Monday, February 27, 2012

SSA-S နှင့် အစိုးရတပ် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိထားပြီးဖြစ်သော ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S နှင့် အစိုးရတပ်များအကြား မြို့နယ် ၆ ခုအတွင်း တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွားနေကြောင်း SSA-S ထံမှ သိရသည်။

နိုဝင်္ဘာ ၆ ရက်နေ့မှစတင်ကာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပြင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းပန်၊ ကျောက်မဲနှင့် သီပေါ မြို့နယ်များ အတွင်း ရှမ်းတပ်ရင်း တပ်ဖွဲ့များကို အစိုးရတပ်များက ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းခြင်းများ ပြုလုပ်ခိုင်း ရာမှ ခုခံတိုက်ပွဲများ စတင်ကာ ကြာသပတေးနေ့ထိ ဖြစ်ပွားခဲ့ရကြောင်း SSA-S ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။

“ကျနော်တို့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ပုံစံက SSA ရောက်ရှိတဲ့ နေရာတွေမှာ အပစ်အခတ် ရပ်စဲမယ်။ ပြည်သူလူထုနဲ့ အတူနေမယ်။ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပြည်သူလူထုရဲ့ ကောင်းရာ ကောင်းကျိုးတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ ပြောထားတာပါ။ ခုကျတော့ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုဘက်သွားခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ဟိုမှာမနေရဘူး ဒီမှာမနေရဘူးဆိုပြီး ဖိနှိပ်ချုပ်ခြယ် လာတယ်ဆိုတော့နှစ်ဘက်တပ်တွေ ပြဿနာဖြစ်လာတာပါခင်ဗျ” ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က မဇ္ဈိမကို ပြောသည်။



shanpeace

ပြည်နယ်အဆင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကိုယ်စားလှယ် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ကျောက်မဲမြို့နယ်တွင် အခြေစိုက်သည့် အစိုးရတပ် ခလရ ၂၃ က နယ်မြေ ရွှေ့ပြောင်းရန် အမိန့်ပေးခြင်းကို လက်မခံ၍ ဆိုကာ SSA တပ်မှ ဒုဗိုလ်အဆင့်ရှိ တပ်အရာရှိတဦးကို ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အောက်ခြေတပ်များ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ သူက ဆက်ပြောသည်။
SSA-S အနေဖြင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီး တပါတ်အတွင်း ၎င်းတို့တပ်များအတွင်းရှိ တပ်မှူး၊ တပ်သားများ အားလုံးကို အပစ်ရပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ယခုပစ်ခတ်မှုများတွင် အစိုးရတပ်များဘက်က စစ်ရေးအရ စတင် ဖိအားပေးမှုများကြောင့် ခုခံတိုက်ခိုက်ရကြောင်း ရှမ်းတပ်ဘက်က အပြောအရ သိရသည်။

အစိုးရ တပ်များဘက်က တိုက်ခိုက်လာမှုနှင့်ပတ်သက်၍ SSA-S က ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်းရာ အောက်ခြေတပ်များ အနေဖြင့် အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကို နားလည်မှု လွဲခြင်းဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား သဘောထားတူညီမှု ရှိမရှိကို SSA-S အနေဖြင့် သံသယရှိနေသည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးကို အကောင်းမြင်ခဲ့တဲ့အတွက် ကျနော်တို့အနေနဲ့ အစိုးရနဲ့ လက်တွဲပြီးတော့ လက်မှတ် ရေးထိုးဖြစ်တာပါ။ ငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့ကလည်း လိုလားပါတယ်။ အစိုးရကလည်း လိုလားတဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် အခု ပြဿနာ တက်နေတာက တပ်မတော် ဖြစ်ပါတယ်ခင်ဗျ။ အောက်ခြေက တပ်တွေဆိုရင် ဒီအကြောင်းကို သိပ်ပြီးတော့ နားမလည်တာမျိုး ရှိပါတယ်” ဟု ဟု ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။

နှစ်ဘက် တိုက်ပွဲများဖြစ်ရသည့် အကြောင်းရင်း အချက်အလက်ကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ပေးရန် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းထံ လိပ်မူကာ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က စာရေးသား ပေးပို့ထားကြောင်း သူက ဆက်ပြောသည်။

SSA-S အနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးတံခါး မပိတ်မချင်း ကြိုးစားဆောင်ရွက်လိုသည့် ဆန္ဒရှိသလို အစိုးရဘက်ကလည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆထားသည်ဟု ဆိုသည်။

“ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ အစိုးရရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ တပ်မတော်ရဲ့ သဘောထားအပေါ် မှာလည်း မူတည်ပါတယ်။ သူတို့က စိတ်စေတနာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်လိုတယ်ဆိုရင်တော့ သူတို့လက်ရှိ ဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကလည်း အောင်မြင်သွားမှာပါလို့ ကျနော်တို့ဘက်က ယုံကြည်ပါတယ်” ဗိုလ်မှူး စိုင်းလောင်စိုင်း က ပြောသည်။




ssas

ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တပ်များ လွယ်တိုင်းလျန်းတွင် စစ်ရေးဟန်ပြနေစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုအဆင့်အဖြစ် ဇန်နဝါရီ ၁၆ ရက်နေ့က မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA-S တို့အကြား အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို လက်မှတ် ရေထိုးနိုင်ခဲ့ကြသည်။

ထိုအထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံး များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်းအချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။

ဒုတိယအဆင့် ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက် တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဘက်တပ်များ ဆုတ်မပေးလိုကြသဖြင့် ယင်းအချက် ဆွေးနွေးရာတွင် ဆွေးနွေးချိန် ကြန့်ကြာမှု ဖြစ်ခဲ့သေးသည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီး ရွက်ဆစ် က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေး နှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်း အချို့ နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာ လက်ထက် တွင် MTA သည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

မူရင်းလင့်က ဒီမှာပါ။

အမျိုးသားများ မ၀င်ရ၊ အဆိုတော်ရဲ့ ဒုက္ခ

အမျိုးသားများ မ၀င်ရ
အမျိုးသား ခရီးသည်များ ၀င်ခွင့်မရတာကတော့ အမျိုးသမီး ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဘတ်စ်ကား ကျပ်ကျပ်တွေကြောင့် စိတ်ညစ်နေရတဲ့ ရန်ကုန်မြို့နေအမျိုးသမီးများအတွက် သီးသန့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေပါ။





အမျိုးသမီးခရီးသည်တင် ဘတ်စ်ကား (ဓာတ်ပုံ - 7 Day သတင်းဂျာနယ်)

မိန်းမဘတ်စ်ကားလို့ တချို့က အမည်ပြောင် ပေးထားတဲ့ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေကို ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ကစပြီး စမ်းသပ် မိတ်ဆက်ရာကနေ တနင်္လာနေ့မှာတော့ ပုံမှန်ပြေးဆွဲမှုကို အစပြုခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်မြို့နေ့ အမျိုးသမီးတွေ ရုံးတက်ရုံးဆင်း၊ ကျောင်းတက်ကျောင်းဆင်းမှာ ဘတ်စ်ကားကျပ်တဲ့ ဒုက္ခက ကင်းဝေးအောင်၊ သီးသန့်လေး စီးနင်းနိုင်အောင် စေတနာ၊ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ပါရမီ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ ဌာနခွဲမှူးတဦးက ဧရာဝတီကို ပြောပါတယ်။

