Wednesday, February 22, 2012

ဦးသူရ ရွှေမန်း က သတ္တိ ရှိ ဖို့  လိုပြီ ဟု ပြော သည် ကို ဆင်ဆာဖြတ်

ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော

ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

မွန်းလွဲ ၁ နာရီပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန် အဆိုကို ၎င်းအနေဖြင့် နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦတွင် ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။ ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းထဲမှ စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်းကိုပါ ထည့်သွင်းပြောကြား သွားသည်။ မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ် တွင် သတ္တိ ဆိုသည့် စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားသည်။

shwe-mann-3
 YPI

http://freedomnewsgroup.com/2012/02/22/let-it-courage/#more-24448

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြမှု ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံး တက်ပြီ။

ရန်ကုန်တိုင်း လှိုင်သာယာစက်မူဇုံ အမှတ် ၃ က တရုတ်သူဌေးပိုင် တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား နှစ်ထောင်ကျော်လောက် ဆန္ဒပြနေခဲ့ကြတာဟာ ခုဆိုရင် ၁၀ရက် ကျော် သွားခဲ့ပါပြီ။ ခုချိန်ထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ညှိနှိုင်းလို့ မရသေးတာ ကြောင့် အလုပ်သမားတွေ အလုပ်ပြန်မဆင်းကြသေးပါဘူး။ အလုပ်သမားတွေက ဒီိပြဿနာကို ဥပေဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့အတွက် ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးဆီ တိုင်ကြားနိုင်ဖို့ အလုပ်သမားခေါင်းဆောင်တွေ ရှေ့နေတွေနဲ့ ဒိကနေ့ တိုင်ပင် ခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေအနေနဲ့ လုပ်အားခနစ်နာကြေးတွေရဖို့အတွက် ဆန္ဒပြနေတာ ရက်အတော် ကြာလာတဲ့အချိန်မှာတော့ ပြဿနာကို ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားလာခဲ့ကြတာပါ။ မနက်ဖြန်မှာတော့ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ကြား ဖြေရှင်းမူပေးနိုင်မယ့် ၀ါဏိဇ္ဇပဋိပက္ခဖြေရှင်းရေးရုံးကို တက်နိုင်ဖို့အတွက် ပြင်ဆင် နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။ “မနက်ဖြန်မှာ ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့အတွက် သဘောတူညီချက်တွေ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အလုပ်ရှင်ဘက်ကတော့ ညှိနှိုင်းဆွေးနွေးဖို့ လမ်းဖွင့်တာ မရှိတော့ပါဘူး။ 

ဥပဒေကြောင်းအရ နောက်ထပ် စားပွဲဝိုင်း ပေါ်လာနိုင်ဖို့ အတွက်ဆိုရင် တပိုင်းကလည်း ကျနော်တို့ သူ့ကို အရေးဆိုနေရုံ တောင်းဆိုနေရုံနဲ့ မပြီးဘဲ ကျနော်တို့ဘက်ကနေ အစိုးရကပါ ပါဝင်လာနိုင်ဖို့ နည်းလမ်းကို ရှာဖွေရပါမယ်။ အစိုးရ ပါဝင် ဖြေရှင်းလာနိုင်မယ့် နည်းလမ်းက ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးကို တင်သွင်းဖို့နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အလုပ်သမားဘက်ကလည်း တရားဝင် အရေးဆိုခွင့် ရှိလာမယ်။ အလုပ်သမားဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် တစုံတရာကို ကျနော်တို့ ခံယူနိုင်မှာဖြစ်ပါတယ်။” အခြေခံလစာကိုတောင် အလုပ်ရှင်ဘက်က တိုးပေးဖို့ ရည်ရွယ်ချက်မရှိတဲ့အတွက် အလုပ်သမားတွေအနေနဲ့ ဥပဒေကြောင်းအရ နစ်နာမှုတွေအတွက် တောင်းဆိုဖို့ လုပ်ဆောင်ရတာ ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင် အမျိုးသမီးတဦးကလည်း ပြောပါတယ်။


 “အလုပ်သမားတွေရဲ့ အနေအထားက လစာက ခိုင်မာမှုရှိတဲ့ လစာမျိုး၊ ကိုယ့်လုပ်အား နဲ့ ထိုက်တန်တဲ့လစာမျိုး လိုချင်တယ်၊ အလုပ်ရှင်ကလည်း ဒါကို တိုးမပေးနိုင်ဘူး။ အလုပ်သမားတွေကလည်း သဘောမတူနိုင်ဘူး။ ဒါကြောင့် အခြေနေ တင်းမာနေတာ ကြောင့် ၀ါဏိဇ္ဇပဋိပက္ခကော်မီတီ ခုံရုံးနဲ့ ဖြေရှင်းဖို့ပဲ လုပ်တာပါ။” ၀ါဏိဇ္ဇပဋိပက္ခရုံးရဲ့ ဖြေရှင်းပေးမူက အလုပ်သမားတွေအတွက် ဘာတွေများ အကျိုး ဖြစ်ထွန်းတာတွေ ရှိနိုင်မလဲလို့ မေးတဲ့အခါမှာတော့ “ဒါကတော့ ကျမတို့က ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လုပ်တာပေါ့၊ ကျမတို့ ခုလို လုပ်တာကြောင့် ဥပဒေဘောင်ထဲမှာ ရှိသင့်ရှိအပ်တဲ့ အလုပ်သမားနဲ့ အလုပ်ရှင် အတွက် တကယ် မှန်ကန်တဲ့ ဥပဒေနည်းလမ်းတရပ်လည်း ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ရလဒ်ဆိုတာကတော့ ရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တာပေါ့။ ဒါကိုတော့ ကြိုပြောလို့ မရဘူးပေါ့နော်။” အလုပ်သမားခေါင်းဆောင် ၄၀ကျော်နဲ့ ရှေ့နေတွေက ဒီကနေ့ ဆွေးနွေးချက်တွေကို ဆန္ဒပြနေတဲ့အလုပ်သမားတွေကို မနက်ြဖန်မှာချပြပြီးတော့ အများစုရဲ့ ဆုံးဖြတ်ချက် အတိုင်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တွေကတော့ ၀ါဏိဇ္ဇပဋိပက္ခရုံးကို တက်ပြီး ဥပဒေကြောင်းအရသာ လုပ်ဆောင်သွားဖို့ အစီစဉ်ရှိတဲ့အကြောင်း ပြောဆို သွားပါတယ်။


တိုင်ရီဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဆန္ဒပြမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အပြည့်မ၀မရရှိခဲ့ဘူးလို့ ဆိုပါတယ် ။ အခုတခေါက် ၁၀ရက်ကျော် ကြာဆန္ဒြပမူတွေအတွင်းမှာလည်း အလုပ်သမား ကြီးကြပ် ရေး ကော်မီတီက တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်အလုပ်သမား ပြဿနာကို ၃ ကြိမ် ထက်မနည်း ဖြေရှင်းးခဲ့ပေမဲ့ ပြဿနာဟာ ပြေလည်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။

http://www.voanews.com/burmese/news/--02--21-12--taiyee--protest----139822353.html

ဒေါ်စု ကော့မှူး ဒုတိယအကြိမ် ပါတီစည်းရုံးရေးဆင်း

မြန်မာနိုင်ငံမှာ ပြည်သူကို အားကိုးတဲ့ အစိုးရတရပ်ပေါ်ပေါက်လာဖို့ လိုသလို အစိုးရကောင်းတရပ် ရရှိဖို့အတွက် လူထုမှာ တာဝန်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ သူယှဉ်ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်ထဲကို ဒီကနေ့ သွားခဲ့စဉ် လုထုကို အခုလို ပြောလိုက်တာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါလိမ့်မယ်၊


ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် အင်္ဂါနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကို ပါတီစည်းရုံးရေး သွားခဲ့ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်၊ ပထမဆုံးကော့မှူးမြို့နယ်နဲ့ တွံတေးမြို့နယ်အစပ်နားက အဖျောက်ဆိုတဲ့ ရွာနဲ့အတူ ကော့မှူးမြို့နယ်ထဲက ၀ါးဘလောက်သောက် ဆိုတဲ့ ရွာ ၂ရွာကို သွားပြီး ဒေသခံလူထုနဲ့ တွေ့ဆုံပါတယ်၊ မြန်မာနိုင်ငံမှာ လူထုဘ၀တွေကို ကိုယ်စားပြုတဲ့ အစိုးရ တရပ် ပေါ်ပေါက်လာရေးဟာ အရေးကြီးသလို အစိုးရကောင်းတရပ်ရအောင်လည်း လူထုက ကြိုးစားရမှာ ဖြစ်တယ်လို့ ဒေသခံကော့မှူးလူထုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်၊

 “ ရိုးရိုးလေး စဉ်းစားကြည့်ပါ။ ကိုယ့်ကို မအားကိုးဘူး၊ ကိုယ့်ကို တန်ဖိုးမထားဘူး၊ ကိုယ့်ကို အလေးမထားဘူး ဆိုရင် ကိုယ့်ရဲ့ အကျိုးကို ထမ်းဆောင်ပါ့မလား။ ဒီတော့ ကိုယ့်ကို အလေးထားမှ ကိုယ့်ကို အားကိုးမှ အစိုးရများဟာ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ် ဆိုတာကတော့ ကျမ သတိပေးပါရစေ။ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်အောက်မှာဆိုရင် ပြည်သူလူထုတွေက မိမိတို့တွေရဲ့ ဘဝကို မြှင့်တင်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ဖန်တီးပေးလို့ရမယ်။ ဒါပေမဲ့ ပြည်သူတွေကလည်း ကြိုးစားရမယ်။ ကျမတော့ ချည်းပြီး ကြိုးစားလို့ မရဘူး။ ကျမ အမြဲဘဲ ပြောပါတယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ အမြဲ ဒွန်တွဲနေတယ်။ ကျမတို့ ဒီမိုကရေစီ အရ ပြည်သူမှာ အခွင့်အရေးတွေ ရှိတယ်။ ဒါပေမဲ့ တာဝန်တွေလည်း ရှိတယ်။ အခွင့်အရေးတော့ လိုချင်ပါတယ်။ တာဝန်တော့ မယူချင်ဘူးဆိုရင်တော့ မဖြစ်ဘူး။” ဒါကတော့ ၀ါးဘလောက်သောက်ရွာမှာ လူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်း ပါရှင်၊


 ဒါ့အပြင် ကော့မှူးမြိုနယ်ထဲမှာ ဆင်းရဲသူများပြီး အလုပ်အကိုင် ရှားပါးတဲ့သူ များတာမို့ အလုပ်အကိုင်ရရှိရေး ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတိုးတက်လာရေးအပြင်၊ ဒီလို မဖွံဖြိုးတဲ့ ဒေသကို ကိုယ်စားပြုပြီးတော့ သူအနေနဲ့ ကော့မှူး မဲဆန္ဒကနေ ၀င်ပြိုင်ဖို့ စီစဉ်ခဲ့တယ် ဆိုတာတွေနဲ့ NLD ပါတီရဲ့ရပ်တည်ချက် တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါသေး တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ထဲက ၀ါးဘလောက်သောက်ရွာကို မလာခင် လမ်းမှာ ကော့မှူးနဲ့ တွံတေးမြို့နယ်အစပ်နားက အဖျောက်ရွာကိုလည်း ၀င်ခဲ့သေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်၊


 “ကော့မှူးမြို့နယ်ထဲကပဲ ပရဟိတ ကျောင်းတစ်ကျောင်းကို သွားပါတယ်။ ကျောင်းကိုသွားပြီးတော့ အဲဒီက ကျောင်းသားတွေကို တွေ့ပြီး သံဃာတော်တွေကို ဖူးတယ်။ သင်္ကန်းကပ်တယ်။ နောက် ခလေးတွေကို မိန့်ခွန်းပြောတယ်ပေါ့။ နောက် ခုနက အဖျောက်ရွာကို သွားတယ်။ အဖျောက်ရွာမှာလည်း အဖျောက်ရွာ ဘုန်းကြီးကျောင်း သံဃာတော်တွေကို ကန်တော့ပါတယ်။ နောက် အဖျောက်ရွာက သက်ကြီးရွယ်အိုတွေကို လက်ဆောင်တွေ ပေးတယ်။ ကန်တော့တယ်ပေါ့။ အဲဒါပြီးတော့ မှ ခုနက အဖျောက်ကွင်းထဲမှာ ဟောတာပါ။" လာမယ့် ဖေဖော်ဝါရီ ၂၃ နဲ့ ၂၄ ရက် နေ့တွေ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ထဲကို ပါတီစည်းရုံးရေးသွားမှာလည်း ဖြစ်ပါတယ်၊


 “ကချင်ကတော့ ၂၃ ရက်နေ့ပေါ့။ သဘက်ခါ မနက် ထွက်မယ်။ မနက်ထွက်ပြီးတော့ ကျနော်တို့ …ဟိုရောက်တာနဲ့ မြစ်ကြီးနားမြို့ ထဲကို မဝင်ဘူးပေါ့။ မိုးကောင်းကို တန်းသွားမှာပါ။ မိုးကောင်းသွားပြီး လမ်းမှာ မိုးကောင်း မြို့နယ်ထဲက မုန်းကြီး ဆိုတဲ့ ရွာမှာ ဟောပါမယ်။ ပြီးတော့ မိုးကောင်းမြို့မှာ ဟောပါမယ်။ ပြီးရင် မြစ်ကြီးနားမှာ ညပြန်အိပ်မယ်ပေါ့။ ၂၄ ရောက်သွားတော့ မနက်မှာ ကချင်မနောကွင်းထဲမှာ မြစ်ကြီးနား လူထုကို ဟောပါလိမ့်မယ်။ မြစ်ကြီးနားနဲ့ ကချင်ပြည်သူလူထု ကို ဟောပါလိမ့်မယ်။ အဲဒါ ပြီးတာနဲ့ ကျနော်တို့ ဂျေလွယ်နဲ့ ဗန်းမော်ကို သွားပါမယ်။ ဗန်းမော်မှာ ဗန်းမော်လူထုကို ဟောပါမယ်။ ဟောပြီးလို့ရှိရင် အဲဒီ တခြားလုပ်စရာရှိတဲ့ ကိစ္စလေးတွေ လုပ်ပြီးရင် ဗန်းမော်ကနေ မြစ်ကြီးနားပြန်ပါမယ်။ မြစ်ကြီးနားကနေ ရန်ကုန်ကို တိုက်ရိုက် လေယာဉ်ပျံနဲ့ ပြန်ပါမယ်။ အခုအချိန်အထိတော့ အဲဒီ ကချင်ပြည်နယ် ခရီးစဉ်ကတော့ မနေ့ကတုန်းက သူတို့ ပြည်နယ်စည်းကို ခေါ်ပြီးတော့ ပြည်နယ် ကော်မရှင်ကနေ အားလုံး ခွင့်ပြုလိုက်တယ် ဆိုတာ ပြောပါတယ်။ ကျန်တဲ့ အခက်အခဲကတော့ နေရာ အခက်အခဲကတော့ ကျနော်တို့ မသိပါဘူး။ မန္တလေးလည်း တက်ရဦးမယ်။ ကလော၊ အောင်ပန်း၊ ဟဲဟိုး အဲဒီဟာတွေမှာတော့ သွားတောင်းရင် ဘာဖြစ်ဦးမလဲတော့ မသိသေးပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ပြောပြခဲ့တာပါရှင်။


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကောမှူး မဲဆန္ဒနယ် ကနေ အခုဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်ထားပေမဲ့ ကန့်ကွက်တဲ့သူ ရှိတာကြောင့် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်း ခုချိန်ထိ မထွက်သေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု နယ်ခရီးစဉ်တွေဟာ ပါတီစည်းရုံးရေး အတွက်သာ ဖြစ်ပြီး မကြာမီ ရက်သတ္တပတ်များမှာလည်း ရှမ်းပြည်နယ် မန္တလေးတိုင်းနဲ့ အတူ လစ်လပ် မဲ ဆန္ဒနယ်မြေတွေ အကုန်လုံးကို စည်းရုံးရေးသွားနိုင်ဖို့ အတွက် အန်အယ်လ်ဒီ NLD ပါတီက စီစဉ်နေတယ်လို့လည်း ပြောပါတယ်ရှင်။

http://www.voanews.com/burmese/news/02-21-12--Kawhmu--dassk---139826893.html

အရင်လိုပဲ ဘာမှ မထူး. . .

