုကော်မရှင်အားအကြောင်းကြားစာပို့ခဲ့။ လောင်းလုံမြို့နယ်မှအဖွဲ့ချုပ်က ကိုယ်စားလှယ်ဦးအောင်စိုးမှာနေရာအများ အပြားတွင်းအနိုင်ရရှိသွားပြီဟုသိရသည်။

၁။ (၆၇)ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ်(၃၀၀၀)စီပေးပြီး ၄င်းတို့အားမဲထည့်ပေးရန်စည်းရုံးခဲ့ကြောင်း။

၂။ (၁၃၈)ရပ်ကွက် တွင် ကြံ့ခိုင်ရေးမှ မဲထည့်မည့်သူများအား မဲထည့်ရန် အကြိုအပို့ပြုလုပ်ပေးခဲ့ကြောင်း ။

၃။ (၉၄)ရပ်ကွက် မဲရုံ(၉)တွင် မဲဆန္ဒရှင်တစ်ဦးက မဲလက်မှတ်တွင်ကော်မရှင်၏တံဆိပ်မပါကြောင်း မဲရုံမှူးအား အသိပေးသော်လည်း မဲရုံမှူးမှ ကိစ္စမရှိပါ ရပါသည်ဟုပြောဆိုပြီး အဆိုပါမဲလက်မှတ်ဖြင့်ပင်မဲပေးခိုင်းခဲ့ကြောင်း။

၎။ (၆၁)ရပ်ကွက် မဲရုံ(၁)တွင် မှတ်ပုံတင်မပါပဲ ကြံ့ခိုင်ရေးကဒ်ပြားဖြင့်မဲပေးလိုသူအား မဲပေးခွင့်ပြုခဲ့ကြောင်း။

၅။ (၈၉)ရပ်ကွက် မဲရုံ(၁)တွင် သေဆုံးသူအောင်မြတ်တင် အမည်ဖြင့် မဲပေးထားကြောင်း၊ ယင်းမဲလက်မှတ်၏ မဲစာရင်း အမှတ်စဉ်မှာ (၈၇၀)ဖြစ်ကြောင်း။

၆။ (၉၉)ရပ်ကွက် မဲရုံ(၃)တွင် မှတ်ပုံတင်မရှိသောကြောင့် မဲမထည့်ရပဲ ပြန်သွားရသူအရေအတွက်မှာ နံနက်(၇း၀၀)နာရီတွင် အယောက်(၅၀)ကျော်ရှိပြီဖြစ်ကြောင်း။

၇။ (၆၈)ရပ်ကွက်တွင် မဲရုံ(၁)ရုံသာရှိကြောင်း။ မဲရုံမှူးမှာလည်း မဲပေးရန်လာရောက်သူအား မဲစာရင်းတွင် ရှာမပေး သဖြင့် ကိုယ်တိုင်ရှာရသောကြောင့် အခက်အခဲကြုံတွေ့ရကာ အချိန်နှောင့်နှေးရကြောင်း။ ယင်းရပ်ကွက်တွင် မှတ်ပုံတင်မပါသောကြောင့် မဲမထည့်ရပဲပြန်သွားရသူအရေအတွက်မှာ နံနက်(၈း၀၀)နာရီတွင် အယောက်(၁၀၀)ကျော်ခန့် ရှိပြီဖြစ်ကြောင်း

၈။ (၉၃)ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူး စန်းရွှေသည် နံနက်(၈)နာရီခန့်တွင် မြနဒီလမ်းနေ ဒေါ်စောရီမိသားစု၊ ဒေါ်တင်ကြိုင်မိသားစုနှင့် ဒေါ်စန်းကြည်မိသားစုသုံးစုအား ၄င်းကိုယ်တိုင်အိမ်သို့သွားခေါ်ပြီး ကြံ့ခိုင်ရေးအားမဲထည့်ခိုင်းခဲ့ကြောင်း

၉။ (၉၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် မဲရုံနှင့်ကိုက်(၅၀၀)အတွင်း တ.ဆ.ည ပါတီအသင်းဆိုင်းဘုတ်အားမသိမ်းဆည်းပဲထားခဲ့ကြောင်း။

၁၀။ (၈၉)ရပ်ကွက်၊ အ.လ.က(၁)မဲရုံတွင် အာရှနဂါးအထည်ချုပ်မှ စက်ရုံဝန်ထမ်း (၆၀၀)ကျော်ခန့်အနက် (၃၀၀)ခန့်သာမဲပေးခဲ့ရကြောင်း။

၁၁။ (၉၈)ရပ်ကွက်၊ စားအုန်းဆီနှင့်အသားတုစက်ရုံတွင် စက်ရုံမှူး ၀င်းကိုနှင့် မန်နေဂျာ မင်းထက်ပိုင် တို့ပူးပေါင်းပြီး ၀န်ထမ်း(၇၀)ခန့်၏ မှတ်ပုံတင်ကို ကြံ့ခိုင်ရေးအားပေးအပ်ပြီးမဲပေးခိုင်းခဲ့ကြောင်း၊

ယင်းဖြစ်စဉ်မှာနံနက်(၈း၄၀)နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း။

ယင်းစက်ရုံအနီးအအေးခန်းစက်ရုံ

တစ်ခုတွင်လည်း ၀န်ထမ်းများမှာမဲသွားပေးခွင့်မရကြောင်း။

၁၂။ *** (၉၄)ရပ်ကွက် (စီဘလောက်) (၁၄)လမ်းတွင် မောင်တင်ဦးအသက်(၁၇)နှစ် မဲစာရင်းအမှတ်(၇၆၄)၊ အောင်မြင့်ကို အသက်(၁၂)နှစ် မဲစာရင်းအမှတ်(၇၆၅) တို့သည် အသက်မပြည့်ပဲမဲပေးခဲ့ကြောင်း။ ***

၁၃။ ယုဇနအိမ်ယာ၊ တိုက်(၂၇) အခန်း(၁၀၄)နေ ဒေါ်ဝေေ၀စိုးမှာ မိမိကိုယ်တိုင်မသိရပဲမဲစာရင်းနှစ်ခုဖြစ်နေသဖြင့်မဲမပေးခဲ့ရကြောင်း။

Myanmar News Now

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၈)

ဦးခွန်ထွန်းဦး ခမောက်ကို NLD ထင်ပြီး မဲမှားပေး

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ် ၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်

အခြားပါတီတစ်ခု၏ အမှတ်တံဆိပ် ခမောက်ပုံအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-

NLD ဟု ထင်မှတ်၍ မဲပေးခဲ့ပြီးမှ မှားမှန်းသိပြီး၊ မဲလက်မှတ် ပြန်လဲလှယ်ကာ NLD အား မဲပြန်ပေးခဲ့ရသည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်-SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

“ကျွန်တော့်အဖြစ်ကလည်း ရီစရာပါ။ ထောင်ကထွက်လာတာလည်း မကြာသေးတော့ ခမောက်ကိုလည်း စွဲနေတော့ ခမောက်ကိုပဲ ဆော်လိုက်တာပေါ့။” ဟု ဦးခွန်ထွန်းဦးက ပြောသည်။

“အဲဒါကို အမျိုးသမီးက ခမောက်ကြီး သွားထည့်တယ်လား မေးတော့ ဟုတ်တယ်လေ အင်အယ်လ်ဒီ (NLD) ကို ပေးတာဆိုတော့ သူက ခမောက်မဟုတ်ဘူး။ ဒေါင်းရုပ်တဲ့ ခွပ်ဒေါင်းအလံနဲ့ ဆိုမှ မဲရုံမှုးကို သွားပြန်ပြောပြီး ကျွန်တော်မှားသွားလို့ပါဆိုပြီး မဲပြန်လဲပြီး ထည့်လာခဲ့ရပါ တယ်။” ဟု သူက ဆက်ပြောသည်။

၎င်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် မဲရုံအမှတ် (၁) ၌ မဲပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် အခြားရှမ်းခေါင်းဆောင်များနှင့်အတူ ၂၀၀၅ ခုတွင် နိုင်ငံတော် ပုန်ကန်မှုအပါအ၀င် အခြားစွဲဆိုချက်များဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရပြီး ယခုနှစ် ဇန်န၀ါရီလ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်။ ။

မော်လမြိုင်

ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

မဲမှားခြစ်တာကို ပြန်လဲမပေး

မော်လမြိုင်

မော်လမြိုင်မြို့နယ်အတွင်း မဲဆန္ဒပြုရတဲ့ စက္ကူများတွင် စက္ကူအချောနှင့် အကြမ်း ဆိုပြီး ၂ မျိုးရှိသည်။

စက္ကူအကြမ်းတွင် မဲဆန္ဒပြုဖို့ အမှတ်ခြစ်ရတာ လွယ်ကူပြီး အချောမှာတော့ ဘောလ်ပင်ဖြင့် အမှတ်ခြစ်ရတာ မလွယ်ကူပဲ ရုတ်တရက် မှင်မထင် ဖြစ်ရသည်။ မှင်မထင်သဖြင့် ထပ်ကာထပ်ကာခြစ်လို့ ပျက်စီးသွားတဲ့ ဆန္ဒမဲလက်မှတ်တွေကို ထပ်မံထုတ်ပေးပါရန် တင်ပြတောင်းဆိုတာကို ခွင့်မပြုသဖြင့် ပယ်မဲ ဖြစ်သွားမည် ဖြစ်မည်။

ရွှေမြိုင်သီရိ မဲရုံအမှတ်(၂)၊ (၄) တွင်ဖြစ်ပွားခဲ့သော အဆိုပါ အဖြစ်အပျက်များနှင့် ပါတ်သက်ပြီး မွန်ပြည်နယ်ကော်မရှင်မှ အမည်မဖော်ရဲသူတစ်ဦးက ‘’အမှန်ခြစ်ပြီးသားစာရွက်ကို ပြန်လဲမရကြောင်း၊ မဲမပေးခင်ကတည်းက စက္ကူစုတ်နေလား၊ ပြဲနေလားဆိုတာကို သေချာကြည့်ရှုရန် လိုအပ်ကြောင်း၊ ၄င်းတို့မှာ ပြန်လဲပေးပိုင်ခွင့် မရှိကြောင်း ဖြေကြားသည်ဟု သိရသည်။ စက္ကူအကြမ်းမှာမူ ဘောပင်ဖြင့်ရေးရန်လွယ်ကူသည်ဟုသိရသည်။

ကော့မှူး၊ ဧပြီ ၁ရက်၊ ၂၀၁၂၊ ၂ နာရီ ၅ မိနစ်၊ YPI

ကော့မှူးထဲက မဲရုံမှူး ဥပဒေ ချိုးဖေါက်

ကော့မှူးမဲဆန္ဒနယ်ထဲက မျောက်ချောင် ကျေးရွာအုပ်စု လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းထဲက မဲရုံမှာ မဲပေးမှုပြီးလို့ မဲရေတွက်ရာမှာ အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ရှေ့မှောက်မှာ မဲရေတွက်ခြင်း မပြုပဲ မဲစာရင်းဖြည့်မထားတဲ့ ပုံစံ (၁၆)မှာ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ အင်န်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ဦးဆန်းဦးက ပြောပါတယ်။

သူက ` မဲရေတွက်တာမှာ ကြည့်ခွင့်မရှိဘူး ဆိုပြီး မဲရုံမှူး ဒေါ်ဖြူဖြူသန်း က ကျွန်တော့်ကို ပြောတယ်။ ဒီတော့ ကျွန်တော်က မဲပေးခွင့်သူ-၁၃၂၊ မဲလာပေးသူ ၁၂၈၊ ကြိုတင်မဲ ၄ မဲ ဒါကိုပဲ အသိပေးတယ်။

ကျွန်တော့်ရှေ့မှာ မဲရလာဒ်တွေ မရေတွက်တော့ ဘယ်ကိုယ်စားလှယ်လောင်း ဘယ်လောက်ရလဲ ကျွန်တော်လည်း ဘာမှ မသိရဘူး။´ လို့ပြောပါတယ်။

ခုလို ပြုလုပ်တာဟာ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေမှာ မဲရုံတွေမှာ မဲရေတွက်တဲ့အခါ သက်ဆိုင်ရာ ပါတီ မဲရုံ ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ရေတွက်ရမည် လို့ ပါဝင်ပြီး အခုလုပ်ရပ်ကတော့ ဥပဒေ ချိုးဖေါက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

YPI ဖယောင်းသုတ် မဲစာရွက်ကို ကိုယ်တိုင် ကြုံတွေ့ရသူတဦး

ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး-

ယနေ့နံနက် ပိုင်းက ကော့မှူးမြို့နယ် ပြည်တော်သာ ရပ်ကွက် မဲရုံတွင် မဲပေးသူ ဒေါ်ကြည်အေး မဲပေးသည့်အခါ မဲစာရွက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အမှတ်ခြစ်မည့်နေရာတွင် ဖယောင်းသုတ်ထားသဖြင့် မထင်ထင်အောင်ခြစ်ရာ၌ ၂ ထပ်ဖြစ်သွားပြီး ပယ်မဲဖြစ်သွားခဲ့သည်ဟု ဆိုသည်။

