Friday, November 30, 2012

MPT ကိုလည်း ၁၅ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြအုံးမည်

ဂျာနယ် မျက်နှာဖုံးအဖြစ် ဖော်ပြသည့် သတင်း

လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်မှ ခေတ်မီသည့် မြန်မာနိုင်ငံတွင် အင်တာ နက်ခ များ ပြောင်း လဲ ကောက် ခံ မည့်ကိစ္စနှင့် ပတ်သက်ပြီး MPT ကိုလည်း ဆန္ဒ္ဒဖော်ထုတ်အုံးမည့် အကြောင်း ပြည်တွင်း ဂျာနယ် တစ်ခု မျက်နှာ ဖုံးမှာ ကြော်ငြာထားခဲ့ပါသည်။ အဆိုပါ ဆန္ဒဖော် ထုတ်မည့် ကိစ္စအား စတင်ဦးဆောင် ခဲ့သူ မှာ နေမျိုး ဇင် ဆိုသူ ဖြစ်ပါသည်။

အဆိုပါ ဆန္ဒဖော် ထုတ်မှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အင်ဂျင်နီ ယာချုပ် ဦးစိုးအောင်က "ဆန္ဒပြချင် ပြပါစေ။ ပြပေါ့။ ပြန်ရှင်းရမှာ ကျွန်တော်တို့တာဝန်ပါ။100 KB နှစ် ကျပ်မှ မကြိုက်ဘူး ဆိုရင် Plan B, C တွေ ရှိတယ်။ Plan D,E အကုန်လုပ်ပေးမယ်ဗျာ" ဟု ပြန် လည်ပြောကြား ခဲ့ပါသည်။



နေမျိုးဇင် ဖြန့်ဝေသည့် ဗီဒီယိုဖိုင်

နေမျိုးဇင်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည် ဆန္ဒဖော်ထတ်ုမှု ဖြန့်ဝေခြင်းမှာ -

ပြည်သူ့တို့ ဘက်မှ ကာကွယ်ရပ်တည်ပြီး ပြင်ဆင်လျော့ချပေးရန် နစ်နာဆုံးရှုံးသော နည်းပညာ သုံးစွဲသူ အပေါင်းက ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုကြမည်ဖြစ်ပါသည်။

လက်ရှိပြင်ဆင်လိုက်သော ဖုန်း အင်တာနက် အသုံးပြုခ ပြောင်းလဲ သတ်မှတ်ခြင်း ကို ပြည်သူ့ သက်သာချောင်ချိရေး အတွက် ပြန်လည်ပြင်ဆင်ပေးခြင်း မရှိပါက၊ ................

ဒီဇင်ဘာ ၁၅ ရက် ( စနေ) နေ့တွင် ရန်ကုန် မြန်မာ့ ဆက်သွယ်ရေး ရုံးချုပ် အရှေ့ ဆန္ဒဖေါ်ထုတ်ခြင်း အခမ်းအနားကြီး အား တရားဝင် ခွင့်ပြုချက် တောင်းဆိုကာ လူထု လှုပ်ရှားမှုကြီး တခု ဖေါ်ဆောင်မည်ဖြစ်ပါသည်။

ဆက်သွယ်ရေး စရိတ်စက ကြီးမြင့်မှုကြောင့် အခက်ကြုံ ကျပ်တည်းလာ

အဆိုပါ နည်းပညာ နှီပ်ကွပ် ဈေးမြင့်တင်မှု ၊ လူထုပေါ် ဖိစီးစေမှုနှင့် ပတ်သက်ပြီး ကန့်ကွက် လိုသူ မည်သည့် အဖွဲ့အစည်း နှင့် မဆို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ထုတ်ပြန် ကြေငြာပါသည်။

အင်တာနက် သုံးစွဲမှု နည်းပညာ ဖိနှိပ် ကန့်သတ် ဈေးမြင့်တင်ခြင်းအား ကန့်ကွက်သည့် လူထု အခမ်းအနားကြီး တရပ် ဆောင်ရွက်မည် ဖြစ်ပါသဖြင့် နည်းပညာဖြင့် နိုင်ငံကို မြင့်မားတိုးတက်စေလိုသူ အပေါင်းအား ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ပါရန် ဖိတ်ခေါ်ပါသည် ။

နေမျိုးဇင်

0949328559
09450058276
msdn.myanmar@gmail.com
ညှိနှိုင်းဆောင်ရွက်သူ
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

http://www.oppositeyes.info/2012/11/mpt_30.html

လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှု အဆင့်ဆင့် (ဖြစ်ရပ်မှန်)

နိုဝင်ဘာ ၂၇ ညနေ တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပတ်ဝန်းကျင်အား ပုဒ်မ ၁၄၄ ထုတ်ထားပြီးဖြစ်သဖြင့် ၂၀၁၂ ခုနှစ် ည ၁၂ နာရီ နောက်ဆုံးထားကာ သပိတ်စခန်းများဖြတ်သိမ်းရန် နှင့် လူစုများ ခွဲပေးရန် ပြည်ထဲရေးမှ အမိန့်ထုတ်ပြန်လိုက်သည်။ အကယ်၍ အမိန့်ကို မလိုက်နာပါက ဥပဒေအတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။


နိုဝင်ဘာ ၂၇ ည သတင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်အား မြန်မာ့ရုပ်မြင်သံကြား သတင်း၊ မြဝတီ သတင်း နှင့် သတင်းစာများတွင် လူထုတစ်ရပ်လုံး သိရှိစေရန် ကြေညာခဲ့သည်။




ပြည်ထဲရေးဝန်ကြီးဌာန အမိန့်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံး ဖျက်သိမ်းခိုင်းထားသော်လည်း ၂၇ ရက်နေ့ ည ၁၂ နာရီ ထိ ဆန္ဒပြသူ အားလုံး ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၇ ရက်နေ့ ညအချိန်တွင် ဆန္ဒပြသူများ စခန်းချရာ သပိတ်စခန်းများသို့ ရဲတပ်ဖွဲ့ခေါင်းဆောင် များမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်နှင့် ကြေညာချက်ကို အကြိမ်ကြိမ် အခေါက်ခေါက်အခါခါ ဖတ်ပြ ခဲ့သော်လည်း ဆန္ဒပြသူအားလုံး ဂရုမစိုက်ခဲ့ကြပါ။



နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁ နာရီ ချိန်ထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ဆန္ဒပြသူများကို ဘာမှ မလုပ်ပဲ စောင့်ကြည့်ခဲ့ပြီး မဖယ်ရှားပါးက အခြေခံဥပဒေ အတိုင်း ကိမ်ကြိမ် အခေါက်အခေါက်အခါခါ သတိပေးသော်လည်း ဆန္ဒပြသူများအားလုံး လုံးဝ ဂရုမစိုက်ခဲ့ကြပါ။

နိုဝင်ဘာ ၂၈ ရက်နေ့ ညနေချိန်ထိ သပိတ်စခန်းအားလုံး ဖယ်ရှားပေးခြင်းမရှိသလို သပိတ်မှောက် သူအားလုံးကလည်း နားပိတ်နေခဲ့ကြသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁၂ နာရီ အချိန်ထိ သပိတ်စခန်းများသည် ပုံမှန်လည်ပတ်နေပြီး ဖျက်သိမ်းခိုင်းထားသော အမိန့် ကို ၂၄ နာရီ ကြာအောင် မထီမဲ့မြင် ပြုခဲ့ကြသည်။


နိုးဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီ ခန့်တွင် မီးသတ်ကားများဖြင့် လမ်းဘေး နှင့် လမ်းပေါ် တွင် အိပ်နေသည့် လူများနှင့် သံဃာများကို ရေဖြင့် ပန်းခဲ့သော်လည်း လူများသာ ထွက်ပြေးသွားကြပြီး သံဃာများမှာ အိပ်ချင်မူးတူးဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ရွတ်ဆိုနေကြသည်။


သံဃာအချို့မှာ မီးသတ်ပိုက်နှင့် ထိုးတာကိုပင် အအိပ်မပျက်ပဲ စောင်ပြန်ခြုံကာ အိပ်နေခဲ့ကြသည်။ အချို့ကတော့ ကယောင်ကတမ်းဖြင့် "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု repeat ဖြင့် အော်နေခဲ့ကြသည်။

မီးသတ်ကားဖြင့် ၁ မိနစ်ခန့် ရေပန်းအပြီး တွင် ရဲတပ်ဖွဲ့မှ သပိတ်စခန်းအား စောင့်ကြည့်ခဲ့ရာ သံဃာအများစုမှာ တန်းစီကာ ထိုင်နေပြီး "လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ" ဟု ဆက်အော်နေကြပြန်သည်။ ထိုအချိန်ထိ အချို့သံဃာများမှာ အိပ်နေတုန်းဖြစ်သည်။ သတင်းထောက်များ၊ NLD ပါတီဝင်များနှင့် ကျောင်းသား ဆိုသူများမှာ ခွေးပြေးဝက်ပြေး ပြေးကြသဖြင့် တစ်ယောက်မျှပင် မရှိတော့ပေ။

ခေါင်းမာနေသော သံဃာများ၏ သပိတ်စခန်းသို့ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ စတင်ပစ်ရာ သံဃာများက စောင့်ကြောင့်ထိုင်ပြီး ရဲတပ်ဖွဲ့များကို ငရဲကြီးစေလိုခြင်း အတွက် လက်အုပ်ချီကာ မေတ္တာပို့ရန်ပြင်ဆင်ခဲ့ကြသည်။

သပိတ်စခန်းများသည် ထန်းရွက်များဖြင့် ကာထားပြီး ပလက်စတစ် မိုးကာစ ဖြင့် မိုးထားရာ မီးခိုးဗုံး ကျချိန်တွင် ပလစတစ်စများမှာ အပူဒဏ်မခံနိုင်ပဲ အရည်ပျော်ကျကာ မီးလောင်ခဲ့သည်။ ထန်းရွက်ခြောက်များကြောင့် မီးအရှိန်မှာ တမဟုတ်ခြင်း ကြီးထွားလာပြီး သင်္ဃန်းများကို လောင်ခဲ့သည်။



မီးတောက်ကို တွေ့မြင်ချိန်တွင် ဆန္ဒပြသူ လူများက သံဃာတော်များအား နောက်ဆုတ် ကြရန် အော်ဟစ်သတိပေးကြသော်လည်း သံဃာများက ရေစိုနေသော် စောင်များဖြင့် ခန္ဓာကိုယ်အား ပတ်ထားလျှင် မီးမလောင်နိုင်ဟု ယူဆကာ ဆက်လက် ထိုင်နေခဲ့ကြသည်။


စောင်များနှင့် ရုံထားသော သင်္ဃန်းများကို မီးစလောင်တော့မှ ကြောက်ကြေက်လန့်လန့်ဖြင့် သင်္ဃန်းများကို ချွတ်ဖို့ ကြိုးစားချိန်တွင် အိပ်ယာထဲမှ ထပြီးပြီးချင်း ဖြစ်ကတက်စမ်း ကိုယ်တွင် ပတ်ထားသဖြင့် သင်္ဃန်းများက ချွတ်မရပဲ ဖြစ်ကာ ခန္ဓာကိုယ် မီလောင်ဒဏ်များရရှိကြရသည်။


သံဃာအချို့ မီးလောင်ချိန်တွင် ဘေးမှ သံဃာများက ကြောက်လန့်မှုများဖြစ်ကာ အချင်းချင်းမကူညီကြပဲ မီးလောင်နေသည့် တဲများကို ဖြတ်ကာ ထွက်ပြေးကြသဖြင့် မီးလောင်ဒဏ်ရာရ သံဃာအရေအတွက် ပိုမိုများပြားလာခြင်းဖြစ်သည်။

