စီလုပ်ကြီးတို့ မြစ်ဆုံ

ကာတွန်း – စောငို
မူရင်းလင့်က ဒီမှာပါ။

မြန်မာပြည်အပြောင်းအလဲ နဲ့ အမေရိကန်အစိုးရ ခြေလှမ်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာခင်ကမှ မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တဲ့ သံအမတ်ကြီး Derek Mitchell ကို ဦးကျော်ဇံသာက အမေရိကန်နိုင်ငံခြားရေးရုံးမှာ မတ်လ ၂၂ ရက်၊ ကြာသာပတေးနေ့က သီးသန့်တွေ့ဆုံ မေးမြန်းထားတာကို တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးခဲ့တဲ့ ခရီးစဉ်နဲ့ ဒီတခေါက် ခရီးစဉ်ကြား အသိသာဆုံး ပြောင်းလဲတိုးတက်မှုအနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေမြင်တွေ့ခဲ့ရသလဲဆိုတာကို အရင်ဆုံး ပြောပါခင်များ။

Derek Mitchell ။ ။ ဒီတကြိမ်ကတော့ ရွေးကောက်ပွဲရာသီပါ။ ရွေးကောက်ပွဲအရှိန် တက်နေပါတယ်။ ဒီကိစ္စကပဲ ဆွေးနွေးမှုကို အဓိက ကြီးစိုးခဲ့ပါတယ်။ ရွေးကောက်ပွဲတော့ တကယ်ဖြစ်တော့မယ်ဆိုတဲ့ အသိရှိနေသလို။ ရွေးကောက်ပွဲက တကယ်ပဲ လွတ်လပ်ပြီး တရားမျှတမလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ရှိနေတာပါ။ အမတ်နေရာ (၄၈) နေရာလောက် ဖြစ်နေပေမယ့် အခြေအနေတွေ ဘယ်လောက်ဖြစ်လာနိုင်မလဲဆိုတာ အစိုးရနဲ့ အတိုက်အခံတွေနဲ့ အချိန်ယူပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတစွာ ဖြစ်ထွန်းနိုင်မယ့် အခြေအနေရှိမလား။ လွတ်လပ်ပြီး တရားမျှတစွာ ဖြစ်ထွန်းခဲ့ပြီးရင် ဘာတွေဖြစ်လာမလဲ။ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတစေဖို့ ဘာတွေလိုအပ်ပါသလဲ။ ဘာတွေလုပ်ရမလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ရွေးကောက်ပွဲအတွက် ပြည်ပအကဲခတ် စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ကြောင်း တနေ့က ကြေညာတာကို တွေ့ရပါတယ်။ ဒါဟာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုတာကို အချက်ပြလိုက်ခြင်းပဲလို့ မစ္စတာ မစ်ရှယ် ယူဆပါသလား။

Derek Mitchell ။ ။ ဒါဟာ အင်မတန် အပြုသဘောဆောင်တဲ့ အချက်ပြမှုတရပ်ပါ။ မြန်မာပြည်မှာ တခါမှ မရှိခဲ့ဘူးသေးတဲ့ လုပ်ရပ်ပါ။ ဒါကို ကြိုဆိုရပါမယ်။ ဒါပေမဲ့ စိုးရိမ်စရာတွေက ရှိနေပါသေးတယ်။ စောင့်ကြည့်လေ့လာတယ်ဆိုတာ ရွေးကောက်ပွဲ ကျင်းပတာတခုတည်းကို ကြည့်ပြီး လွတ်လပ်တယ်၊ တရားမျှတတယ်ဆိုပြီး ပြောလို့မရပါဘူး။ ရွေးကောက်ပွဲအကြိုကာလတွေထဲက စောင့်ကြည့်လေ့လာဖို့ လိုအပ်ပါတယ်။ လွတ်လပ်မှု ရှိရဲ့ လား၊ ခြိမ်းခြောက်မှုတွေ မသာမာမှုတွေ ရှိနေသလားဆိုတာကို ကြည့်ရပါမယ်။ လူတွေနဲ့ စကားပြောရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဆဲကာလမှာ နဲ့ ကျင်းပပြီကာလနောက်မှာ ဒီလိုမျိုး စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲမတိုင်မီကတည်းက ရောက်နေဖို့ လိုပါတယ်။ မဲအရေအတွက်တွေကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာပဲပြောပြော အခုလိုမျိုး လာရောက်စောင့်ကြည့်ဖို့ ဖိတ်ခေါ်တာကတော့ အလွန့်အလွန်ကို အပြုသဘောဆောင်တဲ့ကိစ္စပါ။

ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲဟာ အစအလယ်အဆုံး လွတ်လပ်ပြီး၊ မျှမျှတတ ပြီးမြောက်အောင်မြင်သွားပြီးဆိုရင် အမေရိကန်ဘက်က ဘယ်လို တုံ့ပြန့်မလဲ။ ကျနော် မေးခွန်းဟောင်းကိုပဲ ပြန်မေးပါရစေ။ လုပ်ရပ်ကို လုပ်ရပ်နဲ့ တုံ့ပြန်မယ်ဆိုတဲ့ ဝန်ကြီးကလင်တန် စကားအရပြောရမယ်ဆိုရင် ဘယ်လိုလုပ်ရပ်မျိုးနဲ့ တုံ့ပြန်မလဲဆိုတာကို သိပါရစေ။

Derek Mitchell ။ ။ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ ကျနော် အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီ မဲဆန္ဒနယ်မြေ (၄၈) နေရာမှာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတခဲ့လို့ရှိရင် ကျနော်တို့ဘက်က တုံ့ပြန်မှာ သေချာပါတယ်။ တော်တော်ကို ကြီးမားတဲ့ တုံ့ပြန်မှုဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာထက် ပိုပြီးအရေးကြီးတာက မြန်မာအစိုးရဘက်က ဘယ်လောက်အထိ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲကာလမှာ ယုံကြည်မှုရှိနိုင်တဲ့ ဝန်းကျင်အခြေအနေ၊ လုံခြုံမှုအခြေအနေ ရှိနေတယ်ဆိုတာ အာမခံချက် ပေးနိုင်ရပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးတော့လည်း သူတို့ လေးစားတဲ့ ပုဂ္ဂိုလ်တွေ ပါလီမန်တက်ရောက်ပြီးတော့ လွတ်လွတ်လပ်လပ် ကိုယ်စားပြုနိုင်တယ်ဆိုတာကို ပြသနိုင်မယ်ဆိုရင်တော့ ဒါတွေက ဧရာမကို ယုံကြည်မှုတည်ဆောက်ရေး လုပ်ရပ်ကြီးလည်း ဖြစ်လာပါလိမ့်မယ်။ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်ပါ ထိရောက်မှု ရှိပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒဏ်ခတ်အရေးယူမှုတွေ ရုတ်သိမ်းရေးအတွက် ရွေးကောက်ပွဲအပြင် ဘယ်လိုအချက်တွေကို စံအဖြစ် သတ်မှတ်ထားပါသလဲ။ Benchmark အဖြစ် သတ်မှတ်ထားပါသလဲ။

Derek Mitchell ။ ။ သတ်မှတ်ချက်တွေကတော့ အများကြီးပါ။ ဥပဒေ ပြုစုရေး၊ တိုင်းရင်းသား ပြဿနာပြေလည်ရေး။ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကချင်ဒေသနဲ့ တခြားဒေသတွေမှာ ရှိနေသလား။ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှုတွေ ရှိနေသလား။ ဒါတွေအားလုံး မှန်မှန်ကန်ကန် ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဆိုတာကလည်း အခိုက်အတန့် အခြေအနေကို ပြောတာမဟုတ်ပါဘူး။ အချိန်ယူ တည်ဆောက်ရတာမျိုးပါ။ အဲဒီမှာ ပိတ်ဆို့အရေးယူမှု ဘယ်တော့ ရုတ်သိမ်းရမလဲဆိုတာ ကြည့်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတဲ့သဘောက ဒါ ရွေးကောက်ပွဲ free and fair ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့သည် ဆိုသည့်တိုင်အောင် ဒဏ်ခတ်မှုတွေ ဆက်လက်ရှိနေအုံးမယ်ဆိုတဲ့ သဘောပေါ့။ ဟုတ်ပါသလား။

Derek Mitchell ။ ။ ဒီရွေးကောက်ပွဲနဲ့ပဲ ဒဏ်ခတ်အရေးယူမှုတွေကို ဆုံးခန်းတိုင်စေမှာ မဟုတ်ဘူးဆိုရင် မှန်ကန်မယ်ထင်ပါတယ်။ ဒီ ရွေးကောက်ပွဲတခုတည်းနဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ သိသာမြင်သာတဲ့ တိုးတက်မှုတရပ်တော့ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဒီအတွက် တုံ့ပြန်မှာပါ။ Sanction ရုတ်သိမ်းရေးအတွက် တခြားလိုအပ်ချက်တွေ ရှိနေပါအုံးမယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ စီးပွားရေးပညာရှင်တွေ ဒီလဆိုရင် ပါမောက္ခ Joseph Stiglitz အပါအဝင် ပုဂ္ဂိုလ်တွေက ဒဏ်ခတ်အရေးယူမှုဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် ခလုတ်ကသင်းတွေဖြစ်တယ်။ အတားအဆီးတွေဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။

Derek Mitchell ။ ။ ပါမောက္ခ Stiglitz နဲ့တကွ မြန်မာထိပ်တန်း စီးပွားရေးအကြံပေး ဦးမြင့်တို့က ပြောနေကြတာက Sanction တောင် မဟုတ်ပါဘူး။ တခြားပြည်တွင်းက အခြေအနေတွေနဲ့ အစိုးရကိုယ်တိုင် ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မှန်ကန်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ တာဝန်ရှိတယ်လို့ ရေးသားကြတာလို့ ကျနော်ထင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးယူပိတ်ဆို့မှုတွေဟာ အခြေခံအဟန့်အတား ဖြစ်တယ်ဆိုတာကို ကျနော်လက်မခံပါဘူး။ အစိုးရကရော တိုင်းပြည်တွင်း အခြေအနေတွေကပါ အခွင့်အခါကောင်းဖြစ်အောင် လုပ်ပေးရမှာပါ။ ကျနော်တို့ကတော့ ပြုပြင်ရေး Parner အနေနဲ့ ဒီလိုတိုးတက်မှုအခြေအနေတွေ ကူညီဖန်တီးပေးဖို့သာ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲသာ free and fair ဖြစ်ခဲ့ရင် ကျနော်တို့ဟာ ဒီ အတားအဆီးတွေကို ကျော်လွှားနိုင်အောင် ကူညီနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး မေးစရာတခု ရှိပါတယ်။ တကယ်လို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လုပ်တော့မယ်ဆိုရင် အခုလောလောဆယ်မှာ ဒီအခွင့်အရေးကို ချုပ်ကိုင်ရယူနိုင်သူတွေဟာ cronies တွေ၊ အာဏာပိုင်တွေနဲ့ အလွမ်းသင့်တဲ့လူတွေ၊ သူတို့ရဲ့  ဆွေမျိုးသားချင်းတွေပဲ ဖြစ်နေပါတယ်။ သူတို့လက်ထဲပဲ ချမ်းသာကြွယ်ဝမှုတွေ စုပြုံးပြီး ရောက်သွားမှာပါ။ ဒါကို ဟန့်တားနိုင်ဖို့ ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားမိပါသလား။

