Thursday, May 31, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းလေဆိပ်တွင် VIP ထွက်ပေါက်မှ ထွက်ခွင့်မပြု ပဲ ရိုးရိုး သာမန် ခရီးသည် ဂိတ် ၁၀ က သာ ထွက်ခွင့်ပြု


ဖြစ်သလိုသွား၊ ဖြစ်သလို ပြော နေရတဲ့ ဒေါ်စု

From : http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?_r=3&ref=world

NLD့ ပါတီ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတော့ သံတမန်ရေးလုပ်ငန်းတွေ အတွက်ဘာမှမသိ ထိုင်းလေဆိပ် တွင်လဲ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် vip ဂိတ်ပေါက်မှထွက်ခွင့်မရခဲ့ကာ ရိုးရိုး ခရီးသည် ဂိတ် နံပတ် ၁၀ မှ ထွက်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။ နယူးယောက်တိုင်းသတင်းစာခေါင်းစဉ်းမှာတော့ ပြင်ဆင်မှုညံတယ် ( Amid Disorganization, Aung San Suu Kyi Visits Thailand ) လို့ ဖေါ်ပြထားတာတော့အတော့ကို ရှက်စရာကောင်းလှပါတယ်။ အထူးသဖြင့်ဒေါ်စု ပါတီက လူတွေက အဆင့်မြင့်သံတမန်ရေးလုပ်ငန်းတွေအတွက် အတော့ကိုလေ့ကျင့်ဖို့ လိုဦးမယ်။ဒေါ်စုကတော့ နှစ်ပေါင်းများစွာအိမ်မှာအကျယ်ချုပ်ခံထားရတော့ ထားပါတော့လေ။ အခုသူခရီးစဉ်ကို တာဝန်ခံ သူက ခွန်သာမြင့် လို့ သိရတယ်။ သူမှာ နိင်ငံရေးနဲ့ သံတမန်ရေး ဘာမှ အတွေ့ အကြုဲံမရှိ ဘူး။ သူက ဒေါ်စုအိမ်ကို ပဲ ပြင်တတ်သူတဦးသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့ နိင်ငံတကာ ခေါင်းဆောင် ကြီး ထိုင်းနိင်ငံထဲကို ၀င်လာတာက အတော့ကို ရုပ်ဆိုးလှတယ်။ ထိုင်းနိင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခြင်းလုံးဝမရှိဘူးလို့  ထိုင်းနိင်ငံခြားရေးဝန်ကြီး သနီ( Thani ) ဆိုတဲ့အကြောင်းကို နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားပါတယ်။ ဒုကသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းကို လာတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကို အသိပေးမထားပါဘူးတဲ့... ရောက်ခါနီးကြမှ လာမယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးက သိပါသတဲ့... ဒေါ်အောင်ဆန်းစုကြည် သွားမယ့်.. ဒုက္ခသည် စခန်းဆိုတာ ကန့်သတ် နယ်မြေပါတဲ့.. ထိုင်းအစိုးရက ခွင့်ပြုချက်ပေးမှ ၀င်ထွက်လို့ရပါသတဲ့.. ဒါပေမယ့်.. အဲ့ဒီကို သွားမယ်ဆိုတာကိုလည်း ဘာမှ အကြောင်းမကြားပါဘူးတဲ့.... ဦးဥာဏ်ဝင်း ကို ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားပါတယ်တဲ့.. ...

ဒီစခန်းတွေက နှစ်နိင်ငံကြားမှာ ပြသနာတရပ်ဖြစ်နေတဲ့စခန်းတွေ ဒီစခန်းတွေကိုသွားရင်ထိုင်းနိင်ငံရဲ့  ခွင့်ပြုချက်ကိုရယူဖို့ လိုပါတယ်။ ဒီလိုသွားရောက်လည်ပတ်ဖို့ အတွက်လည်း ဒေါ်စု ရဲ့ အဖွဲ့ က ထိုင်းအာဏာပိုင်တွေကို တရားဝင်အကြောင်းကြားမှုမရှိဘူးလို့  ဆိုပါတယ်။ အလားတူပဲထိုင်းနိင်ငံအခြေစို က် ဒုကသည်တွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့  BBC တာဝန်ရှိသူတွေကိုလည်းဆက်သွယ်ခြင်းမရှိဘူး။

ခွန်သာမြင့်ကိုဖုံးခေါ်ကြသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါါတယ်။ တပ်ခရိုင်ဝန်လည်း ဦးဏှောက်ခြောက်နေပါတယ်။ သူလာမယ်ဆိုတာကို မီဒီယာကပဲကြားရတယ်။ ကျနော်တို့  ကိုသူမရဲ့  အဖွဲ့ ကဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။ ဦးညဏ်ဝင်း ကိုဖုံးခေါ်သော်လည်း မရဘူးလို့ သိရတယ်။ ဒေါက်တာစင်သီယာဆေးခန်းကိုသွားရောက်ဖို့  ရှိသော်လည်း ဒေါက်တာစင်သီယာ မောင်ကိုလည်းဒေါ်စုနဲ့တွေ့ မဲ့ အစီအစဉ်မှာထည့်သွင်းမဆွဲထားဘူးလို့ သိရတယ်။ နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားချက်တွေအရ ဒေါ်စုခရီးစဉ်တာဝန်ယူထားတဲ့ အဖွဲ့ ဟာ တော်တော်လေးကို ဖယိုဖရဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒီကြားထဲ မီဒီယာနဲ့တွေရင် အတော်ကို စကားသွက်လှတဲ့ဒေါ်စုက သူကို မျော်လင့်တကြီးစောင့်စားနေတဲ့ မီဒီယာသမားတွေကို ဘာတခွန်းမှာ မပြောသွားဘူးလို့  ဆိုပြန်တယ်။ ဒီပုံနဲ့ဆိုရင်တော့ ဒီချုပ်တွေ စီမံခန့် ခွဲ ပုံတွေကြောင့် ဒီမိုကရေစီအရေး အတွက်ရင်လေးမိပါကြောင်း...

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ပေါ်ပျူလာ ဖြစ်တာချင်းတူပေမယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် က လေဒီဂါဂါ ခရီးစဉ်လောက် အားပေးသူ မများဟု ထိုင်းသတင်းစာတွင် ဖော်ပြ


ထိုင်းသတင်းစာမှာ အဖော်အချွတ် အဆိုတော် လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ တသားတည်း ယှဉ်တွဲဖော်ပြထားပါတယ်။

လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပေါ်ပြူလာ ဖြစ်တာချင်း တူညီပြီး လူအများ စိတ်ဝင်စားတာခြင်း တူညီပါတယ်။ လေဒီဂါဂါကို လူတွေ ဝိုင်းကြည့်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝိုင်းကြည့်ကြပါတယ်။

လေဒီဂါဂါ မိုက်ခဲချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်လည်း မိုက်ခဲတတ်ပါတယ်။

လေဒီဂါဂါက အလှတွေပြင်ပြီး sexy ဖြစ်အောင် လုပ်ပြချိန်မှာတော့ ဘာမှမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က အလှတွေပြင်ပြီး မျက်နှာချိုသွေးခြင်းကိုပဲ လုပ်ရပါတယ်။

အဖော်အချွတ်လေဒီဂါဂါ လာသလိုပင် ၎င်း တို့ နှစ်ယောက်လုံး မိုက်ကိုင်ချိန်မှာ လူအများက အောက်ကနေ တစ်ယောက်တပေါက် ဟော်ဟစ်တတ်ကြပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် လေဒီဂါဂါ ကို အားပေးသူများက နိုင်ငံခြားသားအများအပြား ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေးသူမှာ မြန်မာနိုင်ငံ သားတွေလောက်ပဲ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၂ မှာ သြဇာလွှမ်းမိုးနိုင်သူများ စာရင်းမှာ လေဒီဂါဂါ သာ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြုတ်ခဲ့ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ


မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။

မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော် ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ သော်လည်း ရေည၀ါဆရာတော်ကိုယ်တိုင် အလုပ်သမားထု ရှေ့မှာထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ အင်တာနက်သတင်းတွေအရ လျှောက်ထားလွှာတွေအများကြီးဖတ်ရပါတယ်။ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခု အစိုးရသစ်လက်ထက်မှာ အစိုရဆန့်ကျင်ရေးဟောပြောတာမျိုးတွေမလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေလို့ပါပဲ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဖြစ်နေတာမို့လို့ ဆန့်ကျင်ဘက်ဟော ပြောမှုတွေ ပိုပြီးမလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။

ဒါပေမယ့် ခက်နေတာက… ပြည်ပကနေ ပေးပို့ထားတဲ့သတင်းတွေအရ ရွှေည၀ါဆရာတော်ဥိးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေအဖွဲ့)က ငွေကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းပြီး အခုလိုမျိုး လူမှုရေးတွေလုပ်ခိုင်းတာလို့ သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေးတွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွား ချမ်းသာနေတဲ့သူ တစ်ယောက်ပါ။ ဒီမိုကရေစီအရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲကမှ ဗမာပြည်ကဒီလိုမျိုး ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံလောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ သိန်းပေါင်းသောင်းနဲ့ချီ ယူထားပြီးမှ သိန်းတစ်ရာလောက်ပေးခဲ့တာပါ။

ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေလျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါပဲ။ ထင်ပေါ်ကျော် ကြားလိုမှုတစ်ခုထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမား တွေ ရှိတဲ့ နေရာ သွားလိုက်၊ လာဘ်လာဘ ရလိုမှုကို မျှော်ကိုးပြီး ၈၈ ကျောင်းသားတွေနဲ့ တွေ့လိုက်ဆိုတာမျိုး ကတော့ ဘုန်းကြီး အချင်းချင်း အားမနားတမ်း ပြောရယင် ဒါတွေကို လူတွေလုပ်ပါလိမ့်မယ်။

အပွင့်လင်းဆုံးပြောရယင်တော့ ရွှေည၀ါဆရာတော်ကို ပြည်သစ် ညွန့်ဝေက ခိုင်းစားနေတယ်လို့ပြောချင်တယ်။ ဆရာတော်ရဲ့ ဥပဓိရုပ်၊ အဟောအပြောကောင်းတာကိုကြည့်ပြီး တကယ့်ကို နှမျောလွန်းလို့ပြောတာပါ။ ရွှေည၀ါဆရာတော်ကို အစိုးရဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ ရှင်းရှင်းပြောရယင်တော့ အစိုးရမကောင်းကြောင်းတွေ မဟောစေချင်ပါဘူး။ ခေတ်ကုန်သွားပြီ မို့လို့ပါ။ မကောင်းတဲ့သူ မကောင်းသလို ပြည်သူတွေရဲ့ဒဏ်ခတ်မှုခံရမှာပါ။ လောကမှာလူကောင်းချည်းပဲမရှိနိုင်သလို လူဆိုးချည်းပဲလဲ မရှိပါဘူး။ ဗုဒ္ဓဘာသာနည်းကျကျပြောရယင် ကိုယ်လုပ်တာ ကိုယ်ခံကြရမှာပါ။ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာပါ။ဒါကြောင့်မို့ ဘုန်းကြီးအချင်းချင်းအကြံပြု လျှောက်ထားချင်တာကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်း ပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင် ရွှေည၀ါဆရာတော်အနေနဲ့ လူထွက်ပြီး နိုင်ငံရေးလုပ်တာဟာ အပြစ်လည်းကင်း၊ သူတကာ ကဲ့ရဲ့ပြောဆိုမှုလည်းကင်းမှာပါ။

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ “လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓ မြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့ သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့“ လို့တိုက်တွန်းချင်ပါတယ်။ လူသာဓုခေါ်၊ သံဃာထုသာဓုခေါ်မို့ ရွှေည၀ါဆရာတော်အတွက် ကောင်းတဲ့လမ်းကို ညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ရွှေည၀ါဆရာတော်အနေနဲ့ ဘာသာ၊ သာသနာအကျိုး ကျင့်ကြံအားထုတ်မှုမရှိဘဲ နိုင်ငံရေးပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အပါယ်(၄)ဘုံကိုရောက်ပြီး ငရဲအိုးထဲ စောက်ထိုးကျနေမှာကို မြင်ယောင်မိပါသေးတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

လျှပ်စစ် တာဝါတိုင်များ ပြုပြင်မှု မှာ နောက်ဆုံး ပြုပြင်ရန် တိုင်တစ်တိုင်သာ ကျန်ရှိ


အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်များ အရ KIA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့ တာဝါတိုင်များ ပြန်လည် ပြုပြင် မှုတွေမှာ ယခုအခါ ပြုပြင်ဖို့ တာဝါတိုင် အမှတ် ၂၀၇ တစ်ခုသာ ပြုပြင်ဖို့ အနည်းငယ် ကျန်ရှိ တော့တယ်လို့ သိရပါတယ်။

လျှပ်စစ် တာဝါတိုင်များ မိုင်းခွဲ ဖျက်ဆီးခံရမှုမှာ ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာ ဓါတ်အားလိုင်းမှ တာဝါတိုင် အမှတ် ၇၃ ၊ တာဝါတိုင် အမှတ် ၂၀၆၊ ၂၀၇၊ ၂၀၈ နဲ့ နမ့်ခမ်း-မူဆယ် ၆၆ ကေဗွီ ဓါတ်အားလိုင်း H-Pole ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့ကို ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပျက်စီး သွားတဲ့ တာဝါတိုင်နဲ့ ကွန်ကရစ် တိုင်များကို လက်ရှိမှာ ပြုပြင်မှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ပြုပြင်ရာ မှာတော့ တာဝါတိုင် အမှတ် ၇၃ ကို မေလ ၂၅ ရက်နေ့မှာ ပြန်လည် ပြုပြင်ပြီး ဖြစ်ကာ ကွန်ကရစ်တိုင် အမှတ် ၂၄၉ ကို မေလ ၂၆ ရက် နေ့မှာ ပြုပြင်ခဲ့ပြီး၊ တာဝါတိုင် အမှတ် ၂၀၆ နဲ့ ၂၀၈ ကိုတော့ မေလ ၂၇ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အသီးသီး ပြုပြင် ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တာဝါတိုင် အမှတ် ၂၀၇ ကိုတော့ ၆၀ ရာခိုင်နှုန်းသာ ပြုပြင် ပြီးစီးပြီးတာ ဖြစ်ပါတယ်။

လက်ရှိ ပြုပြင်မှုမှာ တာဝါတိုင် တစ်ခု ကိုသာ ပြုပြင်ဖို့ ကျန်ရှိတော့ သာဖြစ်ပြီး တာဝါတိုင်များ ပြုပြင်ပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အတွက် ၂၀၀ မဂ္ဂါဝပ် ဓါတ်အားကို ပြန်လည် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ဇွန်လဆန်းပိုင်း လောက်ကစပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လျှပ်စစ်မီး ပုံမှန်ပြန်ရဖွယ် ရှိတယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

အာရှဖွံ့ဖြိုးရေးဘဏ်က လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်သွားမည်

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ကုန်တိုင်းဒေသကြီးတွင် Center Point တစ်ခုအဖြစ် သတ်မှတ်ထားရှိကာ လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများကို ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။


ADB မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယခုလအစောပိုင်းအတွင်းက လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကြိုသဘောတူညီမှု ရရှိထားသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ADB မှ တာဝန်ရှိသူများအား လျှပ်စစ်မီးရရှိရေးကိစ္စကို အဓိက ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာပင် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ ၇၀၀ ရှိနေကြောင်း၊ လျှပ်စစ်မီးရရှိပါမှ စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်ပြီး လုပ်သားအခွင့်အလမ်း ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

၎င်းအပြင် လတ်တလော လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ ထိရောက်သော စွမ်းဆောင်မှုများပြုလုပ်နိုင်ခြင်း မရှိသေးသည့် အတွက် ပြည်သူတို့၏ အငြိုငြင်ခံနေရပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနက ရောင်းထားခဲ့သော လျှပ်စစ်ဓာတ်အားများကြောင့် ယခုကဲ့သို့ အခက်ကြုံနေရခြင်း ဖြစ်ခဲ့သည်ဟု အစိုးရအဖွဲ့က ဖြေရှင်းပြောကြားကြောင်း သိရသည်။

ADB အနေဖြင့်လည်း ၎င်းတို့မှာ စီးပွားရေးအရ အလုပ်လည်ပတ်နေသော ဘဏ်တစ်ခုမဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသော ဘဏ်တစ်ခုဖြစ်ကာ ရန်ကုန်မြို့၏ လျှပ်စစ်မီးအခက်အခဲကိစ္စကို ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း၊ ပြီးခဲ့သော နှစ်ပေါင်း ၂၀ ကျော်အထိ ထောက်ပံ့ကူညီမှု မလုပ်ဘဲ နေခဲ့ရခြင်းကို အားနာမိပါကြောင်းတို့ကို ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

KIA ဗဟိုမှနယ်စပ်ရှိ ရုံး၊ လမ်းတံတား၊ လျှပ်စစ်တာဝါတိုင်နှင့် မြ၀တီထပ်ဆင့်အသံလွှင့်စက်ရုံအား မိုင်းခွဲရန်ညွှန်ကြား..........


