Saturday, March 31, 2012

ံHtet Htet Moe Oo


Edo ၏ ဖန်တီးချက်

7 Days ဂျာနယ်က သတင်းထောက်မလေးကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ပတ်သက်ပြီး တရားရုံးက ထက်ထက်မိုးဦးတွင်အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်ပါတယ်။
စီရင်ချက်ကတော့ ဒဏ်ငွေ(၁၀၀၀)ပါတဲ့ခင်ဗျာ။(News Box)

မူရင်းလင့်က ဒီမှာပါ။

ကျနော် တယောက်တည်း ၄ မဲ ပေးခဲ့ဖူးတယ် – forceing to vote for USDA


“–-ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက–-”

ဟိုတနေ့ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “ဧပြီလ ၁-ရက်နေ့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိစေရမယ်” လို့ ပြောကြားခဲ့တဲ့အပေါ် ကြိုဆိုသံတွေလည်း ထွက်လာသလို၊ ဝေဖန်သံတချို့လည်း ကြားခဲ့ရပါတယ်။

လေ့လာစောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို မဲရုံထဲ ဝင်ခွင့်မပေးပဲ မဲရုံပတ်ဝန်းကျင် ကိုက် ၅၀၀-အပြင်မှာ နေရမယ်ဆိုလို့ ဒီလိုသာဆိုရင် မဲရုံစဖွင့်တဲ့အချိန်၊ မဲထည့်နေတဲ့အချိန်၊ မဲရေတွက်တဲ့ အချိန်တွေမှာမဲပုံးထဲမှာ ကြိုတင်မဲတွရှိနေသလား၊ မဲလာထည့်သူတွေကို ဖိအားပေးမှုတွေ ရှိသလား၊ မဲခိုးရေတွက်တာတွေရှိသလား ဆိုတာကို စောင့်ကြည့်လို့ မရနိုင်တဲ့အတွက် ဒီအပေါ်မှာ စိုးရိမ်တယ်လို့ တချို့က ဆိုပါတယ်။

တချို့ကတော့မဲလိမ်၊ မဲခိုးတွေ မရှိစေရဘူး ဆိုပေမယ့်၊ ပြည်သူတွေက ကိုယ်ကြိုက်တဲ့မဲကို လွတ်လွတ်လပ်လပ် တကယ်ကော ရွေးချယ်ပေးပိုင်ခွင့် ရှိပါ့မလား ဆိုတာကလည်း အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။ ဒီထောက်ပြချက်ကို ကျနော် ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တွေ့ကြုံဖူးလို့ပါ။

ကော်မရှင်ဥက္ကဋ္ဌကြီး ကတော့ “၂၀၁၀ ကဲ့သို့ ကြိုတင်မဲဆန္ဒများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝ မဖြစ်စေရဘူး” လို့ ပြောသွားတဲ့အတွက် ကြံကြံဖန်ဖန် အတွေး ဝင်လိုက်တာတခုက အရင်တုန်းကတော့မဲမသမာမှုတွေက တကယ်လုပ်ခဲ့တာပါလို့ ဝန်ခံလိုက်တာပဲ ဆိုတာကိုပါ။ ဒီလိုပြောလိုက်လို့ မင်း မကျေနပ်တိုင်း အချက်ရရင် စွပ်တွယ်တော့တာပဲလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ ကျနော်ကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲမှာအဝေးရောက်နေလို့ မဲမပေးလိုက်ရပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲတုန်းက ကျနော် တယောက်တည်း၎-မဲ ပေးခဲ့ရဖူးလို့ပါပဲ။

အဲလိုပြောလိုက်လို့တချို့ကလည်း အံ့သြချင်သြမယ်၊ တချို့ကတော့ အံ့သြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဝန်ထမ်းတွေကတော့ အံ့သြကြမှာ မဟုတ်ဘူး ထင်ပါတယ်။ မြန်မာပြည်မှာနေတုန်ုးက ကျနော်လည်း လခစား အစိုးရဝန်ထမ်းလေးတစ်ဦးပါ။ နယ်ကနေလာပြီး မြို့ကြီးပြကြီးမှာ လာအလုပ်လုပ်နေရတာ ဆိုတော့ နယ်အိမ်ထောင်စုစာရင်းပဲရှိလို့ မြို့ကြီးမှာ ဧည့်စာရင်းနဲ့ပဲ နေရပါတယ်။ အဲဒီတော့ နယ်က အိမ်ထောင်စု စာရင်းမှာ ကျနော့်နာမည်တခု၊ဒီက ဧည့်စာရင်းမှာက ကျနော့်နာမည်တခု အဲဒီမှာတင် ဆန္ဒခံယူပွဲအတွင်း မဲသွားမပေးစရာမလိုဘဲနဲ့ သူတို့ဟာသူတို့ ကြိုတင်မဲဆိုပြီးလုပ်သွားတာ နှစ်ကြိုတင်တောင် မဲသွားရော။ မဲစာရွက်တောင် မမြင်လိုက်ရတော့ နှစ်မဲလုံးလည်း ထောက်ခံမဲသလား၊ မထောက်မခံမဲသလားတောင် မသိလိုက်ပါဘူး။

နောက်တချက်က ဆန္ဒခံယူပွဲနီးခါမှ ကျနော်တို့ကို အစိုးရဝန်ထမ်းတွေဖြစ်တဲ့အတွက် အစိုးရက ဖွဲ့ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဝင်ကို ဝင်ရမယ်တဲ့ဗျ။ မဝင်လို့လည်း မရဘူးတဲ့ဗျ။ ကျနော်တို့က ဝန်ထမ်း စလုပ်တော့ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှ မပတ်သက်ရဆိုတာ လက်မှတ်ထိုးထားတယ်၊ဝင်လို့ မရဘူးလို့ပြန်ပြောတာတောင်မှ ရတယ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတာ နိုင်ငံရေးအဖွဲ့မဟုတ်ဘူးတဲ့လေ။ ကြံ့ဖွံ့ ဥက္ကဋ္ဌကြီး ကိုယ်တိုင်လာပြီး ကဒ်တွေမှာ လက်မှတ်ထိုးခိုင်းပြီး ပြန်ယူသွားတာပါခင်ဗျာ။ ကျနော်တို့က မဝင်မနေရ ဆိုလည်း ရှိစေတော့ ကိုယ့်အသင်းဝင်ကဒ်တော့ ကိုယ်ယူမှာပေါ့ပြန်ပေးခဲ့ပါဆိုတော့ ဆန္ဒခံယူပွဲပြီးရင် ပေးပါမယ်တဲ့။ အမ် .. ကျနော် သိတယ်။ အဲဒီမှာတင် ကျနော့် ကြံ့ခိုင်ဖွံ့ဖြိုးရေးကဒ်လေးက ကြိုတင်မဲ တမဲ ဖြစ်သွားပြီ ဆိုတာကို။ ဒါတောင် ကျနော်တို့ကျောင်းသား ဘဝတုန်းက မဝင်မနေရ အတင်း ဝင်ခိုင်းထားတဲ့ ကြံ့ဖွံ့စာရင်းလေးပါ ကြိုတင်မဲ သွားသေးလား သေချာမသိလို့။

ဒါနဲ့ ကဲ… မဲပစေတော့ကွာ မတတ်နိုင်ဘူး။ မဲရုံမသွားရတော့လည်း အေးတာပဲလို့ တွေးနေတုန်း ဌာနကညွှန်ချုပ်ကြီးက ဝန်ထမ်းတွေ အားလုံး မဲ လာထည့်ကြပါတဲ့ ဆန္ဒခံယူပွဲနေ့မနက်မှာ ထပ်ခေါ်တယ်။ ဒါနဲ့ ဆရာရယ် ကျနော် နယ်မှာလည်း တမဲ၊ ရပ်ကွက်ရုံးမှာလည်း တမဲ၊ ကြံ့ခိုင်ရေးမဲပါ ပေါင်းလိုက်ရင်သုံးမဲရှိနေပါပြီ။ မပေးတော့ပါဘူးလို့ သွားပြောတာ။ ညွှန်ချုပ်ကြီးက မရဘူးကွ။ ငါ့ကို ဒီမှာရှိတဲ့ဝန်ထမ်းတွေအားလုံး အယောက်စေ့ မဲပြန်ပို့ပေးရမယ်လို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ပြောတယ်။ ဒါနဲ့ ဝန်ထမ်းတွေ ထုံးစံအတိုင်း အထက်လူကြီး မျက်နှာမညိုခင် ဟုတ်ကဲ့၊ ဟုတ်ကဲ့ဆရာ .. လို့ပြောပြီး ပြတင်းပေါက်လိုက်ကာလေးနဲ့ ကာထားတဲ့ စာရေးမမဲရုံထဲ ပြေးဝင်လိုက်ရတယ်။

မဲရုံထဲရောက်တော့စောင့်နေတဲ့ စာရေးမက ဘာပြောတယ်မှတ်လဲ – “ကဲ .. ဆရာ၊ ဆရာစိတ်ထဲရှိတဲ့အတိုင်းပဲ လွတ်လွတ်လပ်လပ်ပေးပါ၊ သိတယ်မလား” တဲ့။ ကျနော် ကြက်သီးထသွားတယ်။ အရှေ့က စကားကချိုချိုလေးပြောပေမယ့် နောက်က သိတယ်မလားက အံကြိတ်သံကြီးနဲ့ဗျ။ ဒါနဲ့ .. ကျနော်လည်း ကြက်ခြေခတ်မယ့် လက်က ခဏတွန့်သွားပြီး“မှန်မှန်၊ မှားမှား ရသလားဗျ” ဆိုတော့ “အို..လွတ်လွတ်လပ်လပ်ပါပဲ၊ သိတယ်မလား” တဲ့။ လာပြန်ပြီ အဲဒီ သိတယ်မလား။ ဒါနဲ့ ကျနော်လည်း “ကျနော်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို မဖတ်ဖူးသေးတော့ ကောင်းတယ်၊ မကောင်းဘူး ဝေခွဲရ ခက်တယ်ဗျာ။ ဒီတော့ ကျနော် နံကြား ထောက်လိုက်မယ်” ဆိုပြီးနံကြားထောက်လိုက်တယ်။ “ဟာ .. အမှားကျတယ်ဗျာ။ မတတ်နိုင်ဘူး။ ကျနော် အမှားပဲ ခြစ်ရတော့မှာပေါ့” ဆိုပြီး အမှားပဲ ခြစ်ပြီး ထည့်ခဲ့တာပါ။

ဘာပဲပြောပြော ဟိုကြိုတင် သုံးမဲလုံးက ထောက်ခံမဲ ဆိုရင်တောင် ကိုယ့်ဆန္ဒနဲ့ ကိုယ်တိုင် ပေးရတဲ့ မဲတော့အမှားခြစ်ခဲ့နိုင်သားပဲ ဆိုပြီး ကိုယ်ဟာကိုယ်ပြုံးနေတုန်း စာရေးမက လာပြောတယ်။ “ဆရာ.. ညွှန်ချုပ်ခေါ်တယ်” တဲ့။ သွားတွေ့တော့ ညွှန်ချုပ်က “နေပြည်တော်က ဝန်ထမ်းဦးရေအတိုင်း မဲတွေ ပို့ပေးရမယ် ဆိုတာက အမှန်ခြစ်ပြီးသားမဲတွေပြောတာကွ။ ကျန်တဲ့သူတွေ အားလုံးက အမှန်ခြစ်ပြီးနေပြီ။ မင်းတယောက်တည်း မှားနေရင် မင်းလည်း အန္တရာယ်ရှိတယ်၊ နားလည်လား” တဲ့။ “ငါ့ကို ဘဝပျက်တာမြင်ချင်နေတာလား မင်းက” လို့ဆူပြီး စာရေးမကို “ဟဲ့ .. မဲစာရွက်အသစ်မှာ သူ့နာမည်နဲ့အမှန်ခြစ်ပြီး ထည့်လိုက်စမ်း” တဲ့။ ဒါနဲ့ ယောင်ပြီးစာရေးမကို လှည့်ကြည့်မိတော့ စာရေးမစားပွဲပေါ်မှာ ဆန္ဒမဲစာရွက်အသစ်တွေက တထပ်ကြီးပါကလား။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ

သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ မသမာမှုတွေ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ဖို့ ကြိုးစားတာတွေ စတဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေအရပ်ရပ်တွေ အပါအ၀င် နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးစသဖြင့် အကြောင်းအရာမျိုးစုံကို မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က အကျယ်တ၀င့် ပြောဆိုဖြေကြားခဲ့တာပါ။

မတ်လ ၂၉ ရက်နေ့က တောင်ငူမြို့မှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို လေးခွထဲ ကွမ်းသီးလုံးထည့်ပြီး ပစ်ခတ်တာ ခံရတဲ့ဖြစ်ရပ်နဲ့ တခြား ဖြစ်ရပ်တချို့ကို နမူနာပြပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ် ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ဒီတိုင်းပြည်မှာ ဖြစ်ပျက်နေခဲ့တာတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခုအတွက် လက်ခံနိုင်ဖွယ်ရာ အခြေအနေထက် ကျော်လွန်နေပါတယ်။ ကျမတို့ကတော့ ရှေ့ဆက် လျှောက်ဖို့ သန္နိဋ္ဌာန် ချထားပြီးသားပါ၊ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ လူထုရဲ့လိုလားချက်ဖြစ်တယ်လို့ ကျမတို့ ယူဆလို့ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အတိုက်ခိုက်ခံရတဲ့ တောင်ငူက လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ သူ့ရဲ့ကားကိုပဲ မှန်သွားခဲ့ပါတယ်။

ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုမှာ ရွေးကောက်ပွဲတွေမလုပ်ဘဲ ရွှေ့ဆိုင်းခဲ့တာနဲ့ပတ်သက်ပြီး NLD က ရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာတခုခု ရှိတယ်လို့ မိမိတို့က မယူဆလို့ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ တက်ရောက်နားထောင်ခဲ့ပြီး သူတို့အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖြစ်ပျက်နေတာတွေကိုလည်း ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုတို့ဟာ ရွေးကောက်ပွဲနေ့တရက်ထဲအပေါ်မှာပဲ မူတည်မနေဘဲ ရွေးကောက်ပွဲရက်မတိုင်ခင် ဖြစ်ပျက်တာတွေပေါ်မှာလည်း မူတည်နေတယ်ဆိုတဲ့အချက်ကို လေ့လာသူတွေ ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ပြီးခဲ့တဲ့ နှစ်လအတွင်း ဘာတွေဖြစ်ပျက်ခဲ့တာဆိုတာကို လေ့လာသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိသမျှ လေ့လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလိုဖြစ်ပျက်နေတာတွေအပေါ်မှာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့တာဟာလည်း ၀မ်းနည်းစရာကောင်းတဲ့အချက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီအချက်ကြောင့်တော့ လုပ်နေတာကနေ သွေဖြည်သွားမှာ မဟုတ်ဘူး ဆိုတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမတို့ အမြဲတမ်း ရည်ရွယ်ထားတဲ့အတိုင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့အတွက် ကျမတို့ လုပ်ဆောင်သွားမှာပါ။ အခုရွေးကောက်ပွဲတွေဟာ အဲဒီလမ်းကြောင်းမှာ နောက်ထပ် အဆင့်တခု လှမ်းလိုက်တာပဲဖြစ်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။” – ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပသတင်းထောက်တွေ မေးမြန်းသမျှ အကြောင်းအရာပေါင်းစုံကို တနာရီခွဲကျော်ကြာ ဖြေဆိုခဲ့ပါတယ်။ ဒါဟာဖြင့် မြိတ်ဒေသဘက်ခရီးစဉ်မှာ မကျန်းမမာဖြစ်လို့ ပြန်လာခဲ့ရပြီး ၆ ရက်နီးပါးကြာ အနားယူခဲ့ပြီးတဲ့နောက် လူထုမြင်ကွင်း ပထမဆုံး ပြန်ထွက်လာတာလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာ ညသွားအိပ်မှာဖြစ်ပြီး ဧပြီလ ၁ ရက် ရွေးကောက်ပွဲနေ့မှာ တော့ ကော့မှူးမြို့က မဲရုံတချို့ဆီ လှည့်လည် ကြည့်ရှုမှာဖြစ်ပါတယ်ခင်ဗျား။

မူရင်းလင့်က ဒီမှာပါ။

၂၀၁၀ ရွေးကောက်ပွဲမျိုးမဖြစ်ဖို့ အရေးကြီးလို့ ကင်တာနားသတိပေး

ဧပြီလတစ်ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ တုန်းကလို အများလက်ခံမှုမရခဲ့တဲ့ ရွေးကောက်ပွဲမျိုး ထပ်မဖြစ်ဖို့လိုအပ်ပြီး ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် စမ်းသပ်မှု တခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းကို မစ္စတာကင်တားနားကို ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းကြောင်းမှာ အရေးပါတဲ့၊ အတိမ်းအစောင်းမခံတဲ့ ကာလဖြစ်နေသလို မြန်မာနိုင်ငံ ဒီမိုကရေစီရေးပြောင်းလဲမှုအတွက် စမ်းသပ်မှုတခုလည်းဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်၊ အိုဟေး၊ ကင်တားနားက ဗွီအိုအေ၊ မြန်မာပိုင်းကို ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီလမ်း လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံအတွက် ဒါဟာ စမ်းသပ်မှုတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကျင်းပမပေးနိုင်ခဲ့တာကို သင်ခန်းစာယူပြီး အခုလက်ရှိ အရပ်သားအစိုးရအနေနဲ့ အများယုံကြည်မှုရစေမယ့် ရွေးကောက်ပွဲမျိုးကျင်းပပေးဖို့ရာ ဒါဟာ အခွင့်ကောင်းတရပ်လည်းဖြစ်ပါတယ်”