ချိုတူးဇော်၊ ၊ဟိုတနေ့က သတင်းလေးတပုဒ်မှာ ကျနော့်မိတ်ဆွေ ကိုမျိုးမင်း(မောင်မျိုးမင်း ရင်တွင်းဖြစ်) တယောက် ခိုးကူးခွေတွေကြောင့် စိတ်ထိခိုက်ရလွန်းတဲ့အတွက် အကယ်ဒမီပေးပွဲကိုတောင် မတက်တော့တဲ့အကြောင်း၊ နေပြည်တော်ဟိုတယ်တခုကပဲ လှည့်ပြန်သွားပါတယ်ဆိုတဲ့အကြောင်း လေး ဖတ်လိုက်ရလေတယ်။

အဲဒီ အကယ်ဒမီပွဲ ကိစ္စကို သုံးသပ်ကြည့်မယ်ဆိုရင်. . ၀န်ကြီးက ရှည်လျားထွေပြားစွာ နိုင်ငံတော်ရဲ့စေတနာ ဆိုပြီး လူဝါးဝ စကားတွေပြော အမှန်က ကျနော်တို့ချွေးနည်းစာတွေထဲကတရားဝင်နည်းနဲ့ကော၊ တရားမ၀င် နည်းနဲ့ကော သိန်းပေါင်းများစွာနှစ်စဉ် အဲဒီဝန်ကြီးဌာနက ဘတ်ဂျက်မှာ နည်းနည်းနှောနှောမဟုတ်ဘူးယူထားပါတယ်။ 

ကျနော်တို့ပိုက်ဆံတွေနဲ့ အခွန်အတုပ်ကောက်ယူထားပြီး ကျနော်တို့လောကမှာ ဖြစ်ပျက်နေတဲ့ မသမာဒုစရိုက်မှုကို ကျတော့ မနှိမ်နှင်းပေးပါဘူး။ ခိုးမှုဟာ ရာဇ၀တ်ကြောင်းအရကို ပြစ်မှုမြောက်တဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ခိုးကူးခွေတွေ ရောင်းဝယ်ဖေါက်ကားနေတာဟာရန်ကုန်တိုင်းဒေသကြီးအစိုးရ ရဲ့ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြ နေတာဖြစ်ပြီး၊

ဒါ အဲဒီ အစိုးရအုပ်ချုပ်မှုညံ့ဖျင်းကြောင်း သာဓကဖြစ်ပါတယ်။ ဒီကိစ္စကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ရင် အစိုးရဟာ နှုတ်ထွက်ပေးဖို့လိုပါတယ်။ ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲကို စောင့်စရာမလိုပါဘူး။ အချိန်မရွေး ကန့်ကွက် ဖြုတ်ချပိုင်ခွင့်ရှိရပါမယ်။ မရှိရင် ဒီမိုကရေစီစနစ်မဟုတ်ဘူး။ အတုအယောင် ဒီမိုကရေစီစနစ်ပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ မဆိုင်ဘူး ဆိုရင်တော့ ပြည်ထောင်စုအစိုးရဆိုတဲ့ နေပြည်တော်အစိုးရအဖွဲ့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဘာပဲပြောပြော နေပြည်တော်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ဘယ်နေရာ၊ ဘယ်ဒေသ ဘယ်အစိတ်အပိုင်းမှာမဆို တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ခုလို ရာဇ၀တ်မှုတွေ ထူပြောနေတယ် ဆိုတာ သူတို့တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။ ရုပ်ရှင်ဗီဒီယိုလုပ်ငန်းတွေကနေ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်တောင်းယူထားတဲ့ အခွန်အခတွေကို မနည်းပါဘူး။

 နောက်ဆင်ဆာအဖွဲ့ညွှန်မှူးတွေ တကားချင်း စားပွဲခုံအောက်ကတောင်းတာတွေက သပ်သပ်ရှိပါသေးတယ်။ (တိတိကျကျ ပြောဆိုလည်း ပြောဖို့ အသင့်ရှိပါတယ်)။ ဒါ့အပြင် ရုပ်ရှင်လောကသားတွေဟာ အမြတ်ခွန်ကိုလည်း သီးသန့်ဆောင်ရပါသေးတယ်။ ဒီတော့ “နိုင်ငံတော်” အနေနဲ့ နိုင်ငံတော် အနေနဲ့ ဆိုပြီး အဲဒီဝန်ကြီးက တနှစ်တနှစ် ဘာတွေလုပ်ပေးတယ်၊ ညာတွေလုပ်ပေးတယ် လို့ပြောနေတာ အင်မတန်မှ လူဝါးဝ စကားတွေပြောနေတာလို့ပဲ ကျနော်တော့ ထောက်ပြဝေဖန်လိုက်ပါရစေ။ တခြားစကားလုံးနဲ့ကို မတန်လို့ပါ။ ဟောဒီ ဟောလီးဝုဒ်က အော်စကာဆုပေးပွဲတွေကို ကြည့်ပါဦး၊ ဘယ်အစိုးရက ၀င်ပြီး ပါနေတာ၊ စွက်ဖက်နေတာ ရှိပါသလဲ။

ဘယ်ဝန်ကြီးက ၀င်စကားပြောတာမြင်ဖူးပါသလဲ။ လောကတခု တိုးတက်ဖို့ဆိုတာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ပဲလိုပါတယ်။ ကုန်သည်တွေပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊ ရုပ်ရှင်လောကသားပဲဖြစ်ဖြစ် လူဆိုတာ ဘယ်သူမှ ကိုယ့်ထမင်းအိုးကိုယ် ရိုက်မခွဲပါဘူး။ ကိုယ့်အလုပ်တွေ ပိုကောင်းသထက်ကောင်းလာ အောင် ပိုတိုးတက်ပိုမြင့်မားလာအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားလာကြတာပါ။ လူ့ဘောင် လူ့လောကကြီးမှာ လူတွေဟာ အဲဒီလိုနည်းနဲ့ပဲ တိုးတက်လာအောင် လုပ်ခဲ့ကြတာပါ။ ပြဿနာက အာဏာနဲ့ ခုလို ၀င်ရောက်စွက်ဖက် လိုအပ်သည်များကို ညွှန်ကြားတတ်သူများကြီးစိုးနေတဲ့အခါ တလွဲတချော်တွေဖြစ်တတ်ပါတော့တယ်။ ကျနော်တို့မြန်မာ့ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ရွှေခေတ် ကာလမှာ အရှေ့တောင်အာရှမှာရှေ့ရောက်ခဲ့ပါတယ်။ ခုတော့ “နိုင်ငံတော်” ကြီး ပါကတည်းက ဘယ်လိုဖြစ်လာသလဲ ဆိုတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ဒီတော့ ကျနော်တခုပဲ ပြောချင်ပါတယ်။ တနှစ်တနှစ် စင်ပေါ်တက် သြ၀ါဒချွေ၊ ပြီးရင် တနင့်တပိုးစားထားတဲ့ အခွန်အတုပ်တွေကိုမှ အားမနာ နိုင်ငံတော်ရဲ့စေတနာ ဆိုပြီး ပြောပြောနေတာ နားကြားပြင်းကပ်လွန်းလို့ဗျာ။ နောက် နိုင်ငံတော် အကြီးအကဲ ဆိုပြီး ကတော်တွေကအစသူတို့သားသမီးဘုစုခရု တန်းစီးပြီး ရှေ့ဆုံးမှာ နေရာယူလို့။

ဘယ်တိုင်းပြည်က ခေါင်းဆောင်တွေများ၊ ရုပ်ရှင်အကယ်ဒမီပွဲမှာ ရှေ့ဆုံးက အားအားလျားလျား ထိုင်နေတာ မြင်ဖူးပါသလဲ။ နောက် ကျန်ပါသေးသဗျာ. .အော့နှလုံးနာစရာအကောင်းဆုံးက အကယ်ဒမီဆုပေးပြီး တန်းစီပြီး အဲဒီ့နိုင်ငံတော် အကြီးအကဲ ဆိုတဲ့ လူကို လက်အုပ်ကလေးတွေ ချီပြီ ဂါရ၀ သွားပြရပါသေးသတဲ့။ ဒါတွေကို အဲလို လုပ်ရမယ်အောင့်မေ့လို့ လုပ်နေတာဆိုရင်. . .ကားပေါ်တက်ပြီး မြင်းလည်းမတွေ့၊ နွားလည်းမတွေ့ ဒီလှည်းဘယ်လို ဆွဲသလဲမေးတဲ့ တောသားတွေလို ခင်ဗျားတို့ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေစနစ်ကိုဖေါ်ဆောင်တဲ့ အစိုးရ ၀န်ကြီးများ ဘယ်လို နေ ဘယ်လိုထိုင်ရသလဲ ဆိုတာ နည်းနာလေးများယူ၊ အတုလေးများခိုးကြစေချင်တယ်။ အမြီးအမောက်မတည့်တာ မျက်စိကလော၊ နားကလောလွန်းလို့ပါ။ ပြောရရင် ကိုမျိုးမင်းရေ…ကျနော်ကတော့ ဘယ်တုန်းကမှ အဲဒီ အကယ်ဒမီ ပွဲဖိတ်စာကို ယူလည်း မယူ၊ တက်လည်းမတက်ခဲ့ပါဘူး။ လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ တာတောင် မတက်ခဲ့ဘူး။

ကိုယ့်ကားလေးပါလို့ တက်ရင်ကောင်းမလား လို့ တွေဝေမိတာလည်း ခုနကပြောတာတွေ တွေးမိပြီး မတက်ရေးပဲဆုံးဖြတ်ခဲ့တယ်။ နောက်တခု အရေးကြီးတာပြောချင်ပါသေးတယ်။ ခင်ဗျားတို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အကြောင်းပြု “ခြံထဲကို အမေစု” လုပ်လို့ တမင်တကာကိုး ခိုးကူးတွေ ဖမ်းမပေးပဲ ဒဏ်ပေးတဲ့အနေနဲ့ ခင်ဗျားတို့စီးပွားပျက်အောင် ဖျက်တဲ့သဘော လို့မြင်ပါတယ်။ ဂီတလောကကြီးလည်း သူပုန်တွေများလို့ တမင် ဒီလို ဖျက်ခဲ့ပါရော။ ပြောရရင် အင်မတန်မှ စိတ်နှလုံးယုတ်ညံ့တဲ့ သူများ လက်နက်ကိုင် အုပ်ချုပ်နေဆဲပါပဲလား လို့ အဲဒီသတင်းလေးကို ဖတ်မိပြီး ပွားများ ရပါကြောင်းဗျာ။


http://freedomnewsgroup.com/2012/02/22/nothing-gonna-change/#more-24439

သန်း ၆၀ အတွက် မနက်ဖြန်

နိဒါန်း
 ဒီမိုကရေစီအသွင် ကူးပြောင်းရေး မှန်သမျှတို့တွင် Power Center အဟောင်း နှင့်အသစ်၊ အတွင်းနှင့်အပြင်၊ အသစ်အချင်းချင်း၊ အဟောင်းအချင်းချင်း စသည်တို့အကြား ပွတ်တိုက်မှုများ မလွဲမသွေတွေ့ကြုံ ရလေ့ရှိသောကြောင့် Stakeholder တို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဓိကကျနေသည်။


ပန်းတိုင် တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင်မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိသွားတတ် သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှုပြင်း ထန်လာလျှင် သမိုင်းကြောင်းကကြုံတွေ့ခဲ့ရသော နိုင်ငံ တည်ဆောက်ရေးသစ်ပင်သည် အညွန့်လည်းကျိုး၊ ပင်စည် လည်းကိုင်းသည့်အခြေအနေသို့ ဆိုက်ရောက် သွားတတ် သည်။ မြန်မာ့သမိုင်းသည် တစ်ပတ်ပြန်လည်တတ်သည်ဟူ သော သစ္စာတရား သဖွယ်မှန်ကန်နေသော ဆိုရိုးအဟောင်း တို့ အိပ်ပျော်ရာမှနိုးထလာခြင်းသည် သန်း၆ဝသော ပြည်သူ များ၏ အနာဂတ်၊ မနက်ဖြန်နှင့် တိုက်ရိုက် ပတ်သက်ဆက် နွယ်လာနိုင်သည်။ ပါဝါအရွေ့၊ အလျင်နှင့် ပွတ်တိုက်မှုပါဝါတို့ဟူသည် မည်သို့သောအခြေအနေမျိုးတွင်မဆို အထိုင်ပြောင်းလဲ သွားသည့်အချိန်၌ ကနဦးဖြစ်ပေါ်တတ်သောဟန်ချက်ပျက်မှုကို ထိန်းသိမ်းနိုင်ရန် အရေးကြီးသည်။ မြန်မာ့နိုင်ငံရေး၏ဆုံချက်သည် ယင်းပါဝါတို့ အထိုင်ကျ မကျ၊ ဟန်ချက်ထိန်းနိုင် မထိန်းနိုင်ဟူသော Capacity အပေါ်တွင် မူတည်နေသဖြင့် The Art Of Capacity အမှန်ပင်ဖြစ်နေသည်။ 


ပါဝါခွဲဝေမှုများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခြားဥပဒေတို့အပြင် လူမှုပဋိညာဉ် Social Contract အားဖြင့် လည်းပိုင်းခြား ထားလေ့ရှိသောကြောင့် ယင်းလူမှုပဋိညာဉ်ကို သတိလက်လွတ် ခြင်းကြောင့် လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးသို့ အန္တရာယ်ဆိုက်ရောက်စေနိုင် သည်အထိ စိုးရိမ်ပူပန်ဖွယ်ရာ ကောင်းနေသည်။ ပါဝါစင်တာများအပြောင်းအလဲ တွင်ဖြစ်ပေါ်တတ် သောပါဝါနယ်နိမိတ် မပြတ်သားမှုများ သည်လည်း ရံဖန်ရံခါ တွင် ပါဝါချင်းပွတ်တိုက်မှုကိုဖြစ်ပေါ်လာတတ်ပြီး ပွတ်တိုက်ဖန်များလာသည့် အခါတွင် မီးတောက်များကို ဖြစ်ပေါ်စေသည့်အခြေအနေကို ဖန်တီးလာပေသည်။ပါဝါစင်တာတို့၏ ဗဟိုချက်သည် နံဘေးရှိ ပါဝါအထောက်အကူတို့၏ လှုံ့ဆော်မှုများသည်လည်း ပါဝါဗဟိုချက်အပေါ် သက်ရောက်မှုများရှိတတ်သဖြင့် တစ်ခါတစ်ရံတွင် ပါဝါဗဟိုချက်ကိုယ်တိုင်ပင်လျှင် သက်ရောက်မှုများကို သတိ မမူဘဲဖြစ်သွားသည်။ မိမိပါဝါ၏စည်းကို မိမိဘာသာထင်ရှားလာအောင်ရေးဆွဲ ပြီး မိမိနယ်ပယ်တွင် ခိုင်မာအားကောင်းအောင် တည်ဆောက်ရမည့်အစား အခြားပါဝါတို့၏ ပြစ်ချက်၊ အားနည်းချက်တို့ကို မျက်နှာမူလာသောအခါ အသွင် ကူးပြောင်းစ ပါဝါအချင်းချင်းဆက်ဆံရေးတွင် အန္တတရာယ်အကြီးမားဆုံးသော Trust Deficit ကိုဦးတည်လာတော့သည်။


ပါဝါအချင်းချင်းဆက်ဆံရေးဟုဆို ရာတွင် ပါဝါဟောင်း သော်လည်း ဩဇာလွှမ်းမိုးနိုင်နေဆဲ အ နေအထားများကို လည်း ချင့်တွက်ရန်လိုအပ်သလို ပါဝါအသေးစားတို့၏စွမ်းရည်ကိုလည်း လျှော့ မတွက်ရန်လိုသည်။ အဓိကအချက်မှာ မိမိပါဝါကို မိမိဘာသာ စည်းပြတ်အောင် သုံးသပ်ပြီး မိမိပါဝါ၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ လွတ်မထွက်သွား ရန်ဖြစ် သည်။ထီးပြိုင်နန်းပြိုင် ပါဝါဂိမ်းတို့တွင် ပါဝါအချင်းချင်း ကိုယ်ကျိုး စီးပွားရှေ့တန်း တင်သည့်အစွဲဟောင်းများ မပြတ်သေးသည့်အခါ မိမိတို့၏လာရင်းကိစ္စများကို မေ့လျော့သွားတတ်သဖြင့် ပါဝါများ၏ အသက်သွေးကြောမှာ အခြားပါဝါများ အပေါ် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုရှိရေးဖြစ်နေသည်။ (ဤတွင် ပါဝါ အဟောင်းများအပေါ်တွင်လည်း ဤသဘောတရားထားရှိရန်လိုအပ်မည်)။