KIA မှ စစ်ဦးစီးချုပ် ဂမ်ရှောင် က KIA စစ်ဗျူဟာဌာနမှ ဗိုလ်မှူး ဂမ်ဆိုင်းနဲ့ EEDY အဖွဲ့ ခေါင်းဆောင် ဆိုင်းလီတို့ကို မေ ၁၇ ရက်နေ့ ညနေ ၃နာရီလောက်မှာ တပ်မဟာ (၅) ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဂမ်ရှောင်မှ ၎င်းတို့၂ဦးအား မြို့ရွာများတွင်ရှိသော မြ၀တီထပ်ဆင့် လွင့်စက်ရုံများ၊ လမ်းတံတားများ၊ အစိုးရရုံးများ၊ မီးရထားလမ်းများနဲ့ လူစီကားတဲ့နေရာတွေမှာ မိုင်းဖောက်ခွဲရန်မှာ ကြားခဲ့ပါတယ်။

ဂမ်ဆိုင်းနဲ့ ဆိုင်းလီတို့ရဲ့အောက်မှာရှိတဲ့ ဖောက်ခွဲရေးအဖွဲ့ဝင် ၇၀ ဟာ မြို့ရွာတွေများ ရောက်ရှိနေပြီးပါတယ်။ ဘယ်နေရာကို ဘယ်အချိန်မှာ ဖောက်ခွဲရမယ်ဆို တာကို လုံခြုံမှုစိတ်ချရတဲ့ လူနဲ့ပြောခိုင်းမှုနဲ့ စိတ်ချရတဲ့ တယ်လီဖုန်းဖြင့် ပြောမှာဖြစ်ပါတယ်။

KIA ခေါင်းဆောင်ကြီး ဂမ်ရှောင်ကတော့ ကချင်ပြည်သူတွေကို ဒုက္ခရောက်အောင် တလျှောက်လုံး လုပ်ဆောင်နေပါတယ်။ ခေါင်းဆောင်တွေက လိုင်ဇာမှာ ဇိမ်ခံနေပြီး အောက်ခြေ ကို ပက်စက်တဲ့အလုပ်တွေကိုလုပ်ခိုင်းနေပါတယ်။

အောက်ခြေက အဖွဲ့တွေက ဒီလိုပြည်သူတွေကို ဒုက္ခပေးတဲ့ လုပ်ရပ်တွေအတွက်လုပ်ချင်ကိုင်ချင်တဲ့ စိတ်ကိုမရှိကြတော့ပါဘူး။

ဖောက်ခွဲရေးလုပ်တဲ့ အချိန်မှာလည်း ဖောက်ခွဲတဲ့သူကိုပါ တခါတည်း အစဖျောက်တဲ့စနစ်တွေကိုထည့်ထားတယ်လို့ သတင်းတွေအတွက်ကြောင့် ဖောက်ခွဲရေးအဖွဲ့ဝင်တွေက မလုပ်ရဲကြပေမယ့် အမိန့်ကို ဖီဆန်ရင် သေဒဏ်ပေးခံရမှာကြောက်တဲ့အတွက်ကြောင့် ဘာမှပြန်မပြောရဲကြပါဘူး။

အဲဒီအတွက်ကြောင့် အဲဒီဖောက်ခွဲရေး အဖွဲ့မှာပါဝင်တဲ့ KIA တပ်ဖွဲ့ဝင်က ၎င်း၏မိတ်ဆွေတစ်ဦးက အခုလို သတင်းပေးပြီး တာဝန်ရှိသူတွေကို အသိပေးရအောင်ပြောကြာခဲ့ပြီး KDN သတင်းဌာနသို့ ကချင် ပြည်သူတွေသိရှိအောင် ဖြန့်ဝေပေးရန် ပေးပို့လာခဲ့ပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့သောမိန့်ခွန်း (ရုပ်/သံ)


ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သောမိန့်ခွန်း (ရုပ်/သံ)
ဒီဗွီဘီ

မူရင်းက ဒီမှာပါ။

အသက် ၆၀ အရွယ် အမျိုးသမီးကို တပ်သားက အဓမ္မပြုရန်ကြိုးစား

ဆီဆိုင်၊ မေလ ၃၀၊ ၂၀၁၂ ၊ (YPI)

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု နောင်ပါတ်ကျေးရွာမှ အသက်(၆၀)နှစ် အမျိုးသမီး တစ်ဦးကို မေလ ၂၂ရက်နေ့တွင် ဆီဆိုင်မြို့ မြေခံတပ်ရင်း ခမရ ၄၂၄ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုလလ ၂၂ ရက်နေ့ ညနေ ၄း၃၀ နာရီက အသက် ၆၀ အရွယ်ရှိအမျိုးသမီးသည် ရွာနဘေး ခြံကွက်တွင် အလုပ်လုပ်နေချိန် ခမရ ၄၂၄ မှ တပ်သား ထန်မြတ်ခိုင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဟု ပြုကျင့်ခံရသူက YPI သို့ပြောသည်။

၎င်းက “အဖွားကိုရေချိုးလို့ရတဲ့ နေရာကို မေးတယ် ပြီးတော့ စစ်သားက ဆင်းသွားလိုက်တယ်၊ အဖွားကသူသွားပြီထင်တာ၊ ထင်လဲမထင်ထားဘူး အလုပ်ပဲဆက်လုပ်တယ် ခဏတော့ ဆတ်ခနဲ အဖွားအနောက်ဘက်ကနေ ဖက်ပြီး တွန်းလှဲတယ်” ဟု ၎င်းက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“အဖွားက အရမ်းကြောက်တော့ နပန်းလုံးတာ ဘယ်လောက်ကြာတာတောင်မသိတော့ဘူး အဖွားက မှောက်လျက် စစ်သားက အပေါ်က၊ သူ့ရဲ့ငယ်ပါကို အဖွားက ဆွဲပြီးညှစ်တယ် ပြီးတော့ သူက လွယ်အိတ်ထဲကနေ ဓါးထုတ်ပြီး အပေါ်ကနေ အဖွားကိုထိုးချတယ်” ဟု၎င်းအမျိုးသမီးက ဆက်လက်ပြောပြသည်။

ယင်း တပ်သားမှာ အမျိုးသမီး၏ နဖူးမှ သွေးထွက်သွားခါမှ ထွက်ပြေးသွားသည် ဟု ၎င်းကပြောပြသည်။ ခေါင်းတွင်သွေးထွက်လျှက်အိမ်ပြန်ပြီး ဖြစ်စဉ်ကို သားသမီးများအား ပြောပြသည့်အခါတွင် ရွာသူကြီးနှင့် တခြားတပ်သားများက ထန်မြတ်ခိုင်ကို လိုက်လံဖမ်းဆီးရာ ၎င်းက ဓါးဖြင့်ပြန်လည်ခုခံခဲ့သည်ဟု သိရသည်။

ကျူးလွန်သူဟု ယူဆသူ ထန်မြတ်ခိုင်မှာ မလွတ်မြောက်နိုင်တော့မှန်းသိသဖြင့် မိမိကိုယ်ကိုဓားဖြင့် ဟန်ဆောင်ထိုးပြီး ပစ်လဲသည့်နောက်တွင် ဖမ်းဆီးနိုင်ခဲ့သည် ဟုရွာသားများကပြောသည်။

အနိုင်ကျင့်ခံရသူအမျိုးသမီးအား ရွာသားများကဆီဆိုင်မြို့ပြည့်သူ့ဆေးရုံသို့ ညနေ ၇း၀၀ နာရီခန့်တွင် ပို့ဆောင်ပေးခဲ့သည်။ တပ်သား ထန်မြတ်ခိုင်ကိုလည်း ရွာသားများက ဆီဆိုင်မြို့ပြည်သူ့ဆေးရုံကိုပို့ရာ နောက်နေ့နက်တွင် တပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားပြီး ယခုအောင်ပန်း ကုတင် ခုနှစ်ရာ ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည်ဟု သိရသည်။

ကာယကံရှင်အမျိုးသမီးက ယခုအဖြစ်အပျက်ကို ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော်အမတ် ဦးခွန်လှသိန်းတို့ကိုတိုင်ကြားထားသည်ဟု YPI သို့ပြောသည်။ စစ်တပ်မှ ဆေးကုသစရိတ် ကျပ်ငွေတစ်သိန်းခွဲပေးသည်ဟုသိရသည်။

“ အဖွားလည်း တရားမရင်ဆိုင်တော့ပါဘူး ရင်ဆိုင်ရင် ငွေလည်းမရှိဘူး အလုပ်လည်းပျက်အုံးမယ် အဲတော့ရှေ့ရေးအတွက်တွေးပြီး ဒီလိုပဲကျေအေးပေးရတယ်” ဟု၎င်းက ပြောသည်။

နောင်ပတ်ကျေးရွာသည် ဆီဆိုင်မြို့မှ ငါးမိုင်ခန့်တွင်ကွာဝေးသည်။ အမဲရောင် နယ်မြေဖြစ်၍ စစ်တပ် သွားလာလှုပ်ရှားမှု အမြဲရှိသည့် ကျေးရွာတရွာဖြစ်သည်။ ။

by Yangon Press International

မူရင်းသတင်းက ဒီမှာပါ။

စက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရ

လှိုင်သာယာမြို့နယ်ရှိ နာမည်ကြီး အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ခုမှ ၀န်ထမ်းများ သန့်စင်ခန်းသွားပါက အခကြေးငွေပေးကြရကြောင်းသိရသည်။


အဆိုပါ အီလက်ထရွန်းနစ်စက်ရုံမှ ၀န်ထမ်း သုံးပုံတစ်ပုံခန့်သည် မေ(၂၉)မှ စ၍ ဆန္ဒဖော်ထုတ်ခြင်းများပြုလုပ်လျက်ရှိကြပြီး၊ ၄င်းတို့အတွက် လိုအပ်နေသည့် အချက်(၁၀)ချက်ကို အလုပ်ရှင်ထံမှ တောင်းဆိုနေကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက်(၁၀)ချက်တွင် အခြေခံလစာတိုးမြှင့်ပေးရေး၊ နှစ်တိုးလစာ ခွင့်ပြုပေးရေးနှင့် အလုပ်ချိန်အတွင့် သန့်စင်ခန်းအသုံးပြုမှုကို အခကြေးငွေမဖြတ်တောက်ရေးတို့ပါဝင်ကြောင်းအလုပ်သမားအဖွဲ့ခေါင်းဆောင်များထံမှသိရသည်။

အလုပ်ချိန်အတွင်း သန့်စင်ခန်းသွားပါက သန့်စင်ခန်းသော့ကိုင် စာရေးမထံတွင်ခွင့်ပြုချက်တောင်း၍သွားရပြီး ခွင့်ပြုချက်ဖြင့် သွားပါက တစ်ကြိမ်လျှင် တစ်ဆယ်ကျပ်နှုန်းပေးရပြီ၊ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ သွားလျှင်မူ တစ်ကြိမ်လျှင် တစ်ရာကျပ်ပေးဆောင်ရကြောင်းသိရသည်။

ဝေမာထွန်း-Popular Myanmar News Journal

မူရင်းသတင်းက ဒီမှာပါ။

အလုပ်သမများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သူ ထိုင်ဝမ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်း ဆိုသည့် အမျိုးသမီး သုံးဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ထိုင်ဝမ်နိုင်ငံ သားအား လှိုင်သာယာ ရဲစခန်းမှ ဖမ်းဆီး အရေးယူကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။


တိုးမြတ်အောင် ဇာထိုးပန်း ထိုးစက်ရုံမှ အလုပ်သမဖြစ်သူ မမြင့်မြင့်အေး၊ မဖြူနှင်းနှင့် မစိုးစိုးသန်းတို့ သုံးဦးသည် မေ ၂၃ ရက်က စက်ရုံ ကြိုပို့ယာဉ် ဖြင့် ထန်းတပင် မြို့နယ်၊ စန္ဒယော် ကျေးရွာ ကားမှတ်တိုင်မှ စီးလာရာ လှိုင်သာယာမြို့နယ် မီးခွက်ဈေးမှတ်တိုင် အရောက် ကားရပ်၍ ကားပေါ်မှ ဆင်းရန် ပြင်ဆင် နေစဉ် ကားမှတ်တိုင် ၌ ကြိုစောင့်ဆိုင်းနေသည့် ၄င်းစက်ရုံမှ ထိုင်ဝမ်နိုင်ငံသား အထည်ချုပ် ကျွမ်းကျင် ပညာရှင် Mr.Chang Shin Chang မှ မဆင်းရန် တားမြစ်ခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြောင်း သိရ သည်။

ထို့နောက် အဆိုပါ ထိုင်ဝမ် နိုင်ငံသားက မမြင့်မြင့်အေး၏ ရင်ဘတ်အား ဆောင့်တွန်းပြီး ခါးမှကိုင်ကာ ဆွဲဆောင့်ခဲ့သည့် အပြင် ကားပေါ်မှ ဆင်းရန် ပြင်နေသူ မဖြူနှင်း ၏ ရင်ဘတ်အား ဆောင့်တွန်းခဲ့သည့် အတွက် မဖြူနှင်းမှာ ကားပေါ်၌ လဲကျ သွားခဲ့ကြောင်း၊ ၄င်းအပြင် ထိုသို့ မပြုလုပ်ရန် ပြောဆိုသည့် မစိုးစိုးသန်း အားထပ်မံ၍ ပါးရိုက် ခဲ့ကြောင်း ကာယကံရှင် မမြင့်မြင့်အေးက ပြော သည်။

''ကျွန်မတို့က လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဖို့ လာတာ ကို သိလို့ အဲဒီတရုတ်က ကျွန်မတို့ ကိုလာတားတာ။ ကျွန်မတို့ ဆင်းမယ့် အပေါက်ကို ပိတ်ပြီးနင် တို့ အောက်ကို မဆင်းရဘူး ဆိုပြီးပြောတယ်။ ဒါနဲ့ စကားများကြရင်း ကျွန်မကို ဆောင့်တွန်းလိုက်တာ အင်္ကျီ စုတ်ပြဲသွားတဲ့ အပြင် မစိုးသန်း ကိုလည်း ပါးရိုက် တယ်။ နောက် တော့ ကားပေါ်က လူတွေနဲ့ ကား မှတ်တိုင်က လူတွေ ဝိုင်းဆွဲလို့ ထွက်သွားတာ'' ဟု ၄င်းက ဆိုသည်။

ထို့နောက်၎င်းတို့မှ အလုပ် သမား အဖွဲ့ခေါင်းဆောင် များအား ပြောကြား အသိပေး၍ လှိုင်သာယာ ရဲစခန်း၌ သွားရောက် တိုင်ကြား အမှု ဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်ကြားမှု အပေါ် လှိုင်သာယာ ရဲစခန်းမှ ထိုင်ဝမ် နိုင်ငံသား Mr.Chang Shin Chang (ပတ်စ်ပို့ အမှတ် ၂၁၁၇၂၈၂၅၉) ဗီဇာအမှတ် (၁၅ဝ၄၁၆၉) အား ခေါ်ယူ စစ် ဆေးခဲ့ရာ ၄င်းသည် အဆိုပါ စက်ရုံ၌ အထည် ချုပ် ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် လာ ရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်ပြီး အဆိုပါနေ့က လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆိုရန် လာသည့် အလုပ်သမ သုံးဦးနှင့် စကားများ ရန်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့ သည့် အတွက် (ပ) ၅၄၁/၁၂၊ ပုဒ်မ ၃၅၄/၃၂၃ ဖြင့် ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

