Thursday, March 1, 2012

သမ္မတရုံး ဘတ်ဂျက်လျှော့ချရေး လွှတ်တော်၌ ဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုမည့် ကျပ်ဘီလီယံ ၆၀၀ ကျော် ဘတ်ဂျက်ငွေ ကန့်သတ် လျှော့ချနိုင်ရေးနှင့် အစိုးရ အသုံးစရိတ်ဆိုင်ရာများကို ပြည်ထောင်စု လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။




လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)


သမ္မတ၏ အထူးဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် သုံးစွဲရန်လျာထားငွေသည် ကျပ် ၆၁၁ ဒသမ ၀၅ ဘီလီယံ တောင်းခံထားကြောင်း၊ သမ္မတရုံးသည် တခြားသော ၀န်ကြီးဌာနများအား ကြီးကြပ်သည့် နေရာသာ ဖြစ်၍ ငွေလုံး ငွေရင်း သုံးစွဲမှု လျှော့ချရေး တင်ပြ ဆွေးနွေးသွားမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။

“သမ္မတရုံးဝန်ကြီးဌာနက သမ္မတ ကိုယ်စား တခြားဌာနတွေကို စီမံကြီးကြပ်တဲ့ ဌာန ဖြစ်လို့ ငွေလုံး၊ ငွေရင်း သုံးစွဲရမယ့် ဌာန မဟုတ်ပါဘူး၊ တတယ်လို့ သုံးမယ်ဆိုရင် သုံးမယ့်ငွေကို နေရာ၊ ဌာနတွေနဲ့ အတိအကျ ပူးတွဲပြီးတော့ ပြည်ထောင်စု လွှတ် တော် ရဲ့ အတည်ပြုချက်ရယူဖို့ လိုတယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

သမ္မတရုံး အသုံးစရိတ်အား နိုင်ငံတော် သမ္မတရုံးအဖွဲ့မှ ပြီးခဲ့သည့်လ အနည်းငယ်က တင်ပြထားပြီး သမ္မတရုံး အဖွဲ့အသုံး စရိတ် အပါအ၀င် ပြည်ထောင်စု အစိုးရ၏ အသုံးစရိတ်တင်ပြချက်များကို ဘဏ္ဍာရေး ကော်မရှင်က ပထမစိစစ်ပြီးမှသာ လွှတ် တော်သို့ တင်ပြရခြင်းဖြစ်သည်။

နိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်၏ ဥက္ကဋ္ဌ သည် သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး ဒု ဥက္ကဋ္ဌ များမှာ ဒု သမ္မတ များဖြစ်သည်။ အတွင်း ရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးက တာဝန်ယူပြီး ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည် နယ် နှင့် တိုင်း ဒေသကြီး ၀န်ကြီးချုပ်များ ပါဝင်သည်။

သမ္မတရုံး၏ ဖွံ့ဖြိုးရေးစီမံကိန်းများ၌ အားကစားကွင်း တည်ဆောက်ရေး၊ နည်းပညာကျောင်းများ တည်ဆောက်ရေး စီမံကိန်း တချို့ကို တွေ့ရကြောင်း၊ ထိုကိစ္စများသည် သမ္မတရုံး၏ တာဝန်များ မဟုတ်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ လက်အောက်သို့ ဘတ်ဂျက်နှင့်တကွ လွှဲအပ်ဆောင်ရွက်ရန် လိုကြောင်း သိရသည်။

“သမ္မတရုံးရဲ့သုံးစွဲမှုဟာ ပြီးခဲ့တဲ့နှစ်ကလည်းပဲ ဘီလီယံချီပြီးသုံးခဲ့တာကို တင်ပြတယ်၊ လာမယ့် ဘတ်ဂျက်နှစ်မှာ လိုအပ်မှသုံး စွဲဖို့၊ စနစ်တကျ သုံးစွဲဖို့ ကိစ္စတွေကို အသေးစိတ်ဆွေးနွေးသွားမယ်၊ ဥပဒေနဲ့ မညီရင် သမ္မတ အဆိုလည်း ကန့်ကွက်ရမှာပါပဲ” ဟု ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဧရာဝတီ ကို ပြောသည်။

၂၀၁၁-၁၂ ဘဏ္ဍရေးနှစ်အတွင်း သမ္မတရုံး၏ ဘတ်ဂျက်ငွေ တချို့သည် မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၌ သုံးစွဲသည်ဟု သိရကြောင်း၊ ထိုကိစ္စသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ပြဿနာတရပ်အဖြစ် လွှတ်တော်၌ ဆွေးနွေး နေရကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ရှင်းပြသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လာမည့်သီတင်းပတ်တွင် စတင်ဆွေးနွေးမည် ဖြစ်သည်။ သုံးစွဲမည့် လျာထားငွေ၌ မလို အပ်သည့် စီမံကိန်းများအတွက် တောင်းခံထား၍ အကျိုးအမြတ်မရသည့် စီမံကိန်းကို ရပ်တန့်ထားရေးအတွက် အသေးစိတ်ဆွေးနွေး ကြမည် ဖြစ်သည်။

၂၀၁၂-၁၃ တွင် စစ်တပ်၏ အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက် ၏ ၁၄ ဒသမ ၃၉၉ ရာခိုင်နှုန်း အား နိုင်ငံတော် ကာကွယ်ရေး အတွက်ဟု တင်ပြထား၍ လက်ခံနိုင်သော်လည်း မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနအတွက် လျာထားငွေမှာ ၃ ဒသမ ၆၅ ရာခိုင်နှုန်း တင်ပြထားကြောင်း၊ ထိုဝန်ကြီးဌာနသည် မရှိမဖြစ်လိုအပ်နေသည့် ဌာနတခုမဟုတ်ကြောင်း ကိုယ်စားလှယ်များ က ဝေဖန်သည်။

၂၀၁၂-၁၃ ဘတ်ဂျက်၌ ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်သည် နိုင်ငံတော် ဘတ်ဂျက်၏ ၉၃ ဒသမ ၉၄၆ ရာခိုင်နှုန်း လျာထားပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရ၏ အသုံးစရိတ်မှာ ၆ ဒသမ ၀၅ ရာခိုင်နှုန်း သတ်မှတ်ထား၍ မျှတမှု မရှိဟုလည်း ဆိုကြသည်။

ဒေါက်တာအေးမောင် က “ပြည်ထောင်စုအတွက် ၇၅ ရာခိုင်နှုန်းပဲသုံးပြီးတော့ ပြည်နယ်၊ တိုင်းအစိုးရ ကို ၂၅ ရာခိုင်နှုန်း ဒါမှ မဟုတ်၂၀ ရာခိုင်နှုန်းသုံးစွဲခွင့်ပေးမှသာ တပြေးညီဖွံ့ဖြိုးမှု ရှိလာမှာပေါ့၊ ဒီကိစ္စကိုလည်းပဲ တင်ပြဆွေးနွေးသွားဖို့ရှိတယ်”ဟုပြော သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကလည်း၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် လျာထားတောင်းခံငွေသည် နိုင်ငံတော် ဘတ်ဂျက်၏ ၃ ဒသမ ၃၉ ရာခိုင်းနှုန်းသုံးစွဲရန် တင်ပြထားကြောင်း၊၊ ဆည်ပေါင်း ၄၇ ခုနှင့် မြစ်ရေတင် စီမံကိန်း ၉ ခု ပါဝင်ကြောင်း၊ တချို့သော ဆည်တမံနှင့်မြစ်ရေတင် စီမံကိန်း များသည် အကျိုးရလဒ် မရှိ၍ တည်ဆောက်ခြင်း မပြုရန် တင်ပြ ဆွေးနွေးကြမည်ဟု သိရသည်။

အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ အသုံးစရိတ်ကိုမူ လာမည့် ဘဏ္ဍာရေးနှစ်တွင် လျှော့ချထားကြောင်း၊ ထိုဌာန သည် မြန်မာနိုင်ငံ တနိုင်လုံးရှိ စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး တာဝန်ကို အဓိက လုပ်ဆောင်နေ၍ ဘတ်ဂျက်ငွေ မလျှော့သင့်ကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။

ယခင် န၀တ၊ နအဖ အစိုးရလက်ထက်၌ နိုင်ငံတော် ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို အများပြည်သူသို့ တရားဝင်ထုတ်ပြန် ခြင်းမရှိသည့်အပြင် ၀န်ကြီးဌာနများ၏ အသုံးစရိတ်များပြားခြင်း၊ စီမံကိန်းများ အောင်မြင်မှုမရှိခြင်းတို့ကြောင့် လိုငွေပြမှုများပြား သည့်အတွက်၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘတ်ဂျက်ငွေသုံးစွဲမှုကို လွှတ်တော်မှ စိစစ်ပြီးမှ သုံးခွင့်ပြုသွားမည်ဟု ကိုယ် စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ၀န်းကျင် ရှိနေသည်။ အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းအား ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ထုတ်ပြန်တင်ပြခြင်း ဖြစ်သည်။


မူရင်းလင့်က ဒီမှာပါ။

တိုင်ရီ စက်ရုံ အလုပ်သမား သမဂ္ဂ ဖွဲ့

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများက ယနေ့တွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းလိုက်သည်။

အလုပ်သမား အခွင့်အရေးကိုကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင်စည်းရုံး၍ စုစည်းခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ(တိုင်ရီ ဖိနပ်စက်ရုံ)ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။



ဖဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)


“အလုပ်သမားတွေ ကိုယ့်အခွင့်ရေး ကိုယ်ပိုသိလာစေဖို့အတွက် လွန်ခဲ့တဲ့ တလလောက်ကတည်းက အလုပ်သမား သမဂ္ဂဖွဲ့ရေးကို ဆွေးနွေးခဲ့ကြတာပါ”ဟု တိုင်ရီ စက်ရုံမှ ဆန္ဒပြ အလုပ်သမား တဦးဖြစ်သည့် ကိုသန်းက ဧရာဝတီသို့ ပြောပြသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ထွက်ရှိပြီးနောက် တိုင်ရီ အလုပ်သမား သမဂ္ဂ အဖွဲ့မှာ ပထမဆုံး အဖွဲ့ ဖြစ်သည်။

ယမန်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် တိုင်ရီ ဆန္ဒပြအလုပ်သမားများက သတင်းစာရှင်းလင်းပွဲတရပ် ကျင်း ပပြီး အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးအတွက် အလုပ်သမားများထံမှ သဘောတူ လက်မှတ် စုစည်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

တိုင်ရီ စက်ရုံ၌ အလုပ်သမား ၁၈၀၀ ခန့်ရှိရာ ယနေ့တွင် ထက်ဝက်ခန့် လုပ်ငန်းခွင် ပြန်လည်ဝင်နေပြီး ကျန်အလုပ်သမားများ က ရပိုင်ခွင့်များအတွက် ဆက်လက်၍ ဆန္ဒပြနေဆဲဖြစ်သည်။

ဆန္ဒပြ အလုပ်သမားများက ပြီးခဲ့သည့် အပတ်အတွင်း အလုပ်သမား ပြဿနာ ဖြေရှင်းရေး ၀ါဏိဇ္ဇ ပဋိပက္ခ ခုံရုံးသို့ လျှောက်ထား တိုင်ကြားခဲ့ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်ဟုလည်း ပြောသည်။

