Friday, March 30, 2012

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ မြန်မာစကားတတ်ပြီး မြန်မာအချင်းချင်း အင်္ဂလိပ်လို့ ပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အတုယူသင့်ပါတယ်။ မြန်မာစကားကို လေးစားပြီး မြန်မာတွေကြားမှာ ပျော်ရွှင်နေတဲ့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသားကို ယူပြီး သားတွေကို မြန်မာစကား သင်မပေးတဲ့ မြန်မာတစ်ယောက်ထက် အများကြီး ပိုသာပါတယ်...။









မူရင်းလင့်က ဒီမှာပါ။

ကြံ့ဖွတ်ကိုမှ ပေးချင်သူ (မဲ)

ကာတွန်းနေမျိုးအေး – မဲပေးမှားရင် …
မတ် ၂၉ ၊ ၂၀၁၂

မူရင်းလင့်က ဒီမှာပါ။

မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို

ဓာတ်ပုံ CIA World Factbook
Irrawaddy delta

မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။

တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းစတဲ့ မြန်မာပြည်က အဓိက မြစ်ကြီးတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မျိုးဆက်သစ်တွေအကျိုးအတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနဲ့ ရေစီးရေလာ ကောင်းမွန်ရေးအတွက်ရည်ရွယ်ပြီး အခုလို တားမြစ်မိန့် ထုတ်ပြန်တာဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ထုတ်ပြန်ချက်ကို FREDA ခေါ် သယံဇာတပတ်ဝန်းကျင် ဖွံဖြိုးတိုးတက် ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ဒုဥကဌ ဦးအုံးက ကြိုဆိုကြောင်း ပြောပါတယ်။ “သတ္ထုတွေမတူးဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ဗျာ။ တူးလို့ရှိရင်လည်း ဘေးအန္တရာယ် မဖြစ်အောင် တူးလို့ရှိရင်တော့ ကျနော်တို့ မကန့်ကွက်ပါဘူး။ ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့မှာ ရွှေတူးတဲ့ အခါမှာ စက်တွေနဲ့ တူးတယ်။ စက်တွေနဲ့တူးပြီးတော့ ပြဒါးတို့၊ ဆိုင်ယာနိုဒ်တို့ သုံးတော့ အကုန်လုံး အဆိပ် တွေသင့်ပြီးတော့ pollution တွေဖြစ်တယ်။ အခု ရွှေတူးတာက မြစ်တွေ ချောင်းတွေ အင်းတွေ အိုင်တွေ အကုန်လုံး အဆိပ်တွေ သင့်ပြီးတော့ pollution တွေဖြစ်လို့ ကန့်ကွက်နေရတာပါ။”

ဒီမြစ်ကြီးတွေရဲ့ ရေစီးရေလာကောင်းမွန်ရေးအတွက်ဆိုရင် မြစ်ကြောင်းတွေပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေက မြစ်ရေစီးဆင်းတာကို ထိခိုက်စေနိုင်ကြောင်း ဦးအုံးက ဆက်ပြောပါတယ်။ ဒါကြောင့် လက်ရှိ တည်ဆောက်နေတဲ့ ရေကာတာတွေကို သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကို သေချာဆန်းစစ်ဖို့ လိုအပ်ကြောင်း ဦးအုံးက ထောက်ပြပါတယ်။

“ရေကာတာတွေ ဆောက်လို့ရှိရင် သုံးမျိုးလုပ်ရမယ်။ EIA လို့ခေါ်တဲ့ Environment Impact Assessment ၊ SIA လို့ခေါ်တဲ့ Social Impact Assessment ၊ နောက်တခုက Environmental Management Plan ၊ Environment ပျက်တဲ့အတွက် ဘယ်လို ပြန်ပြီးကောင်းအောင် လုပ်မယ်ဆိုတဲ့ Plan ပါ လိုပါတယ်။ ဒီ၃ခု မလုပ်ဘဲနဲ့ ဘယ်ရေကာတာမှ ဆောက်ခွင့်ပြုဖို့ မကောင်းပါဘူး။ ခုက ဘာမှ မလုပ်ဘဲနဲ့ သူတို့ဖာသူတို့ စလုပ် နေတယ်။ ဒီဟာတွေလုပ်လို့ အဖြေထွက်မှ ပြည်သူလူထုကို ချပြ ၊ ပြည်သူလူထုက ကောင်းတယ်၊ မကောင်း တယ် ဝေဖန်သုံးသပ်ပြီး ဒီမိုကရေစီဆန်ဆန်လုပ်ပြီးမှ အစိုးရက ဆုံးဖြတ်ရမှာ။ အခုတော့ ဘယ်သူမှ မဆုံး ဖြတ်ခင် သူတို့ လုပ်ချင်ရာ လုပ်တယ်။”

ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က လက်ထောက် တာဝန်ခံ မအားနန်ကတော့ သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“အခုချိန်မှာ နေပြည်တော်က ပြောလိုက်တဲ့အလုပ်တွေက တိုင်းရင်းသားဒေသတွေမှာ တကယ်ထိရောက်မှု မရှိဘူးလို့ ကျမတို့ မြင်တယ်။ ဒီမြစ်ဆုံနေရာမှာ တကယ်တမ်း ဘယ်သူရွှေတူးနေလဲ။ သူတို့ အရင်ကတည်း ကလည်း မနှစ်ကတည်းကလည်း ကြေညာခဲ့တယ်။ မြစ်ချောင်းတွေမှာ ရွှေအကြီးးအကျယ် တူးခွင့်မပေး တော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီဒေသမှာက ဆက်လက်ပြီးတော့ တူးဖော်နေတယ်။ တကယ့် အစိုးရဌာန တွေကနေပါဝင်ပြီးတော့ ဆက်လက် တူးဖော်နေတာကို တွေ့ရှိရတယ်။ အဲဒါကြောင့် တကယ်တမ်းမြစ်ဆုံမှာ တခြားမြစ်ချောင်းတွေပေါ်မှာ ရွှေတူးရပ်မရပ်ဆိုတာကို ကျမတို့ သေချာလေ့လာစမ်းသပ်ဖို့လိုတယ်ပေါ့နော်။”

မအားနန်ကတော့ မြစ်ကြီးးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် မြစ်ကြီးးတွေပေါ်မှာ တည်ဆောက်တဲ့ ရေကာတာတွေ သာမက မြစ်လက်တက်ပေါ်က ရေကာတာတွေကိုပါ ရပ်တန့်ဖို့ လိုမယ်လို့ ပြောဆိုပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့မြစ်ချောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီရေကာတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ် ပေါ့နော်။ ဥပမာ ဧရာဝတီမြစ်မှာဆိုရင် ရေကာတာဆောက်ခြင်းအားဖြင့် မြစ်အောက်ပိုင်းမှာ ဆိုးကျိုး အများကြီး ရှိနိုင်တယ်ဆိုပြီးတော့မှ ပညာရှင်တွေအပြင် ကျမတို့ အမြဲတမ်းတောင်းဆိုတာရှိတယ်။ ဒါပေမဲ့ အစိုးရ ပြောတာကတော့ သူ့ဆီမှာစီးဝင်နေတဲ့ မြစ်လက်တက်တွေအများကြီးပဲလို့ ပြောတယ်။ တကယ်တန်း ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တွေကိုပြန်ကြည့်မယ် ရွှေလီတို့၊ မြစ်ငယ်မြစ်တို့ ပြန်ကြည့်မယ်ဆိုရင် ဒီမှာ ရေကာတာဆောက်ပြီးတဲ့ဟာနဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပြည့်နေတဲ့ဟာတွေ ရှိတယ်။ ဒီလိုမျိုးစီမံကိန်းတွေ ရှိနေသရွေ့ကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီမြစ်ချောင်းအင်းအိုင်တွေကို လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အခြေအနေရောက်သွားမှာပဲ သေချာ တယ်။”

မြန်မာပြည်ရဲ့ အဓိကမြစ်ကြီးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ကြောင်းကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာပြည်တွင်းက ပညာရှင်တွေနဲ့ ပြည်သူအများက ဧရာဝတီမြစ်ဆုံ ဆည်တည် ဆောက်တာကို ကန့်ကွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတက ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

လောလောဆည်မှာတော့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း (၇) ခု၊ သံလွင်မြစ်ပေါ်မှာ တာဆန်း၊ ၀ဲကြီး၊ ဟတ်ကြီး၊ ဒါးဂွင်၊ ရွာသစ်ရေကာတာစီမံကိန်းနဲ့ ချင်းတွင်းမြစ်မှာ တမံသီ ရေကာတာစီမံကိန်းတွေကို အချို့ တည်ဆောက်နေပြီး အချို့ကို တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီရေကာတာတွေကြောင့် ကျေးရွာနဲ့ လယ်ယာမြေ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ နစ်မြုပ် ဆုံးရှုံးမှာဖြစ်သလို မြစ်အောက်ပိုင်းဒေသတွေမှာလည်း ရေခမ်းတာနဲ့ ပင်လယ်ရေ၀င်ရောက်လာမယ့် ဆိုးကျိုးသက်ရောက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဒီရေကာတာ စီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားကိုလည်း အိမ်နီးချင်းတိုင်းပြည်တွေကို အဓိက တင်ပို့ ရောင်းချမှာဖြစ်တာကြောင့် ဒေသခံတွေ အကျိုးအမြတ်မရနိုင်ကြောင်းလည်း ဝေဖန်ကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

လွှတ်တော်သုံးရပ် ကော်မတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် မရှိ

ဓာတ်ပုံ ASSOCIATED PRESS
(AP Photo/Khin Maung Win)

မြန်မာနိုင်ငံထဲက လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေခုံရုံ က မတ်လ (၂၈) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ဒီ ကော်မတီတွေနဲ့ ကော်မရှင်တွေကို အခုလို ပြည်ထောင်စုအဆင့်မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် လွှတ်တော်ရေးရာလုပ်ငန်းတွေမှာ အခက်အခဲ တချို့ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ကော်မရှင်တွေဟာ လွှတ်တော်ရဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေသာဖြစ်ပြီး ဖွဲစည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နဲ့ ညီညွတ်ခြင်းမရှိလို့ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မတ်လ (၂၈) ရက်နေ့ မနက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေးရာကော်မတီတွေ၊ ကော်မရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့ထားတာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာဟာ ဘာနဲ့ဆိုင်လဲဆိုရင် ဖွဲ့စည်းပြီးသားဖွဲ့စည်းပုံမှာ ပါတာ ရှိပါတယ်။ အကုန်လုံးက ပြည်ထောင်စုအဆင့်လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေအကုန်လုံးဟာ ပြည်ထောင်စုအဆင့်လို့ သတ်မှတ် ခဲ့ပါတယ်။ အဲဒီ ဥပဒေဟာလည်း ပြဌာန်းထားပြီးသားမို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သုံးခုမှာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့်ဆိုတဲ့ ဝေါဟာရကို သုံးကြပါတယ်။ အဲဒီမှာ အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအဆင့်ဆိုတာ-ဘာလဲလို့- တင်တဲ့အခါမှာ အခုလို ဒီအမည်နဲ့ ပတ်သက်လို့ အငြင်းအခုန်လေးတွေကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးတဲ့အခါမှာ လွှတ်တော်မှာဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သူတို့က သုံးသပ်ချက်ပေးတာ ဖြစ်ပါတယ်။”

အထူးသဖြင့်ကတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ထဲက ဥပဒေပညာရှင် ဦသန်းမောင်က ပြောပါတယ်။

“နိုင်ငံတော်သမ္မတရဲ့ အစိုးရအဖွဲ့ကနေ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကလွဲလို့ ကျန်တာတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ဘူးလို့ အဓိပ္ပာယ်ကောက်လိုက်တဲ့ သဘောပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ လွှတ်တော်ပိုင်းနဲ့ဆိုင်တဲ့ တာဝန်တွေကတော့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလို့ သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ- ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာအလုပ်တွေ၊ လိုအပ်ရင် အရေးပေါ်ကိစ္စတွေ၊ ထူးခြားတဲ့ကိစ္စတွေ၊ ဒါတွေကိုတော့ ကျနော်တို့က ဆက်လက်ဆောင်ရွက်သွားမှာပေါ့နော်။

အမှန်ပြောမယ်၊ အခြေခံဥပဒေကနေ ပေးထားတဲ့ ပုဒ်မတွေအရ ကျနော်တို့က ဖွဲစည်းလာကြတာ ပေါ့နော်။ ဒါတွေကလည်း ရှင်းရှင်းပြောရရင် လွှတ်တော်ရဲ့ များပြားလှတဲ့တာဝန်တွေကို တတ်သိနားလည်တဲ့ သူတွေကို ဖိတ်ခေါ်ထည့်သွင်းပြီးတော့ လုပ်ကြရတယ်၊ ရှိသမျှ အင်အားတွေနဲ့ ၀ိုင်းပြီးတွန်းရတဲ့ စံနစ်တခုကို ဖော်ဆောင်နေရတာ။ အဲဒီတော့ လက်တွေ့လုပ်ရတဲ့ နေရာမှာ အခက်အခဲလေးတွေတော့ တွေ့လာကြရပါတယ်။”

ဒါကတော့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ထဲက ဥပဒေပညာရှင် ဦးသန်းမောင် ပြောပြခဲ့တာပါရှင်။

အခုလို ဒီကော်မတီတွေနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် မရှိဘူးတော့ဘူးလို့ သတ်မှတ်လိုက်တဲ့ အတွက် အစိုးရလုပ်ငန်းတွေကို စောင့်ကြပ်တည့်မတ်ပေးရေးကိစ္စတွေမှာ အစိုးရဘက်က အဆင့်မတူဘူး ဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်သလို ကော်မတီတွေရဲ့ လုပ်ငန်းတွေကိုလည်း အစိုးရက ထိန်းချုပ်ချင်တဲ့ သဘောကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတည်ဖြစ်ပြီး ပြန်လည် တင်သွင်းခွင့်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ဒေါက်တာအေးမောင်ကတော့ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ကိုယ်စားလှယ်တွေရော ပြည်သူလူထု အားလုံးဟာ ဖွဲ့စည်းပုံအခြေခံနဲ့အတူ တည်ဆဲ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့လည်း ဒေါက်တာအေးမောင်က မြင်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကဏ္ဍတွေကို ထိန်းချုပ်ချင်တဲ့သဘောလည်း ဖြစ်လာနိုင်ပါတယ်။ ခုနလို ကော်မတီတွေရဲ့လုပ်ငန်းအပေါ်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက ငြင်းဆိုခွင့် ရှိနိုင်အောင်လည်းပဲ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒါတွေရဲ့အကျိုးဆက်တွေက တော့ဖြင့် ကျနော်ထင်ပါတယ်။ ကျနော်တို့ခန့်မှန်းမရတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။