ဒီကားတွေကို ရုံးဖွင့်ရက်တွေမှာပဲ၊ ပြီးတော့ ကား အထူးကျပ်တဲ့ ရုံးတက် ရုံးဆင်းချိန်မှာပဲ တွေ့ရမှာပါ။

အဓိပတိ အပြာ၊ အနီ၊ အ၀ါ၊ ၁၇၆၊ ၁၇၇ ဆိုတဲ့ ယာဉ်လိုင်းတွေမှာ အမျိုးသမီး ခရီးသည်တင် ဘတ်စ်ကားတွေ ရှိနေပါပြီ။ အရေအတွက်က အများကြီးတော့ မဟုတ်ပါဘူး၊ တလိုင်းကို နှစ်စီးနှုန်းနဲ့ ဆယ်စီးပြေးဆွဲနေတာပါ တဲ့။

ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံနေရတာတွေဟာ အမျိုးသမီး ခရီးသည်များ နေ့စဉ်နဲ့အမျှ တွေ့ကြုံ ခံစားနေကြရတဲ့ ပြဿနာကြီးပါ။ တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံတပုံကို ထမ်းထားရတဲ့ ရန်ကုန်မှာ ဒီပြဿနာဟာ ဆယ်စုနှစ်တခုမက ကြာလာပါပြီ။ နှစ်တွေ ကြာလာလေ၊ ကားတွေ ကျပ်လာလေ၊ ဒီပြဿနာ ပိုကြီးလာလေပါပဲ။ ကားကျပ်တာကို အခွင့်ကောင်းယူပြီး ပွတ်သီးပွတ်သပ်လုပ်တတ်သူ၊ လက်သရမ်းတတ်သူတချို့နဲ့ ကြုံရမှာကို အရွယ်ရောက်တဲ့ မိန်းကလေးတွေ စိုးရိမ်ပူပန်ခဲ့ရပါတယ်။ အခုတော့ အရွယ်မရောက်သေးတဲ့ မိန်းကလေးများပါ ဒီအန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။

ဘတ်စ်ကားနဲ့သာ အဓိကထား သွားလာနေရတဲ့ ရန်ကုန်သူတွေက ဒီပြဿနာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ကြပါတယ်။ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်တွေမှာ ဘတ်စ်ကား မကျပ်ပါစေနဲု့လို့ မဖြစ်နိုင်တာကို ဆန္ဒပြုရင်း တချို့က အပ်ချိတ်ကြီးကြီး ဆောင်ကြ၊ တချို့ကျတော့ ခေါက်ထီးကြီးကြီး ကိုင်ကြ … စတဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဖြေရှင်းခဲ့ကြတာပါ။ အမျိုးသမီးခရီးသည်တင် ဘတ်စ်ကားတွေ ပေါ်ပေါက်လာတာကို လိုအပ်ရဲ့လား ဆိုပြီး ဝေဖန်သူများ ရှိသလို၊ တခဲနက် ကြိုဆိုသူများလည်း ရှိတယ် ဆိုတာ အင်တာနက် စာမျက်နှာများမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။

“သိန်းထောင်ချီ (တန်တဲ့) ကားတွေစီးနေတဲ့ အမျိုးသမီး ရေးရာက “ကတော်မမကြီး” တွေ ပိုက်ဆံ ၀ိုင်းထည့်ပြီးတော့တောင် အရှုံးခံ ဆွဲပေးသင့်တာပေါ့” လို့ ဒါရိုက်တာ ချိုတူးဇော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။

ကဲ … ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ ဖြစ်ဖြစ် အမျိုးသမီးများအတွက် သီးသန့် ဘတ်စ်ကား ၁၀ စီးတိတိ မဟာရန်ကုန်က ကားလမ်းတွေပေါ်မှာ အချိန်ပိုင်း ပြေးလွှားနေပါပြီ။ ဒီကားတွေပေါ်က လေဒီကြီးငယ်တွေ အဆင်ပြေကြသလိုပဲ တခြား နယ်စည်းမခြား ဘတ်စ်ကားများပေါ်မှာ သွားလာနေရတဲ့ အမျိုးသမီးများလည်း အန္တရာယ် မျိုးစုံမှ ကင်းပါစေလို့ ဆန္ဒပြုရင်း..

အဆိုတော်ရဲ့ ဒုက္ခ

အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို”တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး ဆိုတာ အခုလို စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေချိန်မှာ ပိုပြီး ထင်သာမြင်သာ ရှိလာပါပြီ။





နာရေးကူညီမှုအသင်းကို
၄၂ သိန်း လှူဒါန်းတဲ့ ဆောင်းဦးလှိုင် (ဓာတ်ပုံ - Burma VJ Media Network)

အဆိုတော် ဆောင်းဦးလှိုင်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်မှာ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲလုပ်တော့ သူ့ပွဲကို လာမကြည့်ကြဖို့ တချို့သောသူတွေကို သူက ဖုန်းဆက် ဟန့်တားခဲ့ရပါတယ်။ အာဏာပိုင်တို့က ၈၈ မျိုးဆက် ခေါင်းဆောင်များ ဒီပွဲ မတက်စေနဲ့လို့ သူ့ကို ပြောတဲ့အတွက် သူကလည်း အဲဒီလို လိုက်ပြီး ပိတ်ရတာပါ တဲ့။ စတိတ်ရှိုးလာ ပရိသတ်တွေထဲမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) က ပုဂ္ဂိုလ်များလည်း ပါဝင်ပါတယ်။ သူတို့ကိုလည်း စတိတ်ရှိုးကြည့်ချင်ကြည့်၊ ယူနီဖောင်းတွေတော့ ၀တ်မလာနဲ့လို့ အမိန့်တော်ရှိခဲ့ပါတယ်။
ဒီလို ဖိအားပေးတဲ့ အာဏာပိုင်တွေကို အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်ပြစ်တင်တာတွေ ချက်ချင်း ရောက်ချလာပါတယ်။ ဆောင်းဦးလှိုင်ကတော့ ဘာအပြစ်မှ မပြောချင်တော့ပါဘူးလို့ ဆိုလိုက်ပါတယ်။ ဒီမိုကရေစီကို လေ့ကျင့်ဆဲအနေအထား ဖြစ်ပါလိမ့်မယ် တဲ့။

“လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး … ဒါတွေကို နားလည်တဲ့လူတွေ ရှိသလို နားမလည်သေးတဲ့၊ သင်ယူဆဲ ပုံစံ မပြောင်းနိုင်သေးတဲ့ လူတွေလည်း ရှိနေမယ်လေ။ ဒါကတော့ သဘာဝပဲ။ အဲဒီတော့ ကျနော် တို့က နားမလည်သေးတဲ့လူတွေကို နားလည်အောင်ပဲ စည်းရုံးပြီး တဖြည်းဖြည်း သွားရမှာဗျ”

ဒါကြောင့်ပြောတာပေါ့ – အဆိုတော်တယောက်ရဲ့ အရည်အချင်းက အဆို “တော်”ဖို့ တခုတည်း မဟုတ်တော့ဘူး လို့။ စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဟော … အာဏာပါဝါပြသူများကိုလည်း စည်းရုံး နားချတာတွေလည်း လုပ်နေရပါပြီ။