ဝါဏိဇ္ဇ ပဋိပက္ခ အလုပ်သမားပြဿနာ ဖြေရှင်းရေး ခုံရုံးသို့ ဆန္ဒပြ အလုပ်သမား ၁၂၀၀ ကျော်တို့က စုပေါင်းလက်မှတ်ရေးထိုးပြီး အလုပ်ရှင်ဘက်မှ ဖြေရှင်းပေးရန် အချက် ၁၇ ချက်ပါတောင်းဆိုချက်ကို တင်ပြထားသည်။

အလုပ်သမားများက အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုထားရာ အလုပ်ရှင်ဘက်က ၁၀၀ ကျပ် သတ်မှတ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောဆိုခဲ့သည်။

သို့သော် ရက်မှန်ကြေးကို ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ တိုးပေးရန် တောင်းဆိုရာတွင် အလုပ်ရှင်ဘက်က ရက်မှန်ကြေး ၇၀၀၀ ကျပ် သတ်မှတ်မည်ဟုဆိုကြောင်း သိရှိရသည်။

လွန်ခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ ၁၀ ရက်တာ စက်ရုံပိတ်ပြီးနောက် လုပ်ခ လစာ ထုတ်ပေး ရာ၌ လစာ ကျပ် ၁ သောင်းကျော်ဖြတ်တောက်ခံရခြင်းမှ အစပြုကာ အလုပ်သမားများက လုပ်ခလစာအပြည့် အ၀ရရှိရန် နှင့် အလုပ်သမား ရပိုင်ခွင့် တောင်းဆို ဆန္ဒပြမှုကို ဖေဖော်ဝါရီလဆန်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် ၁၉၉၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခနှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် စက်ရုံလည်း ဖြစ်သည်။

ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။


မူရင်းလင့်က ဒီမှာပါ။

မွန်ပြည်သစ်ပါတီ၏ ပြည်တွင်း ဆက်ဆံရေးရုံးများ

မွန်ပြည်သစ် ပါတီနှင့် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့က အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် (၄၅) ရက် အတွင်း အကောင်အထည် ဖေါ်ရန် သဘောတူ လက်မှတ်ရေးထိုး ထားပါသည်။ အဆိုပါ သဘောတူညီချက်အတွင်း ပြည်တွင်း ဆက်ဆံရေးရုံး (၉)နေရာ ထားရှိရေးလည်း ပါရှိပါသည်။ ၄င်းနေရာများမှာ-



၁။ မော်လမြိုင်မြို့ ၂။ မုဒုံမြို့ ၃။ သံဖြူဇရပ်မြို့ ၄။ ရေးမြို့ ၅။ ဘုရားသုံးဆူမြို့ ၆။ ကျိုက်မရောမြို့ ၇။ ဇင်းကျိုက်ရွာ(ပေါင်မြို့ နယ်) ၈။ မြိတ်မြို့ ၉။ ယာဖူးရွာ (ရေဖြူမြို့နယ်) တို့ဖြစ်ပါသည်။

အလားတူ စီးပွားရေးရုံးများကိုလည်း လိုအပ်သည့်နေရာများတွင် ထားရှိရန် သဘောတူထားပါသည်။ မွန်ပြည်သစ် ပါတီအတွက် တပ်ဖွဲ့နေရာ ချထားရေးကိုလည်း၊ တပ်တည်များကိုလည်း ယခင် (၁၉၉၅) ခုနှစ် အပစ်အခတ်ရပ်စဲ ချိန်တွင်နေရာ (၁၂) နေရာသာ သတ်မှတ်ထားရာက ယခု (၂၇)နေရာထိ တိုးချဲ့သတ်မှတ်ထားပါသည်။ ဤနေရာများသည်၊ အထူးသဖြင့် တော နယ်များ၌သာဖြစ်ပြီး၊ ဆက်ဆံရေးရုံး များနှင့် အနီးစပ်ဆုံးဆက်သွယ် နိုင်သွယ်နိုင်သည့် နေရာများ၌ ရှိပါသည်။

မွန်ပြည်သစ်ပါတီသည် တပြည်လုံး အပစ်အခတ် ရပ်စဲပြီး တိုင်းရင်းသား ပေါင်းစုံတွေ့ဆုံ ဆွေးနွေးရေးကို (၃) လအတွင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားသည့်အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက အဆိုပါ တပြည်လုံးတွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုချက်ကို (၄) လအတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဂတိ ပြုထားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် သံဃာတော် တစ်ပါးက မိန့်ကြားထားပါသည်။



မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးစဉ် (ဓါတ်ပုံ - Citizen journalist)


မွန်ပြည်သစ်ပါတီသည်၊ အကျဉ်းကျနေသော မွန်နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် သဘောတူညီချက် ရရှိထား သ ဖြင့် မွန်ပြည်နယ် အတွင်း၌ နေထိုင်ကြသော တိုင်းရင်းသားများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူရှိပါက မွန် ပြည်သစ်ပါတီအား ဆက်သွယ်ကြရန် လိုအပ်လှပါသည်။

မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လစပြီး ပထမအကြိမ် (၁၅)နှစ် တာကြာမျှ အပစ်ရပ်ထားခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖေါ် ဝါရီလ(၂၅) ရက်နေ့တွင် ၂၀၁၀ ခုနှစ် ရွေးကောက်အပြီး အသစ်တက် လာသော အစိုးရ အသစ်နှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပါသည်။

မူရင်းလင့်က ဒီမှာပါ။

မြန်မာအစိုးရနှင့်အပစ်ရပ်ရေး အဆင့်တွေ့ဆုံဆွေးနွေးမည့် KNPP ကို လူထုကြိုဆို

လာမည့်မတ်လပထမအပတ်၌ ကရင်နီ(ကယား)ပြည်နယ်မြို့တော် လွိုင်ကော်တွင် မြန်မာအစိုးရနှင့် အပစ်ရပ် ရေးအဆင့် တွေ့ဆုံဆွေးနွေးမည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP ကို ကရင်နီလူထုများက ကြိုဆို ကြောင်း သိရသည်။

လွိုင်ကော်မှ လူငယ်တဦးက “သူတို့(KNPP)ပြန်လာမယ့်နေ့ကို သွားကြိုမှာပဲ။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမယ်ဆိုတော့ အစိုးရနဲ့ လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ပြန်လာမယ့်သူတွေကိုတော့ ကြိုဆိုတယ်။ လူထုတော်တော်များများလည်း ကြိုဆိုမယ်လို့ ယုံကြည်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ လက်တလော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည့်အပေါ် ကရင်နီလူထု အတော်များများသည် အစိုးရကို သံသယရှိနေသေးသော်လည်း KNPP နှင့် အစိုးရ တွေ့ဆုံမည့်ဆွေးနွေးပွဲတွင် အောင်မြင်မည်ဟု မျှော်လင့်ကြကြောင်း ၎င်းက ဆက်ပြောသည်။

ယခုလ ဖေဖော်ဝါရီ ၆ရက်နေ့က KNPP အတွင်းရေးမှူး(၁) ခူဦးရယ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာအစိုးရမှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့တို့သည် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ တော်လှန်ရေးလုပ်လာတာ နှစ်ပေါင်း(၆၀)ကျော်မှာ ကျနော်တို့ကပဲ အနစ်နာခံ ဒုက္ခဆင်းရဲခံတာ မဟုတ်ဘူး။ ပြည်သူတွေလည်း ကျနော်တို့လိုပဲ အပင်ပန်းခံခဲ့တာဖြစ်တယ်။ ဒါကြောင့် အခုလို ကျနော်တို့ ကြိုဆို တယ်လို့ သိရတော့ ကျနော်တို့ဆန္ဒလည်း သူတို့နဲ့ တထပ်တည်းပါလို့ ပြောချင်တယ်။”ဟု KNPP အတွင်းရေးမှူး (၁) ခူဦးရယ်က ပြောသည်။

သို့သော် မြန်မာအစိုးရနှင့် တွေ့ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ပဏာမ ပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရ၊ မရခြင်းမှာ ၎င်းတို့ တင်ပြသည့် အချက်အလက်များကို အစိုးရဘက်မှ လက်ခံနိုင်လောက်သည့်အပေါ်၌သာ မူတည်သည်ဟု သူက ဖြည့်စွက်ပြောဆိုသည်။

KNPP သည် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် တကြိမ်၊ ယခုလ ဖေဖော်ဝါရီ ၆ရက်နေ့က ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်တွင် တကြိမ် စုစုပေါင်းနှစ်ကြိမ် တွေ့ဆုံခဲ့ပြီဖြစ်သည်။

တဆက်တည်း၌ပင် KNPP သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့နှင့် စုပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်း သားများဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်ဖြစ်သည်။

လက်ရှိ UNFC အဖွဲ့ဝင်များထဲတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အပါအ၀င် ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA-N)တို့သည် မြန်မာ သမ္မတဦးသိန်းစိန် အစိုးရသစ်နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ သည်။



ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။

(၁) မယ်တဝေါဒေသတွင် လှုပ်ရှားနေသော၊ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့အား၊ ဗိုလ်ချုပ်စောလားဘွယ်ဦး ဆောင်သော ကလို့ထူးဘော လက်အောက်ခံ တပ်ဖွဲ့ဖြစ်ြော့င်း သဘောတူသည်။ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတို့ တပ်ဖွဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်၍ မြိုင်ကြီးငူသို့လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံး၀၀င် ထွက်သွား လာခွင့် မရှိကြောင်း သဘောတူသည်။

(၂) အခြားမည်သည့် ပုဂ္ဂိုလ်တဦးဦးမှ ခေါင်းဆောင်၍ လည်းကောင်း၊ လိုက်ပါ၍ လည်းကောင်း၊ မြိုင်ကြီးငူ ပတ်ဝန်းကျင်ဒေသသို့ လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်၍ လိုက်ပါလာပြီး အခြေချခြင်း မပြုရန် သဘောတူသည်။

(၃) ကလို့ထူးဘော တပ်ဖွဲ့ဝင်များသည်၊ မြိုင်ကြီးငူဒေသ၀န်းကျင်တွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးအတွက် အစိုးရ တပ်မတော်နှင့်လည်းကောင်း၊ တပ်မတော် ကွပ်ကဲမှုအောက် တပ်ဖွဲ့များနှင့် လည်းကောင်း၊ ရန်ဖက်အသွင် မဆောင်ဘဲ မိတ်ဖက်အဖြစ် ဆက်ဆံသွားရန် သဘောတူသည်။

(၄) သတ်မှတ်သည့်နေရာ၌ အခြေပြုရန် သဘောတူထားသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး၊ စားဝတ်နေ ရေး၊ များကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

(၅) စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့ဝင်များ၊ နယ်မြေကျော်လွန်၍ သွားလာလှုပ်ရှားမှုများကို ဒေသခံ တပ်မှူးများ၊ နှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။


DKBA နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးပုံ (ဓါတ်ပုံ - DKBA ပြန်ကြားရေး)