မြန်မာနိုင်ငံရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးခန့်အပ်ထားတဲ့ မစ္စတာကင်တားနားက မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့နဲ့ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိဖို့ ဆက်တိုက် ဖိအားပေးတောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲကို အများလက်ခံယုံကြည်မှုရှိစေချင်ရင် ရွေးကောက်ပွဲကျင်းပတဲ့နေ့ တနေ့တည်းနဲ့ မပြီးဘဲ မကျင်းပခင်ရော ကျင်းပပြီးနောက်ပိုင်းမှာပါ ပွင့်လင်းမျှတဖို့လိုတယ်လို့လည်း ပြောပါတယ်။

“ဒါဟာ သိပ်ကိုအရေးကြီးတာရှင်းပါတယ်။ ဒါကို ကျနော် ဖေဖော်ဝါရီလ မြန်မာနိုင်ငံသွားတုန်းက အာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရလည်း တွေ့ပြီး ပြောခဲ့သလို အခုလည်း ကြေညာချက်ထုတ်ပြီးပြောလိုက်တာပါ။ ဒါဟာ အရပ်သားအစိုးရအနေနဲ့ လူအများလက်ခံယုံကြည်မှုရှိတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုလာဖို့ လွတ်လပ်ပြီး ပွင့်လင်းမှုရှိဖို့ဆိုတာဟာ သိပ်ကို အရေးကြီးတာပါ”

မြန်မာအစိုးရသစ်အဖွဲ့က နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့သလို နိုင်ငံရေးပါတီတွေလည်း ထူထောင်ခွင့်ပေးခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲဆွယ်ခရီး လွတ်လွတ်လပ်လပ် ထွက်ခွင့်ပေးခဲ့တာအပြင် ပြည်ပက ရွေးကောက်ပွဲအကဲခတ်သူတွေကို မြန်မာနိုင်ငံအတွင်း လာရောက်ခွင့်ပေးလိုက်တာမို့ ဒါဟာ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင် ပြောင်းလဲမှုတွေ ဖြစ်လို့ အားပေးတယ်လို့ ဆိုပါတယ်။

“ဒီလို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ကြားခဲ့တာအတွက် ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်အခန်းကဏ္ဍကနေပါဝင်ဖို့ ဖိတ်ကြားတယ်ဆိုတာ တိတိကျကျမသိရတဲ့အပြင် ဘယ်အတိုင်းအတာအထိ လေ့လာခွင့်ရှိမယ်ဆိုတာလည်း သေသေချာချာမသိရပါဘူး။ ဒါ့ကြောင့် ကျနော့်အမြင်ပြောရရင် လွတ်လပ်ပြီး တရားမျှတမှုရှိစေမယ့် ရွေးကောက်ပွဲ အခြေအနေမျိုး အပြည့်အ၀မတွေ့ရပေမယ့် ဒါတွေဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလို့တော့ ကျနော် လက်ခံထားပါတယ်”

ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် မသမာမှုတချို့ ရှိနေတာတွေ့ရတာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုအတွက် လူအများလက်ခံပြီး မြန်မာလူထုရဲ့ ယုံကြည်မှုတည်ဆောက်နိုင်အောင် အာဏာပိုင်တွေဘက်က တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ ပြတ်ပြတ်သားသားတော့ လုပ်ပြရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရင်ကျင်းပခဲ့တဲ့ နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီတဲ့ရွေးကောက်ပွဲလိုမျိုး ထပ်ပြီး မဖြစ်စေဖို့လည်း သတိပေးလိုက်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

တဖက်သတ်အခြစ်ဟာ ဆိုးပါသည်

ကာတွန်းနေမျိုးအေး – မပြောလဲသိပါတယ်၊ ရှေးကထက်တောင် ပိုချစ်မယ်
မတ် ၃၁ ၊ ၂၀၁၂

မူရင်းလင့်က ဒီမှာပါ။

ပုဂ္ဂိုလ်ကိုးကွယ်မှု

မိတ်ဆွေများခင်ဗျား ...

ဒီနေ့ ကျနော်ပြောချင်တာကတော့ ပုဂ္ဂိုလ်ကိုးကွယ်မှုအကြောင်းပါ။ တနည်းပြောရရင် Hero Worship ခေါ် သူရဲကောင်းကိုးကွယ်မှုအကြောင်း ပါပဲ။ တခါက အမေရိကန်ပြည်ထောင်စု၊ တက္ကသိုလ်တခုမှ မြန်မာစာ မြန်မာမှုဆိုင်ရာ စာတမ်းဖတ်ပွဲတခုလုပ်တော့ ကဗျာဆရာ တင်မိုးနဲ့ ကျနော်ရယ်၊ ပါရဂူဘွဲ့ရ မြန်မာလူငယ်ပညာရှင်နှစ်ဦးရယ် စာတမ်းဖတ်ပွဲ နားချိန်တခုမှာ စကားလက်ဆုံကျမိပါတယ်။
ပြောကြတဲ့အကြောင်း အရာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုအကြောင်း ဖြစ်ပါတယ်။ ဒီလူငယ်နှစ်ယောက်လုံးက ကျန်တဲ့ကျောင်းနေသူ ငယ်ချင်းတွေရဲ့သားတွေမို့ တူသားတွေလို ရင်းနှီးသူတွေပါ။

အဆုံးမှာ ပါရဂူလူငယ်တဦးက “ဆရာတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ကိုးကွယ်မှုဖြစ်နေတာပဲ” လို့ မှတ်ချက်ချလိုက်ပါတယ်။ ဒီတော့ တင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပညာအမြော်အမြင်နဲ့ ပြည့်စုံတယ်။ သိက္ခာသမာဓိလဲရှိတယ်။ ကိုယ်ကျိုးစွန့် အနစ်ခံသူလဲဖြစ် တယ်။ ဒါကြောင့် သူဟာ အနာဂတ်ဗမာပြည်ကို ဦးဆောင်ကယ်တင်နိုင်မယ်လို့ ယုံကြည်အားထားတာကွ” လို့ ပြန်ဖြေပါတယ်။ “ဆရာ လူဆိုတာ မှားတတ်တာပဲ။ ဒေါ်စုမှားသွားရင်ကော” လို့ အထွန့်တက်လာပါတယ်။ ဒီတော့ တင်မိုးက ပညာအမြော်အမြင်ပြည့်စုံတဲ့ ဒေါ်စုလို လူမျိုးဟာ မှားစရာမရှိဘူးလို့ကို တို့ယုံတယ်ကွာ” လို့ ပြန်ဖြေတယ်။ ပါရဂူလူငယ်က “ချောက်ထဲကို ဒေါ်စုက ဦးတည်ခေါ်ဆောင်သွားရင်ကော ဆရာ” လို့ ဆက်ပြီး ထေ့ပါတယ်။ ဒီတော့လဲ တင်မိုးက “ငါတို့ကတော့ သူ့နောက်လိုက်ပြီး ချောက်ထဲကို ခုန်ချလိုက်မှာပဲ။ ဒါပဲကွာ။ ဆက် မပြောနဲ့” လို့ အဆုံးသတ်လိုက်ပါတယ်။ ပါရဂူလူငယ်ကလည်း “ဆရာတို့ဟာ တကယ့်ဟီးရိုးဝါးရှစ်ပဲ” လို့ နိဂုံးချုပ်လာပါတယ်။

ဒီမှာတင် ကျနော်ဝင်ပြီး ဆက်ပြောပါတယ်။ “ဟီးရိုးဆိုတာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး ရဲဝင့်စွန်စား စွမ်းဆောင်သူ အာဇာနည် ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်ကွ။ တိုင်းပြည်မှာ အခက်အခဲကြုံနေရတဲ့ သမိုင်းတကွေ့ရောက်ရင် ပြည်သူလူထုက အာဇာနည်သူရဲကောင်းကို မျှော်တတ်တာပဲ။ မင်းလောင်းမျှော်တယ်ဆိုတဲ့ မြန်မာရာဇ၀င်စကားရှိတယ်။ ငါတို့လည်း အများပြည်သူလူထုနဲ့အတူ မင်းလောင်းမျှော်နေ တာ။ Hero ကို မျှော်နေတာပေါ့ကွာ။ ခု ပေါ်လာပြီဆိုပြီး ငါတို့က ၀မ်းသာအားရဖြစ်နေကြတာ။ ကဗျာဆရာတွေအနေနဲ့ဆိုရင် ဆရာကြီး မင်းသုဝဏ်အစ ဆရာတင်မိုးအဆုံး အားလုံး ကဗျာတွေ စာတွေဖွဲ့ပြီး ၀ိုင်းဝန်းထောက်ခံနေကြတယ်လေ။ ကဲ မင်းတို့က ဒေါ်အောင်ဆန်းစု ကြည်ကို ယုံကြည်အားထားမှုမရှိရင် ပြောစမ်းပါအုံး၊ မင်းတို့က ဘယ်သူ့ကို ယုံကြည်အားထားနေကြသလဲ။ မင်းတို့ရထားတဲ့ ပါရဂူပညာနဲ့ ဘာတွေများ စဉ်းစားတွေးခေါ်နေကြသလဲ။ ဘာတွေလုပ်ကြမှာလဲ။ မင်းတို့ ဟီးရိုးဖြစ်အောင် စွမ်းဆောင်ကြစမ်းပါ။ ငါတို့ အားထားချင်ပါတယ် လို့ ပြောလိုက်တော့ သူတို့လဲ ဆက်မပြောကြတော့ပါဘူး။ စာတမ်းဖတ်ပွဲအစီအစဉ်က ပြောင်းသွားပြီး ဗုဒ္ဓဆင်းတုတော်ပြခန်းဖွင့်ပွဲကို ပရိတ် သတ်ရွှေ့သွားပါတယ်။ ကဗျာဆရာတင်မိုးက တခြားမိတ်ဆွေတွေနဲ့ ဆေးလိပ်သောက်ရင်း ကျန်ခဲ့လို့ ကျနော်ပဲ ပရိတ်သတ်နဲ့ ပါသွားပါတယ်။

ဗုဒ္ဓဆင်းတုတော် ပြခန်းဖွင့်ပွဲကို စောင့်နေရတဲ့နေရာက အဆောင်အခန်းတခုလုံး အတွင်းခန်းမှာဆိုတော့ နည်းနည်းမှောင်နေပါတယ်။ လူငယ်ပါရဂူနှစ်ဦးရဲ့နောက်နားမှာ ကျနော်ရှိနေတာကို သူတို့ သတိပြုမိဟန် မတူပါဘူး။ သူတို့က ကျနော်တို့အကြောင်းကို ဆက်ပြောနေပါ တယ်။ “ဒီလူကြီးတွေက မလွယ်ပါဘူးကွာ။ တယူသန်ကြီးတွေပါ” တဲ့။ ကျနော်ကြိတ်ပြီး ပြုံမိလိုက်ပြီး စိတ်ထဲမှာ ခုလို ပြန်ပြောနေမိပါတယ်။ အေး ဟုတ်တယ်။ ဒို့က တယူသန်တယ်။ လက်ရှိသမိုင်းက နှစ်ယူသန်၊ သုံးယူသန်ပြီး တွေဝေနေဖို့ အချိန်မရှိဘူး” လို့။

ဟုတ်ကဲ့ ။ ကျနော် မောင်စွမ်းရည်ပါခင်ဗျား ...။

ဗွီအိုအေ သက်ကြီးစကားအစီအစဉ်

မူရင်းလင့်က ဒီမှာပါ။

ပါပါလေးတို့ ပွဲမိန့်နဲ့ ကချင်ပြီ

“ဂျာအေးကို သူ့အမေ ရိုက်ပါလို့ ဆိုတဲ့ စကား အစား ဂျာအေးကို သူ့အမေ ဖနောင့်နဲ့ ပေါက်ပါလို့”ဆိုပြီး ပြောင်းလဲ လိုက်ပြီလို့ မန္တလေးမြို့က ထင်ရှားတဲ့ နှုတ်ခမ်းမွေး ညီနောင်အဖွဲ့ကဦးပါပါလေးက ပြက်လုံးထုတ်လိုက်ပါတယ်။


ကပ်ပါးများ၊ ဆွေမျိုး ကောင်းစားရေး သမားများပါ မချန်
ဝေဖန်ပြက်လုံး ထုတ်နေတဲ့ နှုတ်ခမ်းမွေး ညီအစ်ကို
(ဓာတ်ပုံ-ဧရာဝတီ)

သူက ဆက်ပြီး “ဂျာအေးကို ရိုက်စရာ တုတ် မရှိတော့ဘူးဗျ၊ ၀ါးနှီးပြားတောင် မကျန်တော့ဘူး အကုန်လုံး တရုတ် က ၀ယ် ယူ သွားပြီလေ”လို့ ဆိုပါတယ်။

ဦးပါပါလေးရဲ့ ဟာသ ပြက်လုံးတွေ ဟာ နှုတ်ခမ်းမွေးညီနောင်တွေရဲ့ ခံစားချက် သာမကဘဲ မန္တလေးဒေသခံ ပြည်သူလူထုရဲ့ တရုတ် လူမျိုးတွေ ကြီးစိုးမှု အပေါ်ခံစားနေကြရတဲ့ ခံစားချက်ဆိုရင်လည်း မမှားပါဘူး။

မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ တရုတ်လူမျိုးတွေကြီးစိုးလာပြီး စီးပွားရေးအရ နေရာယူ တိုးချဲ့ လာ တာ တွေကို အနုပညာ ရှင်တွေက ဟာသ ပြက်လုံးတွေနဲ့ ဖော်ထုတ် ပြောဆိုနေကြပါတယ်။ တရုတ်မြို့လို့ ခေါ်ရလောက်အောင် တရုတ်လူမျိုးအများအပြား အခြေချနေထိုင်နေထိုင်ကြတဲ့မန္တလေး မြို့တော်ရဲ့ အကြောင်းကို မန္တလေးဒေသခံ ဟာသလူရွင်တော်တွေက ပြက်လုံး ထုတ်နေကြသလို စာပေအသိုင်းအ၀ိုင်းက လည်းပဲရေးသားမှုတွေ ရှိခဲ့ကြပါတယ်။

မန္တလေးမြို့ရဲ့ အချက်အချာ ကျတဲ့နေရာတွေ၊ စီးပွားရေး လုပ်ငန်းတွေ အကုန်လုံးနီးပါး ကို ငွေရှင်၊ ကြေးရှင် ဖြစ်တဲ့ တရုတ်လူ မျိုးတွေက နေရာယူထားပါပြီ။မြန်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေး တို့မှာ ဆိုရင် တရုတ်တန်း၊ တရုတ်ဈေး ရယ်လို့တောင် သတ်မှတ်ခံနေရပါပြီ။

အရေးပါတဲ့နေရာတွေကို တရုတ်တွေလွှမ်းမိုးလာတဲ့အတွက် မြန်မာနိုင်ငံသားတွေက နေရာတွေ ပြောင်းရွှေ့ဖယ်ပေးနေရ တဲ့အပြင် နတ်နန်းတွေ၊ နတ်စင်တွေပါ ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေပြီလို့ ဦးပါပါလေး က ပြက်လုံးထုတ်ပါတယ်။

“မန္တလေး ဘိုးဘိုးကြီး ဦးဆောင်တဲ့ နတ်တွေက မေမြို့ကို ပြောင်းရွှေ့ အခြေချဖို့ပြင်နေပြီဗျ ဘာဖြစ်လို့လဲဆိုတော့ နတ်နန်း တွေကို စည်ပင်က ဖျက်သိမ်းပြီး၊ တရုတ်ကို ရောင်းဖို့ လုပ်နေလို့လေ၊ နတ်နန်းတွေ ကျွန်းသား စစ်စစ်နဲ့ ဆောက်ထားတာ ကောဗျ”လို့ ပြက်လုံး ထုတ်ပါတယ်။

တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ လေးကြိမ်မြောက် အဖြစ် မကြာသေးခင်က ပင့်ဆောင်အပူဇော်ခံခဲ့ပြီး၊ အလှူ ရရှိတဲ့ ငွေတွေ အကုန်လုံးကို တရုတ်နိုင်ငံက ယူသွားတာကိုလည်းပဲ ဘုရားကိုပြပြီး မြန်မာတွေဆီက ပိုက်ဆံတွေကို ယူ သွား တဲ့အကြောင်း နှုတ်ခမ်းမွေး ညီနောင်အဖွဲ့က ဦးလူမော်က ဝေဖန်ပါသေးတယ်။

နှုတ်ခမ်းမွေးညီနောင်အဖွဲ့မှာ ဦးပါပါလေး၊ ဦးလူမော်၊ ဦးလူဇော် တို့ ပါဝင်ပါတယ်။ သူတို့ညီနောင်တွေ ပြက်လုံးထုတ်လာတာ ဟာ ဆယ်စုနှစ် လေးငါးခု ရှိနေပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ဇာတ်ကခွင့်ပွဲမိန့်တွေကို အာဏာပိုင်တွေရဲ့ မကြာခဏ ကန့်သတ် ခံခဲ့ရတာ ယနေ့အထိပါပဲ။ ထောင်တွေလည်း ကျခဲ့ပါတယ်။

နှုတ်ခမ်းမွေးညီနောင် အဖွဲ့ဟာ ၂၀၀၁ ခုနှစ်ဝန်းကျင် က NLD ပါတီနဲ့ ဆက်စပ်တဲ့ ပွဲတခုမှာ ကပြဖျော်ဖြေခဲ့တဲ့ အချိန်က စပြီးတော့ ပွဲက မိန့်ကို အာဏာပိုင်တွေက ပိတ်ထားခဲ့တာပါ။ နယ်လှည့် ကပြခွင့် မရတဲ့အတွက် မိမိတို့နေအိမ်မှာပဲ နိုင်ငံခြား ခရီးသွားတွေကို ဟာသပြက်လုံးတွေနဲ့ ဖျော်ဖြေ ပေးနေတယ်လို့ ဦးလူမော်က ဆိုပါတယ်။