ပြည်ထောင်စုအဆင့်မရှိဘူးဆိုရင် ပထမဆုံးအဆင့်က ချိုးနှိမ်လိုက်တာပေါ့။ ဂုဏ်သိက္ခာအားဖြင့် ဥပမာအားဖြင့် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ ပြည်ထောင်စုအဆင့် မဟုတ်တော့ဘူးလို့ ချိုးနှိမ်တဲ့သဘော ဖြစ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်က တည့်မတ်ပေးဖို့ ကြိုးစားရမှာဗျ။ ကျနော်တို့ ပြည်သူ့ကိုယ်စားလေ၊ မည်သူ့မျက်နှာမှ မထောက်နိုင်ဘူး။ ကျနော်တို့ဟာဖွဲ့စည်းပုံအခြေခံရဲ့ ပုဒ်မတခုချင်းကို ပြန်လည် စိစစ်ဖို့ လိုရင် စိစစ်ရမှာပဲ။ အဲဒီလိုပဲ တည်ဆဲဥပဒေတွေအပေါ်မှာလည်း ပြန်လုပ်ကြရမှာပဲ။ ပြည်သူကို အကျိုးပြုတယ်ဆိုရင် ဆက်တည်မြဲရမှာပေါ့နော်။ အကျိုးမပြုဘူးဆိုတဲ့ ပုဒ်မတခုချင်း၊ ကဏ္ဍတခုချင်းကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။”

ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီ (၂၄) ခုနဲ့ ကော်မရှင်တခု ဖွဲ့ထားတာရှိပြီး အမျိုးသား လွှတ်တော်မှာ ရေးရာကော်မတီ (၁၅) ခုနဲ့ ကော်မရှင်တစ်ခု ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာတော့ ပူးပေါင်းကော်မတီဆိုပြီး ပြန်လည်ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တွေ ရပ်နားထားတယ်ဆိုပေမယ့် ဧပြီလကုန်ပိုင်းပြန်စတဲ့အခါ ဒီပြည်ထောင်စုအဆင့်ရှိ မရှိဆိုတဲ့ သတ်မှတ်ချက်ကိစ္စကို ပြန်လည် ဆွေးနွေးတင်ပြလာတာတွေရှိမယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

သြစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။

အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ သြတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ကုန်သွယ်ခွန် အခြေခံကုန်အမျိုး ၇၀ အား ကင်းလွတ်ခွင့်ပြု

အသစ်ပြင်ဆင်လိုက်သည့် အခွန်သတ်မှတ်ချက်များအရ ကုန်သွယ်ခွန်များကို အခြေခံကုန်အမျိုး ၇၀ အား အခွန်ကင်းလွတ်ခွင့် ပြုလိုက်တာ အထူးကုန်စည် ၁၈ မျိုးမှလွဲလျှင် ကျန်ကုန်စည်အားလုံးအား တစ်ပြေးညီအခွန် ၅ ရာခိုင်နှုန်းဟု သတ်မှတ်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ပြောသည်။

ထို့နောက် အထူးကုန်စည်တွင် ပါဝင်သည့် ဓါတ်ဆီအား ယခင်အခွန် ၁၇၀ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဒီဇယ်ဆီအား ယခင် ၉၀ ရာခိုင်နှုန်းမျ ယခု၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချသတ်မှတ်လိုက်သည်ဖြစ်ရာကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တွန်းအားပေးနိုင်မည်ဟု ကျွမ်းကျင်သူများကရှုမြင်သုံးသပ်ကြပြီး အခွန်စနစ်သစ်သည် လာမည့်ဧပြီလ ၁ ရက်တွင် စတင်ကျင့် သုံးမည်ဖြစ်သည်။

ကုန်သွယ်ခွန် စနစ်သစ်အရကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း၊ ကုန်စည်ဝယ်ယူတင်သွင်းရောင်းချ သည့်လုပ်ငန်း၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ်ရာရောင်းချခြင်းလုပ်ငန်းများသည် တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၁၀၀ နှင့်အထက်ရရှိလျှင် ကုန်သွယ်ခွန်ပေးဆောင်ရမည်ဖြစ်သည်။ ပို့ကုန်ကဏ္ဍအတွက်မူနိုင်ငံ၏အဓိက မူပိုင်ထွက်ကုန်များဖြစ်သော ရေနံ၊ သဘာဝဓါတ်ငွေ့၊ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ၊ သစ်မာလုံးနှင့် သစ်ခွဲသားများ၊ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များ စသည့်ငါးမျိုးမှလွဲလျှင် ကျန်ကုန်စည်အားလုံးကို အခွန်ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အခွန်နှုန်းထားများ ကို ပြောင်းလဲ သတ်မှတ်လိုက်ရာတွင်ကုန်သွယ်ခွန်တွင် အကျုံးဝင်သော စားသောက်ဆိုင်များတွင် စားသုံးမှုအတွက်ပေးဆောင် ရသည့် ၁၀ ရာခိုင်နှုန်းအခွန်ကဲ့သို့သော အခွန်များသည်လည်း ၅ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်များအား စားသုံးသူ၊ ဝယ်ယူသူများဘက် မှပေးဆောင်ရမည်ဖြစ်ကာ အမှန်အတိုင်း အခွန်ပေးဆောင်ကြစေရေး အတွက်စီးပွားရေးလုပ်ငန်းများအား လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်းပြည်တွင်း အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မိုးကြည်ကပြောပြပခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

သတင်းမီဒီယာဆိုင်ရာ လွတ်လပ်သော အသင်းသုံးသင်း သုံးလအတွင်း ထွက်ပေါ်လာမည်

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးကို ဖျက်သိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မဟုတ်ေ တာ့သည့် သတင်းမီဒီယာဆိုင်ရာလွတ်လပ်သော အသင်းသုံးသင်း လာမည့် သုံးလအတွင်း ထွက်ပေါ် လာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က မတ်လ ၂၄ ရက်နေ့က ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး၏အရေးပေါ်ညီလာခံကြီးတွင် မြန်မာနိုင်ငံ သတင်းစာဆရာ များ အသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်း ဟူ၍ အသင်းသုံးသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သောကြောင့် ထိုသို့ဖွဲ့စည်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးကိုအလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သွားမည်ဖြစ်သည်။

“ဒီအသင်းတွေ ပေါ်လာတာနဲ့ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးက အလိုအလျောက်ဖျက်သိမ်းပြီးသား ဖြစ်ပါလိမ့်မည်” ဟု ဦးကိုကိုက ပာသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းတို့သည် ထိုအမည်ဖြင့် ပင်ပ်ါထွက်လာ မည်ဖြစ်သော်လည်း ပုံနှိပ်လုပ်ငန်းရှင်များအတွက်အသင်းမှာမူ လက်ရှိ တွင် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များအ သင်းဖွဲ့စည်းပြီး ဖြစ်သောကြောင့်ထိုအသင်းနှင့် ဆက်လက်ဆွေးနွေး ကာဖွဲ့စည်းသွားမည်ဖြစ်သည်။

“ဒီအသင်းတွေဟာပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ မဟုတ်တော့ဘဲနဲ့ အရင်ကထက်ပိုပြီးလွတ်လပ်တဲ့ အသင်းတွေ ဖြစ်လာပါလိမ့်မယ်”ဟု ဦးကိုကိုက ပြောသည်။ အဆိုပါအသင်းများ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီကိုရွေးကောက်တင်မြှောက်မည်ဖြစ်ရာ ပါဝင်လိုသူများက ဆန္ဒပြုရမည်ဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ အရေးပေါ်ညီလာခံတွင်လည်း အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဖြစ်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က ဒီမိုကရေစီနိုင်ငံတော်သို့သွားနေပြီဖြစ်သောကြောင့် အဖွဲ့ကြီး ကိုလည်း ခေတ်နှင့်လျော်ညီရန်ပြုပြင်ဖို့လိုအပ်လာသောကြောင့် ပြန်လည်ဖွဲ့စည်းသည့် သဘော လည်းဖြစ်ကြောင်း၎င်းက ပြောသည်။

ထိုအသင်းများ ဖွဲ့စည်းရာ တွင် မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွင် မြို့နယ်စာရေးဆရာများအသင်းနှင့် ဗဟိုစာရေးဆရာများ အသင်းတို့ ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းတွင်မူပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့် သတင်းစာဆရာများအသင်း ဟူ၍ ဖွဲ့စည်းမည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အသင်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အဖွဲ့၏ နာယက ဖြစ်သူဦးမြင့်ကြွယ်က ယခင်က အဖွဲ့အတွင်း၌ စာရေးဆရာများနှင့် သတင်းစာဆရာများပူးတွဲရှိခဲ့ခြင်းကြောင့် အကြောင်းအရာတစ်ခုပေါ်တွင် ကွဲပြားသော အမြင်များ ရှိခဲ့ဖူးကြောင်း လည်း ပြောသည်။

“အခုတော့ အမြင်တွေကွဲစရာမလိုတော့ဘူးပေါ့။ ဒီလို အသင်းတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် လက်ရှိ အသင်းဝင်ပေါင်း ၈,၀၀၀ကျော်ရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

ဝေးလံ သောဒေသများ

ဝေးလေံ ခါင်း ပါးသော ဒေသ များရှိ သဘာဝ တောရိုင်း အတွင်း၌ တဲအိမ် ကလေးများရှိတတ်ပါသည်။ ထို နေရာလေးများသို့ အပန်းဖြေခရီး ထွက်ခြင်းအားဖြင့် မိမိလက်ရှိနေရာမှ လုံးဝခြားနားဝေးကွာသောနေရာသို့ သွားလိုသူများအတွက် အသုံးဝင်ပါ သည်။ သဘာဝနှင့်တောရိုင်းဥယျာဉ် များအကြောင်း ဖော်ပြသည့် မဂ္ဂဇင်း များတွင် အဆိုပါနေရာလေးများ အကြောင်း ကြော်ငြာထားတာတွေ့ နိုင်ပါသည်။ သင့်အနေဖြင့် လမ်း လျှောက်သွားကာ ငှက်ကြည့်ခြင်း၊ ပြေလျော့စွာအနားယူခြင်း ပြုလုပ်နိုင် သောနေရာများဖြစ်ပါသည်။

မောင် (ဆေးတက္ကသိုလ်)

မူရင်းလင့်က ဒီမှာပါ။

သင်္ကြန်မှာ ရိပ်သာဝင်မယ့် နေမင်း

ရွှေစင်ဦး၊ သစ္စာနှင်းဆီ၊ ပါဝါကင်း တို့အပြင် ခရေဖြူ ဗီဒီယိုထုတ် လုပ်ရေးနဲ့ ကား လာတဲ့နေမင်းက ခရေဖြူအတွက်ပထမဆုံး "သက်တံမျက်ရည်" ဗီဒီယိုကို ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် စံရတီမိုးမြင့်တို့နဲ့ ရိုက်လာပါတယ်။ ကား ၂၀မို့ တစ်နှစ်ကျော်ရိုက်ရမှာ ဖြစ်ပြီး ယခုကားရဲ့ ဇာတ်လမ်: ဇာတ်ညွှန်းက အင်ကြင်းဟန်ဆိုတဲ့ အမျိုးသမီး စာရေး ဆရာမအသစ်ဖြစ်ပါတယ်။ ဒါရိုက်တာညွှန့်မြန်မာ ညီညီအောင်ရိုက်တဲ့ ပြင်ဦးလွင်နောက်ခံ "မျောလွင့်နေတဲ့တိမ်"ဗီဒီယို အခြေအနေကိုမေးတဲ့အခါ "အဲဒီကားကို အတော်လေး အားထားခဲ့ တာပါ။ ပြင်ဦးလွင်မှာရိုက်တာ ၂ကားစာ လောက်ကုန်ခဲ့ပါတယ်။ အဲဒီ ကားကိုကြည့်ပြီး တဲ့သူတွေက ဒီဗီဒီတင်ဖို့ အထိပြောကြတယ်။

ဒါပေမယ့် ရန်ကုန်ဖြန့်တဲ့အခါ တခြားကား ဆိုက်တက်နှုန်း တက်လျှော့နေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရေရာရာ မသိပေမယ့် စိတ်ထဲ အတော် ခံစားလိုက်ရပါတယ်။ ပရိသတ်ကို အကောင်း ဆုံးဖြစ်အောင် တင်ဆက်ကြမယ်ဆိုပြီး ရိုက်ခဲ့တာပါ။ အဲဒီအတွက် ဒီကားနဲ့ပတ် သက်လို့ ပရိသတ် အသံကြားချင်ပါတယ်။ ဒီကားမျိုး မကြိုက်ဘူးလား။ ဒါဆို တခြားဘယ်လို ဇာတ်မျိုးရိုက်သင့်လဲ ဆိုတာသိချင်ပါတယ်" လို့ ခံစားချက်များကို ပြောလာပါတယ်။ နေမင်း ဖီလင်ဖြစ်တဲ့ "မျောလွင့် နေတဲ့တိမ်" ဗီဒီယိုဟာ ပြင်ဦးလွင်မှာရိုက်တာဖြစ်ပြီး နေမင်း၊ စိုးမြတ် နန္ဒာ၊ ဇင်ဝိုင်း၊ ချမ်းမီမီကို၊ ကျော်ဇင်ထွဋ်တို့ အဓိကပါဝင်သရုပ်ဆောင် ထားကြပါတယ်။ "ပရိသတ် ဘယ်လိုကားမျိုး ကြိုက်တယ်ဆိုတာသိ ရမှ ကျွန်တော်တို့ ဘာဆက်လုပ် ရမယ်ဆိုတာ သိပါမယ်။ အဲဒီမှာ ငွေ ကြေး ဆုံးရှုံးမှုဆိုတာလည်း ရှိပါလိမ့်မယ်။