ဘယ်လောက် ကြာအောင် နားချရမှာလဲ။

“နေ့တွင်းညတွင်းချင်းတော့လည်း အားလုံးက ဒီအခွင့်အရေး၊ ဒီစနစ်တွေ၊ ဒီပုံစံတွေ နားလည်သွားမယ်လို့ ပြောလို့ မရဘူးပေါ့ဗျာ၊ ကျနော့တို့ဘက်ကလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်နဲ့ပဲပေါ့၊ ကျနော်တို့ကတောင် ပြန်ပြီး ကိုယ်ချင်းစာနေရတာပေါ့ဗျာ” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

ဆောင်းဦးလှိုင်က ဒီပွဲမှာ သိန်း တရာကျော် ရခဲ့ပါတယ်။ ဒီငွေတွေ သူ ဘာလုပ်မှာလဲ။

နာရေးအသင်းကို ၄၂ သိန်း၊ ၈၈ မျိုးဆက် ခေါင်းဆောင်များရဲ့ လူမှုရေးလုပ်ငန်းတွေအတွက် ၄၂ သိန်း လှူဒါန်းလိုက်ပြီး ကျန် ၄၂ သိန်းကတော့ နောက်ထပ် ဂီတ ဖျော်ဖြေပွဲများအတွက် မတည်ငွေ ဖြစ်သွားပါလိမ့်မယ်။

နာရေးကူညီမှုအသင်းဝင်တဦးလည်းဖြစ်တဲ့ ဆောင်းဦးလှိုင်က အရင်ကလည်း အသင်းရန်ပုံငွေအတွက် စင်ပေါ်တက် သီချင်းဆိုခဲ့ဖူးသူပါ။

အနာဂတ် ရန်ပုံငွေပွဲတွေမှာရော အဟန့်အတားတွေ ကြုံရင် ဘယ်လိုလုပ်မလဲ။

“ဒီလိုပဲ တဖြည်းဖြည်း နဲ့ နားလည်လာအောင် လုပ်ရမှာပေါ့” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီ အကောင်အထည် မပေါ်သေးခင်တော့ စိတ်ရှည်သည်းခံရခြင်းဟာလည်း အဆိုတော်တယောက်ရဲ့ အရည်အချင်း ဖြစ်လာပြီ ထင်ပါရဲ့။


ဧရာဝတီ

မူရင်းလင့်က ဒီမှာပါ။

လိမ်လည်၍ ရွာသားများဖိတ်ကြားပြီး ကြံ့ခိုင်ရေးအဖွဲ့မှ စည်းရုံး



ရေကြည်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ငါးသိုင်းချောင်းမြို့နယ်ခွဲ ကွင်းလျှားကျေးရွာအုပ်စုတွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်တွေ့ဆုံရန်ဟု လိမ်လည်၍ ရွာသားများဖိတ်ကြားပြီး ကြံ့ခိုင်ရေးအဖွဲ့မှ စည်းရုံးဆောင်ရွက်ခြင်းပြုလုပ်နေကြောင်းတွေ့ ရှိရပါသည်။

Ntg Nld

မူရင်းလင့်က ဒီမှာပါ။

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်စု ဟောပြောရန် နေရာရ



ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်း ဖြစ်သည်။

“မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက် အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီး ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ” ဟု ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန် ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်သည်။

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

ရွှေလီမှာ မြန်မာအလုပ်သမများ အန္တရာယ်ရှိ အလုပ်များ လုပ်နေရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ အန္တရာယ်ရှိသော လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမများ လုပ်ကိုင်နေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ၏ ကြာသာပတေးနေ့ ထုတ် အစီရင်ခံစာအရ သိရသည်။

ရွှေလီမြို့ပေါ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမ ၃၂ ဦးကို တွေ့ဆုံမေးမြန်းကာ ထုတ်ပြန်ထားသည့် “အသံမဲ့ သို့မဟုတ် ပုန်းကွယ် နေသော အရိပ်များ” အစီရင်ခံစာတွင် လိင်လုပ်ငန်း၊ ကျောက်သွေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စသည့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းခွင်များတွင် အကာအကွယ်မဲ့ လုပ်ကိုင်နေရသည်ဟု ပါရှိသည်။

“ကျောက်သွေးလုပ်ငန်းမှာဆိုရင် အင်ကြင်းကျောက်တွေကို ပုံဖေါ်ရတဲ့အခါ ဖုံမှုန့် အရမ်းများတယ်။ အဲဒါက မျက်နှာဖုံး တပ်ထားမှပဲ ရမယ်။ ဒီကထွက်တဲ့ အငွေ့တွေ အမှုန့်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ဆောက်လုပ်ရေးမှာ လုပ်တဲ့လူတွေလည်း ဒီလိုပဲ” ဟု BWU အထွေထွေ အတွင်းရေးမှူး ဒေါ်နိုးနိုးထက်စံ က မဇ္ဈိမကို ပြောသည်။

bwu


ရွှေလီမြို့ပေါ်ရှိ ကျောက်သွေးလုပ်ငန်းခွင်တွင် အလုပ်သမတဦး အင်ကြင်းကျောက်ကို ပုံဖေါ်နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ BWU)


ကျောက်သွေးလုပ်ငန်းအများစုသည် မနက် ၆ နာရီမှ ညနေ ၅ နာရီထိ အလုပ်လုပ်ကြရပြီး ကျန်းမာရေး ထိခိုက်မှု၊ အလုပ်ချိန် များလွန်းမှုတို့ကြောင့် ယင်းလုပ်ငန်းများကို တရုတ်လူမျိုးတို့က မလုပ်လိုကြဟု ကာယကံရှင် အလုပ်သမများက ပြောသည်။

“ကျမ တင်ပါးဆိုလည်း အမာခုံပေါ်မှာ တနေကုန်လုံးထိုင်ရလို့ အသားမာ တက်နေပြီ။ အလုပ်သမားတွေ အကုန်လုံး လည်း မျောက်တွေလိုပဲ အသားမာ တက်နေပြီ။ ဒီအလုပ်က ပင်ပန်းတယ်။ ဖုန်မှုံ့လည်း များတော့ တရုတ်တွေက မလုပ်ချင်ကြဘူး။ တချို့လူတွေ ဓါတ်မှန် ရိုတ်ကြည့်တော့ အမှုန်တွေကြောင့် အဆုတ်မှာ ဒဏ်ရာတွေ ရတာ တွေ့ရ တယ်။ ပေါလစ်တင်တဲ့ အချိန်မှာ အရမ်းအနံ့ဆိုးတဲ့ ဓါတုဗေဒ ပစ္စည်းတွေ သုံးရတယ်။ အဲဒါတွေ ရှုမိတော့ နှာခေါင်း ပိတ်ရောဂါ၊ ချောင်းဆိုးရောဂါ ခံစားရတယ်” ဟု အလုပ်သမတဦးကို ကိုးကား၍ အစီရင်ခံစာ၌ ဖေါ်ပြထားသည်။

ထို့အတူ ဓါတုဗေဒ ဆိုးဆေးများ အသုံးပြု လုပ်ကိုင်နေကြရသည့် ပရိဘောဂ အရောင်တင် လုပ်ငန်းများတွင်လည်း ကျန်းမာရေး အကာကွယ်မဲ့ လုပ်ကိုင်နေရသူများရှိသလို လိင်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် မြန်မာ အမျိုးသမီးများမှာလည်း အကာအကွယ်မဲ့ အနိုင်ကျင့် လိင်ဆက်ဆံခြင်းမျိုး ကြုံတွေ့ရပြီး အမျိုးသမီးအချို့မှာ တရုတ်အမျိုးသားများ၏ ဇနီးသည်အဖြစ် ရောင်းစားခံရခြင်းများ ရှိသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။

bwu2
ရွှေလီမြို့ပေါ်ရှိ ဆေးသုတ်လုပ်ငန်းခွင်အတွင်းမှ မြန်မာအလုပ်သမားများကို တွေ့ရစဉ် (ဓါတ်ပုံ BWU)