“ပန်းတိုင်တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင် မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိ သွားတတ်သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှု ပြင်းထန်လာလျှင် သမိုင်းကြောင်း ကကြုံတွေ့ခဲ့သော နိုင်ငံတည်ဆောက်ရေး သစ်ပင်သည် အညွှန့်လည်းကျိုး ပင်စည်လည်း ကိုင်းသည့် အခြေအနေသို့ ဆိုက်ရောက် သွားတတ်သည်။” သန်း ၆ဝ၏ မနက်ဖြန် အမှန်စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေက အညီအမျှခွဲဝေထားသော ပါဝါ စည်းများကို မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ သန်း၆ဝအတွက် အခက် ဖြစ်စေလျှင် မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် နိုင်ငံတကာကအောချ လောက်သောအောင်မြင်မှုကြီးကို ရရှိလာမည်မဟုတ်ပါ။ ပါဝါသည် စားတတ် သည်၊ စားတတ်အောင်လည်း သွေးထိုးမြှောက်ပင့်ပေးမှုများ ရှိတတ်သည်။ ချီးကျုးဟန်ပြင်၍ ချောက်တွန်း တတ်သည်များလည်းရှိသည်။ ဤသည်မှာ ပါဝါ စင်တာတို့ တွေ့ကြုံရမြဲဖြစ်သော သဘာဝတရားသာဖြစ်သည်။


သို့သော် ပါဝါ ဗဟိုချက်တို့ကိုယ်နှိုက်က လက်ကုန်နှိုက်၍ စည်းကျော်မိသောအခါ ပါဝါအဟောင်း များအပါအဝင် အချင်းချင်းပွတ်တိုက်မှုများ ဖန်တီးမိသောအခါ ပွတ်တိုက်မှု ညင်သာစေရန်သာ ဆုတောင်းရသည့်အခြေအနေအထိ ဆိုက်ရောက်သွား တတ်သောကြောင့် သန်း(၆၀)သောနိုင်ငံသားများ၏ မနက်ဖြန်သည် ယင်းသို့ အကဲဆတ်လှသည့် ချိန်ခွင်လျှာကို စိုးရိမ်မှုကြီးမားစွာ စောင့်ကြည့်နေ ရသည့်အနေ အထားကို ရှောင်ရှားရန်လိုမည်။


လက်ရှိအနေအထားတွင် မြန်မာ့ဒီမိုကရေစီရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးသည် သင်းသတ်ခံရမည့်ခြိမ်းခြောက်မှုများ ရစ်ဝဲလာ နိုင်သည့် အလားအလာများ မြင်တွေ့လာနိုင်သော အကြောင်းများ ကြောင့် သန်း၆ဝသော နိုင်ငံသားများ၏ မနက်ဖြန်အတွက် မိမိတို့ လာရင်းကိစ္စကို မမေ့မလျော့ နှလုံးသွင်းမျက်နှာမူကြပါမည့်အ ကြောင်း မေတ္တာရပ်ခံရခြင်းဖြစ်သည်။


အကျိုးစီးပွားများတိုက်ဆိုင် လာသောအချိန်တွင် လာရင်း ကိစ္စကိုမေ့လျော့ သွားကြရာ သန်း ၆ဝသော နိုင်ငံသားများအတွက် မနက်ဖြန်ဟူသောလာရင်းကိစ္စ သည် မှေးမှိန်ပျောက်ကွယ် သွားနိုင်သည်။ နိဂုံး မိမိတို့ဂိမ်းကို မိမိတို့အာရုံစိုက်ကြမှ မိမိတို့လာရင်းကိစ္စကို မိမိတို့အလေး ထားကြမှ သန်း၆ဝမှာ အသက်ရှူချောင်မည်ဟူ၍ သဘောရသော ကြောင့် လာရင်း ကိစ္စမမေ့ကြရန် သတိပေးနှိုးဆော်ရခြင်းဖြစ်သည်။ သန်း၆ဝသောပြည်သူများ မှာ နောက်ကြောင်းပြန်၍ အတိတ်ကို ပြန်လည် ပုံဖော်ခြင်းမပြုလိုသည်မှာ ခါးသီး ပြီး နာကြည်းဖွယ်ရာကောင်းသော အရိပ်ဆိုးများကြောင့်ဖြစ်သည်ကို သိရှိပါ လျှင် မိမိတို့လာရင်းကိစ္စကို မိမိတို့အာရုံပြုဆောင်ရွက်ခြင်းဖြင့် နိုင်ငံတည်ဆောက် ရေးတာဝန်ကျေပွန်လာပါလိမ့်မည်။ ပါဝါချင်း မပွတ်တိုက် မိအောင် ဆောင်ရွက် ရန်မှာ ခက်ခဲသည်မှန်သော်လည်း သန်း၆ဝအတွက် မနက်ဖြန်လှစေချင်လျှင် သတိဖြင့်ဆင်ခြင်နိုင်ပါလိမ့်မည်။ စလယ်ဝင် ဖင်မမည်းခင်က ကွဲတတ်သည်ဟူ သောဆိုရိုးစကားများသည် ရှေးလူကြီးများ အခြေအမြစ်မဲ့ထားရှိခဲ့ခြင်းမဟုတ် သလို သမိုင်း တစ်ကျော့ပြန်ခြင်း ၏ အန္တရာယ်သည် ယနေ့ ဒီမိုကရေစီ ဘယ် ခရီးရောက်မလဲဟူသောအဖြေကို အပြောင်းအလဲကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်သည်။


ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေပြု၍ ပုစ္ဆာများ တွက်ချက်ကြသောအခါ ရလဒ်အမျိုးမျိုးဖြစ်တတ်သည်မှာ ပေးထားချက်ကို ကုန်စင်အောင်မကြည့်ခြင်း၊ ပေးထားချက်ကိုကျော်လွန်၍ တွက်ချက်ခြင်းတို့ ကြောင့်ဖြစ်သည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်များ၏ သဘောသဘောဝအ တိုင်း ပေးထားချက်များကို ကုန်စင်အောင် အသုံးပြု၍ တွက်ချက်ကြည့်ဖို့ လိုသည်။ ပေးထားချက် ကုန်စင်အောင် ထည့်သွင်းတွက်ချက်ပြီးသောအခါ ရရှိလာသော ရလဒ်ကို ထုတ်ပြန်ကြေညာခြင်း မပြုမီ သန်း၆ဝ၏ မနက်ဖြန်နှင့် ပြန်လည်တိုက် ဆိုင်စစ်ဆေးကြည့်ရန်သာဖြစ်ကြောင်း အနူးအညွတ် မေတ္တာရပ်ခံတင်ပြလိုက် ရ ပါသည်။ ထက်ခိုင် (ရန်ကုန်တိုင်းမ်)



http://feeds.feedburner.com/thithtoolwin/yIWV

ကွန်တိန်နာကား တိုက်မိသဖြင့် အမျိုးသမီးတဦးသေဆုံး

ဘုရင့်နောင်ဘက်မှ မောင်းနှင်လာသော ကွန်တိန်နာယာဉ် နံပါတ် ပ/၈၇၄၅ သည် သီရိမင်္ဂလာ ဈေးသစ် ကြီးရှေ့တွင် ယာဉ်၅စီးအား ဆက်တိုက် ဆင့်တိုက်မှုတစ်ခု ဖေဖော်ဝါရီ၂၁ ရက်နေ့လယ် ၁၂နာရီကျော်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါယာဉ်တိုက်မှုတွင် ကွန်တိန်နာ ယာဉ်မှအရှိန်လွန် မောင်းနှင်မှုကြောင့်ခရီးသည်ယာဉ် တစ်စီး၊အငှားယာဉ်တစ်ဦး၊ကိုယ်ပိုင် ယာဉ်သုံးစီး တို့ကို ဆင့်ကဲတိုက်မှု ဖြစ်ပွားသီရိမင်္ဂလာဈေးသစ်သို့ဈေး ကြိုလာသည့်အသက်(၅၀)အရွယ် ရှိအမျိုးသမီးတစ်ဦးခါးထက်ပိုင်း ပြတ်ကာ ပွဲချင်း ပြီးသေဆုံးခဲ့ပြီးအ မျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။ 


 ယာဉ်တိုက်မှုဖြစ်ပွားရာမြင်ကွင်း


ပွဲချင်းပြီးသေဆုံးခဲ့သည့် အမျိုးသမီးမှာ လှိုင်သာယာစက်မှုဇုန် (၁)၊၅ ရပ်ကွက်၊ နဝရတ်လမ်း၊ မော်ရွှေမြိုင် အဆောင်တွင်နေထိုင် သည့်ဒေါ်ခင်မာအေး ဆိုသူဖြစ် ကြောင်းသိရသည်။ ''ကလေးတွေကျောင်းပိတ်လို့ အမေက ဈေးကြိုဆင်းလာတာ။ အ ခုငါးခြောက်တွေဈေးကြိုပြီးပြင်ဖို့ လုပ်နေတုန်းအခုလိုမျိုးဖြစ်တာပါ'' ဟုသေဆုံးသူ၏ သမီးဖြစ်သူမစုမာဝင်း ကရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောသည်။ အခင်းဖြစ်ပွားခဲ့သည့် ကွန်တိန်နာ ယာဉ်မှ ယာဉ်မောင်း ဖြစ်သူကိုပိတောက် ချောင်းရဲ စခန်းမှထိန်းသိမ်း ထားကြောင်း သိရသည်။



 ယာဉ်တိုက်မှုဖြစ်ပွားပြီး ပွဲချင်းပြီးသေဆုံးသွားသော အသက်(၅၀)အရွယ်ရှိအမျိုးသမီး


''ကုန်သေတ0x081တာယာဉ်ကကျွန် တော့်ကားကိုအရင်ဆုံးတိုက်တာ။ ကားကတစ်ဖက်ကားလမ်းကိုလွင့် သွားတယ်။ကားတွေရှင်းနေလို့တော သေးတယ်။လူတော့ဘာမှမဖြစ်ပါ ဘူး''ဟုအဆိုပါယာဉ်တိုက်မှုတွေ ပါဝင်ခဲ့သည့်ပါပလေကားမောင်း သူကပြောသည်။


''ဖြစ်တာကငါးခြောင်းရောင်း တဲ့အဒေါ်ကြီးကကားလမ်းဘေးမှာ ရပ်နေတာ။အဲဒါကိုအရင်ဆုံးကုန် သေတ0x081တာတင်တဲ့ ကားကသူနဲ့အတူ ပါလာတဲ့ အထမ်းသည်ကိုတိုက် တော့လွင့် သွားတယ်။ နောက်မှအဲဒီ အဒေါ်ကြီး တိုက်ရှေ့ဘီးနဲ့တိုက် တယ်။ပြီးတော့နောက်ဘီးကျိတ်သွား တယ်''ဟု ယင်းဖြစ်စဉ်ကိုမြင်တွေ့ ခဲ့ သည့်မျက်မြင်ကြုံခဲ့သူ တစ်ဦးက ပြောသည်။



 ယာဉ်တိုက်မှုဖြစ်ပွားရာမြင်ကွင်း


''ကားကအရှိန်တော့သိပ်မများဘူး။ဒါပေမယ့်ဘယ်လိုမျိုးဖြစ် တယ်ဆိုတာကိုတော့မသိရသေးပါ ဘူး'' ဟုအခင်းဖြစ်ပွားခဲ့သည့်နေရာ မှယာဉ်ထိန်းတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့်မိနစ် ၂ဝခန့်ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းမ်



http://feeds.feedburner.com/thithtoolwin/yIWV

မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်ရန် သဘောတူ

မွန်ပြည်သစ်ပါတီက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမ သဘောတူညီချက် ၅ ချက်ကို အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ အတည်ပြုလိုက်ပြီလို့ ပါတီဗဟိုကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့် ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့ မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က ပြောပါတယ်။
“ပြီးခဲ့တဲ့ ပဏာမ သဘောတူညီချက်တွေကို မွန်ပြည်သစ်ပါတီက အဲဒါကို ဒီမှာ အတည်ပြုလိုက်ပြီ။ လက်ခံပြီးတော့ သူတို့ ဒီမြန်မာအစိုးရနဲ့ အဆက်အသွယ် ပြန်လုပ်တယ်။ ၂၅ ရက်နေ့လောက်မှာ ပြန်တွေ့ကြဦးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်နဲ့ကို ဆက်ဆွေးနွေးမယ်။” မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ၁၈ ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁ ရက်နေ့ မော်လမြိုင်မြို့ တွေ့ဆုံရာမှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ချက်ကို ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အခုကျင်းပတဲ့ ဗဟိုကော်မတီ အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ ပဏာမသ ​ဘောတူတာက​တော့​ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ရယ်၊​ ပြည်​ထောင်စုအဆင့်​ ဆွေးနွေးဖို့​အတွက် ကိုယ်စား​လှယ် အမည်စာရင်း​၊​ ရက်၊​ ​နေရာ ညှိနှိုင်းဖို့ရယ်၊​ ဆက်ဆံ​ရေး​ရုံး​တွေထား​ဖို့ရယ်၊​ သတ်မှတ်တဲ့​ နေရာပဲ လက်နက်နဲ့သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်​မြေမှာ လက်နက်နဲ့မသွား​ရဘူး​ ဆိုတာရယ်၊ နှစ်ဖက် သ​ဘောတူညီလို့ရတဲ့​ နယ်​မြေအပိုင်းအ​ခြားတွေမှာ​ ​နေ​ထိုင်​ဖို့ စတဲ့​အချက်​တွေ​ ​ဆောင်​ရွက်​ဖို့ကို သဘောတူညီခဲ့ကြတာပါ။

၂၀၁၀ ခုနှစ် စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်ပါတယ်။ စစ်အစိုးရ မဖျက်ခင် ပျက်ပြယ်ခဲ့ရတဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အစိုးရသစ် လက်ထက်မှာ ပြန်အကောင်အထည် ဖော်နေပြီး အစိုးရက ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေအနက် ဒီကေဘီအေ၊ ရှမ်းတပ်တွေနဲ့ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဆိုရင် အင်အားကြီးမားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တခုသာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးဘဲ ကျန်ရှိနေမယ့် သဘောဖြစ်ပါတယ်။

ဒီလ ၁၅ ရက်နေ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို သုံးလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးစီးမယ်လို့ ခန့်မှန်းဖြေဆိုထားပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ လာမယ့် လပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ဖြေခဲ့ပါတယ်။ တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဟာ တဖွဲ့ချင်း မဆွေးနွေးဘူးလို့ မူချထားပေမယ့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိဘဲ တဖွဲ့ချင်း အစိုးရနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဒီဗွီဘီ

http://feeds.feedburner.com/thithtoolwin/yIWV

ဇောတိကဓါတ်ငွေ့ပိုက်လိုင်းလုပ်သားများအရေး တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြား

ထားဝယ်ခရိုင်အတွင်းရှိ ဇောတိက ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်သားများက ၎င်းတို့တောင်းဆိုမှုများကို ကုမ္ပဏီဘက်မှ ဖြေရှင်းပေးခြင်းမရှိသေးသဖြင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ယခုလ ၂၀ ရက်က တိုင်ကြားထားကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောသည်။
“ တောင်းဆိုခဲ့တာနဲ့ ပတ်သတ်ပြီး ဘယ်သူမှ လာဖြေရှင်းပေးတာမျိုးမရှိသေးဘူး။ အခုက ဆန္ဒပြရာမှာ ပါတဲ့သူတွေကို အလုပ်မပေးဘဲ သီးခြားဖယ်ထားပြီး အလုပ်မဆင်းခိုင်းဘဲထားတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက YPI သို့ပြောသည်။ 

 တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လိပ်မူထားသော တိုင်ကြားစာတွင် အလုပ်သမားများ၏ အခက်အခဲများ၊ ကုမ္ပဏီထံတောင်းဆိုထားသော လစာတိုးမြှင့်ရေး၊ အခြားအလုပ်သမားအခွင့်အရေးများ ဖြည့်ဆည်းပေးရေးနှင့် ဒေသခံအလုပ်သမားများအား ကြီးကြပ်သူတို့က ရိုင်းပြသော အပြုအမူများဖြင့် မခိုင်းစေရန်တို့ပါဝင်ပြီး မိတ္တူကို ILO၊ လူမှုရေး အသင်းအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသို့ ပေးထားကြောင်း အလုပ်သမားများက ဆိုသည်။


 ယခုလအစောပိုင်းက ခြောက်ရက်ကြာ ဆန္ဒပြမှုအပြီးတွင် ယခင်ခင်လ တစ်ဝက်စာလုပ်အားခအတွက် တစ်ရက် လေးထောင်ကျပ်မှ ငါးထောင်ကျပ်သို့ တို့မြှင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ်ငါးထောင် မပေးနိုင်ဟု ကုမ္ပဏီမှပြောကြောင်း၊ အခြားခံစားခွင့်များဖြစ်သည့် အန္တရာယ်ကင်းဝတ်စုံများ၊ သောက်ရေ၊ ကြိုပို့ကားနှင့် နားနေချိန်များအတွက် အဆင်ပြေအောင် စီစဉ်ပေးမှုမရှိသေးသည့် အပြင် ဆန္ဒပြခေါင်းဆောင် အလုပ်သမားများအား သီးခြားခွဲကာ အလုပ်မပေးခြင်းမျိုးဖြင့် တုံ့ပြန်ခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင်တစ်ဦးက ပြောသည်။


 ယခုလ ၁၆ ရက်က Asia Guiding Star Co.Ltd တာဝန်ခံက ၎င်းသြဇာရှိသော အလုပ်သမားတစ်စုကို ရေဖြူမြို့နယ်သို့ခေါ်သွားပြီး ပြဿနာမှာပြေလည်သွားပြီဖြစ်ကြောင်းနှင့် နောက်ထပ်ဆန္ဒမပြရန် ၀န်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကပြောသည်။ 



 ဇောတိက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာ 

 ကန်ဘောက်ဒေသခံ အလုပ်သမားရေးရာ လေ့လာသူတစ်ဦးက “ ကန်ဘောက်ဒေသမှာရှိတဲ့ အခြားပိုက်လိုင်းကုမ္ပဏီနှစ်ခုက လုပ်သားတွေနဲ့ယှဉ်ရင် အလုပ်သဘာချင်းတူပေမယ့် (ဇောတိကစီမံကိန်း အလုပ်သမားတွေ) လစာက တစ်ဝက်လောက်ပဲရတယ်။ ပြီးတော့ ဒီကုမ္ပဏီ(Asia Guiding Star) က အလုပ်သမားတွေက ၀တ်စုံ၊ ဖိနပ် မရဘူး။ နားချိန်တောင်လုံလောက်အောင်မရဘူး” ဟု သုံးသပ်သည်။ 


ထိုင်းအခြေစိုက် အင်အားကြီးစွမ်အင်ကုမ္ပဏီဖြစ်သော PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော ဇောတိက ပိုက်လိုင်း၏ ကုန်းတွင်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းအား China Petroleum Pipeline Bureau(CPPB) မှ ပင်မကန်ထရိုက်အဖြစ်ဆောင်ရွက်နေသည်။ အလုပ်သမားကိစ္စများအတွက် Asia Guiding Star Co.Ltd နှင့် United Engineering Co.Ltd တို့မှ တစ်ဆင့်ခံကန်ထရိုက်ရရှိထားပြီး ယခုဆန္ဒပြတောင်းဆိုမှုမှာ Asia Guiding Star Co.Ltd နှင့် အလုပ်သမားများကြား ဖြစ်ပွားနေခြင်းဖြစ်သည်။ 

 အစိုးရသစ်လက်ထက်တွင် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုများ ယခင်ကထက်အားကောင်းလာပြီး ယခုလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ယီစက်ရုံလုပ်သားများကလည်း အခြေခံလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ဆန္ဒြ့ပတောင်းဆိုနေကြသည်။ ။


http://feeds.feedburner.com/thithtoolwin/yIWV

၂၀၁၀ ရွေးကောက်ပွဲထက် ကြားဖြတ်ရွေးကောက်ပွဲကို လူထု စိတ်ဝင်စားမှုများလာ

လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲထက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပိုမိုစိတ်ဝင်စားလျက်ရှိကြောင်း မဲဆွယ်စည်းရုံးရေး ဆင်းလျက်ရှိသော နိုင်ငံရေးပါတီများမှ ပြောရေးဆိုခွင့်ရှိသူတို့က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်း၊ ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့် ပိုမိုယဉ်ပါးလာခြင်းစသော အကြောင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူများပိုမိုစိတ်ဝင်စားလာခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ပြောကြားသည်။

  ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းနိုင်က “ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ တတိုင်းပြည်လုံးမှာ လှည့်လည်ပြီး ဟောပြောတာဟာ ပြည်သူတွေကို ပိုမိုစိတ်ဝင်စားစေတဲ့အချက်ပါ။ အဲဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ အကြောက်တရား လျော့ပါးလာပြီး နိုင်ငံရေးနဲ့ယဉ်ပါးလာတယ်” ဟု ပြောကြားသည်။ 

 မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကလည်း ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား ယခုကဲ့သို့ စိတ်ဝင်စားလာကြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ၍ဖြစ်ကြောင်း၊ ထိုသို့ ရွေးကောက်ပွဲအပေါ်ပြည်သူများ စိတ်ဝင်စားလာခြင်းကြောင့် နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာပြီး ပြည်သူများဘက်မှလည်း သိလိုသည်များကို ယခင်ကနှင့်မတူ ရဲဝံ့စွာ မေးမြန်းလာကြကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။ ၎င်းက “ ခုဒေါ်အောင်ဆန်းစုကြည်ပါလာပြီဆိုတော့ ပြည်သူတွေက သူ့ကိုအထင်ကြီးတယ်။ သူကပြည်သူတွေကို လွှမ်းမိုးနိုင်တယ်။ သူပြောတာတွေ လုပ်နေတာတွေကိုကြည့်ပြီး ပြည်သူတွေကပါ ရဲဝံ့လာကြတယ်။ ” ဟု ပြောကြားသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၏ ဘဏ္ဍာရေးမှူးဖြစ်သည့် ဦးစောသန်းမြင့်ကလည်း ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှုရှိမရှိစိတ်ဝင်စားလျက်ရှိပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မသမာမှုများ ထပ်မံဖြစ်ပေါ်ခြင်း ရှိမရှိကိုပါစောင့်ကြည့်လျက်ရှိကြောင်း ပြောကြားသည်။


 “ ၂၀၁၀ တုန်းကပြည်သူတွေဘယ်လိုပဲ မဲပေးမဲပေး နောက်ဆုံး လုပ်ချင်ရာလုပ်သွားတယ်။ စနစ်လည်းပြောင်းပြီပြောနေတယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလည်းပြောင်းသွားပါလျက်နဲ့ ၂၀၁၀ တုန်းကလိုထပ်ဖြစ်လာမလားဆိုတာကို စိတ်ဝင်စားနေကြတယ်။” ဟု ဦးစောသန်းမြင့်ကဆိုသည်။ 



ဒေါ်အောင်ဆန်းစုကြည်လှည်းကူးမြို့ လူထုပရိသတ်အား လက်ပြနှုတ်ဆက်နေစဉ်။


 ယမန်နှစ် နှစ်လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ခဲ့သည်။ ထို့နောက်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက ပါတီမှတ်ပုံတင်ခြင်းမပြုဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ။

http://feeds.feedburner.com/thithtoolwin/yIWV

မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂)ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်၊ လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားလိုက်သည်။





လျှပ်စစ်မီးသုံးစွဲလျက်ရှိသော ပြည်သူများ အနေဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလဆန်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားကို ယခင် ပေးဆောင်ရသည့် (အိမ်သုံး) တစ်ယူနစ်လျှင် ၂၅ကျပ်၊ (လုပ်ငန်း)သုံး ၅၀ကျပ်ထိကို တိုးမြှင့် ကောက်ခံသွားမည်ဟု ထွက်ပေါ်လျက်ရှိသည်။ ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန် ကြီးက ]]နိုင်ငံတော်အကြီးအကဲတွေက တစ်ခါ တည်းဆောင့်မတက်လိုက်နဲ့ ဖြစ်သင့်ဖြစ်ထိုက် တာလုပ်ပါလို့ပြောပါတယ်။ 

ဒါလေးကိုတော့ ကျွန်တော် ပြန်တွက်ချက်ပြီးတော့လုပ်နေပါ တယ်။ ဒီတစ်ယူနစ် ကျပ်၅၀၊ ၁၀၀နှုန်းကတော့ ၂၀၁၃ခုနှစ် ဟိုဘက် ဘတ်ဂျက်ရောက်ရင်တော့ ဖြစ်သွားနိုင်ပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းမှာ တက်တော့ တက်မယ်။ ဒါပေမဲ့ တက်မယ့်ဈေး နှုန်းက ဒီလောက်ဖြစ်ချင်မှဖြစ်မယ်။ တစ်ခါ တည်းတော့ ခုန်မတက်ပါဘူး။ ၂၀၁၂ခုနှစ်မှာ နှစ်ဆထိတော့မတက်ပါဘူး။ ဒါပေမဲ့ အစမ်း သဘောတော့တက်မယ်။ တစ်ခုတော့လုပ်ပါ မယ်။ ဒါကတော့ ကျွန်တော်တို့သေချာတွက် ချက်ပြီးဆုံးဖြတ်ပါဦးမယ်။ အိမ်သုံးမီတာဆိုရင် ၂၅နဲ့၅၀ကြားမှာ တစ်ခုတော့ဖြစ်မယ်။ စက်မှု လက်မှုလဲ ၁၀၀ဖြစ်ချင်မှလဲဖြစ်မယ်။ ဒါပေမဲ့ နှစ်ဆတော့မဟုတ်ပါဘူး}}ဟု ထုတ်ဖော်ပြော ကြားသည်။ 

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စတင်ပေါ်ပေါက်လာသည့် ၂၀၀၆-၂၀၀၇ခုနှစ် မှ ၂၀၁၀-၂၀၁၁ခုနှစ် ငါးနှစ်တာကာလအတွင်း အဆိုပါဝန်ကြီးဌာနအနေဖြင့် ၀င်ငွေမှာ ကန် ဒေါ်လာ၆၉သန်း၊ မြန်မာငွေကျပ်၁၄၂၈ဘီလီယံ ရရှိခဲ့သော်လည်း ယင်းငါးနှစ်တာကာလအတွင်း ပြန်လည်သုံးစွဲခဲ့ရသည့် ကန်ဒေါ်လာ သန်း ၇၃၀အပါအ၀င် မြန်မာငွေကျပ်၁၄၆၈ဘီလီယံ သုံးစွဲခဲ့ရကြောင်း သိရသည်။ ]]ဒါကိုကြည့်ရင် ကျွန်တော်တို့မှာ ၀င်ငွေ ထွက်ငွေလုံးဝမညီမျှပါဘူး။ ဥပမာပြောရရင် ကန်ဒေါ်လာဘီလီယံ ၇၀၀ကျော်ကို ဘာတွေ သုံးစွဲခဲ့ရသလဲဆိုရင် ကျွန်တော်မှာအများကြီး ရှိပါတယ်။ ဥပမာ အကြီးဆုံးတစ်ခုပြောရရင် ရွှေလီရေအားလျှပ်စစ်စက်ရုံကြီး၊ အဲဒီလျှပ်စစ် စက်ရုံကြီးကထွက်တဲ့ဓာတ်အားကို မန္တလေး ရောက်အောင်သယ်ရပါတယ်။ အဲဒီတော့ မဟာ ဓာတ်အားလိုင်းကြီးတွေကို မိုင်၁၈၀လောက် ဆောက်ရပါတယ်။ အဲဒါမျိုးတွေ။ ဒါနဲ့ဆက်စပ် တဲ့ပစ္စည်းအားလုံးကို နိုင်ငံခြားငွေနဲ့ဝယ်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တခြားရဲရွာ-ကျိုင်းတောင် စသည်ဖြင့်ပေါ့။ အခုဆိုရင် အလုံမှာဆောက် နေတဲ့ဓာတ်အားခွဲရုံကြီးတွေ ဒါမျိုးတွေ အများ ကြီးဆောက်ရတဲ့အတွက် ဒါတွေကို သန်းပေါင်း မြောက်မြားစွာ အကုန်ကျခံတည်ဆောက်ရပါ တယ်။ ဓာတ်အားခတိုးမြှင့်ရေးကိစ္စနဲ့ပတ်သက် ပြီး လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ကအရှုံး ခံပြီး ပေးနေရတယ်ဆိုတာ အားလုံးအသိဖြစ် ပါတယ်။ လွှတ်တော်မှာလဲ ကိုယ်စားလှယ်တွေ က ဒေသလိုအပ်ချက်တွေကို တောင်းခံနေပါ တယ်။ တောင်းတာများတဲ့အတွက် နိုင်ငံတော် အနေနဲ့ ဆောင်ရွက်ဆဲဖြစ်တဲ့စီမံကိန်းတွေကို ရပ်ဆိုင်းလို့မရပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့အတွက် လက်ရှိမီတာဆိုရင်လဲ နိုင်ငံတကာနဲ့ယှဉ်ရင် အများကြီးသက်သာစွာ ကောက်ခံနေပါတယ်}}ဟု ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။

 ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီးသုံးစွဲလျက်ရှိသော ဒေသခံပြည်သူ များအနေဖြင့် လက်ရှိပေးဆောင်နေရသော လျှပ်စစ်မီတာခကို ယခင် အိမ်သုံးတစ်ယူနစ် လျှင် ၂၅ကျပ်မှကျပ်၅၀ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီ လဆန်းမှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဟု ထွက်ပေါ်နေသောသတင်းကြောင့် အများစု မှာစိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ]]နိုင်ငံတော်သမ္မတ ကြီးကိုယ်တိုင် ဦးစီးပြီးလုပ်နေတဲ့စီမံကိန်းတစ်ခု ကိုကြားရတဲ့အတွက် ၀မ်းသာရပါတယ်။ အဲဒါ ကတော့ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာပါ။ ဒါက တကယ်လဲလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာက အခြေခံလူတန်းစားကများ နေသေးတာဆိုတော့ ဒီလူတန်းစားကွာဟမှုကို တော့ ကျဉ်းမြောင်အောင်လုပ်ရမှာဖြစ်ပါတယ်။


ဒါပေမဲ့ ဒီလိုလုပ်နေတဲ့အချိန်မှာ လျှပ်စစ်မီတာ နှစ်ဆတက်မယ်ဆိုတော့ ကျွန်မအရမ်းစိတ်ပူ သွားတယ်။ အိမ်မှာဆိုရင် မီတာခကို တစ်လ ကျပ်၈၀၀၀ဆောင်ရတယ်။ နှစ်ဆဆိုတော့ ကျပ် ၁၆၀၀၀ကျော်ဆောင်ရတော့မယ်။ မီတာတက် တာကတော့ သတ်မှတ်လိုက်ပြီဆိုတာနဲ့ အများ နည်းတူပေးကိုပေးရတော့မှာ မပေးရင်မသုံးနဲ့ ပေါ့။ မသုံးလို့လဲရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီ နေရာမှာ ပြည်သူဘက်လဲပြန်ကြည့်သင့်ပါတယ်။ လျှပ်စစ်ဓာတ်အားပေးရေးဌာနအနေနဲ့ ၀င်ငွေ ထွက်ငွေမမျှတသလို ပြည်သူတွေမှာလဲ ၀င်ငွေ၊ ထွက်ငွေဆိုတာရှိတဲ့အတွက် ကျွန်မလိုပဲ တခြား လူတွေလဲ အခက်အခဲတစ်ခုဖြစ်လာမှာသေချာ ပါတယ်}}ဟု အင်းစိန်မြို့နယ်နေ ဒေါ်မာလာ က ပြောသည်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေရာတွင် နှစ်စဉ် ၂၄၉ဘီလီယံအရှုံး ခံပြီးပေးဝေနေရကြောင်း၊ နိုင်ငံတကာနှင့်နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပေး နှုန်းများကို တစ်ယူနစ်လျှင် ခြောက်ဆင့်နှင့်ရှစ် ဆင့်ကြား၏တွင်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ် သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများ တွင် တစ်ယူနစ်ကို ၁၀ဆင့်မှ၁၆ဆင့်အထိပေး ဆောင်နေရကြောင်း သိရသည်။



http://yangonmedia.net/news/news_detail.asp?nid=4599

လီနင်၊ ဂန္ဒီ နှင့် ကြည့်ရဦးမည့် ဗိုလ်ချုပ်ရုပ်ရှင်


လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော် ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင် ‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။ ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင် တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင် ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။