မဲရုံမှူးဒေါ်အေးလှိုင်အား မဲစာရွက်သွားရောက်လဲလှယ်ရာ မလဲပေးသဖြင့် ယင်းသို့ ၂ ထပ်အတိုင်းထည့်လိုက်ရသည်ဟု YPI သို့ပြောသည်။ မြို့နယ်ကော်မရှင်ရုံးသို့ ယင်းကိစ္စအားမေးမြန်းရာတွင် လာတိုင်ကြားတာမရှိသေးပါဘူး၊ ကောလဟလဟုသာ ပြန်လည်ဖြေကြားသည်။ တနိုင်ငံလုံးမှာ ဒါပဲ သုံးစွဲနေတာဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မဲလက်မှတ် ဖယောင်း မသုတ်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ရေးသားရာတွင် “ ဒီမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ နေပြည်တော်စက်ရုံမှာ တစ်ပြည် လုံးအတွက်ပုံနှိပ်ပါတယ်။ ပုံနှိပ်စဉ်ကာလတစ်လျှောက်လုံးမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအတွက် ပြိုင်မယ့်ပါတီ၊ ပါတီသင်္ကေတများကို သတ်မှတ်ပေးပြီး ကော်မရှင်က ကိုယ်စားလှယ်များနဲ့ ဌာနအကြီးအကဲများကိုယ်တိုင် ညအိပ်စောင့်ပြီး ပုံနှိပ်ရပါတယ်” ဟုဖေါ်ပြထားသည်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၇)

"မဲ နှစ်ခါပြန်ပေးသူအား တရားစွဲရန်စီစဉ်နေ"

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ မဲရုံ အမှတ်(၁)တွင် လူတစ်ဦးတည်းမှ မဲနှစ်ခါပေးခြင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပါတီနှစ်ခုမှ ကိုယ်စားလှယ်များက ယင်းကိစ္စကို ဂရုပြုစောင့်ကြည့်ရာ ထပ်မံ၍ မဲနှစ်ခါပြန်လာပေးသူနှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန်ခေါ်ယူရာတွင် တစ်ဦးကထွက်ပြေးသွားကာ ကျန်အမျိုးသမီးကိုသာ ခေါ်ယူထားနိုင်ကြောင်းသိရသည်။ ထိုအမျိုးသမီးကို ကော်မရှင် ဥပဒေ အခန်း(၁၄)ပါအချက်များအရ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည်။

"သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ ဖုန်းဖြင့်တိုင်ကြားမှုများပြား"

မဲပေးရာတွင် အဆင်မပြေမှုများကို သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ တရားဝင် စာဖြင့်တိုင်ကြားမှုလုံးဝမရှိပဲ ဖုန်းဖြင့်တိုင်ကြားမှုများပြားလျက်ရှိကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တိုင်ကြားမှုများအနက် မဲရုံနားကပ်၍ မဲဆွယ်ခြင်းကိုတိုင်ကြားခြင်းမှာ အများဆုံးဖြစ်ပြီး ယခုကဲ့သို့တိုင်ကြားခြင်းများသည် ၂၀၁၀ ခုနှစ်ကထက် ပိုမိုများပြားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

သို့သော် စာဖြင့် တရားဝင်တိုင်ကြားခြင်းမဟုတ်သဖြင့် အရေးယူရန် အကြောင်းမရှိကြောင်းသိရသည်။

မနက် (၇) နာရီမှာပဲ NLD ကိုမဲပေးပါတယ်။ NLD ကိုပေးဖြစ်တာက ပြည်သူတွေ စိတ်ချမ်းသာမယ်ထင်လို့ ဦးအုန်းကြိုင် ကိုပေးတာပါ။

ဦးအုန်းကြိုင်ကို မန္တလေးအတွက် လုပ်ပေးစေချင်တာက လွတ်လပ်မှုပေါ့။

လွတ်လပ်စွာ ကိုးကွယ်ချင်တယ်။ ကချင်တယ်။ ရေးချင်တယ်။ လွတ်လပ်ချင်တယ်။ မဲပေးရတာတော့ လွတ်လပ်မှုရှိတယ်။ ကိုယ့်ကို ဘယ်သူမှ မတားဘူး။ မစောင့်ကြည့်ဘူး။ ကိုယ့်နာမည်မှန်လား စစ်ဆေးတယ်။ ကိုယ်ဘောပင်ကိုယ် ယူသွားပြီး အမှန်ခြစ်ခဲ့ပါတယ်”

Popular Myanmar News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၆)


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် မဲရုံတွင်းသို့
ကြံ့ဖွံ့များ ၀င်ထွက် ခြယ်လှယ်လျက်ရှိ (ဓါတ်ပုံ-Myanmar News Now)

မကွေးတိုင်း ပုလဲမြို့နယ်၊ ကန်သာရွာ မဲပေးနိုင်သူဦးရေ (၁၆၅)ဦးရေ

NLD ၁၆၃
ကြံ့ခိုင်ရေး ၂
ပယ်မဲ ၁

ဇီးရင်းရွာ မဲပေးနိုင်သူဦးရေ (၄၄၅)ဦးရေ

NLD ၂၈၂
ကြံ့ခိုင်ရေး ၁၆၁
ပယ်မဲ ၂

ပဲခင်းမရွာ မဲပေးနိုင်သူဦးရေ (၅၂၁)ဦးရေ

NLD ၂၉၃
ကြံ့ခိုင်ရေး ၁၈၇
NDF ၂၅
ပယ်မဲ ၁၆

သတင်းကျေးရွာ မဲပေးနိုင်သူဦးရေ (၃၂၂)ဦးရေ

NLD ၂၅၄
ကြံ့ခိုင်ရေး ၂၄
NDF ၃
ပယ်မဲ ၄၁

ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ

၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး ၄င်းတို့အား မဲထည့်ပေးရန်စည်းရုံးသိမ်းသွင်း ခဲ့သည်။

၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ မဲရုံနှင့်အိမ်အသွားအပြန်အကြိုအပို့လုပ်ပေးခဲ့ကြောင်း။

-နေပြည်တော်၊ ပုဗýသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟုဆိုသော်လည်း ကြံ့ခိုင်ရေးယူနီဖောင်းဝတ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင် ဆိုင်ကယ်ဖြင့်လှည့်ပတ်စီးနင်းေ နကြောင်း၊ ဟန့်တားသူမရှိကြောင်းသိရှိရပါသည်။

---နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။ အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။

---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ် ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။

---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

---နေပြည်တော်၊ ပုဗýသီရိမြို့၊

မဲရုံမှာ မီးမထွန်းပဲ အမှောင်ချပေးထားခြင်း

ရောဝတီတိုင်း၊ ပုသိမ်မြို့ ၊အနောက် ၄ ရပ်ကွက်၊ အ.လ.က (၁) မဲရုံ (၃) မှာ မဲပေးဖို့ အခန်းမှာ အရမ်းမှောင်နေပါတယ်။
khin: ပုသိမ်အနောက် ၄ ရပ်ကွက် အ.လ.က (၁) မဲရုံ (၃) ပါ
khin: မဲစာရွက်ကလည်းညိုတိုတို
khin: မီးမထွန်းပေးထားဘူး
khin: ညစ်ပါတ်တာတော.တအားဘဲ နေရာကလည်းမှောင်နေတယ်
သူတို.က မမြင်ရလေ မှားခြစ်လေ ကြိုက်လေပေါ.
ကျမရှေ.က ကောင်မလေး မဲစာရွက်က ပေါက်နေလို.လဲပေးပါပြောတာ လဲမပေးလို.
အဲဒီရှေ.မှာဆွဲဆုတ်ပစ်လိုက်တယ်။

Myanmar News Now

မူရင်းလင့်က ဒီမှာပါ၊

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၅)

"ကော့မှူးက နောင်လုံရွာမှာ ဒေါ်စုနိုင်နေပြီ"

ကော့မှူးမြို့ နယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံရွာတွင် ယနေ့နေ့လည် ၁၂နာရီက မဲပေးခွင့်ရှိသူ အရေအတွက် ပြည့်သွားသည့်အတွက် မဲရုံပိတ်ပြီး ရရှိသည့် မဲများရေတွက် စာရင်းထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က (၂၁၇) မဲ ၊ ဒေါက်တာစိုးမင်းက (၃၇)မဲ ၊ ပယ်မဲ (၁)ဖြင့် ဒေါ်အောင်ဆန်း စုကြည်မှ အပြတ်အသတ်အနိုင် ရရှိနေကြောင်း သိရသည်။

ကျဉ်တောင်ကန်ကျေးရွာအုပ်စု ၉၀ ရာနှုန်းမဲပေးနိုင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္မသီရိမြို့နယ် ကျဉ်တောင်ကန်ကျေးရွာအုပ်စုကျဉ်တောင်ကန် အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံ၌ မွန်းလွဲ ၁၁ ခွဲဝန်းကျင်ခန့်တွင် ပေးခွင့်ရှိသူ အားလုံး၏ ၉၀ ရာနှုန်းမဲပေးပြီးဖြစ်ကြောင်းသိရသည်။Popular News ဂျာနယ်က မဲရုံမှ ကိုက် ၅၀၀ အကျော် ဧရိယာအတွင်း၌ မဲပေးပြီးထွက်လာသူ ဦးရေ ၂၀ ခန့်အားစုံစမ်းမေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အားမဲပေးခဲ့ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။ ယင်းအချိန်ထိ မဲပေးခွင့်ရှိသူ ၉၃၀ ဦးအနက် ၈၆၆ ဦးမှာ မဲပေးပြီးဖြစ်ကြောင်းသိရသည်။

မြန်မာ့ဂုဏ်ရည်လမ်းရှိ NLD ရုံးသို့ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးသည် ယနေ့နံနက် ဆယ်နာရီလေးဆယ့်ငါးမိနစ်အချိန်တွ င်ရောက်လာခဲ့သည်။

ဦးတင်ဦးအား ယနေ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရာ "ကြိုတင်မဲနဲ့ပတ်သက်လို့နည်းနည်းပါးပါးရှိတယ်။ ကြိုတင်မဲတွေဘာတွေကတော့ အရင်လိုပါပဲ။ အသံတွေလဲကြားပါတယ်။ ဖယောင်းသုတ်တဲ့ ကိစ္စတွေလဲကြားပါတယ်။ နောက်တစ်ခုက မင်းတို့ကြိုက်တဲ့ NLD ကိုအမှန်ခြစ်လိုက်၊ ကျန်တာတွေကို အမှားခြစ်လိုက်ပေါ့ကွာ ဆိုတာတွေလဲကြားပါတယ်။ ခုလောလောဆယ်တော့ မဲအခြေအနေကိုပြောလို့မရသေးဘူး။ အလားအလာတော့ကောင်းပါတယ်။ ကျွန်တော်တို့မှန်းထားတာကတော့ တစ်ပြည်လုံးမှာ ၆၀ ၆၅ ရာခိုင်နှုန်းလောက်နိုင်မယ်ထင်တာပဲ"ဟုပြောကြားခဲ့သည်။ ၁၁ နာရီ ၂၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (မြို့မဈေး)အနီးရှိမဲရုံသို့မဲ ပေးရန်အတွက် ဧပြီလ (၁) ရက်နေ့ (၁၁) နာရီဝန်းကျင်ခန့်တွင်ရောက်ရှိ မဲဆန္ဒပြုခဲ့ကြသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်ဇနီး မဲဆန္ဒပြုပြီးနောက် ၁၅မိနစ်ခန့်အကြာတွင်နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီးတို့လည်းလာရောက်မဲ ဆန္ဒပြုခဲ့ကြောင်းသိရသည်။

"ပြင်ဦးလွင် တွင် မဲပေးချင်သူများ ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒ ထုတ်ဖော်နေဟု သိရ"

ပြင်ဦးလွင် ကျေးရွာများရှိ မဲဆန္ဒနယ် အချို့ တွင် မဲစာရင်းတွင် နာမည် မပါဝင်ခြင်းကြောင့် မဲပေးခွင့် မရသူများသည် " ကျွန်မတို့ မဲပေးချင်ပါ တယ်ဆို သော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်မှုများ ရှိနေသည်ဟု ပြင်ဦးလွင်ရောက် သတင်းထောက် တစ်ဦးကပြောသည်။