မြန်မာနိုင်ငံအတွင်း၊ နိုင်ငံရေး၊ စည်းပွားရေး တည်ငြိမ်မှု မရှိသဖြင့် ပုံမှန် ဝင်ငွေရရှိနိုင်ရန်နှင့် ကျန်ခဲ့သည့် မိသားစု များကို ထောက်ပံ့ပေးနိုင်ရန်အတွက် စီးပွားရေး လည်ပတ်မှု ကောင်းနေသည့် ရွှေလီမြို့ကို အလွယ်တကူ ရွေးချယ် ကြခြင်း ဖြစ်ကြောင်း ဒေါ်နိုးနိုးထက်စံက ပြောသည်။

BWU ၏ စစ်တမ်းကောက်ယူ ဖေါ်ပြချက်အရ ရွှေလီမြို့ပေါ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တသိန်းကျော် နေထိုင်ပြီး ထိုအလုပ်သမားများမှာ လုပ်အားခနှင့် ထိုက်သင့်သည့် လစာခံစားခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် အပါအဝင် အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားခွင့် မရရှိကြဟု ဆိုသည်။

“တရုတ်တွေ ဆိုလို့ရှိရင် တလကို အခြေခံလစာ အမေရိကန်ဒေါ်လာ ၁ ထောင် မကျော်ရင် အလုပ်မလုပ်ဘူး။ အဲဒီမှာ မြန်မာတွေက တလကို ဒေါ်လာ ၂ ရာကျော် ၃ ရာနဲ့ လုပ်ကြရတယ်။ အလုပ်ခွင်မှာ ထိခိုက်မှု ဖြစ်ရင်လည်း တော် တော်များများက လျော်ကြေးနဲ့ ကျန်းမာရေးစောင့်လျှောက်ခွင့် မရဘူး” ဟု ဒေါ်နိုးနိုးထက်စံ က ပြောသည်။

တရုတ်-မြန်မာ စကားပြန် လုပ်ငန်း လုပ်ကိုင်နေသူ မမူမူ ကလည်း ရွှေလီမြို့ပေါ်ရှိ မြန်မာအလုပ်သမားများစုမှာ လုပ်ခလစာနှင့် ပတ်သက်၍ တရုတ်လုပ်ငန်းရှင်များ၏ အနိုင်ကျင့် ချယ်လှယ်ခြင်းကို ခံရကြောင်း မဇ္ဈိမကို ပြောသည်။

“ဒီမှာက အခက်ခဲတွေ အမျိုးမျိုးရှိတယ်။ တလပြည့်မှ လခထုတ်ပေးတယ်။ ပေးရင်လည်း ၆ ရာ ရမယ်ဆိုရင် ၄ ရာပဲ ထုတ်ပေးတယ်။ ၂ ရာကို စပေါ်သဘောမျိုး ယူထားမယ်။ အဲဒီ ယူထားတဲ့ ၂ ရာကို ၆ လပြည့်မှ၊ တနှစ်ပြည့်မှ ထုတ်ပေးမယ်ဆိုပြီး အမျိုးမျိုး ညစ်တာပေါ့နော်။ တနှစ်ပြည့်အောင် မလုပ်ဘဲနဲ့ ထွက်သွားရင် အဲဒီစပေါ်ငွေတွေ ရှုံးတာတွေ များတယ်။ ပြီးလို့ရှိရင် လဝက်လောက်ပဲ အလုပ်လုပ်ပြီးထွက်ရင် အဲဒီလဝက်စာ မရကြဘူး။ လောပန်း တွေက အလုပ်ချိန်ကိုလည်း မနက် ၆ နာရီကနေ ညနေ ၅ နာရီမှ အလုပ်သိမ်းတယ်” ဟု မမူမူက မဇ္ဈိမကို ပြောသည်။

ရွှေလီမြို့ပေါ်မှာရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် တရုတ်အစိုးရက အလုပ်လုပ်ခွင့် ခွင့်ပြုချက်ပေးထားခြင်း မဟုတ်သည့်အတွက် အစိုးရထံ တိုင်ကြားနိုင်ခြင်း မရှိသလို အခြား အလုပ်သမားအဖွဲ့အစည်းများလည်း မရှိဟု အစီရင်ခံစာက ထောက်ပြသည်။

တရုတ်အစိုးရနှင့် ဒေသခံ ယူနန်အာဏာပိုင်များအနေဖြင့် မြန်မာအလုပ်သမားများကို လုပ်အားခနှင့် တူညီသော တန်ဘိုးကို ပေးဆောင်ရန်၊ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ထုတ်ပြန်ပေးရန်၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ တိုင်ကြားခွင့်ရှိရန်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးရန်နှင့် အလုပ်သမား အဖွဲ့စည်းများ ဖွဲ့စည်းခွင့်ပေးရန် တို့ကို BWU က တောင်းဆိုထားသည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး မြစ်ကြီးနားတွင် အင်တာနက်ပြန်ရ



ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနား ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာ ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြစ်ကြီးနားမြို့၌ MacWill အပါအဝင် အင်တာနက်လိုင်းများ ပြန်လည် အသုံးပြု၍ ရရှိနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပထမဆုံး ပြည်နယ်တစ်ခုသို့ စည်းရုံးရေးဆင်းသည့် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ကြီးနား ခရီးစဉ် မတိုင်မီ ၂ ရက်ခန့်ကပင် မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့ပြီး ခရီးစဉ်တစ်လျှောက် လိုက်ပါသတင်းရယူသည့် သတင်းထောက်များ အသုံးပြုသည့် MacWill (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အင်တာနက် အသုံးပြု၍ မရခဲ့ကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။


မူရင်းလင့်က ဒီမှာပါ။

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာတွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကချင် ဒေသခံများ၊ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်အပါအ၀င် အဖွဲ့ဝင် (၁၆)ဦး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများ ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ ဒီဇိုင်း ဆရာများနှင့် သတင်း သမားများ တက်ရောက် ခဲ့ကြသည်။