အနုပညာအရ ပရိသတ်နဲ့ ကိုယ် သဟဇာတ ဖြစ်တယ်ဆိုရင် ကျေနပ်ပါပြီ။ အမှန်တော့ ကား ကောင်းရင် ပရိတ်သတ် ကြိုက်သင့်တာပေါ့။ ပရိသတ် ကြိုက်တယ်ဆိုရင် လည်း ကားကောင်းတယ်လို့ သတ်မှတ်လို့ရတာပဲလေ။ ကားကောင်း ပြီး ပရိသတ်မကြိုက်ဘူးဆိုရင် တစ်ခုခုလွဲနေလို့ထင်ပါတယ်။ ပရိ သတ်နဲ့ တည်ဆောက်ရတဲ့အနုပညာမို့ ကိုယ်ကြိုးစားထားတာလေး အရာထင်စေချင်တာပါ" လို့ မျှော်လင့်ထားသလိုဖြစ်မလာတဲ့ "မျော လွင့်နေတဲ့တိမ်" နဲ့ပတ်သက်လို့ ခံစားရတာတွေကို ပြောပြလာပါတယ်။ ဒါကြောင့် ကားနာမည်စီးသွားတာလို့ပင် ထင်မိပါတယ်။ နေမင်းက သင်္ကြန်မှာ ဇာတိသက္ကလပြန် ရိပ်သာဝင်ပြီး ကုသိုလ် ယူမယ်။ တစ်နေ့ ၃ကြိမ် တရားထိုင်မယ် ပြောပါတယ်။ အနယ်နယ်မှာ ရောက်နေတဲ့ မိသားစုဝင်များ အားလုံးရွာမှာ ပြန်ဆုံကြမှာ ဖြစ်ပြီးနှစ်ဆန်း တစ်ရက်နေ့မှာ စတုဒီသာ ထမင်းကျွေးပြီး ကုသိုလ်ယူမှာဖြစ်ပါတယ်။




မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲတွင် သတင်းယူမည့် မီဒီယာများအတွက် ဆောင်ရွက်ရန်အချက်များပါဝင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့

ကြားဖြတ်ရွေးကောက်ပွဲတွင် သတင်းယူမည့် မီဒီယာများအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် လုပ်ပိုင်ခွင့် များကို မဲရုံသတင်းရယူခွင့်ပြုသောကဒ်ထုတ်ပေးခြင်းဖြင့် အဆိုပါအချက်များပါသော စာရွက်ကို စာပေးစိစစ်ရေးမှ ထုတ်ပြန်ပေးနေသည်ဟုသိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သောအချက်များမှာ...

ပုဒ်မ ၆၀ ။ ။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအားနှောင့်ယှက်ခြင်း၊

ပုဒ်မ ၆၁။ ။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း၊

ပုဒ်မ ၆၃။ ။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှုး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ဝင်ရောက်ခြင်း၊

ပုဒ်မ ၆၄။ ။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်ပါသည်။

သတင်းသမားများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်မှာ

(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာသတင်းရယူနိုင်သည်။

(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ၀င်ခွင့်မရှိပါ)

(ဂ) မီဒီယာသမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်သတင်းရယူခွင့်ရှိသည်။ သို့သော် မဲဆန္ဒမဲပေးမှုကို အနှောင့်အယှက်မဖြစ်စေရ။

(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကိုအနှောင့်အယှက်မဖြစ်စေရ။

(င) မဲရုံများတွင် လှို့ဝှက်ဆန္ဒမဲပေးခြင်းကို အနှောင့်အယှက်မပြုရ။

(စ) မီဒီယာများအနေဖြင့် ၀ါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန် လိုအပ်သည်။ နိုင်ငံရေးပါတီ တစ်ခုအပေါ်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမှုမျိုး မပြုလုပ်ရ။ ဟူသောအချက်များ ပါဝင်သော စာရွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဖြင့် စာပေစိစစ်ဖြန့်ချီရေးမှ ထုတ်ပြန်ပေးခဲခြင်းဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကေက်ပွဲအတွက် အချက်အလက်များ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၂၇
မြို့ – ၃၇
ကိုယ်စားလှယ် – ၁၂၉ ဦး။
ပါတီ – ၁၅ ။
ရပ်ကွက် – ၄၀၈ ခု။
ကျေးရွာ – ၁၇၆၃ ။
မဲရုံ- ၆၀၈၃ ။
မဲရုံအဖွဲ့ဝင် – ၅၁၀၇၉ ။
မဲဆန္ဒရှင်စုစုပေါင်း – ၄၆၈၂၀၄၀ ဦး။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၇ ။
မြို့နယ်- ၁၈ ။
ကိုယ်စားလှယ် – ၂၂။
ပါတီ – ၉ ။
ရပ်ကွက် – ၁၁၄။
ကျေးရွာ – ၉၁၀ ။
မဲရုံ- ၂၁၀၃ ။
မဲရုံအဖွဲ့ဝင် – ၂၀၂၉၀။
မဲဆန္ဒရှင်စုစုပေါင်း – ၁၆၆၉၁၉၂ ဦး။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၂ ။
မြို့နယ်- ၂ ။
ကိုယ်စားလှယ် – ၆ ဦး ။
ပါတီ – ၃ ။
ရပ်ကွက် – ၉ ။
ကျေးရွာ – ၈၅ ။
မဲရုံ- ၁၃၈ ။
မဲရုံအဖွဲ့ဝင် – ၁၁၄၀။
မဲဆန္ဒရှင်စုစုပေါင်း – ၁၃၃၃၃၀ ဦး။

ကြားဖြတ်ရွေးကောက်ပွဲ၊ လွှတ်တော်သုံးနေရာအတွက် မဲဆန္ဒရှင်စုစုပေါင်းမှာ ၆၄၈၄၅၆၂ ဦး (ခြောက်သန်းလေးသိန်းရှစ်သောင်းလေးထောင်၊ ငါးရာခြောက်ဆယ့်နှစ်ဦး) ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၅)

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးစီးသော ယာယီအိမ်စောင့်အစိုးရသစ်သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားမှုပြန်လည်ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေးအတွက် လည်းကောင်း၊ ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလအစိုးရထံမှ အာဏာလွှဲပြောင်းလက်ခံရယူခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗိုလ်မှူးချုပ်မောင်မောင် ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ဦးနုထံစေလွှတ်၍ အာဏာလွှဲပြောင်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဦးနုက လက်မခံဘဲ လွှတ်တော်မှတဆင့် ဂုဏ်သိက္ခာရှိရှိ လွှဲပေးမည်ဟုသာဆိုခဲ့ပါသည်။

ထို့နောက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရအဖွဲ့သစ်သည် ကျမ်း သစ္စာကျိန်ဆိုသောအခမ်းအနားကို ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေ ပုဒ်မ ၅၆ (၂) အရ အိမ်စောင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုခန့်အပ်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှာ …

(၁) သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီးနေဝင်း -နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ -ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊သာသနာရေးဌာန၊ ဦးသိမ်းမောင် ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ – ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူ စဝ်ဟုံဖ – ရှမ်းပြည်နယ်ဌာန။
(၅) ဦးစောလှထွန်း – ကရင်ပြည်နယ်ဌာန။
(၆) ဦးထန်လျန်း -ချင်းရေးရာဌာန။
(၇) မဟာသရေစည်သူ ဦးခင်မောင်ဖြူ -ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီ ဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၈) သတိုးမဟာသရေစည်သူ – တရားရေးဝန်ကြီးဌာန။ ဦးချန်ထွန်းအောင်
(၉) ဦးကျော်ငြိမ်း – ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၁၀) စည်သူဦးဘကြား – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာန။
(၁၁) ဦးကာ – ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၂) သရေစည်သူ ဦးစံညွန့် – သယ်ယူပို့ဆောင်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည် သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၃) သီရိပျံချီ ဦးချစ်သောင် – စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန။
(၁၄) သီရိပျံချီ ဦးထွန်းတင် – ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၅) သီရိပျံချီ ဦးသီဟန် – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေးဝန်ကြီး ဌာနတို့ဖြစ်သည်။

အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်ထက် စစ်အုပ်စုအပေါ်ဆန့်ကျင်ခဲ့သော နိုင်ငံရေး သမားအများအပြားကို ဖမ်းဆီးထောင်ချခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်မြသွေး (ပမညတ အတွင်းရေးမှူးချုပ်)၊ သခင်ဗမောင် (ပြည်သူ့ဒီမိုကရေ စီပါတီ)၊ ပြည်သူ့ရဲဘော်မှ ဗိုလ်အုံးတင်၊ ဗိုလ်ညွှန့်မောင်၊ ဗိုလ်အောင်နိုင်၊ လူငယ့်တပ်ဦးမှ ကိုဝင်းထွဋ်၊ ကိုစိန်လှ၊ ကိုမြမောင်၊ ရဲဘော်ပေါင်းစုံထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မျိုးမြင့်၊ ကိုလှမင်းတို့အပါအဝင် သတင်းစာဆရာများဖြစ်ကြသည့် ဦးစောလွင် (ဗမာ့အမျိုးသမီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးကိုကိုလေး၊ ဦးယုမောင်၊ ဗန်းမော်တင်အောင် (လင်းယုန်)၊ ဦးတင်စိုးတို့ အများအပြား ဖမ်းဆီးခြင်းခံရသည်။

အိမ်စောင့်အစိုးရသည် ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ငြိမ်ဝပ်ပိပြားမှုညီလာခံကိုကျင်းပ၍၊ တရားဥပဒေ စိုးမိုးရေး၊ အမြတ်ကြီးစားများနှိမ်နင်းရေး၊ ကုန်ဈေးနှုန်းချရေး၊ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများကို တပြိုင်နက်တည်းလုပ်ဆောင်ရန် ဆုံး ဖြတ်ခဲ့သည်။

ထို့အပြင် ပြည်တွင်းငြိမ်ဝပ်ပိပြားရေးအတွက် ဆူပူသောင်းကျန်းနေသည့်အင်အားစုများကိုတိုက်ဖျက်ရန် အစီအစဉ်သုံးရပ် ကို ချမှတ်ခဲ့သည်။ ယင်းတို့မှာ …

(၁) ပြည်တွင်း၌ ပျံ့နှံ့လျက်ရှိသော လက်နက်ပုံးများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ချက်ချင်းဆောင်ရွက်ရန်။
(၂) သောင်းကျန်းသူများအား လူထု၏အကူအညီဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင်ရန်။
(၃) ဥပဒေအတိုင်းတိတိကျကျ လိုက်နာကျင့်သုံးရန်နှင့် မည်သူ့ကိုမှ ထောက်ထားငဲ့ညှာခြင်းမရှိဘဲ ပြတ်သားစွာအရေးယူဆောင်ရွက်ရန် တို့ဖြစ်သည်။

စစ်ရဲတပ်ကို ဗိုလ်မှူးကြီး မင်းသိမ်း၊ ဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် တပ်မှူးအချို့ကို တာဝန်ခံ၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းစေခဲ့သည်။ အိမ်စောင့် အစိုးရမဖွဲ့မီက မြန်မာပြည်တွင် ဗဟိုအကျဥ်းထောင် (၉) ထောင်၊ ခရိုင်အကျဉ်းထောင် (၁၉) ထောင်၊ ထောင်ငယ် (၆) ထောင်နှင့် လူငယ် ထိန်းသိမ်းရေး ဘော်စတယ်ကျောင်း (၁) ကျောင်းသာရှိသော်လည်း၊ အိမ်စောင့်အစိုးရလက်ထက်တွင် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ရန်ကုန်မြို့နှင့် ၂၆၂ မိုင်ဝေးသော ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းစခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၁၃၅) ဦးကို ကိုကိုးကျွန်းသို့ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ပို့ဆောင် ခဲ့သည်။ ကိုကိုးကျွန်းအကျဉ်းစခန်းသို့အပို့ခံရသည့် ထင်ရှားသည့်နိုင်ငံရေးသမားများမှာ သခင်မြသန်း၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးစော လွင် (ဗမာ့အမျိုးသမီး)၊ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)၊ ဗိုလ်မြသွေး၊ သခင်ဗမောင်၊ ဗိုလ်မျိုးမြင့်၊ ကိုကိုလေး၊ ကိုတင်စော၊ ဦးအုန်းမောင် (လေထီးအုန်းမောင်)၊ သခင်ဖေဌေး (အလံနီကွန်မြူနစ်ပါတီ) တို့ ဖြစ်ကြသည်။ ကိုကိုးကျွန်းအပြင် ပုသိမ်ဘက်၌လည်း ‘လိပ်ကျွန်း’ ၌ အ ကျဉ်းစခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြန်သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပြည်သူ့လွှတ်တော် (ပါလီမန်) အစည်း အဝေးကျင်းပ၍ နိုင်ငံတော်လုံခြုံရေးအရ အစိုးရသက်တမ်း ၆ လအပြီး (ဧပြီလ) တွင် ရွေးကောက်ပွဲကိုကျင်းပပေးရန် မဖြစ်နိုင်သေးသော ကြောင့် အစိုးရသက်တမ်းတိုးမြှင့်ပေးရန် တင်ပြခဲ့သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါလီမန်အစည်းအဝေးတွင် အစိုးရသက်တမ်းတိုးမြှင့်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပမညတမှအမတ် သခင်ချစ်မောင် (သာယာဝတီ) က လွှတ်တော် မိန့်ခွန်းရှည်ကြီးကိုပြော၍ ကန့် ကွက်ရာ၌ ဦးနုကိုပါ ပြင်းထန်သောစကားလုံးများသုံးနှုန်းဝေဖန်ခဲ့လေသည်။ သခင်ချစ်မောင်က ဇာတ်တော်ကြီး ၁၀ ဘွဲ့လာ ‘ဝိဓူရ’ဇာတ် တော်ကြီးကိုပမာပြု၍ “ကောရဗျမင်းကြီးနဲ့တူတဲ့ ဦးနုနဲ့ ပုဏ္ဏကနဲ့တူတဲ့ ဗိုလ်ချုပ်နေဝင်းတို့ ကြွေအံကစားကြပြီး ဘုရင်ကရှုံးတော့ ပညာရှိဝိဓူရ အမတ်ကြီးကို ဘီလူးပုဏ္ဏက လက်အပ်၊ ပုဏ္ဏကက ဝိဓူရအမတ်ကြီးကို မြင်းနဲ့ချီ တောင်စဉ်ခုနစ်ထပ် ဒုန်းစိုင်းနှင်၊ တောင်စွယ်တောင် ထွတ်အလီလီနှင့် တိုက်ပြီးနှိပ်စက်ခဲ့သလို၊ ပမညတများနဲ့လူထုဟာ ဝိဓူရနှင့်တူပြီး၊ သွေးအလိမ်းလိမ်း ထပ်ထပ်ခံစားနေရသလို ဝေဒနာနာ ကျင်ခံစားနေရသလို ဒုက္ခခံစားနေရကြောင်း” ဖွဲ့နွဲ့တင်စားပြောဆိုတင်သွင်းခဲ့သည်။ ထို့ကြောင့် ပမညတများက သခင်ချစ်မောင်အား ဝိဓူရ သခင်ချစ်မောင်ဟုကင်ပွန်းတပ်ခဲ့ရာမှ ဝိဓူရသခင်ချစ်မောင်ဟုပင် တွင်သွားခဲ့လေသည်။