Popular Myanmar News Journal

မူရင်းသတင်းက ဒီမှာပါ။

လမ်းမတော် မီးလောင်မှု၌ သေဆုံးသူမိန်းကလေး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ ခု တွေ့ရှိ

လမ်းမတော်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကြောင်းသိရသည်။

မေလ(၃၀)ရက်နေ့ နံနက် ၁၂ နာရီ ၄၅ ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၇၆) သုံးလွှာ ညာဖက်ခြမ်း အခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ အခြေခံပညာအထက်တန်းဖြေဆိုထားသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး မီးလောင်သေဆုံးခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်ဝယ် အဆိုပါအခန်းတွင် ယင်းအမျိုးသမီးငယ်တစ်ဦးသာ ရှိနေပြီး၊ ကျန်အိမ်သားများမှာ စေးသို့သွားနေကြခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရာတွင် တိုင်းဦးစီးမှူးနှင့် မီးသတ်ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယနေ့ ၁၂ နာရီကျော်ခန့်က လမ်းမတော်မြိုနယ်၌ မီးလောင်မှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ သုံးခုတွေရှိရကြောင်း မူခင်းရဲတပ်ဖွဲ့ မှသိရသည်။ ထို့အပြင် ၎င်းသေဆုံးသည့် နေရာတ၀ိုက်တွင်သာ မီးလောင်မှုဖြစ်ပွားသည်ကို တွေ့ရှိရ၍ ဓမ္မတာအတိုင်း မီးလောင်သေဆုံးခြင်း မဟုတ်ဟု ယူဆကာ ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ ၎င်း၏ မိခင်၊ အကိုဖြစ်သူနှစ်ဦးနှင့် အတူနေထိုင်ကြောင်း သိရသည်။

သူရထွန်း-Popular Myanmar News Journal






မူရင်းသတင်းက ဒီမှာပါ။

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ပေးပါ (ပေးစာ)


သို့/
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်

လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို့ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ့အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အားပိတ်ဆို့ပြီး ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါ သည်။

ကျွန်တော်တို.သည် ၎င်းလေးမြို့မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိ သည်တို့ကိုပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။

၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။

အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်းတွင်စက်ကြီးများဖြင့်တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ် ညမ်းခြင်း၊ သုံးစွဲမရခြင်း၊ မြစ်ထဲမှာရှိတဲ့ငါးများ မြစ်ရေညစ်ညမ်းမှုဖြင့် အလိုအလျောက်သေခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။

၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလည်း ၎င်းလေးမြို့မြစ်ရကိုသုံးစွဲမိကြသဖြင့် ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။

၎င်းအပြင် ထိုလေးမြို့မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လည်း ၎င်းလေးမြို့မြစ်ကရေကို အမှီသဟဲပြု၍ လယ်မြေ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုးစားသောက်၍ရရှိမည့်နည်းလမ်းများလည်း အလွန်နည်းနေလျှက်ရှိနေပါတယ်။ ၎င်းမြစ်ရေကို အမှီပြု၍ လုပ်ကိုင်စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။



အကယ်၍ ဒီလေးမြို့မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ့လျှင်လည်း ကျွန်တော်တို့ရခိုင်ပြည်ရှိ လေးမြို့မြစ်ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စား သောက်လျှက်ရှိကြသော ပြည်သူများမှာလည်း အလုပ်လက်မဲ့ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ့ရင်ဆိုင်ရမည့်အရေးနဲ့ကြုံကြိုက်နေရပါသောကြောင့် သနားညှာတာထောက်ထားစွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန့်ပေးပါရန် ရိုသေလေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန်အား မေတ္တာရပ်ခံတောင်းဆိုသမှုပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါ တယ်။

မူရင်းသတင်းက ဒီမှာပါ။

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်

သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက် ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

သျှမ်းပြည်အရှေ့တောင်ပိုင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်ခြားဂိတ် BP.1 တောင် ဘက် နောင်ဝဲန်းကျေးရွာအား မြို့အဆင့် အိမ်ခြေနှင့် ဆိုင်ခန်းများတိုးချဲ့ရန် တောင်ပိုင်း ဝ တပ်ဖွဲ့ အာဏာပိုင်တို့က မေလ ဆန်းပိုင်းမှစ၍ စတင်အကောင်အထည်ဖေါ်လာကြောင်း၊ ထိုင်းနယ်စပ်အနီး၌ နှစ်ထပ်တိုက်ခန်းများ ဆောက် လုပ်ပြီး အပေါ်ထပ်၌ခရီးသွားများတည်းခိုနိုင်ရန်၊ အောက်ထပ်မှာမူ ထိုင်းကုန်စည်များသိုလှောင်ရောင်းချရန် ဆိုင်ခန်း များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သူတဦးက ပြောပါသည်။

“မြို့အဆင့်တိုးချဲ့နေတာက ကျနော်ကြားသိရသလောက်ဆို ဝ က သူတို့အစီအစဉ်နဲ့ပဲလုပ်သွားတာ၊ ပြည်ထောင်စု အစိုး ရ၊ သျှမ်းပြည်အစိုးရ နဲ့ ပတ်သက်တယ်လို့မကြားဘူး၊ အခုအခြေအနေရအဆို နယ်ခြားဂိတ်လဲ သူတို့ဟာ သူတို့ ဘဲ ဖွင့်မယ်ထင်တာဘဲ” - ဟု အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ အသိုင်းအဝိုင်းတဦးကပြောပါသည်။

ဝ အရာရှိတဦးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ထိုင်းနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါဝ်းမြို့နယ် မိုင်းန ကျေးရွာအုပ်စု မျက်နှာချင်းဆိုင် နောင်ဝဲန်းမြို့ တိုးချဲ့ရေးစီမံကိန်းအား လာမည့် ၂၀၁၅ ၌ မြို့အဆင့်နှင့်ညီမျှသည့်လူဦးရေ နှင့် အိုးအိမ်များ နေရာအပြီး ချသွားမည်ဟုလည်း ဆိုသည်။

အဆိုပါ တောင်ပိုင်း ဝ တပ်ဖွဲ့ မြို့ပြ စီမံကိန်းအား ၀ တပ်ဖွဲ့၏ ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးယန်ချောဝ်ချင်မှ ဦးဆောင်၍ နောင်ဝဲန်း နည်းတူ ဟွေ့အော့်ကျေးရွာ (ဟွေ့အော့်ကျေးရွာအုပ်စု၊ ပုံပါကျင်မြို့နယ်ခွဲ၊ မိုင်းတုံမြို့နယ်) အားလည်း မတ်ခ်ျလမှစ၍ မြို့ပြ စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖေါ်လာပါသည်ဟု ဆိုသည်။

ဆက်စပ်သတင်းဟောင်း http://www.burmese.panglong.org/news/96-2008-08-03-06-49-23/3088--bp-1-uwsa-.html

တောင်ပိုင်း ဝ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်၏။ တပ်မဟာတခုလျှင် စစ်သည် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိ ရှိ၏။ ထို့အပြင် လက်နက်ကိုင် ပြည်သူစစ်တပ်ဖွဲ့အားလည်း ၀ ရပ်ရွာတိုင်း၌ ဖွဲ့စည်း ထား ၏။

သျှမ်းသံတော်ဆင့်

မူရင်းသတင်းက ဒီမှာပါ။

ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည်


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။

“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဇွန်လ ၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် လေကြောင်းလိုင်းဖြင့် မဲဆောက်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ပြီးမှသာလျှင် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မဲဆောက်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု ဒေါက်တာတီမသီက ကေအိုင်စီသို့ ပြောသည်။ ဒေါက်တာတီမသေက “ကျနော်တို့အဖွဲ့အတွက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားမှုအားလုံး အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးတာပါ”ဟု ဆိုသည်။

အလားတူ ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ အတွင်းရေးမှူးစောဂျော့က “ဒေါ်စု မယ်လစခန်းကို ဇွန်လ ၂ရက်နေ့မှာ လာမယ့်အ ကြောင်း မယ်လစခန်းက ပလာ(ထိုင်းအာဏာပိုင်)က ကျနော်တို့ကို ဒီနေ့ပဲ ဆက်သွယ်ပြောပြလာတယ်။ အဓိကတော့ စခန်းကော်မတီ တွေကို ဒီရက်ပိုင်း ဘယ်မှမသွားသေးဖို့တော့ ပလာက ပြောထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ညနေက အတည်ပြု ပြောဆိုခဲ့သည်။

သို့သော် မဲဆောက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို ကြားသိထားမှုသာရှိပြီး အချိန်အတိအကျ မသိရသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှော ဖလှယ်ပွဲ-WEF တွင် တက်ရောက်ရန် ပြည်ပခရီးစဉ်အဖြစ် ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ခုနှစ်၊ ရွေး ကောက်ပွဲအပြီးတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်၍ တနှစ်ကျော်အကြာ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။

မူရင်းသတင်းက ဒီမှာပါ။

Wednesday, May 30, 2012

တာဝန်သိ ခရီးသွားလုပ်ငန်းမူဝါဒသည် ပင်မစီမံကိန်းကို အထောက်အကူပြုမည်ဟု ဆို

စတင်ရေးဆွဲလျက်ရှိသော တာဝန်သိခရီးသွားလုပ်ငန်း မူဝါဒ(မူကြမ်း)ပါ အချက်များသည် ပင်မစီမံကိန်းရေးဆွဲရာတွင် အထောက်အကူပြုမည်ဟု ဟိုတယ်/ခရီးဝန်ကြီး ဌာန အကြံပေး ဒေါ်ကြည် ကြည်အေးက ပြောသည်။

အဆိုပါ မူဝါဒ မူကြမ်း ရေးဆွဲ ရေး ဆွေးနွေးပွဲများကို ရန်ကုန်၊ ပုဂံ၊ ဟဲဟိုးတို့တွင် ပြုလုပ်ပြီး ရရှိသော အချက်များကို ဇွန်လ ၄ ရက်နှင့် ၅ ရက်တွင် နေပြည်တော်၌ စာ တမ်းဖတ်မည် ဖြစ်ကြောင်း၊ ထိုသို့ စာတမ်းဖတ်ရာတွင် ဟိုတယ်/ခရီး သာမက အခြားဝန်ကြီးဌာနများပါ ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

”ဒီတာဝန်သိ ခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း)Tourism Master Plan အောက်ပဲသွားမှာပါ”ဟု ၄င်းက ပြောသည်။

မေလ ၂၄ ရက်တွင် တာဝန် သိခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း) ရေးဆွဲရေးအတွက် ရန်ကုန်၌ ပြု လုပ်သော ဆွေးနွေးပွဲတွင် ဟိုတယ်ခရီးဝန်ကြီးဌာနက လက်ရှိ ဟိုတယ် များ ဈေးမြင့်တက်ရမှုနှင့် မြန်မာ့ခရီးသွားလုပ်ငန်း အလားအလာကိုလည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။

တာဝန်သိ ခရီးသွားလုပ်ငန်း မူဝါဒ (မူကြမ်း)သည် အစိုးရသစ် လက်ထက်တွင် ပထမဆုံးရေးဆွဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒဖြစ်သည်။

၎င်းမူကြမ်းပါ အချက်များ သည် သြဂုတ်လတွင် စတင်ရေးဆွဲမည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင် ပါဝင်မည်ဖြစ်ပြီး အဆိုပါခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို နော်ဝေနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့၏ အကူအညီဖြင့် ရေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မေဇင်ဝင်း

မူရင်းသတင်းက ဒီမှာပါ။

လေဘာရုံး ဘာလဲ နှင့် အလုပ်သမားဝန်ကြီး ဘယ်လဲ?


မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတချို့ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုကနေ နှစ်ဦး နှစ်ဖက်သင့်တင့်တဲ့ အဆင်ပြေမှု ထွက်ပေါက်တခုကို ရှာဖွေလိုက်နိုင်ကြလို့ အဆင်ပြေသွားကြတယ် ဆိုတဲ့ သတင်းလေးတွေကြောင့်လည်း နိုင်ငံတကာအနှံ့ရောက်မြန်မာများအားလုံး စိတ်သက်သာရာရခဲ့ကြတယ် ဆိုတာကလည်း အမှန်ပါပဲ ။

ဒါပေမယ့် ကျန်ရှိနေသေးတဲ့ တခြားသောစက်ရုံအလုပ်ရုံမှ အလုပ်သမားအလုပ်ရှင် ပြဿနာများကတော့ ပြေလည်တော့ မလိုလိုနဲ့ ဆိုးရွားတဲ့အခြေအနေတခုဆီကို တွန်းပို့နေသလိုဖြစ်တဲ့အတွက်လည်း စိတ်ထဲမှာ ဦးဆုံးသတိရလိုက်တာကတော့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်ဆိုသူနှင့် ပြည်သူအများ နားလည်ခေါ်ဝေါ်နေသော လေဘာရုံး ခေါ် အလုပ်သမားရေးရုံး တို့ကိုလည်း မျက်လုံးထဲမှာ ထင်းကနဲလင်းကနဲ မြင်နေမိပါတယ်။

ကျန်ရှိနေသေးတဲ့ အလုပ်သမားလုပ်ခ လစာနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုမှု့ ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေမှုတွေနဲ့အတူ မှော်ဘီဖက်မှာရှိနေတဲ့ သံမဏိစက်ရုံ မှာဆန္ဒပြနေတဲ့အလုပ်သမားများကတော့ အမြင့်ဆုံးအရှိန်တခုဖြစ်တဲ့ အစာငတ်ခံဆန္ဒပြနေတဲ့ အခြေအနေတခုကိုဘ၀နဲ့ရင်း၊ အသက်နဲ့ရင်းပြီး အလုပ်သမားတချို့ကတော့ ( သေတမ်းစာ )ကို ကြိုတင်ရေးသားထားကြောင်းကိုလည်း ကြားသိမြင်တွေ့နေရပါတယ်။

အစိုးရအနေဖြင့်လည်း လုံးဝကို လစ်လျှုရှု ပြီး မနေသင့်တော့တဲ့ အခြေအနေတခုလို့လည်း နားလည်မိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရှိ အလုပ်သမားများတောင်းဆိုနေသော လုပ်ခ လစာတိုးမြင့်ပေးရေးဆိုတဲ့ အခြေခံလစာဟာ နိုင်ငံတကာမဆိုထားနဲ့ဦး၊ အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံသား ထိုင်းလူမျိုးအလုပ်သမားတဦး ၀င်ငွေမပြောနဲ့ ရွှေ့ပြောင်း အလုပ်သမားတဦးရဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ရင်တောင် အဆ နှစ်ဆယ်ကျော်လောက် ကွာဟလို့ နေပါတယ်။

ကျနော် အခုလို နှိုင်းယှဉ်ပြတာက နိုင်ငံသားအလုပ်သမားတဦး လုပ်ခလစာအနေနဲ့ မဟုတ်ဘဲ ဧည့်နိုင်ငံခြားသား ရွေ့ပြောင်းအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံသားစစ်စစ် တွေဖြစ်တဲ့ မြန်မာနိုင်ငံသား ဌာနေအလုပ်သမားတွေရတဲ့ တနေ့ဝင်ငွေနဲ့ နှိုင်းယှဉ်ပြခြင်းသာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ဌာနေထိုင်းလူမျိုး အလုပ်သမားဖြစ်ဖြစ်၊ မလေးရှားနိုင်ငံရှိ ဌာနေ မလေးနိုင်ငံသား အလုပ်သမားတဦးဖြစ်ဖြစ်ဟာ နိုင်ငံရပ်ခြားသား ဧည့်အလုပ်သမားတဦးထက် အဆပေါင်းများစွာ ၀င်ငွေအရသော်၎င်း၊ အလုပ်သမားခံစားခွင့်များကိုသော်၎င်း ရရှိပါတယ်။

တဖန် ကျနော်တို့ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသား ဌာနေအလုပ်သမားတွေ တနေ့ရတဲ့ ၀င်ငွေကတော့ဖြင့် ထိုင်းနိုင်ငံရှိ နိုင်ငံရပ်ခြား ဧည့်အလုပ်သမားများရဲ့ ၀င်ငွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်း နှစ်ဆယ် (၂၀) ကွာဟနေပြီး မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားဧည့်အလုပ်သမားတဦး တနေ့ဝင်ငွေဖြင့် ထပ်မံနှိုင်းယှဉ်ပြရပါလျှင် အောက်ခြေ အနည်းဆုံးဖြင့် တွက်ချက်ရပါမူ အဆပေါင်း လေးဆယ် (၄၀) ကျော် ကွာဟလွန်းနေပြန်ပါတယ်။