ကိုမင်းကိုနိုင်အား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

လူဆိုတာ ကိုယ်မွေးတဲ့ နေရာ ကိုယ် နေတဲ့နေရာကို ချစ်ကြတာပါပဲ။ ချစ်ကြတဲ့ နေရာမှာ ဟောဒီမြစ်ဆုံဒေသက တိုင်းရင်းသားတွေက နောက်ဆုံး နှာခေါင်းကို ရေမြုပ်တဲ့အထိ ကြံ့ကြံ့ခိုင်ပြီး နေသွားမယ်လို့ ကြားတဲ့အခါမှာ ကျွန်တော်တို့ အင်မတန် အားရှိပါတယ်။ ကိုယ့်မြေ ကိုယ့်ရေကို ချစ်တဲ့ စိတ်တွေလည်း ပိုပြီးတော့ ရှိပါတယ်။ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ အဲဒီ စကားမျိုး ကြားရတာ၊ အဲဒီတော့ အခုလို စီမံကိန်း ခေတ္တရပ်ဆိုင်းပြီးတော့ ကိုယ့်ရပ် ကိုယ်ရွာ ပြန်လာနိုင်ကြပြီး မိတ်ဆုံ စားပွဲတွေ ကျေးဇူးတင် စကားတွေ ပြောနိုင်တယ်ဆိုတာ အောင်ပွဲပါ။ အခုလို အောင်ဖို့ အတွက် အလကား မရခဲ့ပါဘူး။ ကိုယ့် ခံစားချက် ကိုယ်လိုရာကို သတ္တိရှိရှိ ဖော်ထုတ်ရဲတဲ့ သတ္တိက နံပါတ်တစ်ပါ။ ဒုတိယ အချက်က တစ်ပြည်လုံးက ပြည်ထောင်စု သားတွေဟာ ကချင်ပြည်နယ်မှာ ဖြစ်တာကို ၀ိုင်းပြီး စိတ်ပူတယ်။ စိတ်ပူပြီး ကချင် တိုင်းရင်းသားတွေဘက်က ၀င်ပြီး ရပ်ပေးတယ်။ ဥပမာ- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေ၊ စာပေသမားတွေ၊ အနုပညာ သမားတွေ အားလုံး ၀ိုင်းပြီးတော့ လက်တွဲပြီး လက်ချင်း ချိတ်ပြီးတော့ ကချင်ပြည်သူတွေနဲ့အတူ ရပ်လိုက်လို့ အောင်မြင်တာပါ။ အဲဒီတော့ အားလုံးကို ကချင်ပြည်သူတွေ ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ စီးပွားရေးအရ ဆုပ်ကိုင်ရမယ့် ကိစ္စတစ်ခုလောက်ကို မကြည့်ဘဲ ဟိုးနောက် မမြင်ရတဲ့ မဝေးသေးတဲ့ ကလေးတွေ အနာဂတ်ကမ္ဘာကို ကြည့်ပြီးတော့ အမြော်အမြင်ကြီးခဲ့တဲ့ ပညာရှင်တွေ၊ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ အာဏာ မရှိဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ အာဏာမရှိပေမယ့် တကယ်ညီညွတ်တယ်ဆိုရင် သြဇာ ရှိပါတယ်။ အဓိကက အားလုံး ညီညွတ်ပါ။ ကချင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းပြည်မှာပဲ ဖြစ်ဖြစ်၊ မွန်ပြည်မှာပဲ ဖြစ်ဖြစ်၊ တစ်ခုခု ဖြစ်တယ်ဆိုရင် အားလုံးက အတူတူပဲလို့ ခံစားမယ်ဆိုရင် အရာရာကို အောင်မြင်ပါတယ်။ နောက်ဆုံး ဒီဧရာဝတီ မြစ်ကြီးကို ပိတ်ဆို့မယ်ဆိုတဲ့ စီမံကိန်းကို တားလိုက်နိုင်တာဟာ အစိုးရရော၊ သမ္မတကြီးရော၊ ဟောဒီ ပြည်သူ ပြည်သားတွေရော ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်တာပါ။ ပိတ်ဆို့မှုကို ဖွင့်လိုက်ခြင်း အားဖြင့် ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ မြစ်ကြီးဟာ စီးသွားပါပြီ။ သိပ်မင်္ဂလာရှိပါတယ်။ အဲတာကြောင့် ဗမာလိုပြောတော့ အမျိုးသား ညီညွတ်ရေးလို့ ပြောပါတယ်။ ကချင်လို ဘယ်လို ပြောတယ် ကျွန်တော် မသိပါဘူး။ ဒါ အရေးကြီးပါတယ်။ အမျိုးသားအားလုံး ညီညွတ်ရေးဟာ ဟောဒီက မြစ်ဆုံက စပြီး ရသွားလို့ အမျိုးသားညီညွတ်ရေးဆိုတဲ့ မြစ်ကြီး စ စီးသွားပါပြီ။ ကျွန်တော်တို့ ကမ္ဘာတည်သရွေ့ ကာကွယ်ကြပါစို့၊ ထိမ်းသိန်းကြပါစို့။ ကမ္ဘာပေါ်မှာ တိုင်းပြည်က နိုင်ငံတကာက အားလုံးကြည့်နေပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ ဘယ်လောက် ညီညွတ်သလဲ။ ဘယ်လောက် အားရှိသလဲဆိုတာ ကြည့်နေပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ အချိန်မှာ အားလုံးက ညီညွတ်တယ်ဆိုတာကို ပြလိုက်နိုင်တဲ့ အတွက် ဂုဏ်ယူတယ်လို့ ပြောရင်း အားလုံးကို ကျေးဇူး တင်ပါတယ်။

-ကိုမင်းကိုနိုင် (မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား၌ ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက်)
ဦးအုန်းအား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

