Monday, December 31, 2012

ရန်ကုန်မြို့ပြည်သူရင်ပြင်၌ တေးသံရှင်ဒေါ်မာမာအေး ရသနှလုံးသားပေးဆပ်မည်


မြန်မာသီချင်းလောကကြီးတိုး တက်တာကိုကြိုက်ပါတယ်ဖျက်ဆီး တာကို မကြိုက်ပါဘူး။ မြန်မာသံ စဉ်တေးသီချင်းများ ချစ်တဲ့ပြည် သူတွေကို ကျေးဇူးတွေအများကြီး တင်ပါတယ်။ ကိုယ့်ဂီတကိုချစ်မှ ကိုယ့်လူမျိုးကိုချစ်မယ်။ ကိုယ့်လူ မျိုးကို ချစ်မှကိုယ့်တိုင်းပြည်ကိုချစ် မယ်ဟု မြန်မာနိုင်ငံနှင့် (၁၀) ကျော် ကင်းကွာခဲ့သူတေးသံရှင်ဒေါ်မာမာ အေးက ဒီဇင်ဘာ (၂၈) ရက် မွန်းလွဲ (၁) နာရီတွင် ရန်ကုန်မြို့ City Star ဟိုတယ်ခန်းမ၌ပြုလုပ် သောရသနှလုံးသားပေးဆပ်ပွဲ တေးဂီတဖျော်ဖြေပွဲအတွက် မီဒီ ယာများနှင့် တွေ့ဆုံရာမှာပြော ကြားခဲ့သည်။

ထိုအပြင်၎င်းအနေဖြင့်ဖျော် ဖြေပွဲနေ့တွင် မြန်မာသံစဉ်ကို ချစ်မြတ်နိုးသောပရိသတ်အတွက် ပရိသတ်၏ဆန္ဒနှင့် အညီဖျော်ဖြေ သွားမှာဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းနေသ၍ သီဆိုဖျော်ဖြေ ပေးသွားမှာဖြစ်ကြောင်း၊ မိမိတေးသီ ချင်းများကို တေးသံရှင်တချို့ပြန် လည်သီဆိုခဲ့ကြောင်း၊”

အဆိုပါ တေးသံရှင်တွေနဲ့ အဲဒီနေ့မှာ ပူးတွဲ ဆိုမယ်၊ သူတို့ဆိုတာကို ကြည့်မယ်။ မှားနေတာတွေ့ရင်ပြင်ပေးမယ်၊ သူတို့ဆိုတဲ့အတွက်ကျေနပ်တယ်၊ အရင်ကပရိသတ်အကြိုက်လိုက်ဆို တယ်။ ၉၀ ရာခိုင်နှုန်းက အလွမ်း သီချင်းတွေဖြစ်တယ်။ နောက်ပိုင်း သာသနာနဲ့ ပတ်သက်တဲ့ သီချင်း တွေဆိုဖြစ်လာတယ်။ နေရာတိုင်း မှာ ဖွင့်တော့ကုသိုလ်တွေရတာ ပေါ့။ မြန်မာသံစဉ်တေးများ ကျဆင်းပြီး ခေတ်ပေါ်တေးတွေ ရှေ့တန်းရောက်လာတဲ့အချိန်မှာ မြန်မာသံစဉ်ကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်ကြီးအတွက် အခုလိုပြန် လည်တွေ့ဆုံပြီး၊ ဖျော်ဖြေခွင့်ရတဲ့ အတွက် စီစဉ်သူတွေကိုအရမ်း ကျေးဇူတင်ပါတယ်ဟုပြောကြားခဲ့ သည်။

ထို့နောက်အခမ်းအနားသို့တက် ရောက်လာသော တေးသံရှင်ကြီး ဟင်္သာတထွန်းရင်ကလည်း “မြန်မာ သံစဉ်တေးသီချင်းတွေကျဆင်းနေ ချိန်မှာ ဒေါ်မာမာအေးပြန်လည် ရောက်ရှိလာတဲ့အတွက်အားရှိ တယ်၊ ဒီပွဲကိုလည်း တတ်နိုင် သလောက်ကူညီမယ်၊ မြန်မာ ပရိသတ်တွေရဲ့ ရင်ထဲမှာ မြန်မာ သီချင်းရဲ့ ရသတွေအမြဲတမ်းကိန်း အောင်နေပါစေလို့ဆုတောင်းပါ တယ်”ဟု ထုတ်ဖော်ပြောကြားခဲ့ သည်။

အဆိုပါတေးသံရှင်ဒေါ်မာမာ အေး၏ ရသနှလုံးသားပေးဆပ်ပွဲ တေးဂီတဖျော်ဖြေပွဲကို ဇန်န၀ါရီ လ (၁၂) ရက်နေ့ ည (၇) နာရီ မှ စတင်၍ ရန်ကုန်မြို့ပြည်သူ့ရင် ပြင်၌ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

http://www.hotnewsweekly.com/archives/15407

ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးမည့် Customer Care Center တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်မည်

ဆက်သွယ်ရေးနှင့် ပတ်သက်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းပေးမည့် Customer Care Center များကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ကြိုးဖုန်း၊ မိုဘိုင်းဖုန်း၊ အင်တာနက် အစရှိသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဖုန်းနှင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ဘယ်ကိစ္စမဆို လှမ်းစုံစမ်းနိုင်တယ်။ မေးမြန်းလာတဲ့ Customer တွေကိုလဲ အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖြေကြားပေးမယ်။ ဖုန်း၊ အင်တာနက်ကိစ္စ အခက်အခဲတွေကိုလဲ ဖြေရှင်းပေးဖို့ ရည်ရွယ်ပြီး ဒီစင်တာဖွင့်ရတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ Customer Care Center ကို ကနဦးအနေဖြင့် ရန်ကုန်မြို့တွင် မိုဘိုင်းဌာနရုံး(အလုံ)၊ မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး (ရွှေဂုံတိုင်)၊ ပန်းဆိုးတန်းလမ်း ကြေးနန်းရုံးတို့အပြင် နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

“နောက်ပိုင်း နယ်မြို့ကြီးတွေမှာ ထပ်တိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်။ အများပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးမယ့် သီးသန့်စင်တာ ဖြစ်ပါတယ်။ စဖွင့်မယ့် အချိန်မှာတော့ အချိန်သတ်မှတ် ဖွင့်ဖြစ်မယ်။ နောက်ပိုင်း ၂၄ နာရီ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်” ဟု ဆက်လက်ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးနှင့် ပတ်သက်၍ သိလိုသမျှ အချက်အလက်များကို ရတနာပုံ Call Center တွင် ဝန်ဆောင်မှုတစ်ခုအနေဖြင့် ၂၄ နာရီ ဖြေကြားပေးလျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒီကပါ။

NLD ရဲ့ ဒီလှိုင်းဂျာနယ်ကို သတင်းစာအဖြစ် ထုတ်ဝေဖို့ပြင်ဆင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ဝေနေတဲ့ ဒီလှိုင်းဂျာနယ် ကို နေ့ စဉ်ထုတ်သတင်းစာအဖြစ် ထုတ်ဝေတော့မယ်လို့ အမျိုးသား ဒီမို ကရေ စီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ပုလဲသီရိတိုက်ခန်းက ဒီလှိုင်းဂျာနယ် ရုံးခန်းဖွင့်ပွဲမှာ ပြောကြားခဲ့ပါ တယ်။

ဒီလှိုင်းဂျာနယ် သတင်းစာထုတ်တဲ့ အခါမှာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့တာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေဒီအဖွဲ့ချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

အပတ်စဉ်ထုတ် ဒီလှိုင်းဂျာနယ် ထုတ်ဝေတဲ့ တစ်နှစ်ပြည့်ခါနီးမှာ ပုဂ္ဂလိကသတင်းစာတွေကို အစိုးရက ထုတ်ဝေခွင့် ပေးတာကြောင့် အခုလို ထုတ်ဝေဖို့ စီစဉ်တာလို့ သိရပါတယ်။

ဒီလှိုင်းဂျာနယ်ဟာ အန်အယ်လ်ဒီပါတီရဲ့ ပါတီသဘောထားတွေနဲ့ လုပ်ငန်းစဉ်တွေ ကို ရေးသားဖော်ပြနေ တဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဖြစ်ပြီး သတင်းစာထုတ်ဝေတဲ့အခါ သတင်းစာတွေရဲ့ အင်္ဂါရပ်နဲ့ အညီ ထုတ်ဝေ သွားမယ်လို့ သိရပါတယ်။

RFA (မြန်မာပိုင်း)

KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသောလဂျားယမ်တောင်ကြောတစ်ခုလုံးအားအစိုးရတပ်များမှသိမ်းပိုက်


(၃၀-၁၂-၂၀၁၂) ရက်နေ့ နေလယ်တွင် KIA နှင့် ABSDF တို့ အင်အား ၅၀၀ကျော်ထိမ်းချုပ်ထားသော လဂျားယမ်တောင်ကြောအား အစိုးရ တပ်များမှ သိမ်းပိုက်ရရှိခဲ့ကြောင်း ၄င်းဒေသတွင် တာဝန် ထမ်းဆောင်နေသော အရာရှိတစ်ဦးမှ Online မှတဆင့်ပြောကြား ခဲ့သည်။ ကျွန်တော်တို့တပ်တွေ လဂျားယန်တောင်ကြော တစ်ခုလုံးကိုဒီနေ့နေ့လည်မှာရပါတယ်။

KIA အဖွဲ့တွေကတော့ ယောက် ၅၀ လောက် အလောင်းတွေ ကျန်နေပါတယ်။ အသေးစိတ်စာရင်းမရသေးပါဘူး လက်နက်တွေမိုင်းတွေ အများကြီးရပါတယ်။ ထို့ပြင် ဒါဏ်ရာရတဲ့ KIA စစ်သည် ၄၀ဦးခန့်ကိုလည်း ဆေးဝါးကုသပေးလျက်ရှိကြောင်းပြောဆိုထားပါတယ်။

ဖမ်းဆီရမိသူအများစုမှာ KIA အဖွဲမှအတင်းအားဓမ လူသစ်စုဆောင်းခံထား သူများဖြစ်ကြောင်း ကို၎င်းမှပြောကြားသည်။ ကျွှန်တော်တို့အခု၇ထားတဲ့ စခန်ကနေ KIA ဌာနချုပ်လိုင်ဇာကို လှမ်းမြင်နေရ ပါတယ်။ လက်နက်ကြီးတစ်ကမ်းပါဘဲ ဒါပေမဲ့ကျွှန်တော်တို့တပ်တွေ လိုင်ဇာကိုတိုက်ဖို့အစီစဉ်မရှိပါဘူး ဟု၎င်းမှ Email မှတဆင့်ပြောဆိုသွားသည်။ ၄င်းကကျွှန်တော်တို့ ဒီစခန်းကို ဒီနေ့ နေ့လည်လောက်က သိမ်းပိုက်ခဲ့ပါတယ်။

အခုစခန်းကသိမ်းဆီးရမိတဲ့ Laptop နဲ့ တရုတ် ဖုန်းကတဆင့် Internet သုံးပြီး မေးလ်ပို့လိုက်တာပါ။ အထောက်အထားဓါတ်ပုံတွေလည်းဆက်ပြီးပို့ပေးသွားမှာပါဟု ၄င်းပေးပို့သော Email တွင်ဖေါ်ပြထား သည်။

From : Aung Naing Thu Facebook

HIV ပိုးနှင့်မလိုချင်သော ကိုယ်ဝန်အားတားဆီးနိုင်သောဖိုက်ဘာမျှင်


မလိုချင်သော ကိုယ်ဝန်တား ခြင်းနှင့် HIV ပိုးကူးစက်ခြင်းမှ တားပေးခြင်းစသောကိစ္စနှစ်ရပ် အား တပြိုင် တည်းပြေလည်စေသော နည်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင် ဖြစ်သည်။ သို့သော် ကွန်ဒုံးမှာလည်း အခြေ အနေအရပ်ရပ်တွင် အဆင်မ ပြေကဲ့သို့ လူကြိုက်လည်းမများခဲ့ပေ။ ယခုအခါ ၀ါရှင်တန်တက္ကသိုလ်မှ ယင်း ပြဿနာ နှစ်ရပ်လုံးအားတစ်ပြိုင်ထဲ ဖြေရှင်းပေး နိုင်မည့်အခြားနည်းတစ်ခုကို တီထွင်နိုင်ခဲ့လေသည်။ ယင်းကဲ့သို့ တီထွင်နိုင်ခဲ့သည့်အတွက် ဝါရှင်တန် တက္ကသိုလ် မှ လေ့လာသူ များအား ဘေလ်နှင့် မီလင်ဒါဂိတ် အဖွဲ့အစည်းမှ ဒေါ်လာ၁သန်းဆုချီးမြင့်ခဲ့လေသည်။

ယင်းပစ္စည်းမှာ ဗို့အားမြင့်ချည်ငင်စက် မှ ထုတ်လုပ်ထားသောအဝတ်ဖြစ်ပြီး ယင်း အဝတ်မှာ နာနိုအရွယ်အစားဖိုက်ဘာ မျှင်များဖြင့် ထုတ်လုပ် ထား၍ ယင်း ဗိုက်ဘာမျှင်များမှာလည်း လူ၏ခန္ဓာ ကိုယ်အပူချိန်တွင် ပျော်ဝင်ကာ သန္ဓေ တားဆေးများ၊ HIV တားဆေးများထုတ် ပေးနိုင်သည်။

ယင်း ဖိုက်ဘာမျှင်များ ဖြင့်ရက်လုပ်ထားသော အဝတ် မှာ ဈေး ပေါပြီးသီးခြားဆန်ကာ၊ ကိုယ်ဝန်လို ချင်သောအချိန်တွင် အချိန်မရွေးပြန် ရနိုင်ပေသည်။

ဗို့အားမြင့်ချည်ငင်စက် ဆိုသည်မှာ လျှပ်စစ်လှိုင်းကို အသုံးပြု ၍လျှပ်စစ်မှုန်များ ပါဝင်သောအရည် ကို အရှိန်အဟုန်မြှင့်ညစ်ထုတ်၍ သေးငယ်သော နာနိုဖိုက်ဘာမျှင်များ ထုတ်လုပ်ပေးနိုင်သော စက်ဖြစ်သည်။

ယင်းဖိုက်ဘာမျှင်များသည် ဆေးများ ကို သိုလှောင်ထားနိုင်ရုံသာမက ဆေးများကို ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ရာ တွင်လည်း အခြားသောဂျယ်များ၊ ဆေးလုံးများ၊ ဆေးပြား များထက် ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် အခြားသောနည်းများဖြင့် ပို့ဆောင်လျှင် လုပ်ဆောင်ရန် ခက်ခဲသောခန္ဓာ ကိုယ်တွင်းမှ မော်လီကျူးကြီးများ ဖြစ် ကြသည်။

ပရိုတင်းများ၊ အန်တီဘော် ဒီ များနှင့်လည်း တစ်သားတည်းပူးပေါင်းလုပ်ဆောင်နိုင်လေသည်။ လေ့လာသူများက ပထမအနေဖြင့် HIV ကာ ကွယ်ဆေး antiretroviral ဆေးများ အား FDA မှ ခွင့်ပြုထားသောပိုလီမာ ဖြင့် ရောနှော၍ ဆေးထိုးအပ်မှတစ်ဆင့် ထုတ်နိုင်သောပျစ်ချွဲသည် အရည် ဖြစ်သည်အထိ ဖျော်လိုက်သည်။ ထို့ နောက် ယင်းအရည်များကို ဗို့အားမြင့် ချည်ငင်စက် ကို အသုံးပြု၍ဖိုက်ဘာမျှင် များရအောင် ပြုလုပ် လေသည်။

ယင်း ဖိုက်ဘာမျှင် များဖြင့်ပြု လုပ်ထားသော အဝတ်ကို ကိုယ်တွင်းသို့ မိန်းမကိုယ် မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သားအိမ်အားထိန်းပေးထားသော ကွင်းများတွင်သော်လည်းကောင်းတပ် ဆင်အသုံးပြုနိုင်သည်။