Derek Mitchell ။ ။ စနစ်ကတော့ တဖတ်သတ်လှည့်ဖြားထိန်းချုပ် ခံလာခဲ့ရတာ အကြာကြီးပါ။ ဒါကြောင့် ကျနော်တို့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သတိထားရမှာပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးတဲ့အခါမှာ အခွင့်ထူးတွေ တနေရာရာမှာ စုပြုံးမသွားရအောင် သတိပြုရမှာပါ။ လူအများစုအကျိုးအတွက်ဖြစ်အောင် လုပ်ရပါလိမ့်မယ်။ အလုပ်အကိုင်တွေဟာ အရေးကြီးဆုံးပါ။ ဒီလိုမျိုး ပြောကြားချက်မျိုးကို နေပြည်တော်မှာ ဝန်ကြီးတွေ ခေါင်းဆောင်တွေဆီကလည်း ကျနော်ကြားခဲ့ရပါတယ်။ ကျနော်တို့ ဘာလုပ်လုပ် အလုပ်အကိုင်တွေ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ လူထုကို မျှော်လင့်ချက် ထားရှိနိုင်စေရမယ်။ ဒီ ပြုပြင်ရေးကနေ သိသာမြင်သာတဲ့ အကျိုးအမြတ်တွေ ထွက်ပေါ်လာအောင် လုပ်ရမှာပါ။ ကျနော်တို့ဟာ ပြုပြင်ရေးဆိုတာတွေကို ဗဟိုနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့  နေ့စဉ်ဘဝမှာ ဒါတွေ မတွေ့ခဲ့ရပါဘူး။ ဒီအတွက် ကျနော်တို့ တနည်းနည်းနဲ့ ကူညီနိုင်မှာပါ။ အခြေအနေတွေမှန်ရင် ဒီလို လုပ်ပေးရမှာက ကျနော်တို့ မဟုတ်ပါဘူးး။ အစိုးရကသာ လုပ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ တရားစီရင်ရေးလောက ယိုးယွင်းပျက်စီးနေတာကိုလည်း လူတိုင်းက ထောက်ပြနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ ဒီ တရားစီရင်ရေး ယိုးယွင်းတဲ့ကိစ္စကို ဘယ်လိုသုံးသပ်ပါသလဲ။ ဘယ်လို ပြုပြင်ရမလဲဆိုတာကို အကြံပေးလိုပါသလဲ။

Derek Mitchell ။ ။ ဒါဟာ ရေရှည်စိမ်ခေါ်နေတဲ့ ကိစ္စရပ်ပါ။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ယေဘုယျကိစ္စပါ။ အမေရိကန်အစိုးရသာမက ရင်းနှီးမြုပ်နှံမယ့်သူတွေ စီးပွားရေးလောကသားတွေအားလုံး စိုးရိမ်ကြတဲ့ကိစ္စပါ။ တရားဥပဒေတွေ စိတ်ချရရဲ့ လား။ ပဋိညာဉ်တွေ၊ ကန်ထရိုက်တွေ လိုက်နာပါမလား စတာတွေပါ။ ဆိုတော့ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး၊ လွတ်လပ်မှု အခြေခံအဆောက်အအုံခိုင်မာမှုတွေက သိပ်အရေးကြီးပါတယ်။ ကျနော်တို့လည်း စောင့်ကြည့်နေမှာပါ။

ဦးကျော်ဇံသာ ။ ။ သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန် ဆန့်ကျင်ရေးအယူအဆတွေ ကြားခဲ့ရပါသလား။ တွေ့ကြုံခဲ့ပါသလားဆိုတာကတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့  လုပ်ဖော်ကိုင်ဖက်တယောက် မြန်မာနိုင်ငံသွားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အရာရှိကြီးတယောက်ကို အင်တာဗျူးလုပ်တော့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။ ကျနော်တို့ လိုချင်တာက ကျနော်တို့ တိုင်းပြည်ကို နိုင်ငံခြားက ကြိုးစွဲရာ ကနေတဲ့ တိုင်းပြည်မဖြစ်စေချင်ဘူးဆိုပြီးတော့ ပြောပါတယ်။ ဒါဟာ အနောက်ကမ္ဘာကို ရည်းစူးပြီးပြောတာပါ။ အထူးသဖြင့် အမေရိကန်ကို ပြောတာလို့ ကျနော်ထင်ပါတယ်။ ဒီကိစ္စကို သံအမတ်ကြီး ဘယ်လို တုံ့ပြန်ပြောကြားလိုပါသလဲ။

Derek Mitchell ။ ။ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံပဲ ဖြစ်ရမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ သူတို့ဟာ လွတ်လပ်တဲ့နိုင်ငံ၊ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံပါ။ ခင်များတို့ ဘာလုပ်ပါလို့ ကျနော်တို့ ပြောနေတာ မဟုတ်ပါဘူး။ ပြောမှာလည်း မဟုတ်ပါဘူး။ သူတို့နိုင်ငံ အကျိုးစီးပွားအတွက် သူတို့သာ ဆုံးဖြတ်ကြရမှာပါ။ မြန်မာတွေကိုယ်တိုင် သူတို့ပြောဆိုနေတဲ့ အကျိုးရှိမယ်ထင်တဲ့ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး ပြည့်ဝရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေကိုပဲ ကျနော်တို့ ပြောနေတာပါ။ မြန်မာပြည်အရေးကို မြန်မာတွေကပဲ ဆုံးဖြတ်တာကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ မြန်မာပြည်သူတွေကိုယ်တိုင် သူတို့အရေးကို သူတို့ပြောကြားလာခြင်းဟာ ကျနော်တို့အတွက်လည်း အကျိုးရှိစေပါတယ်။ ထိပ်ဆုံးက လူနည်းစုပြောနေတဲ့စကား၊ စစ်တပ်ကပြောတဲ့စကား၊ နိုင်ငံရေးပါတီတခုတည်းက ပြောနေတဲ့စကား၊ ရေပေါ်ဆီလူတစု၊ ဆွေမျိုးသားချင်းတစုက သူတို့အကျိုးအတွက် ပြောနေတဲ့စကားကိုတော့ မလိုလားပါဘူး။ တနိုင်လုံးက ပြောတာကို ကြားချင်ပါတယ်။ ဒီအတိုင်းသာ ကျနော်တို့ မူဝါဒ ချမှတ်သွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီလို အမေရိကန်ဆန့်ကျင်ရေး စိတ်ဓါတ်အပြင် ကျန်ကိစ္စတခုက စစ်တပ်ဟာ ကန့်လန့်ကာနောက်ကွယ်မှာ ရှိနေသေးတယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီ နှစ်ချက်ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် နောက်ပြန်လှည့်သွားနိုင်တဲ့ဖြစ်စဉ် ကိစ္စတွေဖြစ်တယ်လို့ သုံးသပ်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။

Derek Mitchell ။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီလိုမျိုး ပြောဘူးပါတယ်။ စစ်တပ်ကြောင့် နောက်ပြန်လှည့်သွားနိုင်တယ်ဆိုတာ မှန်ပါတယ်။ စစ်တပ်ဟာ ဖွဲ့စည်းပုံမှာ သူမတူအောင် ထူးကဲတဲ့အခန်းကဏ္ဍကို ရရှိထားပါတယ်။ စစ်တပ်ဟာ ပြစ်ဒဏ်မရှိဘဲ လုပ်ကိုင်ခွင့်ကို ရထားပါတယ်။ အစိုးရ ခိုင်းတာ၊ သမ္မတ ခိုင်းတာကို မလိုက်နာဘဲ နေနိုင်တဲ့ အခွင့်အရေး ရထားပါတယ်။ ဒါဟာ စိုးရိမ်စရာအချက်ပါ။

ဦးကျော်ဇံသာ ။ ။ အခုအခါ မြန်မာပြည်သူတွေအားလုံးက သူတို့ရဲ့  မျှော်လင့်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဆီမှာပဲ ပုံအပ်နေကြပါတယ်။ နိုင်ငံတကာကတောင် ဒီအတိုင်း လုပ်နေကြတာကို တွေ့ရပါတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးဟာ ဒီ မျှော်မှန်းချက်တွေအားလုံးနဲ့ ကိုက်ညီအောင် နေနိုင်မလား၊ အကောင်အထည်ဖော်နိုင်မလား။ ဘယ်လို သဘောရပါသလဲ။

Derek Mitchell ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော် သူကို အကြိမ်များစွာ တွေ့ဘူးပါတယ်။ အင်မတန် ထူးချွန်တဲ့ ပုဂ္ဂိုလ်ပါ။ တိုင်းပြည်အတွက်လည်း အထူးကို အရေးကြီးပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ပြောပါတယ်။ သူဟာ ကိုးကွယ်ဆည်းကပ်ရာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားသာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အတားအဆီးတွေကြားမှာ ဆောင်ရွက်ရမှာပါ။ စနစ်ရဲ့  အကန့်အသတ်တွေကို ကြုံရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒါဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသိုင်းအဝိုင်းကရော။ သူတို့ဟာ ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်မှာ အပိတ်ခံပြီး နေလာခဲ့ရတာပါ။ အခု လုပ်ငန်းစဉ်အတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ သူတို့ဆီမှာ ရှိကြပါသလား။ ဘယ်လို တွေ့ခဲ့ရပါသလဲ။

Derek Mitchell ။ ။ သူတို့မှာ စံရည်စံညွှန်းတွေ ရှိပါတယ်။ လူထုရဲ့  ဆန္ဒနဲ့ ကိုက်ညီအောင် လိုက်နာကြပါတယ်။ လူထုကို နားထောင်ကြပါတယ်။ သူတို့ဟာ လွှတ်တော်မှာ သူတို့လူထုကို ကိုယ်စားပြုနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရည်အချင်းကိုလည်း သံသယမရှိသလို သူ့ပတ်ဝန်ကျင်က လူတွေကလည်း ယုံကြည်ချက် အပြည့်ပါ။ အန်အယ်လ်ဒီ သာမက တခြားပါတီတွေ၊ တိုင်းရင်းသားပါတီတွေလည်း ဒီအတိုင်းပါပဲ။ ပါလီမန်မှာ ဒီပါတီတွေအပြင် USDP၊ စစ်တပ် စတာတွေလည်း ရှိပါတယ်။ သူတို့အားလုံး စုပေါင်းပြီး တိုင်းပြည်ရေး ရှေ့ ခရီးကို တက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆက်လက်ပြီး သံအမတ်ကြီး Derek Mitchell က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်တွေကို မရွေးချယ်ရသေးဘူး။ အဲဒီအထဲမှာ သူပါဝင်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ရွေးကောက်ပွဲကာလမှာ သူ မြန်မာပြည်မှာ ရှိနေမှာ မဟုတ်ပေမယ့် အနီးကပ် စောင့်ကြည့်နေမှာလို့ ဆိုပါတယ်။ သူရဲ့  နောက်တကြိမ် မြန်မာပြည်ခရီးက ဧပြီလထဲမှာဖြစ်မယ်လို့ ပြောကြားသွားပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် သရုပ်ဆောင် ၁၄ ဦးကို ပဏာမ ရွေးချယ်ထား

http://www.bogyokeaungsanmovie.org/ မှ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ၁၀/၂၀၁၂ အစည်းအဝေးကနေ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်ရန် လျှောက်ထားသူ ၁၅၇ ဦးအနက် ၁၄ ဦးကို ပဏာမ ရွေးချယ်ထားကြောင်း၊ ရွေးချယ်ထားသူအားလုံးအား လူတွေ့ တွေ့ဆုံနိုင်ရန် ၂၀၁၂ ဧပြီ ၇ ရက်နေ့ နံနက် ၉ နာရီရောက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းကို ဖိတ်ခေါ်ထားကြောင်း သိရှိရပါတယ်။