(၆) ဗိုလ်ချုပ်စောလားဘွယ် ဦးစီးသော ကလို့ထူးဘော တပ်ဖွဲ့ဝင်များ အားလုံး၏ ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်။

(၇) တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာ တစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက် ဖြင့်မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်။

ထို့အပြင် ကလို့ထူးဘော တပ်ဖွဲ့အား၊ ဆန်အိတ်တထောင်၊ ဆားတထောင်ပိသာနှင့် ဆီ (၅) ပုံး ပေးအပ်ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ ဒီကေဘီအေဖက်မှ ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်ပြီး၊ စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ် ဘိုဘိ၊ ဗိုလ်မှူးကြီး စောမောင်လေး ( မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ)၊ ဗိုလ်မှူးစောလုံလုံ၊ ဗိုလ်ကြီးစောကိုမျိုးတို့ အပါဝင် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ပြီး၊ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ၊ဖေါ်ဆောင်ရေးမှ ဦးအောင်သောင်း၊ ဦးဇော်ဝင်း (နယ်စပ်ရေး ရာဝန်ကြီး)၊ ဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ စောခင်စိုး (ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖေါ်ဆောင်ရေးအဖွဲ့) နှင့်စစ် ဖက်ခေါင်းများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မူရင်းလင့်က ဒီမှာပါ။

တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်

အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသော တိုင်းရင်းသားအဖွဲ့အစည်းများ မပါဝင်ဘဲ အစိုးရဘက်က နိုင်ငံရေးတွေ့ဆုံမှု ပြုလုပ်မည့်အစီအစဉ်မှာ တိုင်းရင်းသား အချင်းချင်းဖဲ့ထုတ် စည်းရုံးခြင်းသာဖြစ်ကြောင်း ကရင့်အမျိုးသားအစည်း အရုံး( KNU)က ပြောသည်။




KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သာကဘောက “ကေအဲန်ယူရဲ့ သဘောထားကတော့ ပစ်ခတ်ရပ်စဲရေးကို ခိုင်မာ အောင်လုပ်ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ပါလို့ အမြဲတမ်းပြောတယ်။ ရတဲ့အဖွဲ့လေးနဲ့ပဲ တွေ့ဆုံဆွေးနွေး သွားမယ်ဆိုတာ ဖဲ့ထုတ်စည်းရုံးတဲ့ လုပ်ငန်းပဲ။ အဲ့ဒါကတော့ လက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ ၂၄ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါက နောက်တစ်ဆင့်တက်ပြီး စုစည်းနိုင်သော အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များနှင့်သာ အစိုးရက နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်သွားရန် သဘောတူညီခဲ့သည်။

အစိုးရအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာအထိ အပစ်အခတ်ရပ်စဲရေးပြုလုပ်သွားပြီးမှသာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း ပဒိုဒေးဗစ်သာကဘောက အကြုံပြုပြောဆိုသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပက်သက်ပြီး KNU ဘက်မှ အစိုးရအား တောင်းဆိုထားမှုများရှိနေသည့်အပြင် ကချင် နှင့်ရှမ်းပြည်နယ်ဘက်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိနေသေးကြောင်း ပဒိုဒေးဗစ်သာက ဘောက ထောက်ပြပြောဆိုသည်။

“ကချင်ပြည်နယ်ဘက်မှာ အပစ်ခတ်ရပ်စဲရေးလုပ်ပါဆို မလုပ်ဘူး။ သူတို့က ဆက်ပြီးတိုက်ချင်နေတဲ့ အနေ အထားမှာ လုပ်နေတယ်။ ကရင်ပြည်နယ်မှာလည်း အစိုးရက ရိက္ခာပို့ပြီးရင် ပြန်တိုက်မှာပဲ။” ဟု ၎င်းက ပြော သည်။

အခြားတိုင်းရင်းသားအဖွဲ့များ မပါဝင်သည့် ဆွေးနွေးမှုသည် အထမြောက်မည်မဟုတ်ဟုလည်း ရှမ်းပြည်တပ်မ တော် (တောင်ပိုင်း)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်က ပြောသည်။

သူက “သူတို့မပါပဲ ကျနော်တို့က ဘယ်လိုပုံသဏ္ဍာန်နဲ့ သွားဆွေးနွေးမလဲ၊ ပြဿနာတစ်ခုလို့ထင်တယ်။ ဒီအ ရေးဟာ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

အမြန်ဆုံးနည်းနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း UNFC ချမှတ်



ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။

ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်

- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။

“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။



UNFC ၏ တရားဝင် ရုံးသုံး Letter-Head (ဓါတ်ပုံ - အင်တာနက်)


အလားတူ ကေအန်ယူလည်း မကြာခင် အပစ်အခတ် ရပ်စဲရန်အတွက် မကြာခင် ဆွေးနွေးကြမည် ဖြစ်သလို အခြေအနေ တချို့ ရှင်းလင်း ပြီးပါက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖွယ် ရှိသည်ဟု UNFC အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်က ပြောပါသည်။

“ တူညီနေတာ တခုက အပစ် ရပ်ပြီးရင် အချိန်တို အတွင်းမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ပါ၊ ဒါကို အဖွဲ့ဝင် အားလုံး တောင်းဆိုကြဖို့ သဘောတူ ကြပါတယ်။ ဥပမာ မွန်ပြည်သစ် ပါတီက တောင်းဆို သလိုပေါ့လေ (၄၅) ရက် အတွင်း နိုင်ငံရေး အရ ဆက်ဆွေးနွေးဖို့ ၊ ပြီးရင် ဒီဇင်ဘာလ ရောက်တဲ့အခါ တပြည်လုံး အပစ်မရပ်ရင် အစိုးရနဲ့ အသစ်တဖန် ပြန်လည် ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စ မျိုးပေါ့လေ၊ ပြီးတော့ အဖွဲ့အားလုံး စုပေါင်းပြီး အစိုးရနဲ့ ဆွေးနွေး နိုင်အောင် နည်းလမ်းတွေ ချခဲ့တဲ့ အစည်းအဝေး ပါဘဲ” ဟု ဆိုပါသည်။

တကယ်တော့ UNFC သည်၊ တဖြည်းဖြည်းနှင့် အဆင့်လျှော့ပြီး သဘောထားများ၊ ပြောင်းလဲ နေရသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဆိုပါသည်။ ယခင်ကမူ တဖွဲ့ချင်းထက် တပ်ပေါင်းစု နဲ့သာ ဆွေးနွေးမည်ဟု သဘောထား ခဲ့ပါသည်။ ထိုမှ တဖန် တဖွဲ့ချင်းလည်း ဆွေးနွေးခွင့် ရှိပါသည် သို့သော် အဖွဲ့ဝင်ချင်း ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရန်ဟု ထပ်မံပြောင်းလဲ ခဲ့ပါသည်။ ယခုချိန်၌ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးခွင့် ရှိပါသည်၊ သို့သော် အမြန်နည်းဖြင့် (အချိန်တိုအတွင်း) နိုင်ငံရေး ဆွေးနွေးရန် ပြောင်းလဲ လာခဲ့ပါသည်။

မူရင်းလင့်က ဒီမှာပါ။

မြစ်ဆုံ တန်ဖရဲရွာသားများကို မူရင်းရွာ ပြန်မနေဖို့ ဖိအားပေး

နယူးဒေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် မြစ်ဆုံ အနီး တန်ဖရဲ ရွာသားများအား စီမံကိန်း ရပ်ဆိုင်းလိုက်သော်လည်း နေရပ်ရွာသို့ ပြန်လည်နေထိုင်ခွင့် မပြုကြောင်း သိရသည်။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူးက တန်ဖရဲရွာသားများအား မိမိရွာသို့ ပြန်လည် နေထိုင်ခြင်း မပြုတော့ရန် အောင်မြင်သာ စံပြရွာသို့ လာရောက် ပြောဆိုခဲ့ပြီး နောက်တနေ့တွင် ဝန်ခံလက်မှတ် ထိုးခိုင်းကြောင်း ဒေသခံတဦး က ပြောသည်။

“၂၅ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးလာပြီးတော့၊ ရွာမှာ အစည်းအဝေးလုပ်ပြီးတော့ တန်ဖရဲမှာ တောင်ယာ လုပ်ချင် လုပ်ရမယ်။ ဒါပေမယ့် ပြောင်းပြီးမနေရဘူး ဆိုပြီး ပြောသွားတယ်။ ၂၆ ရက်နေ့မှာတော့ တအိမ်တက်ဆင်း ခံဝန် လိုက်ထိုးခိုင်းတယ်”ဟု ဒေသခံတဦးက ပြောပြသည်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က တန်ဖရဲရွာတွင် မြစ်ဆုံ ဆုတောင်းပွဲကျင်းပခဲ့ပြီး ဒေသခံများအပြင် စာရေးဆရာများ၊ ပညာရှင်များနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြသည်။ ထိုဆုတောင်းပွဲမှ စီမံကိန်း ရပ်တန့်သည့်အပေါ် ကျေးဇူးတင်ကြောင်းနှင့် စီမံကိန်း လုံးဝရပ်ဆိုင်းသွားရန် ဆက်လက်ကြိုးပမ်းကြမည်ဟု တက်ရောက်သူများက ပြောဆိုခဲ့ကြသည်။

ထို့နောက်တရက်တွင် ဤကဲ့သို့ ဝန်ခံကတိတောင်းသည့် လုပ်ရပ်များကို အာဏာပိုင်ဘက်မှ ပြုလုပ်လာခြင်းဖြစ်သည်။

၂ဝ၁၁ ခုနှစ် စက်တင်္ဘာလအတွင်းက သမ္မတ ဦးသိန်းစိန် ညွှန်ကြားချက်ဖြင့် စီမံကိန်းအား ရပ်တန့်စေလိုက်ပြီးနောက် တန်ဖရဲရွာသားများက မိမိတို့နေရပ်ရင်းသို့ ပြန်လည်နေထိုင်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။

“မလိခမြစ်ဘေးက ရွာ ၃ ရွာကတော့ စီမံကိန်းမြေညှိတာတွေ လုပ်လိုက်ပါပြီ။ တန်ဖရဲရွာ ကတော့ မြစ်ဘေး တလျှောက်ပဲ မြေထိုးရသေးတာဆိုတော့ တောင်ယာလုပ်စားလို့ ရသေးတယ်။ ကျန်တဲ့ ရွာသားတွေလည်း ပြန်လို့ရရင် သူတို့နေရာဟောင်းကိုပဲ ပြန်ချင်ကြတာပါ”ဟု တန်ဖရဲရွာသားတဦးက ပြောပြသည်။

မူလ တန်ဖရဲရွာတွင် အိမ်ခြေပေါင်း ၁၈၇ အိမ်ရှိပြီး လူဦးရေ ၁၁ဝဝ နီးပါး ရှိကာ မြစ်ကြီးနား အထက် ၂၆ မိုင်အကွာ တွင် တည်ရှိသည်။ ကျေးရွာသားများသည် တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးသည့် လုပ်ငန်းများ၊ အပန်းဖြေ လာရောက် သူ ခရီးသွားများကို ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် တန်ဖရဲရွာအစွန်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနစ်မှစ၍ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့လိုက်ရသည့် ရွာများကို စုပေါင်းပြီး အောင်မြင်သာ ကျေးရွာသစ် ကို မူလနေထိုင်သည့် ရွာများမှ ၁ဝ မိုင်ကျော်ဝေးသည့် နေရာတွင် တည်ပေးခဲ့သည်။