တစ်ရက် ကြိုတင် သတိပေးသည်။ ဂရုမစိုက်ပါ။
တီဗွီ၊ သတင်းစာ များတွင် သတိပေး ကြေငြာခဲ့သည်။ ဂရုမစိုက်ပါ။
အနီးအနားမှ Speaker ဖြင့်အော် ကာ မကြား၊ ကြားအောင် အော်ဟစ် သတိပေးသည်။ ဂရုမစိုက်ခဲ့ကြပါ။
မီးသတ်ပိုက်ဖြင့် ရေဖြန်း လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
မီးခိုးဗုံးပစ်ကာ လူစုခွဲသည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
တဲတွေမီးလောင်ကုန်သည်။ ဂရုမစိုက်ပါ။ ဆက်ပြီးထိုင်နေကြသည်။ (ဘယ်လိုလုပ်ရမလဲ?)
ခန္ဓာကိုယ် မီးစွဲကာ လောင်ကုန်သည်။ ဂရုမစိုက်လို့မရတော့ပါ။ ပြေးကြကုန်လေသည်။

ဘယ်ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ဝတ်ထားသော သင်္ဃန်းကို မီးတုတ်နှင့်သွားမရှို့ပါ။ မီးလောင်နေသော သပိတ်စခန်းများသည် ဝင်ရထွက်ရ ခက်ခဲသော် အလုံပိတ် အခန်းတွေမဟုတ်ပါ။ တံခါးတချပ်မှ မရှိသော ဟာလာ ဟင်းလင်း များသာဖြစ်သည်။ မီလောင် ဒဏ်ရာရသူများသည် အဘယ့်ကြောင့် ဒဏ်ရာရကြသနည်း?? မေးခွန်းထုတ်စရာဖြစ်သည်။


စကားပုံတစ်ခုကို သတိရမိသည်
"မည်သူမပြု မိမိမှု"

Myanmar Express

တရုတ်သို့ သစ်မှောင်ခိုတင်ပို့မှု အာဏာပိုင်များ လျစ်လျူရှု့နေ

ယခုနှစ် ပွင့်လင်းရာသီ စတင်ချိန်မှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မိုးမိတ်နှင့် မဘိန်းနယ်တစ်ဝိုက်မှ သစ်မာများ ကို မန္တလေး - ဗန်းမော်ကားလမ်းမှ တဆင့် ဗန်းမော်မြို့ကို ဖြတ်၍ တရုတ်နယ်စပ် လွယ်ဂျယ်ဘက်သို့ တရားမဝင်တင်ပို့နေမှုများ ကျယ်ပြန့် စွာ ဖြစ်ပေါ်နေကြောင်း ဗန်းမော်မြို့ခံများ အဆိုအရ သိရသည် ။

သစ်တင်ကား

အောက်တိုဘာလပိုင်းကစ၍ သစ်တင်ပို့မှုများ စတင်ခဲ့ပြီး ယခုလ ၂၃ ရက်နေ့က သစ်ကားတန်း ဖြတ်သန်းမှုကြောင့် ဗန်းမော်မြို့ အဝင် ဟန်းတဲရွာ တံတားကျိုးကျခဲ့ရာ လူသေဆုံးမှုရှိခဲ့ပြီး ၄င်းဖြစ်စဉ်အပေါ် ဗန်းမော်မြို့ အာဏာပိုင်များက အမှုမှန်ဖေါ်ထုတ်ခြင်း မရှိပဲ ဖုံးကွယ်ထားကြောင်း ဗန်းမော်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“မန်စီဘက်ကနေ ဗန်းမော်မြို့ထဲအဝင် ဟန်းတဲတံတားပေါ့။ အဲဒီနေ့ မနက် ၂ နာရီလောက်က သစ်ကား ၁၉ စီး ဖြတ်တယ်။ ကျန်တဲ့ကားတစ်စီးက ၄ နာရီလောက်မှာ ဖြတ်တယ်။ ကားက လမ်းချော်နင်းလိုက်တာ တံတားကျိုးပြီး အောက်ထဲကို လုံးဝ ကျသွားတယ်။ ကားစပါယ်ယာသေသွားတယ်။ တံတားကျိုးတော့ အခု အောက်လမ်းကနေသွားနေရတယ်” ဟု သူက ဆိုသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့ အာဏာပိုင်များက ပိုင်ရှင်မဲ့ပြုလုပ်ထားသည့် အပေါ် မြို့ခံဝန်ထမ်းနှင့် နီးစပ်သူ တစ်ဦးက “ကားပိုင်ရှင်ဘယ်သူလဲ ဆိုတာ တစ်မြို့လုံး သိနေတာပဲ။ ဒါပေမဲ့ ကားက ၀စ်သောက် ဆိုတော့ မော်တော်ယာဉ်ရုံးမှာတော့ တရားဝင်လိုင်စင် ဘယ်ရှာလို့ရမလဲ။ အခု ပိုင်ရှင်မဲ့ လုပ်ထားတယ်” ဟု ဆိုသည်။

ယခုကျိုးကျသည့် တံတားနေရာ၌ ဗန်းမော်မြို့နယ်ရဲစခန်းနှင့် အုပ်ချုပ်ရေး အာဏာပိုင်များက သစ်ကားသမား များထံမှ ကယ်ရီကြေးငွေ တောင်းယူနေသဖြင့် အဆိုပါသစ်ကား တိမ်းမှောက်၍ လူသေဆုံးမှုအပေါ် ဖုံးကွယ် ထားခြင်း ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ယခုအခါ မန္တလေး - ဗန်းမော်လမ်းမှ တဆင့် တရုတ်ဘက် တရားမဝင်သစ်သယ်ယူမှုများ တွင်ကျယ်နေရာ ကားလမ်း တစ်လျှောက် သစ်ပုံများ ၊ ဈေးဆိုင်များဖြင့် ပွဲကဲ့သို့ စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ ကျွန်း ၊ သံမလမ်း ၊ ပိတောက် ကဲ့သို့သော သစ်မာ အမျိုးအစား များကို တရုတ်နယ်စပ်ဘက်သို့ တရားမဝင်တင်ပို့ ရောင်းချမှုများ ဆယ်စုနှစ် နှစ်စုခန့် ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ကချင်ပြည်နယ် အတွင်း၌ သစ်များ မရှိသလောက် ရှားပါးလာပြီး ယခုနှစ်တွင် သျှမ်းပြည် (မြောက်ပိုင်း) နှင့် မန္တလေးတိုင်း အတွင်းမှ သစ်များ သယ်ယူနေကြောင်း သိရသည်။