လှည်းကူးမြို့ နယ် ရဲမွန်ပညာရေးရုံးနှင့် ခမရ(၇၀၉)တွင် ဖွင့်လှစ်ထားသည့် မဲရုံများ၏ စုစုပေါင်း မဲစာရင်းရလဒ် များကို ယနေ့ နံနက် ၁၀နာရီ ၁၅မိနစ် ခန့် က ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။ ယင်းမဲစာရင်းမှာ ခမရ(၇၀၉) တွင် ပြည်ခိုင်ဖြိုးမှ ၁၆၄မဲ ၊ NLD မှ ၄မဲ ၊ ပယ်မဲ (၁၆)မဲဖြစ်ကြောင်း၊ ရဲမွန် ပညာရေးရုံးတွင် ပြည်ခိုင်ဖြိုးမှ ၁၂၈မဲ၊ NLDမှ ၈မဲ ဖြစ်ကြောင်းသိရသည်။

ပခုက္ကူမြို့နယ် အမှတ်(၁၃)ရပ်ကွက် မဲအိုးတန်းရပ်ရှိ မဲရုံတွင် သက်ဆိုင်ရာမဲရုံမှူးမှ မဲပေးရာတွင် အသုံးပြုရန်အတွက် အစိမ်းရောင် ဘောပင်ကိုချထားပေးကြောင်း၊ မင်အစိမ်းဖြင့်မဲပေးခြင်းသည် ပယ်မဲဖြစ်ကြောင်းပြောဆိုမှသာလျှ င် မင်အရောင်ပြန်လဲပေးကြောင်း သတင်းရရှိသည်။

Popular Myanmar News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၄)

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ ရုံတွင် NLD အနိုင်ရရှိ

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်

မဲဆန္ဒနယ်ရှိ မဲရုံ ၃ရုံတွင် မဲပေးမှုပြီးစီးပြီးဖြစ်ကာ မဲအရေအတွက်စာရင်းများလည်းသိရရှိရပြီဖြစ်ကြောင်း ကျွန်းစုမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ယနေ့ နေ့လည် ၁း၃၀ တွင် ပြောကြားသည်။

ကျွန်းစုမြို့နယ်ရှိ တာဆာကီ အမှတ်(၄)မဲရုံ၊ ကံမော်ကျေးရွာအုပ်စု-ပသျှူးချောင်းကျေးရွာမဲရုံအမှတ်(၃)နှင့် ရေမြက်ကြီးကျေးရွာအုပ်စု-မနွယ်ရွာ မဲရုံအမှတ်(၁၃) တွင် မဲရေတွက်ပြီးပြီဖြစ်သည်။

“မဲရုံကိုယ်စားလှယ်တွေရဲ့စောင့်ကြည့်ထားတဲ့ရလာဘ်အရ မဲရုံအားလုံးမှာ ကျွန်တော်တို့ အဖွဲ့ချုပ်က အနိုင်ရထားပါတယ်”ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဇင်မောင်မောင်က 7Day News သို့ပြောသည်။

တာဆာကီကုမ္ပဏီမဲရုံအမှတ်(၄)တွင် ရရှိသောမဲရလာဘ်များမှာ NLD က ၂၁၂ မဲ၊ ပြည်ခိုင်ဖြိုးက ၁၄ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့်လည်းကောင်း၊ ကံမော်ကျေးရွာအုပ်စု၊ပသျှူးချောင်းကျေးရွာ၊မဲရုံအမှတ်(၃)တွင် NLDက ၇၇ မဲ၊ ပြည်ခိုင်ဖြိုးက ၁၃မဲနှင့် ပယ်မဲ ၅မဲဖြင့်လည်းကောင်း၊ ရေမြက်ကြီးကျေးရွာအုပ်စု၊မနွယ်ကျေးရွာ မဲရုံးအမှတ်(၁၃) တွင် NLD က ၇၀ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၃၀ ရာခိုင်နှုန်းဖြင့် အသီးသီးရရှိထားကြောင်း ကိုဇင်မောင်မောင်က ပြောသည်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၄၂ရုံရှိပြီး၊ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီးဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟုသတင်းရရှိသည်။

အင်န်အယ်ဒီပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှဦးအောင်ဝင်းကြည်တို့ ကျောက်ပန်းတောင်း မဲဆန္ဒနယ်တွင် ၀င်ရောက်အရွေးခံခဲ့သည်။

မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စုအတွင်းရှိ

ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။

NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်။

ပုသိမ်မြို့ ၅ ရပ်ကွက်ရှိ မဲရုံ၃ရုံတွင် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းဆန္ဒမဲပေးရန် လာရောက်သူအချို့မှာ ဆန္ဒပြုရန်အတွက် ထုတ်ပေးသည့် မဲကတ်ပြားများတွင် ဆန္ဒပြုလိုသည့် ပါတီအမှတ်တံဆိပ်များ ဘေးတွင်ထင်ရှားစွာခြစ်မရသဖြင့် လဲလှယ်ပေးရန် မဲရုံတာဝန်ရှိသူများအား တောင်းဆိုသော်လည်း လဲလှယ်ပေးခြင်း မရှိခဲ့ကြောင်း ပုသိမ်မြို့မှ 7 Day News သတင်းထောက်က သတင်းပေးပို့သည် ။ ယင်းသို့ လဲလှယ်ပေးရန် တောင်းဆိုသူဦးရေ ၁၀ ဦးထက် မနည်း ရှိခဲ့သည်။

အများစုကမဲစာရင်းစာရွက်ကိုဖယောင်းသုတ်ထားသည်ဟုထင်မြင်ယူဆရ ကြောင်းပြောကြားကြသည်။

ဒက္ခိဏသီရိမြို့နယ် အောင်သုခကျေးရွာနှင့် ချိုင်းကျေးရွာတို့တွင် မဲပေးခွင့်မရသူများမှာ အသက် ၃၀ မှ ၆၀အသက်အရွယ်ပိုင်းအများစုဖြစ်ပြီး အောင်သုခကျေးရွာတွင် လူဦးရေ ၄၀ ကျော်နှင့် ချိုင်းကျေးရွာတွင် လူဦးရေ ၁၀ ဦးကျော်ရှိသည်ဟုသိရသည်။ အဆိုပါကျေးရွာဒေသခံများမှာ မဲပေးခွင့်မရဘဲတစ်ပတ်၊ နှစ်ပတ်ခန့်လာရောက်နေထိုင်သည့်အခြားနယ်မှဧည့်သည်များမှာမူ မဲပေးခွင့်ရသည်ဟုဆိုသည်။

တံတားဦးမြို့နယ်တွင် မဲရုံ အရေအတွက် ၂၀၄ ရုံရှိသည်။ ကြိုတင်မဲအရေအတွက်သည် မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်ထက်ပင် များပြားနေကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြောကြားသည်။ ထိုမဲဆန္ဒနယ်တစ်နယ်လုံးတွင် မဲပေးခွင့်ရှိသူ ၉၃၆၃၄ ဦးရှိပြီး၊ ကြိုတင်မဲအရေအတွက်သည် ၁၆၇၀ ရှိကာ မဲပေးခွင့်မရတဲ့သူ ၁၆၅ ဦးက ဒီချုပ်ရုံးခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရပ်ကွက် ၁၄ ရှိ မဲရုံ ၁ နှင့် ၂ တို့တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်တို့ အတူတွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များက ယနေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က လိုက်လံချိတ်ဆွဲလျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ရပ်ကွက် ၂ ရှိမဲရုံသို့သွားရောက်ခဲ့သည်။ ၁၁ နာရီ ၁၀ မိနစ်တွင်လည်း ရပ်ကွက် ၄ ရှိ မဲရုံသို့ သွားရောက်ကာ မဲရုံအတွင်းဝင်ရောက်ခဲ့သည်ဟုဆိုသည်။ တောင်ငူမြို့နယ် ၂ ရပ်ကွက်နေထိုင်သူ ၄၅၀ကျော်သည် မဲပေးရာတွင်ပါဝင်ခွင့်မရသည့်အတွ က် အဆိုပါမဲပေးခွင့်မရသူများအနက်မှ လူဦးရေ ၁၀၀ ကျော်ခန့်သည် မဲရုံအနီးတွင် စုဝေးလျက်ရှိခြင်းကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားရာနေရာသို့ မြို့နယ်ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များရောက်ရှိကာ ရပ်ကွက်ရုံးတွင် ယနေ့ ၁၁ နာရီကျော်မှစတင်ကာနာရီဝက်ခန့်အကြာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

''ဒီနေ့ ဒီရက်မှာ ဒီလိုအမှားမျိုး တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အမှား ပမာဏကြီးမားတော့ ဒီလိုအခြေ အနေမျိုးတွေ မဖြစ်သင့်ဘူးပေါ့။ ရပ်ကွက်အောက်ခြေမှာ အား နည်းချက်တွေ ရှိနေတယ်။ အောက် ခြေက ကော်မရှင်ရော၊ ရာအိမ်မှူး တွေရော အလုပ်မလုပ်တဲ့အ တွက် ဒီလို ပြဿနာမျိုးတွေ ကြုံရ တာ။ ရပ်ကွက်မှာ ကင်းကြေးတွေ ကောက်တယ်။ ဒါမျိုးကျတော့ လူ မကျန်အောင် အိမ်တိုင်း ကောက် နိုင်တယ်။ အခု နိုင်ငံတော်အဆင့် အရေးကြီးတဲ့ ဒီကိစ္စတွေကို သူတို့ လေးလေးစားစား မလုပ်တာကို ကော်မရှင်ကို တင်ပြတယ်''

ဟုတောင်ငူမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က မီဒီယာများ နှင့် တွေ့ဆုံပြောကြားသည်။ အဆိုပါရပ်ကွက်တွင် မဲပေးခွင့်ရှိသူဦးရေမှာ ၈၅၆၂ ဦးရှိသည်။

မဲလက်မှတ်ပေါ်တွင် ဖယောင်းသုတ်ထားသည်ဟု ယူဆရပြီး အမှတ်ခြစ်မရခဲ့သော ကော့မှူးမြို့၊ ပြည်တော်သာ ၁ လမ်းနေ ဒေါ်ကြည်အေးက ယနေ့ကြုံတွေ့ခဲ့ရခြင်းနှင့်ပတ်သ က်၍ 7Day News သို့အောက်ပါ အတိုင်းရင်ဖွင့်သည်။

`အနှစ်နှစ်အလလက အားခဲထားတာ အလကားဖြစ်သွားတာပေါ့။ အောက်ဆုံးအကွက် NLD ကိုမဲပေးတာ ဘောလ်ပင်က စာရွက်ပေါ်မှာ မှင်မထင်ဘူး။ ဒါနဲ့ တစ်သျှူးနဲ့ အဲဒီနေရာကို နည်းနည်းသုတ်ပြီး ခြစ် ကြည့်တော့လည်း မရဘူး။ ဘောလ်ပင်က မှင်မထင်ဘူးလားလို့ လက်မှာ စမ်းခြစ်ကြည့်တော့ ထင်တယ်။ ဒါနဲ့ တံထွေးဆွတ်ပြီး ခြစ်လိုက်တော့ ခြစ်ရာက အများကြီး ဖြစ်သွားတယ်။ ဒါနဲ့ ပယ်မဲဖြစ်ပြီဆိုပြီးတော့ နောက်ထပ် မဲလက်မှတ်တစ်စောင်တောင်းတာ ကော်မရှင်က မပေးဘူး။ မဲပေးချင်လို့ မနက် ၄ နာရီကတည်းက ထပြီးတော့ ၇ နာရီမှ မဲရုံ သွားပေးတာ အခုလိုအဆင်မပြေတော့ စိတ်ဆိုးတယ်´ ဟုအသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်အေးက ပြောသည်။ သူမသည် အာဆီယံမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အကူအညီဖြင့် မဲထည့် ပေးခွင့်ရရန် ထိုမဲရုံအနီးတွင် စောင့်ဆိုင်းလျက်ရှိသည်။

7Day News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၃)

ဖယောင်းသုတ် မဲစာရွက်ကို ကိုယ်တိုင် ကြုံတွေ့ရသူတဦး

ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသကြီး-v ယနေ့နံနက် ပိုင်းက ကော့မှူးမြို့နယ် ပြည်တော်သာ ရပ်ကွက် မဲရုံတွင် မဲပေးသူ ဒေါ်ကြည်အေး မဲပေးသည့်အခါ မဲစာရွက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား အမှတ်ခြစ်မည့်နေရာတွင် ဖယောင်းသုတ်ထားသဖြင့် မထင်ထင်အောင်ခြစ်ရာ၌ ၂ ထပ်ဖြစ်သွားပြီး ပယ်မဲဖြစ်သွားခဲ့သည်ဟု ဆိုသည်။