အောင်မြင်သာကျေးရွာသစ်သို့ မပြောင်းရွှေ့ဘဲ တန်ဖရဲ၌ ချန်ရစ်နေထိုင်ခဲ့သည့် အိမ်ထောင်စု ၄ စုရှိသည်။ အိမ်အများစုမှာ သော့ခတ်ထားကာ လူမနေကြောင်း တန်ဖရဲရွာသားတဦးက ပြောပြသည်။

မြစ်ဆုံစီမံကိန်း တည်ဆောက်မည့် ကုမ္ပဏီများ က တည်ပေးသည့် ၎င်းရွာသစ်မှာ တောင်ယာလယ်လုပ် စိုက်ပျိုး စားသောက် မရသည့် မြေရိုင်းဖြစ်ပြီး အောက်ခံမြေမှာ ကျောက်ဖြုန်းလွှာ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

နေအိမ်အသစ်များကိုလည်း တောသစ်အစိမ်းများကို ဖြတ်တောက် ဆောက်လုပ်ပေးထားအတွက် လက်ရှိတွင် ပျဉ်ချောင်းများမှာ ကောက်ကွေးနေကြောင်း သိရသည်။

အောင်မြင်သာကျေးရွာ၏ အောက်ဘက်တွင် မြစ်ဆုံစီမံကိန်းမှ တရုတ်လုပ်သားများ ယခုချိန်ထိ ဆက်လက် နေထိုင်ဆဲ ဖြစ်ပြီး အေးရှားဝေါကုမ္မဏီမှ ဝန်ထမ်းများလည်း ယခင်အတိုင်း ဆက်လက်နေထိုင်ဆဲ ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အား “မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့် ဖြစ်သည်”ဟု တရုတ်ပြည် အမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကို က ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့က ပီကင်းမြို့ ၎င်းတို့တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ထို့ပြင် အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေး လုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။

သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။



ဧရာဝတီ မြစ်ဆုံစီမံကိန်းမှ တရုတ်အမျိုးသား ၀န်ထမ်းများ နေသည့် အဆောင်များအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက မြင်တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)



မူရင်းလင့်က ဒီမှာပါ။

KIO ရှိ ကချင်ဒုက္ခသည် ကူညီရေးကိစ္စ ကုလနှင့် မြန်မာအစိုးရ ညှိနှိုင်းနိုင်

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ဒေသရှိ စစ်ပြေးဒုက္ခသည်များထံသို့ လူသားချင်းစာနာသည့် အကူအညီ ပေးနိုင်ရန် မြန်မာအစိုးရနှင့် သဘောတူညီမှုရရှိထားသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဗီဂျေနမ်ဘီးယား (Mr. Vijay Nambiar) က ဖေဖော်ဝါရီလ ၂၄ ရက်က ပြောဆိုလိုက်သည်။

၎င်းသည် ကုလ၀န်ထမ်း လေးဦးပါအဖွဲ့ငယ်ကို KIO ဗဟိုဌာနချုပ် လိုင်ဇာဒေသို့သွားရောက်ကူညီရန် မြန်မာအစိုးရကခွင့်ပြုခဲ့ပြီး နှစ်လအကြာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ကုလအထူးသံတမန်က မြန်မာအစိုးရနှင့် ယင်းသို့ ကူညီရန် ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မည်သည့်အချိန်တွင် ဒုက္ခသည် ၄၅၀၀၀ ကျော်ရှိ KIO ဒေသသို့ ကုလအကူအညီများရောက်ရှိလာမည်ကို မသိရသေးပေ။

မြန်မာအစိုးရက ၎င်းတို့အကူအညီများပါ ပေါင်းထည့်လို

ကုလအကူအညီညှိနှိုင်းမှု ကြန့်ကြာနေရခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်ဟု မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) က Inner City Press မှ Matthew Russell Lee ၏ မေးမြန်းချက်ကို ဖြေဆိုထားသည်။

“အခက်အခဲနည်းနည်းရှိနေတာက အစိုးရကသူတို့ အကူအညီပါ တပါးထဲ ပါဝင်စေချင်တယ်” ဟု ဆိုသည်။ “ဆက်ပြီးညှိနှိုင်းနေတယ်။ အစိုးရနဲ့ ကုလအကူအညီတွေကို နယ်စပ်ဆီ တပါးထဲ သယ်သွားစေချင်တော့ နဲနဲ ပြဿနာရှိတယ်။ ဒါက အစိုးရအကူအညီကို လက်မခံရင် ပြန်သယ်လာဖို့ရှိပြီး။ ကုလအကူအညီတော့ လက်ခံဖို့ရှိတယ်။” ဟု သူ ဆက်ဆိုသည်။

ထိုဒီဇင်ဘာ ၁၂ ရက်ကုလခရီးစဉ်တွင် KIO က မြန်မာအစိုးရက ပေးပို့လာသည့်အကူအညီများကို လက်မခံခဲ့ပါ။ ဒုက္ခသည်များထံသို့ အစိုးရ၀ါဒ မသက်ရောက်စေလိုသည့် အတွက် ဖြစ်သည်ဟု သိရသည်။

မစ္စတာနမ်ဘီးယား (Mr. Vijay Nambiar) တွေ့ဆုံခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကောင်စီတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် စစ်အရာရှိဟောင်းများ အများအပြားပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီတို့နှင့် အပစ်ခတ်ရပ်ဆိုင်းရေးကို ရထားဝန်ကြီး ဦးအောင်မင်း အဖွဲ့ဖြင့် ဆွေးနွေးရ၍ အလားတူကိစ္စရပ်အတွက် KIO သည် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ သစ္စာတော်ခံ သီးခြား လွှတ်တော်ကော်မတီတရပ်နှင့် ဆွေးနွေးရသည်။

၎င်းကော်မတီကို စက်မှု-၁ ၀န်ကြီးဟောင်း ဦးအောင်သောင်း ဦးဆောင်သည်။ သူသည် စစ်ဗိုလ်ဟောင်းဖြစ်ကာ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းလူသတ်ပွဲအား ပုံဖော်သူများထဲမှ တစ်ဦးဖြစ်သည်ဟုဆိုသည်။

၎င်းအား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်နီးစပ်ကာ သဘောထားတင်းမာသူအဖြစ် ယူဆကြသည်။

တိုးလာသည့် ကချင်စစ်ပြေးဒုက္ခသည်များနှင့် ကုလသမဂ္ဂ ၉ လ ကျော်လာသည့် မြန်မာအစိုးရနှင့် KIO ကြားတိုက်ပွဲသည် မြန်မာနိုင်ငံအတွက် နှစ် ၂၀ အတွင်း အဆိုးဆုံးလက်နက်ကိုင်ပဋိပက္ခဖြစ်သည် ဟု မြန်မာ့အရေးလေ့လာသူများကဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရပ်ရွာစွန့်ခွာကြရသူအများစု (လူဦးရေ ၆၀၀၀၀) မှာ ကုလသမဂ္ဂလူသားချင်းအကူအညီများနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

UNHCR (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)၊ UNOCHA (ကုလသမဂ္ဂလူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့)၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) တို့သည် မြန်မာနိုင်ငံတွင်းရှိနေသော်လည်း ဒုက္ခသည် အများစုရှိနေသည့် KIO ဒေသထဲ အကူအညီ မပေးပို့နိုင်ကြပါ။

ခြွင်းချက်အနေဖြင့် ဒီဇင်ဘာလတွင် အကူအညီအနည်းငယ်ဖြင့် ကုသမဂ္ဂ၀န်ထမ်း ၄ ဦးပါ အဖွဲ့ KIO ဒေသသို့ သွားရောက်လေ့လာခဲ့သည်။

အမျိုးမျိုးသော ကုလသမဂ္ဂအဖွဲ့အစည်းများမှာ မြန်မာအစိုးရနယ်မြေထဲရှိ ဒုက္ခသည်အနည်းစုကိုသာ ကူညီနိုင်ခွင့်ရှိနေသည်။ မြန်မာအစိုးရလက်အောက်ရှိ စခန်းများသည် KIO ဒေသရှိ စခန်းများထက် အခြေအနေသာလွန်သော်လည်း ဒုက္ခသည်အများစု လူဦးရေ အနည်းဆုံး ၄၅၀၀၀ မှာ KIO ဒေသသို့ရောက်ရှိနေကြသည်။

နောက်ထပ် ဒုက္ခသည်ထောင်ချီမှာ ပိုပြီး အခြေအနေဆိုးရွားသည့် တရုတ်ဖက်ခြမ်း ယာယီတဲစခန်းများတွင် နေထိုင်နေကြသည်။

“ကုလသမဂ္ဂက လာကြည့်သင့်တာပေါ့။ ဒီမှာ ကျွန်တော်တို့ ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာလေ။ မလွယ်ဘူး။” ဟု ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မိုင်ဂျာယန်အနီး တရုတ်နယ်စပ် စခန်းတစ်ခုရောက် အသက် ၆၀ အရွယ် ကချင်လယ်သမားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

မူရင်းလင့်က ဒီမှာပါ။

ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်ပြီ

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ၎င်း၏ လူမှုရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးသွားမည် ဟု ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ က ပြောသည်။

“သူကလည်း လူမှုရေး ၀ါသနာပါတယ်၊ သူ့မှာ ဘာမှမရှိတော့ဘူး၊ အကုန်အသိမ်းခံလိုက်ရတယ်၊ သူအကျဉ်းကျနေတုန်းက သစ်ခွ စိုက်ပြီးတော့ ရုန်းကန်ခဲ့ရတယ်၊ ဒီလို ပုဂ္ဂိုလ် တယောက်က ဒီလိုမျိုး ရုန်းကန်နေရတာ မသင့်တော်ဘူးဆိုပြီး ကူညီနိုင် သလောက် ကူညီပေးဖို့ သဘောပါ” ဟု ဦးခင်ရွှေ က ဧရာဝတီကို ပြောဆိုသည်။

ဦးခင်ညွှန့်အား ယခုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ၎င်းအပေါ် ကျေးဇူးရှိခဲ့၍ မဟုတ်ကြောင်း၊ ဦးခင်ညွှန့်သည် နိုင်ငံအတွက် တတ်နိုင်သည့် အတိုင်းအတာတခုအထိ ဆောင်ရွက်ခဲ့သူဖြစ်၍ ကျေးဇူးပြန်ဆပ်ရခြင်းဖြစ်သည်ဟု ဦးခင်ရွှေ က ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ တည်ထောင်ထားသည့် မြရိပ်ညို ဖောင်ဒေးရှင်း၌ ကူညီဆောင်ရွက်ပေးရန် ဦးခင်ညွှန့်အား ကမ်းလှမ်းခဲ့ရာ လက်ခံကြောင်း၊ ဦးခင်ညွှန့်ကိုယ်တိုင်လည်း ရွှေမှော်ဝန်း အမည်ရှိလူမှုရေးအဖွဲ့တခု တည်ထောင် ၍ ဆောင်ရွက်နေကြောင်း သိရသည်။