ထိုအဝတ်မှာ ရုပ်ပိုင်းဆိုင်ရာအရ သုက်ပိုးများမဝင် နိုင်အောင် တားဆီးပေးနိုင်သကဲ့ သို့ ပျော်ဝင် သွားပြီးနောက် ဆေးများကို ထုတ်ပေး၍လည်း HIV ပိုးနှင့်သန္ဓေ မရနိုင်ရန် တားပေးနိုင်သည်။ဖိုက် ဘာမျှင် တစ်မျိုးမှာထည့်ပြီး မိနစ်ပိုင်းအတွင်းပျော်ဝင်သွား၍မလိုလားအပ်သော သန္ဓေ နှင့်လိင်မှ တစ်ဆင့် ကူးစက် နိုင် သော ရောဂါများအား တားဆီးနိုင်၍ နောက်ဖိုက်ဘာတစ်မျိုးမှာတဖြည်းဖြည်း ပျော်ဝင်ပြီး ရက်အနည်း ငယ်ကြာသည် အထိခံကာတဖြည်းဖြည်းဆေးကိုထုတ် လွှတ်ပေးပြီး HIV နှင့်ကိုယ်ဝန်ရခြင်း တို့အား ကာကွယ်ပေးသည်။

http://www.myanmartharkaung.net/2012/12/hiv.html

ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ် မကောင်းကြောင်း ရေးလွန်းလို့ ဆေးလိပ်ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါ တယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့က ကမ္ဘာ့နှလုံးများနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ်ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေးချင်တာနဲ့ ဆေးလိပ်မကောင်းကြောင်း ကိုပဲရေး ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီနှစ် ကမ္ဘာ့နှလုံးများနေ့ရဲ့ ဆောင်ပုဒ်ကလည်း နှလုံးအန္တရာယ်သိရှိကာကွယ် (Do you know your risk?) ဆိုတော့ စာဖတ်သူ တွေထဲမှာ မသိတဲ့သူသိအောင် သိပြီးသားသူပိုပြီး သတိထားမိအောင် ဒီခေါင်းစဉ် လေး ကို ရွေးချယ်လိုက်ပါတယ်။ သိပြီးသားသူဆိုတဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံးကပါ။ ကျွန်တော် အခု စာသင် နေတဲ့ဆေးရုံက နှလုံးအထူးကု ဆေးရုံကြီး တစ်ခုပါ။Ward တစ်ခုထဲမှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန် (၁၅) ယောက်ခန့် ရှိပါတယ်။ သူတို့ရဲ့ DUTY COAT ထဲမှာ ဆေးလိပ်ဘူး ကိုယ်စီ ရှိကြပါတယ်။ မနက်ပိုင်း လူနာကြည့်ချိန် ပြီးတာနဲ့ smoking zone (ဆေးလိပ်သောက်ရန် သတ်မှတ် ထားသောနေရာ)ကို ပြေးကြတာပါပဲ။ သူတို့အတွက် လူနာကြည့်ချိန် (၁)နာရီ လောက်ကို ခက်ခက် ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။ နောက်ပါမောက္ခကြီး။

သူကတော့ နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅) မိနစ်စာ သင်ပြီးတာနဲ့ ဆေးလိပ်သောက်နားချိန် ပေး ပါ တယ်။ ဆေးလိပ်တစ်လိပ်ကုန်မှ စာသင်ခန်းကို ပြန်လာပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင်နစ်ကိုတင်း ရဲ့ သားကောင်တွေ ဖြစ်နေကြပါတယ်။ သာမန် စာဖတ်သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းသိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက် ရင်တော့ သိတဲ့သူ နည်းပါလိမ့်မယ် ငယ်ငယ်က မြန်မာ့ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူး ပါတယ်။

ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာ ပါပဲ။ နှလုံးရော ဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံအကြောင်း အရင်းတွေထဲမှာ ဆေးလိပ်သောက်ခြင်းက အဓိက အချက်တစ် ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ်ဘယ်နှစ်လိပ် သောက်တယ်ဆိုတဲ့အချက် က နှလုံးရော ဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေ ပါပဲ။ နေ့စဉ် ဆေးလိပ်တစ်ဘူးကုန်အောင် သောက်တဲ့သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆပိုများပါတယ် ဆေးလိပ်လည်းသောက်တယ် သန္ဓေ တားဆေး တွေ လည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။ ဆေးလိပ် သောက် တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေး လိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

from..မြ၀တီ

လေးမြို့စီိမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံများ လက်မှတ်ထိုးရန်ပြင်ဆင်

လေးမြို့မြစ်အတွင်း ဆောက်လုပ်ရန် ပြုလုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းအား ဒေသခံများက ရပ်တန့်ပေးရန်အတွက် လက်မှတ် ရေး ထိုးပြီး ကန့်ကွက်သွားရန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို (Shwe Taung Hydropower Co.ltd) နှင့် (China Datang Overscas Investment Co. ltd-CDOIC) တို့မှ ဆောက်လုပ်နေကြခြင်းဖြစ်ပြီး ၄င်းစီမံကိန်းကို (၂၀၀၈) ခုနှစ်က စတင်ကာ စမ်းသပ်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိစမ်းသပ်မှု ပြုလုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ ထဲတွင် လေးမြို့ ရေအား လျှပ်စစ်စီမံကိန်းသည် ဒေသခံရခိုင်ပြည်သူများအတွက် ထိခိုက်နစ်နာမှု အများဆုံး ရှိ မည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒီစီမံကိန်းကို အခုလိုကန့်ကွက်မှု ပြုလုပ်ရတာဟာ ဒေသခံတွေ တော်တော်နစ်နာမှာဖြစ်တဲ့ အတွက်ပါပဲ။ ဒီမြစ်ပေါ်မှာ ဆည် တည်ဆောက်လိုက်ရင် ဒေသတွင်းနေထိုင်တဲ့ ကျေးရွာပေါင်း (၁၅၀) ကျော်ရှိတဲ့ နေရာမှာ (၇၀) ကျော်လောက်က ပြောင်းရွှေ့ ပေးရမှာဆိုတော့ ဒါဟာဘယ်လိုမှ သဘောမတူနိုင်ပါဘူး။

ပြီးတော့ ဆည်ရဲ့ အောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကည်း ရေခမ်းခြောက်မှု ကြောင့် ဘယ်လိုမှ နေလို့ ရမှာ မဟုတ်ပါဘူး။ အဲဒီ ဒေသကလူတွေက မြစ်ရေကို အားကိုးပြီးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လုပ်ရတာပါ။” ဟု လေးမြို့စီမံကိန်းအရေး ဦးဆောင်လှုပ်ရှားနေသူ ကိုဒေးဗစ်ဘူးထန်ပိုင် က Arakan Review သို့ ပြောသည်။

လေးမြို့မြစ်ပေါ်တွင်ဆည်တည်ဆောက်ခဲ့ပါက မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ဒေသခံကျေးရွာပေါင်း (၁၅၀) ကျော် ရှိသည့် အနက်မှ ကျေးရွာပေါင်း (၇၀) ကျော်တို့မှာ ပြောင်းရွှေ့ ကြရမည်ဖြစ် ကာ မြစ်ကြောင်း တလျှောက်ရှိ စီးပွားရေးလုပ်ငန်းများ မှာလည်း ပျက်စီးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမြစ်အတွင်း ဆည်တည်ဆောက်မည့် နေရာများမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း မြစ်၏ အဖျားပိုင်း မကိုနှင့် သံချောင်း အဓိက မြစ်သွယ်နှစ်ခုဆုံရာ (ကိုဖေချေ) ကျေးရွာအနီးတွင် ဆည်အမှတ် (၁) ကို တည်ဆောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း စိုင်းဒင်ကျေးရွာအနီးတွင် ဆည်အမှတ် (၂) ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆည်အမှတ် (၁) မှာ အမြင့်ပေ (၅၅၈) ပေထိ တည်ဆောက်မည်ဖြစ်ပြီး မဂ္ဂဝပ် (၆၀၀) ထွက်ရှိ မည် ဖြစ်ကြောင်း သိရသည်။ ဒေသတွင်းရှိ ကျေးရွာ (၇၀) ကျော်တို့မှာ ဆည်နှင့် မိုင်ပေါင်း (၄၀) ခန့် အကွာသို့ ပြောင်းရွှေကြရမည်ဖြစ်ကာ လေးမြို့ဒေသတွင်း နေထိုင်ကြသူများမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးနေကြ သူများဖြစ်သည်။

မြစ်အောက်ပိုင်းရှိ ဒေသခံများ လုပ်ကိုင် စားသောက်နေကြသည့် မြေနုကျွန်းများ၊ ဥယဉ်ခြံမြေများ၊ လယ်မြေများမှာလည်း ဆားငန်ရေ တိုးဝင်လာမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံရမည်ဖြစ်သဖြင့် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများ၏ သဘောထားကို နိုင်ငံတော်အစိုးရထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေးမြို့မြစ်မှာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်တစ်မြစ်ဖြစ်သဖြင့် ယခုလှုပ်ရှားမှုတွင် ရခိုင်ပြည်နယ်မှ ဒေသခံများနှင့်ပါ ပူးပေါင်းဆာင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်ဆင့်ပြော ကြားသည်။

“ဒီလှုပ်ရှားမှုမှာ ကျွန်တော်တို့ သီးသန့်လှုပ်ရှားမှုအနေနဲ့ မဟုတ်ဘဲ ရခိုင်ဒေသမှ ဒေသခံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လေးမြို့ဒေသခံတွေကို ကန့်ကွက်လက်မှတ် ထိုးခိုင်း တာကတော့ ချင်းပြည်နယ်ဘက်မှာရှိတဲ့ ကျေးရွာတွေလောက်ကိုပဲ လုပ်ရသေးတယ်။ ရခိုင်ပြည်နယ်ဘက်အတွက်က ရခိုင်တွေနဲ့ဆက်သွယ်ပြီးမှ လုပ်ရမှာဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ဒေသခံတွေ လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ”ဟုပြောပြခဲ့သည်။

အဆိုပါစီမံကိန်း ကန့်ကွက်ရေးလှုပ်ရှားမှုကို ရခိုင်ပြည်နယ် မြောက်ဦးမြိုနယ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်ကာ (၂၀၁၂) ခုနှစ်မေလအတွင်းကလည်း တစ်ကြိမ်ပြု လုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

လေးမြို့စီမံကိန်းပြီးစီးပါက ရရှိမည့် ရေအားလျှပ်စစ်ဓါတ်အားကို ပြည်တွင်းသုံးစွဲရန်အတွက် မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောင်းချရန်အတွက်သာဖြစ်ကြောင်း သိရှိရပြီး စီမံကိန်း တည်ဆောက်ရေး လုပ်ငန်း ကို တရုတ်နိုင်ငံမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ArakanReview

myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု ပေးပြီ

စက်မှုဝန်ကြီးဌာနနှင့် Cherry Automobile Co,Ltd., တို့ ပူးပေါင်း ထုတ်လုပ် တင်သွင်း လျက် ရှိသော myanmar Mini နှင့် Cherry QQ 3 မော်တော်ယာဉ်များ အတွက် အခမဲ့ ၀န်ဆောင်မှု များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ပေး မည့် ၀န်ဆောင်မှု များမှာ Fiter သုံးမျိုး လဲလှယ်ပေးခြင်း နှင့် လဲလှယ်ရန် မလိုသည့် ကားများ အတွက် မေတ္တာ လက်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ် သည် Customer များ အတွက် ကျေးဇူး တုန့်ပြန်ခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်း သက်သာခြင်း၊ ဆီစားနှုန်း သက်သာခြင်း၊ အပိုပစ္စည်း ၀ယ်ယူရ လွယ်ကူခြင်း၊ လူကို အန္တရာယ် မပေးသော ပစ္စည်းများဖြင့် ပြုလုပ် တပ်ဆင် ထားခြင်း တို့ကြောင့် ၀ယ်ယူမှုများ ကြောင်း၊ ယခုအခါ အစီးရေ ၄၀၀၀ ရောင်းချ ထားပြီး ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၈၀ တွင် အစီးရေ ၄၀၀၀၀၀၀ ကျော် ဖြန့်ဖြူး ရောင်းချနေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အခမဲ့ ၀န်ဆောင်မှု ကာလအတွင်း ဖုန်းဖြင့်သော် လည်းကောင်း၊ လူကိုယ်တိုင် သော် လည်းကောင်း ကြိုတင် ရက်ချိန်း ယူပြီး Kyaw & Son Auto Care Service Center အမှတ်(၅၆)၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်း မြို့နယ်၊ ဖုန်း ၀၉၇၃၀၃၄၀၃၆၅ နှင့် နေပြည်တော်တွင် အမှတ်(၆၀)၊ ချင်းရွာ၊ ဥတ္တရ သီရိမြို့နယ်၊ ဖုန်း ၀၉၄၅၀၀၂၅၄၆၈ တို့ ဖြစ်ကြောင်း သိရှိရသည်။

From..မြ၀တီ

မိုးရွာလျှင် တူရိယာသံစုံ ထွက်သော အိမ်

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ် အပြင်မှာ တကယ်ရှိပါတယ်။ ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာများ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့တိုက် လည်း ဖြစ်ပါတယ်။ အိမ်ခေါ်မိုးကကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲတစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီးထားပါတယ်။ အချက် မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက် များများ၊ ဘယ်လောက် နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အက တီးဝိုင်းက သံစဉ်များကို ကြား ရမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရ ပါ တယ်။

--
Ref: wiki

စက်မှုလုပ်ငန်းများကို ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက် ခုနစ်နာရီမီးဖြတ်မည်

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု လျော့ကျလာသည့်အတွက် လာမည့် ဇန်န၀ါရီ ၁ ရက်မှစ၍ စက်မှုလုပ်ငန်းများကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခုနစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုသို့ စက်မှုလုပ်ငန်းများကို ဖြတ်တောက်ရာတွင် ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများ၊ အစိုးရစက်ရုံလုပ်ငန်း လည်ပတ်မှုများ ပုဂ္ဂလိက စက်မှုဇုန်လုပ်ငန်း လည်ပတ်မှုများ အားလုံးကို တစ်ပြိုင်နက်တည်း ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လာမည့် နွေရာသီတွင် အများပြည်သူကို လျှပ်စစ်မီး မဖြတ်တောက်ဘဲ အပြည့်အ၀ပေးရန် စီစဉ်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။ လာမည့် လများတွင် ဓာတ်အားလိုအပ်ချက် ထပ်မံမြင့်တက်လာပါက ယခုဖြတ်တောက်မည်ဖြစ်သော စက်မှုလုပ်ငန်းများကိုပင် အချိန်တိုး၍ ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"စက်မှုဇုန်တွေကို မီးဖြတ်ချင်ဖြတ်ပါ။ ပေးမယ်ဆိုရင်တော့ အလုပ်လုပ်လို့ရအောင် ပေးစေချင် တယ်။ နေ့ဘက်မှာ ဆက်တိုက် ၁၀ နာရီလောက် ပေးမှဖြစ်မှာ။ စက်မှုလုပ်မှုကို တကယ်နားလည်မှ မီးပေးရေးကို ကိုင်ရင်ကောင်းမယ်။ အပေါ်ကလူက မီးပေးတယ်ပြောပြီး အောက်ကလူက ဖြတ်တယ်။ ပိုက်ဆံပေးမှ မီးပြန်တပ်ပေးမယ်ဆိုရင်လည်း မဟုတ်သေးဘူး။ နိုင်ငံတော်ပါ နစ်နာတာပေါ့။ မီးမလာလို့ ဒီဇယ်နဲ့မီးစက်ကို မောင်းရတာ တစ်ယူနစ်ကို လေးရာ့ငါးဆယ်ကျတော့ ဓာတ်အားခတိုးကောက်ပြီး မီးမှန်မှန်ပေးတာကမှ အဆင်ပြေဦးမယ်" ဟု ဧရာဝတီမြေပဲဆီစက်ရုံပိုင်ရှင် ဦးခင်စိုးက ပြောသည်။

From : The Voice

ပခုက္ကူမြို့နယ်တွင် မြေနုကျွန်းမြေ ခွဲဝေမှု မမျှတမှုဖြစ်ပေါ်နေ


ပခုက္ကူမြို့နယ်၊ မြို့စိုးအုပ်စုတွင်းရှိ ကျေးရွာများတွင် ရာအိမ်မှူးများသည် မြေနုကျွန်းများကို စိတ်ကြိုက် နေရာယူပြီးမှသာ ကျေးရွာပြည်သူများကို ချထားပေးခြင်းကြောင့် ဒေသခံများအနေဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ကျေးရွာတွေမှာ ရာအိမ်မှူးတွေက စိတ်ကြိုက်မြေယူပြီးမှ ကျန်တဲ့ ဒေသခံတွေကို ခွဲပေးတာ။ အခုဆို အရင်ကထက် ၀.၀၇ ဧကလောက်လျော့သွားတယ်။”ဟု ပခုက္ကူမြို့နယ် မြို့စိုးအုပ်စု သီရိလေး ကျေးရွာမှ ဦးဟန်ဝင်းက ပြောသည်။

မြို့စိုးကျေးရွာ အုပ်စုတွင် ကျေးရွာ (၈)ရွာ ပါဝင်ပြီး မြေနုကျွန်းမြေ စုစုပေါင်း (၃၄၃)ဧက ခန့်ရှိခဲ့ကြောင်း အဆိုပါ မြေယာများတွင် ဒေသခံများအနေဖြင့် ပဲရင်း၊ ပဲထောပတ်၊ မြေပဲ၊ ပဲပုတ်နှင့် အခြားပဲအမျိုးမျိုး စိုက်ပျိုးလုပ်ကိုင် လျက်ရှိကြောင်း သိရှိရသည်။