မဲရုံမှူးဒေါ်အေးလှိုင်အား မဲစာရွက်သွားရောက်လဲလှယ်ရာ မလဲပေးသဖြင့် ယင်းသို့ ၂ ထပ်အတိုင်းထည့်လိုက်ရသည်ဟု YPI သို့ပြောသည်။ မြို့နယ်ကော်မရှင်ရုံးသို့ ယင်းကိစ္စအားမေးမြန်းရာတွင် လာတိုင်ကြားတာမရှိသေးပါဘူး၊ ကောလဟလဟုသာ ပြန်လည်ဖြေကြားသည်။ တနိုင်ငံလုံးမှာ ဒါပဲ သုံးစွဲနေတာဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဋ္ဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် မဲလက်မှတ် ဖယောင်း မသုတ်ပါ ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ရေးသားရာတွင် “ ဒီမဲလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနဲ့စာအုပ်ထုတ်ဝေရေးလုပ်ငန်းရဲ့ နေပြည်တော်စက်ရုံမှာ တစ်ပြည် လုံးအတွက်ပုံနှိပ်ပါတယ်။ ပုံနှိပ်စဉ်ကာလတစ်လျှောက်လုံးမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တစ်ခုချင်းအတွက် ပြိုင်မယ့်ပါတီ၊ ပါတီသင်္ကေတများကို သတ်မှတ်ပေးပြီး ကော်မရှင်က ကိုယ်စားလှယ်များနဲ့ ဌာနအကြီးအကဲများကိုယ်တိုင် ညအိပ်စောင့်ပြီး ပုံနှိပ်ရပါတယ်” ဟုဖေါ်ပြထားသည်။

--------------------------------------------------------------------

ကော့မှူးမြို့နယ် နောင်လုံရွာတွင် NLD မဲအများဆုံးရ

ဧပြီ ၁၊ ၂၀၁၂ (YPI)

ကော့မှူးမြို့နယ်၊ ရေကျော်ကျေးရွာအုပ်စု၊ နောင်လုံရွာတွင် NLD ၂၁၇ မဲ၊ ကြံ့ခိုင်ရေးပါတီ ၃၇ မဲ၊ ပယ်မဲ ၂ မဲရှိခဲ့ပြီး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ တစ်မဲမှမရရှိဟု YPI သတင်းထောက်က သတင်းပေးပို့သည်။ ။

-------------------------------------------------------------------

မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်

ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ

ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။

---------------------------------------------------------------

ဇမ္ဗူသီရိမြို့နယ်တွင် NLD ထောက်ခံသူများ မဲပေးခွင့်မရ

နေပြည်တော် မဲမသမာမှု (ဇမ္ဗူသီရိ)

ဧပြီ ၁၊ ၂၀၁၂ (YPI)

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် NLD ထောက်ခံသူများ မဲစာရင်းတွင် မပါဝင်သောကြောင့် မဲပေးခွင့်မရရှိခဲ့ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်လ ၇ ရက်နေ့ကတည်းက မဲစာရင်းထဲထည့်သွင်းနိုင်ရန် ကျေးရွာ ဥက္ကထံသို့ သွားရောက်စာရင်းပေးခဲ့သော်လည်း NLD ထောက်ခံသူ ၆၄ ဦးမှာ မဲစာရင်းထဲတွင် မပါဝင်ခဲ့ဟု ၎င်းကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းစန်းမြင့်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မဲဆွယ်ခရီးစဉ်တွင် လိုက်ပါခဲ့သူများကို ကျေးရွာအာဏာပိုင်များက လိုက်လံမှတ်သားထားပြီး မဲစာရင်းတွင် ထည့်သွင်းထားခြင်းမရှိဟု ဒေသခံများကပြောသည်။

၎င်းကျေးရွာမှ မဲစာရင်းအမှတ် ၁၄၄၈ ဦးသန်းရွှေဆိုသူမှာ ၎င်းမဲပြားကို အခြားတစ်ယောက်မှထည့်သွားသောကြောင့် ၎င်းးမှာ မဲထည့်ခွင့်မရခဲ့ဟု YPI သို့ပြောသည်။

“ကျွန်တော်သွားတော့ ကျွန်တော့်ကိုယ်စားထည့်ပြီးသွားပြီလို့ပြောတယ်။ ဘယ်သူထည့်လဲမေးတော့ မဲရုံစာရေးတွေက လူတွေများနေလို့ ကျွန်မတို့လည်းမသိဘူးလို့ပြောတယ်။ ကျွန်တော်ကိုယ်တိုင်မဲပေးချင်လို့သွားတာ မဲမပေးခဲ့ရဘူး။ မကျေနပ်ဘူး” ဟု ဦးသန်းရွှေကပြောသည်။

NLD ထောက်ခံသူ ၎င်းကျေးရွာမှ မောင်နေလင်းဦးမှာ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း မဲပေးခွင့်ရှိသူစာရင်းတွင် မပါဝင်ခဲ့ဟု ၎င်းကိုယ်တိုင်ကပြောသည်။

မောင်နေလင်းဦးမှာ ၂၀၁၀ ခုနှစ်က ၁၈ နှစ်မပြည့်သေးသောကြောင့် မဲပေးခွင့်မရှိခဲ့သော်လည်း ယခုတွင် ၁၈ နှစ်ပြည့်ပြီးဖြစ်သည်။ မဲစာရင်းများကို ၂၀၁၀ ခုနှစ်စာရင်းများကိုအခြေခံကောက်ထားသည်ဟုဆိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူအချို့မှာ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းထဲမပါတော့ဟု ဒေသခံများကပြောသည်။ ။

------------------------------------------------------------

ကြံ့ခိုင်ရေးပါတီကို မဲပေးရန် တွန်းအားပေးခဲ့သော ဒက္ခိဏသီရိမှ မဲရုံမှူးတစ်ဦးကို မြို့နယ်ကော်မရှင်သို့တိုင်ကြား

နေပြည်တော် မဲမသမာမှု (ဒက္ခိဏသီရိ)

ဧပြီ ၁၊ ၂၀၁၂ (YPI)

ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းရွာမှ မဲရုံတွင် မဲရုံမှူးဦးဇော်ဝင်းက လျှို့ဝှက်ဆန္ဒမဲပေးသည့်အခန်းတွင်းထိလိုက်ကာ ကြံ့ခိုင်ရေးပါတီကိုမဲပေးရန် မဲဆန္ဒရှင်များကို လိုက်လံတွန်းအားပေးခဲ့သောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့တိုင်ကြားထားသည်ဟု NLD အောင်နိုင်ရေးဦးဆောင်အဖွဲ့ဝင် ဦးအောင်ဇော်ကပြောသည်။

နံနက် ၆ နာရီမှ ၈ နာရီအတွင်း မဲရုံးမှူးက မဲလာပေးသည့်သူများကိုယခုကဲ့သို့လုပ်ဆောင်ခဲ့ပြီး ၎င်းအချိန်သည် အလုပ်သမားအများစု လုပ်ငန်းခွင်မ၀င်မီ မဲလာထည့်ကြသည့်အချိန်ဖြစ်သည်ဟု ဦးအောင်ဇော်ကပြောသည်။

၎င်းကျေးရွာတွင် မဲပေးခွင့်ရှိသူ ၁၀၃၁ ယောက်ဟု စာရင်းတွင်ဖော်ပြထားသော်လည်း မဲပေးခွင့်ရှိသူ ၉ ယောက်မှာ မဲစာရင်းတွင်မပါရှိဟု ချိုင်းရွာသားတစ်ဦးကပြောသည်။

“အချိန်မီပြောခဲ့ပါတယ်။ အဲဒီတုန်းက နောက်တိုးစာရင်းထဲထည့်ပေးမယ်ပြောတယ်။ မဲရုံရောက်တော့မှ စာရင်းထဲမပါမှန်းသိရတာ” ဟု မဲမပေးခဲ့ရသည့် ချိုင်းရွာသားကပြောသည်။

ထို့အတူ မဲတီးရွာတွင်လည်း ၄၀ ဦးခန့် မဲထည့်ခွင့်မရခဲ့ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။

Yangon Press International

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ် ရွေးကောက်ပွဲ တွင် မသမာ မှု များ


ဧပြီ လ ၁ ရက်နေ့  တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ တွင် မသမာ မှု များ FNG မှ ကောက် နှုတ် ဖော်ပြထား ဖြစ်သည် ။ တိုးတက် ဖြစ်ထွန်း သမျှ ( Developing Story) ကို ထပ်မံ ဖော်ပြ ပါမည်။

၁. ကြံ့ဖွတ် ၏ ၀တ်စုံ နှင့် မဲရုံမှုးများ ၀တ်စုံ အဖြု အစိမ်း ရောနှော နေ မှု က နိုင်ငံ တကာစောင့် ကြည့် လေ့လာသူများ ကို အချိန် နှောင်းမှ သိရှိ စေခဲ့ ရသည်။

၂.အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD နေရာ ဘေးမှ မှ မဲပြား ကွက်လပ် များ ကို ဖယောင်းသုပ် လိမ်း ထား သောကြောင့် ခက်ခက်ခဲခဲ ပင် အမှတ် ခြစ်ယူခဲ့ ရသည် ။ ထိုမသမာ မှု ကြောင့် အချို့ မဲ (Ballot) များ မှာ မသမာ မှု ဖြစ်နိုင်သည်။

၃. မဲပေး ပိုင်ခွင့် ရှိသူ ကို မဲ ပေး မှု စာရင်း တွင် မပါရှိ။ အဆိုပါ ပုဂ္ဂိုလ် က စောဒက တက်(claim) သောကြောင့် ဖြေရှင်း ပေး မည် ဆို သော် လည်း မဲ ရုံ ပိတ် ချိန် နီးထိ ဖြေရှင်း ပေးခြင်း မရှိ (မကွေး တွင် သိသာသည်)

၎. မဲ ရုံး မှုး များ ကိုယ်တိုင် ပြည် ခိုင်ဖြိုး (ကြံ့ဖွတ်) ကို မဲ ခြစ် ပေး

၅. နိုင်ငံ သားများ ဖြစ်သော် လည်း ကျူးကျော် နေ ထိုင်သူ (Slum) များ မှာ မဲပေး ခွင့် လုံးဝ မရ

၆. နေ ပြည်တော် မဲ ဆန္ဒ နယ် တွင် ခြိမ်းခြောက် မှု များ ရှိ

၇. အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အား မဲပေး နိုင်သည် ဟု ယူဆရသည့် ရပ်ကွက်၊ ကျေးရွာ ၊ အုပ်စု များ တွင် မီးလှန့်  မှု များ ပြုလုပ်

၈. သမ္မ ကိုယ်တိုင် သြဇာ အာဏာသုံး ပြီး ခြိမ်းခြောက် မဲ ဆွယ်။

မူရင်းလင့်က ဒီမှာပါ။

ရေစကြိုမြို့ တပ်မြေမဲရုံတွင် NLD ရူံး


မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခြေလျင် တပ်ရင်း(ခလရ) ၂၅၆ တပ်မြေ မဲရုံတွင် ယနေ့ နံနက် ၆ နာရှိခန့် စတင်၍ မဲပေးရာ ကြံ့ခိုင်ရေး ပါတီ ကို NLD ရှုံးနိမ့် ကြောင်း သိရသည်။ ယနေ့နံနက် ၉ နာရီခွဲခန့်က မဲရုံပိတ်သိမ်းခဲ့ပြီး မဲစာရင်းရေတွက် ရာတွင် ကြံ့ခိုင်ရေးပါတီက ၂၇၁ မဲ၊ NLD က ၅၁ မဲနှင့်တသီးပုဂ္ဂလ အမတ် ၄ မဲ ဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

သူ့ရဲ့ရှာဖွေ တွေ့ရှိခန်း(ကဗျာ)


သူလျှောက်ခဲ့တဲ့လမ်းတွေမှာ
ဇာတ်လမ်းတွေ များတယ်၊
ဇာတ်လမ်းတွေထဲမှာ
ပြီး ပြီးရောတွေရှိသလို
မှတ်တမ်းတင်ထိုက်တာတွေလဲ ရှိပေါ့၊

သူအောင်မြင်ခြင်းမှာ
မိတ်ဆွေ အများကြီးရှိတဲ့အခါ
သူ ကျရှုံးခြင်းမှာ
မိတ်တု အများကြီးကြုံတဲ့အခါ
ဒိုင်အိုဂျီးနီးစ်ရဲ့
နေ့ခင်းကြောင်တောင် ထွန်းတဲ့မီးအိမ်ကို သတိရတယ်၊

ခက်နေတာက
မျှင်းသတ်မယ့် အဆိပ်ရည်မှန်းသိရက်
မော့သောက်ရတာမျိုးကြုံတဲ့အခါနဲ့ 
အဆိပ်ရည်ကို သူလိုလားစွာသောက်ရတဲ့အခါ
မလတ်ဆတ်တဲ့ အပြုံးတုကို
သူကိုယ်တိုင် ပြုံးမိခြင်းပါတဲ့၊

ဘားနဒ်ရှော သရော်ပြောပြောခဲ့တဲ့
“၄၀ ကျော်ရင် လူယုတ်မာ ဖြစ်ပြီ”ဆိုတဲ့လူတွေကြား
သူရောက်နေသလားလို့  တွေးမိတော့
သူကိုယ်တိုင်လဲ အသက် ၄၀ ကျော်နေသတဲ့၊