ဦးခင်ညွန့်၊ ဦးခင်ရွှေတို့ ယခင်က ဆက်စပ်မှု ဓာတ်ပုံမှတ်တမ်း။ မကြာသေးမီက အကျယ်ချုပ်မှ ဦးခင်ညွန့် လွတ်မြောက်စဉ် ပထမဦးဆုံး သွားရောက်တွေ့ဆုံသူများထဲတွင် ဦးခင်ရွှေက ထိပ်ဆုံးတွင် ပါဝင်ခဲ့သည်ကို FaceBook စာမျက်နှာများတွင် တွေ့ခဲ့ရသည်။


“ဒီလိုကူညီပေးတဲ့ အတွက် လစာဘယ်လောက်ဆိုတာမျိုး ကန့်သတ်ထားတာ မရှိပါဘူး၊ သူလို အပ်တာမှန်သမျှကို ၀ိုင်း လုပ်ပေး သွားဖို့ ရှိတယ်၊ ဆရာသမား တယောက်ကို ပြန် ကျေးဇူးပြုတာပါ၊ ဗမာ့ ထုံးတမ်းအရပေါ့လေ၊ အတိုင်းအတာနဲ့ ပြော လို့မရပါဘူး”ဟု ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ညွှန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း၌ နာယက အဖြစ် ခန့်အပ်၍ တလလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်းလည်း ဦးခင်ရွှေ က ငြင်းဆိုသည်။

ဦးခင်ညွှန့် တည်ထောင်ထားသည့် ရွှေမှော်ဝန်း လူမှုရေး ဖောင်ဒေးရှင်း၌ အလှုငွေ ကျပ်သိန်း ၅၀၀ ပါဝင် ထည့်ပေးထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြရိပ်ညိုဖောင်ဒေးရှင်း အတွက် ကျပ် သိန်း တသောင်း မ တည် ထားကြောင်း၊ ၎င်းသည် တနှစ်လျှင် ကျပ် သိန်းပေါင်း၂ သောင်းမှ ၃ သောင်းအထိ လှူဒါန်းနေပြီး ဘုရားအဆူ၂၀၀ကျော် တည်ထားပြီးကြောင်းလည်း ဦးခင်ရွှေက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်သည် အမိန့်မနာခံမှု၊ အဂတိ လိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် ထောင်ဒဏ် ၄၄ နှစ်အပြစ်ပေးခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းဖမ်းဆီးခံရပြီးနောက် ထောက်လှမ်းရေးအဖွဲအား ဖျက်သိမ်းခဲ့ပြီး ထောက်လှမ်းရေး အဖွဲ့ဝင် အများအပြား နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။

ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ် သည်။ လွတ်မြောက်သည့်နေ့တွင် ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ်ကလည်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။

“နိုင်ငံရေးတော့ လုပ်ဖို့ မရှိသေးဘူး၊ လူမှုရေးတွေပဲ လုပ်သွားမယ်”ဟု ဦးခင်ညွှန့် က ဆိုသည်။

ဦးခင်ညွှန့်နှင့် ထောက်လှမ်းရေးအဖွဲ့သည် တာဝန်ယူစဉ်ကာလ၌ တန်ခိုးသြဇာ ကြီးထွားခဲ့ပြီး နိုင်ငံရေး လှုပ်ရှားသူများ၊ ကျောင်း သား ကျောင်းသူ အများအပြားကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်ချမှတ် အပြစ်ပေးခဲ့မှုများ ပြုလုပ်ခဲ့သည်။

ဦးခင်ရွှေသည် ဦးခင်ညွန့် အပါအ၀င် ယခင် န၀တ၊ နအဖ စစ်အစိုးရ အဖွဲ့၏ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် စီးပွားရေး လုပ် ငန်းရှင်တဦးဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်လည်း ခမည်း၊ ခမက် တော် စပ်သည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည့် စီပွားရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန်အတွက် လယ်ယာမြေသိမ်းယူမှု များကို ရန်ကုန်တိုင်းနှင့်မွန် ပြည်နယ်များတွင် လုပ်ဆောင်နေရာ ဒေသခံပြည်သူများက မကျေနပ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားမှုများနှင့် လည်း ရင်ဆိုင်နေရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အတွင်းမှ လယ်မြေ ဧက ၁၀၀၀ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူထားသည့်အတွက် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေး အတွက်ဟုဆိုကာ လယ်သမား ၇၀ ၀န်းကျင်က တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်းလည်း ဧရာဝတီ ကို ပြောဆိုထားသည်။

မူရင်းလင့်က ဒီမှာပါ။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံ ပြန်တင်ပြီ

၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် တတိယ အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့သော ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) သည် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က တရားဝင် နိုင်ငံရေးပါတီ တရပ်အဖြစ် ပြန်လည် ရပ်တည်ရန် မှတ်ပုံ ပြန်တင်လိုက်ပြီ ဖြစ်သည်။



ပါတီကို တည်ထောင်ခဲ့သူ ဥက္ကဌ ဦးစောမြအောင် (ကွယ်လွန်) နှင့် ဒေါ်အောင်ဆန်းစုကြည်


" နေပြည်တော်ကို ပါတီ တာဝန်ရှိသူတွေက မနေ့ မနက်က သွားရောက်ပြီး ပါတီကို ပြန်လည် မှတ်ပုံ တင်လိုက်ပြီ ဖြစ်ပါတယ်" ဟု ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

၎င်းပြင် ဦးအေးသာအောင်က " မနက် ၁၁ နာရီမှာ မှတ်ပုံတင်တယ်။ အခုတော့ သူတို့ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လာကြပြီ။ ပါတီအမှတ်သားတွေက အရင်အတိုင်းဘဲ။ ဒါပေမဲ့ ကော်မရှင်က ခွင့်ပြုချက်ကျမှ အလံနဲ့တံဆိပ်ကိုသိရမယ်။ တလလောက် ကြာမယ် ထင်တယ်" ဟု ဆက်ပြောသည်။

ကော်မရှင်မှ ခွင့်မပြုချက် မကျသေးသည့် ကြားကာလတွင် နိုင်ငံရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးအေးသာအောင်က ပြောသည်။

" မှတ်ပုံတင်မကျသေးတဲ့ ကြားကာလမှာတော့ နိုင်ငံရေးပါတီတရပ်အနေနဲ့ လုပ်လက်စအလုပ်တွေကို လုပ်နေ တယ်။ တခြား တိုင်းရင်းသားပါတီတွေနဲ့လည်း ဆွေးနွေးနေတယ်။ ဇိုမီး ကွန်ကရက် ပါတီကလည်း အခု ရက်ပိုင်း အတွင်းမှာ မှတ်ပုံတင်ဖို့ ပြင်ဆင်ပြီးသား ဖြစ်တယ်။ ရှမ်း တိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မှတ်ပုံ တင်ဖို့ ဆုံးဖြတ်ပြီးပြီ။ နောက်ပြီး မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ကလည်း မှတ်ပုံတင်မယ်။ နောက် ကချင်ပါတီ ကလည်း မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်တယ်။ အဲဒီပါတီတွေနဲ့ ပုံမှန်အစည်း အဝေးလုပ်ဖြစ်တယ်။ အေအယ်လ်ဒီ ပါတီအနေနဲ့လည်း ပုံမှန် အစည်းအဝေးရှိတယ်။ တနင်္ဂနွေနေ့တိုင်းလည်း လူငယ်တွေနဲ့ ဆွေးနွေးပွဲ တွေ လုပ်တယ်။"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၉ ခုစက်တင်ဘာ ၂၇ ရက်နေ့တွင် နာယက ဦး ဦးသာထွန်း၊ ဥက္ကဌ ဒေါက်တာ စောမြအောင်၊ ဒုဥက္ကဌ ဒေါက်တာ စံထွန်း၊ ဒုဥက္ကဌ ဦးအေး၊ အထွေထွေအတွင်းရေးမှူး ဦး အေးဖေ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်၊ ဗဟိုကော်မီတီဝင် ဦးလှစော ( ယခု ရတပ ပါတီ အတွင်းရေးမှူး) အပါအ၀င် ဗဟိုအလုပ်မှုဆောင် ၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ပါတီမှတ်ပုံတင်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ပါတီ ဗဟိုကော်မီတီ နေရာတွင် လူမပြည့်ဟု ဆိုကာ ရွှေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းပစ်ခဲ့သည်။


မူရင်းလင့်က ဒီမှာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းရဲ့ စည်းရုံးရေး ခရီးစဉ် (၃)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီခန့်အတွင်း မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာ ၊ ဘီအန်စီဝင်းအိမ်ရာ (ရုံးလေး) ၊ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်ရပ်ကွက်များသို့ သွားရောက်ခဲ့ကာ ပြည်သူများနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကို ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ ဟာသသရုပ်ဆောင် ကိုဖိုးဖြူလည်း ပါဝင်ခဲ့ပါတယ်။

ဒ်ါဖြူဖြူသင်းဟာ အာဏာပိုင်များရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား ဆေးဝါးကုသပေးမှုကို နှစ်အတန်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ လူမှုရေးဆောင်ရွက်မှုများကို ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ခဲ့သူ ဒေါ်ဖြူဖြူသင်းအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပါက ရွေးချယ်ခံရနိုင်ဘွယ် ရှိတယ်လို့ သုံးသပ်ပြောဆိုမှုများ ရှိနေပါတယ်။


Phyu Phyu Thin Campaign Trip


Phyu Phyu Thin Campaign Trip


Phyu Phyu Thin Campaign Trip


Phyu Phyu Thin Campaign Trip

မူရင်လင့်က ဒီမှာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းရဲ့ စည်းရုံးရေး ခရီးစဉ် (၂)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီခန့်အတွင်း မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာ ၊ ဘီအန်စီဝင်းအိမ်ရာ (ရုံးလေး) ၊ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်ရပ်ကွက်များသို့ သွားရောက်ခဲ့ကာ ပြည်သူများနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကို ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ ဟာသသရုပ်ဆောင် ကိုဖိုးဖြူလည်း ပါဝင်ခဲ့ပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ အာဏာပိုင်များရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား ဆေးဝါးကုသပေးမှုကို နှစ်အတန်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ လူမှုရေးဆောင်ရွက်မှုများကို ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ခဲ့သူ ဒေါ်ဖြူဖြူသင်းအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပါက ရွေးချယ်ခံရနိုင်ဘွယ် ရှိတယ်လို့ သုံးသပ်ပြောဆိုမှုများ ရှိနေပါတယ်။


Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip


မူရင်းလင့်က ဒီမှာပါ။

မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းရဲ့ စည်းရုံးရေး ခရီးစဉ် (၁)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီခန့်အတွင်း မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာ ၊ ဘီအန်စီဝင်းအိမ်ရာ (ရုံးလေး) ၊ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်ရပ်ကွက်များသို့ သွားရောက်ခဲ့ကာ ပြည်သူများနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ ဟာသသရုပ်ဆောင် ကိုဖိုးဖြူလည်း ပါဝင်ခဲ့ပါတယ်။