ကျွန်တော် မြစ်ဆုံကို လေးခေါက်ရောက်ပါတယ်။ ပထမဆုံးအကြိမ်ရောက်တုန်းက မြစ်ဆုံ ကြည်လင်ပြီး ငါးတွေနဲ့ လှလို့ တကယ် ကျက်သရေရှိတဲ့ မြစ်ဆုံပါ။ ဒုတိယအကြိမ်ရောက်တော့ တော်တော်လေးဆိုးလာပါပြီ။ ငါးလဲသိပ်မရှိဘူး။ မြစ်ရေကလည်း နောက်နေတယ်။ တတိယအကြိမ်ကပိုဆိုးတယ်။ အခုစတုတ္ထအကြိမ်လာကြည့်တဲ့ အခါကျတော့ အရင်ကလို မဖြစ်ခဲ့ဘူး။ သို့သော် ကျွန်တော် ဘာတွေးမိလဲဆိုတော့ မြစ်ဆုံဟာ မေခနဲ့ မလိခ ဆုံတဲ့နေရာ၊ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ ကချင်တွေမှာ အယူရှိတယ် သားသမီးမွေးရင် တစ်ယောက်က ဆိုးတယ်။ တစ်ယောက်က ပျော့တယ်။ ဆိုးတာနဲ့ ပျော့တာရောရင် လှသွားတယ်။ အဲ့ဒီတော့ မေခနဲ့ မလိခပေါင်းသွားမှ တစ်ကယ် ဧရာဝတီ ဖြစ်သွားတာ။ ဧရာဝတီကြီးဟာ မြန်မာနိုင်ငံရဲ့ အသက်သခင် ကျေးဇူးပဲ။ မြန်မာနိုင်ငံရဲ့ မြောက်ဖျားမှာ ရှိတဲ့ ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံဒေသဟာ လူတွေရဲ့ လည်ပင်းလိုပါပဲ။ ကိုမင်းကိုနိုင် ပြောသလိုပဲ ခေါင်းနဲ့တူတယ်။ လည်ပင်းနဲ့ တူတယ်။ အဲ့ဒါကို သိလို့ ရှိရင် ခန္ဓာကိုယ်တစ်ခုလုံး ဇီဝိန်ကြွေဖို့ရှိတယ်။ ကျွန်တော် လေ့လာလိုက်တော့ ဒီမြစ်ဆုံဟာ သဘာဝ ၀န်းကျင်ဆိုတာ ကချင်ပြည်နယ်ဟာ သစ်ခွအမျိုးပေါင်း ၈၀၀ ကျော်ရှိတယ်။ တောင်ဇလပ်မျိုး ၂၀၀ ကျော်ရှိတယ်။ ဒါတွေကို ပြုစုတဲ့ ဆရာတွေ၊ ဆရာမတွေ ရှိတယ်။ ဒါတင်မကဘူး ကမ္ဘာမှာ မရှိတော့ဘူး ပျောက်ကွယ်သွားပြီဆိုတဲ့ အပိုလိုလိပ်ပြာ၊ ဟိုး ခါကာဘိုရာဇီ ဥယျာဉ်မှာရှိတယ်။ ကျွန်တော် အကောင် အရှင်မတွေ့ဘူး အသေပဲ တွေ့တယ်။ ကမ္ဘာမှာ အသေးဆုံးဆိုတဲ့ သမင်မျိုး ပူတာအိုနယ်မှာ တွေ့တယ်။ ဒီလောက်ရှားပါးပြီး ဒီလောက် အဖိုးတန်တဲ့ သဘာ၀၀န်ကျင်ကို ပိုင်ဆိုင်တဲ့ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ဦးခေါင်း မြန်မာပြည်ရဲ့ အသက်သွေးကြောပါပဲ။ ကချင်ပြည်နယ်မှာတစ်ခုဖြစ်ရင် ဗမာရော၊ ရခိုင်ရော၊ ရှမ်းရော၊ မွန်ရော၊ ကရင်ရော၊ ကချင်ရော အတူတူ ၀ိုင်းပြီးတော့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးရဲ့ တစ်ကယ်တန်ဖိုး အရှိဆုံး ဒေသကို ကာကွယ်ရမှာပါ။ ကျွန်တော်သိသလောက် ဧရာဝတီ မြစ်ဆိုတာ အရင်တုန်းကဆိုရင် အိုင်ကြီးတွေ ဆက်သွားတာပါ။ ပုပ္ပါးမှာ မီးတောင်ကြီးတွေ ပေါက်တဲ့ အခါမှ ဧရာဝတီက ချင်တွင်းနဲ့ မဆက်ဘူး။ ဧရာဝတီနဲ့ စစ်တောင်းနဲ့ ဆက်တယ်။ နှစ်ပေါင်း တစ်သိန်းကျော်လောက်က မီတောင်ကြီး ပေါက်ပြီးတော့မှ ဧရာဝတီမြစ်က ပြတ်ထွက်သွားပြီး ချင်းတွင်း မြစ်နဲ့ ဆက်တယ်။ ဘူမိဗေဒ အထောက်အထားတွေ ရှိပါတယ်။ ထူးဆန်းတဲ့ ဧရာဝတီမြစ်ဟာ မြန်မာပြည်ရဲ့ မြစ်လို့ ပြောတာတောင် နည်းသေးတယ်။ ကမ္ဘာရဲ့ မြစ်၊ ကမ္ဘာကတောင် တန်ဖိုးထား အလေးထားတဲ့ မြစ်၊ မြန်မာပြည်မှာ မြစ်ဖျားခံတယ်၊ မြန်မာပြည်ကို စီးတယ်။ ဘင်္ဂလားပင်လယ်အော်ကို ၀င်သွားတယ်။ မြန်မာ့အသက်သွေးကြောဟာ ဧရာဝတီမြစ်။ ဒီ ဧရာဝတီမြစ်ကို ကချင်တင်မကဘူး ဗမာရော၊ ရခိုင်ရော၊ မွန်ရော၊ ကရင်ရော အားလုံး ၀ိုင်းပြီးတော့ အသက်နဲ့ လဲ ပြီးတော့ ဆောင်ရွက် စောင့်ရှောက်ရမယ်လို့ ပြောကြားချင်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဆရာကြီးဦးအုန်း (မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား၌ ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက်)
ဆရာအော်ပီကျယ်အား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

ကျွန်တော်တို့ အနုပညာသမားတွေ အနေနဲ့ ဧရာဝတီ ဒီလောက်ကြီမားတဲ့ ဆည်ကြီးဆောက်တယ်။ ဆည်ကြီးကိစ္စမှ မဟုတ်ပါဘူး ရွှေတူးတဲ့ကိစ္စ မြစ်ကြောင်းကို မထိန်းသိမ်းပဲနဲ့ နှစ်စဉ်တဖြေးဖြေး ယိုယွင်းလာတဲ့ ဧရာဝတီကို ချင်တွင်းကို ကျွန်တော်တို့ အနုပညာသမားတွေ တော်တော်များများ စိုးရိမ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တတ်တဲ့ အနုပညာနဲ့ ၀ိုင်းပြီးတော့ ကျွန်တော်တို့ ရေးကြမယ်ဆိုတော့ ကျွန်တော်တို့က နှလုံးသားခံစားမှုကို အဓိကထားပြီးတော့ ကျွန်တော် တို့ အနုပညာဖန်တီးတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခုတစ်ချို့ကိစ္စတွေက နှလုံးသားတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။ ဦးနှောက်အသိတရားကို နှလုံးသားနဲ့ ပေါင်းစပ်ရမှာပါ။ အဲ့ဒါကြောင့် ဆရာကြီး ဦးအုန်းတို့လို ပညာရှင်ပေါင်းများစွာက အရှေ့ကဦးဆောင် ကျွန်တော်တို့ကလည်း အနုပညာနဲ့ တစ်စွမ်းသရွေ့ ပေါင်းစည်းပြီးတော့ ဧရာဝတီအတွက် သဘာဝပတ်ဝန်းကျင်အတွက် မြန်မာတစ်နိုင်ငံလုံးအတွက် နိင်ငံရေးနဲ့ စီးပွားရေးအတွက် ကျွန်တော်တို့ ၀ိုင်းပြီးတော့ ဆောင်ရွက်ကြပါတယ်။ အဓိကက ကျွန်တော်တို့က မျက်စိနဲ့ မြင်မှ ခံစားရပါတယ်။ မြစ်ဆုံဆိုတာ အခုမှ ပထမဆုံးရောက်ဖူးတာပါ။ ဒီကို ကြည့်လိုက်တော့ အသိဥာဏ်နဲ့ စပ်ပြီး စဉ်းစားတွေခေါ်ခံစားကြည့်တော့ ရွှေတူနေတဲ့ဟာတွေ ဒီကျောက်တုံးတွေပေါ်မှာ ရွှံနွံတွေ ကပ်နေတဲ့ဟာတွေ အများကြီးပဲ။ စောစောက ရပ်မယ်ဆိုတာကို ၀မ်းမြောက်ဝမ်းသာပါတယ်။ ဒါပေမယ့် သိပ်လဲ မသေချာဘူး။ အဲ့ဒီမသေချာသေးခြင်းကိုလည်း ကျွန်တော်တို့က တက်ထောင်လိုက်လို့ လည်း မရပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့အားလုံး ခံစားမှုက အရေးကြီးပါတယ်။ အဲ့ဒီခံစားမှုနဲ့ နှလုံးသားနဲ့ အလုပ်လုပ်မှ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ပါဝင်ပါတယ်။ အသိဥာဏ်ဦးဆောင်သော ခံစားမှုနဲ့ ဒီဧရာဝတီမြစ်ကြီရော၊ မြန်မာတစ်နိုင်ငံလုံး ကိစ္စတွေရော ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဆရာအော်ပီကျယ် (မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား၌ ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက် ဆရာအော်ပီကျယ်အား ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားတွင်တွေ့ရစဉ်

