Wednesday, March 21, 2012

မန္တလေး နန်းတွင်းစစ်တပ်ဂိတ်က ဗိုလ်ချုပ်ပုံ ခွာခိုင်း

ရွှေအောင်/DVB
http://burmese.dvb.no

မြန်မာ့တပ်မတော်ကို ဦးဆောင် တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း။
အနာဂတ် စစ်တပ် ခေါင်းဆောင်တို့က သူ့ဓာတ်ပုံအား လူမြင်ကွင်းမှ ဖျောက်ဖျက်ကြလိမ့်မည် ဆိုသည်ကို စစ်တပ်ဖခင် သိရှိမသွားခဲ့ပေ။

ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီး ဟာ မန္တလေး နန်းတွင်းကို ၀င်ရောက်ရာမှာ ကားမှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို တပ်လုံခြုံရေးက ခွာခိုင်းလို့ ခွာပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ရက် ညနေက မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော်ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီးဟာ ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။

ခရီးသည်တွေ တင်ဆောင်လာတဲ့ ဒရိုင်ဘာ က သူကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“မီးစိမ်းပြလို့ မုခ်ဦးကနေ ၀င်ပါတယ်။ ကားကို တားပါတယ်။ လူကြီး တားခိုင်းလို့ တားတယ် ဆိုတော့ ရပ်ပေးလိုက်ပါတယ်။ မှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ခွာပေးပါလို့ ကျနော့်ကို ခိုင်းပါတယ်။ ကျနော်က ဗိုလ်ချုပ်ကို ရိုသေ လေးစားလို့ ကပ်ထားတာ။ ဘာဖြစ်လို့ ခွာပေးရမှာလဲလို့ မေးတော့ အရာရှိက ခွာခိုင်းလို့ပါ တဲ့။ အဲဒီအရာရှိကို လွှတ်လိုက်လို့ ကျနော်ခိုင်းပါတယ်။ အဲဒီအချိန်မှာ အရာရှိ ရောက်မလာပဲ တပ်သားတယောက် ရောက်လာပါတယ်။ မခွာရင် ၀င်မရဘူးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ချုပ်က ကျနော်တို့ ဖခင်ပဲ။ ဘာဖြစ်လို့ သူ့ကို ခွာခိုင်းရတာလဲ ဆိုတော့ အထက်က ညွှန်ကြားထားလို့ပါတဲ့။ အထက်ကညွှန်ကြားတာ ဗိုလ်ချုပ်ပုံကို ညွှန်ကြားတာလား။ တခြား စတစ်ကာတွေကို ညွှန်ကြားတာလား ဆိုတာ မေးပါတယ်။ မည်သည့် စတစ်ကာကို မဆို ကပ်ထားတဲ့ ကားတွေကို ခွာကို ခွာရမယ်လို့ ကျနော့်ကို အမိန့်ပေးထားလို့ပါ တဲ့။”

ဗိုလ်ချုပ်ပုံ လာခွာတဲ့ ရဲဘော်ကို သူ့ကားရှေ့က ကမ္ဘာလှည့်ခရီးသည်တွေ တင်ထားတဲ့ ကား ၁ စီးမှာ ကပ်ထားတဲ့ ကုမ္ပဏီ ကြော်ငြာ စတစ်ကာတွေ ကျတော့ ဘာလို့ မခွာလဲ မေးခွန်း ထုတ်ရာမှာ ပြန်မဖြေနိုင်ဘဲ၊ သူ့ကို နားလည်ဖို့ အကြိမ်ကြိမ် တောင်းပန်သွားတယ် လို့ ပြောပါတယ်။

သူ့ကားနောက်ဘက်မှာ ကပ်ထားတဲ့ NLD ပါတီ တံဆိပ် အမှတ်အသား စတစ်ကာကို ခွာပြီး နောက် ကျန်တဲ့ ဗိုလ်ချုပ်ပုံကို မခွာဖို့ ပြောတာလဲ မရဘူးလို့ သူက ဆက်ပြောပြပါတယ်။

“ကျနော့် ကားရဲ့ နောက်မှာ အန်အယ်ဒီကို မဲပေးပါဆိုတဲ့ မိန်းကလေးတဦး လက်ထောင်နေ တဲ့ ပုံလေး ပါတယ်။ ခွာချင်ရင် နိုင်ငံခြားသားတွေ ရှေ့မှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံတော့ မခွာနဲ့၊ နောက်မှာ NLD ဆိုတဲ့ တံဆိပ်ပါတယ်။ အဲဒီ တံဆိပ်ကို သွားခွာပါ ဆိုတော့ မဟုတ်ဘူး။ ဒီပုံကိုမှ ခွာချင်တာ။ ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကို ခွာခိုင်းတယ် ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေက သိသွားပြီလေ။”

အရင်က NLD ပါတီ အမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ကား ၁ စီးလဲ ဒီနေရာမှာ အလားတူ ခွာခိုင်းလို့ ခွာပေးခဲ့ရတယ် လို့ သိရပါတယ်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ်အပြီး နောက်နေ့မှာ အဲ့ဒီလို ခွာခိုင်းခဲ့တာပါ။

အခုတခါတော့ NLD တံဆိပ်အပြင် ကားရှေ့ လေကာမှန်မှာ ကပ်ထားတဲ့ ၃ လက်မ ပတ်လည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုပါ ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

အိမ်မပြန်နိုင်သေးသူများ သမဂ္ဂ

အောင်ဝေး

လူမရောက်ပေမဲ့
စိတ်ကတော့ရောက်တာပဲ။
လူမရောက်ပေမဲ့
ကဗျာကတော့ရောက်တာပဲ။
နေ့မရောက်လည်း
ညတော့ရောက်တာပဲ။
လူမစွမ်းပေမဲ့
ကဗျာကစွမ်းတယ်။
လူကမပြန်နိုင်သေးပေတဲ့
ကဗျာက ခဏခဏအိမ်ပြန်တယ်။
ငါ့သူငယ်ချင်းကြီး မောင်ဒေါင်း
သူက တွံတေးသိန်းတန်ကြိုက်တော့
“ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ်” တဲ့
တွံတေးသီချင်းအမြဲဆိုတယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ငါ့ကျတော့ မွန်ရိုးကြိုက်တယ်
မွန်ရိုးရဲ့ရုပ်ရှင်
River Of No Return ကြိုက်တယ်။

ဖွဟဲ့
လွဲပါစေ၊ ဖယ်ပါစေ။
ဒေါ်အောင်ဆန်းစုကြည်
မာပါစေ၊ သာပါစေ။
လမ်းတလျှောက်
လရောင်လင်းပါစေ
နှင်းဆီသင်းပါစေ။
တံတားအောက်
တေးအမြဲစီးစေ။
ကျောင်းသားတွေလည်း
သမဂ္ဂ။
အလုပ်သမားတွေလည်း
သမဂ္ဂ။
လယ်သမားတွေလည်း
သမဂ္ဂ။
ကဗျာဆရာတွေလည်း
သမဂ္ဂ။
စာနယ်ဇင်းသမားတွေလည်း
သမဂ္ဂ။
အိမ်ပြန်ချင်သူတွေလည်း
သမဂ္ဂဖွဲ ရမယ်။
တိမ်ယံထက်မှာ
အိမ်ပြန်ငှက်ရှာရ။
ယုဇနပင်မှာ
ဖဲကြိုးဝါရှာရ။
မိတ်ဆွေထဲမှာ
ဘ၀။
ရန်သူကြားမှာ
ဘ၀။
ဘ၀က
အသိကိုပြဋ္ဌာန်းတယ်။
ငါ့ဘ၀က
ငါ့ကိုသင်ကြားတယ်။
“အရာရာဟာ
နိုင်ငံရေးရဲ့လက်အောက်ခံ” တဲ့။
ကဗျာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
ငါလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်ပြန်ချင်တာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
အိမ်မပြန်နိုင်သေးတာလည်း
နိုင်ငံရေးရဲ့လက်အောက်ခံ။
နိုင်ငံရေးအထက်မှာ
ဘာမှမရှိ။
နိုင်ငံရေးတဖက်မှာတော့
စိမ်းစိုတဲ့လမ်းကလေးရှိလေရဲ့။ ။


မူရင်းလင့်က ဒီမှာပါ။

ကျနော် လူသတ်ခြင်း

ဖိုးထက်
မတ်လ ၂၀၊ ၂၀၁၂


ဟိုတစ်နေ့က ရွှေပြည်ကြီးရဲ့ ကောလဟာလသတင်းတစ်ခုကိုဖတ်ရင်း ကျနော့်မှာ အူတွေမြူးလာတယ်။ သတင်းအရင်းအမြစ်က ခိုင်မာမှု တော့ မရှိပါဘူးလေ။ သတင်းအတွက် ဘယ်သူမှလဲ တာဝန်ယူထားတာမရှိပါဘူး။ ဒါပေမယ့် အဲဒီသတင်းအတွက် ကျနော့်ဘာသာ သဘော တွေ အကျကြီးကျနေမိတယ်။ ကျနော်ဖတ်လိုက်ရတဲ့သတင်းက ဦးသန်းရွှေ တရုတ်ပြည်ကိုထွက်သွားတော့မယ်ဆိုတဲ့သတင်းပါ။

ပြည်သူ့စစ်တပ်ကို ကိုယ်ပိုင်စစ်တပ်လိုလုပ်ထားနိုင်ခဲ့တဲ့၊ သူတို့အသိုင်းအ၀ိုင်းအတွက် ရေပက်မ၀င်အောင် စည်းလုံးခဲ့တဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက် ထွက်ပြေးမယ်ဆိုတာ ဖြစ်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေသိ အဲဒီကျနော့်အဘိုးအရွယ်လူကြီးကို ကျနော်က မမုန်း ပေမယ့် စိတ်အတွေး အဆင်ထဲကနေ အမြန်သတ်ပြစ်ချင်နေမိတယ်။

လူအချင်းချင်း ကိုယ်ကာယအားဖြင့် အနိုင်ယူတာ၊ အသက်ကိုရန်ရှာတာဟာ မယဉ်ကျေးတဲ့ခေတ်တွေမှာသာ ခေတ်စားခဲ့တာပါ။ ကျောက် ခေတ်တွေ၊ ကြေးခေတ်တွေ၊ ကျွန်ခေတ်တွေတုန်းကတော့ လူတစ်ယောက်ကိုမုန်းရင်၊ ဒါမှမဟုတ် အဲဒီလူက အဖွဲ့အစည်းကို အနှောင့်အယှက် ပေးရင်၊ စည်းကမ်းမလိုက်နာရင် အပြစ်ပေးတဲ့အနေနဲ့ဘဲဖြစ်ဖြစ်၊ ဟန့်တားတဲ့အနေနဲ့ဘဲဖြစ်ဖြစ် အသက်ကိုသတ်ပြီး လောကကြီးထဲက ထုတ်ပြစ်လိုက်ကြတယ်။ နည်းပညာခေတ်ကြီးလို့ ခေါ်ကြရမယ့် အခုခေတ်ကြီးမှာတော့ ကြိုးပေးသတ်တာတောင် မရှိသလောက်ရှားသွားပါပြီ။ ဆန့်လဲ ဆန့်ကျင်လာကြပြီလေ။ သူ့ဘာသာ ဘာအပြစ်ဘဲလုပ်ခဲ့လုပ်ခဲ့ သူ့အသက်ကိုတော့ သတ်ပြစ်လောက်အောင်တော့ မလိုအပ်ဘူးလို့ သတ်မှတ်လာကြပြီ။

လူ့အဖွဲ့အစည်းကြီးမှာ အပြစ်လုပ်တဲ့သူကို သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ သတ်မှတ်ထားတဲ့ အပြစ်ဒဏ်ပေးကြတဲ့နေရာမှာ အဲဒီလူရဲ့ လူသားသိက္ခာကိုလဲ ထည့်သွင်းစဉ်းစားလာကြတာ ပိုယဉ်ကျေးတဲ့လူတွေဖြစ်လာတယ်လို့ ပြနေတယ်ထင်တာပါဘဲ။ ဟန်မူရာဘီရဲ့ ကိုဓ ဥပဒေလို မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံးချင်း၊ လက်တစ်ချောင်းဆို လက်တစ်ချောင်းချင်းအပြစ်ပေးတဲ့ အပြစ်ဒဏ်ကြီးက အခုခေတ် ကြီးမှာတော့ အတော်အဓိပ္ပါယ်မဲ့နေပါပြီ။ တစ်ခါတစ်လေတော့ ကျနော်က အဲဒီဘုရင်ကြီးရဲ့ဥပဒေကို တချို့တချို့သော ပြစ်မှုတွေအတွက် ပြန်ပြီး အသုံးချချင်စိတ်လေးတွေတော့ ပေါ်မိပါတယ်။ ဥပမာအားဖြင့် အင်တာနက်မှာဖတ်လိုက်ရတဲ့သတင်း တစ်ပုဒ်ဆိုပါတော့။ လက်ထပ် ပြီးကာစစုံတွဲလေးကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ကောင်မလေးကို မဟားဒယားလုပ်ပြစ်ကြတဲ့သတင်းဆိုရင် ဖတ်ရင်းနဲ့ ကျနော်က အဲဒီဘုရင် ကြီးဥပဒေကိုသုံးပြီး အဲဒီလူတွေကို စဉ်းနှီးတုံးပေါ်တင်၊ အသက်မသေဘဲ ဘ၀တုံးအောင် ဖြတ်တောက်ပြစ်လိုက်ချင်တဲ့စိတ်ကို ပေါ်လာတယ်။

ကျနော်တို့ ရာဇ၀င်မှာ ပြည်သူတွေကို ရင်ဝယ်သား၊ သမီးလိုစောင့်ရှောက်ခဲ့တဲ့ အလွန်ချစ်ခင်မြတ်နိုးစရာ မင်းကောင်းမင်းမြတ်ကြီးတွေ၊ ဦးဆောင်သူတွေရှိခဲ့တယ်မို့လား။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို ပြည်သူ့ အလိုဆန္ဒကို ဘယ်လိုဖြည့်ပေးရမလဲစဉ်းစားတဲ့ ခေါင်းဆောင်ကောင်းတွေပေါ်လာတာ ကံကောင်းခဲ့တယ်ဆိုရမယ် ထင်ပါတယ်။ ဆန့်ကျင် ဘက်အနေနဲ့ မင်းဆိုးမင်းညစ်တွေလဲ အများအပြားရှိခဲ့ကြတယ်မို့လား။ အာဏာမက်မောပြီး ပြည်သူတွေနဲ့ တသီးတခြားနေပြီး ငါတကော ကောခဲ့တော့ ဦးဆောင်သူတွေ၊ ဘုရင်မင်းမြတ်ကြီးတွေ သူများနိုင်ငံသမိုင်းတွေမှာလိုဘဲ မြန်မာ့သမိုင်းမှာလဲ ရှိခဲ့ကြတာပါဘဲ။

ခေတ်တွေ စနစ်တွေ ပြောင်းလာတာနဲ့ အမျှ နိုင်ငံကိုခေါင်းဆောင်ကြတဲ့နေရာမှာ နည်းစနစ်တွေကလဲ မတူကွဲပြားလာကြတယ် ထင်တယ်။ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့လို အရှေ့တောင် အာရှ စစ်ဘုရင်တွေ အဖြစ် အင်ဒိုချိုင်းနား ကျွန်းဆွယ်ကြီး တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ဦးဆောင်နိုင်ခဲ့ကြပါတယ်။ သို့ပေသိ ဒီဘက်ခေတ်ကြီးမှာတော့ “စစ်ဘုရင်တွေမှသာ မြန်မာနိုင်ငံကို ဦးဆောင်နိုင်တာ” ဆိုတဲ့ အတွေးအခေါ်နဲ့ မာန်မာနတက်ချင်နေကြတဲ့လူတွေတွေ့ရရင် သြော် ပေါရဲလိုက်တာလို့ပြောရမယ်ထင်ပါရဲ့။

ကျနော်တို့ လက်လှမ်းမှီနေသေးတဲ့ မြန်မာ့သမိုင်းမှာ အခုအချိန်ထိ ကိုယ်ကျိုးမဖက်တဲ့ ကျနော်တို့ခေါင်းဆောင်တွေ အတော်ရှားခဲ့တာ ကံ ဆိုးတယ်ပြောရမလား။ အင်္ဂလိပ်လက်ကနေ လွတ်လပ်ရေးကို မရအရ ပြန်ယူပေးခဲ့တဲ့ စွမ်းအားပြည့် သူတော်ကောင်း သူရဲကောင်းကြီး ဦး အောင်ဆန်းလိုလူမျိုးကို ကျနော်တို့ရခဲ့ပေမယ့် အချိန်တိုတောင်းလွန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အများသိကြတဲ့အတိုင်း “စိတ် ထား ကမမှန်၊ အကောက်ကြံ၊ အမောင်သူခိုး အိုကွယ် ဘယ်မှာစည်းလုံးပါ့မတုံး” ဆိုသလို ဖြစ်ခဲ့ကြတယ်။ လူတိုင်းမော်ကြည့်ရတဲ့ နိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံအထိရောက်အောင်ဆွဲချသွားခဲ့တဲ့ ခေါင်းဆောင်ကြီး ဦးနေ၀င်း သက်ဆိုးရှည်ခဲ့တာ ၀မ်းနည်းစရာပါ။ ဦးနေ၀င်း ဘာတွေ လုပ်ခဲ့တယ်၊ ဘာတွေထားသွားခဲ့တယ်၊ ဘာတွေချန်သွားခဲ့တယ်ဆိုတာ ဘယ်သူတွေ ဘယ်လောက်ကာပြောပေးပြောပေး ဖုန်းလို့ ဖိလို့မရပါ ဘူး။ ပြည်သူ၊ ပြည်သားတွေကို ဘာမှမသိ၊ ဘာမှမတတ်၊ ငါတို့သာသိ၊ ငါတို့သာတတ်လို့ထင်ပြီး ဆင်းခါနီးမှာ “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်” လို့ပြောသွားတာ ကျနော်လမ်းဘေးက လူမိုက်ကြီးလိုပါဘဲလို့ ၀န်ခံသွားခဲ့တယ်လို့ဘဲ မြင်ပါ တယ်။ ပြည်သူတွေကြားထဲမှာ သူ့ရဲ့သွေးသားတွေက ငါတို့ ဦးနေ၀င်း အမျိုးပေါ့လို့ ပြောရင် အကြည့်ခံရမယ့်မျက်လုံးတွေကို ရင်ဆိုင်နိုင်ကြဖို့ အတော်အားမွေးရပါမယ်။ ဦးနေ၀င်းလုပ်တာ သူ့အမျိုးတွေနဲ့မဆိုင်ပေမယ့် အဖေသူခိုးဆို သားလက်ဆော့တတ်တယ်လို့ထင်ကြတဲ့ လူ့ဗီဇ တွေကို ဘယ်လိုတားကြမလဲ။