“ပါပါလေးတို့ ကလို့ရပြီလို့ အစိုးရက ပြောစေချင်တယ်၊ တရားဝင်မကြေညာတော့ ဘယ်သူမှ ကျနော်တို့ကိုလာမငှားရဲကြဘူး၊ ကျနော်တို့က လူရွှင်တော် ဆိုတော့ ဇာတ်ကမှ ထမင်းစား ရတာဗျ”လို့ ဦးပါပါလေး က ဆိုပါတယ်။ မူရင်းလင့်က ဒီမှာပါ။

ချင်းပြည်နယ် ဘတ်ဂျက် လျာထားချက် ၀.၁ ရာခိုင်နှုန်းသာရှိ

ချင်းပြည်နယ်၏ တနှစ်တာ အသုံးစရိတ် လျာထားချက်မှာ မြန်မာတနိုင်ငံလုံး အသုံးစရိတ်၏ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတနိုင်ငံလုံး၏ အသုံးစရိတ် ဘတ်ဂျက် လျာထားချက်မှာ ကျပ် ၁၃,၀၄၀ ဒသမ ၆၇၅ ဘီလီယံ ဖြစ်ပြီး ချင်းပြည်နယ်အတွက် လျာထားချက်မှာ ကျပ်သန်း ၁၃,၀၀၀ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၁ ရာခိုင်နှုန်း သာ ရှိနေသည်။


ချင်းပြည်နယ် ဟားခါးမြို့(ဓာတ်ပုံ - Khaipi / Flickr)

ချင်းပြည်နယ်အစိုးရက တနှစ်တာ အသုံးစရိတ်အဖြစ် မူလက ကျပ်သန်း ၁၄,၀၀၀ လျာထားခဲ့ပြီး သန်း ၆,၀၀၀ ကို မိမိဘာသာ ရှာဖွေဖြည့်စွက်မည်ဖြစ်ကာ ကျန်ငွေများကို ဗဟိုအစိုးရက ထောက်ပံ့ပေးရန် တင်ပြခဲ့သည်ဟု ချင်းအမျိုးသားပါတီ(CNP) အတွင်း ရေး မှူး ဆလိုင်း ကျဲအိုဘစ်ခ်ထောင်း က ဧရာဝတီကို ပြောသည်။

ဗဟိုအစိုးရက ချင်းပြည်နယ်၏ တောင်းခံငွေထဲမှ ကျပ်သန်း ၅,၀၀၀ သာ ထောက်ပံ့ကာ ကျန်ငွေများကို ထုတ်ချေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သူက ဆက်ပြောသည်။

သို့သော် မတ်လ ဒုတိယပတ်တွင် ချင်းပြည်နယ်အတွက် အထူးကိစ္စရပ် အသုံးပြုရန်ဟုဆိုကာ ပြည်ထောင်စုအသုံးစရိတ်ထဲမှ ကျပ် သန်း ၂,၀၀၀ ထပ်တိုးပေးခဲ့ကြောင်း ချင်းတိုးတက်ရေးပါတီ(CPP) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇိုလှယ်ထန်းက ပြော သည်။

“လွှတ်တော်မှာ ဘဏ္ဍာရေးကော်မရှင်ဆီက စာလာတယ်။ စာမှာ ချင်းပြည်နယ်အတွက် နဂိုတင်ထားတာထက် ကျပ်သန်းပေါင်း ၂၀၀၀ ပိုပေးတယ်ဆိုတာ ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံးကို ဝေတယ်”ဟု သူက ပြောသည်။

ထို့ကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့ကစတင်ကာ နောင်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍရေးနှစ် အတွက် ချင်းပြည်နယ်၏ အသုံးစရိတ်သည် မူလ လျာထားသည့်ပမာဏထက် ကျပ်သန်း ၁,၀၀၀ လျော့နည်း သွားခဲ့သည်။

ကျပ်သန်း ၂၀၀၀ ထပ်တိုးပေးခြင်းနှင့် ပတ်သက်၍ ဆလိုင်း ကျဲအိုဘစ်ခ်ထောင်းက“ကျနော်တို့ ထင်တာကတော့ ထုတ်ချေးမယ့်ငွေကို ကူညီထောက်ပံ့တဲ့ ပုံစံမျိုး လုပ်လိုက်တာလို့ ထင်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရ၏ အသုံးစရိတ်လိုငွေပြမှုမှာ ကျပ်သန်း ၆,၀၀၀ ကျော် (၆ ဘီလီယံကျော်) ရှိခဲ့သည်ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ပြည်ပမီဒီယာတခုတွင် ထုတ်ဖော်ပြော ဆိုထားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၊ စီမံခန့်ခွဲရေးနှင့် စက်မှုလက်မှု၊ စွမ်းအင်၊ သတ္ထုနှင့် သစ်တော၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီမံကိန်း၊ စက်မှုနှင့် လျှပ်စစ်ဟူ၍ ဝန်ကြီးဌာန ၉ ခုရှိသည်။ ယင်းဌာနများတွင် ချင်းပါတီ ၂ ခုမှ ဝန်ကြီးတဦးစီသာ ပါဝင်ပြီး ကျန်ဌာနများမှာ စစ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီ တို့မှ ဖြစ်သည်။

ချင်းပြည်နယ်လွှတ်တော်တွင် အမတ်၂၄ နေရာရှိပြီး CPP နှင့် CNP က ၅ ဦးစီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ(ENDP) မှ တဦး၊ ကြံ့ခိုင်ရေးပါတီမှ ၇ ဦး၊ တပ်မတော်သား အမတ် ၆ ဦးတို့ ပါရှိသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ၁၄ ခု အနက် အဆင်းရဲဆုံးဖြစ်ကြောင်း၂၀၁၁ ခုနှစ် ဇွန်လအတွင်းကထုတ်ပြန် သော ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)၏ စစ်တမ်း၌ ဖော်ပြထားသည်။

မူရင်းလင့်က ဒီမှာပါ။

ကြိုတင်မဲ စပေးပြီ

မြန်မာနိုင်ငံတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခြင်းကို ယနေ့ စတင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ကြိုတင်မဲတွေက ဒီနေ့က စပေးခွင့်ရပြီ။ဒီနေ့နဲ့ မနက်ဖြန်ပေါ့။ စီစဉ်ထားတာက ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေက မနက် ၆ နာရီက ညနေ ၆ နာရီအထိ ရုံးဖွင့်ပြီး ကြိုတင်မဲ တောင်းခံလာတဲ့သူတွေကို ကြိုတင်မဲ ပေးခွင့်ရှိတဲ့သူ ဟုတ် မဟုတ်ပေါ့၊ ဒါကို စိစစ် ခိုင်းထားတယ်”ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုက ဧရာဝတီကို ပြော သည်။
၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ က နေပြည်တော်တွင် မဲပေးနည်း သရုပ်ပြနေစဉ်
(ဓာတ်ပုံ - ဧရာဝတီ)

ကြိုတင်မဲ ပေးခွင့်ရှိသူများမှာ မဲဆန္ဒနယ်မြေ ပြင်ပရောက်နေသူများ၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မဲစာရင်း အမည်ပါ ဒေ သမှ ကျော်လွန်ခရီးသွားရန်ရှိသူများ၊ အနာကြီး ရောဂါအပါအ၀င် ကူးဆက်ရောဂါ ရှိနေသူများ၊ အသက်ကြီးရင့် နေသူများ၊ ရဲအချုပ်ခန်းနှင့် အကျဉ်းထောင် စခန်းများတွင်ရောက်နေသူများ၊ နိုင်ငံဝန်ထမ်း အနေဖြင့် မဲစာရင်းအမည်ရှိဒေသမှ ကျော်လွန် တာဝန်ထမ်းနေရသူများ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်၊ သုံးခွ၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များ၊ ပျဉ်း မနား၊ နေပြည်တော်ရှိ မြို့နယ် ၄ ခုနှင့် အခြားသော မြို့နယ်များတွင်လည်း ကြိုတင်မဲပေးမှုများ စတင်လုပ်ဆောင်နေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်ကလည်း ပြောပြသည်။

“လှည်းကူးမှာလည်း ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ ကြိုတင်မဲ ပေးလို့ရနေပါပြီ။ ဒါပေမယ့် ဒီမြို့နယ်က ကြိုတင်မဲ အများကြီး မရှိလောက်ဘူး၊ အခုထိလည်း ပြဿနာတက်တာ မကြားရသေးဘူး”ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

လှည်းကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူ ဦးအေးမြင့်ကလည်း လွတ်လပ်၊ သန့်ရှင်း တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် အကောင်းဆုံး လုပ်ဆောင်နေကြောင်း ပြောဆိုသည်။

သို့သော် နေပြည်တော် မြို့နယ် ၄ ခုတွင် သက်ဆိုင်ရာ အာဏာပိုင်များက တပ်မတော်သားများနှင့် မိသားစုဝင်များကို အာဏာရ ကြံ့ခိုင်ရေး ပါတီကိုသာ ကြိုတင်မဲပေးရန် ဖိအားပေးပြောဆိုနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

မန္တလေးတိုင်း သမန်းကုန်းကျေးရွာတွင် ကြိုတင်မဲ ပေးသူများက NLD ပါတီအား မဲပေးခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်က မဲစာရွက်များကို ဖွင့်ကြည့်ပြီး NLDအတွက်မဲပေးထားသော မဲစာရွက်များကို လွှင့်ပစ်ခဲ့သည်ဟု သတင်းပေးပို့ လာကြောင်း၊ အလားတူ ပခုက္ကူ အပါအ၀င် တချို့သော မဲဆန္ဒနယ်များတွင်လည်း ကြိုတင်မဲဆိုင်ရာ အငြင်းပွားဖွယ် တိုင်ကြားမှုများ လက် ခံ ရရှိနေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန် ရက်မှ ကိုဇော်မင်းက ပြောသည်။

ဧရာဝတီက သက်ဆိုင်ရာ ဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ အတည်ပြုချက်ရယူရန် ဆက်သွယ်သော်လည်း မရရှိပေ။

သို့သော် ဦးကိုကိုကမူ ကြိုတင်မဲများကို မည်သူ့ကို မဲပေးသည်ကို မသိစေရန် စာအိတ်ဖြင့် သိမ်းဆည်းထားမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီ မဲရုံ မဖွင့်မီ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်များက သက်ဆိုင်ရာ မဲရုံမှူးများထံ ပေးအပ်ခြင်း၊ ကြိုတင် မဲပေးထားသူများက ထပ်မံ မဲပေးခြင်း မရှိရန်အတွက် စာရင်းဇယားနှင့်တကွ လက်ခံရယူပြီး ဧပြီလ ၁ ရက်နေ့ ညနေ မဲရုံ ပိတ်ချိန်ရောက်မှသာလျှင် အဆိုပါ စာအိတ်များကို ဖောက်၍ မဲများထုတ်ပြီး ရေတွက်မှုပြုမည် ဖြစ်ကြောင်း ရှင်းပြသည်။

“မဲရုံမှူးတွေက ပုံစံ ၁၃ ထဲမှာ ဘယ်သူတွေဟာ ကြိုတင်မဲပေးထားပြီးပြီလည်း ဆိုတာ မဲရုံမဖွင့်ခင်မှာ ကြိုတင်မှတ်ထားမှာပါ။ အဲဒီလို မှတ်ထားခြင်းအားဖြင့် မဲရုံဖွင့်တဲ့အခါကျတော့ ဒီလူတွေ ၂ ခါ ထပ်ပြီး လာပေးလို့ မရတော့ဘူး”ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း၂၈ ဦးနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း၊ မဲစာရင်းနှင့်ပတ်သက်ပြီး တင်ပြပြောဆိုမှုများကိုလည်း ပြင်ဆင်နိုင်သည်များကို ပြင်ဆင်ပြီးကြောင်း၊ မဲစာရင်း ထပ်ခဲ့ သည် ရှိသော်၂ ကြိမ်လည်း မဲပေးနိုင်မည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ထဲက ဥပဒေနှင့်ငြိစွန်းမှု တချို့ရှိကြောင်း၊ ပါတီခေါင်းဆောင်ပိုင်းများကို ကြပ်မတ် ထိန်းသိမ်းပေးရန် ပြောဆိုခဲ့ကြောင်းလည်း သူက ဆက် ပြောသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးမျှော်လင့်ချက် အပြည့်ထားရှိသော်လည်း လက်တွေ့တွင် ကော်မရှင်အဖွဲ့ခွဲများအပါအ၀င် နိုင်ငံရေးပါတီ များ၊ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များ စသည့် အဘက်ဘက် က အားနည်းချက်များ ရှိနေသည့်အတွက် မဖြစ်နိုင်ကြောင်း သူက ပြောဆိုသည်။

“ကျနော်ကတော့ ၅၀ ရာခိုင်နှုန်းကတော့ ကျော်မယ်လို့ ခန့်မှန်းတာပဲ။ ဒါတောင် ကျနော် လျှော့ပြောထားတာပါ၊ အဆိုးနည်းပြီး အကောင်းဘက်ကို များသွားရင် ကျေနပ်ပါတယ်”ဟု သူက ဦးကိုကိုက ဆိုသည်။

ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော် များအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာ၊ မဲရုံပေါင်း ၈၃၂၄ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၆၄ သိန်းကျော်ရှိပြီး နိုင်ငံရေးပါတီ ပေါင်း ၁၇ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

မတရားမှုများ ကြုံနေရသော်လည်း NLD ရွေးကောက်ပွဲ ဝင်မည်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေး ကာလတွင် တွေ့ကြုံနေရသည်များမှာ မတရားသော်လည်း ရွေးကောက်ပွဲတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။


ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
(ဓာတ်ပုံ -7 Days News)

“ကျမတို့အနေနဲ့ မူမမှန်မှုတွေ အများကြီး ရင်ဆိုင်နေရပါတယ်။ မနေ့ကဆိုရင်ေ တာင်ငူလွှတ်တော်ကိုယ်စား လှယ်လောင်းကို တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။ သူ့ကို မထိခိုက်ပါဘူး။ သူရဲ့ကားကို ထိခိုက်သွားပါတယ်။ ဒါက ဒုတိအကြိမ်အမြောက် NLD ကိုယ်စားလှယ်လောင်းကို တိုက်ခိုက်တာပါ။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း နေပြည်တော်မှာရှိတဲ့ ကျမတို့ လွှတ်တော် ကိုယ်စားလှယ်ကို အဲဒီလို တိုက်ခိုက်တာမျိုးရှိခဲ့ပါတယ်။ NLD ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးတွေလည်းရှိပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုမျိုးတွေ အများကြီးရှိနေပါတယ်။ ဒီလိုခြိမ်းခြောက်မှုမျိုးတွေရှိပေမယ့် ကျမတို့အနေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပြီး သားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေရဲ့ ဆန္ဒဖြစ်နေလို့ပါပဲ” ဟု ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရွေးကောက်ပွဲရလဒ် တရားမျှတခြင်းမရှိပါက မည်သို့ တုံ့ပြန်မည်ကို ရွေးကောက်ပွဲကျင်းပ ပြီးသည့်နောက်ပိုင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရ၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသောအခါ အစိုးရ၀န်ကြီးအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းမှုများ ရှိလာသည့်တိုင် ဥပေဒပြုလွှတ်တော်ကို လွယ်လွယ်နှင့် စွန့်ခွာမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

“ ဒီလို ၀န်ကြီးအဖြစ် ကမ်းလှမ်းမယ်လို့ ပြောတာမရှိသေးဘဲနဲ့ ယူမယ်၊ မယူဘူးပြောတာ မသင့်တော်ဘူး။ အန်တီအနေနဲ့ ဒီလောက်တောင်မှ လွှတ်တော်ထဲကို ကြိုးစားပမ်းစား ၀င်ဖို့ လုပ်နေတာက ခဏလေး လွယ်လွယ်နဲ့ ထွက်ဖို့ မဟုတ်ဘူး။ ကျမအနေနဲ့ ကျမ၀င်ရောက်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ လွှတ်တော်ကို စွန့်ခွာဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု ဆက်လက်ပြောသည်။

တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တပ်မတော်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်မည်မဟုတ်ဘဲ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ရာတွင် တပ်မတော်သည် ပြည်သူ့အုပ်ချုပ်ရေး သြဇာအောက်တွင်သာ ရှိရမည်ဖြစ်ကြောင်း ပြောသည်။

“၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေအားလုံးက ကျမတို့အားလုံးနဲ့ စိတ်တူ၊ ကိုယ်တူ သဘောတူ ပြောင်းလဲသွားမယ်ဆိုရင် အားလုံး အေးအေးဆေးဆေး ပြီးသွားမှာပါ။ ကျမတို့လိုချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြည်သူရဲ့ သြဇာအောက်မှာ ရှိရမယ်။ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေအောက်မှာ ရှိတယ်။ ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်မယ်လို့ မပြောဘူး။ ဖယ်ထုတ်တယ်ဆိုတဲ့ စကားကို ကျမဘယ်တုန်းကမှ မပြောပါဘူး။ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ပဲပြောတာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တိုင်းရင်းသားလူနည်းစုများသည်လည်း စစ်မှန်သော ပြည်ထောင်စုဖြစ်ပေါ်ရေး ဆန္ဒပြင်းပြနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“လူနည်းစု တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ တုံ့ပြန်မှုက အင်မတန်မှ ကျေနပ်ဖို့ ကောင်းပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာဆိုရင် စစ်မှန်တဲ့ပြည်ထောင်စု၊ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ်တည်ဆောက်ချင်တဲ့ ကြီးမားတဲ့ဆန္ဒနဲ့ ဖြစ်နိုင်ခြေတွေရှိနေတာကို တွေ့ရပါတယ်။ ကျမတို့လိုချင်တာနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ အခြေခံလိုအပ်ချက်တွေက ကွာခြားမှု မရှိပါဘူး။ စစ်မှန်စုစည်းတဲ့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ဖို့ အားလုံးကမျှော်လင့်တကြီး ရှိနေကြပါတယ်” ဟု ပြောသည်။