ကျွန်တော်တို့ အနုပညာသမားတွေ အနေနဲ့ ဧရာဝတီ ဒီလောက်ကြီမားတဲ့ ဆည်ကြီးဆောက်တယ်။ ဆည်ကြီးကိစ္စမှ မဟုတ်ပါဘူး ရွှေတူးတဲ့ကိစ္စ မြစ်ကြောင်းကို မထိန်းသိမ်းပဲနဲ့ နှစ်စဉ်တဖြေးဖြေး ယိုယွင်းလာတဲ့ ဧရာဝတီကို ချင်တွင်းကို ကျွန်တော်တို့ အနုပညာသမားတွေ တော်တော်များများ စိုးရိမ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တတ်တဲ့ အနုပညာနဲ့ ၀ိုင်းပြီးတော့ ကျွန်တော်တို့ ရေးကြမယ်ဆိုတော့ ကျွန်တော်တို့က နှလုံးသားခံစားမှုကို အဓိကထားပြီးတော့ ကျွန်တော် တို့ အနုပညာဖန်တီးတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခုတစ်ချို့ကိစ္စတွေက နှလုံးသားတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။ ဦးနှောက်အသိတရားကို နှလုံးသားနဲ့ ပေါင်းစပ်ရမှာပါ။ အဲ့ဒါကြောင့် ဆရာကြီး ဦးအုန်းတို့လို ပညာရှင်ပေါင်းများစွာက အရှေ့ကဦးဆောင် ကျွန်တော်တို့ကလည်း အနုပညာနဲ့ တစ်စွမ်းသရွေ့ ပေါင်းစည်းပြီးတော့ ဧရာဝတီအတွက် သဘာဝပတ်ဝန်းကျင်အတွက် မြန်မာတစ်နိုင်ငံလုံးအတွက် နိင်ငံရေးနဲ့ စီးပွားရေးအတွက် ကျွန်တော်တို့ ၀ိုင်းပြီးတော့ ဆောင်ရွက်ကြပါတယ်။ အဓိကက ကျွန်တော်တို့က မျက်စိနဲ့ မြင်မှ ခံစားရပါတယ်။ မြစ်ဆုံဆိုတာ အခုမှ ပထမဆုံးရောက်ဖူးတာပါ။ ဒီကို ကြည့်လိုက်တော့ အသိဥာဏ်နဲ့ စပ်ပြီး စဉ်းစားတွေခေါ်ခံစားကြည့်တော့ ရွှေတူနေတဲ့ဟာတွေ ဒီကျောက်တုံးတွေပေါ်မှာ ရွှံနွံတွေ ကပ်နေတဲ့ဟာတွေ အများကြီးပဲ။ စောစောက ရပ်မယ်ဆိုတာကို ၀မ်းမြောက်ဝမ်းသာပါတယ်။ ဒါပေမယ့် သိပ်လဲ မသေချာဘူး။ အဲ့ဒီမသေချာသေးခြင်းကိုလည်း ကျွန်တော်တို့က တက်ထောင်လိုက်လို့ လည်း မရပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့အားလုံး ခံစားမှုက အရေးကြီးပါတယ်။ အဲ့ဒီခံစားမှုနဲ့ နှလုံးသားနဲ့ အလုပ်လုပ်မှ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ပါဝင်ပါတယ်။ အသိဥာဏ်ဦးဆောင်သော ခံစားမှုနဲ့ ဒီဧရာဝတီမြစ်ကြီရော၊ မြန်မာတစ်နိုင်ငံလုံး ကိစ္စတွေရော ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဆရာအော်ပီကျယ် (မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနား၌ ပြောကြားခဲ့သည်များမှ ကောက်နုတ်ချက်)


ဧရာဝတီ မြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်

Eleven

http://feeds.feedburner.com/thithtoolwin/yIWV

နယ်စပ်လုံခြုံရန် သူရ ဦး​ရွှေမန်း​ကို တရုတ် ​တောင်း​ဆို



မြန်မာအစိုး​ရအ​နေနဲ့​ နယ်စပ်​ဒေသလုံခြုံ​ရေး​ကို ​သေချာ​အောင် ​ဆောင်ရွက်ဖို့​တရုတ်အစိုး​ရက ​တောင်း​ဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​ကို တရုတ်အစိုး​ရ နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ အကြီး​အကဲ ဂျာချင်လင်း​ (Jia Qinglin) က ​ပြောကြား​ခဲ့​တာပါ။ မြန်မာအစိုး​ ရဟာ တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခကို ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ ​ဖြေရှင်း​နိုင်လိမ့်​မယ်လို့​ တရုတ်အစိုး​ရက ​မျှော်လင့်​တဲ့​ အ​ကြောင်း​ တရုတ်နိုင်ငံခြား​ရေး​ဌာနရဲ့​ ​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ ​အေပီသတင်း​မှာ ​ဖော်ပြပါတယ်။

တရုတ်နယ်စပ်မှာ မြန်မာအစိုး​ရနဲ့​ ကချင်လက်နက်ကိုင်တပ်​တွေ တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည်​တွေ တရုတ်နိုင်ငံထဲထိ ​ရောက်ရှိလာမှုနဲ့​ ထိုင်း​-မြန်မာ နယ်စပ် မဲ​ခေါင်မြစ်ထဲမှာ တရုတ်သ​င်္ဘော​တွေ တိုက်ခိုက်ခံရမှု​တွေ​ကြောင့်​ တရုတ်က နယ်စပ်လုံခြုံ​ရေး​ စိုး​ရိမ်ပူပန်​နေတာပါ။

တရုတ်အစိုး​ ရပိုင် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်အစိုး​ရ အကြံ​ပေး​ပုဂ္ဂိုလ် ဂျာချင်လင်း​က မြန်မာနိုင်ငံနဲ့​ ကုန်သွယ်​ရေး​၊​ ယဉ်​ကျေး​မှု ကဏ္ဍ​တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ အပါအဝင် မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ကို တိုး​မြှင့်​ ​ဆောင်ရွက်မယ်လို့​ ကတိပြု ​ပြောကြား​လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ ရင်း​နှီး​တဲ့​ အိမ်နီး​ချင်း​နိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​ရေး​လမ်း​ကြောင်း​ကို ​ထောက်ခံအား​ပေး​ပြီး​ နိုင်ငံတည်ငြိမ်ဖွံ့​ဖြိုး​ရေး​ အား​ထုတ်​နေမှု​တွေကိုလည်း​ ဆက်လက် အား​ပေး​နေမယ်လို့​ပြောပါတယ်။

နယ်စပ်​ဒေသ ငြိမ်း​ချမ်း​တည်ငြိမ်​ရေး​ကို အကာအကွယ်​ပေး​ဖို့​ ကိစ္စဟာ နှစ်နိုင်ငံစလုံး​ရဲ့​ ဘုံအကျိုး​စီး​ပွား​ ဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာကိုယ်စား ​လှယ် အဖွဲ့​ခေါင်း​ဆောင် သူရဦး​ရွှေမန်း​က​တော့​ ယခုနှစ်ပိုင်း​တွေအတွင်း​ မြန်မာနိုင်ငံအ​ပေါ် တရုတ်ရဲ့​ အား​ပေး​ ​ထောက်ခံမှုကို ​ကျေး​ဇူး​တင်တဲ့​အ​ကြောင်း​ အစိုး​ရနဲ့​ ပြည်သူ​တွေဟာ တရုတ်နဲ့​ ချစ်ကြည်​ရေး​ကို တန်ဖိုး​ထား​တယ်လို့​ တုံ့​ပြန်​ပြောကြား​ခဲ့​ပါတယ်။