ထိုစဉ်က ပါလီမန်တွင် အာဏာရဖဆပလဝန်ကြီး သခင်ချစ်မောင် (မြန်အောင်) နှင့် သာယာဝတီမှ အတိုက်အခံ ပမညတ (ဆိုရှယ်နီ)အမတ် သခင်ချစ်မောင်ဟူ၍ နာမည်တူနှစ်ဦးရှိနေရာ ဝန်ကြီးသခင်ချစ်မောင်ကို မြန်အောင်သခင်ချစ်မောင်ဟူ၍လည်းကောင်း၊ သာယာဝတီ အမတ် သခင်ချစ်မောင်ကို ဝိဓူရသခင်ချစ်မောင်ဟုလည်းကောင်း ခွဲခြားခေါ်ဝေါ်လာကြသည်။

ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချ အခမ်းအနားကျင်းပပြီး၊ ရှမ်းပြည်နယ်စော်ဘွား (၂၉) ဦးအား အာဏာစွန့်လွှတ်ခိုင်းသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် အစိုးရ၏ဒေါက်တိုင်အဖြစ် ‘ကြံ့ခိုင်ရေးအသင်း’ ကို စစ်တပ်အရာရှိများဦးဆောင်စေ၍ ၁၉၅၉ ခုနှစ် အောက် တိုဘာလ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏အမှတ်တံဆိပ်မှာ ခြင်္သေ့ရုပ်ဖြစ်ပြီး ယင်းအသင်းသည် အသင်းဝင်များအား အခွင့်အရေးနှင့်အာဏာအပ်နှင်း၍ စစ်တပ်အလိုတော်အတိုင်း ထားရာနေ၊ စေရာသွား၊ ခိုင်းရာလုပ်၊ သူလျှိုဒလံ၊ သတင်းပေးအလုပ်ပါ လုပ် ပေးနေရသည့် လူထုလူတန်းစားအသင်းဖြစ်သည်။

၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြူနီစီပါယ်ကို ဗိုလ်မှူးကြီးထွန်းစိန်ကို တာဝန်လွှဲပြောင်း၍ ရန်ကုန်မြို့အတွင်းရှိ ဆင်းရဲသား ပေါင်းစုံ၊ အလုပ်လက်မဲ့၊ ပျံကျလက်လုပ်လက်စားပေါင်းစုံ နေထိုင်ကြသည့်ရပ်ကွက်များကို ရှင်းလင်းပစ်ခဲ့သည်။ ထို့နောက် ဘိုးဘွားပိုင် တောင်သူလယ်သမားများ၏မြေယာများကို အတင်းအဓမ္မသိမ်းဆည်း၍ ဥက္ကလာပနှင့်သာကေတမြို့သစ်အမည်များဖြင့် မြို့သစ်ဖော်ကာ၊ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။ ထို့အပြင် ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရသည် ပြည်ထောင်စုဘဏ်မှ ဦး ကောင်းလက်မှတ်ပါ ဒေါင်းတံဆိပ် ၁၀၀ တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်သုံးစွဲခြင်းမှ ရပ်စဲလိုက်လေသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် လက်ရှိပါလီမန်ကို ၁၉၅၉ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ဖျက်သိမ်း၍ ပါလီမန်ရွေးကောက်ပွဲ အက်ဥပ ဒေပုဒ်မ ၁၅ နှင့် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေကိုအသုံးပြုလျက် အမတ်အဖြစ် အရွေးခံရန် အမည်တင်သွင်းရသည့်နေ့၊ အမည်တင်သွင်းလွှာများကို ကြည့်ရှုစစ်ဆေးရမည့်နေ့၊ အရွေးခံသူအဖြစ် အမည်တင်သွင်းလွှာနှုတ်သိမ်းရန်နေ့၊ မဲရေတွက်ရန်နေ့များကို ပြဌာန်းသတ်မှတ်ကြေညာခဲ့သည်။

အထွေထွေရွေးကောက်ပွဲနီးကပ်လာသည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲပါတီ မူဝါ ဒလမ်းစဉ်များ ကြေညာချက်များထုတ်ပြန်၍ မဲဆွယ်လှုပ်ရှားလာကြသည်။

အထူးသဖြင့် အဓိကအင်အားကြီးပါတီကြီးများဖြစ်သော တည်မြဲနှင့်သန့်ရှင်းဖဆပလနှစ်ဖွဲ့သည် လူအင်အား၊ ငွေအင်အားသုံးကာ အပြိုင်အဆိုင်မဲဆွယ်လှုပ်ရှားခဲ့ကြသည်။ ပါတီကြီးနှစ်ရပ်၏ ခေါင်းဆောင်ပိုင်းတွင် တဦးအပေါ်တဦး ပုတ်ခတ်အပြစ်ရှာဟောပြောရေးသားမှုများ သာမက မြို့နယ်ကျေးရွာ အောက်ခြေအဆင့်များတွင်ပါ ပဋိပက္ခများအသွင် အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့သည်။

သတင်းစာအချို့ကလည်း မိမိတို့လိုလားရာဘက်သို့လိုက်၍ ရေးသားကြသည်။ ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ဗမာ့ခေတ်သတင်းစာ တို့က သန့်ရှင်းဖဆပလအတွက် စည်းရုံးပေးခဲ့၍ မဏ္ဍိုင်သတင်းစာနှင့် အထောက်တော်သတင်းစာတို့က တည်မြဲဖဆပလအတွက် စည်းရုံး ပေးခဲ့သည်။

သန့်ရှင်းဖဆပလမဲပုံးများတွင် သန့်ရှင်းဖဆပလအဖွဲ့ချုပ်ဥက္ကဌဦးနု၏ဓာတ်ပုံနှင့် သက်ဆိုင်ရာအမတ်လောင်း၏အမည်ကို ဖော်ပြထားသည်။ မဲပုံးတွင် သာသာနာအရောင်ဖြစ်သည့် အဝါရောင်ကိုသုံးခဲ့သည်။ တည်မြဲဖဆပလမဲပုံးများတွင် တည်မြဲဖဆပလအလံတော်အတိုင်း နောက် ခံ အနီရောင်၊ လက်ဝဲထောင့်တွင် ထောင့်ငါးထောင့်ကြယ်ဖြူတပွင့်အလယ်တွင် ဖဆပလဟူသော အဖြူရောင်စာလုံး၊ အောက်အလယ်နားတွင် အဖြူခံပေါ် သက်ဆိုင်ရာ အမတ်လောင်း၏အမည်ကို အနီရောင်ဖြင့် ရေးသားထားသည်။ ပမညတမဲပုံးတွင် အပြာရောင်နောက်ခံတွင် အဝါရောင်ကြယ်ပွင့်တပွင့်နှင့် သက်ဆိုင်ရာ အမတ်လောင်းအမည်ကို ဖော်ပြထားသည်။ ၁၉၆၀ ရွေးကောက်ပွဲ၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ ခဲ့ကြ၏။ ခါးပိုက်ဆောင်တပ်များသုံးကာ မဲဆန္ဒရှင်လူထုကို ခြိမ်းခြောက်ခဲ့ကြသည်။ ငါးန်ဇွန်ခြောက်လောင်းပြိုင်ကဲ့သို့ ရွေးကောက်ပွဲလူ သတ်မှုပင် ဖြစ်သည်။

တည်မြဲဖဆပလကို သံယောဇဉ်ကြီးသောစစ်တပ်မှ တပ်မှူးများက ရွေးကောက်ပွဲ၌ မဲပုံးဖောက်၊ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ မဲလိမ်မဲခိုး နည်း ပေါင်းစုံလုပ်ခဲ့ကြသည်။ ထိုစဉ်က သန့်ရှင်းဖဆပလဥက္ကဌ ဦးနုသည် ၎င်းပါတီသာအနိုင်ရရှိပါက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်း ပေးမည်ဟု မဲဆွယ်ခဲ့သည်။

ထို့နောက် ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြန်မာ နိုင်ငံတနိုင်ငံလုံး၌ မဲဆန္ဒရှင်ပေါင်း ၉,၉၅၈,၆၇၅ ဦးရှိခဲ့သည်။ ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၂၅၀ ရှိသည့်အနက် (၂၃) နေရာကို လက်နက်ကိုင် အဖွဲ့အစည်းများ၏ နှောင့်ယှက်ခြိမ်းခြောက်မှု၊ အမတ်လောင်းများ၏ မကျေနပ်မှုကြောင့် တရားလွှတ်တော်ရုံးများ၏ အဆုံးအဖြတ်မကျသေး မှုများကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်မှလွဲ၍ ကျန်မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကို တပြိုင်တည်းကျင်းပနိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် တည်မြဲဖဆပလအားလိုလားသည့်တပ်မှူးများက အစွမ်းကုန် ရွေးကောက်ပွဲမသမာမှုများ ပြုလုပ်နေသည့်ကြားမှ သန့် ရှင်း ဖဆပလသည် ၁၅၉ ဦးဖြင့် တည်မြဲကို အပြတ်အသတ် အနိုင်ရရှိသွားသည်။ တည်မြဲဖဆပလသည် ၄၂ ဦးသာ အနိုင်ရရှိ၍ ပမညတသည် ရေးမြို့တနေရာတွင်သာ အနိုင်ရရှိခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော သန့်ရှင်းဖဆပလသည် ၁၉၆၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် ညီလာခံကျင်းပ၍ သန့်ရှင်းဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) ဟူ၍ ပြောင်းလဲခဲ့သည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်ဦးနုနှင့်ဝန်ကြီးများ ကတိသစ္စာဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနေ့မှာပင် အိမ်စောင့်အစိုးရဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော ပြည်ထောင်စုပါတီ (သန့်ရှင်းဖဆပလ) အစိုးရအဖွဲ့အား အာဏာပြန်လည်အပ်နှင်း၍ အိမ်စောင့်အစိုးရတဖွဲ့လုံး နှုတ်ထွက်သွား ခဲ့ကြသည်။

ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ဦးနုခေါင်းဆောင်သော ပထစအစိုးရသစ်မှာ အောက်ပါအတိုင်းဖြစ်သည် ….

(၁) ဦးနု – ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနဝန်ကြီး။
(၂) စဝ်ခွန်ချို – နိုင်ငံခြားရေးဌာနဝန်ကြီး။
(၃) သခင်တင် – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး။
(၄) ဗိုလ်မှူးအောင် – သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန၊ ရေကြောင်းနှင့်မြို့ပြလေကြောင်းဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနဝန်ကြီး။
(၅) ဒေါက်တာဦးဧမောင် – တရားရေးဌာနနှင့်ပညာရေးဌာနဝန်ကြီး။
(၆) ဦးရာရှစ် – စက်မှုလက်မှုဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဌာနဝန်ကြီး။
(၇) ဦးဘစော – လူမှုဝန်ထမ်းနှင့်သာသနာရေးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဌာန၊ ကျန်းမာရေးဌာနဝန်ကြီး။
(၈) သခင်တင်မောင် – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဌာနဝန်ကြီး။
(၉) ဦးသွင် – ကုန်သွယ်မှုတိုးတက်ရေးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဌာနဝန်ကြီးတို့ဖြစ်ပြီး ပါလီမန်အတွင်းဝန်များအဖြစ် ဦးချစ်ဖေ၊ ဦး ဘကြည်၊ ဗိုလ်အေး၊ ဦးသန်းဆွေ၊ ဦးချမ်းသာ၊ ဗိုလ်ဘတင်၊ ဗိုလ်မှူးထင်ပေါ်၊ ဦးပျိုငြိမ်း၊ မန်းထွန်းရုံ၊ ဦးတင်ဦး၊ ဦးသန်းစိန်၊ ဦးသန်းမောင်နှင့် ဦးလှကျော်တို့ဖြစ်ကြသည်။ ဤစာရင်းအရ အစိုးရအဖွဲ့ဝင် ဝန်ကြီး (၉) ဦးနှင့် ပါလီမန်အတွင်းဝန် (၁၃) ဦးသာပါဝင်သောကြောင့် လွတ် လပ်ရေးသက်တမ်းတလျှောက် ဝန်ကြီးဦးရေအနည်းဆုံးဖြစ်သော အစိုးရအဖွဲ့ဖြစ်သည်မှာ ထူးခြားချက်တရပ်ပင်ဖြစ်သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖက်ဒရယ်မူကို အကြောင်းပြ၍ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီ သည် ပြည်ထောင်စုပါတီအစိုးရအားဖြုတ်ချ၍ အာဏာသိမ်းပိုက်ခဲ့သည်။ ပထစအစိုးရဝန်ကြီးချုပ် ဦးနု၏ဝန်ကြီးများကိုလည်း ဖမ်းဆီးထောင် ချ၍ ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းကာ နိုင်ငံရေးပါတီ အားလုံး ဖျက်သိမ်းပစ်ခဲ့သည်။

ဤသို့ဖြင့် မြန်မာ့ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း လုံးဝချုပ်ငြိမ်းသွားလေသည်။

မူရင်းလင့်က ဒီမှာပါ။

အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်းအောင်နိုင်လိမ့်မည်ဟု ကျားဖြူကိုယ်စားလှယ်လောင်းပြော

နာမည်ကြီးပါတီကြီးများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် မိမိကိုယ် ကိုယုံကြည်မှု ရှိကြောင်း ကလောမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်ဝင် ရောက်ယှဉ် ပြိုင်မည့် စဝ်သာဦးက ပြောပါသည်။