လီနင်နှင့်သူ၏ရုပ်ရှင် 


လီနင် ဆိုသည်က ရုရှားတို့အတွက် တော့ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လူထုနှင့် တစ်သားတည်း နေသည်။ လူထု ဘဝထဲမှာပင် လူထုနှင့် အတူ ရိုးသားစွာ နေ ထိုင်ခဲ့သည်။ ဘယ်လောက် အထိ ရိုးသားသလဲ ဆိုပါလျှင် သူ၏လောင်းကုတ် အင်္ကျီ ရှည်ကြီး စုတ်ပြဲနေသည်ကို သူ့ရဲဘော်တစ်ဦး က မြင်ရာ ‘ခေါင်းဆောင်ကြီးရယ် ၊ လောင်းကုတ် အင်္ကျီတစ်ထည် လောက်တော့ ချုပ်ဝတ်သင့်ပါတယ်’ ဟုပြောတော့ လီနင်က လမ်းဘေးတွင် ထိုင်တောင်းနေသော သူတောင်းစား တစ်ဦး ကိုလက်ညှိုး ထိုးပြသည်။ ”ကျုပ်က သူ့ထက်တော့ သာပါတယ် မောင်ရင်ရယ်။ သူတို့လို လူတွေအတွက် ကျုပ်တို့ လုပ်ပေး စရာတွေ အများကြီး ရှိပါသေးတယ်။ ကျုပ် က ကုတ်အင်္ကျီ အသစ်ချုပ် ဝတ်လိုက်မယ် ဆိုရင် ပြည်သူပြည်သားတွေ အတွက် သုံးဖို့ထားတဲ့ တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ်ထည်ဖိုး လျော့သွားမှာပေါ့” လို့ ပြောခဲ့သူ လူရိုးကြီး ဖြစ်သည်။ သည်စဉ်က လီနင်မှာ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သည်။ ပြောရလျှင် တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ် ထည်ဖိုးမျှပင် ပြစ်မှားခဲ့သူ မဟုတ်။

သူ့အကြောင်း ပြောရင်း လီနင်၏ ကျောင်းသား ဘဝက ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသား ဘဝနှင့် တူနေတာတွေ တွေ့ရ သည်။ လီနင် တစ်ယောက် ကာဇံ တက္ကသိုလ် မှာ ကျောင်းတက်နေစဉ် နိုင်ငံရေး လုပ်သဖြင့် ကျောင်းထုတ် ခံလိုက်ရသည်။ ဤအကြောင်း ကို ‘ပထမ ဘစ္စတီလီ’ ဇာတ်ကားတွင် ရိုက်ကူး ပြသခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း ကျောင်းသား ဘဝတွင် နိုင်ငံရေး လုပ်သည်။ ‘ငရဲခွေးကြီး လွတ်နေသည်’ ပေးစာ တစ်စောင်ကြောင့် ကျောင်းမှ ထုတ်ပယ်ခံရ သည် ။ ကျောင်းထုတ် ခံရတော့ နိုင်ငံရေးဘက် မှာပိုပြီး လုပ်ဖြစ်လာသည်။ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်က ပိုမြင့်လာ ခဲ့သည် ။ ဤကားလီနင်နှင့် ဗိုလ်ချုပ် တူညီ သောအချက် လည်း ဖြစ်သည်။

 ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ ရောက်ရှိစဉ် ခေါင်းဆောင်ကြီး ဂန္ဒီ၊ နေရူးတို့နှင့် အတူတွေ့ရစဉ် 

လီနင်ရုပ်ရှင်ကားတွေ ၁၉၇ဝ ဝန်းကျင်ကာလ အထိ ဆိုဗီယက် ပြည်ထောင်စုတွင် လီနင်နှင့် ပတ်သက်သော ရုပ်ရှင်ကား (၁၉) ကားမျှရှိခဲ့သည်။ (၁)အရုဏ်ဦး၊ (၂)အောက်တို ဘာလအတွင်းမှ လီနင် ၊ (၃) ပိုလန်ပြည်ရောက် လီနင်၊(၄) ၁၉၁၈ ခုနှစ်အတွင်းမှ လီနင်၊ (၅) အပြာရောင် မှတ်စုစာအုပ်၊ (၆)အောက်တို ဘာ၊ (၇)ရာစုနှစ်ကူး ပြောင်းချိန်၊၊ (၈)အပ္ပရှင်န တာ တေးသီချင်း၊ (၉)ပထမ ဘစ္စတီလီ၊ (၁ဝ) လီနင် အကြောင်း ဇာတ်လမ်းများ၊ (၁၁) သေ နတ်နှင့်လူ၊ (၁၂) ဥလယာနော့ မိသားစု၊ (၁၃) မိခင်၏ နှလုံးအိမ်၊ (၁၄) မိခင် ၏ဆုတောင်း၊ (၁၅) ဇူလိုင်လ ၆ ရက်၊ (၁၆) လီနင် အကြောင်း သတင်းကားများ၊ (၁၇)လီနင် အကြောင်း မော်ကွန်းတင် ကားများ၊ (၁၈) လီနင်အကြောင်း လူထုသိပ္ပံ ရုပ်ရှင်ကား၊ (၁၉) တမြေတည်း တရေတည်း စသည့် ရုပ်ရှင်ကား ၁၉ ကားမျှ ရှိခဲ့သည်။ ထို ရုပ်ရှင်ကားများကို ပြည်သူလူထု အတွင်း သာမက စာသင်ကျောင်းများ၊ လူငယ် အဖွဲ့အစည်းများ အတွင်း၌ပါ ပြသခဲ့ရာ သူတို့ နိုင်ငံ၏ သမိုင်းဘာသာရပ်ကို သင်ကြားပေး သကဲ့သို့ရှိပြီး မျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ် တွေကို လှုံ့ဆော်ပေးခဲ့သည်။ ဤ အချက်မှာ အတုယူဖွယ် ကောင်းလှသည်။


လီနင်ပြီးတော့ ဂန္ဒီ 

အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် မွေးဖွားသည်။ (သည်နေ့ကို အိန္ဒိယနိုင်ငံ တွင် အမျိုးသားနေ့ အဖြစ် သတ်မှတ် ထားသည်။) အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် အကြမ်း မဖက်ရေး၊ အစိုးရနှင့် မဆက်ဆံရေး၊ နိုင်ငံခြား ဖြစ် အားမပေးရေး၊ ပြည်တွင်းဖြစ်ကို အားပေး ရေးစသည့် သကျဂရဟ မူများနှင့် တော်လှန်ခဲ့သည်။ မြန်မာနိုင်ငံကို လာရောက်စဉ်က ကြည့်မြင်တိုင် မြို့နယ် သာဓုကျောင်း တိုက်ရှေ့ တွင် ငြိမ်းချမ်းရေး တရားကို အင်္ဂလိပ် ဘာ သာ ဖြင့်ဟောခဲ့ဖူးကြောင်း ဦးထွန်းဖေ (ထွန်းနေ့စဉ်)၏ ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရဖူးသည်။ နောက်ဆုံး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃ဝရက်နေ့ တွင် လုပ်ကြံခံခဲ့ရသည်။ (ဤနေ့ကို အာဇာနည်နေ့ အဖြစ် အိန္ဒိယတွင် သတ်မှတ်ထားသည်။) လီနင် နည်းတူ အိမ်နီးချင်း အိန္ဒိယနိုင်ငံက အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကား မှာလည်း ကမ္ဘာကျော် ရုပ်ရှင် ကားကြီး တစ် ကားဖြစ်ခဲ့သည်။ အိန္ဒိယနှင့် ဗြိတိန်တို့ ဖက်စပ် ရိုက်ကူးခဲ့ပြီး ဒေါ်လာ၂၂သန်း အကုန်အကျခံ ရိုက်ကူးခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူ မှာ Richard Attenboro -ugh ဖြစ်ပြီး မင်းသား Ben Kingsley က ဂန္ဒီကြီး အဖြစ် သရုပ်ဆောင်ထားသည်။ ရုပ်ရှင်ပြသချိန် ၁၉၁ မိနစ် (ကားပိုင်း ၁၉ ပိုင်း) ပေပေါင်း ၁၉ဝဝဝ ကျော် ရှည်သည်။ သည် ဇာတ်ကားကို အိန္ဒိယတွင် ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၃ဝရက် ၊ဗြိတိန်တွင် ဒီဇင် ဘာ ၃ ရက်တို့၌ ပြသခဲ့ပြီး ဒေါ်လာ ၅၂သန်း ကျော် ရခဲ့သည်။ အကယ်ဒမီဆု ရှစ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မူရင်း ဘာသာစကားမှာ ဟင်ဒီဘာသာ ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာစကား စာတန်းများ ထိုး ကာ ပြသခဲ့ကြသည်။ ကမ္ဘာ့ ရုပ်ရှင် သမိုင်းတွင် လူအများဆုံး ပါဝင်ရိုက်ကူးသော ဇာတ်ကား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ဂန္ဒီကြီး၏ အသုဘ ပို့ဆောင်သည့် အခမ်း အနားပြကွက်တွင် လိုက်ပါ ပို့ဆောင်သူများမှာ တကယ့် လူအစစ်များဖြင့် ရိုက်ကူးခဲ့သည်။ ကွန်ပျူတာ အထူး ပြုလုပ်ချက်ဖြင့် မရိုက်ဘဲ လူနှစ်သိန်း ကျော်မျှ အသုံးပြု ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် ဗိုလ်ချုပ်တို့၏ ဈာပန အခမ်းအနားသည်လည်း လိုက်ပါပို့ ဆောင်သူများ မှာ ဂန္ဒီကြီး၏ အသုဘလိုပင် လိုက်ပါ ပို့ဆောင်သူ များပြားလှသည်ကို သမိုင်း မှတ်တမ်းတင် ဓာတ်ပုံများတွင် တွေ့ရမည် ဖြစ်ပါသည်။ 

”ရာစုနှစ်ကူးပြောင်းချိန်” ရုပ်ရှင်ဇာတ်ကားတွင် ဝိုင်ကယုရော့ဗ်က လီနင်အဖြစ် သရုပ်ဆောင်၍ အီးစ်ကိုက လီနင်၏ဇနီး ကရုပ်စကာယအဖြစ် သရုပ်ဆောင်ခဲ့သည်။ 

လီနင်၊ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ၄င်းတို့၏ ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိကို ရုပ်ရှင် ရိုက်ကူး၍ တခမ်းတနား ပြသခဲ့ကြသည် ။ မြန်မာ နိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်၍ ရုပ်ရှင်ကား တစ်ကားမှ မရှိသေးပါ။ မှတ်တမ်း ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့သော သတင်းကား များသာ ရှိခဲ့ဖူးသည်။ ၁၉၄၅ ခုနှစ် နိုဝင်ဘာ လ၁၈ရက်နေ့ တွင် ရွှေတိဂုံ စေတီတော် အလယ်ပစ္စယာ ၌ ဖဆပလ ဦးဆောင်၍ ဘုရင်ခံ ၏ လုပ်ရပ်ကိုရှုတ်ချ ပြီး ဆင်းမလား စက္ကူဖြူ စီမံကိန်းကို လုံးဝ လက်မခံကြောင်း လူထု အစည်း အဝေးကြီး တစ်ခုကို ကျင်းပခဲ့သည်။ အစည်း အဝေး အခမ်းအနားကြီး ကို အေဝမ်းဖလင်နှင့် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီ တို့က မှတ်တမ်းရုပ်ရှင် အဖြစ်ရိုက် ကူး ခဲ့ကြောင်း မှတ်တမ်း များတွင် တွေ့ရှိရသည်။ ဗိုလ်ချုပ်၏ဘဝ တစ်စိတ်တစ်ဒေသနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနား မှတ်တမ်း ရုပ်ရှင်တွေ ရှိခဲ့ဖူးသည်။ ထို့အပြင် BBC မှ ထုတ်လွှင့်သော အစီအစဉ် တစ်ခုတွင် ဗိုလ်ချုပ်တို့ ကိုယ်စား လှယ်အဖွဲ့ ဗြိတိသျှ အစိုးရနှင့် လွတ်လပ်ရေး အတွက် အမှတ် (၁ဝ) ဒေါင်းနင်းလမ်း တွင် ဆွေးနွေးကြပုံ၊ နောက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပုံ (သည်အခန်းက ဖန်တီး ရိုက်ကူးထားသော အပိုင်းဖြစ်သည်) တို့ကို ကြည့်ရဖူးသည်။

 ၁၉၄၅ ခုနှစ်နိုဝင်ဘာလ ၁၈ရက်နေ့က ရွှေတိဂုံအလယ် ပစ္စယာတွင် ကျင်းပခဲ့သောဆင်းမလားစက္ကူဖြူစီမံကိန်းကန့်ကွက်ပွဲမြင်ကွင်း ( ဤ့ပုံတွင် ဗိုလ်ချုပ်၏ ရှေ့ဘက်၌ထောင်ထားသော ရုပ်ရှင် ကင်မရာ ကိုမြင်တွေ့နိုင်ပါသည်။ 