ဒီကပါ။

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်


ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက် အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက် စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်း ထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့်နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိ ရောင်းချနေသော ၂ သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန် ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်း အနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများ ခေါ်ယူထားကြောင်းသိရသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27953

တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသားများ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မားနိုင်


တစ်နေ့လျှင် အချိုရည် တစ်ခွက် ပုံမှန် သောက်သုံးသည့် အမျိုးသား များသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ပို၍ မြင့်မား နိုင်ကြောင်း ဆွီဒင်နိုင်ငံ လန်းဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့ သင်တန်းတက်ရောက် နေသည့် ကျောင်းသူ တစ်ဦးဖြစ်သူ အစ္စဘဲလ် ဒရိတ်၏ ပြောကြားချက် အရသိရသည်။

ဆွီဒင် နိုင်ငံမှ အသက် ၄ ၅ နှစ်နှင့် ၇၃နှစ် အရွယ်ရှိ အမျိုးသား ၈ဝဝဝ ကျော်ကို ၁၅ နှစ်ကြာ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ သကြားများဖြင့် ထုတ်လုပ်ထားသော အချိုရည် များနှင့် အခြား ဖျော်ရည် များကို တစ်နေ့လျှင် ၃၃ဝ မီလီလီတာ ခန့် သောက်သုံးသော အမျိုးသားများ အနက် ၄ဝ ရာခိုင်နှုန်း သည် ဆီးကျိတ် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ် တိုးမြင့် လာသည်ကို တွေ့ရှိ ရသည်။

ထမင်းနှင့် အီတလီ ခေါက်ဆွဲကဲ့သို့ အစားအစာ များကို များများ စားသုံး သည့် အမျိုးသား များသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှု အန္တရာယ် ၃၁ ရာခိုင်နှုန်းခန့် ရှိပြီး သကြားဖြင့် ပြုလုပ် ထားသည့် နံနက်စာ စားသောက် ဖွယ်ရာ များကို များစွာ စားသုံးခြင်း သည်လည်း ဆီးကျိတ် ကင်ဆာ ဖြစ်ပွား မှု အန္တရာယ် ၃၈ ရာခိုင်နှုန်း မြင့်တက် စေနိုင်ကြောင်း ဒရိတ်က ၎င်း၏ လေ့လာ ဆန်းစစ်ချက် များတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူပုဂ္ဂိုလ် တစ်ဦးသည် အချိုရည်များစွာ သောက်သုံးမှုကို လျှော့ချသင့်ကြောင်း ဒရိတ်က ပြောကြား ခဲ့သည်။ သို့သော်လည်း စားသောက်မှု ပုံစံမပြောင်းမီ နောက်ထပ် သုတေသန ပြုလုပ်ရန် လိုအပ် နေကြောင်း သိရသည်။

ဒီကပါ။

မိုဘိုင်းဖုန်းများ၏ အင်တာနက်နှုန်းထားများ ပြောင်းလဲတိုးမြှင့် ကောက်ခံမည့် သတင်း ပြည်သူများ ကန့်ကွက်

လက်ရှိ အသုံးပြုနေသော မိုဘိုင်းဖုန်းများ၏ အင်တာနက် နှုန်းထားများကို GSM ဖုန်းဆိုလျှင် တစ်မိနစ် ၂ ကျပ်နှုန်းနှင့် WCDMA နှင့် CDMA 800 MHz ဖုန်းများဆိုလျှင် တစ်မိနစ်ကို (per minute) ၄ ကျပ်နှုန်းဖြင့် ကောက်ခံနေရာမှ ယခုအခါ data usage plan အပေါ် အခြေခံ၍ ပြောင်းလဲကောက်ခံသွားမည်ဟု အင်တာနက် စာမျက်နှာများမှတစ်ဆင့် သတင်းများ ထွက်ပေါ်နေရာ ယင်းအပေါ် ပြည်သူများ အကြားတွင် ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းက “လောလောဆယ်က သူတို့က ယာယီဈေးနှုန်းလို့တော့ ပြောထားတယ်ပေါ့။ ယာယီဈေးနှုန်း အရတော့ အတော့်ကို များပါတယ်။

India ၏ Airtel ဆက်သွယ်ရေးကုမ္ပဏီ၏ 3G အင်တာနက်ဈေးနှုန်းက 10GB ကို လစဉ်ကြေး ရူပီး ၁၅၀၀ ပေးရပါတယ်။ မြန်မာကျပ်ငွေ နှစ်သောင်းနှစ်ထောင်ဝန်းကျင် ကျသင့်ပါတယ်။ တွက်ချက်ကြည့်ရင် 1GB ကို နှစ်ထောင့်နှစ်ရာဝန်းကျင် ကျသင့်ပါတယ်။

အခု MPT က 2GB ကို ၇၀၀၀ ဆိုတော့ 10GB ဆိုရင် သုံးသောင်းခွဲတော့ ကျပါတယ်။ ဒါကလဲ အခုလေးတင် ပြောင်းသွားတဲ့ဈေးပါ။ အခု skynet ကနေ လွှင့်ပေးနေတာတော့ တွေ့ရပါတယ်။

လောလောဆယ်တော့ သုံးသပ်လို့မရဘူး ဖြစ်နေပါတယ်။ အရင်မိနစ်နဲ့ ကောက်တဲ့စနစ်နဲ့ တွက်ချက်ကြည့်ရင် 1MB ကို တစ်ကျပ်နှုန်းကောက်မှ အရင်နှုန်းနဲ့ တူမှာပါ” ဟု ပြောသည်။