၎င်းကျေးရွာအုပ်စုတွင်း အိမ်ထောင်စု (၉၅၉)ခုရှိပြီး မြေယာ (၃၄၃)ဧကကို ကျေးရွာရာအိမ်မှူးများမှ (၁၉)ဧက စိတ်ကြိုက်ယူထားကာ ဒေသခံများ တစ်အိမ်ထောင်လျှင် (၀.၃၃)ဧက ခွဲဝေချထားကြောင်း သိရှိသည်။

“ကျွန်တော်တို့ အရင်နှစ်တွေက တစ်အိမ်ထောင်ကို (၀.၄၀)ဧကလောက်လုပ်ကိုင်ခွင့်ရတယ်။ အခုက (၀.၃၃) ဧကလောက်ပဲရတော့တယ်။ ရာအိမ်မှူးတွေက တစ်ဦးကို တစ်ဧက နှစ်ဧကလောက်ကို စိတ်ကြိုက်ယူပြီးမှ ကျန်တာတွေကိုချထားပေးတယ်။”ဟု ဆယ်လံမှ ဒေသခံ ကိုသန်းကြိုင်က ပြောသည်။

(၂၀၀၇-၂၀၀၈)ခုနှစ်တွင် တစ်အိမ်ထောင်လျှင် (၀.၄၀)ဧကရရှိခဲ့ပြီး (၂၀၁၀)ခုနှစ်မှ စတင်၍ တစ်အိမ်ထောင် လျှင် (၀.၃၃)ဧကသာ လုပ်ကိုင်ခွင့် ချထားပေးတော့ကြောင်းကိုလည်း ဒေသခံများပြောပြချက်အရ သိရှိရသည်။

Myanmar News Now

လိုင်ဇာ ကို တစ်နာရီ အတွင်း တက်သိမ်းနိုင်သော်လည်း သိမ်းမည်မဟုတ်သဖြင့် KIA နှင့် ABSDF ကျောင်းသားများ ကြောက်လန့်သွေးပျက် နေဖို့မလို ဟု ဆို


မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများဖြစ်ပွား နေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။ ``ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသလို မူလဲမရှိပါဘူး ´´ ဟု ပြောဆိုသွားသည်။ လဂျားယန်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်၍ ၎င်းမှ လဂျားယန်ဒေသမှာ စစ်တပ်မှအကြီးအကျယ် ထိုးစစ်ဆင် နေတယ်ဆိုတာ မဟုတ်ပါဘူး။ လဂျားယန်မှာကျွန်တော်တို့တပ်က စခန်း တစ်ခုရှိပါတယ်။

အဲဒီစခန်းကို လစဉ်ရိက္ခာပို့တာတွေ အုပ်ချုပ်မှုကိစ္စဆောင်ရွက်တာတွေ အတွက် အနည်းဆုံးတစ်လတစ်ခါသွားရပါတယ်။ အဲဒီစခန်းကို ရိက္ခာ သွားပို့တိုင်းပို့တိုင်း KIA အဖွဲ့က မိုင်းဆွဲတိုက်တာတွေ ခြုံခိုတိုက်တာတွေ အမြဲတမ်းလုပ်ပါတယ်။ ဒါကြောင့် ရိက္ခာပို့တိုင်း ကျွန်တော်တို့ဆီက ထိခိုက် ကျဆုံးမှုတွေ ရှိနေပါတယ်။ ဒီလ ၁၄ ရက်နေ့ကလည်း လဂျားယန်စခန်းကို ရိက္ခာသွားပို့တဲ့ အင်အား ၅၀ ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA ၅၀၀ လောက်က မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀ ဦးကျဆုံးပြီး ၅ ဦး အဖမ်းခံခဲ့ရပါတယ်။

အဲဒီ လဂျားယန်မှာရှိတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အခုအချိန်ထိ ရိက္ခာ မပို့ရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတယ်ဆိုတာ မပခ တိုင်းမှူး ကြိုတင် ကြေငြာခဲ့တဲ့အတိုင်း `` လဂျားယန်စခန်းအတွက် အုပ်ချုပ်မှုကိစ္စဆောင် ရွက်နေခြင်းဖြစ်ပါတယ်´´ဟု ပြောဆိုသွားသည်။

အစိုးရ၏ စစ်တပ်အုပ်ချုပ်မှုဆောင်ရွက်မည့် လဂျားယန်စခန်းသည် လိုင်ဇာမြို့အနောက်ဖက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းစခန်းသည် လိုင်ဇာဌာနချုပ်အား စိုးမိုးထားသည့် အနေအထားတွင်ရှိသည်။ ၎င်းတောင်ကြောတွင် KIA တပ်ဖွဲ့နှင့် ABSDF ပူးပေါင်းအင်အား ၅၀၀ ခန့်ရှိကြောင်းနှင့် ၎င်းတို့အနီးတွင် မြန်မာအစိုးရ၏ တပ်စခန်းတစ်ခုရှိကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူး အေးမင်းမှ ပြောပါသည်။

ယခုလဆန်းရက်နေ့ကလဲ ရိက္ခာပို့သည့် စစ်ကြောင်းအားKIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရ၏ ဒဏ်ရာရစစ်သည်များကို ဖမ်းဆီးရမိသည့် Video File များဖြင့် Internet တွင် ၀ါဒဖြန့်ချိရေးအသွင်ဖြင့်တင်ထားကြောင်းသိရှိရသည်။

www.MyanmarExpress.net

Friday, December 28, 2012

အသည်းတို့ နှလုံးတို့နဲ့ ပတ်သက်ပြီး လက်လျှော့လိုက်ပါပြီ ဆိုသူများကို ကုသဖို့ စောင့်မျှော်နေသော ဆေးခန်း


စားသုံးသူ ကာကွယ်ရေးအသင်းက ကြီးမှူး၍ ရှစ်မိုင်လမ်းဆုံ၊ ပေါက်စေတီ ဘုန်းကြီးကျောင်းဝန်း အတွင်းရှိ ဇီဝိတဒါန သံဃာ့ဆေးကုခန်းတွင် တိုင်းရင်းသမားတော်ကြီးများနှင့် နေ့အလိုက် အခမဲ့ ကုသဝန်ဆောင်မှု များ ပေးလျက် ရှိသော်လည်း အများပြည်သူတို့ အကြား သိရှိမှု အားနည်းနေသေး၍ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းမှ ငွေကြေး မတတ်နိုင်သည့် လူနာများကို စောင့်မျှော်လျက်ရှိသလို၊ အသည်း၊ နှလုံးရောဂါများနှင့် ပတ်သက်၍လည်း လုံးဝပျောက်ကင်းသည်အထိ ကုသပေးရန် စောင့်မျှော်နေကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဒုဥက္ကဋ္ဌ ဦးကံညွှန့်နှင့် သမားတော် ဦးအောင်စိုးတို့ထံမှ သိရသည်။

ဦးကံညွှန့်က “အခု ပြည်သူတွေက သိရှိမှု အားနည်းနေသေးတာလည်း ပါသလို ပိုက်ဆံပေးရမယ် ထင်နေတယ်နဲ့ တူတယ်၊ အခုဟာက ဘယ်သူဖြစ်ဖြစ် အခမဲ့ပါ။ ရဟန်းရှင်လူ ပြည်သူတွေ အကုန်ပါပါတယ်။ အချို့ဆရာဝန်တွေဆို အထူးကု ဆရာဝန်တွေ ပါပါတယ်။ နောက်လူသိ များလာရင်တော့ ဆေးခန်းတွေကို မြို့နယ်အလိုက် တိုးချဲ့ဖွင့်သွားဖို့ ရှိပါတယ်” ဟု ပြောပြခဲ့သည်။

အသည်း၊ နှလုံးရောဂါများနှင့် ပတ်သက်၍ ကိုယ်တိုင် အတွေ့အကြုံများ ရှိသလို၊ ကိုယ်တိုင် ဆေးဖော်စပ်ကာ ကုသမှုပေါင်းများစွာ အတွေ့အကြုံများရှိသော အသည်း၊ နှလုံး (အာမခံအထူးကု) ဦးအောင်စိုး (တိုင်းရင်းဆေး) က “အခု ဆေးခန်းလေးကို လုပ်အားပေးလာဖြစ်တာက ဦးကံညွှန့် အကူအညီ တောင်းတာလည်း ပါသလို ကျွန်တော်ချစ်တဲ့ အနုပညာရှင် ကိုခင်မောင်တိုး အသည်းရောဂါနဲ့ ဆုံးပါးသွားတာ တွေကြောင့်လည်း ပါပါတယ်။ အဲလို အသည်းရောဂါတွေနဲ့ အသက်တွေ မဆုံးရှုံးစေချင်တာလည်း အပါအဝင်ပေါ့၊ ကျွန်တော် သူ့တုန်းကဆိုရင် ကိုယ်ကုနိုင်ရဲ့သားနဲ့ မကုလိုက်ရဘူး။ သူက နိုင်ငံကခြားမှာ သွားပြတာလေ၊ ကျွန်တော် အတွေ့အကြုံ အရတော့ နိုင်ငံခြားဆေးဝါးတွေထက် မြန်မာ့တိုင်းရင်းဆေးဝါး၊ သစ်ဥသစ်ဖုတွေက အမြစ်ပျောက်ကင်းစေတယ်လို့ တွေ့ရှိရတယ်။ ကိုယ်တွေ့ပေါ့၊ ကျွန်တော်ရယ်၊ ကျွန်တော့်မိန်းမရယ် နှလုံးနဲ့ ပတ်သက်ပြီး ဆေးဖော်ပြီးသောက်တာ ပျောက်ကင်းတာ ကိုယ်တွေ့ပေါ့နော်၊ အခု အဓိက ပြောချင်တာကတော့ အသည်း၊ နှလုံးတို့နဲ့ ပတ်သက်ပြီး လုံးဝ လက်လျှော့လိုက်ပါပြီဆိုတဲ့ သူတွေကို ဒီဆေးခန်းလေးကို လာခဲ့ပါပေါ့နော်။ အာမခံပါတယ်။ အခမဲ့ပါလို့ပေါ့နော်၊ စနေနေ့ဆို ကျွန်တော် ဒီဆေးခန်းလေးမှာ ထိုင်ပါတယ်” ဟု ရှင်းပြခဲ့သည်။ အဆိုပါ ဆေးခန်းလေးတွင် အင်္ဂါနေ့တွင် နေလတိုင်းရင်း သမားတော်ကြီးများ အဖွဲ့က အရိုးအကြောနှင့် အထွေထွေ ရောဂါမျိုးစုံကို နံနက် (၁၁)နာရီမှ ညနေ(၅) နာရီထိ၊ ဗုဒ္ဓဟူးနေ့တွင် အထွေထွေဆရာဝန်၊ သောကြာနေ့တွင် သဘာဝသမားတော် (တိုင်းရင်း) က ဆီးချို၊ သွေးချို၊ အသည်း၊ ကျောက်ကပ်၊ စနေနေ့တွင် ဦးအောင်စိုး (သမားတော်ကြီး တိုင်းရင်းဆရာ) နှလုံးနှင့် အသည်း အာမခံအထူးကုနှင့် တနင်္ဂနွေနေ့တွင် ဒေါက်တာဝင်းထွန်း အထူးကု(နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုနှင့် အထွေထွေရောဂါ အထူးကု) စသည့် ဆရာဝန်၊ သမားတော်ကြီးများက အခမဲ့ ကုသိုလ်ဖြစ် ကုသပေးလျက်ရှိကြောင်း သိရသည်။ ကုသလိုသော လူနာများအနေဖြင့် ရှစ်မိုင်လမ်းဆုံအနီး၊ ပေါက်စေတီ ဘုန်းကြီးကျောင်းဝင်းအတွင်း၊ မရမ်းကုန်းမြို့နယ်သို့ လာရောက်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် Hot News ဂျာနယ်တွင် ဖော်ပြထားပါသည်။

www.MyanmarExpress.net

ကေအိုင်အေမှ မိုးညှင်းဘူတာ၊ ရှမ်းသချိုင်္င်းအနီးတွင် မိုင်းခွဲ

မိုးညှင်မှ မန္တလေးသို့သွားသော မီးရထားလမ်းအား မိုးညှင်း ဘူတာ အထွက်နား ရှမ်းသချိင်္ုင်းအနီး မိုင်တိုင် ၆၃၂ နားတွင် ကေအိုင်အေမှ ၂၆ရက်နေ့ ည ၁၀ နာရီလောက်တွင် မိုင်းခွဲခဲ့ပါသည်။ မိုင်းကွဲမှုကြောင့် ရထားသံလမ်း ၃ပေလောက် ပျက်သွားပြီး ရထားဘီးချော်ခဲ့ပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မိုးညှင်းမြို့အတွင်း နေအိမ်များ တုန်ခါမှု ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် ရထားသံလမ်း ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် ဗုံးပေါက်ကွဲမှု မဖြစ်ပေါ်မီ အချိန်က မန္တလေးသို့ ထွက်ခွာမည့် မန္တလာ ၅၈ အစုန်ရထားသည့် လမ်းချော်မှု ဖြစ်ပွားသဖြင့် မိုးညှင်းဘူတာတွင် ရပ်နားနေခဲ့ကြောင်း သိရသည်။

www.MyanmarExpress.net

ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ဧပြီ ၁ တွင် စတင်ထုတ်ဝေခွင့်ပြုမည်

လွတ်လပ်သော ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများကို လက်ရှိအစိုးရ၏ သက်တမ်း ၂ နှစ်ပြည့်သည့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးဌာနက ကြေညာ လိုက်သည်။

နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခံထားရသူက တဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင် အနေဖြင့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်အသိပေးလိုက်သည်။

ထုတ်ဝေရာတွင် တိုင်းရင်းသားဘာသာ တမျိုးမျိုးနှင့်ဖြင့်စေ နိုင်ငံခြားဘာသာ တမျိုးမျိုးနှင့်ဖြစ်စေ ထုတ်ဝေခွင့်ပြုမည် ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရာနှင့်ချီသော အပတ်စဉ်ထုတ်ဂျာနယ်များအနက် အနည်းဆုံး ဂျာနယ်ကြီး လေးစောင်မှာ နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေသွားနိုင်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/10665-2012-12-28-06-56-02.html

ဆက်သွယ်ရေးဝန်ဆောင်မှု ပြိုင်ဆိုင်မှုတွေ ရှိသင့်

ဆက်သွယ်ရေး ၀န်ဆောင်မှုက နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက အထောက်အပံ့ပေးနိုင်တာကြောင့် လက်ရှိ တစ်ဦးတည်း လုပ်ကိုင်တဲ့ စီးပွားရေး လုပ်ငန်းကို ပြိုင်ဆိုင်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းအဖြစ် အသွင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အယ်လ်ဖာအင်ဖိုတက်ခ်ျ ကုမ္ပဏီမ မန်နေဂျင်းဒါရိုက်တာ ဦးရဲမြတ်သူက “ဆက်သွယ်ရေးရဲ့ ပြဲပြင်ပြောင်းလဲမှုမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို အပြိုင်ဝန်ဆောင်မှုပေးဖို့ ဆက်သွယ်ရေးက မြန်မြန်ခွင့်ပြုပေးရမယ်၊ အရင် စနစ်ဟောင်းက အတွေးအခေါ်တွေနဲ့ အသားကျနေတာကြောင့် အပြိုင်ဝန်ဆောင်မှုကလဲ မရှိ၊ အရင် ဆသရ ဥပဒေကလဲ သူတို့တစ်ဦးတည်း ချယ်လှယ်ချုပ်ကိုင်နိုင်တဲ့ ဥပဒေဖြစ်နေတဲ့အတွက် အခုချိန်အထိ ပြည်သူတွေမှာ မိုဘိုင်းလ်ကို ဈေးကြီးပေးဝယ်နေရတုန်းပဲ၊ နိုင်ငံတကာမှာ ဆသရ လုပ်ငန်းကို ပုဂ္ဂလိကကိုပဲ အစိုးရက လုပ်ကိုင်ခွင့် ပေးထားတဲ့အတွက် ဈေးနှုန်းချိုသာပြီး ၀န်ဆောင်မှုကောင်းကောင်း သုံးစွဲနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီ” လို့ ပြောပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လာမယ့် ဇန်န၀ါရီလအတွင်းမှာ ကျပ်တစ်သိန်းခွဲအောက် သရီးဂျီမိုဘိုင်းလ်ဖုန်း တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုမှာ ရောင်းချပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ လူတိုင်း လက်လှမ်း မီနိုင်တဲ့ နှုန်းထားနဲ့ ရောင်းချပေးပြီး နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ရောင်းချဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံမှာ ကနဦးတပ်ဆင်ခ မပေးရတဲ့ အခြေအနေမှာ ပြည်တွင်းမှာ မိုဘိုင်းအတွက် သီးသန့် ရင်းနှီးမြှုပ်နှံရသလို ဖြစ်နေပါတယ်။ အဓိကကတော့ ပြိုင်ဆိုင်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းအဖြစ် အမြန်ဆုံး ခွင့်ပြုပေးသင့်တယ်လို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28332