စီမံခံ့ခွဲမှု ညံ့လို့၊ စီးပွားရေး ပိတ်ဆို့လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကျနော်တို့ ရွှေပြည်ကြီး စုတ်ပြတ်သတ်နေတာကို ကာကွယ်ပေးချင်ကြတဲ့ စကားတွေကို ကျနော် မငြင်းလိုပါဘူး။ စစ်တိုက်ဖို့သင်ထားတဲ့ စစ်သားတွေက စီးပွားရေးဝင်လုပ်၊ တစ်သွေးတစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်ဖို့ လေ့ကျင့်ပေးထားတဲ့ စစ်သားကြီးတွေက ရှုပ်ထွေးလှတဲ့လူတွေနဲ့ အလုပ်လုပ်ရတဲ့ အရပ်သားအုပ်ချုပ်ရေးဘက်ကိုဝင်ပါတာကို အပြစ်ပြော ချင်ကြတာလဲ မှန်သင့်သလောက် မှန်တယ်ထင်တာဘဲ။

ဒါပေမယ့် နိုင်ငံတစ်ခု မအောင်မြင်တာ၊ ကျဆုံးတာ လူတယောက်တည်းကို လက်ညှိုးထိုးပြတာ တစ်ခါတစ်လေတော့ အတော်လေး အဓိ ပ္ပါယ်မဲ့တယ်ပြောရမယ် ထင်ပါတယ်။ ကျနော်တို့ ပြည်သူတွေက ငါတို့နဲ့မဆိုင်ဘူးဆိုပြီး နိုင်ငံရေးကို လှည့်မကြည့်ခဲ့ကြ။ နိုင်ငံရေးလုပ်တဲ့ သူတွေက စည်းလုံးမှုမရှိ။ အုပ်ချုပ်သူလူတန်းစားက ခိုးဝှက်။ မြန်မာနိုင်ငံကြီး မတိုးတက်တာ၊ မအောင်မြင်တာ မြန်မာနိုင်ငံသားအားလုံး အသုံးမကျလို့ဆိုတဲ့၊ မြန်မာတွေ ညံ့လို့ပေါ့ဆိုတဲ့ တိုင်းတပါးသား သာမန်လူချတဲ့ကောက်ချက်က မှန်နေသလိုလို။

ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး ဦးသန်းရွှေကတော့ ဘယ်လိုလူစားမျိုးလဲဆိုတာ မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ တကမ္ဘာလုံးသိကြပါတယ်။ သူ့ဘာသာ မှုန်မှုန်ကုပ်ကုပ်နေတာ ၊ မပွင့်လင်းတာကို လူတွေက အပြစ်ပြောချင်ကြတာလဲ ကျနော်က တစ်ခါတစ်လေရီမိတယ်။ သူ့အမေက မွေးတဲ့ ရုပ်အတိုင်း၊ ဗီဇအတိုင်းရှိမှာပေါ့ဟဲ့လို့ ကျနော်ကပြန်ပြောမိတတ်ပါတယ်။ စကားနည်းသူကို စကားများအောင်လုပ်လို့ရမလား။ မွေး ကတည်းက သိုသိုသိပ်သိပ်နေတတ်တဲ့လူကို ဘာမှမပြောဘူး ငြိမ်နေတယ်လို့ပြောတာ လွန်တာပေါ့။ သူ့ဗီဇနဲ့ သူပေါ့ဗျာ။

လက်နက်ကိုင်ထားတဲ့ မတစ်ထောင်သားတွေကို တ၀ါးဝါး တဟားဟားနဲ့ သွားအုပ်ချုပ်နေရင် ခေါင်းပေါ်အခင်းကြီးတက်သွားကြမယ့် အ ကောင်တွေချည်းဘဲမို့လား။ ကျနော်လို တဟီးဟီး တဟားဟားနဲ့ အလေနတောစကားတွေလျှောက်ပြောပြီးနေခဲ့တဲ့သူကို ဘယ်သူမှ ခေါင်း ထဲထည့်ပြီးမစဉ်းစားတာ သဘာဝတော့ကျသားလား။ တပ်ချုပ်ကြီး ဦးသန်းရွှေ အာဏာရှိဖို့လိုတာပေါ့။ အာဏာရှိမှဘဲ သူ့လူတွေရဲ့ သေ နတ်တွေကို သူလိုရာပစ်ခိုင်းလို့ရမှာပေါ့။ မြန်မာနိုင်ငံကြီးကိုကာကွယ်ဖို့ ခိုင်းလို့ရမှာပေါ့။

ကျနော့်အမြင်အရဆိုရင် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အာဏာရှိကိုရှိရမှာလို့ထင်တာဘဲ။ သူအာဏာရှိတာ ပြဿနာမဟုတ်ပါဘူး။ တ ကယ့်ပြဿနာက သူ့အာဏာကို ဘယ်အတွက်အသုံးချတယ်ဆိုတာမို့လား။ အာဏာ၊ လုပ်ပိုင်ခွင့်ကို ခိုးဖို့၊ ၀ှက်ဖို့၊ ဆန့်ကျင်သူကို သတ်ဖို့၊ စုတ်ပြတ်သတ်သွားအောင်လုပ်ဖို့ အသုံးချတာကမှ တကယ့်အရုပ်ဆိုးကျည်းတန်သွားတာပါ။

ကျနော်က တစ်ခါတစ်လေကျတော့ ခပ်ကြောင်ကြောင်အတွေးတွေတောင် တွေးမိတယ်။ ငါတို့ ဒီအခြေအနေနဲ့၊ ဒီလူတွေနဲ့ဆိုရင် အာဏာ ရှင်စနစ်ကတောင် ခပ်ကောင်းကောင်း လို့တွေးမိပါတယ်။ စည်းကမ်းမရှိ၊ ခိုးချင်၊ ၀ှက်ချင်၊ ဂိုဏ်းဂန ခွဲထွက်ချင်တဲ့ လူတွေကို ပညာရှိဆန်ဆန် စည်းလုံးကြဖို့ သွားပြောနေကြတာ နွားကို ဖာလူဒါတိုက်သလိုမျိုးလို့တောင်တွေးမိပါတယ်။ ကျနော်တို့က ရာစုနှစ် တစ်ဝက်လောက် ခိုးဖို့၊ ၀ှက်ဖို့၊ ဂွင်ကောင်းကောင်းတည့်ဖို့ စဉ်းစားခဲ့တာ ခေါက်ရိုးကျိုးနေပြီမို့လား။ အဲဒီလိုလူတွေနဲ့ လက်ထဲတုတ်လေးကိုင်၊ ယူနီဖောင်းဝတ်လိုက် တာနဲ့ မြောက်ကြွ ၊ မြောက်ကြွဖြစ်သွားတဲ့လူတွေကို အာဏာရှင်စနစ်နဲ့မှ ဖြစ်မှာလို့တောင် တွေးမိပါတယ်။

ပြည်သူ့ဝန်ထမ်းတွေကို ပြည့်စုံအောင် ထောက်ပံ့၊ ရေမီးအစုံပေး၊ ကျန်းမာရေး အာမခံထားပေး၊ ဒီကြားထဲကမှ ခိုးနေ၊ ၀ှက်နေတယ်ကြားရင် ၊ သိရရင် ကြိုးပေးသတ်၊ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုးကိုမှ မျက်နှာသာမပေးတဲ့ တန်းတူညီမျှဥပဒေ၊ စည်းကမ်းတွေထုတ်။ ဒါကိုမှ မဟုတ်တာ၊ မတရားတာတွေ့ရင် ခါကာဘိုရာဇီတောင်ထိပ်မှာ ဒီအတိုင်းသွားပစ်ထားလိုက်။ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်ရင် ကားစင် တင်၊ ကျနော် ပြည်သူတွေအပေါ် မဟုတ်တာလုပ်မိပါတယ်ဆိုပြီး နေပြည်တော်ကနေ ရန်ကုန်၊ မန္တလေးအထိ ကားပေါ်တင် လိုက်ပြ။

ကျနော်တို့ ရာဇ၀င်မှာ နန်းတောင်တိုင်တွေကို ကွမ်းယာရင်း ထုံးတွေ သုတ်တာများတော့ နောက်တစ်ခါ သုတ်တာတွေ့ရင် လက်ဖြတ်မယ်ဆိုပြီး ဥပဒေထုတ်တဲ့ သက်ဦးဆံပိုင်ဘုရင်တစ်ပါး ရှိခဲ့တယ်မို့လား။ သူ့ဘာသာမေ့ပြီးသုတ်မိတော့ သူထုတ်တဲ့ဥပဒေကို လိုက်နာတဲ့အနေနဲ့ သူ့လက်သူ ပြန်ဖြတ်တဲ့ဘုရင်လို အာဏာရှင်မျိုးရှိရင် သိပ်ကောင်းမယ်လို့ အူချာပေါက်အတွေးတွေးမိတယ်။ အင်္ကျီအဖြူဝတ်ပြီး ညစ်ပေတဲ့ တိုင်ကိုမှီထိုင်နေတဲ့ သမီးတော်ကို “ဘာလဲ ကောင်မက ..ပြည်သူတွေ အခွန်အခနဲ့ရတဲ့ ပိုက်ဆံနဲ့ဝယ်ထားတာဟဲ့..နင် အတော်မသိတတ်” ဆိုကာ ထတဲ့ပြီး ဖနောင့်နဲ့ပေါက်တဲ့ အာဏာရှင်မျိုးအတွက်ဆို ကျနော်ကတော့ အရိုးကျေကျေ အရေခန်းခန်း အလုပ်လုပ်ပေးချင်သား။ ခပ် ရူးရူးအတွေးတွေ တွေးမိတယ်။

ရုပ်ရှင် သရုပ်ဆောင် ဦးသုမောင်ရဲ့အစ်ကိုတစ်ယောက်ထင်ပါတယ်။ ခါးပိုက်နှိုက်တစ်ယောက် ခါးပိုက်နှိုက်နေတာကို နောက်ကလိုက်ပြီး “ ငါ့ညီ သူများပစ္စည်းယူတာ မကောင်းပါဘူး။ ငါ့ညီဘ၀မှာ” ဘာဖြစ်ညာဖြစ်ဆိုပြီး လိုက်ပြီးပညာပေးမိတာ လက်သီးနဲ့အထိုးခံခဲ့ရတယ်လို့ ဖတ်ဘူးတယ်။ အခုလဲ အောက်ခြေဂိတ်ပေါက်ကအစ ၀န်ကြီးကြီးတွေအထိ ခိုးနေ ၀ှက်နေတာတွေတွေ့ရတော့ သဘောထားကြီးကြီး လိုက် ပြောနေလဲ ကာယအားကိုး၊ အာဏာအားကိုးဆရာတွေကပြောတဲ့သူကို အမုန်းကြီး မုန်းကြ၊ နှောင့်ယှက်ကြတာတွေ့ရတော့ ဦးသုမောင် စာတိုလေးကို ကျနော်ကသတိတရဖြစ်မိတယ်။ အာဏာရှင်သာဆို အကုန်ဖမ်းချုပ်၊ ထောင်ထဲထည့်၊ သူပိုင်၊ မိသားစုပိုင်၊ အမျိုးအဆွေပိုင် ပစ္စည်းတွေ မီးခိုးကြွက်လျှောက်လိုက်ပြီးသိမ်းလို့ တွေးမိတယ်။ ဒီလိုဆိုတော့ အာဏာရှင်စနစ်ကတောင် ခပ်ကောင်းကောင်းမို့လား။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ဆိုတဲ့ နိုင်ငံဘ၀ကနေ အကြွေးတောင်လိုပုံတဲ့ဘ၀တွေကို တပ်ချုပ်ကြီးတို့ ထားပစ်ခဲ့ကြပြီ။ ဘယ်လောက်ချမ်းသာနေလို့ ချမ်းသာနေမှန်းမသိအောင်ဖြစ်နေသည့် တပ်ချုပ်ဟောင်းကြီးကို ကျနော်က မနာလိုမဖြစ်မိ။ စားပါစေ။ ပိုက်ဆံ ရှိလို့ တစ်ရက်ကို တစ်နာရီတိုင်း တစ်နာရီတိုင်း ထမင်းတစ်နပ်စားနေစေအုံး။ ကြိုက်တဲ့နိုင်ငံမှာ တန်ဖိုးကြိုက်သလောက်ရှိတဲ့ အိမ်တွေ ၀ယ် ပါစေ၊ သုံးရာခြောက်ဆယ့်ငါးရက်နေဖို့ အိမ်အလုံးပေါင်း သုံးရာခြောက်ဆယ့်ငါးလုံးဝယ်စေ၊ အ၀တ်အစားမ၀တ်ဘဲ ဒေါ်လာတွေ ကြိုးနဲ့ ဖောက်သီပြီး ၀တ်ချင်ဝတ်စမ်းပါစေ။ ကျနော် မမုန်းပါ။ ဘ၀မှာ ကြုံကြိုက်ပြီးတွေ့ခဲ့ရရင် အသက်ကြီးလို့ တုန်ချိ တုန်ချိ ဖြစ်နေတဲ့ အဘိုးကြီးကို ကျနော်က ခရီးဦးကြိုပြုမိမည်ဖြစ်သည်။

ရုပ်ဝတ္တုပစ္စည်းတွေ အရောင်မှိန်စမ်းပါစေ။ ဖျော့စမ်းပါစေ။ သူများတွေ ကျည်ဆန်ရထား စီးနေချိန်မှာ လမ်းတောင် ကောင်းကောင်းလျှောက်မ ရချင်တဲ့ ခုနှစ်ဆွေး၊ ရှစ်ဆွေး ရထားကြီးတွေလဲ စီးရရင် စီးရစမ်းပါစေ။ သူများတွေ ATM စက်တွေသုံးနေချိန်မှာ ပိုက်ဆံအစုတ်ကို တိပ်ဗရပွနဲ့ သုံးချင်သုံးရစမ်းပါစေ။ သူများတွေ နှလုံးအစားထိုးကုနေချိန်မှာ ကျနော်တို့က အာဟာရချို့တဲ့လို့ အားပြတ်လဲချင် လဲနေပါစေ။ သူများတွေ အင်တာနက်ကို ကောင်းကောင်းအသုံးချတတ်နေချိန်မှာ ကျနော်တို့က နို့ဆီခွက်ဖောက် ကြိုးသီပြီး ပြောချင်ပြောရစမ်းပါစေ။

သို့သော် စိတ်တွေ အရောင်မမှိန်ဖို့လိုသည်။ စိတ်အရုပ်ဆိုးသောလူများ မဖြစ်ဖို့လိုသည်။ ပြည်သူပိုင်ပစ္စည်းကို ဘိုးဘွားပိုင်လို့ သဘောထား သည့်စိတ်အရောင်များ မရှိဖို့လိုမည်။ ခြေထိုး၊ အကောက်ကြံ၊ အာဃတထားသောလူများ မဖြစ်ဖို့ လိုမည်ထင်သည်။ ငါလည်း မြန်မာနိုင်ငံသား၊ သူလဲ မြန်မာနိုင်ငံသားဆိုသည့်စိတ်တွေ ကြီးထွားလာဖို့လိုမည်။ မနာလိုစိတ်အားကြီးပြီး သူများဆိုင်းဘုတ်ကို ဖျက်လိုဖျက်ဆီးလုပ်သော စိတ်အရောင်နည်းရှာသည့်လူများမဖြစ်ဖို့ အရေးပိုကြီးသည်။ ဘုန်းကြီးရှေ့မှာ ငါးပါးသီလဆောက်တည်ပြီး ကွယ်ရာမှာ မိမိလုပ်ပိုင်ခွင့်များကို အသုံးချပြီး ခိုးဝှက်နေချင်သည့်စိတ်ဓာတ်များမရှိဖို့လိုသည်။ လက်ဆင့်မကမ်းမိကြဖို့လိုမည်။

ဦးသန်းရွှေ ဘယ်ရောက်နေ၊ ဘာတွေလုပ်နေသလဲဟု မေးကြသည်။ အများစိတ်ဝင်စားကြသလို ကျနော်လဲစိတ်ဝင်စားသည်။ သက်ဆိုင် သူများက စာဖတ်နေပါတယ်လို့ ဖြေကြသည်။ စာဖတ်ခြင်းသည် ကောင်းသောကိစ္စလို့သတ်မှတ်ကြတာ ကျေးဇူးတင်ရမလို။ သို့သော် အသက်ခြောက်ဆယ်ကျော်လို့မှ မလိမ္မာရင် ဘာစာဖတ်ဖတ် မလိမ္မာတော့ဘူးဟုပြောသော ဆရာဦးအောင်သင်းစကာကိုတွေးမိပြီး ပြုံးစိစိ ဖြစ်ရသည်။