ကြည့်ရဦးမည့်ဗိုလ်ချုပ်ရုပ်ရှင် 

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း အစိုး ရ၏ မူဝါဒ ပြောင်းလဲမှုများ ထင်သာ မြင်သာ ရှိလာခဲ့သည့် အနက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ရိုက်ကူးရန် ခွင့်ပြုလာ မှုသည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ ယခင် အစိုးရ လက်ထက်က ဗိုလ်ချုပ်ပုံပင် မီဒီယာများ၊ သတင်းစာမျက်နှာ များတွင် သုံးခွင့်မရခဲ့။ ယခုခွင့်ပြုပြီ။ ဒေါ်အောင်ဆန်းစုကြည်သာ အကူအညီ လိုအပ်ပါက ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရိုက်ကူးရာတွင် အကူအညီ ပေးနိုင်ပါကြောင်း တာဝန်ရှိသူများက ဆိုလာသည် အထိ ဗိုလ်ချုပ် ရုပ်ရှင်ကား ရိုက်ကူးရန် အခြေအနေ က ပေးလာနေ ပြီဖြစ်သည်။ နိုင်ငံသား တစ်ဦး၊ ဗိုလ်ချုပ်အား ကြည်ညိုသူ တစ်ဦးအနေဖြင့် ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးမည် ဆိုသောအခါ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ရုပ်ရှင် ရိုက်ကူး ရမည့် အချိန်က အနည်းငယ် တိုတောင်းသည်ဟု တော့ ထင်မိသည်။ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် အနှစ်တစ်ရာပြည့် အမီ ရိုက်ကူး ထုတ်လုပ်ရမည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။ ဖြစ်နိုင်လျှင် ဗိုလ်ချုပ်နှင့် ပတ်သက် ခဲ့သူတွေ၊ ဗိုလ်ချုပ် ခရီးစဉ်များတွင် ဗိုလ်ချုပ် နှင့် ထိတွေ့ဆက်ဆံခွင့် ရသူတွေ တွေ့ဆုံ မေးမြန်း တာ၊ အမှတ်တရ နေရာ များကို သွားရောက် လေ့လာတာတွေ လုပ်မည် ဆိုလျှင် အချိန်ယူ ရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အကယ်ဒမီ ရှစ်ဆုရ ကမ္ဘာကျော် ‘ဂန္ဒီ’ ဇာတ်ကားလို ရုပ်ရှင် ကားကြီး တစ်ကား ဖြစ်လာစေချင်သည်။ မြန်မာ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်နှင့် ပတ်သက်သော အထောက်အထား များကို ရှာဖွေ စုဆောင်း၍ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်လာအောင် တခမ်းတနား ရိုက်ကူးစေချင် ပါသည်။ ဖြစ်နိုင်လျှင် ဗိုလ်ချုပ် ရောက်ခဲ့သော ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ် (အမွိုင်)၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗြိတိန် အထိသွား၍ ရိုက်ကူးရမည် ဖြစ်ရာ လုပ်ငန်း ပမာဏက အတိုင်းအဆ က ကြီးမား လွန်းလှသည်။ ဖြစ်နိုင်လျှင် လန်ဒန်မြို့၊ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ် အိမ်အထိ သွား၍ ရိုက်ကူးစေချင်သည်။ မြန်မာနိုင်ငံသား အားလုံးကလည်း ဗိုလ်ချုပ် ဟေ့ဆိုလျှင် ဝိုင်းဝန်း ကူညီရန် အသင့်ရှိနေကြ မည်မှာ အသေအချာပင် ဖြစ်ပါသည်။ကျွန်တော်တို့ မြန်မာ ပြည်သူများ မျှော် လင့် တောင့်တနေသော ဗိုလ်ချုပ် အတ္ထု ပ္ပတ္တိ ရုပ်ရှင် ကားကြီးကို စောင့်မျှော်ကြပါဦးစို့ . .။ ။
သိန်းအေး (ပေါ်ပြူလာဂျာနယ်)
ရည်ညွှန်း - (၁) Wikipedia (Internet)
(၂) ခေါင်းဆောင်ကြီးများကို ရုပ်ရှင်ဖြင့် ဂုဏ်ပြုခြင်း (ရွှေမန်းတံစဉ်) (၁၉-၇-၇ဝ)နေ့ထုတ် ပြည်သူ့ကြယ် ဂျာနယ်
(၃) မြန်မာ့ရုပ်ရှင် သမိုင်းစဉ်၊ ငွေရတုကာလ (၁၉၂ဝ-၁၉၄၅)
(၄) Gandhi ရုပ်ရှင်ဇာတ်ကား
(၅) အောင်ဆန်းဇာနည် (သိန်းအေး)
(၆) ခေါင်းဆောင်ကောင်း (ထက်မြက်) PopularNews (2-2-2012)
(၇) ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဆောင်းပါးပေါင်းချုပ်
(၈) ကိုယ်ပိုင်မှတ်စုများ
http://www.thithtoolwin.com/2012/02/blog-post_5281.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29

ရွှေချောင်းအိပ်မက်ဆိုးနဲ့ အစားပြန်မရနိုင်သော ဘဝများစွာ

လက်ထဲက ကလေးကို တင်းတင်း ကျပ်ကျပ် ပွေ့ပိုက်ထားပေမယ့် ရုတ်တရက် ခြေထောက်က မြေကြီးနဲ့ လွတ်သွားတယ်၊ အဲဒီ အချိန်မှာ ရေလုံးကြီးတလုံးက ဝင်အဆောင့်မျက်စိတွေပြာသွားပြီး လက်ထဲက ကလေး လွတ်ထွက်သွားတာလို့ ပဲကြီးခွံတွေ ကို စိတ်မပါလက်မပါ သင်နေရင်း မဝါဝါက ပြောပြတယ်။ 


ပခုက္ကူ ရွှေချောင်း ရေဘေးဒုက္ခသည်များအတွက် ပြန်လည် နေရာချထားပေးထားသည့် လူနေအိမ်များနှင့် ဆောက်လက်စ စေတီ (ဓာတ်ပုံ - ဧရာဝတီ)

လူက ရေထဲမှာ ခြေထောက်လည်း အောက်ကို မထောက်မိ၊ ဘေးမှာလည်း ဘာကို မဆွဲမိဘဲ ဝဲထဲမှာလည်သလို လည်နေ တယ်၊ ဘာကိုမှ သတိမထားနိုင်တော့ဘဲ ဝင်တိုးမိတဲ့ မည်းမည်းတခုကို လက်က မလွတ်အောင် အတင်းဖမ်းဆုပ်ထားလိုက် မိတယ်၊ အဲဒါက သစ်ပင်ကြီးတပင် ဖြစ်နေတယ် သူ့လိုပဲ အဲဒီသစ်ကိုင်းကြီးကို ဖက်ထားတဲ့သူ ၁၀ ယောက်ကျော်လောက် ရှိတယ်လို့ မဝါဝါက ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ အောက်တိုဘာလက ပခုက္ကူ ရွှေချောင်းဒေသခံ လူတွေအတွက် အိပ်မက်ဆိုးကြီးတခုလို ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ဒီအဖြစ်အပျက်ထဲမှာ မပါခဲ့ရတဲ့ ဘေးလူတယောက်လို မဝါဝါက ကိုယ်တိုင်ပြန်ပြောင်း ပြောပြနေတာပါ။ တကယ်တော့ ဒီအဖြစ်အပျက်ထဲမှာ သူကိုယ်တိုင် ပါဝင်ခဲ့ရသလို၊ ဒီအဖြစ်အပျက်ကြောင့် သူ့ရဲ့ ၁ နှစ်ခွဲအရွယ်သားငယ်၊ သူ့မိခင်၊ သူ့ရဲ့ မောင်နဲ့ ကြီးတော်တယောက် ဆုံးရှုံးခဲ့ရသူပါ။ သူကိုယ်တိုင်တောင် သစ်ပင်လုံးကြီးကို ဆုပ်ကိုင်ထားခဲ့မိလို့ အသက်ရှင်ခွင့် ရခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၅ လလောက်က ပခုက္ကူမြို့ ရွှေချောင်း ရေကြီးမှုကြောင့် လူပေါင်း ၅၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ရွှေချောင်း ဒေသမှာ အနှစ် ၅၀ ကျော်အတွင်း ဒါမျိုးတခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေက ဆိုတယ်။ ချောင်းလို့ဆိုပေမယ့် မိုးတွင်း ရေတက်ချိန်မှာတောင် ဒူးခေါင်းလောက်အထိပဲ ရေရှိဖူးတဲ့အတွက် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ ဒေသခံတွေ တခါမှ မစဉ်းစားခဲ့ ဖူးပါဘူး။ မိုးအချိန်မဟုတ်ရင် အဲဒီနေရာက သဲပြင်ကျယ်ကြီးပါပဲ။ ရေကြီးခဲ့တဲ့ အချိန်ကတော့ သူတို့အားလုံး မမျှော်လင့်ခဲ့ဘဲ သဲပြင်ကျယ်ကြီးက ရေပြင်ကျယ်ကြီး ဖြစ်သွားခဲ့တာပါ။ လူနှစ်ရပ်ကျော်လောက် မြင့်တက်လာတဲ့ ရေတွေ ရုတ်တရက် ဘယ်ကဘယ်လို ဆင်းလာတယ် ဆိုတာ သူတို့ အခုအချိန်ထိ မသိကြသေးပါဘူး။ “ရေလုံးကြီးက ရုတ်တရက် ဆင်းလာပြီး အိမ်ကို ရိုက်လိုက်တော့ ပထမ အိမ်က ကျွတ်ထွက်သွားတယ်။ ရေထဲမှာ အိမ်က တစစီ ဖြစ်သွားတော့ ကျမတို့အားလုံးလည်း ရေထဲမှာ တယောက်စီ ကွဲသွားတယ်။ ကျမက ကလေးငယ်လေးကို အတင်းဖက်ထားပြီး ရေထဲမှာ မျောသွားတာ။ အမေရယ်၊ ကြီးတော်ရယ် မောင်လေးရယ်က ဘယ်တွေ ရောက်ကုန်မှန်း မသိဘူး” လို့ မဝါဝါက ရှင်းပြတယ်။ ညဘက် လူခြေတိတ်ချိန်၊ လူတွေအားလုံးအိပ်ချိန်မှာ ဖြစ်ခဲ့တာကြောင့် သူတို့အားလုံးအတွက် ပြင်ဆင်ချိန် မရလိုက်ကြပါဘူး။ တာဝန်ရှိသူတွေက ရေတွေဆင်းလာနိုင်တယ်လို့ ပြောပေမယ့် ဘယ်တုန်းကမှ ဒူးခေါင်းကျော်အောင် ရေမတက်ဘူး တာကြောင့် ဒီလောက်အထိ ဆိုးရွားသွားလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်ခဲ့ကြတာပါ။ “ရေတွေက ပထမပိုင်းမှာ တရိပ်ရိပ်နဲ့ တဖြည်းဖြည်းချင်းတက်လာတော့ ကျနော်က ကလေးနဲ့ မိန်းမကို သွားခေါ်လာခဲ့တယ်။ တခြားသူတွေကို ပြေးကြတော့လို့ပြောပေမယ့် ဘယ်သူမှ မပြေးဘူး။ ဒီလောက်ကြီး တခါမှ မဖြစ်ဘူးတော့လည်း ဘယ်သူမှ မထင်ဘူးလေ” လို့ ရွှေချောင်းဒေသခံ ကိုစံရွှေက ဆိုပါတယ်။ တချို့ဆိုရင် ရေက အိမ်ခြေကို ရောက်နေတာတောင် အေးအေးဆေးဆေး အိပ်ရာ ဝင်ခဲ့ကြတာလို့ ရွှေချောင်းဒေသမှာ ရပ်ကွက်လူကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးပြားက ပြောပြတယ်။ “ကျမ ယောက်ျားနဲ့ ကလေး အကြီး ၂ ယောက်က ယောက္ခမတွေရွာက ဘုရားပွဲကို သွားနေကြတာကြောင့် သူတို့တော့ လွတ်သွားတယ်” လို့ မဝါဝါက ဆိုတယ်။ ရွှေချောင်းဒေသမှာ ကျူးကျော်သဘောမျိုး တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်လာကြတာ ဒီ ရေကြီးမှု မဖြစ်ခင်အထိ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ ရပ်ကွက်တခု ဖြစ်နေခဲ့တာပါ။ တချို့ဆိုရင် အိမ်ကြီးအိမ်ကောင်းတွေ၊ အုတ်ပက်ကား တိုက် တွေတောင် ဆောက်ထားပြီး အခြေကျ နေကြတယ်၊ ကျပ် ၁၀ သိန်းလောက်တတ်နိုင်ရင် ခြံဝိုင်းလေးနဲ့ အေးအေးဆေးဆေး နေနိုင်တယ်လို့ သိရပါတယ်။

 ယခင်က လူနေအိမ်များဖြင့် စည်ကားခဲ့သည့် ရွှေချောင်းကို ရေကြီးခဲ့ပြီးနောက် ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ဒီ ဒေသခံအများစုကတော့ သဘင်သည်တွေ၊ လက်လုပ် လက်စားတွေ၊ ပဲကြော်ဖိုတွေအတွက် ပဲကြီးတို့၊ ပဲလိပ်ပြာတို့ အခွံညှစ်တဲ့ အလုပ် လုပ်ကိုင် သူတွေ၊ အခစား တောင်သူတွေ များတယ်လို့ လို့ ရွှေချောင်းနဲ့ ကိုက် ၁၀၀ လောက်အကွာမှာ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ထူထောင်ထားတဲ့ ပခုက္ကူ ၃ ရက်ကွက်က တိလောကရာမ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသက မိန့်ပါတယ်။ “ကျူးကျော်နေကြတဲ့ သူတွေဆိုပေမယ့် နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူတို့ဒေသလိုပဲ ဖြစ်နေပါပြီ။ တချို့က အလုပ်အကိုင် ကောင်းလို့ အိမ်ကောင်းကောင်း ဆောက်ထားနိုင်ကြတယ်။ အများစုကတော့ ဆင်းရဲပါတယ်” လို့ ဦးပညာဝံသက ဆိုတယ်။ တိလောကရာမ ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှာ ရွှေချောင်းဒေသက ကလေးတွေ အများဆုံး တက်ရောက် ပညာသင် ကြပါတယ်။ ရေကြီးမှုဖြစ်တော့ ဒီကျောင်းမှာ တက်ရောက်ပညာသင်နေတဲ့ မူကြိုကနေ ၇ တန်းအထိ ကလေးအရွယ်စုံ ၂၄ ယောက် အသက် ဆုံးရှုံး ခဲ့ရတယ်လို့ သိရပါတယ်။ “ညဘက် ရေကြီးချိန်က မြန်လွန်းပြီး ဘုန်းဘုန်းတို့ စာသင်တိုက်နဲ့လည်း နည်းနည်းလှမ်းတာကြောင့် လုံးဝမသိလိုက်ဘူး။ ည ၁ နာရီလောက် ရေစကြီးတာ ဘုန်းဘုန်းတို့ သိတော့ မနက် ၆ နာရီဖြစ်နေပြီ။ အဲဒီအချိန် ချောင်းစပ်ကို ပြေးသွားတော့ လူတွေ၊ အိမ်တွေ၊ သစ်ပင်ကြီးတွေ မျောနေတာပဲ တွေ့ရတယ်။ ကရိန်းတွေနဲ့ လာပြီး ကယ်ပေမယ့် ဘယ်လောက်များများ ကယ်နိုင်မှာလဲ” လို့ ကျောင်းတိုက်မှာ ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ ဆရာတော်က ရှင်းပြတယ်။ အစက ပေ ၇၀၊ ၈၀ လောက်ပဲ ကျယ်ခဲ့တဲ့ ရွှေချောင်းဟာ အခုဆိုရင် ကိုက် ၁၀၀ မက ကျယ်တဲ့ သဲပြင်ကျယ်ကြီး ဖြစ်သွားပါပြီ။ ရေကြီးချိန်က ရွှေချောင်းရပ်ကွက်မှာရှိတဲ့ အေးငြိမ်းချမ်းသော ကျောင်းတိုက် အမည်ရှိတဲ့ ဘုန်းတော်ကြီးကျောင်း ရဲ့ သာသနိက အဆောက်အအုံတွေလည်း ရေထဲ မျောပါသွားပါတယ်။ အဲဒီကျောင်းက ကိုရင်ကြီးတပါးလည်း ရေကြီးတဲ့ထဲ ပါသွားပြီး ပျံလွန်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၅ လလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ကိုဖြတ်ကျော် ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ် စစ်တွေ မြို့၊ စစ်ကိုင်းတိုင်း မုံရွာ၊ မကွေးတိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ မန္တလေးတိုင်း ညောင်ဦးမြို့တွေမှာ မိုးရေချိန် အမြင့်ဆုံးစံချိန်သစ်တွေနဲ့ ရွာသွန်းခဲ့တယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြထားခဲ့ပါတယ်။ အဲဒီအချိန်က ချင်းတောင်တန်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်၊ ဆိပ်ဖြူ မြို့နယ်တို့ကို ဖြတ်စီးတဲ့ ယောချောင်း၊ ဆောချောင်းက ကျဆင်းလာတဲ့ တောင်ကျရေတွေကြောင့် ချောင်းနံဘေး ကျေးရွာတွေမှာ လူအသေအပျောက် ရှိခဲ့တယ်၊ ကြက်သွန်စိုက်ခင်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။ ပခုက္ကူ အထက်ပိုင်းမှာ မိုးကြီးခဲ့ပြီး တောင်ကျရေတွေ ဒလဟော ဆင်းလာခဲ့ရာက ရွှေချောင်းဒေသမှာ မမျှော်လင့်ခဲ့တဲ့ ရေကြီးမှု ဖြစ်ပေါ်ခဲ့ရတာ၊ လူပေါင်းများစွာ အသက်အိုးအိမ် ဆုံးရှုံးခဲ့တဲ့ အဖြစ် ဖြစ်ခဲ့ရတာလို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောပြပါတယ်။


 ရွှေချောင်း ရေဘေးတွင် မိသားစုဝင်တချို့ ဆုံးရှုံးခဲ့ရသည့် မဝါဝါ (ဓာတ်ပုံ - ဧရာဝတီ)