ယင်းနှင့်ပတ်သက်၍ www.myanmarmobileapp.com ၏ ဖေ့ဘုတ် စာမျက်နှာတွင် မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲသူ ပြည်သူများက ယင်းနှုန်းထားနှင့်သာ ကောက်ခံမည်ဆိုပါက ယင်းကို လက်မခံနိုင်ကြောင်း ဝင်ရောက်မှတ်ချက်ပြု ရေးသားထားကြသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.khitlunge.net.mm/news/news_detail.aspx?info_id=27955

ကားတိမ်းမှောက်၍ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ် ၃ ဦး သေဆုံး


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ကားတိမ်းမှောက်ရာမှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ တရုတ် အမျိုးသား (၃) ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

နိုဝင်္ဘာလ ၂၈ ရက်ထုတ် ကြေးမုံ သတင်းစာ အရ သေဆုံးသွားသူများမှာ လာဒကီ (၄၂) နှစ်၊ မစ္စတာ ချိုင်ဂျော့လိုင် (၃၇) နှစ်နှင့် မစ္စတာ မာဖူး (၅၈) နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ရန်ကုန်မှ မန္တလေးသို့ ဒရိုင်ဘာ ဇော်မင်းချန် မောင်းနှင် လာသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပါဂျဲရိုး ယာဉ် အမှတ် ၅၈ သည် မိုင်တိုင် အမှတ် ၃၁၂⁄၈ အနီး အရောက်တွင် ကားဝဲဘက် ဘီးပေါက်ကာ အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့သည်ဟု ဆိုသည်။

ကားဒရိုင်ဘာ ဇော်မင်းချန် (၃၈) နှစ်နှင့် နောက်တရုတ် အမျိုးသား တစ်ဦးဖြစ်သူ ယောင်ရှားတောင် (၃၅) နှစ်တို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပြီး မန္တလေး ဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တင်ထားရသည်ဟု သိရသည်။

ဒီကပါ။

Thursday, November 29, 2012

အဏုမြူလက်နက် မရှိကြောင်း မြန်မာက သက်သေပြရန် IAEA တွင် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေ


မြန်မာနိုင်ငံတွင် အဏုမြူလက်နက် မရှိကြောင်း မြန်မာအစိုးရက မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ဆုံး သက်သေအဖြစ် IAEA (နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ) နှင့် အဏုမြူကင်းရှင်းကြောင်း လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်ကြောင်း ၂၂.၁၁.၂၀၁၂ ရက်က သိရသည်။

“မြန်မာအစိုးရရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က အလွန်ကောင်းမွန်တဲ့ အပေါင်းလက္ခဏာပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်း အတွက် နျူကလီးယားကိစ္စ အခိုင်အမာ ရှေ့တိုးလိုက်ခြင်းက ကောင်းမွန်ပါတယ်” ဟု ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ လက်နက်မပြန့်ပွားရေး အုပ်စု (ISIS) မှ David Albright နှင့် Andrea Stricker တို့က သုံးသပ်ပြောကြားလိုက်သည်။

Business Times သတင်း၏ ဖော်ပြချက်အရ မြန်မာ အစိုးရအနေဖြင့် နျူကလီးယားဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ အားလုံးကို ကြေညာသွားမည်ဖြစ်ပြီး IAEA ကို လိုအပ်သလို ဝင်ရောက်စစ်ဆေးခွင့် ပြုမည်ဟု သိ၇သည်။

မြန်မာနိုင်ငံသည် IAEA တွင် ၁၉၅၇ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် အဏုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကိုလည်းကောင်း၊ ၁၉၉၅ တွင် နောက်တိုး သဘောတူညီချက် ဖြစ်သည့် စောင့်ကြည့် ထိန်းသိမ်းရေးစာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူကင်းစင်ရေး စာချုပ်၊ ၁၉၉၆ တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ကာ ယခုတစ်ကြိမ် လက်မှတ်ရေးထိုးမည်မှာလည်း နောက်တိုးအချက် တစ်ချက်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

NLD ပါတီအတွင်း စိတ်ဝမ်းကွဲမှုနှင့် မကြေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိ


လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအတွင်း အကွဲအပြဲများ ၊ အချင်းချင်းတရားစွဲဆိုမှုများ ၊ အုပ်စုလိုက် နုတ်ထွက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိ ရသည်။ ယခင်က ၎င်းကဲ့သို့ ပြသနာမျိုး NLD ပါတီအတွင်း ဖြစ်ပွားလေ့မရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ရာမှ NLD အဖွဲ့အတွင်း အကွဲအပြဲများ စတင်ဖြစ်ပေါ်လာကြောင်း သိရသည်။

အထူးသဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပညာတက်လူငယ်များကို ပွဲထုတ်လာသောအခါ ယခင် အစိုးရလက်ထက်တွင် ပါတီအတွက် အနှိပ်စက်ခံ၊ ထောင်ကျခံခဲ့ရသော ပါတီဝင်များက မကျေနပ်မှုများ ဖြစ်စေခဲ့သည်။ ထူးခြားသောဖြစ်စဉ်အဖြစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့တွင် NLD ပါတီဝင် (၂၀၀) ဦး စုပေါင်းနှုတ်ထွက်ခဲ့သည်။ ၎င်းဖြစ်စဉ်နောက်ပိုင်း အချို့နေရာများတွင် အုပ်စုလိုက်နှုတ်ထွက်မှုများ မကြာခဏဖြစ်ပွားလာသည်။