အခုလဲ ဦးသန်းရွှေ တရုတ်ပြည်ပြောင်းနေမည်ဟု သတင်းကိုဖတ်ရပြီး ကျနော်အားရသည်။ ၀မ်းသာသည်။ ကြေနပ်သည်။ ကျနော့်စိတ်သမိုင်း စဉ်ထဲမှာ တရုတ်ပြေးမင်းသုတ်သင်ပြီး၊ ပုဂံမင်းသတ်ပြီး၊ ဦးစော ကြိုးပေးပြီး၊ ဦးနေ၀င်း တမန်လွန်ပိုပြီး၊ အဘတပ်ချုပ်ကြီး ဦးသန်းရွှေကိုလဲ စိတ်အစဉ်ထဲမှာ ထုတ်ပစ်ချင်ပြီ။ သတ်ပစ်ချင်နေခဲ့သည်။

တကယ်ကျတော့ သတင်းက ရေရေ ရာရာ မဟုတ်လှ။ ဟုတ်ချင်လဲ ဟုတ်မည်။ မဟုတ်ချင်လဲ မဟုတ်။ သို့သော် ဟုတ်ပါစေ၊ မှန်ပါစေဟု ဆုတောင်းရအုံးမည်။ မြန်မာပြည်သူတွေ ပိုက်ဆံတွေကြိုက်သလောက် ယူသွားနိုင်ပါသည်အဘလို့ ကြားထဲက ကိုယ်ပိုင်ပစ္စည်းလိုလို အာမ ခံပြီး ပေးလိုက်ချင်သည်။ ဒါကိုမှ မလောက်ငှသေးရင် ကျနော်လစာထုတ်ပေတော့မည်။ အကုန်ပေးလိုက်မည်။ လမ်းဘေးမှာ ကျနော် အိပ် နိုင်သည်။ ထမင်းတနပ်ကို မျက်နှာငယ်နဲ့ ကျနော်တောင်းစားမည်။ လစာတစ်ပြားမကျန် ကျနော်ပေးနိုင်ပါသည်။

“မြန်မာနိုင်ငံကြီးနဲ့ ဝေးဝေးနေပါအဘရယ်။ ခပ်ဝေးဝေးမှာ နေစမ်းပါအဘရာ..ကျန်းမာရေး ဂရုစိုက်၊ ဂေါက်ဖ်ရိုက်၊ အေးရာအေးကြောင်းနေ၊ အအေးပါတ်အောင်မနေနဲ့ ..လူ့ပြည်မှာ အကြာကြီးနေသွားစမ်းပါအုံးအဘ” လို့ ကျနော် ပြောတာလေးတော့ နားထောင်စေချင်သည်။

မူရင်းလင့်က ဒီမှာပါ။

ခရီးသွားရင်း ကုသိုလ်ယူမယ်

ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၂၁၊ ၂၀၁၂


လူ့ဘဝတွင် သက်ရှိလူသားများသည် နေ့စဉ်နှင့်အမျှ ခရီးသွားနေကြသူများဖြစ်သည်။ မိမိတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး မှတ်တိုင်များကို တစ်ခုချင်း တစ်ခုချင်း ကျော်ဖြတ်၍ သွားလာလှုပ်ရှားနေကြသည်။ ထိုသူများထဲတွင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လူမှုရေးသမားများသည်လည်း လူမှုခရီးသွားများဖြစ်ကြသည်။



လူသားတို့သည် မိမိတို့၏ မိသားစုအရေးကိစ္စသော်၎င်း၊ မိမိ၏ ကိုယ်ပိုင်ကိစ္စအတွက်သော်လည်းကောင်း၊ အများအတွက် ပရဟိတအရေး အတွက်သော်လည်းကောင်း၊ နေ့စဉ် မြန်မာပြည်အနှံ့ ခရီးသွားနေကြရသည်။ ထိုကဲ့သို့ခရီးသွားနေကြသော ခရီးသွားပြည်သူများတွင် ရွှေစင်စင်္ကြာ ခရီးသွားလုပ်ငန်းမှ မော်တော်ယာဉ်များဖြင့် ခရီးသွားကြသော မိဘပြည်သူတို့အတွက် ထူးခြားမှုတစ်ရပ် ဖြစ်ပေါ်လာတော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ၁၇.၃.၂၀၁၂ (စနေနေ့) တွင် ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မှ အလှူငွေ သိန်းနှစ်ရာကျပ်နှင့် ဆယ်ခြောက်သိန်းခွဲ တန်ဖိုးရှိငွေစက္ကူရေစက်အား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပိုင်ရှင်ဖြစ်သူ ဦးလှမိုးလှိုင် ဦး ဆောင်၍ ရွှေစင်စင်္ကြာ၏ ဝန်ထမ်းများနှင့်အတူ လာရောက်လှူဒါန်းခဲ့သည်။ ရွှေစင်စင်္ကြာ၏ ကြိုးပမ်းမှုကြောင့် သမ္မာအာဇီဝဖြင့် ရလာခဲ့သော ငွေများထဲမှ ခရီးသည်များနှင့် ပြည်သူများအတွက်တဖက်တစ်လမ်း လှူဒါန်းမှုပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထိုကဲ့သို့ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်တင်ပို့ဆောင်ရေးလုပ်ငန်း) သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လာရောက်၍ လှူဒါန်းမှုပြု ခဲ့သည်မှာ စတုတ္တအကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး ယင်းကဲ့သို့လှူဒါန်းမှုမျိုးလုပ်သည့်အတွက် ဆေးဝါးကုသကြမည့် မျက်စိဝေဒနာရှင်များ၊ လူနာများ၊ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် ရွှေစင်စင်္ကြာမိသားစုဝင်များ၊ ဝန်ထမ်းများအားလုံးနှင့် ခရီးသွား မိဘပြည်သူများအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေဟု မေတ္တာပို့သဆုတောင်းလိုက်ရပါတော့သည်။ ခရီးသွားမိဘပြည်သူအပေါင်းတို့သည်လည်း မိမိတို့လိုရာခရီးပန်းတိုင်သို့သွားရင်းဖြင့် ကောင်းမှုကုသိုလ်ကိုပါ တပြိုင်နက်တည်း ရယူနိုင်ပြီဖြစ်ပါတော့သည်။

မူရင်းလင့်က ဒီမှာပါ။

သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား

ဒေါ်အောင်ဆန်းစုကြည် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး ခရီးစဉ်ကို မတ်လ ၂၇ မှာ မော်တော်ယာဉ်တန်းဖြင့် သွားမည်လို့ ပြောပါတယ်။ ညောင်ဦးကိုတော့ လေယာဉ်နဲ့ လာမယ်လို့ ဆိုပါတယ်။ မကွေးမှာ ဟောပြောစည်းရုံးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘူးလို့ ကြားနေရပါတယ်။ သင်းချိုင်းကုန်းမြေကွက်လပ်တွေမှာ ဟောလို့ ရမယ်လို့ ကော်မရှင်က လက်လွတ်စပယ်ပြောတယ်လို့လည်း ဆိုကြတယ်။ ၀န်ထမ်းတွေကိုလည်း အဲသည်နေ့ အစည်းအဝေးလုပ်ပြီး ရုံးမှာ နေရမယ်လို့ ပြောသံကြားတယ်။ သောင်ပြင်မှာ လုပ်မှာစိုးလို့ သောင်ပြင်တခုလုံးကို သောင်တူးစက်နဲ့ တူးဆွထားတာကလည်း မွနေ ပလဲနေတာပဲဗျာ။







အခုပေးပို့လိုက်တဲ့ အမတ်လောင်းတွေရဲ့ မဲဆွယ်လက်ကမ်းစာရွက်တွေပါ။ တဆညပါတီအမတ်လောင်းနဲ့ အင်န်အယ်ဒီအမတ်လောင်း ၂ ဦးရဲ့ ဘ၀ဖြတ်သန်းမှုတွေကို နှိုင်းယှဉ်ကြည့်ကြပါ။ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စား အလုပ်လုပ်မယ့် တိုက်ပွဲဝင်မယ့် အမတ်လောင်းက ဘယ်သူလဲဆိုတာ ထင်ရှားပါတယ်။

မူရင်းလင့်က ဒီမှာပါ။

မထင်မှတ် တဲ့ အပြောင်း အလဲ တွေ ဖြစ်လာမယ် (စံဇာဏီဘို)

မကြာမီ ရောက်ရှိလာတော့မည့် မြန်မာ့နှစ်သစ်ကူးကာလမှ စတင်ကာ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်များကို ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံမေးမြန်း ထားချက်များကို ဖော်ပြလိုက်ပါသည်။

မြန်မာလို ၁၃၇၄ ခုနှစ်၊ ၀ါထပ်တဲ့နှစ်၊ မြန်မာနိုင်ငံမှာ အပြောင်းလဲတွေ အများကြီးရှိတယ်၊ အပြောင်းအလဲတွေ အများကြီးဖြစ်မယ်၊ နောက် ဒီလိုဖြစ်လာမယ့် အပြောင်းအလဲတွေက လူတွေ ထင်မှတ်ထားတာ၊ တွက်ဆထားတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး၊ ပုံမှန် နဲ့မတူတဲ့ အပြောင်းအလဲလေးတွေ ဖြစ်မယ်၊ အခြေခံအားဖြင့် ကျွန်တော်တို့ အယူအဆအရ ၀ါထပ်နှစ်လည်းဖြစ်တယ်၊ လာမယ့် ကဆုန်လပြည့် ကစပြီး၊ နယုလပြည့် အတွင်းမှာ တစ်ကြိမ် (မေ ၅ မှ ဇွန်လ ၁၈ ရက်) ၊ ဒုတိယ၀ါဆိုလပြည့်နေ့ကနေ တော်သလင်းလပြည့်နေ့မှာ (ဇူလိုင်လ ၁၉ရက်မှစက်တင်ဘာလ ၁ ရက် ) တစ်ကြိမ် အဲဒီကာလလေး တွေမှာ ထူးခြားတဲ့ ဂြိုလ် အနေအထားလေးတွေရှိတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ရှုထောင့်မှာ မတ်လ ၂၀မှာနိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လမ်းကြောင်းတွေ အပြောင်း အလဲတွေရှိတယ်၊ ဇွန်လ ၆ ရက်နေ့မှာလည်း နိုင်ငံတကာ အဆင့်ဆက်သွယ်မှု အပြောင်းလဲတွေရှိတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်ကစပြီး အောက်တို ဘာ ၅ ရက်အတွင်းမှာလည်း ထူးခြားတဲ့ အပြောင်း အလဲတွေ ဆက်တိုက်ရှိလာမယ်။ နောက်ပြီး အဓိက ပြသနာတစ်ခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကဏ္ဍမှာ တည်ငြိမ်မှုအနေအထားနဲ့ ပြည်တွင်းငြိမ်းချမ်းမှု အနေအထားမှာတော့ ယုံကြည်ချက်ရှိတယ်။ ၂ အချက် က စီးပွားရေးက တိုးတက်တာ မမြင်ဘူး။ မှန်းသလောက် မဖြစ်လာဘူး၊ ထင်ထင်ရှားရှား တိုးတက်တာမရှိဘူး။

တန့်နေတယ်။ အချို့နေရာတွေမှာ ယုတ်လျှော့နေတယ်။ ယေဘုယျအားဖြင့် ပြည်ပရင်းနှီးမြုပ်နှံမှုကို မျှော် လင့်ကြ တဲ့အခါ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ နည်းပညာရှုထောင့်ရဲ့ ရုတ်ချည်းဖွံ့ဖြိုးမှုကတော့ ဇွန်လ ၂၅ ကစပြီး သြဂုတ် ၂၃ ၀န်းကျင်မှာတော့ အနည်းငယ် အပြောင်းအလဲရှိတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင်တော့ နည်းတာ ပေါ့လေ။

ပြည်ပကို ရောက်ရှိနေတဲ့သူတွေရဲ့ အနေအထား ကတော့ ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံဖို့ မြင်တယ်။ ပြည်ပမှာ အမြဲနေထိုင်ခွင့်ရှိသူတွေရဲ့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြုပ်နှံတာ မြင်တယ်၊ နိုင်ငံတကာအဆင့် ကုမ်္ပဏီ တွေရဲ့ ရင်းနှီးမြုပ်နှံမှု ရှုထောင့်ကတော့ အားနည်းတယ်။ ဒေသတွင်း အခြားနိုင်ငံနဲ့ ဆက်စပ်မှုမှာတော့ အနောက် နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်။ လေတပ်အခြေစိုက်စခန်း၊ ရေတပ် အခြေစိုက်စခန်း တို့အတွက် မြန်မာနိုင်ငံမှာနေရာပေးခြင်း၊ ငှားရမ်းခြင်းတို့ မြင်တယ်။ စစ်ရေးအခြေစိုက်ဒေသတစ်ခုအဖြစ် မြန်မာ ပါဝင်ဖို့မြင်တယ်။

စစ်အခြေစိုက်စခန်း ဖြစ်လာဖို့မြင်တယ်။ လေတပ်အခြေစိုက်စခန်း၊ ရေတပ် အခြေစိုက်စခန်း တို့အတွက် မြန်မာနိုင်ငံမှာနေရာပေးခြင်း၊ ငှားရမ်းခြင်းတို့ မြင်တယ်။ စစ်ရေးအခြေစိုက်ဒေသတစ်ခုအဖြစ် မြန်မာ ပါဝင်ဖို့မြင်တယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ကမ်္ဘာ့အရှေ့ပိုင်းဖြစ်တဲ့ ကိုရီယား၊ ဂျပန်၊ တရုတ်တို့နဲ့ စီးပွားကုန်သွယ်မှု အားကောင်းတယ်၊ အရှေ့အလယ်ပိုင်းအားနည်းတယ်၊ ဥရောပ အနည်းငယ်တက်မယ်၊ အရှေ့တောင်အာရှရဲ့ ဆက်သွယ်မှု လမ်းကြောင်းတော့ ပုံမှန်ထက် အားနည်းတယ်၊ အမေရိက အနည်းငယ်တက်မယ်။ ၁၃၇၄ ခုနှစ်မှာ အရှေ့တိုင်းပြည်နဲ့ ပတ်သတ်ပြီး ဆက်သွယ်မှု အားကောင်းမယ်။

ပညာရေး ပြုပြင်ပြောင်းလဲမှု အကြီးစားတွေတော့ မမြင်ဘူး၊ ဒါပေမယ့် စတင်ခြင်း အချို့မြင်တယ်၊ ကျန်းမာရေးကဏ္ဍ မှာတော့ အဖွဲ့အစည်းဆိုင်ရာမှာ အားကောင်းမယ်၊ နိုင်ငံတကာ အဖွဲ့အစည်းကတော့ ပုံမှန်အဆင့်ပဲရှိမယ်၊ အမျိုးသား စီမံကိန်းဆိုင်ရာတွေမှာတော့ ဖွံ့ဖြိုးဖို့မြင်တယ်၊ အခွန်များလာမယ့် အနေအထားရှိတယ်။

စာပေလွပ်လပ်ခွင့် လုံးဝမမြင်ဘူး၊ တစ်စုံတရာ အတိုင်းအတာထိမမြင်ဘူး၊ ဒါပေမယ့် ပုဂ်္ဂလိက နေ့စဉ် သတင်းစာဖြစ်ပေါ် လာဖို့တော့ ဇွန် ၆ လမှာမြင်တယ်၊ ထွက်မယ့် သဘောလောက်တော့ ရှိတယ်၊ လွပ်လပ်ခွင့် ဘယ်လောက်ပေးမလဲ မသိဘူး၊ လာမယ့် ဇွန်ဝန်းကျင်မှာ တစ်စောင်ကနေ သုံးစောင် ရနိုင်တယ်၊စီးပွားရေး ဆိုင်ရာမှာတော့ သိပ်မရှိဘူး၊ သဘာဝ ဘေးကတော့ တော်တော်လေး သတိထားသင့်တယ်။ မီး မီးက တောက်လျှောက် သတိထားရမယ်၊ မိုးတွင်း ပင်လျှင် သတိထားရမယ်။ ရေနဲ့ ပတ်သတ်တာ။ ရေကမရှိလို့ ရေငတ်တာရော၊ ရေကြီး ရေလျှံဖြစ်မယ်၊ နောက် မေလကုန်သြဂုတ်၊ အောက်တိုဘာမှာ ငလျင်ဒဏ်မြင် တယ်၊

· သဘာဝ ဘေးကတော့ တော်တော်လေး သတိထားသင့်တယ်။ မီး မီးက တောက်လျှောက် သတိထားရမယ်၊ မိုးတွင်း ပင်လျှင် သတိထားရမယ်။

· ရေနဲ့ပတ်သတ်တာ။ ရေကမရှိလို့ ရေငတ်တာရော၊ ရေကြီး ရေလျှံဖြစ်မယ်၊ နောက် မေလကုန်သြဂုတ်၊ အောက်တိုဘာမှာ ငလျင် ဒဏ်မြင် တယ်၊

နောင်နှစ် ၂၀၁၃ ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီလည်း သတိထားရမယ်။နိုင်ငံတော်ရဲ့အုပ်ချုပ်မှု ယန်္တယား အကြီးစားပြောင်း| လဲမှု မမြင်သေးဘူး၊ ရင်းနှီးမြုပ်နှံမှုတွေရဲ့ သဘာဝမှာ ဖိတ်ခေါ်မှုရှိပေမယ့် အကြီးစားရင်းနှီးမြုပ်နှံတာမျိုး မမြင်ဘူး။ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေ ပူးပေါင်းလုပ်တာမြင်တယ်၊ ပြည်ပလုပ်ငန်းရှင်တွေ အပြည့်အ၀ လုပ်တာတော့ မမြင်ဘူး။

အဲဒီနှစ်မှာ ထူးခြားတာက မြန်မာနိုင်ငံအောက် ပိုင်းတွေမှာ အရမ်းဖွံ့ဖြိုးမယ်။ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင် တွေပေါ့။ ရန်ကုန်နဲ့အရှေ့တောင်ပိုင်းမှာ ဖွံ့ဖြိုးမှုနဲ့ အဆင် ပြေမှုတွေ မြင်တယ်။ စီမံကိန်းနဲ့ ပတ်သတ်ပြီး အတင်းအကြပ်လုပ်လိမ့်မယ်။ လုပ်တဲ့အခါမှာ နိုင်ငံ တကာ အဆင့်မ၀င်တာက ဒေသခံပြဿနာကြောင့် လို့ ဗေဒင်အရ မြင်နိုင်တယ်၊။