ဒါဟာ တနေ့ချင်းရဲ့ လုပ်ခ၀င်ငွေ နှိုင်းယှဉ်မှုပါ။

အမှန်နှိုင်းယှဉ်ပြ ရမှာက နိုင်ငံသား ဌာနေအလုပ်သမားတဦးချင်း တနေ့ဝင်ငွေကို နှိုင်းယှဉ်ရ မှာပဲဖြစ်ပါတယ်။ အခုယှဉ်ပြမှု့ကတော့ မြန်မာနိုင်ငံသား အလုပ်သမားဝင်ငွေနဲ့ ရွေ့ပြောင်း ဧည့်နိုင်ငံသားတဦး ၀င်ငွေနှိုင်းယှဉ်မှုပဲ ဖြစ်ပါတယ်။

အခုကျနော်တွက်ပြတဲ့ တနေ့ဝင်ငွေဟာ ထိုင်းနိုင်ငံရှိ နိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ မလေးရှားနိုင်ငံရှိ မလေးနိုင်ငံသား ဌာနေအလုပ်သမားတဦးဝင်ငွေနဲ့သော်၎င်း၊ တွက်ချက်ပြချင်းမဟုတ်ဘဲ ထိုင်းနိုင်ငံရောက် ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦးရဲ့ တနေ့လုပ်ခ၀င်ငွေအရ သော်၎င်း၊ မလေးရှားရှိ ဧည့်နိုင်ငံသား အထွေထွေအလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေအရသော်၎င်း၊ အနိမ့်ဆုံး ပေးစကေးဖြင့် တွက်ချက်ပြခြင်းသာဖြစ်ပါတယ်။

ယခု ကျနော်တွက်ချက်ပြခြင်းသည် over time ခေါ် အချိန်ပိုအလုပ်ဆင်းခ မပါဝင်ပါ။ အခြေခံ တနေ့အလုပ်ချိန် ၈ နာရီသာလျှင် တွက်ချက်ပြခြင်းဖြစ်ပါတယ်။ နိုင်ငံသားတဦး၏ ၀င်ငွေ ဖြင့် တွက်ချက်ပြရပါမူ မတွေးဝံ့အောင်ပင်ဖြစ်ရပါသောကြောင့် ဒီနေရာမှာ ကျနော်မတွက်ပြတော့ပါ။

ကျနော်တို့တိုင်းပြည်တွင် နိုင်ငံသားအလုပ်သမားတဦး၏ အလုပ်သမားအခွင့်အရေးများဟာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါးနိမ့်ကျလွန်းနေပြီး၊ တနေ့လုပ်ခ ၀င်ငွေသည်ပင်လျှင် မည်သည့်နိုင်ငံမှ အလုပ်သမားတဦး၏ တနေ့လုပ်ခ ၀င်ငွေနှင့်မျှ နှိုင်းယှဉ်လို့မရအောင် အလွန်အမင်း နိမ့်ကျနေခြင်းကြောင့် ယခုကဲ့သို့ စက်ရုံ၊အလုပ်ရုံမှ အလုပ်သမားထုကြီး၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ပါတယ်။

ဒါကို လက်ရှိ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရဟု တွင်တွင်ပြောဆိုနေသော သမ္မတကြီး ဦးသိန်းစိန်အနေနဲ့သော်၎င်း၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် အနေနဲ့သော်၎င်း၊ သို့မဟုတ် အလုပ်သမားရေးရုံးဟု ခေါ်သော အများအခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည်၎င်း ထိထိရောက်ရောက်ဖြင့် မိမိနိုင်ငံသားအလုပ်သမားများဖက်မှ မားမားရပ်တည်ပြီး လုပ်ဆောင်ပေးရန် အခုအချိန်သည် အချိန်ကောင်း အခါကောင်းဟုသာ ဆိုရချေတော့မည်။

ယခုကဲ့သို့ အချိန်ကောင်းအခါကောင်းအား လက်လွတ်မခံပဲ မိမိနိုင်ငံသား အလုပ်သမားများဖက်မှ ၀င်ရောက် ဖြေရှင်းပေးနိုင်ပါက အလုပ်သမားဝန်ကြီးသော်၎င်း၊ အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့အား၎င်း၊ မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီး၏ ယုံကြည်မှု့များ၊ လေးစားမှု့များ၊ အားကိုးမှု့များကို မုချရမည်မှာ မလွဲပေ။ အလုပ်သမားဝန်ကြီးဌာန၏ ဂုဏ်သိက္ခာသည်လည်း များစွာ တက်လာပေတော့မည်။




သို့သော် လက်တွေ့တွင်မူ အလုပ်သမားဝန်ကြီးဦးအောင်ကြည်သည် ဘယ်မှာလဲ? ဟု တည့်တည့်ကြီး မေးရမည့်အခြေအနေသို့ ရောက်နေ၏။

အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမားဦးစီးဌာန များကိုလည်း ဘာလဲ? ဟု မေးရမလိုပင်။

တစတစနှင့် ရက်ကြာလာသောအခါ ထိုအလုပ်ရှင်ဖက်မှသော်၎င်း၊ လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမား အခွင့်အရေးတောင်းဆိုနေကြသော အလုပ်သမားထုကြီးဖက်မှ သော်၎င်း နှစ်ဖက် နစ်နာဆုံးရှုံးမှု့များစွာ ဖြစ်ပေါ်စေပါတယ်။ ဤသို့သော်အခြေအနေတွင် လုပ်ငန်းရှင်နှင့် အလုပ်သမားများကြား အလုပ်သမားရေးရုံးမှ တာဝန်ရှိသူတို့သည် အိမ်နီးချင်းနိုင်ငံများရှိ အလုပ်သမားများ လုပ်ခလစာနှင့်သော်၎င်း၊ အနည်းဆုံး ဧည့်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ လုပ်ခလစာနဲ့သော်၎င်း၊ နှိုင်းယှဉ်တွက်ချက်ပြီး အလုပ်သမားများဖက်မှ တောင်းဆိုပေးရန်သာ ဖြစ်တော့သည်။

အနိမ့်ဆုံးလက်ရှိအခြေအနေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါက အလုပ်သမားဝန်ကြီးဆိုသူသည် ဘာအတွက်၊ ဘယ်အလုပ်သမားအတွက် ၀န်ကြီးဖြစ်နေသည်ကို မေးခွန်းထုတ်ရန်သာ ရှိတော့သည်။

အလုပ်သမားဝန်ကြီးဆိုသူနှင့် အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ တာဝန်ရှိသူတို့သည် လူပွဲစား ပြည်တွင်းအေးဂျင့်များအား မြန်မာနိုင်ငံသားလူငယ်လူရွယ်များ၊ ပညာတတ်များအား သူများနိုင်ငံသို့ “ကျွန်” သဖွယ် တင်ပို့စေလွှတ်နိုင်ရန် ထောက်ခံချက် ထုတ်ပေးရုံသက်သက်လား?

သို့တည်းမဟုတ် အေးဂျင့်များမှ တနှစ်လျှင် နိုင်ငံခြားသို့ လူ ဘယ်နှစ်ယောက် လွှတ်ပေးနိုင်ရမည်၊ အလုပ်သမားတဦးပြည်ပသို့ ” ကျွန် ” သဘောနှယ် လွှတ်ပေးလိုက်နိုင်ပါက အလုပ်သမားရေးရုံးသို့ US $ ဒေါ်လာ ဘယ်နှစ်ရာပေးရမည် ဆိုသည့် အမိန့်နှင့် လူခွန်ကောက်သည့်သဘောမျိုး ထုတ်ပြန်ချက် ထုတ်ပေးရန်သက်သက်လား?

လူပွဲစားအေးဂျင့်များကို ခေတ်သစ် လူကုန်ကူးနိုင်ရန် လုပ်ငန်းလိုင်စင် ချပေးရုံ သက်သက်လား?

ဆိုသည့်မေးခွန်းများကို မေးရပေတော့မည်။

သက်ဆိုင်သူများဖြေပေးပါ။

အလုပ်သမားရေးရုံး ခေါ် လေဘာရုံးမှ တာဝန်ရှိသူများနှင့် ၀န်ထမ်းများ အားလုံးတို့သည် မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်သည် ဘာလဲ ? ဆိုသည့်အချက်လောက်ကိုတော့ သိထားဖို့ ကောင်းလေသည်။

အလုပ်သမားရေးညွန်ကြားမှုဦးစီးဌာန ဟူသော ဆိုင်းဘုတ်ပါ စကားလုံးများအရ ထိုညွန်ကြားမှု့ဆိုသည့် စကားလုံးသည် အလုပ်သမားများအား အလုပ်ရှင်ပေးသလောက် လုပ်ခလစာနှင့် အလုပ်လုပ်ဖို့ ညွန်ကြားမှာလား?

သို့မဟုတ် အလုပ်ရှင်များဖက်က ထားရာနေ စေရာသွား ခိုင်းတာလုပ် ခံမပြောနဲ့ဟူသော ညွန်ကြားမှုများကို ညွန်ကြား နေမှာလား? ဆိုသည့် မေးခွန်း ထုတ်စရာတွေ တသီတတန်းကြီး ဖြစ်နေပေတော့သည်။

အကယ်၍ မှော်ဘီရှိ သံမဏိစက်ရုံမှ အစာငတ်ခံ ဆန္ဒထုတ်ဖေါ်နေကြသော အလုပ်သမားများဖက်မှ တစုံတဦးသော်၎င်း၊ အသက်ဆုံးရှုံးမှု့ဖြစ်ခဲ့သည် ဆိုပါစို့ မည်သူ့တွင် တာဝန်ရှိသနည်း?

လက်ရှိ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟု တွင်တွင်ပြောဆိုနေသော ဦးသိန်းစိန်အစိုးရ တွင် တာဝန်ရှိသလား? ဦးသိန်းစိန်အစိုးရမှ တာဝန်ရှိသလား?

တာဝန်ရှိသဖြင့် တာဝန်ယူသည်ဆိုပါမူ မည်သို့ တာဝန်ယူမည်လဲ? အလုပ်သမား လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေးတောင်းဆိုနေသော ပြသာနာအား ဖြေရှင်းမပေးနိုင်သည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တွင် တာဝန်ရှိသလား? ထို အလုပ်သမားဝန်ကြီးကရော တာဝန်ယူမည်လား?

သို့မဟုတ် အလုပ်သမားရေးရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ညွန်ချုပ်၊ ညွန်မှုး ဆိုသူများတွင် တာဝန်ရှိသလား? ၄င်းအဆင့်မြင့်တာဝန်ရှိသည်ဆိုသည့် ပုဂ္ဂိုလ်များကရော တာဝန်ယူမည်လား?

အတ္တ၀ါဒ ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုသည့် နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်တွင် တာဝန်ရှိသလား? ထို နိုင်ငံခြားသား တရုတ်လုပ်ငန်းရှင်ကရော တာဝန်ယူမည်လား ?

လက်ရှိ မြန်မာနိုင်ငံရှိ အစစအရာရာ လိုက်မမှီအောင် တက်နေသော ကုန်ဈေးနှုန်းများနှင့် ပကတိ အလုပ်သမားများ လုပ်ခလစာနှင့် လုံးဝ မလောက်တော့သဖြင့် မခံနိုင်လွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်တင်ပြတောင်းဆိုနေသော အလုပ်သမားများအားလုံးသည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီး၏ အလုပ်သမားဥပဒေနှင့် ကြည့်ကြည့်၊ အိမ်နီးနားချင်းနိုင်ငံများရှိ အလုပ်သမားဥပဒေနှင့်ပဲ ကြည့်ပြီး ဆုံးဖြတ်ဆုံးဖြတ်၊ အလုပ်သမားများ ယခုတောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေးနှင့် အလုပ်သမားအခွင့်အရေးပေးရေးတို့သည် လွန်စွာမှ တရားသောနည်းလမ်း၊ အလွန်တရာ ရိုးသား သမာသမတ်ကျသောနည်းလမ်းဖြစ်သည်ကို တွေ့ရမည်ဖြစ်လေတော့သည်။

သို့ပါသောကြောင့် အလုပ်သမားဝန်ကြီးဆိုသူသည်၎င်း၊ အလုပ်သမားရေးရုံးခေါ် လေဘာရုံးမှ အဆင့်မြင့်တာဝန်ရှိသည်ဆိုသူများသည်၎င်း၊ အလုပ်သမားများ ဆန္ဒထုတ်ဖေါ်တောင်းဆိုနေသော လုပ်ခလစာတိုးမြင့်ရေး၊ အလုပ်သမားအခွင့်အရေးများ ပေးရေး စသည့် တောင်းဆိုချက်များကို အချိန်မီအမြန်ဆုံးနည်းဖြင့် ညှိနှိုင်းလုပ်ဆောင်ပေးရန် တာဝန်အပြည့်အ၀ရှိပါကြောင်နှင့် အကယ်၍ အစာငတ်ခံဆန္ဒပြနေကြသော ဖြူစင်ရိုးသားသည့် အလုပ်သမားများထဲမှ တစုံတဦးသောသူသည် အသက်ဆုံးရှုံးမှု့ဖြစ်ပေါ်လာသည် ဆိုပါက လက်ရှိ ဦးသိန်းစိန်အစိုးရ လက်အောက်ရှိ အလုပ်သမားဝန်ကြီးနှင့် အလုပ်သမားရေးရုံးမှ အဆင့်မြင့် တာဝန်ရှိသူတို့တွင်သာ တာဝန်အပြည့်အ၀ ရှိပါကြောင်း ထပ်လောင်း၍ သတိပေးရင်းဖြင့် ထပ်မံတင်ပြလိုက်ရပါသည်။

( မှတ်ချက်) ထပ်မံပြီး ဖြစ်ရပ်မှန်ဖြစ်သော အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားများကို မည်ကဲ့သို့ ခေါင်းပုံဖြတ်သည်၊ အနိုင်ကျင့်နှိပ်စက်သည်ကို ထပ်မံတင်ပြပေးပါဦးမည်။

မူရင်းသတင်းက ဒီမှာပါ။

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ (ပေးစာ - ၁၄၄)




မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊

ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊ ညီမငယ်များအထူးသတိထားရမဲ့အရာလေးပါ၊ဘယ်သူကဘဲကျွေးကျွေးမစားမိပါစေနဲ့၊အထူးသဖြင့်ညီမငယ်များယုံကြည်အားကိုးတဲ့ချစ်သူရည်းစား ကိုကို မောင်မောင်များ က ကျွေးလာလျှင် ပိုပြီး သတိထား ရှောင်ရှားနိုင်ရန် တင်ပြပေးလိုက်တာပါ၊ စားမိလျှင်တော့ ကာမကိုခိုးယူလို့ မိမိဘဝပျက်ပြီလို့ဘဲ သတ်မှတ်လိုက်ပါ။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

ဆန္ဒပြသူများရဲ့ ဖယောင်းတိုင်မီးကြောင့်ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဆန္ဒပြသူများ၏ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် စိန်ပန်းလမ်းနှင့် မနော်ဟယ်ရီလမ်းကြား အကွက် (C-1)တွင်နံနက် ၉ နာရီ ၃၀မိနစ်က စတင်လောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။

မူရင်းသတင်းက ဒီမှာပါ။

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့ အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊ ဒီကနေ့ နေပြည်တော် က ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမှု အခြေအနေ အပြည့်အစုံ ကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ။

နေပြည်တော် မှာရှိတဲ့ ကော်မရှင်ရုံးအစည်းဝေးခန်းမမှာ ပြည်တောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လျှပ်စစ် ၀န်ကြီး ဌာန ရဲ့ ဒုဝန်ကြီး ဦးအောင်သန်းဦး၊ အလုပ်သမားဝန်ကြီးဌာနက ဒုတိယ ၀န်ကြီး ဦးမြင့်သိန်းတို့က နိုင်ငံရေးပါတီ ၅ ခု ကို မေလ ၂၉ ရက် အင်္ဂါနေ့မနက်က ခေါ်ယူတွေ့ဆုံခဲ့တာဖြစ် ပါတယ်။ အဓိကကတော့ လတ်တလော မြန်မာနိုင်ငံထဲမှာ ဖြစ် နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ လျှပ်စစ် မီးပုံမှန်ရဖို့ ဆန္ဒဖော်ထုတ်မှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ဖို့ ခေါ်ယူ သတိပးခဲ့တာ ဖြစ်ပါ တယ်။