ယခုလက်ရှိအခြေအနေတွင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးမရဘဲ တင်းမာနေရခြင်းမှာ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုပျောက်ဆုံးနေခြင်းကြောင့်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ တရားမမျှတမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေလင့်ကစား လူထု၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး တောင်းဆိုမျှော်လင့်ချက်များ ပိုမိုမြင့်မားလာကြောင်းလည်း ပြောဆိုသည်။

“ကျမပြောထားပြီးတဲ့အတိုင်းပဲ ဒီအခြေအနေတွေက ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေမှာ လူထုလူတန်းစား အလွှာအသီးသီး အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရဲ့ ပါဝင်မှုက နေရာတိုင်းမှာ တွေ့မြင်လာရပါတယ်။ ဒါက နိုင်ငံရဲ့ အနာဂတ်အတွက် အများကြီးကောင်းမွန်ပါတယ်။ နိုင်ငံရေးကိစ္စတွေမှာ ဘာတွေကစိန်ခေါ်မှုလဲ၊ ဘယ်ကိစ္စတွေက အရေးကြီးသလဲ ဆိုတာကို ပြည်သူတွေရဲ့ နားလည်မှု၊ နိုးကြားမှုက လျှင်မြန်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် ၄၅ ခုတွင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး မှာ မိဘက နိုင်ငံခြားသားဖြစ်သည်ဟု ဆိုကာ အဖယ်ခံလိုက်ရသည့်အတွက် ၄၄ နေရာတွင်သာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ NLD အနေနှင့် မဲဆန္ဒနယ်အများအပြားတွင် အနိုင်ရမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃၁ ရက်နေ့တွင် ၄င်း၏မဲဆန္ဒနယ် ကော့မှူးမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ကော့မှူးမြို့တွင် နေထိုင်မည်ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

Eleven Media Group သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ

EMG ဆိုတဲ့ Eleven Media Group က အငယ်ထွေးဆိုတဲ့ ဆောင်ပါးရှင်က ဘာသဘော နဲ့ရိုဟင်ဂျာလို့ သုံးပြီးရေးထားသလဲတော့ မသိနိုင်ပါဘူး။သူရဲ့တထွာတမိုက်ဦးနှောက်က တရုတ်ရဲမကောင်းတာကို ဦးစားပေးရေးချင်နေတာ ပေါ်လွင်ပေမယ့် "ရိုဟင်ဂျာ မောင်းတော မှတ်ပုံတင် ကိုင်ထားတာ...." ဆိုတာကတော့ မေးစရာရှိပါတယ်။ဒီစကားရဲ့ဆိုလိုရင်းက ရိုဟင်ဂျာ သည်မှတ်ပုံတင်ရှိသည်၊ရိုဟင်ဂျာသည် နိုင်ငံသားဖြစ်နေပြီ ဆိုတဲ့ ဆိုလိုချက်ကို သွားသက်ရောက်စေပါတယ်။

ဒေါက်တာသန်းထွဋ်အောင်ဆိုတဲ့ Eleven က Chairman & CEO ကိုမေးစရာရှိပါတယ်။ခင်ဗျားရဲ့ပေါ့လျော့မူတစ်ခုက အမျိုးဘာသာ သာသနာကို ဘယ်လောက်ထိခိုက်သွားစေနိုင်မလဲဆိုတာ နားလည်ပါရဲ့လား?

မသိနားမလည်ေ၀၀ါးဝါး ဖြစ်နေသူအတွက် ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသားလား၊နိုင်ငံသားလား Confuse ဖြစ်သွားစေနိုင်ပါတယ်။ တကယ်အဲ့ဒီအဖြစ်ပျက်မျိုး ရှိနေခဲ့ပါစေ...နိုင်ငံတော်ကရော၊တိုင်းရင်းသားအားလုံးက တရားဝင်အတိအလင်းမရှိပါဘူး၊ မဟုတ်ပါဘူး လို့ကြေငြာထားတဲ့လူမျိုးဖြစ်ပါတယ်။တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရိုးမှန်ရင် ဒီလို မလုပ်သင့်ပါဘူး၊

ထမင်းတနပ်အတွက် အလုပ်မလုပ်ပါနဲ့။နာမည်ကျော်ကြားထင်ပေါ်လိုမူနဲ့ အလုပ်မလုပ်ပါနဲ့။ဗုဒ္စ ဘာသာ နဲ့ အမိမြန်မာနိုင်ငံတော် မျက်နှာကို ပေါ်ပင်လုပ်လိုစိတ်တစ်ခုတည်းနဲ့ မနင်းချေလိုက်ပါနဲ့ ဒေါက်တာကြီး။

Myanmar Express

မူရင်းလင့်က ဒီမှာပါ။

ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်

ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီအေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။


RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်
စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော
ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ
တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)

လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောပါတယ်။

ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကလိုထူးဘော ဒီကေဘီအေအနေနဲ့ ညီလာခံတစ်ရပ် ခေါ်ယူဖို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင် ပြည်သူလူထု ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေမှာဖြစ်သလို၊ ကလိုထူးဘော ဒီကေဘီအေ ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတစ်ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလိုထူးဘောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေကို ရွေးကောက်ပွဲနေ့မှာ ၀င်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ရွေးကောက်ပွဲ မတိုင်မီ လွတ်လပ်ခွင့်များ ပိုရ

မော်လမြိုင်မြို့ပေါ်တွင် လွတ်လပ်ခွင့်များ ပိုရလာပြီး လူအများက ရွေးကောက်ပွဲအား စိတ်ဝင်စားနေကြသည်ဟု မြို့ခံများက ပြောသည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ ကာလ နီးကပ် လာမှုနှင့်အတူ မော်လမြိုင်မြို့မဲဆန္ဒ နယ်အတွင်း သက်ဆိုင်ရာ ပါတီ အလိုက် စည်းရုံး မဲဆွယ်မှုများ ရှိနေသလို အပြောင်းအလဲ တချို့ ရှိလာသည်ဟု မော်လမြိုင် မြို့မှ ကားမောင်းသမား တဦးက ပြောသည်။

“အခုမော်လမြိုင်မှာ ကားဆွဲရတာ ကြိုက်သလို သွားလို့ရပြီး အဆင်ပြေလာ တယ်လေ။ ရွေးကောက်ပွဲကာလ လားတော့ မပြောတတ်ဘူး။ အကောက်ခွန်တွေ သိပ်မရှိတော့ဘူး အစကဆိုရင် စစ်လားဆေးလား လုပ်တယ် အခုတော့ လိုင်စင်လည်း မစစ်ဘူး။ လမ်းပမ်း ဆက်သွယ်ရေးလည်း အဆင်ပြေနေတာပဲ အစကဆိုရင် ကန့်သတ် ပစ္စည်းတွေ ဆိုပြီး ရစ်တယ်။ အခုမရစ်တော့ဘူး၊ ဒီတော့ ရွေးကောက်ပွဲ အရသာဘဲ ထင်ပါတယ်” ဟုပြောသည်။

ထို့အပြင် မော်လမြိုင်မြို့ သရက်ကုန်း ရပ်ကွက်မှ ရွာသားတဦးကလည်း “ကျတော်တို့နေရာမှာ မိုးတွင်းတော့ သွားရခက်တာပေါ့ အဲဒီနေရာကို အာဏာပိုင်တွေက ရက် ၂၀ လောက်ရှိပြီ။ မြေနီတွေ လာဖို့ပေးထားတယ် သဲတွေ ကျောက်စလစ် တွေပုံထားပေးတယ် ကြံ့ဖွံ့ ပါတီနိုင်ရင် ဒီနေရာ အပြီးစီးလုပ်ပေးမယ်လို့ ပြောတယ် ပြီးတော့ သူတို့မဲဆွယ်တုန်း ကြံ့ဖွံ့ကငွေ ၅၀၀၀ နဲ့ အင်္ကျီတစ်ထည် ရတယ်” ဟုပြောသွားပါသည်။


ဓါတ်ပုံ - အင်တာနက်

အလားတူ သီရိမြိုင် ရပ်ကွက်သားတဦးက ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီတော်တော်များများ ပါရှိပြီး သူ့ဘ၀၌ ပထမဦးဆုံးအကြိမ်အဖြစ် မဲပေးရခြင်း ဖြစ်သည့် အတွက် ပျော်ရွှင် မိသည်ဟု ပြောပါသည်။

“ဘ၀မှာ တစ်ခါမှ မကြုံဖူးဘူး။ ဒါက ပထမ ဦးဆုံး အကြိမ် မဲပေးခြင်း ဖြစ်လို့ ၀မ်းသားတာပါ။ ကျနော်အိမ်မှာဆိုရင် မိသားစု ၇ ယောက်ရှိတယ်။ အဖေက တစည ပါတီကပေါ့။ ကျနော့်အကိုနဲ့ တခြားတစ်ယောက်ကတော့ အန်အယ်ဒီပါ။ အမေကတော့ သားတွေ အန်အယ်ဒီဆိုလိုသူလည်း NLD တဲ့ ကျ နော်ကတော့အစက မွန်ပါတီကို မဲပေးမယ် နောက်တော့ အန်အယ်ဒီပြောင်းသွားတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့က တစည၊ NDF ခွဲပေးလိုက်ရင် အန်အယ်ဒီက ၄၇ နေရာလုံး မရရင် နိုင်ငံအခြေနေက ဒီအတိုင်းဖြစ်နေမယ် ဒါ ကြောင့် NLD ကိုရွေးတယ်” ဟုပြောပါသည်။

မဲပေးရမည့် မဲရုံပုံ (ဓါတ်ပုံ - အင်တာနက်)

၎င်းအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အသင်းဝင်ဖြစ်လျှင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးထားသော ၂ သိန်းတန်ဖုန်း များကို ဈေးလျှော့ပေးမည်ဟု သိရကြောင်း ဖုန်းဝယ်သူအရပ်သား တစ်ဦးကပြောသည်။

“အာဏာပိုင် ကြံ့ဖွံ့ အဖွဲ့တွေက သူတို့ အသင်းဝင်ရင် ၂ သောင်းလျော့ ပေးမယ်တဲ့ ကျနော်သွားဝယ်တဲ့အချိန်မှာ အဲလိုပြောတယ်။ ကျနော်ကတော့ အင်းလို့ပဲပြောတယ်။ သူတို့ က ဖုန်းအတွက် လျောက်လွာပေးပြီး ငွေနှစ် သောင်းလျော့ပေးတယ်။ ဓာတ်ပုံရိုက်တယ်။ လက်မှတ်ထိုးခိုင်းတာ မရှိဘူးပေါ့ ကျနော်မေးပါတယ်။ ကြံ့ဖွံ့ ပါတီကို မဲပေးရမလားလို့ မေးတော့ သူတို့ကလည်း ပြည်ခိုင်ဖြိုးကိုမဲပေးပါ လို့မပြောပါဘူး ပယ်မဲဖြစ်အောင် လုပ်ပေးဖို့ပြောတယ်။ ကျနော်ကတော့ ကျနော်ဘာလုပ်မယ် ဆိုတာ ကျနော်မပြောဘူးပေါ့” ဟု ပြောပါသည်။

ဤရွေးကောက်ပွဲသည်၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် မတူညီသည့် အချက်များ ရှိကြောင်းနှင့် ယခင်က မိသားစုတစုလျှင် ကိုယ်စားမဲပေးရမှုများ ရှိပေမယ့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်မူ လူတဦးလျှင် ၁ မဲသာပေးခွင့်ရသည့်အပြင် မဲထည့်နိုင်သည့်သူ စာရင်းများလည်း သွားတောင်းကြည့်ခွင့်ရသည်ဟု မြို့ပေါ်က ဒေသခံများက ပြောသည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲအပေါ် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် မော်လမြိုင်မြို့ပေါ်နှင့် ဒေသအတွင်းရှိ အလုပ်သမားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် သာမန်အရပ်သားများက မျှော်လင့်နေကြသည်ဟု NLD ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “လူ(၈)ယောက်ကို မေးပါတယ်။ ၀န်ထမ်းက (၁)ယောက်၊ အလုပ်သမားက (၃)ယောက်၊ အရပ်သားက (၄)ဦးပါ။ မေး တဲ့မေးခွန်းက တခုပါဘဲ၊ ဘာမေးလဲဆိုတော့ အခုကျင်းပတဲ့ မော်လမြိုင် မဲဆန္ဒနယ်က ရွေးကောက်ပွဲကို ဘယ်လို သဘောထားလဲလို့ မေးခဲ့ပါတယ်။ သူတို့ပြောတဲ့အထဲမှာ တူညီတာတခုက လွတ်လပ်ပြီး တရားမျှတချင်း ပါတယ်တဲ့။ ပြီးတော့ စည်းရုံးတဲ့နေရာမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ မလိုချင်ပါဘူးတဲ့။ ၀န်ထမ်းတစ်ယောက်ကလည်း မဲထည့်ဖို့ကတော့ အခုမပြောနိုင်သေးဘူး” ဟု NLD ပါတီမှ စာရင်းပြု စုထားသည်များကို ပြန်လည်ပြောပြ ခြင်းဖြစ်သည်။

မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်၌ ကျေးရွာ (၁၉) ရွာနှင့် ရပ်ကွက် (၂၂) ရပ်ကွက်ရှိပြီး လာမည့် ရွေးကောက်ပွဲအပေါ် ဒေသခံများက စိတ်ဝင်စားမှု ရှိနေကြပါသည်။

မူရင်းလင့်က ဒီမှာပါ။

တောင်ငူမြို့က NLD ပါတီ အမတ်လောင်း လေးဂွဖြင့် အပစ်ခံရ


တောင်ငူမြို့မှ ၀င်ရောက်ယှဉ်ပြိုင်မည့်NLD အမတ်လောင်း ၏ ရုပ်ရည်

မတ်လ ၂၉ ရက်နေ့ ညနေပိုင်းကတောင်ငူမြို့မှဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ အမတ်လောင်း ဦးအောင်စိုးမြင့်က တောင်ငူမြို့တွင်းမှာ ဟောပြော စည်းရုံးရေးပွဲ လုပ်ဆောင်နေစဉ် ဦးအောင်စိုးမြင့်ကား ကို တောင်ငူမြို့နေ NLD ပါတီကို မလိုလားသူ ပြည်သူ များက လေးဂွဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။NLD ပါတီအနေဖြင့်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စည်းမရှိကမ်းမရှိ သွားလာမူ၊အပြုအမူတို့ကို မနှစ်သက်သော ပြည်သူများစွာရှိကြောင်းသိရှိရသည်။ထိုကဲ့သို့ NLD ပါတီ အမတ်လောင်းများ အား ကျောက်ခဲများ၊လေးဂွများဖြင့် ပစ်ခတ်မူသည်NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် အမတ်လောင်းများ တွင်သာ ပစ်ခတ်ခံရခြင်းမဟုတ်ဘဲ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အားလည်း အလားတူ ပစ်ခတ်မူများ ရှိကြောင်းတွေ့ရှိရသည်။

မူရင်းလင့်က ဒီမှာပါ။

ပြောင်းရွေ့နေထိုင်သူများ မဲစာရင်းပေးသွင်းနိုင်သေး

ဧရာဝတီတိုင်းတွင် မဲဆန္ဒရှင်စာရင်းကို ယခုလ ၂၄ရက်နေ့က နောက်ဆုံးအကြိမ် ထုတ်ပြန်လိုက်သော်လည်း အိမ်ထောင်စုစာရင်းဖြင့် ပြောင်းရွှေ့လာသူများအတွက်မူ မတ်လ ၃၁ရက်နေ့အထိ မဲစာရင်းသွင်းနိုင်ကြောင်း တိုင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

“သာမန်အားဖြင့် ဘယ်သူမှ နောက်ထပ်တိုးလို့ မရတော့ဘူး။ အိမ်ထောင်စုစာအုပ်နဲ့ ပြောင်းလာရင်တော့ လက်ခံနိုင်ပါတယ်”ဟု ဧရာဝတီ တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမျိုးထွန်းက ကေအိုင်စီ သတင်းဌာနကို ပြောသည်။

အခြားဒေသတစ်ခုမှ ပြောင်းရွှေ့လာသူများအနေဖြင့် မဲပေးလိုပါက အိမ်ထောင်စုပုံစံ ၁၀ကို ယူဆောင်လာကာ လက်ရှိ နေထိုင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကာ ပုံစံ-၁၀ အသစ်ထပ်မံ ထုတ်ယူရမည်ဖြစ်ပြီး၊ ထိုပုံစံ-၁၀ အသစ်ဖြင့် ရွေးကောက်ပွဲ ကော်မ ရှင်ထံ မဲစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“တစ်ချို့ဝန်ထမ်းတွေကျတော့ တာဝန်တွေနဲ့ပြောင်းလာတာ။ အဲ့ဒါဆိုရင်သူတို့ရဲ့ မဲပေးခွင့် မဆုံးရှုံးဖို့အတွက် လက်ခံပါတယ်”ဟု ၎င်းက ပြောသည်။