ဒေါ်ဖြူဖြူသင်းဟာ အာဏာပိုင်များရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား ဆေးဝါးကုသပေးမှုကို နှစ်အတန်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ လူမှုရေးဆောင်ရွက်မှုများကို ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ခဲ့သူ ဒေါ်ဖြူဖြူသင်းအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပါက ရွေးချယ်ခံရနိုင်ဘွယ် ရှိတယ်လို့ သုံးသပ်ပြောဆိုမှုများ ရှိနေပါတယ်။



Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip



မူရင်းလင့်က ဒီမှာပါ။

ဥရောပ ပါလီမန်မှာ ဒေါ်စု မိန့်ခွန်းပြောဖို့ ဖိတ်ကြားမည်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဥရောပ ပါလီမန်တွင် မိန့်ခွန်း မြွက်ကြားပေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ဥရောပ ပါလီမန် ကိုယ်စားလှယ်များက ပြောသည်။

ဥရောပ ပါလီမန်မှ ချီးမြှင့်သော ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ပါလီမန်ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်ကို ကိုယ်စားလှယ်များက သတင်းစကား ပါးမည်ဖြစ်သည်။

ဥရောပ ပါလီမန်အနေဖြင့် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုများအား ကြိုဆိုပြီး ဂျာမဏီ လွှတ်တော် အမတ် Werner Langen ဦးဆောင်သည့် ကိုယ်စားလှယ် ၁၁ ဦးသည် သမ္မတ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် အခြားလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။ ထို့ပြင် နေပြည်တော် လွှတ်တော်နှင့်လည်း တရားဝင် ဆက်သွယ်ရေးများ ထူထောင်ထားရှိရန် သွားရောက် လည်ပတ်ဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဥရောပသမဂ္ဂ EU ၏ အရေးယူ ပိတ်ဆို့မှုများအား ပယ်ရှားရန်အတွက် ဥရောပ ပါလီမန်က ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဆုံးဖြတ်ဖွယ်ရှိပြီး လူသားချင်း စာနာသည့် အကူအညီများလည်း ထပ်မံပေးဖွယ်ရှိနေသည်။

EU ဖွံ့ဖြိုးရေးမင်းကြီး Andris Piebalgs က မြန်မာနိုင်ငံ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများ အတွက် ဒေါ်လာသန်း ၂၀၀ ကူညီမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကြေညာခဲ့သည်။

သမ္မတ ဦးသိန်းစိန်က Andris Piebalgs နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အရေးပါသော အပြောင်းအလဲများ ဖြစ်နေသော် လည်း EU ပိတ်ဆို့မှုများ ရှိနေသည်ကို ထောက်ပြပြောဆိုခဲ့သည်။ Andris Piebalgs အနေနှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတမှုရှိပါက ပိတ်ဆို့မှုများလျှော့ချရေး ဆက်လက် ပြုလုပ်သွားမည်ဟု ပြန်လည် ပြောဆိုခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်စုကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ်စည်းရုံးရေး ဟောပြောရန်အတွက် နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများအနေဖြင့် ကြိုဆိုနှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆိုထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

“ကျနော်တို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်လေ။ လာတဲ့အခါကျရင် ဘယ်ဝန်ထမ်းမှ ထွက်မတွေ့ရဘူး။ နှုတ်ဆက်ဖို့လည်း မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ လုပ်ရမယ်လို့ ညွှန်မှူးက ပြောတယ်။ အားလုံးကလည်း သူ့ကြောက် တော့ မတွေ့ပါဘူးလို့ ပြန်ဖြေခဲ့ရတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရုပ်/သံ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြော သည်။

NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ စည်းရုံးဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တခါမှ မတွေ့ဖူးဘူး။ အင်တာနက်နဲ့ ဂျာနယ်တွေမှာပဲ တွေ့ဖူးတာ။ အရင်တော့ သူလာရင် သွားနှုတ်ဆက်မယ်။ သူ့ကို ကြည့်မယ်လို့ တွက်ထားတာပေါ့လေ။ ဒါပေမယ့် ကျမတို့ မကြည့်ပါဘူးဆိုပြီး ညွှန်မှူးကို ပြောခဲ့ပြီးပြီ” ဟု မြန်မာ့အသံ ဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“ရိုတ်ကူးရေး တာဝန်ကျတဲ့လူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့ခွင့်ရ တာပေါ့။ ကျနော်တို့ကတော့ ထွက်တောင် ကြည့်ခွင့် မရတော့လေ။ ဒီလိုပဲ ဝန်ထမ်းဆိုတော့လလည်း အထက်ကို မလွန်ဆန်နိုင်ဘူးပေါ့” ဟုလည်း အခြားဝန်ထမ်းတဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက်ရိုတ်ကူးရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ သေးသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက်ဟောပြောရမည် ဖြစ်သည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ လူထုပရိသတ် လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက် သည်။

မူရင်းလင့်က ဒီမှာပါ။

ကက်ပဲဆစ်တီး ပြည့်အောင်လုပ်ကြပါ … တဲ့

မြန်မာလူမျိုးရဲ့ မင်တယ်လတီက မှန်းရခက်တယ်။ အာဏာရှင်ခေတ်အဆက်ဆက် ခံနိုင်သရွေ့ ငုံ့ခံတယ်။ မခံနိုင်တဲ့တနေ့ ငှက်ကြီးတောင်ဓားဆွဲခုတ်တော့တာပဲ။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတဲ့ ပက်တန်မရှိ။ ၂၀၀၂ နောက်ပိုင်းကစပြီး တနှစ်ထက်တနှစ် မြန်မာနိုင်ငံမှာ စီးပွားကျပ်လာတယ်။ နိုင်ငံရေးကလည်း ထွက်ပေါက်မရှိ (ခုလည်း မရှိသေးပါ)။




ဒီတော့ စားဝတ်နေရေးကျပ်တည်းမှုဒဏ် မခံနိုင်တဲ့လူတွေ လမ်းပေါ်ထွက်လာမှာကို အတိုက်အခံဘက်က စိုးရိမ်ခဲ့တယ် (စစ်အစိုးရလည်း စိုးရိမ်ခဲ့တာပဲ)။ လမ်းပေါ်ထွက်စေချင်သူတွေကလည်း လှုံ့ဆော်ခဲ့တာပဲ။ ဒါပေမယ့် ဘာကြောင့် ပြည်သူတွေ (၈၈ နောက်ပိုင်း) လမ်းပေါ် မထွက်ခဲ့သလဲဆိုတာ ဘယ်နိုင်ငံရေးသမားမှ မပြောနိုင်ဘူး။ အစိုးရဖိနှိပ်မှုကြောင့် အကြောက်တရားရသွားလို့လား။ စားဝတ်နေရေးက အဆင်ပြေနေလို့လား။ ဘယ်သူမှ အသေအချာမသိဘူး။

ခုလည်း တချို့က ပြောပြန်ပြီ။ ဒီမိုကရေစီက လက်တကမ်းမှာတဲ့ (ဥပမာ - ဘိုဘိုကျော်ငြိမ်း ဆောင်းပါး)။ ဒေါ်စုက ဦးသိန်းစိန်ကို ယုံတယ်ဆိုတဲ့ စကားတခွန်းကြောင့် ဦးသိန်းစိန်အစိုးရ အတော် အသက်ရှူချောင်သွားတယ်။ လက်ဂျီတီမေစီ လိုတာထက် ပိုရသွားတယ်။ အနောက်အုပ်စုတွေက လူလိုသူလို ဆက်ဆံလာတယ်။

ဒါတောင် ဒေါ်စုကို ယုံပါတယ်လို့ သမ္မတဦးသိန်းစိန်က ခုထိ တခွန်းမပြောသေးတာ သတိထားသင့်တယ်။ ပြောမှာလည်း မဟုတ်ပါ။ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှု အထစ်အငေါ့တွေ ကြည့်ရင် ဒေါ်စုကို ရန်သူလို့ လက်ရှိအစိုးရက သဘောထားဆဲဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်။

အမှန်တော့ အစိုးရဘက်က ဒေါ်စုနဲ့ အန်အယ်လ်ဒီအပေါ် (အရင်ဆရာသမား စစ်အစိုးရအတိုင်း) ရန်သူကို ရန်သူလို့ သဘောထားတုန်းပဲ။ ရှင်းတယ်။ ပြတ်တယ်။ မရှင်းတာ မပြတ်တာ ကိုယ့်ဘက်က ...။

လူတွေ လမ်းပေါ်တက်တာ မတက်တာ ဘယ်သူမှ ဖန်တီးလို့မရ။ တားလို့မရတဲ့ကိစ္စ။ ဟောကြည့် ... ခေတ်က ပြောင်းပြန်။ ခုကျတော့ လူတွေ လမ်းပေါ်ထွက်မှာကို သမ္မတတို့ အစိုးရတို့ထက် ပိုစိုးရိမ်တဲ့ လူတန်းစားသစ် ပေါ်လာတယ်။ တခြားမဟုတ်။ ရန်ကုန်က ဂျာနယ်ပိုင်ရှင်တချို့ ဖြစ်တယ်။ ဆန္ဒြုပမယ့်သူတွေကို သဟောက်ဟမ်း လုပ်သူကလုပ်။ အားလုံးကောင်းကြလေသတည်း ဆောင်းပါးမျိုးတွေနဲ့ သမ္မတကြီးကို မြှောက်ပင့်သူက မြှောက်။ သူတို့လို လူတန်းစားသစ်အတွက် စကားသစ်တောင် ပေါ်လာတယ်။ ဂျာနယ်သူကြီးတွေ ... တဲ့။

လူတွေကလည်း လူတွေပဲ။ နာမည်ကြီးပြီဆိုတာနဲ့ လိုက်တုကြတာ။ ပစ္စည်းလိုက်တုတာက တော်သေးတယ်။ လူကို လိုက်တုတာကျတော့ လွန်တယ်။

ဒေါ်စု နာမည်ကြီးပဟေ့ ဆိုတော့ ဒေါ်စုဒီဇိုင်းက ခေတ်ထလာတယ်။ ခုတလော ဒေါ်စုကလည်း အ၀တ်အစားကို မော်ဒယ်တွေ ရှုံးအောင် ဖက်ရှင်အမျိုးမျိုး ၀တ်ပြတော့ လိုက်တုကြတယ်။ ဒေါ်စု ၀တ်တဲ့ အဆင်ဒီဇိုင်းဆိုရင် ဈေးပိုပေးရသတဲ့။ ဆရာစောကလည်း ဒီမိုကရေစီရေးကို ယုံကြည်သူဆိုတော့ ဂျာနယ်ဖတ်တဲ့ တူမတွေကို မေးရတယ်။ ဟဲ့ ... နင်တို့ ဒေါ်စု ဘာတွေပြောသလဲ မှတ်ထားကြရဲ့လား ဘာလားပေါ့။ နှမ်းဖြူးကြည့်တာ။ အဲတော့ တူမတွေက ပြန်ဖြေတယ်။ သူပြောတာတွေ နားမလည်ပါဘူး။ ကြည့် ... အန်တီစု ၀တ်ထားတာ တနေ့တမျိုး ဘယ်လောက်လှသလဲ ... တဲ့။ ဒေါ်စု ကလေးချီပြတော့ တချို့က လူကြားထဲ ကလေးချီပြတာ ခေတ်စားလာတယ်။ ဒေါ်စု တိုင်းရင်းသားဝတ်စုံဝတ်တော့ တချို့က (သူတို့နဲ့ မလိုက်လို့ ကြည့်မကောင်းပေမယ့်) တိုင်းရင်းသားဝတ်စုံတွေ တုဝတ်ပြလာတယ်။ ဒေါ်စု သောက်တဲ့ ၀မ်းနှုတ်ဆေးတောင် သိရင်ဝယ်သောက်နေမလားမသိ။