စဝ်သာဦး

“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးကသိတဲ့ပါတီ။ ထောက်ခံ မှုအများကြီးရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်းမှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်းစား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေသမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လို အပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကိုသိနေတယ်။ ဒီအတွက် အောင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်” ဟု စဝ်သာဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ် သောင်းသောင်းဖြဖြ ရှိသည်ကိုကြည့်ခြင်းအားဖြင့် မိမိအနေနှင့် အင်တိုက် အားတိုက် ကြိုးစားရမည်ဟု သိရကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာ ကလော၌ ဝင်ရောက် ယှဉ်ပြိုင် မည်ဆိုပါက မိမိအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သာ ထောက်ခံအားပေးမည် ဖြစ်ကြောင်း စဝ်သာဦးက ဆက်လက်ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နာမည်ကြီးပုဂ္ဂိုလ်လေ။ ကျနော်တို့ထက်လဲ အများကြီးလုပ်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူမသာ ဒီမှာလာပြိုင်မယ်ဆိုရင် ကျနော်က ထောက်ခံအားပေးမယ့်သူဘဲလုပ်တော့မယ်။ အခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဟုတ်တဲ့ခါကျတော့ ကျနော်က ကြိုးစားနေတာဖြစ်ပါတယ်။ အဓိကကတော့ လူထုကနေ - ပေါ်ပြူလာဖြစ်တဲ့ ပါတီကို မရွေးမိဖို့၊ မိမိအရေး ဒေသတွင်းအရေး ကောင်းကျိုးဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်ကို ရွေးချယ်မဲထည့်ပေးဖို့ မမေ့ကြ ပါနဲ့လို့ ပြောချင်ပါတယ်” ဟု လည်းဆိုပါသည်။

ကလော၊ အောင်ပန်း နှင့် ဟဲဟိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၌မဲပေးပိုင်ခွင့်ရှိသူစာရင်း ကိုးသောင်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ပါတီ ရှိသည်။ ၎င်းတို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

မူရင်းလင့်က ဒီမှာပါ။

ကမ္ဘာကိုမှတ်ကျောက်တင်ခံမယ့်ပွဲ

လွှတ်တော်ကိုယ်စားလှယ် ၄၈ နေ ရာအတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံတကာ မီဒီယာများ၏ စိတ်ဝင်စားမှုအထူး မြင့်တက်နေသည်။ ဤအချက် ကို မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲအကြို သတင်းများမှာ ကမ္ဘာ့ သတင်းများတွင် ဦးစားပေးဖော်ပြ ခံနေရခြင်းနှင့် နိုင်ငံတကာမှ သတင်းထောက်များက ပုံစံမျိုးစုံ ဖြင့်လာရောက်၍ ရွေးကောက်ပွဲ အကြိုသတင်းများရယူရန်ကြိုး ပမ်းမှုများက ထင်ရှားစေသည်။

"ဘာလို့ နိုင်ငံတကာမီဒီယာ က စိတ်ဝင်စားလဲဆိုရင် အချက် နှစ်ချက်ရှိပါတယ်။ တစ်အချက်က တော့ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်လို့ပေါ့။ သူမကို တစ်ကမ္ဘာ လုံးက ချစ်ခင်မြတ်နိုးပြီး လေးစား အတုယူရတဲ့သူဖြစ်လို့ အားလုံးရဲ့ အာရုံက သူ့ဆီမှာ ရှိနေတယ်။

နောက်တစ်ချက်က ကြားဖြတ်ရွေး ကောက်ပွဲက အစိုးရသစ်အတွက် စမ်းသပ်မှုတစ်ခုပဲ။ အစိုးရအသစ် က နိုင်ငံရေးအကျဉ်းသားတွှေတ်ပေးတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေ တယ်။ ရွေးကောက်ပွဲက သေးပေမယ့် တရားမျှတလွတ်လပ်မလား ဆိုတာ ကြည့်ရမယ်။ တကယ်လို့ သာ ဒီစမ်းသပ်မှုအောင်မြင်ရင် ဥရောပက ပိတ်ဆို့မှုတွေ မြန်မြန် ဆန်ဆန် ရုပ်သိမ်းလိမ့်မယ်။ နောက်အမေရိကန်က ပိတ်ဆို့မှုတွေ ရုပ် သိမ်းလာလိမ့်မယ်။ ဒါကြောင့် ဒီ ရွေးကောက်ပွဲက အရမ်းအရေး ကြီးတယ်"ဟု တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင်နှင့် ရိုက်တာသတင်း ဌာန သတင်းထောက် အင်ဒရူး မာရှယ်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော်ကိုယ်စားလှယ်နေရာ ပေါင်း ၁၁၅၉ အတွက် ပါတီများ၊ ကိုယ်စားလှယ်လောင်းများက အပြိုင်နွှဲခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာနှင့်တိုင်းဒေသကြီးလွှတ်တော် နှစ် နေရာ စုစုပေါင်း ၄၈ နေရာသာရှိ သည်။ ထိုအထဲမှ ၃ နေရာ ရွှေ့ဆိုင်း၍ ၄၅ နေရာသာ ကျန်သည်။ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအ၀င် ဒီမိုကရေစီအရေး အထူးစိတ်ဝင်စားသော နိုင်ငံများ ကလည်း ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်နေသည်။ မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မှုများထားရှိသော ဥ ရောပသမဂ္ဂက ကြားဖြတ်ရွေး ကောက်ပွဲမှာ တရားမျှတလွတ် လပ်လျှင် ၎င်းင်းတို့၏ ပိတ်ဆို့အရေး ယူမှုများကို ပယ်ဖျက်ပေးရန် သေချာသလောက်ရှိနေသည်။ အလားတူ အမေရိကန်ကလည်း မြန်မာအစိုးရက ကြားဖြတ် ရွေး ကောက်ပွဲကို တရားမျှတ လွတ် လပ်စွာ ကျင်းပပေးနိုင်လျှင် ၎င်းင်း တို့၏ ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ချင်း ဖြေလျှော့ရန် မီးစိမ်းပြထားသည်။

ဂျပန်အစိုးရကလည်း ၎င်းင်းတို့ မျှော်မှန်းသော အဖြေထွက်လျှင် မြန်မာနိုင်ငံသို့ ODA အကူအညီ များပြန်လည်ပေးမည်ဟု ဂျပန် အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောထားသည်။ ၎င်းင်းတို့ မျှော်မှန်း သောအဖြေမှာ တရားမျှတ လွတ် လပ်သော ကြားဖြတ်ရွေးကောက် ပွဲဖြစ်၏။

"ကြားဖြတ် ရွေးကောက်ပွဲက အဓိကပဲ။တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေတယ်"ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

"၄၈ နေရာက နေရာနည်း သော်လည်း အရမ်းအရေးကြီးပါ တယ်။ အရေးကြီးတယ်ဆိုတာ ဒါကတိုင်းပြည်ရဲ့ ပုံရိပ်ပဲလေ။

ကျွန်တော်တို့ကိုယ်တိုင်က Free & Fair Election ဖြစ်ဖို့ ပြောနေ တာ။ ကျွန်တော်လည်း တွေ့သမျှ နယ်ကပြည်ခိုင်ဖြိုးတွေကိုလွှတ် တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ Free & Fair Election ဖြစ်အောင်လုပ်ကြ၊ မဟုတ်တာမ လုပ်ကြနဲ့။ တွေ့တဲ့ပြည်ခိုင်ဖြိုးုင်းဝင်ရောက်ယှဉ်ပြိုင်မယ့် လူ တိုင်းကို ပြောနေတာ။ Free & Fair Election ဖြစ်ဖို့က လိုကိုလို တယ်။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ အတွက်ပါ"ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ကြားဖြတ်ရွေးကောက် ပွဲ အရေးကြီးပုံကို မှတ်ချက်ပေး သည်။ ဦးအေးမောက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပုသိမ်မြို့ မြို့တော်ခန်းမတွင် မတ်လ ၂၄ ရက်က အမှာစကား ပြောကြားရာ၌ ကြားဖြတ်ရွေး ကောက်ပွဲကို တရားမျှတလွတ် လပ်ရန် ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က လွတ်လပ်တရား မျှတသန့်ရှင်းရန် အစွမ်းကုန် ဆောင်ရွက်နေပြီး၊ အစိုးရက လည်း မှတ်ကျောက်တင်ခံရန် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ အစိုးရသစ် လက်ထက်၌ ပထမဆုံးကျင်းပ မည့် ဤရွေးကောက်ပွဲကို တစ်ကမ္ဘာ လုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြမည်ဖြစ်၍ နိုင်ငံတကာမှ စောင့်ကြည့်မည့် ကြားဖြတ်ရွေး ကောက်ပွဲ လွတ်လပ်တရားမျှတ ပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် မိမိတို့နိုင်ငံသားအားလုံးက ပံ့ပိုး ကူညီ ရန်လိုကြောင်းလည်း သမ္မတ က ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရက ယခုတစ်ကြိမ်ရွေး ကောက်ပွဲအတွက် နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်သူများကို ဖိတ်ခေါ်ထားသည်။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က လည်း မဲစာရင်းကွာဟမှုများဖြစ် ပေါ်နေသော မဲဆန္ဒနယ်များ တွင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း၍ မဲစာရင်း ပြင်ဆင်ဖြည့် စွက်ပေးနေသည်။ ထို့အပြင် ယခု အကြိမ်တွင် ရွေးကောက်ပွဲဝင် မည့် နိုင်ငံရေးပါတီအများအ တွက် ကန့်သတ်ချုပ်ချယ်မှုများ မရှိသလောက် နည်းပါးခဲ့ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များက ပြောသည်။ ထိုအခြေအနေ များမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မကြုံခဲ့ရပေ။

သို့သော် ရွေးကောက်ပွဲ အကြိုကာလတွင်ကြုံတွေ့ရသော အဖြစ်အပျက် အချို့ကြောင့် နိုင်ငံ ရေးပါတီများပူပန်နေသောအချက်များလည်းရှိနေသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပါဝင်သော ဒေသအချို့၌ ယခု ရက်ပိုင်းအတွင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းများနှင့်ပတ်သက်၍ ပုဂ္ဂိုလ်ရေးအပုပ်ချသော လက်ကမ်းစာစောင်နှင့် စာအုပ်ငယ်များ ပျံ့နှံ့နေသည်။

မည်သူက စတင် ဖြန့်ချိသည်မသိရသော်လည်း အွန်လိုင်းစာမျက်နှာပေါ်မှ ကိုယ်စားလှယ် လောင်းတစ်ဦးကို လူမှုရေးဖော ပြန်သည်ဟု စွပ်စွဲချက်ဖြင့် ပုတ် ခတ်ဝေဖန်သည့်စာများကို ကူးယူ ၍ မြို့နယ်အချို့၌ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

မတ်လလယ်တွင် နေပြည် တော်သို့ စည်းရုံးရေးဆင်းသော ဒီချုပ်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မှ အမျိုးသမီးငယ်တစ်ဦးမှာ လေးခွဖြင့် အပစ်ခံရ၍ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီတာဝန်ရှိသူက အောင်နိုင်ရေးစည်းရုံးဟောပြောမှုတစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွားကြီးဟူ၍လည်းကောင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောင်ထွက်လူဆိုးလူမိုက်အဖွဲ့ ဟူ၍ လည်းကောင်း၊ ဒီချုပ်လွှတ် တော်ကိုယ်စားလှယ်လောင်းအား နွားထိုးသားဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။ ထို့သို့ ဥပဒေနှင့် မညီ လုပ်ကိုင်မှုကြောင့် နွားထိုးကြီး မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြို့နယ်ကော်မရှင်သို့ ကန့် ကွက်တိုင်ကြား၍ မြို့နယ်ပြည် ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ နောင်တွင်ဥပဒေနှင့်အညီဟော ပြောမည့်အကြောင်း ခံဝန်လက် မှတ်ရေးထိုးခဲ့ရကြောင်း ယခုတစ် ပတ်ထုတ် True News ဂျာနယ် တွင် ဖော်ပြထားသည်။

တိုက်ဆိုင်မှုမှာ မဲဆန္ဒနယ် အချို့တွင်ဖြစ်ပွားခဲ့သော ခြိမ်း ခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးအပုပ် ချမှုများ စသည်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်နှင့် အဖွဲ့ဝင်များမှာ ပစ်မှတ် ဖြစ်နေသည်။ ပါတီများ၏ အဓိကပူပန်မှု များမှာလည်းမဲစာရင်းလွဲမှားမှု များနှင့် ထပ်တိုးမဲများဖြစ်သည်။ "ပြီးခဲ့တဲ့ သုံးလေးရက်မှာ ခရိုင် ကော်မရှင်က ကျွန်တော်တို့ကို ခေါ်တွေ့တယ်။ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲမှာ ကြိုတင်မဲ နာမည် ပျက်ခဲ့တယ်။ အခုကျတော့ ကြို တင်မဲမရှိတော့ဘူး။

ကြိုတင်မဲ မရှိပေမယ့် နောက်တိုးမဲဆိုတာ တစ်ခုပေါ်နေတယ်။ ကော်မရှင် ကို နောက်တိုးမဲဆိုတဲ့ စာရင်းတွေ လာပေးတယ်တဲ့။ မဲစာရင်းမှာ မပါတဲ့ နောက်တိုးမဲတွေကို ခွင့်ပြု ရမယ်လို့ပြောတယ်။ နောက်တိုးမဲ က ဘယ်လောက်တောင် ရှိလည်း ဆိုရင် ကျွန်တော်တို့ရဲ့ မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှာဆိုရင် ၄၀၀၀ လောက်ရှိတယ်။ ရဲတွေရဲ့ နောက်တိုးမဲကလည်း တောင်ညွန့် မှာ ၉၀ လောက်ရှိတယ်။ ဒဂုံဆိပ် ကမ်းမှာလည်း နောက်တိုးမဲက အရပ်သား ၁၀၀၀ လောက်၊ ရဲ တွေက ၁၁၀ လောက်ရှိတယ်။ ဆို တော့ နောက်တိုးမဲတွေက အများ ကြီးပဲ"ဟုမင်္ဂလာ တောင်ညွန့်မြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