မိတ်ဆွေကောင်းဟာ ဘယ်သူလဲ
သူကိုယ်တိုင်ရော မိတ်ကောင်းဖြစ်ခဲ့သလား
စဉ်းစား စဉ်းစာရင်းနဲ့ 
ခွေးမျက်နှာတောင် မကြည့်ရဲတော့ဘူး
(လူထက် ခွေးကိုပိုချစ်တဲ့ ဒိုင်အိုဂျီးနီးစ်ရေ့)
သူလဲ ခွေးချစ်တတ်သွားပြီလေ၊

မူရင်းလင့်က ဒီမှာပါ။

လှိုင်သာယာမြို့နယ် အင်န်အယ်ဒီဥက္ကဋ္ဌဟောင်း ဦးမြင့်လှိုင် အုန်းဖျံဒုက္ခသည်စခန်းတွင် ကွယ်လွန်

လှိုင်သာယာမြို့နယ် အင်န်အယ်ဒီပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်လှိုင် (၇၆ နှစ်)သည် ယနေ့နေခင်း ၂ နာရီခန့်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျံဒုက္ခသည်စခန်းမှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ သမီးများဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း မစန်းစန်းမော်၊ မအေးရီဌေး တို့က ဧပြီ ၆ ရက်မှာ ရက်လည်ဆွမ်းကပ်ကြမယ်လို့ ပြောပါတယ်။ ရုတ်တရက် ကြားသိရတဲ့သတင်းဖြစ်လို့ ရပ်နီးရပ်ဝေးက မိတ်ဆွေများကို မိုးမခရွာဆော်ကြီးကဏ္ဍကန တဆင့်အကြောင်းကြားလိုပါတယ်လို့ ဆိုပါတယ်။

ဦးမြင့်လှိုင်က အင်န်အယ်ဒီပါတီရဲ့ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌအဖြစ် ၁၉ ၉ ၈ က ၂၀၀၈ အထိ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်၊ ၂၀၀၈ နာဂစ်အရေးကိစ္စတွေမှာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထပ်မံဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် ၂၀၀၈ နောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာခဲ့တယ်လို့ ဆိုပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၂)

မြောင်းမြ
ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကာယကံရှင်မသိပဲ ကြိုတင်မဲ ပေးပြီးဖြစ်

မြောင်းမြမြို့ရှိ မုဆိုးကွင်းကျေးရွာအုပ်စု၊ သမ္မန်ချိုင်ရပ်ကွက်တွင် နေထိုင်သော GTC ဒုတိယနှစ်ကျောင်းသား ကိုခန့်ကျော်နိုင် မဲသွားပေးရာတွင် ကြိုတင်မဲပေးပြီးပြီဖြစ်၍ ထပ်မံပေး၍ မရကြောင်း ပြောသည်။

ကိုခန့်ကျော်နိုင် တက်ရောက်ရသော ပုသိမ်မြို့ GTC ကျောင်းတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မတိုင်ခင် ကျောင်းခန်းထဲတွင် ကိုယ်ရေးအကျဉ်းစာရွက်ဖြည့်ခိုင်းကြောင်း၊ ဘာအတွက်ဖြည့်ခိုင်းသည်ကို မေးကြည့်သော်လည်း ဆရာမမှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုကဲ့သို့ ကိုယ်ရေးအကျဉ်း ဖြည့်ရသော ကျောင်းသားဦးရေ ၁ဝ၀ လောက်ရှိကြောင်း ကိုခန့်ကျော်နိုင်မှပြောသည်။ ယခုအခါ ကိုခန့်ကျော်နိုင် မဲသွားပေးရာ ကြိုတင်မဲပေးပြီးဖြစ်၍ မဲမပေးခဲ့ရကြောင်းသိရသည်။

ကလော၊

ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကြံ့ခိုင်ရေးက မဲတစ်ပြား ကျပ် ၃၀၀၀ နှင့်ဝယ်
ကလောမြို့ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ချို့က သူတို့ပါတီကို မဲပေးဖို့ မဲတစ်ပြား ကျပ် ၃၀၀၀ နှုန်းနဲ့ ၀ယ်နေကြောင်း မြို့ခံတွေက ပြောပြပါတယ်။

ကလောမြို့ နန်းနိုင်ကျေးရွာ အုပ်စု ကန့်ကော်ပင်ကျေးရွာနဲ့ ညောင်ပင်ကုန်း ကျေးရွာအကြားမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်စုက ဖြတ်သွားဖြတ်လာ လူတွေကို မဲပေးဖို့ သွားမှာလား။

မဲသွားပေးရင် ကျွန်တော်တို့ပါတီကို မဲပေးပါ ဆိုပြီး ကြံ့ခိုင်ရေး ပါတီ စာရွက်နဲ့ ငွေကျပ် ၃၀၀၀ ကိုပါခေါက်ပြီးပေးကြောင်း သိရပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေမှုကို အင်န်အယ်လ်ဒီ အပြင်စည်းစောင့်ကြည့်အဖွဲ့ကလည်း တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ ကော်မရှင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

အဆိုပါနေရာ အနီးမှာ အမက ညောင်ပင်ကုန်း နဲ့ အမက မြင်းကပေါ် မဲရုံတွေ တည်ရှိကြောင်း သိရပါတယ်။

မန္တလေး၊ ပခုက္ကူ ၊

ဧပြီ ၁ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၁၅ မိနစ်၊ YPI

၁။ မဲရုံရှေ့တွင် မဲပေးသူများ စောင့်စား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် အနောက်ရပ်ကွက်တွင် နေထိုင်သော ဒေသခံအများစုမှာ မဲစာရင်းတွင် မပါသူ များပြားသောကြောင့် လူ (၃၀၀) ၀န်းကျင် အဝေရာ ဓမ္မာရုံ မဲရုံရှေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါ လူများ မဲပေးခွင့်ရရန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ကိုင်ဆောင်ပြီး မဲရုံမှူးကို သွားရောက်ပြောဆိုရာ မဲရုံမှူးက မြို့နယ်ကော်မရှင်ရုံးကို သွားတင်ပြရန် ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံသူ များကြောင်း သိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူ မဲဆန္ဒနယ်တွင်လည်း မဲရုံ တစ်ရုံစီမှာ လူဦးရေ ရာနဲ့ချီ မဲပေးခွင့်မရလို့ စောင့်ဆိုင်းနေကြောင်း အင်န်အယ်လ်ဒီ ပါတီမှ ဦးကြည်ဝင်းက ပြောသည်။

မူလက ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းရှိရင် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မပါရင်လည်း မဲပေးခွင့်ရမည် ပြောခဲ့ပေမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ကော်ရှင်အဆင့်ဆင့်ကို ၂၄ ရက်အထိ နောက်ဆုံးရရှိတဲ့ စာရင်းကိုသာ အတည်ယူမည်ဟု ညွှန်ကြားထားတာကြောင့် မဲပေးခွင့်မရတော့တာဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

မြို့မ လမ်းပေါ်က အမှတ် (၁၅) ရပ်ကွက် မဲရုံအမှတ် (၁) အနီးမှာလည်း လူရာနဲ့ချီ စောင့်ဆိုင်းနေကြောင်း၊ အခြား မဲရုံတွေမှာလည်း အလားတူစောင့်ဆိုင်းနေသူ အများအပြား ရှိပြီး ညနေ မဲရုံပိတ်ချိန် မတိုင်မီအထိ စောင့်ဆိုင်းနေကြမယ် ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

Yangon Press International




မူရင်းလင့်က ဒီမှာပါ။

ဘုရားသားတော်တွေကို ပါဒေါ်စု တရားဟောနေပြီ

ပဏ္ဏိတာရာမရွှေတောင်ကုန်း သာသနာ့ရိပ်သာ (၂၂)ကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှုသင်တန်း မှ
ရှင်သာမဏေများ နှင့် သိက္ခာရှင်များကို
ဒေါ်စုမှ အောင်မြင်ခြင်းအကြောင်း ဟောပြော အားပေးစကားပြောနေစဉ်

သားများကိုရင်ဝတ်လျှင် မိဘများမှတောင် ရှိခိုးကန်တော့ရသည်။ ပုထုဇဉ်လူများ၏ ကျင့်ဝတ်သည် ဘုရားသားတော်များ စောင့်ထိန်းရသော ကျင့်ဝတ်ထက် သာပါ့မလား။ ပုထုဇဉ်ထက် မြင့်မြတ်သော ရှင်သာမဏေများက ကြမ်းပေါ်တွင်ထိုင်၍ အမျိုးသမီးများကို မော်ကြည့်နေရခြင်းသည် သင့်တော်ပါ့မလား။


မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၁)


နိုင်ငံတော်သမ္မတ ယနေ့နေ့လည် (၁၁) နာရီတွင် မဲဆန္ဒနယ်အမှတ်တစ်တွင် မဲလာထည့်စဉ်..
Messenger News Journal

ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ရာ ကော့မှူး မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ စိုးမင်း မဲရုံများသို့ လာရောက်ကြည့်ရှုခြင်းမရှိကြောင်း နှင့် ကြံ့ခိုင်ရေးပါတီ၏ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly

---------------------------------------------------------------------------------

ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွား ဒဂုံဆိပ်ကမ်းတွင် မဲဝယ်မှု၊ မဲလိမ်မှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။

မနက် ၇း၄၀မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်ဦးဌေးဝင်းက ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ရက်ကွက်မှာ ငွေ၃၀၀၀ပေးပြီး မဲဝယ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ၈၈ရပကွက်မဲရုံ ၆၊၇ မှာမဲစစ်ခွင့်မရသည်သာမက ၈၉ရပ်ကွက်မဲရုံ ၃ တွင် ကြိုတင်မဲ ၁၂မဲရှိကြောင်းသိရသည်။

မဲနံပတ် ၈၇၀ အောင်မြတ်တင် မဲနှစ်ခါထည့်၊သကဲ့သို့ ၈း၃၅ ၉၂ရက်ကွက်မှာ မသန်းသန်းဆင့် မဲအမှတ်၁၁၁၆၊ ၉၂၀ နဲ့မဲနှစ်ခါထည့် သို့သော်မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်မရသူ၅၀ရှိခဲ့သည်။ မဲရုံ၁၂မှာ မဲစာရင်းမပါသဖြင့် အော်ဟစ်ဆူပူမှုဖြစ်ပွားခဲ့ပြီး ၈း၄၀ ၉၃ရက်ကွက်မှာ ဓာတ်ပုံကိုင်ဆန္ဒပြရန်ကြိုးစားမှုဖြစ်ခဲ့ပြီး မည့်သည့်ဓာတ်ပုံမှန်းမသိလိုက်ရပေ။ ၆၇ ရက်ကွက် ကြံ့ခိုင်ရေးမှဦးခင်ဇော် ရွှေကျီးကိတ်မုန့်ကျွှေးပြီး ကားနံပါတ် ၈င/၂၈၆၀ကားနဲ့ မဲရုံများကိုလိုက်လံပို့ ၉၃ ရက်ကွက် မုခ်ဦးမှာ ကြံ့ခိုင်ရေးအလံထောင်ထားရာ မဲရုံနဲ့ ကိုက်၁၅၀ပဲကွာသည်။

၈း၄၀ ၉၈ရက်ကွက် မထားစုအပိုင် စားအုန်းဆီစက်ရုံမှာ မန်နေဂျာ ၀င်းထက်ပိုင်၊ စက်ရုံမှုး ဦးဝင်းကို အလုပ်သမား ၇၀ ရဲ့မှတ်ပုံတင်တွေကို ကြံ့ခိုင်ရေးကိုပေးခဲ့ကြောင်း သိရသည်။

The Express Times

------------------------------------------------------------

၈၈ ရပ်ကွက် ဒဂုံဆိပ်ကမ်းမှာ ဖြစ်နေသော မသမာမှုများ မဲရုံ ၆၊၇ တွင် ဆရာမများ မှာပါလာသော မဲပြား၊ မဲထုတ်များကို ကိုယ်စားလှယ်များ မကြည့်ရ ပုံစံ(၁၃)တွင်ဖြေ့မရကြိုတင်မဲများပါပါလာသည်။

မဲရုံ ၇ တွင် မဲလက်မှတ်တိုင်းမှာ မဲရုံစီးတံဆိပ်တုံး ရိုက်နှိပ်မထားပါ ကြံခိုင်ရေးမှ ဦးသိန်းဝင်းမှ မဲရုံအတွင်း အသံဖမ်း ဓါတ်ပုံရိုက် မဲရုံ ၅ မှာ မဲပေးတဲ့နေရာမှာ မီးချောင်းတွေကြွင်းနေတယ်။ NLD ပုံစံ (၁၁)နဲ့ ၁၃ တွေမှာ လက်မှတ်လုံဝ မထိုးပေး မရင်ရင်အေး အမှတ်(၅၀) ခ ယုဇနလမ်း နေသူသည် မဲရုံတွင်မဲပေးဖို့သွားတာကို ရာအိမ်မှုးဦးခင်မောင်ထွေးမှ ငါတို့ကြံခိုင်ရေးအားနည်းနေလို့ နင်တို့မဲတွေပေးလိုက်ပါလို့ပြော မရင်ရင်အေး မဲမပေးခဲ့ရ။