ဇာဏီထွဏ်း

စာပေစီစစ်ရေးမှ ဖော်ပြရန် ခွင့် မပြ သဖြင့် WEEKLY EXPRESS TIMES ဂျာနယ်တွင် ဖော်ပြနိုင်ခြင်း မရှိခဲ့သော တွေ့ဆုံမေးမြန်းခြင်း။ ဆရာစံဇာဏီဘိုနှင့် တွေ့ဆုံခြင်း အင်တာဗျူး ဖြစ်ပါသည်။

မူရင်းလင့်က ဒီမှာပါ။

မန္တလေးမှ အကယ်ဒမီ ဗန်းကိုင် သဲစုနိုင် ကပရိသတ် အားပေးစေချင်ဟုဆို


၂ဝ၁ဝအကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မန္တလေးမှ သဲစုနိုင်ကတော့ လတ်တလောမှာ ကြော်ငြာနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ေ ပးဖြစ်နေ တယ်လို့ဆိုပါတယ်။ သရုပ် ဆောင်လောကကိုဝင်ဖို့ အတွက် လေ့လာမှုတွေ သေ ချာလုပ်မယ်လို့ဆိုလာတဲ့ သဲစုနိုင်က”ပရိသတ်အားပေး စေချင်တယ်။

အနုပ ညာ လောကမှာ မျိုးရိုးမရှိလို့ စဝင်တော့ အခက်အခဲ ရှိတယ်။ ဒါပေမဲ့ ကြိုး စားမှာပါ။ မတင် မိုးလွင်ဆီမှာ မော် ဒယ်သင်တန်းတက် ခဲ့တယ်။ အကယ် ဒမီ ဗန်းကိုင်မဖြစ် ခင်ကတော့ ရှိုးပွဲတွေ အများကြီး လျှောက်ဖြစ် ခဲ့တယ်။ ပြီးတော့ ရန်ကုန်၊ မန္တလေးကူးနေတာနဲ့ ရန်ကုန်ပွဲဆို မန္တလေး ရောက်နေ၊ မန္တလေးပွဲဆို ရန်ကုန်ရောက်နေတာနဲ့ လွဲနေတာများပြီ”လို့ ဆို ပါတယ်။

ဒီနှစ် သင်္ကြန် အစီအစဉ်အနေနဲ့ ပထမ ကတရားစခန်းဝင်ဖို့ စီစဉ် ထားပေမယ့် အခုအခါ မှာတော့ သီချင်းဆိုဖို့ ကမ်းလှမ်းထားတာေ ကြာင့် မန္တလေးမှာပဲရှိမယ်လို့ ထင်ကြောင်း၊ အရင်နှစ် တွေကလည်း သီချင်းဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် မဆို ဖြစ်ခဲ့ဘူးလို့ ပြောတဲ့ သဲစု နိုင်က သင်္ကြန် အမှတ်တရ တွေမ ရှိခဲ့ဘဲ သင်္ကြန်ဆိုရင် တရားစခန်းဝင်တာများ ပါတယ်လို့ဆိုခဲ့ပါတယ်။

နေကွန်းထင်

မူရင်းလင့်က ဒီမှာပါ။

ပုသိမ်သင်္ဘောနစ်မြုပ် လူ၂၀ထက်မနည်း ပျောက်ဆုံး

ပုသိမ်မြို့ နဲ့ အုတ်ရှစ်ကွင်းကျေးရွာကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်သင်္ဘောဟာ ဒီနေ့ မွန်းလွဲ ၃နာရီအချိန်လောက်က ငပုတောမြို့အနီးမှာ နစ်မြုပ်ခဲ့ပြီး ခရီးသည် ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။ အခုလို နှစ်မြုပ်တာဟာ အမြန်သင်္ဘောက သတ်မှတ်တန်ချိန် ထက် ပိုလွန် တင်ဆောင်ထားတာကြောင့်နဲ့ လှိုင်းထန်တာကြောင့် ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ လောလောဆည်မှာတော့ ဆေးရုံကို သယ်ဆောင်လာသူတွေ ထဲက အသက်၃၀ကျော်အရွယ်အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး ကြက်ခြေနီ၊ ကျန်းမာရေး ဌာနနဲ့ ပြည်သူ့ ရဲတပ်ဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေ ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က အပြည့်အစုံ တင်ပြမှာဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်တဲ့နေရာဟာ ငပုတောမြို့နဲ့တဘက်ကမ်း ကန်ဆိပ်ရွာအနီးမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမြန်သင်္ဘောနစ်မြုပ်ခဲ့တဲ့ပုံကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

“လူအယောက် ၇၀ လောက်ပါတယ်။ သဘောင်္က ကုန်ရော လူရော များတယ်၊ သတ်မှတ်တန်ချိန်ထက် ကျော်နေတယ်။ မွှေ့တာပေါ့နော်။ လှိုင်းလည်း နည်းနည်းထန်နေတယ်ဆိုတော့ သင်္ဘောစောင်းပြီးတော့ တခါတည်း မြုပ်သွားတယ်။ လေတိုက်တော့ လှိုင်းလည်း နည်းနည်းရှိတာပေါ့။ မြစ်ဝကလည်း နည်းနည်း ကျယ်တာကိုး။”

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြက်ခြေနီ၊ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေး၊ မီးသတ်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တွေ အပါအ၀င် ပြည်သူတွေ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မီးသတ်ဌာနက တာဝန်ရှိသူတယောက်က နောက်ဆုံး ကယ်ဆယ် ရရှိတဲ့ သူ ၅၄ယောက် ရှိပြီး သင်္ဘောပေါ်ပါသူ အယောက် ၇၀လောက် ရှိတာမို့ ပျောက်ဆုံးသူ ၁၅ယောက် အယောက်၂၀လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ပြောပါတယ်။

“အားလုံးပေါင်း ၅၄ယောက်ပြန်တွေ့ပါတယ်။ ၆နာရီခွဲပြီး ၅၄ယောက်ပါ။ အားလုံးက အယောက် ၇၀ကျော်ဆိုတော့ ၁၅ယောက် အယောက်၂၀လောက်တော့ ခန့်မှန်းထားပါတယ်၊ လောလောဆည်တော့။”

နစ်မြုပ်သွားတဲ့ ပုသိမ်သူ ၁၁ သင်္ဘောပေါ်မှာ လိုက်ပါလာသူတွေထဲမှာ ၁၀တန်း စာမေးပွဲ ဖြေဆိုပြီးပြန်လာတဲ့ ကျောင်းသူကျောင်းသား အများစုပါဝင်ပြီး လောလောဆည် သေဆုံးသူ ၂ယောက်ရှိကြောင်း မီးသတ်နဲ့ ရဲစခန်းက အတည်ပြု ပါတယ်။

နစ်မြုပ်သွားတဲ့ သင်္ဘောကိုတော့ ပြန်ဖော်နိုင်တဲ့အခြေအနေ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာ စက်လှေ တိမ်းမှောက်ခဲ့တာကြောင့် ကျောင်းသူကျောင်းသားကလေးငယ် ၅ဦး သေဆုံးခဲ့ရပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဖဒိုမန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော် ရောက်

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မီတီဝင်ဦးမန်းငြိမ်းမောင်ကို နေပြည်တော်ကို ခေါ်ဆောင်ပြိး မီးရထားဝန်ကြီးဦးအောင်မင်းနဲ့ တွေဆုံနေပြီဖြစ်ကြောင်း၊ မကြာခင်မှာ နယ်စပ်ကို ပြန်ပို့ဆောင်ပေးမှာဖြစ်တယ်လို့ မြန်မာအစိုးရဘက်က ဆက်သွယ်ရေး ကိုယ်စားလှယ်ကတဆင့် အကြောင်းကြားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက VOA ကို ပြောပါတယ်။ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထောင်ဒဏ် တသက်တကျွန်းကျပြီး၊ တပတ်မကြာခင်မှာပဲ သမတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ ကေအန်ယူခေါင်းဆောင် ဦးမန်းငြိမ်းမောင်ကို မတ်လ၁၉ရက်နေ့ကပဲ မြန်မာအစိုးရတာဝန်ရှိသူတွေက နေပြည်တော်ကို ခေါ်ဆောင်သွားခဲ့ကြောင်း ကေအန်ယူရဲ့ ဦးဆောင်ကော်မတီဝင် ဦးစောဒေးဗစ်ထောက ပြောပါတယ်။

“ကျနော်တို့ဆီ တိုက်ရိုက်အကြောင်းကြားတာကို ပြောမယ်ဆိုရင်တော့ သူ့ကို လွှတ်လိုက်ပြီ ဆိုတဲ့အကြောင်းနဲ့ ခုလောလောဆယ် နေပြည်တော်မှာ အထူးဧည့်သည် အနေနဲ့ ၀န်ကြီး ဦးအောင်မင်းဆီကို ရောက်နေပါတယ်။ ၀န်ကြီးဦးအောင်မင်းက ပြန်လာပို့ပေးမယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ တခြား ဘာမှထွေထွေထူးထူး မသိရသေးဘူး။ သိသလောက်ဆိုရင် မနေ့က မနက်က သူ့အမှုကိစ္စအကူအညီပေးခဲ့တဲ့ ဦးချစ်ကိုကို ဖုန်းနဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ တိုက်ရိုက်စကားပြောခွင့်ရတယ်။”

ဦးမန်းငြိမ်းမောင်နဲ့ စကားပြောဆိုခွင့်ရတဲ့အချိန်မှာ သူ့အနေနဲ့ သူလွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းကြိုးပမ်းတဲ့မိတ်ဆွေတွေကို သတိရကြောင်းတွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

သူကတော့ အခြေနေကောင်းတယ်၊ သူ့ကျန်းမာရေးလည်း ကောင်းတယ်၊ နောက်ပြီးတော့ အားလုံးအဆင်ပြေတယ်၊ ဒီက မိသားစုတွေရယ်၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေရယ်ကို သတိရကြောင်း တဆင့်စကားပါးပေးဖို့ ပြောပါတယ်။

ဦးမန်းငြိမ်းမောင်ကို အခုလို ပြန်လွှတ်ပေးခြင်းဟာ ကေအန်ယူ နဲ့ မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ယုံကြည်မူတည်ဆောက်တဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။

“ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာ တခုပဲပေါ့နော်၊ အစိတ်အပိုင်းတခုလို့ပဲ မြင်ပါတယ်။ နောက်တခုကလည်း ၀န်ကြီးဦးအောင်မင်းကလည်း ဖဒိုမန်းငြိမ်းမောင် လွတ်မြောက်မှုအတွက် သူ တင်ပြတောင်းဆိုမှုက အကောင်အထည်ပေါ်တယ်လို့ပဲ ကျနော်တို့ အဲလိုပြောချင်ပါတယ်။”

ဦးမန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်းလေဆိပ်ကနေ မြန်မာပြည်ကို ရောက်သွားခဲ့ပြီး လူဝင်မှုဥပဒေနဲ့ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆လ ကျခံခဲ့ရပါတယ်။ ဒီ့နောက် တရားမ၀င်အသင်းအဖွဲ့ ပုဒ်မ ၁၇ (၁) နိုင်ငံတော်ပုန်ကန်မူ ၁၂၂ (၁) တို့နဲ့ တရားစွဲဆိုခံရပြီး ထောင်တသက်တကျွန်း ကျခံခဲ့ရပါတယ်။

မြန်မာအစိုးရကို မတ်လ ၁၉ရက်နေ့က သူတယောက်တည်းကိုပဲ ပုဒ်မ ၄၀၁ နဲ့ ပြန်လွှတ်ပေးခဲ့ပြီး မကြာခင်မှာပဲ နယ်စပ်က မိခင်အဖွဲအစည်းဖြစ်တဲ့ ကေအန်ယူထံကို လာရောက် ပို့ဆောင်ပေးမယ်လို့ပြောခဲ့ကြောင်း ကေအန်ယူ ဘက်က အတည်ပြု ပြောကြားပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲလေ့လာဖို့ အာဆီယံကို မြန်မာဖိတ်ခေါ်

မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို မြန်မာအစိုးရ တရားဝင် ဖိတ်ခေါ်လိုက်ပါပြီ။ အခုလို အာဆီယံအသင်း ရွေးကောက်ပွဲကို လာရောက်လေ့လာမယ်ဆိုတဲ့ အခြေအနေကို တိုးတက်မှုတရပ်အနေနဲ့ မြန်မာ့ အရေး လေ့လာသူတွေကတော့ ရှုမြင်ပါတယ်။ ဒါပေမယ့် အာဆီယံက အစပြုပြီး အခြား နိုင်ငံတကာနဲ့ ပြည်တွင်း လေ့လာရေးအဖွဲ့တွေကို ခွင့်ပြုဖို့ကိုလည်း တဘက်က မျှော်လင့်နေကြ ပါတယ်။ ကိုသားညွန့်ဦးက မေးမြန်းတင်ပြထားပါတယ်။

********

အာဆီယံအသင်းကြီးရဲ့ အတွင်းရေးမှုးချုပ်ရုံးက ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံနိုင်ငံ တနိုင်ငံချင်းက လွှတ်တော်အမတ်နှစ်ဦးစီကို လာမယ့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ဖို့ မြန်မာအစိုးရက တရားဝင် ဖိတ်ကြားလိုက်ပြီလို့ အာဆီယံအသင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖွဲ့တွေနဲ့အတူ သတင်းမီဒီယာ ကိုယ်စားလှယ်တွေလည်း ပါဝင်ခွင့် ပေးထားပါတယ်။ လာမယ့် မတ်လ ၂၈ ရက်နေ့ အရောက် ရန်ကုန်ကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အခုလို ဖိတ်ကြားမှုဟာ တိုးတက်မှုတခုလို့ မြန်မာ့အရေးလေ့လာသူတွေက မြင်ပါတယ်။ ဒါပေမဲ့လည်း အစိုးရသက်သက်တင်မဟုတ်ဘဲ အခြားအစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့တွေ အာဆီယံအတွင်း လူထုအခြေပြုအဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ အင်ဒိုနီးရှား လွှတ်တော်အမတ် Eva Sundari က ပြောပါတယ်။

“ ဒါကို တိုးတက်မှု အနည်းအကျဉ်းအနေနဲ့ မြင်လို့ရပါတယ်။ ဒါပေမဲ့ အခုလို အစိုးရသက်သက်တင် ဖိတ်ကြားရုံမဟုတဘဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ လေ့လာစောင့်ကြည့်ခွင့်ပေးမယ်ဆိုရင် ပိုပြီး ၀မ်းမြောက်စရာကောင်းမှာပါ။ အထူးသဖြင့် ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့ စိတ်ဝင်တစား စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကို ဖိတ်ကြားသင့်ပါတယ်။”

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ရွေးကောက်ပွဲအတော်များများမှာ အစိုးရလေ့လာသူတွေမဟုတ်ဘဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကိုပါ ဖိတ်ကြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဒေသတွင်း အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲကို လေ့လာခွင့်ရဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါ့အပြင် အခြား ကုလသမဂ္ဂတို့ အီးယူ ဥရောပသမဂ္ဂတို့လို ကျယ်ပြန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပါ ၀င်ရောက် လေ့လာခွင့်ရစေချင်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ မြန်မာလူထုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

“၂၀၁၀တုန်းကလည်း အင်ဒိုနီးရှားအစိုးရအနေနဲ့က လာရောက်လေ့လာသူအနေနဲ့ လာနိုင်ဖို့ ကမ်းလှမ်းခဲ့တာ လည်း ရှိဖူးပြီး အဲဒီတုန်းကတော့ မဖြစ်ခဲ့ဘူးပေါ့လေ။ ခုချိန်မှာ ဖြစ်လာတဲ့အတွက် ကျနော့ အနေနဲ့ ဒါကို အားရ၀မ်းသာကို ကြိုဆိုပါတယ်။ ဒါ ကောင်းသော ခြေလှမ်းတလှမ်းပါ။ အာဆီယံနဲ့ စတယ်ပေါ့။ အာဆီယံနဲ့ ဒီက အမတ်တွေရော၊ အတွင်းရေးမှူးချုပ်ရုံးရော၊ ခွင့်ပြုတယ်ဆိုလို့ရှိရင် ဒါဟာ အင်မတန်ကောင်းတဲ့ ခြေလှမ်းတလှမ်းပါ။ UN ကရော EU ကရော ပြောဖူးတယ်လေ၊ မြန်မာဟာ အာဆီယံနိုင်ငံလည်းဖြစ်တယ်ပေါ့။ လာရောက်ဖွယ်ရှိတယ်ပေါ့ဆိုတော့ အာဆီယံနဲ့ စတာပေါ့။ တချိန်တည်းမှာပဲ UN တို့ EU တို့ကလည်း ဆက်ပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။”

အာဆီယံအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကတည်းက ၀င်ရောက်လေ့လာဖို့ ကြိုးစားခဲ့ပေမဲ့ ခုတကြိမ်ကျမှ ၀င်ရောက်ခွင့်ပေးတယ်ဆိုတော့ အာဆီယံနဲ့ စရမယ့်သဘောမျိုးတော့ ရှိတယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ တချိန်တည်းမှာလည်း ပြည်တွင်းက သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေအတွက်လည်း အခုလို နိုင်ငံတကာဝင်ရောက်ခွင့်ရမယ်ဆိုရင် ပိုပြီး အားဖြစ်စေလိမ့်မယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရစ်ပစ်ဆူဝမ်ဟာ ပြီးခဲ့တဲ့လတုန်းက မြန်မာနိုငံကို သွားရောက်ရာမှာ အာဆီယံရဲ့ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်ခွင့်ရဖို့ ကမ်းလှမ်းခဲ့တာပါ။