အခုသူတို့ခေါ်တွေ့တဲ့ နိုင်ငံရေးပါတီ ၅ခုကတော့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF နဲ့ ပြည်ထောင်စုမြန်မာနို်င်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ နဲ့ နောက်ထပ် နိုင်ငံရေးပါတီ တွေ ဖြစ်ပြီး ဒီပါတီတွေဟာ အခုလက်ရှိပြဿနာတွေမှာ ၀င်ရောက် ပတ်သက်နေတာတွေရှိတာကြောင့် ကော်မရှင်က ခေါ် တွေ့တာ ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီတွေက ပြောပါတယ်၊ အထူးသဖြင့်ကတော့ လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ် သမား ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ရှိတာကြောင့် ခေါ်တွေ့တာဖြစ်တယ် လို့ NDF ပါတီက ဦးစိုးဝင်း က ပြောပါတယ်။

“စစချင်းမှာကျတော့ နိုင်ငံရေးပါတီတွေက ၀င်မပတ်သက်ဘူးဆိုတဲ့ သဘောပေါ့လေ။ လှိုင်သာယာကိစ္စမှာ ဘယ်လို ရ အောင် တောင်း၊ ဆိုတာမျိုး ပါတီတွေက ၀င်လုပ်တဲ့အတွက် သူတို့ ညှိလို့ မရဘူးတဲ့။ တိုင်တာက စပယ်ပွင့်စက်ရုံက တိုင် တာတဲ့။ NLD က ၀င်ပြီးတော့ အလုပ်သမားတွေကို သောက်ရေ သန့်တွေ မုန့်တွေ လာဝေတာမျိုးလုပ်တယ်ပေါ့။ ဒါဟာ ဆန္ဒပြအလုပ်သမားတွေကို အားပေးပါ တယ်၊ သွေးထိုးလှုံ့ဆော်ပေးတယ် ဆိုတာမျိုး ပြောတာပေါ့။”

ဒီတိုင်ကြားမှုအပေါ်မှာ NDF ပါတီကိုယ်စားတက်လာတဲ့ ဦးစိုးဝင်းက ကော်မရှင်နဲ့ ၀န်ကြီးဌာနတွေ ကို ပြန်ရှင်းပြတဲ့ အချက် တွေကတော့

“နိုင်ငံရေးပါတီတွေကိုကျတော့ အလုပ်သမားတွေက အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြလာတဲ့အခါမှာ တော့ ၀င်ရောက်စွက်ဖက်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ညှိနှိုင်းဖြေရှင်းပေးဖို့ လုပ်ဆောင်ရမှာကတော့ တာဝန်ပဲ..လို့၊ အခက်အခဲတွေ့အောင် ကပျက်ယပျက်လုပ်တာမျိုး၊ ပြည်သူနဲ့ အဆင်မပြေအောင် ကျနော်တို့ ဒါမျိုးတွေလုပ်မှာ မဟုတ်ပါဘူးလို့။”

NDF ပါတီက ဦးစိုးဝင်းပါရှင်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ ဆန္ဒပြမှုတွေပေါ် NLD အဖွဲ့ဝင် တွေအတွက် တစုံတရာ သဘောထား ထုတ်ပြန်ထားမှု မရှိပေမဲ့ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေကို ကူညီပေးဖို့ ဟာ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ်တယ်ဆိုတာကို ပြန် ရှင်းပြ ခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ခဲ့တဲ့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင် ကလည်း ပြောပြ ပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ကျနော်တို့ ပါတီဝင်တွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောထား တစုံတရာ ထုတ်ပြန် ထားတာမရှိဘူး။ ပါတီဝင်ဆိုတာလည်း ပြည်သူတွေပဲ ဖြစ်တယ်၊ အဲဒီတော့ ခုတော့ အလုပ်သမားဝန်ကြီးတို့ လျှပ်စစ် ၀န်ကြီး တို့ ရှင်းပြသွားတဲ့အတိုင်းပဲ၊ ဒီပြဿနာတွေက ခုမှ ဖြစ်နေတာ လည်း မဟုတ်ဘူး၊ နှစ်စဉ်လည်း ဖြစ်နေတယ်၊ ကျနော် တို့ အသိပဲဖြစ်တယ်၊ ဒီနှစ်ကျတော့ လူတွေက လွတ်လွတ်လပ်လပ် စုရုံးခွင့်တွေ ရလာတယ်၊ ရလာတော့ လူတွေ က သူတို့ ဆန္ဒတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ထုတ်ကြတာဖြစ်တယ်၊ ဒါတွေကို ဖြေရှင်းပေးဖို့က အစိုးရမှာ တာဝန်အရှိဆုံး ပဲ၊ ကျနော်တို့ ပါတီတွေဘက်ကတော့ တတ်နိုင်သလောက်ပူးပေါင်းကူညီပေးဖို့ပဲတတ်နိုင်တယ်၊ ကျနော် အဲလို ရှင်းပြခဲ့ပါ တယ်။ ။

NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး ကတော့ စက်ရုံအလုပ်ရုံတွေ ရှိနေတဲ့အတွက် အလုပ်ရကြတာ ဖြစ်ပြီး အလုပ်သမားတွေအတွက်လည်း ရသင့် ရထိုက်တဲ့ အခွင့်ရေးတွေ ရဖို့ လိုတယ် ဆိုတဲ့ အမြင်နဲ့ ၀င်ရောက် ညှိနှိုင်းတာသာ ဖြစ်တယ်လို့ ပြောပါ တယ်။

“ကျနော်တို့ကတော့ ဒီကိစ္စကို အကျယ်အကျယ် မဖြစ်စေချင်ပါဘူး။ အဲဒီမှာ ဒီစက်ရုံတွေ ရှိနေလို့သာ အလုပ်သမားတွေ အလုပ်ရနေကြတာပေါ့၊ အလုပ်အကိုင်ရတဲ့ အလုပ်သမားတွေအနေနဲ့လည်းပဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သူတို့ ရရမှာ ပေါ့။ ဒီနှစ်ခုကိုတော့ အလုပ်ရှင်ရော အလုပ်သမားဘက် ကရော အားလုံးအဆင်ပြေအောင် ညှိနှိုင်း ဖြေရှင်း ပေးနိုင် ရေး အတွက်ပဲ ကျနော်တို့ ၀င်ရောက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောပြခဲ့တာပါ။

ဒီတွေဆုံမှု အဆုံးမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီအခြေနေတွေ ကို နိုင်ငံရေး ပါတီတွေအနေနဲ့ ဥပေဒနဲ့အညီ မှန်မှန် ကန်ကန် ရပ်တည်ဖို့ နဲ့ ပြည်သူတွေကို စည်းရုံး ရှင်းပြကာ တိုင်းပြည် တိုးတက် အောင် နိုင်ငံရေးပါတီတွေက ၀ိုင်းလုပ်ဆောင်ကြဖို့ကို တိုက်တွန်းသွား တယ် လို့လည်း ပြောပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် ဧရာဝတီ ပတ်လမ်း၊၆/ ထုံးဖိုစု ရပ်ကွက်နေသူ လှိုင်ဘွား (၃၁) နှစ်သည် ဇနီးသည် ဖြစ်သူမှ နောက်ယောကျာ်းနောက် လိုက်သွားသည်ကိုစိတ်ထိခိုက်ကာ ပိုးသတ်ဆေးများ သောက်သုံး ထားကြောင်း သိရှိရသဖြင့် ဆေးရုံသို့ပို့ ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ အလောင်း အားစစ်ဆေးရာပြင်ပ ဒဏ်ရာမတွေ့ ရှိဘဲသေဆုံးခြင်းဖြစ်ပြီးရွှေပြည်သာ ဆေးရုံမှ ပီအာရ်-၁၁ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။ အမှုအား ရွှေ ပြည်သာရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၁၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိသည်။

ဘုန်းမြတ်

မူရင်းသတင်းက ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် သုဝဏ္ဍဘူမိလေဆိပ် အရောက် မြန်မာနိုင်ငံသားများ ၀ိုင်းဝန်းကြိုဆို (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် သုဝဏ္ဍဘူမိလေဆိပ်အရောက် မြန်မာနိုင်ငံသားများ ၀ိုင်းဝန်းကြိုဆို။
ဒီဗွီဘီ

မူရင်းသတင်းက ဒီမှာပါ။

ဂေါက်ရောဂါသည်များ အတွက် အစားအစာများ

Gout ရောဂါကို ခံစားနေရသူများ ဟာ ခံစားရသောဝေဒနာ များသက် သာစေရန် လူနေမှုစရိုက်များကို ပြောင်းလဲပေးခြင်းသည် အဓိကကျ ကြောင်း အရိုးအထူး ကုဆရာဝန် များ က အကြံပေးကြ ပါတယ်။ သန့်ရှင်း လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း သော နို့ထွက်ပစ္စည်းများ၊ အစေ့ အဆန်များကို ညီညွတ်မျှတ စွာစား သောက်ခြင်းဖြင့် ဝေဒနာများကို သက်သာစေနိုင်ကြောင်း သိရပါ တယ်။ အရေးကြီးသည့် အချက်များမှာ ပြုပြင်စီမံထားသော အစားအစာနှင့် ဖျော်ရည်များတွင် ပါဝင်သော Fractose Corn syrup စား သောက်မှုပမာဏကို ကန့်သတ်ထားရ မှာဖြစ်ပါတယ်။ Purine ဒြပ်ပေါင်း ကြွယ်ဝသော အစား အစာများ၊ အနီရောင်အသားများ၊ ဘီယာနှင့် Shellfish စားသောက်ခြင်း ကိုလည်း အကန့်အသတ်နှင့်သာ စားသောက်ရ မှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာမြင့် Ref:UPI

မူရင်းသတင်းက ဒီမှာပါ။

ပလွေရိုး ခန္ဓာကိုယ် များအတွက် ဖြည့်စွက် အားဆေး


သာမန်အားဖြင့် လူတစ်ယောက် ဟာ အစားအသောက်များမှ လိုအပ် သော အာဟာ ရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ် များကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အလေး ချိန်တိုး၊ ကြွက်သားတွေထွက်ပြီး ထောင် ထောင်မောင်းမောင်းဖြစ်လာအောင် ကြိုးစားနေတဲ့ ပိန်ပိန်ညှောင်ညှောင် ကိုပလွေရိုးများအနေနဲ့ အာဟာရ ဓာတ်ကို အစားအသောက် များမှတင် မကဘဲ ဖြည့်စွက်အားဆေးများရဲ့ အကူအညီကို ရယူရပါမယ်။

ကယ် လိုရီနဲ့ပရိုတင်း စားသုံးမှုကို မြှင့်တင်ဖို့ အတွက် ပရိုတင်းပေါင်ဒါတွေဟာ အရေးကြီးပါတယ်။ အစာအိမ် နဲ့အူ လမ်းကြောင်းကို မသက်မသာဖြစ်စေ မှုကို မခံနိုင်ဘူး ဆိုရင်တော့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်တဲ့အခါ ပဲပုပ်၊ ပြောင်းဖူး၊ အချိုဓာတ်အတွက် ထပ် ဖြည့်ပစ္စည်းများမပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကို ရွေးချယ်ပါ။

အစာကြေ စေတဲ့ပစ္စည်းများပါဝင်တဲ့ ပရိုတင်း ပေါင်ဒါကိုလည်းရွေးချယ်နိုင်ပါတယ်။

အခြားဖြည့်စွက်ဆေးဝါးများက တော့-(၁) Creatine (၂) Carnitine (၃) Citrulline (၄)Beta- Alanine ဖြည့်စွက်အားဆေးတို့ပဲ ဖြစ်ပါတယ်။

ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်ပြီး ဆေး ညွှန်းအတိုင်းသောက်သုံးရမှာ ဖြစ်ပါ တယ်။

ဒါပေမယ့်အထက်ပါဆေးဝါးတွေ ဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အလေးမခြင်းတို့ကို အစားမထိုးနိုင် ပါဘူး။ အထောက်အကူသာ ပြုပေး နငို ပ်ါတယ။်

ဇင်မာမြင့် Ref:Yahoo

မူရင်းသတင်းက ဒီမှာပါ။

ဝန်ကြီးများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ် လက်ဆောင်

သူရိန်ထက်။ မေ ၃၀၊ ၂၀၁၂

ရောင်းရင်းရေ …

ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။

တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊ တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊ တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။

ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။ ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။

တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။

ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။

အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က ဗိန္ခောဆရာ ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။

ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။ သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။

“ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ”

“ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“

“သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား”

“ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“

“ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား”

“ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား”

“မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး”

“အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ”

ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။

“ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ”

“အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။

ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။

အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။

ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။

အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။

ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။

မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။

တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။

ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။

ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။

အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။

(နတ်လူ သာဓုခေါ်စေသောဝ်)

ဝန်ခံချက်။ ။ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောတဲ့ ပုံပြင်ကို မှီငြမ်းပါကြောင်း

မူရင်းက ဒီမှာပါ။

Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်

ဓါတ်ပုံ(NLD)

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ(၂၉) ရက်နေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် Manmohan Singh က ကွန်ဂရက်ပါတီဥက္ကဌ Sonia Gandhi လူကြုံပါးလိုက်တဲ့စာကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ကြောင်း Press Trust of India သတင်း မှာ ရေးထားပါတယ်။

အဲဒီစာထဲမှာ Sonia Gandhi က ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယကိုလာရောက် လည်ပတ်ပြီး Jawaharlal Nehru အမှတ်တယအခမ်းအနားမှာ မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ဖိတ်ခေါ်ချက်ကိုလက်ခံပြီးအမြန်ဆုံးသွားရောက်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။

ရန်ကုန်-စီဒိုနားဟော်တယ်မှာ ၄၅-မိနစ်ကြာတွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနဲ့မြန်မာဟာ ပထ၀ီမြေအနေအထားအရ ကာလကြာရှည် ချစ်ကြည်ရင်းနှီးတာမဟုတ်ဘဲ တစ်ဦးရဲ့စံတန်ဖိုး ကို တစ်ဦးကမျှဝေခံစားပြိး လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့တာကြောင့်ဖြစ်ကြောင်း ၀န်ကြီးချုပ် Manmohan Singh ကို ပြောကြားခဲ့ပါတယ်။

ဒီဗွီဘီ

မူရင်းသတင်းက ဒီမှာပါ။

ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန်

မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့ မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။

ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူ လွင်ဦး က ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ဆီလောင်းပြီး မီးရှိုးတဲ့ တရားခံကိုတော့ ဖမ်းမိထားပြီဖြစ်သည်။

မူရင်းသတင်းက ဒီမှာပါ။

မုံရွာတွင် အပူလွန်ကဲ၍ လွန်ဆွဲ


အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။

လွန်ဆွဲပွဲအား ၂၀၀၈ ခုနှစ်တွင် မိုးခေါင်ခဲ့သည့် အတွက် ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး ယခု လွန်ဆွဲပွဲမှာ မြဝတီ ရပ်ကွက်အတွက် ဒုတိယမြောက် လွန်ဆွဲပွဲ ဖြစ်လာကြောင်း မြဝတီ ရပ်ကွက်သား တစ်ဦးက ပြောကြားသည်။

ယခု လွန်ဆွဲပွဲအား သုံးရက် ကျင်းပမည် ဖြစ်ပြီး လွန်ဆွဲပွဲ ဒုတိယမြောက်ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လွန်ဆွဲသူ အရေအတွက်မှာ လူဦးရေ ၅၀၀ ခန့်ရှိပြီး အမျိုးသား အမျိုးသမီးနှင့် ကလေးသူငယ်များပါ ပါဝင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

မုံရွာမြို့တွင် သင်္ကြန်ကာလအပြီး မိုးရွာသွန်းမှု အနည်းငယ်သာ ရှိခဲ့ပြီး အပူချိန် လွန်ကဲခဲ့သည့် အတွက် မုံရွာမြို့ အခြားရပ်ကွက်ကြီးများတွင်လည်း လွန်ဆွဲပွဲများ ကျင်းပကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။

The Voice Weekly

မူရင်းသတင်းက ဒီမှာပါ။

Tuesday, May 29, 2012

'' KIA မှ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူး ဗလမင်းထင်တံတားအား မိုင်းခွဲရန် စီစဉ် ''