ပခုက္ကူ အထက်ပိုင်းမှာ မြိုင်ဆည် အပါအဝင် ဆည်တချို့လည်း ရှိနေတာကြောင့် မိုးအရမ်းများလာတဲ့အချိန်မှာ ရေဖောက်ချ ရပါတယ်။ ဆည်ရေ မဖောက်ချဘူး ဆိုရင်လည်း ဆည်ကျိုးနိုင်ပြီး ဒီထက်ပိုဆိုးတဲ့ ရေဘေးဒုက္ခကို ခံစားကြရမယ်လို့ သိရပါတယ်။ မိုးများလို့ ဆည်ရေ လွှတ်ရတဲ့အချိန်မှာ သက်ဆိုင်ရာကို အဆင့်ဆင့် အကြောင်းကြားပေမယ့် စီးဆင်းသွားတဲ့ ရေတွေကို ကြားက တားပေးမယ့် သစ်ပင်၊ သစ်တောတွေ မရှိတော့တာကြောင့် ထင်တာထက် များတဲ့ ရေပမာဏ စီးဆင်းခဲ့ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားကြရတာပါ။ “အဓိကကတော့ အဲဒီအထက်ပိုင်းက သစ်တောတွေ မရှိတော့တာကြောင့် လိုတာထက်ပိုပြီး ရေကြီးခဲ့တာ။ ဒီဒေသခံ လူတွေ ဆိုတာက တနေကုန် အလုပ်လုပ်ပြီး ညဘက် အစောကြီးအိပ်တတ်ကြတယ်လေ။ ရေဆင်းမယ်လို့ သတိပေးပေမယ့် မိုးကြီး ရေလျှံလာလို့ ဆည်ရေဖောက်ချတဲ့ အချိန်က ညဘက်၊ လူတွေမှာလည်း အတွေ့အကြုံမရှိတော့ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မလဲ” လို့ ဦးအုန်းက ဆိုပါတယ်။ အထက်ပိုင်းကတောတွေ၊ ချင်းတောင်တန်းတွေမှာသာ သစ်ပင်၊ သစ်တောတွေ ရှိနေခဲ့မယ်ဆိုရင် တောင်ကျရေပဲဖြစ်ဖြစ်၊ ဆည်ဖောက်ချလို့ ဆင်းလာတဲ့ ရေကိုပဲဖြစ်ဖြစ် သစ်ပင်တွေက ထိန်းထားနိုင်တဲ့အတွက် အောက်ဘက်ရောက်တဲ့အချိန်မှာ ရေအရှိန်က နည်းသွားမယ်လို့ ဦးအုန်းက ပြောပြပါတယ်။ သစ်တောခံနိုင်အားထက် ပိုပြီး သစ်ခုတ်တာမျိုး မလုပ်သင့် တော့ဘူး၊ သစ်တောထိန်းသိမ်းဖို့၊ မကွေးတိုင်း အစရှိတဲ့ အပူပိုင်းဒေသတွေမှာ သင့်လျော်တဲ့ သစ်ပင်တွေ စိုက်ဖို့ အစိုးရကိုယ်နှိုက်က လုပ်မှ ရတော့မယ်လို့ သူက ဆိုတယ်။ “အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနကို ပြောချင်တာကတော့ နိုင်ငံခြားကို သဘာဝဓာတ်ငွေ့တွေ တွင်းထွက်တွေ ရောင်းချင်ရောင်းပါ၊ သစ်ပင်တွေ ကိုတော့ ထပ်မရောင်းပါနဲ့တော့လို့ ပြောချင်တယ်” လို့ ဦးအုန်းက ပြောပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ သစ်ပင်သစ်တော ပြုန်းတီးမှု လွန်ကဲတာတွေ၊ ကာဗွန်ထုတ်လွှတ်မှု မထိန်းနိုင်တာတွေကြောင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတွေ မကြာခဏ ကြုံနေရပြီး လူတွေဟာ သဘာဝဘေး အန္တရာယ်တွေကို ရင်ဆိုင် နေကြ ရပါတယ်။ အချိန်မရွေး ရာသီဥတု ဖောက်ပြန်နိုင်ပြီး နွေခေါင်ခေါင်မှာ မုန်တိုင်းကျတာမျိုး၊ ခြောက်သွေ့ဒေသတွေမှာ ထင်မထားဘဲ ရုတ်တရက် မိုးကြီးတာမျိုး၊ ဆူနာမီလို ရေအောက် ငလျင်ကြောင့် မဟာရေလှိုင်း ဖြစ်ပေါ်တာမျိုးတွေ ကြုံလာနိုင်တယ် ဆိုတဲ့အကြောင်းလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာ ရှင်တွေက သတိပေးထားပါတယ်။ ဒါတွေကို ပြန်ကုစားနိုင်ဖို့ကတော့ သစ်ပင်တွေ စိုက်ကြဖို့ပဲလို့ ဦးအုန်းကဆိုပါတယ်။ သစ်ပင်တွေဟာ ချက်ချင်းကြီး ကြီးထွားရှင်သန်လာနိုင်တာ မဟုတ်ပေမယ့် ကျန်ရှိနေမယ့် အပင်တွေကိုလည်း ထိန်းသိမ်း၊ အဖြစ်မြန်တဲ့ သစ်ပင်တွေကို ဦးစားပေး စိုက်ပျိုးရမယ်လို့ သူက ဆက်ပြောတယ်။ မြန်မာပြည်က သစ်တောတွေ၊ သစ်ပင်တွေ ပြန်လည် ကြီးထွား ရှင်သန်လာတာ တခုတည်းနဲ့ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ကြီးကို ချက်ချင်း ကုစားနိုင်မယ်လို့ မဆိုလိုပေမယ့် ပခုက္ကူ ရွှေချောင်းရေဘေးလို ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဘေးဒဏ် တွေကိုတော့ အနည်းနဲ့အများ ဟန့်တားနိုင်မယ်ဆိုတာကိုတော့ ဦးအုန်းရဲ့ အဆိုအရ သိရပါတယ်။ အခု အချိန်မှာ အစိုးရနဲ့ ပုဂ္ဂလိက ကယ်ဆယ်ရေးအဖွဲ့တွေ၊ INGO၊ NGO တွေ ပူးပေါင်းပြီး ရွှေချောင်း ရေဘေးဒဏ်ကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရ သူတွေအတွက် အိမ်တွေ ပြန်ဆောက်ပေးပြီး နေရာချထားပေးပြီးပါပြီ။ အဲဒီဒေသကို ရပ်ကွက်ကလေး တခုလို နေရာချထားပေးထားပြီး ဘုရားတဆူလည်း တည်ပေးထားတယ်၊ ဓမ္မာရုံလည်း ဆောက်ပေးထားပါတယ်။ သောက်သုံးရေ အတွက် ရေစက်နဲ့ ရေစင်လည်း တည်ပေးထားတာ တွေ့ရပါတယ်။ မကြာခင် အဲဒီနေရာမှာ ဈေးနဲ့၊ ကျောင်းနဲ့ စည်စည်ကားကား ပြန်ဖြစ်လာတော့မှာပါ။ 


ရွှေချောင်းရေဘေးတွင် ကျောင်းသား ၂၄ ဦး အသက်ဆုံးရှုံးခဲ့ရသည့် တိလောကရာမ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း (ဓာတ်ပုံ - ဧရာဝတီ)

“ရေဘေးကယ်ဆယ်ရေး လုပ်နေချိန်မှာ ဘုန်းဘုန်းကျောင်းကို ပိတ်ထားတယ်၊ အိမ်တွေပြန်ရပြီး နေရာချပေးပြီးချိန် ကယ်ဆယ်ရေးစခန်းပိတ်ပြီး ကျောင်းပြန်ဖွင့်မယ်လုပ်တော့မှ စိတ်မကောင်းဖြစ်ရတာ။ ရေထဲပါသွားတဲ့ ကျောင်းသား ၂၄ ယောက်ရဲ့ မိဘတွေက ဘုန်းဘုန်းဆီမှာ လာငိုကြတာလေ” လို့ တိလောကရာမ ဆရာတော်က မိန့်ပါတယ်။ ဆုံးရှုံးခဲ့ရတဲ့ အိမ်တွေ ပြန်ရကြပေမယ့် ဆုံးရှုံးခဲ့တဲ့ အသက်တွေ အတွက်တော့ ဘယ်လိုမှ အလျော်အစား မရနိုင်တော့ပါဘူး။ “အဲဒီအဖြစ်အပျက်ကြီးကို အခုပြန်စဉ်းစား၊ အခု အိပ်မက်မက်နေသလိုပဲ” လို့ ကလေးတယောက် အပါအဝင် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ မဝါဝါက ပြောပါတယ်။



http://burma.irrawaddy.org/archives/6369

လိုင်စင်မဲ့ကား ၆ စီး ထပ်ဖမ်းမိ

ရန်ကုန် ဆူးလေ ဆိပ်ကမ်းတွင် မကြာခင်က လိုင်စင်မဲ့ကား ၆ စီးကို ဖမ်းဆီးရမိခဲ့ရာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်နေသည့် တရားမဝင် ကားတင်သွင်းမှုများ၌ အစိုးရဝန်ထမ်းများပါဝင်ပတ်သက် နေကြောင်း သတင်းရရှိသည်။



လိုင်စင်မဲ့တပတ်ရစ် ဂျပန်ကားများကို စက်မှုဇုန်ထုတ်ကားအဖြစ် အသွင်ပြောင်းပြီး ရန်ကုန်မြို့တွင်း ရပ်ထားစဉ် (ဓာတ်ပုံ - ဧရာဝတီ)


အေးရှားဝေါလ် ဆိပ်ကမ်းမှတဆင့် ဆူးလေဆိပ်ကမ်းရှိ ကုန်သေတ္တာ စခန်းသို့ ပြောင်းရွှေ့လာသော ကွန်တိန်နာများကို ဖေဖော်ဝါရီ ၈ ရက်ဝန်းကျင်က ဖွင့်ဖောက် စစ်ဆေးရာမှ လိုင်စင်မဲ့ကား ၆ စီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ကွန်တိန်နာတွေက အေးရှားဝေါလ် ဆိပ်ကမ်းမှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေခဲ့တာ။ လိုင်စင်မဲ့ ကားတွေ ပါနေလို့ အစစ်ဆေးမခံရဘဲ ဆူးလေဆိပ်ကမ်းဘက်ကို ပြောင်းရွှေ့ပြီး ထုတ်ဖို့ကြိုးစားရင်း မိတာလို့ ကြားတယ်။ အဓိက ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်တွေ၊ ဆိပ်ကမ်း အာဏာပိုင်တွေ အချင်းချင်းကြားမှာ စားပေါက် လုကြရာကနေ ဒီလို ဖမ်းတာဆီးတာတွေ ဖြစ်ကုန်တာလို့လည်း သိရတယ်” ဟု ရန်ကုန် အခြေစိုက် အကောက်ခွန် ၀န်ဆောင်မှုအသင်းမှ အေးဂျင့်တဦးက ပြောသည်။ မကြာခဏဆိုသလို တရားမ၀င်ကား တင်သွင်းမှုများတွင် အကောက်ခွန် ညွှန်ကြားရေးမှူးများ၊ အကောက်ခွန်ဝန်ထမ်းများ ပါဝင်နေမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း တဦးတယောက်ကိုမျှ အရေးယူခြင်းမရှိသေးကြောင်း၊ ထိုသို့ အရေးယူခြင်း မရှိသည့်အချိန်တွင် ဆိပ်ကမ်းများမှ တရားမ၀င် ကားတင်သွင်းမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ အကောက်ခွန်ဝန်ထမ်း အများစုမှာ အတင့်ရဲစွာဖြင့် လာဘ်ပေးလာဘ်ယူ မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ၎င်းက ဆိုသည်။ “တကယ်တမ်း အရေးယူမှုမရှိတော့ မကြောက်ကြဘူး။ ပြုတ်ရင်ပြုတ်၊ ထောင်ကျရင်လည်းကျ မထူးဘူးဆိုပြီး ငွေကို အတင်း စွတ်ရှာတဲ့သူတွေလည်း မနည်းဘူး။ အဲဒီလိုဝန်ထမ်းတွေက တကယ်လို့ ရာထူးပြုတ်သွားရင်တောင် အပြင်မှာ ချမ်းချမ်း သာသာနဲ့ မပူမပင် နေနိုင်ပြီ။ ဒါကြောင့် ဒီလူတွေက အကြောက်အလန့်မရှိ ရတုန်း စွတ်ငွေရှာနေကြတာ” ဟု အကောက်ခွန် ဦးစီးဌာနအရာရှိများနှင့် နီးစပ်သူ တဦးက ဆိုသည်။ အရေးယူမှု မရှိသည့်အပြင် လာဘ်စားရာတွင် နာမည်ကြီးသော အကောက်ခွန် အရာရှိများမှာလည်း ဌာနကောင်း၊ နေရာကောင်းများသို့ ပြောင်းရွှေ့ခွင့်ရရှိထားကြောင်း သိရသည်။ “အဓိက ၀န်ကြီးရဲ့လူတွေက ဒီဌာန (အကောက်ခွန်ဦးစီးဌာန) ကို ကြီးစိုးနေတယ်။ ညွှန်ချုပ်ကစလို့ လက်အောက် ညွှန်မှူးတွေအထိ ၀န်ကြီးလူတွေချည်းပဲ။ အဲဒီလူတွေက အင်မတန်မှ ဂွင်တည့်တဲ့ နေရာဌာနတွေကို ရကြတယ်။ တကယ်တမ်း အရေးယူရမယ် ဆိုရင်တော့ ၀န်ကြီးလည်း လွတ်မယ်မထင်ဘူး” ဟု အမည်မဖော်လိုသော နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောသည်။ ၂၀၀၆ ခုနှစ်က အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်အပါအ၀င် အကောက်ခွန်ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မသမာမှုများနှင့် ဖမ်းဆီးအရေးယူ ထောင်ချခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် လာဘ်ပေးလာဘ်ယူ၊ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး ထင်သာမြင်သာ ရှိသော အရေးယူမှု တစုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးဘဲ အကျင့်ပျက်ခြစားမှုများမှာ အစိုးရ၀န်ထမ်းများ အကြားတွင် ပုံစံအမျိုးမျိုးဖြင့် တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
http://burma.irrawaddy.org/archives/6365

အစိုးရ တပ်နှင့် SSA တောင်ပိုင်း တိုက်ပွဲ ဆက်ဖြစ်

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရ စစ်တပ်များအကြားတိုက်ပွဲများ ထပ်မံဖြစ်ပွား နေကြောင်း သိရသည်။



ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းတို့ ယမန်နှစ် ဒီဇင်ဘာလအတွင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ - thaifreedom.com)