ယခုလ (၂၆) ရက်နေ့က ရွှေပြည်သာမြို့နယ် ၊ အမှတ် (၁၆) ရပ်ကွက်မှ ရပ်ကျေးပါတီရုံးခန်းဖွင့်ထားသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ စိုးကျော်ထွန်းမှ ၎င်းအပါအ၀င် ရပ်ကွက်အတွင်းရှိ NLD ပါတီဝင်များအားလုံး ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုက်ကြောင်း ပြောဆိုပြီး မြို့နယ် NLD ရုံးတွင် ပါတီဝင် ကဒ်ပြားများလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။ ၎င်းတို့အကြောင်း ပြချက်မှာ NLD မြို့နယ်ညီလာခံသို့ တက်ရောက်ရမည့် ရပ်ကျေး ကိုယ်စားလှယ် ရွေးချယ်ခြင်းကို မကျေနပ်၍ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခုလ (၂၆) ရက်နေ့တွင်ပင် မအူပင်မြို့နယ်တွင် NLD ပါတီဝင် ဒေါ်ဝင်းဝင်းတိုးမှ မအူပင်ခရိုင်၊ မြို့နယ် NLD ပါတီ ညီလာခံကျင်းပရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ကျေနပ်မှုမရှိသောကြောင့် ၎င်းဦးဆောင်၍ မြို့နယ်အတွင်းရှိ NLD ပါတီဝင် (၅၀၀) ခန့်ဖြင့် ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ထို့ပြင် ပြည်မြို့တွင်လည်း ပြည်မြို့နယ် NLD ပါတီမှ ခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းမှ NLD တိုင်းညီလာခံ ကျင်းပရေးအတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဝင်းနှင့် NLD မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌ စိုးဝင်းမောင် တို့နှစ်ဦးအား ပါတီရန်ပုံငွေ အလွဲသုံးစားလုပ်မှုနှင့် ပတ်သက်၍ တရားစွဲဆိုထား ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် သမ္မတ၏ မြန်မာပြည်ခရီးစဉ်အတွင်း အမေရိကန် သမ္မတမှ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အား နမ်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်မှ NLD ပါတီဝင်များမှ ဆန္ဒပြရန် ပြင်ဆင်လျက် ရှိကြောင်း သိရှိရသည်။

http://lwinpyinoo.blogspot.com/2012/11/nld.html

ဒါတွေသိမှ Internet ကို ဖုန်းနဲ့ သုံးပါ။


မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage

- အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်
- YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်
- Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်
- Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်
- Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်
- Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်
- Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်
- Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်

Video streaming

Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။

Radio streaming

Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။

Google maps

ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook

ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။

Email

ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။

Apps and games


Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။

Music

Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။

Standard web pages

အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။

Skype

Skype အတွက် typical data usage တွေကတော့ Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်

Viber

Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kbps ဖြစ်ပြီး 1 min ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)

100 Kb (2 ကျပ်)
1 MB (20 ကျပ်)
100 MB (1500 – 1800 ကျပ်)

http://www.myanmarnewshub.com/?p=48760

မြန်မာ့ဆက်သွယ်ရေးနဲ့ ဖုန်း အင်တာနက်အရှုပ်တော်ပုံ

မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းမှာ ကျနော်လည်း အင်တာနက်သုံးလို့ အဆင်ပြေအောင်ဆိုပြီး ဖုန်းကဒ်လေးတခု လုပ်လိုက်ပါတယ်။ မြန်မာပြည်မှာ ဖုန်းနဲ့သုံးရင် အင်တာနက်မြန်နှုန်း အကောင်းဆုံးပါဆိုတဲ့ CDMA 800 လိုင်းပါ။ Redlink စတဲ့ အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေရှိပေမယ့် အင်တာနက်ဈေးနှုန်းတွေက တော်ရုံတန်ရုံလူလတ်တန်းစားဝင်ငွေလောက်နဲ့တောင် အနားမကပ်နိုင်ပါဘူး။

ဒါကြောင့် မြန်မာပြည်တွင်းက အင်တာနက်အသုံးပြုသူတော်တော်များများဟာ ဖုန်း SIM ကဒ်နဲ့ အင်တာနက်သုံးကြတာပဲများပါတယ်။ သြော်… ကျနော်သိသလောက် မြန်မာပြည်ကဖုန်းကဒ်တွေအကြောင်း နည်းနည်းပြောချင်တယ်။ CDMA 800 ၊ CDMA 450 ၊ WCDMA နဲ့ GSM ကဒ်တွေဆိုပြီး မြန်မာပြည်မှာ သုံးကြပါတယ်။ CDMA 800 ကို ကမ်းရိုးတန်းဖုန်းလို့ခေါ်ကြပြီး တရုတ်နိုင်ငံကထုတ်တဲ့ ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေနဲ့ သုံးလို့မရပါဘူး။

ရန်ကုန်ကနေထွက်ပြီး ထောက်ကြန့်လောက်လွန်တာနဲ့ လိုင်းမရှိတော့ပါဘူး။ မန္တလေးမြို့တွင်း၊ နေပြည်တော်မြို့တွင်းလောက်ပဲ လိုင်းမိပါတယ်။ တချို့CDMA 450 လိုင်းရှိတဲ့မြို့တွေမှာဆိုရင်တော့ CDMA 800 ကဒ်ကို CDMA 450 ဟမ်းဆက်ထဲထည့်ပြီး သုံးလို့ရပါတယ်။ ဆိုလိုတာကတော့ CDMA 800 ကဒ်သုံးမယ်ဆိုရင် CDMA 800 ဟမ်းဆက်နဲ့ CDMA 450 ဟမ်းဆက်နှစ်ခုဆောင်ထားမှ အဆင်ပြေနိုင်မှာပါ။

CDMA 450 ကိုနေပြည်တော်ဖုန်းလို့ခေါ်ကြပြီး CDMA 800 လိုပဲ တရုတ်ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေ သုံးလို့မရပါဘူး။ WCDMA ကဒ်ကိုလည်း အင်တာနက်သုံးဖို့ အဓိကထုတ်ထားတယ်လို့ ကြားသိရပြီး CDMA တွေအတိုင်းပါပဲ။ လူသုံးနည်းတယ်လို့ ထင်ပါတယ်။