အမျိုးသားဒီမိုကရေစီ အင် အားစုပါတီခေါင်းဆောင်ဦးခင် မောင်ဆွေကလည်း မဲဆန္ဒနယ် တွင် ပါဝင်သော မြို့နယ်အချို့သို့ မဲဆန္ဒနယ်ပြင်ပအခြားမြို့နယ် များမှ လူဦးရေစာရင်းများ ပြောင်း လာခြင်းများရှိသည်ဟုဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲအကြို ကာလ၌ သတင်းမီဒီယာများက ပါတီကြီးအချို့ကိုသာ ဦးစားပေး ဖော်ပြပြီး ဘက်လိုက်မှုများရှိနေ သည်ဟု ဦးခင်မောင်ဆွေက မှတ် ချက်ပြုသည်။

"သတင်းလွတ်လပ်ခွင့်တွေ ကို ပြောနေပြီးတော့မှ သူတို့ကိုယ် တိုင်က ပြည်သူတွေကို သတင်း လွတ်လပ်ခွင့်ပိတ်ပင်တဲ့အနေနဲ့ ပါတီကြီး အချို့ကိုပဲ စန်းတင်ပြီး တော့ ကျန်တဲ့ပါတီတွေကို ချန် ထားတာမျိုးရှိတယ်။ အဲဒီလို ပုံစံ မျိုးမဖြစ်အောင်လည်း စောင့်စည်း ဖို့လိုတယ်လို့ ပြောချင်ပါတယ်"ဟု ဦးခင်မောင်ဆွေကပြောသည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကိုကြီးကလည်း ကြားဖြတ်ရွေး ကောက်ပွဲတွင် တရားမျှတလွတ် လပ်မှုမှာရလဒ်ထက်အရေးကြီး ကြောင်း မှတ်ချက်ပေးသည်။

"ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာဆိုတာ မပြောပလောက်ပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပါဝင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်တဲ့ အတွက် ထူးခြားတဲ့ရွေးကောက် ပွဲဖြစ်ပါတယ်။ နိုင်တဲ့မဲအရေအတွက်ထက် ပိုအရေးကြီးတာက ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ အုတ်မြစ်ချဖို့အတွက် သမ္မတ ကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပါဝင်တဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ် စဉ်အဲဒါကို စပြီးစမ်းသပ်မယ့် တာထွက်ခြေလှမ်းဖြစ်တယ်။ အဲဒီ ခြေလှမ်းဟာ ဘယ်လောက်ပွင့် လင်းမှု၊ ထင်သာမှုရှိသလဲ၊ ဘယ် လောက်တရားမျှတမှုရှိသလဲဆို တဲ့ ဒီမိုကရေစီအနှစ်သာရက ရွေးကောက်ပွဲမှာ အောင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်ထက် အရေးကြီးပါတယ်"ဟု မတ်လ ၂၃ ရက်တွင်ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရန် ကွန်ရက် ဖွဲ့စည်းထားသည်။

ရွေးကောက်ပွဲတရားမျှတ လွတ်လပ်လျှင် အထက်တွင် ဆိုခဲ့ သည့်အတိုင်း အမေရိက၊ ဥရောပ၊ ဂျပန်အပါအ၀င် ကမ္ဘာ့နိုင်ငံများမှ အကူအညီများစွာရမည်ဖြစ် သည်။ ထို့အပြင် အစိုးရအဓိက လိုလားသော နိုင်ငံတကာအသိုင်း အ၀ိုင်း၏ အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ခေတ်နောက်ကျပြီး အထီးကျန် နေခဲ့ရသော နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် ခေါင်းမော့ရင်ကော့နိုင် မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသူများကပြောသည်။

တပ်မတော်အုပ်ချုပ်မှုမှ ဒီမို ကရေစီနိုင်ငံသို့ ကူးပြောင်းနေ သော ခြေလှမ်းများမှာလည်း နိုင်ငံ တကာ၏ အားပေးထောက်ခံမှု များနှင့်အတူ ပိုမိုခရီးရောက်လာ မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲကြားဖြတ် ရွေးကောက်ပွဲမှာ တရားမျှတ လွတ်လပ်မှုမရှိခဲ့လျှင်မူ....

"လွှတ်တော်နိုင်ငံရေးတည် တံ့နေသမျှကာလပတ်လုံးက တော့ နောက်ကြောင်းပြန်လှည့်ဖို့ တော့ ခက်တယ်ဗျ။ သို့သော်လည်းပဲ ရှေ့တိုးဖို့လည်းမလွယ်ဘူးဗျ။ ဘာကြောင့်လည်းဆိုတော့ ကြား ဖြတ်ရွေးကောက်ပွဲ မအောင်မြင် ဘူး၊ တရားမျှတမှုမရှိဘူးဆိုရင် နိုင်ငံတကာပိတ်ဆို့မှုတွေဆက်ရှိ ပြီး၊ အကူအညီပေးတာတွေကော ရပ်သွားမှာပဲလေ။ အဲတော့ ဒုံရင်း ဒုံရင်းပြန်ဆိုက်မယ်"ဟု ဦးခင် မောင်ဆွေက ပြောသည်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်တစ်ဦးဖြစ်သော ဦးအေး မောက်ကလည်းကြားဖြတ်ရွေး ကောက်ပွဲ တွင် မည်သည့်ပါတီက နိုင်၍ မည်သည့်ပါတီက ရှုံးသည် ဆို ခြင်းထက် တရားမျှတလွတ်လပ် သော ရွေးကောက်ပွဲဖြစ်ရန်မှာ အရေးကြီးကြောင်း နိုင်ငံရေး လေ့လာသူများ၏အဆိုကို ထောက်ခံပြောကြားသည်။

"အဲဒီလိုပြောတာ အရမ်းမှန်ပါတယ်။ ထောက်လည်း ထောက်ခံတယ်။ အဲဒီအတိုင်း (တရားမျှတလွတ် လပ်သောရွေးကောက်ပွဲဖြစ်ရန်) လည်းဖြစ် စေချင်တယ်။ ဖြစ်အောင်လည်းပဲ ကျွန်တော်တို့ ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့တိုင်း တွေ့တိုင်း၊ သွားတိုင်း င်္Fair (တရားမျှတ)ဖြစ်အောင်လုပ်ကြ။ အနိုင်နဲ့အရှုံးက အဓိက မဟုတ်ဘူး။ ခင်ဗျားတို့ တကယ် Fair ဖြစ်တယ်။ ခင်ဗျားတို့ရဲ့ စာရိတ္တမဏ္ဍိုင်မှန်ကန်တယ်ဆိုတာ အဓိကပဲဆိုတာ ရှင်းပြပါတယ်။ တော်တော်များများနားလည်ကြပါတယ်"ဟု ဦးအေးမောက်က သူ၏ အတွေ့အကြုံကို ပြောသည်။

မူရင်းလင့်က ဒီမှာပါ။

ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ - လူထု စိန်ဝင်း


အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။

မီဒီယာဖွံ့ဖြိုးရေး ညီလာခံ

ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။

တည်ငြိမ်အေးချမ်းဖို့

ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။

ကာကွယ်စောင့်ရှောက်မှုပေးရမယ်

ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။

အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်

ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။

သဟဇာတ ဖြစ်မှု

ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။ ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။

ဒေ၀ါလီခံရအောင် လုပ်လို့

အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။

ခြိမ်းခြောက်ဖို့ မဟုတ်

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။

အခြေခံဥပဒေကို ဆန့်ကျင်

စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။

ရုပ်သိမ်းပေးရမှာ

ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။ ။

ဒီလှိုင်း စာစဉ်ပါ ဆရာကြီး လူထုစိန်ဝင်း ၏ ဆောင်းပါး

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲနီးသည့်တိုင် မဲစာရင်း မတည်ငြိမ်သေး

ဧရာဝတီတိုင်း မြောင်းမြမြို့ မဲပေးခွင့်ရှိသူများစာရင်းတွင် အမှားအယွင်းများစွာရှိနေပြီး ယခုအချိန်ထိ အနည်းငယ်သာ ပြင်ဆင်ခွင့် တင်ပြနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေး အဖွဲ့တာဝန်ခံ ဦးမြင့်လွင်ကပြောသည်။

မြောင်းမြမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁၄ ခုရှိပြီး ကော်မရှင်မှ ကြေငြာခဲ့သည့် စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၂၃၄၆ ရှိသည့် အနက် မှားယွင်းမှုမှာ လူဦးရေ တစ်သောင်းမှ ငါးသောင်းခန့်အထိ ရှိမည်ဟု ခန့်မှန်းသည့် အနက် ထောင်ဂဏန်းမျှသာ ပြင်ဆင်ဖို့ တင်ပြနိုင်ကြောင်း ၎င်းကပြောသည်။



မြောင်းမြမြို့မှ အန်အယ်လ်ဒီပါတီ ထောက်ခံသူများ

မဲစာရင်းအသီးသီးတွင် ပါဝင်ခွင့်မရှိသူများပါဝင်နေခြင်း၊ ပါဝင်ခွင့်ရှိသူများကျန်ခဲ့ခြင်း၊ စာရင်းထပ်ခြင်း စသည်တို့ဖြင့် မှားယွင်းလျှက်ရှိကာ မဲစာရင်းများကို လွယ်လွယ်ကူကူ ကူးယူမရခြင်းကြောင့် ပြင်ဆင်ရန် များစွာ ခက်ခဲကြောင်းကို ဦးမြင့်လွင်က ရှင်းပြသည်။

တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က ယင်းကဲ့သို့အမှားများရခြင်းမှာ ကွန်ပျူတာစာစီအမှားနှင့် လ၀က မှ တင်ပြရာတွင် မှားယွင်းခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရှင်းပြသည်ဟု ဦးမြင့်လွင်ကပြောသည် '' ဘယ်သူပဲလုပ်လုပ် မှားမှာပဲလို့ပြောတယ်။ ဒါဟာ တာဝန်မဲ့တဲ့ စကားပါ'' ဟု ၎င်းကပြောသည်။

အချို့ကျေးရွာများတွင် မတ် ၃ ရက်ခန့်တွင်မှ မဲစာရင်း ကြေငြာခဲ့ခြင်းနှင့် လက်ရေးဖြင့် ကူးယူခွင့် မပြုခဲ့ခြင်းကြောင့်လည်း နှောင့်နှေးခဲ့သည်ဟု ၎င်းက ပြောသည်။

စာရင်းများကို မတ် ၂၂ ခန့်တွင် ကူးယူခွင့်ရရှိခဲ့သော်လည်း CD မပေးဘဲ ရုံးတွင် မိတ္တူကူးစက်ဖြင့် လာရောက် ကူးယူစေခဲ့သဖြင့် ယခုအချိန်ထိ ကူး၍မပြီးသေးကြောင်း ဦးမြင့်လွင်ကပြောသည်။ ''စက်ပျက်၊ မီးပျက်နဲ့ အလုပ်ကမတွင်ဘူး။ ပြီးတော့ တစ်မျက်နှာမှာ ၁၀ ယောက်ပဲပါတော့ ဒီနေ့အထိကူးလို့မပြီးသေးဘူး''ဟု မတ် ၂၇ ၎င်းက YPI သို့ပြောသည်။

မတ် ၂၆ ရက်က ခရိုင်ကော်မရှင်ရုံးတွင် ပြုလုပ်သော အစည်းအဝေးတွင် NLD ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်း တာဝန်ခံ ဒေါက်တာဒေါ်မြင့်ကြည်အား ထိုကိစ္စများကို တင်ပြရာ ဒေါက်တာဒေါ်မြင့်ကြည်က မဲစာရင်းတွင် မပါဝင်ခဲ့သူများ အိမ်ထောင်စု စာရင်း ယူဆောင်လာပြီး မဲပေးနိုင်သည်ဟုရှင်းပြခဲ့ကြောင်း ဦးမြင့်လွင်က ပြောသည်။ ။

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲမှသည်


ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက် ပွဲ ချောမော အောင်မြင်စွာ ပြီးဆုံးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်များ သက်ဆိုင်ရာလွှတ်တော်များသို့ ပါဝင်လာစေလိုခြင်းမှာ မြန်မာပြည် အမျိုးသားပြန်လည်ရင်ကြား စေ့ ရေးနှင့် နိုင်ငံပြန်လည်ထူထောင်ရေး ရှေးရှု သော မြန်မာနိုင်ငံသားတိုင်းသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတ ကာ အစိုးရ များ၏ လိုလားချက်ပါဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ထုတ်ပြန်ချက်အရ ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများမှ စေလွှတ် မည့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုယ်စားလှယ် ၁၅၉ ဦးကို နေပြည်တော်အစိုးရက လက်ခံခွင့်ပြုထားကြောင်း သိရ သည်။ ထို့အပြင် သမ္မတဦးသိန်းစိန်ကလည်း မဲဆန္ဒရှင်များ၏ဆုံးဖြတ်ချက်ကို လေးစားကြရန် နှင့် ရွေးကောက်ပွဲ တရားမျှတစေ မည်ဟု ပြောဆိုထားရာ ခြိမ်းခြောက်မှုများ၊ မသမာမှုများ အောက်ခြေပိုင်း၌ ဖြစ်ပွားနေသော်လည်း ပေါ်လစီချမှတ်သူများ အဆင့် တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်လာမည်ကို လိုလားပုံ ပြသရာ ရောက်ပါသည်။

အကယ်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲရလဒ်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအတိုက်အခံများက အတည်ပြု ပါက ပြည်ဝင်ခွင့်ပိတ်ထားခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်း စသည့် အလျှင်အမြန် ဖြုတ်ပေးနိုင်သော ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများကို အမေရိကန်က ပြုလုပ်လာနိုင်ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ကျွန်းသစ်၊ ကျောက်မျက်နှင့် သယံဇာတ တူးဖော်ရေး တို့တွင် ပြန်လည်ရင်းနှီးမြှုပ်နှံရေး ဖွင့်ပေးနိုင်ကြောင်း သံတမန်သတင်းရပ်ကွက်များ၌ ပြောနေကြသည်။ ကနေဒါနှင့် ဩစတြေးလျ တို့ကလည်း ပိတ်ပင်မှု ရုပ်သိမ်းမည်ဟုလည်း ကြေညာထားသည်။

အကယ်၍ ရွေးကောက်ပွဲရလဒ်မှာ မသန့်ရှင်းကြောင်း အတိုက်အခံများက ကန့်ကွက်ခဲ့ပါမူ မြန်မာ့စီးပွားရေးပြန်လည် ဦးမော့လာစေ ရေးနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးရာကျသည့် ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုပ်သိမ်းဖယ်ရှားရေး နှောင့်နှေးသွားဖွယ်ရှိသည်။ ဤလမ်းကြောင်းအတိုင်းဖြစ်လာပါက NLD အနေဖြင့် မြန်မာ့စီးပွားဖွံ့ဖြိုးရေးကို မလိုလားဟူ၍ စွပ်စွဲခံလာရဖွယ် ရှိသည်။

