Wednesday, October 10, 2012

ကချင်မှာ မြန်မာ့ စစ်တပ် စစ်နည်းဗျူဟာသစ်ကြောင့် KIA အကျအဆုံးများနေ

အောက်တိုဘာ (၉) ရက်တွင် အစိုးရတပ်များ ခံစစ်ယူထားသော ဒေါ့ဖုန်းယန်မှ ၅ မိုင်ခန့်အကွာရှိ လွယ်ဂျေဘွမ်စခန်းအား KIA တပ်မဟာ(၅) တပ်ရင်း (၂၄) မှ ၀င်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းတွင် အစိုးရတပ်ရင်းတစ်ရင်းမှ ခံစစ်ယူထားစဉ် KIA တပ်များမှ နေ့လည် (၁) နာရီခွဲခန့်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ အစိုးရတပ်၏ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် KIA တပ်များ အကျအဆုံးများစွာဖြင့် ညနေ(၃) နာရီခန့်တွင် ပြန်ဆုတ် သွားကြောင်း သိရပါသည်။

“ အရင်တုန်းက အဲ့ဒီစခန်းမှာ ဗမာစစ်သား အယောက်(၂၀)ကျော်နဲ့ စခန်းတည်ထားတာ၊ ခု အချိန်ဆိုတော့ တပ်ရင်းတစ်ရင်းကျော်လောက်ရှိမယ်ထင်တယ်။ အဲဒါကို KIA က အရင်လိုဘဲထင်လို့လား မသိဘူး၊ သွားတိုက်တာ၊ စပစ်ကြကတည်းက ဗမာတပ်တွေရဲ့ ကတုတ်ကျင်းတွေထဲကနေ ဘာသေနတ်တွေနဲ့လဲ မသိဘူး၊ ပြန်ပစ် လိုက်တာ၊ KIA တွေ ပြန်လန်ကျတာ မြင်လို့တောင်မကောင်းဘူး၊ KIA ကတော့ အပိုင်ဆိုပြီး သွားတိုက်တာ ဟိုက ကျင်းထဲ ကနေ အပိုင်ပြန်ပစ်လိုက်တာ၊ နောက်ဆုံး KIA တွေ အလောင်းတောင် ပြန်မကောက်နိုင်ဘူး။ ပြန်ဆုတ်သွားကြတယ်” ဟု ဒေသခံတောင်ယာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွင် KIA မှ အယောက် ၂၀ ခန့် ကျမည်ဟု ၎င်းဒေသခံ ဦးလဒွန်ဂွမ်က ခန့်မှန်းပြောဆိုသွားပါတယ်။

KIA တပ်တွေဟာ အောက်တိုဘာလအတွင်း အစိုးရတပ်များကိုယခင်ကထက်ပို၍ ပြင်းပြင်းထန်ထန် ပြန်လည်ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲများတွင် နှစ်ဘက်အကျအဆုံးများ လျက်ရှိပြီး စက်တင်ဘာလ(၂၄) ရက်နေ့က ဖြစ်ပွားခဲ့သော နန့်မော်တိုက်ပွဲတွင်လည်း KIA ဘက်မှ အယောက် (၃၀) ကျဆုံးသွားပြီး (၄၀) ခန့်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ အောက်တိုဘာလ(၅)ရက် တွင်လည်း ဖားကန့်ဂွေခါမော်တိုက်ပွဲမှာ KIA (၃) ယောက်ကျခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့သားကောင်း

4 comments:

  1. ကချင်ဖြောင့်တယ်ဆိုတာ တံစဉ်ကောက်သလောက်ရှိတယ်လို့ ကြားဖူးပါတယ် ကျုပ်ကြားဖူးတာကို ပြောတာနော် ဘာမှမရည်ရွယ်ဘူး

    ReplyDelete
  2. ကယန်းလေးOctober 10, 2012 at 10:27 PM

    နိုင်ငံတစ်ခုအတွက် ယင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်မယ့် အဖွဲ့အစည်းတစ်ခု မရှိမဖြစ် လိုအပ်ပါတယ်၊ ယင်းအဖွဲ့အစည်းဟာ နိုင်ငံအ၀ှမ်းမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ပါဝင်ရပါမယ်၊ လူမျိုးစုတစ်ခုတည်းပါတဲ့ အဖွဲ့အစည်းဟာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် မလိုအပ်ပါဘူး။

    ReplyDelete
  3. မြန်မာနိုင်ငံရဲ့တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံပါတယ် မဟုတ်ဖူးလားကိုကယန်းလေးရဲ့

    ReplyDelete
  4. တပ်ကထွက်ခွင့်မပေးလို့ဝင်မည့်သူမရှိဘူး
    ဆက်လုပ်လဲအိုမှထွက်ရမှာဆိုပီးပြေးကုန်
    တဲ့အင်အားက တိုက်ပွဲကျတာထက်များ
    နေတယ်။ အင်အားထိန်းတဲ့နည်းဗျူဟာ
    ပြောင်းသင့်ပီ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။