အာဆီယံတိုင်းပြည်တွေကို ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး မြန်မာအာဏာပိုင်တွေက ခွင့်ပြု လိုက်ချိန်မှာပဲ၊ မြန်မာသမတ ဦးသိန်းစိန်ဟာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုးနိုင်ငံ တွေဆီကို အာရှသုံးနိုင်ငံ ခရီး ထွက်ခွာသွားပြီဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ချင်းလွှတ်တော် အမတ်ကို စစ်တပ် ခြိမ်းခြောက်

ချင်းပြည်နယ် မတူပီ မြို့နယ်မှာ မတ်လ (၁၀) ရက်နေ့က ကျင်းပခဲ့တဲ့ ဘာသာရေး ဆိုင်ရာ စည်းဝေးပွဲကို နယ်မြေ အခြေစိုက် မြန်မာအစိုးရ စစ်တပ်က အနှောင့်အယှက် ပေးခဲ့သလို တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ်ကိုလည်း သေနတ်ထုတ်ပြီး ခြိမ်းခြောက်တဲ့ အဆင့်မျိုးထိ ဖြစ်ခဲ့ပါတယ်၊ ချင်းပြည်နယ်တွင်း အခုလို ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု တွေ နဲ့အတူ တခြား လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကြုံနေရတာ ဖြစ်တယ်လို့လည်း ချင်း လူ့အခွင့်ရေးအဖွဲ့က ထောက်ပြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါအုံးရှင်။

ချင်းပြည်နယ် အနောက်တောင်ပိုင်း မှာရှိတဲ့ မတူပီမြို့ က စပေါင်းဂိတ် ( Sabawnget) ရွာမှာ မတ်လ (၈) နေ့က နေ မတ်လ (၁၃) ရက်နေ့ထိ ကျင်းပခဲ့တဲ့ ခရစ်ယာန် ဘာသာရေးစည်းဝေးပွဲတွင်း အခုလိုပြသနာ ဖြစ်ခဲ့တာပါ။ Mara Evangelical Church ကနေပြီးတော့ နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးစုပေါင်းပွဲကို ဒီနှစ် မတူပီမှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကျင်းပ နေစဉ် မတ်လ (၁၀) ရက်နေ့မှာ ချင်းပြည်နယ် ထဲ အခြေစိုက်တဲ့ မြန်မာအစိုးရ စစ်တပ်က ရုတ်တရက်ဆိုသလို ကန့်သတ်ချက်တွေထုတ်ပြီး တားမြစ်တာ တွေ လုပ်လာပါတယ်။ ဒါ့ကြောင့် ဒီပွဲကို ရောက်နေတဲ့ တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေး ပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်းက မလုပ်ဖို့ ညိနှိုင်း တဲ့အခါ တာဝန်ရှိသူ ဗိုလ်ကြီး သေနတ် ထောက်ပြီး ပြန်ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်လို့ ပြည်နယ်ကိုယ်စားလှယ် ဦးပူဗန်ကျင်း ကိုယ်တိုင် ဗီအိုအေ ကို အခုလိုပြောပြပါတယ်။

“မီဇိုရမ်ပြည်နယ်၊ စိုင်းဟ က လာတဲ့ ကားတွေကို နှင်ထုတ်လိုက်တယ်။ ပြီးတော့လည်း ညနေမှာ ဧည့်စာရင်း ချက်ချင်း လုပ်ပြီးတော့ လုပ်မယ်လို့ ထုတ်ပြန်ထားတယ်။ ပြီးတော့လည်း ဝတ်ပြုကိုးကွယ်မှု အစီအစဉ်ကို ည မှာ အကြာကြီးမလုပ်ရဘူး။ ပိတ်ရမယ် လို့ သူတို့ ပြောလိုက်တယ်။ အဲဒီ ကိစ္စကို လူထုတွေက တော်တော် လည်း စိတ်ပူပန်နေကြတယ်။ လူတွေကလည်း လာပြောတယ်။ ဒါနဲ့ ကျနော် တပ်မှူး ဗိုလ်ကြီးဆီကို ကျနော် သွားပြီးတော့ "ဗိုလ်ကြီး အစည်းအဝေးက ကျနော်တို့ ကျင်းပနေပြီ။" သူတို့က အစတုန်းက ခင်ဗျားတို့ ဒီလို လုပ်တာ ဟာ ကောင်းတယ်။ ပွဲတဝက် မှ ခင်ဗျားတို့ ဒီလို လုပ်တာဟာ လူတွေက စိတ်မချမ်းသာပါဘူး။ ခင်ဗျားတို့ ပွဲကို တင်းကျပ်အောင် မလုပ်ပါနဲ့ လို့ ကျနော် သွားပြောလိုက်တယ်။ အဲဒီ အခါမှာ ဗိုလ်ကြီး မျိုးမင်းထိုက် က သေနတ်ကို ချိန်ပြီးတော့ "မင်းဘာကောင်လဲ။ ဘာတွေ ပြောနေလဲ။ မင်းကို သတ်ပစ်မယ်" ဆိုပြီး သေနတ်ကို ချိန်လိုက်တယ်။ "ဟာ ခင်ဗျား ဒီလို မလုပ်ပါနဲ့။ ကျနော် လွှတ်တော် ကိုယ်စားလှယ်တွေ" ဘာတွေ ဆိုတာ မကြားချင်ဘူး။ အဲဒါတွေက မပြောနဲ့ ဆိုပြီးတော့ သေနတ်ကို ချိန်တယ်လေ။”

တိုင်းရင်းသား လူမျိုးစုများ ဖွံဖြိုးရေးပါတီ (ချင်းပြည်နယ်) ရဲ့ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးပူဗန်ကျင်း ပါရှင်။ ဒီလိုအခြေအနေ တွေကြောင့် ညတွင်းချင်း နယ်စပ် လုံခြုံရေး ၀န်ကြီးဆီကို ဦးပူဗန်ကျင်း ကိုယ်တိုင် ဖုန်းဆက် တိုင်ကြားခဲ့တယ် လို့လည်းပြောပါတယ်။ အခုလိုမျိုး ဘာသာရေး ဖိနှိပ် ကန့်သတ်မှု ပြသနာတွေကို ချင်းပြည်နယ် တွင်း မကြာခဏ ဆိုသလို ကြုံနေရတယ်လို့လည်း ချင်း လူ့အခွင့်ရေး အဖွဲရဲ့ ဒါရိုက်တာ ဆလိုင်း ဇာအုတ်ကလင်း(za Uk Ling) က ပြောပါတယ်။

“ကျနော် တို့ ဒီ အခု အချိန် အထိ ဘာသာရေး လုပ်ဆောင် ခွင့် နဲ့ ပတ်သက်ပြီးမှ တိုးတက်တာ ကျနော်တို့ မမြင်ရသေးပါဘူး။ ချင်းပြည်နယ်က (၉၀) ရာခိုင်နှုန်း လူတွေက ခရစ်ယာန်တွေ ဖြစ်ကြတော့ အခုအချိန် အထိ သူတို့ ဒီလိုမျိုး အစည်းအဝေး ကြီးကြီးကျယ်ကျယ်လုပ်မယ် ဆိုရင် အမြဲတမ်းဘဲ ပွဲမိန့် မပေးတာရယ်၊ အမျိုးမျိုး နှောက်ယှက်တာမျိုး ကြုံတွေ့နေရပါတယ်။ ဘာသာရေး အဆောက် အအုံတွေ ဆောက်ပိုင်ခွင့်၊ ပြင်ပိုင်ခွင့် ဆိုတဲ့ ဟာလည်း သူတို့ အခုအချိန် အထိ မရသေးပါဘူး။”

ဆင်းရဲနွမ်းပါးပြီး ဖံွ့ဖြိုးမှုလည်း နှောင့်နှေးနေတဲ့ ချင်းပြည်နယ်ထဲမှာ တခြားလူ့အခွင့်ရေး ချိုးဖောက်မှု တွေလည်း ရှိနေတယ် လို့လည်းဆိုပါတယ်။

“ချင်း အခွင့်အရေး အဖွဲ့အနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်ထားချက်အရ (၁၇) နှစ် ရှိသွားပြီ။ ဒီနှစ် ဆိုလို ရှိရင်။ အဲဒီ အချိန်မှာ ကျနော် တို့ တွေ့ခဲ့ရတာ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ တပ်စွဲတဲ့ နေရာ တိုင်းမှာ၊ ဒေသ အဲဒီ အနီးနားတဝိုက် ရဲ့ ပြည်သူလူထုဟာ ဆိုရင် တော်တော်လေး အနှိပ်စက်ခံရတယ်။ အတင်း အဓမ္မ လုပ်အားပေးခိုင်း တာဘဲ ဖြစ်ဖြစ်ပေါ့။ ထမ်းခိုင်းတာဘဲ ဖြစ်ဖြစ်၊ အမျိုးမျိုး ညှင်းပန်းနှိပ်စက်တာဘဲ ဖြစ်ဖြစ်၊ အဲဒါတွေ စစ်တပ်ရှိတဲ့ နေရာတိုင်းမှာ အဲဒီလို ပြဿနာတွေ ကျနော်တို့ ကြုံတွေ့နေရတယ်။”

ချင်းလူ့အခွင့်ေ၇းအဖွဲ့က ဆလိုင်း ဇာအုတ်ကလင်း (za Uk Ling) ပြောပြခဲ့တာပါရှင်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေး ချိုးဖောက်မှု တွေဟာ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ တိုင်းရင်းသား ဒေသတွေမှာ အဖြစ်များ နေတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်ရေးအဖွဲ့ ကထောက်ပြ နေကြတာပါ။ အဲဒီလို အခြေအနေ ထဲကမှ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၁၂) ရက်နေ့ကဆိုရင်လည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနယ်နယ်ထဲမှာ ဒေသခံ လယ်သမားတဦးကို တရားမ၀င် နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ မြန်မာစစ်သား နှစ်ဦးက သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ် နိုင်ငံခြားရေး ဌာနက မြန်မာအစိုးရကို တောင်းဆိုထားတဲ့ ပြသနာမျိုး တွေလည်း ရှိနေပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်


မြန်မာအစိုးရစစ်တပ်တွေဟာ ကချင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ကျူးလွန်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ မရောက်နိုင်အောင်လည်း ပိတ်ဆို့ တားဆီးနေတယ်လို့ Human Rights Watch လို့ ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုက FCCT နိုင်ငံခြား သတင်းထောက်များအသင်းမှာ အင်္ဂါနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း HRW တာဝန်ရှိသူတွေက အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပို့ထားပါတယ်။

လူမသိသေးတဲ့ ဘေးဒုက္ခများလို့ ဆိုရမယ့် Untold Miseries လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၈၃ မျက်နှာပါ အစီရင်ခံစာ အသစ်တခုကို HRW အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ကချင်ပြည်နယ်ဘက်မှာဖြစ်ပျက်နေတဲ့ အခြေအတွေကို အသေးစိတ် ဖော်ပြထားတာပါ။

မြန်မာအစိုးရက ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ကချင်ပြည်နယ်ဘက်ဆီတော့ မရောက်သေးဘူးလို့ HRW က ဆိုပြီး ကချင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ တိုက်ခိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ HRW က ဝေဖန် ပြစ်တင်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစုံတရာ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ မြန်မာအစိုးရစစ်တပ်က မတရားပြုမူလုပ်ဆောင်နေတာ တွေဟာ ကချင်ပြည်လို လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ ကိုလိုနီခေတ်လွန် နောက်ပိုင်းကတည်းက ဖြစ်နေခဲ့တာတွေနဲ့ အတူတူ ဆက်ဖြစ်နေဆဲပါပဲလို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဒီကနေ့အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အချက်တခုကတော့ မြန်မာအစိုးရစစ်တပ်ဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက် ကျူးလွန်နေတုန်းပဲ ဆိုတာပါ။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေကို မြန်မာအစိုးရစစ်တပ်က ဆက်ပြီး ထိန်းချုပ်ထားဆဲ၊ တားဆီး ပိတ်ဆို့ထားဆဲပါပဲ။” လို့ Phil Robertson က ပြောပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့ကြားကပဲ မြန်မာအစိုးရက လုပ်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ကို အလွယ်တကူပဲ ခပ်မြန်မြန် အသိအမှတ်ပြုခဲ့ကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအ၀င် နိုင်ငံတကာကိုလည်း HRW က ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။

HRW အဖွဲ့ရဲ့ အခုအစီရင်ခံစာကို ကချင်အရေးလုပ်ဆောင်နေကြတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်ဆောင် ပြုစုခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ဘေးဒုက္ခအမျိုးမျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ၊ အခင်းဖြစ်ခဲ့တဲ့နေရာတွေအပါအ၀င် အသေးစိတ် ဖော်ပြထားပါတယ်။

မြန်မာအစိုးရစစ်တပ်ဟာ ကလေးငယ်တွေအပါအ၀င် အပြစ်မဲ့ ရွာသူရွာသားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ တရားလက်လွတ် ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ မုဒိန်းကျင့်တာ၊ ဒေသခံတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အတင်းအကျပ်စုဆောင်းပြီး စစ်တပ်ပစ္စည်းတွေကို သယ်ယူခိုင်းတာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေစဖြစ်ကတည်းကဆိုရင် သူတို့သိထားသလောက် အရပ်သား ၇၅,၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရစစ်တပ်ရော၊ KIA အဖွဲ့ရောဟာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေဆဲ၊ လူတွေ သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းဗုံးတွေကို အသုံးပြုနေဆဲပဲလို့လည်း HRW အဖွဲ့ရဲ့ လေ့ကျင့်ရေး၊ သုတေသနနဲ့ လှုံ့ဆော်စည်းရုံးရေး ဆိုင်ရာ တာဝန်ရှိသူ Matthew Smith က ပြောပါတယ်။

“ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဘက်စလုံးဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ မိုင်းဗုံးတွေကို အမြောက်အများ အသုံးပြုနေကြသလို ကလေးစစ်သားတွေကိုလည်း နှစ်ဘက်စလုံးက အသုံးပြုနေပါတယ်။ မြန်မာစစ်တပ်ဟာ အသက် ၁၄ နှစ်လောက်ထိငယ်တဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းအသုံးပြုနေပြီး KIA အဖွဲ့က အဲဒီလို အတင်းအကျပ်စုဆောင်းနေတုန်းပဲလားဆိုတာ အတည်မပြုနိုင်ပေမဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေကို စစ်သားအဖြစ်လက်ခံနေတုန်းပဲ ဆိုတာကတော့ အထောက်အထားတွေရှိပါတယ်။” လို့ Matthew Smith က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းမ်စ်လွန်းဒေါင်ကတော့ အသက် ၁၈ နှစ် အောက်ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာမရှိဘဲ အသက် ၁၈ နှစ်အထက်တွေကိုသာ စစ်သင်တန်းပေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"လက်နက်ကိုင်နေတဲ့သူတွေက ၄၅နှစ်အထက်ဆိုလို့ရှိရင် သူတို့က တိုက်ရည်ခိုက်ရည်ရှိတဲ့ လူငယ်တွေဖြစ်တယ်။ ဒီတော့ကာ လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ရှိရင် ရှိမှာပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တိုင်းမှာ အဲဒါတွေကတော့ အခြေအနေအရ သုံးတဲ့နေရာ ရှိရင်ရှိမယ်။ ပြောနေကြတယ်၊ ဗမာ့တပ်မတော်မှာလည်းပဲ ဒီနေ့ ၇သောင်းကျော် ရှိနေတယ်လို့ ပြောတယ်။ ဒါတွေကတော့ ပြောတာပေါ့။ လက်တွေ့ဆိုရင်တော့ ဒါတွေက သွားကြည့်ပြီးတော့မှ အဲဒါ သက်သေသာဓက ပြနိုင်မယ်၊ မှန်ကန်တယ်၊ ဒီနေ့ထက်ထိလည်း ရှိပါသေးတယ်ဆိုာ ရှိရမှာပေါ့နော်။ လက်တွေ့မှာတော့ ကျနော်တို့က အသက် ၁၈နှစ်အပေါ်မှာသာ သင်တန်းပေးနေပါတယ်။”

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်နှစ်ဘက်စလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပါလို့ မြန်မာအစိုးရကိုရော KIO အဖွဲ့ကိုပါ HRW က အကြံပေး တိုက်တွန်းထားပါတယ်ခင်ဗျား။

မူရင်းလင့်က ဒီမှာပါ။

မန္တလေး ဗုဒ္ဓမြတ်စွယ်တော် ဆင်ဖြူ တော် ဥယျာဉ် စီမံကိန်း ဆောင်ရွက်

မန္တလေးမြို့ အဝင် ရန်ကုန်မန္တလေး ကားလမ်းမကြီး၏ အရှေ့ဘက်ရှိ ဗုဒ္ဓမြတ်စွယ်တော် ရတနာ ဆင်ဖြူနှစ်စီးကို ထားရှိရန် အတွက် ဆင်ဖြူတော် ဥယျာဉ် စီမံကိန်းကို ဗုဒ္ဓ မြတ်စွယ်တော် ဧရိယာအဝင်း အတွင်း မတ်လ ပထမပတ်မှစ၍ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရတနာ ဆင်ဖြူတော်ဥယျာဉ် စီမံကိန်းတွင် ၇၂ ပေပတ်လည် ကျယ်ဝန်းသော ဆင်ဖြူတော် ဆောင် ၁ ဒသမ ၅ မိုင် ရှည်လျား သော ဆင်ဖြူတော်လျှောက်လမ်း၊ အချင်းဝက် ၁၈ ပေ၊ အနက် ၁၀ ပေရှိ ဆင်ဖြူတော် ရေချိုးကန်နှင့်၂၄ ပေပတ်လည်ကျယ်ဝန်းသော ဆင်ဖြူတော် ဆေးရုံတို့ပါဝင်ပြီး ဗုဒ္ဓမြတ်စွယ်တော်စေတီ၏ တောင် ဘက်တွင် ဆောက်လုပ်လျက်ရှိ နေရာ အရာထမ်းနေအိမ်နှင့် အမှု ထမ်း နေအိမ်များလည်း ပါဝင် ကြောင်း သိရှိရသည်။

ဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းမှ ဦးကျော်ကျော်"မန္တလေးကိုဆင်ဖြူတော် ရောက်မယ်ဆိုတာ ပြောနေသံကြားရတာကြာပြီ၊ မန္တ လေးမှာ ဆင်ဖြူတော် ရှိတာ ကောင်းတာပေါ့။ တစ်ချို့ဆိုရင် ဆင်ဖြူ တော်ကိုမမြင်ဘူးသေးတဲ့ သူတွေရှိ နေတယ်၊ အခုဆိုရင် နယ်ဘက်က ဘုရားဖူးတွေ မန္တလေးလာရင် ဆင်ဖြူတော် မြင်ရတော့မှာပါ" ဟု ဆိုသည်။

မန်းမောင်မောင်





မူရင်းလင့်က ဒီမှာပါ။

မြေပဲအနံ့ပါ တံဆိပ်မရှိ တရုတ်စား သုံးဆီများ ဈေးကွက် အတွင်းသို့ဝင်


ပြည်တွင်း ဈေးကွက် အတွင်းသို့ ကျန်း မာ ရေး ထောက်ခံချက် မရှိဘဲ မြေပဲအနံ့ပါ တံဆိပ် မရှိသော တရုတ်နိုင်ငံလုပ် စားသုံးဆီများ ဝင်ရောက် လာပြီး ယင်းဆီ များ၏ ဈေးနှုန်းများ ပဲဆီစစ်စစ် ဈေးနှုန်းထက် သက်သာ သောကြောင့် ဝယ်ယူ စားသုံးသူ များပြီး ပြည်တွင်းစားသုံးဆီ ဈေးကွက်ကိုထိခိုက်လာကြောင်း ပြည်တွင်း ဆီစက် လုပ်ငန်းရှင်များ ထံမှ စုံစမ်းသိရှိရသည်။

ယင်းဆီများကြောင့် ဈေး ကွက် ထိခိုက်လာပြီး ဆီစက်များ ၏ ဆက်လက် လည်ပတ် ရပ်တညနိုင်ရေးကိုလည်း ထိခိုက်လာကြောင်း၊ မန္တလေးမြို့တွင် ဆီစက် အများစုမှာ မလည်ပတ်နိုင်ဘဲ ၃၀ ရာခိုင်နှုန်းနှင၄၀ ရာခိုင်နှုန်း အကြားသာ လည် ပတ်နိုင်ပြီး ကြိတ်ခွဲမှုနှုန်း လျော့ကျ သွားကြောင်း၊ အချို့စက်များမှာ ပိတ်ပင် ထားရကြောင်း ဆီလုပ်ငန်း ရှင်များက ဆိုသည်။

"ခါတိုင်း နှစ်တွေတုန်းကဆိုရင် ဆောင်းရာသီဆိုရင် ဆီစက် တွေလက်မလည်အောင် ဆီကြိတ် ရတယ်။ ဒီနှစ် စာအုန်းဆီသွင်းမှု များတာရယ်၊ တရုတ်နယ်စပ်က တံဆိပ်မပါ၊ အမည်မပါဆီတွေ ဝင် လာတာကြောင့်ဆီစက်တွေမလည် နိုင်ဘူး။

အခု တရုတ်ကဝင်တဲ့ဆီ တွေက ဘယ်လောက် အေးအေး ဆီခဲမသွားဘူး။ အနံ့ကလည်း ပဲ ဆီနံ့ သင်းနေတော့ စားသုံးတဲ့သူ တွေက ဝယ်စားကြတယ်။ ဈေးက လည်း တအားချိုတယ်။ လူတွေ က ကောင်းတယ်ထင်ပြီး ဝယ်ကြ တယ်။ တကယ်တော့ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် လုံးဝ မစား သင့်ဘူး။

ဆီထဲမှာ ဘယ်လို ဓာတု ပစ္စည်းတွေ သုံးထားတယ်ဆိုတာ မသိဘူး။ တရုတ်နိုင်ငံမှာက မယ်လမင်းဓာတ်ကိုတောင် နို့မှုန့်တွေ ထဲ ထည့်သုံးပြီးလို့ ကလေးတွေ သေခဲ့ကြတာပဲ။ တရုတ်ပစ္စည်းတွေ ကို ကျန်းမာရေး ဝန်ကြီးဌာနက သေသေချာချာ စစ်ဆေးသင့်တယ်" ဟု မန္တလေး ဆီစက်လုပ်ငန်းရှင် ကြီးတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံမှ ကျန်းမာရေး ထောက်ခံချက်မရှိသော မြေပဲအနံ့ ပါ အမည်မသိဆီများမှာ ယခင်က ပုံးများဖြင့်သာဝင်ရောက်ခဲ့ရာမှ ယခု အခါ ဆီပေပါများဖြင့် အလုံးအရင်း ဈေးကွက်အတွင်း ဝင်ရောက်လာ ကြောင်း၊ ယင်းဆီသည်တစ်ပိဿာ လျှင် ကျပ် ၃၃၀ဝ သာရှိပြီး ပဲဆီ စစ်စစ်များထက် ဈေးသက်သာ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

မန်းမောင်မောင်








မူရင်းလင့်က ဒီမှာပါ။

ဂျပန်တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် တည်ဆောက်မည်


ဂျပန်နိုင်ငံ အခြေစိုက် Okayama တက္ကသိုလ် က မြန်မာနိုင်ငံ တွင် ဆေးတက္ကသိုလ် တစ်ခု တည်ထောင်ပြီး နိုင်ငံတကာ အဆင့်မီ မြန်မာ ဆရာဝန်များ မွေးထုတ် ကာ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး ကူညီပေးမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Yomiuri Shimbun သတင်းစာက မတ်လ ၁၉ ရက်နေ့တွင် သတင်း ရေးသား ဖော်ပြသည်။

Okayama တက္ကသိုလ်သည် အကူအညီ ပေးရေး အတွက် မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ဆေးတက္ကသိုလ် တည်ဆောက် သွားမည်ဖြစ်ကာ တက္ကသိုလ် အမည်ကို Rinsho ဟု အမည် ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်သည် ဆေးကုသရေး ဆိုင်ရာ ဌာနချုပ်တစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားပြီး ဆေးတက္ကသိုလ်ကို လာမည့် နှစ်အနည်းငယ် အတွင်း တည်ဆောက် မည်ဟု အဆိုပါ သတင်းအရ သိရှိရသည်။

အောင်မြင့်မိုရ်


မူရင်းလင့်က ဒီမှာပါ။

စကိတ် စီးခြင်း

နှင်း တောင်တန်း များပေါ်တွင် စကိတ် စီးရသော အပန်း ဖြေခရီး စဉ်များ သည်လည်း သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက်စေနိုင်သလားဆိုတာ စဉ်းစားရမည့် ကိစ္စတစ်ခုဖြစ်လာပါပြီ။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဥရောပတောင်တန်း များပေါ်တွင် နှင်းထုများနည်းပါးလာခြင်းမှာ အမေရိကန် ဈေးကွက်ဖွံ့ဖြိုး လာခြင်းဟု ဆိုလိုရာရောက်ပါသည်။ ပြောင်းလဲမှုများမှာ ကမ္ဘာကြီး ပူနွေးလာ မှုကြောင့် ဖြစ်နိုင်သော်လည်း မည်သူမျှ တိတိကျကျ သေချာပေါက်မပြော နိုင်သေးပါ။

စကိတ်စီးသည့် အားကစားသည် ဒေသဆိုင်ရာဂေဟစနစ်ထိန်းညှိမှုကို ပျက်စီးစေခြင်း၊ ခြိမ်းခြောက်လျက်ရှိခြင်း ဖြစ်စေသည်ကို သတိရပါ။ ထိုဒေသ တွင် မှီတင်းနေထိုင်သည့် ငှက်မျိုးနွယ်များလည်း ပျောက်ဆုံးကုန်ပါသည်။ အဲလ်ပ် ဗူစ တောင်တန်းတစ်လျှောက် သစ်တောပြုန်းတီးမှုကြောင့် သဘာဝ တိရစ္ဆာန်များ ခြိမ်းခြောက်ခံနေရသည်။ သစ်ပင်များမရှိတော့သည့်အတွက် မြေပြိုမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

မူရင်းလင့်က ဒီမှာပါ။

တိရစ္ဆာန် အခွင့်အရေး များက လက်မခံ သည့်အရာ များ

တိရစ္ဆာန် အခွင့် အရေး များက တိရိစ္ဆာန် ရုံများ (Zoos) ကို လက်မခံ ပါ တိရစ္ဆာန်ရုံ တွေမှာ လူတွေကို ရယ်ရွှင်မြူးဖျော်ဖြေဖို့အတွက်တိရစ္ဆာန် လေးတွေကို ဝယ်ယူ၊ ရောင်းချ၊ လဲ လှယ်၊ သားဖောက်၊ ရောင်းချ ပို့ ဆောင်ခြင်း စတာတွေကို ပြုလုပ် ပါတယ်။ တိရစ္ဆာန်များ စောင့်ရှောက် ကာကွယ်ရေးအဖွဲ့ကြီးတစ်ခုဖြစ်တဲ့ PETA က တိရစ္ဆာန်တွေကို တိရစ္ဆာန်ရုံ တွေမှာ လှောင်အိမ်နဲ့ မွေးမြူထား ရှိခြင်းဟာ သူတို့ရဲ့ အခြေခံ လိုအပ် ချက်တွေကို မရရှိစေဘူးလို့ ဆိုပါတယ်။ တိရစ္ဆာန်ရုံတွေမှာ သားဖောက်တဲ့ တိရစ္ဆာန်လေးများဟာ ချစ်စရာ ကောင်းခြင်းဆိုတဲ့ အချက်တစ်ခုက လွဲပြီး ကျန်တဲ့စရိုက် လက္ခဏာတွေ ပျောက်ဆုံးသွားပါတယ်။ အချို့ တိရစ္ဆာန်ရုံတွေဟာ ယခု အချိန်အထိ တောထဲက တိရစ္ဆာန် အရိုင်းတွေကို တင်သွင်းမွေးမြူနေဆဲပဲ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် တိရစ္ဆာန်ရုံ တွေနဲ့ သားရဲဘေးမဲ့ဥယျာဉ်တွေဟာ တိရစ္ဆာန်တွေရဲ့ သဘာဝအပြုအမူတွေ ဖြစ်တဲ့ ပျံသန်းခြင်း၊ ရေကူးခြင်း၊ သားကောင်လိုက်ခြင်း၊ သစ်ပင်တက် ခြင်း၊ ဖမ်းယူမျိုချခြင်း၊ တွင်းတူးခြင်း၊ အစာရှာခြင်း၊ စူးစမ်းလေ့လာခြင်း၊ အဖော်အပေါင်းရွေးချယ်ခြင်းစတာတွေ ကို အကြီးအကျယ်ပြင်းပြင်းထန်ထန် ကန့်သတ်ချုပ်ချယ်ထားသလို ဖြစ်နေ ပါတယ်။ အဲဒီလို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှောင့်ယှက်ချုပ်ချယ် ခံရခြင်းများဟာ မူမမှန်တဲ့ စိတ်ရောဂါ နှင့် မိမိကိုယ်မိမိ ထိခိုက်စေသော အပြု အမူများ(ခေါင်းကို တစ်စုံတစ်ရာနှင့် ဆောင့်ခြင်း၊ အမွေးအတောင်များ ဆွဲ နုတ်ခြင်းစသည့် ကိုယ့်ကိုယ်ကို နာ ကျင်စေသော အပြုအမူများပြုလုပ် ခြင်း၊ သွက်သွက်ခါအောင် ခုန်ပေါက် လှုပ်ရမ်းခြင်း၊ ဂနာမငြိမ်ခြင်းစသဖြင့်) ကို ဖြစ်ပေါ်စေပါတယ်။ ကြီးမားပြီး နာမည်ကျော်သော တိရစ္ဆာန်ရုံများတောင်မှ မလိုချင်သော၊ အသုံးမတည့်တော့သော တိရစ္ဆာန်များ ကို စွန့်ပစ်ခြင်းနှင့် တောရိုင်းတိရစ္ဆာန် များကို ဝယ်ယူအသုံးပြုခြင်းကဲ့သို့သော မလျော်ကန်သည့် အပြုအမူများကို ဆောင်ရွက်နေကြပါတယ်။

၂၀ဝ၃ ခုနှစ်က San Diego တိရစ္ဆာန်ရုံနှင့် Tampa's Lowry Park Zoo တိရစ္ဆာန်ဥယျာဉ်တို့ဟာ ဆွစ်ဇာလန် နိုင်ငံမှ အာဖရိကဆင် ၁၁ ကောင်က ဖမ်းဆီးတင်ပို့တာကို လက်ခံရယူခဲ့ တယ်။ ၂၀ဝ၆ ခုနှစ်မှာ Denver, Houston, Litchfield Park, Arizona, San Antonio, San Diego, Tampa စသည့်နေရာများမှ အသိအမှတ်ပြု နာမည်ကျော် တိရစ္ဆာန် ဥယျာဉ်များက အာဖရိကမှ တရားမဝင် ဖမ်းဆီးတင်သွင်းလာသော မျောက် ၃၃ ကောင်ကို ဝယ်ယူခဲ့တယ်။ သားရဲ တိရစ္ဆာန်ထိန်းသိမ်းရေး လှုပ်ရှားသူများ က နေရပ်တောထဲကို ပြန်လွှတ်ပေး ဖို့ ပြောကြားတာကို လက်မခံခဲ့ပါဘူး။ တိရစ္ဆာန်ဥယျာဉ်တွေက ၄င်းတို့ ဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး တိရစ္ဆာန်တွေကိုထိန်းသိမ်းစောင့်ရှောက် ထားတဲ့နေရာသဖွယ်စောဒကတက်ကြတယ်။

ဒါပေမယ့် တိရစ္ဆာန်ရုံတွေဟာ လူတွေ စိတ်ဝင်စားပြီး လူသိများ ကျော်ကြားတဲ့ ရှားပါးတိရစ္ဆာန်အချို့က သာ မွေးမြူပြသထားခြင်းဖြစ်တယ်။ ကာကွယ်ပေးရန် လိုအပ်နေပြီး နာမည် မကြီးတဲ့ မျိုးစိတ်တွေကို ဥပေက္ခာပြု ထားပါတယ်။ တိရစ္ဆာန်ရုံမှာရှိနေတဲ့ တိရစ္ဆာန်အများစုဟာ မျိုးသုဉ်းပျောက် ကွယ်မယ့် အန္တရာယ်ကျရောက်မနေပါ ဘူး။ ရှားပါးတိရစ္ဆာန်တွေကို ဖမ်းဆီး ချုပ်နှောင်ထားပြီး အရှင်လိုက် ထိန်း သိမ်းထားခြင်းဟာ အဲဒီရှားပါးတိရစ္ဆာန် တွေရဲ့ တောရိုင်းကောင်ရေနဲ့ ကျက် စားတဲ့ ဓလေ့တွေကို ကာကွယ်မပေး နိုင်ပါဘူး။ တိရစ္ဆာန်ရုံမှာ ထိန်းသိမ်း မွေးမြူခြင်းဟာ မျိုးသုဉ်းပျောက်ကွယ် မသွားအောင် ကာကွယ်ရေးမှာ သိပ် ပြီး အသုံးမဝင်၊ အရေးမပါပါဘူး။

ရှားပါးတိရစ္ဆာန်တွေကို တိရစ္ဆာန် ရုံတွေမှာသားဖောက်ပြီးသဘာဝတော ထဲကို လွှတ်ပေးဖို့ဆိုတာကလည်း သူတို့မှာ ရှင်သန်အောင်ရပ်တည်နိုင်တဲ့ အရည် အသွေးမရှိလို့ လွှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ တောရိုင်းတိရစ္ဆာန်တွေ ဆီကိုသူတို့ဆီက ရောဂါပိုးမွှားတွေ တောင်မှ ကူးစက်နိုင်ပါသေးတယ်။ တိရစ္ဆာန်ရုံထဲမှာ ဆင်ကလေးတွေ၊ ပန်ဒါဝက်ဝံလေးတွေစသဖြင့် ကလေး မွေးဖွားခြင်း ဟာ ရှင်းရှင်းလေးပါပဲ။ အဲဒီတိရစ္ဆာန်ရုံကို လူတွေ လာရောက် ကြည့်ရှုဖို့ ဆွဲဆောင်မှုတစ်ခု ဖြစ်လာ ရသုာံပါပ။ဲ သဘာဝပတ်ဝန်းကျင်နဲ့ သားရဲတိရစ္ဆာန် ထိန်းသိမ်းရေးမှာ ဘာမှအသုံးမဝင်ပါ ဘူး။ ရလဒ်အနေနဲ့ တိရစ္ဆာန်ရုံထဲမှာ ပွားများလာတဲ့ တိရစ္ဆာန်တွေဟာ များ ပြားကျပ်သိပ်လာတဲ့အခါ အိုမင်းမစွမ်း တော့တဲ့ တိရစ္ဆာန်ရုံ ဇာတိဖွား တိရစ္ဆာန်ကြီးများဟာ တိရစ္ဆာန်ရုံရဲ့ နောက်ဖေးလူမြင်ကွင်းကွယ်ရာက ဂိုဒေါင်လိုနေရာများမှာ၊ ဒါမှမဟုတ် လမ်းဘေးဆပ်ကပ်ပြပွဲ အငယ်စား လေးများမှာ၊ ဒါမှမဟုတ် တိရစ္ဆာန် လက်ကားရောင်းချသူများထံမှာ၊ ဒါမှ မဟုတ် လေလံတင်ရောင်းချတဲ့ဈေး တွေမှာ သနားစဖွယ်ရောက်ရှိသွားပါ တော့တယ်။