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်မှရပ်စဲရန် မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော် ပထမဆုံး လက်မှတ်ထိုးကန့်ကွက်မည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တစ်ရာခိုင်နှုန်းကျော်က ပထမဆုံးလက်မှတ်ရေးထိုး ကန့်ကွက်သည့်ဖြစ်ရပ်အနေဖြင့် ကြည့်မြင်တိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်အား တာဝန်မှ ရပ်စဲရန် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းကျော် လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း ပေးပို့သွားမည်ဟု ဦးဆောင်လှုပ်ရှား ဆောင်ရွက်သူ ကိုထွန်းထွန်းကျော်က ပြောသည်။

၎င်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် ဘောဂရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပျက်ပြားအောင် လုပ်ခဲ့သည့်အပေါ် မကျေနပ်ကန့်ကွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ ဘောဂရပ်ကွက်မှ ဆယ်အိမ်စုများ တင်မြှောက်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် ၅ ဦးမှာ အသက်ကြီးပြီး တစ်ပါတီ တည်းဖြစ်နေကာ ဦးသန်းစိန်၏ ကန့်ကွက်မှုကို ကျေနပ်မှုမရှိ၍ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း၊ ၎င်း၏ ကန့်ကွက်မှုသည် ပြည်ထဲရေးက ထုတ်ပြန်သော ဥပဒေများတွင် ပါဝင်မှုမရှိကြောင်း၊ အဆိုပါအချက် ၂ ချက်ဖြင့် ကန့်ကွက်ခြင်းသည် ဥပဒေကို နားမလည်သော ကိုယ်စားလှယ် တစ်ယောက်အဖြစ် ပေါ်လွင်နေကြောင်း ၎င်းကပြောသည်။

လွှတ်တော်သက်တမ်း ၂ နှစ်ခွဲအတွင်း ပြည်သူများအပေါ် အာဏာသုံးခြင်း၊ ငွေကြေးတောင်း ခံခြင်းမရှိခဲ့ကြောင်း၊ ၎င်းဆန္ဒပြမှုသည် ဘောဂရပ်ကွက်ရှိ လူတစ်စုက ဦးဆောင်၍ ပုဂ္ဂိုလ်ရေး၊ ပါတီစွဲ၊ ၀ါဒစွဲများကို အခြေပြုသော ဆန္ဒပြပွဲတစ်ခုသာဖြစ်ကြောင်း၊ ဆန္ဒပြခြင်းသည် ပြည်သူ့အတွက်၊ ရပ်ကွက်အတွက်၊ မြို့နယ်အတွက် အကျိုးရှိစေရန်နှင့် အခွင့်အရေးရရှိပါက တောင်းဆိုခြင်းသာဖြစ် သင့်ကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်ကပြောသည်။

““လွှတ်တော်အနေဖြင့် ကြည့်မြင်တိုင်မြို့နယ်အတွင်း မဟုတ်တာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဘာနာမည်ပျက်မှလည်း မရှိခဲ့ဘူး။ ရိုးရိုးသားသားဖြင့် ပညာသင်ကြားတဲ့ ကျောင်းဆရာ(ကျူရှင်)တစ်ဦး သာဖြစ်တယ်။ ပြည်သူအတွက်ဆိုရင်ပြုတ်ရင်ပြုတ်သွားပါစေ၊ တရားမျှတစွာနှင့် မှန်ကန်သောဘက်ကနေ ရပ်တည်ရင်ဆိုင်သွားမည်”” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်တွင် လူအင်အား ၁၀၀ ကျော်နှင့် စလင်းအားကစားကွင်းမှ ဗားကရာလမ်းအတိုင်း အထက(၁) ကျောင်းရှေ့ထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ၎င်းဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုပေးခဲ့သည်။

၂၀၁၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ကြည့်မြင်တိုင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစညပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ တစ်သီးပုဂ္ဂလပါတီ၊ ၈၈ ကျောင်းသားများ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ပြည်ခိုင်ဖြိုးပါတီများ ၀င်ရောက်အရွေးခံခဲ့ရာ ယခုဆန္ဒထုတ်ဖော်ခြင်းခံရသော ကြည့်မြင်တိုင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီမှဖြစ်ပြီး မဲအပြတ်အသတ် အနိုင်ရ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသူဖြစ်သည်။

၂၀၀၈ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခန်း (၈)၊ (နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ) အခန်းတွင်ပါရှိသော ပုဒ်မ ၃၆၉ ပုဒ်မခွဲ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များ သည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အခန်း ၉ ပါ ပုဒ်မ ၃၆၉ တွင်လည်း သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ အနည်းဆုံး တစ်ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်ရန် မသင့်ကြောင်း၊ သဘောရလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ဦးသန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးအောင်သိန်းလင်း၏ ယုံကြည်ကိုးစားမှုကို ရရှိသောသက်ရင့် ပါတီဝင်တစ်ဦးဖြစ်ပြီး ၎င်းသည်လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တရုတ်မီဒီယာ (Southern Weekent) ဖြင့် အင်တာဗျူးတွေ့ဆုံဖြေဆိုရာ ၎င်းအနေဖြင့် မြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ဆောင် သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများ ထောက်ခံအားပေးမှုသည် (Crazy)ဖြစ်သောကြောင့် မဲပေးများခဲ့ခြင်း ဖြစ်ကြောင်းစသည်ဖြင့်ဖြေဆိုမှုများအပေါ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးအောင်သိန်းလင်းယှဉ်ပြိုင်ခဲ့သော တောင်ဥက္ကလာမဲ ဆန္ဒရှင်များက စုပေါင်းကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့တိုင်ကြားရန် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲတွင် ပါဝင်နှောင့်ယှက်မှုဖြင့် ကန့်ကွက်ရှုတ်ချခံရသော ဦးသန်းစိန်သည် တပ်မတော် အစိုးရလက်ထက်က ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်၊ အမျိုးသားညီလာခံကိုယ်စားလှယ်၊ ယခုအခါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သင်္ချာ၊ ရူပဘာသာရပ်ပြကျူရှင်ဆရာဖြစ်ကြောင်း သိရှိရသည်။

ဒီကပါ။

၂၀၁၃ တွင်ထွက်ရှိနိုင်မည့် iPhone စမတ်နာရီ

Smartwatch ထုတ်လုပ်တဲ့ ကုမ္မဏီတွေ သိပ်အများကြီးမရှိပေမယ့် Apple ကလည်း Intel နဲ့ ပူးပေါင်းလို့ Smartwatch ထုတ်လုပ်တော့ မယ်လို့ ဆိုပါ တယ်။ဒီဂျစ်တယ်နာရီနဲ့ စမတ်နာရီက ကွာပါတယ်။ စမတ်နာရီက စမတ်ဖုန်းလိုပဲ Function တော်တော် စုံစုံလင်လင် ပါရှိ တာမျိုး ဖြစ်ပါတယ်။ ဥပမာ အခု သတင်းထွက်နေတဲ့ iPhone နဲ့ချိတ် ဆက်သုံးရမယ့် စမတ်နာရီဆိုရင် Bluetooth ပါမယ်၊ wi-fi ပါမယ်။ ဖုန်းက Message ကို အလွယ်တကူ ဖတ် လို့ရမယ်။ touch screen ဖြစ် တာကြောင့် စာပြန်ရိုက်ပြန်နိုင်မယ်။ Siri ပါတဲ့ အတွက် အသံထွက်ပြီးတော့လည်း ရိုက်နိုင်ပါတယ်။ Facebook, Twitter တို့လို Social Network တွေကိုလည်း အလွယ်တကူ အသုံးပြု လို့ ရပါမယ်။

ဖုန်းထုတ်ပြီး စကားပြောမယ့်အစား စမတ်နာရီကို ကြားခံအဖြစ် သုံးမယ်။ နာရီ ကြည့်ဖို့တင်မကပဲ iPhone ရဲ့  ကိုယ်ခွဲ တစ်ခုအနေနဲ့ သွားလေ ရာ ဆောင်လို့ လက်မှာ ပတ်ထားရမယ့် အီလက်ထရောနစ် Gadget ကောင်း တစ်ခု ဖြစ်ပါတယ်။

Intel နဲ့ Apple တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကာလတန်းဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ပဲရှိမယ်လို့ ဆိုပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ တယ်လို့ လည်း တရုတ်အခြေဆိုက် သတင်းဌာနအချို့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့ပေမယ့် ၂၀၁၃ မှာ တကယ်ထွက်ရှိ၊မထွက်ရှိကတော့ မကြာမီကာလ အတွင်း Apple က တရား ဝင်ကြေ ညာသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

-- Ref: slashgear
TechSpace Journal

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box ဆိုတာ ဘာလဲ?


လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

Black-box = FDR + CVR

ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ

သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…

ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)

ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V

Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid

CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…

Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…

black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…

black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…

ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…

လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)

အောင်ချမ်းမြေ့ (ကို Osaung) ဗဟုသုတ ရနိုင်စေရန်အတွက်သာ ရည်ရွယ်ပါတယ်... http://news.softpedia.com/news/How-Black-Boxes-Work-82307.shtml http://hothardware.com/ http://chinagate.cn/ http://libraryvirtual.com/

ကင်ဆာအဖြစ်များဆုံးနိုင်ငံများတွင် ဒုတိယအဖြစ် မြန်မာရောက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် ကင်ဆာအဖြစ်များဆုံးနိုင်ငံထဲတွင် ဒုတိယနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ဒီဇင်ဘာ ၂၂ ရက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သာသနာ့ဟိတဓမ္မာရုံတွင် ကျင်းပပြုလုပ်သော စားသုံးသူများ ကာကွယ်ရေး ဟောပြောပွဲတွင် မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးဗအုပ်ခိုင်က ဟောပြောခဲ့သည်။

““မြန်မာပြည်မှာ ကင်ဆာရောဂါဖြစ်တာ ၁၀၀ ရာခိုင်နှုန်းဆိုရင် ၉၀ ရာခိုင်နှုန်းက အစားအသောက်ကဖြစ်ပြီး အထူးသဖြင့် ကင်ဆာရောဂါနဲ့သေတာ များတယ်။ ရေသန့်ဘူးအသစ်ကို အပူချိန်မြင့်မြင့်မှာထားရင် အက်ဆစ် ပိုထွက်တာများပြီး အပူချိန်နိမ့်နိမ့်မှာထားရင် အက်ဆစ် ပိုထွက်တာနည်းတယ်။ ရေသန့်ဘူးအဟောင်း တွေဆိုရင် အက်ဆစ် ပိုထွက်တာများတယ်။ နာမည်ကြီး အရက်ကုမ္ပဏီတစ်ခုဆိုရင် ဓာတ်မြေသြဇာတွေ သုံးတယ်လို့ ကြားတယ်။ နောက်ပြီး ကော်ဖီကုမ္ပဏီတစ်ခုကလည်း အုန်းခွံတွေ လိုက်ဝယ်နေတယ်လို့ ကြားတယ်။ အဲဒါတွေကို ကျွန်တော်တို့ ဓာတ်ခွဲခန်းဖွင့်နိုင်တဲ့ အချိန်ကျရင် စုံစမ်းစစ်ဆေးအရေး ယူမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ရေးဆွဲရန် ကြိုးစားလျက်ရှိကြောင်း””ကို ၎င်းက ပြောကြားသည်။

ခြင်ဆေးခွေတွင် ဆိုးဆေးနှင့် ဓာတုအမွှေးအကြိုင်များ ပါဝင်ခြင်းနှင့် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင်တစ်မျိုး ပါဝင်သည့်အတွက် အာရုံကြောမှစ၍ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေခြင်း၊ ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှ ထွက်ရှိသော အဆိပ်မှုန့်ပမာဏနှင့် ညီမျှသည့်အတွက် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ကင်ဆာတွေ ဖြစ်ပွားနိုင်ခြင်း၊ တချို့ရယ်ဒီမိတ်ကော်ဖီများကို ကြာရှည်စွာ သောက်သုံးပါက ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်း၊ထို့အပြင် လူသေကောင်မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်ဖြင့် အသုံးပြုထားသော ပဲပြား၊ မဲနယ် ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့၌ ကင်ဆာဖြစ်နိုင်ခြင်းနှင့်ဓာတုဗေဒဖြင့် ပြုပြင်ထားသော အသီးအနှံမှန်သမျှ ကင်ဆာရောဂါ ဖြစ်နိုင်သည်။

Consumer International (CI) ကို တည်ထောင်ခဲ့သည်မှာ ၁၉၆၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ နှစ်ပေါင်း ၅၂ နှစ်ရှိပြီဖြစ်ရာ မတ်လ ၁၅ ရက်ကို ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day- WCRD) အဖြစ် သတ်မှတ်ကျင်းပကြပြီး ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်တွင် ၅၃ နှစ်မြောက် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ 'Consumer Justice Now' အဓိကစာလုံးအမှတ် အသားဖြစ်သည်။

သံတော်ဆင့်

တိုင်းမှူး ဘာကြောင့် အကြောင်းကြားခဲ့သလဲနှင့် ဒီဇင်ဘာ ၂၈ တိုက်ပွဲ

လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများ ပို့ဆောင်နိုင်မည်ကို ကေအိုင်အေတို့ ကြိုတင် သိရှိထားကြသည်။ အစပိုင်းတွင် မိမိတို့တပ်မတော် အနေဖြင့် ရိက္ခာပို့ကိစ္စကိုသာ ဆောင်ရွက် မည် ဖြစ်ကြောင်း ၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်စေ လိုကြောင်း၊ နှစ်ဖက်သဘော တူညီချက်များရရှိသည်အထိ အပစ်ရပ်စဲ ထားမည် ဖြစ်ကြောင်းမြန်မာ့ တပ်မတော်အရာရှိ ကြီးများက ကေအိုင်အေနှင့် တိုက်ရိုက် ညှိနှိုင်း ခဲ့ကြသည်။

ထိုသို့ ညှိုနှိုင်းခဲ့သော်လည်း ကေအိုင်အေအနေဖြင့် ရိက္ခာပို့မည့် ကာလအတွင်း တပ်အင်အားများ တိုးမြှင့် လာခြင်း၊ လဂျားယန်နယ်မြေအတွင်း ၀ိုင်းပတ်ပိတ်ဆို့ခြင်းများ ပြုလုပ်ပြီး တပ်မတော်စခန်းများအား ပစ် ခတ်ခြင်း၊ ထိတွေ့မှုများဖြစ်ရန် ကြိုးစားလာခဲ့ခြင်းတို့ကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ တစ်ဆင့် ညှိုနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုအကြောင်းကြားစာအား ကန့်ကွက်သည့်အပြင် ရန်စတိုက်ခိုက်မှု များပြုလုပ်လာသည့်အတွက် တပ်မတော်မှ မိမိတို့ လုပ်ဆောင်ရန် ရှိသည့်အတိုင်း ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင် ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

Opposite Eye

Thursday, December 27, 2012

GSM ဖုန်းကို တစ်သိန်း ၂ သောင်း ဖြင့် ဇန်န၉၀ါရီလ က စပြီး ရောင်းချမည်။

လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ဒီဈေးနှုန်းကို မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ထုတ်ပြန်ကြေငြာတာတော့ မရှိသေးပါဘူး။   ရောင်းချမယ့်ရက်ကို လာမယ့် ဇန်န၀ါရီ (၈) ရက်လို့ အကြမ်းဖျဉ်းသတ်မှတ်ထားပေမယ့် ဒီထက် စောချင်လည်း စောနိုင်တယ်လို့ သူက ပြောပါတယ်။ ဆင်းကဒ်ရောင်းချဖို့ မြန်မာ့ဆက်သွယ်ရေး အရောင်းဌာန တွေကိုပဲ ပြင်ဆင်ထားရာကနေ အရင် ဆင်းကဒ်တွေ ရောင်းခဲ့တုန်းကလို မိုဘိုင်းဖုန်း လုပ်ငန်း ကုမ္ပဏီတွေကိုပါ ခွဲဝေ ရောင်းခိုင်းဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဦးဌေးဝင်းက ဆိုပါတယ်။

ဒီကပါ။

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ လူဝင်မှု ကြီးကြပ်ရေးရုံး (ဓာတ်ပုံ – The Epoch Times)

အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီး လိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေအတွက်၊ ၄င်းတို့၏ အမည်နာမများကို သိရှိရန် တောင်ကိုရီယား အခြေစိုက် ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုနေထွန်းနိုင်က တရားရေး ၀န်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေး အချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေလိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ ရှိသော်လည်း အများစုမှာ သက်ဆိုင်ရာ အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယားအစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည် သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင် ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေသူပေါင်း ရာဂဏန်းမျှ ရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့် ရရန် ကြိုးစားသော နိုင်ငံခြားသားများကို တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟု ဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကိုရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့် ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း နောက်ပိုင်း တွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက် တောင်ကိုရီယား အစိုးရက တင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်း လုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေးခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော် အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာအများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။ “နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင် သူတို့ရဲ့ လျှောက်လွှာကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက် ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ ၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါတယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦးက Chosun သတင်းဌာနသို့ ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။ “ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ် တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာရှိက ဆက်ပြောထားသည်။

from -ဧရာဝတီ

ဒီကပါ။

ယဉ်ကျေးဖို့အဖြေရှာမတွေ့သေးသောလိုင်းကားယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ

“ဆရာစာတွေရေးတယ်ဆို”

သမီးများကို အိမ်တွင်လာရောက်၍ အင်္ဂလိပ်စာသင်ကြားပေးနေသော ရန်ကုန် မြို့ထဲမှ အင်္ဂလိပ်စာနည်းပြတစ်ဦးမှမေးလာခဲ့သည်။ “ဟုတ်ပါတယ်နည်းနည်းပါးပါးရေး ဖြစ်ပါတယ်”

“ဒါဆိုရင် ဆရာရယ် လိုင်းကားဒရိုင် ဘာတွေ၊ စပယ်ယာတွေ မိုက်ရိုင်းတဲ့ အကြောင်းရေးပေး ပါလားဗျာ”

“ဘာတွေဖြစ်ခဲ့လို့လဲဗျ”ဟုမေးရ၏။

“ကျွန်တော်လိုင်းကားစီးတိုင်း ဒရိုင်တာ၊ စပယ်ယာတွေရဲ့ မိုက်မိုက်ရိုင်းရိုင်းပြော တာဆိုတာ ဆက်ဆံတာခံရတယ်ဗျာ။ ကားမောင်းကြမ်းတဲ့ ဒဏ်ခံရတယ်ဗျာ။ ကျွန်တော်အပြောအဆိုမခံရလည်း အခြား ခရီးသည်တစ်ယောက်မဟုတ်တစ်ယောက် တော့ ခံရတာပဲ။ ပြောတာဆိုတာတွေကို နားမခံသာပါဘူး။ မြန်မာ့ယာဉ်ကျေးမှုနဲ့ လုံးဝမအပ်စပ်ပါဘူးဆရာရာယ်။ သူတို့က ဒရိုင်ဘာက (၁) ယောက်၊ စပယ်ယာက (၂) ယောက်ဆိုတော့ ဘယ်ခရီးသည်က မှလည်း ယှဉ်ပြီးပြန်မပြောရဲကြပါဘူး။ တော်တော်ကို ရိုင်းလို့ပြောတာပါ။”

“ကောင်းပါပြီဗျာ။ ကျွန်တော်စုံစမ်း ပြီး အချက်အလက်စုဆောင်းကြည့်ပါဦး မယ်။ မှန်ရင်တော့ရေးကြည့်မယ်ဗျာ”

“ကျွန်တော်ပြောတာက အမှန်ပါတွေ ဆရာ ကျွန်တော်ဘယ်လိုင်းကားစီးစီး ဆက်ဆံပုံက သိပ်မကွာပါဘူး။ အတူတူ ပါပဲ”ဟု သူအတွေ့အကြုံအရ ခံစားရမျှ ကို ပြောပြ၏။

လိုင်းကားယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များ၏ အပြောအဆို၊ အမူ အယာ၊ ၀တ်စားဆင်ယင်မှုနှင့် အလေ့ အထများကို လေ့လာရန် ကိုယ်တိုင်လိုင်း ကားစီး၍လည်းကောင်း၊ လိုင်းကားစီးခရီး သည်များထံမှလည်းကောင်း၊ လိုင်းကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ နှင့် တွေ့ဆုံ၍လည်းကောင်းမှတ်တိုင်များ တွင် ကိုယ်တိုင်ရပ်ကြည့်၍လည်းကောင်း လေ့လာရတော့သည်။

မှတ်တိုင်တွင်လေ့လာနေစဉ်အဓိပတိ (အ၀ါ)ပေါ်မှ ယာဉ်မောင်းမှ ယာဉ်နောက် လိုက်အား အော်ဟစ်ဆူလိုက်သည့်အသံ ကိုကြားရသည်။ ဘေးကလူကများတော့ နားမခံချင်စရာ။

“လူခေါ်တင်လေကွာ။ အော်လေကွာ မင်းဘာလုပ်နေတာလဲ။ အတိတ်မေ့နေ တာလား။ ရွှေပျောက်နေလား။ သန်းကိုက် နေလား။ ၀ဲကုတ်နေလား။ မှုံဝါးဝါးနဲ့”ဟု နင်ပဲငဆ ညွှန်ကြားအမိန့်ပေးလေ၏။

ထိုအသံကိုကြားသော ယာဉ်နောက် လိုက်မှာ ခုံများပြည့်နေပြီး မတ်တပ်ရပ်ခရီး သည် (၂၀) ယောက်ခန့်ရှိနေသည့်အထဲမှ “အပေါ်လမ်းကို အပေါ်မင်းကို ထိုင်စီးရ မယ်၊ ထိုင်စီးရမယ်”ဟု အော်ခေါ်နေတော့ ၏။

ယာဉ်နောက်လိုက်တို့၏ ထူးခြားမှု က ပုံသဏ္ဍာန်နှင့် ၀တ်စားဆင်ယင်မှုပင် ဖြစ်သည်။ ဆံပင်ကမသပ်မရပ်၊ အပေါ် အင်္ကျီက အောက်ခံကတီရှပ်ဝတ်ထားပြီး ယူနီဖောင်းက ရင်ဘတ်ကြယ်သီးမတတ်။ ခါးတွင်ခါးပတ်မပါ။ တချို့ကပါသော်လည်း ခါးပတ်ကိုချိတ်မထား။ ဘောင်းဘီရှည်က လူမှန်ဆိုဒ်မှန်မဟုတ်သလိုတချို့ကပွယောင်း ယောင်း၊ ဘောင်းဆီအောက်နားကခေါက် ထားသေးသည်။ တချို့ကျပြန်တော့ အပေါ်အင်္ကျီကယူနီဖောင်းအောက်ကပုဆိုး၊ အများအားဖြင့် နေပူဒဏ်ခံနိုင်အောင် ရှာထိုးဦးထုပ်ခပ်နွမ်းနွမ်းဆောင်းထားတတ် ကြသည်။

ယာဉ်အတွင်းဆေးလိပ်မသောက်ရ ဟု သတိပေးတားမြစ်ချက်စာရေးထား သော်လည်း ဒရိုင်ဘာနှင့် စပယ်ယာအများ စုကတော့ လက်ကြားတွင်စီးကရက်ကိုယ် စီနှင့် အိုက်တင်ပေးလျက် ခရီးသည်များက နှာခေါင်းရှုံ့လျက် ယူနီဖောင်းအရောင် ကလည်း ခွဲခြားထားသည်။ ပါရမီယာဉ် လိုင်းက ကာကီရောင်အင်္ကျီ၊ ဘောင်းဘီ ကနက်ပြာ၊ မထသလိုင်းများတွင်တော့ အပေါ်ကအပြာရင့်၊ (သို့) အပြာနု၊ ဘောင်းဘီက အပြာနက်၊ သို့သော် ချွေး စားမှု၊ နေရောင်စားမှု၊ အကြိမ်ကြိမ်အခါ ခါလျှော်ဖွယ်ရမှုများကြောင့် မူလအရောင် များလွင့်စင်ပျောက်ကွယ်ကုန်ကြလေပြီ။

ယာဉ်မောင်းယာဉ်နောက်လိုက်များ ရဲ့ ခံစားချက်က ယာဉ်လိုင်းအလိုက် ကွဲ ပြားကြသည်။ မထသလိုင်းများက ရတဲ့ ၀င်ငွေကိုမူတည်ပြီး ရာခိုင်နှုန်းအလိုက်ပေး သည်။ တစ်စီးနှင့် တစ်စီးပြိုင်ဆိုင်မှုမပြင်း ထန်လွန်း၊ စည်းကမ်းလိုက်နာမှုသင့်သည်။ ကားပိုင်ရှင်များမှာ ကားအစီးရေနည်းသည့် အတွက် ယာဉ်မောင်းယာဉ်နောက်လိုက် များကို စနစ်တကျကြီးကြပ်ကွပ်ကွဲနိုင် သည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မောင်း ထက်ယာဉ်နောက်လိုက် (ငွေကိုင်)ကို ယုံကြည်စိတ်ချရသည့် ငယ်မွေးခြံပေါက် ကို မွေးထားသည်။ ယာဉ်မောင်းကျတော့ အသောက်အစားနည်းသူ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံ သပ်သပ်ယပ်ယပ်ရှိသူကို ဦးစားပေးခန့်ထားသည်ဟု သိရသည်။ ယာဉ်ပိုင်ရှင်သည် ယာဉ်မတော်တဆတိုက် ခိုက်မှုဖြစ်ပါက ယာဉ်မောင်းယာဉ်အကူ ကိုကြည့်သည်။ မိသားစုကိုစောင့်ရှောက် သည်။ ရဲအမှုကို ကူညီဖြေရှင်းပေးသည် ဟုဆိုသည်။

ပါရမီယာဉ်လိုင်းများဖြစ်သည့် အဓိ ပတိ အပြာ၊ အ၀ါ၊ အနီအလိုက် ပါရမီ ၁၇၄၊ ၁၃၂၊ ၁၃၃ အလိုက်နေ့စဉ် ပုံမှန် (စံချိန်) ကြေးသတ်မှတ်ထားသည်။ ယာဉ် မောင်းများအနေဖြင့် နေ့စဉ်စံချိန်ကြေး Gas ဖိုး၊ ယာဉ်မောင်းယာဉ်နောက်လိုက် များစားစရိတ်၊ နေ့တွက်စရိတ်၊ ဟိုပေး ဒီပေးစရိတ်များ ရအောင်ရှာကြတော့ သည်။ စနေ။ တနင်္ဂနွေနှင့် အခြား ရုံးပိတ် ရက်ကဲ့သို့ လိုင်းကားစီးခရီးသည်နည်း သောရက်များတွင်လည်း စံချိန်ကြေးမလျှော့ ပေးသဖြင့် အလုအယက်အပြိုင်အဆိုင် မောင်းကြရသည်။ စံချိန်ကြေးမပြည့်ပါက ကားပြန်အပ်လျှင် အကြွေးဖြင့်အပ်ရသည်။ ငွေအဆင်ပြေတဲ့ ရက်ရောက်မှ ပြန်ဆပ် ရသည်ဟုဆိုသည်။ ဒီကိစ္စများပြောပြ ရေးပြနေရတာက ယာဉ်မောင်းများ အပြိုင်အဆိုင်မောင်းရ ခြင်း၊ ယာဉ်နောက်လိုက်များခရီးသည်ကို အမဲဖျက်သလို ကားပေါ်ကိုအတင်းဆွဲတင် ခြင်း၊ ကားမရပ်မိ မှတ်တိုင်ရောက်မီ အဆင်ပြေတဲ့နေရာများတွင် ခရီးသည်ကို နွားမောင်းသလိုမောင်းချခြင်းတို့ဖြစ်လာ သည့်အကြောင်းရင်းများပင်။

“ရှေ့ကားကို လိုက်ဖိုက်ထားဆရာ နောက်ကားမှီလာတော့မယ်။ ရှေ့မီး ပွိုင့်မှာ အတင်းဖြတ်ပြီးချန်ထားခဲ့မယ်” ဆိုသည်က ယာဉ်နောက်လိုက်များ၏ ယာဉ်မောင်းများကို မတရား၊ မဟားဒရား မောင်းစေရန် သွေးထိုးပေးမှုများဖြစ်သည်။ ထိုသို့ ယာဉ်နောက်လိုက်ထံမှ သတိပေး အမိန့်ရသည်နှင့် တစ်ပြိုင်နက် (၉၇) ဒိုင် နာလိုင်းကားယာဉ်မောင်းသည် ကားခေါင်း ပေါ်တက်နေဆဲအမျိုးသမီးနှစ်ဦးကားတံခါး မပိတ်ရသေးမီအတင်းမောင်းထွက်လေ တော့သည်။

အချို့လိုင်းကားများသည်ကား တစ်စီးချင်း၏နေ့စဉ်ပေးသွင်းရမည့်ပုံမှန် စံချိန် သတ်မှတ်ထားသဖြင့် နောက်ကားအရိပ်အခြေမမြင်ရမချင်း လူစောင့်တင်ခြင်း၊ ရှေ့ကားအား အတင်း ကျော်တက်ခြင်းဖြင့် အရှိန်ပြင်းစွာဖြင့် ခရီးသည်များ အန္တရာယ်ဖြစ်လောက်အောင် မောင်းနှင်ခြင်း၊ မီးပွိုင့်များတွင် ရှေ့ဆုံး နေရာသို့ရောက်ရေးအတွက် လမ်းကြောင်း ပြောင်းပြန်မောင်း၍ အတင်းတိုးဝင်ခြင်း၊ ခရီးသည်များအား အိနြေ္ဒပျက်လောက် အောင်လက်မောင်း၊ ခါး တင်တို့မှ ပွေ့တင် ခြင်း၊ အဆင်းတွင်လည်း “အမြန်လေး၊ အမြန်းလေး” ဟု အတင်းမောင်းချခြင်း၊ လူတင်လိုပါက ကားမည်မျှကြပ်နေသည် ဖြစ်စေ မတန်တဆတင်၍ အပြိုင်မောင်း ပြီး။ မတင်လိုပါက မှတ်တိုင်များကျော် သွားခြင်းစသည့် ခရီးသွားပြည်သူစိတ်မချမ်း မြေ့အောင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ ပြုမှုလုပ်ဆောင်တတ်ကြလေ သည်။

ယာဉ်မောင်းများမှားယွင်းစွာဆုံးဖြတ် မောင်းနှင်သော အချက်တစ်ခုမှာ ညအိပ် ရပ်နားသော ကားဝင်းအတွင်းအုပ်ချုပ်မှု လျော့ရဲခြင်းများကြောင့်ဖြစ်ကြောင်းလည်း ယာဉ်မောင်းအချို့ကဖွင့်ဟ၀န်ခံရှာ၏။

“ညအိပ်ရပ်နားတဲ့ကားဝင်းတွေထဲမှ ညဆိုရင် ညလုံးပေါက်နီးပါ ဖဲဝိုင်းတွေရှိ တယ်။ အရက်ဝိုင်းတွေရှိတယ်။ ကားတွေ ပေါ်မှာ အနီးနားပတ်ဝန်းကျင်ဆိုင်တွေထဲ မှာ မီးတိုင်တွေအောက်မှာ စည်းမဲ့ကမ်း မဲ့ပဲ၊ ဖဲရိုက်တော့အိပ်ရေးပျက်တော့ ကားထိမ်းသိမ်းမောင်းနှင်ရာ အားနည်း လာပြီး ယာဉ်စည်းကမ်းဖောက်ဖျက်မှုတွေ ဖြစ်၊ ဖဲရှုံးတော့ ခိုးမှုတွေဖြစ်အကျင့်တွေ ပျက် ငွေရအောင်ပိုရှာဆိုတော့ ယာဉ် စည်းကမ်းလမ်းစည်းကမ်းတွေကို ချိုးဖောက် ရတော့တာပေါ့”ဟု ဆို၏။

လမ်းတွင်ရှိသော အချိန်ထိန်းအဖွဲ့ အချိန်ထိန်းဂိတ်များနှင့်လည်း ပတ်သက် ၍ “အချိန်ထိန်းအဖွဲ့တစ်ဖွဲ့ကို ကားတစ် စီး ၂၀၀ ပေးရတယ်။ “မပေးလျှင် ဘာဖြစ် သလဲလို့မေးတော့”မပေးရင်သူတို့ရဲ့ အစီ ရင်ခံစာထဲမှာ ယာဉ်မောင်းယာဉ်နောက် လိုက်တွေ ဖိနစ်မစီး၊ ဦးထုပ်မဆောင်း၊ အပေါ်အင်္ကျီမ၀တ်၊ ခရာကြိုးမပါ၊ အချိန်မမှန်ဆိုပြီး ရေးတင်လိုက်ရင် ရုံးမှာ ပိုက်ဆံအဖြတ်ခံရတော့တာပဲဗျ”ဟု အဓိပတိအပြာလိုင်းမှ ယာဉ်နောက်လိုက် တစ်ဦးကပြော၏။