ပဏာမ ရွေးချယ်ထားသူများကတော့

၁။ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)
၂။ အောင်မိုးမင်း (ဆွာမြို့)
၃။ သိန်းဇော် (လှိုင်သာယာမြို့နယ်)
၎။ အောင်မင်းထွေး (တောင်ဒဂုံမြို့နယ်)
၅။ နေဦး (ခ) နန္ဒမိုး (မြင်းခြံမြို့နယ်)
၆။ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)
၇။ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)
၈။ အောင်ဘိုဘိုဇင် (မြောင်းမြမြို့နယ်)
၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး (ချောင်းဆုံမြို့နယ်)
၁၀။ ဘုန်းမြင့်ဌေးမော် (ကမာရွတ်မြို့နယ်)
၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)
၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း (ဒေါပုံမြို့နယ်)
၁၃။ အောင်ချမ်း (လားရှိုး)
၁၄။ သက်ဇော်ဝင်း (ဒဂုံမြို့သစ် - အရှေ့ပိုင်း) တို့ ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားရန် စာရေးဆရာ ချစ်ဦးညို၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ ဇာတ်ညွှန်းဆရာ အကယ်ဒမီ ငြိမ်းမင်းတို့ကို ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ဇာတ်ညွှန်း ရေးသားရန် မတ်လ ၁ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီး မတ်လ ၂၂ ရက်နေ့က ဇာတ်ညွှန်းရေးသားရန်အတွက် ကြည်စိုးထွန်း၊ ချစ်ဦးညို၊ ငြိမ်းမင်း၊ ဇာဂနာ၊ မင်းထင်ကိုကိုကြီးနဲ့ ဇော်သက်ထွေးတို့ စတင် ဆွေးနွေးခဲ့ကြကြောင်း၊ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်သစ် သုံးဦး အလိုရှိကြောင်းကို မတ်လ ၁၅ ရက်နေ့က ကြေငြာခဲ့ကြောင်းလည်း သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား နာယက ပြုကာ ဖွဲ့စည်းထားပြီး ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်း၊ အမှတ် ၁၀၁ ဘီတွင် ရုံးခန်းဖွင့်လှစ်ထားကာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို အမျိုးသားရုပ်ရှင်ရဲ့ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းကို လှူဒါန်းခဲ့သလို ကျန်တဲ့ စေတနာရှင်များကလည်း အလှူငွေများ လှူဒါန်းလျက်ရှိရာ အလှူရှင် ဦးသန်းမောင် (မော်ကွန်းဝင် ပထမအဆင့်) နဲ့ သမီး ဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု) တို့က အလှူငွေ ကျပ် သိန်းတထောင်ကို ၂၀၁၂ မတ်လ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှတဆင့် လှူဒါန်းခဲ့ကြပါတယ်။ ရုပ်ရှင်ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို ဇာဂနာ လာရောက်ကာ လေ့လာခဲ့ကြောင်း၊ ရုပ်ရှင်ဇာတ်ကားအတွက် နိုင်ငံတကာကလည်း အကူအညီ ပေးနိုင်ခြေရှိကြောင်း သတင်းရရှိပါတယ်။

ကိုးကား

http://www.bogyokeaungsanmovie.org/

မူရင်းလင့်က ဒီမှာပါ။

အစိုးရနှင့် ဆွေးနွေးရာတွင် ကရင်ပြည်သူတို့၏ လုံခြုံရေး KNU အလေးထားဆွေးနွေးမည်


ကရင်အမျိုသားအစည်းအရုံး(KNU) သည် လာမည့် ဧပြီလ ပထမအပတ်တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ ကရင်ပြည်သူလူထု၏ လုံခြုံရေးကိစ္စများကို အလေးထား ဆွေးနွေးသွားမည် ဖြစ်သည်။

KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ပြည်သူလူထုတွေ လွတ်လွတ်လပ်လပ်သွား လာခွင့်ရှိဖို့၊ သူတို့အပေါ်မှာ အတင်းအ ဓမ္မ ခိုင်းစေမှုတွေ ရပ်တန့်ကြဖို့၊ သူတို့ရဲ့ အိုးအိမ်ပစ္စည်းတွေကိုလည်း မဖျက်ဆီးကြဖို့၊ နောက်ပြီး အစိုးရကကော အားလုံးက သူတို့အပေါ် မှာ အလေးထားပေးဖို့အတွက် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် တောင်ငူခရိုင်ရှိ တပ်မဟာ(၂)၊ ထားဝယ်ခရိုင်ရှိ တပ်မဟာ(၄)တို့တွင် အစိုးရတပ် စခန်းများ တိုးချဲ့လာခြင်း၊ ၎င်းတို့ တပ်စခန်းများသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် ဒေသခံရွာသားများ၏ ဆိုင်ကယ်များ ကို ချောဆွဲခိုင်းစေခြင်းများ၊ ဒေသခံတို့မှ ယခင် ထောင်ထားသော မြေမြှပ်မိုင်းများနင်းမိ၍ သေဆုံးမှုများ ရှိသည်။

ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့သည် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသော KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မိခင်အဖွဲ့အစည်းသို့ ယမန်နေ့က ပြန်လည် အပ်နှံရင်း လာမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးမှုများအပြီးတွင် အထွေထွေကဏ္ဍတစ်ခုအနေဖြင့် အစိုးရနှင့် KNU နယ်မြေများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ စစ်အင်အား တိုးကာ ရိက္ခာများ ထပ်မံ ပို့ဆောင်နေမှုများအကြောင်းကို တင်ပြဆွေးနွေးရာတွင် သေချာအောင် လေ့လာမှုများ ပြုလုပ်ပြီး အကြောင်းပြန် ကြားမည်ဟုလည်း အစိုးရဘက်က ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းအကြိုဆွေးနွေးပွဲတွင် ယခင် ပြည်နယ်အဆင့်တွင် လက်မှတ်ထိုးထားသည့် အချက်အလက်များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဧပြီ ၄ရက်နေ့တွင် မဲဆောက်မြို့မှ စတင် ထွက်ခွာပြီး ၁၁ရက်နေ့တွင် ပြန်လည် ရောက်ရှိမည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

သူမက “ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ လက်မှတ်ထိုးထားတဲ့ နှစ်ဖက်အပစ်ခတ်ရပ်စဲရေး၊ ပြန်လည်နေရာချထားရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့နဲ့ လက်နက်မပါဘဲ သွားလာခွင့်ရှိတဲ့ နေရာတွေ သတ်မှတ်ထားဖို့ အဲဒါတွေကို အသေးစိတ် ဆွေးနွေးသွား မယ်”ဟု ပြောသည်။

ထိုခရီးစဉ်တွင် KNU သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သွားရောက်တွေ့ဆုံမည်ဟု နော်စီဖိုးရာစိန်က ပြောသည်။

“သူ(ဒေါ်စု)က ပြည်သူလူထုတွေအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ပါ ကြိုးစားလုပ်ဆောင်နေတာတွေရှိတယ်။ အဲဒါကြောင့် သူ့ကို သွားတွေ့ဖို့လည်း ဆုံးဖြတ်ထားတာပါ”ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူညီခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

စစ်ပွဲ၊ ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီး ကချင် လွတ်မြောက်ရေး အဖွဲ့က ကြေငြာချက် ထုတ်ပြန်


မြန်မာအာဏာပိုင်များနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ လက်ရှိ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများနဲ့ ပတ်သက်ပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ၂၀၁၂ မတ်လ ၂၄ ရက်နေ့တွင် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထို ကြေငြာချက်တွင် မြန်မာအစိုးရနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အခြေအနေနဲ့ ကချင်ဒေသအတွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ တိုက်ပွဲ အခြေအနေများကို ဖော်ပြထားပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကြေငြာချက်တွင် ၂၀၁၁ ဇွန်လ ၈ ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်အကြား တိုက်ပွဲများဟာ ၁၀ လ ကြာမြင့်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း အဖြေ ထွက်မလာသေးကြောင်း၊ ဆွေးနွေးပွဲများနဲ့ ပတ်သက်ပြီး ၂၀၁၂ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် တကြိမ်၊ ၂၀၁၂ မတ်လ ၁၀ ရက်နေ့တွင်တကြိမ် ကြေငြာချက်များ ထုတ်ပြန်ခဲ့ကာ ထို ကြေငြာချက်များတွင် စစ်ရေးအရှိန်များ ထိန်းသိမ်းရန်၊ ယုံကြည်မှု တည်ဆောက်ဖို့အတွက် ပြဿနာ ဖြစ်ပွားနိုင်တဲ့ ဒေသများရှိ နှစ်ဖက်တပ်ကိစ္စများကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရတဲ့အထိ ဆွေးနွေးပြီး သဘောတူညီချက်များကို ရက် သတ်မှတ် ဆောင်ရွက်ကာ ပြည်သူအများ သိစေဖို့ ထုတ်ပြန် ကြေငြာရန် ဖော်ပြခဲ့ကြောင်း၊ သို့သော်လည်း စစ်ရေးအရှိန်များ လျော့သွားခြင်း မရှီဘဲ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှု ပိုမို များပြားလာပြီး နေ့စဉ် တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်း၊ ၂၀၁၂ မတ်လအတွင်းတွင် ကေအိုင်အေ တပ်ရင်း ၅ ဌာနချုပ် နေရာ၊ ကေအိုင်အေ တပ်မဟာ ၃ ဒေသနဲ့ ကေအိုင်အို ဌာနချုပ်ဒေသများကို မြန်မာစစ်တပ်က စစ်ကြောင်းများ ပိုမို ပို့ဆောင်ကာ စစ်ရေးအရှိန် တိုးမြှင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကချင်အဖွဲ့ဟာ မြန်မာစစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) နဲ့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော်တို့ ငြိမ်းချမ်းရေး ရယူခဲ့စဉ်အချိန်အတွင်း ကချင်အဖွဲ့များကို သုံးဖွဲ့လောက် ကွဲသွားအောင် မြန်မာစစ်အစိုးရက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကချင်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ဘဲ ၁၇ နှစ်ကျော်ကြာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ကာ ၂၀၁၁ ဇွန်လ ၈ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။ ထိုသို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်းဟာ မြန်မာစစ်တပ်က ကချင်လွတ်မြောက်ရေးတပ်မတော်ကို ဖိအားပေးပြီး နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ခိုင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ရယူခဲ့စဉ်က သဘောတူညီခဲ့ကြတဲ့ နိုင်ငံရေးကိစ္စများကို အမျိုးသား ညီလာခံတွင် ဆွေးနွေး ဖြေရှင်းရန်ဆိုတဲ့ ဂတိက၀တ်များအတိုင်း ၂၀၀၄ ညောင်နှစ်ပင် အမျိုးသား ညီလာခံကို ကချင် လွတ်မြောက်ရေးအဖွဲ့ တက်ရောက်ခဲ့ပြီး ကချင် လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီက (ထိုစဉ်က) မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေထံ အချက် ၁၉ ချက်ပါ စာတမ်းကို တင်သွင်းခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ ကချင်အဖွဲ့ တင်သွင်းတဲ့ သဘောထားများကို လစ်လျူရှုကာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ကို အတည်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ထိုသို့ ကချင် တိုင်းရင်းသားများရဲ့ သဘောထားများကို မြန်မာစစ်ဗိုလ်များက လစ်လျှူရှုခဲ့သော်လည်း ကချင် လွတ်မြောက်ရေးအဖွဲ့ကတော့ အဖွဲ့ဝင် ၆ ဦးကို အဖွဲ့မှ နှုတ်ထွက်ခွင့်ပေးကာ ပါတီနိုင်ငံရေး ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ သို့သော် မြန်မာအစိုးရက ထိုပုဂ္ဂိုလ်များအား ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရန် ပါတီ ဖွဲ့စည်းခွင့် မပေးခဲ့သလို တသီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်ဖို့ကိုလည်း သဘောမတူညီခဲ့ပါဘူး။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေတဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃ နယ်အတွက် ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ရန် အာဏာပိုင်တွေက သဘောတူခဲ့သော်လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုံခြုံရေး အကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းကြောင်း သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူညီချက်များ မရရှိကြခြင်းရဲ့ အကြောင်းရင်းမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များကို လက်နက်ချရန် လက်ရှိ မြန်မာအစိုးရဘက်က လိုလားနေခြင်းနဲ့ ကချင်ဘက်က လိုလားနေတဲ့ ထာဝရ ငြိမ်းချမ်းရေးရရန်၊ ထို ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရန် ရည်သန်တဲ့ သဘောတူညီချက် လက်မှတ်ထိုးရန်အတွက် မြန်မာအစိုးရဘက်က စိတ်ဝင်စားမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါတယ်။ ထို့အပြင် မြန်မာအစိုးရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၃ ဒီပဲယင်းလူသတ်ပွဲ တရားခံလို့ ယူဆခံရတဲ့ မြန်မာအစိုးရ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်ခဲ့တာကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတရပ် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ မြန်မာ့အရေး လေ့လာသူတဦးကတော့ မြန်မာအာဏာပိုင်တွေဟာ အခုအချိန်မှာ ကချင်တပ်ဖွဲ့တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရယူဖို့စိတ်ကူး လုံးဝ မရှိနိုင်ကြောင်း ရှုမြင်ပါတယ်။