World Conservation Union ရဲ့ ၂၀ဝ၄ ခုနှစ်က အစီရင်ခံ စာအရ ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲများဟာ လူသားတွေရဲ့ အပြုအမူတွေကြောင့် ကျဆင်းမြဲ ကျဆင်းနေပြီး အကျိုးဆက် အနေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ သားရဲ တိရစ္ဆာန်များ၏ စားကျက်ဓလေ့များ ပြောင်းလဲခြင်းတို့ဖြစ်ပေါ်လာပါတယ်။ တိရစ္ဆာန်တွေအတွက် စားစရာ ရှားပါး လာခြင်း၊ တိရစ္ဆာန်တွေကို ဖမ်းဆီး ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဇီဝမျိုးစုံ မျိုးကွဲတွေ ကျဆင်းနေတာကို ဖမ်း ဆီး သားဖောက်ခြင်းက မဖြေရှင်းပေး နိုင်ပါဘူး။ လက်ရှိအချိန်မှာ တိရစ္ဆာန် မျိုးစိတ် ၇၀ဝ၀ ကျော်ဟာ မျိုးသုဉ်း မယ့် အ္တရာယ်နဲ့ကျရောက်နေပါ တယ်။


တကယ်တော့ တိရစ္ဆာန်ရုံတွေ မှာ အသုံးပြုနေတဲ့ ဒေါ်လာသန်းပေါင်း များစွာဟာ သားရဲတိရစ္ဆာန် စောင့် ရှောက်ရေးနဲ့ သဘာဝစားကျက်နေရာ များ ကာကွယ်ရေးလုပ်ငန်း စီမံချက် များမှာ ထည့်ဝင်သုံးစွဲလိုက်မယ်ဆိုရင် ပိုပြီး အကျိုးရှိပါလိမ့်မယ်။ ဂိုဒေါင်(တိရစ္ဆာန်ရုံ)ထဲမှာ တိရစ္ဆာန်လေးတွေကို မွေးထားခြင်းဟာ သူတို့ကို မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ တိရစ္ဆာန်ရုံတွေရဲ့ ကယ်တင်ခြင်းဆို တာဟာ တိရစ္ဆာန်တွေကို ကာကွယ် စောင့်ရှောက်ထားတာလို့ လိမ်လည် နေတဲ့ တိရစ္ဆာန်အကျဉ်းထောင် Animal Prisons များသာဖြစ်ပါ တယ်။ တိရစ္ဆာန်ရုံများမှာ ငွေကြေး ကုန်ကျခံမယ့်အစား သဘာဝ တော ရိုင်း တိရစ္ဆာန်များကို ကာကွယ်နေ တဲ့ အဖွဲ့အစည်းများကိုသာ ထောက်ပံ့ ကူညီမှု ပေးလိုက်ပါ။

ခိုင်မွန်ကျော်




မူရင်းလင့်က ဒီမှာပါ။

The Voice ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာန တရားစွဲပြီ

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုပုဒ်မဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။




“သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေနဲ့ ဥပဒေအကြံပေးတွေ လွန်ခဲ့တဲ့ အပတ်က တရားရုံးကို ရောက်လာပြီး The Voice ဂျာနယ်ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်တယ်။ ဂျာနယ်ထဲမှာ ရေးထားတဲ့သတင်းကြောင့် ၀န်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကျဆင်းလို့ အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲတယ်” ဟု ဒဂုံမြို့နယ်တရားရုံးမှ ဥပဒေ၀န်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

၎င်းက ဆက်လက်၍ သတ္တုတွင်းဝန်ကြီးဌာန၏ တရားရုံး ဦးတည်လျှောက်ထားမှုကြောင့် The Voice Weekly ဂျာနယ်၏ ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ်ထားပြီး မတ်လ ၂၂ ရက်နေ့တွင် အမှုစတင်စစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။

The Voice Weekly ဂျာနယ်နည်းတူ မော်ဒန်ဂျာနယ်ကလည်း မန္တလေး သပိတ်ကျင်းလမ်း ဆိုးရွားနေသည့်အကြောင်း သတင်းရေးသားမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ရေးအင်ဂျင်နီယာက အသရေဖျက်မှုနှင့် တရားစွဲဆိုထားပြီး ယင်းအမှုကို မန္တလေးခရိုင် တရားရုံးတွင် ယခုလ ၂၃ ရက်နေ့၌ စတင်ကြားနာမည်ဖြစ်သည်။

ပြည်တွင်း သတင်းအသိုင်းအ၀ိုင်းကမူ မော်ဒန်နှင့် The Voice Weekly အပေါ် တရားစွဲဆိုမှုသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့် လုပ်ရပ်အဖြစ် ဝေဖန်နေကြပြီး အဆိုပါ ဂျာနယ်များဘက်မှ တညီတညွတ်တည်း ရပ်တည်ကြမည်ဟု ပြောဆိုကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ ဂျာနယ်များ တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ သတင်းဂျာနယ်များကို တရားစွဲဆိုခြင်းသည် မီဒီယာကို ကန့်သတ်သည့် လုပ်ရပ်၊ နိုင်ငံတိုးတက်ရေးကို ကန့်သတ်သော လုပ်ရပ်အဖြစ်ရှုမြင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly တွင် “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုသော သတင်း၌ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား ဒေါ်လာသန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ငွေ ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ အလွဲသုံးစားမှုအား ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ၏ အစီရင်ခံစာကို ကိုးကားပြီး ထုတ်ဖော်ရေးသားခဲ့သည်။

ယင်းသတင်းဖော်ပြပြီးနောက် သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly တွင် ဖော်ပြသော သတင်းများသည် မှားယွင်းနေပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု အစိုးရပိုင် သတင်းစာများမှတဆင့် ထုတ်ပြန်ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း။ ။ The Voice ဂျာနယ်ကို သတ္တုတွင်းဌာန တရားစွဲမည်။

မူရင်းလင့်က ဒီမှာပါ။

အသုံးစရိတ် လျှော့ပြီး အခွန်တင်းကြပ်ရန် အစိုးရ ပြင်ဆင်

ပြည်ထောင်စု အစိုးရ၏ ဘတ်ဂျက် လိုငွေပြမှုကို ကုစားနိုင်ရေးအတွက် အသုံးစရိတ်ကို လျှော့ချပြီး ဝင်ငွေတိုးလာစေရေး အခွန်တင်းကြပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


ရန်ကုန်မှ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ အဆိုအရ အစိုးရတင်သွင်းသည့် မူလ အစိုးရအသုံးစရိတ် တင်ပြမှုမှာ ကျပ်သန်းပေါင်း ၁၃,၀၄၀,၆၇၅ သန်း ရှိသော်လည်း လွှတ်တော်က ဖြတ်တောက်မှုကြောင့် ပြင်ဆင် တင်ပြလာသော အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၁၂,၄၈၃,၅၆၀ ရှိသည်ဟု သိရသည်။ မူလ အသုံးစရိတ်တွင် ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၂,၅၁၇,၈၈၈ ရှိပြီး ယခု ပြင်ဆင်လိုက်သည့် အစိုးရ အသုံးစရိတ်တွင် လိုငွေသည် ကျပ်သန်းပေါင်း ၁,၉၅၃,၇၁၂ သာရှိတော့ကြောင်း က လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည်။

အစိုးရက မူလ တင်ပြခဲ့သော ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုးသည် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု ထပ်မံ တင်ပြလာသော အသုံးစရိတ်သစ်အရ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတော့မည် ဖြစ်သည်။

တချိန်တည်းမှာပင် အစိုးရက ကျပ်သန်းပေါင်း ၁၀,၅၂၉,၈၄၈ အခွန်ငွေရရှိစေရန် ရာထားကောက်ခံမည်ဖြစ်ပြီး ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ကျပ်သန်းပေါင်း ၅၁,၃၈၂,၉၈၅ သန်း ရှိမည် ဟုခန့်မှန်းကြောင်း သိရှိရသည်။

ဧပြီလ ၁ ရက်နေ့က စပြီး အခွန်တင်းကြပ်ကောက်ခံရန် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု အစိုးရက လွှတ်တော်တွင် ယနေ့ တင်ပြလိုက်ကြောင်း သတင်းရရှိသည်။

အလားတူ ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တရပ် ပြဌာန်းကျင့်သုံးမည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာလွှဲပြောင်းရယူခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်းများဦးစီးသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ကတိပေးလာခဲ့ရာ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်နှင့် ရုပ်လုံးပေါ်လာဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။

မူရင်းလင့်က ဒီမှာပါ။

ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်သစ်များ ချပေးရန် စီစဉ်

မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသည့် လူထု ဆက်သွယ်ရေးလုပ်ငန်းများ ခေတ်မီလာစေရေး နိုင်ငံခြား ရင်းနှီးမြုပ်နှံ မူများအား လမ်းဖွင့်ပေးရန် အစီအစဉ်များရှိကြောင်း သတင်းရရှိသည်။


နေပြည်တော်က အများသုံးဖုန်းဆိုင်တဆိုင် (ဓာတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားအရ နိုင်ငံခြားသားများ တယ်လီဆက်သွယ်ရေး ၀န်ဆောင်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံ ခွင့်မရှိသော်လည်း တယ်လီဆက်သွယ်ရေးဆိုင်ရာ ဥပဒေသစ် ၄ မျိုးကို ရေးဆွဲနိုင်ရေး စီစဉ်နေကြောင်း The Wall Street Journal နှင့်တွေ့ဆုံရာ တွင် မြန်မာ့ဆယ်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က ပြောဆိုလိုက်သည်။

ဥပဒေသစ်ကို မြန်မာနိုင်ငံရှေ့နေချုပ်ထံ တင်ပြထားပြီး ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ရှေ့နေချုပ်မှ စမ်းစစ် ပြီးနောက် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ပြီး ပါလီမန်၏ အတည်ပြုချက်ရရန် လုပ်ဆောင်ထားကြောင်း ဦးခင်မောင်သက်ကို ကိုးကားပြီး မတ်လ ၁၉ ရက်နေ့ ထုတ် The Wall Street Journal က ရေးသားထားသည်။

“ရှေ့နေချုပ်ကလည်း အခြား ဥပဒေတွေကို ကြည့်နေရတော့ အခုခါက အလုပ်ကအရမ်းများတယ်။ ဒါပေမယ့် ဒီဥပဒေ ကို ပြောင်းပြီးသွားရင်တော့ နိုင်ငံသားရော၊ နိုင်ငံခြားသား ရင်းနှီး မြုပ်နှံသူတွေ ၂ ခုလုံး အတွက် လိုင်စင်အသစ်က လမ်း ပွင့်သွားမှာဖြစ်ပါတယ်”ဟု ဦးခင်မောင်သက်က ပြောသည်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌရာထူး လက်ခံယူပြီးနောက် တနှစ်အကြာ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ၏ ၅၀ ရာခိုင်နှုန်းကို ကြိုးမဲ့ စနစ်ဖြစ်စေရမည်ဟု မြန်မာက ရာထားကြောင်း The Wall Street Journal က ဆိုသည်။

ယနေ့ ထုတ်ပြန်သည့် အစိုးရကြေညာချက်အရလည်း ၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် စီမံကိန်းလျာထားချက်အရ ကဏ္ဍ ၁၄ ခုတွင် ဆက်သွယ်ရေး ကဏ္ဍ၌ အများဆုံး အသုံးပြုသွားရန် ရှိပြီး ယခုသုံးစွဲနေသည့် အသုံးစရိတ်ထက် ၁ ဆ ခွဲကျော် ( ၁၅၀.၄ ရာခိုင်နှုန်း) သုံးစွဲ သွားရန် ရည်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အပါအ၀င် ခေတ်ပေါ် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ၏ လုပ်ပိုင်ခွင့် ကို မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာနက ထိန်းချုပ်ထားသည်။

မကြာသေးမီနှစ်များကစ၍ အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုမ္ပဏီများ ဖြစ်သော ဦးတေဇပိုင် E – Lite Tech ကုမ္ပဏီ၊ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်ဆိုင်သည့် IGE၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနှင့် နီးစပ်သူ တဦးဖြစ်သည့် ဦးကျော်ဝင်း ပိုင်ဆိုင်သော ရွှေသံလွင် ကုမ္ပဏီနှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၏ Asia Mega Link ကုမ္ပဏီတို့က GSM မိုဘိုင်းလ်ဖုန်းများ ချထား ပေး ခြင်း၊ ရေဒီယို ဆက်သွယ်ရေးစခန်းများ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကန်ထရိုက် ရရှိထားသည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်များအတွင်း လက်ကိုင်ဖုန်း တလုံး၏ ငှားရမ်းသုံးစွဲခွင့် အစိုးရထံ တရားဝင်သွင်းငွေ ကျပ် ၁၅ သိန်းရှိခဲ့ပြီး ပြင်ပ ပေါက်ဈေးမှာ ငွေကျပ် သိန်းပေါင်း ၂၅ သိန်းမှ သိန်း ၃၀ အထိရှိခဲ့သည်။ မကြာသေးမီ ရက်ပိုင်းမှ စ၍ ကျပ် ၁ သိန်း ၈ သောင်းတန် လက်ကိုင်ဖုန်းများ ငှားရမ်းသုံးစွဲခွင့်ကို စတင်ရောင်းချရာ ပြင်ပ ပေါက်ဈေး ၃ သိန်း ဖြစ်လာသည်။

နိုင်ငံသားများစွာကမူ တန်ဖိုးနည်း ကျပ် ၅ ထောင် တယ်လီဖုန်းကဒ်များ သုံးစွဲခွင့်ရရေး ကြိုးပမ်းလှုပ်ရှားမှုများကို စိတ်ဝင်စားမှုရှိနေကြသည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးသည် အခက်အခဲများစွာ ရှိနေပြီး လိုင်း မမိခြင်း၊ အသံ မကြည်လင် ခြင်း၊ ဆက်သွယ်၍ မရခြင်းများကြောင့် သုံးစွဲသူများ စိတ်မသက်မသာဖြစ်ကြရသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းသုံးစွဲမှုကို အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန်သုံးစွဲနိုင်ရေးနှင့် နိုင်ငံတကာ အဆင့်မီ လူတိုင်း လက်ကိုင်ဖုန်း သုံးစွဲနိုင်ရေးတို့သည် ယခုထိ ခက်ခဲနေဆဲဖြစ်သည်။ လက်ရှိတယ်လီဖုန်းလိုင်းပေါင်း ၂ သန်းနှင့် ၃ သန်းကြားသာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး စာရင်းများအရ သိရသည်။

မူရင်းလင့်က ဒီမှာပါ။

အသစ်ထွက်ရှိမည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများတွင် CRP စနစ်ရရှိရန် ဆွေးနွေးလျက်ရှိ

အသစ်ထွက်ရှိလာမည့် တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းများတွင် ဖုန်းခေါ်ဆိုလျှင် သီချင်းသံကြားရသည့် CRP (Caller Ringbach Tune) စနစ်ရရှိရန် ဆွေးနွေးတိုင်ပင်နေသည်ဟု သတင်းရရှိသည်။ “CRP စနစ်ကို ၂၀၁၀ (၉) လပိုင်းကစပြီး ၁၅ သိန်းတန် GSM ဖုန်းတွေမှာစလုပ်ခဲ့ပါတယ်။

CDMA 15 သိန်းတန်ဖုန်းတွေမှာ ၂၀၁၁ မတ်လ ၄ ရက်နေ့မှစရခဲ့ပါတယ်။ ကျန်တဲ့ဖုန်းတွေမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီစနစ်ကတော့ CRP (Call Ringback Tune) စနစ်ပါ။ ကိုယ့်ဖုန်းကိုခေါ်ရင် ခေါ်တဲ့လူက တီ၊တီ၊တီ ကြားရမဲ့အစား မိမိကြားစေချင်တဲ့သီချင်းကို ကြားရမှာပါ။

အခုထွက်ရှိလာမဲ့ တန်ဖိုးနည်းဖုန်းတွေမှာ သုံးလို့ရအောင် ဆွေးနွေးနေပါတယ်” ဟု CRP စနစ်ကိုဝန်ဆောင်မှုပေးသည့် My Ring Tune Service မှကိုရဲရင့်မောင်ကပြောသည်။

CRP စနစ် အသုံးပြုခကျသင့်ငွေကို မိမိဖုန်းဘေ(လ်)ထဲမှ ယူသွားမည်ဟုသိရသည်။ မြန်မာသီချင်း၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယသီချင်းများရှိပြီး သီချင်းတစ်ပုဒ်ကို သုံးရာကျပ်ပေးဝယ်ရသည်။ လစဉ်ကြေးနှစ်ထောင်ကျပ် ပေးရမည်ဖြစ်ပြီး သီချင်းဆယ်ပုဒ်ထိ ၀ယ်ယူသိမ်းဆည်းထားနိုင်သည်ဟု သိရသည်။ ၀ယ်ယူထားသည့်သီချင်းများကို Rotate ပြုလုပ်ပေးမည်ဟု သိရသည်။

CRP စနစ်ရယူလိုသူများအနေဖြင့် Hot Line : ၀၉-၇၃၁၀၉၉၁, ၀၉-၇၃၁၀၉၉၂-၄ ထိဆက်သွယ်နိုင်ပြီး www.mmringtune.online.com နှင့် www.myringtune.com.mm တို့တွင် ၀င်ရောက်၍လဲ ပြုလုပ်နိုင်သည်ဟုလဲသိရသည်။

ရေးသားသူ -ကိုဟိန်း

မူရင်းလင့်က ဒီမှာပါ။

အွန်လိုင်းဖုန်းခေါ်ဆိုမှု Ytalk အား ရန်ကုန်အပြင် တခြားမြို့ကြီးများတွင်ပါစတင်


အွန်လိုင်းဖုန်းခေါ်ဆိုမှု Ytalk အား ရန်ကုန်မြို့အပြင် တခြားမြို့ကြီးများ၌ပါ စတင်ဝန်ဆောင်မှုပေးပြီဖြစ်ကြောင်း သတင်းရရှိသည်။ မတ်လ ၈ ရက်နေ့မှစတင်ကာ မန္တလေးမြို့၌ အဆိုပါဝန်ဆောင်မှုကို အများပြည်သူသို့ မိတ်ဆက်ခဲ့ကြောင်းသိရသည်။