“ကျွန်တော်တို့ကလည်း လူတွေကြား ထဲတိုးဝှေ့ရ၊ ကားပေါ်အတက်အဆင်းက လည်း မကြာခဏလုပ်ရ၊ တချို့ကားဆို ဂျမ်းတုံးခုရ၊ ယာဉ်ထိန်းရဲဆီနဲ့ အချိန်ထိန်း ဂိတ်ဆီပြေးရလွှားရနဲ့ ယူနီဖောင်းဝတ်တာ ကြိုလည်း သိပ်အလေးမထားနိုင်ပါဘူး ဆရာရယ်”တဲ့ “မင်းတို့ကို ရိုင်းတယ်ရိုင်းတယ်နဲ့ ပြည်သူကပြောနေကြတာ ယဉ်ယဉ်ကျေး ကျေးဆက်ဆံလို့မရဘူးလားကွာ”ဟု လှည်းတန်းကိုနေ့စဉ်ဖြတ်နေကျ အဓိပတိ (အ၀ါ)မှ ယာဉ်နောက်လိုက်တစ်ဦးကိုမေး ကြည့်ရာ “နောက်ကိုပြင်မယ်၊ မနက်ကျရင်ပြင် မယ်နဲ့တော့ ဆုံးဖြတ်ထားတာပဲဆရာ။ ဒါပေမဲ့ ကားပေါ်ရောက်တော့ ခရီးသည် အမျိုးမျိုးနဲ့ ဆက်ဆံရ၊ ယာဉ်မောင်းကဆူ၊ အလုပ်ကပင်ပန်းနဲ့ ဆက်ဆံရေးတွေ အပြောအဆိုတွေရိုင်းစိုင်းကုန်တော့တာပဲ ဆရာရေ”တဲ့ ကဲကောင်းရော

ကဲ

ယာဉ်နောက်လိုက်တွေက ဆက်ဆံ ပုံရိုင်းစိုင်းတာဝန်ခံပါပြီ။

ယာဉ်မောင်းတွေ အမောင်းကြမ်း၊ အကွေ့ကြမ်း၊ လမ်းစည်းကမ်းယာဉ်စည်း ကမ်းဖောက်တာလိုင်းကားစီးခရီးသည်များ ကိုယ်တွေ့ကားလိုင်းတာဝန်ရှိသူများဘက် ကရော

“ကျွန်တော်တို့ကတော့ နေ့စဉ်နီးပါး တန်းစီးပြီးမှာတာပဲ။ တနင်္လာ၊ သောကြာ ဆို မပျက်မကွယ်ကို တန်းစီပြီး အသေး စိတ်ကိုမှာတာပဲဆရာ။ အရေးယူစရာရှိရင် လည်း တိတိကျကျအရေးယူတာပဲ။ ဒါပေမဲ့ ယာဉ်လိုင်းတွေများတော့ တစ်လိုင်းမကောင်းတစ်လိုင်း၊ တစ်စီးမ ကောင်းတစ်စီးပြောင်းနေကျတော့ ခက်သားလားဆရာရဲ့”

ဒီဒဏ်တွေကို ဘယ်သူတွေခံကြရ သနည်း။ ယာဉ်စီးပြည်သူများခံကြရသည်။ ပိုပြီးခံရတာ အဘိုးအို၊ အဘွားအိုများ၊ ကိုယ်ဝန်သည်မိခင်များ၊ ကလေးငယ်များ၊ အမျိုးသမီးပျိုများ၊ နေ့စဉ်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ အများဆုံး ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှူး ဦးစီးဌာနကထုတ်ဝေသော “၁၉၄၆ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော် ယာဉ်နည်းဥပေဒများနှင့် လမ်းညွှန်အမှတ် အသားများနှင့် အချက်ပြများ စာအုပ် စာမျက်နှာ ၇၉ နှင့် ၈၀ တို့တွင် ယာဉ် နောက်လိုက်နာရမည့်စည်းကမ်းချက်များနှင့် ပတ်သက်၍ နည်းဥပဒေ ၆၃ လက်မှတ် အရောင်း (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူဖြစ်ရ သည်။ သတ်မှတ်ထားသော ကျန်းမာရေး အဆင့်အတန်းနှင့် ညီညွတ်ရမည့်အပြင် ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့် စစ်ဆေးမှုများကိုပါ အောင်မြင်ရမည်။ နည်းဥပဒေ ၆၄ ခရီးသည်တင် အငှား ဘတ်စ်ကားနှင့် လိုက်ပါသောလက်မှတ် ရောင်းသည်လည်းကောင်း။ အငှားကုန် တင်ယာဉ်နှင့် လိုက်ပါလာသော စပယ် ယာသည်လည်းကောင်း၊ တာဝန်ထမ်းဆောင် နေချိန်တွင် ၎င်း၏ အရည်အချင်းကို ပျက်ယွင်းစေသော အောက်ပါအချက် များကို ရှောင်ကျဉ်ရမည့်

(၁) သေရည်သေရက်သောက်စားခြင်း၊ မူးယစ်ထုံထမ်းဖြစ်စေသည့်ဆေးဝါးများ သုံးစွဲခြင်း။

(၂) ရိုင်းပျစွာဆက်ဆံခြင်း၊ ဆဲရေးတိုင်း ထွာခြင်း၊ စော်ကားခြင်း။

(၃) အခြားအငှားဘတ်စ်ကားတွင် ခရီး သည်တင်ခြင်း (သို့မဟုတ်) အခြားအငှား ကုန်တင်ယာဉ်တွင် ကုန်စည်တင်ခြင်းကို ကို တားမြစ်ခြင်း (သို့မဟုတ်) တားမြစ် ရန် ကြိုးစားခြင်း။

(၄) ဘတ်စ်ကားစီးခရီးသည်များ (သို့မဟုတ်) အခြားခရီးသည်များ အနှောင့်အယှက်ဖြစ် စေရန်၊ စိတ်ငြိုငြင်စေရန်ပြုမှုခြင်း။.

(၅) သတ်မှတ်ထားသော ယာဉ်စီးခ (သို့မဟုတ်) ကုန်တင်ခထက် ငွေပိုမိုတောင်း ခံခြင်း၊ ယာဉ်စီးခအတွက် လက်မှတ်ပေးရန် ပျက်ကွက်ခြင်း။

(၆) ယာဉ်ပေါ်မှပစ္စည်းများအောက်သို့မကျ စေရန်လည်းကောင်း ယာဉ်ပေါ်ရှိအရာ ၀တ္တုများအပြင်သို့ စွန်းထွက်ခြင်းမရှိစေရန် လည်းကောင်း ကြိုတင်ဆောင်ရွက်မှုရှိခြင်း

(၇) မိမိလိုက်ပါသည့်ယာဉ်တွင် ခရီးသည် များကျန်ခဲ့သော ပစ္စည်းများကိုတွေ့ရှိလျှင် ပြည်သူ့ရဲ့စခန်း (သို့မဟုတ်) သက်ဆိုင် ရာသို့လွှဲအပ်ရန်ပျက်ကွက်ခြင်း။

(၈) ကူးစက်တတ်သောရောဂါသည်မှအပ ဖျားနာနေသူ (သို့မဟုတ်) ထိခိုက်ဒဏ် ရာရရှိနေသူအာား မော်တော်ယာဉ်တွင် ခရီးသည်အဖြစ်လက်ခံရန်ငြင်းဆိုခြင်း။

(၉) ၀တ်စားဆင်ယင်မှုမပြည့်စုံခြင်း၊ မသန့်ရှင်းခြင်း၊ မသေသပ်ခြင်း။

လို့ဆိုပြီးအသေးစိတ်ဆိုထားပါတယ်။ ပြင်ပလက်တွေ့လောကမှာတော့ “အထက် ပါအချက်များနှင့် လုံးဝမကိုက်ညီသော သူများကို စပယ်ယာဟုခေါ်သည်”လို့ဆို ရမလိုပါပဲ။

ယာဉ်မောင်းများနှင့် ပတ်သက်၍ နည်းဥပဒေ ၇၄ (က)၊ ၇၅ (က) (ခ) (ဂ) နှင့် ၇၆ (က)တို့တွင် နည်းဥပဒေ ၇၄ (က) ဤအခန်းအရ ယာဉ်မောင်းလိုင်စင်ရရှိထားသူ (သို့မဟုတ်) လက်မှတ်အရောင်း/စပယ်ယာလိုင်စင် ရရှိထားသူသည် အောက်ပါအရည်အချင်း ပျက်ယွင်းမှုတစ်ခုခုနှင့် ငြိစွန်းနေသည်ဟု ယုံကြည်လျှင် ဗဟိုမှတ်ပုံတင်အဖွဲ့သည် ၎င်းင်း၏လိုင်စင်ကို လေးနှစ်ကာလအပိုင်း အခြားထိရုပ်သိမ်းနိုင်သည်။

(၁) ရောဂါ (သို့မဟုတ်) မသန်မစွမ်းမှု တစ်ခုခုကြောင့် မော်တော်ယာဉ်မောင်း နှင်စေရန်မသင့်လျော်သူ၊

(၂) နည်းဥပဒေ ၇၇ ပါ မှတ်တမ်းအရ၊ ပြစ်မှုမကြာခဏ ကျူးလွန်တတ်သူ၊

(၃) သေရည်သေရက် အလွန်အကြူး အမြဲတစေသောက်စားမူးယစ်တတ်သူ (သို့မဟုတ်) မူးယစ်ဆေးဝါးများ အမြဲသုံး စွဲတတ်သူ၊

(၄) ပြည်သူ့ရဲတပ်ဖွဲ့အရေးယူပိုင်သော ပြစ်မှုတစ်ခုခုကျူးလွန်ရာတွင် ပါဝင်သည့် မော်တော်ယာဉ်ကို အသုံးပြုလျက်ရှိသူ (သို့မဟုတ်) အသုံးပြုခဲ့သူ၊

(၅) မော်တော်ယာဉ်ကို အရမ်းကာရော မောင်းနှင်သူ (သို့မဟုတ်) ဘေးအန္တရာယ် ဖြစ်အောင် မောင်းနှင်သူ၊

(၆) ဥပဒေပုဒ်မ ၃ နှင့် ဥပဒေပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်သူ၊

(၇) ဥပဒေအရဖြစ်သော ပြစ်မှုအတွက် တရားရုံးကယာဉ်မောင်းလိုင်စင်ရုပ်သိမ်း ရန် စီရင်ခြင်းခံရသူ၊

(၈) ပြည်သူတစ်ဦးတစ်ယောက်က ငှားရမ်း လျှင် လုံလောက်သောအကြောင်းတစ်စုံ တစ်ရာမရှိဘဲ ယာဉ်ငှားရမ်းရန် ငြင်းဆို သော အငှားယာဉ်မောင်းသူ၊

(၉) နည်းဥပဒေ ၆၄ ၏ ပြဋ္ဌာန်းချက်များ တစ်ခုခုကို ဆန့်ကျင်ပြုသော လက်မှတ် အရောင်း (သို့မဟုတ်) စပယ်ယာ။

(ခ) နည်းဥပဒေခွဲ (က)အရ ရုပ်သိမ်းခြင်း ခံရသော လိုင်စင်ကို မှတ်ပုံတင်အဖွဲ့က သိမ်းယူထားရမည်။ ၎င်းင်းလိုင်စင်အစား ယာယီခွင့်ပြုလက်မှတ်ထုတ်မပေးရ။

(ဂ) ရုပ်သိမ်းခံရသည့်လိုင်စင်အတွက် ရုပ်သိမ်းခံရသည့်ကာလပြည့်မြောက်လျှင် မှတ်ပုံတင်အဖွဲ့သည် ၎င်းင်းလိုင်စင်ရရှိသူ အား သတ်မှတ်ထားသည့် ယာဉ်မောင်း စစ်ဆေးခြင်းအောင်မြင်မှသာ လိုင်စင်ပြန် ပေးရမည်။ ဗဟိုမှတ်ပုံတင်အဖွဲ့က သတ်မှတ်သည့်စစ်ဆေးခကိုပေးဆောင်ရ မည်။

HotNewsJournal

ဒီကပါ။

ကျားဖြူပါတီသင်းလုံးကျွတ်ညီလာခံ တာချီလိတ်၌ ရှေ့အပတ်ကျင်းပမည်

ကျားဖြူပါတီ၏ သင်းလုံးကျွတ်ညီလာခံအား သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ၌ ရှေ့အပတ် အတွင်း သုံးရက် ဆက်တိုက်ကျင်းပ မည်ဖြစ်ကြောင်း ကြားသိရပါသည်။

“အခုကျမတို့အနယ်နယ်အရပ်ရပ်က ကျားဖြူပါတီဝင်တွေ တောင်ကြီးမြို့မှာ ဆုံကြမယ်။ ကျမလဲ တနေ့က ဘဲရောက်လာတာ။ ရန်ကန်၊ မန္တလေး၊ ကချင် စစ်ကိုင်းဘက်ကတွေကောလာတယ်။ ဒီနေ့လဲထပ် ရောက်ဦးမယ်။ ပြီးရင်အားလုံး တာချီလိတ်ကိုအတူသွားကြမယ်” - ဟု တောင်ကြီးရောက် ကျားဖြူပါတီဝင် နန်းဆိုင်က ပြောပါသည်။

ကျားဖြူပါတီ၏ သင်းလုံးကျွတ်ညီလာခံအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ဂျန္နဝါရီ ၁ ရက် မှ ၃ ရက်နေ့ အထိ ကျင်းပ မည်ဖြစ်ကြောင်းလည်းပြောပါသည်။

“အရင်နှစ်တုန်းကတော့ တောင်ကြီးမှာလုပ်တယ်။ နေရာ အပြောင်းအလဲလေးဖြစ်စေ ချင်တာတပိုင်း၊ နောက်ပြီးအစည်းအဝေးကြီးဖြစ်မြောက်ဖို့ အဲဒီအပိုင်းမှာ ငွေအား လူအား ပံ့ပိုးမှု က ပိုအားကောင်းတယ်လေ” - ဟု တောင်ကြီးရှိ ကျားဖြူလွှတ်တော်အမတ်တဦးက ပြောပါသည်။

တာချီလိတ်၌ ကျင်းပမည့်အဆိုပါ ကျားဖြူပါတီညီလာခံအား ၂၀၁၂ အတွင်း လုပ်ကိုင်ခဲ့သော လုပ်ငန်းများ အား ပြန်လည်သုံးသပ်ခြင်း၊ ၂၀၁၃ အတွက် အစီအစဉ်ချခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအပြောင်း အလဲများအပြင် သျှမ်းပါတီပူးပေါင်းရေး မပူးပေါင်းရေးအတွက်လည်း အဓိကထားဆွေးနွေးဖွယ်ရှိကြောင်း သံလွင်အရှေ့ခြမ်းနေ ကျားဖြူအမတ်တဦးက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ ကျားဖြူပါတီ၏ တာချီလိတ်မြို့နယ် ဥက္ကဌဒေါ်နန်းငွေမြ က“ သျှမ်းပြည်အရှေ့ပိုင်း၊ သံလွင်အရှေ့ခြမ်းက ဒေသခံ လူထုတွေကို အမျိုးသားရေးစိတ်ဓါတ် ပြင်းထန်လာအောင် ရည်ရွယ်တယ်။ နောက်ပြီး ဒေသခံလူထုကို လွှတ်တော် အမတ်တွေ ပါတီအကြီးအကဲတွေနဲ့ ခင်မင်ရင်းနှီးစေလိုတယ်။ အဲဒီအတွက်ရည်ရွယ်ပြီးတော့ အခုအစည်းအဝေးကို တာချီလိတ်မှာကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ အစည်းအဝေးမှာ ဘာတွေဆွေးနွေးမယ်ဆိုတာ ကျမ မသိရသေးပေမယ့် ကျမ တယောက်ထဲရဲ့ ဆန္ဒကတော့ သျှမ်းတွေမှာ စာတူ စကားတူ ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း သျှမ်းနိုင်ငံရေးပါတီကိုလဲ တပါတီတည်း ဖြစ်စေချင် တယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ကျားဖြူပါတီ ဗဟိုကော်မတီဝင်အများစုမှာ ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ လာသော ပုဂ္ဂိုလ်များဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲဝင်သည့် ပါတီဖြစ်သည်။

ရှမ်းသံတော်ဆင့်

ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ NLD ပါတီဝင်များ မောက်မာ မိုက်မဲ ဗိုလ်ကျစိုးမိုး

စစ်ကိုင်းတိုင်း တောင်တွင်းကြီး ဒေသမှာတော့ ပြည်သူတွေက စိတ်ဝင်စားမှု ရှိပေမယ့် ဘယ်သူဘယ်ဝါကို ရွေးချယ်ရမယ်ဆိုတာ ဆုံးဖြတ်ချက် မပေးနိုင်ကြတာတွေကြောင့် ဘက်လိုက်မှု၊ မသမာမှုတွေ ကြုံနေရတယ်လို့ တောင်တွင်းကြီး ဒေသခံ ဦးခင်မောင်ဆွေက ပြောပါတယ်။