GSM ကဒ်တွေကတော့ ဟိုအရင်ကထုတ်ခဲ့တဲ့ ၁၅ သိန်းတန်၊ ၅ သိန်းတန်ကဒ်တွေအပြင် မကြာခင်ကပဲ နှစ်သိန်းတန်ကဒ်ဆိုပြီး ထပ်မံထုတ်ပါတယ်။ နှစ်သိန်းတန်ဖုန်းကဒ်ထွက်လာတုန်းက 3G GSM ကဒ်ဆိုပြီး နှစ်သိန်းခွဲနဲ့ရောင်းတယ်လို့ ကြားမိပါသေးတယ်။ 2G GSM နဲ့ 3G GSM ကို အကောင့်သား ဆသရက ဘယ်လိုသတ်မှတ်ခွဲခြားထားလည်းတော့ ကျနော်လည်း မသိပါဘူး။ ခုထိတော့ မြန်မာပြည်မှာ 3G ဖုန်းစနစ်အသုံးပြုလို့ မရသေးပါဘူး။

ဖုန်းခေါ်ရတာ အဆင်ပြေမပြေဆိုတာတော့ ကျနော်ပြည်ပမှနေတုန်းက ကာတွန်းလေးတပုဒ်ဖတ်ဖူးပါတယ်။ “ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကနေ ညာဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကိုခေါ်တာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်။ ငါ့ကိုဗြောင်လိမ်တယ်” ဆိုတဲ့ကာတွန်းလေးပါ။ မြန်မာပြည်ပြန်ရောက်တော့ အဲဒါကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရပါတယ်။

GSM ကဒ်တွေကို နှစ်သိန်းနဲ့ ဗုံးဘောလအောစရောင်းကတည်းက GSM ဖုန်းတွေကို ခေါ်ရတာခက်လာပါတယ်။ နည်းပညာပိုင်းကို မြှင့်တင်ပေးခြင်းမရှိဘဲ ကဒ်တွေကိုပဲရောင်းထုတ်နေတာဆိုတော့ လိုင်းကျပ်တယ်ဆိုလား။ ခေါ်လို့မလွယ်တော့ပါဘူး။ အဲတုန်းက CDMA 800 ဖုန်းကဒ်ကိုင်ထားတဲ့ကျနော် မင်းသားခဏဖြစ်လိုက်သေးတယ်။ ရန်ကုန်တွင်းမှာဆို ရေအိမ်ထဲမှာတောင် လိုင်းမိတယ်လေ။ သိပ်မကြာပါဘူးဗျာ။ CDMA 800 အတွက် တာဝါတိုင်တွေ မတိုးချဲ့တော့ဘူးဆိုတဲ့သတင်းထွက်လာတော့ ကျနော်လည်း ဆသရကို ကောင်းကောင်းမေတ္တာပို့တာပေါ့။

စကားမစပ်ပြောရအုံးမယ်။ မြန်မာနိုင်ငံမှာ ဖုန်း SIM Card ကို နှစ်သိန်းနဲ့ဝယ်ပြီးရင် (ယခုဈေးနှုန်း) မပြီးသေးပါဘူး။ အင်တာနက်သုံးချင်ရင် အင်တာနက်လိုင်းထပ်လျှောက်ရပါတယ်။ ယခုပေါက်ဈေး နှစ်သောင်းလောက်ရှိပါတယ်။ နောက်ပိုင်း 3G သုံးလို့ရပြီဆိုရင်လည်း 2G GSM တွေ 3G ကိုအသုံးပြုချင်ရင် ဘယ်လောက်ထပ်မံပေးရမယ်ဆိုတာ လာအုံးမယ်ထင်ပါတယ်။ နောက်တခုအနေနဲ့ကတော့ ဖုန်း SIM Card ကဒ်ရောင်းတာနဲ့ပတ်သတ်ပြီး တော်တော်လေးကို ဂွတီးဂွကျနိုင်တဲ့ စာတကြောင်းကို ကျနော်တွေ့ရပါတယ်။ “နှစ်သိန်းတန်ဖုန်းကဒ်များကို နှစ်သိန်းနှင့်ရောင်းပေးပါသည်” တဲ့ဗျာ။ ဘာကြောင့်၊ ဘယ့်သူချို့ယွင်းမှုလဲတော့ မသိတော့ပါဘူး။

ဖုန်းခေါ်ဆိုခအနေနဲ့တော့ ဟမ်းဖုန်းအားလုံးဟာ ပြည်တွင်းခေါ်ဆိုခ တမိနစ်ကို ၅၀ ကျပ်ဖြတ်ပါတယ်။ Auto Phone လို့ခေါ်ကြတဲ့ အိမ်သုံးကြိုးဖုန်းတွေကတော့ တမိနစ်ကို ၂၅ ကျပ်ဖြတ်ပါတယ်။ အရင်တုန်းက GSM ဟမ်းဖုန်းတွေလည်း postpaid system (လပေးစနစ်)နဲ့ပဲ ရှိနေသေးတဲ့အချိန်မှာ ပိုက်ဆံသွားဆောင်တဲ့အချိန်ဆိုရင် ၁၅ ပေပတ်လည်လောက် ဆသရရုံးထဲမှာ ဖုန်းဖိုးလာဆောင်ကြတဲ့ လူတွေဟာ ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးထားတဲ့အတိုင်းပါပဲ။

ခုတော့ GSM ဟမ်းဖုန်းကိုင်ကြသူများလည်း Prepaid system ဖြစ်လာတော့ အဲဒီဒုက္ခချုပ်ငြိမ်းသွားကြပါပြီ။ (မြန်မာ့ဖုန်းဝန်ဆောင်မှုနဲ့ ဖုန်းဘေလ်သွင်းတဲ့စနစ်ကို ဟစ်တလာတောင် လက်မြှောက်ပါတယ်ဆိုတဲ့ ဗွီဒီယိုအတိုလေးတောင် အင်တာနက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်) မယုံမရှိကြပါနဲ့။ အဲဒါအမှန်အတိုင်းပါပဲ။