“ရန်ကုန်အပြင် မန္တလေးမြို့မှာစနေပြီဖြစ်ပါတယ်။ ဒါပြီးရင် တောင်ကြီးမြို့မှာ တိုးချဲ့သွားဖို့အစီအစဉ်ရှိတယ်။ တဖြည်းဖြည်းခြင်း နေရာအနှံ့အပြားမှာ တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု VMG Telecoms ကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။ မန္တလေးမြို့ရှိ အင်တာနက်ဆိုင်များတွင် စတင်အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး လတ်တလောကာလတွင် ရန်ကုန်မြို့ကဲ့သို့ပင် ကိုယ်ပိုင်အိမ်များတွင် အသုံးပြုနိုင်မည်မဟုတ်သေးကြောင်း သိရသည်။ Ytalk အသုံးပြုသူများအနေဖြင့် မိမိတို့စတင်အသုံးပြုမည့် VoIP Account Card ကိုဝယ်ယူရမည်ဖြစ်ကာ ၀ယ်ယူပြီးသူများသည် အ သုံးပြုရန် Pin Code ပါဝင်သော Recharge Card ကို ထပ်မံဝယ်ယူရမည်ဖြစ်ကြောင်း အသုံးပြုသူများသည် မိမိတို့၏ Account No. နှင့် Password ကို Softphone ၏ Username နှင့် Password နေရာများတွင်ဖြည့်သွင်းပြီး Login ၀င်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ အသုံးပြုသူများသည် မိမိတို့ဝယ်ယူထားသော Recharge Card မှ Pin Code နံပါတ်ကို http://voip.yatanarpon.com.mm\Recharge via Voucher Card သို့သွားရောက်ပြီး ဖြည့်သွင်းမှသာ ဖုန်းစတင်ခေါ်ဆိုနိုင်မည်ဖြစ်သည်။

ရေးသားသူ -ထွန်းထွန်း

မူရင်းလင့်က ဒီမှာပါ။

တရုတ်ပြည်ရောက် မြန်မာများ ရာနှင့်ချီ အဖမ်းခံရ

တရုတ်မြန်မာနယ်စပ်တွင် ရဲအရာရှိတဦး နှင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက် တရုတ်အာဏာပိုင်တို့က ပြီးခဲ့သည့်တပတ်အတွင်း ရာနှင့်ချီသော မြန်မာပြည်သားများကို ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။


ရွှေလီမြို့အနီးရှိ ဓာတ်ဆီဆိုင်တဆိုင် (ဓာတ်ပုံ-ဧရာဝတီ)

လူသတ်မှုကျူးလွန်သူဟု ယူဆရသူ မြန်မာပြည်သား တချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ မတ်လ ၁၂ ရက်နေ့မှ စတင်သည့် ရွှေလီမြို့ နှင့် ကျယ်ခေါင်မြို့ ဖမ်းဆီးမှုများကြောင့် ၇၀၀ ၀န်းကျင်အထိ အထိန်းသိမ်းခံခဲ့ရသည်ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။

“မြန်မာနိုင်ငံသားတွေ မှန်သမျှ လိုက်ဖမ်းနေတယ်၊ လူကောင်းရော၊ လူဆိုးရော တယောက်မှ အလွှတ်မပေးဘူး၊ အကုန် ဖမ်းပြီး ထောင်ထဲ တန်းပို့တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

ထိုဒေသတွင် မြန်မာပြည်သား သုံးသောင်းကျော်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေသူများ၊ ကုန်သည်ပွဲစားများ ဖြစ်သည်ဟု ဦးအောင် ကျော်ဇောက ပြောသည်။ မြန်မာပြည်သားများ လုယက်ခံရမှု၊ မတော်တဆမှု၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု တို့ ရှိခဲ့သည့်တိုင် တရုတ် အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ပေးခြင်း မတွေ့ရကြောင်း သူက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ် လူသတ်မှုများအတွင်း သေဆုံးသွားသည့် တရုတ်ရဲအရာရှိတဦး နှင့် တရုတ်အမျိုးသမီးတဦးတို့၏ အမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။

ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီ၊ ကျယ်ခေါင်ဒေသတို့တွင် ရာဇ၀တ်မှု ထူပြောနေသဖြင့် နယ်စပ်လူဝင်၊ လူထွက် အခြေအနေကို တရုတ် အာဏာပိုင်များက တင်းကျပ်ထားခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရွှေလီ ဒေသခံ ကုန်သည် တဦးက ဧရာဝတီကို ပြောသည်။

“ဆိုင်ကယ်နဲ့ သွားတာတောင် ဆွဲကြိုးတွေ ဆွဲဖြုတ်ခံရတာ၊ ခါးပိုက်နှိုက်ခံရတာတွေ တအား များလာတယ်။ ရာဇ၀တ်မှု ကျူးလွန်သူတွေထဲမှာ မြန်မာလူမျိုးတွေလည်း များလာတဲ့ အတွက် ဖမ်းတာပါ၊ အရင်က ဒီလိုမျိုး မဖမ်းဖူးဘူး” ဟု ထိုကုန်သည်က ဆိုသည်။

တရားဝင် နေထိုင်ခွင့် မရှိသူများကို ဖမ်းဆီးရမိပါက တရုတ်အာဏာပိုင်တို့က လနှင့်ချီ၍ ချုပ်နှောင်ထားလေ့ရှိကြောင်း သိရသည်။

မူရင်းလင့်က ဒီမှာပါ။

ခေါင်းမာဂိုဏ်းသား မဟုတ်ဟု ဝန်ကြီး ဦးကျော်ဆန်း ပြော

ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ၎င်းသည် အစိုးရအဖွဲ့အတွင်း၌ သဘောထားတင်းမာသည့် ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။


ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် တနာရီခန့်အကြာ တွေ့ဆုံစဉ် ပြည်ပအခြေစိုက် မီဒီယာများက ဝန်ကြီး ဦးကျော်ဆန်းအား သဘောထားတင်းမာသူဟု ဝေဖန်ချက်များနှင့် ပတ်သက်၍ ကိုအောင်ဇော်က မေးမြန်းခဲ့ရာ “ကျနော်ကတော့ ကျနော့်ကိုယ်ကျနော် ဘယ်လိုယုံကြည်လဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်း မဟုတ်ဘူး။ ကျနော်က ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)။ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲဆိုရင် Rule and regulation ပဲ” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ကိုအောင်ဇော်က လတ်တလောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲနေသော မီဒီယာဥပဒေမူကြမ်း ရေးဆွဲမှုအခြေအနေ၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေသော စာနယ်ဇင်းများ၏ လွတ်လပ်မှုနှင့် တာဝန်ယူမှုနှင့် ပတ်သက်၍ မြန်မာ့မီဒီယာများ၏ အနေအထား၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြုမပြုနှင့် စာနယ်ဇင်းသမားများအပေါ် အကာအကွယ်ပေးမည့် အစီအစဉ်များကို ဝန်ကြီး ဦးကျော်ဆန်းအား မေးမြန်းဆွေးနွေးခဲ့သည်။

ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ၏ ဥပဒေကိုမျှ ပုံတူကူးယူခြင်းမရှိဘဲ နိုင်ငံတိုင်းမှ ကောင်းမွန်သော အချက်အလက်များကို ရယူထားခြင်းသာဖြစ်ကြောင်း၊ မီဒီယာများ၏ သြဇာကြီးမှုကြောင့် ပြည်သူများ၏ အမှားအမှန် ခွဲခြားနိုင်မှုအတွက် မီဒီယာများတွင် တာဝန်ရှိကြောင်းနှင့် နောက်ရေးဆွဲသည့် ဥပေဒများတွင် စာနယ်ဇင်းသမားများကို ကာကွယ်သည့် ဥပဒေ ပါလာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။



ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ထို့ပြင် ဝန်ကြီး ဦးကျော်ဆန်းက ဒီမိုကရေစီ လမ်းကြောင်းမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေရာတွင် လမ်းကြောင်းသွေဖည်ပြီး နောက်ပြန်ဆုတ်သွားမည် မဟုတ်ကြောင်းလည်း ပြောဆိုသွားသည်။

ယမန်နေ့က တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းအပြင် စာပေစိစစ်ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ်ထုတ်ဝေရေးမှ ညွှန်ကြားရေးမှူး ဦးရဲတင့်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်တို့ တက်ရောက်သည်။

ဧရာဝတီသတင်းဌာနမှ ကိုအောင်ဇော်နှင့်အတူ ရုံးမန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်သည်။

ဝန်ကြီး ဦးကျော်ဆန်းသည် ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။

မူရင်းလင့်က ဒီမှာပါ။

မတရားမှုများကြောင့် မျှတသော ရွေးကောက်ပွဲ ဖြစ်ရေး ထိခိုက်နိုင်

မဲစာရင်း မှားယွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ မတရားလုပ်ဆောင်ခြင်းများကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို ထိခိုက်စေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အသိပေး ထုတ်ပြန်လိုက်သည်။


၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ်
(ဓာတ်ပုံ - အောင်သက်ဝိုင်း)

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဥပများကို ချိုးဖောက်ကာ မဲဆွယ်စည်းရုံးခြင်းများ၊ ဆန္ဒမဲ ကြိုတင်ကောက်ယူနေမှုများနှင့် ကိုယ်စားလှယ်လောင်းတချို့ကို အန္တရာယ်ပြုခြင်းများ ရှိနေသည်ဟု NLD က ကြေညာချက်တွင် ဖော်ပြထားသည်။

“လစ်လပ်နယ်မြေတွေမှာ ကိစ္စတွေက အမျိုးမျိုးပဲ။ တခုချင်းအလိုက် ဆောင်ရွက်ပြီးတာတွေလည်း ရှိတယ်။ ဆောင်ရွက်ဆဲလည်း ရှိတယ်” ဟု NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယခုလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် စမြင်ကျေးရွာအုပ်စုတွင် မင်းကင်းမဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စန်းဝင်းက ဒေသခံများကို တအိမ်တယောက် မတက်မနေရ အမိန့်ပေး ဖိတ်ကြားခဲ့ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြောဆိုသွားကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အပေါ်မှာ သစ္စာမရှိဘူး။ ကလေးနှစ်ယောက်ကိုလည်း နိုင်ငံခြားမှာ ထားတယ်ဆိုတာမျိုး ပြောတာတွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ တားမြစ်မှုကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ စကားတွေ ဖြစ်တယ်” ဟု ဦးဉာဏ်ဝင်း ကပြောသည်။

ဒေါက်တာ စန်းဝင်းက ယင်းဒေသရှိ တဲကြီး မူလတန်းလွန်ကျောင်းကို ငွေကျပ် ၃ သိန်း လှူဒါန်းခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရရှိပါက နောက်ထပ် ၃ သိန်း ထပ်မံလှူဒါန်းသွားမည်ဟု ပြောကြောင်း၊ ယင်းလုပ်ရပ်မှာ မဲဝယ်ခြင်းဖြစ်၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကောက်ရန် မတ်လ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကောက်ယူခွင့် ပြုထားခြင်းကို ဆန့်ကျင်ကာ တနင်္သာရီတိုင်း လောင်းလုံ မဲဆန္ဒနယ်မြေတွင် ကြိုတင်မဲများ ကောက်ခံနေသည်ဟု ဆိုသည်။

ထားဝယ်ခရိုင်၊ လောင်းလုံမြို့ရှိ ကျောင်းဆရာ၊ ဆရာမ ၇၀ ကျော်ကို သင်တန်းတက်ရန်ရှိ၍ ကြိုတင်မဲပေးရမည်ဆိုကာ မြို့နယ်ပညာရေးရုံးရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သည်ဟု မဲပေးခဲ့သည့် ကျောင်းဆရာတဦးက ပြောသည်။

အလားတူပင် ထားဝယ်မြို့၊ ပညာရေး ကောလိပ်တွင် လောင်းလုံနှင့် ကျွန်းစုမြို့နယ်မှ လာရောက်သော ကျောင်းသူကျောင်းသား ၅၀ ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျောင်းစာကြည့်တိုက်သို့ ခေါ်ယူကာ ကျောင်းအုပ်ကြီး၊ မော်ကွန်းထိန်း၊ စာပေဌာနမှူးတို့ ရှေ့မှောက်တွင် ကြိုတင်မဲများ ပေးစေခဲ့သောကြောင့် မိမိမဲပေးလိုသည့် ပါတီကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးခဲ့ကြရသည်ဟု ကျောင်းသူကျောင်းသားများက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်လောင်းများ မဲဆွယ်ရာတွင် တိုက်ခိုက် နှောက်ယှက်မှုများ ရှိနေကြောင်း၊ ယခုလ ၁၈ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရိ မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းသူ၏ ဟောပြောပွဲတွင် သစ်သားချွန်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၊ လုံခြုံရေးတာဝန်ယူသူ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း NLD က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်နေမှုများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ ကော်မရှင်ရုံးများတွင် တိုင်ကြားဖြေရှင်းရန် NLD ဗဟို အောင်နိုင်ရေးအဖွဲ့အနေဖြင့် ညွှန်ကြားထားပြီး ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေးကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာတွင် မဲပေးခွင့် မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသွားပြီးသူများ ပါဝင်နေပြီး မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်မှုများ ၄၈ နေရာလုံးနီးပါး ဖြစ်ပွားနေကြောင်း NLD ထံမှ သိရှိရသည်။

ထိုအထဲတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည့် ကော့မှူးမဲဆန္ဒနယ်မြေတွင် ရွာပေါင်း ၅၄ ရွာအတွက် သေဆုံး၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် ၄၁၃ ဦး၊ မဲစာရင်းတွင်ထည့်သွင်းပေးရန် ၁၃၈၇ ဦးနှင့် မဲစာရင်းတွင် ပိုနေသူ ၂၉၉ ဦးတို့ကို ပြင်ဆင်ပေးရန် ရှိကြောင်း NLD ၏ စစ်တမ်းကောက်ယူထားမှုအရ သိရသည်။

မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလ မဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆိုခဲ့သေးသည်။ သို့သော် ရွေးကောက်ပွဲကို နိုင်ငံတကာမှ ဝင်ရောက်စောင့်ကြည့်ရန် တောင်းဆိုထားမှုကို ခွင့်ပြုပေးခြင်းရှိမရှိ ယခုချိန်အထိ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

မူရင်းလင့်က ဒီမှာပါ။

NLD ပါတီကိုယ်စားလှယ်ရဲ့ ပိုစတာတွေ ဖျက်ဆီးခံရ

ပုသိမ်ခရိုင် မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မြောင်းမြမြို့နယ်က ယှဉ်ပြိုင်အရွေးခံမယ့် NLD ပါတီကိုယ်စားလှယ် ဦးမန်းဂျော်နီရဲ့ပုံ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရကြောင်း သိရှိရပါတယ်။


RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်ဒေသခံ ပြည်သူများက ကြိုဆိုနေစဉ်။

အခုလို ပိုစတာတွေ ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို မြောင်းမြမြို့နယ် NLD ပါတီက တိုင်ကြားထားတယ်လို့ ဧရာဝတီတိုင်း NLD လူငယ်အဖွဲ့ ဝင် ကိုစခင်ဇော်လင်းက ပြောပါတယ်။

NLD ပါတီအနေနဲ့  ဧရာဝတီတိုင်းမှာ စည်းရုံးရေးအခြေအနေ အားရစရာ ကောင်းတယ်လို့လည်း သူကပြောပါတယ်။ ဧရာဝတီတိုင်း လူငယ်အဖွဲ့တွေကလည်း စည်းရုံးရေး အထောက်အကူအနေနဲ့  NLD ကို မဲပေးကြဖို့ စည်းရုံးတဲ့ သီချင်းခွေကို မကြာခင် ဖြန့်ချိတော့မယ်လို့  ပြောပါတယ်။

မြောင်းမြမြို့နယ်မှာ NDF ပါတီက ဦးအောင်မျိုးလှိုင်၊ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက ဦးဖြိုးကိုကိုတင့်ဆန်းနဲ့  NLD ပါတီက ဦးမန်းဂျော်နီတို့  ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။

မူရင်းလင့်က ဒီမှာပါ။

NLD ကိုယ်စားလှယ် လေးဂွနှင့် အပစ်ခံရ

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမင်းသူဟာ မနေ့က မဲဆွယ်စည်းရုံးရေး ဆင်းနေတုန်း သစ်သားချွန်တပ်ထားတဲ့ လောက်လေးဂွနဲ့အပစ်ခံခဲ့ရပါတယ်။



AFP
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိလာစဉ်။

လူထုပရိသတ် အတော်များများ တက်ရောက်နားထောင်တဲ့ အောင်ချမ်းသာကျေးရွာက ဟောပြောပွဲအပြီးမှာ အပစ်ခံလိုက်ရတာဖြစ်တယ်လို့ ဦးမင်းသူက အာအက်ဖ်အေကိုပြောပါတယ်။

ခေါင်းထိမှန်သွားသူဟာ လုံခြုံရေးအဖွဲ့မှာပါတဲ့ မပွင့်ဖြူ ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံပို့ထားရပါတယ်။ လေးဂွနဲ့ ပစ်တဲ့သူကိုတော့ ရွာခံလူငယ်တွေ ၀ိုင်းဝန်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းကို ပို့လိုက်ပါတယ်။

အခုလို အပစ်မခံရခင်မှာ လောက်လေးဂွနဲ့ ပစ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် လူထုကို ဟောပြောနေတဲ့အချိန်မှာ ဒေသခံတွေက လာရောက် သတိပေး ပြောဆိုခဲ့တယ်လို့လည်း ဦးမင်းသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက နေပြည်တော်တ၀ိုက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကြောင့် ဒေသခံရွာသူ ရွာသားတွေဟာ အဲန်အယ်လ်ဒီပါတီကို စိတ်ဝင်တစား ထောက်ခံ အားပေးလာတယ်လို့လည်း သိရပါတယ်။

မူရင်းလင့်က ဒီမှာပါ။