KIA တပ်မဟာ (၂) မှ အထူးလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအား မြစ်ကြီးနားမြို့ရဲ့ အသက်သွေးကြောလည်းဖြစ်၊ ကချင်ပြည်နယ်၏ အဓိကစီးပွားရေး လမ်းကြောင်း ပေါ်မှာ ရှိတဲ့ ဗလမင်းထင်တံတားကို မိုင်းဖောက်ခွဲရန်စီစဉ်နေပါတယ်။

တံတားအားမိုင်း ဖောက်ခွဲရန်အတွက် ဖောက်ခွဲရေးပစ္စည်းများကို မေ ၂၅ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့ပေါ်သို့ ရောက်ရှိနေပါပြီး။

ဖောက်ခွဲရန်အတွက် အသေးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

KIA အဖွဲ့မှ ဗလမင်းထင်တံတားကို ဖောက်ခွဲဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တံတားပေါ်နဲ့ တံတားအ၀င်အထွက်တို့တွင် အစိုးရမှလုံခြုံရေးတင်းကြပ်စွာ ချထားတဲ့အတွက် အောင်မြင်မှုမရရှိခဲ့ပါဘူး။

အဲဒီအတွက်ကြောင့် အခုတော့ တံတားကိုဖောက်ခွဲရန်အတွက် မိုင်းများကို ၀ါးဖောင်တွေနဲ့ တင်ခြင်း၊ ၀ါးတွေနဲ့တွဲလျက် အထက်မှရေစီးနဲ့ မျောချပြီး အဝေးမှ ရိမုဖြင့် ဖောက်ခွဲရန်ဆောင်ရွက်ထားပါတယ်။

ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့မြို့တော်ရဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်၊ စီးပွားရေး အဓိကလမ်းကြောင်းလဲဖြစ်၊ ဧရာဝတီမြစ်ကြီးကို အရှေ့အနောက်ဆက်စပ်ပေးတဲ့လမ်းကြောင်းလဲ ဖြစ်တဲ့ ဗလမင်းထင်တံတားကြီးကိုနိုင်ငံတော်မှငွေကြေးသိန်းပေါင်းမြောက်မြားစွာ အကုန်အကျခံပြီး တည်ဆောက်ခဲ့ပါတယ်။

ဒီလိုလမ်းပန်း ဆက်သွယ်ရေးအဓိကကျတဲ့ တံတားကို KIA မှ စကောလောက်မှ စောက်မနက်တဲ့အကြံနဲ့ ဖောက်ခွဲဖို့ ကြံစည်နေပါတယ်။

ဒီလိုလုပ်ဆောင်မှုကို မနှစ်သက်တဲ့ ၎င်းဖောက်ခွဲရေးအဖွဲ့နဲ့နီးစပ်တဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးမှမြစ်ကြီးနားမှာရှိတဲ့ ၎င်းရဲ့သူငယ်ချင်းဆီကို စာရေးပေးပို့ထားပြီး တာဝန်ရှိသူတွေတားမြစ်ပေးနိုင်ရန်နဲ့ မြစ်ကြီးနားက လူများအားအသိပေးရန် ထပ်မံပြောကြားပေဖို့ ဆက်သွယ်ခဲ့ပြီး KDN သတင်းဌာနသို့ သတင်းပေးပို့ ခဲ့ပါတယ်။

မူရင်းသတင်းက ဒီမှာပါ။

ယနေ့ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားက မြောက်ဥက္ကလာပ ပြည်သူများရဲ့ ၂၄နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲ..


မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက မြောက်ဥက္ကလာပ လူထုရဲ့ ၂၄နာရီ မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲ..

၂၈ရက်နေ့ ည (၇)နာရီက မိုးများ သည်းထန်စွာ ရွာသွန်းနေသော်ငြားလည်း မြောက်ဥက္ကလာပ ပြည်သူလူထုမှ ဖယောင်းမီးများ မငြိမ်းအောင် ကိုင်ဆောင်ပြီး ရည်မှန်းချက်အတိုင်း ၂၄နာရီလျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်ခဲ့ ကြပါသည်။

ဓာတ်ပုံ သားစိုးလေးအား ကျေးဇူးတင်ပါသည်..။










မူရင်းသတင်းက ဒီမှာပါ။

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား..




ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကလား ရွှေလီရေအားလျှပ်စစ် စီမံကိန်းကလား

ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာပြည်တဝှမ်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေမှုကို အစိုးရ သတင်းဋ္ဌာနတွေမှာ ရွှေလီရေအား လျှပ်စစ်စီမံကိန်းမှ တာဝါတိုင်များအား KIAမှ မိုင်းခွဲမှုကြောင့် လျှ...ပ်စစ်မီးမလုံလောက်မှုနဲ့ ကြုံတွေ့နေရသယောင် ရေးသားဖော်ပြနေပါတယ်...။

ဒီမိုဝေယံမှ လက်ခံရရှိထားပြီး အထက်ပါ ဖော်ပြမယ့် စာကတော့ ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ထိးချိုင့်မြို့နယ် တကောင်းတောင် နီကယ် စီမံကိန်းမှာ အဓိက ရင်းနှီးမြုပ်နှံနေတဲ့ တရုတ်CNICO ကုမ္ပဏီရဲ့ ပေးစာ ဘာသာပြန်ထဲက တစိတ်တပိုင်းကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။ (အထက်ပါ စာနဲ့ အတူ ဓာတ်ပုံသတင်းများ ဆက်လက်ဖော်ပြပေးပါမယ်..)

အဆိုပါ တရုတ်CNICO ကုမ္ပဏီရဲ့ သက်ဆိုင်ရာသို့ ပေးစာထဲမှာ နယ်မြေတာဝန်ခံများနဲ့ လုံခြုံရေးများသို့ ဗျူဟာတောင်းခံထားတဲ့ စာဖြစ်ပြီး ရွှေလီ၊ တအူ၊ တကောင်း လျှပ်စစ်တာဝါတိုင်များအား စစ်ဆေးကြည့်ရှုမယ့် တာဝါတိုင် အမှတ်စဉ်တွေကို ဖော်ပြထားတာ တွေ့ရှိရမှာပါ...။ ဇန္နဝါရီလထဲက ကြိုတင်ပြင်ဆင် စစ်ဆေးမယ့် တရုတ်ဝန်ထမ်းတွေ အတွက် နယ်မြေ လုံခြုံရေးအတွက် ထိုစဉ်ကတည်းက ရယူထားပြီး ဖြစ်ပါတယ်..။ တာဝါတိုင်တွေ ပြင်ဆင်မယ့် တရုတ် ဝန်ထမ်း အရေအတွက်ကတော့ Passport ဖြင့်ဝင်သူ ၄၄ဦး Border Pass ဖြင့်ဝင်သူ ၇ဦးနဲ့ ကုမ္ပဏီ ထောက်ခံမှုဖြင့် ဝင်သူ ၄၄ဦး ပေါင်း (၉၅)ဦးရှိပါတယ်..။ (အဆိုပါ စာရင်းအား ဖော်ပြပေးပါမယ်..) ဒီလောက် နိုင်ငံခြားသား တရုတ်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ဗျူဟာတခု တောင်းခံပြီး လုံခြုံရေး ရယူစဉ်မှာ တာဝါတိုင်တွေ မိုင်းခွဲခံရတယ် ဆိုတာ စဉ်းစားစရာပါ..။

အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွှေလီ - မန်စံမဟာ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃)၊ (၂၀၆)၊ (၂၀၇)နှင့် (၂၀၈)တို့ ဖျက်ဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်..။ ယခုစာမှာ အဆိုပါ တာဝါတိုင်များ စစ်ဆေးမယ့်အထဲမှာ ပါပြီးသားပါ...။ ယခင် ဖော်ပြခဲ့သလို အဆိုပါ တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ မြန်မာပြည်တဝှမ်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဆိုတဲ့အချိန်မှာ ရွှေလီကပို့လွှတ်တဲ့ တကောင်းနီကယ် စီမံကိန်းမှာတော့ လင်းထိန်နေတဲ့ မေလ (၁၅)ရက်နေ့က မြင်ကွင်းကို အများသိရှိပြီး ဖြစ်ပါလိမ့်မယ်..။ KIA မိုင်းခွဲတာ ဖြစ်လည်း ဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ပါ..။ မိုင်းခွဲခံရတယ် ဆိုလည်း မိုင်းအမျိုးအစား ပတ်ဝန်ကျင် ပျက်ဆီးမှု အသေးစိတ်ကို ဖော်ပြပေးသင့်ပါတယ်..။ (၂၄)နှစ်လုံးလုံး ရွှေသမင်ဘယ်က ထွက်ဆိုတာ ကျတော်တို့ ခံရပါများလို့ သိရှိပြီးသားပါ...။ ဒီစာပါ အကြောင်းအရာများအရ ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်ကိစ္စကို ကျတော်တို့ မျက်စိဖွင့်ပြီး ယုံကြရမယ့် အနေအထားပါ...။

မုန့်လုံး စက္ကူကပ်သလို လုပ်ပြီး ရောင်ခြည်တော်နဲ့ ရောမလွှတ်ပါနဲ့..။ လျှပ်စစ်မီးပုံမှန်မရတာ ရွှေလီဓာတ်အားပေး စက်ရုံ ပြီးစီးတဲ့ ၂၀၀၉ခုနှစ် မတိုင်မှီ နှစ်ပေါင်း ၂၀ကျော်ကတည်းကပါ...။ ရွှေလီကထွက်တဲ့ ရေအားလျှပ်စစ်ကို တရုတ်နဲ့ ပြည်တွင်းကို ရောင်းချရငွေ ဒေါ်လာ ၂၅၅သန်းကျော် ရရှိခဲ့ပြီးပါပြီ။ ပြည်သူတွေ အကျိုးခံစားခွင့်ဆိုတာ ဘေးထား သိရှိခွင့် ရရှိခဲ့ပါရဲ့လား..။ မိုးမရွာလို့ လျှပ်စစ်မီးမရတာ၊ တာဝါတိုင် ချိုးခံရလို့ပါဆိုတဲ့ ကင်ဆာရောဂါကို ပရုတ်ဆီအဆင့်နဲ့ မကုပါနဲ့တော့.. နောင်လာမယ့် နှစ်တွေအတွက် ဘာများ ပြင်ဆင်ထားပါသလဲ..။ ဆီပေးမှ ဆန်ရမယ် ဆိုပြီး တနေ့ ၆နာရီလောက်တောင် မရတဲ့ လျှပ်စစ်မီးကို ဖယောင်းတိုင်ထွန်းပြီး ချွေတာဖို့ စော်ကားတဲ့ စကားတွေ ရပ်တန်းက ရပ်ကြပါတော့...။ ရာထူးယူပြီး တာဝန်မယူနိုင်ရင် လုပ်နိုင်တဲ့ပညာရှင်တွေကို လက်ဆင့်ကမ်းပြီး ထွက်ကြပါတော့လို့ တိုက်တွန်းရင်း ပြည်သူတွေ မသိဆိုပြီး အချဉ်မလုပ်ကြပါနဲ့ သိတဲ့သူတွေ ဖော်ထုတ်မယ့် သူတွေ ရှိနေကြောင်း အသိပေးလိုက်ရပါတယ်.. မင်းကြီးတာက ပုဂ္ဂိုလ်များ ခင်ဗျား..

သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..

ဒီမိုဝေယံ

တရုတ် CNICO ကုမ္ပဏီရဲ့ တကောင်းတောင် နီကယ်စီမံကိန်း ပြန်ဖတ်ချင်ရင် http://www.demowaiyan.org/2012/05/blog-post_26.html




မူရင်းသတင်းက ဒီမှာပါ။

သမ္မတအကြံပေး ဦးဖယောင်းလှိုင်သို့ (ဆောင်းပါးရှင် မောင်မီဂ္ဂါဝပ်)


လျှပ်စစ်မီးဆိုတာ ကနေ့ခေတ်မှာ (မရှိလို့ ကိုမဖြစ်သော) အခြေခံ လူမှုရေး လိုအပ်ချက် တရပ်ဖြစ်ပါတယ်။ ကာလံ ဒေသံ ဆိုတာလိုပေါ့။ လျှပ်စစ်မီး လိုအပ်ချက်က ကာလ ဒေသ ကိုလိုက်ပြီး မတူပါဘူး။ တစ်နည်း အရေးကြီးမှုခြင်း မတူညီနိုင်ပါဘူး။ ဒါကို လှေနံဓားထစ် ဝေဖန်လာသူဟာ သိပ်စဉ်းစားဥာဏ် မပြည့်ဝသူလို့ ပထမဦးဆုံး ပြတ်ပြတ် ပြောလိုက်ချင်ပါတယ် ။

ဥပမာလေးတွေ တချို့ ပေးပါမယ်။ အခုနေခါ အထူးသဖြင့် မြိုတမြို့ မှာ ပွဲတော်ကြီး ကျင်းပနေပါတယ်။ အဲဒီမြို့မှာ မီးလင်းနေရပါမယ်။ နေရာတိုင်းနီးနီး မီးလင်းနေရပါမယ်။ ပွဲတော်ကျင်းပတဲ့ နေရာလေးတင် ကွက်ကွက်လေး မီးလင်းနေရုံနဲ့ မရပါဘူး။ ပွဲသွား ပွဲပြန်တွေ လုံခြုံရေး ကျန်ခဲ့တဲ့ အိုးအိမ်တွေ လုံခြုံရေးကအစ အလေးထားရတာပါ။ မီးလင်းနေရုံတောင် မဟုတ်ပါ။ လမ်းတွေပါ လုံခြုံနေအောင် စီမံထားရပါမယ်။ လမ်းမှာ မှောင်နေရင် ပွဲပြန်တွေ အသတ်ခံရမယ်။ အလုအယက် မုဒိန်းကျင့်တာတွေ ခံရပါမယ်။ ဒါကတော့ ၇တန်းကျောင်းသား လောက်တောင်သိပါတယ် ။

အဲဒီမြို့လေးဘဲ စစ်ပွဲဖြစ်နေတဲ့ကာလ ရန်သူလေယာဉ်တွေ အန္တာရယ်ရှိနေရင် မီးလင်းဖို့ နေနေသာသာ ဆေးလိပ်မီးတောင် မသောက်ရ ဖြစ်မနေပေဘူးလား။ ရန်သူလေယာဉ်ဗုံး ထိမှန်လို့ဆိုပြီး လူနာတင်ယဉ်က ဥသြဆွဲ မီးတွေ တဖျတ်ဖျတ် လုပ်နေလို့ရမလား ရိုးရိုးလေးပါ။

ဒီလိုဘဲ သမတကြီးရဲ့ ရွှေဥာဏ်တော် အကြံပေးကြီးက မီးကလေးတွေမှိတ် ဖယောင်းတိုင်လေးတွေ ထွန်းနေကြပါတဲ့။ အမျိုးအမျိုးဝေဖန်သံတွေ မင်္ဂလာထောပနာ ပြုကြတာတွေ ဖတ်ရတော့ ရေးဖို့ လိုလာပြီဆိုပြီး ရေးလာရတာပါ။ ရွှေဥာဏ်တော်ကြီး ကိုကိုလှိုင်။ မြင်းမူသား ရွှေဥာဏ်တော်ကြီးရယ်လို့ဘဲ အော်ချင်မိတော့တယ်။.(ယောမင်းကြီးဦးဖိုးလှိုင်)များ အသက်ထင်ရှား ရှိသေးရင် သူ့ကိုသူ သတ်သေ မိလောက်ပါတယ်။ ငါ့နံမည်ယူသုံးပြီး ဒီလောက်တုံး ရလေသလားဆိုပြီး။ နယ်ချင်းက နီးနီးလေး ဒီိလောက်တောင် အသိနည်းရလေခြင်းဆိုပြီး။

(၁) သူပြောသလို မီးလေးပိတ်ထားဖို့ပေါ့။ မီးပိတ်ရအောင် မီးမှမလာတာ။ ပိတ်စရာမီးမှ မလာတာ ဘာကို ပိတ်ထားစေချင်တာလဲ မေးရမလိုဖြစ်နေပြီ။ ဂျပန်နိုင်ငံမှာက လူထုကိုယ်တိုင်က မီးခြွေတာဖို့  မီးပိတ်တာပါ။ Public သုံးတဲ့ နေရာတွေမှာ မီးခြွေတာတာပါ. ဒီမှာဖြစ်နေတာက မီးမလာမှတော့ ဘာကိုခြွေတာ နေရတော့မှာလဲ။ အခုနိုင်ငံတိုင်းမှာလဲ လျှပ်စစ်မီတာခ တွေဈေးတက်လာတော့ လူထုကမလိုအပ်ဘဲ မီးမထွန်း ကြတော့ပါဘူး။ မီးအားဖြန့်ဖြူးနေတဲ့ ကုမ္မဏီကြီးတွေကတော့ ဘယ်လောက်သုံးချင်သလဲ။ မီးအားဖြန့်ဖြူးသူတွေက ရောင်းချင်လွန်းလို့ တီဗွီတွေမှာမှာ ညစဉ် အသုံးများသူတွေဆို ကံစမ်းမဲပေးပါမယ် ကြေငြာနေတာပါ။