အင်တာနက်အသုံးပြုတာအနေနဲ့တော့ CDMA 800 လိုင်းဟာ အင်တာနက်သုံးရင် တမိနစ်ကို ၄ ကျပ်ဖြတ်ပါတယ်။ GSM ကဒ်နဲ့ သုံးရင်တော့ တမိနစ်ကို ၂ ကျပ်ဖြတ်ပါတယ်။ ဒါပေမယ့် နှေးတာချင်းတော့ တူတူပါပဲ။ ပိုက်ဆံဖြတ်တာပဲ ကွာသွားတာပါ။ တခါတလေဆို Gtalk တောင် ၀င်လို့မရပါဘူး။ ပိုက်ဆံဖြတ်တာတော့ ဘာလို့ကွာသွားသလဲမေးရင် အနှေးပြိုင်ရင်း ကွာသွားတယ်လို့ ပြောရမယ်ထင်ပါတယ်။

နိုင်ငံတကာမှာ အင်တာနက်မြန်နှုန်းတွေ ဖုန်းဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် သုံးတဲ့သူတွေ အဆင်ပြေသထက်ပြေအောင် ၀န်ဆောင်ပေးနေကြပြီး အသုံးပြုခတွေ၊ ဖုန်းပြောခတွေကိုတော့ လျှော့သထက်လျှော့ နည်းသထက်နည်းအောင် လျှော့ချပေးနေကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံက မြန်မာ့ဆက်သွယ်ရေးနဲ့တော့ ပြောင်းပြန်အချိုးကျနေပါတယ်။

အခုဆိုရင်ပဲ အင်တာနက်အသုံးပြုခတွေကို Data Usages အနေနဲ့ ဒီဇင်ဘာ ၁-ရက်ကစပြီး ပြောင်းလဲကောက်ခံမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ အသုံးပြုခလျာထားမှုအရ viber နဲ့အင်တာနက်ဖုန်းခေါ်ဆိုရင် တမိနစ်ကို ၅ ကျပ်နှုန်း၊ Facebook အသုံးပြုရင် တမိနစ်ကို ၂၀ ကျပ်နှုန်း ဆိုပြီး ပညာရှင်များက တွက်ပြပါတယ်။ ယခင်မိနစ်နဲ့ဖြတ်တာနဲ့စာရင် အများကြီးတက်သွားတဲ့ဈေးနှုန်းပါ။ ဖုန်းကဒ်ဈေးနှုန်းတွေ ယခင်အင်တာနက်အသုံးပြုခတွေဟာ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ သာမာန်ပြည်သူတယောက်ရဲ့ဝင်ငွေနဲ့ ဆိုရင် အဆမတန် (အဆမတန်) ကို ကြီးမြင့်နေပါသေးတယ်။

ဖုန်းလိုင်းကောင်းတာမကောင်းတာ ငါတို့အလုပ်မဟုတ်ဘူး။ ဖုန်းကဒ်ရောင်းဖို့က ငါတို့အလုပ်ပဲဆိုတဲ့ပုံစံနဲ့ ပြည်သူတွေဆီကငွေကိုလည်း နှစ်သိန်းတန်ဖုန်းကဒ်ဆိုတာနဲ့ သဲ့ယူပြီးပါပြီ။ နည်းပညာပိုင်းအားနည်းလို့ ဖုန်းခေါ်ရခက် စိတ်ညစ်ဒုက္ခရောက်ရတော့ ပြည်သူတွေပဲဖြစ် ပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားလို့ ပါချသမျှ ချီးက မြန်မာပြည်သူတွေရဲ့ ခေါင်းပေါ်မှာပါ။ ယခုတခါထပ်ပြီး အင်တာနက်အသုံးပြုခကို ပြောင်းလဲတိုးမြှင့်ကောက်ခံမယ်ဆိုပြီး မြန်မာ့ဆက်သွယ်ရေးက ရိုက်စားဂွင်ကြီးနဲ့ ပြည်သူချွေးနည်းစာကို ထပ်မံလိမ်ညာယူကြအုံးမယ်ဆိုရင်။ ။

http://www.myanmarnewshub.com/?p=48765

Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲခအား ယခင်က သုံးစွဲချိန်အပေါ်မူတည်၍ တွက်ချက်သော Time Based Charging စနစ်ဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မိမိအသုံးပြုသော ပမာဏအလိုက် ပေးချေရမည့် Volume Based Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ Time Based Charging စနစ်ကိုအခြေခံ၍ အင်တာနက်သုံးစွဲခများအား GSM တယ်လီဖုန်းများအတွက် တစ်မိနစ်လျှင်(၂)ကျပ်နှုန်း၊ WCDMA/CDMA 800 တယ်လီဖုန်းများအတွက် တစ်မိန်စလျှင်(၄)ကျပ်နှုန်းဖြင့် ကောက်ခံခြင်းဖြစ်သည်။

(Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် မိုဘိုင်းအင်တာနက်သုံးခနှုန်းထားများ)

Volume Based Charging စနစ်ဖြင့် ကောက်ခံမည့်နှုန်းထားများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

- Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံ ပါမည်။ ကြိုက်သလောက်သုံး၊ ကျသလောက်ပေးဖြစ်ပါသည်။

- Plan B သည် Monthly Usage Plan ဖြစ်ပြီး ၊ လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပပိုသော Data Usage ကို 100 Kbyte လျှင် (၂)ကျပ် နှုန်းထပ်မံကောက်ခံပါသည်။

- Plan Cသည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကိုအသုံးပြုခွင့်ရပါမည်။ 1 Gbyte ထက်ပိုသော Data Usage ကို 100 Kbyte လျှင် (၂) ကျပ် နှုန်းထပ်မံကောက်ခံပါမည်။

အဆိုပါ Plan များအနက် Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော မိုဘိုင်းအင်တာနက်သုံးစွဲသူများသည် ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံမိုဘိုင်းဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်း မန်နေဂျာရုံးများမှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်သွယ် ဆန္ဒပြုခြင်းမရှိသော မိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူ Plan A (Unlimited Data Plan) ဖြင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ အသိပေးထုတ်ပြန်ချက်ကို ဖတ်ရှုရန် http://www.myanmarnewshub.com/?p=48769