မြန်မာအာဏာပိုင်တွေဟာ ကချင်တပ်ဖွဲ့တွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရယူနိုင်ရန် စိတ်ကူး မရှိသော်လည်း လက်ရှိအခြေအနေတွင် ကချင် စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာဖွေပွဲများ ပြုလုပ်ခြင်း၊ ဒုက္ခသည်များအား ကူညီခြင်း စတဲ့ လုပ်ငန်းများကို ကန့်ကွက်ခြင်း မရှိသလို ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းကို မြန်မာပြည်တွင်းမှတဆင့် ကချင်တပ်ဖွဲ့များ တပ်စွဲထားရာဒေသများဆီ သွားခွင့် ပေးခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ မကြာမီရက်ပိုင်းအတွင်းက ကချင်စစ်ပြေး ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း အကူအညီ ပေးထားကြောင်း သိရပါတယ်။ ထရပ်ကား လေးစီးနဲ့ ကမ္ဘာ့ကုလသမဂ္ဂယာဉ် နှစ်စီး ပါဝင်တဲ့ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းဟာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသက မြန်မာအစိုးရ ထိမ်းချုပ်တဲ့ နယ်မြေကို မတ်လ ၂၄ ရက်နေ့က သွားရောက်ခဲ့သလို ကချင်တပ်တွေ ထိမ်းချုပ်ထားတဲ့ နယ်မြေကို မတ်လ ၂၅ ရက်နေ့က သွားရောက် ကူညီနိုင်ခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ၂၀၁၁ ဒီဇင်ဘာလအတွင်းက အကူအညီပေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး အခုတခါ အကူအညီပေးနိုင်မှုဟာ ဒုတိယအကြိမ်မြောက် အကူအညီပေးနိုင်ခြင်း ဖြစ်ပါတယ်။ အခုတကြိမ် အကူအညီပေးမှုတွင် လူတထောင်ကျော်အတွက် တလစာ အစားအသောက်၊ လာမယ့် မိုးတွင်းကာလအတွက် လိုအပ်တဲ့ အစားအသောက် မဟုတ်တဲ့ ပစ္စည်းများ ပါဝင်တယ်လို့ သိရပါတယ်။ အခုလို ကူညီနိုင်ခြင်းဟာ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းစတဲ့ နှစ်ဘက်စလုံးနဲ့ ဆွေးနွေး ညှိနှိုင်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခုလို အကူအညီပေးမှုကို ပုံမှန် ပြုလုပ်သွားရန် လိုအပ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူ Ashok Nigam က ရန်ကုန်တွင် ပြောကြားလိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ယခင်က စစ်ပြေးဒုက္ခသည်များအား အကူအညီပေးနိုင်ရေး ကိစ္စများကို ပိတ်ပင်ထားခဲ့သော်လည်း အခုအချိန်တွင် အကူအညီပေးရေး လမ်းကြောင်းများ နည်းနည်းစီ ပိုမို လုပ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အကူအညီပေးရေး လမ်းကြောင်းတွေ ပွင့်လာသော်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ အခုအချိန်အထိ ပိတ်နေဆဲ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

NLD ပါတီအား အသရေဖျက်သည့်ကြံ့/ဖွံ့ ကိုယ်စားလှယ်အား ရွေးကောက်ပွဲကော်မီရှင် ခေါ်ယူသတိပေး


ရွေးကောက်ပွဲ ကော်မီရှင်မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအား ချိုးဖောက်၍ မဲဆွယ် စည်းရုံးရေး ပြုလုပ်ခဲ့သည့် နွားထိုးကြီးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအား ရွေးကောက်ပွဲ ကော်မရှင်မှ ခေါ်ယူကာ သတိပေး၍ ဝန်ခံကတိ ထိုးစေခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်သည် အန်အယ်လ်ဒီ အနေနှင့် ရွေးကောက်ပွဲကြို ကာလအတွင်း မဲဆွယ် စည်းရုံးရေး ခရီးစဉ်များ၌ ပြိုင်ဘက် ကြံ့/ဖွံ့ပါတီ၏ တိုက်ခိုက်ပုတ်ခတ်မှုများနှင့် ပတ်သက်၍ တရားဝင် တိုင်ကြားမှု ပြုခဲ့ပြီးနောက် သက်ဆိုင်ရာ အစိုးရ ရွေးကောက်ပွဲ ကော်မီရှင်မှ တရားဝင် အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

“နွားထိုးကြီး မြို့နယ်မှာ ကြံ့/ဖွံ့ ကိုယ်စားလှယ်လောင်းကနေပြီးတော့ ကျွန်တော်တို NLD ကိုယ်စားလှယ် လောင်းတွေကို ရင့်ရင့်သီးသီး အသုံးအနှုန်းတွေ ဖြစ်တဲ့ ထောင်ထွက်တွေ၊ သူခိုးတွေ အဲလိုမျိုးပေါ့ သုံးစွဲခေါ်ဆိုပြီး ပုတ်ခတ် ပြောဆို မဲဆွယ်ခဲ့တယ်။ နောက်တော့ သသနာ့ အဆောက်အအုံတွေ၊ ဓမ္မာရုံတွေ၊ ဇရပ်တွေ၊ ခန်းမဆောင် တွေကိုလည်း ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းနဲ့ မညီပဲ သုံးစွဲပြီး မဲဆွယ်စည်းရုံးလေး လုပ်ကြတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မီရှင်ကို အချက်အလက်တွေနဲ့တကွ တိုင်ကြားထားပြီးသားပါ” NLD ပါတီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားပါတယ်။




လသာလမ်းပြင် ကြံ့ဖွံ့ပုံ (ဓါတ်ပုံ အင်တာနက်)

 ကြားဖြတ် ရွေးကောက်ပွဲရက် နီးကပ်လာသည်နှင့်အမျှ ပါတီများမှ သူ့ထက်ငါအပြိုင် မဲဆွယ်စည်းရုံးရေး ပြုလုပ် ခဲ့ကြ လေသည့်အနက် NLD ၏ အဓိကပြိုင်ဖက် ကြံ့/ဖွတ်ပါတီမှ ဥပဒေနှင့် မညီညွတ်သည့် ပြိုင်ဆိုင်မှုများဖြင့် ပြိုင်ဆိုင် မဲဆွယ်ခြင်း၊ NLD ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း၊ NLD ကိုယ်စားလှယ်လောင်းများအား ထိခိုက် နာကျင်အောင် တိုက်ခိုက် စော်ကားခြင်းများနှင့် ရန်လိုသော အပြုအမူများနှင့် ပြုမူ ဆောင်ရွက်လာလျက် ရှိသည်ကို တွေ့ရှိရပါသည်။


“မဲဆွယ်တာကိုတာ့ အပစ်မပြောပါဘူး၊ ဒါပေမယ့် ဥပဒေနဲ့အညီ ဖြစ်ဖို့လိုပါတယ်၊ ကျွန်တော်တို့ ဒီကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာ ကိုလည်း လေ့လာစောင့် ကြည့်သူတွေ ဖိတ်ခေါ်ထားပါတယ်၊ ဒီလာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိအောင်နဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ တစ်ရပ် ဖြစ်အောင် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မီရှင်က လမ်းညွှန်ချက် ပေးထားတာ ရှိပါတယ်။ အဲဒါကြောင့် ဒီလို ဥပဒေနဲ့ မညီညွတ်တဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မီရှင် ချမှတ်ထားပြဌာန်းထားတဲ့ ဥပဒေတွေကိုလည့် ဆန့်ကျင်ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်၊ နိုင်ငံတကာ အမြင်မှာလည်း ဒါဟာ အမြင်မကောင်းဘူး၊ ဒါကြောင့် ကျွန်တော်တို့ ခေါ်ယူ သတိပေးရတာပါ”ဟု နွားထိုးကြီး ကော်မီရှင် ရုံးခွဲမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားပါသည်။




ရန်ကုန် ကြံ့ဖွံပုံ (ဓါတ်ပုံ အင်တာနက်)

နွားထိုးကြီး မြို့နယ်မှ ကြံ့/ဖွံ့ပါတီ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ညွှန့်နှင့် အဖွဲ့ဝင် ဦးအောင်ဇော်မြင့်တို့အား နွားထိုးကြီး ကော်မီရှင်ရုံှးမှ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရန်လည် ခေါ်ယူသတိပေးခဲ့ပါသည်။ ကြံ့/ဖွံ့ပါတီ၏ ဥပဒေနှင့် မညီညွတ်သည့် လုပ်ဆောင်ချက်များနှင့် အန်အယ်လ်ဒီ ပါတီအား အသရေဖျက် စွပ်စွဲချက်များသုံးနှုန်းခြင်းနှင့် ပတ်သက်၍လည်း သတိပေး၍ ဝန်ခံချက် ထိုးစေခဲ့ကြောင်း သိရှိရပါသည်။


မူရင်းလင့်က ဒီမှာပါ။

ကျန်းမာရေးကြောင့် မဲဆွယ်ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် ဖျက်သိမ်း


ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် ယခုလအတွင်း သွားရောက်မည့် မကွေးတိုင်းခရီးစဉ်ကို ဖျက်သိမ်းလိုက် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အနည်းငယ် ဖြစ်သွားတာပေါ့ဗျာ။ ရေလမ်းခရီးမသွားဘူးတော့ လှိုင်းမူးတဲ့ဒဏ်ကြောင့်ကောပေါ့။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့်လ ၂၄၇က်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြိတ်မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားရာ ကျန်းမာရေးချို့ယွင်းမှု ရှိခဲ့သဖြင့် မိသား စုဆရာဝန်၏ အကြံပေးချက်အရ ဆက်လက်သွားမည့် သူမ၏ ခရီးစဉ်ကို ဖျက်လိုက်ရခြင်း ဖြစ်သည်။

ယခုလ (၂၇)နှင့် (၂၈)ရက်နေ့များတွင် မကွေး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီးနှင့် နတ်မောက်မြို့နယ်များသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည့်အတွက် ဒေသခံပြည်သူများအား တောင်းပန်သည့်စာတစ်စောင်ကို NLD က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော



ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဒေါက်တာတင်မျိုးဝင်းပြော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် နောက်ထပ်ကျန်နေသေးတဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို သွားရောက်ဖို့ အဆင်မပြေတော့ကြောင်း ဒေါက်တာတင်မျိုးဝင်းက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