သို့သော် ဦးမျိုးထွန်းက ဧရာဝတီတိုင်းအတွင်း နေထိုင်ကာ အိမ်ထောင်စုစာရင်းရှိလျှက် မဲဆန္ဒရှင်စာရင်းတွင် ကျန်ခဲ့သူများကို လက်မခံ တော့ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများအနေဖြင့် မဲပေးခွင့်ရမည် မဟုတ်ကြောင်း ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် အားနည်းချက်များရှိကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း ပြောကြား သည်။

“မဲစာရင်းကောက်တယ်ဆိုတာက ကျေးရွာအဆင့်က ကောက်တာ။ ကျေးရွာအဆင့်ဆိုတော့လည်း သိတဲ့အတိုင်း စာတတ်တဲ့သူ သိပ်မရှိ ဘူး၊ စနစ်တကျ လေ့ကျင့်သင်ကြားထားတာ မဟုတ်ဘူး။ ဒီလိုကောက်ဖို့သင်တန်းတော့ ပေးတယ်။ နားလည်တာလည်းရှိတယ်။ မလည် တာလည်း ရှိတယ်။ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အများကြီးလိုတယ်။ ရွေးကောက်ပွဲမဲစာရင်း ကောက်တဲ့အခါ အိမ်မှာ မရှိဘူး။ ပြီးတော့မှ သူတို့ကို မကျန်ခဲ့ပါနဲ့ အဲ့ဒီလိုပြောတာလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ခု၊ ပြည်နယ်နှင့် တိုင်းလွှတ်တော် မဲဆန္ဒနယ် ၁ခု စုစုပေါင်း မဲဆန္ဒနယ် ၇ခုတွင် မဲဆန္ဒရှင်ပေါင်း ၁.၃သန်းကျော်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းလင့်က ဒီမှာပါ။

မဲကြိုလက်မှတ် အင်န်အယ်လ်ဒီ ပါတီက အမြန်ဆုံးရိုက်နှိပ်ဖြန့်ဝေမယ်

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်မှာ ရွေးကောက်ပွဲ ဆန္ဒမဲထည့်တဲ့အခါ နံမည်ရှာရတာ လွယ်ကူအောင် လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်းက ထုတ်ပေးထားတဲ့ ကတ်ပြားလေးတွေကို ရွေးကောက်ပွဲကော်မရှင်က အခုရက်ပိုင်း ပြန်လည်သိမ်းယူနေတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီကပဲ အမြန်ဆုံးရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ မန္တလေး အင်န်အယ်လ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။


demowaiyen
၂ဝ၁၂ မတ်လ ၃ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်စဉ်။

"လူနံမည်ပါမယ်။ မဲရုံနံပါတ်၊ မဲစာရင်းနံပါတ်၊ မှတ်ပုံတင်ပါမယ်။ မဲကြိုလက်မှတ် ပေးထားတယ်ဆိုတာက မဲရုံရောက်တဲ့အခါ မဲစာရင်းနံပါတ် အလွယ်တကူရှာလို့ရအောင်ဗျာ။ အဲဒါပေးထားတဲ့ ရပ်ကျေးကော်မရှင်က အခုပြန်သိမ်းတယ်။ အဲဒီကတ်ပြားလေးနဲ့အတူ နိုင်ငံသားစိစစ်ရေး ကတ်ပြားလေးနဲ့ တပါတည်း ယူလာပါဆိုပြီး ကတ်ပြားမှာရေးထားတာ၊ မဲရုံလာမယ်ဆိုရင် မှတ်ပုံတင်ပြပြီးတော့ ဒီကတ်ပြားလေးမှာရှိတဲ့ နံပတ်လေးကို မဲရုံမှာ မဲစာရင်းကိုင်တဲ့လူက ရှာပြီး ချက်ခြင်း လက်မှတ်ထိုးခိုင်းလိုက်ရုံပဲ။ ပြီးရင် မဲကတ်ပြား ထုတ်ပေးတာနဲ့ သွားပြီးထည့်လိုက်မယ်။ အချိန်အရမ်းသက်သာတာပေါ့ဗျာ"

အဲဒီကတ်ပြားကို ပြန်သိမ်းလိုက်တာကြောင့် မဲထည့်ရာမှာ အချိန်ကြာသွားနိုင်တဲ့အတွက် မြို့နယ်ကော်မရှင်နဲ့ ဆွေးနွေးတဲ့အခါ အကြိုကတ်ပြားတွေ ထုတ်မပေးတော့ဘူးလို့ ပြောတဲ့အတွက် အင်န်အယ်လ်ဒီ ပါတီက တာဝန်ယူကာ အမြန်ဆုံး ရိုက်နှိပ်ပြီး ဖြန့်ဝေသွားမယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။

" ကျွန်တော်တို့က အဲဒီမဲကြိုကတ်ပြားတွေကို အားဂျင့်ရိုက်ပြီးတော့ ရပ်ကျေးရုံးတွေကနေတဆင့် အဖွဲ့ချုပ်ဝင်တွေကနေ ရပ်ကွက်ထဲကို ဆင်းပြီး မဲဆန္ဒရှင်တွေရဲ့ မဲကြိုကတ်ပြားတွေကို ပေးနိုင်အောင် ဆောင်ရွက်သွားမယ်။ တစ်ရက်၊ နှစ်ရက်အတွင်း လုပ်ရမှာ။ ၃၁ ရက်နေ့ လက်ထဲမှာ ဒါတွေရှိနေရမှာပေါ့။ ကျွန်တော်တို့က သူတို့အိမ်တွေအထိ လိုက်ပေးမှာ။ အဖွဲ့နဲ့ပတ်သက်တဲ့ဟာ တစ်ခုမှ မပါဘူး။ အဲဒီကတ်ပြားမှာ ကာယကံရှင်မဲဆန္ဒရှင်ရဲ့ အမည်ရယ်၊ မဲရုံအမှတ်ရယ်၊ မဲစာရင်းနံပါတ်ရယ်၊ သူတို့အဖရယ်၊ မှတ်ပုံတင်ရယ် ဒါပဲထည့်ရိုက်ထားတာ"

အဲဒီမြို့နယ်အတွင်းမှာ အင်န်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအ၀င် ၅ ပါတီ နဲ့ တစ်သီးပုဂ္ဂလ ၃ ဦး ၀င်ရောက် အရွေးခံကြမှာဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

Friday, March 30, 2012

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ

မြန်မာစကားမတတ်တဲ့ အမေစု သား နှစ်ယောက် အတုယူစရာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ မြန်မာစကားတတ်ပြီး မြန်မာအချင်းချင်း အင်္ဂလိပ်လို့ ပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အတုယူသင့်ပါတယ်။ မြန်မာစကားကို လေးစားပြီး မြန်မာတွေကြားမှာ ပျော်ရွှင်နေတဲ့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသားကို ယူပြီး သားတွေကို မြန်မာစကား သင်မပေးတဲ့ မြန်မာတစ်ယောက်ထက် အများကြီး ပိုသာပါတယ်...။









မူရင်းလင့်က ဒီမှာပါ။

ကြံ့ဖွတ်ကိုမှ ပေးချင်သူ (မဲ)

ကာတွန်းနေမျိုးအေး – မဲပေးမှားရင် …
မတ် ၂၉ ၊ ၂၀၁၂

မူရင်းလင့်က ဒီမှာပါ။

မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို

ဓာတ်ပုံ CIA World Factbook
Irrawaddy delta

မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။

တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းစတဲ့ မြန်မာပြည်က အဓိက မြစ်ကြီးတွေရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မျိုးဆက်သစ်တွေအကျိုးအတွက် သန့်ရှင်းတဲ့ပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးနဲ့ ရေစီးရေလာ ကောင်းမွန်ရေးအတွက်ရည်ရွယ်ပြီး အခုလို တားမြစ်မိန့် ထုတ်ပြန်တာဖြစ်ကြောင်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ထုတ်ပြန်ချက်ကို FREDA ခေါ် သယံဇာတပတ်ဝန်းကျင် ဖွံဖြိုးတိုးတက် ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက ဒုဥကဌ ဦးအုံးက ကြိုဆိုကြောင်း ပြောပါတယ်။ “သတ္ထုတွေမတူးဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့ဗျာ။ တူးလို့ရှိရင်လည်း ဘေးအန္တရာယ် မဖြစ်အောင် တူးလို့ရှိရင်တော့ ကျနော်တို့ မကန့်ကွက်ပါဘူး။ ဧရာဝတီမြစ်တို့ ချင်းတွင်းမြစ်တို့မှာ ရွှေတူးတဲ့ အခါမှာ စက်တွေနဲ့ တူးတယ်။ စက်တွေနဲ့တူးပြီးတော့ ပြဒါးတို့၊ ဆိုင်ယာနိုဒ်တို့ သုံးတော့ အကုန်လုံး အဆိပ် တွေသင့်ပြီးတော့ pollution တွေဖြစ်တယ်။ အခု ရွှေတူးတာက မြစ်တွေ ချောင်းတွေ အင်းတွေ အိုင်တွေ အကုန်လုံး အဆိပ်တွေ သင့်ပြီးတော့ pollution တွေဖြစ်လို့ ကန့်ကွက်နေရတာပါ။”

ဒီမြစ်ကြီးတွေရဲ့ ရေစီးရေလာကောင်းမွန်ရေးအတွက်ဆိုရင် မြစ်ကြောင်းတွေပေါ်မှာ တည်ဆောက်နေတဲ့ ရေကာတာတွေက မြစ်ရေစီးဆင်းတာကို ထိခိုက်စေနိုင်ကြောင်း ဦးအုံးက ဆက်ပြောပါတယ်။ ဒါကြောင့် လက်ရှိ တည်ဆောက်နေတဲ့ ရေကာတာတွေကို သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး တွေကို သေချာဆန်းစစ်ဖို့ လိုအပ်ကြောင်း ဦးအုံးက ထောက်ပြပါတယ်။

“ရေကာတာတွေ ဆောက်လို့ရှိရင် သုံးမျိုးလုပ်ရမယ်။ EIA လို့ခေါ်တဲ့ Environment Impact Assessment ၊ SIA လို့ခေါ်တဲ့ Social Impact Assessment ၊ နောက်တခုက Environmental Management Plan ၊ Environment ပျက်တဲ့အတွက် ဘယ်လို ပြန်ပြီးကောင်းအောင် လုပ်မယ်ဆိုတဲ့ Plan ပါ လိုပါတယ်။ ဒီ၃ခု မလုပ်ဘဲနဲ့ ဘယ်ရေကာတာမှ ဆောက်ခွင့်ပြုဖို့ မကောင်းပါဘူး။ ခုက ဘာမှ မလုပ်ဘဲနဲ့ သူတို့ဖာသူတို့ စလုပ် နေတယ်။ ဒီဟာတွေလုပ်လို့ အဖြေထွက်မှ ပြည်သူလူထုကို ချပြ ၊ ပြည်သူလူထုက ကောင်းတယ်၊ မကောင်း တယ် ဝေဖန်သုံးသပ်ပြီး ဒီမိုကရေစီဆန်ဆန်လုပ်ပြီးမှ အစိုးရက ဆုံးဖြတ်ရမှာ။ အခုတော့ ဘယ်သူမှ မဆုံး ဖြတ်ခင် သူတို့ လုပ်ချင်ရာ လုပ်တယ်။”

ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က လက်ထောက် တာဝန်ခံ မအားနန်ကတော့ သတ္ထုတွင်းဝန်ကြီးဋ္ဌာနရဲ့ တားမြစ်မိန့်ကို စောင့်ကြည့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“အခုချိန်မှာ နေပြည်တော်က ပြောလိုက်တဲ့အလုပ်တွေက တိုင်းရင်းသားဒေသတွေမှာ တကယ်ထိရောက်မှု မရှိဘူးလို့ ကျမတို့ မြင်တယ်။ ဒီမြစ်ဆုံနေရာမှာ တကယ်တမ်း ဘယ်သူရွှေတူးနေလဲ။ သူတို့ အရင်ကတည်း ကလည်း မနှစ်ကတည်းကလည်း ကြေညာခဲ့တယ်။ မြစ်ချောင်းတွေမှာ ရွှေအကြီးးအကျယ် တူးခွင့်မပေး တော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဒီဒေသမှာက ဆက်လက်ပြီးတော့ တူးဖော်နေတယ်။ တကယ့် အစိုးရဌာန တွေကနေပါဝင်ပြီးတော့ ဆက်လက် တူးဖော်နေတာကို တွေ့ရှိရတယ်။ အဲဒါကြောင့် တကယ်တမ်းမြစ်ဆုံမှာ တခြားမြစ်ချောင်းတွေပေါ်မှာ ရွှေတူးရပ်မရပ်ဆိုတာကို ကျမတို့ သေချာလေ့လာစမ်းသပ်ဖို့လိုတယ်ပေါ့နော်။”

မအားနန်ကတော့ မြစ်ကြီးးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် မြစ်ကြီးးတွေပေါ်မှာ တည်ဆောက်တဲ့ ရေကာတာတွေ သာမက မြစ်လက်တက်ပေါ်က ရေကာတာတွေကိုပါ ရပ်တန့်ဖို့ လိုမယ်လို့ ပြောဆိုပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့မြစ်ချောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီရေကာတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ် ပေါ့နော်။ ဥပမာ ဧရာဝတီမြစ်မှာဆိုရင် ရေကာတာဆောက်ခြင်းအားဖြင့် မြစ်အောက်ပိုင်းမှာ ဆိုးကျိုး အများကြီး ရှိနိုင်တယ်ဆိုပြီးတော့မှ ပညာရှင်တွေအပြင် ကျမတို့ အမြဲတမ်းတောင်းဆိုတာရှိတယ်။ ဒါပေမဲ့ အစိုးရ ပြောတာကတော့ သူ့ဆီမှာစီးဝင်နေတဲ့ မြစ်လက်တက်တွေအများကြီးပဲလို့ ပြောတယ်။ တကယ်တန်း ဧရာဝတီရဲ့ အဓိက မြစ်လက်တက်တွေကိုပြန်ကြည့်မယ် ရွှေလီတို့၊ မြစ်ငယ်မြစ်တို့ ပြန်ကြည့်မယ်ဆိုရင် ဒီမှာ ရေကာတာဆောက်ပြီးတဲ့ဟာနဲ့ ရေကာတာစီမံကိန်းတွေနဲ့ ပြည့်နေတဲ့ဟာတွေ ရှိတယ်။ ဒီလိုမျိုးစီမံကိန်းတွေ ရှိနေသရွေ့ကတော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီမြစ်ချောင်းအင်းအိုင်တွေကို လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ထိန်းသိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အခြေအနေရောက်သွားမှာပဲ သေချာ တယ်။”

မြန်မာပြည်ရဲ့ အဓိကမြစ်ကြီးတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ရေစီးရေလာ ကောင်းမွန်ရေး အတွက် ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ မြစ်ကြောင်းကို ထိခိုက်စေနိုင်တယ်ဆိုပြီး မြန်မာပြည်တွင်းက ပညာရှင်တွေနဲ့ ပြည်သူအများက ဧရာဝတီမြစ်ဆုံ ဆည်တည် ဆောက်တာကို ကန့်ကွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတက ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။

လောလောဆည်မှာတော့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း (၇) ခု၊ သံလွင်မြစ်ပေါ်မှာ တာဆန်း၊ ၀ဲကြီး၊ ဟတ်ကြီး၊ ဒါးဂွင်၊ ရွာသစ်ရေကာတာစီမံကိန်းနဲ့ ချင်းတွင်းမြစ်မှာ တမံသီ ရေကာတာစီမံကိန်းတွေကို အချို့ တည်ဆောက်နေပြီး အချို့ကို တည်ဆောက်ဖို့ ပြင်ဆင်ထားပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေကတော့ ဒီရေကာတာတွေကြောင့် ကျေးရွာနဲ့ လယ်ယာမြေ တွေ၊ သဘာဝပတ်ဝန်းကျင်တွေ နစ်မြုပ် ဆုံးရှုံးမှာဖြစ်သလို မြစ်အောက်ပိုင်းဒေသတွေမှာလည်း ရေခမ်းတာနဲ့ ပင်လယ်ရေ၀င်ရောက်လာမယ့် ဆိုးကျိုးသက်ရောက်တာတွေ ရှိနိုင်ကြောင်း သုံးသပ်ကြပါတယ်။

ဒီရေကာတာ စီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်ဓါတ်အားကိုလည်း အိမ်နီးချင်းတိုင်းပြည်တွေကို အဓိက တင်ပို့ ရောင်းချမှာဖြစ်တာကြောင့် ဒေသခံတွေ အကျိုးအမြတ်မရနိုင်ကြောင်းလည်း ဝေဖန်ကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

လွှတ်တော်သုံးရပ် ကော်မတီ၊ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် မရှိ

ဓာတ်ပုံ ASSOCIATED PRESS
(AP Photo/Khin Maung Win)

မြန်မာနိုင်ငံထဲက လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးလို့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာဥပဒေခုံရုံ က မတ်လ (၂၈) ရက်နေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ ဒီ ကော်မတီတွေနဲ့ ကော်မရှင်တွေကို အခုလို ပြည်ထောင်စုအဆင့်မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် လွှတ်တော်ရေးရာလုပ်ငန်းတွေမှာ အခက်အခဲ တချို့ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