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်၍ တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ရာ ယမန်နေ့ကအထိ ၇ ကြိမ်ခန့်ရှိပြီ ဖြစ်ကြောင်း SSA-S ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဧရာဝတီ ကို ပြောသည်။ SSA-S နှင့် အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။ အချက် ၁၁ ချက်ပါ သဘောတူညီမှု၌ နှစ်ဘက်တပ်ဖွဲ့များ အခြေစိုက်ရာနယ်မြေများသို့ သွားလာမည်ဆိုပါက အပြန်အလှန် ကြိုတင် အကြောင်းကြားရမည်ဟု ပါရှိကြောင်း၊ သို့သော် အစိုးရတပ်ကလိုက်နာမှုမရှိဘဲ SSA-S အခြေစိုက်ရာ နယ်မြေအတွင်း သို့ ကျူးကျော်ဝင်ရောက်လာ၍ ပြန်လည်ခုခံရာမှ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောဆိုသည်။ ရှမ်းပြည်နယ်အတွင်းရှိ သီပေါ၊ မိုင်းပွန်၊ တြိဂံနယ်မြေ စသည့်ဒေသများ၌ အခြေစိုက်ထားသော အစိုးရတပ်များနှင့် SSA-S တပ် များ၏ တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ရာတွင် အခက်အခဲများ ရှိသွားမည်ဟုလည်း ၎င်းက ဆိုသည်။ “မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို စိတ်ရင်းစေတနာ အမှန်နဲ့ လုပ်ဆောင်မယ်ဆိုရင် အစိုးရတပ်တွေက သဘော တူ စာချုပ်ပါ မူဝါဒတွေကို လိုက်နာအောင် လုပ်ပေးဖို့ လိုပါလိမ့်မယ်၊ ဖောက်ဖျက်လာမယ်ဆိုရင် ကျနော်တို့ကလည်း ကိုယ့် ကိုယ် ကိုယ် ပြန်လည် ကာကွယ်ရမှာပါ”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောသည်။ ဦးအောင်မင်း၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ တွင် ပါဝင်သူတဦးကမူ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများသည် နားလည် မှု လွဲမှားနေသည့်အတွက် ဖြစ်ပွားရခြင်းနှင့် ထိုကိစ္စကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပျက်ပြားမှုအဆင့်သို့ မရောက်နိုင် ကြောင်း ဧရာဝတီကို ပြောသည်။ “ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းတွေက အောက်ခြေအထိ မရောက်တာတွေကြောင့် နားလည်မှုတချို့ လွဲပြီးတော့ တိုက် ပွဲတွေ ဖြစ်ပွားရတာပါ၊ ဒီကိစ္စတွေအတွက် အစည်းအဝေးတွေ လုပ်နေပါပြီ၊ မကြာခင် ပြေလည်သွားမှာပါ”ဟု ၎င်းက ဆိုသည်။ သျှမ်းသံတော်ဆင့် သတင်း တပုဒ်၌ SSA-S မှ ဒု ဗိုလ်အဆင့်ရှိ သီပေါ မြို့နယ် အုပ်ချုပ်ရေးမှူး စိုင်းတလုံနှင့် ဇနီးသည် ဖေဖော် ၀ါရီ ၁၇ ရက်က ဈေးသွားဝယ်စဉ် အစိုးရ ခြေလျင်တပ်ရင်း(ခလရ ၂၃) က ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရေး သား ထားသည်။ အဆိုပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ဦးအောင်မင်းအား SSA-S က မေးမြန်းရာ ကချင်ပြည်နယ်၊ မိုင်ဂျာယန် ဒေသ၌ ဖြစ်ပွား သည့် တိုက်ပွဲများနှင့် ဆက်စပ်မှု ရှိနေကြောင်း၊ ထိုကိစ္စများကြောင့် နားလည်မှုတချို့လွဲမှားနေကြောင်း ပြန်လည်ပြောကြား ထားပြီး အသေးစိတ်ကို အကြောင်း မပြန်သေးကြောင်း သိရသည်။ “တဘက်က ငြိမ်းချမ်းရေး လုပ်နေတယ်၊ တဘက်က ထိုးစစ်တွေ ဆင်နေတယ်၊ အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို စစ်တပ်က မလိုက်နာဘူး၊ ဒီတော့ အစိုးရနဲ့ စစ်တပ်အကြား ကွဲပြားနေတော့ ကျနော်တို့က သတိကြီးကြီးထားဖို့၊ အသင့်အနေအထားရှိ ဖို့ လိုအပ်ပါတယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဆိုသည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)နှင့် အစိုးရ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့လည်း ကရင် ပြည်နယ် မြိုင်ကြီးငူ ဒေသ၌ ပြီးခဲ့သည့် နှစ်ရက်အတွင်းက အပြန်အလှန် တိုက်ခိုက်ကြရာ နှစ်ဘက်စလုံး ဒဏ်ရာရ သေဆုံးမှုတချို့ ရှိခဲ့ကြောင်း သိရသည်။ BGFတပ်မှ DKBA တပ်၏ လက်နက်များကို သိမ်းဆည်းရန် ကြိုးပမ်းမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက်စလုံး စစ်ရေး အခြေအနေ တင်းမာနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)မှ ဗိုလ်မှူး ဂျော်နီက ဧရာဝတီကို ပြော သည်။ DKBA သည်လည်း အစိုးရနှင့် အပတ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု တရပ်ကို မကြာသေးခင်က လက်မှတ်ရေးထိုး ထားသည်။ ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်ရာ ဒေသများနှင့်ကချင်ပြည်နယ်ထဲမှ နယ်မြေတချို့၌ အစိုးရ တပ်များ အလုံးအရင်းနှင့် နေရာချထားနေပြီး တိုက်ပွဲငယ်တချို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ အကြား အပတ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ၀န်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ကိစ္စများကို ၃ လ အတွင်း ဖော်ဆောင်နိုင်မည် ဟု ရိုက်တာ သတင်းဌာနသို့ မကြာသေးခင်က ပြောဆိုခဲ့သေးသည်။


http://burma.irrawaddy.org/archives/6375

ဒေါ်အောင်ဆန်းစုကြည် ကချင်ဒေသ စည်းရုံးခွင့်ပိတ်ပင်မှု ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား ကချင်ပြည်နယ် အတွင်း မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်ထားမှုကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ပြန်လည် ရုပ်သိမ်း ပေးလိုက်သည်။



 ဖေဖော်ဝါရီ ၁၅ ရက်က လှည်းကူးမြို့နယ် စည်းရုံးရေးခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်(ဓာတ်ပုံ - ဧရာဝတီ)

  လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဗန်းမော် သို့ စည်းရုံး ရေးသွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသအာဏာပိုင်များက ပိတ်ပင်ထားခြင်းကို ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်က ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပြသည်။ “ဒီလိုပြန်ဖွင့်ပေးတာ အစိုးရအတွက်ရော၊ ကော်မရှင်၊ နိုင်ငံရေးပါတီ အားလုံးအတွက် အလင်းရောင်ပါပဲ”ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီး ဟောပြောမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ်သည် ပထမဆုံးပိတ်ပင်သည့် ပြည်နယ် ဖြစ်ပြီး တခြားသော ပြည်နယ်နှင့်တိုင်းများတွင် ထိုသို့ပိတ်ပင်မှုများ မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။ ပြည်နယ်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင်များက ခွင့်ပြုခဲ့သော်လည်း အားကစားဝန်ကြီး ဦးတင့်ဆန်းကမူ အစိုးရ အားကစားကွင်း များတွင် ပြုလုပ်ခွင့်မပေးနိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ကလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ သွားရောက်ပြီး စည်းရုံးဟောပြောရန်အတွက် ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေအားကစားကွင်းကို ငှားရမ်းခဲ့သော်လည်း တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်ပြု ခြင်း မရှိပေ။ အလားတူ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်တွင်လည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုရန် အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့သော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့သည်။ ထိုကိစ္စများနှင့် ပတ်သက်ပြီး NLD က ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ် စည်းရုံးမှုများကို အာဏာပိုင် များက ကန့်သတ်မှု များပြားလာကြောင်း၊ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဝေဖန်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲအပြီး သုံးနာရီခန့်အကြာတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ကချင် ပြည်နယ် NLD ကို ခေါ်ယူ ပြောဆိုခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် NLD ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ငွေကြိုင်က ပြောသည်။ “လမ်းခရီးလုံခြုံရေးပေးဖို့ပါ၊ အနှောင့်အယှက် ပေးဖို့မဟုတ်ဘူး၊ အားလုံး ခွင့်ပြုလိုက်ပါပြီ၊ NLD ပါတီ ဆိုတာ တရားဝင်ပါတီဖြစ် တယ်၊ အကူအညီပေးရမှာက ကော်မရှင်တာဝန်ပါလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ပြည်နယ်ကော်မရှင်က မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဗန်းမော်မြို့များတွင် ဒေါ်အောင်ဆန်းစုကြည်အား မဲဆွယ် စည်းရုံးရေး ဟောပြောခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဒေါ်ငွေကြိုင်က ဆက်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၃ ရက် တွင် လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး နမ္မတီးမြို့သို့ ဦးဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် မိုးကောင်းမြို့တွင် စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ၂၄ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ မြစ်ကြီးနားမြို့တွင်လည်း NLDကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ရပ်ကွက်အလိုက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နမ္မတီးမြို့အားကစားကွင်းတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု နမ္မတီးမြို့NLD လူငယ်တာဝန်ခံ ကိုဝင်းဗိုလ် က ပြောသည်။ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဒါရှီလဆိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် မနက်ဖြန်တွင် မြစ်ကြီးနားမြို့သို့ ဖားကန့် ပြည်သူ အများအပြားသွားရောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။
http://burma.irrawaddy.org/archives/6378

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲမှတ်တမ်း စာအုပ် ဖြန့်ချိ

၈၈ မျိုးဆက် ကျောင်းသားများ၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း စာအုပ်ကို ပုံနှိပ်ထုတ်ဝေခွင့် လျှောက်ထားပြီး ပထမ အကြိမ်အဖြစ် အုပ်ရေ ၅၀၀၀ ကိုယနေ့ စတင်ဖြန့်ချိ လိုက်ကြောင်း သတင်းရရှိသည်။



သတင်းစာရှင်းလင်းပွဲ မှတ်တမ်းစာအုပ်များကို လက်မှတ်ထိုး ရောင်းချနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ (ဓာတ်ပုံ - CJ)
 
စာအုပ်တအုပ်လျှင် ၁ ထောင်ကျပ်နှုန်းဖြင့် ကိုမင်းကိုနိုင်အပါအဝင် ၈၈ ကျောင်းသား ခေါင်းဆောင်များက အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချမှုကို ယနေ့ နေ့လယ် ၁ နာရီမှ စတင်ကာ ရန်ကုန်မြို့ ရန်ကင်းစင်တာ ပထမထပ်တွင် ပြုလုပ်နေကြောင်း၊ စိတ်ဝင်စားဝယ်ယူသူ များပြားကြောင်း သိရသည်။ “လက်မှတ်ထိုး ရောင်ပေးနေတာ လောလောဆယ် တ၀က်ကျော် ကုန်နေပြီ” ဟု ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးက ဧရာဝတီကို ပြောသည်။ အဆိုပါ မှတ်တမ်းစာအုပ်ကို လာရောက်ဝယ်ယူသူ ပရိတ်သတ် တဦးက ၈၈ မျိုးဆက် ကျောင်းသားများသည် နိုင်ငံ့အကျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသူများ ဖြစ်ကြောင်း၊ တိုင်းပြည်ထူထောင်ရေးအတွက် အနာဂတ်တွင် ငြိမ်းချမ်းစွာ လုပ်ဆောင်မည့် လမ်းစဉ်များ ပါဝင်သဖြင့် လာရောက် ၀ယ်ယူ အားပေးခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ “ဒီစာအုပ်က တိုင်းပြည်အတွက် အထောက်အကူ အတော်ပြုမယ့် စာအုပ်ပါ။ ကျနော်တို့က သူတို့တတွေရဲ့ သဘောထားတွေကို သမိုင်းအဖြစ်လည်း သိမ်းဆည်းထားချင်လို့ပါ” ဟု ၎င်းက ဆိုသည်။ ယင်း စာအုပ်ဖြန့်ချိနိုင်ရန် စာပေစိစစ်ရေးသို့ တင်ခဲ့ကြောင်း၊ ထုတ်ဝေခွင့်ကျပြီး တရားဝင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ စာပေစစစ်ရေးက ဖြတ်တောက်မှုအနည်းငယ်သာ ရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲ၏ အဓိက အချက်များကို မထိခိုက်ကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ အကျိုးအတွက် သတင်းစာရှင်းလင်းပွဲပါ ပြောဆိုချက်များ အတိုင်း ငြိမ်းချမ်းရေး၊ ဒီမို ကရေစီ အရေးတို့ကို ရှေ့ရှု လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးက ရှင်းပြသည်။ “လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတာ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ဘူးဗျ။ ဒါကိုတော့ သေသေချာချာ နားလည်ကြဖို့ လိုမယ်” ဟု သူက ဆိုသည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များသည် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ ၀င်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် ၀န်းရံသွားမည် ဖြစ်ကြောင်းပါဝင်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲပါ မေးမြန်း ဖြေကြားချက်များကို ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ဆိုသည်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် တချို့ သည်ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် မကွေး တိုင်း ၊ သရက်ခရိုင် သရက်မြို့တွင် ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲသို့ သွားရောက်ဟောပြောနေသည့် အတွက် ယနေ့ စာအုပ်ရောင်းချပွဲကို တက်ရောက်လက်မှတ်ထိုးပေးနိုင်ခြင်းမရှိကြောင်း သိရသည်။


http://burma.irrawaddy.org/archives/6381

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူညီချက် ၅ ခုရ

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယနေ့ ပြုလုပ်သည့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုအရ ပဏာမ သဘောတူညီချက် ၅ ခု ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။


မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် ကျင်းပသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ - Mon News Agency)


  သဘောတူညီချက်တွင် အပစ်အခတ်ရပ်စဲရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ရန်၊ ဆက်ဆံရေးစခန်းဖွင့်ရန်၊ သတ်မှတ်နေရာများမှအပ တခြားဒေသများသို့ လက်နက်ဖြင့် မသွားရန်၊ နှစ်ဘက်သဘောတူညီထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ် နိုင်စိုးမြင့်က ဧရာဝတီသို့ ပြောသည်။ သို့သော် ယင်းပဏာမ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီဘက်မှ လက်မှတ်ရေးထိုးခြင်း မရှိသေးဘဲ ပါတီဗဟိုကော်မတီသို့ တင်ပြပြီးမှသာ ဖေဖော်ဝါရီလ တတိယပတ်တွင် အတည်ပြု လက်မှတ်ရေးထိုးမည်ဟု သိရသည်။ ကမ်းနားဟိုတယ်တွင် ကျင်းပသော ယင်းဆေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီဘက်မှ ဒု ဥက္ကဋ္ဌ နိုင်ရောစနှင့် ပါတီခေါင်းဆောင် ၇ ဦး၊ မွန်လူထုခေါင်းဆောင် ၄ ဦးနှင့် သံဃာတော် ၃ ပါးတို့ ဆွေးနွေးပွဲတက်ရောက်သည်။ မွန်ပြည်သစ်ပါတီခေါင်းဆောင်များက ဦးအောင်မင်းကို တိုက်တွန်းတောင်းဆိုချက်အရ အစိုးရအနေဖြင့် မွန်ပြည်နယ်တွင် မွန်ဘာသာဖြင့် သင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် တသက်တကျွန်း ချမှတ်ခံထားရသည့် မွန်နိုင်ငံရေးသမား ၂ ဦးဖြစ်သည့် မင်းနေဝင်း (နိုင်ယက္ခ) နှင့် မင်းမျိုးသွေး တို့ကိုလည်း လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “မွန်ပြည်သစ်ပါတီသာ တရားဝင်ရပ်တည်လာနိုင်ရင် အဲဒီ မွန်နိုင်ငံရေးသမားနှစ်ယောက်ကို လွှတ်ပေးဖို့ရှိတယ်လို့ ဦးအောင်မင်းက ပြောပါတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ယမန်နေ့ ညစာစားပွဲ၌ အစိုးရအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာ စာသင်ကျောင်းများတွင် မွန်ဘာသာဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု ပြောကြောင်း သိရသည်။ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက အစိုးရအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ ၄၅ ရက်အတွင်း မွန်ပြည်သစ်ပါတီနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်၊ ယင်းဆွေးနွေးပွဲတွင် လေ့လာသူများကို တက်ရောက်ခွင့်ပြုရန် ဆွေးနွေးပွဲတွင် တောင်းဆိုကြောင်း သိရှိရသည်။ အစိုးရနှင့် နိုင်ငံရေးဆေးနွေးပွဲ အောင်မြင်လျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပါတီများနှင့် ပဋိပက္ခများ ဖြေရှင်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အစိုးရထံတောင်းဆိုမည်ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများက ဆိုသည်။ ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၁၉၉၅ ခုနှစ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် မတူကြောင်း၊ ထိုစဉ်က ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အပစ်ရပ်ရေးကိုသာ ပြောဆိုခွင့် ရခဲ့ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးခွင့်ရရန် ပြောခွင့်မသာခဲ့ကြောင်း နိုင်စိုးမြင့်က ပြောသည်။ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူဒေသတွင် စီးပွားရေးဇုန် ထူထောင်ရန် ဦးအောင်မင်းက တိုက်တွန်းကြောင်းလည်း သိရသည်။ မွန်ပြည်သစ်ပါတီသည် ဦးအောင်မင်းဦးဆောင်သော အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယမန်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ စံခရဘူရီမြို့၌ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ မွန်ပြည်သစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မထောက်ခံကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်လျှင် လွှတ်တော်တွင်း၌ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။


http://burma.irrawaddy.org/archives/5623