စသုံးလုံး စစ်ဆေးစဉ် သတ်သေမှု သတင်းယူသည့် သတင်းထောက် ခြိမ်းခြောက်ခံရ


ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက် ရှိ အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စ သုံးလုံး) က ခေါ် ယူစစ်ဆေးစဉ် သေဆုံးသွား သည့် မိန်းကလေး တစ်ဦး ၏ အမှု အကြောင်း ကို လို လံ စုံစမ်း သည့် သတင်း ထောက် တစ်ဦး ကို စသုံးလုံး အရာရှိ ငယ် တစ်ဦး က ” ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ” ခြိမ်းခြောက် ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ကမ္ဘာ အေး အရပ် တွင် နေထိုင်သည့် အသက် ၁၉ နှစ် အရွယ် ရှိ နန်းမိုဟန် ဆိုသည့် အမျိုး သမီး ငယ် သည် သူ မ ကို စသုံးလုံး မှ စစ်ဆေးစဉ် ခုန်ချ ပြီး သတ်သေမှု ကို သတင်းထောက် များ က လိုက်လံ စုံစမ်း ရာ စသုံးလုံး က ယခု ကဲ့ သို့  ခြိမ်းခြောက် ခြင်း ဖြစ်သည်။

စစ်တပ် ဗိုလ်ချုပ် ကြီး အဆင့် မှ အသွင် ပြောင်း က လက်ရှိ အစိုးရ ၏ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် နေ သည့် ဦးသိန်းစိန် လက် ထက် တွင် သတင်းစာ တိုက် များ ၊ သတင်း ထောက် များ ကို ခြိမ်းခြောက် မှု များ မှာ နေ့  စဉ် ရက် ဆက် ဆို သလို ကြုံနေရ သည် ဟု ရန်ကုန် မြို့  မှ သတင်း အယ်ဒီတာ တစ်ဦး က FNG ကို ပြောသည်။

မူရင်းလင့်က ဒီမှာပါ။

ရုပ်ရှင်လောကသားများ ပျော်ပျော်ရွှင်ရွှင် ပါဝင်မဲပေးတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအမှုဆောင်သစ် ရွေးပွဲ


မတ်လ၂၃ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်းအတွင်း မနက်ပိုင်းကတည်းက အနုပညာရှင်များ၊ အတတ်ပညာရှင်များ စုရုံးပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ပြန်လည်ရွေးချယ် တင်မြှောက်ပွဲကို ရောက်ရှိလာကြပါတယ်။ အစည်းအရုံးဝင်းအတွင်း သတင်းမီဒီယာများကလည်း ဓာတ်ပုံရိုက်သူကရိုက်၊ အင်တာဗျူးသူက ဗျူးနဲ့ ရုပ်သံမီဒီယာလိုင်းများ ကလည်းပရိသတ်ကို အပြည့်အစုံတင်ဆက်နိုင်ဖို့ အတွက် ရိုက်ကူးနေကြပါတယ်။ ပေါ်ပြူလာဂျာနယ် အဖွဲ့သားများကလည်း အွန်လိုင်း မီဒီယာက တစ်ဆင့် ပရိသတ်များသိရှိစေဖို့ အတွက် အချိန်နဲ့တစ်ပြေးညီ သတင်းဓာတ်ပုံများ၊ သတင်းများကို ဖော်ပြပေးနေပါတယ်။

ရုပ်ရှင်လောကသားများက ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ်ပေးမယ့် အမှုဆောင်အဖွဲ့ကို ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နဲ့အညီ မဲပေးဖို့အတွက် ပြင်ဆင်နေကြပါ တယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်အဖွဲ့က နာယကကြီးများ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များကလည်း အစည်းအရုံးခန်းမ မဲရုံ အတွင်း အနုပညာရှင်များ လွတ်လပ်စွာ နည်းလမ်းကျကျ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြပါတယ်။

မဲရုံကိုမြန်မာ့ရုပ်ရှင်ရဲ့ ဖွားဖက်တော်တစ်ဦးဖြစ်တဲ့ ဘဘဦးတင်ယု ကိုယ်တိုင်မဲလာရောက် ပေးသွင်းခဲ့သလို၊ ပရဟိတသမား တစ်ဦးအဖြစ် ပြည်သူများရဲ့ချစ်ခင်မှုကို ရရှိနေသူ ဦးကျော်သူ (နာရေးကူညီမှုအသင်း၊ ဥက္ကဋ္ဌ)ကလည်း မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်လာရောက် မဲပေးခဲ့ပါတယ်။ စွယ်စုံရအနုပညာရှင် ဇာဂနာ လည်း လာရောက်မဲပေးခဲ့ပြီး အဓိကသရုပ်ဆောင်အလွှာမှ နာမည်ကျော် အနုပညာရှင်များ အပါအဝင် အလွှာအသီးသီးက အနုပညာရှင်များ တစ်နေကုန် ကိုယ်တိုင်ကိုယ် ကျမဲများကို တဖွဲဖွဲလာပေးကြပါတယ်။ ညနေ ၄နာရီမှာတော့ မဲရုံပိတ်သိမ်းချိန်မှာ သတင်းမီဒီယာများ ရှေ့မှာမဲများကို ရေတွက်နေကြပါတယ်။ ဒီလိုမျိုးကျင်းပနိုင်ခဲ့တဲ့ အပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက “မူလေးတစ်ခု ဖြစ်လာဖို့အတွက် ကော်မရှင်အဖွဲ့က အစည်းအဝေးတွေ ထိုင်ရတယ်။ အများအတွက်ပါ။ အခုလိုမျိုးမဲလာပေးတဲ့ အနုပညာရှင်တွေကိုလည်း ကျေနပ်တယ်။ မဲတွေရဲ့ရလဒ်ကို ကြည့်ပြီး ရွေးချယ်သွားပါမယ်”လို့ ပြောပါတယ်။ မဲရွေးချယ်ပေးတဲ့နောက်မှာ ဘဘဗိုလ်ကလေးတင့်အောင် အပါအဝင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများနဲ့ ကော်မရှင်အဖွဲ့ဝင် လူကြီးများကို ရုပ်ရှင်လော ကသားများက ဂါရဝ ပြုကန်တော့ ခဲ့ပါတယ်။

မတ်လ ၂၄ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ရွေးချယ်ရေး ကော်မရှင်က မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးအမှုဆောင် အဖွဲ့ကို ဦးဇင်ဝိုင်း(ဥက္ကဋ္ဌ)၊ ဦးညီညီထွန်းလွင် (ဒုဥက္ကဋ္ဌ-၁)၊ ဦးလူမင်း(ဒု ဥက္ကဋ္ဌ-၂)၊ ဦးဝင်းကြည် (အတွင်းရေးမှူး)၊ ဦးမျိုးဇော်အောင် (တွဲဖက်အတွင်းရေးမှူး-၁) ဦးအေးစိုး(ခ)ဦးပြူး (တွဲဖက် အတွင်းရေးမှူး-၂)၊ ဦးဇော်မင်း (မင်္ဂလာ) (ဘဏ္ဍရေးမှူး)၊ ဦးဇော်မင်း (ဟံသျာမြ)၊ ဦးဘုန်းမော်(စာရင်းစစ်)၊ ဦးအေးကြူလေး၊ ဦးကျော်ညွှန့် (ပြန်ကြားရေးမှူး)၊ ဦးအရိုင်း၊ ဒေါ်တူး (စည်းရုံးရေးမှူး)၊ ဦးတင်ငြိမ်း၊ ဦးဆုသြချယ်၊ ဦးခင်မောင်ကြီး၊ ဦးခင်မောင်ချင်း၊ ဦးဌေးအောင်၊ ဦးကျော်ဝဏ္ဏ၊ ဦးငွေစိုး၊ ဦးအောင်ခိုင်၊ ဦးသားကျော် (အဖွဲ့ဝင်)အဖြစ် ဖွဲ့စည်းပေးခဲ့ပါတယ်။ ဥက္ကဋ္ဌအသစ် ဖြစ်လာသူ ဦးဇင်ဝိုင်းက “ယုံကြည်မှုနဲ့ ထိုက်တန်အောင် ကြိုးစားသွားမှာပါ။ နာယကကြီးများ လမ်းညွှန်မှုနဲ့အတူ ဖွဲ့စည်းထားတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက် သွားပါမယ်။ ရုပ်ရှင်လောကသားများအပြင် တခြားအဖွဲ့အစည်းများရဲ့ ဝေဖန်ထောက်ပြ အကြံပြု ကြမယ်ဆိုရင် တလေးတစား လက်ခံသွားမှာပါ။ ဒီမိုကရေစီနည်းလမ်းကျကျ ဆောင်ရွက်သွားမယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ငန်းတွင်ကျယ်အောင် ကြိုးစားသွားမယ်” လို့ မီဒီယာများကို ဖြေကြားပေးခဲ့ပါတယ်။

သတင်း-ထွဋ်မြတ်၊ ဓာတ်ပုံ-အောင်ဇော်မင်း၊ အောင်အောင်

မူရင်းလင့်က ဒီမှာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Miss Thailand World 2012 အကြို Miss Body Shape ရွေးပွဲ


ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ Miss Thailand World 2012 အစမ်းလေ့ကျင့်ပွဲနဲ့ Miss Body Shape ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က ဘန်ကောက်မြို့၊ Bangkok World Trade Center မှာ ကျင်းပခဲ့ရာ အလှမယ် ၃ဝဝကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆန်ခါတင် ၃ဝဦးကိုသာ Miss Thailand World 2012 သို့ ပါဝင် ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး ဆန်ခါတင် အလှမယ်၃ဝဦးက ရေကူးဝတ်စုံများနဲ့ ယှဉ်ပြိုင်ခဲ့ရာ Sparsha Slimming Center မှ မန်နေဂျင်းဒါရိုက်တာ Mr.Sarnti Pranichက Miss Body Shape ဆုရရှိသူ Miss Nachat Vanessa Meung Kod ကို ဆုကြေးငွေ ဘတ် ၅ဝဝဝဝ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Miss Thailand World 2012သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရ အလှမယ် ၃ဝ ဦးကို ထိုင်းနိုင်ငံရဲ့ နာမည်ကျော် TV drama ထုတ်လုပ်သူများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ မဂ္ဂဇင်းများနဲ့ မီဒီယာများ၊ Sponsor Company မှ လူကြီးမင်းများက အကဲဖြတ်ပေးကြမှာ ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ကိုနိုင်(ပေါ်ပြူလာ)