တချို့ဆိုမိသားစုလိုက် မဲမပေးရသူများရှိနေ ၂၀၁၀ တုန်းကမဲပေးလိုက်ရပြီးခုချိန်မှ မဲမပေးရသူများရှိ မှတ်ပုံတင်နံပါတ်များလွဲနေသူများရှိ ၁၆၈ ရပ်ကွက် မှာ ကြံခိုင်ရေး စည်းမှူးဒေါ်ဥမ္မာညွန့် နှင့် လူ၂၀ ခန့် မဲရုံအနီးတွင် ကြံခိုင်ရေး ကိုမဲပေးဖို့စည်းရုံး ခုပို့လိုက်သော ပုံများမှာ မဲမထည့်ရသောသူများဖြစ်ပါသည်။

Myanmar News Now

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၀)


အောင်ပန်းမြို့ မှ အိမ်ထောင်စု ဇယား

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အမှတ် ( ၃ )ရပ်ကွက်တွင် အိမ်ထောင်စု ဇယားများလည်း ရှိပြီး လူဦးရေ ( ၁၇၀ )ခန့်မှာ မဲစားရင်းတွင် မပါသဖြင့် မဲမပေးရကြောင်း ယင်းရပ်ကွက်နေ မဲမပေးရသော အမျိုးသမီးတစ်ဦးက ပြောပြပါသည် ။နောက်ထပ် မဲစားရင်းတွင် မပါသူများ ထပ်မံ တိုးလာနိုင်ကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ပြောပါသည်။

အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် ဇောတိ မဲရုံ တွင်လည်း မဲစားရင်းနံပါတ် ( ၉၁၇ ။ ၉၁၈ ) နစ်ခု တို့သည် နစ်နေရာတွင် ဖော်ပြထားပြီး မဲပေးရမယ့်သူအမည်မှာ နစ်မျိုးဖြစ်နေကြောင်း သိရပါသည်။ ယင်းကိစ္စ နှင့်ပတ်သက်၍ မဲ ရုံမှုး အားမေးမြန်းစုံစမ်းရာ ပထမနှစ်ဦးမှာ သေဆုံးသွားပြီးဖြစ်ကြောင်း နှောက်နစ်ဦးမှာ ရပ်ကွက်ရှုံးမှ တာဝန်ရှိသူက အမှတ်စဉ် အတိုင်းပြုစုခြင်းမရှိပဲ မှုလ 2010 ခုနစ်က စားရင်းကို ပြုစု၍ ပြုလုပ်ကြောင်း ရှင်းပြပါသည်။ အဆိုပါဇောတိရပ်ကွက်တွင် မဲဆန္ဒ ပေးရမည့် စားရင်းစုစုပေါင်းမှာ ၁၁၃၂ ဦးရှိပြီး တပ်နယ်မြေတွင် အများဆုံးဖြစ်ကြောင်း သိရပါသည်..။ မအူပင်မြို့နယ် အောင်ဘုံကျေးရွာမဲရုံတွင် ရာအိမ်မှူး ဦးမြင့်အောင်မှ ကြိုတင်မဲ (၁၅) မဲကို ၄င်းလုပ်ပိုင်ခွင့်ရှိသည်ဟုပြောဆိုပြီး မဲရုံအတွင်းဝင်ထည့်သွားသည်။ မဲရုံမှူးဒေါ်မူမူခင်မှ NLD ပါတီကိုယ်စားလှယ် အကူကိုယ်စားလှယ်များဝင်ရောက်ခွင့်မပြုပဲ အခြားပါတီကိုယ်စားလှယ်များကို ၀င်ခွင့်ပြုပါသည်။ မအူပင်မြို့နယ် ကန်စုကြီးကျေးရွာမဲရုံတွင်လည်း ဆယ်အိမ်မှူး ဦးကံမြင့်မှ ကြိုတင်မဲ (၅) မဲကို သူ့သဘောနှင့်သူ ၀င်ထည့်သွားပါသည်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉)


ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် Photo -- Messenger News Journal

ကော့မှူးမြို့ နယ်ပြည်တော်သာရပ်ကွက်နှင့်သမင်ခြံကျေးရွာမဲရုံတွင်မဲလက်မှတ် များကိုဖယောင်းသုတ်ထားသဖြင့်မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ ကိုပြန်လည်လဲပေးရန်တောင်းဆိုသည်ကိုမဲရုံမှူးမှမဲလက်မှတ် အသစ်ပြန်လည်ထုတ်မပေးဘြဲငင်းဆန်သည်ဟုသတင်းများရရှိပါသည်။သတင်းထောက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက် ၉နာရီခန့် တွင်စတင်ဖြစ်ပွါးနေကြောင်းသိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်မှလည်းထိုဖြစ်စဉ်ကိုသတင်းရရှိသွားပြီးကိုယ်စားလှယ်များ ကိုစေလွှတ်စုံစမ်းနေကြောင်းသိရှိရပါသည်။ဒေါ်အောင်ဆန်းစုကြည်မှ လည်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်။

မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။

Myanmar News Now

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈)

ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်တွင် မဲရုံ (၁၂)ရုံရှိပါသည် ကြိုတင်မဲ (၁၂၈)ဦး ကောက်ခံရရှိပါသည်။ ၄င်းရက်ကွက်အတွင်း မဲပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးခွင့်မရသော ဦးရေ အယောက် (၃၀၀)ကျော်ရှိပါသည်။ မဲပေးခွင့် စလစ်များတွင် ၄င်းတို့ကိုယ်တိုင် ရေးသားထားသော အမည်လွဲမှားခြင်း မှတ်ပုံတင်လွဲမှားခြင်းများကြောင့် မဲပေးခွင့်စလစ်ရှိသော်လည်း မဲပေးခွင့်မရသည့် ဆန္ဒမဲရှင်များ အမှတ် (၃)ရက်ကွက် မဲရုံ (၉)(၁၀)တို့တွင် တွေ့ရှိနေရပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊ ယနေ့မနက်မဲသွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်းပေးပို့ပါသည်။




အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျန်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။

Myanmar News Now

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၇)


အိန္ဒိယ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ မန်း ကြားဖြတ်လေ့လာ မန်းမဟာအောင်မြေ လမ်း ၄၀ နှင့် ၈၃ လမ်းကြားရှိ မဲရုံ အမှတ် ၃ သို့ အိန္ဒိယ နိုင်ငံအာသံ မဏိပူရ မှ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ ဧပြီ ၁ ရက် နံနက် ပိုင်းတွင် လာရောက် ကြည့်ရှုကြောင်း သိရသည်။ အဆိုပါအဖွဲ့ နှင့် အတူ အိန္ဒိယကောင်စစ်ဝန်လည်း လိုက်ပါလာခဲ့ပြီး မြို့ နယ် ကော်မရှင်တာဝန်ရှိသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ " ယခု ကြားဖြတ်ရွေးကောက်ပွဲကို Free and Fair ဖြစ်နိုင်တယ် ထင်ရကြောင်း သတင်းထောက် တစ်ဦး ၏ မေးမြန်းချက်ကို ၄င်းအဖွဲ့ မှ Mr. Maninder Singh ကဖြေကြားသည်။ အဆိုပါ မဟာအောင်မြေ အနောက်ရပ် မဲရုံ အမှတ် ( ၃ ) တွင် ကြိုတင်မဲ ၄ မဲသာ ရှိသည်ဟု မြို့ နယ် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ပုသိမ်မြို့ (၁၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တို့တွင် မှတ်ပုံတင်ရှိ၊ အိမ်ထောင်စုစာရင်းလည်းရှိပြီး မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးရသူတို့ ရှိနေပြီး၊ အချို့မှာ ငိုယိုနေကြသည်။ ထို့ကြောင့် Popular News ဂျာနယ်သတင်းထောက်မှ တိုင်းကော်မရှင် ဥက္ထဌ ဦးမျိုးထွန်းထံသို့ ဆက်သွယ်အကြောင်းကြားရာ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုလည်း လိုက်လံစစ်ဆေးလျက်ရှိနေကြာင်းပြ န်လည်ဖြေကြားပါသည်။

"NLD အလံစတစ်ကာများ ကပ်ထားမှု ဧပြီလ (၁)ရက်နေ့အထိရှိနေဆဲဖြစ်ကြောင်း သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးပြောကြား"

သုံးခွမြို့မှ ဆိုင်ကယ်များနှင့် ကားများတွင် NLD အလံစတစ်ကာများ ကပ်ထားမှု ကို ယနေ့အထိမြင်တွေ့နေရဆဲဖြစ်ကြောင်း သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ (၁)နေ့နံနက်ဆယ်နာရီခန့်ကပြောသည်။ မျက်မြင်သက်သေအချို့ကမူ "ဟုတ်တယ် ဆိုင်ကယ်တွေနဲ့ ကားတွေရဲ့ ထိပ်ဦးမှာ ခုထိ ခွပ်ဒေါင်းကြယ်တစ်လုံးအလံတွေကပ်ထားတုန်းပဲ"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမျိုးတင့်က "တစ်မြို့လုံးလိုလိုတော့ အဲဒီလို တံဆိပ်တွေဖြုတ်ဖို့တော့ လိုက်ပြီးကြေညာထားတာပဲ။ မဖြုတ်ကြတာကြောင့် အရေးယူမယ်ဆိုရင်လဲ မတတ်နိုင်ဘူး။ တစ်ခြားပါတီတွေကလဲ ၀တ်စုံပြည့်ဝတ်ထားတာမျိုးတွေရှိနေကြတယ်လို့သိရတယ်။ အဲဒီလိုဖြစ်နေတာတွေကြောင့် ခုလို အလံစတစ်ကာကပ်ထားတာတွေကိုလဲ အရေးယူဖို့လိုမယ်မထင်တော့ပါဘူး"ဟုပြောသည်။

ဝေယံ+မေဇင်

Popular Myanmar News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၆)


ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည် (Messenger News Journal)

ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာတွင် မဲလက်မှတ်များ အပေါက်အပြဲဖြစ်နေခြင်း၊ NLD နေရာတွင် ဖယောင်းသုတ်ထားသည့်အတွက် ခြစ်သည့်အခါ လုံးဝမှင်မထင်ခြင်းများ ဖြစ်ပွားနေသည်သည်။ ပြန်လဲခိုင်းသည့်အခါ ကော်မရှင်က လုံးဝလဲမပေးကြောင်း ယင်းဆန္ဒနယ်မှ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်ကပြောသည်။ ပုဗ္ဖသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာတွင်လည်း ၂၀၁၀ က မဲပေးထားသူများ အခုမဲစာရင်းတွင်မပါဝင်ကြောင်းသိ ရသည်။

7Day News Journal

----------------------------------------------------------------------------------------

မဲရုံနဲ့ကိုက်၅၀၀အတွင်းမဲဆွယ်စည်းရုံးမှုတွေမလုပ်ရဘူးလို့ပြောထားတာလေ။ ကျွန်မတို့အနေနဲ့ကတော့ ဒါတွေကိုထောက်ပြပြီးကန့်ကွက်တဲ့လူရှိရင်တင်ပြရမှာပဲ။

(နတ်စင်ကုန်းကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး)

ကျွန်တော်တို့ကမဲထည့်ပြီးပြီလားလို့မေးတာလေ၊ NLD ကိုမဲထည့်ပြီးပြီလားလို့မေးတာမဟုတ်ပါဘူး

(NLD အဖွဲ့ဝင်တစ်ဦး)

မဲစာရင်းလာကောက်တဲ့နေ့က ကျွန်မကွင်းထဲရောက်နေလို့နံမည်စာရင်းပါမသွားဘူး၊ အခုမှတ်ပုံတင်နဲ့မဲသွားထည့်တော့ ၂၄ရက်နေ့ကတည်းက စာရင်းပိတ်သွားပြီးထည့်လို့မရတော့ဘူးလို့ပြောတယ်။

(နတ်စင်ကုန်းရွာမှ မဲထည့်ခွင့်မရခဲ့သူအမျိုးသမီးတစ်ဦး)