သူက “ပြည်သူတွေက အသိပညာနည်းပါးတာကို အခွင့်ကောင်းယူပြီး ဒီလူကိုမဲပေးပါ၊ ဟိုလူမဲပေးပါ ဆိုပြီး မဲပေးခိုင်းကြတယ်၊ ဒီဒေသမှာ NLD ပါတီက အင်အားကောင်းနေတော့ NLD ပါ တီဝင်တချို့ဟာ မောက်မာတာ၊ မိုက်မဲမှုတွေနဲ့ ဗိုလ်ကျ စိုးမိုးချင်တာတွေ တွေ့နေရတယ်” လို့ ပြောတယ်။

စစ်ကိုင်းတိုင်း ဒေသတချို့မှာ NLD က လူအများရဲ့ ထောက်ခံမှုရနေတာကို အခွင့်ကောင်းယူပြီး   အောက်ခြေ ပါတီဝင်တချို့ဟာ အုပ်စုဖွဲ့ အနိုင်ယူနေတာတွေ ရှိနေတဲ့အတွက် ပါတီ ဗဟိုအနေနဲ့ အလေးထားဖို့ လိုအပ်တယ်လို့လည်း ဦးခင်မောင်ဆွေက ထောက်ပြဝေဖန်ပါတယ်။

ကိုးကား -ဧရာဝတီ

ဒီကပါ။

ရခိုင် အမျိုးသမီး တဦး လမ်းပြ ခေါ်ဆောင် လာသော ခိုးဝင်ဘင်္ဂလီများ မင်းတုန်းမြို့တွင် ဖမ်းမိ

၂၁.၁၂.၂၀၁၂ ခုတွင် ရခိုင် အမျိုးသမီး တဦး ဖြစ်သူ မစောစောဦးသည် ဘင်္ဂါလီ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ရခိုင်ပြည်မှ ဥသျှစ်ပင်မြို့သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာရာ မင်းတုန်းမြိုနယ် ကန်လည်ရဲကင့်းကို ဖြတ်သန်းစဉ် ဒုရဲအုပ် ကျော်သက်အောင် ဦးဆောင်သော အဖွဲ့မှ ဖမ်းဆီး ရမိခြင်း ဖြစ်ပါသည်။ ယခုအခါ ခိုးဝင်ဘင်္ဂလီး ၈ ဦး နှင့် လမ်းပြ ခေါ်ဆောင်သူ ရခိုင် အမျိုးသမီး ၁ ဦးအား မင်းတုန်းရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးလျှက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

ကလေးမြို့ နယ် အတွင်း ခိုးဝင်လာတဲ့ ဘင်္ဂါလီများအား ဖမ်းဆီးရမိခဲ့စဉ်က တွေ့ ရပုံ ။

ဒီကပါ။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး စစ်ရေးအရှိန် မြင့်လာခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တို့ တွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်   နေခဲ့ကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ္စမတ်နေ့) တွင် KIA ၏ ရှေ့တန်းစစ်မြေပြင် တပ်များအနေဖြင့် တိုက်ခိုက်ခြင်းမပြုရန် KIA ဘက်မှ ညွှန်ကြားမှုများ ရှိခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်   ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ခရစ္စမတ်နေ့က ဖြစ်တာက ပန်ဝါဒေသမှာ ကျွန်တော်တို့ တပ်စခန်းကို အစိုးရတပ်ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ နောက်ပြီးတော့ ဗဟိုဌာနချုပ်နဲ့ နီးတဲ့ လဂျားယန်ဒေသမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ရှိတယ်။ ဘွမ်ဆောဘွမ်မှာ မြေပြင်တိုက်ပွဲတွေ ရှိတယ်။ မြေပုံအနေနဲ့ ပြောရင်တော့ ပြောဖို့ခက်တယ်။ ဖြစ်တဲ့နေရာမှာ ရွာတွေတော့ ရှိတယ်။ နယ်ခြား မှတ်တိုင် ၆ အနီးတ၀ိုက်မှာ ဖြစ်တယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ လဂျားယန်ဘက်မှာ မနက် လေးနာရီကနေပြီး မွန်းတည့် ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ မွန်းလွဲနှစ်နာရီလောက်မှာ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားတယ်”ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။

ခရစ္စမတ်နေ့နှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် အချို့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားမည့်သူ မရှိခဲ့ပေ။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှစတင်ကာ တိုက်ပွဲများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ အတွင်း KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲအကြီးအငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ကြောင်းရှိ KIA တပ်များအားလုံး ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား ရုပ်သိမ်းပေးရန် တပ်မတော်မှ KIA သို့ ဒီဇင်ဘာလ ၂၃ ရက်တွင် အကြောင်းကြားခဲ့ပြီး အဆိုပါ အကြောင်းကြားစာကို KIA မှ ကန့်ကွက်ခဲ့သည်။ တပ်မတော် အနေဖြင့် လဂျားယန်တပ်စခန်းအတွက် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ရန် အဆိုပါလမ်းကြောင်းအတိုင်း တပ်များ ၀င်ရောက်ရန် ရှိကြောင်း၊ ထို့ကြောင့်လမ်းတစ်လျှောက်ရှိ KIA တပ်များ အားလုံးကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေးကို သတိပေးကြောင်း တပ်မတော်မှ KIA သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနားနှင့် ၀ိုင်းမော်ကို လျှပ်စစ်ဓာတ်အားပေးနေသော တဘတ်ယန်ကျေးရွာအနီးရှိ မလိရေအားလျှပ်စစ်ရုံ အစိတ်အပိုင်း အချို့ ပျက်စီးသွားပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်နေ ပါသည်။ မလိ ရေအားလျှပ်စစ် စက်ရုံသည် KIO မှ ပိုင်ဆိုင်သော ရေးအားလျှပ်စစ် စက်ရုံဖြစ်ပါသည်။

ဒီကပါ။

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား ပြန်လည်ရှင်းလင်း ပြောပြချက်

မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) က သူမကြုံတွေ့ခဲ့ရသည်များကို မီဒီယာများအား ရှင်းပြနေစဉ်

ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan) မှ သူမကြုံတွေ့ခဲ့ရသည်များကို Eleven Media Group သို့ ပြောပြခဲ့သည်များအား ဖော်ပြအပ်ပါသည်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်...

''ဟဲဟိုးလေဆိပ်ကို ဆင်းသက်ဖို့အတွက် ကပ္ပတိန်ရဲ့ ညွှန်ကြားချက်ရလို့ ခရီးသည်တွေထိုင်ခုံမှာ လူစုံရှိ၊ မရှိ လေယာဉ်တံခါးတွေ ဖွင့်ထားလား၊ ပြီးတော့ အိမ်သာထဲမှာ လူရှိ၊ မရှိစတဲ့ စစ်ဆေးရမယ့်အရာတွေကို သေချာစစ်ပြီးမှ အားလုံး Clear ဖြစ်တယ်ဆိုမှ Captain ကို အင်တာကွန်ကနေတစ်ဆင့် သတင်းပေးပို့ခဲ့တယ်။

လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။

နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။

သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။

လေယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်။

ဒီကပါ။

ဟင်္သာတမြို့နယ်က ပြည်သူတွေရဲ့ အသံများ


လာဘ်စားသူ ဈေးခေါင်းကို ရာထူးပြန်ခန့်တဲ့ ဌေးဝင်းဈေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်း ဦးမြင့်ဦးသည် ဈေးသူဈေးသားများ၏ ဈေးအခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။ ထို့ကြောင့် ဈေးသူဈေးသားများက အလွန်မကျေမနပ်ဖြစ်လျှက် ရှိကြပြီး ထိုသို့ အကျင့်ပျက်လာပ်စား၊ ငွေအလွဲသုံးစားပြုလုပ်သူအား ပြန်လည်မခန့်ထားသင့်ကြောင်း ဈေးသူဈေးသားများက တညီတညွတ်တည်း ပြောဆိုနေကြာကြောင်း သတင်းရရှိပါသည်။

ဆိုင်ကယ်စီးနင်းသူများကို မြွေအန္တရာယ် အာမခံကြေးကောက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးရာမှာ သူတစ်ပါးထိခိုက်နစ်နာတဲ့ အာမခံကြေးပေးသွင်းရတဲ့အခါ မြွေအန္တရာယ် အာမခံကြေး ကျပ် (၅၀၀) ကိုပါ တပါတည်း ပေးသွင်းနေရကြောင်း သတင်းရရှိပါတယ်။ ဆိုင်ကယ်စီနင်းသူတွေကို ဘာလို့ မြွေအန္တရာယ် အာမခံကြေးကောက်သလဲ ဆိုတာ နားမလည်နိုင်ကြောင်းပါ။



ဟင်္သာတ ဌေးဝင်းဈေးခေါင်း မှ ဈေးအတွင်း ဖြစ်ပေါ်ခဲ့သော လာပ်စားခြင်း အကြောင်းအရင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဌေးဝင်းဈေးကြီး အတွင်းတွင် ဈေးခေါင်း ဦးမြင့်ဦး တာဝန်ထမ်းဆောင်ခဲ့စဉ် ဟင်္သာတမြို့၏ ဆည်မြောင်းတာတမံပေါ်တွင် ဈေးဆိုင်ခန်းများ နှင့် အခြားအဆောက်အဦးများ ဆောက်လုပ်ရောင်းချခဲ့ပါသည်။

ဟင်္သာတစည်ပင်မှ ဈေးအရာရှိ ဦးဝင်းအောင်သူ၊ စက်ဘီးလေလံဆွဲယူထားသော ဟင်္သာတစည်ပင်မှ ဒေါ်တင်မြ၀င်း၊ ဆည်မြောင်းတာတမံ တာဝန်ရှိသူတို့ နှင့် ဈေးခေါင်းဦးမြင့်ဦးက ပူးပေါင်း၍ ဆိုင်ခန်းတစ်ခန်းလျှင် ငွေ ဆယ်သိန်း ဖြင့် ရောင်းချကာ နိုင်ငံတော်သို့ မသွင်းပဲ ခွဲဝေယူခဲ့ကြကြောင်း သိရပါသည်။

ကြီးကြီးမားမား ဆောက်လုပ်ခဲ့သော ဆိုင်ခန်းများမှာ (၁)ဒေါ်ညွန့်တင် ငါးဒိုင်၊ (၂)စက်ဘီး၊ဆိုင်ကယ် အပ်ရာဌာန၊ (၃)ဦးသိန်းဌေး အထည်ဆိုင် မှာ အကြီးမားဆုံး အဆောက်အဦးများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ရေခဲခွဲစက်များ၏ အသံကြောင့်လည်း `စက်တွေရဲ့အသံကြောင့် ကျွန်မတို့ ဈေးရောင်းရတာ အဆင်မပြေပါဘူး၊ ကျွန်မတို့ တစ်သက်လုံး ဒါမျိုးစက်သံတွေ မကြားဖူးဘူး၊ ရေနံဆီနဲ့မောင်းတဲ့ စက်တွေဆိုတော့ မီးဘေးလည်း အလွန်စိုးရိမ်ရတာပေါ့၊ ကျွန်မတို့မှာ ရှိသမျှငွေလေးနဲ့ ရင်းပြီး ရောင်းရတာ၊ ကျွန်မတို့ဘက်လည်း နဲနဲလောက် ပြန်ကြည့်စေလိုပါတယ်´ ဟု ဈေးရောင်းချသူတစ်ဦးက ရင်ဖွင့်ပါတယ်။

ယခုအခါ ဈေးသူဈေးသားများ၏ ဆိုင်အမည်လွဲပြောင်းခငွေ၊ ရုံးငွေ သိန်း(၇၀)ခန့်အား ဈေးခေါင်း ဦးမြင့်ဦးက လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်နေရာမှ ပြန်လည်ရောက်ရှိလာသည် ဟု လည်း သိရပါတယ်။ သူပြန်လည်ရောက်ရှိလာချိန်မှာ မြို့နယ်စည်ပင်မှ အရေးမယူတဲ့အပြင် သူ့ကိုပဲ ဈေးခေါင်းအဖြစ် ပြန်လည် ခန့်ထားမည် ဟု ကြားသိနေရသောကြောင့် ဈေးသူဈေးသားများ မှာ မကျေမနပ်ဖြစ်လျှက် ရှိကြပြီး သက်ဆိုင်ရာမှ သေချာစိစစ်ပေးစေလိုကြောင်း သတင်းရရှိပါသည်။

အင်္ဂပူမြို့နယ်က အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ မတရား

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့ မှာ မြို့ပေါ်(၃)ရပ်ကွက်စလုံး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သတင်းရရှိပါသည်။ မသိနားမလည်တဲ့ ပြည်သူတွေ အပေါ် မတရားလုပ်မှုတွေ ပါဝင်နေတယ်လို့ ကြားသိရပါတယ်။ လက်ရှိအာဏာပိုင်တွေရဲ့ ရွေးချယ်ထားတဲ့သူများကိုပဲ မဲပေးရွေးချယ်စေခဲ့တယ်လို့ ဆိုပါတယ်။

မြို့ပေါ်သြဇာရှိသူ ခရိုနီခေတ်ပျက်သဌေးများ ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ လက်ကိုင်တုတ်လက်ပါးစေများ မှ မိမိတို့ သြဇာခံမည့်သူများကို ရွေးချယ်တင်မြောက်ရန် ဆောင်ရွက်ခဲ့တယ်လို့ ကြားသိရပါတယ်။

ဟင်္သာတပြည်သူ့ဆေးရုံ မှာ ဆေးရုံခါ

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့က ဟင်္သာတပြည်သူ့ဆေးရုံမှာ ဆေးရုံခါနေတယ် လို့ သတင်းရရှိပါတယ်။ `ဆေးရုံခါတယ် တဲ့´။ ဆေးရုံမှာ အရှင်းမပျောက်သေးပဲ သက်သာအောင် နေနေရဦးမယ့် လူနာတွေကို ဆေးရုံကနေ ဆင်းခိုင်းနေတယ်လို့ သိရပါတယ်။

မနေ့က အိပ်ဆေးသောက် သေကြောင်းကြံတဲ့ မိန်းကလေးကိုတောင် ဆင်းခိုင်းလိုက်တယ် လို့ ကြားရပါတယ်။ နောက် ပြဿနာဖြစ်နိုင်တယ်လို့ ယူဆတဲ့ လူနာတွေကိုလဲ ဆင်းခိုင်းတယ် လို့ သတင်းရရှိပါတယ်။ အဘယ်သို့သော အကြောင်းကြောင့်ပါလိမ့် … … ဆိုတာမသိပါဘူးလို့  လူနာရှင်တွေက သိချင်နေကြပါတယ်။

http://moemaka.com/?p=30547

ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေ အခုထိရှိနေသလို ကောင်းမွန်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး ရဖို့ လိုအပ်ချက်တွေ အများကြီးရှိနေတာမို့ ပြုပြင်ပြောင်းလဲရေးမှာ လူထုတရပ်လုံး ပါဝင်ကြဖို့ ဗုဒ္ဓဟူးနေ့ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူ တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမ္မတက ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဖို့ အဓိကထားပြောကြားခဲ့ ပေမယ့် နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ဗျူရိုကရေစီယန္တရားကို ပြင်ဖို့ တော်တော်ခက်ခဲမှာ ဖြစ်တဲ့ အပြင် စစ်အုပ်စုဘက်က အများစုပါဝင်တဲ့ အစိုးရတရပ်အတွက် စစ်အစိုးရလက်ထက်က ကျန်နေတဲ့ အခွင့်ထူးခံတွေပြဿနာ ကို အရင်ရှင်းဖို့ လိုအပ်တယ်လို့ သုံးသပ်သူတချို့က မြင်ပါတယ်။ ဒီမိန့်ခွန်းနဲ့ ပါတ်သက်ပြီး မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်ခင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ဦးအောင်ခင်- “မြန်မာပြည်ရဲ့ပြုပြင်ရေးလုပ်တယ်ဆိုတာ အထက်ကလုပ်တာကိုး၊ အောက်ကို ဘယ်လောက်အထိ ရောက်ပြီလည်းဆိုတာ ပြောရတာခက်တယ်။ အရင်တုန်းကလည်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဖြစ်ဖို့ သန့်ရှင်းတဲ့အစိုးရ အခုလည်းပြောတယ်။ အခုတခါ ထူးခြားတာကတော့ ကော်မတီဖွဲ့တာပေါ့လေ။ ကော်မတီတွေဖွဲ့ပြီး ထိထိရောက်ရောက်လုပ်ဖို့ ရပ်ကွက်၊ကျေးရွာကော်မတီတွေ၊ အထိအောင်ဖွဲ့စည်းပြီးတော့ အထက်ကို တင်ပြနိုင်မယ့် သဘောမျိုး ပြောသွားတာတော့ ထူးခြားတယ်လို့ထင်တယ်။