ပြီးဖယောင်းတိုင် ထွန်းရတာက စားရိတ်ပိုကုန်ကျတယ်။ အလင်းရောင်လဲ တကယ်မရ။ ပိုဆိုးတာက မီိးအန္တရာယ် ကြီးမားတယ် ဆိုတာလောက်ကိုတော့ သမ္မတအကြံပေး တဦးသိတန် ကောင်းပါတယ်။ ဒါဆို နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကိုလဲ မီးအားခြွေတာဖို့ မြန်မာနိုင်ငံမှာ လာရင်းနှီးကြရင် ဖယောင်းတိုင်လေးတွေ သုံးဖို့ ပြောပေးပါ။ စက်တွေလည်ပတ်ဖို့ နွားတွေနဲ့ လည်လို့ ရတာလေးပါ တပါထဲ ပြောပြထားပေါ့။ ထမင်းဟင်းချက်ရင်လဲ ဂတ်စ်နဲ့ချက်ရင် ဂတ်စ်အိုးပေါက်ကွဲတဲ့ အန္တရာယ်ရှိလို့ လျှပ်စစ်နဲ့ချက်ရင် ဓါတ်လိုက်နိုင်တယ်။ မီးသွေးနဲ့ ချက်တာလေးပါ ပြောပြထားပေါ့။

ရွှေဥာဏ်တော်ကြီး မသိလို့ ပြောလေတာလား ဒါမှမဟုတ် ဗမာတွေ ငတုံးတွေပါ အထင်နဲ့ ပါးစပ်ထဲ ပေါက်ကရ လျှောက်ပြောလိုက်ရင် ပြီးသွားမယ် အထင်နဲ့ ပြောလေသလား။ သမ္မတကြီး အကြံပေးတစ်ဦးက ကိုယ်ချင်းစာစိတ်လေးတွေ မမွေးနိုင်သူ ဖြစ်နေတာ ဖေါ်ပြနေတာပါဘဲ။ အဆိုလေးပေါ့..

.We should not have expectations of others regarding to things that we are not prepared to carry out ourselves....by William Wordsworth... မြန်မာလိုတော့ မိမိကိုယ်တိုင် လုပ်ဆောင်ရန် စိတ်ကူး မရှိသောအရာကို တပါးသူများ လုပ်ဆောင်ဖို့ မျှော်လင့်ချက် မထားသင့်ပါလို့ ပြန်လို့ ရမယ်ထင်ပါတယ် ။ လွယ်လွယ်ပြောရရင် ကိုယ်တိုင် မလုပ်ချင်တာကို သူတပါးကို မလုပ်ခိုင်းပါနဲ့ပေါ့။

ဂန္ဒီကြီးကို ကလေးအမေတစ်ယောက်က သူ့သားလေးအချိုတွေ အစားများလို့ ဆုံးမပေးဖို့ ခေါ်လာတယ်။ ဂန္ဒီကြီးကနောက်တလနေမှ ပြန်လာခိုင်းတယ်။ သူကိုယ်တိုင်အချို စားနေတာကို အရင်ရပ်ပြီးတော့မှ စိတ်လုံလုံရှိမှ ဆုံးမပေးတယ်။ ဂန္ဒီကြီးစကားလေးပါ

Be the change you wish to see in the world....Mahatma Gandhi ကမ္ဘာကြီးမှာ ကိုယ်ဖြစ်စေလိုတဲ့ အပြောင်းအလဲကို ကိုယ်တိုင်လုပ်ပြလိုက်ပါ။

အမေရိကန်နိုင်ငံမှာ ၁၉၈၂ လောက်က စီးပွားရေးပြိုကွဲလု နီးနီးဖြစ်ခဲ့ပါတယ်။ Ford နင့် Chrysler ကားကုမ္မဏီကြီးနှစ်ခုမှာ အမြင့်ဆုံးတာဝန်ယူခဲ့တဲ့ Lee Iaccoca က သူကိုယ်တိုင် တနှစ်ကိုလစာ ဒေါ်လာ ၃-သိန်းလောက် ရနေတာကို တနှစ်ကို (တစ်)ဒေါ်လာဘဲယူပြီး ချွေတာရေးလုပ်ပြခဲ့တော့ တနိုင်ငံလုံး အားတက်သရော သူလိုဘဲ လစာလျှော့ထုတ်ပြီး ၂-နစ်အတွင်း စီးပွားရေပြန် ဦးမော့အောင် လုပ်ပြခဲ့ပါတယ်။ အဲဒါ တကယ် တိုင်းပြည်ရဲ့ ခေါင်းဆောင်ပါ။

ကဲကဲ ရွှေဥာဏ်တော် အကြံပေးကြီးရော ကိုယ့်အိမ်မှာ လျှပ်စစ်မီးတွေ မှိတ်ထားပါသလား ဖြေပါဦး။ ပိုဆိုးတာက လူကြီးသားသမီးတွေက လျှပ်စစ်ကို ဦးစားပေးလဲ သုံးကြတယ်။ ၂၄-နာရီ အပြည့် ပေးထားရပါတယ်။ မီးအားလဲ ဒင်ဒင်မြည် အပြည့် ပေးထားရတယ်။ မီတာခကျတော့ မပေးဘဲ ထားတယ်။ ဘာပြောချင်သေးလဲ ရွှေဥာဏ်တော်ကြီး။ အဲဒီလိုလူတွေကြောင့် လျှပ်စစ်ဌာနမှာ အရှုံးပြနေတာပါ။ နိုင်ငံတိုင်းမှာ လျှပ်စစ်ဌာနက အမြတ်အမြဲပြနေပြီး မြန်မာနိုင်ငံမှာ အရှုံးပြနေတာ ရှင်းလောက်ပါတယ်။ ဒီလိုလူတွေကို အခုလျှပ်စစ် မပေးနိုင်ချိန်မှာ လျှပ်စစ်ဓါတ်အားဖိုး ခိုးထားသူတွေကို မီးအားဖြတ်ထားရပါမယ်။

(၂) ပြီး ရာရာစစ ဂျပန်ကို နမူနာပေးလိုက်သေး။ သိထားဖို့က ဂျပန်ကို နမူနာထားရဲရင် ဂျပန်နမူနာ အကုန်လုံးကို မယူရဲရင်တောင် တ၀က်လောက်ဘဲ ယူပါလို့တော့ ပြောချင်တယ်။ ဂျပန်မှာ အခုလိုမီးပျက်ရင် တာဝန်ရှိသူတွေ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်နုတ်ထွက် ပေးကြတာက ဂျပန်ရီုးရာ ယဉ်ကျေးမှုဖြစ်နေပြီ ဆိုတာကိုရော သိရဲ့လားလို့ မေးရပါတော့မယ်။ အဲဒီလိုနုတ်ထွက်ရတဲ့ ယဉ်ကျေးမှုလေးကိုရော ထဲ့မပြောတော့ဘူးလား။ လာလာချေသေး။ တန်ရာတန်ရာကို ကိုးကားပါ မြင်းမူသားရယ်လို့ဘဲ ပထမဦးဆုံး ပြောလိုပါတယ်။ ဂျပန်မှာ ဖူကူရှိးမား အနုမြူဓါတ်ပေါင်းဖိုကိစ္စနဲ့ နုတ်ထွက်တာလေးလဲ ပြောပါဦး။

(၃) ဖယောင်းတိုင်လေးတွေ ထွန်းပေါ့တဲ့။ ဖယောင်းတိုင်ထွန်းဖို့ တရုတ်တွေကြီးပွားရေး တဖက်လှဲ့ ပြောလိုက်တယ်လို့ ခံစားရပါတယ်။ မိအေးနှစ်ခါနာ ထက်မက ဆယ်ပြန်နာဖြစ်နေပါပြီ။ ဖယောင်းတိုင်က တရုတ်ကနေ ၀ယ်နေရတာလေ။ ကိုယ့်တိုင်းပြည်ကထွက်တဲ့ စွမ်းအားတွေကို တရုတ်ကို (၀ကွက်အပ်) ဈေးချိုချိုလေး။ တရုတ်က ကိုယ့်နိုင်ငံထဲကအလုပ် လုပ်ငန်းရှိရင်သူ့ အလုပ်သမားတွေနဲ့ သူဟာသူလာလုပ်။ လာလုပ်တဲ့ တရုတ်တွေ (အလုပ်သမားအဆင့်တွေကို) မြန်မာမိန်းတွေကို ဟိုဟာပြုခံရ။ အရာရှိတွေကို အပျော်ဆက်ရရင် ပြောသာခံသာသေးတယ်။ အခုဟာက အလုပ်သမားအဆင့်က အလုပ်မရှိလို့ မြန်မာပြည်လိုက်လာပြီး အလုပ်လုပ်ရသူက မြန်မာတွေအပေါ် အထင်သေးခံရတယ်ဆိုတော့ တိုင်းပြည် ဘယ်လောက် နာသလဲဆိုတာ။ လူမျိုးမာန်ဆိုတာ မန်ထောင်ပြရအောင် ကျန်ကိုမကျန်တော့ဘူး။ ကျနော်တို့ ကျောင်းတုန်းက ပြောနေကြဟာသလေးပေါ့ ။

သင်္ဘောပေါ်မှာ အရပ်ပျက် ဗမာမလေးက သူ့အဆက်ပေါ့လေ ပေါက်ဖေါ်ကြီးကိုတွေ့တယ်။ ကောင်မလေးက တရုတ်ကြီးကို ခိုးကြည့်လိုက် ပြုံးပြလိုက်။ ဟိုကလဲ လူတွေကြားဆိုတော့ မျက်နှာ လွှဲလွှဲနေတယ်။ မမြင်ချင်ယောင် ဆောင်နေတယ်။ ကြာတော့ကောင်မလေးက မနေနိုင်တော့ဘူး။ ဟိုလိုလို ဒီလိုလိုလုပ် အနားကပ်သွားပြီး (ပေါက်ဖေါ်ကြီး ကျမ မ(××× ) ဘယ်သူလေ မမှတ်မိဘူးလား ) မေးရော၊။ တရုတ်ကြိးက ရှက်ရှက်နဲ့  မထူးဘူးဆိုပြီး ..မှတ်မိတာပေါ့ ။ နင်(+++ ) မြို့က ပြည့်တန်ဆာ( ++++) လေ လို့။ အပြောခံရတာလေး ပြေးသတိရနေတယ်။

ကျနော်တို့ ဗမာတွေ အုပ်ချုပ်သူ တစ်ကိုယ်ကောင်း စိတ်ကြီးမားတော့ ပေးဆပ်နေရတုန်း။ ပေးဆပ်နေရဆည်း။ ပေးဆပ်ကြရဥိးမှာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည် ဆိုပြီး သူရဲ့ စစ်ရေးအမြင်ကလဲ တရုတ်ကို ဟိုဟာပေးပေါင်းတဲ့ အမြင်ကို ပြောလေသလား။ တရုတ်ဆီက လက်နက်ဝယ်ဖို့ တိုင်းပြည်တခုလုံးကို ၀ကွက်အပ်တာ စစ်ရေးအမြင်တဲ့လား။ ဒါကြောင့် စာရေးသူ တစ်ယောက်က ဦိးသန်းရွှေကို (တရုတ်ကျွေးမင်း) လို့ရေးတာ နည်းတောင် နည်းသေးတယ်။ တရုတ်ထောက်ခံမှုရဖို့ တတိုင်းပြည်လုံးကို ၀ကွက်အပ်ထားလိုက်တာ။ အဲဒါပြည်သူလူထု ထောက်ခံမှု မရသူတွေရဲ့  စရိုက်ပါဘဲ ။

အခု ကိုယ်အဖိုးအဖွားပိုင် စွမ်းအားတွေကို တရုတ်တွေကို လျှော့ဈေးနဲ့ပေး။ ပြီးသူတို့ဆီက ဖယောင်းတိုင်ပြန်ဝယ်။ အော် တယ်အမျှော်အမြင်ကြီးတဲ့ အုပ်ချုပ်သွားလေသူကြီး။ သန်းရွှေကိုဝေဖန်ရင် ကြားထဲက ၀င်ဝင်ပြီး ဖင်ကျိန်းသူတွေကလဲ မနည်းဘူး။ သမတကြီးနဲ့ သူရဦးရွှေမန်းတို့က အရင်လူကြီး လုပ်သွားသမျှတွေ လိုက်ပြီးလက်တွေ့ ပြန်ပြီး တည့်မတ်ပေးနေရတာက သက်သေခံနေပြီ။ ကြားထဲက ဖင်ကျိန်းနေသူတွေ သမတကြီးကို ဝေဖန်ကြပါဦးဘဲ ပြောလိုချင်ပါတယ်။

(၄) ဦးကိုကိုလှိုင်က (ဖ) စကားကနေ လွှဲပြီး မပြောတတ် ရှာဘူးထင်တယ်။ ဧကန်ဒ အရင်အစိုးရလက်ထက်မှာ မာဆတ်ခန်း ရှယ်ယာထဲ့မှာ ပါထားပုံရတယ်။ နာဂစ်ဖြစ်တုံးကလဲ ဖါးရိုက်တဲ့။ အခု ဖယောင်း လုပ်လာပြန်တယ်။ ဒီရာထူးနေရာကိုလဲ (အဖါး) တော်လို့ ပေးထားတာကတော့ ကလေးကအစ သိပါတယ်။ ကလောင်ဖါး ဆိုတာ စာပေလောက တခုလုံးသိထားပါတယ်။ မြင်းမူ (မ-နှစ်လုံးဆင့် /ကြာသပတေးနံ) မြို့ သားက (ဖ) တွေ သုံးလိုက်တာ ဘယ်လိုပါလိမ့်။

(၅) ရွှေဥာဏ်တော်ကြီး သူပြောထားသလို ဖြစ်နိုင်/မဖြစ်နိုင် သိဖို့ အခု ရန်ကုန်တိုက်ခန်းတခုမှာ သူ့ကို တစ်ပတ်လောက် လာနေဖို့ အခန်းတခု စီစဉ်ပြီး ဖိတ်ခေါ်သင့်ပါတယ်။ မီးမလာရင် ဘယ်လိုနောက်ဆက်တွဲ ပြသနာတွေ ရှိတယ်ဆိုတာကို မသိသူကို အကြံပေးခန့် ထားတယ်ဆိုတော့ ဒီအကြံပေးကရမယ့် အကြံ ဘယ်လောက်ဘဲ ရှိမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ပြေးကြည့်စရာ မလိုလောက်တော့ပါ။ Capacity နဲ့ Calibreက ဒီလောက်နိမ့်နေမှတော့ ကြည့်လဲလုပ်ပါဥိး သမတကြီးရယ်လို့ အော်လိုက်ချင်တော့တယ်။ ယောင်းမမြင်းစီး ထွက်ပြလိုက်ပါပြီ ။

အခုလို အိမ်တွေမီးမလာတော့ မြို့အပြင်ပိုင်းကျတဲ့ အိမ်တွေက တီဗွီမကြည့်ရရုံပေါ့။ ရေပြသနာက ရှင်းလို့ ရသေးတယ်။ နောက်ဆုံး တီဗွီဆိုတာ ဘက်ထရီနဲ့ ဖွင့်လို့ ရသေးတယ်။ မြို့လယ်ခေါင် တိုက်တွေက မီးလာမှ ရေတင်ရတာ ဆိုတာလေးလောက်တော့ ခေါင်းထဲ ထဲ့စဉ်းစားမိပုံလေးတောင် မရဘူးထင်တယ်။ ရွှေဥာဏ်တော်ကြီးရယ်လို့သာ အော်လိုက်ချင်ပါတော့တယ်။  ရေထမ်းတင်ရအောင် ရေကန်မရှိ ရေတွင်းမရှိတဲ့ကိစ္စ။ ဒီလိုရွှေဥာဏ်ကို ဟိုအရင်လူကြီးက သုံးမသွားပါဘူး။ ဘယ်လိုကြောင့် သမတကြီးက အကြံပေးခန့် ရတာပါလိမ့်  ။