လွှတ်တော်သုံးရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ကော်မရှင်တွေဟာ လွှတ်တော်ရဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေသာဖြစ်ပြီး ဖွဲစည်းပုံအခြေခံဥပဒေ ပြဌာန်းချက်နဲ့ ညီညွတ်ခြင်းမရှိလို့ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့တွေမဟုတ်ဘူးလို့ မတ်လ (၂၈) ရက်နေ့ မနက်မှာ ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နိုင်ငံတော်သမ္မတရုံး ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေးရာကော်မတီတွေ၊ ကော်မရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့ထားတာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုအဆင့် ဟုတ်မဟုတ်ဆိုတဲ့ ပြဿနာဟာ ဘာနဲ့ဆိုင်လဲဆိုရင် ဖွဲ့စည်းပြီးသားဖွဲ့စည်းပုံမှာ ပါတာ ရှိပါတယ်။ အကုန်လုံးက ပြည်ထောင်စုအဆင့်လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီတွေအကုန်လုံးဟာ ပြည်ထောင်စုအဆင့်လို့ သတ်မှတ် ခဲ့ပါတယ်။ အဲဒီ ဥပဒေဟာလည်း ပြဌာန်းထားပြီးသားမို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သုံးခုမှာ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေဟာ ပြည်ထောင်စုအဆင့်ဆိုတဲ့ ဝေါဟာရကို သုံးကြပါတယ်။ အဲဒီမှာ အစိုးရအဖွဲ့ကနေ ပြည်ထောင်စုအဆင့်ဆိုတာ-ဘာလဲလို့- တင်တဲ့အခါမှာ အခုလို ဒီအမည်နဲ့ ပတ်သက်လို့ အငြင်းအခုန်လေးတွေကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးတဲ့အခါမှာ လွှတ်တော်မှာဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သူတို့က သုံးသပ်ချက်ပေးတာ ဖြစ်ပါတယ်။”

အထူးသဖြင့်ကတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့ အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ထဲက ဥပဒေပညာရှင် ဦသန်းမောင်က ပြောပါတယ်။

“နိုင်ငံတော်သမ္မတရဲ့ အစိုးရအဖွဲ့ကနေ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကလွဲလို့ ကျန်တာတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမဟုတ်ဘူးလို့ အဓိပ္ပာယ်ကောက်လိုက်တဲ့ သဘောပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ လွှတ်တော်ပိုင်းနဲ့ဆိုင်တဲ့ တာဝန်တွေကတော့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလို့ သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ- ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေရေးရာအလုပ်တွေ၊ လိုအပ်ရင် အရေးပေါ်ကိစ္စတွေ၊ ထူးခြားတဲ့ကိစ္စတွေ၊ ဒါတွေကိုတော့ ကျနော်တို့က ဆက်လက်ဆောင်ရွက်သွားမှာပေါ့နော်။

အမှန်ပြောမယ်၊ အခြေခံဥပဒေကနေ ပေးထားတဲ့ ပုဒ်မတွေအရ ကျနော်တို့က ဖွဲစည်းလာကြတာ ပေါ့နော်။ ဒါတွေကလည်း ရှင်းရှင်းပြောရရင် လွှတ်တော်ရဲ့ များပြားလှတဲ့တာဝန်တွေကို တတ်သိနားလည်တဲ့ သူတွေကို ဖိတ်ခေါ်ထည့်သွင်းပြီးတော့ လုပ်ကြရတယ်၊ ရှိသမျှ အင်အားတွေနဲ့ ၀ိုင်းပြီးတွန်းရတဲ့ စံနစ်တခုကို ဖော်ဆောင်နေရတာ။ အဲဒီတော့ လက်တွေ့လုပ်ရတဲ့ နေရာမှာ အခက်အခဲလေးတွေတော့ တွေ့လာကြရပါတယ်။”

ဒါကတော့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ထဲက ဥပဒေပညာရှင် ဦးသန်းမောင် ပြောပြခဲ့တာပါရှင်။

အခုလို ဒီကော်မတီတွေနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် မရှိဘူးတော့ဘူးလို့ သတ်မှတ်လိုက်တဲ့ အတွက် အစိုးရလုပ်ငန်းတွေကို စောင့်ကြပ်တည့်မတ်ပေးရေးကိစ္စတွေမှာ အစိုးရဘက်က အဆင့်မတူဘူး ဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်သလို ကော်မတီတွေရဲ့ လုပ်ငန်းတွေကိုလည်း အစိုးရက ထိန်းချုပ်ချင်တဲ့ သဘောကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတည်ဖြစ်ပြီး ပြန်လည် တင်သွင်းခွင့်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ ဒေါက်တာအေးမောင်ကတော့ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ကိုယ်စားလှယ်တွေရော ပြည်သူလူထု အားလုံးဟာ ဖွဲ့စည်းပုံအခြေခံနဲ့အတူ တည်ဆဲ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပြီလို့လည်း ဒေါက်တာအေးမောင်က မြင်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကဏ္ဍတွေကို ထိန်းချုပ်ချင်တဲ့သဘောလည်း ဖြစ်လာနိုင်ပါတယ်။ ခုနလို ကော်မတီတွေရဲ့လုပ်ငန်းအပေါ်မှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေက ငြင်းဆိုခွင့် ရှိနိုင်အောင်လည်းပဲ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒါတွေရဲ့အကျိုးဆက်တွေက တော့ဖြင့် ကျနော်ထင်ပါတယ်။ ကျနော်တို့ခန့်မှန်းမရတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။

ပြည်ထောင်စုအဆင့်မရှိဘူးဆိုရင် ပထမဆုံးအဆင့်က ချိုးနှိမ်လိုက်တာပေါ့။ ဂုဏ်သိက္ခာအားဖြင့် ဥပမာအားဖြင့် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ ပြည်ထောင်စုအဆင့် မဟုတ်တော့ဘူးလို့ ချိုးနှိမ်တဲ့သဘော ဖြစ်သွားတာပေါ့။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်က တည့်မတ်ပေးဖို့ ကြိုးစားရမှာဗျ။ ကျနော်တို့ ပြည်သူ့ကိုယ်စားလေ၊ မည်သူ့မျက်နှာမှ မထောက်နိုင်ဘူး။ ကျနော်တို့ဟာဖွဲ့စည်းပုံအခြေခံရဲ့ ပုဒ်မတခုချင်းကို ပြန်လည် စိစစ်ဖို့ လိုရင် စိစစ်ရမှာပဲ။ အဲဒီလိုပဲ တည်ဆဲဥပဒေတွေအပေါ်မှာလည်း ပြန်လုပ်ကြရမှာပဲ။ ပြည်သူကို အကျိုးပြုတယ်ဆိုရင် ဆက်တည်မြဲရမှာပေါ့နော်။ အကျိုးမပြုဘူးဆိုတဲ့ ပုဒ်မတခုချင်း၊ ကဏ္ဍတခုချင်းကို ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။”

ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီ (၂၄) ခုနဲ့ ကော်မရှင်တခု ဖွဲ့ထားတာရှိပြီး အမျိုးသား လွှတ်တော်မှာ ရေးရာကော်မတီ (၁၅) ခုနဲ့ ကော်မရှင်တစ်ခု ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် မှာတော့ ပူးပေါင်းကော်မတီဆိုပြီး ပြန်လည်ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ အခု လွှတ်တော်တွေ ရပ်နားထားတယ်ဆိုပေမယ့် ဧပြီလကုန်ပိုင်းပြန်စတဲ့အခါ ဒီပြည်ထောင်စုအဆင့်ရှိ မရှိဆိုတဲ့ သတ်မှတ်ချက်ကိစ္စကို ပြန်လည် ဆွေးနွေးတင်ပြလာတာတွေရှိမယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

မူရင်းလင့်က ဒီမှာပါ။

သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ

သြစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။

အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ သြတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ကုန်သွယ်ခွန် အခြေခံကုန်အမျိုး ၇၀ အား ကင်းလွတ်ခွင့်ပြု

အသစ်ပြင်ဆင်လိုက်သည့် အခွန်သတ်မှတ်ချက်များအရ ကုန်သွယ်ခွန်များကို အခြေခံကုန်အမျိုး ၇၀ အား အခွန်ကင်းလွတ်ခွင့် ပြုလိုက်တာ အထူးကုန်စည် ၁၈ မျိုးမှလွဲလျှင် ကျန်ကုန်စည်အားလုံးအား တစ်ပြေးညီအခွန် ၅ ရာခိုင်နှုန်းဟု သတ်မှတ်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ပြောသည်။

ထို့နောက် အထူးကုန်စည်တွင် ပါဝင်သည့် ဓါတ်ဆီအား ယခင်အခွန် ၁၇၀ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဒီဇယ်ဆီအား ယခင် ၉၀ ရာခိုင်နှုန်းမျ ယခု၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချသတ်မှတ်လိုက်သည်ဖြစ်ရာကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တွန်းအားပေးနိုင်မည်ဟု ကျွမ်းကျင်သူများကရှုမြင်သုံးသပ်ကြပြီး အခွန်စနစ်သစ်သည် လာမည့်ဧပြီလ ၁ ရက်တွင် စတင်ကျင့် သုံးမည်ဖြစ်သည်။

ကုန်သွယ်ခွန် စနစ်သစ်အရကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း၊ ကုန်စည်ဝယ်ယူတင်သွင်းရောင်းချ သည့်လုပ်ငန်း၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ်ရာရောင်းချခြင်းလုပ်ငန်းများသည် တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၁၀၀ နှင့်အထက်ရရှိလျှင် ကုန်သွယ်ခွန်ပေးဆောင်ရမည်ဖြစ်သည်။ ပို့ကုန်ကဏ္ဍအတွက်မူနိုင်ငံ၏အဓိက မူပိုင်ထွက်ကုန်များဖြစ်သော ရေနံ၊ သဘာဝဓါတ်ငွေ့၊ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ၊ သစ်မာလုံးနှင့် သစ်ခွဲသားများ၊ ကျောက်စိမ်းနှင့် အခြားအဖိုးတန်ကျောက်များ စသည့်ငါးမျိုးမှလွဲလျှင် ကျန်ကုန်စည်အားလုံးကို အခွန်ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အခွန်နှုန်းထားများ ကို ပြောင်းလဲ သတ်မှတ်လိုက်ရာတွင်ကုန်သွယ်ခွန်တွင် အကျုံးဝင်သော စားသောက်ဆိုင်များတွင် စားသုံးမှုအတွက်ပေးဆောင် ရသည့် ၁၀ ရာခိုင်နှုန်းအခွန်ကဲ့သို့သော အခွန်များသည်လည်း ၅ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်များအား စားသုံးသူ၊ ဝယ်ယူသူများဘက် မှပေးဆောင်ရမည်ဖြစ်ကာ အမှန်အတိုင်း အခွန်ပေးဆောင်ကြစေရေး အတွက်စီးပွားရေးလုပ်ငန်းများအား လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်းပြည်တွင်း အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မိုးကြည်ကပြောပြပခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

သတင်းမီဒီယာဆိုင်ရာ လွတ်လပ်သော အသင်းသုံးသင်း သုံးလအတွင်း ထွက်ပေါ်လာမည်

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးကို ဖျက်သိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် မဟုတ်ေ တာ့သည့် သတင်းမီဒီယာဆိုင်ရာလွတ်လပ်သော အသင်းသုံးသင်း လာမည့် သုံးလအတွင်း ထွက်ပေါ် လာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က မတ်လ ၂၄ ရက်နေ့က ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး၏အရေးပေါ်ညီလာခံကြီးတွင် မြန်မာနိုင်ငံ သတင်းစာဆရာ များ အသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်း ဟူ၍ အသင်းသုံးသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သောကြောင့် ထိုသို့ဖွဲ့စည်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ကြီးကိုအလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သွားမည်ဖြစ်သည်။

“ဒီအသင်းတွေ ပေါ်လာတာနဲ့ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ကြီးက အလိုအလျောက်ဖျက်သိမ်းပြီးသား ဖြစ်ပါလိမ့်မည်” ဟု ဦးကိုကိုက ပာသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းတို့သည် ထိုအမည်ဖြင့် ပင်ပ်ါထွက်လာ မည်ဖြစ်သော်လည်း ပုံနှိပ်လုပ်ငန်းရှင်များအတွက်အသင်းမှာမူ လက်ရှိ တွင် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းရှင်များအ သင်းဖွဲ့စည်းပြီး ဖြစ်သောကြောင့်ထိုအသင်းနှင့် ဆက်လက်ဆွေးနွေး ကာဖွဲ့စည်းသွားမည်ဖြစ်သည်။

“ဒီအသင်းတွေဟာပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ မဟုတ်တော့ဘဲနဲ့ အရင်ကထက်ပိုပြီးလွတ်လပ်တဲ့ အသင်းတွေ ဖြစ်လာပါလိမ့်မယ်”ဟု ဦးကိုကိုက ပြောသည်။ အဆိုပါအသင်းများ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီကိုရွေးကောက်တင်မြှောက်မည်ဖြစ်ရာ ပါဝင်လိုသူများက ဆန္ဒပြုရမည်ဖြစ်ကြောင်းလည်း၎င်းက ပြောသည်။

မတ်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ကြီး၏ အရေးပေါ်ညီလာခံတွင်လည်း အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဖြစ်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) က ဒီမိုကရေစီနိုင်ငံတော်သို့သွားနေပြီဖြစ်သောကြောင့် အဖွဲ့ကြီး ကိုလည်း ခေတ်နှင့်လျော်ညီရန်ပြုပြင်ဖို့လိုအပ်လာသောကြောင့် ပြန်လည်ဖွဲ့စည်းသည့် သဘော လည်းဖြစ်ကြောင်း၎င်းက ပြောသည်။

ထိုအသင်းများ ဖွဲ့စည်းရာ တွင် မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွင် မြို့နယ်စာရေးဆရာများအသင်းနှင့် ဗဟိုစာရေးဆရာများ အသင်းတို့ ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းတွင်မူပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့် သတင်းစာဆရာများအသင်း ဟူ၍ ဖွဲ့စည်းမည်ဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အသင်းများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အဖွဲ့၏ နာယက ဖြစ်သူဦးမြင့်ကြွယ်က ယခင်က အဖွဲ့အတွင်း၌ စာရေးဆရာများနှင့် သတင်းစာဆရာများပူးတွဲရှိခဲ့ခြင်းကြောင့် အကြောင်းအရာတစ်ခုပေါ်တွင် ကွဲပြားသော အမြင်များ ရှိခဲ့ဖူးကြောင်း လည်း ပြောသည်။

“အခုတော့ အမြင်တွေကွဲစရာမလိုတော့ဘူးပေါ့။ ဒီလို အသင်းတွေ ပေါ်လာတာကို ကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် လက်ရှိ အသင်းဝင်ပေါင်း ၈,၀၀၀ကျော်ရှိကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

မူရင်းလင့်က ဒီမှာပါ။

ဝေးလံ သောဒေသများ

ဝေးလေံ ခါင်း ပါးသော ဒေသ များရှိ သဘာဝ တောရိုင်း အတွင်း၌ တဲအိမ် ကလေးများရှိတတ်ပါသည်။ ထို နေရာလေးများသို့ အပန်းဖြေခရီး ထွက်ခြင်းအားဖြင့် မိမိလက်ရှိနေရာမှ လုံးဝခြားနားဝေးကွာသောနေရာသို့ သွားလိုသူများအတွက် အသုံးဝင်ပါ သည်။ သဘာဝနှင့်တောရိုင်းဥယျာဉ် များအကြောင်း ဖော်ပြသည့် မဂ္ဂဇင်း များတွင် အဆိုပါနေရာလေးများ အကြောင်း ကြော်ငြာထားတာတွေ့ နိုင်ပါသည်။ သင့်အနေဖြင့် လမ်း လျှောက်သွားကာ ငှက်ကြည့်ခြင်း၊ ပြေလျော့စွာအနားယူခြင်း ပြုလုပ်နိုင် သောနေရာများဖြစ်ပါသည်။

မောင် (ဆေးတက္ကသိုလ်)

မူရင်းလင့်က ဒီမှာပါ။

သင်္ကြန်မှာ ရိပ်သာဝင်မယ့် နေမင်း

ရွှေစင်ဦး၊ သစ္စာနှင်းဆီ၊ ပါဝါကင်း တို့အပြင် ခရေဖြူ ဗီဒီယိုထုတ် လုပ်ရေးနဲ့ ကား လာတဲ့နေမင်းက ခရေဖြူအတွက်ပထမဆုံး "သက်တံမျက်ရည်" ဗီဒီယိုကို ဒါရိုက်တာ ဝင်းထွန်းထွန်း၊ သရုပ်ဆောင် စံရတီမိုးမြင့်တို့နဲ့ ရိုက်လာပါတယ်။ ကား ၂၀မို့ တစ်နှစ်ကျော်ရိုက်ရမှာ ဖြစ်ပြီး ယခုကားရဲ့ ဇာတ်လမ်: ဇာတ်ညွှန်းက အင်ကြင်းဟန်ဆိုတဲ့ အမျိုးသမီး စာရေး ဆရာမအသစ်ဖြစ်ပါတယ်။ ဒါရိုက်တာညွှန့်မြန်မာ ညီညီအောင်ရိုက်တဲ့ ပြင်ဦးလွင်နောက်ခံ "မျောလွင့်နေတဲ့တိမ်"ဗီဒီယို အခြေအနေကိုမေးတဲ့အခါ "အဲဒီကားကို အတော်လေး အားထားခဲ့ တာပါ။ ပြင်ဦးလွင်မှာရိုက်တာ ၂ကားစာ လောက်ကုန်ခဲ့ပါတယ်။ အဲဒီ ကားကိုကြည့်ပြီး တဲ့သူတွေက ဒီဗီဒီတင်ဖို့ အထိပြောကြတယ်။