၉၀ ခုနှစ်များ အစောပိုင်းတုန်းကတော့ တမျိုး ...။

၉၀ ခုနှစ် အစောပိုင်းမှာ ဒေါ်စုက ခုလို စည်းရုံးရေးခရီးထွက်တယ်။ ဒီမိုကရေစီအကြောင်း အာပေါက်အောင် ပြောတယ်။ သူနဲ့ ပါသွားသူတွေက ပရိသတ်ထဲက ဖက်ဆေးလိပ်နဲ့ အသက် ၈၀ တန်း အဖွားကို မေးတယ်။ အဖွား ဒီမိုကရေစီအကြောင်း သဘောပေါက်ပလားပေါ့။ အဖွားက ဆေးလိပ်ဖွာရင်း ပြောတယ်။ ဗိုလ်ချုပ်သမီး ချောပါ့တော် ... တဲ့။

ပခုက္ကူနယ်ဘက်ကျတော့တမျိုး ...။ ဒေါ်စုကို မြင်ဖူးပေမယ့် နိုင်ငံရေး ဘာမှနားမလည်တဲ့ ခပ်စွာစွာ အန်အယ်လ်ဒီအမျိုးသမီးတဦးက ပခုက္ကူနိုင်ငံရေးသမားတချို့ကို အဲဒီတုန်းက ပညာပေးတယ်။ နိုင်ငံရေးလက်ချာတော့မဟုတ်။ ကြည့်ထား ... ကျမ ထဘီဝတ်ထားတာက ဒေါ်စု ၀တ်သလို ၀တ်ထားတာ … တဲ့။ ဟိုဆရာတွေခမျာ ဒေါ်စုလည်း မမြင်ဘူး၊ ဒေါ်စု ထဘီဝတ်တာ ဒီမိန်းမ ၀တ်ပြသလို ဟုတ်မဟုတ်လည်း မသိ ဆိုတော့ ဒေါ်စုလို ထမီဝတ်ထားတယ်ဆိုတဲ့ မိန်းမကိုယ်ပဲ ဒေါ်စုလို့ အောက်မေ့ပြီး ဆရာတင်ခဲ့ရသတဲ့။ ဘိုဘိုကျော်ငြိမ်းစကားနဲ့ ပြောရရင် လူတွေကိုက ကက်ပဲဆစ်တီးမှ မပြည့်တာ ...။ အီဗော်လူးရှင်းဆိုတာ ဝေးရော့ ...။

ဒေါ်စု ရှိနေတုန်းတော့ လူတွေ တရုံးရုံးနဲ့ ကြည့်လို့ကောင်းတယ်။ စေတနာတကယ်ကြီးမားတဲ့ ခေါင်းဆောင်ဆိုတာလည်း မှန်တယ်။ ခုတောင် သူအမတ် ဖြစ်မဖြစ် မသေချာသေး။ ဖြစ်ရင်ကော ဆက်ပြီး အသက်ရှင်ခွင့်ပေးပါ့မလား။ ပူကြရတယ်။ သူယုတ်မာတွေ အစိုးရခေါင်းဆောင်ဖြစ်နေလို့ ပူရတာ ...။

ကဲ ... နက်ဖြန်သဘက် ဒေါ်စု မရှိရင် ဒီမိုကရေစီရအောင် ဘာဆက်လုပ်မယ်လို့ ပြင်ထားသလဲ။ ဘယ်သူက ဒေါ်စုလို ခေါင်းဆောင်နိုင်မလဲ။ ဒေါ်စု မရှိလည်း ဒီမိုကရေစီက လက်တကမ်းပဲလား။

ဒေါ်စု မရှိတဲ့နောက်ပိုင်း အန်အယ်လ်ဒီကို ဘယ်ခေါင်းဆောင်က စုစည်းမလဲ အရေးကြီးတယ်။ ဂျီစီဘီအေ ကွဲတဲ့အခါ ရေဦးဆရာတော်ကြီး သြ၀ါဒစရိယခံ ဂျီစီဘီအေ၊ သက်ပန်းဆရာတော်ကြီး သြ၀ါဒစရိယခံ ဂျီစီဘီအေ၊ စိုးသိန်း ဂျီစီဘီအေ၊ ဦးပုဂျီစီဘီအေလိုမျိုး မဖြစ်ရင်ပဲ တော်လှပြီ။ ကက်ပဲဆစ်တီး ဘစ်လဒင်း လုပ်ကြပေါ့ ... တဲ့။ ကက်ပဲဆစ်တီး မပြည့်ရင် အီဗော်လူးရှင်းကို နားမလည်ဘူး ... တဲ့။ ဆရာစောလည်း ကက်ပဲဆစ်တီး ဆိုတာကြီးကို ဘာမှန်းမသိတော့ အီဗော်လူးရှင်းဆိုတာ ဝေးရော ...။

နိုင်ငံရေးမှောင်ရီပျိုးချိန်မှာ ပြည်သူကို ကက်ပဲဆစ်တီး ပြည့်အောင် ဆရာလုပ်ချင်သူတွေ ကယ်ချင်သူတွေ သိပ်များတယ်။

ရွှေကြာပင်ပညာရှင်ဆိုတာ အောတိုက်လို့။ လက်သင့်ရာ ဂျာနယ်တွေကလည်း ကိုယ်နဲ့ အလွမ်းသင့်တဲ့ လူတွေ ၀င်ခလုတ် ထွက်ခလုတ် လုပ်တိုင်း အလံရှူးလုပ်ပြီး ကိုယ့်ဂျာနယ်ကနေ ကြော်ငြာပေးကြ …။ ပြည်ပကို ကိုယ်သွားတုန်းက စောင့်ရှောက်ဖူးတဲ့ ကျေးဇူးစား ကျေးဇူးခံ မာစတာပညာရှင်မျိုးလာရင် မသိမသာ (သိသိသာသာ ဖြစ်နိုင်) ကိုယ့်ဂျာနယ်မျက်နှာဖုံးက တင်ပေးကြ။ ဓာတ်ပုံကြီးကြီး ထည့်ပေး။ ချက်ချင်းလာလို့ မရသေးသူ (ခုတော့ လာလို့ရပြီ) တချို့ကလည်း အလွမ်းသင့်တဲ့ ရန်ကုန်ဂျာနယ်ကို ဘန်ကောက်ထိ စရိတ်ခံ ခေါ်ပြုစု။ ဂျာနယ်ပိုင်ရှင်က သူ့ဂျာနယ်ကနေ နေရာကောင်းပေး သူကောင်းပြန်ပြု။ Log rolling နေလိုက်တာကြတာ ဟန်ကိုကျလို့ ...။

အဲ ... ကိုယ်နဲ့ အလွမ်းမသင့်သူ ပညာရှင်တွေ လေဆိပ်ရောက်ပြီဆိုရင် အချွန်နဲ့မတဲ့ သတင်းမျိုး ရေးရင်ရေး ဒါမှမဟုတ် ဒီသတင်းမှောင်ချထား။ ဘယ်လောက်ကောင်းလဲ။ အို ရန်ကုန်လေဆိပ်ဆိုတာ ဘင်သံတဒုံးဒုံး ကင်မရာမီးရောင်တွေ တ၀င်းဝင်းနဲ့။ လေဆိပ်နဲ့တောင် မတူဘူး။ စီးပွားဖြစ်ဗျူးဆရာတွေ ဘယ်လောက်များသလဲဆိုတာ ...။

ပြည်သူတွေကို ကယ်မယ့်သူတွေထဲမှာ ကက်ပဲဆစ်တီး ဂရန့်မာစတာ ဆရာကြီးတွေလည်း ပါသတဲ့။ အနောက်နိုင်ငံတွေမှာ Grant Master ခေါ် ဘွဲ့အတွက် ပညာသင်ဖို့ ငွေအလကာပေးတဲ့ အဖွဲ့အစည်းရှိလို့ ဘုရားစူး မာစတာဘွဲ့တခု ရသွားသူ ရွှေမြန်မာတွေထဲမှာ (ဘ၀င်လေဟပ်နေပေမယ့်) အင်္ဂလိပ်လို တမျက်နှာတောင် ဖြောင့်အောင် မရေးတတ်သူတွေလည်း ပါသတဲ့။ ဒီလို မာစတာဆရာတွေက ခု မြန်မာပြည်သူတွေကို အလုအယက် ကက်ပဲဆစ်တီးမြှင့်ပြီး ကယ်ချင်နေသတဲ့။

ဘိုဘိုကျော်ငြိမ်းတို့လို အင်္ဂလိပ်စာ တကယ်တတ်သူတချို့ကလည်း ရန်ကုန်သွားပြီး လွှတ်တော်မှာ နေရာရရင် လုပ်ချင်တယ်လို့ ရန်ကုန်လေဆိပ်ရောက်တာနဲ့ ဟန်တောင်မဆောင်နိုင်ဘူး။ ပေါ်တင် မျက်စပစ်ပြတယ် (ခင်ညွန့်လက်ထက်ကလည်း အလားတူ ပြောခဲ့တာပဲ)။

ခေတ်ကိုက နိုင်ငံရေးဗိန္ဒောဆရာတွေ များတဲ့ခေတ်ဆိုတော့ ဒေါ်စုတောင် ပြည်သူတွေ ကယ်ဖို့ နေရာရပါ့မလား စိတ်ပူနေရတယ်။

အော် ... ဒင်းတို့လို ရွှတ်-ရှက်-ဒွတ်-ဒက်တွေ မလုပ်တတ်တဲ့ လူထုကြီးကတော့ ကိုယ့်အရပ်ဒေသ ဘယ်သူလာလာ ဖက်ငိုကြရ။ ပန်းကုံးစွပ်ရ။ ဖက်နမ်းပြရ။ လိုချင်တာကို မျက်လုံးနဲ့ ပြရ။ မျက်ရည်စနဲ့ ပြရ။ ၈ တန်းသာရှိတဲ့ စုစုနွေးကိုတောင် ဒေါ်စုနဲ့ တတန်းတည်းထား အားကိုးမိကြ။ အရေးကြီးတာ ဒီမျက်လုံးတွေ မျက်ရည်စတွေကို ကိုယ်လိုချင်သလို အဓိပ္ပာယ်ကောက် မလွဲဖို့ အရေးကြီးတယ်။

သူတို့မျက်လုံးတွေ ကြည့်ရတာ ခေါင်းဆောင်တွေဆီက ဘာမှန်းမသိတဲ့ ကက်ပဲဆစ်တီး ဆိုတာကြီးကို မျှော်လင့်နေတာတော့ မဟုတ်တန်ဘူးထင်တယ်။ အင်ဂျီအိုနိုင်ငံရေး ဗိန္ဒောဆရာတွေအလှည့်ပြီးရင် လူနာလည်း အသက်ငင်တော့မှာမို့ ဒီတော့မှ ဆရာဝန် ပင့်ကြရမယ်ထင်ပါရဲ့။ ကက်ပယ်ဆစ်တီး မြှင့်ကြအောင်တဲ့။ နားတောင် ကလောတယ်။

ပြောနေတုန်း ဗိုလ်ချုပ်အောင်ဆန်းကိုတောင် မဆီမဆိုင် သိပ်သနားမိတယ်။ သင်းတို့ ပြောတဲ့ ကက်ပဲဆစ်တီး ဘစ်လဒင်း ဆိုတဲ့ ဂါထာမရွတ်မိဘဲ အသေစောသွားလို့ ...။ ။

ဆရာစော (တပေကုလား)
(Swe Swe Kyi's Facebook မှ ...)

ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)

ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။




ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။ လက်တွေ့လည်း ပါရပါမည်။

လေ့လာပုံမှာ ...

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)
(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)
(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)
(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)
(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)
(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။

“ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ ၀င်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။ ရောဂါဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။ ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော “လှေကလေးကို လှော်မည် ... ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ တတိယကမ္ဘာမှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။”

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)

ဆင်းရဲမွဲတေမှုမှာ ရောဂါနှစ်ခုကို ယှဉ်တွဲခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆင်းရဲခြင်းသည် ရောဂါစစ်စစ်ဖြစ်ပြီး မွဲတေမှုမှာ ပျင်းရိမှုကြောင့်ဖြစ်သော ရောဂါအတုဖြစ်သည်။ ဥပမာ - အကျီနှစ်ထည်သာ ရှိသူသည် မပျင်းမရိနှင့် လျှော်ဖွတ်ဝတ်ဆင်ပါက မွဲတေနေစရာမရှိပါ။ ဆင်းရဲလို့ဆိုပြီး တေတေပေပေ အရက်သောက်နေပါကလည်း မွဲတေနေပါမည်။ ဆင်းရဲခြင်းကိုသာ ဦးစားပေး ဖွင့်ဆိုအပ်ပါသည်။

၁။ တရက်မှာ ပိုက်ဆံ ကျပ် ၁,၀၀၀ မရပါက ဆင်းရဲသည်။
၂။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရပါက ဆင်းရဲသည်။
၃။ ညံ့ဖျင်းသော ပညာရေး ရရှိနေပါက ဆင်းရဲသည်။
၎။ နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ခံထားရပါက ဆင်းရဲသည်။
၅။ မိမိဆန္ဒများကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်ခွင့် ဆုံးရှုံးနေပါက ဆင်းရဲသည်။
၆။ တောင်းဆိုဆန္ဒပြနိုင်ခွင့် မရှိပါက ဆင်းရဲသည်။

အခု အများစု ဆွေးနွေးနေသည်မှာ Income-based issue များသာ လွှမ်းမိုးနေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါသည်။ အမှတ်စဉ် ၄ လောက်အထိသာ ဆွေးနွေးနေပြီး အမှတ်စဉ် ၅ နှင့် ၆ များမှာ ပေါ်ပေါ်ထင်ထင် မရှိလှ။

(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)

- ပိုက်ဆံ မလောက်ငှ၍ အမြဲ စိတ်ပူပန်နေရသည်။
- အလှူခံလာရင် ထွက်ပြေးချင်စိတ်ပေါက်နေသည်။
- ကျပ် ၅,၀၀၀ တန် ဖုန်းရမည် သတင်းကြားက ပျော်ရသည်။
- အလှူပွဲများရှိက အပြေးသွားမည်။
- နာရေးရှိက ကူမည့် လူကို မျှော်ရသည်။
- ဆေးရုံ၊ ဆေးခန်း မသွားရဲပါ။
- ချဲဂဏန်း အိပ်မက်ရက ပြေးထိုးချင်သည်။
- လူကြားထဲ ရဲရဲ မသွားရဲ။
- Supermarket အထဲ မ၀င်ရဲ။
- နိုင်ငံခြားသွား ပိုက်ဆံရှာချင်စိတ်ပေါက်နေသည်။
- လိမ်ညာစားချင်စိတ်ပေါက်နေသည်။
- အစိုးရမကောင်းလို့ဟု ထင်မြင်ကာ အစိုးရ ကောင်းသောအရာများ လုပ်နေသည်ကို မကောင်း အမြဲထင်နေသည်။
- တပွဲထိုး စီးပွားရေးပွပေါက်များကို ချောင်းမြောင်းနေတတ်သည်။
- ဒီမိုကရေစီရမှ ချမ်းသာမည်ဟု အထင်အမြင် မှားနေတတ်သည်။
အချုပ်ဆိုပါက စိတ်ပိုင်းရုပ်ပိုင်း ပျက်ယွင်းပြီး အရာရာကို အကောင်းမမြင်နိုင်ကာ စိတ်ပိုင်းရုပ်ပိုင်း ကျဆင်းနေခြင်းလက္ခဏာများကို ပေါင်းရုံးထားခြင်းဖြစ်သည်။ ပိုမိုသိရှိသော မိတ်ဆွေဆရာဝန်များမှာ ရောဂါလက္ခဏာများကို ထပ်ချဲ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)

၁။ အစိုးရများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
၂။ စစ်ပွဲများဖြစ်ပွားနေခြင်း
၃။ တရားဥပဒေစိုးမိုးမှု မရှိခြင်း
၎။ လူ့အခွင့်အရေးများ ဆုံးရှုံးနေခြင်း
၅။ မေတ္တာတရား ခေါင်းပါးနေခြင်း
၆။ လူမှန်နေရာမှန် မရှိခြင်း
ရ။ နည်းပညာ အားနည်းခြင်း
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)

လူတယောက်ချင်း ဆင်းရဲမှုမှသည် လူအများ ဆင်းရဲလာကာ ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားပါက တတိုင်းတပြည်လုံး ဆင်းရဲသွားနိုင်သည်။ ဆင်းရဲသားတွေမှာ သေမထူးနေမထူး စိတ်ထားဝင်လာပါက နိုင်ငံတွင် ဆူပူရမ်းကားမှုများ ပြုလုပ်ခြင်းကြောင့် တိုင်းပြည် ဆင်းရဲတွင်း ပိုနစ်တတ်သည်။ နောက်ဆုံး အာဏာရှင် ပေါ်ပေါက်လာကာ ပိုဆိုးသော သံသရာဝဲဂယက်အထဲ ကျရောက်တတ်သည်။

(၅) ဆင်းရဲခြင်းရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)

ရောဂါရာဇ၀င် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းများကို တဦးယောက်တည်း ပြုလုပ်ပါက ရူးသွားနိုင်သည်။ စုပေါင်းမေးမြန်း စမ်းသပ်မှသာ ရောဂါကို ဖော်ထုတ်၍ ရမည်။

(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)

ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများနှင့် စပ်ဟပ်ကာ အနက်အဓိပ္ပာယ်များထဲမှ တခုပါပါက ဆင်းရဲခြင်း ရောဂါဆိုပြီး သတ်မှတ်နိုင်ပါသည်။

(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အလုပ်အကိုင် အခွင့်အလမ်း တိုးပွားကာ လစာတိုး လုပ်ခတိုးခြင်း ဆိုသော ဆေးမြီးတိုနှင့် ဆင်းရဲခြင်းရောဂါ လုံးဝမပျောက်နိုင်ပါ။

- အဆင့်မီ ခေတ်မီပညာရေးဆိုသော ဆေးခါးကြီး။
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုသော မေတ္တာဆေးတော်။
- နိုင်ငံသားတိုင်းကို နိုင်ငံရေးဖြစ်စဉ်အထဲ ပါဝင်ခွင့်ပြုခြင်းတည်းဟူသော မုဒိတာဆေးကြီး။
- သတင်းစာမီဒီယာများကို ဦးစားပေးသော အမြင်ကျယ်ဆေး။
- လူထု၏ တောင်းဆိုဆန္ဒပြမှုများကို နားလည်ခံစားပေးတတ်သော စာနာမှုဆေးကောင်း။

... စသည့် ဆေးများအပြင် ရောဂါဖြစ်ရခြင်း အကြောင်းရင်းများကို ရှာဖွေကုသပါမှ ဆင်းရဲခြင်းရောဂါ အမြစ်ပြတ်မည်။

၁။ တကယ့် Clean Government နှင့် စစ်မှန်သည့် Good Governance ဖော်ဆောင်ခြင်း။
၂။ မှန်ကန်သောနည်းလမ်းဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခြင်း။ စားဖားညီညွတ်ရေးထက် တိုင်းရင်းသားများ၏ တကယ့်ညီညွတ်ရေးကို ဖော်ဆောင်ခြင်း။ တိုင်းရင်းသား (ဗမာ အပါအ၀င်) များ၏ အသံကို အလေးထား နားထောင်ခြင်း။
၃။ တရားဥပဒေ အထက်၊ အရှေ့၊ အနောက်တွင် မည်သူမှ ရှိမနေရန် ဆောင်ရွက်ခြင်း။ ပြည်သူအကျိုးရှိမည့် ကိစ္စရပ်များကို ဥပဒေမရှိသေးဟု ငြင်းပယ်ခြင်းများကို ရပ်ဆိုင်းခြင်း။
၎။ လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများကို လေးစားခြင်း။
၅။ မေတ္တာတရား ထွန်းကားအောင်နေကြခြင်း။
၆။ လူမှန်နေရာမှန် ထားပေးခြင်း။
၇။ နည်းပညာ အားနည်းနေမှုများကို အားကောင်းလာအောင် ကြိုးစားဆောင်ရွက်ခြင်း။
... စသော ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ကုသရမည်။ Public health doctors များ ပိုမိုသိရှိလိမ့်မည်။

ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ ၀င်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။ ရောဂါဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။ ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော “လှေကလေးကို လှော်မည် ... ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ တတိယကမ္ဘာမှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။

လမ်းကတော့ ကြမ်းသည်။ မလိုက်နိုင်သူများ နေခဲ့ရမည်။ ၀ိုင်းဝန်းဆွေးနွေး အကြံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျနုပ်တို့ ဆင်းရဲခြင်းရောဂါကို စုပေါင်းကုကြရအောင်။ ကုသပုံ နည်းလမ်းများကို တင်ပြပေးကြပါရန်။ အစိုးရချည်း အားမကိုးဘဲ ရှာဖွေကြပါစို့။ ဆရာဝန်တွေ ကုနိုင်ပါသည်။ စီးပွားရေးသမားတွေကတော့ စီးပွားရေးတိုးတက်တာတခုတည်းကို ဦးစားပေးနေတာ တွေ့နေရသည်။ စီးပွားရေးတိုးတက်တာ တခုတည်းနဲ့ ဆင်းရဲခြင်းမလွတ်နိုင် ...။

ထို့ကြောင့် ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ကြပါစို့ ...။

လေးစားယုံကြည်စွာဖြင့် ...

တင့်ဇော်

မူရင်းလင့်က ဒီမှာပါ။