Yangon Press International

---------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မဲဆန္ဒနယ်တွင်အသ က်မပြည့်ဘဲမဲပေးခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်းအဆိုပါမဲဆန္ဒနယ်တွင်သွားရောက်သတင်းရယူနေသော The Messenger သတင်းထောက်က ကာယကံရှင်နှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေသူတစ်ချို့၏ပြောကြားချက်ကိုကိုးကား၍သတင်းပေးပို့သည်။အသက်မပြည့်ဘဲဆန္ဒမဲပေးခဲ့သူမှာလှည်းကူးမြို့နယ်၊ကျွန်းကလေးကျေးရွာ၊ရွှေနှင်းဆီရပ်ကွက်နေ (ဘ)ဦးတင်အောင်၏သမီးဖြစ်သူ မသန္တာအေး ဆိုသူဖြစ်ကြောင်းသိရသည်။မသန္တာအေး၏နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်မှာ ၁၂/လကန(နိုင်)၂၂၉၇၇၁ ဖြစ်ပြီးသူမ၏မွေးသက္ကရာဇ်မှာ ၁၄ . ၈ . ၁၉၉၈ ဖြစ်ကြောင်းသိရသည်။အသက် ၁၄ နှစ်သာရှိသေးသော မသန္တာအေးသည်ကျွန်းကလေးရွာ၊အာဇီဝမဲရုံ(၂)တွင် ( မဲစာရင်းခုံ အမှတ် (၄) မှ မဲလက်မှတ်နံပါတ် ၁၆၆၇ ဖြင့်) မဲပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါမဲရုံမှမဲရုံမှူးမှာဒေါ်ညွှန့်ရီဖြစ်ပြီး ထိုသို့အသက်မပြည့်ဘဲမဲပေးခဲ့ခြင်းကိုအရေးယူဆောင်ရွက်နိုင်ရန်နှင့်မည်သူကထိုသို့မဲပေးခိုင်းခြင်းကိုစုံစမ်းဖေါ်ထုတ်နိုင်ရန်တာဝန်ရှိသူများက သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ဆက်သွယ်ဆောင်ရွက်နေကြောင်းသိရသည်။

(Messenger News Journal) 




ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံ အမှတ် ( ၁ )(Messenger News Journal)


(Messenger News Journal)

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၅)

အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။

ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျန်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။

ပခုက္ကူမြို့ အမှတ်(၃) ရက်ကွက်တာဝန်ခံ မနွေးနွေး (ရွေးကောက်ပွဲစောင့်ကြည့် (NLD)) အား ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောက်ရှက်နေပါသည်ဟု ကာယကံရှင်ကိုယ်တိုင်ပြောကြားပါသည်။ ပခုက္ကူမြို့ စက်မှုဇုံမဲရုံမှူးမှ NLD ပါတီဝင် ကိုယ်စားလည်နှင့် ကိုယ်စားလည်အကူများ ၀တ်ဆင်လာသော ယူနီဖောင်းများကို ချွတ်ခိုင်းသည်ဟုပခုက္ကူစက်မှုဇုံမှ ဦးဌေးအောင်မှ သတင်းပေးပို့ပါသည်

Myanmar News Now

ကြံဖွံ့ပါတီ ပယ်မဲများဖြစ်အောင် လုပ်ဆောင်နေ

ကိုထွေး(DVB)

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့က အမှတ် ၃ ရပ်ကွက် မဲရုံနဲ့ သတ်မှတ်ထားတဲ့နေရာ အပြင်ဘက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လာရောက်မဲပေးတဲ့သူတွေကို ကြိုက်တဲ့သူတွေကို အမှန်ခြစ်ပြီး မကြိုက်တဲ့သူတွေကို အမှားခြစ်ဖို့ဆိုပြီး ပြောဆိုတာတွေ လုပ်နေတယ်လို့ အောင်ပန်းမြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး တာဝန်ခံ ဦးရဲမြင့်သိန်းက ပြောပါတယ်။ တခြားမဲရုံတွေဖြစ်တဲ့ လက္မပင်နဲ့ မြို့ဟောင်းရပ်ကွက်က မဲရုံတွေမှာလည်း မသမာတာတွေ ရှိနေတဲ့အတွက် ကန့်ကွက်ထားလို့ မြို့နယ်ကော်မရှင်က အခု ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၄)


မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက် မဲရုံအမှတ်(၂)သို့ မဲပေးရန်ရောက်လာသော ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ
ဓာတ်ပုံ - အောင်သူရ

မရမ်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့ နံနက် ၉ နာရီထိုးရန် ၅ မိနစ်အလိုတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေနှင့် သားဖြစ်သူ ကိုဇော်နိုင်ဦးတို့ လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခြင်းနှင့်ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာ အများဆန္ဒနဲ့ထပ်တူ မဲပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပြီး ပါတီနိုင်ငံရေးမလုပ်၊ အမျိုးသားနိုင်ငံရေးသာလုပ်မည်ဖြ စ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ သားဖြစ်သူ ကိုဇော်နိုင်ဦးက မဲပေးရာတွင် NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်အား ပေးခဲ့ကြောင်း ယင်းသို့ပေးရခြင်းမှာ လူပုဂ္ဂိုလ်အရ လေးစား၍ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားသည်။

ဒဂုံဆိပ်ကမ်း ၉၄ ရက်ကွင်းတွင် မဲစာရင်းတွင်မပါဝင်သူ ၃၀၀ ကျော်ရှိနေ

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ ၉၄ ရပ်ကွက်တွင် မဲပေးခွင့်ရှိပြီး မဲစာရင်းတွင် မပါဝင်သူ ၃၀၀ ကျော်ခန့်ရှိကြောင်း စာရင်းပြုစုနေသော အဖွဲ့ငယ်များမှ သိရသည်။ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံ ၁၄ ရုံဖွင့်လှစ်ထားသည်။ ထိုကျောင်းရှေ့တွင် မဲစာရင်းတွင် မပါဝင် သူများက လာရောက်ကာ စုရုံးနေကြသည်။ ယင်းတို့ကို ရွေးကောက်ပွဲစောင့်ကြည့်ကွန်ယက် ၈၈ နှင့် NLD အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်များက စာရင်းပြုစုလျက်ရှိသည်။ ၉၄ ရပ်ကွက်တွင် ကျပန်းမေးမြန်းမှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အားကောင်းလျက်ရှိကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။ မဲလာထည့်သည့် ဆန္ဒရှင်များအား ကျပန်းမေးမြန်းရာ ၁၅ ဦးတွင် ၁၀ ဦးက NLD ကို မဲထည့်သည်ဟု ဖြေကြားပြီး ၅ ဦးက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ မဲစာရင်းတွင်မပါဝင်သူ အများစုသည် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးခဲ့သူများဖြစ်ကြသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပါတီ ၇ ခုမှ ၀င်ရောက်ယှဉ်ပြိုင်သည်။

ကော့မှူးမြို့ပေါ်မှာ မဲရုံ ၃ ရုံမှမဲပေးပြီး ထွက်လာသူ ၁၂ ဦးကို ကျပန်းမေးမြန်းကြည့်ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြောင်း ပြောသည်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက် မဲရုံအမှတ် (၃)အနီး နေထိုင်သူအများစုက ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းအတွက် စုပေါင်းစာရင်းကောက်ယူ၍ မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက်ကြမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

"မနှစ်က အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပါရင် မဲပေးလို့ရတယ်။ ဒီနှစ်ကပေးလို့မရဘူး။ ၂၄ ရက်နေ့မဲစာရင်းပိတ်တယ်ဆိုတာ ကျူပ်တို့ကိုမှ မပြောတာ။ ကြိုတင် မဲစာရင်းကောက်တုန်းက လော်နဲ့အော်ပြောသလို အခုမဲစာရင်းပိတ်တဲ့ဟာကို လော်နဲ့အော်ပြောရင် ဘာဖြစ်မှာမို့လို့လဲ"ဟု မိသားဝင် ၆ ဦးစလုံး မဲပေးခွင့်မရရှိခဲ့သူ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

မကွေးမြို့ အမှတ် ၈၈ တပ်မဌာနချုပ် ခြေမြန်တပ်ရင်းအတွင်းရှိ မဲရုံနှင့် ခုတင်တစ်ရာဆံ့ဝင်းအတွင်းရှိ မဲရုံနှစ်ရုံတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ လွှဲ၍ အခြားပါတီများမှ မဲရုံကိုယ်စားလှယ်နှင့်တာဝန်ရှိ သူများကို မတွေ့ရှိရကြောင်း 7Day News သတင်းထောက် သတင်းပေးပို့ထားသည်။ ထိုမဲရုံ ၂ ရုံတွင်မဲပေးခဲ့သော မဲဆန္ဒရှင်တပ်မတော်သားများနှင့် မိသားဝင်အချို့ကို မေးမြန်းရာတွင် ၄င်းတို့၏ ဆန္ဒအလျောက်သာ လွတ်လပ်စွာမဲပေးခဲ့ကြကြောင်းပြောဆိုသည်။ မည်သည့်ပါတီကို မဲပေးရမည်ဆိုသည့် ညွှန်ကြားချက်မျိုးလည်းမရှိကြောင်းသိရသည်။ အသက် ၂၃ နှစ်အရွယ် တပ်မတော် သားတစ်ဦးက "သိတဲ့အတိုင်းပဲလေ။ တပ်မတော်သားဆိုတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခဲ့တယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် ကြိုက်လို့ပေးခဲ့တာ" ဟုဆိုသည်။

မန္တလေးမြို့ ရဲမွန်သောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲဆန္ဒရှင် အမည်များ မဲစာရင်းတွင် မပါဝင်သောအဖြစ်အပျက်များရှိကြော င်းသိရသည်။ ၂၀၁၀ ခုနှစ်တွင်လည်း မဲပေးခဲ့သော မဲဆန္ဒရှင်များ၏ စာရင်းများကောက်ယူခဲ့ပြီး စာရင်းတွင် ပါဝင်သည်ဟု သက်ဆိုင်ရာလူကြီးက ပြောသည်ဟုဆိုသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် ရန်ကုန်မှ လေယာဉ်စီးလာ၍ မဲလာပေးမည့် ယောက်ျားဖြစ်သူကို မည်သို့ရှင်းပြရမည်မသိဘဲ မျက်ရည်လည်နေပြီဖြစ်ကြောင်း 7Day News သတင်းထောက်မှ သတင်းပေးပို့ထား သည်။ ယင်းကိစ္စကို ခရိုင်ကော်မရှင်တာဝန်ရှိသူများက ရှင်းလင်းပြောကြားနေပြီး မဲစာရင်းတွင် မပါဝင်သူများ မဲပေးခွင့်ရ၊ မရမသေချာသေးကြောင်းသိရသည်။ အချို့အလုပ်သမားမဲဆန္ဒရှင်များကလည်း နာမည်ရှာမတွေ့ခြင်းအား စောင့်ဆိုင်းမနေတော့ဘဲ အလုပ်ခွင်သို့ သွားရောက်နေကြပြီဖြစ်သည်။

စစ်ကိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ၌ မဲပေးနိုင်သူ ၁၂၀၀ ရှိရာတွင် ကြိုတင်မဲမည်မျှပေးပြီးရှိသလဲဟု မေးမြန်းရာ၌ ကျေးရွာကော်မရှင် တာဝန်ရှိသူတစ်ဦးက ကြိုတင်မဲအရေအတွက်ကို မပြောနိုင်ဘူးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းကျေးရွာ၌ မဲပေးရန် ပြန်လာသော ဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသား တစ်ဦးသည် မဲစာရင်း၌ နာမည်မပါ၍ မဲပေးခွင့်မရခဲ့ကြောင်း၊ ထို့အတူ သမ၀ါယမ ကျောင်းသူတစ်ဦးနှင့် GTC ကျောင်းသားတစ်ဦးတို့ကလည်း ယင်းရွာ၌ပင် နေထိုင်ပြီး မဲပေးခွင့်မရခဲ့ကြောင်း ဖြေကြားကြသည်။ ယင်းကဲ့သို့ အထောက်အထားအပြည့်အစုံရှိပါလျက် မဲပေးခွင့်မရသူပေါင်း ၁၇၀ ဦးခန့်ရှိကြောင်းသိရသည်။

7Day News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၃)


ကြားဖြတ်ရွေးကောက်ပွဲ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုစားပြုဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းဒေါက်တာမျိုးအောင်၏ မဲဆန္ဒနယ်မှ မဲပေးနေကျသူများ

မဲရုံပေါင်း ၆၇
မဲပေးနိုင်သူ ၈၁၅၈၄

ပခုက္ကူမြို့ ရွှေဘေးရွာ မဲစားရင်းတွင် ပါဝင်သော ဆန္ဒမဲပေးခွင့်ရှိ သူများ၏ မဲလက်မှတ်များ ပျောက်ဆုံးသွားသိအတွက် မဲပေးခွင့်မရရှိကြောင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။

မြိုင်မြို့ အောင်သုခရွာ မဲရုံရှေ့တွင် ကြံခိုင်ရေးပါတီမှ ယူနီဖောင်းများဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေကြောင်း မြိုင်မြို့ အမှတ် (၁) ရက်ကွက် နေထိုင်သူ မဲပေးခွင့်ရှိသူ အနည်းဆုံး လူ (၂၀၀)ခန့်သည် မဲစာရင်းတွင်မပါ မဲထည့်ခွင့် မရရှိ မြိုင်မြို့ ညောင်ပင်ရွာတွင် မဲစာရွက်ပေါ်တွင် ဆန္ဒမဲပေးရာ မင်မထင်ဘောပင်မကောင်း ဆန္ဒမဲပေး၍မရကြောင်း မြိုင်မြို့ NLD ပါတီဝင် ဦးကျော်ကျော်သက်မှ သတင်းပို့ပါသည်။