မိန့်ခွန်းတခုလုံး ကျနော်ဖတ်ကြည့်တဲ့အခါကျတော့ ကျနော်ထင်တယ် ဒါအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ ပြောတာပေါ့လေ။ ဆိုတော့ ဒီဥစ္စာက လည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲလေ။အစိုးရက နှစ်ပေါင်း ၂၀လောက် အစိုးရဗျူရိုကရေစီယန္တရားကြီးက ခြစားပြီးတော့ ထင်ရာမြင်ရာ စိုင်းလာတဲ့ ယန္တရားကြီးကို ပြင်ဖို့ဆိုတာက ဦးသိန်းစိန်အစိုးရက ၂၁လပဲရှိသေးတယ်။ ၂၁လထဲမှာ ဒီလောက် ယိုယွင်းပျက်စီး ခြစားနေတဲ့ ဗျူရိုကရေစီယန္တရားကြီးနဲ့ သန့်ရှင်းတဲ့အစိုးရ လုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အလုပ်ပဲ။ အဲ့တော့ သူတို့ပြောတာတွေက ဘယ်လောက် အထိအောင် အောက်ခြေကို ရောက်လာလည်း၊ ပြည်သူလူထုဘဝနဲ့ ဘယ်လောက်အထိအောင် နီးစပ်လာလည်း၊ လက်တွေ့မှာ သိရဖို့ တော်တော်ခက်ခဲတယ်လေ။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ရှင်။ အခုလိုမျိုး နှစ်ပေါင်းများစွာ ခြစားပြီး အရိုးစွဲနေတဲ့ဒီမူဝါဒနဲ့ နေလာတဲ့ လူထုတွေပေါ့နော်။ ဒီလူထုတွေအတွက် သမ္မတရဲ့မိန့်ခွန်းဟာ ဘယ်အတိုင်းအတာအထိ လိုက်နာနိုင်မယ်လို့ရော ဆရာယူဆပါသလဲဆရာ။”

ဦးအောင်ခင်- “အဲ့တာလည်း ပြောရခက်တယ်။ ဟိုတနေ့ကတောင် ကျနော်တွေ့လိုက်သေးတယ်။ ရပ်ကွက်ကော်မတီ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့ တယောက်နဲ့တယောက်အဆင်မပြေဖြစ်ပြီး လက်သီးနဲ့ ဆွဲထိုးတာတို့ ဘာတို့ပေါလေ့။ ဆိုတော့ ဒီမိုကရေစီဆိုတာ အကျင့်ပေါ့ဗျာ။ အလေ့အကျင့်ပေါ့။ အမေရိကန်မှာ ဒီမိုကရေစီထွန်းကားတယ်ဆိုတာ လူတိုင်းက နိုင်ငံရေးကို စိတ်ဝင်စားပြီး အစည်းအဝေးခေါ်ရင် တအိမ်တယောက်ဆို တအိမ်တယောက်သွားတယ်။ စိတ်ဝင်စားတယ်။ ဆွေးနွေးတယ်။ အလေ့အထပေါ့ဗျာ။ အလေ့အထက မြန်မာပြည်မှာ မရှိဘူး။ ဘယ်ရှိနိုင်မလဲဗျာ။ စစ်တပ်က အုပ်ချုပ်နေတဲ့တိုင်းပြည်ဘဲ။ အခုလည်းပဲ သူပြောသွားတဲ့အထဲမှာ စစ်တပ်က မပါဘူး။ ဒါတွေ ဘယ်လောက်ပဲလုပ်လုပ် စစ်တပ်က ဝင်လုပ်လိုက်ရင် ပျက်ဦးမှာဘဲ။ ဘယ်ဘက်မှာကျတော့ သေနတ်ရှိတဲ့ စစ်ဗိုလ်က ကြီးစိုးနေတာကိုး။”

ဒေါ်ခင်မျိုးသက်- “ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာပေါ့နော်။ အုပ်ချုပ်ရေးမှာ သမ္မတအနေနဲ့ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိတယ်။ ဥပမာ လွှတ်တော်ထဲမှာဆိုရင်လည်း တချို့ဆုံးဖြတ်ချက်တွေက အကြာကြီး ဆိုင်းငံ့ထားရတာရှိတယ်ပေါ့နော်။ ဥပမာ မီဒီယာဥပဒေလိုမျိုးပေါ့။ နောက် ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့ အဓိကရုဏ်းတွေ၊ တိုင်းရင်းသားအရေးမှာလည်း ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ဖို့ပြောတယ်။ ဒါပေမဲ့ အခုထက်ထိ စစ်တပ်ဘက်က မရပ်ဘူး။ ဒါတွေမဖြစ်အောင် သမ္မတအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဘာလုပ်ဖို့လိုတယ်လို့ ဆရာအနေနဲ့ မြင်ပါသလဲ။”

ဦးအောင်ခင်-“သူကတော့ သူတတ်နိုင်သလောက် လုပ်နေတဲ့ပုံစံပဲပေါ့လေ။ အစိုးရစနစ်ကို ပထမဆုံး သူကောင်းအောင်လုပ်မယ်။ အစိုးရစနစ်ကောင်းသွားရင် ကျန်တဲ့ဟာတွေလည်း သူကောင်းအောင် လုပ်လို့ရမယ်လို့ သူထင်တာပေါ့လေ။ ကျနော်တို့ တချို့ မြင်ကြတာကျတော့ ဦးသိန်းစိန်အစိုးရကလည်း စစ်အုပ်စုက ဖွဲ့ထားတဲ့အစိုးရပဲလေ။ သူအစိုးရစနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေမယ့် စစ်အုပ်စုရဲ့အခွင့်ထူးခံတွေ၊ အခွင့်ထူးခံဘဝကနေပြီးတော့ ဘယ်လိုလုပ်ပြီး အားလုံးတန်းတူညီတူဖြစ်အောင် လုပ်မလည်းဆိုတာတွေတော့ မပါဘူးပေါ့ဗျာ။ ဥပမာ စစ်အုပ်စုက ရောင်းစားတဲ့ ဓာတ်ငွေ့ကရထားတဲ့ ဒေါ်လာတွေ၊ အစိုးရကနေပြီးတော့ တိုင်းပြည်အတွက် ဘယ်နေရာမှာ သုံးမလဲဆိုတာ ပြောသံ တခါမှ ကျနော်တို့မကြားရဘူး။ သဘာဝသယံဇာတရောင်းစားတယ်ဆိုတာ တိုင်းပြည်ရဲ့ ပိုက်ဆံပဲ။ ဦးပိုင်ကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်ဘူး။ စစ်အုပ်စုရဲ့ ပိုက်ဆံမဟုတ်ဘူး။ တိုင်းပြည်ကရတဲ့ ဒေါ်လာတွေကို တိုင်းပြည်အတွက် ဘယ်လိုသုံးမယ်ဆိုတာ ပြောရင် တိုင်းသူပြည်သား ထောက်ခံမှု ပိုရမှာပေါ့လေ။”

ဒေါ်ခင်မျိုးသက်- “ အခုအချိန်မှာ လူထုထက်ကို နိုင်ငံရပ်ခြားကနေ လာပြီးတော့ ရင်းနှီးမြုတ်နှံမယ့်သူတွေကို ဆွဲဆောင်ဖို့အတွက် ဦးစားပေးနေတယ်လို့ သုံးသပ်နေသူတွေလည်းရှိနေပါတယ် ဆရာ။ ဆရာ့အမြင်ကို သိပါရစေ။”

ဦးအောင်ခင်-“ဘယ်လောက်ပဲဆွဲဆောင်၊ ဆွဲဆောင်လေ။ မြန်မာပြည်မှာ နိုင်ငံခြားကလာပြီး ရင်းနှီးမြုတ်နှံတဲ့သူတွေက ဒီတိုင်းပြည်မှာ လုပ်ရင် သူတို့အတွက် အကျိုးရှိမရှိဆိုတာ သူတို့ကပိုသိတာပေါ့။ ဘယ်လောက်ပဲဆွဲဆောင် ဆွဲဆောင် သူတို့လာချင်မှ လာမှာပေါ့။ အခုကတော့ လာပြီးတော့ လေ့လာနေတဲ့အဆင့်ပဲ ရှိသေးတာကိုး။”

ဒေါ်ခင်မျိုးသက်- “ဟုတ်ကဲ့ဆရာ။ လုပ်ဖို့တော့ အများကြီးလိုသေးတယ်ပေါ့နော်။”

ဦးအောင်ခင်- “ဟုတ်ပါတယ်ခင်ဗျ။ ကြည့်ရတာ ဦးသိန်းစိန်အစိုးရ က စစ်အုပ်စုရဲ့ သြဇာခံ၊ စစ်အုပ်စု အခွင့်ထူးခံ၊ ဘယ်လောက်အထိအောင် သူလုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။”

ဒေါ်ခင်မျိုးသက်- “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။”

ဒီကပါ။

Wednesday, December 26, 2012

Microsoft မှ ပညာရှင်နှင့် Interactive Talk ကျင်းပမည်

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက် (သောကြာနေ့) နေ့လယ် (၁း၀၀ မှ ၄း၀၀) နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park၊ အခန်း (၂၀၅) တွင် Microsoft Company ရှိ Online Service Division မှ Senior System Engineer အဖြစ် ဆယ်နှစ်ကျော် အလုပ်လုပ်နေသော ကွန်ပျူတာပညာရှင် ဦးခင်မောင်ဇော် မှ “High Availability Online Systems” နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ ပညာရှင်အသင်းမှကြီးမှုး၍ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ဟောပြောပွဲ၌ Windows Servers , IIS, SQL, High Availability, Seal Ability, Performance Application အစရှိ သည်များအားပြောကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ ဟောပြောပွဲကို လက်ရှိ Software Developer၊ Network Engineer အဖြစ် အလုပ်လုပ်နေသူများ၊ Computer နည်းပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများနှင့် နောက်ဆုံးပေါ် IT နည်း ပညာကို စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ပါသည်။

အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း (၄)၊MICT Park ၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

Myanmar ICT

ဒီကယူပါတယ်။

ပွင့်လင်းမြင်သာရေးစကားသံများကျယ်လောင်လာသည်နှင့် မြန်မာမတွေ ဖင်ပေါ်အောင် ဝတ်ပြီး လဖ္ဘက်ရည်ဆိုင်ထိုင်ပြီ


၂၅.၁၂.၂၀၁၂ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ်အချိန်ခန့်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လက်ရွေးစင်ကော်ဖီဆိုင် တွင် မြန်မာမိန်းခလေးတစ်ဦးသည် ပုံပါအတိုင်း ဖင်ပေါ်အောင် ဝတ်၍ ဦးလေးအရွယ် အဖေအရွယ် လူကြီးပိုင်းများအကြား ရည်းစားနှင့် ရဲရဲဝံ့ဝံ့ ဝင်ထိုင်နေခြင်းဖြစ်သည် ။

ပွင့်လင်းမြင်သာမှုရှိရေးခေါင်းစဉ်အောက်က နမူနာပြကွက်တစ်ခုဖြစ်ပါသည်။ နောက် သည်ထက်ပိုပြီး ပွင့်လင်းမြင်သာလာမည်ဖြစ်သည်။

ဒီကပါ။

မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြောကြား


လက်ပံတောင်းတောင် အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြို တင် ခန့် မှန်း ပြောကြားခဲ့ သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညို က ယနေ့  ထုတ်ဖော် ပြောကြားလိုက်သည်။

ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲ ဗင်း မီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်း ခံ ခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသ ည် တို့ ကို လေ့လာ ကြည့် ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြား ရာတွင် လည်း တစ် သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့် ချိန် ၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့် ရှု စစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရ ဘက် မှ သတင်း ထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်း စား ဓါတုဗေဒ ပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။

ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ ဘူး လား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှ အထိ မျှော်မှန်းထား ခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့် ပညာ မနေသာ ဆိုသလို အမေး ရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး မျက်ရည် ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြား ခဲ့ကြောင်း၊ ယင်းပြောကြား ချက် များေ ကြာင့် အခြေအနေ ပိုမို ဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည် ဆို လျှင် မိမိ ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။

ဆက်လက် ၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံ တကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရြ ခင်းမှာ လည်း နိုင်ငံ တကာ အဓိကရုဏ်းများကို ထောက် ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒ သေ ဘာ တရား တွင် မီးလောင်အောင် ဖော်မြူလာ ထုတ် လျှင်လည်း ရပါကြောင်း၊ မီးခိုး ဗုံး ဆိုသော်လည်း မီးေ လာင် နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ် ထွက် လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ် ဆိုင်ရာ များကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးေ ဖာ် ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အား နည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံ နည်း ကျ စစ်ဆေးေ ဖ်ာထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည် ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည် သူ များ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိ သည် ကို ထင် ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာ ခင်မောင် ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါ ၀င်မှု အချိုး အစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်း ကာ လက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင် သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအ တွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန် အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ် လာေ သာ စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအ များ ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင် တစ်ယောက်၏ စိတ်ခံစားမှု ဟူ ၍ သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အ စစ် အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြား သည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း အတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။

လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင် ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ယ ခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသ ည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြော င်း ကောက်ချက် ချထားသည်။

ဒီကပါ။

Mark 2 ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်တစ်စီး တိုက်မိ


Mark 2 ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်တစ်စီး တိုက်မိ ယနေ့ဒီဇင်ဘာ၂၆ ရက် မွန်းလွှဲ ၁ နာရီခွဲ ဝန်းကျင် ခန့်တွင်တာမွေအဝိုင်း ဘက်မှနေ၍ ဗညားဒလလမ်း အတိုင်း ကျောက်မြောင်းဘက်သို့လာသော အငှားယာဉ် တစ်စင်းနှင့် ဦးထွန်းမြတ်လမ်းမှ ဗညားဒလလမ်းသို့လာသော ရွှေငါး Mark II ကားတို့တိုက်မိရာ အငှား ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည် ၄ ဦးအနက်မှ တစ်ဦးဒဏ်ရာရရှိပြီး ရှင်ပါဂူဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသတင်းရရှိခဲ့သည်။

Eleven Media Group

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး

၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်း မှ အရှင် ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့နယ်ပြည်သူ့ ဆေးရုံတွင် သွေးဝမ်း သွား သွေးအန် သည့်ရောဂါဖြင့် ဆေးကု သမှု ခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့သို့ ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော် ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက် ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန် တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေး ရုံ ၀န်ထမ်းများအား ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်း ခဲ့သဖြင့် ဆေးရုံ ၀န်ထမ်းများမှ ဖြူးမြို့နယ် ရဲစခန်း အား အကြောင်းကြားခဲ့သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော် များကို တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက် သို့ ပြန်ကြွသွားကြောင်း သတင်း ရရှိခဲ့ပါ သည်။

ဆက်လက်ပြီး ၄င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး ၃၀ ခန့် သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး ဆေးရုံ နံရံတွင် ရေးသား ထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတ နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်း ဘုတ် ၂ ခုအား ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆ နာရီခန့်တွင် ကျော် လှစု ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဖျောင်း ဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ ၆နာရီခန့်တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း သတင်းရရှိပါသည်။

www.MyanmarExpress.net

အစိုးရတပ်များလာနိုင်သည့်လမ်းများအား ကေအိုင်အေမှ မိုင်းထောင် နေမှုအား မြေမြှုပ်မိုင်းအရေး ရှုံ့ချသူ ဒေါ်စု မသိချင်ဟန်ဆောင်နေ

အစိုးရတပ်တွေက ကေအိုင်အေကို တိုက်မယ် လို့ ကေအိုင်အေက တွက်ပြီး အစိုးရတပ်တွေ လာနိုင်တဲ့ လမ်းတွေမှန်သမျှအားလုံးကို မိုင်းတွေ လိုက်ထောင်နေတယ်လို့ တပ်မဟာ(၃) ရင်း(၁)မှ ဗိုလ် မခေါ်ဂမ်းက ပြောပါသည်။ ၂၂ရက်နေ့တုန်းက ပါတော်နဲ့ ကျောက်တောင်ကုန်းတွေမှာ မိုင်းထောင် ရင်း မိုင်းတစ်လုံး သူ့ဘာသာသူ ထကွဲခဲ့ပါတယ်။

ကေအိုင်အေက အစိုးရလာနိုင်တဲ့လမ်းတွေကို မိုင်းထောင်နေတယ်ဆိုပေမယ့် အဲဒီလမ်းတွေအားလုံးက ရွာသားတွေသုံးနေတဲ့ လမ်းတွေပါဘဲ။ ကေအိုင်အေ နဲ့ အစိုးရတပ်တွေတိုက်ပွဲကြောင့် ကချင်ပြည်နယ်မှာ မိုင်းဒဏ်ရနဲ့ ခြေပြတ်လက်ပြတ်တွေ သေတဲ့သူတွေ အများကြီးပါလို့ ရွာသားတစ်ဦးကပြောပါသည်။

www.MyanmarExpress.net