သူရ​ရွှေမန်း​ ခေါင်း​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ်အဖွဲ့​ဟာ တရုတ် အမျိုး​သား​ပြည်သူ့​ ကွန်ဂရက်ဥက္ကဋ္ဌ ဝူဘန်ကို့​ရဲ့​ ဖိတ်ကြား​ချက်အရ မြန်မာနိုင်ငံက​နေ ​ဖေ​ဖော်ဝါရီ ၂၂ – ၂၆ ရက်အထိ ၅ ရက်ခရီး​စဉ် အဖြစ် ​ရောက်ရှိ ​နေတာပါ။

ဒီခရီး​ စဉ်အတွင်း​ တရုတ်ပြည်သူ့​လွတ်​မြောက်​ရေး​တပ် စစ်ဦး​စီး​ချုပ် အပါအဝင် တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​ပါတယ်။

ဒီဗွီဘီ

http://feeds.feedburner.com/thithtoolwin/yIWV

ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်တော့မည်



ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်း ယခုအခါတွင်

ပုဂံခေတ်မြို့ဟောင်း သရေ ခေတ္တရာအားကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်စာရင်းတင်သွင်းနိုင်ရန် မြန်မာ နိုင်ငံ၊ အီတလီအစိုးရနှင့် UNESCO တို့ပူးပေါင်းမှုဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ် ကြောင်း သိရသည်။ ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ် အမည်စာရင်းတင်သွင်းခြင်း ကိစ္စရပ် နှင့်ပတ်သက်၍ ပုဂံရှေးဟောင်းသုတေ သနပြတိုက်တွင် ဖေဖော်ဝါရီ(၁၅) ရက်မှ (၁၇)ရက်အထိ ကျင်းပခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းအတွက် အင်ဂျင်နီယာ ပညာ ရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ကျော်ဆန်းက မိန့်ခွန်းစကား တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

။ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် အမည်စာရင်း (World Heritage List )တင်သွင်းနိုင်ရန်အတွက် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့ ဟောင်းများ အားလုံးကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းမြို့ဟောင်းများ အနက် သရေခေတ္တရာမြို့ဟောင်းသည် ရှေးအကျဆုံး မြို့တော်တစ်ခုဖြစ်ခြင်း ကြောင့် ပထမဆုံးဦးစားပေးအဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းမြို့ဟောင်း ၃ မြို့အား အမည်စာရင်းတင်သွင်း နိုင်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်သော Nomination Cossier ရေးသားခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့အဖြစ် UNESCO မှ ကန်ဒေါ်လာသုံး သောင်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့မှုပေးထားပြီဖြစ်ရာ အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

''သရေခေတ္တရာ၊ဗိဿနိုး နဲ့ ဟန်လင်းမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်း ရေးဆောင်ရွက်ပြီးတဲ့နောက်မှာ ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် ထည့်သွင်းရေးလုပ်ငန်း တွေကို ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ဆောင်ရွက်ရာမှာ လည်း လုပ်ငန်း စွမ်းဆောင်ရည်မြှင့် မားဖွံ့တိုးတက်ရေးစီမံကိန်းကို အီတ လီနိုင်ငံအစိုးရ ၊ UNESCO တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင် အထည်ဖော် သွားမှာဖြစ်ပါတယ်'' ဟု ယင်းကပြောသည်။

ထိုသို့ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင်ပုဂံရှေးဟောင်း ဘုရားပုထိုးမြင်ကွင်းယခုအခါတွင် ကမ္ဘာ့ ရှေး ဟောင်းအမည်စာရင်းတင်သွင်း နိုင်ရန်အတွက် ပုဂံဒေသရှိ စေတီ၊ ပုထိုး၊ ဂူဘုရားပေါင်း(၂၂၃၀)ဆူမှ တစ်ဆူချင်းစီ၏ သတင်းအချက်အ လက်နှင့် မှတ်တမ်းဓာတ်ပုံများကိုအ သေးစိတ်ပြုစုထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းဆောင်ရွက် ရန်ရွက်ရန်အတွက် UNESCO သည် အီတလီအခြေစိုက်အပြည် ပြည်ဆိုင်ရာ ရှေးဟောင်းအမွေအ နှစ်ထိန်သိမ်းရေး ဗဟိုဌာန International Centre For Study of the Preservation and Restoration of Cultural Property (ICCROM) အပြင် အီတလီနိုင်ငံမှ Lerici Foundation အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြင့် မြန်မာနိုင်ငံတွင် အရေးပေါ် ထိန်းသိမ်းရမည့် စီမံခန့်ခွဲမှု၊ လုပ်ငန်း ခွင်အတွင်း ပြုပြင်ထိန်သိမ်းခြင်းနှင့် မှတ်တမ်းပြုစုခြင်း၊ယဉ်ကျေးမှုအချက် အလက်ဆိုင်ရာ GIS စနစ်ကိုဖော် ဆောင်တည် ဆောက်ခြင်း၊အမည်စာ ရင်းတင်သွင်းမှုလုပ်ငန်းစဉ်များ၏ မှု ဝါဒနှင့် နည်းပညာများကိုကူညီပံ့ပိုး ပေးခြင်း စသည့်လုပ်ငန်းစဉ်(၄)ရပ် ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ပုဂံဒေသရှိရှေးဟောင်းအမွေ အနှစ်များနှင့်ပတ်သက်၍ နိုင်ငံတ ကာမှ သိရှိနိုင်ရန်အတွက် UNESCO မှ ရှေးဟောင်းသုတေ သန ပညာရှင် မစ0x081စတာပီရာပစ်ချပ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှသက် ဆိုင်ရာဌာနမှ ဝန်ထမ်းများသည် ၁၉၈၄ ခုနှစ်မှစတင်ကာ သတင်းအ ချက်အလက်များ ကိုမှတ်တမ်းပြုစု ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Invertory Of Monuments Of Bagan အ မည်ရှိ အင်္ဂလိပ်ဘာသာ ဖြင့် စာအုပ် အတွဲ(၈)တွဲကိုထုတ်ဝေမှုပြုလုပ်ခဲ့ ကြောင်းသိရသည်။ထို့အတူ ပုဂံဒေသရှိ နံရံဆေး ရေးပန်းချီရှိသော ဘုရားပေါင်း(၄၆၈) ဆူမှ နံရံဆေးရေးပန်းချီများ၊မင်စာ များ၊ဇာတာခွင်များကို ရေရှည်မှတ် တမ်းဓာတ်ပုံတည်ရှိစေရန်အတွက် ဘုရား(၄၁၂)ဆူမှ နံရံဆေးရေးပန်း ချီများ၊မင်စာများ၊ဇာတာခွင်များကို Digital Format ဖြင့်သိမ်း ဆည်းထားပြီးဖြစ်ကာ ကျန်ရှိနေဆဲ ဖြစ်သော ဘုရား(၇၄)ဆူရှိ အလား တူအနုပညာလက်ရာများကို ဆက် လက်ဆောင်ရွက်နိုင်ရန်အတွက် မှု ဝါဒများချမှတ်ထားကြောင်းသိရ သည်။

ရန်ကုန်တိုင်းမ်

http://feeds.feedburner.com/thithtoolwin/yIWV