မူရင်းလင့်က ဒီမှာပါ။

ထိပ်ပြောင် ဖြစ်ရပြန်တဲ့ ရန်အောင်ရဲ့ အမေရိက ခရီးစဉ်


ရန်အောင်က ‘ရက်ရာဇာ’ဆိုတဲ့ ဒီဗီဒီ ဇာတ်ကားမှာ ထိပ်ပြောင်ကြီး အဖြစ် သရုပ်ဆောင်နေပါတယ်။ ထိပ်ပြောင် ပုံစံဖြစ်အောင် လည်း ရန်အောင်က စီလီကွန် ဆံပင်နဲ့ လုပ်ထားပါတယ်။ အရွယ်ရလာတဲ့ အခါ ရန် အောင်ရဲ့ဇာတ်လမ်း ရွေးချယ်မှုနဲ့ ဇာတ်ရုပ် ရွေးချယ်မှုကို မေးကြည့်တဲ့အခါ ”အခုထိပ် ပြောင်ကြီးဇာတ်ရုပ်ကို လုပ်ချင်တယ် လို့ ဒါရိုက်တာကလည်း ပြောဖူးတယ်။ ဒီအချိန်မှာ အစ်ကိုတို့က အနုအရွတွေ လုပ်လို့ မရတော့ဘူး။ အသက်အရွယ် ရလာတဲ့ အလျောက်၊ အဓိက ဇာတ်ပို့ဖြစ်လာတဲ့ အလျောက်မှာ အစ်ကိုတို့က ဒီလိုကြိုးစား အားထုတ်မှပဲ ရတော့မှာ။ ပရိသတ်ကလည်း အရင်လိုမဟုတ်ဘဲ သိတတ် နားလည်လာပြီး တကယ် ကြိုးစားရင် ကြိုးစား သလောက် အသိအမှတ် ပြုလာတယ်။ အခု ထိပ်ပြောင်ဆို စီလီကွန် ခေါင်းစွပ်ကို ဆံပင်အစစ်နဲ့ လုပ်ထားတာ၊ ပညာရှင် ကိုအောင်ကျော်ထွန်းကို အစ်ကို အပ်ထား တာ ကြာပြီ။ သူကခေါင်း ၃ခု လုပ်ပေးထားတာ” လို့ ပြောပြပါတယ်။
ရန်အောင်က သင်္ကြန်ရောက်တော့မှာ ဖြစ်တဲ့အတွက် သင်္ကြန်ဆိုတာ မြန်မာ့ထုံးတမ်း အစဉ်အလာအရ ရေပက်ကြတယ် ဆိုတာက နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ဘဝသစ်နဲ့ ပြန်လည်တည်ဆောက် လည်ပတ်ကြတယ် ဆိုတဲ့ အဓိပ္ပာယ်လို့လည်း သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ပြပါတယ်။ ငယ်ငယ်တုန်းက သင်္ကြန်ကို တအားပျော်ခဲ့ရပြီး အခုကတော့ အသက်ကြီးလာပြီ ဖြစ်တဲ့အတွက် အပျော်ရှိန်တွေတော့ နည်းနည်းလျော့ သွားပြီ လို့ဆိုပါတယ်။ သင်္ကြန် ကျရင်တော့ သင်္ကြန် ရေကိုထိလိုက်ရမှ စိတ်ကျေနပ်ရတယ်လို့ လည်းပြောပါတယ်။ အရင်နှစ်တွေက ဒီအချိန်ဆို အဝတ်အစားက အစ ပြင်ဆင်ထား ပြီးပေမယ့် ဒီနှစ်ကိုတော့ ဘာမှ မပြင်ဆင်ရသေး တဲ့အတွက် ဒီနှစ်သင်္ကြန် ဘယ်မှာရှိမယ် ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။
ရန်အောင်က ဇူလိုင်လမှာ အမေရိက ကို တစ်လခွဲကြာ ဖျော်ဖြေရေးသွားဖို့ ရှိပြီး မေသန်းနု၊ မိုးဟေကိုတို့နဲ့ အတူ မြို့ ၅မြို့မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။
”အဲဒီမှာ စုံတွဲရော၊ မြန်မာသံပုံစံကဏ္ဍ လေးတွေလည်း လုပ်မယ်။ အဲဒီက ပရိသတ် တော်တော်များများက မြန်မာသံ သီချင်းတွေ ကို ပိုသိ၊ ပိုတမ်းတကြတယ်။ အစ်ကို တို့ခေတ်က သီချင်းတွေကို ပြန်ဆိုမယ်။ မဆင့်တို့၊ မိုးဟေကို တို့လည်းပါတော့ ‘ရန်အောင်နဲ့ နတ်သမီးများ’ တုန်းကလို ဆိုဖို့လုပ်ထားတယ်။ နောက် ကိုဝင်းဦး သီချင်းကို လည်း ပရိသတ်တွေက သိပြီးသား ဆိုတော့ ကိုဝင်းဦး သီချင်း ‘တိမ်လွှာ မို့မို့လွင်’ ဆိုရင် ကပ္ပတိန် ဝတ်စုံလေးနဲ့ပေါ့။ ‘မှုံရွှေရည်’နဲ့ မြန်မာအကပါမယ်။ ပရိသတ်တွေ မျက်စိ ပသာဒ ဖြစ်အောင် အကောင်းဆုံး စီစဉ်ထားပါတယ်”လို့ ပြောပြပါတယ်။
မေမွန်မောင်
မူရင်းလင့်က ဒီမှာပါ။

လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ


လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ များအား ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီး၍ ဒဏ်ကြေးငွေပေး ဆောင်စေမှုများ ပြုလုပ် လျက်ရှိရာ ယခု လ ၁၅ ရက်နေ့အထိ လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဒဏ်ကြေးငွေ များပေးဆောင်စေခဲ့သည်ဟုသိရသည်။

"လူတွေ မျဉ်းကြားမှာ ကူးတဲ့အချိန်မှ ဒီအစီအစဉ်ကို ကျွန်တော်တို့ ရပ်မှာပါ။ ကျွန်တော်တို့ ဇန်န၀ါရီလကနေစပြီး ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဒဏ်ကြေးအနေနဲ့ ၂၂၀၀ ကျပ် ဆောင်ခိုင်း ပါတယ်။ ဇန်န၀ါရီလ ကနေစပြီး ယခုလ ၁၅ ရက်နေ့အထိ ၇၀၂၅ ယောက် လူကူးမျဉ်းကြားက မကူးလို့ ဒဏ်ကြေးဆောင်ထားရပါ တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ယင်းလုပ်ဆောင်ချက်ကို ဇန်န၀ါရီလ တွင် ပညာပေးအနေဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ပြီး ယာဉ်ထိန်းရဲများနှင့် အငြိမ်းစားစစ်မှု ထမ်းဟောင်းများပူးပေါင်းကာ ဆောင် ရွက်နေကြောင်းသိရသည်။

စီမံချက်ကို အကောင်အထည်ဖော် ရာတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အရေးယူမှု ပြုလုပ်နေကြောင်းနှင့် စည်း ကမ်းမဲ့ လမ်းဖြတ်ကူးသူများကို မြို့ပတ်၍ လှည့် လည် ဖမ်းနေကြောင်း၊ လူထူထပ်သည့် နေရာ များဖြစ်သည့် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းနှင့် ရွှေဂုံတိုင်ကဲ့သို့ နေရာ များတွင် ဖမ်းဆီးလေ့ရှိကြောင်း ၎င်းက ပြောသည်။

ယခုအချိန်တွင် ဒဏ်ငွေဆောင်ခိုင်း ခြင်းသာရှိပြီး ပညာပေးဇာတ်လမ်း အဖြစ် 'စိမ်း၊ ၀ါ၊ နီ' ဟူသည့် ပညာပေး ဇာတ်လမ်းကို ရိုက်ကူးထားကာ ပညာ ပေးဇာတ်လမ်းအနေဖြင့် ပြသသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့အလုပ်ချိန်ကမနက် ၈ နာရီခွဲမှ ၄ နာရီအထိပါ။ ကျွန်တော် တို့က ယာဉ်ထိန်းရဲတွေ၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့ သူတွေကို ဖမ်းတဲ့အခါ ကျရင် ရံပေးရုံပဲ။ ကျွန်တော်တို့ကို တစ်လ ကျပ်ခြောက်သောင်းပေးပါ တယ်။ ကျွန်တော်တို့ကို စည်ပင်သာယာ ရဲ့ ရာဖြတ်ဌာနက တရားဝင်ခန့်ထား ပေးတာပါ"ဟုမြေနီကုန်း လုပ်အားပေး တစ်ဦးဖြစ်သူ ဦးကျော်သူမင်းက မြန်မာ တိုင်း(မ်)သို့ ပြောသည်။

"ကျွန်တော်က ဆူးလေအနားမှာ အဖမ်းခံရတာပါ။ လူကူးမျဉ်းကြား ကနေ မကူးမိလို့ပါ။ ဒဏ်ကြေးကျပ် ၂၂၀၀ ဆောင်ရပါတယ်။ ကျွန်တော်တို့ ပညာ ပေးဇာတ်လမ်းတော့ မကြည့်ရပါဘူး။ ဒဏ်ငွေပဲဆောင်ရတယ်"ဟု အသက် ၆၄ နှစ်အရွယ်ရှိ နေ့စား အလုပ် သမား ဖြစ်သူဦးကြည်လွင်က ပြောသည်။

"ကျွန်မက ဆူးလေဘုရားနားမှာ အဖမ်းခံရတာပါ။ ကျွန်မ အခုတလော ဖမ်းဆီးနေတယ်လို့ မထင်ထားမိဘူး။ အမှန်က ဖုန်းဘီလ် ဆောင်ဖို့ အမြန်သွား ချင်တာနဲ့ လူကူးမျဉ်းကြားက မကူးမိတာ ပါ"ဟု အသက် ၆၀ အရွယ်ရှိ အိမ်ရှင်မ ဒေါ်စန်းကြည်က ပြောသည်။

"ကျွန်မတို့ သူငယ်ချင်းသုံးယောက် ဆူးလေမှာ လူကူးမျဉ်းကြားက မဖြတ် လို့ အဖမ်းခံရတာပါ။ အလုပ်နောက် ကျနေလို့လည်း ပါတာပေါ့"ဟု အသက် ၃၀ အရွယ် စာရင်းကိုင်တစ်ဦးဖြစ်သူ မအိအိက ပြောသည်။

ပထမအဆင့်အနေဖြင့်လမ်းဖြတ်ကူး သည့် စီမံချက်ကို လုပ်ဆောင်သွားရန်ရှိ ပြီး ဒုတိယအဆင့်အနေဖြင့် ကွမ်းတံထွေး ထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ကို လုပ် ဆောင်သွားရန်ရှိကြောင်းသိရသည်။

မြန်မာ့တိုင်းမ်

မူရင်းလင့်က ဒီမှာပါ။

သတင်းထိန်းချုပ်မှု လျှော့ချဖို့ စီစဉ်နေလို့ ပြန်ကြားရေးဝန်ကြီးဆို

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းနေရာမှာ အစိုးရအနေနဲ့ ခေတ်စနစ်နဲ့အညီ သတင်းမီဒီယာ ကဏ္ဍမှာ ထိန်းချုပ်မှုတွေ လျှော့ချပေးဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့မှာ စနေနေ့က အရေးပေါ် ခေါ်ယူကျင်းပတဲ့ မြန်မာနိုင်ငံ စာပေစာနယ်ဇင်း ညီလာခံမှာ စာရေးဆရာများ၊ ထုတ်ဝေသူများနဲ့ သတင်းသမားများကို ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အသစ်ထုတ်ပြန်လိုက်တဲ့ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြခဲ့ပါတယ်။

“ကနေ့ မီဒီယာလောကကိုလည်း ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲ လိုကြတာမို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ကြီးကို ခေတ်စနစ်နဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် အသင်းအဖွဲ့များ၊ အဲဒီလို အဖွဲ့အစည်းများ ပေါင်းစုတဲ့ မီဒီယာအဖွဲ့ စသဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ဒီကနေ့ အရေးပေါ် ညီလာခံကို ခေါ်ယူခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားလိုပါတယ်။”

အစိုးရသစ်အဖွဲ့ အာဏာရယူခဲ့တဲ့ တစ်နှစ်နီးပါး အချိန်အတွင်းမှာပဲ အရင်က အစိုးရထိန်းချုပ်မှု အပြည့်ရှိတဲ့ သတင်းမီဒီယာ ကဏ္ဍကို နိုင်ငံရေးကင်းရှင်းတဲ့ လွတ်လပ် အဖွဲ့အစည်းဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲဖို့ လုပ်ဆောင်လာခဲ့တယ်လို့လည်း ပြောပါတယ်။

ညီလာခံကို တက်ရောက်လာကြတဲ့ သတင်းသမားတွေကလည်း ဒီအပြောင်းအလဲအတွက် ကြိုဆိုခဲ့ကြပြီး ရှေ့လျှောက် ပိုမို လွတ်လပ် ပွင့်လင်းမှု ရဖို့ မျှော်လင့် ထားကြကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒီညီလာခံမှာပဲ မီဒီယာဥပဒေသစ် အတွက် မူကြမ်းအတွက် ဆွေးနွေးခဲ့ကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ

စနေ, 24 မတ် 2012

ဒီကနေ့ တနင်္သာရီတိုင်း မြိတ်မြို့ကို ရွေးကောက်ပွဲစည်းရုံးရေး အဖြစ်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားဖို့ စီစဉ်ထားပေမဲ့ အမြန်ရေယာဉ် ငှားမရတဲ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဒီကနေ့ မသွားနိုင်ခဲ့ဘူးလို့ NLD က ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ကိုရောက်နေတဲ့ နောက်ဆုံး အခြေအနေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာရီတိုင်း မြိတ်မြို့နယ်တွေထဲက ကျွန်းစုတွေဆီ ခရီးသွားနေတာမို့ ဒီခရီးရဲ့အခြေအနေတွေ သိဖို့ တညနေလုံး တယ်လီဖုန်းဆက်သွယ်နေပေမဲ့ ဖုန်းခေါ်မရဖြစ်နေတာပါ။ ဒါပေမဲ့ အခု နောက်ဆုံးအသံမလွှင့်ခင် မိနစ်ပိုင်းအတွင်း တယ်လီဖုန်းရတဲ့အခါမှာတော့ အခု သူတို့သွားနေတဲ့ မြိတ်ခရီးစဉ်မှာ အဆင်မပြေ ဖြစ်နေတာတွေ ရှိနေတယ်ဆိုတာ သိရတာပါ။ အဓိကကတော့ ကျွန်းစုတွေဆီကို သွားဖို့ တစ်နာရီကို အနည်းဆုံး ၂၅ မိုင်လောက်မောင်းနိုင်တဲ့ အမြန်ရေယာဉ်ကို ငှားပေမဲ့ ငှားမရတာကြောင့် ရတဲ့ ယာဉ်နဲ့ သွားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ခရီးမပေါက်နိုင်ဘဲ စခန်းသစ်ဆိုတဲ့ ရွာတစ်ခုမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားပြောတာ လုပ်နိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ဆက်သွားဖို့ အဆင်မပြေတော့လို့ အခု မြိတ်မြို့ကို လှည့်ပြန်လာနေရတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“ကျနော်တို့ စီစဉ်ထားတာ မဖြစ်ပါဘူး။ ကျနော်တို့က အစောကြီးကတည်းက တွက်ပါတယ်။ သွားရမယ့်ခရီးနဲ့ ပြန်ရမယ့်ခရီးနဲ့ ဟိုမှာ စကားပြောမယ့်အချိန်နဲ့။ အဲဒီတော့ ကျနော်တို့ သွားလို့ရနိုင်မယ့်ရေယာဉ်ကို ရှာပါတယ်။ တွေ့ပါတယ်။ ငှားမယ့်သူကလည်း ငှားမယ်ပြောလိုက်၊ မငှားဘူးပြောလိုက်နဲ့ နောက်ဆုံးကျတော့ တေ့ပြီးတော့မှ ကျနော်တို့ကို ကပ်ဖြုတ်ပါတယ်။ အဲဒီတော့ ရှိတာနဲ့ စခန်းတစ်ခုကို သွားပါတယ်၊ စခန်းသစ်ဆိုတာ။ ဒါတောင်မှ ကန်ပေါ် ဆိုတာ နောက်ထပ် မိုင် ၃၀ လောက်သွားရမယ့် လမ်းတစ်ခုကို ကျနော်တို့ ဖြတ်ပြီးတော့ ပြန်လှည့်လာတာပါ။ အခုထက်ထိ ကျနော်တို့ မြိတ်ကို ပြန်မရောက်သေးပါဘူး။”

ဒါ့အပြင် ရေယာဉ် သောင်တင်တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ အခု ည ၉ နာရီနီးပါးထိ မြိတ်မြို့ကို ပြန်မရောက်သေးပေမဲ့ နောက်တစ်နာရီနီးပါးအကြာ မြိတ်မြို့ထဲကို ပြန်ရောက်ဖို့ရှိတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ အခု တနင်္သာရီတိုင်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး သွားဖို့ စ စီစဉ်ကတည်းက မြိတ်မြို့မှာ အမြန်ရေယာဉ် ငှားမရတဲ့ ပြဿနာရှိနေတာပါ။ ရေယာဉ်ပိုင်ရှင်တွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် NLD ပါတီကို ရေယာဉ်မငှားရဲကြတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ကချင်ဒေသတွင်း စစ်ရေး အရှိန်မြင့်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေတဲ့ကြားက ထိုးစစ်တွေ ထပ်တိုးလာတာဟာ စစ်ရေးအရှိန်တွေ လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်တာကြောင့် ဖြစ်တယ်လို့ ကချင် KIO အဖွဲ့က ပြောပါတယ်။ လက်ရှိ ကချင်ပြည်နယ်တွင်းက ဆွေေးနွးမှုတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ နောက်ဆုံး အခြေအနေတွေကို မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကချင် KIO အဖွဲ့က စာတစ်စောင်ထုတ်ပြန် အသိပေးလိုက်ပါတယ်။ ဒီအခြေအနေကို မသင်းသီရိက တင်ပြထားပါတယ်။

KIO ဘက်က အဓိက ပြောချင်တာကတော့ အစိုးရ ငြိမ်းချမ်ရေးအဖွဲ့တွေနဲ့ သူတို့ ကချင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတယ်၊ ဒါပေမဲ့ တဘက်ကလည်း ထိုးစစ်တွေ အရှိန်မြင့်လာနေတယ်၊ ဒါဟာ လက်ရှိ နှစ်ဘက် အဖွဲ့ကြားမှာ ငြိမ်းချမ်းရေးအတွက် သဘောတူလက်မှတ် မထိုးနိုင်ကြသေးဘူး ဆိုပေမယ့် စစ်ရေးအရှိန်လျော့အောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်ဟာ လက်တွေ့မှာ မအောင်မြင်ဘူး ဆိုတာ သိရအောင်လို့ လူထုကို အသိပေးစာတစ်စောင် ထုတ်ပြန်တာဖြစ်ပါတယ်လို့ KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

“မတ်လ ၈ နဲ့ ၁၀ ကြား ဆွေးနွေးရေးကာလတွင်းမှာပဲ တပ်ရင်း (၅) ဘက်ကို ထိုးစစ်တွေ လုပ်လာတယ်။ နောက်မကြာခင်မှာပဲ တပ်မဟာ (၃) နဲ့ ဗဟိုဌာနချုပ်ဘက်မှာလည်း အင်အားတွေ တိုးပြီးတော့ ထိုးစစ်တွေ လုပ်လာတယ်။ ဒီ မတ်လ တိုက်ပွဲပေါင်း အားလုံး ၇၈ ကြိမ် ရှိသွားပါပြီ၊ ကျနော်တို့ ဒီကနေ့အထိဆိုရင် အားလုံး ၇၈ ကြိမ် ရှိသွားပြီ။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးပွဲ နှစ်ခုစလုံးမှာ စစ်ရေးအရှိန်များကို လျော့သွားအောင် လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက်က အကောင်အထည် မဖော်နိုင်တဲ့အပြင် စစ်ရေးအရှိန်က တိုးမြင့်လာတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ဘက်ကနေပြီးတော့ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်ဘူးလို့ အဲဒီလို သဘောပေါက် နားလည်ကြတယ်။ တကယ်တော့ ကျနော်တို့က ဒီ သဘောတူညီချက်ပုံစံကို ယေဘုယျအားဖြင့် ၁၈ ရက်နေ့မှာ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းတို့ကို ကျနော်တို့က အဆိုပြုပြီး တင်သွင်းထားပြီးသား ဖြစ်တယ်။ အဲဒီတော့ လက်မှတ်မထိုးနိုင်တာကတော့ အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ သို့သော်လည်းပဲ KIO က စာချုပ်ပုံစံနဲ့တကွ လက်မှတ်ရေးထိုးဖို့၊ ခိုင်ခိုင်မာမာ လုပ်ဖို့ ကျနော်တို့ဘက်က အဆိုပြုလွှာ တင်သွင်းထားပြီးသား ဖြစ်တယ် ဆိုတာကို လူထုကို အသိပေးချင်တာပါ။”

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီနောက်ဆုံးအကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် ထိုးနိုင်ခဲ့တာ မရှိသေးပါဘူး။ အဓိက ကတော့ ကချင်ပြည်နယ်တွင်း တပ်စခန်းချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ စောင့်ကြပ်မှုအောက်မှာ ကချင်အဖွဲ့က ရေးထိုးချင်တယ် ဆိုတဲ့အချက်တွေကို ညှိနှိုင်းမရတာကြောင့် ဖြစ်ပါတယ်။

“ပြဿနာဖြစ်နိုင်တဲ့ ဒေသမှာရှိတဲ့ နှစ်ဘက်စလုံး တပ်စခန်းတွေကိစ္စကို အရင်ဆုံး ဖြေရှင်းရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေက နီးနီးကပ်ကပ် ရှိတယ်။ တချို့တွေကတော့ အနောက်ဘက်မှာရော၊ အရှေ့ဘက်မှာရော အဲဒီလို ရောပြီးနေတဲ့အခါကျတော့ ဒီစခန်းတွေကိစ္စကို ဖြေရှင်းပြီးမှာသာလျင် သဘောတူညီမှုကို လုပ်လို့ရှိရင် တိုက်ပွဲတွေက ရပ်ဆိုင်းသွားမှာဖြစ်တယ်။ လက်မှတ်ထိုးရုံနဲ့ ဒီကိစ္စက ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ ကျနော်တို့က အဲဒီလို တင်ပြထားတာဖြစ်ပါတယ်။ အရင်လို အပစ်ရပ် သဘောတူညီချက် လုပ်ထားပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုရင် အဓိပ္ပါယ်မရှိတဲ့ သဘောတူညီချက် ဖြစ်သွားမှာပဲ။ အဲဒီတော့ အခု ကျနော်တို့က ခိုင်ခိုင်မာမာ ဖြစ်ချင်တယ်။ တဘက်နဲ့တဘက် သတိထားပြီးနေတဲ့ အချိန်မျိုးမှာ သဘောတူညီမှု ဘယ်လောက်ပဲလုပ်လုပ် ရှေ့တန်းမှာတော့ ဒါ ထိန်းလို့ရမှာမဟုတ်ဘူး။ အဲဒါတွေကို အရင် ဖြေရှင်းဖို့လိုတယ်လို့ ကျနော်တို့က တင်ပြထားတာပါ။”

အခုလို KIO ဘက်က သူတို့ဖြစ်နေတဲ့ နောက်ဆုံးအခြေအနေတွေ ထုတ်ပြန်တဲ့စာကို အစိုးရအဖွဲ့တွေဆီလည်း ပို့ထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်က ဒီထုတ်ပြန်ချက်ကို ဦးအောင်းသောင်းတို့ အဖွဲ့ဆီလည်း ပို့ပါတယ်။ နောက်ပြီးတော့ ကြားမှာ စေ့စပ်ရေးလုပ်ပေးတဲ့ အဖွဲ့ကိုလည်း ကျနော်တို့ ပို့ထားပြီးသားပါ။ အဲဒီတော့ ပြည်သူလူထု ကြားထဲမှာလည်း ဒီစာတွေ ကျနော်တို့က အခု ဖြန့်နေပါတယ်။ ပြီးတော့ လိုအပ်လို့ရှိရင် ကျနော်တို့က ရှင်းလင်းပွဲတွေ လုပ်ဖို့ ရှိပါတယ်။ ဘယ်တော့ ထပ်တွေ့ဖို့ဆိုတာ ကျနော်တို့က ရက်အတိအကျ ချိန်းထားတာ မရှိဘူး။ အဲဒီတော့ တဘက်နဲ့ ပြန်ပြီး ညှိနှိုင်းရအောင်ဆိုတဲ့ သဘောနဲ့ပဲ ပြန်ပြီး အစည်းအဝေးကို နိဂုံးချုပ်ထားတယ် ဆိုတော့ အစိုးရဘက်ကနေပဲ ဘယ်နေ့မှာ တွေ့မလဲဆိုတာ ကျနော်တို့ စောင့်နေတာပါ။”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လုံခြုံရေးအရ ဆိုပြီး မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် နေရာသုံးခုမှာ ရွေးကောက်ပွဲကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းထားပါတယ်။ ဒီအပေါ် KIO အဖွဲ့ရဲ့ အမြင်ကတော့ -