အခြားတဖက်တွင်မူ ဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လတ်တလော မြင်တွေ့လာ နေရသော အလားအလာကောင်းများကို လက်မလွှတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှင့် အတူ မြန်မာ့လူမှုစီးပွားရေးဘဝ ပြန်ခေါင်းထောင် ထလာနိုင်မည်ဟု မျှော်လင့်နေပုံရပြီး ယင်းရလဒ်များမှတဆင့် မဲဆန္ဒရှင်များကို စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည်ဟု ယုံကြည်နေဟန်ရှိပါသည်။ ကြံ့ခိုင်ရေးပါတီအတွက် အမှန်တကယ် ခြိမ်းခြောက်နေသည်မှာ၂၀၁၅ ရွေးကောက်ပွဲသာ ဖြစ်သည်။

မည်သို့ဆိုစေ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ခံနိုင်ဖွယ် ရလဒ်များ ထွက်ပေါ်လာခဲ့လျှင်သော်မျှ ဒဏ်ခတ်ပိတ်ဆို့မှုများ မည်သို့ ရုပ်သိမ်းသွားမည်မှာ မရှင်းလင်းလှသေးချေ။ ဥရောပသမဂ္ဂအနေဖြင့် ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးနိုင်သော်လည်း လက်နက် တင်ပို့ရောင်းချမှု ပိတ်ထားခြင်းကို ဆက်ထားနိုင်ကြောင်း၊ ဒဏ်ခတ်မှုလျှော့ပေါ့ရေး ဥပဒေပြင်ဆင်မှု တနှစ်အနည်းဆုံး ကြာနိုင်ကြောင်း သံတမန်များက ဆိုသည်။

အမေရိကန် ဒဏ်ခတ်မှုမှာ ရှုပ်ထွေးပြီး အကန့်အသတ်များသည့် ပြည်ထောင်စုအဆင့် ဥပဒေ ၅ ခု နှင့် သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာ ၄ ရပ် ပါဝင်သည်။ အရေးကြီးသည့် အကန့်အသတ်တခုမှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ဖြစ်သည့်အတွက် မကြာသေးမီကပင် အမေရိကန်အစိုးရက နေပြည်တော်သို့ ယင်းကိစ္စ ဆက်လက်ကိုင်တွယ်ရန် တောင်းဆိုထားသည်။

ချုပ်လျှင် ကြားဖြတ်ရွေးကောက်ပွဲသည် တနိုင်ငံလုံးအတိုင်းအတာ ကျင်းပသော၊ နိုင်ငံရေးပါတီများအတွက် အခရာကျသည့် ရွေးကောက်ပွဲမဟုတ်သော်ငြား အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားစီးပွားပြန်ဦးမော့လာစေရေး လမ်းကြောင်းအစဖြစ်သောကြောင့် အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်သည်။ မသန့်ရှင်းမှု၊ မသမာမှုများကြောင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံး ချော်ထွက်သွားနိုင်သော အန္တရာယ်ကို သတိထားရန် လိုကြောင်း တိုက်တွန်းလိုက်ပါသည်။

မူရင်းလင့်က ဒီမှာပါ။

ကချင်ပြည်နယ် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီမည်ဟု KIO ပြော

ကချင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။



ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တွေ့ရသည့် KIO/KIA အမျိုးသမီး စစ်သည်များ
(ဓာတ်ပုံ - ဧရာဝတီ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့သည့် မဲဆန္ဒနယ် သုံးခုနှင့်ပတ်သက်၍ KIO နှင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခုလ ၂၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည့်အပေါ် တုန့်ပြန် ပြောဆိုခြင်း ဖြစ်သည်။

KIO ဗဟိုကော်မတီက ထုတ်ပြန်သည့် ကြေညာချက်တွင် “KIO သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်လည်း ရွေးကောက်ပွဲအတွက် အကူအညီများ ပေးခဲ့ကြောင်း၊ KIO နှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် ကချင်ပြည်နယ်တွင် လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဆိုပါက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဖော်ပြထားသည်။

KIO ၏ တုန့်ပြန်မှုအပေါ် ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲက ဒီနယ်တွေကို မပျက်ပြယ်စေချင်ဘူး။ လိုအပ်တဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိတယ်ဆိုတာကို ပြောထားပါတယ်။ အခု ပြောတယ်ဆိုတာကို ကျနော်တို့ ကြိုဆိုပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး အပစ်အခတ်မရပ်စဲရသေးသည့် KIO နှင့် တွေ့ဆုံရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အစိုးရက ခွင့်ပြုပေးမှသာ တွေ့ဆုံနိုင်မည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

၎င်းက “ရွေးကောက်ပွဲ လုပ်ဖို့က အချိန်နီးနေပြီဆိုတော့ အစိုးရအနေနဲ့ NLD နဲ့ KIO တွေ့ဆုံဆွေးနွေးဖို့ အမြန်ဆုံး လုပ်ပေးရင် အကောင်းဆုံးပါပဲ” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများကြောင့် ဖားကန့်၊ မိုးကောင်းနှင့် ဗန်းမော် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုလ ၂၃ ရက်နေ့တွင် အစိုးရပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

ရွှေ့ဆိုင်းခဲ့သည့် ရွေးကောက်ပွဲများ မည်သည့်အချိန်တွင် ပြန်လည်ကျင်းပမည်ဟု အတိအကျ မပြောနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒု ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဧရာဝတီကို ပြောသည်။

“ဘယ်တော့လောက် ပြန်လုပ်မလဲ မသိဘူး။ သေချာတာတော့ လုံခြုံမှု ရှိတဲ့အချိန်လောက် ဖြစ်ပါလိမ့်မယ်” ဟု ဦးလှမောင်ချိုက ပြောသည်။

NLD နှင့် KIO တွေ့ဆုံရေးအတွက် ခွင့်ပြုပေးရန် ရှိ မရှိ ဦးလှမောင်ချိုကို မေးမြန်းခဲ့ရာ “အဲဒါတော့ ကျနော်တို့ မသိဘူး။ ဘာမှန်းကို မသိတာ” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခဲ့သော်လည်း ပြန်လည်ကျင်းပမည်ဟူသော မျှော်လင့်ချက်ဖြင့် ဆက်လက် မဲဆွယ် စည်းရုံးနေကြောင်း မိုးကောင်း တသီးပုဂ္ဂလအမတ်လောင်း ဒေါက်တာ တူးဂျာက ပြောသည်။

“မဲဆွယ်တာတွေ ဆက်လုပ်နေပါတယ်။ ကော်မရှင်ကလည်း ဒီလကုန်အထိ လုပ်ခွင့်ပြုထားတယ်” ဟု ဒေါက်တာ တူးဂျာက ပြောသည်။

ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ၎င်းက “အာဏာပိုင်တွေ အနေနဲ့က လုံခြုံရေး အားနည်းချက်ရှိတဲ့ အတွက်ကြောင့် ရွှေ့ဆိုင်းလိုက်တယ်ဆိုတော့ ကျနော် ဘယ်လိုမှလည်း မပြောတတ်တော့ဘူး။ ဒါပေမယ့် အနီးကပ်ကျမှ အဲဒီလို ကြေညာလိုက်တဲ့အခါကျတော့ စိတ်ထဲမှာ တမျိုးတော့ ခံစားရတာပေါ့” ဟု ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်မှစ၍ ယခင်စစ်အစိုးရများနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ထားခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် တက်လာပြီးနောက် ၂၀၁၁ ဇွန်လမှစ၍ အစိုးရတပ်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယမန်နေ့က ထုတ်ပြန်သည့် KIO ၏ ကြေညာချက်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ ရွေးကောက်ပွဲကို ပုတ်ခတ်ပြောဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရန်၊ ပြည်သူများ မိမိဆန္ဒအလျောက် မဲပေးကြရန်နှင့် လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် အောက်ခြေ အဆင့်ဆင့်အား ညွှန်ကြားကာ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း ရေးသားထားသည်။

မူရင်းလင့်က ဒီမှာပါ။

စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်

အထူး စုံစမ်းစစ်ရေး ဦးစီးဌာန(စသုံးလုံး)က စစ်ဆေးရင်း သေဆုံးသွားခဲ့ရသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်အမှုနှင့်ပတ်သက်ပြီး ယမန်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါ ၌ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်သည်။



ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဂျပန် စကားပြန် ကိုမျိုးလွင်(၀ဲစွန်)၊
မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကို(အလယ်)၊
မနန်းဝိုးဖန်၏ ဖခင် ဦးအိုက်ခမ်း(ယာစွန်) 
(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

သတင်းစာရှင်းလင်းပွဲတွင် မနန်းဝိုးဖန် သည် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် စသုံးလုံး အဆောက်အအုံ ၅ ထပ်ပေါ်မှ ခုန်ချ သေဆုံး သွားခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကို က ပြောကြားသည်။

“၁၉ နှစ်ရှိသေးတဲ့ သူ့ကို သုံးရက်တိတိ၊ တနေ့မှာ၂ နာရီပဲ ပေးနားပြီး စစ်ဆေးတယ်။ သူက ကြောက်တတ်တယ်။ သူစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပြီး ခုန်ချသွားတာ။ ပြုတ်ကျတယ်ဆိုတာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုအမှုတွင် လာဘ်ပေး လာဘ်ယူမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးမှုများ ပါဝင်နေကြောင်း ကြားသိရသည်ဟုလည်း နာမဆဲ မိုတိုဟိကို က ဆိုသည်။

“တရားဥပဒေစိုးမိုးမှု ဘယ်မှာလဲ။ ဘာဖြစ်လို့ ဒီလောက်ငယ်ရွယ်တဲ့ အမျိုးသမီးလေးကို ဒီလို စစ်တာလဲ။ ဒီကိစ္စမှာ ကျနော်ကြား တာ မနန်းဝိုးဖန်ကို ဖမ်းဆီးစစ်ဆေးခိုင်းတဲ့သူက စသုံးလုံးကို ကားတစီးတောင် လာဘ်ထိုးထားတယ်ကြားတယ်”ဟု မစ္စတာ နာမဆဲ မိုတိုဟိကို က ဆက်ပြောသည်။

ရှေ့နေ မအိအိအောင် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)

ကာလတန်ဖိုး ကျပ် သိန်း သုံးသောင်း တန်ဖိုးရှိ မြေကွက်များကို မနန်းဝိုးဖန်အမည်ဖြင့် ခင်ပွန်းဖြစ်သူ မစ္စတာ နာမဆဲ မိုတိုဟိကို က ယူနတီ အိမ်ခြံမြေကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် ၀ယ်ယူပေးထားခဲ့ကြောင်း၊ မစ္စတာ နာမဆဲ မိုတိုဟိကို၏ လူယုံတဦးဖြစ်သော ကိုကို(ခေါ်)ကုလား က မနန်းဝိုးဖန် အမည်ဖြင့် ၀ယ်ယူထားသော မြေကွက်များကို သူပိုင်ဆိုင်ကြောင်း ပြောဆိုပြီး အလွဲသုံးစားပြုလုပ်ကြောင်း သိရသည်။

ထို့ကြောင့် မနန်းဝိုးဖန်က လှိုင်သာယာရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ကိုကိုဇော်က တရားခံကို ဖမ်းဆီးခြင်းမရှိဘဲ မြေကွက်များ ၀ယ်ယူထားသော မနန်းဝိုးဖန်ကို စသုံးလုံးသို့ လွှဲပြောင်းပေးကြောင်း၊ စသုံးလုံးက မြေကွက်များဝယ်ယူသော ငွေကြေး ရရှိမှုလမ်းကြောင်းကို အတင်းအကျပ် စစ်မေးခဲ့ကြောင်း၊ တရားခံ ကိုကို(ခေါ်)ကုလား ကိုမူ အရေးယူခြင်းမရှိဘဲ တရားလိုကို တရားခံသဖွယ် ဥပဒေနှင့်မညီ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မနန်းဝိုးဖန်၏ ရှေ့နေဖြစ်သူ မအိအိအောင်က ပြောပြသည်။

မတ်လ ၂၁ ရက်တွင် ၎င်းတို့ ၂ ဦးကို စသုံးလုံးက ခေါ်ယူ စစ်မေးကြောင်း၊ ၎င်းကို စစ်မေးပြီးပြန်ခိုင်းသော်လည်း မနန်းဝိုးဖန်ကို ဆက်လက် ခေါ်ယူထားကြောင်းလည်း မအိအိအောင်က ပြောသည်။

“ကျမရော၊ မနန်းဝိုးဖန် နားမှာ အစောင့်တယောက်စီ ထားတယ်။ အိမ်သာသွားတာက အစ အဲဒီ အစောင့် က လိုက်တယ်။ ဘယ်မှလည်း ပေးမသွားဘူး။ အိပ်ချိန် နည်းနည်းပေးလိုက်၊ အမှုစစ်လိုက် လုပ်တယ်။ မနန်းဝိုးဖန် က နဂို ကလည်း ကြောက်တတ်တယ်။ အဲဒီတော့ ဘာမှ မစားတော့ဘူး။ ရေသောက်ရင်တောင် ရေပြန်အန်တယ်။ အိပ်လည်း မအိပ်ဘူး။ နောက်ဆုံးမြင်လိုက်ရတာ က တော့ အခန်းထဲကပြေးထွက်တာ မြင်ရပြီး သူကျသွားတာပဲ။ ပြုတ်ကျတာလား၊ ခုန်ချတာလားတော့ ကျမသေသေချာချာ မမြင်လိုက် ရ လို့ မသိဘူး”ဟု မအိအိအောင်က ဆိုသည်။

သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)

မနန်းဝိုးဖန်သည် မတ်လ၂၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စသုံးလုံးရုံး တည်ရှိရာ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ၅ ထပ် အဆောက်အအုံ ပေါ်မှ ကျပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