(၆) ဒီလို သမတအကြံပေးတွေ ထုတ်ရှိုးလာတာ ဘာကို သုံးသပ်လို့ ရသလဲဆိုတော့ အစိုးရမှာ တိုင်းပြည်အတွက် ရေရှည် လျှပ်စစ်မီး စီမံကိန်းရှိ မထားဘူးဆိုတာ ပြလိုက်တာပါဘဲ။ ဒီလိုမှ မဟုတ်ရင် တိုင်းပြည်လျှပ်စစ်မီး မရတာ အလေးမထားတာလား။ တခုခုတော့ တွက်ဆလို့ ရလာပါတယ်။ ဒါမှမဟုတ် ဒီပြသနာက လွယ်တော့ လွယ်တာမဟုတ်လို့ ရှေ့ မထွက်ရဲတာက ဖြစ်နိင်ခြေ ပိုများပါတယ်။ အရင်လူကြီး လုပ်ခဲ့သမျှ တလွှဲတချော်တွေ အခုလိုက်ပြင်နေရပါပြီ။ တကယ်ပြင်ရမှာက အရင်စစ်တော့ ဆိုတာလိုပေါ့။ နာဂစ်ကြိးကို ပြင်ရုံမဟုတ်ဘူး။ နာဂစ်စတိုက်လိုက်နဲ့ နီဂရေ့အငူ (Cape Negirs) (အခုအခေါ် -မှော်တင်စွန်း) ကနေ ပင်လယ်ထဲချပြစ်ပြီး နာဂစ်အစာကျွေးရမှာ။ ဒါတောင် ကြံ့ဖွတ် အတွင်းရေးမှူး ဦးဋ္ဌေးဦးဆိုသူက နာဂစ်မှာ သေဆုံးသူတွေက ကြံ့ဖွတ်အဖွဲ့ဝင်တွေပါလို့ မညှာမတာ ပြောသွားလေရဲ့။ တသက်တကိုယ် မြန်မာနိုင်ငံထဲကို ဒီလောက်အားပြင်းတဲ့ မုန်တိုင်းတစ်ခါမှ မ၀င်ဖူးပါ။ နာဂစ်လာတာ ယုတ်မာလှတဲ့ ဒီဥပဒေကြီးကို လာပြီး နစ်ပိုင်းခွဲလိုက်တာ ကိုက နမိတ်မကောင်းဘူးဆိုတာ ပြနေပါပြီ။ ဒီနမိတ်မကောင်းလှတဲ့ ဥပဒေကြီးဆက်ရှိနေသမျှ အမေရိကန် စီးပွားရေးသမားတွေ လာရင်းနှီးရုံမက သမတအိုဘားမားပါ မြန်မာနိုင်ငံသားခံယူပြီး လာကူရင်တောင် လူလူသူသူ ဖြစ်မှာမဟုတ်ပါဘူး။

ကဲထားပါတော့ ရွှေဥာဏ်တော်ကြီး ရေးနေရတာနဲ့ လိုရာမရောက်ဖြစ်နေတော့မယ် ။

အခု မီးမနိုင်တဲ့ကိစ္စကို ကချင်တပ်တွေကို ပုံချလာတယ်။ ပြီးစကားထဲမှာကို ရေကာကြီးတွေက ရေရှိမှ လည်လို့ ရတာလဲပြော ကချင်တပ်က တာဝါတိုင်တွေ ဖေါက်ခွဲလိုက်လို့ လဲပြောတော့ လူုထုကိုဦးဏှောက် ခပ်သေးသေးတွေ ထင်နေတဲ့အထင်တွေ တလွှဲတွေ လာပြောနေတယ်။ လူထုကို ငအ တွေလို့ အမြင်တွေကို အရင်ပြင်ကြပါဦးဘဲ ပထမပြောရပါမယ်။ ၁၉၉၀ ၀န်းကျင်က အစိုးရသတင်းစာတွေမှာ ကချင်စစ်တပ်က ဘိန်းတွေစိုက်ပြီး ဖြန့်ဖြူးနေတယ်ဆိုပြီး သတင်းစာတွေမှာရေးတယ်။ ဟိုက ငြိမ်ခံနေတယ်။ သတင်းစာတွေ စုထားပြီး သူတို့က တချိန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ အစိုးရသတင်းစာထဲမှာကိုက... မြစ်ကြီးနား အဆန်ရထား ပေါ်မှာ ဘိန်းဖြူ/ဘိန်းမဲ မိတာတွေ တသီကြီး ဖေါ်ပြထားတယ်။ အစုန်ရထား ပေါ်မှာ ကျောက်စိမ်း မိတာတွေချည်းဘဲ။ ဘိန်းမိတာ တခါမှမပါဘူး။ ကချင်က သူတို့ဆီမှာ ဘိန်းစိုက်ရင် အစုန်ရထားမှာ ဘိန်းမိတာ ဖြစ်ရမှာပေါ့။ ဘိန်းဈေးကလဲ မန္တလေးမှာထက် ၂ဆ/ ၃-ဆ ဖြစ်နေတာကိုပါ ထောက်ပြတယ်လေ။

လူတွေကို အ-အ တွေ ထင်ထားတာလေးတွေ အရင်ပြင်ကြပါဦးလို့ဘဲ ပန်ကြားလိုပါတယ်။ တတိုင်းတပြည်လုံးက ရေကာတာတွေမှာ ရေမရှိချိန် ရွှေလီရေကာတာက ရေတွေရှိနေလို့လား။ ထားတော့ မိုးရာသီရောက်လာရင် မီိးတွေပြန် လုံလုံလောက်လောက် ပြန်ပေးနိုင်တော့မယ်။ ဒီတစ်မိုးကုန်ရင်ကော ဘယ်လို စီမံချက်ဆွဲထားလဲ။ အရင်အစိုးရလို ခြိမ်းခြောက်ပြီး ပါးစပ်ပိတ်ပြစ်ဖို့တော့ စိတ်မကူးပါနဲ့လို့ဘဲ ပြောချင်ပါတယ်။ ဘာအစီအစဉ်ရှိထားလဲ အမတ်မင်းများ မေးပေးကြပါဦး။ နောက်တခု အမတ်မင်းများလဲ ဗွီအိုင်ပီ ဆိုပြီး မီးကိုရှယ်အထူးလင်းစေ လုပ်ပေးလာရင် ပြည်သူနဲ့ တသားထဲ ပြနိုင်ကြဖို့  သတ္တိလေးတော့ လိုပါတယ်။ ကိုယ်တိုင်က မီးအချိန်ပြည့် ပေးထားလို့ ဘ၀င်လေးမြင့် ပြည်သူတွေံ ဘ၀နဲ့ တသီးတခြား ဖြစ်နေကြမှာလား။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည် အခုပြည်ပ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ် ဆီကနေ သူတို့ အကုန်နီးပါးယူနေတဲ့ ဓါတ်ငွေ့တွေထဲက မြန်မာတွေ အတွက်အလွန့်အလွန်လိုအပ်နေလို့ မရှိကိုမရှိတော့လို့ မိတ်ဆွေ စစ်တယ်ဆိုရင် အသိလေးနဲ့ ပြန်မျှဖို့  ပန်ကြားပေးပါလို့ ပန်ကြားလိုပါတယ်။ မရရင်လဲ ရပါတယ်။ မပေးတာ မမျှနိုင်တာ သူတို့ ကိုယ်အပေါ် မိတ်ဆွေစိတ်ရှိမရှိ သိရတာပေါ့။ သူတို့ ကမိတ်ဆွေစိတ် မထားရင် နောင်ဘာပရောဂျက်မှ မပေးကြဖို့ပေါ့။ တဖက်သတ် ကောင်းနေစရာမလိုပါဘူး။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ မဟုတ်တောင် သင်မကောင်းလျှင် ကျွန်ုပ် ဆက်ကောင်းရန် မဖြစ်နိုင်တော့ပါပေါ့။ ကျွန်ုပ်မဆိုးပါဘူး ဒါပေမဲ့ ကောင်းတာကို နားမလည်သူကို ဆက်လက်ပြီး ကောင်းပြရင် အပိုသက်သက်ပေါ့ အကျိုးမရှိဘူးပေါ့ ။

ဒီလိုဘဲ တရုတ်ကိုလဲ ဓါတ်ငွေ့တချို့ ပြည်တွင်းသုံးမျှဖို့ တောင်းဆိုပေးပါရန် ပန်ကြားလိုပါတယ်။ ပြည်သူကို ကိုယ်စားပြုထားသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အလေးမထားရင် ရပါတယ်။ မြန်မာပြည်ထဲ ခိုးဝင်နေတဲ့ တရုတ်တွေ စီစစ်ဖေါ်ထုတ်ပြီး တရားမ၀င်ခိုးဝင်နေမှု။ လာဘ်ပေး လာဘ်ယူလုပ်ပြီး နိုင်ငံသား လက်မှတ်အတု ရယူထားမှု။ အမှုတွေ တပုံကြီး လုပ်ပြလိုက်ရုံပေါ့။ ဒါအမျိုးသားရေး တာဝန်ပါ။ ညီမလေးလို ချစ်ပါတယ်ဆိုထားတဲ့ ထောက်လှမ်းရေးကြီး လက်ထက်က လာဘ်စားပြီး တိုင်းပြည်အတွက် အန္တရာယ်ကြီးမားလှ အလွန်တကိုယ်စိတ် ကြီးမားလှတဲ့သူတွေကို ခိုးသွင်းထားခဲ့တဲ့ သစ္စာဖေါက်မှု ကြီးတွေပါဘဲ။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖေါက် ဆိုထားပြီးတော့။

သစ္စာမဖေါက်လို့ ကျွေးကျော်ထားပေလို့သာပေါ့။ မကျွေးကျော်ထားရင် တွေးတောင် မတွေးရဲ လောက်အောင်ပါဘဲ ။

နောင်လာရောက် ရင်းနှီးကြမဲ့ ကန်ထရိုက်တွေကိုလဲ ပြည်တွင်းသုံး ဦးစားပေးဆိုတာတော့ ထဲ့စဉ်းစားကြဖို့ တပါထဲ ပြောကြဆိုကြပါဥိးဗျာ။ နိုင်ငံတော်သမတသည် စစ်ရေးအမြင်ရှိရမည်ဆိုပြီး အကုန်ထုတ်ရောင်း ပွဲခယူ တစ်ခါစစ်လက်နက်တွေ ၀ယ်ပြန်တော့ ကော်မရှင်ရ စစ်ရေးအမြင် ရှိတာတယ်ထောပါလား။

နောက်တခုပါဗျာ။ ဆရာလှိုင်မြင့်က သူ့ဆောင်းပါးတွေမှာ လျှပ်စစ်မီးအတွက် ဧရာဝတီတိုင်းကနေ နိုင်ငံအတွက် လျှပ်စစ်ပမာဏ အများကြီး ထုတ်ပေးနိုင်ပါတယ် ပြောထားတယ်။ နိုင်ငံတော်သမတကြီးကလဲ ပြန်လာဖို့ နစ်ကြိမ်ပင် ဖိတ်ခေါ်ထားပါတယ်။ အပြောသန်သလောက် တကယ့်အရေးကျတော့ ဆောင်းပါးတောင် ရေးမလာတော့ဘူး။ တိုင်းပြည်မှာ အရေးကြီးနေချိန်ပါ။ ပြန်လာသင့်ပါပြီ။ တကယ်လျှပ်စစ် ထွက်ပါစေလို့လဲ ဆုတောင်းပါတယ်ဗျာ။ တလောက ဆရာလှိုင်မြင့်ရေးထားသလို အရင်းအနှီးနည်းလို့ နိုင်ငံခြားက အရင်းအနှီးတွေ မျှော်နေစရာ မလိုဘူးဆိုရင်တော့ ကိုယ်အင်အားနဲ့ ကိုယ်ထုတ်လုပ်နိုင်မယ်။ ထုတ်လုပ်ခ တနည်း လျှပ်စစတစ်ယူနစ်အတွက် ကုန်ကျစရိတ်လဲ အလွန်သက်သာမယ် အိမ်ထောင်စုတွေကိုတောင် လျှပ်စစ်ဓါတ်အားကို အနည်းအများဆိုသလို ဖရီးပေးနိုင်မယ်ဆိုထားတော့ မျှော်ပါတယ်ဗျာ။ တကယ်လုပ်ဖို့ အဟုတ် ပြန်လာခဲ့ပါတော့။

အခု ကျနော်တို့  စစ်ဗိုလ်ချုပ်တွေ တော့မသိပါဘူး။ အထူးရှယ် မီးလင်းပေးနေရတဲ့ ကြံ့ခိုင်ရေးအမတ်မင်းများ ကြံ့ ခိုင်ရေး လူကြီးမင်းများကိုလဲ ပြည်သူလူထုက မီးရရှိရေးကိစ္စ အိမ်တိုင်ယာရောက် သွားဆွေးနွေးကြပါ။ မေးမြန်းကြပါ။ သူတို့ သဘောထားကို တိတိပပ ရယူထားကြပါ။ ပြည်သူနဲ့ တသားထဲလားဆိုတာ အခုလိုအချိန်မှာ အရေးကြီးချိန်မှာ ပြတ်ပြတ်သားသား မေးမြန်းထားကြပါ။

နောက်တခုက လျှပ်စစ်မီးရဖို့ ဖယောင်းတိုင်လဲ ထွန်းပေါ့။ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းပါဝင်ဖို့ ကျတော့ သွားရေးလာရေး အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲ အများကြီးရှိနေပါတယ်။ သတ္တိရှိသူတွေ စုပေါင်းပြီး လက်မှတ်ထိုးကမ်းပိန်းလုပ်။ ပြီးရရှိတဲ့ လက်မှတ်တွေကို မှတ်တမ်းပြုထား အဖွဲ့ချုပ်ကိုလဲတင်ပြ ကုလလို အဖွဲ့ကြိးကိုလဲတင်ပြ အစိုးရဆီလဲတင်မယ်ဆိုရင် အစိုးရကဘာအမှုနဲ့ အရေးယူနိုင်မှာလဲ။ မီးလိုချင်တယ်။ တင်ပြတယ်။ ဘာအမှု နဲ့ဖမ်းမှာလဲ။ အစိုးရဆီ မီးလိုချင်လို့ မီတာလျှောက်တယ်။ ဘာပြစ်မှုမြောက်သလဲ။ ပေးနိုင်တာ မပေးနိုင်တာ သူတို့ပြသနာ။ လိုချင်တာက ကျနော်တို့ဆန္ဒ။ ကျနော်တို့ကိုဖမ်းဖို့ဆိုရင် သူ့တို့တတွေ အထူးအခွင့်အရေးယူ မီိးတွေ ထိန်ထိန်လင်း နေတာတွေကို ခွဲတမ်းလုပ်ပေးပေါ့။ ကျနော်တို့ လူကြီးတွေလဲ ပြည်သူတွေလိုဘဲ ခွဲတမ်းနဲ့  ရှိတာမျှပေးထားပြီးပါပြီလုပ်ပေါ့။ ဒီလို အားလုံး ညိညီမျှမျှ လုပ်ထားပြီးမှ ဆက်ဆန္ဒပြလာရင် ဖမ်းချင်သပ ဆိုတော်သေးတယ်။ သူတို့လဲ နိုင်ငံသားချင်းအတူတူ သူတို့လို ကိုယ်လည်း လိုချင်တယ်တင်ပြတာ ဖမ်းရင်လား ရွှေဝါရောင် တော်လှန်ရေးထက် ဆိုးတာနဲ့ကြုံသွားပါမယ်။

လက်မှတ်ထိုး သူတွေကိုလဲ သူတို့ သတ္တိရင်းထားရတာဆိုတော့ အဖွဲ့ချုပ်မှာ သတ္တိရှင်များ အဖြစ်မှတ်တမ်း ထိုးထားသင့်ပါတယ်။

ဆန္ဒထုတ် ဖေါ်တာလုပ်သလို လက်မျတ်ထိုးကမ်ပိန်းဆိုရင် ယခုထက်လူထု ပိုမိုပါဝင်လာနိုင် ပါတယ်လို့ တင်ပြလိုပါတယ်။

မောင်မီဂ္ဂါဝပ်

မူရင်းက ဒီမှာပါ။