မကွေးမြို့မှာလည်း ရပ်ကွက်တိုင်းမှာ အိမ်ထောင်စုတိုင်းရဲ့ မဲပေးနိုင်သောလူဦးရေရှိသလောက် မဲပေးခွင့်မရကြဘူး။ ကျမတို့ကိုဘဲ ဘယ်မဲရုံရဲ့ မဲစာရင်းမှာမှ မပါခဲ့လို့ ရပ်ကွက်ကော်မရှင်ရုံးကို သွားပြောခဲ့လို့ လျှောက်လွှာမှာ ဖြည့်ပြီးပြန်တင်ခဲ့လို့ မဲရလာခဲ့တာ။ အမတို့လို ရပ်ကွက်ကော်မရှင်ရုံးကို သွားမပြောကြလို့ ဘယ်မဲရုံရဲ့ စာရင်းထဲမှာမှ မပါလို့ မဲမပေးရတဲ့သူတွေ မကွေးမြို့ရဲ့ ရပ်ကွက်တိုင်းလိုလိုမှာပဲ အများကြီးပဲရှိကြတယ်။

ပခုက္ကူမြို့နယ် အမှတ် (ံ၃) ၇ပ်ကွက် နှင့် အမှတ်(၁၁) မဲ၇ုံများတွင် ယခင် မဲပေးခွင့်ရရန် ထုတ်ပေးထားသော လက်မှတ်များနှင့်သွားရောက် မဲထည့်ရာ လက်မခံကြောင်းနှင့် ယင်းလက်မှတ် များရှိလည်း ဘာမှလုပ် မရကြောင်း ရပ်ကွက်ကော်မရှင်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။ သက်သေ....ဦးသိန်းလွင်၊ကိုဌေးကျော်၊မနွေနွေခင်

Myanmar News Now

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၂)


မန္တလေးမှာ အင်းတိုက်အားတိုက်မဲပေးနေစဉ်

မန်းကြားဖြတ် မဲပေးသူများ အင်တိုက်အားတိုက် မဲပေး

မန္တလေးမြို့ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက် နံနက် ၆ နာရီက စတင်ကျင်းပရာ မဲပေးသူများသည် မဲရုံ မဖွင့်မှီက ပင် မဲရုံသို့ လာရောက် မဲပေးရန်စောင့်ဆိုင်းနေကြကြောင်း မန်း မြို့ ခံ တစ်ဦးကပြောသည်။ " ဟေမ မာလာ မြောက် ရပ်ကွက် မဲရုံ ၃ တွင် ပထမဆုံးမဲ လာပေးသူ ဒေါ်အမာညွန့် က အိမ်က ဖွင့်ထားတဲ့ စတိုးဆိုင် မှာ ဈေးရောင်းရမှာမို့  အစောဆုံးမဲ လာပေးတာ၊ မဲပေးရတာ အဆင်ပြေပါတယ် " ဟု ပြောသည်။ မဲရုံကို ၆ နာရီ အတိမှာ ဖွင့်တယ်။ မဲရုံတာဝန်ရှိသူတွေက ၄ နာရီ ကတည်းက လာကြတယ်လို့ ပြောတယ်။ မဲရုံထဲကို မ၀င်ရတော့ ကြိုတင်မဲ ကြေငြာတာနဲ့ မဲပုံး စစ်ဆေးတာ မမြင်ရဘူး။ မဲရုံတာဝန်ရှိသူတွေက ဆက်ဆံတာ ၂၀၁၀ ထက်စာရင် ပိုကောင်းလာတယ်။ သတင်းယူရတာလည်း အဆင်ပြေပါတယ်။ မဲရုံထဲ မ၀င်ရပေမယ့် အပေါက်ဝကနေ ဓါတ်ပုံ ရိုက်လို့ ရတယ် ဟု မန်း သတင်း ထောက် တစ်ဦးကပြောသည်။

"သုံးခွတွင် ပြည်ခိုင်ဖြိုးပါတီမှ ၇၀ ရာခိုင်နှုန်းအောင်ရမည်ဟု မျှော်လင့်ထား"

သုံးခွမြို့နယ် မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအတွက် ၇၀ ရာခိုင်နှုန်းမျှော်လင့်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းတွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကပြောသည်။ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၁၁၂၇၉၀ ဦးရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီဝင်ဦးရေ လေးသောင်းကျော်ရှိခြင်းကြောင့် အောင်နိုင်ရေးအတွက် လေးဆယ်ရာခိုင်နှုန်းမှာ သေချာသလောက်ရှိနေပြီး၊ ၄င်းတို့၏ စည်းရုံးရေးအပေါ်လည်း အားရကျေနပ်မှုရှိခြင်းကြောင့်၊ ထို့သို့ပြောရခြင်းဖြစ်ကြောင်း ဦးသာဝင်းကပြောသည်။

ဧပြီလ (၁)ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်မင်းက "ကျွန်တော်က ပြိုင်ရင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်တာပဲလေ၊ ကိုယ့်ပါတီ ကိုယ်ယုံကြည်လို့ပြိုင်တာလဲဖြစ်တဲ့အတွက် အနိုင်ရမယ်လို့ယုံကြည်ပါတယ်"ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများကို ဦးစားပေးစည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေဇင်+ဝေယံ

ဇေယျသိဒ္ဒိရပ်ကွက်မဲရုံသို့ သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်

နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်။




နိုင်ငံတော် သမ္မတ လာရောက် မဲဆန္ဒပြုမည်ကို စောင့်မျှော်နေကြသော မီဒီယာသမားများ

Popular Myanmar News Journal

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၁)


ဝါင်္သခ ည....(AFP Photo)

ဒေါ်အောင်ဆန်းစုကြည် နတ်စင်ကုန်း မဲရုံသို့ဝင်ကြည့်ပြီး ရန်ကုန်သို့ ပြန်မည်

နံနက် ၉ နာရီခွဲ ၊ ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ YPI

ဒေါ်အောင်ဆန်းစုကြည်သည် ငှက်အော်စမ်းမှ ကော့မှူးသို့ရောက်ရှိလာပြီး မကြာမီအချိန်ပိုင်းတွင် နတ်စင်ကုန်း မဲရုံကိုကြည့်ရှုပြီးနောက် ရန်ကုန်သို့ တန်းပြန်တော့မည်ဟု ကော့မှူးမှ သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊ မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။

မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။

ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။

နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။

မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။

-----------------------------------------------------------

မဲရံမှူး စည်းကမ်းချိုးဖေါက်

လားရှိုး-နံနက် ၉နာရီ ၄၀ မိနစ် ၊ ဧပြီ ၁ ရက်၊ YPI

လားရှိုးမဲဆန္ဒနယ်မြေ အမက (၁၂) ကျောင်းဝင်းထဲက မဲရုံအမှတ် (၄) မှာ မဲထည့်နည်း နားမလည်တဲ့ မဲဆန္ဒရှင်တွေကို ကြံ့ခိုင်ရေး အကွက်လက်ညှိုးထိုးပြပြီး ခြစ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကို ပါတီ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာကို မကန့်ကွက်ဖို့ တားမြစ်ပါတယ်။

ဒါတင်မက မဲရုံစည်းကမ်းနဲ့ မကိုက်ညီပဲ နယ်မြေမှူးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း မဲရုံထဲ ၀င်ရောက်နေတယ်လို့ သိရပါတယ်။ လုံခြုံရေးတွေ ၀င်ရောက်နေတဲ့ကိစ္စကိုတော့ မဲရုံမှူးက မသိနားမလည် လို့ပါဆိုပြီး တောင်းပန်ကြောင်း သွားရောက်ကြည့်ရှုတဲ့ ကျားဖြူ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

လားရှိုးက မဲရုံတွေမှာ ကြိုတင်မဲ အနည်းငယ်စီသာ ရှိကြောင်း စုံစမ်းသိရပါတယ်။

Yangon Press International

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)

ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြော င်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။




ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်

နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာအတူတူပါပဲ။ နိုင်ငံတော်အကြီးအကဲတွေကလည်း နိုင်ငံ တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ " ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၉)

ပခုက္ကူမြို့ အမှတ်(၅)ရက်ကွက် မဲ၇ုံ (၁) ၏ တည်နေရာ မူလသက်မှတ်ထားသောနေရာမှ ယနေ့မဲပေးသည့်နေ့တွင် နေရာပြောင်းလဲသွားပါကြောင်း.. အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူ ကိုဖိုးရှုပ်မှ ပြောကြားပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် အမက (၁၇)ကျောင်းအတွင်း မဲရုံအမှတ် (၅)တွင် မဲဆန္ဒရှင်ပြည်သူမှ မဲလက်မှတ် လဲခိုင်းရာ မဲရုံမှူးမှ မဲလက်မှတ်အသစ်လဲမပေးပါ။ ၄င်းမဲရုံတွင် တိုင်းကော်မရှင် ရောက်ရှိနေ၍ ၄င်းတို့ကိုယ်တိုင်မှလည်း လဲခွင့်မပေးနိုင်ကြောင်း၊ လဲခွင့်မရှိကြောင်း NLD အဖွဲ့ဝင် ဒေါ်နွေနွေလှိုင်မှ သတင်းပို့ပါသည်။

ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် ၅ လမ်းတွင် တည်ရှိသော မဲရုံအမှတ် (၆) တွင် မဲရုံမှူး ဦးမောင်ဝင်း၏ ဇနီး ဒေါ်မော်လီ (အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး) နှင့် ဒေါါ်အေးတို့သည် မဲရုံဝင်းအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီ အားမဲထည့်ရန် မဲဆွယ်စည်းရုံးနေကြောင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။ ၄င်းမဲရုံတွင် မဲဆန္ဒရှင်များ လဲခိုင်းသော ဆန္ဒမဲလက်မှတ်များ လဲခွင့်မရပါ။

ပခုက္ကူမြို့ (မြို့သစ်) တွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၁၀၀)ကျော်သည် ဆန္ဒမဲပေးခွင့်မရပါ။ မှတ်ပုံတင် အိမ်ထောင်စုဇယားများ ယူဆောင်သွားသော်လည်း ပေးခွင့်မရရှိပါ။ အဆိုပါနေရာတွင် ပခုက္ကူမြို့ ပြည်သူ့လွတ်တော် ကိုယ်စားလည်လောင်း ဦးပိုက်ကိုနှင့် သတင်းထောက် အဖွဲ့များလည်း ရောက်ရှိကြောင်း ဦးခင်မောင်ရွှေမှ သတင်းပို့ပါသည်။

Myanmar News Now



ယနေ့ မဲရုံတခုအားမြင့်တွေ့ ရစဉ် (ဓါတ်ပုံ-NLD)

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၈)


ဓါတ်ပုံ(NLD)

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်မဲရုံတွင်မဲရုံ ကိုယ်စားလှယ်များအားတစ်နေကုန်ထိုင်နေရမည်။ လမ်းလျှောက်ခွင့်မရှိကြောင်းမဲရုံမှူးက ခြိမ်းခြောက်မှုများရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စစ်ကိုင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ မတ် ၃၁ ရက်ည ၈ နာရီက ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာ၌ NLD ကသတင်းဓာတ်ပုံ ရိုက်ယူရာမှ နှစ်ဖက်ပဋိပက္ခဖြစ်ပွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ဗီဒီယိုရုံပိုင်ရှင်၏သား ဓားထိုးခံရ၍ သေဆုံးသွားကြောင်းသိရသည်။

7Day News Journal

------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊ မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။ မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။

ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။ နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။ မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။

Yangon Press International

--------------------------------------------------------------------------------------

မရမ်းကုန်း ၉ ရပ်ကွက် မဲရုံ ၈ မဲစာရင်းစတင်ပိတ်၊ NLD တစ်မဲသာရ

မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် မဲရုံနံပါတ် ၈ မဲစာရင်းကုန်သွားပြီဖြစ်သဖြင့် မဲရေတွက်ရာ NLD ပါတီမှ တစ်မဲသာရရှိခဲ့ကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။ မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၇၃ ယောက်ရှိပြီး ကြိုတင်မဲ ၁၀၁ မဲရှိကြောင်း စုံစမ်းသိရှိရသည်။

လက်တလောစာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ၁၆၇ မဲ ၊ ပယ်မဲသုံးမဲ၊ မြန်မာကွန်ရက်မှ တစ်မဲ၊ NLD မှ တစ်မဲသာရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီမဆိုထားနှင့် ပယ်မဲပင်လျှင် NLD ကို ဖြတ်တက်သွားကြောင်း တွေ့ရှိရသည်။

weekly express times

မူရင်းလင့်က ဒီမှာပါ။