မအိအိအောင်က ဆက်လက်၍ ၎င်းထံမှ ကျပ် သိန်း သုံးသောင်း တန်ဖိုးရှိ မြေကွက် စာချုပ်စာတမ်း နှင့် ပိုင်ဆိုင်မှု အထောက် အ ထားများကို စသုံးလုံးကသိမ်းဆည်းထားပြီး မိသားစုဝင်များက ပြန်လည်တောင်းယူသော်လည်း အထက်အမိန့်စောင့်ရမည်ဟု ပြော ဆို၍ ပြန်မပေးကြောင်းလည်း ပြောပြသည်။

မနန်းဝိုးဖန်ကို အဓိက စစ်မေးရန်ခေါ်ယူခဲ့သူနှင့် စစ်မေးခဲ့သူများတွင် စသုံးလုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးလွင်နှင့် စသုံးလုံး ၀န်ထမ်း ဦးကျော်ကျော်အောင် တို့ပါဝင်ကြောင်း သိရှိရသည်။

ယခု သတင်းစာရှင်းလင်းပွဲကို ရှမ်း တိုင်းရင်းသား တဦးဖြစ်သည့် မနန်ဝိုးဖန်၏ ဖခင်သည် မြန်မာစကား မပြောတတ်သောကြောင့် စကားပြန်ဖြင့် ပြုလုပ်ခဲ့ရပြီး ဆွေမျိုးများကို ပြန်လည်ခေါ်ယူရန် ကြိုးစားသော်လည်း စသုံးလုံးက ပြန်ခွင့်မပြုဘဲ တားမြစ်ထားကြောင်း မနန်းဝိုးဖန် ၏ ဖခင်က ပြောဆိုသည်။

“နယ်ကို ပြန်ပြီး ရှမ်း ဒုတိယ သမ္မတ စိုင်းမောက်ခမ်းကို တိုင်ဖို့ လူပြန်ခေါ်ချင်တယ်။ ဒါပေမယ့် စသုံးလုံးက နေ့ချင်းပြန် လေယာဉ်နဲ့ အသွားအပြန်လုပ်မှာကိုတောင် သွားခွင့်မပေးဘူး”ဟု မနန်းဝိုးဖန်၏ ဖခင် ဦးအိုက်ခမ်းက ပြောသည်။

လက်ရှိအချိန်အထိ စသုံးလုံးက မနန်းဝိုးဖန်သေဆုံးမှုသည် မတော်တဆဟု ပြောဆိုသော်လည်း မိသားစုဝင်များနှင့် ခင်ပွန်းဖြစ် သူကမူ လုံးဝ လက်မခံကြောင်း ပြောဆိုကြသည်။

မူလက မနန်းဝိုးဖန်၏ အလောင်းကို စသုံးလုံးက ဦးစီးသဂြုင်္ိဟ်လိုက်ပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း သင်္ဂြိုဟ်ခြင်း မရှိသေးဘဲ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံမှ ထိန်ပင် သုသာန်စသို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းကို ထိန်ပင်သုသာန် အအေး တိုက်တွင် ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ပြီး ဈာပန အခမ်းအနားကို လာမည့် စနေနေ့ ၁ နာရီတွင် စသုံးလုံးက ဦးစီးပြုလုပ်မည်ဖြစ် ကြောင်း မိသားစုဝင်များက ပြောပြသည်။

မနန်ဝိုးဖန်၏ အမှုကို စုံစမ်းခဲ့ကြသော Yangon Press International(YPI)မှ သတင်းထောက်ကိုသူရမျိုး နှင့် The Voice ဂျာနယ် မှ သတင်းထောက်တဦး အပါအ၀င် သတင်းထောက်များမှာ စသုံးလုံး၏ ခြိမ်းခြောက်မှု ကို ခံခဲ့ရသည်ဟု ပြောဆိုကြသည်။

ယမန်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ စသုံးလုံးနှင့် ရဲ အထူးသတင်းတပ်ဖွဲ့(SB)မှ လာရောက်ပြီး သတင်း ယူသော သတင်းထောက်များနှင့် မနန်းဝိုးဖန် ၏ မိသားစုကို ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍ မှတ်တမ်း တင်ခဲ့ကြသည်။

ယင်းအမှုကို သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၊ အလုံမြို့ နယ် ပြည်သူု့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် တို့က အသေးစိတ် စုံစမ်းမှုများပြုလုပ်နေပြီး လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ဟု ဧရာဝတီသို့ ပြောဆိုသည်။

မူရင်းလင့်က ဒီမှာပါ။

ပခုက္ကူရှိ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရိုက်နှက်ခံရ

မကွေးတိုင်း ပခုက္ကူ မြို့နယ် မြင်းဝင်း ကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးပုံ မှန်ကန်စေရန် ရည်ရွယ်၍ မဲပေးနည်းသရုပ်ပြ သင်တန်း ပို့ချနေသည့် ကျေးရွာကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ဝင် သုံးဦး၏ ရိုက်နှက်ထိုးကြိတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။



ရန်ကုန်မြို့တွင် မတ်လ ၇ ရက်နေ့က မဲဆွယ် စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေး ပါတီဝင်များ
(ဓာတ်ပုံ - Reuters)


မြို့နယ်ကော်မရှင်၏ ညွှန်ကြားချက်ဖြင့် မြင်းဝင်း ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် သရုပ်ပြသင်တန်းပို့ချ နေခြင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင်များ မဲဆွယ်နေသည်ဟု ထင်မှတ်ကာ ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင် သုံးဦးက လာရောက် ဆဲဆိုကြိမ်းမောင်းခြင်းကိုတားမြစ်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ကြောင်း မြို့နယ် NLD ကိုယ်စားလှယ်လောင်း ဦးပိုက်ကို က ပြောသည်။

“ဒီပွဲလုပ်နေတာကို NLD ကလုပ်နေတယ်အထင်နဲ့ ရွာသားတွေကို မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေ ထောက်တွေ ချိုးပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တယ်။ ဒီကျောင်းကို ဘယ်သူ့ခွင့်ပြုချက်နဲ့ သုံးတာလဲ၊ ဘာလဲဆိုပြီး အမျိုးမျိုးဆဲဆိုတာကို ဦးမြင့်အောင်က သွားတားမြစ်တော့ လည်ပင်းနဲ့ ဗိုက်ကို ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်သွားတာပေါ့ဗျာ”ဟု ဦးပိုက်ကို က ဧရာဝတီသို့ ပြောသည်။

ကော်မရှင် ဥက္ကဋ္ဌကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ ဦးဟန်သိန်းမြင့်၊ ဦးမောင်လွင်နှင့် ကိုဦး တို့အား ရိုက်နှက်မှုနှင့် ပတ်သက် ၍ မြစ်ခြေရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

မဲပေးရန် သရုပ်ပြသင်တန်းကို ရွေးကောက်ပွဲကော်မရှင် အထက်အဆင့်ဆင့်မှ ညွှန်ကြားထားချက်ဖြစ်ပြီး မြင်းဝင်းရွာ အဖြစ်အပျက် ကို ကြားသိထားကြောင်း၊ ကျေးရွာကော်မရှင်ကိုလည်း ဖြစ်ရပ်အပြည့်အစုံအား မြို့နယ်ကော်မရှင်သို့ တင်ပို့ခိုင်းထားကြောင်းနှင့် ရိုက်နှက်မှုမှန်ကန်ပါက သက်ဆိုင်ရာသို့ တင်ပြ အရေးယူသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးပုတု ကပြောပြ သည်။

“ကျနော်တို့ကတော့ အဲဒီနေ့ကသွားတဲ့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့ညွှန်ကြား ထား တယ်။ အဖြစ်မှန်သိတာနဲ့ ခရိုင်ကိုတင်ပြပြီးတော့ အရေးယူဆောင်ရွက်သွားဖို့ စီစဉ်မှာပါ”ဟု ဦးပုတု က ဧရာဝတီသို့ ပြောသည်။

ပခုက္ကူမြို့နယ်တွင် NLD မှ ဦးပိုက်ကိုနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံကြမည် ဖြစ် သည်။

ကြံ့ခိုင်ရေးပါတီ က ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်း စသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု ဆိုကာ NLD က မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား ထားကြောင်း သိရသည်။

တိုင်ကြားချက်၌ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဦးကျော်တင့်က ယခုလ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဒေသ ခံများအား တအိမ်လျှင် ကုလားပဲဆံ၂ ဘူး၊ အိုင်အိုဒင်းဆား ၁ ထုပ်နှင့် ကျပ်၂၀၀၀ စီပေးကာ မဲပေးကြရန်ပြောဆိုစည်းရုံးကြောင်းနှင့် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေးမှုများ ရှိနေသည်ဟုလည်း ပါဝင်သည်။

ထို့အတူ နိုင်ငံတ၀န်း၌ ကြိုတင်မဲများကို မတ်လ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ သင်တန်းသားများကို ယခုလ တတိယ ပတ် အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။

ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း ၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် အထည်ချုပ်စက်ရုံ ၂ ရုံ ၌ မဲရုံ ၂ ရုံ ထပ်တိုးလာခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

လွှတ်တော်ရေးရာကော်မတီ လုပ်ပိုင်ခွင့်များ ကန့်သတ်ခံရ

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ရေးရာကော်မတီ လုပ်ပိုင်ခွင့်များအား ကန့်သတ်ခံလိုက်ရကြောင်း သိရသည်။လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့် သွင်း အဓိပ္ပါယ် ဖွဲ့ဆိုနေခြင်းသည် အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်ညီညွတ်ခြင်း မရှိဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ ဆုံးဖြတ်ပေးခဲ့ကြောင်း အစိုးရသတင်းစာများ၌ ရေးသားထားသည်။



လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ထိုကိစ္စအား သမ္မတ ဦးသိန်းစိန်ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က အခြေခံဥပဒေဆိုင်ရာ ခုံရုံး သို့ ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်း တင်သွင်းခဲ့ခြင်း ဖြစ်ပြီး၊ ယမန်နေ့က အပြီးသတ် ကြားနာ ဆုံးဖြတ်ပေးခဲ့ရာ သမ္မတ က အနိုင်ရရှိသွားသည်။

သမ္မတရုံး ၀န်ကြီးဌာန အပါအ၀င် အစိုးရအဖွဲ့၏ ၀န်ကြီးဌာနများမှတောင်းခံတင်ပြသည့် ဘတ်ဂျက်ငွေများအား ပြည်ထောင် စုလွှတ်တော်မှ စိစစ်ခြင်း၊ ကန့်သတ်လျော့ချ ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် လွှတ်တော်နှင့်အစိုးရ အကြား အာဏာလွန် ဆွဲမှုများ ဖြစ်ပေါ် ပြီး နိုင်ငံတော်ခုံရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ူ့လွှတ် တော်နှင့်အမျိုးသားလွှတ်တော် အသီးသီး၌ ရေးရာကော်မတီစုစုပေါင်း ၂၀ ၀န်းကျင်ရှိသည်။

“ပြည်ထောင်စုအဆင့် မဟုတ်ရင် ပြည်ထောင်စုအဆင့် ၀န်ကြီးတွေကို လွှတ်တော်ကို ဆင့်ခေါ်ပိုင်ခွင့်မရှိဘူး၊ စစ်ဆေးတာ၊မေးမြန်းတာ လုပ်ပိုင်ခွင့်မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားပါတယ်၊ အစိုးရ ၀န်ကြီးတွေဟာ အရင်မူအတိုင်းပဲ သွား ချင်ပုံရပါတယ်”ဟု အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့် အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုအဆင့် အမြဲတမ်းကော်မတီ ၄ ခု ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားပြီးဖြစ် ကြောင်း၊ ထိုကော်မတီများအပြင် အခြေအနေအရ လိုအပ်ပါက ယာယီကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းနိုင်ကြောင်း အတိ အလင်းပြဌာန်ထားသည် ဟု ဒေါက်တာ အေးမောင် က ဆိုသည်။

လွှတ်တော်ဆိုင်ရာ ကော်မတီများ၊ ကော်မရှင်များအား ကန့်သတ် လိုက်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။ ဥပဒေ တချို့ကို ပြင်ဆင်၍ ကိုယ်စားလှယ်များ ၏ လုပ်ပိုင်ခွင့် များ ရရှိရေး ဆောင်ရွက်မည် ဖြစ်သည်။

လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီသည် ၀န်ကြီးဌာနများ၏ ငွေကြေးသုံးစွဲမှုများအား မကြာမီကာလ၌ ကွင်းဆင်းစစ် ဆေးမှု ပြုလုပ်သွားရန် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်၏ နာယကနှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မကြာမီက ဧရာဝတီ နှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။

“လွှတ်တော်ရှေ့မှောက်မှာပဲ ကျနော်တာဝန်ပေးလိုက်ပြီ၊ ခွင့်ပြုထားတဲ့ ဘဏ္ဍာငွေတွေ စနစ်တကျသုံးစွဲခြင်းရှိမရှိပေါ့၊ ဧပြီ ၁ ရက်နေ့ကနေ စတင်စစ်ဆေးခွင့် ပေးလိုက်ပြီ၊ လိုအပ်ရင် ဆိုက်ထဲ အထိကွင်းဆင်း စစ်ဆေးဖို့ပါ”ဟု ဦးခင်အောင်မြင့် က ဆိုသည်။

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများနှင့်သက်ဆိုင်သည့် မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ ရေးဆွဲခြင်း၊ အဆိုတင်ခြင်း၊ မေးမြန်းခြင်းတို့အား ဖြေဆိုရမည့် အချိန်၌ လွှတ်တော်၏ ဥက္ကဋ္ဌသည် သက်ဆိုင်ရာဝန်ကြီးများအား ကြိုတင်အကြောင်းကြား၍ ဆင့်ခေါ်ပိုင်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် (ခ) ခင်မောင်ရည် က ဧရာဝတီ ကို ပြောသည်။

လွှတ်တော်၏ အခန်းဏ္ဍအား မှေးမှိန်အောင် လုပ်၍ရမည် မဟုတ်ကြောင်း၊ သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရတဖွဲ့လုံးသည့် ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပြီး၊ လွှတ်တော်၌ ကျမ်းကျိန် ကတိခြင်း၊ သစ္စာ ပြုခြင်း တို့လုပ်ဆောင်ပြီးမှ အစိုးရ အဖွဲ့ဖြစ်လာကြောင်း ဦးခိုင်မောင်ရည် က ထောက်ပြ ပြောဆိုသည်။

မူရင်းလင့်က ဒီမှာပါ။