ဒါပေမယ့် ရန်ကုန်ဖြန့်တဲ့အခါ တခြားကား ဆိုက်တက်နှုန်း တက်လျှော့နေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေရေရာရာ မသိပေမယ့် စိတ်ထဲ အတော် ခံစားလိုက်ရပါတယ်။ ပရိသတ်ကို အကောင်း ဆုံးဖြစ်အောင် တင်ဆက်ကြမယ်ဆိုပြီး ရိုက်ခဲ့တာပါ။ အဲဒီအတွက် ဒီကားနဲ့ပတ် သက်လို့ ပရိသတ် အသံကြားချင်ပါတယ်။ ဒီကားမျိုး မကြိုက်ဘူးလား။ ဒါဆို တခြားဘယ်လို ဇာတ်မျိုးရိုက်သင့်လဲ ဆိုတာသိချင်ပါတယ်" လို့ ခံစားချက်များကို ပြောလာပါတယ်။ နေမင်း ဖီလင်ဖြစ်တဲ့ "မျောလွင့် နေတဲ့တိမ်" ဗီဒီယိုဟာ ပြင်ဦးလွင်မှာရိုက်တာဖြစ်ပြီး နေမင်း၊ စိုးမြတ် နန္ဒာ၊ ဇင်ဝိုင်း၊ ချမ်းမီမီကို၊ ကျော်ဇင်ထွဋ်တို့ အဓိကပါဝင်သရုပ်ဆောင် ထားကြပါတယ်။ "ပရိသတ် ဘယ်လိုကားမျိုး ကြိုက်တယ်ဆိုတာသိ ရမှ ကျွန်တော်တို့ ဘာဆက်လုပ် ရမယ်ဆိုတာ သိပါမယ်။ အဲဒီမှာ ငွေ ကြေး ဆုံးရှုံးမှုဆိုတာလည်း ရှိပါလိမ့်မယ်။

အနုပညာအရ ပရိသတ်နဲ့ ကိုယ် သဟဇာတ ဖြစ်တယ်ဆိုရင် ကျေနပ်ပါပြီ။ အမှန်တော့ ကား ကောင်းရင် ပရိတ်သတ် ကြိုက်သင့်တာပေါ့။ ပရိသတ် ကြိုက်တယ်ဆိုရင် လည်း ကားကောင်းတယ်လို့ သတ်မှတ်လို့ရတာပဲလေ။ ကားကောင်း ပြီး ပရိသတ်မကြိုက်ဘူးဆိုရင် တစ်ခုခုလွဲနေလို့ထင်ပါတယ်။ ပရိ သတ်နဲ့ တည်ဆောက်ရတဲ့အနုပညာမို့ ကိုယ်ကြိုးစားထားတာလေး အရာထင်စေချင်တာပါ" လို့ မျှော်လင့်ထားသလိုဖြစ်မလာတဲ့ "မျော လွင့်နေတဲ့တိမ်" နဲ့ပတ်သက်လို့ ခံစားရတာတွေကို ပြောပြလာပါတယ်။ ဒါကြောင့် ကားနာမည်စီးသွားတာလို့ပင် ထင်မိပါတယ်။ နေမင်းက သင်္ကြန်မှာ ဇာတိသက္ကလပြန် ရိပ်သာဝင်ပြီး ကုသိုလ် ယူမယ်။ တစ်နေ့ ၃ကြိမ် တရားထိုင်မယ် ပြောပါတယ်။ အနယ်နယ်မှာ ရောက်နေတဲ့ မိသားစုဝင်များ အားလုံးရွာမှာ ပြန်ဆုံကြမှာ ဖြစ်ပြီးနှစ်ဆန်း တစ်ရက်နေ့မှာ စတုဒီသာ ထမင်းကျွေးပြီး ကုသိုလ်ယူမှာဖြစ်ပါတယ်။




မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲတွင် သတင်းယူမည့် မီဒီယာများအတွက် ဆောင်ရွက်ရန်အချက်များပါဝင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့

ကြားဖြတ်ရွေးကောက်ပွဲတွင် သတင်းယူမည့် မီဒီယာများအတွက် သတိပြုလိုက်နာရမည့် အချက်များနှင့် လုပ်ပိုင်ခွင့် များကို မဲရုံသတင်းရယူခွင့်ပြုသောကဒ်ထုတ်ပေးခြင်းဖြင့် အဆိုပါအချက်များပါသော စာရွက်ကို စာပေးစိစစ်ရေးမှ ထုတ်ပြန်ပေးနေသည်ဟုသိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သောအချက်များမှာ...

ပုဒ်မ ၆၀ ။ ။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအားနှောင့်ယှက်ခြင်း၊

ပုဒ်မ ၆၁။ ။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း၊

ပုဒ်မ ၆၃။ ။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှုး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ဝင်ရောက်ခြင်း၊

ပုဒ်မ ၆၄။ ။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်ပါသည်။

သတင်းသမားများ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်မှာ

(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာသတင်းရယူနိုင်သည်။

(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ၀င်ခွင့်မရှိပါ)

(ဂ) မီဒီယာသမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်သတင်းရယူခွင့်ရှိသည်။ သို့သော် မဲဆန္ဒမဲပေးမှုကို အနှောင့်အယှက်မဖြစ်စေရ။

(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကိုအနှောင့်အယှက်မဖြစ်စေရ။

(င) မဲရုံများတွင် လှို့ဝှက်ဆန္ဒမဲပေးခြင်းကို အနှောင့်အယှက်မပြုရ။

(စ) မီဒီယာများအနေဖြင့် ၀ါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန် လိုအပ်သည်။ နိုင်ငံရေးပါတီ တစ်ခုအပေါ်ဖြစ်စေ၊ ကိုယ်စားလှယ်တစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမှုမျိုး မပြုလုပ်ရ။ ဟူသောအချက်များ ပါဝင်သော စာရွက်ကို ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဖြင့် စာပေစိစစ်ဖြန့်ချီရေးမှ ထုတ်ပြန်ပေးခဲခြင်းဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကေက်ပွဲအတွက် အချက်အလက်များ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၂၇
မြို့ – ၃၇
ကိုယ်စားလှယ် – ၁၂၉ ဦး။
ပါတီ – ၁၅ ။
ရပ်ကွက် – ၄၀၈ ခု။
ကျေးရွာ – ၁၇၆၃ ။
မဲရုံ- ၆၀၈၃ ။
မဲရုံအဖွဲ့ဝင် – ၅၁၀၇၉ ။
မဲဆန္ဒရှင်စုစုပေါင်း – ၄၆၈၂၀၄၀ ဦး။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၇ ။
မြို့နယ်- ၁၈ ။
ကိုယ်စားလှယ် – ၂၂။
ပါတီ – ၉ ။
ရပ်ကွက် – ၁၁၄။
ကျေးရွာ – ၉၁၀ ။
မဲရုံ- ၂၁၀၃ ။
မဲရုံအဖွဲ့ဝင် – ၂၀၂၉၀။
မဲဆန္ဒရှင်စုစုပေါင်း – ၁၆၆၉၁၉၂ ဦး။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒနယ်များနှင့် မဲဆန္ဒရှင်စာရင်း။

ခရိုင်- ၂ ။
မြို့နယ်- ၂ ။
ကိုယ်စားလှယ် – ၆ ဦး ။
ပါတီ – ၃ ။
ရပ်ကွက် – ၉ ။
ကျေးရွာ – ၈၅ ။
မဲရုံ- ၁၃၈ ။
မဲရုံအဖွဲ့ဝင် – ၁၁၄၀။
မဲဆန္ဒရှင်စုစုပေါင်း – ၁၃၃၃၃၀ ဦး။

ကြားဖြတ်ရွေးကောက်ပွဲ၊ လွှတ်တော်သုံးနေရာအတွက် မဲဆန္ဒရှင်စုစုပေါင်းမှာ ၆၄၈၄၅၆၂ ဦး (ခြောက်သန်းလေးသိန်းရှစ်သောင်းလေးထောင်၊ ငါးရာခြောက်ဆယ့်နှစ်ဦး) ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၅)

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးစီးသော ယာယီအိမ်စောင့်အစိုးရသစ်သည် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားမှုပြန်လည်ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရေးအတွက် လည်းကောင်း၊ ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလအစိုးရထံမှ အာဏာလွှဲပြောင်းလက်ခံရယူခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဗိုလ်မှူးချုပ်မောင်မောင် ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ဦးနုထံစေလွှတ်၍ အာဏာလွှဲပြောင်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဦးနုက လက်မခံဘဲ လွှတ်တော်မှတဆင့် ဂုဏ်သိက္ခာရှိရှိ လွှဲပေးမည်ဟုသာဆိုခဲ့ပါသည်။

ထို့နောက် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရအဖွဲ့သစ်သည် ကျမ်း သစ္စာကျိန်ဆိုသောအခမ်းအနားကို ကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေ ပုဒ်မ ၅၆ (၂) အရ အိမ်စောင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုခန့်အပ်ခဲ့ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှာ …

(၁) သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်ကြီးနေဝင်း -နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ အမျိုးသားစီမံကိန်းဌာန။
(၂) အဂ္ဂမဟာသရေစည်သူသတိုးသီရိသုဓမ္မ -ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဌာန၊သာသနာရေးဌာန၊ ဦးသိမ်းမောင် ကျန်းမာရေးဌာန၊ ပြည်သူ့ဝန်ထမ်းဌာန။
(၃) စဝ်ဝဏ္ဏ – ကယားပြည်နယ်ဌာန။
(၄) မဟာသရေစည်သူ စဝ်ဟုံဖ – ရှမ်းပြည်နယ်ဌာန။
(၅) ဦးစောလှထွန်း – ကရင်ပြည်နယ်ဌာန။
(၆) ဦးထန်လျန်း -ချင်းရေးရာဌာန။
(၇) မဟာသရေစည်သူ ဦးခင်မောင်ဖြူ -ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီ ဒေသန္တရအဖွဲ့များ ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန။
(၈) သတိုးမဟာသရေစည်သူ – တရားရေးဝန်ကြီးဌာန။ ဦးချန်ထွန်းအောင်
(၉) ဦးကျော်ငြိမ်း – ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။
(၁၀) စည်သူဦးဘကြား – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေး ဝန်ကြီးဌာန။
(၁၁) ဦးကာ – ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန။
(၁၂) သရေစည်သူ ဦးစံညွန့် – သယ်ယူပို့ဆောင်ရေး၊စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည် သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၃) သီရိပျံချီ ဦးချစ်သောင် – စက်မှုလက်မှုဝန်ကြီးဌာန၊ သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာန၊ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာန။
(၁၄) သီရိပျံချီ ဦးထွန်းတင် – ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန။
(၁၅) သီရိပျံချီ ဦးသီဟန် – ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ ပစ္စည်းထောက်ပံ့ရေးဝန်ကြီး ဌာနတို့ဖြစ်သည်။

အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည်ထက် စစ်အုပ်စုအပေါ်ဆန့်ကျင်ခဲ့သော နိုင်ငံရေး သမားအများအပြားကို ဖမ်းဆီးထောင်ချခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်မြသွေး (ပမညတ အတွင်းရေးမှူးချုပ်)၊ သခင်ဗမောင် (ပြည်သူ့ဒီမိုကရေ စီပါတီ)၊ ပြည်သူ့ရဲဘော်မှ ဗိုလ်အုံးတင်၊ ဗိုလ်ညွှန့်မောင်၊ ဗိုလ်အောင်နိုင်၊ လူငယ့်တပ်ဦးမှ ကိုဝင်းထွဋ်၊ ကိုစိန်လှ၊ ကိုမြမောင်၊ ရဲဘော်ပေါင်းစုံထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မျိုးမြင့်၊ ကိုလှမင်းတို့အပါအဝင် သတင်းစာဆရာများဖြစ်ကြသည့် ဦးစောလွင် (ဗမာ့အမျိုးသမီး)၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးကိုကိုလေး၊ ဦးယုမောင်၊ ဗန်းမော်တင်အောင် (လင်းယုန်)၊ ဦးတင်စိုးတို့ အများအပြား ဖမ်းဆီးခြင်းခံရသည်။

အိမ်စောင့်အစိုးရသည် ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် ငြိမ်ဝပ်ပိပြားမှုညီလာခံကိုကျင်းပ၍၊ တရားဥပဒေ စိုးမိုးရေး၊ အမြတ်ကြီးစားများနှိမ်နင်းရေး၊ ကုန်ဈေးနှုန်းချရေး၊ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများကို တပြိုင်နက်တည်းလုပ်ဆောင်ရန် ဆုံး ဖြတ်ခဲ့သည်။

ထို့အပြင် ပြည်တွင်းငြိမ်ဝပ်ပိပြားရေးအတွက် ဆူပူသောင်းကျန်းနေသည့်အင်အားစုများကိုတိုက်ဖျက်ရန် အစီအစဉ်သုံးရပ် ကို ချမှတ်ခဲ့သည်။ ယင်းတို့မှာ …

(၁) ပြည်တွင်း၌ ပျံ့နှံ့လျက်ရှိသော လက်နက်ပုံးများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ချက်ချင်းဆောင်ရွက်ရန်။
(၂) သောင်းကျန်းသူများအား လူထု၏အကူအညီဖြင့် ပြင်းထန်စွာ ထိုးစစ်ဆင်ရန်။
(၃) ဥပဒေအတိုင်းတိတိကျကျ လိုက်နာကျင့်သုံးရန်နှင့် မည်သူ့ကိုမှ ထောက်ထားငဲ့ညှာခြင်းမရှိဘဲ ပြတ်သားစွာအရေးယူဆောင်ရွက်ရန် တို့ဖြစ်သည်။

စစ်ရဲတပ်ကို ဗိုလ်မှူးကြီး မင်းသိမ်း၊ ဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် တပ်မှူးအချို့ကို တာဝန်ခံ၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းစေခဲ့သည်။ အိမ်စောင့် အစိုးရမဖွဲ့မီက မြန်မာပြည်တွင် ဗဟိုအကျဥ်းထောင် (၉) ထောင်၊ ခရိုင်အကျဉ်းထောင် (၁၉) ထောင်၊ ထောင်ငယ် (၆) ထောင်နှင့် လူငယ် ထိန်းသိမ်းရေး ဘော်စတယ်ကျောင်း (၁) ကျောင်းသာရှိသော်လည်း၊ အိမ်စောင့်အစိုးရလက်ထက်တွင် ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ရန်ကုန်မြို့နှင့် ၂၆၂ မိုင်ဝေးသော ပင်လယ်အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းစခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားပေါင်း (၁၃၅) ဦးကို ကိုကိုးကျွန်းသို့ ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ပို့ဆောင် ခဲ့သည်။ ကိုကိုးကျွန်းအကျဉ်းစခန်းသို့အပို့ခံရသည့် ထင်ရှားသည့်နိုင်ငံရေးသမားများမှာ သခင်မြသန်း၊ ဦးအုန်းမြင့် (တိုးတက်ရေး)၊ ဦးစော လွင် (ဗမာ့အမျိုးသမီး)၊ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို)၊ ဗိုလ်မြသွေး၊ သခင်ဗမောင်၊ ဗိုလ်မျိုးမြင့်၊ ကိုကိုလေး၊ ကိုတင်စော၊ ဦးအုန်းမောင် (လေထီးအုန်းမောင်)၊ သခင်ဖေဌေး (အလံနီကွန်မြူနစ်ပါတီ) တို့ ဖြစ်ကြသည်။ ကိုကိုးကျွန်းအပြင် ပုသိမ်ဘက်၌လည်း ‘လိပ်ကျွန်း’ ၌ အ ကျဉ်းစခန်းတစ်ခု ဖွင့်လှစ်ခဲ့ပြန်သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ပြည်သူ့လွှတ်တော် (ပါလီမန်) အစည်း အဝေးကျင်းပ၍ နိုင်ငံတော်လုံခြုံရေးအရ အစိုးရသက်တမ်း ၆ လအပြီး (ဧပြီလ) တွင် ရွေးကောက်ပွဲကိုကျင်းပပေးရန် မဖြစ်နိုင်သေးသော ကြောင့် အစိုးရသက်တမ်းတိုးမြှင့်ပေးရန် တင်ပြခဲ့သည်။

၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပါလီမန်အစည်းအဝေးတွင် အစိုးရသက်တမ်းတိုးမြှင့်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၁၁၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပမညတမှအမတ် သခင်ချစ်မောင် (သာယာဝတီ) က လွှတ်တော် မိန့်ခွန်းရှည်ကြီးကိုပြော၍ ကန့် ကွက်ရာ၌ ဦးနုကိုပါ ပြင်းထန်သောစကားလုံးများသုံးနှုန်းဝေဖန်ခဲ့လေသည်။ သခင်ချစ်မောင်က ဇာတ်တော်ကြီး ၁၀ ဘွဲ့လာ ‘ဝိဓူရ’ဇာတ် တော်ကြီးကိုပမာပြု၍ “ကောရဗျမင်းကြီးနဲ့တူတဲ့ ဦးနုနဲ့ ပုဏ္ဏကနဲ့တူတဲ့ ဗိုလ်ချုပ်နေဝင်းတို့ ကြွေအံကစားကြပြီး ဘုရင်ကရှုံးတော့ ပညာရှိဝိဓူရ အမတ်ကြီးကို ဘီလူးပုဏ္ဏက လက်အပ်၊ ပုဏ္ဏကက ဝိဓူရအမတ်ကြီးကို မြင်းနဲ့ချီ တောင်စဉ်ခုနစ်ထပ် ဒုန်းစိုင်းနှင်၊ တောင်စွယ်တောင် ထွတ်အလီလီနှင့် တိုက်ပြီးနှိပ်စက်ခဲ့သလို၊ ပမညတများနဲ့လူထုဟာ ဝိဓူရနှင့်တူပြီး၊ သွေးအလိမ်းလိမ်း ထပ်ထပ်ခံစားနေရသလို ဝေဒနာနာ ကျင်ခံစားနေရသလို ဒုက္ခခံစားနေရကြောင်း” ဖွဲ့နွဲ့တင်စားပြောဆိုတင်သွင်းခဲ့သည်။ ထို့ကြောင့် ပမညတများက သခင်ချစ်မောင်အား ဝိဓူရ သခင်ချစ်မောင်ဟုကင်ပွန်းတပ်ခဲ့ရာမှ ဝိဓူရသခင်ချစ်မောင်ဟုပင် တွင်သွားခဲ့လေသည်။