“ကျနော်တို့ကတော့ ဒီ လုံခြုံရေး ဆိုတဲ့ခေါင်းစဉ်ကို သေချာရှင်းရှင်းလင်းလင်း နားမလည်ဘူး။ ဒီဒေသမှာကတော့ တိုက်ပွဲကြောင့်ဆိုတာ သိပ်ပြီးတော့ ဟပ်စပ်မှု မရှိဘူးလို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်။ နောက် ကျနော်တို့ KIO ကတော့ လွန်ခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ အားလုံးကို အသိပေးပြီးသား ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ ကျနော်တို့ဘက်က ဘာမှအနှောက်အယှက်ပေးမှာ မဟုတ်ဘူး။ လူထုကလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် ပါဝင်ကြဖို့ဆိုပြီးတော့၊ အခု ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒီသဘောထားကတော့ KIO မှာ ရှိနေဆဲဖြစ်ပါတယ်။”

KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် ၁၀ လ ရှိနေပြီဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် နှစ်ဘက်အဖွဲ့တွေဟာ ယုံကြည်မှုတွေ ပိုတည်ဆောက်ပြီး ငြိမ်းချမ်းရေး လက်မှတ်တွေ အမြန်ထိုးကြဖို့အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ခုနစ်ရက်သားသမီးများအတွက် ၂၆.၃.၂၀၁၂ မှ ၁.၄.၂၀၁၂ ထိ တပတ်စာဗေဒင်ဟောစာတမ်း


တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီး၊ ရပ်ဝေးခရီးသွားရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင် ပစ္စည်းရောက်လာတတ်သည်။ ဆရာသမား၊ အကြီးအကဲ မ,စ ကိန်းရှိသည် ။ အလုပ်အတွင်းစိတ်တိုင်းမကျဖြစ်နေမည်။ ထွက်လိုပြောင်းလို စိတ်ဖြစ်နေမည်။ စက်ပစ္စည်းအသစ်ဝင်တတ်သည်။ ငွေရှာ၍လွယ်ကူသောအချိန်ဖြစ်နေသည်။

မိခင်၊ ဖခင်တဦးဦးကိုမျက်စိရောဂါ ကုသပေးရလိမ့်မည်။ မိမိကိုယ်တိုင်လည်းမျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှုနှင့်ပြည့်စုံနေပါမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လိမ္မော်သီး (၉)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၃၊ ၀၊ ၅၊ ၅ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

အပြောင်းအရွှေ့ဖြစ်မည်။ ကောင်းသောပြောင်းခြင်းဖြစ်မည်။ ရေအတွက်စိတ်ညစ်စရာကြုံတွေ့ရခြင်း၊ ရေပိုက်များပြင်စရာဖြစ်လာခြင်းဖြစ်တတ်သည်။ ပညာရေးအတွက် (သို့) မိန်းကလေးတယောက်အတွက် သောကရောက်ရတတ်သည်။ ခရီးမထွက်ချင်ဘဲထွက်ရတတ်သည်။ ထူးခြားသောဓါတ်ပုံတပုံ ၀င်လာတတ်သည်ကောင်းသည်။ စီးပွားရေးကောင်းနေမည်။ အိမ်ထောင်ရှိက အိမ်ထောင်ဖက်ကျန်း မာရေးညံ့နေမည်။ အချစ်ရေးတွင် အဆင်ပြေနေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရှောက်သီး (၁)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၅၊ ၉ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့ရမည်။ လာဘ်လာဘလည်း အလွန်ရွှင်နေမည်။ မိမိထက်အသက်ကြီးသူ၊ ဂုဏ်ကြီးသူတဦးဦးကကူညီလိမ့်မည်။သူတပါးအတွက်အားမခံခြင်းပြုလုပ်ရတတ်သည်။ သူတပါးကိုငွေထောက်ပံ့ ရသောကြောင့်ငွေကုန်များနေတတ်သည်။ ဆွေမျိုးတဦးကျန်းမာရေးညံ့သောသတင်းကြားရတတ်သည်။ မိမိကိုယ်တိုင် ခြေထောက်တဖက်နာနေလိမ့်မည်။ အချစ်ရေးတွင် အဆင်မပြေမှု့များဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သံပုရာသီး (၃)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၁၊ ၅၊ ၇ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ငွေဝင်မည်၊ ဆက်တိုက်ဝင်မည်။ စက်ပစ္စည်းဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ မိမိကိုးကွယ်မှုဆိုင်ရာပစ္စည်းများ အထူးသဖြင့်ဘုရားပုံတော်များရောက်လာတတ်သည်။သူတပါးကမိမိအား မတရားစွပ်စွဲပြောဆိုခြင်းခံရမည်။ လုပ်ငန်းတွင်ရန်ပေါ်တတ်သည်။ သည်းခံပါ။ အစားမှားပြီးဆေးရုံဆေးခန်းသွားရတတ်သည်။ ယခုရက်ပိုင်းတွင် သူတပါးကိစ္စများ အတွက်အလုပ်များနေမည်။ ဘာစားစား အရသာမရှိသလိုဖြစ်နေမည်။ အချစ်ရေးတွင် အဆင်မပြေသေးပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၀၊ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

လုပ်ငန်းသစ်လုပ်ရန်အကြောင်းဖြစ်လာမည်။ ရဲရဲသာလုပ်ပါ။ အောင်မြင်မည့်အချိန်ဖြစ်နေမည်။ မကြာခင်ခရီးတခုသွားရမည်။ ထိုခရီးသည်ကောင်းသောခရီးဖြစ်သည်။ ရင်းနှီးသောမိတ်ဆွေထဲမှလူလိမ်ခြင်းခံရတတ်သည်။ ရွှေထည်ပစ္စည်းဝင်တတ်သည်။ ငွေအတွက်သော ကရောက်နေမည်။ ငယ်ရွယ်သူဖြစ်က ရုတ်တရက်အိမ်ထောင် ကျတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးပြိုကွဲတတ်သည်။ နားလည်ပြီး ပွင့်ပွင့်လင်းလင်းရှိပါစေ။ လက်တဖက်ဒဏ်ရာရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပန်းသီး (၅)လုံးကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၈၊ ၈၊ ၅၊ ၉ )

သောကြာသားသမီးများ၏ကံကြမ္မာ

အလုပ်အကိုင်တိုးတက်မည်။ စီးပွားရေးကောင်းနေမည်။ ငွေအလုံးအရင်းနှင့်ဝင်ကိန်းရှိသည်။ ထူးခြားသော ပုဂ္ဂိုလ်တဦး၏ဓါတ်ပုံရောက်လာမည်။အိမ်ထောင်ပရိဘောဂပစ္စည်းများဝင်မည်။ အိမ်အခန်းဆေးသုပ်ခြင်း၊ ပြု ပြင်ပြောင်းလဲခြင်းများလုပ်ရမည်။ ကောင်းသောပြောင်းလဲခြင်းဖြစ်သည်။ သားသမီးရှိပါက သားသမီး၏အောင်မြင်သောသတင်းကြားရမည်။ မိမိအိမ်သို့ဧည့်သည် များရောက်လာတတ်သည်၊ ထိုကြောင့်စိတ်ညစ်စရာဖြစ်မည်။ အချစ်ရေးစိတ်ချမ်းသာစရာ များနှင့်ကြုံတွေ့နေရမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၀၊ ၇၊ ၃၊ ၇ )

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်တွင်စိတ်မ၀င်စားသကဲ့သို့ဖြစ်နေမည်၊ အလုပ်ထွက်ချင်စိတ်ဖြစ်မည်။ သို့သော်ငွေများစွာဝင်မည်။ ငွေရှာဖွေ၍လွယ်ကူမည်။ စက်ပစ္စည်းဝင်မည်။ စက်ပစ္စည်း ၀င်ပြီးသော် ထီပေါက်တတ်သည်။ ပညာထူးရတတ်သည်။ သင်တန်းတက်ခြင်းပြုလုပ်ရတတ်သည်။ အချုပ်အနှောင်ခံရတတ်သည်။ အသွားအလာ၊ အပြောအဆို သတိထားပါ။ ဆိုင်ကယ်သတိထားပါ၊ သွေးထွက်သံယိုခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင် လုံးဝအဆင်မပြေနိုင်သေးပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပြောင်းဖူးပြုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၀၊ ၂၊ ၀၊ ၇ )

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ၊ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး။
ဖုန်း- ၀၁၆ ၆၉၀၃၅၁၃၊ ၀၁၂ ၉၁၃၃၀၉၃
E-mail:swezinwati@gmail.com

*မလေးရှားမဟုတ်သော မြန်မာနိုင်ငံမှအပ အခြားနိုင်ငံများမှာ ဗေဒင်မေးမြန်းလိုသူများအီးမေးလ်
တဆင့်မှဟောစာတမ်းရေးပေးနေပါသည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး မကောင်း


ယမန်နေ့ က တနင်္သာ ရီ တိုင်း မြိတ် မြို့  နဲ့  မြိတ်ကျွန်းစု ခရီးစဉ် တွေ ကို မဲ ဆွယ် ဟော ပြောပွဲ အတွက် သွား ရောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ခရီးစဉ် အတွင်း မှာ ကျမ္မာရေး ချို့  ယွင်း ခဲ့ တာ ကြောင့် အထက် အညာ ဒေ သတွေ ဖြစ် တဲ့ တောင်တွင်းကြီး နဲ့  မကွေး မြို့  တွေ ကို ရွေးကောက်ပွဲ မဲဆွယ် ဟောပြောမှု ခရီးစဉ် မထွက် နိုင် တော့ ဘူး လို့  NLD က တရား ၀င် ကြေငြာ ချက် ထုတ် ပြန် ခဲ့ ပါတယ်။

မြိတ် ကျွန်းစု ကို သွားရောက် ဟော ပြောမယ့် ခရီးစဉ် မှာ ရှပ်ပြေး ရေယာဉ် တွေ ကို ငှားမရ တဲ့ အတွက် စက်လှေ နဲ့  အသွား မှာ နာရီ အတော်ကြာ သောင် တင် ခဲ့ ရာ က စပြီး ကျန်းမာ ရေး ချို့  ယွင်း ခဲ့ တာ ဖြစ် ပါတယ်။

မြိတ်မြို့  ခရီးစဉ် မှာ ဒေသခံ တွေ ကမ်းလုံး ညွတ် မျှ ကြိုဆို ခဲ့ ကြ ပေမယ့် ဒေသန္တရ အာဏာပိုင် တွေ ရဲ့  ပူးပေါင်း ဆောင် ရွက် မှု ကင်းမဲ့ တယ် လို့  မြိတ်မြို့  အမျိုး သား ဒီမို ကရေစီ အဖွဲ့  ၀င် တစ် ဦး က FNG ကို ပြောပါတယ်။

မြိတ် မြို့  မှာ ရှပ် ပြေး ရေယာဉ် တွေ ငှား ရမ်း မရ တာ နဲ့  ပတ် သက် ပြီး မြိတ်ဒေ သ ခံ တစ်ဦး က တော့ မြိတ်မြို့  က ရှပ်ပြေး ရေယာဉ် အုပ် စု ကို ကြံ့ဖွတ် က ထိမ်းချုပ် ထား တာ တစ်ခြား ပိုင် ရှင် တစ်ဦး က ထိုင်းကို ခရီး သွား နေတုန်း ကြံ့ဖွတ် က မန်နေဂျာ ကို ဖိအား ပေး ထား တာ ဖြစ် နိုင် တယ် လို့  ပြော ပါတယ်။

ယမန် နေ့  ညက ကျောက် ပန်းတောင်း မြို့  ခံ တွေ က ဒေါ်အောင်ဆန်းစုကြည် ကျမ္မာရေး ပြန်လည် ကောင်း မွန် ဖို့  ဆုတောင်း ပွဲ တွေ ပြု လုပ် ခဲ့ ပါတယ်။

မူရင်းလင့်က ဒီမှာပါ။