ထိုစဉ်က ပါလီမန်တွင် အာဏာရဖဆပလဝန်ကြီး သခင်ချစ်မောင် (မြန်အောင်) နှင့် သာယာဝတီမှ အတိုက်အခံ ပမညတ (ဆိုရှယ်နီ)အမတ် သခင်ချစ်မောင်ဟူ၍ နာမည်တူနှစ်ဦးရှိနေရာ ဝန်ကြီးသခင်ချစ်မောင်ကို မြန်အောင်သခင်ချစ်မောင်ဟူ၍လည်းကောင်း၊ သာယာဝတီ အမတ် သခင်ချစ်မောင်ကို ဝိဓူရသခင်ချစ်မောင်ဟုလည်းကောင်း ခွဲခြားခေါ်ဝေါ်လာကြသည်။

ယင်းနောက် ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချ အခမ်းအနားကျင်းပပြီး၊ ရှမ်းပြည်နယ်စော်ဘွား (၂၉) ဦးအား အာဏာစွန့်လွှတ်ခိုင်းသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် အစိုးရ၏ဒေါက်တိုင်အဖြစ် ‘ကြံ့ခိုင်ရေးအသင်း’ ကို စစ်တပ်အရာရှိများဦးဆောင်စေ၍ ၁၉၅၉ ခုနှစ် အောက် တိုဘာလ၂၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အသင်း၏အမှတ်တံဆိပ်မှာ ခြင်္သေ့ရုပ်ဖြစ်ပြီး ယင်းအသင်းသည် အသင်းဝင်များအား အခွင့်အရေးနှင့်အာဏာအပ်နှင်း၍ စစ်တပ်အလိုတော်အတိုင်း ထားရာနေ၊ စေရာသွား၊ ခိုင်းရာလုပ်၊ သူလျှိုဒလံ၊ သတင်းပေးအလုပ်ပါ လုပ် ပေးနေရသည့် လူထုလူတန်းစားအသင်းဖြစ်သည်။

၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြူနီစီပါယ်ကို ဗိုလ်မှူးကြီးထွန်းစိန်ကို တာဝန်လွှဲပြောင်း၍ ရန်ကုန်မြို့အတွင်းရှိ ဆင်းရဲသား ပေါင်းစုံ၊ အလုပ်လက်မဲ့၊ ပျံကျလက်လုပ်လက်စားပေါင်းစုံ နေထိုင်ကြသည့်ရပ်ကွက်များကို ရှင်းလင်းပစ်ခဲ့သည်။ ထို့နောက် ဘိုးဘွားပိုင် တောင်သူလယ်သမားများ၏မြေယာများကို အတင်းအဓမ္မသိမ်းဆည်း၍ ဥက္ကလာပနှင့်သာကေတမြို့သစ်အမည်များဖြင့် မြို့သစ်ဖော်ကာ၊ အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။ ထို့အပြင် ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရသည် ပြည်ထောင်စုဘဏ်မှ ဦး ကောင်းလက်မှတ်ပါ ဒေါင်းတံဆိပ် ၁၀၀ တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်သုံးစွဲခြင်းမှ ရပ်စဲလိုက်လေသည်။

ထို့နောက် အိမ်စောင့်အစိုးရသည် လက်ရှိပါလီမန်ကို ၁၉၅၉ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်ဖျက်သိမ်း၍ ပါလီမန်ရွေးကောက်ပွဲ အက်ဥပ ဒေပုဒ်မ ၁၅ နှင့် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲနည်းဥပဒေကိုအသုံးပြုလျက် အမတ်အဖြစ် အရွေးခံရန် အမည်တင်သွင်းရသည့်နေ့၊ အမည်တင်သွင်းလွှာများကို ကြည့်ရှုစစ်ဆေးရမည့်နေ့၊ အရွေးခံသူအဖြစ် အမည်တင်သွင်းလွှာနှုတ်သိမ်းရန်နေ့၊ မဲရေတွက်ရန်နေ့များကို ပြဌာန်းသတ်မှတ်ကြေညာခဲ့သည်။

အထွေထွေရွေးကောက်ပွဲနီးကပ်လာသည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲပါတီ မူဝါ ဒလမ်းစဉ်များ ကြေညာချက်များထုတ်ပြန်၍ မဲဆွယ်လှုပ်ရှားလာကြသည်။

အထူးသဖြင့် အဓိကအင်အားကြီးပါတီကြီးများဖြစ်သော တည်မြဲနှင့်သန့်ရှင်းဖဆပလနှစ်ဖွဲ့သည် လူအင်အား၊ ငွေအင်အားသုံးကာ အပြိုင်အဆိုင်မဲဆွယ်လှုပ်ရှားခဲ့ကြသည်။ ပါတီကြီးနှစ်ရပ်၏ ခေါင်းဆောင်ပိုင်းတွင် တဦးအပေါ်တဦး ပုတ်ခတ်အပြစ်ရှာဟောပြောရေးသားမှုများ သာမက မြို့နယ်ကျေးရွာ အောက်ခြေအဆင့်များတွင်ပါ ပဋိပက္ခများအသွင် အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့သည်။

သတင်းစာအချို့ကလည်း မိမိတို့လိုလားရာဘက်သို့လိုက်၍ ရေးသားကြသည်။ ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ဗမာ့ခေတ်သတင်းစာ တို့က သန့်ရှင်းဖဆပလအတွက် စည်းရုံးပေးခဲ့၍ မဏ္ဍိုင်သတင်းစာနှင့် အထောက်တော်သတင်းစာတို့က တည်မြဲဖဆပလအတွက် စည်းရုံး ပေးခဲ့သည်။

သန့်ရှင်းဖဆပလမဲပုံးများတွင် သန့်ရှင်းဖဆပလအဖွဲ့ချုပ်ဥက္ကဌဦးနု၏ဓာတ်ပုံနှင့် သက်ဆိုင်ရာအမတ်လောင်း၏အမည်ကို ဖော်ပြထားသည်။ မဲပုံးတွင် သာသာနာအရောင်ဖြစ်သည့် အဝါရောင်ကိုသုံးခဲ့သည်။ တည်မြဲဖဆပလမဲပုံးများတွင် တည်မြဲဖဆပလအလံတော်အတိုင်း နောက် ခံ အနီရောင်၊ လက်ဝဲထောင့်တွင် ထောင့်ငါးထောင့်ကြယ်ဖြူတပွင့်အလယ်တွင် ဖဆပလဟူသော အဖြူရောင်စာလုံး၊ အောက်အလယ်နားတွင် အဖြူခံပေါ် သက်ဆိုင်ရာ အမတ်လောင်း၏အမည်ကို အနီရောင်ဖြင့် ရေးသားထားသည်။ ပမညတမဲပုံးတွင် အပြာရောင်နောက်ခံတွင် အဝါရောင်ကြယ်ပွင့်တပွင့်နှင့် သက်ဆိုင်ရာ အမတ်လောင်းအမည်ကို ဖော်ပြထားသည်။ ၁၉၆၀ ရွေးကောက်ပွဲ၌ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲ ခဲ့ကြ၏။ ခါးပိုက်ဆောင်တပ်များသုံးကာ မဲဆန္ဒရှင်လူထုကို ခြိမ်းခြောက်ခဲ့ကြသည်။ ငါးန်ဇွန်ခြောက်လောင်းပြိုင်ကဲ့သို့ ရွေးကောက်ပွဲလူ သတ်မှုပင် ဖြစ်သည်။

တည်မြဲဖဆပလကို သံယောဇဉ်ကြီးသောစစ်တပ်မှ တပ်မှူးများက ရွေးကောက်ပွဲ၌ မဲပုံးဖောက်၊ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ မဲလိမ်မဲခိုး နည်း ပေါင်းစုံလုပ်ခဲ့ကြသည်။ ထိုစဉ်က သန့်ရှင်းဖဆပလဥက္ကဌ ဦးနုသည် ၎င်းပါတီသာအနိုင်ရရှိပါက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်း ပေးမည်ဟု မဲဆွယ်ခဲ့သည်။

ထို့နောက် ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြန်မာ နိုင်ငံတနိုင်ငံလုံး၌ မဲဆန္ဒရှင်ပေါင်း ၉,၉၅၈,၆၇၅ ဦးရှိခဲ့သည်။ ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၂၅၀ ရှိသည့်အနက် (၂၃) နေရာကို လက်နက်ကိုင် အဖွဲ့အစည်းများ၏ နှောင့်ယှက်ခြိမ်းခြောက်မှု၊ အမတ်လောင်းများ၏ မကျေနပ်မှုကြောင့် တရားလွှတ်တော်ရုံးများ၏ အဆုံးအဖြတ်မကျသေး မှုများကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ရသည်မှလွဲ၍ ကျန်မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကို တပြိုင်တည်းကျင်းပနိုင်ခဲ့သည်။

ရွေးကောက်ပွဲတွင် တည်မြဲဖဆပလအားလိုလားသည့်တပ်မှူးများက အစွမ်းကုန် ရွေးကောက်ပွဲမသမာမှုများ ပြုလုပ်နေသည့်ကြားမှ သန့် ရှင်း ဖဆပလသည် ၁၅၉ ဦးဖြင့် တည်မြဲကို အပြတ်အသတ် အနိုင်ရရှိသွားသည်။ တည်မြဲဖဆပလသည် ၄၂ ဦးသာ အနိုင်ရရှိ၍ ပမညတသည် ရေးမြို့တနေရာတွင်သာ အနိုင်ရရှိခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော သန့်ရှင်းဖဆပလသည် ၁၉၆၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် ညီလာခံကျင်းပ၍ သန့်ရှင်းဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) ဟူ၍ ပြောင်းလဲခဲ့သည်။

ထို့နောက် ၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်ဦးနုနှင့်ဝန်ကြီးများ ကတိသစ္စာဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနေ့မှာပင် အိမ်စောင့်အစိုးရဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်း သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော ပြည်ထောင်စုပါတီ (သန့်ရှင်းဖဆပလ) အစိုးရအဖွဲ့အား အာဏာပြန်လည်အပ်နှင်း၍ အိမ်စောင့်အစိုးရတဖွဲ့လုံး နှုတ်ထွက်သွား ခဲ့ကြသည်။

ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ဦးနုခေါင်းဆောင်သော ပထစအစိုးရသစ်မှာ အောက်ပါအတိုင်းဖြစ်သည် ….

(၁) ဦးနု – ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနဝန်ကြီး။
(၂) စဝ်ခွန်ချို – နိုင်ငံခြားရေးဌာနဝန်ကြီး။
(၃) သခင်တင် – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး။
(၄) ဗိုလ်မှူးအောင် – သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန၊ ရေကြောင်းနှင့်မြို့ပြလေကြောင်းဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနဝန်ကြီး။
(၅) ဒေါက်တာဦးဧမောင် – တရားရေးဌာနနှင့်ပညာရေးဌာနဝန်ကြီး။
(၆) ဦးရာရှစ် – စက်မှုလက်မှုဌာန၊ သတ္တုတွင်းနှင့် အလုပ်သမားဌာနဝန်ကြီး။
(၇) ဦးဘစော – လူမှုဝန်ထမ်းနှင့်သာသနာရေးဌာန၊ ပြည်ထောင်စုယဉ်ကျေးမှုဌာန၊ ကျန်းမာရေးဌာနဝန်ကြီး။
(၈) သခင်တင်မောင် – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန၊ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဌာနဝန်ကြီး။
(၉) ဦးသွင် – ကုန်သွယ်မှုတိုးတက်ရေးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဌာနဝန်ကြီးတို့ဖြစ်ပြီး ပါလီမန်အတွင်းဝန်များအဖြစ် ဦးချစ်ဖေ၊ ဦး ဘကြည်၊ ဗိုလ်အေး၊ ဦးသန်းဆွေ၊ ဦးချမ်းသာ၊ ဗိုလ်ဘတင်၊ ဗိုလ်မှူးထင်ပေါ်၊ ဦးပျိုငြိမ်း၊ မန်းထွန်းရုံ၊ ဦးတင်ဦး၊ ဦးသန်းစိန်၊ ဦးသန်းမောင်နှင့် ဦးလှကျော်တို့ဖြစ်ကြသည်။ ဤစာရင်းအရ အစိုးရအဖွဲ့ဝင် ဝန်ကြီး (၉) ဦးနှင့် ပါလီမန်အတွင်းဝန် (၁၃) ဦးသာပါဝင်သောကြောင့် လွတ် လပ်ရေးသက်တမ်းတလျှောက် ဝန်ကြီးဦးရေအနည်းဆုံးဖြစ်သော အစိုးရအဖွဲ့ဖြစ်သည်မှာ ထူးခြားချက်တရပ်ပင်ဖြစ်သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဖက်ဒရယ်မူကို အကြောင်းပြ၍ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီ သည် ပြည်ထောင်စုပါတီအစိုးရအားဖြုတ်ချ၍ အာဏာသိမ်းပိုက်ခဲ့သည်။ ပထစအစိုးရဝန်ကြီးချုပ် ဦးနု၏ဝန်ကြီးများကိုလည်း ဖမ်းဆီးထောင် ချ၍ ၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းကာ နိုင်ငံရေးပါတီ အားလုံး ဖျက်သိမ်းပစ်ခဲ့သည်။

ဤသို့ဖြင့် မြန်မာ့ပါလီမန်ဒီမိုကရေစီစနစ်သည်လည်း လုံးဝချုပ်ငြိမ်းသွားလေသည်။

မူရင်းလင့်က ဒီမှာပါ။

အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်းအောင်နိုင်လိမ့်မည်ဟု ကျားဖြူကိုယ်စားလှယ်လောင်းပြော

နာမည်ကြီးပါတီကြီးများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် မိမိကိုယ် ကိုယုံကြည်မှု ရှိကြောင်း ကလောမြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်ဝင် ရောက်ယှဉ် ပြိုင်မည့် စဝ်သာဦးက ပြောပါသည်။



စဝ်သာဦး

“ NLD ဆိုရင်လဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်နေတယ်။ အင်အားကြီးတဲ့ပါတီ၊ တကမ္ဘာလုံးကသိတဲ့ပါတီ။ ထောက်ခံ မှုအများကြီးရှိတဲ့ပါတီ ။ NUP ပါတီက ဝင်ပြိုင်မယ့်ပုဂ္ဂိုလ်ကလဲ ဒေသတွင်းမှာဆိုရင် နိုင်ငံရေးဖက်မှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်။ USDP ဆိုရင်လဲ အငြိမ်းစား ဗိုလ်ချုပ် တယောက်က ဝင်ပြိုင်မှာ ဆိုတော့ သူတို့တွေနဲ့ ကျနော်က အကြိတ်အနယ် ယှဉ်ရမှာဖြစ်တယ်။ ဒါပေမယ့် ကျနော်လဲ ဒီဒေသမှာ ကြီးပြင်းလာတဲ့သူ၊ လူထုရဲ့လို အပ်ချက်ကို ကျနော်က သိနေတယ်။ လူထုကလဲကျနော့်ကိုသိနေတယ်။ ဒီအတွက် အောင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါတယ်” ဟု စဝ်သာဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ် သောင်းသောင်းဖြဖြ ရှိသည်ကိုကြည့်ခြင်းအားဖြင့် မိမိအနေနှင့် အင်တိုက် အားတိုက် ကြိုးစားရမည်ဟု သိရကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သာ ကလော၌ ဝင်ရောက် ယှဉ်ပြိုင် မည်ဆိုပါက မိမိအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို သာ ထောက်ခံအားပေးမည် ဖြစ်ကြောင်း စဝ်သာဦးက ဆက်လက်ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက နာမည်ကြီးပုဂ္ဂိုလ်လေ။ ကျနော်တို့ထက်လဲ အများကြီးလုပ်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူမသာ ဒီမှာလာပြိုင်မယ်ဆိုရင် ကျနော်က ထောက်ခံအားပေးမယ့်သူဘဲလုပ်တော့မယ်။ အခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဟုတ်တဲ့ခါကျတော့ ကျနော်က ကြိုးစားနေတာဖြစ်ပါတယ်။ အဓိကကတော့ လူထုကနေ - ပေါ်ပြူလာဖြစ်တဲ့ ပါတီကို မရွေးမိဖို့၊ မိမိအရေး ဒေသတွင်းအရေး ကောင်းကျိုးဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ်ကို ရွေးချယ်မဲထည့်ပေးဖို့ မမေ့ကြ ပါနဲ့လို့ ပြောချင်ပါတယ်” ဟု လည်းဆိုပါသည်။

ကလော၊ အောင်ပန်း နှင့် ဟဲဟိုး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၌မဲပေးပိုင်ခွင့်ရှိသူစာရင်း ကိုးသောင်းကျော် ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ပါတီ ရှိသည်။ ၎င်းတို့မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ သီလကော်(ခ) ဦးခင်မောင်လှ၊ NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ PNO မှ ဦးခွန်သန်းမောင်(ခ) ဦးခွန်ပေါလိုင်း၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး နှင့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ် ဦးမြဝင်းတို့ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်

မူရင်းလင့်က ဒီမှာပါ။